← Chapters

အခန်း (၁၅၃-၁၅၇)

Vol. 11 Ch. 153-157

အခန်း (၁၅၃-၁၅၇)

Vol. 11 Ch. 153-157

အပိုင်း(၁၅၃): နေကို လက်နဲ့ ကာချင်နေတယ် ၊ သူ့လက်ကနေ မလွတ်ဘူး

“စူးချန်ကဲ !အကြင်နာမဲ့တဲ့ကောင်!”

သူမည်သို့ပင် ရှင်းပြနေပါစေ ၊အရာအားလုံးသည် ပြီးဆုံးသွားခဲ့လေပြီ။

မဟုတ်ပါက တဖက်လူသည် သူ၏ သရုပ်မှန်နှင့် စိတ်ဝိညာဉ်ကို ရှာဖွေရန် လျို့ဝှက်ရတနာကိုအသုံးပြုမည် ဖြစ်သည်။

သို့မဟုတ် ၊ သူ ငြင်းပယ်မည့် အချိန်ကို စောင့်ဆိုင်းကာ ၊ တစ်ဖက်လူသည် သူ့အား အခက်တွေ့အောင် လုပ်ပေဦးမည် ။

စူးချန်ကဲသည် လျစ်လျူရှုမှု အပြည့်ဖြင့် ၊

“ သူများခန္ဓာကိုယ်ကို သိမ်းယူထားတဲ့ မင်းလို နတ်ဆိုးတွေက ပိုပြီး အကြင်နာမရှိသေးတယ်”

“မင်း... မင်းကိုယ်မင်း အနိုင်ရသွားပြီလို့ ထင်နေလား?! “

ထန်ဟောက် ငေါက်ငမ်းပြောဆိုလိုက်သည်။တဖက်တွင်မူ ၊ သူ၏ လက်ဖဝါးကို လူဝင်စား ရှေးဟောင်းသစ်ပင်အောက်တွင် နက်နက်ရှိုင်းရှိုင်း ထိုးသွင်းလိုက်သည်။

ထန်ဟောက်၏လက်ထဲတွင် အသက်ဝင်နေသော ဝိညာဉ်စွမ်းအင်များနှင့်အတူ ၊ သူသည် သူ၏ အတိတ်ဘဝက မှတ်ညဏ်အတိုင်း လူဝင်စားခြင်း စည်းတံဆိပ်အား ဆင့်ခေါ်သည့် မန္တန်ကို စိတ်ထဲကနေ ရွတ်ဆိုသည်။

ဝီ!

ချက်ခြင်းဆိုသလို ၊ အလွန်တောက်ပသော ရွှေရောင် အလင်းတန်းတစ်ခုသည် မြေပြင်ထဲမှ ထွက်ပေါ်လာခဲ့သည်။

ဘုန်း ဘုန်း!

မြေကြီးတို့သည် ရုတ်တရက် အက်ကွဲသွားပြီး၊ စူးရှသော အလင်းတန်းတို့သည် မြေကြီး၏ အနက်ရှိုင်းဆုံးအရပ်မှ ထွက်ပေါ်လာခဲ့သည်။

ထန်ဟောက်၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ခု ဝင်းလက်သွားပြီး၊ဤအခိုက်အတန့်တွင် သူ၏ လက်တစ်ဖက်သည် လူဝင်စားခြင်း စည်းတံဆိပ်ကို ကိုင်ဆောင်ထားသည်။

ဝုန်း!

ထန်ဟောက်ကို ဗဟိုပြု၍ ၊ကောင်းကင်နှင့် မြေကြီးကြားရှိ ကြီးကျယ်ခမ်းနားသော ဝိညာဉ်စွမ်းအင်များက သူ့ဆီသို့ အရူးအမူး စုဝေးရောက်ရှိလာသည်။

ဤအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေခဲ့သော အချုပ်အ‌နှောင်များသည် တစ်ခုပြီး တစ်ခု ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးတွင်မူ ၊ လျိုဝှက်ထားခဲ့သော စွမ်းအားတို့သည် နိုးထလာခဲ့ချေပြီ။

ထို့နောက် ၊ မူလက ရှိနေခဲ့သော သူ၏ ကျင့်ကြံအဆင့်သည် တဆင့်ပြီးတဆင့် လျင်မြန်စွာ ထိုးတတ်သွားခဲ့သည်။

ဖုန်းဟွမ် နယ်ပယ်အဆင့် !

သူတော်စင် ပညာရှိ နယ်ပယ်အဆင့်!

သာ့နိမ်(အနန္တ စွမ်းအားရှင်) နယ်ပယ်အဆင့်!

….

“ဟားဟားဟား!”

“ မင်းသိတယ်ဆိုတောင် ဘာဖြစ်လဲ?”

“အခုကစပြီး စစ်မြေပြင်ကို ငါသာလျှင် အမိန့်ပေးမယ် !”

ဤအခိုက်အတန့်တွင် ၊ ထန်ဟောက်သည် သူ ယခင်က ရရှိဖူးခဲ့သော စိတ်ပျက်စရာများနှင့် အရှက်တရား အားလုံးကို ချေမှုန်းပစ်လိုက်သည်။ ဝိညာဉ်စွမ်းအင်နှင့် မှော်သင်္ကေတများသည် သူ၏ ဘေးပတ်ပတ်လည်တွင် ကခုန်လို့ နေပြီး နတ်အလင်းရောင်များဖြင့် အုံ့ဆိုင်းနေသည်မှာ စိတ်အားထက်သန်စွာဖြင့် အောင်ပွဲခံနေသော စစ်ဗိုလ်ကြီး တစ်ယောက်လိုပင်။

သို့သော်လည်း ထိုမြင်ကွင်းကို ကြည့်နေသူ ထန်ဝူအာမှာ စိတ်ပျက်အားငယ်နေပုံ ရသည်။

သူမ ဝမ်းကွဲမောင်၏ ဝိညာဉ်သည် အရင်ကတည်းက ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သေချာသွားခဲ့ပြီ ဖြစ်သည်။

ဤရင်းနှီးသော မျက်နှာအောက်တွင် သူစိမ်းတစ်ယောက်၏ ဝိညာဉ် ရှိနေခဲ့သည် ။

“ငါ့မောင်လေးခန္ဓာကိုယ်ထဲကနေ ထွက်​သွားစမ်း!”

ထန်ဝူအာ သည် သူမ၏ ဝိညာဉ်စွမ်းအားများကို ဖြန့်ကျက်လိုက်ပြီး သေသည့်အထိ တိုက်ခိုက်ရန် ကြံရွယ်လိုက်သည်။

သို့သော် သန်မာသော လက်တစ်စုံက သူမကို တားစီးခဲ့သည် ။

စူးချန်ကဲ က ညင်သာစွာ ပြုံးလိုက်ပြီး

“ မိန်းကလေး ဝူအာ စိတ်မကောင်းဖြစ်ရပြီ၊ ဒီကိစ္စကို ကျွန်တော် စူးမျိုးနွယ်ကပဲ ကိုင်တွယ်ပါရစေ “

ဤသည်မှာ ထန်ဝူအာ၏ နှစ်သက်မှုကို ပိုပြီးရရှိနိုင်မည့် အခွင့်အရေးကောင်း တစ်ခုပင် ဖြစ်သည်။

သူသည် သူမကို သိမ်းယူလိုက်နိုင်သည်နှင့် ၊ မရဏကမ္ဘာသို့ သွားရမည့် အချိန်ရောက်လာသည့် အခါတွင်မူ ၊ ဤလူသားသန့်စင်စက်သည် သူ့အတွက် ကောင်းကောင်းကြီး အသုံးဝင်ပေလိမ့်မည် ။

“ စူးချန်ကဲ ၊ အစ်မ ဝူအာကို ထိတွေ့နေတဲ့ မင်းရဲ့ လက်ညစ်ပတ်ကို ဖယ်လိုက်စမ်း “

မူလပိုင်ရှင်၏ ခံစားချက်တချို့ ကျန်ရှိနေသေးသည် ဖြစ်ရာ ၊ မိမိ လေးစားရသော မိန်းကလေးသည် စူးချန်ကဲ၏ လက်ထဲတွင် ရှိနေသည်ကို မြင်လိုက်ရချိန် ၊ ထန်ဟောက်တစ်ယောက် ပိုဒေါသ ဖြစ်သွားသည်။

“အတင့်ရဲလိုက်တာ ၊ ဆက်ခံသူ သခင်ကို မရိုမသေပြုမှုရဲတယ်!”

စူးချန်ကဲ၏ နောက်တွင် ကွေးယွမ် တပည့်များစွာ ရှိပြီး ၊ ၎င်းတို့သည် အေးစက်သောအမူအရာများဖြင့် စိုက်ကြည့်နေကြသည်။

စူးချန်ကဲသည် သူတို့၏ ခေါင်းဆောင်ဖြစ်သည်။စင်မြင့်ပေါ်တွင် မရပ်တည်နိုင်သေးသော ထိုကဲ့သို့သော သေးနုပ်သော လူမျိုး၏ စော်ကားခြင်းကို မည်သို့လက်ခံပေးရမည်နည်း။

သူတို့သည်လည်း ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်များကို နိုးထစေပြီး ၊ နောက်အခိုက်အတန့်တွင် ထန်ဟောက် ကို သတ်မည့် စွမ်းအင်မုန်တိုင်းကြီး တစ်ခုအဖြစ် စုဝေးထားသည်။

“မလိုဘူး”

သို့သော် စူးချန်ကဲသည် သူတို့အားလုံးကိုတားဆီးလိုက်သည်။ထို့နောက် ထန်ဟောက်ဆီသို့ တည့်တည့် လှမ်းလျှောက်သွားခဲ့သည်။

“ ငါကိုယ်တော် ကိုယ်တိုင် သူ့ကို ပို့ဆောင်ပေးဖို့ဆုံးဖြတ်ထားပြီးပြီ “

ထန်ဟောက်သည် လှောင်ပြောင် ရယ်မောလိုက်သည်။သူသည် လူဝင်စားခြင်း စည်းတံဆိပ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အပြင် ချိတ်ပိတ်ထားခဲ့သော ကျင့်ကြံစွမ်းအားများလည်း ပြန်လည် ရရှိခဲ့ပြီး ဖြစ်ရာ သာ့နိမ်(အနန္တ စွမ်းအားရှင်) ပြီးပြည့်စုံ အဆင့်ထိ တတ်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

ဒဏ္ဍာရီလာ လျှို့ဝှက်ရတနာနှင့် ကျင့်ကြံမှု အထွတ်အထိပ်အဆင့်ကို ပေါင်းစပ်လိုက်ရင်ဖြင့် ၊ သူ မည်သို့ ရှုံးနိမ့်မည်နည်း။

ထန်ဟောက်သည် စူးချန်ကဲ၏ စတိုင်အတိုင်း ၊လက်ကို နောက်ပစ်ကာ ပေါ့ပေါ့ပါးပါး ပြုံးရယ်ရင်း ဆိုလိုက်သည် ။

“လာ ၊ ငါ မင်းကို အရင်....”

ဝုန်း !

သို့သော် စူးချန်ကဲ၏ လက်သီးသည် သူ့ကို ‌အဖြေပေးလိုက်ပြီပင်။

အဆုံးမဲ့ လက်သီးအလင်းသည် ဤကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းခြုံသွားသည်မှာ ၊ အရာအားလုံးကို အဖြူရောင်အဖြစ် ဆေးခြယ်လိုက်သလိုပင်။

စူးရှစွာ တောက်ပသွားပြီးနောက် ၊အားကောင်းသော မုန်တိုင်းကြီးတခုသည် နေရာပေါင်းစုံကိုဖြတ်ကျော် တိုက်ခတ်သွားသည်။၎င်း၏ စွမ်းအားသည် ဤနေရာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ထန်ဟောက်သည် စူးချန်ကဲ၏လက်သီးချက်ကို တွန်းလှန်ရန် ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်၏ စွမ်းအားကိုအသုံးပြုခဲ့သော်လည်း၊ သို့ဆိုတောင် စူးချန်ကဲ၏ စွမ်းအားသည် သူ့ကို ပေပေါင်းများစွာ အထိ လွှင့်ပျံသွားစေခဲ့သည်။

“သွေးအန်သံ...”

ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။

အန်ထွက်လာခဲ့သော သွေးများသည် မြေပြင်ပေါ်တွင် သွေးအိုင်သဖွယ် များပြားလွန်းသည်ကို မြင်တော့ သူကိုယ်တိုင်တောင် မယုံနိုင်ခဲ့ပေ။

“မဖြစ်နိုင်ဘူး! လက်သီးတချက်က ဘာလို့ ဒီလောက်တောင် ပြင်းထန်ရတာလဲ!”

ထန်ဟောက်တွင် နားမလည်နိုင်သော မေးခွန်းတချို့ရှိနေခဲ့သည်။သူ၏ ကျင့်ကြံမှုကို ပြန်လည် ဖွင့်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် ၊ နည်းလမ်းကျကျ ဆိုရလျှင်ဖြင့် ဒီလိုလွယ်လွယ်လေး သူ့ကို ဒဏ်ရာရအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ချေ။

အကယ်၍ သူသည် ထိုအချိန်တွင် ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်၏ စွမ်းအားကို အသုံးမပြုခဲ့ပါက၊ သူသည် ထိုလက်ချက်ဖြင့် သေဆုံးသွားနိုင်သည်။

သူ စည်းတံဆိပ်ဖွင့်တုန်းက အမှားပါသွားခဲ့တာများလား?

“ တစ်စုံတစ်ယောက်က ငါ့လို အတုယူပေမဲ့”

“ကံမကောင်းစွာနဲ့ ၊ ငါကို ဘယ်တုန်းကမှ မကျော်တက်နိုင်ခဲ့ဘူး”

စကားပြောရင်းတန်းလန်း ၊ စူးချန်ကဲ နောက်က ဟင်းလင်းပြင်ကြီးသည် ဖြည်းညှင်းစွာ ရွဲ့စောင်းသွားခဲ့ပြီး ၊ အဆုံးမရှိသော အချိန်မြစ်တစ်စင်းကို ဖြတ်ကျော်လာပုံရသော ထာဝရ အငွေ့အသက်တစ်ခု ရှိနေခဲ့သည် ။

ဝီ!

ကောင်းကင်နှင့်မြေကြီး၌ ရောင်စဉ်တစ်ခု ပွင့်လန်းလာခဲ့သည်။

စူးချန်ကဲ၏ နောက်တွင် ကြီးမားသော ဓမ္မကာယ ကိုယ်ထည်ကြီးတစ်ခု ဖွဲ့စည်းထွက်ပေါ်လာခဲ့သည်။

ဓမ္မကာယ ကိုယ်ထည်ကြီးသည် စူးချန်ကဲ၏ ရုပ်သွင်နှင့် အလွန်ဆင်တူသော်လည်း ၊သို့သော် ၎င်း၏ ရောင်ဝါသည် ထာဝရ မသေဆုံးနိုင်သော ၊အကန့်အသတ်မဲ့ နတ်ဘုရားတစ်ပါးအတိုင်းပင်။

စူးချန်ကဲသည် သားရဲတောအုပ်တွင် သားရဲကောင်များ၏ ဝိညာဉ်ကွင်းများကို လုံလောက်စွာ စုပ်ယူခဲ့ပြီးနောက်မှာတော့ ၊ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားကျင့်စဉ်၏ ပထမမြောက် ဓမ္မကာယ ကိုယ်ထည်ကို စုစည်းနိုင်ခဲ့သည်။

မည်သည့်စကားကိုမှ မဆိုဘဲ ၊ စူးချန်ကဲသည် သူ့ လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။

ထန်ဟောက် တစ်‌ယောက် စူးချန်ကဲ၏ လက်ဖဝါးချက်ကို ရင်ဆိုင်ရင်း ၊ သူ၏ ရင်တစ်ခုလုံးမှာ လွန်စွာ တုန်လှုပ်နေမှန်း ခံစားလိုက်ရသည်။၎င်း၏ အရှိန်အဝါသည် သူ သိထားတာထက် ကျော်လွန်နေခဲ့သည်။

သေမျိုးတစ်ယောက်သည် နတ်ဘုရားသခင်ကို ပထမဆုံးအကြိမ် မြင်လိုက်ရသည့် အတိုင်း ၊ထိုမှသာလျှင် သူ၏ အရေးမပါမှုနှင့် စွမ်းအားမဲ့မှုကို နားလည်လာခဲ့သည်။

သို့သော် ရှင်သန်လိုစိတ်ပြင်းပြမှုက သူ့ကို သတ္တိပေးခဲ့သည်။

“ ငါ ဒီမှာ ဘယ်လိုလုပ်ပြီး သေရမှာလဲ!?”

“ငါရဲ့ မူလကမ္ဘာကိုတောင် မပြန်ရသေးဘူး၊ ငါ အဲ့လူတွေကို လက်စားမချေရသေးဘူး!”

ထန်ဟောက်သည် လူဝင်စားခြင်း စည်းတံဆိပ်ကို ပိုပြီး အသက်ဝင်စေရန် ၊ သူ၏ ခွန်အား အလုံးစုံကို အသုံးပြုလိုက်သည်။

သူ သေရန်ဆန္ဒမရှိပေ!

“ နေကို လက်နဲ့ ကာချင်သေးတယ်!”

စူးချန်ကဲသည် အေးစက်စွာ နှာမှုတ်လိုက်သည်။ ကောင်းကင်ကိုတောင် ဖုံးကွယ်ထား သော လက်ဝါးအရိပ်ကြီးသည် လေထုကို ဖြိုခွင်းကာ ထန်ဟောက်ကို နှိပ်ကွပ်ရန် ဆင်းသက်လာခဲ့သည်။

“ ဝိညာဉ်အိုကြီး ၊ ငါ့ကိုကယ်ဦး!”

