← Chapters

အခန်း (၁၃၀-၁၃၃)

Vol. 9 Ch. 130-133

အခန်း (၁၃၀-၁၃၃)

Vol. 9 Ch. 130-133

အပိုင်း(၁၃၀): တစ္စေများ ရောက်ရှိလာခြင်း

ဝုန်း !

ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီးနောက်၊ ထျန်းကျီ ကျွန်းတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရသည်။

ခရက်! ခရက် ! ခရက်!

မြေကြီး၏ မျက်နှာပြင်မှာ တွင်းနက်ကြီးလိုမျိုး အက်ကွဲစ ပြုလာပြီး ထူးဆန်းသော အငွေ့အသက်ရှိသည့် အနက်ရောင် ရေများ ထွက်လာသည် ။

“ဟမ်! အဲ့လောက်ထိ မာနကြီး မနေနဲ့!”

ထျန်းကျီ မျှော်စင်၏ အနက်ရှိုင်းဆုံး နေရာမှ မြင့်မြတ်သော လမ်းစဉ်၏ အေးစက်သော အသံတစ်ခု စီးဆင်းထွက်ပေါ်လာလေသည်။

ထို့နောက် တာအိုသံစဉ်ကာရန်များက ထျန်းကျီ မျှော်စင်၏ အမြင့်ဆုံး တစ်နေရာမှ မထင်မရှား ပျံ့နှံ့လာလေသည်။

“ကောင်းလိုက်တာ၊ ထျန်းကျီကျွန်း သခင် ပါလာပြီ ! အားလုံး မထိတ်လန့်နဲ့တော့

ငါတို့ကို ကယ်တင်မယ့်သူ ရှိပြီ!”

သို့သော် ပါရမီရှင်များ သက်ပြင်း မချနိုင်ခင်မှာတင် ၊ နောက်ထပ်အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့လေသည်။

ထျန်းကျီကျွန်း အစွန်းတွင် ၊ အနက်ရောင် ရေများက ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားပြီး အနက်ရောင်ကုလားကာ တစ်ခုလို ကမ္ဘာကြီးကို ဖုံးလွှမ်းသွားခဲ့သည်။

နေ နှင့် လကို ဖုံးအုပ်လျက် ၊ ကြယ်များကို မြှုပ်နှံစေသည်!

အချိန်အတိုင်းအတာ တစ်ခုအထိ၊ တစ်လောကလုံး အလင်းမဲ့စွာဖြင့် မှောင်မိုက်သွားခဲ့သည်။

ကွေချီးက တခစ်ခစ်ရယ်လိုက်ရင်း -

“ငါ့ရဲ့ နတ်တစ္ဆေသွေးနဲ့ ထျန်းကျီကျွန်းက အကာအကွယ် မှော်စက်ဝိုင်းက တစ်ခုတည်းအဖြစ် လုံး၀ ပေါင်းစပ်သွားပြီ”

“ကျွန်းပိုင်ရှင်သာ ခေါင်းမာပြီး တိုက်နေဦးမယ်ဆိုရင် ၊ အကာအကွယ် မှော်စက်ဝိုင်း ပျက်စီးသွားလိမ့်မယ်၊ ထိပ်တန်း စွမ်းအားရှင်တွေကို တိုက်ခိုက်ဖို့ ဖိတ်ခေါ်မယ်ဆိုရင် ဒီနေ့ ထျန်းကျီကျွန်း ဘယ်လိုဖြစ်သွားမတုန်း?”

“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား?”

ထျန်းကျီ ကျွန်းပိုင်ရှင်၏ အသံမှာ ဒေါသသံများဖြင့် ပြည့်နှက်နေသည်။ သူသည် မရေမတွက်နိုင်သော ခေတ်ကာလတွေအထိ အသက်ရှင် နေထိုင်လာခဲ့သူ ဖြစ်သည့်အလျောက် ၊ ခုတော့ ဂျူနီယာအငယ်လေးဆီက ချိန်းခြောက်ခံနေရပြီတဲ့လား?

မည်သို့ပင်ဆို‌စေကာမူ ၊တဖက်လူ၏ စကားကို အလေးမထားလို့ မရပေ။အကယ်၍ ထျန်းကျီ ကျွန်း၏ အကာအကွယ် မှော်စက်ဝိုင်း ပျက်စီးသွားခဲ့မည် ဆိုပါက ၊

ထို့နောက် သူတို့ကို စောင့်မျှော်နေသည့် တစ်ခုတည်းသောအရာမှာ သေခြင်းတရားပင် ဖြစ်သည်။

ထျန်းကျီကျွန်းပိုင်ရှင်သည် သူ့စိတ်သူ တည်ငြိမ်အောင် အရင် လုပ်လိုက်သည်။

“ဂျူနီယာလေး ၊ မင်းဘာလိုချင်လို့လဲ?”

ကွေချီး က ထိုစကားကို ကြားတော့ အေးစက်စွာ ပြုံးလိုက်ပြီး

“ ကျွန်မမှာ တောင်းဆိုစရာ အခြေအနေ နှစ်ခုပဲ ရှိတယ်”

“ ပထမတစ်​ခုက ထျန်းကျီ ကျွန်းရဲ့ လျှို့ဝှက်​ရာ​ နေရာကို ဝင်​ခွင့်​ပြုရမယ်”

ထိုစကားက ထျန်းကျီကျွန်း ပိုင်ရှင်ကို ဝုန်းခနဲ့ ဒေါသဖြစ်သွားစေခဲ့သည်။ထိုလျှို့ဝှက်​ရာ​ နေရာသည် ကြီးမားသော လျှို့ဝှက်ချက်များကို မြှုပ်နှံထားသော နေရာတစ်ခုဖြစ်ပြီး ၊ပြင်ပလူတစ်ယောက်ကို မည်ကဲ့သို့ ဝင်ရောက်ခွင့်ပေးနိုင်မည်နည်း။

သို့သော် သူတောင် မငြင်းမရသေးခင် ၊ကွေချီးက သူ့ရဲ့ ဒုတိယအခြေအနေကို ဆက်ပြောပြန်သည်။

သူမက စူးချန်ကဲ ကို လက်ညှိုးထိုးပြလိုက်ပြီး

“ ရှင်တို့ ထျန်းကျီကျွန်းက ဒီလူကို သတ်ပေးရမယ်!”

ဤစကားသည် ထျန်းကျီကျွန်း ပိုင်ရှင်ကို ပို၍ပင် စိတ်လှုပ်ရှားစေသည်။

သူတို့ ထျန်းကျီ ကျွန်းက စောနကပဲ စူးချန်ကဲထံ လက်နက်ချခဲ့တာလေ!

ထို့အပြင် စူးချန်ကဲ၏ နောက်ခံသည် ထျန်းကျီ ကျွန်း စော်ကားနိုင်တာထက်ကို ကျော်လွန်ပေသည်။

ကွေးယွမ် သူတော်စင် နယ်မြေသည် သူတို့ကို အသာလေး ဖျက်ဆီးပစ်နိုင်သည်။

“ အတင့်ရဲလိုက်တာ! ငါအဘိုးကြီးကို ဘာမှမတတ်နိုင်‌တော့ဘူးလို့ ထင်နေလား !”

“ ထျန်းကျီကျွန်းရဲ့ ထိပ်တန်းကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ ငါ တောင် ဝင်ပါစရာမလိုဘူး ၊ ထျန်းကျီ ကျွန်းမှာ တပည့်ထောင်ပေါင်းများစွာ ရှိသေးတယ် ၊ ငါ မင်းကို ဘာကြောက်နေရမှာလဲ?”

“လာစမ်း ၊ ဒီမိန်းမကို ဖမ်းကြစမ်း!”

ထျန်းကျီကျွန်း ပိုင်ရှင်၏ အမိန့်သံ ထွက်ပေါ်လာပြီးနောက် ၊ ဒါဇင်ပေါင်းများစွာသော ရုပ်အသွင်တို့သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ကွေချီးအား နှိပ်ကွပ်ရန် ရောက်လာခဲ့ကြသည်။

သို့သော် ကွေချီး၏ မျက်ဝန်းများမှာ ကြောက်ရွံ့မှု မရှိသလို သူမကိုယ်သူ အလွန်ယုံကြည်မှုရှိပုံ ရပေသည်။

“လူအရေအတွက်ကို နှိုင်းယှဉ်ကြည့်မလား?”

“ ငါ နတ်ဘုရားအချုပ်ထောင် နန်းတော်က တပည့်တွေ ဘယ်မှာလဲ”

ဝှစ်! ဝှစ်! ဝှစ်!

ရုတ်တရက် ထောင်ပေါင်းများစွာသော ရုပ်အသွင်တို့သည် အရပ်ရပ်မှ ထွက်လာခဲ့ပြီး ၊၎င်းတို့၏ အသွင်အပြင်နှင့် ကျင့်ကြံစွမ်းအားများကို ထုတ်ဖော်ပြသခဲ့သည်။

“ ဂါရဝပြုပါတယ် ကွေအကြီးအကဲ “

“ ‌ ကွေအကြီးအကဲ အတွက်သာဆို မီးပင်လယ်လည်း ဖြတ်ရဲပါတယ် !”

…..

ဒါနဲ့တင် မပြီးသေးပင်။ ကွေချီးသည် သွေးနက်ကျောက်ကို ကိုင်ထားပြီး ၊ယင်းအရာမှ နီမြန်းသော အလင်းတန်းများ ဖြာထွက်လာပြီး ၎င်းအထဲတွင် အနက်ရောင် စွမ်းအင်များဖြင့် ပြည့်နှက်နေသည် ။

ဝီ!

အေးစက်ပြီး ရင်သပ်ရှုမောဖွယ်ရာ ကောင်းသော အနက်ရောင် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည် ။

ဤကမ္ဘာကြီးထဲတွင် အေးစက်ပြီး ထူးဆန်းသော အနက်ရောင် မြူလှိုင်းများ ပေါ်ထွက်လာသည်။ပြင်းထန်သော သေခြင်းစွမ်းအင်တို့သည် အရာခပ်သိမ်း၏ တက်ကြွမှုကို ပျက်စီးစေသည်။

သွေးညှော်နံ့များက အမည်မသိ တစ်နေရာမှ ဖြေးဖြေးချင်း လျှံထွက်လာနေသည် ။

“ ဝါးးဟားးဟားး...”

“အရမ်းမုန်းတာပဲ !”

“လာပါ~ငါ့ရဲ့ နာကျင်​​မှုကို ခံစားကြည့်လိုက်စမ်းပါ​~”

“ဘာလို့ ငါက သေရမှာလဲ...ငါ ဆန္ဒမရှိဘူး...ငါဆန္ဒမရှိဘူး...မင်းတို့အားလုံးလည်း ငါနဲ့အတူသေရမယ်!!”

“…”

အနက်ရောင် မြူလှိုင်းများကြားထဲက ကြောက်စရာကောင်းသော ကျိန်စာသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

နတ်ဆိုးများ၏ တီးတိုးသံ၊ သေခြင်းတရား၏ ကြေငြာချက်လိုပင် !

ဟူး——

အမည်မသိ လေညှင်းတစ်ခု တိုက်ခတ်လာခဲ့သည်။အပုပ်နံ့ တထောင်းထောင်းဖြင့် ၊ သွေးညှီနံ့တို့သည် လူကို အော့အန်စေသည်။

ဝှီး! ဝှီး! ဝှီး !

ဆက်လက်ပြီး၊ အနက်ရောင် မြူလှိုင်းများကြားထဲတွင် နောက်ထပ် ခြေရာသံများ ထပ်မံ ပေါ်လာခဲ့ပြန်သည်။

အလွန်ရှုပ်ထွေးပြီး ဗြောင်းဆန်ပေသည်။

အထဲတွင် မရေမတွက်နိုင်သော လူများ လျှောက်သွားနေပုံရသည်။

“အားးး...”

