← Chapters

အခန်း (၁၆၇-၁၇၁)

Vol. 12 Ch. 167-171

အခန်း (၁၆၇-၁၇၁)

Vol. 12 Ch. 167-171

အပိုင်း(၁၆၇): သူတော်စင်အရှင် တပ်ဖွဲ့ကို ဝိုင်းဝန်းနှိမ်နင်းမည်

ကောင်းကင်ဓား၏ ကိုယ်ထည်မျက်နှာပြင်ပေါ်တွင် နှင်းရည်ငွေ့များ ရှိနေသည်။ စူးချန်ကဲသည် ဓားစွမ်းအင်ကို အပြင်းအထန် တွန်းအားပေးလိုက်သည်နှင့် ဓားကိုယ်ထည်သည် တုန်ခါမြည်ဟည်းနေပြီး ၊ အေးဆက်သောည၏ ကြယ်စင်များကဲ့သို့ အပြာရောင်အလင်းတန်းများက မှိတ်တုတ်မှိတ်တုတ် တောက်ပနေသည်။

ဘုန်း!

ရက်စက်ကြမ်းကြုတ်သော လေပြင်းများ တိုက်ခတ်လာခဲ့ပြီး ၊ စူးချန်ကဲ ခြေတစ်ချက်‌ ဆောင့်ချလိုက်ရုံဖြင့် ကမ္ဘာမြေပြင်၏ မြေသားအလွှာတို့မှာ ပင့်ကူမျှင်များကဲ့သို့ အက်ကွဲသွားခဲ့ရသည်။ဤမျှပြင်းထန်သော သက်ရောက်မှုသည် ဤကမ္ဘာကြီးတစ်ခုလုံး တုန်ခါမြည်ဟည်းသွားစေသည်။

စူးချန်ကဲသည် အဖြူရောင် ကြယ်တစ်ပွင့် ဝင်းလက်တောက်ပသွားသကဲ့သို့ သူ၏ ရုပ်သွင်သည် လေပေါ်တွင် ‌ပျံတတ်သွားပြီး ၊ ကောင်းကင်ဓားကို မြှောက်တင်ကာ ချင် ဧကရာဇ်ငယ်၏ ခေါင်းအား ဖြတ်ခုတ်ပစ်လိုက်သည်။

ဘုန်း!!

အဆုံးမဲ့ မီးလျှံများနှင့် အနှိုင်းမဲ့ ဆီးနှင်းခဲများသည် တညီတညွတ်တည်း ကြွေးကြော်ခဲ့လေရာ ဤအဆုံးစွန်သော စွမ်းအားနှစ်ခု‌‌ကြောင့် ကောင်းကင်ကြီးမှာ ကွဲအက်သွားခဲ့ရသည် ။

ဓားစွမ်းအင်သည် စကြဝဠာတစ်ခုလုံးကို လွှမ်းမိုးထားလေသည်။

ချင်ဧကရာဇ်ငယ်သည် ထိုဓားချက်ကို ကြည့်ရင်း သူ၏ နှုတ်ခမ်းသားပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုကို လှစ်ဟသွားခဲ့သည်။

" စိတ်ဝင်စားဖို့ ကောင်းတဲ့ လူငယ်လေးပဲ၊ ဒါဆို ငါလည်း ထပ်ပြီး ထိန်ချန်ထားစရာ မလိုတော့ဘူးပဲ "

အကန့်အသတ်မဲ့ အစိမ်းရောင် အလင်းတန်းများက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ၊ သူ၏ ရောင်ဝါမှာလည်း သိသိသာသာ တိုးမြှင့်လာခဲ့လေရာ ယခုအချိန်တွင်မူ သူသည် စူးချန်ကဲနည်းတူ ယှဉ်ပြိုင်နိုင်သည်။

“ချင်ထျန်းဓားကို ထုတ်၍ ဖြတ်ခုတ်ခြင်း!”