စူးချန်ကဲ၏ လက်ဝါးကြီးသည် ထန်ဟောက် ၏ ခန္ဓာကိုယ်ကို ချေမှုန်းရန် ဟန်ပြင်နေချိန်၊ ထန်ဟောက်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဤအခိုက်အတန့်တွင်မူ ၊ထန်ဟောက် တစ်ယောက် စိတ်ပျက်အားငယ််ခြင်း ဆိုသည့် အရာကို ခံစားလိုက်ရပုံပေါ်သည်။

ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်ထဲတွင် ရှိနေခဲ့သော နတ်အသိစိတ်သည် ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်၏ နောက်ဆုံး သန့်စင် စွမ်းအားကို ရေးရေးလေး ထုတ်လွှတ်လိုက်သည်။

ဝီ!

ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်သည် လွန်စွာ ဝင်းလက်တောက်ပသွားပြီး ၊ ဟင်းလင်းပြင်ထဲတွင် အာကာသတံခါးတစ်ခုကဲ့သို့သော ထူးဆန်းသော ဝဲဂယက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

တခဏအတွင်း ၊ ထန်ဟောက်သည် ၎င်းဝဲဂယက်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

စူးချန်ကဲ ဖွဲ့စည်းထားသော မှော်စွမ်းအင်သည် ထန်ဟောက် ရှိရာအရပ်သို့ ရောက်သွားခဲ့ချိန်၌၊ နေရာတွင် သွေးအိုင်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

“ ကယ်သွားပြန်ပြီလား”

“ဒါပေမယ့် ဒီကလေး ထွက်ပြေးဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားတာပဲ ၊ သူ့လက်တစ်ဖက်ကိုတောင် အဖြတ်ခံပြီး ထွက်ပြေးတယ်”

စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးရယ်လိုက်သည်။ ကံကောင်းခြင်း၏ သားတော်လေးများသည် လူကို အတော်လေး အလုပ်ရှုပ်စေသည် ။

ထွက်ပြေးခြင်း နည်းလမ်းကသာလျှင် အကောင်းဆုံးဟု ဆိုရပေမည်။

စူးချန်ကဲသည် ခေါင်းတယမ်းယမ်းဖြင့် ထန်ဝူအာကို တောင်းပန်ချင်‌ယောင်ဆောင်လိုက်သည်။

“တောင်းပန်ပါတယ် အဲဒီမကောင်းဆိုးဝါးကို ငါမသတ်နိုင်ခဲ့ဘူး”

“ဒါပေမယ့် စိတ်မပူနဲ့၊ နောက်အနာဂတ်မှာသူသေချာပေါက် သေရစေမယ် “

ထန်ဝူအာသည် ခေါင်းကို ခါယမ်းလိုက်ပြီး ၊စူးချန်ကဲအား ထူးဆန်းသော ခံစားချက်တချို့ဖြင့် စိုက်ကြည့်နေခဲ့သည်။

“လူကြီးမင်းက ကျွန်မကို ဒီလောက်ထိ စဉ်းစားပေးတာ...”

“ဒီဘဝမှာ လူကြီးမင်းရဲ့ကြင်နာမှုကို ဝူအာ ဘယ်လိုပြန်ဆပ်ရမလဲဆိုတာ မသိတော့ဘူး..”

အောင်မြင်ပြီ!

စူးချန်ကဲ အနည်းငယ် ပြုံးလိုက်သည်။

အမှန်တော့ ၊ ထန်ဟောက်ကို ချန်ထားရန် သူ တွေးထားခဲ့သည်။

သေလူထက် အသက်ရှင်နေသော ထန်ဟောက် က ပို၍ တန်ဖိုးရှိသည်။ထန်ဝူအာ၏ သစ္စာစောင့်သိမှုသည် လိုသုံးလေး ထန်ဟောက်ပေါ်မှာ မူတည်ပေသည်။

ထို့အပြင်၊ သူသည် ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်ကိုလည်း အနည်းငယ် စိတ်ဝင်စားမိသည် ။သို့သော် ၎င်းပစ္စည်းမှာ ချို့ယွင်းနေသည့် ပစ္စည်းတစ်ခု ဖြစ်သောကြောင့် သူ့အနေဖြင့် အနည်းငယ်တော့ နှမြောမိပေသည်။

“ဒါပေမယ့် ထန်ဟောက်မှာ အဲ့စည်းတံဆိပ်ကို ပြင်ဖို့ နည်းလမ်းရှိမယ် ထင်တယ်”

“ အဲ့ဒီအချိန်ကြရင် ငါကိုယ်တော်က ပြီးပြည်စုံတဲ့ စည်းတံဆိပ်ကို ယူလိုက်ရုံပဲ “

အကြံကြီးသော သူ့ကိုယ်သူ သဘောကျရင်း ၊စူးချန်ကဲ၏ နှုတ်ခမ်း ထော့င်စွန်းတွင် အပြုံးတစ်ခု လှစ်ဟသွားခဲ့သည်။

ယွင်ရှင်းယန်မှ ထန်ဟောက်ကို ပေးခဲ့သော ခြေရာခံ ကျောက်စိမ်းဆွဲပြားတွင် နတ်သတ်ဓား၏ ဆန္ဒများ ပါရှိသည်။

တဖက်လူသည် မည်သို့ပင် အစွမ်းထက်ပါ‌စေ၊ နတ်သတ်ဓား၏ ဆန္ဒကို အာရုံခံနိုင်လိမ့်မည် မဟုတ်ပေ။

“ကြက်သွန်မြိတ်လေး ၊ ဘာပဲဖြစ်ဖြစ် ၊ မင်းငါ့ရဲ့ လက်ထဲကနေ မလွတ်နိုင်ပါဘူးကွာ”

…

ခွင်းလွင်တောင်ပေါ်ရှိ လျှို့ဝှက်နယ်မြေတစ်ခု၌ ၊

ထန်ဟောက်သည် လွန်စွာ နာကျင်‌နေပုံရပြီး၊ သွေးများစွာ စီးယိုကျ‌နေသော သူ၏ လက်မောင်းကို ဆုပ်ကိုင်ထားသည်။

“ဟွန်း ! ငါ ဒါကို လက်စားမချေနိုင်ရင် ၊ လူမလုပ်ဘူး!”

“ထန်ဟောက်၊ မင်း အဲဒီလူကို ထပ်ပြီး ရန်မစွတာ ပိုကောင်းမယ် “

“အဲဒီလူက မင်းထင်ထားတာထက် ပိုကြောက်ဖို့ ကောင်းတယ်”

ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်ထဲက အသိစိတ်သည် သူ့စိတ်ထဲသို့ ဝင်ရောက်ပြီး သတိပေးလိုက်သည်။

၎င်းမှာ သူ စောနက ခေါ်ဆိုခဲ့သော ဝိညာဉ်အိုကြီး ပင် ဖြစ်သည်။

ထန်ဟောက်သည် ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်၏ လက်နက်ဝိညာဉ်အကြောင်း သိပ်မသိပေ။သူ သိသည်မှာ ၎င်းသည် ကောင်းကင်ဘုံ ကိုးပါးမှ ဆင်းသက်လာသော အရာတစ်ခုသာ ဖြစ်သည်။

ဝိညာဉ်အိုကြီး၏ စကားကို ကြားတော့ ၊ ဖြူဖပ်ဖြူရော် ဖြစ်နေပြီ ဖြစ်သော ထန်ဟောက်သည် မကျေနပ်သံဖြင့် မေးလိုက်သည်။

“ဝိညာဉ်အိုကြီး ၊ ဘာကိုဆိုလိုတာလဲ”

“ ကျုပ် အရည်အချင်းအရဆို ၊ ခွင်းလွင်တောင်မှာ တခြားအခွင့်အရေးတွေ ဆက်ရနိုင်သေးတယ် ၊ အဲ့လိုသာဆို ကျုပ် သူ့ကို အနိုင်ရမှာ သေချာတယ်!”

သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိနေသည်။သူ၏ ယခင်ဘဝတွင်၊ သူသည် အနှစ်နှစ်ဆယ်အတွင်း ကျွယ်ထျန်း ထန် ဂိုဏ်း၏ ခေါင်းဆောင် တစ်ဦး ဖြစ်လာခဲ့သည် ။သို့ဖြစ်၍ သူ၏ အရည်အချင်းနှင့် ဥာဏ်ပညာအရ မည်သူကိုမျှ ရှုံးနိမ့်မည် မဟုတ် ဟု ယုံကြည်ထားသည်။

“အိုင်းယား... မင်း နားမလည်ပါဘူး...”

“အဲဒီလူရဲ့ အရည်အချင်းက ကောင်းကင်ဘုံ ကိုးပါးထပ်က ထိပ်တန်း ပါရမီရှင်တချို့ထက်တောင် ပိုအစွမ်းထက်သေးတယ် ၊မင်းထင်ထားသလောက် မရိုးရှင်းဘူး။”

ထိုအချိန် ၊ ဝိညာဉ်အိုကြီးသည် အကြောင်းအရာကို ပြောင်းလဲ ပြောဆိုလိုက်သည်။

“အခု တစ်ခုတည်းသော နည်းလမ်းက ငါအထွတ်အထိပ်ကို ပြန်ရောက်အောင် လုပ်နိုင်ရင် ၊ ပြန်ပြီး တွန်းလှန်နိုင်လောက်တယ်”

“စောစောက ရှာတွေ့ခဲ့တဲ့ လူဝင်စားခြင်း ရှေးဟောင်းသစ်ပင်ကြီးက သူ သိမ်းယူတာကို ခံလိုက်ရပြီ ၊ ငါတို့ တခြားနည်းလမ်းကို ရှာရမယ် “

ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်သည် ၎င်းလူဝင်စားခြင်း ရှေးဟောင်းသစ်ပင်အောက်တွင် ရှိနေရသည့် အကြောင်းရင်းမှာ သူ၏ မစုံလင်သော အရာများကို ပြုပြင်ရန် ရင့်မှည့်သောလူဝင်စားသစ်သီးကို အသုံးပြုလိုသောကြောင့်ဖြစ်သည်။

သို့သော် စူးချန်ကဲ ၏ လက်ချက်ဖြင့် ယခုအခါ တွင် သူတို့သည် အခြားနည်းလမ်းများကို အသုံးပြုရတော့မည် ဖြစ်သည်။

“တကယ်လား?!”

“ ဝိညာဉ်အိုကြီး၊ ခင်ဗျားမှာ စူးချန်ကဲ ကိုသတ်ဖို့ နည်းလမ်းရှိတာလား”

လက်ပြတ်ခံထားရ‌သော နာကျင်မှုသည် သူ၏ အာရုံကြောများကို စဉ်ဆက်မပြတ် လှုံ့ဆော် နေသည်နှင့် အမျှ ၊စူးချန်ကဲကို သတ်လိုသော သူ၏ စိတ်ဆန္ဒများသည်လည်း ဆက်လက် ကြီးထွားလာခဲ့သည်။

“ ရှစ်ဆယ်ရာခိုင်နှုန်း...”

“ရှစ်ဆယ်ရာခိုင်နှုန်း ! လုံလောက်တယ် ! လေးဆယ် ရာခိုင်နှုန်းဆိုတောင် ငါတို့ စမ်းကြည့်ရမယ်!”

“အစ်မ ဝူအာ နဲ့ မိန်းကလေး ရှင်းယန် ငါ့ကို စောင့်နေလိုက်!”

ထန်ဟောက်၏ စိတ်လှုပ်ရှားနေသော မျက်နှာကြောင့် ဝိညာဉ်အိုကြီးမှာ ဆက်ပြောမည့်စကားကို မျိုချလိုက်ရင်း ၊ သူ့စိတ်ထဲ လေးလံလို့ နေသည်။

“အရင်က စွမ်းအားအတိုင်းသာဆို ...”

ဝိညာဉ်အိုကြီးသည် ယောင်ယက်ခတ်နေသော အတွေးများကို ‌ရှင်းထုတ်လိုက်သည်။ သို့သော် စိတ်ထဲမှာတော့ မယုံကြည်နိုင်သေးပေ။

“ ကောင်းကင်ဘုံကတောင် တားမြစ်ထားတဲ့ ပုဂ္ဂိုလ်ပဲ ၊ သူ့ကို တွေ့ဖို့ ဒီလောက်ထိ မလွယ်ဘူး”

အပိုင်း(၁၅၄): စူး မျိုးနွယ်ကို ဖျက်‌ဆီးမည့် အစီအစဉ်ကို စတင်လိုက်ပြီ ၊ အမဲလိုက်ပွဲကြီး

လူဝင်စားအသီးဆယ်မျိုးတွင် အသီးတစ်ခုစီတိုင်း ဆယ်မြွာ ပါရှိပေရာ ၊ ထို့ကြောင့် သစ်သီးဆယ်မျိုးကို လူအယောက် တစ်ရာအထိ အသုံးပြုနိုင်သည် ။

စူးချန်ကဲသည် နှမြောတသခြင်းမရှိဘဲ အားလုံးကို ဝေမျှပေးလိုက်သည်။

ထိုအပြုအမှုသည် ကွေးယွမ်၏ ပါရမီရှင်များစွာကို စိတ်လှုပ်ရှားစေခဲ့ပြီး ၊ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ စိတ်နှလုံးသားသည် စူးချန်ကဲ၏ ဦးဆောင်မှုနောက်ကို လိုက်ရန် ဆန္ဒပြင်းပြခဲ့သည်။

အစမှ အဆုံး သူတို့သည် ဘာမှအားစိုက်ထုတ်စရာ မလိုဘဲ ၊ စူးချန်ကဲ သူတစ်ယောက်တည်းသာလျှင် အကုန်လုံးကို ဖြေရှင်းပြသွားခဲ့သည်။

စူးချန်ကဲသည် ထန်ဝူအာကိုလည်း အသီး၏ တစ်စိတ်တစ်မြွာ ပေးခဲ့သည်။

“အားလုံး ခွဲယူကြပြီးပြီ ၊ မိန်းကလေး ဝူအာ မင်းလည်း လက်ခံပါ “

“လူကြီးမင်း...”

ထန်ဝူအာ၏ မျက်နှာမှာ မယုံနိုင်ဟန်ဖြင့် ၊ဤကဲ့သို့သော နတ်သစ်သီးကို သူမအား အဘယ့်ကြောင့် ဒီလိုအလွယ်လေး ပေးနိုင်ရသနည်း။

စူးချန်ကဲက အနည်းငယ် ပြုံးလိုက်ပြီး ၊

“ကျန်တဲ့သူ‌တွေ အတွက်လည်း လုံလောက်တယ်လေ “

လူဝင်စားခြင်းရှေးဟောင်းသစ်ပင်တွေ ပြန်လည်မွေးဖွားခြင်း သန့်စင် စွမ်းအားများ ရှိသည်။

သူ၏ နောက်လိုက်များကို အချိန်မီ ဟင်းချိုတိုက်ကျွေးရန်မှာ သူ လုပ်ဆောင်ရမည့်အရာပင် ဖြစ်သည်။

ထိုသို့ပြောပြီးနောက် ၊ စူးချန်ကဲသည် လူဝင်စားခြင်း ရှေးဟောင်းသစ်ပင်ကြီးဆီသို့ လျှောက်သွားပြီး ၊ သူ၏ ညာလက်ကို ဆန့်တန်းကာ သစ်ပင်ကို ထိတွေ့လိုက်သည်။

သူ၏လက်ဖဝါးတွင် ပြင်းထန်သော ဝါးမျိုခြင်းစွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး ၊နက်မှောင်သော ဝဲဂယက်တစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့သည်။

စုပ်ယူ သူတော်စင် ခန္ဓာကိုယ်မှာ နိုးထလာခဲ့လေပြီ။

ဝုန်း !

ဤနေရာရှိ ဝိညာဉ်စွမ်းအင်တို့သည် မငြိမ်မသက် ဖြစ်လို့‌နေကာ၊ စူးချန်ကဲသည် လူဝင်စား ရှေးဟောင်းသစ်ပင်၌ ဖုန်းကွယ်ထားသော ပြန်လည်မွေးဖွားခြင်း အငွေ့အသက်များကို အဆက်မပြတ် ဆွဲယူ‌နေသည်။

လူဝင်စားခြင်း ရှေးဟောင်းသစ်ပင်တွင် အိပ်မောကျနေခဲ့သော သစ်ပင်ဝိညာဉ်မှာ ငယ်ရွယ်သော လူသားတစ်ယောက်၏ ဤသို့ အတင့်ရဲစွာ ပြုမှုခြင်းအပေါ် အမျက်ဒေါသ ထွက်ခဲ့နေသည် ။

“အဲ့တော့ ဘာလုပ်နိုင်လို့လဲ!”

စူးချန်ကဲ သည် အေးစက်စွာ နှာမှုတ်လိုက်သည်။ သူသည် မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း၏ စွမ်းအားကို နိုးထစေကာ ၊ အရာအားလုံးကို ဖိနှိပ်ထားခဲ့သည်။

ပြန်လည်မွေးဖွားခြင်း စွမ်းအားသည် မြင့်မြတ်သော လမ်းစဉ်များကြား ထိပ်တန်းဟု လူသိများသော်လည်း ၊သူ၏ ရှေ့မှောက်၌ ဦးညွှတ်ကြရမည် ဖြစ်သည်။

ဤမြင်ကွင်းသည် လူတိုင်း၏ အမူအရာကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။၎င်းသည် လူဝင်စားခြင်း ရှေးဟောင်းသစ်ပင်၏ စွမ်းအားကို တိုက်ရိုက် စုပ်ယူနေ၏။

လူတိုင်း ဆွံ့အလျက်။

မွေးဖွားလာချိန်မှစ အစွမ်းသတ္တိ ပါရှိလာသော၊ဤကဲ့သို့ မွေးရာပါ မြင့်မြတ်သော အရာဝတ္ထုကို တိုက်ရိုက် ဝါးမျိုနိုင်သော မှော်စွမ်းအားမျိုးကို သူတို့ တစ်ခါမှ မတွေ့ဖူးခဲ့ပေ။

“ဆက်ခံသူ သခင်...ကြောက်စရာကောင်းလိုက်တာ...”