ကျင့်ကြံသူ အမျိုးသမီး တစ်ယောက်၏ အော်ဟစ်သံသည် ပတ်ဝန်းကျင် တစ်ခုလုံး၏ လေထုကို ချက်ချင်းလက်ငင်း အေးခဲသွားစေခဲ့ပြီး ၊ လူတိုင်း ထိတ်လန့်စရာကောင်းသော မြင်ကွင်းကို တွေ့လိုက်ရသည်။

ရုပ်အသွင်တချို့သည် ခြေလက်များ ကျိုးပဲ့ကာ အသားများ ပုပ်ပွနေပြီး အရည်များ စီးယိုကျလျက် ကြောက်စရာကောင်းသော သရဲတစ္ဆေများလို ဖြစ်နေသည် ။

ပိုကြောက်စရာ အကောင်းဆုံးမှာ ၎င်းတို့၏ အရေအတွက်သည် အဆုံးမရှိသည့်အတိုင်း အလွန် များပြားပေသည်။

၎င်းတို့သည် အနက်ရောင် မြူလှိုင်းများကြားထဲမှ အဆက်မပြတ် ထွက်လာနေပြီး ၊၎င်းတို့၏ မျက်တွင်းထဲတွင် တစ္စေမီးများက ထကြွလို့ နေသည်။

၎င်းတို့၌ သွေးဆာခြင်းနှင့် ရက်စက်ခြင်းများသာ ရှိသည်။

၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်လာသော တစ္စေအငွေ့အသက်များသည် ဤကမ္ဘာကြီး တစ်ခုလုံးကို သရဲတစ္ဆေအဖြစ် ပြောင်းလဲလိုက်သလိုပင်။

သရဲတစ္စေများ၏ ညည်းသံများက ကမ္ဘာတစ်ဝှမ်းလုံးတွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည် ။

ကျင့်ကြံသူ တစ်ဦိးမှာ သူ၏ စိတ်ပိုင်းဆိုင်ရာ အားနည်းခြင်းကြောင့် ဤကဲ့သို့ စိတ်ပျက်စရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရချိန် ၊ သူ၏ စိတ်ပိုင်းဆိုင်ရာ အကာအကွယ်များမှာ ပြိုလဲသွားခဲ့ရသည်။

သူ့အနေဖြင့် အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲကာ ဤနေရာကနေ လွတ်မြောက်ချင်ခဲ့သည်။

သို့သော် သူ့ခမျာ အဝေးသို့ ထွက်မပြေးနိုင်ခင်မှာပဲ ၊

လေဟာပြင်ထဲတွင် ရှိနေခဲ့သော သေခြင်းစွမ်းအင်တို့သည် အနက်ရောင် ဝဲဂယက်တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းအထဲမှ လက်ဖဝါး တစ်ခု ဆန့်ထွက်လာခဲ့လာပြီး ၊ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည် ။

“အားး...”

ကြေကွဲသံများက ဤနေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

ထိုအနှီလူ၏ ခန္ဓာကိုယ်မှာ လက်ဖဝါးချက်ကြောင့် ကွဲကြေသွားခဲ့ရသည်။

​သွေးမိုးရွာ​စေကာ ဤကမ္ဘာ​မြေ​ပေါ် ဖြန်း​ပတ်လိုက်သလိုပင်။

ကြေကွဲ ပဲ့တင်ထပ်သံနှင့် သွေးနံ့များသည် ဤကမ္ဘာပေါ်တွင် ကျန်ရှိနေလေ၏။

ဝေါင်း!!

ပြင်းထန်သော တစ္ဆေညည်းသံများကြားတွင် သရဲတစ္ဆေ ခေါင်းဆောင်ဖြစ်သူ၏ တုန်လှုပ်ချောက်ချားဖွယ်ရာ‌ ကောင်းသော ဟောက်သံ တစ်ခု ထွက်လာခဲ့သည်။

တစ္ဆေများမှာ ချက်ခြင်းဆိုသလို အုံကြွလာလေသည်။

မူလက နှေးကွေးစွာ လျှောက်လှမ်းနေသော တစ္စေများသည် အနက်ရောင် အလင်း၏ အရှိန်နှုန်းအတိုင်း ရုတ်ချည်း လျင်မြန်စွာ ပြေးလာကြသည်။

​မြေပြင်​​ပေါ် တွင်လည်း တခြားသော ရုပ်သွင်များလည်း ကျန်ရှိနေသေးသည်။

၎င်းတို့၏ မျက်လုံးများမှာ အသွေးအသားနှင့် အသက်ကို လိုချင်တောင့်တနေသည်။

တချို့သော ကျင့်ကြံသူများမှာ အလွန်ထိတ်လန့်သဖြင့် မြေပြင်ပေါ်သို့ ထိုင်လျက်သား လဲကျသွားခဲ့သူများလည်း ရှိသည်။

သို့သော် လူတချို့က ၎င်းတို့၏ ဓားကို ဝင့်လျက် ကောင်းကင်ကို မျှော်ကြည့်ပြီး ဟစ်အော်ကြလေသည်။

“ သေခြင်းတရားကို အကြောက်တရားနဲ့ စောင့်နေတာထက်စာရင် ကိုယ်လမ်းကို ဖောက်တာကမှ ပိုကောင်းဦိးမယ်”

“ ကျင့်ကြံသူ တစ်ယောက်အနေနဲ့၊ ငါတို့ဟာ မကောင်းဆိုးဝါး တစ္စေတွေကို ချေမှုန်းပြီး သုတ်သင်ပစ်ရမယ် ၊ တိုက်ကြဟေ့!”

“သခင်‌လေး၊ ကျွန်မက ခုထိ အပျိုလေးပဲ ရှိသေးတယ်၊ ဒီမှာ ဘယ်လိုလုပ်ပြီး သေလို့ရမှာလဲ? တိုက်ဟေ့!”

“.......” ( ဆွံ့အ )

ဤသည်မှာ မျှော်လင့်ချက်မဲ့စွာဖြင့် သွေးသံရဲရဲ တိုက်ခိုက်လိုစိတ်လား သို့မဟုတ် သေတဲ့အထိ တိုက်ပွဲဝင်ဖို့ ရွေးချယ်ခဲ့ခြင်းလား မသိ။

တစ္စေအုပ်ကြီးကို ဖြတ်ကျော်ရန် မှော်စွမ်းအားများကို အသုံးပြု တိုက်ခိုက်နေကြသော ပါရမီရှင်များစွာလည်း ရှိပေသည်။

စိတ်ခံစားချက်မျိုးစုံဖြင့် တိုက်ပွဲကြီးမှာ စတင်ခဲ့လေပြီ!

တစ်ချိန်တည်းမှာပင် ၊ ထျန်းကျီ ကျွန်းပေါ်ရှိ စိမ့်မြေ တစ်နေရာ၌ ၊

တစ်စုံတစ်ယောက်မှာ ဝတ်လစ်စတစ်ဖြင့်။

ပြောင်လက်နေသော ခေါင်းကို ပိုင်ဆိုင်ထားသူ ကိုယ်တော်တစ်ပါးမှာ ကျောက်တုံးပေါ်ကို မှီလျက်သား မှိန်းခနဲ နိုးလာသည်။

“ ငါကိုယ်တော် အမှားလုပ်မိတာပဲ၊ တော်သေးတယ် မသေလို့...”

“ ဒါပေမဲ့ ဒီလို အစွမ်းအစမျိုးနဲ့ မင်းကို ကယ်တင်ဖို့ ထိုက်တန်ပါပေတယ်”

တု ကိုယ်တော် တစ်ယောက် ညည်းတွားဆိုလေသည်။

“ဒါပေမယ့် ဒီလို နတ်ဆိုးမိစ္ဆာကောင်ကြီးက ငါကိုယ်တော် တစ်ပါးတည်း ကိုင်တွယ်နိုင်တဲ့ အရာမဟုတ်ဘူး... အဲ့အစား သူ့ကို ကိုင်တွယ်နိုင်မယ့် ကိုယ်တော်ကို ရှာမှပဲ “

ရုတ်​တရက်​ သူ့နဖူး​ပေါ် ​သို့ အရည်​တစ်​ခု ကျဆင်းလာခဲ့သည်​။

သံသယစိတ်ဖြင့် ထိကြည့်လိုက်ရာ ၊

စေးကပ်ကပ် ဖြစ်နေသည်။

သို့သော် သူ့ခေါင်းပေါ်တွင် အေးစက်သော အရာတစ်ခုကို ခံစားမိပြီး မော့ကြည့်လိုက်သည်။

Σ(°△°|||)︴

“ငါ မင်းကို ×××...”

ကြောက်မက်ဖွယ်ကောင်းသော တစ္စေတစ်ကောင်သည် သွေးများဖြင့် ပေပွနေသော သူ၏ ပါးစပ်ဖြင့် ကိုက်ရန် ပြင်ဆင်ထားသည်။

“ ငါကိုယ်တော်ကို အတော် အနိုင်ကျင့်လို့ ကောင်းနေတာပဲ !”

“ ထျန်းလုံ နှိပ်ကွပ်ခြင်း!!”

ဘုန်း!

ရွှေဝါရောင် ‘卐’သဏ္ဍာန်သည် ၎င်းကိုနှိပ်ကွပ်ရန် ချက်ချင်း ရောက်လာခဲ့သည်။

ရောင်စဉ်များ လင်းလက်သွားပြီးနောက် ၎င်းတစ္စေမှာ အနက်ရောင် အငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့သည်။

“ အာမိထော်ဖော် ၊တစ္ဆေတွေကို နှိပ်ကွပ်မှော်ပညာဟာ ကိုယ်တော်ရဲ့ အားသာချက်ပဲ”

သို့သော် ထူးဆန်းသော ခံစားချက်တစ်ခုကို ထပ်မံ ခံစားမိလိုက်ပြန်သည်။

ဂူ၏အနက်ရှိုင်းဆုံးတစ်နေရာတွင် အအေးဓာတ်က ပို၍ ပြင်းထန်လာခဲ့သည်။

“ မဟုတ်မှလွဲရော ဒါ တစ္ဆေစွမ်းအင်ရဲ့ အရင်းအမြစ် ဖြစ်နိုင်မလား”

တု ကိုယ်တော်သည် ဂူ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ သတိကြီးစွာ လျှောက်သွားခဲ့လေသည်။

ဤနေရာသည် ကွေချီးမှ သူ၏ တစ္ဆေများနှင့် နတ်တစ္စေသွေးများကို မျိုးစေ့ချထားသော လှိုဏ်ဂူပင် ဖြစ်သည်။

သို့သော် မတော်တဆ တိုက်ဆိုင်စွာဖြင့် ၊ တု ကိုယ်တော်၏ တွေ့ရှိခြင်းကို ခံခဲ့ရလေသည်။

အပိုင်း(၁၃၁): မရဏတရားလေးပါးထဲက တစ်ခု ဖြစ်တဲ့ ၊ အရိုးပင်လယ် မှော်ပုလွေ ။

စူးချန်ကဲဘက်ခြမ်းတွင်မူ ၊

ထျန်းကျီကျွန်း၏ တပည့်များစွာသည် တိုက်ပွဲတွင် ပါဝင်ခဲ့ပြီး ၊ မှော်အစီအရင် ဖွဲ့စည်းမှုများကို ပြုလုပ်နေကြပြီ ဖြစ်သည်။

ဧရာမ ကျောက်တုံးကြီးများသည် လေထဲတွင် တွဲလောင်းကျလျက်သား အနေအထားဖြင့် ရှိနေပြီး ၊ နောက်ဆုံးတွင် ၎င်းကျောက်တုံးများကို ဧရာမ ကျောက်လူသားအဖြစ် ပေါင်းစပ်ဖွဲ့စည်းလိုက်သည်။

ဝူး!

မောဝ်းး!

ကျွိ !

အူး!

ကျယ်ပြောလှသော အသံလေးမျိုးသည် ကမ္ဘာမြေအနှံ့ ပဲ့တင်ထပ်သွားလေရာ ၊လူတိုင်း အပေါ်သို့ ထိတ်လန့်တကြား မော့ကြည့်လိုက်ကြသည်။

“ ဒါ ဒဏ္ဍာရီလာ သားရဲလေးကောင်ပဲ!”

“မဟုတ်ဘူး သူတို့ကိုယ်ပေါ်မှာ ဝိညာဉ် အငွေ့အသက် ရှိမနေဘူး ၊ သေနေသလိုမျိုး...”

