← Chapters

အခန်း (၁၅၈-၁၆၁)

Vol. 11 Ch. 158-161

အခန်း (၁၅၈-၁၆၁)

Vol. 11 Ch. 158-161

အပိုင်း(၁၅၈): ကောင်းကင်ဘုံ ခန္ဓာကိုယ်ကို ဝါးမျိုခြင်း

တစ်ချိန်တည်းမှာပင် ၊ ခွင်းလွင် တောင်ပေါ်ရှိ နယ်‌မြေတစ်ခု၌၊

တု ကိုယ်တော်သည်လည်း အဖွဲ့ဝင်အများအပြား ကျဆုံးသွားကြောင်း သတင်း ရရှိခဲ့သည်။

အထူးသဖြင့် ယင်ထျန်းဇီ သေဆုံးသွားကြောင်းကို ကြားသိလိုက်ရသည်နှင့် သူ့နှလုံးသား တစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။

“ ယင်ထျန်းဇီ ကျသွားပြီ...”

သူ့နှလုံးသားထဲ၌ နားမလည်နိုင်သော ဝမ်းနည်းမှုတစ်ခု ရှိနေခဲ့သည်။

အမည်မသိသော ဝမ်းနည်းမှုကြောင့် တု ကိုယ်တော် တစ်ယောက် အနည်းငယ် စိတ်ရှုပ်နေမိသည်။သို့သော် ဝမ်းနည်းမှုသည် ပိုမို ပြင်းထန်လာသည်နှင့်အမျှ တု ကိုယ်တော်သည် သူ့ဘေးနားရှိ ကျန့် ကိုယ်တော် အား ဆိုလိုက်သည်။

“ စူးချန်ကဲက စောနကမှ တိုက်ပွဲကြီး ဆင်နွဲထားတာ”

“ ဒကာလေး စူးချန်ကဲ နဲ့ ကိုယ်တော်က ရေစက်ရှိမှတော့ သူ့ကို ဉာဏ်အလင်းရရှိဖို့ ခုက အကောင်းဆုံး အခွင့်အရေးပဲ “

“မင်း စူးချန်ကဲ ကို အရင်သွားရှာနှင့်၊ ငါချက်ချင်း လိုက်လာခဲ့မယ်”

ကျန့် ကိုယ်တော်သည် ခေါင်းညိတ်သဘောတူလိုက်သည်။ထို့နောက် အဖြူထည်ဖြင့် ထုပ်ပိုးထားသော သူ၏လက်နက်ကို ကောက်ယူကာ နေရာမှ ထွက်လာခဲ့သည်။သူ့အမြင်အရ ၊ စူးချန်ကဲ ကဲ့သို့သော ထူးချွန်သော ပါရမီရှင်သည် ဗုဒ္ဓဘာသာဂိုဏ်းဝင်တစ်ယောက် ဖြစ်လာမည်ဆိုပါက ၊ ဒါဟာ အကျိုးယုတ်မည့် ကိစ္စ မဟုတ်ပေ။

သို့သော်၊ သူ စိုးရိမ်နေသည့် အရာမှာ လတ်တလော တု ကိုယ်တော်၏ အပြုအမှုမှာ အလွန်ထူးဆန်း‌နေခြင်းပင် ဖြစ်သည်။

နေ့တိုင်း ရွတ်ဆိုရသော သူ နှစ်သက်သည့် ကျမ်းဂန်များကိုတောင် မထိဘဲ ၊ တရားထိုင်ရုံမှလွဲ၍ နေ့တိုင်းလိုလို ကြောင်တောင်တောင်တောင် ဖြစ်နေတတ်သည်။

“ ငါပဲ စိုးရိမ်လွန်နေတာ ဖြစ်မယ်”

ကျန့်ကိုယ်တော်သည် တု ကိုယ်တော်ကို နောက်ဆုံးအနေဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သက်တံသဖွယ် ဝေဟင်မှ ပျံသန်းသွားခဲ့တော့သည်။

ကျန့်ကိုယ်တော် ထွက်သွားပြီး အမွှေးတိုင် တစ်ဝက်ခန့် အကြာတွင် ၊

အဟွတ် !

တု ကိုယ်တော်သည် သူ့ရင်ဘက်ကို လက်နှင့် ဖိနှိပ်ထားကာ ၊ သူ၏ ပါးစပ်ထဲမှ အနက်ရောင်သွေးများ အန်ထွက်လာခဲ့သည်။ထိုအနက်ရောင် သွေးထဲတွင် သေခြင်းတရား စွမ်းအားများ ပြင်းထန်စွာ ပါဝင်နေသည်။

“ဒါ နတ်တစ္ဆေသွေးပေါက်ကွဲခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်များလား?”

သို့သော် ထိုအချိန်၌ ၊ အမျိုးသမီးတစ်ဦးသည်အသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

“သခင် ယင်ထျန်းဇီ သေပြီတဲ့လား...”

“သခင် ယင်ထျန်းဇီ ကို စူးချန်ကဲ သတ်လိုက်တာတဲ့လား...”

“အားးးး...သခင် ယင်ထျန်းဇီ အတွက် လက်စားပြန်ချေမယ်!!”

အေးစက်သော အမျိုးသမီးအသံသည် ရက်စက်ကြမ်းကြုတ်သော တစ္ဆေတစ်ကောင်၏ ‌ အော်သံကဲ့သို့ ပဲ့တင်ထပ်သွားသည်။တု ကိုယ်တော်၏ ခန္ဓာကိုယ်ထဲရှိ မူလက ငြိမ်ဝပ်နေခဲ့သော သေခြင်းတရား စွမ်းအင်တို့သည် ရုတ်ချည်း ပြင်းထန်စွာ ပေါက်ကွဲလာခဲ့သည်။

“သေစမ်း ! ဘယ်မကောင်းဆိုးဝါးကများ ဘုန်းကြီးတစ်ပါးရဲ့ တာအို စိတ်နှလုံးသားကို ဖျက်စီးဖို့ သတ္တိရှိနေတာလဲ!”

“ရွှေဗုဒ္ဓရုပ်ပွားတော် !”

တု ကိုယ်တော်သည် သူ၏ လက်ဖဝါးထဲ၌ ဓမ္မတံဆိပ်ကို ခတ်၍ သုတ္တန်ကို ရွတ်ဆိုလိုက်ရာ ရောင်ခြည်တော်များ သူ၏ ခန္ဓာကိုယ်အနှံ့ ဖြာထွက်လာလေသည်။

မှော်သင်္ကေတများသည် ဧရာမ ဗုဒ္ဓရုပ်ပွားတော် အဖြစ် စုဝေးသွားပြီး ၊ လက်ရှိနေရာ၌ ရုတ်တရက် ပေါ်ထွက်လာသည်။ ဗုဒ္ဓ၏ ရောင်ခြည်တော်များသည် အမှောင်ဂူ တစ်ခုလုံးကို ရွှေအဖြစ် ဆေးဆိုးခဲ့လေသည်။

သို့သော် သူ့ခန္ဓာကိုယ်ထဲရှိ သေခြင်းတရား စွမ်းအင်တို့သည် ပိတ်ဆို့လို့ မရနိုင်သော ရေကာတာ တစ်ခုကဲ့သို့ အဆက်မပြတ် ပေါက်ထွက်နေခဲ့သည်။နောက်ဆုံးတွင်မူ အဆုံးမဲ့ သေခြင်းတရား စွမ်းအင်သည် သူ၏ တန်ထျန်းအမှတ်ထိ ရောက်ရှိလာခဲ့သည်။

“အားးးး!!”

တု ကိုယ်တော်၏ ထိတ်လန့်စရာ ကောင်းသော အော်သံ၏ အဆုံးတွင် ၊ ရွှေဝါရောင်‌ တောက်ပနေသော ဗုဒ္ဓရုပ်ပွားတော်ကြီးသည် အ‌မှောင်ထု၏ စိုးမိုးခြင်းကို ခံလိုက်ရပြီး ထူးဆန်းသော အသွင်အပြင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

တုကိုယ်တော်၏ အသွင်သဏ္ဍာန်သည် သေခြင်းတရား၏ စွမ်းအင်ကြောင့် အဆက်မပြတ် ပြောင်းလဲနေပြီး ၊ သိပ်မကြာမီ သူ၏ မူလရုပ်သွင်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက်၊ နောက်အသွင်တစ်မျိူး ထွက်ပေါ်လာသည်။

မရဏကမ္ဘာမှ ဆင်းသက်လာသော မကောင်းမှု အငွေ့အသက်များက ထိုသူ၏ မျက်လုံးထဲတွင် ထင်ပေါ်နေပြီး ၊ မကောင်းဆိုးဝါး မိန်းကလေးတစ်ဦး၏ အသံသည် ဂူထဲသို့ ပဲ့တင်ထပ်သွားသည်။

“သခင် ယင်ထျန်းဇီ ၊ ကျွန်မ ကွေးချီ သခင့်အတွက် စူးချန်ကဲကို သတ်ပြီး လက်စားချေပေးမယ် !”

သူမ မျက်လုံးထဲတွင် တုနှိုင်းမရသော သတ်ဖြတ်လိုစိတ်များကို အတိုင်းသား မြင်နေရသည် ။

“ငါ ဒီခန္ဓာကိုယ်နဲ့ သိပ်သဟဇာတ မဖြစ်သေးဘူး ၊ ကျန်တဲ့ နတ်တစ္ဆေသွေးရဲ့ ရောင်ဝါ အသက်သွင်းဖို့ လိုအပ်တယ် !”

“ဒါနဲ့တင် မလုံလောက်ပါဘူး ၊ နတ်ဆိုးချောက်နက်က ဧကရာဇ်မင်းမြတ်ရဲ့ သမီးတော်လည်း ဒီကို ရောက်နေပြီလို့ ကြားတယ်၊ ငါ့လက်ထဲ ရောက်ဖို့ နည်းလမ်းရှာရမယ် “

တု ကိုယ်တော် ... မဟုတ်သေးဘူး၊ ကွေချီး ပြန်လာပြီဟု ပြောရင် ပိုမှန်သည်။သူမ၏ မျက်နှာသည် ပို၍ ရက်စက်ကြမ်းကြုတ်လို့ လာခဲ့ချေပြီ။

“စူးချန်ကဲ ! ငါ နင့်ကို သေချာပေါက် သတ်မယ်!”

……..

ခွင်းလွင် တောင်၏ တစ်ဖက်ခြမ်းတွင်

ချူးချန်ချင်းသည် အသွင်ပြောင်းထားသော ခွင်းဖိန်နှင့်အတူ ကောင်းကင်ယံကို ဖြတ်၍ အရှိန်အဟုန် ပြင်းစွာ ပျံသန်းနေ၏။

သူ့မျက်နှာပေါ်တွင် အကြောက်တရားများ ရှိနေပြီး ၊ သူ့ကိုယ်သူ ထပ်ပြီး မတုန်လှုပ်မိစေရန် သွားကို တင်းတင်းကျပ်ကျပ် အံကြိတ်ထားသည်။

“ ချီးပဲ ! ချီးပဲ !!”

“အဲ့သေနာကောင်က ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ”

သေခြင်းနှင့် ထိပ်တိုက် ဆုံတွေ့လိုက်ရသည့် ခံစားချက်သည် ယခုထက်ထိ သူ့ရင်ထဲ၌ ကိန်းအောင်းနေဆဲပင် ဖြစ်သည်။

စူးချန်ကဲ၏ သူတော်စင် တာအို သန္ဓေသားလောင်းသည် သာမန် သူတော်စင် တာအို သန္ဓေသားလောင်း မဟုတ်ပေ။၎င်းသည် တခြားသော သူတော်စင် ခန္ဓာကိုယ်ထက် များစွာ သာလွန်သော တည်ရှိမှု ပင် ဖြစ်သည်။

ထို့အပြင်၊ စူးချန်ကဲ၏ နက်နဲသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားသည် ဤကမ္ဘာမြေနှင့် လုံးဝခြားနားသော အရပ်မှ ဆင်းသက်လာသည့် အမြင့်ဆုံး စွမ်းအားတစ်ခု ဖြစ်မည်ဟု ချူးချန်ချင်း ခံစားမိသည်။

“ချူချန်ချင်း မင်း ပြေးတာ အတော်မြန်သကိုး ၊ဘယ်သွားမလို့တုန်း ?”

ဤအခိုက်အတန့်တွင် သူ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေမည့် အသံတစ်သံသည် ကောင်းကင်ယံမှ ပဲ့တင်ထပ်လျက် ထွက်ပေါ်လာခဲ့သည်။ထိုအသံသည် သူ့တစ်ကိုယ်လုံး ကို ထုံထိုင်းသွားစေကာ အေးစိမ့်သွားခဲ့ရသည်။

သူသည် ကြောက်လန့်တကြားဖြင့် အသံလားရာကို မော့ကြည့်လိုက်သည်။

တကယ်ကို သူထင်ထားသည့် အတိုင်းပင် ။ သူ၏ နှလုံးသားထဲတွင် အရိပ်မည်းတစ်ခုအဖြစ် စွဲကျန်ရစ်နေခဲ့သော အညစ်အကြေးကင်းစင်သော ဝတ်ရုံဖြူကို ၀တ်ဆင်ထားသည့် ထိုအနှီလူသည် သူ၏ ကျောနောက်တွင် လက်ကိုနောက်ပစ်ကာ ဝေဟင်တွင် အေးအေးလူလူ ရပ်နေလေ၏။

အထူးသဖြင့် ထိုအနှီသူ၏ မျက်နှာပေါ်တွင် ခံစားချက်မဲ့သော အမူအယာတစ်ခု ရှိနေသော်လည်း ၊ သို့သော် အဆုံးသတ်ရန်အချိန်တန်ပြီ ဟူသော အဓိပ္ပာယ်ကို ဖော်ဆောင်သည့် အပြုံးတစ်ခုလည်း ရှိနေခဲ့သည်။

“စူးချန်ကဲ! သေတဲ့အထိ တိုက်မှာလား?”