…

ခွင်းလွင်တောင်၏ တခြားဧရိယာ၌၊

စွမ်းအားကြီးမားသော ရောင်ဝါများဖြင့် များစွာသော ပါရမီရှင် အင်အားစုများသည် ယဲ့လင်ထျန်း နှင့် ကွေးယွမ်၏ ပါရမီရှင်များစွာကို ဝန်းရံထားသည်။

“ယဲ့လင်ထျန်း မင်းရဲ့အသက်ကို ကယ်တင်ဖို့ အခွင့်အရေးပေးမယ် !”

ခေါင်းဆောင်ဖြစ်သည့် သာ့နိမ်(အနန္တစွမ်းအားရှင်) ပြီးပြည့်စုံ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော ပါရမီရှင်တစ်ဦးက ဆိုလိုက်သည်။

“မင်းတို့ ငါတို့အင်အားစုတွေရဲ့ လက်ထဲကနေ လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား ၊ဒါကမင်းအတွက် နောက်ဆုံးအခွင့်အရေးပဲ !”

ယဲ့လင်ထျန်းသည် အေးစက်စက် ပြုံးလိုက်ပြီး၊

“အခွင့်အရေး?မဟုတ်လောက်ဘူး ထင်တယ်နော်”

“မင်းတို့ ငါတို့ကို ချောင်းနေတာ ကြာပြီမဟုတ်လား ၊ ဖုံးကွယ်မနေနဲ့ “

ထိုစကားများသည် မူလကတည်းက အေးစက်သော အသွင်အပြင်ဖြင့် ရှိနေသည့် ရှေးခေတ် ပါရမီရှင်များ၏ နှုတ်ဖျားပေါ်တွင် လှောင်ပြောင်မှုတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။

“ကောင်းပြီလေ၊ မင်းတို့ ဒီမှာသေရမယ့် အတူတူ ပြရတာပေါ့”

“ခွင်းလွင်တောင်က ကွေးယွမ်က လူတိုင်းအတွက် ဒီနေရာကတော့ သင်္ချိုင်းဖြစ်စေရမယ် “

“သွား! သူတို့ကို သတ်ကြ!”

ဝုန်း! !

မရေမတွက်နိုင်သော ပါရမီရှင်များသည် ၎င်းတို့၏ စွမ်းအားများကို ဖြန့်ကျက်ကာ တတ်လာကြသည်။

မျက်စိတစ်မှိတ်အတွင်း ၊ဤကမ္ဘာမြေတခုလုံး နတ်အလင်းရောင်များနှင့် ပြည့်နှက်သွားလေသည်။

၎င်းတို့၏ မှော်အစွမ်းများသည် ကောင်းကင်ဘုံကိုတောင် ဖြိုခွဲနိုင်သော နတ်လှံတံများအဖြစ်သို့ ပြောင်းလဲသွားပြီး ၊ ကွေးယွမ်၏ တပည့်များဆီသို့ ထိုးဖောက် ဝင်ရောက်လာခဲ့သည်။

ယဲ့လင်ထျန်း၏ မျက်လုံးများမှာ လူသတ်လိုသော ဆန္ဒများဖြင့် ဝင်းလက်တောက်ပနေသည်။သူ၏ ကွေးယွမ် သူတော်စင်နယ်မြေကို တွန်းလှန်ရန် အင်အားစုများစွာ ပူးပေါင်းကြံစည်ထားသော အစီအစဉ်တစ်ခုဖြစ်ကြောင်း သူ သိသည်။

“မျက်စံ နှစ်မြွှာ ! ဖွင့်စေ!”

မှော်သင်္ကေတများသည် ယဲ့လင်ထျန်း၏ မျက်လုံးထဲ၌ စဉ်ဆက်မပြတ် ဖြစ်တည် စုဝေးသွားပြီး ၊ကောင်းကင်နှင့် မြေကြီးကို ပိုင်းခြားထားသကဲ့သို့ သွေးပင်လယ်ကြီး တစ်ခု ရှိနေခဲ့သည်။မရေမတွက်နိုင်သော နတ်ဆိုးတို့သည် ထိုသွေးပင်လယ်ထဲ၌ ကျဆုံးခဲ့ရသည်။

ဝှစ် !

လှံတစ်စင်းသည် ရွှေဝါရောင် ရှိသော မိုးခြိမ်းသံအဖြစ် ပြောင်းလဲသွားခဲ့ပြီး ၊ ကောင်းကင်ယံကို ပစ်ခွင်းလေရာ ၊ ၎င်း၏ ပေါက်ကွဲအားသည် ဤကမ္ဘာကြီး တစ်ခုလုံးကိုတောင် ခွဲပစ်နိုင်သည် ။

စတင် ဦးဆောင် တိုက်ခိုက်ခဲ့သော ပါရမီရှင် တပည့်တချို့မှာဖြင့် ၊ သွေးခိုးငွေ့များ အဖြစ်သို့ ဘဝကူးပြောင်းကာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရသည်။

“ဒီ မျက်စံနှစ်မြွာကို ငါတို့ ပူးပေါင်းပြီး အရင်သတ်မှ ဖြစ်မယ် !”

စွမ်းအားအရှိဆုံး ရှေးခေတ် ပါရမီရှင်များစွာသည် ယဲ့လင်ထျန်းကို အရင်သတ်ရန် ချက်ခြင်းလက်ငင်း ပူးပေါင်းခဲ့ကြသည်။

စူးချန်ကဲကို ဖျက်ဆီးမည့် ၎င်းတို့၏ အစီအစဉ်ကို အမှားအယွင်း မရှိစေရန် ၊ကွေးယွမ်၏ သူတော်စင် ခန္ဓာကိုယ် ရှိသည့် ပါရမီရှင်အနည်းငယ်သည် သေချာပေါက် သေဆုံးရမည်ပင်။

“လာလိုက်စမ်းပါ!”

ယဲ့လင်ထျန်းသည် သူ့လက်ထဲတွင် လှံတစ်ချောင်းကို ကိုင်ထားပြီး ၊ လှံသည် နဂါးတစ်ကောင် အလား ပြေးထွက်သွားသည်။

ဝုန်း !

မြေစိုင်မြေခဲတို့မှာ ပြိုကျ‌နေပြီး ၊နတ်​အလင်း​ရောင်​တို့သည် ​ကောင်းကင်​ကြီးကို တုန်​လှုပ်​သွားစေသည်​။

…

တခြားချိုင့်ဝှမ်း တစ်နေရာ၌ ၊

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လို့နေသည်။မိုးခြိမ်းသံ ပေါက်ကွဲထွက်ပေါ်လျက် ၊မီးလျှံတို့သည် ကောင်းကင်တစ်ခုလုံးကို ဖြန့်ကျတ်ထားကာ ၊ အဆုံးစွန်သော သတ်ဖြတ်ခြင်း စွမ်းအားတို့ဖြင့် ပြည့်လျှံနေသည်။

ဘုန်း!

ရွှေရောင်အလင်းတန်းများ ပေါက်ကွဲသွားသည်နှင့် ၊ ဤမျှ တန်ခိုးကြီးမားသော စွမ်းအားကြောင့် ချိုင့်ဝှမ်းတခွင် ကျောက်တုံးကြီးများ ပြိုကျပျက်စီးကုန်ကာ ၊ ထူထပ်သော ဖုန်မှုန့်များ ဖြစ်ပေါ်လာရသည်။

“ဟွန်း...!အဲ့ကောင် ဘာလို့ ဒီလောက် သန်မာနေရတာလဲ!”

သွေးများဖြင့် ပေကျံနေသော အမျိုးသားတစ်ဦးသည် နာကျင်သည့် ပုံစံဖြင့် သူ၏ ကျိုးနေပြီ ဖြစ်သော လက်မောင်းကို ဆုပ်ကိုင်ကာ ပြေးထွက်လာခဲ့သည်။

သူသည် နတ်နဂါးကျွန်းစု မှ ရှေးခေတ်ပါရမီရှင် တစ်ဦးဖြစ်ပြီး ၊ သူအပါအဝင် ထျန်းရှန်းဂိုဏ်းနှင့် ဖီးနစ်လိုဏ်ဂူ၏ ပါရမီရှင်များလည်း ရှိသေးသည်။

သို့သော် ဤအခိုက်အတန့်တွင် ၊ ၎င်းတို့သည် သွေးအိုင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ၊ ၎င်းတို့၏ ဝိညာဉ်များပင်လျှင် ပျောက်ကွယ် သွားခဲ့လေပြီ။

မီးခိုးငွေ့ထဲမှ အမျိုးသားတစ်ဦး၏ ပုံရိပ်သည် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။လီဟောက်ထျန်းသည် အထင်အမြင်သေးစွာ ဆိုလေသည်။

“သတ္တိကောင်းလှချည်လား၊ ငါ သူတော််စင် နယ်မြေက လူတွေကို ချောင်းမြောင်းတိုက်ခိုက်ရဲတယ်!”

“ ပို့ဆောင်ဖို့ မင်းတစ်ယောက်တည်းပဲ ကျန်တော့တယ် “

အပြင်းအထန် ဒဏ်ရာရနေသော ထိုအမျိုးသားသည် ကောင်းကင်ကို မော့ကြည့်ရင်း အားရပါးရ ရယ်လေသည် ။

“ဟားဟား ၊ ငါတစ်ယောက်တည်းပဲ ကျန်တော့တယ် ဟုတ်လား? ဒါဘာလဲ ဆိုတာ ကြည့်ကြည့်လိုက်လေ!”

ထိုအမျိုးသားသည် သူ၏ ရင်ဘက်ထဲကနေ နတ်ကျောက်တုံးကို ထုတ်ယူလိုက်သည်နှင့် ၎င်းသည် ရုတ်တရက် ကြေမွသွားခဲ့သည်။

ဝီ!

အဆုံးမရှိ‌‌သော ရောင်စဉ်အလင်းတန်းများထွက်ပေါ်လာပြီး ၊ကောင်းကင်တစ်ခွင်တွင် မှော်အက္ခရာများ ရောယှက်နေသော မှော်စက်ဝိုင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မှော်စက်ဝိုင်းကြီးသည် ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ကျဆင်းလာပြီး ၊ ကြီးကျယ်ခမ်းနားသော အာကာသ စွမ်းအင်တို့သည် လေထုထဲတွင် ပြည့်နှက်လို့နေသည်။

တန်ခိုးကြီးမားသော ပါရမီရှင်အုပ်စုတစ်စုသည် ၎င်းတို့၏ ကိုယ်ပိုင် မှော်စက်ဝိုင်းများကို အမြန် ဖွဲ့စည်းကာ ၊ မှော်စက်ဝိုင်းတွင် ပိတ်မိနေသော လီဟောက်ထျန်း ကို စိုက်ကြည့်နေကြသည်။

အပြင်းအထန် ဒဏ်ရာရနေသော အမျိုးသားသည် ရွဲ့စောင်းဟန်ဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“မင်းသေတဲ့အထိ ရုန်းကန်မနေပါနဲ့၊ ဒါက မင်းအတွက် အထူးပြင်ဆင်ထားတာပဲ!”

“ဒီနေ့ မင်း သေချာပေါက် သေရမယ်!”

လီဟောက်ထျန်းသည် ထိုစကားကို ကြားတော့ မျက်ခုံးပင့်လိုက်သည်။

“ တမင်သက်သက် စီစဉ်ထားသတဲ့လား?”

“ ပုရွက်ဆိတ်အဆင့် ပူးပေါင်းဆောင်ရွက်မှုက ဘာအသုံးဝင်နိုင်မှာမို့လဲ?”

ဘုန်း!

အဆုံးမရှိသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး ၊တောက်ပသော အလင်းတန်းများက ကောင်းကင်တွင် ရောယှက်ဖြစ်ပေါ်ကာ၊ အစိမ်းရောင် ကြာပွင့်သဏ္ဍာန်တစ်ခုဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။ကြာ၏ အမြစ်အနွယ်တို့သည် မြင့်မြတ်သော လမ်းစဉ်၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုထားသလိုပင်။

ရှေးဟောင်းသူတော်စင် ကိုယ်ထည်၏ ရူပါရုံဖြစ်သော ပရမ်းပတာ အမျိုးအစားဖြစ်သည့် အစိမ်းရောင် ကြာပွင့်သည် ပွင့်လန်းလာခဲ့ချေပြီ။

[T/N- ပရမ်းပတာ အစိမ်းရောင်ကြာပွင့် -ဖန်ကူ ဖန်တီးရှင် နတ်ဘုရားကို မွေးဖွားပေးခဲ့သည့် အမြင့်မြတ်ဆုံး ရတနာ : သိချင်လို့ ရှာကြည့်ထားတာ]

ဝီ!

အစိမ်းရောင် ကြာပွင့်သည် နတ်အလင်းရောင်နှင့်အတူ အစွမ်းကုန် ပေါက်ကွဲထွက်လာခဲ့ရာ၊ မြေကြီးများ တုန်ခါလျက် ၊

တောင်များ ပြိုကျပျက်စီးကာ ၊ ကောင်းကင်ကြီးသည် အော်ဟစ်ငိုကြွေးလို့ နေသည်။

ခဏလေးအတွင်းမှာပင် ၊ ပါရမီရှင်များစွာဖြင့် ဖွဲ့စည်းထားသော မှော်စက်ဝိုင်းကြီးသည် ရုတ်တရက် ပေါက်ကွဲပျက်စီးခဲ့ရသည်။

ထိုစဉ် ၊ လီယောက်ထျန်းသည် သူ၏ လက်သီးနှင့် အတူ ဦိးစွာ ထိုးနှက်လိုက်သည်။

ဘုန်း! !

ရွှေလက်သီး အလင်းသည် ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားပြီး ၊သူ၏ရှေ့တွင် ရှိနေသော အရာများကို ဖြတ်ကျော်ဝင်ရောက်သွားသည်။

ထာဝရ အင်အားစု၏ ပါရမီရှင်များမှာ ဖရိုဖရဲ ပစ်လဲကုန်လေသည်။ ၎င်းတို့သည် ထိုလက်သီးချက်၏ ဘေးစွန်းတွင် ရှိနေခဲ့ကြသော ပါရမီရှင်များ ဖြစ်သည်ကို သင် သိထားရလိမ့်မည်။

ထိုလက်သီး၏ ဗဟိုချက်တွင် ရှိနေခဲ့သော လူတစ်ယောက်ဆိုရင်ဖြင့် အမှုန့် ဖြစ်ကာ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

လီဟောက်ထျန်း၏ အေးစက်သော အသံသည် မီးခိုးငွေ့များကြား တဖန် ထွက်ပေါ်လာခဲ့သည်-

“ဂိမ်းကို ဆက်ဆော့ကြတာပေါ့”

…

ရေကန်ပေါင်း ထောင်ချီရှိသော အခြားတစ်နေရာ၌ ၊

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရေလှိုင်းလုံးများ အုံကြွသွားခဲ့ပြီး ၊ ပြည့်နှက်နေသော ရေခိုးရေငွေ့များထဲတွင် သေခြင်းတရား စွမ်းအားများ ပါဝင်နေသော အမှောင်ဓာတ်တို့က ရစ်ဝဲထားသည်။

စွမ်းအားကြီးမားသော ကွေးယွမ်၏ တပည့်သားများသည် ၎င်းတို့ဆီသို့ ရောက်ရှိလာသော မရေမတွက်နိုင်သော တိုက်ခိုက်မှုများကို တွန်းလှန်လျက် ရှိသည်။

၎င်းတို့ထဲမှ အလွန် အစွမ်းထက်သော ရောင်ဝါနှစ်စင်းမှာ အနက်ရောင် နှင့် ရွှေရောင် ဖြစ်ပြီး ၊ ၎င်းတို့သည် အဓိက ထောက်တိုင် စွမ်းအားများဟု ဆိုရပေမည်။

“မဆိုးဘူးပဲ! ညီမလေး၊ ချန်ကဲ ဆက်ခံသူရဲ့နောက်လိုက် အစေခံ မိန်းကလေးတွေက ဒီလောက်ထိ သန်မာမယ်လို့ မမျှော်လင့်ထားပါဘူး “

အရိုးစု နတ်ဆိုးအရိပ်ကို အေးအေးလူလူ ချေမှုန်းလိုက်ရင်း ၊ ပီချင်းရှသည် ကူလင်အာ ကို နောက်ပြောင် ပြောဆိုလိုက်သည်။

ကူလင်အာသည် အေးဆေးတည်ငြိမ်စွာဖြင့်၊ သူမ၏ အနက်ရောင် ပင့်ကူခတ္တာပန်း တစ်ပွင့်ကို ရန်သူဆီသို့ ပစ်လွှတ်လိုက်ရာ တခဏချင်းမှာပင် ၊ သေမင်းစွမ်းအင်များသည် တဖက်ရန်သူကို ဝါးမျိုပစ်လိုက်သည်။

“ဒါပေါ့ ၊ဆက်ခံသူ သခင်ကို ငါတို့မှ မထိန်းနိုင်တာ”

ဝုန်း! !

အနက်ရောင် ပင့်ကူခတ္တာပန်းတို့သည် မရေမတွက်နိုင်သော နက်မှောင်သော မြှားလက်တံများ သဖွယ် ပေါက်ကွဲသွားခဲ့ပြီး ထာဝရ အင်အားစု၏ ပါရမီရှင် တပည့်များကို ထိုးဖောက် ဝင်ရောက်သွားသည်။

နတ်ဆိုးစွမ်းအင်များ တဟုန်ထိုး ထကြွလာပြီး၊ တဖက်ရန်သူတို့မှာ အနက်ရောင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားခဲ့ရပြီး လေထဲတွင် ပျံ့လွင့်သွားခဲ့သည်

“ကျက်သ‌ရေ တုံးလိုက်တာ၊ ဒီခွေးမနှစ်ကောင်က ဘာလို့ ဒီလောက်တောင် သန်မာနေတာတုန်း!”