ထိုအရာကို သူတို့ ပိုကြည့်လေ၊ ဦိးနှောက်မှာ ပို၍ ထုံကျင်လာလေ ဖြစ်ခဲ့ရသည်။

၎င်း နတ်သားရဲလေးကောင်ကို အမည်မသိ နတ်သံဖြင့် ပြုလုပ်ထားပုံရပြီး ၊ ၎င်းတို့ကြားတွင် ဂီယာ တုန်ခါသံများ ထွက်ပေါ်နေခဲ့သည်။

၎င်းတို့မှာ ထျန်းချီယန္တရား နည်းစနစ်ဖြင့် ဖန်တီးပြုလုပ်ထားခြင်း ဖြစ်သည်။

သားရဲကြီးလေးကောင်မှာ စစ်ပွဲကြီး၏ အဓိက သားရဲကြီးများကဲ့သို့ ဤတိုက်ပွဲတွင် ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

ယင်းတို့သည် သူတို့၏ အသိစိတ်အာရုံများကို တိုက်စားနေခဲ့ပြီး ၊ သို့သော် သူတို့၏ တိုက်ပွဲဝင် စိတ်ဓာတ်များကိုလည်း နိုးကြားစေခဲ့သည်။

ကျင့်ကြံသူများမှာ တစ္စေအုပ်လိုက်ဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။

မှောင်မိုက်ပြီး အလင်းမဲ့သော ဤကမ္ဘာတွင် ဓားရိပ်အလင်းတန်းများက အဆက်မပြတ် ထွက်ပေါ်နေသည်။

တစ္ဆေစွမ်းအင်နှင့် မှော်စွမ်းအားတို့၏ သက်ရောက်မှုက စစ်မြေပြင်ကြီးကို လှုံ့ဆော်ပေးနေခဲ့သည်။

ဒါတင်မက လူ၏ အရိုးနှင့် အသားများကိုပင် စုတ်ပြဲသွားစေနိုင်သည့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော အသံတစ်ခု ရှိလေရာ ၊၎င်းသည် ဓား၏ တုန်ဟည်းသံကြောင့် ချက်ချင်းဆိုသဆို နစ်မြုပ်ခံလိုက်ရသည်။

ကျင့်ကြံသူများကို ပို၍ ခေါင်းကိုက်စေသော အရာမှာ အမှောင်ထုထဲတွင် သွားလာလှုပ်ရှားနေကြသော နတ်ဘုရားအချုပ်ထောင် နန်းတော်၏ တပည့်များပင် ဖြစ်သည်။

၎င်းတို့သည် တစ္ဆေစွမ်းအင်ကို အချိန်အတော်ကြာ လေ့ကျင့်ခဲ့ကြသူများ ဖြစ်သောကြောင့် ၊ ယခုလို ပတ်ဝန်းကျင်မျိုးသည် ၎င်းတို့အတွက် ပိုပြီး သင့်လျော်သော နိုင်ငံတစ်ခုလို့တောင် ဆိုရနိုင်သည်။

တစ္ဆေအရိပ်များသည် အဆက်မပြတ် လှုပ်ရှားသွားလာ‌နေကြသည်။တစ္ဆေစွမ်းအင်များလည်း ထွက်ပေါ်လာပြီး ခေါင်းပေါ်တွင် ဝဲပျံလို့ နေကာ အသတ်ကို နုတ်ယူလျက် ရှိသည်။

လူအများအပြား သေဆုံးခဲ့ရသော်လည်း စစ်မြေပြင် အခြေအနေမှာ မဆိုးလှပေ။

လုံပါ့ထျန်း ၊ ဟွမ်လော့ရှင်း နှင့် ပတ်ဝန်းကျင်ရှိ ရှေးခေတ် ပါရမီများလည်း ရှိပေရာ ၊ တစ္ဆေအုပ်လိုက်ကြီးဆိုတောင် အန္တရာယ်မဖြစ်နိုင်ပေ ။

“ နဂါး လက်သီး!”

ဝေါင်း !

ပူပြင်းတောက်လောင်သော နတ်အလင်းရောင် နှင့်အတူ ၊ ဧရာမနဂါးကြီး၏ ကြွေးကြော်သံ ထွက်ပေါ်လာခဲ့ပြီး ဧရိယာအတွင်းရှိ တ‌စ္စေများများကို ချေမှုန်းပစ်လိုက်သည် ။

ဝုန်း! !

တစ်ဖက်တွင်မူ ၊ ဖီးနစ် မီးလျှံများက ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားပြီး ၊ တောင်ပံ တဖျက်ဖျက်ဖြင့် နေရာတိုင်းကို လောင်ကျွမ်းစေသည်။

တစ္စေများ တစ်အုပ်ပြီး တစ်အုပ် ပြာ အဖြစ်သို့ ဘဝပြောင်းကာ လွင့်စင်ခဲ့ရသည်။

“ဟွန်း... ဒီ အမွှေးနဲ့ ကြက်က ပိုသန်မာနေတယ်”

လုံပါ့ထျန်း၏ မျက်ဝန်းများမှာ ကျုံ့သွားလေသည် ။သို့သော် သူ့ကို ပိုပြီး တုန်လှုပ်စေသည့် အရာမှာ ကွေးယွမ် သူတော်စင် နယ်မြေက သူများပင် ဖြစ်သည်။

အရောင်အမျိုးမျိုးရှိသော တောက်ပသော ရောင်စဉ်များ ထွက်ပေါ်နေပြီး ၊ ၎င်းရောင်စဉ်တန်းတို့သည် ဤစကြဝဠာတစ်ခုလုံးကို ဖောက်ထွင်းသွားမတတ်ပင်။

သူတို့အားလုံးသည် ကွေးယွမ် သူတော်စင် နယ်မြေ ၏ လူငယ် ပါရမီရှင်များပင် ဖြစ်သည်။

လက်ကို မြှောက်တင်လိုက်သည်နှင့် အမျိုးမျိုးသော မှော်အစွမ်းများ ၊ လျှို့ဝှက်ရတနာများက အဆုံးမရှိ ထွက်ပေါ်နေလေ၏။

ကြယ်တာယာများသည် သေမျိုးကမ္ဘာသို့ ဆင်းသက်လာသည့်အတိုင်း ၊ လှပသောမြင်ကွင်းများကို ဖန်တီးနေသလား အောက်မေ့ရသည်။

ကွေးယွမ် သူတော်စင် နယ်မြေ၏ ချန်ဖုန်းမျိုးဆက်များက ယခုထက်ထိ ထွက်ပေါ်မလာသေးတာကို‌ သင် သိထားသင့်သည်။သို့သော် ခေတ်ပြိုင် လူငယ်ပါရမီရှင်များ ဖြစ်လျှင့်ကစား ၎င်းတို့မှာ လွန်စွာ ကြောက်စရာ ကောင်းနေသည်ပင်။

အနာဂတ် အောင်မြင်မှုများမှာ ဆိုရင်ဖြင့် ?

ကွေးယွမ်တပည့်များ၏ အစွမ်းသတ္တိသည် တခြား ပါရမီရှင်များစွာကို လွန်စွာ စိတ်ရှုပ်စေခဲ့သည်။

“ ထာဝရ စစ်ပွဲကြီး ပြီးဆုံးပြီးနောက် ၊ ကွေးယွမ် သူတော်စင် နယ်မြေက ပိုပိုပြီး တန်ဖိုးကြီးလာသလိုပဲ “

“အင်း၊ ကွေးယွမ် သူတော်စင် နယ်‌မြေက လျှို့ဝှက်ဆန်းကြယ်ဆုံး အုတ်မြစ် ရှိတဲ့ ဂိုဏ်းတစ်ခုလို့ လူသိများတယ် ၊ လျို့ဝှက်ချက်တွေ ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားလဲ ဆိုတာ ဘယ်သူက သိမှာလဲ?”

ဘုန်း !

နောက်ထပ် နတ်အလင်းရောင် တစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းတို့သည် ကောင်းကင်ယံမှ ဆင်းသက်လာသော နတ်စစ်သည်များ အလား ထင်မှတ်ရသည့် ယဲ့လင်ထျန်း ၊ စူးချန်ကဲ နှင့် သူ၏ နောက်လိုက် မိန်းကလေး နှစ်ယောက်ပင် ဖြစ်သည်။

တချက် ချလိုက်ယုံဖြင့် ၊ ကြီးကျယ်ခမ်းနားသော တရားဓမ္မ၏ စွမ်းအားများ မြင့်တက်လာခဲ့ပြီး ထောင်ပေါင်းများစွာသော တစ္ဆေတို့သည် ပြာအဖြစ်သို့ ပြောင်းလဲကာ ပျံ့လွင့်သွားခဲ့ရသည်။

သို့သော် နတ်တစ္စေသွေး၏ စွမ်းအားဖြင့်အသက်သွင်းနိုင်သရွေ့ ၊ တစ္စေများသည် တစ္ဆေစွမ်းအင်မှ တဆင့် အဆက်မပြတ် မွေးဖွားလာဦိးမည်ပင်။

သူတို့သည် သေခြင်းတရားကို မကြောက်၊ သွေးဆာခြင်းမှတပါး သူတို့အား တခြားမည်သူမျှ မတားဆီးနိုင်ပေ။

ထိုစဉ် စစ်မြေပြင် ကြားထဲတွင် တောက်ပစွာ ရှိနေသော ဝတ်ရုံဖြူ ပုံရိပ်လွှာသည် ရုတ်ချည်း ပျောက်ဆုံးသွားခဲ့သည်။

…

ထျန်းကျီ မျှော်စင်ကို ဝန်းရံထား‌သော ရှေးသစ်ပင် တောအုပ်ကြီး အတွင်းဘက်၌ ၊

ကွေချီးသည် သားရေပုရပိုက်ကို ယူကာ ရှေးရေတွင်းတစ်ခုရှေ့တွင် ရပ်နေသည်။

“ တစ္ဆေသွေးက နောက်ထပ် နာရီအနည်းငယ် ခံလောက်ဦးမှာ ၊ အဆုံးမဲ့ တစ္ဆေတွေနဲ့ နတ်ဘုရားအချုပ်ထောင် နန်းတော်က တပည့်တွေနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင်...”

ကွေချီးသည် သူ့ ပတ်ဝန်းကျင် တစ်လျှောက်ကို စူးစမ်းရန် သူ၏ အာရုံခံ နတ်အသိစိတ်ကို အသုံးပြုလိုက်သည်။

တောအုပ်မှ တပါး ၊တခြား မည်သည့်သက်ရှိမှ မရှိချေ။

“ ငါ့ကို ဘယ်သူမှ သတိမထားဘူး ထင်တယ် ၊ လူကြီးမင်း ပေးအပ်ထားတဲ့ တာဝန်တွေကို ငါ တတ်နိုင်သမျှ ပြီးမြောက်အောင် လုပ်ရမယ်”

ကွေချီး သည် သွေးကျောက်စိမ်း အနက်ရောင် ကျောက်တုံးတစ်ခုကို လေထဲသို့ ပစ်တင်လိုက်ရာ သွေးနီရောင် အလင်းတန်းများ ပွင့်လန်းလာလေသည်။

သွေးနီရောင် အလင်းတန်းများ တဖြည်းဖြည်း ပြန့်ကားသွားနှင့်အမျှ ၊ အနီရောင်သည် ဤနေရာတစ်ခုလုံးကို ဆေးခြယ်လိုက်ပြီပင်။

ဤနေရာရှိ နိယာမများသည်‌ ထိုအနီရောင်စဉ်ကြောင့် ပျက်စီးသွားခဲ့ရပြီး ၊ ဆန်းကြယ်‌သော ကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤသည်မှာ ‘ရွှီး’ ဟုခေါ်သော သရဲတစ္ဆေများထက် ပိုမိုအဆင့်မြင့်သော တစ္ဆေနယ်မြေ အမျိုးအစား တစ်ခုပင် ဖြစ်သည်။

ထောင်ပေါင်းများစွာသော စည်းမျဉ်းတို့ကို အပျက်အစီးအဖြစ်သို့ ပြောင်းလဲစေပြီး ၊ သက်ရှိဝိညာဉ် အပေါင်းအား သရဲတစ္ဆေများအဖြစ်သို့ ပြောင်းစေသည်။

ရေညှိများနှင့် ရွှံ့များ ဖုံးလွှမ်းနေသည့် နေရာတစ်ခုကို သူမ လှမ်းမြင်ရလိုက်ရသည်။၎င်းနေရာကို သန့်ရှင်းစေရန် သူမ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုက်သည်။

ထို့နောက် ရှေးဟောင်းကျောက်တုံးကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထူးဆန်းသော ဒီဇိုင်းများဖြင့် ထွင်းထုထားပေရာ လျို့ဝှက်ဆန်းကြယ်မှုများကို အတိုင်းသား ဖော်ပြနေသည်။ထာဝရ တည်ရှိနေခဲ့သော အမွေအနှစ်တစ်ခုလိုပင် ။

“ တော်သေးတယ် ၊ နန်းတော်သခင်က ငါ့ကို မျိုးနွယ်စုကို ကိုယ်စားပြုတဲ့ အရုပ်ကိုပေးလိုက်လို့သာပေါ့ မဟုတ်ရင် ဝင်ဖို့ အတော်ခက်မှာ “

ကွေချီးသည် မဲ့ပြုံးပြုံးလိုက်သည်။ထို့နောက် သူမသည် ထိုအရုပ်၏ ညွှန်ကြားချက်အတိုင်း ၎င်းပေါ်က ဖွဲ့စည်းပုံယန္တရားများကို စတင်ခြယ်လှယ်လိုက်သည်။

…

ဤနေရာရှိ အပြောင်းအလဲများကြောင့် တရားထိုင်နေလျက် ရှိသော ထျန်းကျီကျွန်းပိုင်ရှင်၏ မျက်လုံးများမှာ ချက်ခြင်းဆိုသလို ပွင့်လာခဲ့သည်။

သူ့မျက်လုံးများတွင် ပြင်းထန်သော လူသတ်လိုသော ဆန္ဒများ တဖွားဖွား ထွက်ပေါ်နေခဲ့သည်။

“မကောင်းတော့ဘူး...! လျှို့ဝှက်နေရာကို တစ်စုံတစ်ယောက် ဝင်ရောက်နေပြီ !”