ရွှမ်း!

ချင်ဧကရာဇ်ငယ်၏ လက်ထဲက ကြေးဓားသည် အလားတူ တုန်ခါမြည်ဟည်းသွားပြီး ၊ကောင်းကင်နှင့်မြေကြီးကိုပင် ပိုင်းဖြတ်နိုင်သော ဓားစွမ်းအင်တစ်ခု ပေါ်ထွက်လာသည်။

ဘုန်း!

ဓားစွမ်းအင်နှစ်ခုသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပြင်းထန်စွာ တိုက်မိသွားကာ အခိုးအငွေ့များ အုံကြွလာသည်နှင့်အမျှ မီးပင်လယ်ကြီး ဖြစ်ပေါ်ခဲ့သော်လည်း ၊ တဖန် ပြင်းထန်သော အစိမ်းရောင် အလင်းတန်း တစ်ခုက ထပ်မံ ပေါက်ကွဲသွားခဲ့ပြန်သည်။

ဆူနာမီကဲ့သို့ ပေါက်ကွဲပြီးနောက် ၊ အသံလှိုင်းသည် ဤကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

ချင်ဧကရာဇ်ငယ်သည် မြည်ဟိန်းနေသော ဓားစွမ်းအင်မုန်တိုင်းကြီးကို နောင်တရနေသည့် အရိပ်အယောင်ဖြင့် စိုက်ကြည့်နေသည်။

"ကြည့်ရတာ..."

"ကြည့်ရတာ ကျွန်တော် အနိုင်ရသွားပုံရတယ် "

ဓားစွမ်းအင်မုန်တိုင်းကြီးသည် အင်အားကြီးမားသော စွမ်းအားတစ်ခုကြောင့် ချက်ချင်း လက်ငင်း ပြိုကွဲသွားခဲ့သည်။ပြိုကွဲသွားပြီ ဖြစ်သော ဓားစွမ်းအင် မုန်တိုင်းထဲမှ ဝတ်ရုံဖြူ အသွင်ပုံရိပ်တစ်ခုသည် သူ၏ ဓားနှင့်အတူ ပြေးဝင်လာခဲ့သည်။

"နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း ၊ ခုတ်ပိုင်းစေ!"

[နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း ဓားသိုင်း -

ရှေးခေတ် လူသားမျိုးနွယ်စုဝင် ဖြစ်သော ဒဏ္ဍာရီလာ ဓားကျင့်ကြံသူ တစ်ဦးသည် ဤဓားသိုင်းပညာရပ်ကို နားလည်သဘောပေါက်ခဲ့သည်။ကောင်းကင်ဘုံ၏ ဓားဆန္ဒများကို စုစည်းကာ ဓားစွမ်းအင်အဖြစ် အသွင်ပြောင်းလဲခြင်း ဖြစ်သည်။ဓား ထွက်ပေါ်လာသည်နှင့် နတ်ဘုရားနှင့် ဗုဒ္ဓကိုပင် ဖြတ်ကျော်ကာ ကြွေးကြော်ပေလိမ့်မည်]

ဤသည်မှာ စူးချန်ကဲ ကောင်းကင်ဘုံခန္ဓာကိုယ်ကို အမဲလိုက်ခြင်းဖြင့် ရရှိခဲ့သော စနစ်၏ ဆုလာဘ်ပင် ဖြစ်သည်။

တောက်လောင်နေသော ဓားအလင်းများ စုဝေးသွားပြီးနောက် အဆုံးမရှိသော ဓားစွမ်းအင် သင်္ကေတများဖြင့် ပုံဖော်ရိုက်နှက်ထားသော ကောင်းကင်ဘုံ၏ ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။

ကောင်းကင်ဘုံ၏စီရင်ချက်အလား အောက်မေ့ရသည် ဤဓားစွမ်းအင်ကြောင့် အာကာသသည်ပင် ငိုကြွေးတုန်လှုပ်သွားခဲ့ရသည်။

ဘုန်း!