ချူးချန်ချင်းသည် သူ့နှလုံးသားထဲက ကြောက်ရွံ့မှုကို ဖုံးဖိထားချင်သောကြောင့် ဒေါသတကြီးဖြင့် အော်လိုက်သည် ။

“သေတစ်လှည့် ရှင်တစ်လှည့်ပဲ “

“ပြောရရင် ၊ မင်းတို့ အရင်ဆုံး ရန်လာစတာလေ ၊ မင်းတို့ ငါ့ကို သေအောင် တိုက်ခိုက်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ ထင်လို့လား”

စကား၏ အဆုံးသတ်၌ ၊

ဓား ထွက်ပေါ်လာခဲ့လေပြီ ။

ကောင်းကင်ဘုံ ကိုးပါးအထက်က အေးစက်သော လသော်တာကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ဓားအလင်းတန်းသည် သက်တံသဖွယ် ချုးချန်ချင်းဆီသို့ တည့်တည့် ချီတတ်သွားသည်။

“သေပေတော့...”

စူးချန်ကဲသည် ယခုလို တန်းပြီး တိုက်ခိုက်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ချူးချန်ချင်းတစ်ယောက် ကောင်းကင်ဘုံ ခန္ဓာကိုယ်၏ အသွေးအသားများကို အသက်သွင်းရန် ရှိသမျှ အလုံးစုံသော ခွန်အားတို့ကို အသုံးချလိုက်ရသည်။

ဘုန်း !

သူ၏ ဘေးပတ်ပတ်လည်တွင် ခရမ်းရောင်စွမ်းအင်များ ရစ်ဝဲနေကာ ၊ ကြီးကျယ်ခမ်းနားသော သွေးချီစွမ်းအင်များသည် လှိုင်းလုံးကြီးသဖွယ် ပြောင်းလဲသွားခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ခွင်းဖိန်၏ ရူပါရုံသာမက နဂါး၊ ဖီးနစ် ၊ ကျားဖြူ ၊ ထောင်ထျဲ့ စသည့် ရက်စက်ကြမ်းကြုတ်သော သားရဲအမျိုးမျိုး၏ ရူပါရုံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

[ T/N - ထောင်ထျဲ့ - သိုးခန္ဓာကိုယ် နဲ့ လူ့မျက်နှာ ချိုင်းအောက်မှာ မျက်လုံး ပါပြီး ၊ သွားက ကျားတစ်‌ကောင်ရဲ့ သွားလိုမျိုး ၊ လက်ကတော့ လူသားတစ်‌ယောက်ရဲ့ လက်မျိုး ပါတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကောင် ၊ဒဏ္ဍာရီအရ လောဘကြီးတဲ့ သားရဲကောင်လို့လည်း ဆိုကြတယ် ]

တစ်ခေတ်တစ်ခါရဲ့ အနှိုင်းမဲ့ သားကောင်များဖြစ်ပြီး၊ ကောင်းကင်ကိုတောင် တုန်ခါစေသည့် အရှိန်အဝါမျိူးဖြင့် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ဘုံ ခန္ဓာကိုယ်သည် မဟာ သူတော်စင် ခန္ဓာကိုယ် ကိုးပါးအနက်မှ တစ်ခုဖြစ်သည်။ ဤကဲ့သို့သော ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်သူ တစ်ယောက်အနေဖြင့် သဘာဝအလျောက် သူ့တွင် မောက်မာသောစိတ်ဓာတ်မျိုး ကျန်ရှိနေသေးသည်။စူးချန်ကဲ ပိုပြီး သန်မာတယ်ဆိုတောင် ၊ အခြေအနေက ယခုလိုထိ ဖြစ်လာမှတော့ သူ့အနေဖြင့် သေသည်အထိ တိုက်ခိုက်ရပေတော့မည်။

“ထျန်းရှန်းနှိပ်ကွပ် လက်သီး!”

ဝုန်း! !

ချူးချန်ချင်းသည် သူ၏ ကိုယ်ပိုင်စွမ်းအားကို အစွမ်းကုန် စုစည်းလိုက်သည်။ ခရမ်းရောင်စွမ်းအင်များဖြင့် ပြည့်ဝနေသော လက်သီးစွမ်းအားသည် စူးချန်ကဲဆီသို့ အလုံးအရင်း ဝင်ရောက်တိုက်ခိုက်လာခဲ့သည်။

“ ခေါင်းမာလွန်းတယ်”

စူးချန်ကဲသည် သူ၏ ကောင်းကင်ဓားကို သိမ်းဆည်းလိုက်ပြီး ၊ ချူးချန်ချင်း နည်းတူ လက်သီးကို ထုတ်သုံးလာခဲ့သည်

တဖက်လူသည် သူ့ကို ထိပ်တိုက်ရင်ဆိုင်မယ် ဆိုမှတော့ ၊ ဤအခွင့်အရေးတွင် သူသည် မိမိ၏ မြင့်မား‌သော တန်ဖိုးကို တဖက်လူအား ပြသပေးလိုက်မည်ပင်။

ဝုန်း ဝုန်း !

ဉက္ကာခဲ နှစ်ခု တိုက်မိသည့်အလား ရွှေရောင်အလင်းတန်းနှင့် ခရမ်းရောင်အလင်းတန်းတို့ ထိပ်တိုက် ဆုံတွေ့ခဲ့ကြရာ ပြိုးပြိုးပြက်ပြက် တောက်ပနေသော ရွှေရောင် အလင်းတန်းနှင့် ခရမ်းရောင် အလင်းတန်း ဟူ၍ နှစ်ပိုင်းကွဲထွက်သွားခဲ့သည်။ ၊

သို့သော် စူးချန်ကဲသည် မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း၏ စွမ်းအားကိုပါ ထုတ်သုံးခဲ့သောကြောင့် ရွှေရောင် စွမ်းအားသည် ချူးချန်ချင်း ပစ်လွှတ်လိုက်သော ခရမ်းရောင်စွမ်းအင်ကို ချေဖျက်ပစ်လိုက်သည်။

စူးချန်ကဲ၏ လက်သီးစွမ်းအားသည် အရှိန် လျော့မသွားဘဲ ၊ ချူးချန်ချင်း၏ ခန္ဓာကိုယ်ဆီသို့ တည့်တည့် ထိမှန်ခဲ့ရာ တခဏချင်း သွေးများ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။ဝိညာဉ်စွမ်းအင်များသည် တသိမ့်သိမ့် ရိုက်ခတ်နေပြီး ချူးချန်ချင်း၏ လက်တစ်ဖက်သည်လည်း အဝေးတစ်‌နေရာသို့ လွင့်ထွက်သွားခဲ့သည် ။

တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် ချူးချန်ချင်း၏ လည်ချောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

“မင်း...ငါ့ကို လွှတ် ...”

ပြင်းပြင်းထန်ထန် အသက်ရှူကြပ်သော ခံစားမှု နှင့် ဖြတ်တောက်ခံလိုက်ရသော လက်၏ နာကျင်မှုတို့ကြောင့် သူ၏ မသိစိတ်သည် စူးချန်ကဲ၏ လက်ထဲကနေ ရုန်းထွက်ချင်ပါသော်လည်း ၊ မည်မျှပင် ကြိုးစားနေပါစေ လုံးဝ မလှုပ်နိုင်ခဲ့ပေ။

“ကြက်သွန်မြိတ်လေး ၊ ဒီလောက်ကြာအောင် ပြေးပြီးပြီးပဲ ၊ အဆုံးသတ်ဖို့ အချိန်တန်ပြီ မဟုတ်လား”

“ ကောင်းကင်ဘုံ ခန္ဓာကိုယ်ကို မင်းလို အမှိုက်ကောင်ဆီမှာ ထားထားရင် အလကားပဲ”

“အဲ့တော့ ငါကပဲ လက်ခံပေးထားမယ်”

ဝီ!

ချက်ချင်းဆိုသလို ၊စူးချန်ကဲသည် သူ၏ စုပ်ယူသူတော်စင် ခန္ဓာကိုယ်ကို တစ်ဖန် ပြန်လည်အသက်သွင်းခဲ့သည်။စကြာဝဠာထဲက တွင်းနက်ကြီးကဲ့သို့ ဝါးမျိုးနိုင်သော စွမ်းအားသည် ချူးချန်ချင်း၏ မူလရင်းမြစ် စွမ်းအားတို့ကို အရူးအမူး စုပ်ယူ နေခဲ့သည်။

“အားး !”

ပြင်းထန်သော နာကျင်မှုကို ခံစားရင်း ချူးချန်ချင်းသည် နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ အော်ဟစ် ‌မေးမြန်းလာခဲ့သည်။

“မင်း ဘယ်သူလဲ”

“ဘာလို့...မင်းမှာ သူတော်စင်​ ခန္ဓာကိုယ်​နှစ်​ခု ရှိနေတာလဲ”

ဘဝ၏ နောက်ဆုံးအခိုက်အတန့်ကို ရောက်ရှိနေပြီ ဖြစ်သော ချူးချန်ချင်းမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံး အပြူးသား စိုက်ကြည့်နေခဲ့သည်။

“ နှစ်ခု?”

“စိတ်မပူနဲ့၊ နောင်ကြရင် မဟာ သူတော်စင် ခန္ဓာကိုးပါးစလုံး ငါ့အပိုင် ဖြစ်လာလိမ့်မယ်”

ခပ်ဖျော့ဖျော့ ပြုံးလိုက်သော စူးချန်ကဲ၏ အပြုံးသည် ချူးချန်ချင်းကို တုန်လှုပ်သွားစေသည်။

ဘာ?

စူးချန်ကဲရဲ့ ပစ်မှတ်က မဟာ သူတော်စင်ခန္ဓာကိုးပါး ဖြစ်နေတာလား?

သူသည် မူလကတည်းက စူးချန်ကဲ၏ သားကောင် ဖြစ်နေခဲ့သည်ပင်။

ချူးချန်ချင်း ၏ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများကို ကြည့်ရင်း စူးချန်ကဲသည် နောက်ပြောင်သော အပြုံးဖြင့် ဆိုလိုက်သည်။

“နောက်ဆုံးတော့ မင်း ရှာတွေ့သွားပြီလား”

“ဒါပေမယ့် ကိစ္စတွေက ဒီထိရောက်လာပြီ ဆိုမှတော့ ၊ မင်းရဲ့ ကောင်းကင်ဘုံ ခန္ဓာကိုယ်ကို ငါလက်ခံပေးမယ်လေ “

ဝုန်း ! !

မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်အား စုပ်ယူ သူတော်စင် ခန္ဓာကိုယ်၏ စွမ်းအားဖြင့် ပေါင်းစပ်လိုက်သည်။

ဤကြောက်စရာကောင်းသော စွမ်းအားသည် ဝဲဂယက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ရာ ကောင်းသော ဝါးမျိုခြင်းစွမ်းအားများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

နာကျည်းစွာ ငိုကြွေးသံများကြားတွင် ချူးချန်ချင်း၏ ခန္ဓာကိုယ်သည် လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး ၊ သူ့၏ ဝိညာဉ်ပင်လျှင် တစိုးတစိမျှ ကျန်ရစ်ခဲ့ခြင်း မရှိချေ။

အပိုင်း(၁၅၉): ကြောက်မက်ဖွယ်ကောင်းသောအမှန်တရား၊

စူးချန်ကဲ၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်-

“ဒါက ကောင်းကင်ဘုံ ခန္ဓာကိုယ်ရဲ့ အရသာပဲလား”

“တကယ် မဆိုးဘူး”

ဤအားကြီးသော သွေးချီစွမ်းအားသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို နောက်တစ်ဆင့်သို့ တတ်လှမ်းစေနိုင်ခဲ့သည်။

သူသည် ဤနေရာတွင် ရပ်ကာ သူတော်စင်အရှင် အဆင့်ရှိ ပုဂ္ဂိုလ်တစ်‌ယောက်ကို အစွမ်းကုန် တိုက်ခိုက်ခွင့်ပေးခဲ့ရင်တောင် သူ့ကို လုံးဝမျှ ထိခိုက်‌အောင် လုပ်နိုင်မည် မဟုတ်ပေ။

【တင်း! ကောင်းကင်ဘုံ ခန္ဓာကိုယ် ကို အောင်မြင်စွာ အမဲလိုက်နိုင်ခဲ့ခြင်းအတွက် သင့်ကို ဂုဏ်ယူလိုက်ပါတယ်၊ ဆုလာဘ်အနေဖြင့် နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း မှော်ပညာကို သင် ရရှိခဲ့ပါသည် 】