“ သေစမ်း ၊ အဲဒါ နတ်ဘုရားအချုပ်ထောင် နန်းတော်က မကောင်းဆိုးဝါးပဲ ဖြစ်ရမယ် “

ထျန်းကျီ ကျွန်း ပိုင်ရှင်သည် သူ့တပည့်များကို အမိန့်ပေးရန် ဟန်ပြင်လိုက်စဉ် ရင်းနှီးသော အရိပ်အယောင် တစ်ခုကို သူ ခံစားလိုက်ရသည်။

“ဒါ... ချန်ကဲ ဆက်ခံသူလား? သူကဘာလို့ အဲ့ကို ရောက်နေတာလဲ?”

“ မဟုတ်မှလွဲရော ဆက်ခံသူ လူကြီးမင်းလည်း အဲ့ဒီ နေရာကို စိတ်ဝင်စားနေတာ များလား...?”

ထျန်းကျီ ကျွန်းပိုင်ရှင် မျက်မှောင်ကြုတ်သွားသည်။ စူးချန်ကဲသည် ထိုလျှို့ဝှက်နေရာကို စိတ်ဝင်စားနေကြောင်း သူသိသည်။

“ ထားပါတော့၊ ချန်ကဲ ဆက်ခံသူက ငါတို့ ထျန်းကျီကျွန်းရဲ့ လုံခြုံရေးအတွက် ‌အဲ့ကို ရောက်နေတာ နေမယ် ၊ ရေစင်ကြည့် က တာပေါ့ “

“ ပြီးတော့ ချန်ကဲဆက်ခံသူ ရှ်ိနေသ၍ ၊ အဲ့မကောင်းဆိုးဝါးမိန်းကလေးလည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး “

သို့သော် ဒါတွေအားလုံးသည် စူးချန်ကဲ ကြံစည်ထားသော အစီအစဉ်တွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်မှန်း သူ မသိခဲ့ပေ။

စူးချန်ကဲသည် နတ်ဘုရားအချုပ်ထောင် နန်းတော်၏ ကျူးကျော်မှုကို တားဆီးရင်း တလက်စတည်း ထျန်းကျီကျွန်း လျှို့ဝှက်ချက်တချို့ကို သိခဲ့သည်။

ထပ်ပြီး တလက်စတည်း ၊ ထျန်းကျီကျွန်း အပေါ် ထားရှိသည့် သူ၏ သစ္စာစောင့်သိမှုကိုလည်း ပြသနိုင်သည်။

ဒီလိုဆို မလွန်လွန်ဘူးမလား?

“ အောင်မြင်ပြီ!”

ကွေချီးသည် နောက်ဆုံးဖွဲ့စည်းမှုကို ချိုးဖြတ်နိုင်ခဲ့ပြီးနောက် ၊

ကျောက်ပြားပေါ်ရှိ ကမ္ပည်းစာသည် အသက်ဝင်လာပြီး သူ့ဘာသာသူ အလိုအလျောက် စုစည်းသွားခဲ့သည်။

ခဏအကြာတွင် ခပ်ဖျော့ဖျော့ စကားလုံးများသည် စူးရှတောက်ပသော အလင်းရောင်နှင့်အတူ ထွက်ပေါ်လာခဲ့သည်။

ရေတွင်းထဲက အလင်းရောင်သည် ဖြည်းညှင်းစွာ ထကြွလာခဲ့ပြီး ၊ နောက်ဆုံးတွင် ရေတွင်းအဝသည် ကြွတတ်လာခဲ့သည်။

ဝီ!

အလင်းလုံးသည် ရုတ်တရက် ပေါက်ကွဲသွားခဲ့ပြီး အလင်းရောင်များ ဖြာထွက်လာသည်နှင့် ၊အာကာသသည်လည်း သိသိသာသာ ပုံပျက်သွားကာ ကွဲအက်သွားခဲ့သည်။

မျက်စ်ိရှေ့တွင် အာကာသထဲ၌ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည် ။

ကွေချီး၏ မျက်လုံးများမှာ ဝင်းလက် တောက်ပ‌သွားသည်။ သူမသည် အစီအစဉ်၏ နောက်ဆုံးအပိုင်းထိ ရောက်ရှိလာနိုင်ခဲ့ပြီပင်။

သူမသည် ပတ်ဝန်းကျင်ကို အာရုံခံ နတ်အသိစိတ်ဖြင့် တစ်ဖန် အာရုံခံလိုက်သည်။ဤနေရာတွင် မည်သူမျှ မရှိကြောင်း အတည်ပြုပြီးသည်နှင့် ထိုနေရာသို့ ဝင်ရောက်သွားခဲ့ပြီး သူမ၏ ပုံရိပ်သည်လည်း ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ကွေချီး ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ၊

ကွဲအက်သံ !

အာကာသ ဟင်းလင်ပြင်ကြီးမှာ ရုတ်တရက် အက်ကွဲသွားသည်။

၎င်းအက်ကွဲကြောင်းမှ စူးချန်ကဲ၏ ရုပ်အသွင်သည် ဖြေးဖြေးချင်း လျှောက်လှမ်းလာခဲ့ပြီး ၊ သူ၏ နှုတ်ခမ်းများမှာ အပြုံးတစ်ခုကို ဆင်ယင်ထားလေသည်။

“အရည်အချင်းပြည့်မီတဲ့ အမဲလိုက် ကြွက်လေးပဲ “

…….

အထဲသို့ ဝင်ရောက်လာခဲ့ပြီးနောက်။

ကွေချီးသည် မျိုးနွယ်စုကို ကိုယ်စားပြုသော အရုပ် ၏ ညွှန်ကြားချက်အတိုင်း ဆက်လက် လျှောက်လှမ်းလာခဲ့သည်။

ဤနေရာတွင် မြူခိုးများစွာဖြင့် လေထဲတွင် စိုစွတ်သော အနံ့အသက်များ ရှိနေသည်။

ရေညှိများတက်နေသော ကျောက်များ၊

ကျိုးပဲ့နေသော ရုပ်တုများ ၊

ပျက်စီးနေသော နန်းဆောင်များက

ဤနယ်မြေတစ်ခုလုံးကို ပိုပြီး တိတ်ဆိတ်အောင် ပြုစားနေသလိုပင်။

သို့သော်၊ ဤနေရာရှိ အဆောက်အအုံများသည် အလွန် ထူးခြားဆန်းကြယ်ပြီး ၊နတ်ဆိုးသဏ္ဍာန် ထုထွင်းထားသော ရုပ်လုံးရုပ်ကြွများ ရှိနေသလို သရဲတစ္စေများ၏ ပုံစံတူ ပန်းချီများလည်း ရှိနေသည်။

ဤနေရာသည် လက်တွေ့ကမ္ဘာနှင့် လုံးဝခြားနား နေပြီး ၊ သူမကို ထူးခြားဆန်းကြယ်သော နေရာတစ်ခုကို ရောက်နေသလိုမျိူး ခံစားရစေသည်။

“ဒီမှာရှိတဲ့ အဆောက်အဦးတွေက ဝိညာဉ်စွမ်းအင်တွေကို သူတို့ဘာသာသူတို့ စုပ်ယူနိုင်စွမ်း ရှိနေတာပဲ ၊ အဲ့တာကြောင့် တိကျတဲ့ ဝင်သက်ထွက်သက်ကို အာရုံမခံစားနိုင်တာ အံ့သြစရာ မရှိတော့ဘူး”

ကွေချီးတစ်ယောက် စိတ်ထဲတွင် တိတ်တိတ်လေး တွေးလိုက်သည်။

နောက်ဆုံးတွင် ၊ သူမသည် ဤနယ်‌မြေ၏ အလယ်ဗဟိုဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူမ၏ ဘေးပတ်ပတ်လည်တွင် လူသားမျိုးနွယ် ၊မကောင်းဆိုးဝါး မျိုးနွယ်နှင့် တခြား အမည်မသိ မျိုးနွယ်စုဝင်များ ပါဝင်သော တောင်ကုန်းသဖွယ် ဖြစ်နေသော အဖြူရောင်အရိုးစုများ အစုလိုက် အပုံလိုက် ရှိနေခဲ့သည်။

ဟောင်းနွမ်း‌နေပြီ ဖြစ်သော အရိုးများပေါ်တွင် ကျန်ရှိနေသည့် တာအိုသံစဉ်များကို ကြည့်ခြင်းအားဖြင့် တစ်ချိန်က ၎င်းတို့သည် အမြင်ဆုံး ကျင့်ကြံစွမ်းအားများကို ပိုင်ဆိုင်ထားသော အစွမ်းထက်သော ပုဂ္ဂိုလ်များ ဖြစ်ကြောင်း သိရှိနိုင်သည်။

သို့သော် ယခုအခါ ဤနေရာတွင် မြေချခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။

သို့သော် ကွေချီးမှာမူ ထိုမြင်ကွင်းကို ဂရုမစိုက်‌ ပေ။သူမ၏ မျက်လုံးများမှာ တောက်လောင်မှုအပြည့်ဖြင့်။

ထိုအစား ယဇ်ပလ္လင် အလယ်ဗဟိုရှိ စင်ပေါ်ကို စူးစုးစိုက်စိုက် ကြည့်နေသည်။

“ဒဏ္ဍာရီက အမှန်ပဲ ၊အရိုးပင်လယ် မှော်ပုလွေတစ်ကယ်ရှိနေတာပဲ!”

သို့သော် သူမ နောက်ထပ် ခြေတစ်လှမ်း မလှမ်းမီ ၊ သူမနောက်က အသံတစ်ခုကြောင့် အရိုးထဲထိ အေးစိမ့်သွားခဲ့ရသည်။

“မရဏတရားလေးပါးထဲက တစ်ခု ဖြစ်တဲ့ ၊ အရိုးပင်လယ် မှော်ပုလွေ”

“ မဆိုးဘူး ၊ ငါကိုယ်တော် အရမ်းကျေနပ်မိတယ်”

စူးချန်ကဲ၏ ပုံရိပ်သည် ဖြေးဖြေးချင်း ထွက်ပေါ်လာခဲ့သည်။ ဘာမှ မထူးခြားသော အသွင်အပြင်မျိုးဖြင့် ၊ သို့သော် သူ၏ မျက်ဝန်းအစုံ၌ ပျော်ရွှင်မှု အရိပ်အမြွက်တစ်ခု ရှိနေခဲ့သည်။

ထိုအကြည့်က ကွေချီး၏ နှလုံးသားတစ်ခုလုံးကို ဟိုး အောက်ခြေအထိ နစ်မြုပ်သွားစေခဲ့သည်။

သူမ၏ ခန္ဓာကိုယ်မှာ အေးစက်သွားပြီး ၊တုန်ရီနေသော နှုတ်ခမ်းများမှာ အနည်းငယ်’ဟ’ လာခဲ့သည်။

“ လက်စသတ်တော့..ဒါတွေအကုန်လုံးက ရှင် မျှော်လင့်ထားသလိုပဲလား?”

အပိုင်း(၁၃၂): လုံရှန့်ကောင်းကင်ကို ဖြိုခွဲခြင်း လက်သီးသိုင်း၏ စွမ်းအား ၊ ထာဝရ ယုံကြည်မှုကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်သည်

စူးချန်ကဲ၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ ပြုံးဝင့်လျက် ။

“ဟုတ်တယ်ဆိုလည်း ဘာဖြစ်လဲ မဟုတ်ဘူးဆိုလည်း ဘာဖြစ်လဲ?”