ကောင်းကင်ယံမှ ဓားစွမ်းအင်များ တဟုန်ထိုး ကျဆင်းလာသည်နှင့် လှိုင်းများ တသိမ့်သိမ့် ရိုက်ခတ်သွားသည် ။

အင်အားကြီးမားမား‌သော ဖြိုခွင်းမှု စွမ်းအားကို ရင်ဆိုင်လိုက်ရသော ချင်ဧကရာဇ်ငယ်၏ ပုံရိပ်သည် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။

စူးချန်ကဲသည် ချင်ဧကရာဇ်ငယ်၏ နှုတ်ခမ်းထောင်စွန်းသည် အနည်းငယ် ကွေးညွှတ်သွားသည်ကို မြင်လိုက်ရသည်။

"ကောင်လေး မင်းဘယ်ဆိုးလို့တုန်း ၊ အနာဂတ်မှာ နယ်မြေပြင်ပ စစ်မြေပြင်မှာ မင်းနဲ့ တွေ့ဆုံဖို့ ငါ မျှော်လင့်နေမယ်..."

ချင်ဧကရာဇ်ငယ်၏စကား ပြီးဆုံးသည်နှင့် တပြိုင်နက်၊ နောက်ဆုံးတွင် ဤမျှအင်အားကြီးမှာတော့ ဓားစွမ်းအင်ကြောင့် သူခန္ဓာကိုယ်သည် လုံး၀ ကြေမွသွားခဲ့ပြီး ဖြစ်ရာ ထောင်ပေါင်းများစွာသော ကြယ်မှုန်များ အဖြစ်သို့ ပျံ့လွင့်သွားခဲ့တော့သည်။

"နယ်မြေပြင်ပ စစ်မြေပြင်?"

"ငါသေချာပေါက် သွားမယ် "

နယ်မြေပြင်ပ စစ်မြေပြင်သည် သူ ဧကရာဇ်မင်း ဖြစ်ပြီးနောက် သေချာပေါက် သွားရမည့်နေရာဖြစ်ပြီး ၊ ထိုနေရာရှိ ရှေးဟောင်းလျှို့ဝှက်ချက်များသည် ဤကမ္ဘာကြီး၏ အမှန်တရားကို နားလည်ရန် ကူညီပေးနိုင်သည်။

ကွဲအက်သံ!

စူးချန်ကဲ၏ ဓားဖြင့် ပိုင်းဖြတ်ခံထားရသော အာကာသ အမှောင်ထုကြီးမှာ အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာပြီး ၊ထို့နောက်တွင် ပူပြင်းတောက်လောင်နေသော နတ်အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။

မူလက အမှောင်ကျနေခဲ့‌သော နေရာသည် ရုတ်တရက် ပြိုကွဲသွားပြီး အဖြူရောင်နယ်မြေ ပေါ်ထွက်လာခဲ့သည်။

စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။

ဤအဖြူရောင် အလင်းတန်းကို ဖြတ်သန်းပြီးနောက်တွင် ၊ သူ့ရှေ့၌ တိမ်ပင်လယ်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

ကောင်းကင်ယံထက်တွင်မူ ၊ အဆုံးမဲ့ မိုးခြိမ်းသံများဖြင့် ‌ဆူညံနေသည်။

အေးစိမ့်သော လေပြင်းများ ဝှေ့ယမ်းတိုက်ခိုက်နေပြီး ၊ ခွင်းလွင် တောင်တန်းများကို မျက်စိတစ်ဆုံး မြင်တွေ့နေရသည် ။

လက်ရှိတွင် စူးချန်ကဲသည် အမြင့်ဆုံးတောင်ထိပ်ပေါ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

တောင်ထိပ်ပေါ်မှ တဆင့် ၊ တောင်တန်းငယ်များ၏ မြင်ကွင်းများကို မျက်စိတစ်ဆုံး မြင်နေရသည်။။

ဝုန်း!