စူးချန်ကဲသည် သူ့ မျက်ခုံးသူ ပင့်လိုက်ရင်း။ စနစ်ထဲက နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း မှော်ပညာကို အာရုံစိုက်လိုက်သည်။

[နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း မှော်ပညာ- အတွေးတစ်ခုတည်းနဲ့တင် ကမ္ဘာကြီးကို ဖန်တီးနိုင်သည်။အတွေးရောက်ရှိသွားလေကာ နေရာတိုင်း ထောင်ပေါင်းများစွာသော ဓားပန်းများ ပွင့်လန်းမည်။ ၎င်းသည် အမတနယ်မြေရှိ ဓားပညာရှင် တစ်ဦးမှ ဖန်တီးထားသော ဝိညာဉ်ရေး ဓားလှုပ်ရှားမှု တစ်ခုဖြစ်သည်။အတွေးတစ်ခုတည်းနဲ့တင် မိမိ၏ ကိုယ်ပိုင်ကမ္ဘာကို ဖန်တီးနိုင်ရုံသာမက ဝိညာဉ်စွမ်းအားကို ဓားစွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးကာ ပြိုင်ဘက်၏ တာအိုစိတ်နှလုံးသားကို ချေမှုန်းပစ်နိုင်သည် 】

စူးချန်ကဲ သည် နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း မှော်ပညာကို လက်ခံလိုက်နှင့် သူ၏ မျက်လုံးထဲ၌ ဉာဏ်အလင်း ရရှိမှု အရိပ်အမြွက် တချို့ ထွက်ပေါ်လာခဲ့သည်။

“ဒါက ဝိညာဉ်ရေး ဓားသွားပုံစံပဲ ၊ မမှားနိုင်ဘူး ဒါ ငါ လိုနေတဲ့ဟာနဲ့ အတိအကျပဲ “

အချို့သော ပါရမီရှင်များသည် မိမိကိုယ်မိမိ ကုစားနိုင်သော စွမ်းရည်နှင့် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်သည် အလွန် အစွမ်းထက်သည်။ လျှို့ဝှက် ရတနာ၏ အထောက်အကူသာ ရှိခဲ့လျှင်ဖြင့် ၊လိပ်ခွံသဖွယ် ဖြစ်ပေတော့မည်။

ဤဝိညာဉ်ရေး ဓားသွားပုံစံ၏ လှုပ်ရှားမှုသည် ပြိုင်ဘက်၏ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှုကို လုံးဝဉဿုံ လျစ်လျူရှုနိုင်ပြီး ၊ ပြိုင်ဘက်၏

အတွင်း စိတ်ဝိညာဉ်ကို ပျက်သုန်းအောင်ထိ ပြုလုပ်နိုင်သည်။

“ဒီကောင်စုတ်လေး လုံပါ့ထျန်းကို ရှာဖို့ ဒီလှည့်ကွက်ကို သုံးရမယ် “

ယခုတွင် သူသည် ကောင်းကင်ဘုံ ခန္ဓာကိုယ်ကို ဝါးမျိုလိုက်ပြီ ဖြစ်ရာ ၊ နောက်ထပ် သူ လိုအပ်သည့်အရာမှာ ကောင်းကင်ဘုံ အာဏာရှင် နဂါး၏ အသွေးအသားများပင် ဖြစ်သည်။

စူးချန်ကဲသည် သူ့ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။

ဤကမ္ဘာကြီး၌ အဖြူ နှင့် အနက်မှ လွဲ၍ ဘာအရောင်မှ မရှိပေ။

စူးချန်ကဲ၏ ဝိညာဉ်ရေးရာ အတွေးများသည် ဤကမ္ဘာပေါ်၌ လွတ်လပ်စွာ လွင့်မျောနေသည်။

တောင် ၊ မြစ်များသည် အဖြူအမည်း ဖြစ်ပြီး ၊ငှက်နှင့် တိရိစ္ဆာန်များ သည် အပြာရောင်များ ဖြစ်သည်။ကျင့်ကြံသူ တချို့သည် ခပ်ဖျော့ဖျော့ အနီအလင်းရောင် ဖြာထွက်နေသည်။

သို့သော် စူးချန်ကဲသည် လုံပါ့ထျန်း၏ ရောင်ဝါကို ပစ်မှတ်ထားကာ စစ်ထုတ် ရှာကြည့်လိုက်သည်။

အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက်တွင် ၊ သူသည် စည်းချထားသော လျှို့ဝှက်လှိုဏ်ဂူတစ်ခုကို တွေ့ရှိခဲ့သည်။

“သေမှာကြောက်တဲ့ ကြွက်လေးကို ရှာတွေ့ပြီပဲ”

ဝုန်း!

စူးချန်ကဲသည် အရှိန်ပြင်းသော ဥက္ကာပျံတစ်ခုကဲ့သို့ ဂူ ရှိရာနေရာဆီသို့ ဦးတည်လိုက်သည် ။

တစ်ချိန်တည်းမှာပင် ၊ ထိုဂူထဲ၌။

လုံပါ့ထျန်းသည် နာကြည်းသော အမူအယာဖြင့် ဆို၏ ။

“ ဟွမ်လော့ရှင်း ! ဒီတစ်ခါတော့ စူးချန်ကဲ ကို သေချာပေါက် သတ်နိုင်ပြီလို့ မင်း မပြောခဲ့ဘူးလား”

“ ဘာလို့ ခွေးကျဝက်ကျ ရှုံးနိမ့်ခဲ့ရတာတုန်း?”

ဟွမ်လော့ရှင်းသည်လည်း ယခုလေးတင်မှ သူမကိုယ်သူမ ကုသခြင်းမှ ပြီးဆုံးသွားခဲ့သည်။ ရှုံးနိမ့်မှုရလဒ်သည် သူမကို နာကျင်စေခဲ့ပြီးပြီ ဖြစ်ရာ ၊ ယခုအခါတွင် လုံပါ့ထျန်း၏ မေးခွန်းထုတ်မှုက သူမကို ပို၍ ဒေါသထွက်စေခဲ့သည်။

“နင့်ကများ ငါ့ကို မေးရဲသေးတယ် “

ဟွမ်လော့ရှင်က ဒေါသတကြီးဖြင့် ဆိုလေသည် -

“ ငါတို့ အင်အားတွေ အကုန်လုံးပေါင်းပြီး စူးချန်ကဲ ကို သတ်ရင်ရသားနဲ့ ၊ နင်တစ်ယောက်တည်း တိုက်မယ် တကဲကဲလုပ်‌ နေတာလေ!”

“စူးချန်ကဲကို လွယ်လွယ်နဲ့ ရှုံးနိမ့်ခဲ့တာလည်း မပြောနဲ့ ၊ ငါ့ရဲ့ အစီအစဉ်တွေ အကုန်လုံး ကမောက်ကမ ဖြစ်သွားခဲ့ရတာ “

လုံပါ့ထျန်းခမျာ စကားမဲ့လျက် ။သို့သော် သူ့ဂုဏ်သိက္ခာကို အဖက်ဆယ်လိုတာကြောင့် တခွန်းလောက်တော့ ဆိုလိုက်ပြန်သေးသည်။

“ကောင်းကင်ဘုံ အာဏာရှင်နဂါးရဲ့ အသွေးအသားကို ပြီးပြည့်စုံနိုင်ခဲ့တဲ့ ငါ တောင် စူးချန်ကဲရဲ့ ပြိုင်ဖက် မဖြစ်နိုင်တာ ၊ ငါတို့ လေးယောက် အတူတူတတ်တောင် သူ့ရဲ့ ပြိုင်ဖက် ဖြစ်နိုင်ပါ့မလား?”

“ နင်ကိုက လုံလောက်တဲ့ ပြင်ဆင်မှုမရှိဘဲ အလျင်စလို လုပ်ဆောင်ခဲ့တာလေ ၊ ဘာလို့ ငါ့ကို လာပြီး အပြစ်တင်နေတာတုန်း?”

ဂူထဲက လူနှစ်ယောက်၏ ရန်ဖြစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သော အသံတစ်သံကြောင့် ရပ်တန့်သွားခဲ့သည်။

“ ဘာလို့ အဲ့လောက်ထိ ငြင်းခုံနေတာတုန်း ၊ နောက်ဆုံးတော့လည်း အတူတူ သေရမှာပဲကို “

“ဒီအသံက မဟုတ်မှလွဲရော...”

လုံပါ့ထျန်း၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွားသည်။ အဆုံးမရှိသော အအေးဓာတ်များ ဝင်ရောက်လာသကဲ့သို့ သူ့တစ်ကိုယ်လုံး အေးစိမ့်သွားခဲ့သည်။

ဝုန်း!

ဓားစွမ်းအင်များ ထွက်ပေါ်လာခဲ့ချေပြီ။

သူတို့နှစ်ယောက် နားခိုနေသော ဂူ၏ တောင်ထိပ်သည် ဓားစွမ်းအင်ကြောင့် ချက်ချင်း ပြိုကျသွားသည်။

နှစ်ယောက်လုံး ထိတ်လန့်မှုအပြည့်ဖြင့်။

စူးချန်ကဲသည် အေးစက်သော အမူအရာဖြင့် ဝေဟင်တွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။သူ၏ ဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ်ခတ်လျက် လွင့်မျောနေပြီး ၊ စူးချန်ကဲ၏ အသွင်အပြင်သည် သူတို့၏ ဝိညာဉ်များကို ရိတ်သိမ်းရန် ငရဲပြည်မှ ဆင်းသက်လာသော သေမင်းနတ်ဘုရားကဲ့သို့ ပင်။

“မဖြစ်နိုင်ဘူး၊ မင်း ဘယ်လိုလုပ်ပြီး ငါတို့ကို ရှာတွေ့ခဲ့တာလဲ “

လုံပါ့ထျန်းသည် မယုံကြည်နိုင်သော အကြည့်ဖြင့် ကျယ်လောင်စွာ မေးလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် စူးချန်ကဲ သည် ရှည်ရှည်ဝေးဝေး ပြောမနေဘဲ ၊ သူ၏ ကောင်းကင်ဓားကို မြှောက်ကာ ဖြတ်ခုတ်လိုက်သည်။

ရွှမ်း!

ဓားစွမ်းအင်သည် အရာအားလုံးကို နှိပ်ကွပ်ထားခဲ့သည်။

ဘုန်း !

တောင်နံရံများ ကွဲအက်ကာ ထူထပ်သော အခိုးအငွေ့များ လွင့်စင်လာခဲ့သည်။

“ နဂါး လက်သီး၊ နဂါး...”

တဖန် နှင်းကဲ့သို့ အေးစက်သော ဓား အလင်းတန်းတစ်ခု လင်းလက်တောက်ပသွားသည်။ ဓားစွမ်းအင်သည် လုံပါ့ထျန်း၏ လက်တစ်ဖက်ကို ဖြတ်ခုတ်ပစ်လိုက်ရာ သွေးများသည် နေရာအနှံ့ လွင့်စင်သွားခဲ့သည်။

“အားး!!”

လုံပါ့ထျန်းသည် နှလုံးသားကွဲကြေမတတ် အော်ဟစ်လိုက်သည်။

တချက်လောက် ထိပ်တိုက် တွေ့မိရုံဖြင့် ၊ စူးချန်ကဲသည် သူ့လက်ကို လုံးဝအပြီးအတိုင် ဖြတ်ခုတ်ပစ်ခဲ့သည်။

“စူးချန်ကဲ မင်းကများ ဘယ်လိုသတ္တိမျိုးနဲ့..”

ရွှမ်း!!

ဓားအလင်းသည် ဖျက်ခနဲ့ ဝင်းလက်တောက်ပသွားချိန် ၊ ယခင်ကဲ့သို့ တစ်စုံတစ်ယောက်၏ လက်တစ်ဖက်သည် လေထဲသို့ ပျံဝဲသွားခဲ့လေပြီ။

“ နားငြီးတယ်”

“ မင်းအစွမ်းအစနဲ့ လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား”

စူးချန်ကဲသည် လုံပါ့ထျန်း၏ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။

“ဒါပေမဲ့ ငါကိုယ်တော်က ပုရွက်ဆိတ်တစ်ကောင်အပေါ် သက်ညာပေးမှာပါ”

ဝုန်း ! !

မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း၏ စွမ်းအားကို အပြည့်အဝ နှိုးဆော်လိုက်ပြီး ကောင်းကင်ဘုံခန္ဓာကိုယ်၏ အစွမ်းထက်သော သွေးစွမ်းအားဖြင့် ပေါင်းစပ်လိုက်ရာ ၊ ဖြာထွက်လာခဲ့သော အငွေ့အသက် နဲ့တင် လုံပါ့ထျန်း၏ အရိုးများကို ကျွတ် ကျွတ် မြည်သည့်အထိ ကျိုးသွားစေခဲ့သည်။

စုပ်ယူ သူတော်စင် ခန္ဓာကိုယ်သည် လုံပါ့ထျန်း၏ ကောင်းကင်ဘုံ အာဏာရှင်နဂါး၏ အသွေးအသားများကို အရူးအမူး ဝါးမျိုနေခဲ့သည်။

လုံပါ့ထျန်း တစ်ယောက် ပြင်းပြင်းထန်ထန် ခုခံရန် ကြိုးစားခဲ့သော်လည်း ၊ မည်သို့ပင်ဆိုစေကာမူ သက်ရောက်မှု မရှိခဲ့ပေ။

ခုနက အဖြစ်အပျက်ကို သူ ထပ်ပြီးတောင် စိတ်ကူးမယဉ်ရဲပေ။

စူးချန်ကဲသည် အဘယ့်ကြောင့် ပို၍ အားကောင်းလာပြန်သနည်း။

ဤမျှ အားကောင်းသော စွမ်းအားကို သူ ခုခံဖို့ရန် မစွမ်းချေ။

သူသည် ခွန်အားအပြည့်ဖြင့် ရှိုက်ကြီးတငင် အော်ဟစ်လိုက်သည်။

“ ဟွမ်လော့ရှင်း ၊ မင်း အခုမှ မလုပ်ရင် တေဘယ်အချိန် လုပ်မှာတုန်း!”