သူသည် မူလက ဤလျှို့ဝှက်နေရာကို သွားရန် စိတ်မ၀င်စားခဲ့ပေ။သူ့အနေဖြင့် စနစ်တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ရန် လိုအပ်သောကြောင့်ပင် ဖြစ်သည်။

သို့သော် ယခုအခါတွင် သူ့ရှေ့က မြင်ကွင်းသည် သူ့ကို နည်းနည်းတော့ ပျော်သွားစေသည်။

မရဏတရား လေးပါး မှာ -

ရှေးခေတ်တောင်တန်းတစ်ခုတွင် မြှုပ်နှံထားသော ရှေးဟောင်း ဓားသေတ္တာ ၊

ဟွမ်ချွမ် မြစ်ပေါ်ရှိ နိုင်ဟယ် လူဝင်စားတံတား ၊

ထျန်းကျန့် ချောက်နက်၏ မြေအောက်လောကငရဲ ဖယောင်းတိုင်၊

နှင့် အဆုံးမဲ့ အရိုးဖြူပင်လယ်၏ အရိုးပင်လယ် မှော်ပုလွေ များပင်။

ကွေချီး ၏ မျက်လုံးများ နီရဲနေပြီး ၊ သူမ၏ စိတ်တွင် အမျက်ဒေါသများက ဝင်ရောက် ကြီးစိုးနေသည်။ သူမသည် သခင်ဖြစ်သူ၏ အစီအစဉ်ကို ပြီးမြောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

သို့သော် စူးချန်ကဲ က လမ်းတဝက်ကနေ ဖြတ်လိုက်ခဲ့လေသည်။

“ နင် သေစမ်း!”

ဝုန်း!

ကြွယ်ဝသော တစ္ဆေစွမ်းအင်များသည် ဓာတ်အဖြစ် ပေါင်းစည်းတော့မည် ဖြစ်ရာ ၊ ကမ္ဘာမြေကြီးမှာ ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော သားရဲကောင်များ နိုးထလာခဲ့ပြီး ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော အနက်ရောင်အလင်းတန်းတို့သည် မြေပြင်မှ ထွက်ပေါ်လာသည်။

ထိုအလင်းတန်းများသည် ကောင်းကင်ယံတွင် ဆုံစည်းသွားခဲ့ပြီး၊ အနက်ရောင် ဦးခေါင်းခွံ များအဖြစ် ပြောင်းလဲသွားခဲ့သည်။၎င်းဦးခေါင်းခွံ တစ်ခုချင်းစီတွင် ကြောက်မက်ဖွယ် ရာ ကောင်းသော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ ကွေချီး၏ ဝှက်ဖဲချပ်များထဲမှ တစ်ခုဖြစ်သည်။သူမသည် နတ်တစ္ဆေသွေး အနည်းငယ်ကို ထိန်းသိမ်းထားခဲ့သည်။

တန်ခိုးကြီးမားသော သူတော်စင် အရှင် ဖြစ်ရင်တောင် ၊ဤလှည့်ကွက်ကို ရင်ဆိုင်သည်နှင့် သူ၏ အဆုံးသတ်မှာ သေခြင်းတရားသာ ဖြစ်သည်။

“ ကောင်းပါတယ် “

“ငါတို့ကြားက ကွာခြားချက်တွေကို မင်းနားလည်ဖို့ အချိန်ရောက်ပြီ”

စူးချန်ကဲသည် ကွေချီး၏ နည်းလမ်းများကို ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ပြုံးကာ ဆိုလိုက်သည်။

စကားအဆုံးတွင် ၊ သူ၏ အရေပြားမျက်နှာပြင်မှ တောက်ပသော မှော်သင်္ကေတများ ကြွတတ်လာခဲ့ပြီး ၊ အမြင့်မြတ်ဆုံး ရောင်ဝါတို့သည် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သူ၏ နောက်တွင်၊ နတ်ရောင်ဝါများဖြင့် တောက်ပနေသော အရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ ချန်ချင်း ပြောင်းလဲခြင်း နတ်ဘုရား ကျင့်စဉ်နှင့် ပေါင်းစပ်ထားသော ဓမ္မကာယပင် ဖြစ်သည်။

ယခုအချိန်တွင် သူသည် သာ့နိမ်(အနန္တစွမ်းအားရှင်) နယ်ပယ်၏ အထွတ်အထိပ် အဆင့်သာ ဖြစ်သော်လည်း၊ ယခု သူ ပြသနေသည့် ဖိနှိပ်စွမ်းအားမှာဖြင့် ရှေးဟောင်း နတ်ဘုရားရှင် တစ်ဦး ရောက်ရှိလာခြင်းကဲ့သို့ပင်။

ဘုန်း!

စူးချန်ကဲသည် ကြီးကျယ်ခမ်းနားသော ဓမ္မကာယနှင့် အတူ သူ့လက်သီးကို တပြိုင်နက်တည်း အသုံးချလိုက်သည်။

ကမ္ဘာကြီးကို လွှမ်းခြုံထားသော ဖိနှိပ် စွမ်းအားများသည် ရုတ်တရက် ပေါက်ကွဲသွားပြီး ၊ ကြီးမားသော မြေငလျင်တစ်ခု ဖြစ်ပွားခဲ့လေသည်။

သွေးအန်သံ!

ကြီးမားသော တစ္ဆေစွမ်းအင်များဖြင့် စုစည်းဖွဲ့စည်းထားသော အရိုးခေါင်းတို့သည် ပျက်သုန်းခြင်းနှင့်အတူ စူးချန်ကဲဆီသို့ တိုက်ခိုက်ရန် ပြေးလာခဲ့သော်လည်း ၊သို့သော် စူးချန်ကဲ၏ တိုက်ခိုက်မှုအောက်တွင် အခိုးအငွေ့များအဖြစ်သို့ ပျောက်ကွယ် သွားခဲ့ရသည် ။

ဤအခိုက်အတန့်တွင် အလုံးစုံသော တစ္ဆေစွမ်းအင် နှင့် အမှောင်ထုတို့မှာ သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရသည်။

ထိုစွမ်းအားကြောင့် ကမ္ဘာတစ်ခုလုံးပင်လျှင် တုန်လှုပ်သွားရသည်။

ထိုကဲ့သို့ ပြင်းထန်သော စွမ်းအားကို တတိယလူသာ မြင်ခဲ့မည်ဆိုပါက ၊ မေးရိုး ကျွတ်ကျမတတ် ထိတ်လန့်အံ့အားသင့်‌နေမည်ပင်။

သူတော်စင်ထိ မဖြစ်မြောက်သေးသော်လည်း၊ သူ၏ ပေါက်ကွဲနိုင်သော စွမ်းအားသည် သူတော်စင်အရှင်၏ သဘောတရားထက် များစွာ ကျော်လွန်နေခဲ့သည်။

ဤအဖြစ်အပျက်မှာ ပထမဆုံးပင် ဖြစ်သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

ကွေချီးမှာ ဤမျှ ပြင်းထန်သော တိုက်ခိုက်မှု၏ တုံ့ပြန်မှုကို ခံလိုက်ရပြီး ၊ သူမ၏ ပါးစပ်ထဲမှ သွေးများ စီးယိုကျလာသည်။

ဒါတင်မက တစ်ကိုယ်လုံး အဝေးသို့ လွှင့်ထွက်သွားခဲ့ပြီး ၊ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်ကျခဲ့လေသည်။သူမ တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံညစ်နေခဲ့သည်။

သူမ အနေဖြင့် မယုံကြည်နိုင်ခဲ့ပေ။

သူမ၏ တိုက်ခိုက်မှုတွင် ဒဏ္ဍာရီလာ အရာတစ်ခု ဖြစ်သည့် နတ်တစ္ဆေသွေး၏ စွမ်းအားသတ္တိများ ပါဝင်ခဲ့သော်လည်း ၊စူးချန်ကဲ၏ လက်သီးချက်နဲ့တင် အဘယ်ကြောင့် ပျက်စီးသွားခဲ့ရသနည်း။

ထို့အပြင်၊ ၎င်းသည် ဤစွမ်းအားများကို အနီးနားရှိ အဆောက်အအုံများ မပျက်စီးစေရန် ကောင်းစွာ ထိန်းချုပ်ထားခဲ့ပြီး ၊သူမအပေါ်ကိုသာ နှိပ်ကွပ်စေခဲ့သည်။

အကယ်၍ သူမတွင် နတ်တစ္ဆေ သွေးသာ မရှိခဲ့ပါက ၊စူးချန်ကဲ၏ လက်သီးစွမ်းအားအများစုကို ယှဉ်နိုင်ခဲ့မည် မဟုတ်ပေ။

သူမဘဝသည် မျက်စိတစ်မှိတ်အတွင်း သွေးအမှုန်အမွှားများ ဖြစ်သွားနိုင်သည်။

“မင်းရဲ့မစ်ရှင် ပြီးပြီ၊ ဂုဏ်ယူပါတယ်”

“ကဲ သေလမ်းသွားဖို့ အချိန်ရောက်ပြီ..”

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။

ထိုအေးစက်သော မျက်လုံးများသည် လူသေကောင်ကို ကြည့်နေသည့်အတိုင်း။

ဝီ!

သူသည် ကြီးကျယ်ခမ်းနားတဲ့ ဓမ္မကာယနှင့်အတူ သူ့လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ လက်ဝါးသည် တဖြေးဖြေး ပြန့်ကားသွားပြီး သူ့ရှေ့က အရာအားလုံးကို ဖုံးအုပ်ပစ်လိုက်သည်။

၎င်း၏ စွမ်းအားသည် ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို ချေမှုန်းနိုင်သကဲ့သို့ ဟင်းလင်းပြင်ကြီးမှာ တသိမ့်သိမ့် ရိုက်ခတ်နေသည် ။

“မဖြစ်နိုင်ဘူး...ငါ ဘယ်လိုလုပ် ဒီမှာ သေရမှာလဲ!”

“ငါ့အလုပ်မပြီးသေးဘူး ငါ မသေနိုင်သေးဘူး...”

ရုတ်တရက် သူမသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်။

“ဟုတ်တယ်... လူကြီးမင်း ငါ့ကိုပေးခဲ့တဲ့ ရတနာ ရှိသေးတယ်!”

ကွေချီးသည် အဖြူရောင် ကျောက်စိမ်း ပန်းအိုးကို ထုတ်ယူလိုက်ပြီး ၊ ပန်းအိုး၏ ပါးစပ်အဝထဲသို့ ပါးစပ်တေ့ကာ အော်ပြောလိုက်သည်။

“ကျေးဇူးပြုပြီး လူကြီးမင်း ကျွန်မကို ကူညီကြပါဦး!!”

ကွဲအက်သံ !

အဖြူရောင် ကျောက်စိမ်း ပန်းအိုးသည် စွမ်းအားတစ်ခု၏ သက်ရောက်မှုကို ခံခဲ့ရပုံပေါ်ကာ ၊ ထိုစကားလုံးများသည် လေထဲတွင် ရုတ်ချည်း ကွယ်ပျောက်သွားသည်။

ထို့နောက် အဖြူရောင် ကျောက်စိမ်းပုလင်းထဲမှ အက်ကွဲနေသော ကြွေသံများကို အဆက်မပြတ် ကြားနေရပြီး ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများမှ တဆင့် မှောင်မိုက်သော အခိုးအငွေ့များ လျှံထွက်လာခဲ့သည်။

ဟူး ——

ထူးဆန်းသောလေသည် ကောင်းကင်နှင့်မြေကြီးကို တစ်ဖန် တိုက်ခတ်လာခဲ့ပြီး ၊ ထိုအနက်ရောင် အခိုးအငွေ့များသည် အဆက်မပြတ် ပြောင်းလဲသွားကာ နောက်ဆုံးတွင် လူရိပ်အသွင် ဖြစ်ပေါ်လာခဲ့သည်။

သန်မာသော တစ္ဆေစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ခရမ်းရွှေအနက်ရောင်ကို ဝတ်ဆင်ထားသည့် ကြောက်စရာကောင်းသော ဖိနှိပ်မှုကို ပေးစွမ်းနိုင်သည့် ချောမောသော အမျိုးသားတစ်ယောက် ထွက်ပေါ်လာခဲ့သည်။

“ယင်ထျန်းဇီ လူကြီးမင်း!”