မိုးခြိမ်းသံများ၏ အောက်တွင်၊ ကောင်းကင်ပေါ်ရှိ ကြေးစင်မြင့် ဆယ်ခုထဲက တစ်ခုသည် ဖြည်းဖြည်းချင်း အောက်သို့ ကျဆင်းလာခဲ့သည်။ ၎င်းစင်မြင့်ပေါ်တွင် မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု ရှိနေသည်။

ရှုပ်ထွေးသော ဒီဇိုင်းများနှင့် မထင်မရှားသော ကမ္ပည်းစာများသည် ခပ်ဖျော့ဖျော့ လင်းလက်နေပြီး ၊ ၎င်းအပေါ်ရှိ အချိန်၏ ခြေရာများသည် သာလွန်သော ဖြစ်တည်မှု၊ ကြီးစိုးနိုင်မှု နှင့် ထာဝရ အငွေ့အသက်ကို ပေးစွမ်းနေခဲ့သည်။

ထို့နောက် ကြေးစင်မြင့်သည် စူးချန်ကဲ၏ ရှေ့နောက်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

ယောက်ျား ၊ မိန်းမသံ မဟုတ်သော သာယာငြိမ့်‌ညောင်းသော အသံသည် ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။

"စူးချန်ကဲ က တောင်ထိပ်ကို အရင်တက်ခဲ့ပြီး ဖြစ်တဲ့အတွက် ၊ ကျန်ရှိနေတဲ့ စင်မြင့် အရေအတွက်က ကိုးယောက်စာ ရှိသေးတယ်!"

ထိုအသံသည် တောင်တက်နေဆဲ ဖြစ်သော ပါရမီရှင် တပည့်များစွာကို အံသြသွားစေခဲ့သည်။

ဒါ ဘယ်လိုအခြေအနေတောင်လဲ?

ဒါ ဘာဖြစ်သွားတာလဲ?

ကြီးမား‌သော တုန်ခါသံနှင့် အတူ၊ ကြေးစင်မြင့်သည် မြင့်သထက် မြင့်တတ်လာခဲ့သည်။၎င်းစင်မြင့်ပေါ်တွင် သွယ်လျသောအသွင်အပြင် ၊ တောက်ပသော အသားအရေ နှင့် အစွန်းအထင်းကင်းသော ဝတ်ရုံဖြူ လူတစ်ယောက် ရှိနေခဲ့သည်။

ထိုအနှီသူသည် လူ့လောကရှိ မသေမျိုးတစ်ယောက်ကဲ့သို့ ချောမောလှပပြီး ဤကမ္ဘာကြီးထက် သာလွန်သော ဖြစ်တည်မှုပင်။

သန်းရာနှင့်ချီသော မိန်းကလေးများကို တမ်းတမ်းစွဲ ဖြစ်စေသည့် ထိုချောမောလှပသော မျက်နှာပေါ်တွင် မည့်သည့်အမူအယာကိုမှ ဖော်ပြထားခြင်း မရှိဘဲ အသက်မဲ့လွန်းသည်။

ခွင်းလွင်တောင်ထိပ်ကို ပထမဆုံးရောက်လာတဲ့သူ ဖြစ်သော်လည်း ၊သို့သော် ဤကိစ္စသည် သူ့အတွက်တော့ အရေးမကြီးသလိုပင်။

ပါရမီရှင်တချို့မှာမူ ၊ ထိုအချင်းအရာကို မြင်တော့ အသက်ရှူကျပ်သွားရသည်။

" တောင်ထိပ်ကို ရောက်သွားပြီပေါ့?ချန်ကဲဆက်ခံသူကို ကြည့်ရတာ ဘာလို့ နည်းနည်းလေးမှ ခက်ခဲတဲ့ပုံ မပေါက်တာလဲ?"