“ ဖီးနစ်၏ ကောင်းကင်ကို လောင်းကျွမ်းစေခြင်း!”

ဌက်အော်သံ !

ဖီးနစ်၏ ကျယ်လောင်သော အော်ဟစ်သံနှင့် အတူ ၊ မီးပင်လယ်ကြီးကဲ့သို့ အဆုံးမရှိသော နတ်မီးလျှံတို့သည် ဖီးနစ်၏ ဧရာမ တောင်ပံကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

ဖီးနစ်၏ ခန္ဓာကိုယ်သည် ကောင်းကင်ကြီးကို ဖုံးလွှမ်းထားသကဲ့သို့ ၊ အဆုံးမရှိသော ဖီးနစ် မီးလျှံများသည် ကောင်းကင်တစ်ခုလုံးကို လောင်ကျွမ်းသွားစေကာ စူးချန်ကဲထံသို့ ကျရောက်လာခဲ့သည်။

သို့သော် စူးချန်ကဲသည် နောက်တချက်မှ ပြန်လှည့်မကြည့်ဘဲ ၊ သူ့နောက်တွင် ကောင်းကင်ဓားသာ ရှိသည်။

ဘုန်း !

အဆုံးမရှိသော မီးလျှံများသည် မီးတောက်များ အဖြစ်သို့ သွန်းလောင်းချခဲ့ပါသော်လည်း၊ ကောင်းကင်ဓားအနေဖြင့် အနည်းငယ် တုန်လှုပ်ရုံမျှသာပင်။ကောင်းကင်နှင့် မြေကြီးကြားရှိ ရက်စက်ကြမ်းကြုတ်သော ဓားစွမ်းအင်သည် မီးတောက်များကို ထက်ဝက် ဖြတ်တောက်ပစ်လိုက်သည်။

မူလက ကြီးမားသော မီးတောက်ကြီးမှာ နှစ်ပိုင်း ဖြစ်သွားခဲ့သော်လည်း ၊ အလယ်တွင် ရှိသော စူးချန်ကဲမှာမူ တစက်ကလေးမှ ထိခိုက်သွားခြင်း မရှိခဲ့ပေ ။

“ဒီလောက်လေးနဲ့ ငါ့ကို တားစီးနိုင်မယ်လို့ ထင်လို့လား?”

ဟွမ်လော့ရှင်းမှာ မယုံကြည်နိုင်သော အမူအယာဖြင့် ကြည့်နေသည်။ဤလှုပ်ရှားမှုသည် အပြင်းထန်ဆုံး တိုက်ခိုက်မှုဟု ဆိုနိုင်သည်။

ဒါပေမဲ့ ဒီလောက် လွယ်လွယ်ကူကူ ဖြေရှင်းပြသွားသတဲ့လား!?

ချွင် !

စူးရှသော ဓားသံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ ကောင်းကင်ဓားသည် တောက်ပသော နတ်အလင်းရောင်များဖြင့် ပေါက်ကွဲ ထွက် ပေါ်လာခဲ့ပြန်သည်။

တဟုန်းဟုန်း တောက်လောင်နေခဲ့သော မီးတောက် လှိုင်းလုံးကြီးသည် ဓားစွမ်းအင်၏ ဖြိုခွင်းခြင်းကို ခံခဲ့ရပြီးနောက် ၊ မီးပွားများအဖြစ်သို့ ပြောင်းလဲသွားကာ ဤကမ္ဘာပေါ်သို့ ကျရောက်လာခဲ့သည်။

ဓားစွမ်းအင်များ တဆတ်ဆတ် တုန်ခါနေပြီး ၊ဟွမ်လော့ရှင်းပင်လျှင် ချက်ချင်းလက်ငင်း လွင့်ထွက်သွားပြီး ကျောက်နံရံကို အပြင်းအထန် ထိမှန်ခဲ့ရာမှ သွေးများ အန်ထွက်လာခဲ့သည်။

“ ဘာတွေလောနေတာတုန်း?”

စူးချန်ကဲ က အေးစက်စွာ ဆိုလေသည်။

“ဒီနေ့ မင်းတို့ အားလုံး သေရမှာပါ”

သူ့လက်ထဲတွင် ရှိနေသော လုံပါ့ထျန်း၏ ဝိညာဉ်မှာ ပြိုလဲလုနီးနီး ဖြစ်နေခဲ့ပြီပင်။‌ ကောင်းကင်ဘုံ အာဏာရှင် နဂါး၏ အသွေးအသားတို့သည် ဆယ်ရာခိုင်နှုန်းမျှသာ ကျန်တော့သည်။

စူးချန်ကဲသည် လုံပါ့ထျန်း၏ နာကျင်အော်ဟစ်မှုကို လျစ်လျူရှုကာ စွမ်းအားများကို ဆက်လက် ပေါင်းထည့်နေခဲ့သည်။

ဤကြောက်စရာကောင်းသော မြင်ကွင်းသည် ဒဏ်ရာ ပြင်းထန်စွာ ရနေခဲ့ပြီ ဖြစ်သော ဟွမ်လော့ရှင်းကို ဖြူဖပ်သွားစေခဲ့သည်။

“စူးချန်ကဲ... နင် ယင်ထျန်းဇီ နဲ့ ချူးချန်ချင်းကိုသတ်ခဲ့တာ ငါသိတယ်...”

“ ခွင်းလွင် တောင်မှာ ထူးခြားတဲ့ ကန့်သတ်ချက်တွေ ရှိတယ် ၊ သူတို့ မသေခင် နောက်ဆုံးလက်ကျန် ဖြစ်တဲ့ နတ်အသိစိတ်က လောလောဆယ် ပြန်မသွားနိုင်သေးဘူး ၊ဒါကို ငါနဲ့ လုံပါ့ထျန်းကိုပါ သတ်လိုက်ရင်..”

“ထာဝရ အင်အားစုကြီး လေးစုရဲ့ အမျက်ဒေါသကို နင် ခံနိုင်လို့လား?”

သို့သော် ဟွမ်လော့ရှင်း ၏ ခြိမ်းခြောက်မှုကို စူးချန်ကဲသည် ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်သည်။

“မင်းရဲ့ နောက်ခံက အရမ်း ရှေးကျတယ် ဆိုတာ ငါ သိပါတယ်၊ ဧကရာဇ် မင်းမြတ် အများကြီး မွေးထုတ်ပေးနိုင်ခဲ့တယ်”

“ဒါပေမယ့်”

ဘုန်း! !

စူးချန်ကဲသည် လုံပါ့ထျန်းလည်ကို ဆုပ်ကိုင်ထားသော သူ၏ လက်ကို အနည်းငယ် အားထည့်လိုက်သည်နှင့် ပြိုလဲလုနီးနီး ဖြစ်နေသော လုံပါ့ထျန်းတစ်ယောက် ချက်ချင်းဆိုသလို ချေမှုန်းခံလိုက်ရသည်။

သူ့ခန္ဓာကိုယ်သည် အခိုးအငွေ့များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဟွမ်လော့ရှင်း၏ ဖြူဖျော့သော မျက်နှာပေါ်သို့ သွေးများ ဖြန်းခနဲ စင်သွားသည်။

“ငါ့အတွက်တော့ မင်းတို့က သားကောင်ပဲ၊ ဒီနေရာကလည်း ငါ စူးချန်ကဲရဲ့ အမဲလိုက်ကွင်းပဲ “

စူးချန်ကဲ၏ လှောင်ပြောင်နေသော အပြုံးသည် ဟွမ်လော့ရှင်း၏ ရင်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

သူတို့က သားကောင်တွေတဲ့လား?

ခွင်းလွင် တောင်က စူးချန်ကဲရဲ့ အမဲလိုက်ကွင်းတဲ့လား?

စူးချန်ကဲသည် အပြုံးမပျက် ဟွမ်လော့ရှင်းထံသို့ ဆက်လျှောက်လိုက်သည် -

“နောက်ဆုံး အနေနဲ့ မင်းကို ပြောပြလိုက်မယ် ၊ မင်းသေပြီးတောင် နောက်ထပ် လူတွေ မင်းနဲ့အတူ ငရဲကို လိုက်လာကြလိမ့်မယ် “

“ဘာလို့လဲဆို​တော့ မင်းတို့က ကြေးဝါဗိမာန်ကို ယဇ်ပူဇော်ဖို့ ငါရွေးချယ်ခဲ့တဲ့ သားကောင်တွေပဲ “

ဘာ?

ကြေးဝါဗိမ္မာန်?

ယစ်ပူဇော်ခံရတဲ့ သားကောင်?

ဖျက်ခနဲ့ လင်းလက်သွားသော အေးစက်သော အလင်းရောင်နှင့်အတူ ၊ တစ်နေရာတွင် လဲလျောင်းနေသော သူမ၏ ခန္ဓာကိုယ်ကို သူမ ကိုယ်တိုင် မြင်တွေ့လိုက်ရသည်။

နောက်ဆုံးတွင် ၊ သူမ၏ အမျက်ဒေါသအားလုံးသည် စူးချန်ကဲ အပေါ် ကျိန်စာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“နင်... အပြစ်ပေးခံရလိမ့်မယ်”

အပိုင်း(၁၆၀): ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင် ရောက်လာလေပြီ

“အပြစ်ပေးခံရမယ်ဟုတ်လား?”

စူးချန်ကဲ၏ နှုတ်ခမ်းထောင့်စွန်းတွင် အထင်အမြင်သေးသော အရိပ်အမြွက်များ ရှိနေသည်။

တကယ်တော့၊ သူသည် ထျန်းကျီကျွန်းပိုင်ရှင်ထံမှ သတင်းအချို့ရရှိခဲ့သည်။

ကြေးဝါဗိမာန်ကို ဖွင့်ရန် ဝိညာဉ်စွမ်းအား များစွာ နှင့် သွေးစွမ်းအားများစွာ လိုအပ်သည်။

၎င်းသည် ဝိညာဉ်နှင့်သွေးကို အလွန်အမင်း တောင်းဆိုနေသောကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် စူးချန်ကဲသည် ဒေသထွက် ပစ္စည်းများကို ရိုးရိုးရှင်းရှင်း အသုံးပြုရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။တစ်နည်းအားဖြင့် ဆိုရသော် ၊သူသည် ကြီးမားသော အင်အားစု အသီးသီးမှ ပါရမီရှင်တပည့်များကို ယဇ်ပူဇော်ခံ သားကောင်များ အနေဖြင့် ပြောင်းလဲခဲ့သည်။

ထို့အပြင်၊ သူသည် အနာဂတ်တွင် ဧကရာဇ်မင်းမြတ်၏ လမ်းစဉ်ကို လျှောက်လှမ်းရဦးမည် ဖြစ်ရာ ၊ ထိုမတိုင်မီတွင် သူသည် စစ်မှန်သောသွေးနှစ်ခြင်း မင်္ဂလာပွဲကြီးကို အတွေ့အကြုံ တစ်ခုအဖြစ် ခံစားသင့်သည်။

ကြေးဗိမာန်ဖွင့်ပွဲအတွက် သားကောင်များ လိုအပ်သလို ၊ ပထမဆုံး သွေးနှစ်ခြင်း၏ အစအတွက် သူတို့ကို အသုံးပြုခြင်းသည် အကောင်းဆုံးပင် ဖြစ်သည် ။

ထိုအင်အားစုများဘက်မှ မည်ကဲ့သို့ လက်တုံ့ပြန်မည် နှင့် ပတ်သက်၍ ၊ ယင်းအရာသည် သူ့ ဦးနှောက်ထဲ ထည့်ထားရမည့် အရာမဟုတ်ပေ။

ကောင်းကင်ဘုံ ခန္ဓာကိုယ်နှင့် ကောင်းကင်ဘုံအာဏာရှင် နဂါး၏ အသွေးအသားတို့သည် သူ့ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသည်ကို စူးချန်ကဲ ခံစားမိသည်။

ရှေးခေတ်က ဆင့်ခေါ်သံကဲ့သို့ ၎င်းတို့ နှစ်ခုကြားက ပဲ့တင်ထပ်သံကို သူ ယောင်ဝါးဝါး ခံစားမိသည်။

“သူတော်စင် အရှင် နယ်ပယ်အဆင့်ကို ဖြတ်ကျော်တဲ့အချိန်ကျရင် ၊ ကောင်းကင်လမ်းစဉ်ရဲ့ စွမ်းအားနဲ့ အခွင့်ရတုန်း ဒီသွေးကြောနှစ်ခုကို ပေါင်းစည်းကြည့်ရမယ်..”