ကွေချီးသည် မျှော်လင့်ချက်ကို မြင်လိုက်ရသလိုမျိုး သူမ၏ မျက်လုံးထဲတွင် ရှိနေခဲ့သော စိတ်ပျက်အားငယ်မှုတို့မှာ လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။

၎င်းသည် သူမ၏ နတ်ဘုရားအချုပ်ထောင် နန်းတော်ရှိ တန်ခိုးအကြီးဆုံး ပါရမီရှင် သုံးပါးအနက်မှ တစ်ဦးဖြစ်ပြီး ၊ နောက်လိုက် တစ်ယောက် အနေဖြင့် ဂုဏ်ယူလေးစားရသည့် သူမ၏ လူကြီးမင်းဆိုလည်း ဟုတ်ပေသည်။

ယင်ထျန်းဇီ၏ မျက်ဝန်းများသည် လွန်စွာ နက်ရှိုင်းပြီး ၊ ၎င်းမျက်ဝန်းအတွင်း၌ မကောင်းသော ရောင်ခြည်များဖြင့် ဝင်းလက်တောက်ပနေသည်။

သူ၏ အသံသည် အလွန် အေးစက်ပြီး ၊ ရှုံ့ချစကားဆိုလိုက်သည်။

“ရှောင်ချီး ၊ဘာမှမဟုတ်ဘဲနဲ့ ငါ့ရဲ့ ဓမ္မခန္ဓာကို လာမနိုးနဲ့လို့ ငါ မပြောထားဘူးလား ၊ဒီအချိန်က ငါ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ဖြတ်ကျော်ရမယ့် အရေးကြီးတဲ့ အခိုက်အတန့်ပဲ”

ကွေချီးတစ်ကိုယ်လုံး တုန်လှုပ်သွားပြီး လျင်မြန်စွာ ဒူးထောက်လိုက်သည်။

“ ဒီလက်အောက်ငယ်သားက အရည်အချင်းမရှိလို့ပါ ၊ဒီတစ်ခါ ကျွန်မ မဖြေရှင်းနိုင်တဲ့ အကျပ်အတည်းနဲ့ ကြုံခဲ့ရတာမို့ လူကြီးမင်း ယင်ထျန်းဇီကို နှိုးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့လို့ပါ ၊ ကျွန်မကို အပြစ်မတင်ပါနဲ့ ! “

ယင်ထျန်းဇီသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး စူးချန်ကဲ ဘက်ကို လှည့်ကြည့်ပြီး ဆိုလေသည်။

“မင်းပေါ့လေ?”

သူသည် တရားဓမ္မ ခန္ဓာတစ်ခုသာဖြစ်ပြီး နာမ်ဝိညာဏ်သည် အနည်းငယ် ချို့တဲ့နေသော်လည်း ၊သို့သော် စူးချန်ကဲ၏ ထူးကဲသော စွမ်းအားကို သူခံစားမိသည်။

“ဒီလူက မလွယ်ဘူးပဲ”

“ဒါပေမယ့် အခုလက်ရှိ မျိုးဆက်သစ် လူငယ်တွေက ပင်မရေစီးကြောင်းထဲထိ ပါဝင်နိုင်စွမ်း မရှိသေးဘူး ၊ ငါ သူ့ကို နှိပ်ကွပ်နိုင်လောက်တယ် “

ယင်ထျန်းဇီသည် ထိုသို့ စိတ်ထဲကနေ ဆုံးဖြတ်ပြီး စူးချန်ကဲကို အမိန့်ပေးသော လေသံဖြင့် ။ “ပထမ၊ အရိုးပင်လယ် မှော်ပုလွေကို လွှဲပေးလိုက်”

“ဒုတိယ၊ ငါ မင်းကို သတ်ရမလား ဒါမှမဟုတ် မင်းကိုယ်မင်း သတ်သေမလား!”

ကွေချီးတစ်ယောက် ထိုစကားကို ကြားတော့ ၊ သူမ၏ လူကြီးမင်းအပေါ် လေးစားကြည်ညိုစိတ်တွေ ပိုလို့တောင် တိုးလာပေသည် ။

အရမ်း လန်းတာပဲ !

သို့သော် စူးချန်ကဲက ဒါကိုကြားတော့ ရယ်လေသည်။

“ငါ့ကိုယ်ငါ သတ်သေရမယ်? “

စူးချန်ကဲသည် သူ့လက်ကို နောက်ပစ်လျက် ယင်ထျန်းဇီ ဆီသို့ အေးအေးလူလူ လျှောက်သွားသည်။

သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ထိုနယ်ပယ်ရှိ ဝိညာဉ် ဖိနှိပ်စွမ်းအားများသည် ပိုပို၍ လေးလံလာခဲ့ပြီး ၊ နိယာမများပင်လျှင် ညည်းတွားတုန်လှုပ်သွားကြသည်။

“ကမ္ဘာက အမြဲတမ်း ကျုပ် စူး မျိုးနွယ်ကို မိုက်ရူးရဲဆန်တယ်လို့ ပြောကြပေမဲ့ ဒါပေမဲ့ အခုချိန်မှာတော့ တစ်စုံတစ်ယောက်က ကျုပ်ထက် သာလွန်နေပြီပဲ”

စူးချန်ကဲသည် တိတ်တဆိတ် သူ၏ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်ကို အသက်သွင်းနေခဲ့သည်။

ဟင်းလင်ပြင်တွင် ကြီးမားသော ရူပါရုံနိမိတ် မြင်ကွင်းများ ထွက်ပေါ်လာသည်။

မသေမျိုးနွယ် ဘုရင်သည် ကောင်းကင်ဘုံ ကိုးထပ်သို့ သက်ဆင်းလာခဲ့သလို !

ရှေးခေတ် မြင့်မြတ်သော တောင်တန်းကြီးသည်လည်း ပေါ်ထွက်လာခဲ့ပြီ !

ကိုးကွယ် ဆည်းကပ်နေကြ‌သော ထောင်ပေါင်းများစွာသော သူတော်စင်များ !

ဦိးညွှတ်နေကြသော နတ်ဆိုးများ ! နှင့်

ကောင်းချီးမင်္ဂလာများ ပေးနေသည့် နတ်သားရဲလေးကောင် ပင်တည်း။

ထို့နောက် စူးချန်ကဲသည် လုံရှန့်ဖိနှိပ်စွမ်းအား၏ နိယာမများကို သူ၏ ညာလက်ထဲတွင် စုဝေးလိုက်သည်။တစ်‌လောကလုံးကို အားကြီးသော အင်အားဖြင့် နှိပ်ကွပ်တော့မည့်အတိုင်း။

“ လုံရှန့် ကောင်းကင်ကို ဖြိုခွဲခြင်း လက်သီးသိုင်း !”

ဤသည်မှာ စူးချန်ကဲသည် လုံရှန့်ဖိနှိပ်စွမ်းအားနှင့် ကောင်းကင်ကို ဖြိုခွဲခြင်း လက်သီးသိုင်းကို ပေါင်းစပ်ထားသော ပေါင်းစပ်တိုက်ခိုက်ရေး စွမ်းရည်တစ်ခုပင် ဖြစ်သည်။

သူ၏ နားလည်နိုင်စွမ်းနှင့် စွမ်းရည်များမှာ မယုံနိုင်လောက်အောင်ပင် သာလွန်ပေသည်။သူသည် စိတ်ထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွက်ဆခဲ့ပြီး ဤလုံရှန့် ကောင်းကင်ကို ဖြိုခွဲခြင်း လက်သီးသိုင်းအား ပထဆုံးအကြိမ် အဖြစ် ထုတ်သုံးခဲ့သည်။

အသက်တစ်အောင့်စာအတွင်း ၊ အနှိုင်းမဲ့ ကြီးကျယ်ခမ်းနားသော ကြောက်မက်ဖွယ် စွမ်းအားများ စုစည်းအောင်မြင်လို့ အပြီးတွင် ၊ထုတ်လွှတ်လိုက်သော ရောင်ဝါများက အာကာသအတွင်း အက်ကြောင်းများကို ဖြစ်စေခဲ့သည်။

ဝုန်း !!

အနှိုင်းမဲ့ ဝင်းလက်တောက်ပသော ရောင်စဉ်တန်းများ ဤကမ္ဘာပေါ်တွင် ပွင့်လန်းလာခဲ့ပြီး ၊စူးချန်ကဲ ဆိုသည့် သူကသာလျှင် ဤမြင့်မြတ်သော စကြဝဠာကြီးကို အုပ်စိုးထားသလိုပင်။

အဆုံးစွန်သော စွမ်းအားတို့သည် အဆုံးမရှိသော မှော်လမ်းကြောင်းတို့ကို ကွဲကြေစေခဲ့ပြီး၊ မြင့်မြတ်သော လမ်းစဉ်၏ စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။

ဤလျှို့ဝှက်နေရာတစ်ခုလုံး ပြင်းထန်စွာ လှုပ်ယမ်းနေပြီး ၊ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲကျမတတ်ပင်။

တုနှိုင်းမရသော တဟုန်ထိုး ထိုးတတ်လာသည့် စွမ်းအားသည် ကြီးမားသော လေလှိုင်းများကို အစပျိုးလိုက်ပြီး ဟိုးမိုင်ပေါင်း ထောင်သောင်း ဝေးသော အကွာအဝေးထိ ပြန့်နှံ့သွားသည်။

အရာအားလုံးသည် မျက်စရှေ့မှာတင် ပြိုကျပြီး တခဏချင်းမှာပင် ပြာဖြစ်သွားပေမည်။

“လူကြီးမင်း!!”

ကွေချီး၏ မျက်နှာမှာ ဖြူဖျော့သွားပြီး၊ သူမ နှလုံးသားထဲတွင် ရှိခဲ့သော ယုံကြည်ခြင်းများ ပျက်ပြားသွားခဲ့လေပြီ။

ယင်ထျန်းဇီ လူကြီးမင်း၏ တရားဓမ္မ ခန္ဓာကိုယ် အငွေ့အသက်မှာ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်းကို သူမ ခံစားလိုက်ရသည် ။

ကွေချီး မယုံကြည်နိုင်စွာဖြင့် မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည်။ တဖန် လွင့်စဉ်လာသော လေလှိုင်းများကြောင့် သူမမှာ လွင့်ထွက်သွားခဲ့ပြီး ရှေးဟောင်းနံရံပြင်ကြီးဖြင့် ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ ၊​ သူမ ပြန်​ပြီး မထ​နိုင်တော့ချေ။

နောက်မျိုးဆက် တစ္ဆေဘုရင်အဖြစ် လူသိများသော ပုဂ္ဂိုလ်မှာလည်း၊

စူးချန်ကဲ၏ ထိုးနှက်ချက်အောက်တွင် ပျောက်ကွယ်သွားခဲ့ရပြီပင် !

အပိုင်း(၁၃၃) : အရိုးပင်လယ် ရေဝဲဂယက် ၊မျိုးဆက် သုံးဆက် ကြေးခေါင်းတတလား၏ အပိုင်းအစများ

တစ်ချိန်တည်းမှာပင်၊ မရဏကမ္ဘာ၊ နတ်ဘုရားအချုပ်ထောင် နန်းတော်၏ အတွင်းနန်းဆောင်၌ ၊

“လူယုတ်မာ!!”

ဘုန်း!

၎င်းအမျက်ဒေါသအသံသည် မိုင်တစ်သန်းဝန်းကျင်အတွင်းရှိ တစ္ဆေစွမ်းအင်များကို တဟုန်ထိုး ခုန်တက်သွားစေခဲ့ပြီး၊ ကြောက်မက်ဖွယ်ရာ ကောင်းသော အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ နေရာတစ်ခုလုံး လွှမ်းခြုံသွားခဲ့သည်။

“ဒီအသံက လူကြီးမင်း ယင်ထျန်းဇီရဲ့အသံပဲ!”

“လူကြီးမင်း ယင်ထျန်းဇီ၏ ဘာများဖြစ်ခဲ့လို့ ဒီလောက်ထိ ဒေါသထွက်နေရတာလဲ?”