နတ်ဘုရားအချုပ်ထောင် နန်းတော်က ပါရမီရှင်တစ်ဦးသည် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

မူလက ထိုအမျိုးသမီးနှစ်ယောက်နှင့် ကြုံတွေ့ခဲ့ရသည်မှာ ကံကောင်းသည်ဟု ယူဆခဲ့ကြပြီး ၊ သူတို့၏ အစီအစဉ်မှာ မြန်မြန်ဆန်ဆန် ပြီးမြောက်ခဲ့မည် ဟု ထင်ထားခဲ့သည်။

ဒါပေမဲ့ ဒင်းတို့နှစ်ယောက်က ဂြိုလ်ဆိုးတွေဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ?

တစ်နည်းအားဖြင့် ‌ဆိုရသော် ၊ လာရောက် အားဖြည့်ပေးခဲ့ကြသော တပည့်​များမှာ သူမတို့၏ လက်ချက်ကြောင့် တယောက်​ပြီး​တစ်​ယောက် သေဆုံးခဲ့ရသည်။

ထိုအခိုက်အတန့်တွင် ၊ ထူးဆန်းသော စွမ်းအင် အတက်အကျ လှိုင်းများ ဖြစ်သွားခဲ့ပြီး ၊ အလွန် အစွမ်းထက်သော ရောင်ဝါများ ရှိသည့် ပုံရိပ်ခုနှစ်ခု ဆင်းသက်လာခဲ့သည် ။

“အဲဒါက...!?”

သူတို့သည် ယင်ထျန်းဇီ၏ ညာလက်တော်ဖြစ်သော မျိုးဆက်သစ် တစ္ဆေဘုရင်ခုနစ်ပါးပင် ဖြစ်သည်။

ခေါင်းဆောင်ဖြစ်သူသည် အနီရောင် တစ္ဆေ မျက်နှာဖုံးကို စွပ်ထားပြီး အေးစက်စွာ ဆိုလိုက်သည်။

“ “ဘယ်လောက်တောင် အသုံးမကျလဲ ! မိန်းမနှစ်ယောက်ကိုတောင် မဖြေရှင်းနိုင်ဘူးလား!”

“ထွက်သွားကြစမ်း၊ ဒီမှာ နေပြီး ကိုယ့်ကိုကိုယ် အရှက်ရအောင် မလုပ်နဲ့ !”

ပီချင်းရှသည် သူမ မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။ သူမ၏ အမူအရာမှာ အနည်းငယ် စိတ်ဝင်စားနေပုံ ရသည်။

ဤလူခုနစ်ယောက်သည် လျှို့ဝှက်နည်းလမ်းကို အသုံးပြုကာ ၊ ၎င်းတို့၏ စွမ်းအားများကို တစ်ခုတည်းဖြစ်အောင် ပူးပေါင်းထားကြသည်။

ဤအရာသည် ရှေးဟောင်း လျို့ဝှက်နည်းလမ်း တစ်ခု ဖြစ်သည်။၎င်းသည် လူပေါင်းများစွာ၏ ရောင်ဝါတို့ကို အကြီးမားဆုံး အတိုင်းအတာအထိ ပေါင်းစပ်ပေးနိုင်ပြီး ၊ထိုကဲ့သို့ ပေါင်းစပ်ပညာရပ်ဖြင့် တိုက်ခိုက်မည်ဆိုပါက မျှော်လင့်မထားသော ရလဒ်များကို ထွက်ပေါ်စေနိုင်သည် ။

“စိတ်ဝင်စားစရာပဲ၊ ဘယ်လောက်တောင် စွမ်းလဲဆိုတာ ကြည့်ရသေးတာပေါ့”

ဝီ!

ပီချင်းရှ ခန္ဓာကိုယ်မှ တောက်ပသော ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ၊ သူမ၏ ရွှေဝါရောင် ဆံနွယ်များသည်လည်း ပို၍ တောက်ပလာစေကာ ကမ္ဘာဦး နတ်ဘုရားမ တစ်ဆူ ကဲ့သို့ပင် ။

မြင့်မြတ်သော ဘုရင် ကိုယ်ထည်၏ အရှိန်အဝါသည် နတ်ဘုရားမ တစ်ပါးကောင်းကင်ဘုံမှ ကြွမြန်းလာပုံနှင့် တူသည်။

…

တဖက်က လူဝင်စားခြင်း ရှေးဟောင်းသစ်ပင်၌ ၊ စူးချန်ကဲသည် သစ်ပင်၏ စွမ်းအားကို လုံး၀ဥဿုံ ဝါးမျိုးခဲ့ပြီး ဖြစ်သည်။

မူလက ရောင်စုံအလင်းတန်းများဖြင့် ဝင်းထိန်နေခဲ့သော ရှေးဟောင်းသစ်ပင်ကြီးသည် ခန်းခြောက်လုနီးပါး ဖြစ်နေပြီး ၊ ပြန်လည် မွေးဖွားခြင်းဆိုင်ရာ ကျက်သရေတို့သည် အနည်းငယ်မျှသာ ကျန်ရှိတော့သည်။

“စိတ်မပူနဲ့ ငါ လွှတ်ဆို လွှတ်ပေးမယ် “

စူးချန်ကဲ သည် လူဝင်စားခြင်း ရှေးဟောင်းသစ်ပင်ကို သူ ဖွဲ့စည်းထားသော ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားကျင့်စဉ်၏ ဓမ္မကာယနှင့် ပေါင်းစပ်ထားသည်။

သူသည် ပရမ်းပတာ၏ စွမ်းအားကို ထိန်းချုပ်နိုင်ရုံသာမက ၊ မိမိ ဓမ္မကာယ၏ လူဝင်စားခြင်း ဆိုင်ရာ နိယာမတရားကိုလည်း ထိန်းချုပ်ထားသည်။

သူ့လက်ထဲက ယင် ယန် လှည်ပတ်ခြင်း နိယာမတရားကို ကြည့်ရင်း ၊စူးချန်ကဲ၏ နှုတ်ခမ်းသားပေါ်၌ ကျေနပ်သော အပြုံးများ လှစ်ဟသွားရင်း ၊ ညည်းညူးလိုက်သည်။

“ပြန်လည် မွေးဖွားခြင်း စွမ်းအား... အတော်ကောင်းတာပဲ”

သူ၏ အပြုအမူကြောင့် ပတ်ဝန်းကျင်ရှိ လူအားလုံး ပို၍ စိတ်ရှုပ်ထွေးသွားသည်။သူသည် ပြန်လည် မွေးဖွားခြင်း စွမ်းအားကို အချိန်တိုအတွင်းမှာပင် ၊ အောင်မြင်စွာ နားလည်နိုင်ခဲ့သည်။

ဤစွမ်းအားသည် သာမာန်ရိုးကျ မဟုတ်။ ပြန်လည်မွေးဖွားခြင်း သန့်စင် စွမ်းအားများပင်။

“ အိုင်း ! ငါ့မှာဖြင့် လူဝင်စား သစ်သီးကို စားပြီးတာတောင် ပြန်လည် မွေးဖွားခြင်း စွမ်းအားကို အနည်းငယ်ပဲ နားလည်နိုင်တယ် “

တပည့်တစ်ယောက်က ခါးသီး‌သော အပြုံးဖြင့်။

“ စိတ်မညစ်နဲ့ ဒါ ပုံမှန်ပါပဲ ၊ချန်ကဲ ဆက်ခံသူက ပုံမှန်လူတစ်ယောက်မှ မဟုတ်တာ....”

သို့သော် ထိုအခိုက်အတန့်တွင် တပည့်တစ်ဦးသည် တစ်စုံတစ်ခုကို လက်ခံ ရရှိခဲ့ပုံရသည်။

သူသည် စူးချန်ကဲဆီသို့ အလျင်အမြန် လှမ်းလျှောက်သွားကာ လက်ကို လျှက်ကာ ‌လျှောက်တင်လိုက်သည်။

“ ဆက်ခံသူ သခင် တပည့်တစ်ယောက်က သတင်းစကားတစ်ခု ပေးပို့ခဲ့ပါတယ်၊ ကွေးယွမ်က တပည့်တွေကို နှိမ်နင်းဖို့ ဆိုပြီး တခြားအင်အားစုတွေ အချင်းချင်း လက်တွဲပူးပေါင်းခဲ့တယ်တဲ့!”

“ဘာ?”

စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။

သူ မျှော်လင့်ထားတဲ့ လှည့်ကွက်က ဒီလောက် အမြန်ကြီး ရောက်ချလာပြီလား?!

ထိုအချိန်တွင် ၊ ကူလင်အာ ထံမှ ပေးပို့လာခဲ့သော သတင်းစကားသည် သူ၏ စိတ်ထဲတွင် ဝင်ရောက်လာခဲ့သည်။

“ ကူလင်အာ ၊ ဒီကလေးမလေးလည်း ခြုံခိုတိုက်ခိုက်ခံခဲ့ရတာလား?”

“ငါ သူတော်စင် နယ်မြေရဲ့ တပည့်တွေကို တိုက်ခိုက်ဖို့ ဒီလောက် အချိန်အများကြီး အကုန်ကျခံပြီး ကြံစည်ရဲတယ်ပေါ့?”

“ တကယ်ကို နားငြီးရတဲ့ ပုရွက်ဆိတ်တွေပဲ “

စူးချန်ကဲ၏ မျက်လုံးများမှာ ဖျက်ခနဲ့ ဝင်းလက်သွားပြီး ၊ သက်တံ တစ်စင်းကဲ့သို့ ဦးတည်ရာ တစ်နေရာဆီသို့ လျင်မြန်စွာ ထွက်ခွာသွားလေသည်။

တဖက်အဖွဲ့သည် အမဲလိုက် ခေါင်းလောင်းကြီးကို တီးခတ်လိုက်ပြီ ဖြစ်ရာ ၊အမဲလိုက်ပွဲကြီးမှာ အပြီးအပိုင် စတင်ဖွင့်လှစ်ခဲ့ပြီ ဖြစ်သည်။

အပိုင်း(၁၅၅): ထိပ်တန်း ပါရမီရှင် လေးယောက်၏ သတ်ဖြတ်မှု ၊မိုးကြိုးဖြင့် သတ်ဖြတ်ခြင်း

ရောင်စဉ် အလင်းတန်းများသည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး၊ အထူးသဖြင့် ၎င်းတို့ထဲက ခေါင်းဆောင်ဖြစ်သူ၏ ရောင်ဝါသည် လွန်စွာ တောက်ပပြီး ဤကမ္ဘာမြေပြင်ပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါး ကဲ့သို့ပင်။

လွန်စွာ အားပြင်းသော ထိုအနှီလူ၏ ရောင်ဝါသည် လူအားလုံး၏ အကြည့်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ၊ ထိတ်လန့်မှုကိုပေးစွမ်းနေခဲ့သည် ။

“ဒါက ကွေးယွမ်ရဲ့ ချန်ကဲဆက်ခံသူ ဆိုတာလား?”

“ ဒါနဲ့ သူတို့ ဒီလောက် အလျင်လိုနေတာ ၊ ဘယ်သွားမလို့လဲ?”

“မင်းမသိဘူးလား? အင်အားစုပေါင်း များစွာက လက်တွဲပြီး ခွင်းလွင် တောင်တဝိုက်မှာ ရှိနေတဲ့ ကွေးယွမ်က တပည့်တွေကို ဝိုင်းပြီး တိုက်ခိုက်နေတာလေ “

ထိုလူ၏ ရှင်းပြချက်ကို ကြားလိုက်ရသည်နှင့်၊ လူတိုင်း၏ အမူအရာများမှာ သိသိသာသာပြောင်းလဲသွားကြသည်။

ခွင်းလွင်တောင်သို့ ဝင်ရောက်သည်နှင့် ၊ မိမိ၏ သေခြင်းရှင်ခြင်းသည် ကံကြမ္မာအပေါ် မူတည်သည် ဟု ဆိုကြသည်။

သို့သော် ကွေးယွမ် သူတော်စင်နယ်မြေ၏ ဂုဏ်သတင်းသည် ယခုအခါတွင် အံ့အားသင့်စရာကောင်းသော အခြေအနေတစ်ခုအထိ ရောက်ရှိနေပြီပင်။ ဤသို့ ကွေးယွမ်၏ တပည့်များကို လိုက်လံဖမ်းဆီးခြင်းသည် နောင်တချိန်တွင် သွေးထွက်သံယို လက်စားချေခံရမည်ကို မကြောက်ကြသလော။

ထိုအခိုက်အတန့်တွင် ၊ တစ်နေရာမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ချန်ကဲ ဆက်ခံသူ ၊ ခင်ဗျား ဒီမှာ နေခဲ့ပြီး ကျုပ်နဲ့ လက်ဖက်ရည်သောက်ရင်ရော?”

စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။သူသည် အသံလားရာကို တချက် ကြည့်လိုက်သည်။

သူ့ရှေ့ရှိ လေဟာပြင်ထဲမှ ဝဲဂယက်များစွာ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့ပြီး ၊ အင်အားကြီးမားသော ရောင်ဝါများကို ဖြန့်ကျတ်ထားသည့် ပုဂ္ဂိုလ်လေးယောက်သည် ထိုဝဲဂယက်ထဲမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့ကြသည်။၎င်းတို့အားလုံးသည် ထိပ်တန်း ပါရမီရှင်များပင် ဖြစ်သည်။

မရဏကမ္ဘာ၊ ယင်ထျန်းဇီ !

နတ်နဂါးကျွန်းစု၊ လုံပါ့ထျန်း!

စစ်မှန်သော ဖီးနစ်လိုဏ်ဂူ၊ ဟွမ်လော့ရှင်း!

ထျန်းရှန်း ဂိုဏ်း၊ ချူးချန်ချင်း !

“အိုး..မင်းတို့ ပုရွက်ဆိတ်လေးကောင်လား?တခြားသူတွေရော မပါဘူးလား?”

စူးချန်ကဲသည် ပူးပေါင်းထားသော ထိပ်တန်း ပါရမီရှင် လေးယောက်ကို ရင်ဆိုင်‌နေရတာတောင် ၊ သူ၏ အကြည့်များက မထီမဲ့မြင်ဟန်ဖြင့် ဝင်းလက်တောက်ပနေဆဲပင် ဖြစ်သည်။

“ကျုပ် ချန်ကဲဆက်ခံသူရဲ့ အမည်ကို ကြားဖူးတာကြာခဲ့ပြီ ၊ဒီနေ့ တွေ့လိုက်ရတော့ တကယ်ကို မတူဘူးပဲ ၊ လူတွေပြောကြသလို တကယ်ကို မိုက်ရူးရဲဆန်သူပဲ”

ချူးချန်ချင်းသည် ကျောက်စိမ်း ခေါက်ယပ်တောင်ကို တဖျက်ဖျက် ယက်ခက်ရင်း ဆိုလေသည်။သူ့မျက်လုံးများတွင် မာနကြီးသော အရိပ်အယောင်များကို အတိုင်းသား မြင်တွေ့နေရသည်။

သူသည် ကောင်းကင်ဘုံ ခန္ဓာကိုယ်၏ သွေးအနွယ်ဝင် ဖြစ်ပြီး ၊ ထို့အပြင် သူထက် မညံ့သော ပါရမီရှင် သုံးဦးလည်း ရှိသေးသည်။သူ့အမြင်အရဆိုလျှင် ၊ တန်ခိုးကြီးမားသော မဟာသူတော်စင်ပင်လျှင် ယနေ့ကျဆုံးခြင်း၏ ကံကြမ္မာကို လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

“မင်းဘာလို့ ဒီလောက် လေပေါနေတာလဲ ၊တစ်ခါတည်း သေလမ်းပို့လိုက်တော့ “

လုံပါ့ထျန်း၏ မျက်လုံးများမှာ စူးရှ တောက်ပနေသည် ။သူသည် အခက်အခဲမျိုးစုံကို ကျော်ဖြတ်ကာ ၊ နောက်ဆုံးတွင် ကောင်းကင်ဘုံ အာဏာရှင် နဂါး၏ ပြီးပြည့်စုံသော အသွေးအသားကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည် ။ရည်ရွယ်ချက်မှာ ဤရွံရှာဖွယ်ကောင်းသော စူးချန်ကဲကို နှိမ်ကွပ်ရန်သာ ဖြစ်သည်။

သို့သော်လည်း လုံပါ့ထျန်း၏ အစွမ်းထက်သော ရောင်ဝါကို ခံစားရသော စူးချန်ကဲမှာမူ ကျေနပ်နေလေ၏။

သူသည် ဤကြက်သွန်မြိတ်ပင်ကို အချိန်အတော်ကြာ ကခုန်ခွင့်ပေးပြီးနောက်၊ နောက်ဆုံးတွင် ရိတ်သိမ်းရမည့် အချိန်ကို ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“စူးချန်ကဲ၊ ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး ငါ့အစေခံကို သတ်ခဲ့တဲ့ အပေါ် ၊ဒီနေ့ မင်းအသက်နဲ့ ပြန်လည်ပေးဆပ်ရမယ် !”

ယင်ထျန်းဇီ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုကို မြင်တွေ့နေရပြီး ၊သူ၏ ဘေးပတ်ပတ်လည်တွင် မရေမတွက်နိုင်သော သေခြင်းတရား၏ ရောင်ဝါများက တဟုန်းဟုန်း ထတောက်လျက် ရှိသည်။သူရှိရာ အရပ်၌ သရဲပင်လယ်ကြီး အဖြစ်သို့ ပြောင်းလဲသွားရသည်။

ကမ္ဘာပေါ်ရှိ အရာအားလုံးကို စားသုံးနေသော ထောင်ပေါင်းများစွာသော သရဲတစ္ဆေများ ရှိရာအရပ်ကဲ့သို့ပင်။

ဝုန်း!

နောက်ထပ် မီးလျှံများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အရာအားလုံးကို လောင်ကျွမ်းစေသည်။ ဖီးနစ်ဌက်၏ ဟစ်ကြွေးအော်မြည်သံသည် ဤကမ္ဘာသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး ၊ မီးလျှံများဖြင့် တောက်လောင်နေသော ၎င်း၏ အတောင်ပံများကို ဖြန့်ကြက်ထားလေသည်။

မီးလျှံများဖြင့် ဝန်းရံထားသော ဟွမ်လော့ရှင်းသည် အေးစက်သော အကြည့်ဖြင့် ဆိုလိုက်သည်။

“စူးချန်ကဲ ! နင့်ကိုသတ်ဖို့ အတွက်နဲ့ ၊ ငါအရမ်းကို ကြိုးစားထားတာ”

“ အဲ့လိုလား ၊ လက်စသတ်တော့ ဒါတွေအကုန်လုံး မင်းစီစဉ်ထားတာပေါ့?”

အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ စူးချန်ကဲ သိပ်တော့ မအံ့သြ‌ခဲ့ပေ။

ကွေးယွမ် ၏ ရှေးဟောင်းစာအုပ်များမှ တဆင့် ဖီးနစ်လိိုဏ်ဂူသည် ရှေး‌စစ်ပွဲတွင် ကွေးယွမ်ကြောင့် ရှုံးနိမ့်ခဲ့ရပြီး လက်စားချေရန် တချိန်လုံး အခွင့်ရှာနေသည်ကို သူ သိထားသည်။

ဟွမ်လော့ရှင်းသည် အဓိက အင်အားစုများ၏ ထိပ်တန်း ပါရမီရှင်များကို စုစည်းနိုင်ခဲ့သည်။ဆိုလိုသည်မှာ သူမသည် ဤအရာကို အချိန်အတော်ကြာ စီစဉ်နေခဲ့ခြင်း ဖြစ်သည်။

“သူတော်စင်နယ်မြေရဲ့ ဆက်ခံသူ ကို ပို့ဆောင်ပေးမယ့် ပွဲကြီးမှာ တို့တွေ စည်စည်ကားကား ဆင်နွဲကြတာပေါ့”

ဟွမ်လော့ရှင်း၏ စကားအဆုံးတွင်

ကွဲအက်သံ !

ကောင်းကင်ယံထက်တွင် အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာခဲ့ပြီး ၊၎င်းအက်ကွဲကြောင်းများထဲမှ ငယ်ရွယ်သော အသွင်ပုံရိပ်များ တစ်ခုပြီး တစ်ခု ထွက်လာခဲ့သည်။

၎င်းတို့မှာ ရာနဲ့ချီသော ပါရမီရှင်များပင် ဖြစ်သည်။

ခေါင်းဆောင် လေးယောက်နည်းတူ အစွမ်းမထက်သော်လည်း ၊သို့သော် အလွန် သန်မာပြီး လူကို ကြောက်ဖို့ကောင်းသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။

“ ဆက်ခံသူ သခင်ကို စောင့်ရှောက်ကြဟေ့!”

စူးချန်ကဲ၏ နောက်လိုက် ဖြစ်သော ကွေးယွမ် တပည့်များစွာတို့သည် လေးနက်သော အမူအရာများဖြင့် စူးချန်ကဲ၏ ရှေ့၌ မားမားမတ်မတ် ရပ်တည်ကာ အသင့်ပြင်ထားကြသည်။

သူတို့၏ မျက်လုံးများကို ကြည့်ခြင်းအားဖြင့် ၊ သူတို့အနေဖြင့် စူးချန်ကဲကို မည်သူမျှ ထိခိုက်ခွင့် မပြုနိုင်သလို ၊ စူးချန်ကဲ၏ ဖြစ်တည်မှုသည် သူတို့အတွက် လွန်စွာ အရေးပါသည်ကို သိရှိနိုင်သည်။

“ဟားဟား ၊ မင်းတို့ ဆက်ခံသူအတွက် စိတ်မပူနဲ့၊ မင်းတို့ အားလုံးလည်း သေရမှာပဲ!”

“သွား! သူတို့ကို သတ်ကြ ၊ ကွေးယွမ် တပည့်ရဲ့ဦးခေါင်းကို ဖြတ်နိုင်တဲ့သူ ရှိရင် ၊ ငါ ထျန်းဇီက မသေဆေး ပေးမယ် !”

ယင်ထျန်းဇီ ၏ စကားများသည် လူတိုင်း၏ နှလုံးသားထဲက အလိုလောဘကို လောင်ကျွမ်းစေခဲ့သည်။

မသေဆေး !

ထိုဆေးသည် အသုံးပြုသူ၏ အသွေးသားတို့ကို တိုးမြှင့်ရာတွင် အထောက်အကူ ပြုပေးနိုင်ပြီး ၊ အလွန်ရှားပါးသော အခွင့်အရေး တစ်ရပ်ပင် ဖြစ်သည်။

“သေချင်နေတဲ့ကောင်!”

ထာဝရ အင်အားစု အုပ်စုများ၌ လူအများအပြားရှိသော်လည်း၊ သို့သော် ကွေးယွမ်၏ တပည့်များသည်လည်း ဒီလောက်ထိ အားမနည်းပေ။

ဝုန်း!

တခဏချင်းမှာပင်၊ စစ်မြေပြင်၌ အမျိုးမျိုးသော အလင်းတန်း ပေါက်ကွဲမှုများ ဆက်လက် ဖြစ်ပေါ်ခဲ့သည်။

ဝူး !

ဤအခိုက်အတန့်တွင် သွေးနီရောင် နတ်ဆိုးနဂါးသည် ဝေဟင်မှ ရုတ်တရက် ဆင်းသက်လာခဲ့သည်။

သွေးနတ်ဆိုး နဂါး!

အနက်ရောင် နဂါးအတောင်ပံကြီးသည် ကောင်းကင်ယံတွင် တွဲလောင်းကျနေသော တိမ်တိုက်များလိုပင်။ ၎င်း မှုတ်ထုတ်လိုက်သော အနီရောင် နှာငွေ့သည် ပါရမီရှင်များကို တုံ့ပြန်ချိန်တောင် မရလိုက်ဘဲ သွေးအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

ဟိန်းသံ! !

ဒါတင်မကသေးဘဲ ၊ နောက်ထပ် ထိတ်လန့်ဖွယ်ရာ ကောင်းသော ဟစ်အော်သံ နှစ်သံ ထွက်ပေါ်လာခဲ့သည်။၎င်းတို့သည် အနှစ်တစ်သိန်း သက်တမ်း ဝိညာဉ်ကွင်းများကို ပိုင်ဆိုင်ထားသော ကောင်းကင်ပြာတိမ်တိုက် စပါးအုံ နှင့် ဧရာမ ဝံပုလွေကြီးတို့ ဖြစ်ကြပြီး၊ ၎င်းတို့သည် ရုတ်ချည်း ရောက်ရှိလာခဲ့သည်။

ထန်ဝူအာ ဆင့်ခေါ်ခဲ့သည့် ဧရာမ သားရဲသုံးကောင်သည်လည်း ဤစစ်ပွဲကို ဆင်နွဲရန် စတင် ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

တဖက် ရန်သူ၏ နောက်ဆုံး ထွက်သက်သံသည် နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်လို့ နေချေပြီ။

ဝုန်း !

ထိတ်လန့်စရာကောင်းသော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လို့အပြီးတွင် ၊ စူးချန်ကဲသည် အရင် တိုက်ခိုက်လာသော ယင်ထျန်းဇီကို သူ့ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

သူ့ လက်သီးပေါ်က ခပ်ဖျော့ဖျော့ အနက်ရောင် စွမ်းအင်များကို ကြည့်ရင်း ၊စူးချန်ကဲ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“ဝိညာဉ်စွမ်းအင်ကို ပျက်စီးစေနိုင်တဲ့ သေခြင်းတရား စွမ်းအင်?”

“နည်းနည်းတော့ ထူးဆန်းသား”

ထိုအချိန်တွင် ၊ သူ၏ ခေါင်းထက်၌ တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။

လုံပါ့ထျန်းသည် ဧရာမ နဂါးခေါင်း၏ အသွင်ရိပ်ကို ဖော်ဆောင်ကာ စူးချန်ကဲအား နှိပ်ကွပ်ရန် ဆင်းသက်လာခဲ့သည်။

“သေစမ်း!”

အဆုံးမရှိသော နဂါးစွမ်းအင်တို့သည် ပေါက်ကွဲလာသော ကြယ်တစ်ပွင့်အလား။

ဤပြင်းထန်သော ပေါက်ကွဲသံများကြားတွင် ဆူညံသံများ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။

ဝုန်း! !

တခဏချင်းမှာပင် ၊ ဝိညာဉ်စွမ်းအင်တွေ တဟုန်ထိုး အုံကြွလာခဲ့ပြီးး ၊ အသံလှိုင်းများသဖွယ် အရပ်ရပ်ကို ပျံ့နှံ့သွားလေသည်။

လုံပါ့ထျန်း မျက်လုံးပြူးလျက်သား ၊ သူ့ရှေ့က မြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေမိသည်။

စူးချန်ကဲသည် သူ့ကိုတောင် နောက်ပြန် လှည့်မကြည့်ဘဲ ၊ ဘယ်လက်ဖြင့် သူ့လက်သီးကို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ပြခဲ့သည်။

လုံပါ့ထျန်း တစ်ယောက် ထိတ်လန့်နေတုန်း ၊ စူးချန်ကဲ၏လက်သည် ရုတ်ချည်း ပူပြင်းလာသည်ကို လုံပါ့ထျန်း ခံစားမိလိုက်သည်။

ဘုန်း!!

ပူပြင်းတောက်လောင်သော မီးလျှံများ ထွက်ပေါ်လာခဲ့ပြီး ၊ ၎င်းမီးလျှံ၏ အပူချိန်သည် နေရာတစ်ခုလုံးကို ချက်ချင်း လောင်ကျွမ်းသွားစေသည်။ပွက်ပွက်ဆူနေသော မီးလျှံများသည် မီးနဂါး အဖြစ်သို့ ပြောင်းလဲသွားပြီး လုံပါ့ထျန်းကို ပေါက်ကွဲပစ်လိုက်သည်။

လုံပါ့ထျန်းတစ်ယောက် လွင့်ပျံသွားပြီး အောက်ကျသွားတော့မည်ဆဲ‌ဆဲ ၊

ကျယ်လောင်သော ဖီးနစ်အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဘုန်း ဘုန်း!

မီးလျှံများဖြင့် တောက်လောင်နေသော ဖီးနစ်တစ်ကောင်သည် လျှပ်စီးကြောင်း အရှိန်ဖြင့် စူးချန်ကဲ‌ရှိရာ ဧရိယာတစ်ဝိုက်တွင် ပေါက်ကွဲမှုတစ်ခုကို လုပ်ဆောင်ခဲ့သည်။

ပေါက်ကွဲသွားခဲ့သော မီးတောက်များသည် ကောင်းကင်ယံမှ မီးစများသဖွယ် တစ်ခုပြီးတစ်ခု ကျရောက်လာခဲ့သည်။

သို့သော် ထိုဖြစ်ရပ်ကြီး မပြီးဆုံးသေးခင် ၊

ချူးချန်ချင် တိုက်ခိုက်မည့် သူ၏ ဖွဲ့စည်းမှုမှာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။

“ထျန်းရှန်း စီရင်ချက် ၊ ကျဆုံးစေ!”

ထောင်နှင့်ချီသော ဝိညာဉ်စွမ်းအင်များ အုံကြွလာခဲ့ပြီး ၊မရေမတွက်နိုင်သော နိယာမများဖြင့် ရောယှက်ထားသည့် မြင့်မားသော တောင်တန်းကြီးသဖွယ် ပြောင်းလဲဖြစ်ပေါ်ကာ စူးချန်ကဲရှိရာ ဧရိယာဆီသို့ ကျရောက်လာခဲ့သည်။

ဘုန်း !!

နိယာမတရားဖြင့် အခြေတည်ထားသော တောင်တန်းကြီး ကျရောက်လာသည်နှင့်အမျှ ၊ ထောင်နှင့်ချီသော ဖုန်မှုန့်များကို ထွက်ပေါ်စေသည်။

၎င်းပေါ်တွင် စီးဆင်းနေသော ခရမ်းရောင် စွမ်းအားသည် မိုးခြိမ်းသံနှင့်အတူ ဟစ်ကြွေးအော်မြည်နေ၏။

ဝီ! !

မှော်သင်္ကေတတို့သည်လည်း တဖန် တုန်လှုပ်မြည်ကြွေးနေကြပြီး ၊ နိယာမတရားဖြင့် အခြေတည်ထားသော တောင်တန်းကြီး၏ ရောင်ဝါတို့သည် ပို၍ ဝင်းလက် တောက်ပလာခဲ့သည် ။

ဝုန်း!

အဆုံးမရှိသော ဝိညာဉ်စွမ်းအင်တို့သည် အရူးအမူး ထကြွလာပြီး၊ ထောင်နှင့်ချီသော မိုးခြိမ်းသံများ ဖြစ်ပေါ်လာသည်။မိုးခြိမ်းသံမှ ကျန်ရှိသော စွမ်းအားသည် ဤကမ္ဘာမြေကြီးကို စစ်ဘေးဒဏ်သင့်ရာ နယ်မြေအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။

ပြိုးပြိုးပြက်ပြက် ရှိသော ခရမ်းရောင်အလင်းတန်းသည် ကမ္ဘာကို လွှမ်းခြုံသွားခဲ့သည်မှာ မိုးခြိမ်းသံများဖြင့် ပြည့်နှက်နေသော သမုဒ္ဒရာကြီးလိုပင်။

လူတိုင်း ထိုမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေကြပြီး ၊ကြီးကျယ်ခမ်းနားသော ပါရမီရှင်များ၏ ပြင်းထန်သော တိုက်ခိုက်မှုများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

သူတို့ အားလုံး မိမိ ကျွမ်းကျင်ရာ ပညာရပ်များကို အသုံးပြုနေကြသော်လည်း ၊ သူတို့မျက်စိရှေ့တွင် ရှ်ိနေသော ဖုန်အခိုးအငွေ့များကြားထဲက လူတစ်ယောက်ကိုတော့ သတိရှိရှိ ကြည့်နေကြသည်။

“မဆိုးဘူး၊ ပူးပေါင်းဆောင်ရွက်တာ အရမ်းကောင်းတယ်”

အခိုးအငွေ့များ တဖြေးဖြေး ပျောက်ကွယ်သွားသည်နှင့် စူးချန်ကဲ၏ ပုံရိပ်သွင်ပြင်မှာ ထွက်ပေါ်လာခဲ့သည်။

တဖန် သူတို့ကို ထိတ်လန့်သွားစေသည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ယင်းမှာ ပြင်းထန်သော မိုးကြိုးအောက်တွင် စူးချန်ကဲသည် မည်သည့်ဒဏ်ရာ တစ်စိုးတစိမျှ မရှိဘဲ

ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“ ဒါ ဘယ်လိုဖြစ်ရတာလဲ!?”

“စူးချန်ကဲ ၊ မင်းဘယ်လို နည်းလမ်းတွေ သုံးခဲ့တာလဲ!”

တိုက်ပွဲ၏ ရလဒ်ကို ဦးစွာ ဆုံးဖြတ်ထားခဲ့သော ယင်ထျန်းဇီ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ဒေါသတကြီးဖြင့် ဟောက်ငမ်းလိုက်သည်။

စူးချန်ကဲ ကို အနိုင်ယူဖို့ မလွယ်မှန်း စိတ်တွင် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ၊

ဒါပေမဲ့ တစက်ကလေးမှတောင် မထိခိုက်ဘူးတဲ့လား!?

အပိုင်း(၁၅၆): အဆုံးသတ်ဖို့အချိန်တန်ပြီ။

“အရမ်း အံ့သြသွားကြတာလား?”

“ ငါ့အမြင်အရတော့ ၊ ဒါတွေအားလုံးက ငါ မျှော်လင့်ထားသလိုပါပဲ “

စူးချန်ကဲ၏ နှုတ်ဖျားပေါ်တွင် မဲ့ရွဲ့သော အပြုံးတစ်ခု လှစ်ဟသွားရင်း ၊ သူ၏ အဖြူရောင်ဝတ်ရုံကို ဖုန်ခါချလိုက်သည်။

သူ့တွင် နတ်ချပ်ဝတ်တန်ဆာ ရှိသည်မဟုတ်လော။ ဒါတင်မက စုပ်ယူသူတော်စင် ခန္ဓာကိုယ်၊ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း နှင့် ချန်ရှန်းအရိုးလည်း ရှိသေးသည်။

သူတို့ကို ရိုက်ဖို့ ခွင့်ပေးထားရင်တောင် ၊ဘာလို့ မဖြစ်နိုင်စရာ အကြောင်းရှိမှာလဲ?

“ ဒီတိုင်း မိုးလေးဖွဲဖွဲ ရွာပြီး မိုးခြိမ်းသံ ဆူညံသွားရုံလေးပဲလေ “

သူ၏ စကားဆုံးသည်နှင့် ၊မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း၏ အငွေ့အသက်ကို လှုံ့ဆော်လိုက်ရာ ၊၎င်း၏ အရှိန်အဝါတို့သည် နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။သူ၏ အဖိုးတန် ခန္ဓာကိုယ်သည် ကျောက်စိမ်းကဲ့သို့ ကြည်လင်လျက် ၊မျက်စိကျိန်းလောက်အောင် တောက်ပသွားသည်။

စူးချန်ကဲ၏ ခန္ဓာကိုယ်နောက်တွင် ၊ ခမ်းနားထည်ဝါသော ဓမ္မကာယ ခန္ဓာကိုယ်ထည် ပေါင်းစပ် ဖွဲ့စည်းသွားခဲ့ပြီ ဖြစ်သည်။ယခုအချိန်တွင် သူ၏ ဓမ္မာကာယ ခန္ဓာကိုယ်ထည် လုံးလုံးလျားလျား ခိုင်ခံ့မာကြောခဲ့ပြီး ဖြစ်ရာ အရင်ကထက် ပိုကြောက်စရာ ကောင်းလာသည်။

“ဓမ္မကာယ ခန္ဓာကိုယ်ထည်!? စူးချန်ကဲက ဘယ်လိုဖြစ်ပြီး ဓမ္မကာယ ခန္ဓာကိုယ်ထည်ကို ပေါင်းစည်းနိုင်ခဲ့တာလဲ!?”