" အဲ့ဒီခွင်းလွင်တောင်ထိပ်ကို တက်ဖို့က အခက်ခဲဆုံးပဲ မဟုတ်ဘူးလား ၊ဘယ်လိုဖြစ်ပြီး ချန်ကဲ ဆက်ခံသူက အဲ့ကို မြန်မြန်ရောက်သွားတာလဲ?"

သူတို့သာ စူးချန်ကဲ၏ စွမ်းအားအစစ်အမှန်ကို မသိခဲ့ဘူးဆိုပါက ၊ စူးချန်ကဲ၏ အေးဆေး တည်ငြိမ်သော အမူအယာကို မြင်ပြီး ၊ သူတို့ကိုယ်သူတို့ ထင်ယောင်ထင်မှား ဖြစ်နေကြသည်ဟု ယူဆသွားနိုင်သည်။

" ငါမမလေးက ပထမဆုံး ဖြစ်ရမယ်၊ အဲ့ကောင် စူးချန်ကဲ သေချာပေါက် မဖြစ်...."

သို့သော် ဂုဏ်ယူဝင့်ကြွား‌နေသည့် လော့ရန်ယွီတစ်ယောက် ပုံရိပ်ယောင် နယ်‌မြေထဲက ထွက်လာလာချင်း ဆွံ့အသွားခဲ့ရသည်။

ကြေးစင်မြင့်မှာ အရင်ကတည်းက ထွက်ပေါ်နေခဲ့ပြီး ၊စင်မြင့်ပေါ်က စူးချန်ကဲသည် သူမကို ပြုံးပြီး ကြည့်‌နေလေ၏။

"နတ်ဘုရားမလော့က မြန်ပါတယ် ၊ဒါပေမဲ့ ကျွန်တော်ထက် အမွှေးတိုင်တစ်ချောင်းစာ ပိုနှေးတယ်"

ဤစာသားသည် လော့ရန်ယွီ၏ နှလုံးသားကို ရေအေးဖြင့် သွန်းလောင်းလိုက်သကဲ့သို့ပင်။

စူးချန်ကဲ၏ နားမလည်နိုင်သော အပြုံးသည် သူမကိုယ်သူမ တစ်ရာ ရာခိုင်နှုန်း ဂုဏ်ယူဝင့်ကြွားတတ်သည့် အပြုအမှုကို အရှက်ရစေခဲ့သည်။

ဒီကောင် စူးချန်ကဲ သေချာပေါက် ရည်ရွယ်ချက်ရှိရှိ ပြောခဲ့ခြင်း ဖြစ်နိုင်သည်။

သူမကိုယ်သူမ အရှက်ရစေအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သည် ။ တကယ်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းလိုက်တဲ့ စူးချန်ကဲ !

“ဟွန်း!”

╭(╯^╰)╮

အဆုံးတွင်၊ စိတ်ပျက်အားငယ်မှုများသည် အေးစက်သော"ဟွန်း"တစ်လုံးတည်းနဲ့သာ အပြီးသတ်ခဲ့ရတော့သည်။လော့ရန်ယွီတစ်ယောက် မှုန်ကုတ်ကုတ်ဖြင့် သူမရှေ့က စင်မြင့်ဆီသို့ လျှောက်သွားခဲ့သည်။

ဘယ်တတ်နိုင်မတုန်း ၊သူများက ကိုယ့်ထက်စောရောက်နေမှတော့ မကျေနပ်ဘူးဆိုတောင် ချလည်း နိုင်မှမနိုင်တာကိုး!