နတ်ဘုရားအချုပ်ထောင် နန်းတော်၏ တပည့်အားလုံး ထိုအမျက်ဒေါသ အသံကို ကြားလိုက်ရချိန်တွင် တုန်လှုပ်သွားကြသည်။

လူကြီးမင်း ယင်ထျန်းဇီ၏ ယခုလို အမျက်ဒေါသကို ဒါ သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည် ။

နန်းတော်အတွင်း၌ ၊

ယင်ထျန်းဇီသည် ခန်းမအတွင်းရှိ ကျောက်စိမ်းစင်ကို လက်သီးဖြင့် ထိုးနှက်လိုက်လေသည်။ယခုအခိုက်အတန့်တွင် သူ၏ ဆံပင်မွှေးများမှာ ထောင်လျက် ၊ မျက်လုံးများမှာ နီရဲ‌နေသည်။

သူ၏ ဘေးနားတွင် တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်ထိုင်နေသော အစေခံမိန်းကလေးများမှာ ခေါင်းကိုငုတ်လျက် အသံတစ်စက်ကလေးမှ မထွက်ဝံ့ပေ။

ယင်ထျန်းဇီသည် တစ္ဆေဘုရင်၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းရန် ခြေတစ်လှမ်းသာ လိုအပ်‌တော့သည်။သို့သော် အရေးကြီးသည့်အခိုက်အတန့်မှာပင် သူ၏ ဓမ္မခန္ဓာကိုယ်သည် ပျက်စီးသွားခဲ့ရပြီး ၊ထို့ကြောင့် သူ၏ ဝိညာဉ်မှာ မပြည့်စုံသဖြင့် အောင်မြင်မှုကို မရရှိဘဲ ဆုံးရှုံးခဲ့ရသည်။

ရလဒ်အနေဖြင့် သူ၏ တာအိုအခြေခံအုတ်မြစ် ပင်လျှင် ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ရသည်။

ထို့အပြင် အရိုးပင်လယ် မှော်ပုလွေသည် ထူးကဲသော အရာတစ်ခုဖြစ်ပြီး ၊ အဆုံးမဲ့ အရိုးဖြူ ပင်လယ်၏ အနက်ရှိုင်းဆုံးသို့ သွားရန် အတွက်လည်း သူသည် အရိုးပင်လယ် မှော်ပလွေကို အသုံးပြုချင်ခဲ့သည်။

ဒဏ္ဍာရီအရ ၊ထိုနေရာတွင် နတ်တစ္စေသည် ကောင်းကင်ဘုံကို အံတုနိုင်မည့် အခွင့်အလမ်းများကို ရရှိခဲ့ပြီး ၊ ဒါတင်မက အသွေးအသားတို့၏ စွမ်းအားကို ထပ်မံ ပြောင်းလဲပေးနိုင်မည့် လျှို့ဝှက်နည်းလမ်း တစ်ခုလည်း ရှိသည် ဟု ဆိုကြသည်။

သို့သော် ယခုတွင်မူ ၊ အရိုးပင်လယ် မှော်ပလွေကို လုယူခံလိုက်ရရုံသာမကဘဲ ၎င်းကြောင့် သူ၏ တာအိုအခြေခံအုတ်မြစ်ပင်လျှင် ပျက်စီးသွားခဲ့ရသည်။

သူ၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီး၍ ၊ သူ၏ ဘဏ္ဍာကို သိမ်းယူခြင်းအတွက် အမုန်းတရားသည် ဤတသက်တော့ ညှိနှိုင်းဖို့ မဖြစ်နိုင်ချေ။

“မင်းဘာသာ ဘယ်သူပဲ ဖြစ်ဖြစ် ၊ ငါ မင်းကို သေချာပေါက် အပိုင်းပိုင်း လှီးသတ်ပစ်မယ်”

လူသတ်လိုသောဆန္ဒများဖြင့် ပြည့်နှက်နေသော အေးစက်လွန်းသည့် အသံသည် ပတ်ဝန်းကျင် တစ်ခုလုံး ပဲ့တင်ထပ်နေခဲ့သည်။

သူ၏ ပတ်ဝန်းကျင်တွင် တစ္ဆေစွမ်းအင်နှင့် လူသတ်လိုသော ရောင်ဝါများက အတူ ရောယှက်လျက် ဝန်းရံနေပြီး ၊ သူ့ကို လူငယ် တစ္ဆေဘုရင် အဖြစ် အသွင်ပြောင်းလဲသွားစေသည်။

“သခင် စိတ်မဆိုးပါနဲ့၊ တကယ်တော့ လမ်းက မပြီးဆုံးသေးပါဘူး”

အနက်ရောင် ဝတ်ရုံနှင့် အနီရောင် သရဲမျက်နှာဖုံးကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက တရိုတသေ ဆိုလိုက်သည်။

“အဆုံးမဲ့ အရိုးဖြူ ပင်လယ်ရဲ့ ဦးခေါင်းခွံကျွန်းက အနက်ရှိုင်းဆုံးနေရာမှာ အရိုးကျောက်စိမ်းနတ်ဆိုးပန်းပွင့်တွေရဲ့ သဲလွန်စတွေ ရှိနေတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်နေတယ်၊ကျွန်တော်မျိုး ညီအစ်ကိုတွေကိုခေါ်ပြီး သခင်အတွက် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ် “

“သခင်ရဲ့ စွမ်းရည်နဲ့ ၊ တစ္စေဘုရင်ရဲ့ မရဏအလောင်းကို စုပ်ယူနိုင်ရုံသာမက သွေးကြောတွေကိုလည်း တိုးတတ်အောင် လှုံ့ဆော်ပေးနိုင်ပါတယ် “

“အဲဒီအချိန်ကြရင် သခင်အနေနဲ့ အဲဒီ မသိနားမလည်တဲ့ ကောင်စုတ်လေးကို နှိပ်ကွပ်ပြီး ၊ အရိုးပင်လယ် မှော်ပုလွေကို ပြန်ယူလို့ ရပါတယ် ၊အရာအားလုံးက ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတုန်းပဲ “

ယင်ထျန်းဇီက ခဏလောက်စဉ်းစားလိုက်ပြီး

“ ကွေယီး၊ မင်း အကြံ မဆိုးဘူး၊ ငါလက်ခံလိုက်မယ်”

“ လူကြီးမင်း အရမ်းချီးကျူး‌ နေပါပြီ ၊ လူကြီးမင်းရဲ့ ဉာဏ်ပညာနဲ့ ဆိုရင် ကျွန်တော်မျိုး ဘာမှ မပြောရင်တောင် ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှိနေဦိးမှာပါ”

ကွေယီးက သူ့လက်ကို ရိုသေစွာ လျှက်ကာ ဆိုလိုက်သည်။

ယင်ထျန်းဇီသည် ကွေယီး၏ အဖြေကို ကျေနပ်နေဟန်ဖြင့် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး ၊ မျက်မှောင်ကြုတ်နေရာမှ ဖြေးဖြေးချင်း ဖြေလျှော့လိုက်သည်။

“ ကောင်စုတ်လေး ၊ ငါကိုယ်တော်ရဲ့ အစီအစဉ်ကို ဖျက်ဆီးဝံ့တယ် ၊ မင်းကို ငရဲကျတာထက် ဆိုးတဲ့ ဝေဒနာကို ခံစားခိုင်းပြမယ်”

ယင်ထျန်းဇီ၏ မျက်လုံးများသည် အေးစက်နေပြီး ပြင်းထန်သော လူသတ်လိုသော ဆန္ဒများက အချိန်အတော်ကြာအောင် တည်ရှိနေသည်။ သူ၏ ဓမ္မခန္ဓာကိုယ်သည် သူ ခွန်အား၏ ၄၀% မျှသာ ဖြစ်သည်။

အကယ်၍ သူ တိုက်ခိုက်ခဲ့မည်ဆိုပါက ၊ စူးချန်ကဲကို အလွယ်တကူ သတ်ပစ်နိုင်မည်ဟု သူ ယုံကြည်ထားသည်။

…. …

စူးချန်ကဲ ဘက်တွင်မူ ၊ သူသည် အရိုးပင်လယ် မှော်ပုလွေကို ရရှိထားပြီး ဖြစ်သည်။

ယင်းသည် အတော်လေး ထူးဆန်းသော အရာတစ်ခုပင် ဖြစ်သည်။

အမည်မသိ အရိုးများဖြင့် ပြုလုပ်ထားသော

ပုလွေကိုယ်ထည်သည် ကျောက်စိမ်းဖြူ သဏ္ဍာန် ရှိပြီး ကြည်လင်တောက်ပသော အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ် နေသည်။

ပုံမှန်မဟုတ်သော အေးစက်သော အငွေ့အသက်တို့သည် ပုလွေ အပေါက် ခုနစ်ပေါက်မှ ဖြည်းဖြည်းချင်း စိမ့်ထွက်နေပြီး ၊ လက်ထဲ ကိုင်ထားရုံဖြင့် လူကို အနည်းငယ် ထိတ်လန့်သွားစေသည်။

“အရိုးပင်လယ် မှော်ပုလွေက ရှေးစာအုပ်တွေအရ ဒီပုလွေကို မရဏကမ္ဘာရဲ့ အဆုံးမဲ့ အရိုးဖြူ ပင်လယ်မှာ တီးမှုတ်လိုက်တာနဲ့ အရိုးဖြူ သင်္ဘောကြီး တစင်း ထွက်ပေါ်လာလိမ့်မယ်၊မှုတ်လိုက်တဲ့သူက အဆုံးမဲ့ အရိုးဖြူ ပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာကို ရှာတွေ့လိမ့်မယ် ... “

စူးချန်ကဲက ရေရွတ်လိုက်ပြန်သည်။

“ကောလဟာလအရ နတ်တစ္စေက ဒီအရိုးဖြူ ပင်လယ်မှော်ပုလွေကို အသုံးပြုပြီး ကောင်းကင်ကိုတောင် စိန်ခေါ်နိုင်တဲ့ အခွင့်အလမ်းကောင်းတွေ ရခဲ့ပြီး နောက်ဆုံးမှာ တော့ ထောင်ပေါင်းများစွာသော တစ္ဆေဘုံကို သန့်စင်ပေးခဲ့တယ်တဲ့...”

ထိုစဉ် စနစ်၏ အသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။

【 တင်း ! မစ်ရှင်အသစ်

ရွေးချယ်စရာ : ၁ - အရိုးပင်လယ် ရေဝဲဂယက်ထဲကို ဝင်ပြီး အရိုးကျောက်စိမ်းဖြူ ခေါင်းတလားကို ဖွင့်ပါ ၊

ဆုလာဘ်- မျိုးဆက် သုံးဆက် ကြေးခေါင်းတတလား၏ အပိုင်းအစများ ။

ရွေးချယ်စရာ :၂ - အရိုးပင်လယ် ရေဝဲဂယက်ထဲကို ဝင်ပြီး အရိုးဖြူကျောက်စိမ်း ခေါင်းတလား၏ စည်းတံဆိပ်ကို ပိုပြီး ခိုင်ခံ့အောင် ပြုလုပ်ပါ

ဆုလာဘ်- အရိုးဖြူပင်လယ် ဘုရင်မ၏ အမုန်းတရား 】

“အရိုးဖြူ ပင်လယ်ဘုရင်မရဲ့ အမုန်းတရား?”

ကောင်းလိုက်တဲ့ ကောင် ! ငါ့ကို ရွေးချယ်စရာ မရှိအောင် လုပ်ပြန်ပြီ !

ဝိညာဉ်တစ်ခု၏ လက်ကျန်နတ်အသိစိတ်၏ နာကြည်းမှုက သူ့ကို ခေါင်းကိုက်စေမည့် အရာပင်။

စနစ်သည် အရိုးဖြူ ပင်လယ်ဘုရင်မ ဆိုတာ ဘာမှန်း မရှင်းပြထားပေမဲ့ ၊ မရဏတရားလေးပါးထဲက တစ်ခု ဖြစ်တယ် ဆိုကတည်းက အဲ့လောက်ထိ ရိုးရှင်းမယ် မဟုတ်မှန်း သေချာပေသည် ။

“ ဒါပေမယ့် မျိုးဆက် သုံးဆက် ကြေးခေါင်းတတလားဆိုတာ ဒီကမ္ဘာပေါ်မှာ အဖိုးတန်ဆုံးရတနာဖြစ်ပြီး ၊ ရှေးအကျဆုံးတည်ရှိမှုတွေထဲက တစ်ခုအဖြစ် လူ သိများတယ်”

“ကောင်းကင်အားလုံးရဲ့ အရင်းအမြစ် လို့လည်း နာမည်တွင်ပြီး ၊ ဖန်တီးမှု အခြေခံအုတ်မြစ်ရဲ့ အရာတစ်ခုလို့လည်း ဆိုကြတယ် “

စူးချန်ကဲသည် တိတ်တဆိတ် တွေးလိုက်ပြီး စနစ်၏ တာဝန်ကို အပြီးသတ်ရန် ဆုံးဖြတ်လိုက်သည်။

ဤကမ္ဘာ၏ ရေသည် လွန်စွာ နက်ရှိုင်းသည်။ ဧကရာဇ်မင်း လမ်းစဉ်သည် ဖြစ်စဉ်တစ်ခုမျှသာဖြစ်ပြီး ၊ အမတကမ္ဘာသည် စမှတ် တစ်ခုသာ ဖြစ်သည်။

သူ့ကံကြမ္မာသည် ကမ္ဘာကြီး၏ အရင်းအမြစ်ဆီသို့ ဦိးတည်နေသလိုမျိုး သူ အမြဲခံစားမိသည်။

“ငါ ရှုံးသွားပြီ... လူကြီးမင်းရဲ့တရားဓမ္မ ခန္ဓာကိုယ်ကိုလည်း ပျက်စီးစေခဲ့တယ် ... သွားပြီ... အားလုံး ပြီးသွားပြီ...”