ချုးချန်ချင်အနေဖြင့် မူလက ရှိနေခဲ့‌သော တည်ငြိမ်မှုများမှာ ပျောက်ဆုံးသွားခဲ့လေပြီ။ သူ၏ မျက်ဝန်းထဲ၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

ဓမ္မကာယ ခန္ဓာကိုယ်ထည်သည် ဝိညာဉ်စွမ်းအားကို လမ်းညွှန်ပြီး ၊ပညက်တရားကို ခန္ဓာကိုယ်အဖြစ် ယူဆောင်သည်။သန့်ရှင်းသော စိတ်နှလုံးသားဖြင့် ကောင်းကင်ဘုံ၏ ခန္ဓာကိုယ်ကို ဖွဲ့စည်းသည် ။ဤအရာသည် ဓမ္မကာယ ခန္ဓာကိုယ်ထည်ပေတည်း။

သို့သော် ဤအရာမျိုးကို သူတော်စင် အရှင် အဆင့်ရှိ ပုဂ္ဂိုလ်သာလျှင် အသုံးပြုနိုင်သည်။သို့ဆိုတောင် ဖွဲ့စည်းနိုင်သော ဓမ္မကာယ ခန္ဓာကိုယ်ထည်တွင် အနှစ်သာရနှင့် ချီစွမ်းအင်တို့မှာ လွန်စွာ နည်းပါးသည်။မည်သို့ပင်ဆိုစေကာမူ ၊အောင်မြင်ဖို့ အလွန်နည်းပါသည်။

သို့သော် စူးချန်ကဲသည် သူတော်စင်အရှင် ထက် နိမ့်ကျသော အဆင့်ဖြစ်လျက်သားနဲ့၊ အဘယ့်ကြောင့် ဓမ္မကာယကိုယ်ထည်ကို ဖွဲ့စည်းနိုင်ခဲ့သနည်း။

“ကောင်းကင်ကြီး ဘယ်လောက်ကျယ်တယ် ဆိုတာ ပုရွက်ဆိတ်တွေက ဘယ်လိုလုပ် သိမှာလဲ”

“ နှိပ်ကွပ်စေ!”

ဝုန်း!

စူးချန်ကဲသည် သူ့လက်တဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ၊ တစ်ချိန်တည်းမှာပင် သူ၏ ဓမ္မကာယ ကိုယ်ထည်သည်လည်း ထိုကဲ့သို့ ပြုမှုဆောင်ရွက်လာသည်။

“ သေစမ်း ! အဲ့သေနာကောင်က ငါ့ကို အရင်စပြီး တိုက်ခိုက်တယ်ပေါ့၊ ငါ ကြောက်မယ်လို့ ထင်နေလား!”

သူ့အား နှိပ်ကွပ်ရန် ရောက်လာသော ဧရာမ လက်ဝါးပြင်ကြီးကို ‌ကြည့်ရင်း ၊လုံပါ့ထျန်းတစ်ယောက် အမျက်ဒေါသဖြင့် ကျိန်ဆဲလိုက်သည် ။

တန်ခိုးကြီးမားသော နဂါးစွမ်းအင်များသည် သူ့ခန္ဓာကိုယ်တွင် ထွက်ပေါ်လာလေသည်။

တစ်ချိန်တည်းမှာပင် ၊ ကောင်းကင်နှင့် မြေကြီးကိုတောင် မျိုချနိုင်ပုံရသော ဧရာမနဂါးကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ဖြာထွက်နေသော ၎င်း၏ ရောင်ဝါသည် ကောင်းကင်နှင့် မြေကြီးကိုတောင် တိုက်ထုတ်နိုင်ပေသည်။

ရှေးဟောင်း စွမ်းအားတစ်မျိုး ဖြစ်ပေရာ ၊ ကြည့်ရှုသူတိုင်းကို အံ့အားသင်သွားစေသည်။

“ ဒါကောင်းကင်ဘုံ အာဏာရှင်နဂါးရဲ့ အသွင်ပုံရိပ်လား?”

“ ဒီကောင်စုတ် တကယ်ပဲ ထုတ်သုံးလာခဲ့မယ်လို့ ထင်မထားဘူး”

ဟွမ်လော့ရှင်း၏ လှပသော မျက်ဝန်းများသည်လည်း အံ့သြမှုအပြည့်ဖြင့်။ကောင်းကင်ဘုံ အာဏာရှင်နဂါးသည် နဂါးမျိုးနွယ်စုတွင် အစွမ်းထက်ဆုံးသော တည်ရှိမှုတစ်ခု ဖြစ်ပြီး ၊ ရှေးယခင်က ကောင်းကင်နဲ့ မြေကြီးကိုတောင် လှုပ်ခါစေကာ နတ်ဘုရားနှင့် ဗုဒ္ဓဘုရားကို‌တောင် တိုက်ထုတ်နိုင်သည်ဟု ဆိုကြသည်။

လုံပါ့ထျန်းသည် ဤကြောက်စရာကောင်းသော အသွင်ပုံရိပ်၏ အောက်တွင် ရပ်နေပြီး ၊ တာအိုလမ်းစဉ်၏ ဆန္ဒတို့သည် သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းနေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်၌ နဂါးအကြေးခွံဖြူများ တဖြည်းဖြည်း ထွက်ပေါ်လာပြီး ၊ နဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းသွားသည်။လုံပါ့ထျန်း၏ ‌ရောင်ဝါသည် ယခင်ကထက် ပို၍ ကြောက်စရာကောင်းလာသည်။

“သတ်!”

နောက်ဆုံးတွင်၊ နဂါးအကြေးခွံများက သူ့အရေပြားကို လုံးဝဖုံးလွှမ်းသွားချိန်၌ ၊ သူ၏ ရောင်ဝါသည် အထွတ်အထိပ် အဆင့်သို့ ရုတ်ချည်း ရောက်ရှိသွားခဲ့သည်။

သူ၏ မျက်လုံး၌ တုနှိုင်းမရနိုင်သော နတ်အလင်းရောင်တစ်ခု လင်းလက်သွားသည်။ ယခုအချိန်သည် သူ၏ ဘုန်းအသရေကို ပြန်လည်ရယူပြီး ၊ လက်စားချေရမည့် အချိန်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။

“လာ ၊ မင်းရဲ့ရှိုးပွဲ စတင်လိုက်စမ်းပါ”

စူးချန်ကဲသည်လည်း အံ့အားသင့်သွားခဲ့သည်။သို့သော် အနည်းငယ်မျှသာပင်။

ဘာပဲဖြစ်ဖြစ် ၊ ဒီကြက်သွန်မြိတ်ကို သူ မွေးမြူထားတာ မဟုတ်ဘူးလား။

ဝေါင်း ! !

ကြီးကျယ်ခမ်းနားသော နဂါးစွမ်းအင်သည် တဟုန်းဟုန်း တောက်လောင်နေသော သမုဒ္ဒရာကြီးအလား ထင်မှတ်ရပြီး ၊ ဖွဲ့စည်းထားသော ဧရာမ နဂါးခေါင်းကြီးသည် စူးချန်ကဲ ဆီသို့ ထိုးကျလာခဲ့သည်။

“ဒါဆိုလည်း ၊ ပြပေးရတာပေါ့”

စူးချန်ကဲသည် လက်ဖဝါးကို လက်သီးအဖြစ် အသွင်ပြောင်းကာ ထိုးနှက်လိုက်သည်။လက်သီးအလင်းသည် တဖျပ်ဖျပ် ရိုက်ခတ်နေပြီး၊ သူ့ခန္ဓာကိုယ်ထဲရှိ မရေမတွက်နိုင်သော လုံရှန့်အလင်းမှုန်များသည် လှုပ်ရှားထကြွလာခဲ့သည်။လုံရှန့်ဖိနှိပ်စွမ်းအားသည် တောင်နှင့် ပင်လယ်များပင်လျှင် ချိုးဖျက်နိုင်ပြီး ၊ သူ၏လက်သီးချက်သည် ကောင်းကင်ကိုတောင် ကွဲသွားစေနိုင်သည်။

“လုံရှန့် ကောင်းကင်ကို ဖြိုခွဲခြင်း လက်သီး!”

ဝုန်း ! !

လက်သီးနှင့် နဂါးတို့ကြားက ထိပ်တိုက်ရင်ဆိုင်မှုသည် ပြင်းထန်သော ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ၊မိုးခြိမ်းသံများ ဆူညံသွားစေသည်။ အဆုံးမရှိ‌သော နဂါးစွမ်းအင်တို့သည် ပျံသန်းနေသော နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားကာ၊ မိုးခြိမ်းသံအလား ကြွေးကြော် မြည်ဟိန်းနေသော နဂါးနှင့် လက်သီးပြင်းအားတို့ ကြားက တိုက်ပွဲသည် လူကို ရင်သက်ရှူမောဖွယ်ရာ ဖြစ်စေသည် ။

အင်တာနက်ထဲကလို ရှေးဟောင်း ဥက္ကာခဲနှစ်လုံး ဝင်တိုက်မှုသည် ကမ္ဘာကြီးကို လောင်မြိုက်စေသော မီးတောက်များနှင့် ပြည့်နှက်သွားစေသည်။

စစ်မြေပြင်၏ တခြားတစ်နေရာစီမှ ပေါ်ထွက်လာသော နတ်အလင်းတန်းများသည် ဤကြီးမားလှသော ကြယ်အလင်းစုကြီး၏ ရှေ့တွင် သာမန်မီးရှူးမီးပန်းများကဲ့သို့ အလွန်သေးငယ်ပေသည်။

ဝုန်း! !

အသွင်ပုံရိပ်တစ်ခုသည် အဝေးတစ်နေရာသို့ လွှင့်ပျံကျသွားခဲ့သည်။၎င်း၏ ထိုးကျသွား‌သော အရှိန်ကြောင့် ထိုဧရိယာတဝိုက်တွင် ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်ပေါ်ခဲ့ရသည်။

လုံပါ့ထျန်း၏ ပါးစပ်ထောင့်တွင် သွေးများဖြင့် စွန်းထင်းနေပြီး ၊ သူ၏လက်တစ်ဖက်မှာ ပျောက်ဆုံးသွားခဲ့ရသည်။

“ဟင့်အင်း... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”

သူ့စိတ်တွေ တုန်လှုပ်နေပြီး၊ တစ်ချိန်တည်းမှာပင် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။

ဘာလို့လဲ!

သူသည် ကောင်းကင်ဘုံ အာဏာရှင် နဂါး၏ ပြီးပြည့်စုံသော အသွေးအသားကို စုစည်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း ၊ အဘယ်ကြောင့် စူးချန်ကဲကို သူ မယှဉ်နိုင်ခဲ့ရသနည်း။

ဟွမ်လော့ရှင်း ၊ယင်ထျန်းဇီ နှင့် ချုးချန်ချင်းတို့မှာ လေးနက်သောအမူအရာများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ လုံပါ့ထျန်းသည် အားအင်အပြည့်ဖြင့် ပေါက်ကွဲခဲ့သော်လည်း အလွယ်တကူပင် ရှုံးနိမ့်သွားခဲ့ရသည်။

စူးချန်ကဲ၏ စွမ်းအားသည် သူတို့ မျှော်လင့်ထားတာထက်ကို များစွာ ကျော်လွန်နေခဲ့သည်။

“အတူတူတတ်ကြ!”

ဟွမ်လော့ရှင်း၏ နက်ရှိုင်းသောမျက်ဝန်းအစုံ၌ အဆုံးမဲ့မီလျှံများက တဟုန်းဟုန်း တောက်လောင်လာခဲ့ပြီး ၊ အဆုံးစွန်သော အပူချိန်ရှိသည့် မီးလျှံကြာသည် ထွန်းလင်းတောက်ပလာခဲ့သည်။

သူမ၏ ရောင်ဝါသည် သိသိသာသာ မြင့်တက်လာခဲ့သည်။ဤအရာသည် သူမ၏ ဖီးနစ်သခင်မှ သူမအား ပေးခဲ့သော လျှို့ဝှက်ရတနာပင် ဖြစ်သည်။

ယခုအချိန်မှ ထုတ်မသုံးတော့ရင် ၊ နောင်တွင် အခွင့်မရှိမည်ကို စိုးရသည်။

“ ‌ဖီးနစ် ကောင်းကင်ဘုံကိုးထပ်မှ ဆင်းသက်လာခြင်း​!”

ဝုန်း!!

ကောင်းကင်ကို ဖုံးလွှမ်းနေသော ဖီးနစ်ဌက် ကိုးကောင်၏ အသွင်ပုံရိပ်သည် ကောင်းကင်ဘုံ၏ မီးလျှံများ အောက်သို့ ကျရောက်လာသည့်အတိုင်း ၊ မီးလျှံများ တစ်ကြိမ် ရိုက်ခတ်သွားတိုင်း ဖီးနစ်ဌက်၏ အသွင်ပုံရိပ်သည် ပို၍ ထင်ရှားလာသည်။

မီးတောက်နေသော ဥက္ကာခဲကြီးကိုးလုံးကဲ့သို့ အလွန်လှပသော ဖီးနစ်ဌက်ကိုးကောင်၏ အသွင်ပုံရိပ်သည် စူးချန်ကဲဆီသို့ ဆင်းသက်လာလေသည်။

သို့ဆိုတောင် ဤတိုက်ခိုက်လာမှုအပေါ် စူးချန်ကဲ လုံးဝဂရုမစိုက်ပေ။

“တူညီတဲ့ လှုပ်ရှားမှုမျိုး ၊ နောက်တစ်ကြိမ် ထပ်လာတောင် အသုံးဝင်မှာ မဟုတ်ဘူး”

နတ်သတ်ဓား၏ ဆန္ဒသည် နတ်ဆိုးများကို သတ်ရန် ကြံရွယ်ခဲ့လေပြီ!

ဝီ!

နေကဲ့သို့ ပူပြင်းတောက်ပသော ဓားတစ်လက်သည် ကောင်းကင်၌ လင်းလက်သွားသည်။

“ဖီးနစ်?”

“ဒီနေ့ ငါ သူ့ကိုသတ်ပြမယ် “

စူးချန်ကဲသည် တိုးတိုးလေး ရေရွတ်လိုက်သည်။

တောက်ပသော ဓားစွမ်းအင်သည် ကောင်းကင်ကို ပစ်ခွင်းသွားသည်။ဓားစွမ်းအင် ဖြတ်သန်းသွားလေရာ နေရာတိုင်း ၊ ဖီးနစ်ဌက်များ အော်ဟစ်မြည်ကြွေးရလေသည်။ ကောင်းကင်ယံ၌ ပြည့်နှက်နေသော မီးလျှံများသည် တစ်ခုပြီးတစ်ခု ပြုတ်ကျလာခဲ့သည်။

သွေးအန်သံ !!

မီးလျှံများ ပေါက်ကွဲသွားသော အသံသည် ကမ္ဘာတစ်ဝှမ်းတွင် တုန်လှုပ်မြည်ဟည်းသွားခဲ့ပြီး ၊ ဖီးနစ်ဌက် ကိုးကောင်၏ အသွင်ပုံရိပ်သည် မီးရှူးမီးပန်းများကဲ့သို့ ရုတ်တရက် ပေါက်ကွဲသွားခဲ့လေသည်။

ဓားစွမ်းအင်သည် အရှိန်လျော့သွားခြင်း မရှိဘဲ တုန်လှုပ်ခြောက်ခြားနေသော ဟွမ်လော့ရှင်း ဆီသို့ ဦးတည်သွားပြန်သည် ။

ရုတ်​တရက်​၊ တသိမ့်သိမ့် ရိုက်ခတ်နေသော ဓားစွမ်းအင်​တို့သည် သူမကို လွှမ်းခြုံသွားခဲ့‌သည်။

သို့သော် ၊ စူးချန်ကဲဘက်မှ ဘာမှ မလှုပ်ရှားသေးခင် ၊ ထူးဆန်းသော အရာတစ်ခုကို သတိထားမိလိုက်ရာ စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။

ဘယ်အချိန်ကမှန်းမသိ ရောက်ရှိနေသော အနက်ရောင် ရေများက သူ၏ ခြေဖဝါးအောက်တွင် ရှိနေပြီး ၊၎င်းရေမည်းများသည် ပျစ်ချွဲချွဲနှင့် ပုပ်စော်နံစော်နေသည်။

“ဝါးမျိုခြင်း တစ္စေနယ်ပယ်၊ ဖွင့်စေ!”

ယင်ထျန်းဇီသည် ကျယ်လောင်စွာ အော်လိုက်သည်။

အနက်ရောင်ရေများသည် အသက်ဝင်လာသည့်အတိုင်း စူးချန်ကဲ၏ ခြေဖဝါးအောက်တွင် ရုတ်တရက် ပေါက်ကွဲသွားပြီး ၊ မှင်နက်များအလား စူးချန်ကဲကို ဖုံးအုပ်သွားလေသည်။

အဆုံးမရှိသော အမှောင်ထုထဲတွင် သေခြင်းတရား၏ စွမ်းအားများ ပါဝင်နေပြီး ၊၎င်းအရာတို့သည် မရဏဘုံ၏ အနက်ရှိုင်းဆုံးအပိုင်းမှ ဆင်းသက်လာပုံ ရသည်။

အမှောင်ထုကြီးသည် စူးချန်ကဲကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရ‌ချိန်တွင် ၊ ယင်ထျန်းဇီ၏ နှုတ်ဖျားပေါ်၌ လှောင်ပြောင်အပြုံးတစ်ခု လှစ်ဟသွားခဲ့သည်။

“ဟားဟား ၊စူးချန်ကဲက ငါ့ရဲ့ နတ်တစ္ဆေသွေးနဲ့မှ ခံရတော့တယ် “

“ မင်း ကောင်းကောင်းကြီး ခံစားလိုက်စမ်း!”