စူးချန်ကဲ စိတ်ထဲ ထိုအကြံအစည် ရှိနေခဲ့သည်။အောင်မြင်နိုင်ခဲ့ပါက ၊ ယင်းသည် ဤကမ္ဘာကြီးထဲသို့ ဝင်ရောက်မည့် သူ၏ ပထမဆုံးခြေလှမ်းပင် ဖြစ်သည်။

သူတော်စင်အရှင်ရဲ့ အောက်မှာ ရှိတဲ့ သူမှန်သမျှ ၊ ပုရွက်ဆိတ်အဆင့်သာသာပင်။

ထို့အပြင် ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် အနာဂတ်တွင် သူထင်ထားသည်ထက် ပို၍ ကြောက်စရာကောင်းသော တားမြစ်ပါရမီရှင် တစ်ဦး ဖြစ်နေနိုင်သည်။

သူ့အနေဖြင့် လောကတွင် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်လက် ရပ်တည်လိုပါက ၊ သူများတွေ တွေးဝံ့သော အရာကို သူလည်း လုပ်နိုင်ရမည် ဖြစ်ပြီး ၊သူများတွေ မတွေးဝံ့သော အရာကိုလည်း သူ လုပ်နိုင်ရမည်ပင်။

ဤသူသည် ဆက်ခံသူ သခင် စူးချန်ကဲသည်သာ !

“အရင်က စုဆောင်းထားတဲ့ ပါရမီရှင်တွေရဲ့ အနှစ်သာရ ၊ သွေးနဲ့ ဝိညာဉ်စွမ်းအားတွေက ကြေးဝါဗိမာန်ကို ဖွင့်ဖို့ မလုံလောက်သေးဘူးနဲ့ တူတယ်…”

စူးချန်ကဲသည် သူ့လက်ထဲက မှိန်းဖျော့ဖျော့ ရောင်ဝါကို ထုတ်လွှတ်ပေးလျက် ရှိသော ရှန်းချန်လျို့ဝှက်သော့ကို တစ်ချက် ကြည့်လိုက်သည်။

“သွေးနှင့်ဝိညာဉ် ရောယှက်နေသည်မှာ ဤလောကတွင် စစ်မှန်သော အမတတို့၏ အရိပ်အမြွက်ကို ထင်ရှားစေသည်တကား “

“အသက်နှင့် ယစ်ပူဇော်ခြင်းသည် ကွယ်ဝှက်ထားသော ဗိမာန်တော်ကြီးကို ဖွင့်ပေးနိုင်လိမ့်မည်”

ဤသည်မှာ ထျန်းကျီ ကျွန်းပိုင်ရှင် ယခင်က ပေးပို့လာခဲ့သော စာပိုဒ်တစ်ပိုဒ်ပင် ဖြစ်သည်။

ဒီစကားလုံးများ၏အဓိပ္ပါယ်အရ ၊ ကြေးဝါဗိမ္မာန်ကို ဖွင့်ရန် ယဇ်ပူဇော်မှု အများအပြားလိုအပ်သည် ဆိုသော သဘောကို ရည်ညွှန်းပြနေသည်။

စူးချန်ကဲ အတွေးများနေစဉ် ။

ဘုန်း!

ကမ္ဘာမြေကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ၊နိယာမ တရားများနှင့် ဝိညာဉ်စွမ်းအင်များသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ နှိုးဆော်မှုကြောင့် ရိုက်ခတ်လှုပ်ရှား ထကြွလာခဲ့သည်။

ခွင်းလွင်တောင်ထဲက နယ်မြေ များစွာ၏ နယ်နိမိတ်များသည် တစ်ခုပြီးတစ်ခု ပြိုကျလာခဲ့သည်။ မူလကတည်းက ရှိနေခဲ့ကြသော ရေကန် ၊ သဲကန္တာရ ၊ ချောက် နှင့် တောင်တို့သည် ကြယ်မှုန်များအဖြစ်သို့ လွင့်စင်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံးကို မြူမှုန်များဖြင့် ဖုံးလွှမ်းသွားသည်။

တစ်ချိန်တည်းမှာပင် ၊ ပါရမီရှင် တပည့်များစွာ သည်လည်း ရှုပ်ထွေးကုန်ကြသည်။

မြူခိုး‌ငွေ့များသည် ဆူနာမီကဲ့သို့ အုံကြွလာခဲ့ပြီး ၊ ကမ္ဘာမြေကြီး တစ်ခုလုံး လှုပ်ခါယမ်းနေ၏။

မူလရင်းမြစ် အငွေ့အသက် ၊ ကနဦး တာအိုသံစဉ်မှ ဆင်းသက်လာပုံရသော ခွင်းလွင်‌တောင်၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် နိုးထလာခဲ့ချေပြီ။

“ ပင်ကိုယ် စွမ်းအင်တွေက ဒီလောက်မြန်မြန် စု ဝေးလာခဲ့ပြီလား?”

ရုတ်တရတ် ဆန်သော အပြောင်းအလဲကြောင့် စူးချန်ကဲတစ်ယောက် အနည်းငယ် အံ့သြသွားခဲ့သည်။

သို့သော်၊ သူသည် အကြောင်းအကျိုး ညီညွှတ်စွာ တွေးတောနေဆဲပင်။

“ မဟုတ်မှလွဲရော စောနက ဖြစ်ခဲ့တဲ့ တိုက်ပွဲက ခွင်းလွင်တောင်ရဲ့ ပင်ကိုယ်စွမ်းအားတွေကို နိုးထလာစေခဲ့တာလား?”.

ပင်ကိုယ်စွမ်းအား သည် ခွင်းလွင်တောင်၏ ထူးခြားသော တာအိုလမ်းစဉ် နိယာမ တစ်ခုပင် ဖြစ်သည်။ ၎င်းပင်ကိုယ်စွမ်းအားကို အသုံးပြုခြင်းအားဖြင့် သူတော်စင် အဆင့်ထိ အောင်မြင်တတ်ရောက်နိုင်စေပြီး ၊မမျှော်လင့်ထားသော ရလဒ်ကောင်းများ ရရှိလာပေလိမ့်မည်။

ထိုစဉ် ၊ ယောက်ျားမိန်းမ သံ မဟုတ်သော သဘာဝတရား၏ အသံသည် ကောင်းကင်ယံ၌ ပဲ့တင်ထပ်ကာ အော်မြည်နေ၏။

“ သူတော်စင် တာအိုစင်မြင့်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ ၊ ဧည့်သည်များအနေနဲ့ ခွင်းလွင်တောင်ထိပ်ထိ ကိုယ်တိုင်တက်ရောက်ရန် လိုပါတယ် ၊ ခွင်းလွင် အမြင့်ဆုံး တောင်ထိပ်ကို တက်ရောက်နိုင်သူသာလျှင် ပင်ကိုယ်စွမ်းအား များကို ရရှိနိုင်ပါလိမ့်မယ် “

“စိန်ခေါ်နေစဉ် အတောအတွင်း မရပ်တန့်ရဘူး ၊ တစ်ခါ လက်လျှော့လိုက်တာနဲ့ ဒုတိယအခွင့်အရေးကို ရနိုင်မှာ မဟုတ်ဘူး”

ထို့နောက် ၊ ကြေညာသံမှာ ပျောက်ကွယ်သွားခဲ့သည်။

မြူခိုးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့် အမျှ ၊ မူလအတိုင်း ပြန်ပြောင်းလဲသွားခဲ့သည်။ယခုအချိန်၌ လူတိုင်း ခွင်းလွင်တောင်၏အတွင်းပိုင်းနယ်မြေထဲသို့ ရောက်လာခဲ့ကြပြီ ဖြစ်သည်။

ဤနေရာသည် လူတိုင်းစိတ်ကူးထားသည့်အတိုင်း နတ်စွမ်းအင်များနှင့် ပြည်စုံသော နေရာတစ်ခု မဟုတ်နေခဲ့သလို ၊ ဆိတ်ညံသော အရပ်တစ်ခုသာ ဖြစ်သည်။

“ဒါကမှ ခွင်းလွင်တောင်ရဲ့ တကယ့်နယ်မြေလား?”

ဤအရာက လူတိုင်းကို စိတ်ပျက်စေခဲ့သည်။

ရလဒ်က ဒါတဲ့လား?။

သို့သော် ရုတ်တရက် ၊ မြေကြီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး ၊ မရေမတွက်နိုင်သော မြေကျောက်ဆူးများ ကြွတတ်လာခဲ့ကာ မရေမတွက်နိုင်သော ကျောက်တုံးပျံများ ဝိုင်းရံလျက် စုဝေးလာခဲ့သည် ။

ဝုန်း ဝုန်း!

မြေ‌ကျောက်ဆူးများ ထွက်ပေါ်လာမှုသည် လူကို သဲကန္တာရမုန်တိုင်းထဲ ရှိနေသလိုမျိူး ခံစားရစေသည်။

ကျောက်တုံးကြီးများ စုဝေးသွားပြီး မြင့်သထက် မြင့်မားလာခဲ့သည်။ကောင်းကင်ထက် မြင့်မားသော တောင်တန်းကြီးများ ဖြစ်တည်လာခဲ့ပြီး ၊ အုံ့ဆိုင်းနေသည့် တိမ်များမှလွဲ၍ ၎င်းတောင်ထိပ်များကို မမြင်တွေ့နိုင်ချေ။

တောင်ထိပ်များမှ မရေမတွက်နိုင်သော အလင်းတန်းများ ဖြာထွက်လာခဲ့ပြီး ၊ ၎င်းအလင်း အရိပ်များကြားမှ အမည်မသိ တာအိုစင်မြင့်တစ်ခု ထိုနေရာမှ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။

“ဒါက သူတော်စင် တာအိုစင်မြင့် ဆိုတာလား?”

“ဒီလောက်တောင် ကြွယ်ဝလွန်းတဲ့ ပင်ကိုယ်စွမ်းအင်တွေ ရှိနေတာ ၊ မှားမယ်မထင်ဘူး!”

ခွင်းလွင် တောင်ရှိ မရေမတွက်နိုင်သော ပင်ကိုယ် စွမ်းအင်များသည် သာမန်မျက်စိဖြင့် မြင်ရသည့် ထိုစင်မြင့်ထက်ဝယ် စုဝေးနေကြသည်။

အထူးသဖြင့် ကောင်းကင်ထက်တောင် မြင့်မားသော ဤအမြင့်ဆုံးတောင်ကြီးသည် စကြဝဠာကြီးကို ပထမဆုံးအကြိမ် မြင်လိုက်ရသော ပုရွက်ဆိတ်တစ်ကောင်လိုမျိုး လူကို သေးနုပ်စေသည့် ခံစားချက်မျိုးရအောင် ပေးစွမ်းနေသည်။

ကောင်းကင်ယံထက် မြင့်မားသော ဤတောင်ထိပ်ပေါ်၌ စုဝေးနေသော ပင်ကိုယ်စွမ်းအင်သည် အခြားတောင်ထိပ်များထက် များစွာ သာလွန်ပေသည်။

မြောက်မြားစွာသော တောင်များ၏ တောင်ထိပ်များသည် ကောင်းကင်ကို ထောက်ထားသော တိုင်လုံးကြီးများကဲ့သို့ ခမ်းနားထည်ဝါသော လေထုဖြင့် ပြည့်နှက်နေသည်နှင့် အလျောက် ရက်စက်ကြမ်းကြုတ်မှုကိုလည်း ဖော်ပြနေသည်။

“ကြည့်ရတာ ဒီတောင်က အမြင့်ဆုံးတောင် ဖြစ်ရမယ် ၊ ငါ ယဲ့လျန်ချန် ဒီနေ့ အောင်နိုင်မယ်လို့ ယုံကြည်တယ် “

ရှေးခေတ် ပါရမီရှင်တစ်ယောက်က ဟစ်ကြွေးလိုက်သည်။

၎င်းသည် အလင်းနှုန်းကဲ့သို့ ထို ကြီးကျယ်ခမ်းနားသော တောင်ဆီသို့ ပျံသန်းသွားခဲ့သည်။

သို့သော် သူသည် တောင်ထိပ်နှင့် မီတာ ရာဂဏန်း အကွာတွင် ရုတ်ချည်း ထိန်းမနိုင်သိမ်းမနိုင် ဖြစ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။

တခဏချင်းမှာပဲ ၊ အခိုးအငွေ့များဖြင့် ပြန်လည် ဖုံးလွမ်းသွားခဲ့သည်။

အခိုးအငွေ့ကြားထဲက ယဲ့လျန်ချန်မှာ ရှက်ရွံ့စွာ ချောင်းဆိုးရင်း ကုန်းရုန်းထလိုက်ပြီး ကျိန်ဆဲလိုက်သည်-

“ ချီးပဲ ! ဒါ ဘယ်လိုမှော်ပညာမျိုးတုန်း? ငါ့ရဲ့ မှော်စွမ်းအားကို ပျောက်ကွယ်သွားအောင် လုပ်နိုင်တယ်!”