ကွေချီးသည် မြေပြင်ပေါ်တွင် ထိုင်လျက်သား တဆတ်ဆတ် တုန်လှုပ်နေသည်။

စူးချန်ကဲ၏ အကြည့်ကို ခံစားလိုက်ရပြီးနောက်၊ သူမ မော့ကြည့်လာခဲ့သည်။

“ အားလုံးနင့်ကြောင့်ပဲ! နင့်ကြောင့်ပဲ !”

“ဒီအခြေအနေထိ ရောက်လာမှတော့၊ ဘယ်သူမှ ပိုမကောင်းစေရဘူး !! “

သူမ၏စကားအဆုံးတွင် ကွေချီးသည် သွေးကျောက်စိမ်း အနက်ရောင်ကျောက်တုံးကို သူမ၏ နှလုံးသားထဲသို့ ထိုးသွင်းလိုက်သည် ။

သူမ၏ မျက်နှာမှာ ပို၍ ကြည့်ရဆိုးသွားပြီး ၊ပြင်းထန်သော နာကျင်မှုကြောင့် သူမကို နာကျင်စွာဖြင့် ကွေးညွှတ်သွားစေသည်။

သူမ၏ နှလုံးသားကို စိုက်ဝင်နေသော သွေးကျောက်စိမ်း အနက်ရောင်ကျောက်တုံးသည် ကွေချီး၏ မူလအရင်းအမြစ် စွမ်းအားကို အရူးအမူး စုပ်ယူနေပြီး သူမ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ဆုတ်လျော့သွားခဲ့သည်။

သို့သော် စူးချန်ကဲသည် သူမကို တားဆီးခြင်း မရှိဘဲ ပြုံးပြုံးလေးနဲ့ စိုက်ကြည့်နေ၏။

နောက်ဆုံးတွင်၊ သွေးကျောက်စိမ်း အနက်ရောင် ကျောက်တုံးသည် အစွမ်းထက်သောစွမ်းအားများကို စုဆောင်းပြီးခဲ့ပြီ ဖြစ်သည်။

ကွဲအက်သံ!

ဘုန်း!

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြီးကျယ်ခမ်းနားသော စွမ်းအားများသည် သွေးလှိုင်းများကဲ့သို့ အရပ်ရှစ်မျက်နှာလုံးကို အရူးအမူး ပျံ့နှံ့သွားခဲ့သည်။

ထိုစွမ်းအားသည် အပြင်ဘက်တွင် တဟုန်းဟုန်း တောက်နေသော အနက်ရောင် ရေထက် ပို၍ ရူးသွပ်ဖို့ကောင်းပေသည်။

“ဟားဟား၊ စူးချန်ကဲ ဒီအရှုပ်‌တွေကို နင့်အတွက် ငါ ထား...”

သို့သော် သူမ ဂုဏ်ယူလို့မဆုံးခင် ၊ သူမ သတိပြုမိလိုက်သည်။စူးချန်ကဲ၏ မျက်နှာပေါ်က အပြုံးတစ်ပွင့်မှာ အရာအားလုံးကို သူ့လက်ထဲ ထိန်းချုပ်ထားသည့်အတိုင်းပင်။

မူလက ရွဲ့စိတ်ဖြင့် ပြုလုပ်ခဲ့သော ခံစားချက်တို့မှာ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ပြီး ၊ထို့အစား အဆုံးမဲ့ အေးစက်မှုများ အစားထိုး ဝင်ရောက်လာခဲ့သည်။

“မဖြစ်နိုင်! မဖြစ်နိုင်ဘူး! လုံးဝ မဖြစ်နိုင်ဘူး!”

“ဒါကလည်း နင့်ရဲ့အစီအစဥ်ပဲလား!?”

စူးချန်ကဲသည် ပြန်ဖြေခြင်း မရှိ ၊ အပြုံးမပျက် စိုက်ကြည့်နေဆဲသာ။

ဘုန်း!

မည်သည့် သတိပေးချက်မှ မရှိဘဲ စူးချန်ကဲသည် သူ၏ မှော်စွမ်းအားများကို လက်ထဲတွင် စုဝေးလိုက်ပြီး ၊ ၎င်းစွမ်းအားတို့သည် ကွေချီးအား နှိပ်ကွပ်ရန် ပြေးဝင်လာခဲ့သည်။

ရွှေဝါရောင် လှိုင်းတံပိုးများ ရိုက်ခတ်လျက် ၊ အနက်ရောင် စွမ်းအင်တို့မှာ ရွှေဝါရောင်အလင်းတန်းများနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီပင်။

“ ရိုက်လည်း မသေနိုင်တဲ့ အားနည်းတဲ့‌ အကောင်ပေါက်စပဲ “

သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်သည့်အခိုက်တွင်၊ ကွေချီးတွင် စိတ်ဝိညာဉ် နေရာပြောင်းရွှေ့ခြင်း လျှို့ဝှက်နည်းလမ်းတစ်ခု ရှိသည်ကို သူ ခံစားမိလိုက်သည်။

သို့သော် စူးချန်ကဲ စိတ်ထဲမထားပေ။ သူမကို သူ အမီလိုက်နိုင်ရင်‌တောင် ၊ သူမသည် သူ့အတွက်တော့ ငါးပုပ်ပုစွန်ပုပ် အဆင့်မျှသာပင်။

စူးချန်ကဲသည် နောက်ပြန်လှည့်လိုက်ပြီး လျှို့ဝှက်တံခါးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

“ဒီတ‌ခေါက်ခရီးစဉ် ပြီးဖို့ အချိန်တန်ပြီ”

ကွေချီး ပြောသလိုမျိုး အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်မှာပဲလား ?

ဟုတ်တယ်လို့လည်း ပြောလို့ရသလို ၊ မဟုတ်ဘူးလို့လည်း ပြောလို့ရပေသည်။

ထျန်းကျီကျွန်းသည် လူ့လောကထဲ ထွက်ပေါ်လာရန် အခွင့်အရေး တစ်ခု လိုအပ်ပေသည်။

ပြီးတော့ ဒီအချိန်ကလည်း အခွင့်အရေးကောင်းတစ်ခုဆိုလည်း မမှားပေ။

ထျန်းကျီကျွန်း ပေါ်ထွက်လာသည်နှင့် ၊ အမည်မသိ အင်အားစုများက ၎င်းတို့ကို နှိမ်နင်းရန် ထိပ်တန်း ကျွမ်းကျင်သူများကို စေလွှတ်နေဦိးမည် ဆိုတာကို သူ သိသည်။

သို့သော် ၎င်းတွင် စူးချန်ကဲ၏ နောက်ထပ်အစီအစဉ်တစ်ခုလည်း ပါဝင်ပေသည်။

ထျန်းကျီကျွန်းသည် ကာလရှည်ကြာ လက်နက်ချခဲ့ပြီး ဖြစ်ရာ ၊ ဤထျန်းကျီကျွန်းမှာ အရင်ကတည်းက သူ၏ ပိုင်ဆိုင်မှုတစ်ခု ဖြစ်သွားခဲ့ပြီပင်။

သူ့အဆင့်အတန်းက ဘာလဲ?

ကွေးယွမ် သူတော်စင်နယ်မြေရဲ့ဆက်ခံသူ !

သူ့နောက်ခံက ဘာလဲ?

ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဘိုးဘေးအားလုံးပဲလေ!

….

ကွဲအက်သံ!

တစ်ချိန်တည်းမှာပင် ၊ အပြင်ကောင်းကင်ယံထက်တွင် ထျန်းကျီကျွန်းတစ်ခုလုံးကို ဖုံးအုပ်ထားသည့် အနက်ရောင် ကန့်လန့်ကာသည် ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။

“မကောင်းတော့ဘူး ! အနက်ရောင် အကာအကွယ် ပြိုကျပျက်စီးတော့မယ်”

“ သွားပြီ ! ထျန်းကျီကျွန်းကို အကာအကွယ်ပေးတဲ့ မှော်စက်ဝိုင်းကြီး ပျက်သွားတာနဲ့ ငါတို့ ထျန်းကျီ ကျွန်းလည်း နစ်မြုပ်သွားလိမ့်မယ်!”

ထျန်းကျီကျွန်း တပည့်များ၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲကုန်သည်။

ဖွဲ့စည်းတည်ဆောက်ပုံကို ပြုပြင်ရန် ၎င်းတို့၏ ကိုယ်ပိုင် မှော်စွမ်းအားများကို အသုံးပြုလိုသော်လည်း ၊ ကံမကောင်းစွာဖြင့် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ဘုန်း!

တုန်လှုပ်ခြောက်ခြားနေကြ‌သော လူတိုင်း၏ မျက်ဝန်းထဲ၌ နှစ်ထောင်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့သော ထျန်းကျီကျွန်း၏ အကာအကွယ် မှော်စက်ဝိုင်းသည် ကွဲအက်သွားခဲ့ပြီ ဖြစ်ကြောင်း အတိုင်းသား မြင်တွေ့လိုက်ရသည်။

မှော်စက်ဝိုင်း၏ အပိုင်းအစများသည် ကြယ်ပွင့်လေးများ သဖွယ် ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ကျဆင်းလာလေသည်။

ကြယ်မိုးများ ရွာနေသလိုမျိုး မြင်ကွင်းသည် အလွန်လှပသော်လည်း ၊ ထျန်းကျီကျွန်းရှိ လူတိုင်း၏ မျက်ဝန်းထဲမှာမူ စိတ်ပျက်လက်ပျက်ဖြင့် နောက်ဆုံးအနေနဲ့ ဤကမ္ဘာကြီးကို ကြည့်နေရသလိုပင်။

ခရက် ! ခရက် ! ခရက် !

ကောင်းကင်ယံထက်ဝယ် လေနှင့် တိမ်စိုင်များရုတ်ချည်း ပြောင်းလဲသွားပြီး မှောင်မိုက်သွားသည်။

အချင်းမိုင်တရာရှိသော မိုးခြိမ်းသံနှင့်အတူ ဟင်းလင်ပြင်ကြီးကို ထိုးဖောက်ခဲ့လေပြီ !

ဘုန်း! !

ထူထပ်သော တိမ်တိုက်များ ကွဲအက်သွားပြီး ကောင်းကင်ကြီးကို ဖုံးအုပ်ထားသော လက်ကြီးသည် တိမ်တိုက်‌ပေါ်မှ နှိပ်ကွပ်ရန် ဆင်းသက်လာခဲ့သည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများ ထွက်ပေါ်လာရုံနဲ့တင် ၊ ကောင်းကင်ကြီးပင်လျှင် တုန်လှုပ်ငိုကြွေးရသည်။

တရားစီရင်ခြင်း တန်ခိုးစွမ်းအားနှင့်တူသော အသံသည် လောကကြီးတခွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ထျန်းကျီကျွန်းက မြင့်မြတ်တဲ့ လမ်းစဉ်ရဲ့ ဥပဒေကို ဖီဆန်ပြီး ၊ နှစ်ထောင်ပေါင်းများစွာကြာအောင် တရားစီရင်ခြင်းမှ လွတ်မြောက်ခဲ့တယ် ၊ ဒါဟာ ပုန်ကန်မှုပဲ!”

“ဒီ​နေ့ ပျက်သုန်းကိန်း စိုက်ရပေမယ်​!”

All Chapters