ထိတ်လန့် တုန်လှုပ်ဖွယ်ရာကောင်းသော နတ်တစ္စေသွေးကို ထပ်ပြီး မိတ်ဆက်ပေးရန် လိုအပ်မည် မထင်။၎င်းသည် ဝိညာဉ်စွမ်းအင်ကို ဝါးမျိုပြီး ၊ တာအို ခန္ဓာကိုယ်ကို ဆွေးမြေ့ပျက်စီးစေသည်။ နတ်တစ္စေသွေးကို ကိုင်တွယ်ဖြေရှင်းရန်မှာ အဲ့လောက်ထိ မလွယ်ကူချေ။

“ ဆက်ခံသူ သခင်!”

စူးချန်ကဲအား ထူးဆန်းသော အနက်ရောင်ရေ တစ်မျိုးက ဝါးမျိုလိုက်သည်ကို မြင်တွေ့လိုက်ရသော ကွေးယွမ် တပည့်သားများသည် စိုးရိမ်တကြီးဖြင့် စူးချန်ကဲကို ကယ်ထုတ်ရန် ဟန်ပြင်လိုက်ကြသည်။

“စိတ်မပူနဲ့ မင်းတို့အားလုံးကိုလည်း ငရဲကို ပို့ပေးမယ် !”

ယင်ထျန်းဇီသည် အထူးသဖြင့် ဒေါသထွက်နေသော ယွင်ရှင်းယန်ကို အလိုလောဘဖြင့် စိုက်ကြည့်လိုက်ရင်း ဆိုလေသည်။

“စူးချန်ကဲက ငါ့နောက်လိုက်မိန်းကလေးကို သတ်လိုက်တယ်ဆိုတော့၊ အဲ့အစား မင်းပြန်ဆပ်သင့်တယ်!”

“နင်နဲ့ တန်လား!?”

ယွင်ရှင်းယန်မှာ အမျက်ဒေါသ အပြည့်ဖြင့်။စူးချန်ကဲ မှလွဲ၍ သူမသည် မည်သူ့နောက်လိုက် မှ လုပ်ဖို့ စိတ်ကူးမရှိချေ။

ရေစွမ်းအင်များသည် ကောင်းကင်ကို လွှမ်းခြုံသွားပြီး ကြီးမားသော ရေဖီးနစ် အဖြစ်သို့ ပြောင်းလဲသွားသည်။အဆုံးမရှိသော ရေဝိညာဉ်စွမ်းအားတို့သည် အုံကြွလာလေသည်။

ယွင်ရှင်းယန်သည် ယင်ထျန်းဇီအား တိုက်ခိုက်ခဲ့လေပြီ ။

“ ချီးမြှင့်တဲ့ သေရည်ကြ မသောက်ချင်ဘူး၊ပြစ်ဒဏ်သေရည်မှ သောက်ချင်နေတော့လည်း ငါ့အပြစ် မဆိုနဲ့ !”

ယင်ထျန်းဇီ၏ မျက်နှာမှာ အေးစက်နေသည်။စူးချန်ကဲ၏ အစေခံကို သူ ကောင်းကောင်း သင်ပြဖို့ လိုအပ်နေလေပြီ။

ထန်ဝူအာဘက်တွင်မူ ၊သူမသည် ချူးချန်ချင်း၏ တားစီးခြင်းကို ခံထားရသည်။

“မိန်းကလေး ကျွန်တော်နဲ့ အချစ်ဇာတ်လမ်းလေး မစချင်ဘူးလား”

“နင်!သူခိုးကများ အတင့်ရဲလိုက်တာ!”

မည်သို့ပင်ဖြစ်စေ ၊စူးချန်ကဲသည် ယခုအခါတွင် မရှင်းမလင်း သေသွားခဲ့ပြီ ဖြစ်ရာ ၊သို့ဖြစ်၍ ဆုလာဘ်အနေဖြင့် သူ၏ အစေခံမိန်းကလေးက ပြန်ပေးဆပ်ရမည် ဖြစ်သည်။

……..

“အဟွတ် အဟွတ်...”

ဟွမ်လော့ရှင်းတစ်ယောက် သွေးများဖြင့် ပေကျံနေပြီး ၊ ကုန်ရုန်းထလာခဲ့သည်။

သူမ၏ ဝက် (ဦးနှောက်မဲ့သော) အသင်းဖော် နှစ်ယောက်ကို ကြည့်ရင်း ၊ သူမသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

“ ဦးနှောက်မရှိတဲ့ ဟာတွေ!”

“ စူးချန်ကဲ ကို ဘာလို့ အရင်မသတ်တာလဲ။!?”

စူးချန်ကဲသည် ပိတ်လှောင်ခံထားရုံသာပင်။နတ်တစ္စေသွေးသည် စူးချန်ကဲအား သတ်ရန် အချိန်ယူရဦးမည်ဆိုတောင် ၊ ဒီသေနာကောင် နှစ်ကောင်က ဒီလောက်မြန်မြန်ကြီး သူများရဲ့ နောက်လိုက်မိန်းကလေးတွေကို သွားကြူးနေသတဲ့လား!?

ခန့်မှန်းထားသည့်အတိုင်း ၊ သူမ၏ စကားဆုံးသွားသည့်အခိုက်အတန့်မှာပင်။

ကွဲအက်သံ !

အက်ကွဲသံ တစ်သံသည် ပဲ့တင်ထပ်လို့ သွားလေသည်။

ကျန်ရှိနေသော ကွေးယွမ် တပည့်များကို သတ်ရန် ဟန်ပြင်နေခဲ့သော ယင်ထျန်းဇီ တစ်ယောက် ထိတ်လန့်စွာဖြင့် လှည့်ကြည့်လာခဲ့သည်။

သူ့ရင်တစ်ခုလုံး မိုးခြိမ်းသံများအလား ဗြောင်းဆန်နေသည်။

“မဟုတ်မှလွဲရော…”

သူ လှည့်ကြည့်လိုက်သည့် အခိုက်အတန့်မှာပင်၊ ကြောက်စရာကောင်း‌သော မြင်ကွင်းတစ်ခု ကို မြင်တွေ့လိုက်ကသည်။

နတ်တစ္စေသွေးဖြင့် ဖွဲ့စည်းထားသော အမှောင်ထုကြီးသည် ရုတ်တရက် ကွဲအက်သွားသည်။

ထိုအမှောင်ထုထဲမှ အလွန့်အလွန် တောက်ပသော ရောင်စဉ် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

ဝုန်း !!

ကြီးမားသော ပေါက်ကွဲသံနှင့်အတူ ၊ နတ်တစ္စေသွေးများသည် အမည်းရောင် အငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး နေရာစုံ ပြန့်ကျဲသွားခဲ့သည်။

ဘုန်း! !

တစ်ချိန်တည်းမှာပင် ၊ ကျယ်လောင်သော အသံကြီးတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။

ချုးချန်ချင်းသည် နောက်ဆက်တွဲ အဖြစ်အပျက်တစ်ခုကြောင့် ချက်ချင်းလက်ငင်း လွှင့်ပျံသွားလေသည်။

​ ပြိုကျ​လာသော ကျောက်ဆောင်ကျောက်ခဲများကြောင့် ​‌နေရာတစ်ခုလုံး ဖုန်မှုန့်ငွေ့များဖြင့် ဖုံးလွှမ်းသွားခဲ့သည်​။

“ ဆက်ခံသူ လူကြီးမင်း!”

စူးချန်ကဲ၏ အသွင်ပုံရိပ်ကို ထင်ထင်ရှားရှား မြင်လိုက်ရသည်နှင့် ၊ ကွေးယွမ် တပည့်သားများသည် စိတ်လှုပ်ရှားစွာ အော်ဟစ်ကြလေသည်။

သို့သော် ထာဝရ အင်အားစုများ၏ တပည့်များမှာမူ ဖြူဖပ်သွားလေသည်။စူးချန်ကဲသည် အဘယ်ကြောင့် ဤမျှ မြန်မြန် ထွက်လာနိုင်ခဲ့သနည်း။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?”

“ မင်း ဘယ်လိုလုပ် နတ်တစ္စေသွေးရဲ့ အတားအဆီးကို ချိုးဖျက်နိုင်ခဲ့တာလဲ?”

ယင်ထျန်းဇီသည် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။နတ်တစ္ဆေသွေးတွင် မည်သို့သော စွမ်းအားများ ရှိသည်ကို သူ ကောင်းကောင်းကြီး သိသည်။သို့သော် စူးချန်ကဲသည် အဘယ်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန် လွတ်မြောက်နိုင်ခဲ့သနည်း။

“ပုရွက်ဆိတ်တစ်ကောင်ကို ရှင်းပြစရာ လိုလို့လား?”

စူးချန်ကဲသည် ကောင်းကင်ဓားကို လေဟာပြင်ထဲကနေ ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

ပိုင်းဖြတ်စေ!

ဓား၏ တုန်ခါသံနှင့်အတူ အေးစက်သော အလင်းရောင်သည် ကြယ်များကဲ့သို ဖျက်ခနဲ့ဝင်းလက်သွားခဲ့သည်။

စူးချန်ကဲသည် ကောင်းကင်ဓားကို ကိုင်‌ဆောင်လျက် ၊ ကောင်းကင်ကို တည့်တည့် ချိန်ရွယ်လိုက်သည်။

ဓားအလင်းသည် နှင်းသဖွယ် ဤကမ္ဘာကြီးကို အေးခဲသွားစေသည်။

“ အဆုံးသတ်ဖို့ အချိန်တန်ပြီ”

အပိုင်း(၁၅၇): ကောင်းကင်ဘုံ ခန္ဓာကိုယ်ထည်ရဲ့ ရူပါရုံ? ယင်ထျန်းဇီ သေပြီ

ရွှမ်း!

နောက်အခိုက်အတန့်တွင် ၊ စူးချန်ကဲလက်ထဲမှ တိုက်ပွဲဝင်ရန် ထွက်လာခဲ့သော ဓားအလင်းသည် အံ့အားသင့်စရာကောင်းသော သက်တံအလား ပြောင်းလဲသွားကာ ကောင်းကင်ကို ထိုးဖောက်သွားလေသည်။

အဆုံးစွန်သော ဓားဆန္ဒသည် အရူးအမူး ပြေးထွက်လာခဲ့ပြီး ၊ မိုင်ထောင်ပေါင်းများစွာ ဖြတ်ကျော်သွားခဲ့သည်။

ယင်ထျန်းဇီသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်၊ သူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ချက်ချင်းဆိုသလို၊ ဘိုးဘေးဖြစ်သူသည် သူ့အား အကာအကွယ် မှော်လက်နက်အဖြစ် ပေးထားသည့် ရွှမ်ထျန်း မြေအောက်ကမ္ဘာ အကွာအကွယ်လက်နက်ကို အမြန် ထုတ်ယူလိုက်သည်။

ဟူး !!

ကောင်းကင် နှင့် မြေကြီးကြား ​မှောင်​​မိုက်သော​လေများ ရုတ်ချည်း‌ဆိုသလို တိုက်​ခတ်သွားခဲ့ပြီး သေခြင်းတရား၏ စွမ်းအားများ ပါဝင်သော လေမုန်တိုင်းကြီး တစ်ခု ဖြစ်တည်လာခဲ့သည်။မရေမတွက်နိုင်သော သရဲတစ္ဆေများ၏ ဟောက်သံများ ဆူညံသွားကာ ၊ များစွာသော တစ္စေဝိညာဉ်များ ထွက်ပေါ်လာခဲ့သည်။

ဝုန်း ဝုန်း!

ဓားစွမ်းအင်နှင့် သေခြင်းတရား စွမ်းအင်တို့ ထိပ်တိုက်ဆုံတွေ့ခဲ့ရာ ၊ တခဏချင်း အတွင်းမှာပင် အနက်ရောင် ရေများနှင့် ဓားစွမ်းအင်တို့သည် ဆူနာမီလှိုင်းလုံး သဖွယ် ပြင်းထန်လာခဲ့လေသည်။

ယင်ထျန်းဇီ မှ ဆင့်ခေါ်ထားသော မရေမတွက်နိုင်သော တစ္စေဝိညာဉ်များသည် ဓားစွမ်းအင်ကို တွန်းလှန်ရန် သူတို့၏ စိတ်ဝိညာဉ်ကိုတောင် ရူးသွပ်မတတ် အသုံးချခဲ့သည်။

ယင်ထျန်းဇီ တားဆီးပိတ်ပင်သည့် ဤလုပ်ရပ်သည် တစ်ခဏလေးဆိုတောင် သူ အသက်ရှုပေါက် လွတ်ရန်အတွက်သာ ဖြစ်သည်။

စ်စ်စ် !!

စုတ်ပြဲသွားသော အသံများ ထွက်ပေါ်လာခဲ့သည်!

ဘယ်အချိန်ကမှန်း မသိ စူးချန်ကဲသည် သူ့ရှေ့တွင် ဓားတစ်လက်ဖြင့် ရောက်ရှိနေပြီး ဖြစ်သည်။

ဓားသည် လေထဲတွင် ရှိနေပြီး ၊ ရက်စက်ကြမ်းကြုတ်သော ဓားဆန္ဒသည် မုန်တိုင်းကို နှိုးဆော်‌နေ၏။

တဖန် ဓား စွမ်းအင်သည် တစ်စုံတစ်ခုကို ဖြတ်တောက်သွားလေသည်။နေကဲ့သို့တောက်ပသော ဤဓားစွမ်းအင်၏ ရှေ့တွင်၊ လွှမ်းမိုးထားခဲ့သော တစ္စေစွမ်းအင်တို့မှာ ကွဲအက်သွားခဲ့ရပြီး လေထဲတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မူလက တစ္စေစွမ်းအင်များကို ဝန်းရံထားပြီး တိုက်ခိုက်နေခဲ့သော ယင်ထျန်းဇီ၏ အတွင်းပိုင်း ရုပ်သွင်မှာ ပေါ်ထွက်ခဲ့လေပြီ။

“ဘယ်လိုဖြစ်ပြီး!?”

ရုတ်တရက်ပြောင်းလဲသွားသော ဤအခြေအနေကြောင့် ယင်ထျန်းဇီ၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ဤအရာသည် သူ၏ ဘိုးဘေးပေးခဲ့သော အကာအကွယ် ရတနာပင် ဖြစ်သည်။ မရေမတွက်နိုင်သော ဝိညာဉ်များကို ရင်းမြစ်အဖြစ် ပြုလုပ်ထားသော ရတနာပစ္စည်းဖြစ်ရာ ၊ဓားစွမ်းအင်သည် အဘယ်ကြောင့် ဤမျှ လွယ်ကူစွာ အပိုင်းပိုင်း ပိုင်းဖြတ်နိုင်ခဲ့သနည်း။ ?

သူသည် စူးချန်ကဲ၏ ဓားပေါ်က အဆုံးစွန် တောက်လောင်နေသော ယင်စွမ်းအားကို ခံစားလိုက်ရချိန်မှာပဲ သူ၏ နောက်ဆုံး ကံကြမ္မာဖြစ်သော အကာအကွယ်မှာ ကွဲအက်သွားခဲ့ပြီ ဖြစ်သည်။

တောက်လောင်နေသော ယင်စွမ်းအားသည် သေခြင်းတရား စွမ်းအင်၏ သဘာဝရန်သူပင် ဖြစ်သည်။

“ချူးချန်ချင်း! မင်း ဘယ်အချိန်ထိ သေချင်ယောင်ဆောင်နေမှာတုန်း?”

“ငါသေရင် မင်းလည်း လွတ်မယ် မထင်နဲ့!”

ယင်ထျန်းဇီ၏ စကားအဆုံးတွင် ၊ ခပ်ဖျော့ဖျော့ တာအို သံစဉ် တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ကောင်းကင်ဘုံ ခန္ဓာကိုယ်ထည်ရဲ့ ရူပါရုံ ၊ ထွက်ပေါ်စေ !”

ချုးချန်ချင်း၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ၊ သူ၏ နောက်ကွယ်တွင် ကောင်းကင်ဘုံ နှင့် တူသော မြင်ကွင်းတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။ယင်းအရာသည် လူကို ကြီးမားသော ဖိနှိပ်မှုကို ခံစားရစေသည်။

ရှေးဟောင်း ကြယ်ရောင် ကောင်းကင်ကြီးကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသော ခရမ်းရောင် တောက်ပမှု တစ်ခုသည် သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

“ဒါ ချန်ချင်း တောက်ဇီရဲ့ ကောင်းကင်ဘုံ ရူပါရုံပဲ!”

ထိုမြင်ကွင်းကို မြင်လိုက်ရသော ထျန်းရှန်း ဂိုဏ်း၏ ပါရမီရှင်များ အားလုံး အံ့အားသင့်လျက်။ နောက်ဆုံးတော့ သူတို့၏ တောက်ဇီ(ချူးချန်ချင်း)သည် ၎င်း၏ တန်ခိုးစွမ်းအားကို ထုတ်ဖော်ပြသခဲ့လေပြီ။

ဝေါင်း!

ထိတ်လန့်စရာကောင်းသော သားရဲတစ်ကောင်၏ ကြွေးကြော်သံအပြီးတွင် ၊ ချူးချန်ချင်း၏ ခရမ်းရောင် စွမ်းအင်မှ ဖြစ်တည်လာသော ခွင်းဖိန်၏ အသွင်အပြင် ထွက်ပေါ်လာခဲ့သည်။

T/N - ခွင်းဖိန် - ဌက်နှင့် ငါး ပေါင်းစပ်ထားသော ဒဏ္ဍာရီလာ ဧရာမ သားရဲကောင်

ကောင်းကင်ဘုံ ခန္ဓာကိုယ်၏ ရူပါရုံမှာ ခွင်းဖိန် အသွင်ပင် ဖြစ်သည်။

ဂျိန်း !