ယဲ့လျန်ချန်သည် တံတွေး ထွေးလိုက်သည်။

သူသည် တောင်နားသို့ တဖန် ပြန်ပြီး ချဉ်းကပ်လိုက်သည့် အခိုက်အတန့်တွင် ၊ နတ်အလင်းများ တောက်ပနေသော လှံတစ်ခုသည် ၎င်းတောင်ပေါ်မှ ကျရောက်လာခဲ့သည်။

ယဲ့လျန်ချန်၏ တုံ့ပြန်မှုသည်လည်း မြန်ဆန်ခဲ့ပေသည်။သူသည် ၎င်းလှံတံ၏ တိုက်ခိုက်မှုကို ခုခံရန် လက်သင်္ကေတများကို ဖော်ဆောင်လိုက်သည်။

သို့သော် သူ၏ မှော်အစွမ်းများ ထပ်မံ ပျောက်ကွယ်သွားကြောင်းကို သတိထားမိလိုက်သည်။

အဆုံးတွင် ၊ ဤလှံတံ၏ တိုက်ခိုက်မှုကို သူ့ခန္ဓာကိုယ်ဖြင့် ပြန်လည်ခုခံရန် ရွေးချယ်ခဲ့သည်။သို့သော် ဤရွေးချယ်မှုသည် သူ့ကိုယ်သူ အလွန် အထင်ကြီးသည် ဟု ဆိုရပေမည်။

ကွဲအက်သံနှင့်အတူ၊ လှံတံ၏ အလင်းကြောင့် သူ့ခန္ဓာကိုယ် တစ်ဝက်မှာ ကွဲကြေသွားခဲ့ပြီး သွေးများစွာ အန်ထွက်လာခဲ့သည်။

နောက်ဆုံးတွင် ၊ ဘဝနိဂုံးချုပ်ခဲ့ရ‌လေပြီ။

ဤမြင်ကွင်းသည် ပါရမီရှင်များစွာ၏ အမူအရာများကို သိသိသာသာ ပြောင်းလဲသွားစေခဲ့ပြီး ၊ ရှေ့ကို လှမ်းနေသော ခြေလှမ်းများမှာ နောက်တစ်လှမ်း ထပ်မလှမ်းဝံ့တော့ပေ။

ယဲ့လျန်ချန် ဆိုသည့် ထိုအနှီလူသည် ရှေးခေတ်ပါရမီရှင် တစ်ဉီး ဖြစ်ပြီး ၊ ထာဝရ ယဲ့မိသားစု၏ တိုက်ရိုက် တပည့်တစ်ဦးဖြစ်သည်။ သူ၏ အရည်အချင်းမှာလည်း သေချာပေါက် အလွန် အစွမ်းထက်ပေသည်။သို့ဆိုတောင် သူသည် ထူးဆန်းစွာဖြင့် သေဆုံးသွားခဲ့ရသည်။

“ ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် ၊ ဒါက ခွင်းလွင် တောင်ရဲ့ တောင်တက်စည်းမျဉ်းပဲ ဖြစ်ရမယ်၊ ပထမအဆင့်အနေနဲ့ ဒီတောင်ရဲ့ မှော်စွမ်းအားကြောင့် တောင်တတ်သူတွေက မိမိရဲ့ ကာယခွန်အားကို အသုံးပြုပြီး တတ်မှ ရလိမ့်မယ် “

လူတိုင်း အသံပိုင်ရှင်ကို လှည့်ကြည့်လိုက်ရာ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်ခဲ့ရရှာသည်။

စကားတစ်ခွန်းတည်းနဲ့ သူတို့၏ နှလုံးသားကို ကြွေအောင် လုပ်နိုင်ပေသည် ။

သိပ်ကိုလှတဲ့ မိန်းမပျိုလေးပဲ!

ဤမျှ လှပသော မိန်းမပျိုလေးကို သူတို့ တခါမှ မမြင်တွေ့ဖူး‌ပေ ။ ကောင်းကင်ဘုံ၌သာလျှင် တွေရနိုင်သည် ဟု ဆိုရမည်။

ကျောက်စိမ်းနှင့်တူသော အသားအရည်၊ ဆွဲဆောင်မှု ရှိသော မျက်နှာသွင်ပြင် ၊ သွယ်လျသော ခန္ဓာကိုယ် ၊

စကားတခွန်းတည်း ဖော်ပြရလျှင်ဖြင့် ။

မျက်မှောင်ကြုတ်ပြီး ပြုံးလိုက်လေတိုင်း ၊ ဖမ်းစားနိုင်သော ဆောင်းဦးရေအလား။

အမူအယာ ဟန်ပန်တို့သည် နတ်မိမယ်တောင်လို မူးရစ်စေလေပြီ။

“ဒီမိန်းမလှလေးက ဘယ်သူလဲ”

“မင်းမသိဘူးလား ၊ ဒါက ယောင်ချီ သူတော်စင် နယ်မြေက နတ်ဘုရားမ လော့ရန်ယွီလေ ၊ ဒဏ္ဍာရီအရ သူမက ဟွိုင့်တွိုင့် ခန္ဓာကိုယ်နဲ့ တာအို အရိုးကို ပိုင်ဆိုင်ထားတယ်တဲ့ ၊ ဒီလို မြင့်မြတ်တဲ့ပိုင်ဆိုင်မှု အပြင် ကြောက်စရာကောင်းတဲ့ စွမ်းရည်တွေကိုလည်း ပိုင်ဆိုင်ထားတယ်တဲ့ “

“အို ဘုရားရေ! ၊ ဟွိုင့်တွိုင့် ခန္ဓာကိုယ်က သူတော်စင် ခန္ဓာကိုယ်ဆယ်ပါးမှာ ထိပ်တန်းအဆင့်ရှိတဲ့ ကိုယ်ထည်တစ်ခု မဟုတ်လား ၊ဒါတင်မကဘူး တာအိုအရိုး ပါ ရှိသေးတယ်?”

လူတိုင်း လော့ရန်ယွီ၏အလှကို အံ့အားသင့်နေပြီး ၊ တစ်ချိန်တည်းမှာပင် သူမ၏ အရည်အချင်းကြောင့် အလွန်ထိတ်လန့်သွားကြသည်။

အနှိုင်းမဲ့ မြင့်မြတ်သော ရတနာ နှစ်ခုဖြင့် သူမသည် စွမ်းအားကြီးမားသော ယောင်ချီ သူတော်စင်နယ်မြေ၏ နတ်ဘုရားမတစ်ပါး ဖြစ်လာသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

တအံ့တသြဖြစ်ပြီးနောက် ၊ လူတိုင်း မြှောက်ပင့်ပြောဆိုကြလေသည်။

“ လော့ နတ်ဘုရားမ က ရုပ်ရည်လှပရုံသာမက ၊ သူမရဲ့ အရည်အချင်းနှင့် ဥာဏ်ပညာက တကယ်ကို တုနှိုင်းမရပါ့လား ၊ တချက်ကြည့်ရုံနဲ့ ဒီလိုတန်းသိနိုင်တာ ကိုယ့်ကိုယ်ကို တကယ်ကို အရှက်ရမိပါတယ်!”

“ဟုတ်တယ် !လော့နတ်ဘုရားမရဲ့ အရည်အချင်းနဲ့ ညဏ်ပညာက တကယ်ကို အံ့မခန်းပဲ ၊ ရုပ်ရည်သွင်ပြင်ကစ သူမရဲ့ ခွန်အားနဲ့ တန်းတူပဲ “

လူတိုင်း မြှောက်ပင့် ပြောဆိုနေသော်လည်း ၊သို့သော် မည်သူမှ သူမ၏ အကြံပြုချက်အပေါ် မလုပ်ဆောင်ရဲပေ။

သူမ ပြောသည့်စကားသည် အဓိပ္ပာယ်ရှိသော်လည်း ၊ သို့သော် ဤစကားသည် မှန်လား မှားလားကို မည်သူကများ သိနိုင်မည်နည်း။

တကယ်လို့ မှားသွားရင်ဖြင့် ၊ ဓားစာခံ ဖြစ်ရပေတော့မည်။

ထိုအချိန် ၊ ရွှင်မြူးနေသော ယောက်ျား တစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။

“လူသားမျိုးနွယ်စုက တကယ်ကို အရှက်ရစရာ‌ ကောင်းတာပဲ !”

“သူမ ပြောသလို မလုပ်ဝံ့ရင် ထွက်သွား ၊ ငါ့ကို လုပ်ခွင့်ပေးလိုက်”

ထိုအနှီသူ၏ နောက်ကျောတွင် တောင်ပံတစ်စုံ ပါရှိပြီး ၊ လင်းယုန်ဌက်ကဲ့သို့ နှာတံဖြင့် ရောင်စုံတောက်ပနေသော ရုပ်သွင်တစ်ခု ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

“ရှေးဟောင်း ခွင်းဖိန်မျိုးနွယ်စု ၊ ခွင်းဖိန်ဇီ! သူတို့ က ဘယ်လိုလုပ်ပြီး ပေါ်ထွက်လာတာလဲ? မဟုတ်မှလွဲရော ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်က သူတွေ နိုးလာပြီလား?”

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင် သည် မကောင်းဆိုးဝါး မျိုးနွယ်စုတစ်စု ဖြစ်သော်လည်း ၊ တခြားသော မကောင်းဆိုးဝါး မျိုးနွယ်စု အင်အားစုနှင့်မတူဘဲ လွပ်လပ်စွာ တည်ရှိသော မျိုးနွယ်စု ဖြစ်သည်။၎င်းသည် ရှေးမကောင်းဆိုးဝါး မျိုးနွယ်စုမှ ဆင်းသက်လာသော မဟာမိတ် အဖွဲ့တစ်ခုဖြစ်ပြီး ၊ မကောင်းဆိုးဝါး တော်ဝင်မိသားစု မျိုးနွယ်အဖြစ် နားလည်နိုင်သည်။

ဤမကောင်းဆိုးဝါး တော်ဝင်ဟောင်းမျိုးနွယ်စုများသည် အသစ်ဖြစ်တည်လာသော မကောင်းဆိုးဝါး မျိုးနွယ်စုအပေါ် အထင်သေးတတ်ပြီး ၊ ၎င်းတို့အား ညစ်ညမ်းသော သွေးရောမျိုးနွယ်စုအဖြစ် ဆက်ဆံတတ်ကြသည်။

ဥပမာအားဖြင့်၊ နတ်နဂါးကျွန်း မျိုးနွယ်စု နှင့် ဖီးနပ်လိုဏ်းဂူ တို့သည် အချိန်ကြာမြင့်စွာ ဆင်းသက်လာခဲ့ကြသော မျိုးနွယ်စုဝင်များ ဖြစ်သော်လည်း ၊ စစ်မှန်သော ရှေးဟောင်း မကောင်းဆိုးဝါး မျိုးနွယ်စုဝင်များတော့ မဟုတ်ပေ။

ရှေး မကောင်းဆိုးဝါးမျိုးနွယ်စုတွင် ပိုမိုအားကောင်းသော ရှေးအင်အားစု များစွာရှိပြီး ဤကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်သည် ရှေးမကောင်းဆိုးဝါး မျိုးနွယ်စုတို့ ကိုယ်တိုင် ဖန်တီးထားသော အင်အားစု တစ်ခုဖြစ်ပြီး အလွန် အစွမ်းထက်သည်ဟု ဆိုနိုင်သည်။

ပါရမီရှင်များစွာ၏ ထိတ်လန့်တုန်လှုပ်မှုကို လျစ်လျူရှုကာ ၊ ခွင်းဖိန်ဇီ သည် လော့ရန်ယွီ၏ ရှေ့သို့ လူကြီးလူကောင်းတစ်ယောက် ဟန်ပန်ဖြင့် ရောက်လာခဲ့သည်။

သူသည် လက်နှစ်ဖက်ကို လျှက်ကာ ဆိုလေသည်။

“နတ်ဘုရားမရဲ့ ဂုဏ်သတင်းကို ကျွန်တော် ကြားနေတာ ကြာခဲ့ပြီ ၊ ကျွန်တော် ခွင်းဖိန်ဇီ နှုတ်ခွန်းဆက်သပါတယ် “

“နတ်ဘုရားမ က ဒီလိုနည်းလမ်းကို အကြံပေးခဲ့မှတော့ ၊ မင်းကိုယ်စား ကျွန်တော် လုပ်ဆောင်ကြည့်မယ် “

“ ခွင်းဖိန်ဇီ? ခွင်းခွင်း?”

လော့ရန်ယွီတစ်ယောက် ၊ တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့သော အသွင်ကို ပြန်တွေးမိရင်း သူမ၏ အမူအယာတို့သည် ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားခဲ့သည်။

၎င်းသည် တစ်ခေတ်တစ်ခါက” အသန်မာဆုံး” ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်သည်။

ဝုန်း ! ဝုန်း! ဝုန်း!

သို့သော် ဤအခိုက်အတန့်တွင် အဝေးတစ်‌ နေရာမှ ကြီးမားသော တုန်ခါသံကြီးတစ်ခု သော ထွက်ပေါ်လာခဲ့သည်။

“ခွင်းဖိန်ဇီ၊ ဒီမှာလာပြီး နှာထမနေနဲ့ ၊ မင်းလို အားနည်းတဲ့ပုံစံမျိုးနဲ့လား?”

“ ဒါမှမဟုတ် မင်းအစား ငါ ယူပေးမယ် “

အားလုံး၏ အကြည့်များသည် အဝေးတစ်နေရာက အနက်ရောင် ပုံရိပ်ထံဆီသို့ ကျရောက်သွား‌သည်။

“ မင်းမေချည်းတော်! ဒါ ဘာတွေလဲ ၊ ဒါကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်က နောက်ထပ် ရှေး‌မကောင်းဆိုးဝါး မျိုးနွယ်စုဖြစ်တဲ့ စွမ်းအားကြီးမားတဲ့ ဧရာမ ဝက်ဝံမျိုးနွယ်စုပဲ!”