"ခွင်းလွင် တောင်ထိပ်ကိုရောက်ရှိတဲ့ ဒုတိယလူက‌‌တော့ လော့ရန်ယွီ ၊ ကျန်ရှိနေတဲ့ စင်မြင့် အရေအတွက် ရှစ်ယောက်စာသာ ကျန်တော့တယ် "

အချိန်တစ်ခုကြာပြီးနောက် ၊

ကွေးယွမ် သူတော်စင် နယ်မြေမှ လီဟောက်ထျန်း ၊ ယဲ့လင်ထျန်း နှင့် ပီချင်းရှတို့ ရောက်ရှိလာခဲ့ကြသည်။

ကူလင်အာ သည်လည်း မိမိ၏ ခွန်အားဖြင့် ဆယ်ခုမြောက် စင်မြင့်ကို ရရှိခဲ့သည်။

ကျန်ရှိသော စင်မြင့်ငါးခုကို နတ်‌ဆိုးချောက်နက်မှ ဧကရာဇ်မင်း သမီးတော် ၊ ရှောင်ရှီထျန်းမှ တုကိုယ်တော် နှင့် ကျန့်ကိုယ်တော် ၊ လော့ဟယ် ဓားဂိုဏ်းမှ ဝမ်ချွမ်ဓားနှင့် ပါ့ဝမ်ဓား တို့က သိမ်းပိုက်ထားသည်။

ဤ စင်မြင့်ဆယ်ခု၏ တစ်ဝက်ကို ကွေးယွမ်သူတော်စင် နယ်မြေက နေရာယူထားသည်ကို ကြည့်ခြင်းအားဖြင့် ကွေးယွမ်သူတော်စင်နယ်မြေသည် မည်မျှ တန်ခိုးကြီးမားသည်ကို ပြသနေသည်။

မကောင်းဆိုးဝါးမျိုးနွယ်စုမှ ပါရမီရှင်များ အဘယ်ကြောင့် မရှိရသနည်း။

အဘယ်ကြောင့်ဆိုသော် ယခင်က လုပ်ကြံတိုက်ခိုက်မှုတွင် မအောင်မြင်ခဲ့ရဘဲ ရှုံးနိမ့်ခဲ့လေရာ ထာဝရ အင်အားစုဝင်များ၏ ပင်မကျောရိုး ပုဂ္ဂိုလ်များအားလုံး ဆုံးရှုံးခဲ့ရသောကြောင့် ဖြစ်သည်။

ကျန်ရှိသူများအနေဖြင့် တခြား နိမ့်သော ခွင်းလွင်‌ တောင်ထိပ်ကို တတ်ရောက်၍ သူတော်စင် အဆင့်ကို ရရှိရန်မှာ ပထမ ဦးစားပေးဖြစ်သည်။နောက်ဆုံးတွင် သူတို့၏ လက်စားချေပွဲကြီးကို စတင်မည် ဖြစ်သည်။

ဘုန်း ဘုန်း !

မရေတွက်နိုင်သော ခွင်းလွင် တောင်ထိပ်များမှ ပြိုးပြိုးပြက်ပြက် လင်းလက်နေသော မိုးကြိုးမုန်တိုင်းများ ထွက်ပေါ်လာခဲ့ပြီး ၊သူတော်စင်၏ အငွေ့အသက်များ စတင်ထွက်ပေါ်လာခဲ့လေပြီ။

ဟူး --

ဤအခိုက်အတန့်တွင် ကောင်းကင်ယံ၌ အရောင်များ ပြောင်းလဲလာပြီး ၊ တိမ်စိုင်တိုက်ခဲများ လှုပ်ရှားလာခဲ့ရာ ‌ကောင်းကင်တခွင်လုံးကို ဖုံးလွှမ်းသွားသော ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည် ။

"ခွင်းလွင် တောင်ထိပ်မှာ ရှိတဲ့ စင်မြင့် ဆယ်ခုလုံး ပြည့်သွားပြီ ဖြစ်တဲ့အတွက် သူတော်စင် အရှင် ဖြစ်လာမယ့် ကပ်ဆိုးကြီး စတင်ပါပြီ "

ဘုန်း!