တဖန် နဂါးတစ်ကောင်၏ မိုးကြိုးခြိမ့်သံနှင့်အတူ ၊ တလိပ်လိပ် ထကြွနေသော ခရမ်းရောင် စွမ်းအင်တွေ ကြားထဲက ဧရာမ နဂါးတစ်ကောင်သည် ကောင်းကင်ကို ခွင်းကာ ပေါ်ထွက်လာပြန်သည်။

ကောင်းကင်ဘုံ အာဏာရှင် နဂါး ခန္ဓာကိုယ်၏ ရူပါရုံမှာ စစ်မှန်သော နဂါးကိုယ်ထည်ပင် ဖြစ်သည်။

ထိုရူပါရုံ မြင်ကွင်းနှစ်ခုကြားရှိ ချုးချန်ချင်းသည် စူးချန်ကဲ ရှိရာ ဘေးတစ်ဖက်သို့ ပျံသန်းလာခဲ့သည်။ ခရမ်းရောင် စွမ်းအားများဖြင့် ရေချိုးထားသလား အောက်မေ့ရသည့် အသွင်ပုံရိပ်သည် သက်ရှိသတ္တဝါအားလုံးကို နှိမ့်ချကာ အရာအားလုံးကို မထီမဲ့ဟန်ပြုနေပုံ ပေါက်သည်။

“ စူးချန်ကဲ ၊ ငါ့ကို ဒီလိုနည်းလမ်းတွေထိ သုံးအောင် လုပ်နိုင်တာ ၊ မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်!”

“ဒီနေ့ မင်း သက်တောင့်သက်သာ သွားပေတော့!”

ဝုန်း!

စကားဆုံးသည်နှင့် ၊ တစ်ချိန်တည်းမှာပင် ချူးချန်ချင်းသည် သူ၏ ကိုယ်ပိုင်အင်အားများကို အစွမ်းကုန် စုဆောင်းထားပြီး ဖြစ်ရာ၊ သူ့ဘေးနားရှိ ဧရာမသားရဲ နှစ်ကောင်နှင့်အတူ ကြီးမားသော စွမ်းအားများဖြင့် စူးချန်ကဲအား နှိပ်ကွပ်ရန် ရောက်ရှိလာသည်။

သို့သော်၊ စူးချန်ကဲသည် သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေသကဲ့သို့ ခပ်ဖျော့ဖျော့ ပြုံးရယ်လိုက်သည်။

“သူတော်စင် ခန္ဓာကိုယ်ရဲ့ ကွာဟချက်ဘယ်လောက် ကြီးမားတယ်ဆိုတာကို မင်းတို့ကို ပြပေးရတာပေါ့ “

ဝီ!

တောက်ပသော အလင်းတန်းများက ဝန်းရံလို့ နေကာ ၊ မှော်သင်္ကေတများက ရွှင်မြူစွာ ခုန်ပေါက်နေသည့်အလား။ ဝိညာဉ်စွမ်းအင်များ သည် တဟုန်ထိုး မြင့်တတ်လာခဲ့ပြီး သူတော်စင် ကိုယ်ခန္ဓာသည် တုန်လှုပ်ကြွေးကြော်နေလေသည်။

စူးချန်ကဲ၏ ခန္ဓာကိုယ်မှ လွန်စွာ ကြီးကျယ်ခမ်းနားသော စွမ်းအားတစ်ခု စတင် နိုးထလာခဲ့ပြီ ဖြစ်သည် ။နတ်အလင်းရောင်များဖြင့် ဝန်းရံခံထားရသော စူးချန်ကဲ၏ နောက်တွင် ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားကျင့်စဉ်နှင့် ပေါင်းစပ်ထားသော ဓမ္မကာယ ခန္ဓာကိုယ်သည် တစ်ဖန် ပြန်ပေါ်လာခဲ့သည်။

စူးချန်ကဲသည် ကောင်းကင်ဓားကို ကိုင်ဆောင်ကာ တစ်ချက် ထိုးနှက်လိုက်သည်နှင့် ၊သူ၏ နောက်ကွယ်ရှိ ကြီးမားသော ဓမ္မကာယ ခန္ဓာကိုယ်သည်လည်း အလားတူ လုပ်‌ဆောင်ခဲ့ရာ ၊ ဓားအလင်းစုကြီးသည် လေဟာပြင်ကို ပိုင်းဖြတ်သွားလေသည်။

ဘုန်း ဘုန်း!

အဆုံးမရှိသော ဓားစွမ်းအင်များသည်ကောင်းကင်ဘုံ၏ ဓားသွားတလက်ကဲ့သို့ ၊ အာကာသနှင့် မြေအောက်ကမ္ဘာကြား တောက်ပသော အလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာသည်။

ထိုပေါက်ကွဲမှုအပြီးတွင် ၊ အရှေ့ဘက် ဧရိယာတဝိုက်တွင် ရှိသော တောင်တန်းကြီးများမှာ ပြိုကျခဲ့ရပြီး နောက်ဆက်တွဲ ရလဒ်အနေဖြင့် ထာဝရ အင်အားစုများ၏ တပည့်တချို့မှာ သွေးအခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲခံခဲ့ရကာ ကမ္ဘာမြေတခွင် ပြန့်ကျဲသွားလေသည်။

သို့သော် စူးချန်ကဲ က မျက်မှောင်ကြုတ်လို့ နေသည်။

“ဒီကောင် ထွက်ပြေးသွားပြီပဲ”

သူ ဓားနှင့် ပိုင်းဖြတ်လိုက်သည့် အခိုက်အတန့်မှာပင်၊ ကောင်းကင်ဘုံ ခန္ဓာကိုယ်၏ ရူပါရုံ ဖြစ်သော ခွင်းဖိန် သားရဲမှာ အစွမ်းကုန် အသက်သွင်းပြီးသည်နောက် ထွက်ပြေးသွားမှန်း သူ ခံစားလိုက်ရသည်။

ဝေါင်း!

ထိုအချိန် ၊ ဧရာမ ဦးခေါင်းခွံကြီးသည် အရိပ်မည်းတစ်ခုအဖြစ် သူ့နောက်တွင် ရှိနေခဲ့သည်။

“ သေပေတော့!”

အော်ဟစ်သံအဆုံးတွင် ၊ ဦးခေါင်းခွံကြီးသည် အပိုင်းပိုင်း ကွဲအက်သွားပြီး အဆုံးမဲ့ အနက်ရောင် စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားကာ ယင်ထျန်းဇီ၏ ညာဖက်လက်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။

သူ၏ ညာလက်သည် မရဏကမ္ဘာ၏ တစ္စေလက်မည်းကြီး ကဲ့သို့ သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် အနက်ရောင် အဖြစ် ပြောင်းလဲသွားခဲ့သည်။

“တစ္စေဘုရင် ဖြိုခွင်း လက်သီး!!”

ယင်ထျန်းဇီ သည် ခွန်အားအပြည့်ဖြင့် ထိုးနှက်လိုက်ရာ ၊ ထောင်ပေါင်းများစွာသောတစ္စေဝိညာဉ်များသည် အဆုံးမဲ့ အမှောင်ထုကြီး အဖြစ်သို့ ပြောင်းလဲသွားပြီး စူးချန်ကဲကို ဖုံးအုပ်သွားစေသည်။

စွမ်းအားအားလုံးကို သူ၏ ညာဘက်လက်သီးတွင် စုစည်းထားရသည့် အကြောင်းရင်းမှာ သူသည် သူ၏ ခွန်အားကို အာရုံစူးစိုက်ကာ အပြင်းထန်ဆုံး ထိုးနှက်ချက်ဖြင့် စူးချန်ကဲ၏ ဓားကို တချက်တည်းဖြင့် ရင်ဆိုင်ချင်လိုသောကြောင့် ဖြစ်သည် ။

သူရှုံးနိမ့်ခဲ့မည်ဆိုတောင် အဆိုးဆုံး သူ့လက်ကိုသာ ပေးဆပ်ရမည်သာ ဖြစ်ပြီး ၊ အသက်အန္တရာယ်မရှိဘဲ ထွက်ပြေးနိုင်ပေလိမ့်မည်။

ဤအကြံအစည်သည် သူ့စိတ်ထဲတွင် သေချာစွာ စဉ်းစားထားသော လှုပ်ရှားမှုတစ်ခု ဟု ဆိုရပေမည်။

သို့သော် စူးချန်ကဲ သည် အရာအားလုံးကို ခန့်မှန်းထားပုံရသည်။

ယင်ထျန်းဇီ၏ လက်သီးချက် တိုက်ခိုက်လိုက်သည့် အခိုက်အတန့်မှာပင် ၊ စူးချန်ကဲသည် လှုပ်ရှားလာခဲ့သည်။

စူးရှ တောက်ပသောဓားအလင်းသည် ယင် နှင့် ယန် ကို ဖြတ်တောက်လိုက်သကဲ့သို့ ၊ နိယာမ နှင့် လမ်းစဉ်တို့ကို လုံးဝ ခွဲထုတ်လိုက်သလိုပင်။

“ ယင် ယန် ဓားတစ်လက်!”

ရွှမ်း!

အဆုံးမဲ့ အမှောင်ထုကြီး၏ အလယ်တွင် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊သိပ်မကြာမီ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

တဟုန်ထိုး စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ ဓားစွမ်းအင်လှိုင်းများ ဖြတ်သန်းသွားလေရာ နေရာတိုင်း ရက်စက်ကြမ်းကြုတ်သော တစ္စေဝိညာဉ်တို့သည် ပူလောင်နေသော နေရောင်အောက်တွင် ဆီးနှင်းများ အရည်ပျော်ရသကဲ့သို့ အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲကာ ပျံ့လွင့်သွားခဲ့သည်။

ယင်ထျန်းဇီ၏ လက်သီးထိုးနှက်ချက်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သော်လည်း ၊စူးချန်ကဲသည် ရပ်တန့်ခြင်း မပြုဘဲ ဆက်လက်လှုပ်ရှားလိုက်သည်။

သူ့လက်ကို တဖန်လှုပ်ရှားလိုက်သည်နှင့် ဓားသည် တစ်ဖန် လှုပ်ရှားလာခဲ့ပြန်သည်။

ထိုစဉ် ၊ အဖြူရောင် အလင်းတန်းတစ်ခုသည် ဤကမ္ဘာမြေကို ဖြတ်ကာ ဖောက်ထွင်းဝင်ရောက်သွားခဲ့လေသည်။

လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရလိုက်သည့် အခိုက်အတန့်တွင် စူးချန်ကဲသည် ယင်ထျန်းဇီ၏ အနောက်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။

ချွင်!

ဓားသည် ဓားအိမ်ထဲသို့ ဝင်ရောက်ပြီးနှင့်ခဲ့ပြီ ဖြစ်သည်။

လေညင်းများက တဟူးဟူးဖြင့် ဝတ်ရုံဖြူ အင်္ကျီ၏ အနားစလေးကို တိုက်ခတ်သွားလေသည်။

“ငါရှုံးသွားတာလား...?”

ယင်ထျန်းဇီ ညည်းညူလိုက်သည်။

သို့သော် စူးချန်ကဲသည် မည်သည့်စကားမှ မဆိုဘဲ ၊ အလင်းတန်းတစ်ခုသဖွယ် တခြားလမ်းကြောင်းဆီသို့ ဦးတည်လိုက်သည်။

သူသည် ထွက်ပြေးသွားသော ချူချန်ချင်းကို ရှာဖွေတော့မည်ပင်။

စူးချန်ကဲသည် တခြားတစ်နေရာ၌ အမဲလိုက်နေစဉ် အတောအတွင်း ၊

ချက်ခနဲ !!

ယင်ထျန်းဇီခန္ဓာကိုယ်မှ ပင့်ကူမျှင်များကဲ့သို့ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်ထွက်လာခဲ့သည်။

အထူးသဖြင့် မရေမတွက်နိုင်သော ထိုအက်ကွဲ‌ကြောင်းများ ကြားတွင် အေးစက်သော ဓားစွမ်းအင်များ စိမ့်ဝင်နေ၏။

“ငါ လက်မခံနိုင်ဘူး...”

ရွှမ်း!ရွှမ်း! ရွှမ်း !

ယင်ထျန်းဇီ၏ ခန္ဓာကိုယ်ထဲတွင် ပြည့်လျှံနေသော ဓားစွမ်းအင်တို့သည် မရေမတွက်နိုင်သော ဓားစွမ်းအင်၏ ဓားသွားသဖွယ် ပြောင်းလဲသွားကာ ၊ ထို့နောက်တွင် ဓားစွမ်းအင်အလင်းတန်းများ ပျက်ပြယ်သွားလေသည်။

ယင်ထျန်းဇီ ၏ ခန္ဓာကိုယ်မှာ ချက်ခြင်းလက်ငင်း ကြေမွသွားခဲ့လေသည်။နတ်ဘုရားအချုပ်ထောင် နန်းတော်၏ ထိပ်တန်း ပါရမီရှင်ဖြစ်သည့် ယင်ထျန်းဇီသည် အမှုန့်အငွေ့များ အဖြစ် ဤကမ္ဘာ‌မြေတွင် ပျောက်ကွယ်သွားခဲ့လေပြီ။

ဤဖြစ်ရပ်သည် မူလက ကွေးယွမ်၏ တပည့်များစွာကို သတ်ဖြတ်ရန် ဝိုင်းထားခဲ့သော ထာဝရ အင်အားစု၏ အမူအယာတို့သည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

“ယင်ထျန်းဇီ လူကြီးမင်း ...သေပြီ!!”

ကြောက်မက်ဖွယ်ရာ ကောင်းသော အအေးဓာတ်သည် လူတိုင်း၏ ကိုယ်ပေါ်သို့ ပျံ့နှံ့သွားသည်။

ရှေးခေတ် ထိပ်တန်း ပါရမီရှင် မျိုးဆက်တစ်ယောက်သည် ဤကဲ့သို့ ကျရှုံးသွားခဲ့ရသည် ။

ယင်ထျန်းဇီ သည် မည်မျှ တန်ခိုးကြီးသည်ကို သူတို့ သိထားသော်လည်း ၊ ဤမျှ အစွမ်းထက်သော ပါရမီရှင်ပင်လျှင် ယနေ့တွင် သေဆုံးခဲ့ရသည်။

ဤအခိုက်အတန့်တွင် ဟွမ်လော့ရှင်း နှင့် လုံပါ့ထျန်းတို့မှာ နေရာတွင် မရှိတော့သည်ကို သူတို့အားလုံး သိလိုက်ရသည်။ချုးချန်ချင်းသည်လည်း တိုက်ရိုက် လစ်ပြေးသွားခဲ့သည် ။

“သတ်ကြ ! ငါတို့ ကွေးယွမ်ကို စော်ကားသူတိုင်း သေရမယ်!”

ကွေးယွမ် မှ တပည့်တချို့သည် သတင်းကြားပြီးနောက် ရောက်လာခဲ့ကြသည် ဖြစ်ရာ ၊ ကွေးယွမ် ရှေးခေတ် ပါရမီရှင်များ၏ ဦးဆောင်မှုအောက်တွင် အမဲလိုက်ပွဲ၏ ဇာတ်ဆောင်များက ပြောင်းလဲသွားခဲ့သည်။

“ငါတို့ ရှုံးပြီ!”

“ဟင့်အင်း...ငါ မသေချင်သေးဘူး!”

နတ်ဘုရားအချုပ်ထောင် နန်းတော်၏ ပါရမီရှင်တစ်ဦးမှာ ဖိအားကို ခံနိုင်ရည်မရှိတော့ဘဲ သူ့လက်ထဲက ဓားကို ပစ်ချကာ အလင်းနှုန်းကဲ့သို့အဝေးတစ်‌နေရာဆီသို့ ထွက်ပြေးသွားလေသည်။

ဤသို့ဖြင့် တစ်ယောက်ပြီး တစ်ယောက် အရူးအမူး ထွက်ပြေးနေကြသည်။

စူးချန်ကဲသည် ထိပ်တန်း ပါရမီရှင် လေးယောက်ကို သူ တစ်ယောက်တည်းနှင့် တိုက်ခိုက်ခဲ့ပြီး ၊ ထိပ်တန်းနေရာကို အသာလေး သိမ်းပိုက်သွားနိုင်ကတည်းက သူတို့သည် ရှုံးနိမ့်ခဲ့ပြီ ဟု ယူဆလို့ရသည်။

ဤတိုက်ပွဲ၏ ရလဒ်မှာ အစကတည်းက ဆုံးဖြတ်ပြီးသားပင် ဖြစ်သည် ။

သူတို့ အပြီးအပိုင် ရှုံးနိမ့်ခဲ့ပြီပင်။

သူတို့တင်မက၊ လီဟောက်ထျန်း ၊ ပိချင်းရှ နှင့် ယဲ့လင်ထျန်းတို့အား ဝိုင်းထားခဲ့သော အင်အားစုများသည်လည်း ထိုသတင်းကြားသည်နှင့် ထွက်ပြေးသွားခဲ့သည်။

“ဟာဟားဟား ၊ဆက်ခံသူ သခင် ဆိုတဲ့အတိုင်း သူတစ်ယောက်တည်းနဲ့ ထိပ်တန်းပါရမီလေးဦးကို အနိုင်ယူခဲ့တာပဲ”

ချိုင့်ဝှမ်းတစ်ခုတွင်၊ လီဟောက်ထျန်းသည် သူ့လက်ထဲတွင် ရှိနေသော နဂါးကျွန်းစု၏ ပါရမီရှင် တပည့်တစ်ဦး၏ ဝိညာဉ်ကို အမှုန့်ချေလိုက်သည်။

“ ယင်ထျန်းဇီ က ဓားနဲ့ထိုး အသတ်ခံလိုက်ရပြီး ၊ ချူချန်ချင်းကလည်း ထွက်ပြေးသွားတယ် ၊လုံပါ့ထျန်းနဲ့ ဟွမ်လော့ရှင်းကလည်း ပျောက်ဆုံးနေတယ် တဲ့လား”

ထိုပါရမီရှင်သုံးဦး၏ အစွမ်းသတ္တိကိုလည်း သူသိသည်။ ၎င်းတို့ထဲက တစ်ဦးသည် ကောင်းကင်ဘုံ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သို့သော် ထိုကဲ့သို့သော အစွမ်းထက်သော ပါရမီရှင်များ လက်တွဲတိုက်ခိုက်မှုသည် ဆက်ခံသူအတွက်တော့ ပြိုင်ဖက်တောင် မဟုတ်ခဲ့ပေ။

All Chapters