များစွာသော ပါရမီရှင်တို့၏ ခန္ဓာကိုယ်များမှာ အနည်းငယ် အေးစက်သွားသည်။

ယခင်က၊ ကွေးယွမ်သူတော်စင် နယ်မြေသည် အင်အားကြီးမား‌သော မကောင်းဆိုးဝါး အင်အားစု များစွာကို သုတ်သင်ခဲ့သည့်အတွက် သူတို့ ကျေးဇူးတင်ခဲ့ကြသည်။

သို့သော် ယခုအခါတွင် ပိုမိုအားကောင်းသော ရှေးမကောင်းဆိုးဝါး မျိုးနွယ်စုတစ်စု ရောက်ရှိလာခဲ့လေပြီ။

အားလုံး၏ မျက်လုံးထဲတွင် ကွေးယွမ် သူတော်စင် နယ်မြေ၏ စွဲမက်ဖွယ်ရာ ကောင်းသော ၀တ်ရုံဖြူ အမျိုးသားကို သွားမြင်ယောင်နေမိသည်။

“စူးချန်ကဲသာဆို ဒဏ္ဍာရီကို ပြန်ဖန်တီးနိုင်လိမ့်မလား နော်?”

အပိုင်း(၁၆၁): စူးချန်ကဲ ရှုံချီကို တိုက်ခိုက်ခြင်း

ထိုနောက် ဧရာမဝက်ဝံမျိုးနွယ်စု၏ ပါရမီရှင်သည်လည်း လော့ရန်ယွီထံသို့ လျှောက်လာခဲ့သည်။

ထွားထွားကျိုင်းကျိုင်း ခန္ဓာကိုယ်ကြီးဖြင့် လျှောက်လှမ်းလာနေပြီး၊ လမ်းတစ်လျှောက်လုံး သူသည် လော့ရန်ယွီ၏ ရုပ်သွင်ကို ကြည့်ကာ သရေတမြမြ လျှောက်လာခဲ့သည်။

“လူသားမျိုးနွယ်စုမှာ အမှန်တကယ်ကို အလှလေးတွေ ပေါကြွယ်ဝတာပဲ!”

“မဆိုးဘူး မဆိုးဘူး၊ ဒီလိုအလှတရားမျိုးနဲ့ ငါ လောင်ရှုံရဲ့ မိန်းမဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်!”

“ ရှုံချီ ၊ မင်းရဲ့ ညစ်ပတ်တဲ့စကားတွေက တကယ်ကို ရွံရှာစရာကောင်းတယ် “

ခွင်းဖိန်ဇီက ရယ်မောကာ ဆိုလေသည်။

“မင်းလို အောက်တန်းကျတဲ့ ကောင်က လော့နတ်ဘုရားမနဲ့ စကားပြောရအောင် တန်လို့လား?”

ဤကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်၏ ပါရမီရှင်များသည် မိန်းမကြူးရန်သက်သက် ထွက်လာခဲ့လေသလော။

“ တိရစ္ဆာန်နှစ်ကောင်က ငါ မိန်းမပျိုလေးကို အမိဖမ်းချင်နေတယ်တဲ့လား?”

လော့ရန်ယွီ သည် ၎င်းတို့ကို နှိမ်ကွပ်ရန် သူမ၏ ကို ဟွိုင့်တွိုင့် ခန္ဓာကိုယ်ကို အသက်သွင်းရန်ဟန်ပြင်လိုက်ခြင်း ထူးဆန်းမှု တစ်ခုကို ခံစားလိုက်ရသည်။

“ဒီ ရောင်ဝါက… အဲဒီ လူယုတ်မာ စူးချန်ကဲ လား?”

လော့ရန်ယွီ ခန့်မှန်းထားသည့်အတိုင်းပင်။ သူမသည် မူလ ရပ်နေရာမှ တိုက်ရန်ဟန်ပြင်လိုက်စဉ် အေးစက်သော ယောကျာ်းတစ်ယောက်၏ အသံ ထွက်ပေါ်လာခဲ့သည်။

“ငါ့ကိုယ်တော်ရဲ့အချိန်တွေကို ဖြုန်းတီးနေတာပဲ”

အေးစက်ပြီး စိုးမိုးနိုင်လွန်းသော အသံနှင့်အတူ၊ ကောင်းကင်ကို ဖုံးအုပ်ထားသည့် ဧရာမလက်ဝါးရိပ်ကြီးသည် ဝေဟင်ပေါ်မှ သက်ဆင်းလာသည်။

နတ်ဘုရားမှ ချမှတ်လိုက်သော စီရင်ချက်တစ်ခုကဲ့သို့ ဝိညာဉ်အားလုံးကို သတ်ပြီး အရာခပ်သိမ်းကို ဖျက်ဆီးရန် ကြံရွယ်ထားသလိုပင်။

“ဒါက……”

လူတိုင်းက ထိတ်လန့်တကြား ကြည့်နေကြပြီး တုန်လှုပ်သွားကြသည်။

ကောင်းကင်ကို လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ်ရာ ကောင်းသော ဧရာမလက်ဝါးရိပ်ကြီးသည် နတ်ဘုရားသခင်၏ လက်တော်ကဲ့သို့ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး ၊ ဤမျှ တန်ခိုးကြီးမားသော ရောင်ဝါသည် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်မှ လူနှစ်ဦးကို နှိပ်ကွပ်ထားလေသည်။

“ သေမှာမကြောက်ဘဲ ဘယ်ကောင်က ငါ့ကို တိုက်ခိုက်ဝံ့လဲ”

ရှုံချီသည် ပြန်လည် တုံ့ပြန်တိုက်ခိုက်လိုက်သည်။ သွေးချီစွမ်းအင်များ တဟုန်ထိုး ထကြွနေသော သူ၏ ဧရာမ လက်သီးကြီးဖြင့် လက်ဝါးရိပ်ကြီးကို ထိုးဖောက်လိုက်သည်။

သို့သော်၊ ပြန်လည်တိုက်ခိုက်လိုက်သည့် ထိုအခိုက်အတန့်မှာပင် ရှုံချီ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။သူတို့၏ မျိုးနွယ်စုသည် ၎င်းတို့၏ ကြီးမားသော တန်ခိုးစွမ်းအား အပေါ် အမြဲဂုဏ်ယူတတ်ကြပြီး ၊သို့သော ကီလိုဂရမ် သန်းပေါင်းများစွာ အလေးချိန်ရှိသော သူ၏ စွမ်းအားမှာမူ ထိုအနှီလူ၏ စွမ်းအားရှေ့တွင် အရေးမပါသလို ခံစားခဲ့ရသည်။

သူ၏ ပြန်လည်တိုက်ခိုက်မှုသည် တောင်ကို ကျောက်စရစ်ခဲဖြင့် ပစ်ပေါက်လိုက်သလိုပင်။

ရှုံချီတစ်ယောက် အံ့သြမှုပေါင်းများစွာဖြင့်။

ဘုန်း!

ဧရာမ လက်ဝါးရိပ်ကြီးသည် နှိပ်ကွပ်ရန် ရောက်ရှိလာခဲ့လေပြီ ။

နောက်ဆက်တွဲ ရလဒ်အနေဖြင့် ၊ မြေကြီးများ ပြိုကျပျက်စီးခဲ့ရပြီး ၊ ကျောက်ဆောင်များ ပရမ်းပတာဖြင့် လေပေါ်တွင် ပျံဝဲ‌နေကာ ကောင်းကင်နှင့် မြေကြီးတို့သည်လည်း တုန်ခါသွားခဲ့ရသည်။

ဤမြင်ကွင်းသည် လူတိုင်းကို ဆွံ့အသွားစေသည်။တစ်ချက်လှုပ်ရုံဖြင့်၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်၏ ရှေးမ‌ကောင်းဆိုးဝါး ပါရမီရှင်ကို ချေမှုန်းနိုင်ခဲ့သည်။

“ရှုံချီ !?”

ခွင်းဖိန်ဇီ လည်း ထိတ်လန့်သွားပုံရသည်။ဤမျှ ကြောက်စရာကောင်းသော လက်ဝါးချက်ကို ဤကမ္ဘာပေါ်ရှိ မည်သူကများ ရိုက်ခဲ့လေသနည်း။

ရှုံချီ တစ်ယောက် ဤစကားကို ကြားသွားလျှင်ဖြင့်၊ သူ ကျိန်းသေပေါက် သွေးအန်လောက်သည်။ ဒါတင်မက ခွင်းဖိန်ဇီကိုလည်း အရှက်မရှိ ကောင် ဟု အော်ငေါက်နေပေလိမ့်မည်။

မူလက သူတို့ နှစ်ယောက်လုံး စူးချန်ကဲ ၏ လက်ဝါးချက်ကို အတူတူ တွန်းလှန်နိုင်ခဲ့သော်လည်း ၊ သို့သော် အဲ့သေနာကောင် ခွင်းဖိန်ဇီက လစ်ပြေးသွားတယ်လေ!!

အခုတော့ ကိုယ့်လုံခြုံရေးကိုယ် ပြန်ပြီး စိတ်ပူနေရပြီ မဟုတ်ဘူးလား?

မကောင်းဆိုးဝါးတွေ၏ စိတ်နှလုံးသားသည် တကယ်ကို ရွှံ့ရှာဖို့ကောင်းပေသည်။

“ရှုံချီ တဲ့လား ?နာမည်ကောင်းပဲ”

“နှမျောစရာပဲ ၊ဒီနေ့‌ တော့ ခင်ဗျား ပြန်ထနိုင်မှာ မဟုတ်ဘူး “

အံ့သြထိတ်လန့်နေကြသော လူတိုင်း၏ မြင်ကွင်းထဲ၌ ဒီဘက်ကို လျှောက်လှမ်းလာခဲ့သော အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားသည့် ခပ်ဝါးဝါး အသွင်သဏ္ဍာန် တစ်ခုကို မြင်တွေ့လိုက်ရသည်။ ‌

မာနကြီးပြီး လျစ်လျူရှုထားသော ထိုအနှီသူ၏ မျက်နှာထားသည် လူ့ ပုရွက်ဆိတ်များကို အပေါ်စီးကနေ ကြည့်နေသည့် ကမ္ဘာပေါ်သို့ ကြွမြန်းလာသော နတ်ဘုရားနှင့်တူပေသည် ။

ဤအသွင်ပုံရိပ်သည် လက်ရှိကမ္ဘာကိုတောင်ကျော်လွန်သော ဖြစ်တည်မှုပေတည်း။

အထူးသဖြင့် သူ၏ ဘေးနားတွင် ကွေးယွမ်၏ ထိပ်တန်း လူငယ်များ ရှိနေသည်မှာ နတ်အခြွေအရံလား အောက်မေ့ရသည်။

ရှေးဟောင်းသူတော်စင် ကိုယ်ထည်ပိုင်ရှင် ၊လီဟောက်ထျန်း ။

မျက်စံနှစ်မြွှာ ပိုင်ရှင် ၊ ယဲ့လင်ထျန်း။

မြင့်မြတ်သော ဘုရင် ကိုယ်ထည်ပိုင်ရှင် ၊ ပီချင်းရှ ။

မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ၊စူးချန်ကဲ။

ကွေးယွမ်၏ သူတော်စင်ခန္ဓာကိုယ်ပိုင်ရှင် ပါရမီရှင်လေးယောက် စုဝေးနေကြသည်။

မကြုံစဖူး မြင်ကွင်းဖြစ်ပေရာ လူတိုင်း အံ့သြထိတ်လန့်စွာဖြင့် ကြည့်နေကြသည် ။

“ ကွေးယွမ်က ဒီလူတွေက ပိုပြီး အားကောင်းလာသလိုပဲ ၊ ခွင်းလွင်‌ တောင်မှာ ရှိတဲ့ တခြား အခွင့်အရေးတွေကနေ ရခဲ့တာပဲ ဖြစ်မယ် “

များစွာသော ပါရမီရှင်တို့သည် ရင်တစ်ခုလုံး ခိုက်ခိုက်တုန်လျက် ထိတ်လန့်တကြား ကြည့်နေကြသည်။

ခွင်းလွင်တောင်များကို မဖြတ်ကျော်မီ၊ နောက်ထပ် အင်အားကြီးမားသော အင်အားစုကြီးတစ်စု တစ်ဖန်ရောက်ရှိလာပြန်ပြီ။

“ ကွေးယွမ် ရဲ့ ဆက်ခံသူ စူးချန်ကဲ?”