စကားအဆုံးတွင် ၊ အဆုံးမရှိသော မိုးခြိမ်းသံများ ကောင်းကင်ယံမှ သွန်းလောင်းချလာကာ၊ မိုးခြိမ်းသံများက ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ ဟစ်ကြွေးနေ၏။

စင်မြင့် ဆယ်ခုသည် မတူညီသောလမ်းကြောင်းများ၌ တည်ရှိနေသည်။

ဝုန်း!

ကောင်းကင်နှင့်ချိတ်ဆက်ထားသကဲ့သို့ စင်မြင့်ပေါ်မှ တောက်ပသော နတ်အလင်းတန်းများ ထွက်ပေါ်လာသည်။

ခွင်းလွင်တောင်တန်းရှိ ပင်ကိုယ်စွမ်းအင်များအားလုံးသည် ဤနေရာဆီသို့ အဆက်မပြတ် စု‌ဝေး ရောက်ရှိလာကြသည်။

တခဏချင်းမှာပင် ၊ ဤကမ္ဘာကြီးတစ်ခုလုံး အကန့်အသတ်မရှိသော စွမ်းအင် သမုဒ္ဒရာထဲသို့ ကျရောက်သွားသလိုပင်။

တုကိုယ်တော်သည် စူးချန်ကဲရှိရာ ဦးတည်ဘက်သို့ စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

"အစီအစဥ်အရ ၊ သဘောတူညီထားတဲ့ အချိန်ကို ရောက်ပြီ"

စူးချန်ကဲကို သတ်ပစ်ချင်သည့် စိတ်ဆန္ဒများက သူ၏ မျက်လုံးထဲတွင် ပြည့်နှက်နေသည်။

" စိတ်မပူနဲ့ သခင် ယင်ထျန်းဇီ ၊ မကြာခင်မှာပဲ ဒီကွေးယွမ်က လူအားလုံးကို သခင်နဲ့အတူ သင်္ဂြိုဟ်ပေးမယ် !"

ပင်ကိုယ်စွမ်းအင်များ အရူးအမူး စုဝေးနေကြချိန် ၊ ကောင်းကင်ယံ၌ မရေမတွက်နိုင်သော ကပ်ဘေး တိမ်တိုက်များ စုဝေးဖြစ်တည်လာခဲ့သည်။

ထိုစဉ် ကောင်းကင်ယံမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ကွေးယွမ်က လူတွေ ထွက်လာကြ ၊ မင်းတို့ သေခြင်းတရားကို ခံစားကြည့်လိုက်စမ်း !"

ကြီးကျယ်ခမ်းနားသော သူတော်စင် အရှင် ၏ ဖိနှိပ်စွမ်းအားသည် ကောင်းကင်၏ ဖိနှိပ်စွမ်းအားထက်ကို ပို၍ ပြင်းထန်ပေသည်။

"သူတို့တွေက...."

" နတ်နဂါးကျွန်း၊ ဖီးနစ်လိုဏ်ဂူ ၊ထျန်းရှန်း ဂိုဏ်း နှင့် နတ်ဘုရားအချုပ်ထောင် နန်းတော်တို့က ထိပ်တန်း ပါရမီရှင်တွေပဲ"

"အို ဘုရားရေ၊ သူတို့အားလုံး သူတော်စင် အရှင် နယ်ပယ်အဆင့် ကို အောင်မြင်ပြီးပြီ၊ ဘာလို့ ဒီလောက်တောင် မြန်ရတာလဲ"

လူအုပ်ကြီး၏ ထိတ်လန့်တုန်လှုပ်မှုအောက်တွင် ၊ သူတော်စင်အရှင် ပုဂ္ဂိုလ်များမှာ ကောင်းကင်ယံမှ ပျံဝဲလာခဲ့ကြသည်။