ခွင်းဖိန်ဇီသည် မကြာသေးမီကမှ နိုးထလာခဲ့သော်လည်း ၊ စူးချန်ကဲ နှင့်ပတ်သက်သော ကောလာဟလများစွာကို သူ ကြားသိခဲ့ရသည်။

သို့သော် သူသည် ကောင်းကင်ဘုံမကောင်းဆိုးဝါးတောင်၏ ပါရမီရှင် တစ်ယောက်အနေဖြင့် လူသားမျိုးနွယ်အပေါ် အမြဲတမ်း နှိမ့်ချဆက်ဆံခဲ့သည်။စူးချန်ကဲကို မြင်လိုက်ရသည့် အခါတွင် ၊ သူ့စိတ်ထဲ၌ ကြောက်လန့်မှုများ ဝင်ရောက်လာခဲ့သည်။

ဤလူသားသည် သူထင်ထားတာထက် အများကြီး ပိုသန်မာပေသည်။

သူ့အပြင်၊ တခြားသော သူတော်စင် ခန္ဓာကိုယ် ပါရမီရှင် သုံးယောက်လည်း ရှိသေးသည်။

“ချီးပဲ၊ ကောလဟာလတွေက တကယ်ပဲ အမှန်ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားဘူး ၊ ဒီသတင်းကို ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်ဆီ ပြန်ပို့ဖို့ နည်းလမ်းရှာရမယ်”

ခွင်းဖိန်ဇီတစ်ယောက် စိတ်ထဲတွင် တွေးလိုက်သည်။သူသည် ဒီကို ရောက်ရှိလာသည့် အကြောင်းရင်း ပထမအချက်မှာ သူတော်စင် အရှင် အဆင့်သို့ တက်လှမ်းရန်ဖြစ်ပြီး ၊ ဒုတိယအချက်မှာ ကွေးယွမ်နှင့် ပတ်သက်သော အချက်အလက်များကို စုံစမ်းရန် ဖြစ်သည်။

သူတို့၏ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်နှင့် ကွေးယွမ်သူတော်စင်နယ်မြေသည် နက်ရှိုင်းသော ဆက်သွယ်မှုရှိပေရာ ၊ယခုအခါတွင် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်သည် ကမ္ဘာပေါ်သို့ ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ ၊သူတို့အနေဖြင့် အချက်အလက်အသစ်တချို့ကို စုဆောင်းရှာဖွေရန် လိုအပ်သည်။

“ ကွေးယွမ်ရဲ့ ဆက်ခံသူက ကိုယ့်ဂုဏ်သိက္ခာကို မငဲ့ဘဲ ခုလို ခိုးတိုက်ရလား “

ဝုန်း!!

ယခင်က စူးချန်ကဲ နှိပ်ကွပ်ခဲ့သည့်နေရာ၌ လေပြင်းတစ်ခု တိုက်ခတ်လာခဲ့ရာ ၊ ကျောက်စရစ်ခဲများနှင့် အမှုန်အမွှားများ ပျံ့လွင့်လျက် ဗြောင်းဆန်နေ၏။

ရှုံချီသည် ထိုဗြောင်းဆန်မှုတွေကြားထဲက ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။သူ့တစ်ကိုယ်လုံး မကောင်းဆိုးဝါး စွမ်းအားများက ဝန်းရံထားပြီး ၊ သူ၏ အမူအရာမှာ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။သူသည် ကောင်းကင်ဘုံမကောင်းဆိုးဝါးတောင်၏ ပါရမီရှင်တစ်ဦး ဖြစ်လျက်သားနဲ့ လူသားမျိုးနွယ်၏ ရိုက်နှက်ခြင်းကို အဘယ်ကြောင့် ခံခဲ့ရသနည်း။

တဖန် စူးချန်ကဲ သည် ကောင်းကင်ဘုံ ခန္ဓာကိုယ်နှင့်ကောင်းကင်ဘုံ အာဏာရှင် နဂါးတို့၏ အသွေးအသားများကို ဝါးမြိုပြီးနောက်၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသည် ဤကမ္ဘာမှ နားလည်မှုအတိုင်းအတာထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

သူ့ခန္ဒာကိုယ်ထဲရှိ ကြီးကျယ်ခမ်းနားသော သွေးချီစွမ်းအင်များသည် ရှေးခေတ် တမူ ထူးခြားသော သန္ဓေသားမှ မွေးဖွားလာသော ပါရမီရှင်များကိုတောင် အသာလေး နှိပ်ကွပ်နိုင်သည်။

“ငါကတော့ ပိန်ချီလှီနေတဲ့ ခွေးတစ်ကောင်လို့ ထင်နေတာ ၊ လက်စသတ်တော့ ပြန်ထနိုင်သေးသားပဲ”

စူးချန်ကဲ၏ စကားအဆုံးတွင် ခွင်းလွင် တောင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

လူတိုင်း၏အမူအရာများမှာ အေးခဲသွားပုံရသည်။

ရှုံချီ၏ ယခင်က စကားလုံးများသည် လှောင်ပြောင်ခြင်းနှင့် ရှုတ်ချခြင်း၏ အဓိပ္ပါယ်မျိုး ပါဝင်သည်။

သို့သော် စူးချန်ကဲ၏ စကားလုံးများမှာမူ၊ တစ်ဖက်လူ၏ ဂုဏ်သိက္ခာကို ပြောင်ပြောင်တင်းတင်း စော်ကား‌လိုက်ခြင်းပင် မဟုတ်လော။

“နားမလည်လို့ မေးရဦးမယ် ၊ ပိန်လှီ‌နေတဲ့ ခွေးဆိုတာ ဘာကို‌ပြောတာတုန်း၊ ရှုံချီက ဝက်ဝံမဟုတ်ဘူးလား၊ ဘာလို့ ပိန်လှီတဲ့ ခွေးလို့ ပြောတာတုန်း “

“ ကြည့်ရတာ တစ်ဖက်လူရဲ့ ခွန်အားကို ပြောတာ မဟုတ်နိုင်ဘူးလား?”

“ခ်ခ်….!”

ပါရမီရှင်တစ်ဦးက ထိုစကားကို ကြားတော့ မအောင့်နိုင်ဘဲ ထရယ်လေသည်။

“ပိန်လှီတဲ့ ခွေး ဆိုတာ စိတ်သဘောထားကို စော်ကားရုံတင်မကဘူး ၊ ရုပ်ပိုင်းဆိုင်ရာပါ စော်ကားခဲ့တာပဲ “

“ ထပ်ပြောရရင် ရှုံချီ ရဲ့ သံတူကြောင်းကွဲနဲ့ တူတယ်လေ ၊ ဘာကိုဆိုလိုတယ်ဆိုတာ မင်း သိလောက်မှာပါ”

လူတိုင်း ဤအဓိပ္ပာယ်ကို သိကြသည်။

ဤစကားများသည် လူကို သတ်ရလောက်သည့်အထိ မပြင်းထန်သော်လည်း ၊ ပြင်းထန်သော စော်ကားမှု တစ်ခုလို့တော့ ဆိုရပေမည်။

“ မင်း ဘာပြောတယ်?!”

“မင်းက ငါ့ကို ပိန်လှီတဲ့ ခွေး‌လို့ ခေါ်လိုက်တာလား!?”

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်၏ ပါရမီရှင် တစ်ယောက်အနေဖြင့်၊ မကောင်းဆိုးဝါး မျိုးနွယ်စုဝင် ဖြစ်သော ရှေးခေတ် တမူထူးခြားသော သန္ဓေသားမှ မွေးဖွားလာသော ပါရမီရှင်များပင်လျှင် သူ့ကိုဦးညွတ်ကြရသည်။ ယနေ့တွင်မူ ၊ သူသည် ဤကဲ့သို့ ကဲ့ရဲ့ရှုံ့ချခြင်းကို အမှန်တကယ် ခံခဲ့ရသည်။

ဝုန်း !

ရှုံချီ၏ မကောင်းဆိုးဝါး စွမ်းအားများသည် တဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့ပြီး ၊ သူ၏ ရင်တစ်ခုလုံး အမျက်ဒေါသနှင့် လူသတ်လိုသော ဆန္ဒများ ပြည့်နှက်နေလေ၏။

သူ၏ ညာလက်မှ ချွန်ထက်သော ဝက်ဝံလက်သည်းတို့သည် စူးချန်ကဲထံသို့ ဦးတည်သွားလေသည်။

သို့သော် စူးချန်ကဲမှာမူ ကြောက်လန့်ခြင်း မရှိပေ။

ခုလို ရှေးမကောင်းဆိုးဝါး ဘီလူးတစ်ကောင်နဲ့ တွေ့ရတော့ရော ဘာဖြစ်လဲ?

သူ၏ လက်ဖဝါးထဲ၌ မှော်စွမ်းအားများ နိုးထလာခဲ့သည်။ ဝိညာဉ်စွမ်းအင်များ တိုးပွားလာသည်နှင့်အမျှ ၊ ဤကမ္ဘာမြေကြီး တစ်ခုလုံး သူ့ကြောင့် တုန်လှုပ်သွားခဲ့ရသည်။

“ဒါ သာ့နိမ်(အနန္တစွမ်းအားရှင်)အဆင့်ရှိတဲ့ လူတစ်ယောက်ရဲ့ တိုက်ခိုက်မှုတဲ့လား?”

စူးချန်ကဲသည် သူတော်စင်အရှင် အဆင့်မဟုတ်မှန်း သိ‌ကြသော်လည်း ၊သို့သော် သူ ထုတ်လွှတ်လိုက်သည့် ‌စွမ်းအားသည် သူတော်စင် အရှင်၏ စွမ်းအားထက်ကို သာလွန်နေခဲ့ပြီပင် ။

ကြီးကျယ်ခမ်းနားသော ဤရောင်ဝါသည် လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။ ယခုတောင် သူတော်စင်အရှင် ထက် သာလွန်သော စွမ်းအားကို ထုတ်လွှတ်နေပြီ ဖြစ်ရာ ၊အကယ်၍ သူသာ သူတော်စင် အရှင် နယ်ပယ်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့မည်ဆိုပါက မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း။

တွေးကြည့်ရုံဖြင့် တစ်ခေါင်းလုံး ထုံကျင်သွားစေသည်။

ဝုန်း!

လက်သီးနှင့် ဝက်ဝံလက်သည်းတို့ ပြင်းထန်စွာ ထိပ်တိုက် ရင်‌ဆိုင်ခဲ့လေရာ ၊

တခဏချင်းမှာပင် ၊ ကောင်းကင်ရှိ တိမ်စိုင်တိမ်ခဲများ အဆက်မပြတ် ပြောင်းလဲနေကြပြီး၊ မြေကြီးများ ပြိုကျပျက်စီးသွားခဲ့သည်။

ရှုံချီသည် ယခင်ကတိုက်ခိုက်မှုတွင် သူ၏ ခွန်အားအလုံးစုံကို အသုံးပြုခဲ့သော်လည်း ၊ယခု စူးချန်ကဲနှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်၌ သူ့ခန္ဓာကိုယ်တွင်းရှိ အသွေးအသား စွမ်းအင်များကို နှိုးဆော်ပြီး အသုံးပြုခဲ့သည်။

ဧရာမဝက်ဝံတို့၏ အစွမ်းသတ္တိတို့သည် ကောင်းကင်ကို ချိုးဖျက်နိုင်ပြီး၊ပင်လယ်ကိုတောင် ဖျက်ဆီးနိုင်သည်။ မာကျောသော အရိုးများနှင့် ပေါင်းစပ်ထားသော ၎င်း၏ အဆုံးစွန်သော ရုပ်ခန္ဓာသည် လွန်စွာ အစွန်းထက်ပေးသည်။

၎င်း၏ အစွမ်းထက်သော ခန္ဓာကိုယ်သည် ရှေးနဂါးမျိုးနွယ်စုများထက် မနိမ့်ကျပေ။

ယခုမူ စူးချန်ကဲ၏ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ရှုံချီ ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ဝုန်း!

ကြောက်မက်ဖွယ်ရာ ကောင်းသော တန်ပြန်တိုက်ခိုက်ရေးစွမ်းအားများ တဖန် ပေါက်ကွဲသွားပြန်သည်။

ရှုံချီ ၏ ခန္ဓာကိုယ်သည် နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားခဲ့ရသည်။သူ၏ စွမ်းထက်လှပသော လက်‌မောင်းကြီးသည် အင်အားကြီးမားသော စွမ်းအားတစ်ခု၏ နှိပ်ကွပ်ခြင်းကို ခံလိုက်ရသကဲ့သို့ ကွဲအက်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။

ယင်းက လူတိုင်းကို ထိတ်လန့် သွားစေပြီး ၊ သက်ပြင်းချစေသည်။

“ရှေးနဂါးမျိုးနွယ်စုနဲ့ ယှဉ်နိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားရှိတဲ့ ရှုံချီ တောင် ရှုံးနိမ့်ရသတဲ့လား?”

“ဘုရားရေ! ၊ ချန်ကဲ ဆက်ခံသူရဲ့ ရုပ်ခန္ဓာက ဘယ်လောက်တောင် အင်အားကြီးမားနေတာတုန်း”

အာမေဋိတ်ပေါင်းများစွာ ထွက်ပေါ်လာအပြီးတွင် ၊ရှေးဟောင်းအင်အားစု တချို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

စူးချန်ကဲ၏ ကာယစွမ်းအားသည် ဟင်းလင်းပြင်ကိုတောင် ပုံပျက်သွားစေခဲ့သည်။

ရှုံချီသည် သက်ပြင်းရှည်ကြီးချကာ ၊ ဖြည်းဖြည်းချင်း အသက်ရှူလိုက်သည်။

သူ့အရိုးများသာ လုံလုံလောက်လောက် မသန်မာခဲ့ဘူးဆိုပါက ၊ ထိုလက်သီးချက်သည် သူ့လက်မောင်း တစ်ခုလုံးကို လက်ဆစ်လွဲသွားနိုင်သည်။

All Chapters