သူတို့သည် ယခင်တိုက်ပွဲမှ ကျန်ရစ်ခဲ့ကြသော ထိပ်တန်း ပါရမီရှင်တပည့်များ ဖြစ်ကြပြီး နောက်ထပ်ပြောင်းလဲမှုအတွက် ၎င်းတို့၏ အလားအလာများကို စတေးပြီး ၊ သူတော်စင် အရှင် နယ်ပယ်အဆင့်ကို ရရှိရန် အလွန်နိမ့်ကျသော တခြားသော ခွင်းလွင် တောင်ထိပ်ကိုသာ ရွေးချယ်ခဲ့ကြသည်။

သူတို့သည် ဤအခိုက်အတန့်ကို စောင့်မျှော်နေခဲ့သည်မှာ ကြာခဲ့ပြီပင်။

မဟာမိတ်တပ်များဖြစ်ကြသည့် သူတော်စင် အရှင် ပုဂ္ဂိုလ်များသည် ၎င်းတို့၏ ခွင်းလွင် တောင်ထိပ်ရှေ့သို့ ဆင်းသက်လာခဲ့ကြသည်။

သူတော်စင် အရှင်အဆင့်သို့ ဝင်ရောက်ခြင်းသည် သေမျိုး လောက၏ အချုပ်အနှောင်ကို ချိုးဖျက်ခြင်းနှင့် ညီမျှသောကြောင့် ခွင်းလွင် တောင်၏ နိယာမ စွမ်းအားများသည် ၎င်းတို့အား ကန့်သတ်ချုပ်ချယ်ခြင်း မပြုနိုင်တော့ပေ။

ကောင်းကင်က လူသည် အောက်ကို ငုံ့စိုက်ကြည့်နေသကဲ့သို့ ခေါင်းဆောင်ဖြစ်သူ ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခဲ့ပြီး ၊၎င်း၏ အသံသည် ကမ္ဘာအနှံ့ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားခဲ့သည်။

"ကွေးယွမ်ကလူတွေ ကိုယ့်ဟာကိုယ် ထွက်လာခဲ့!"

"အထူးသဖြင့် စူးချန်ကဲ၊ မင်း ဒီနေ့ သေရမယ်!"

လီဟောက်ထျန်း၏ မျက်နှာပေါ်တွင် မှောင်ရိပ်သမ်းသွားခဲ့သည်။သူတို့၏ ဆက်ခံသူကို ခြိမ်းခြောက်ဝံ့ခြင်းသည် သူတို့ ကွေးယွမ်သူတော်စင် နယ်‌မြေ၏ ဂုဏ်သိက္ခာကို အောက်သို့ ချလိုက်ခြင်းပင်။

" ဒီလောက်ကောင်တွေက သူတို့ကိုယ်သူတို့ သူတော်စင် အရှင် ဖြစ်သွားတာနဲ့ ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား ၊ငါ အခုချက်ချင်းသတ်ပစ်မယ်!"

"အကြီးတန်း အစ်ကို ဟောက်ထျန်း၊ ကျွန်မလည်း ပါမယ် "

“ကျွန်မတို့က အမျိုးသမီးတွေ ဆိုပေမယ့် ဒီလောက်ကောင်တွေကို ကိုင်တွယ်ဖို့ ပြဿနာ မရှိသေးဘူး "

ပီချင်းရှ နှင့် ကူလင်အာ တို့သည် တစ်ယောက်ကိုတစ်ယောက် ပြုံးပြရင်း ၊ တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။

ခွင်းလွင် တောင်ထိပ်ပေါ်တွင် ကျယ်လောင်သော ကြွေးကြော်သံများ ထွက်ပေါ်လာခဲ့သည်။

"ကွေးယွမ်ရဲ့ ဆက်ခံသူကို စော်ကားဝံ့ရင် ဘယ်လိုလုပ်သင့်လဲ?"

“သတ်!”

“သတ်!”

“သတ်!”

ကွေးယွမ်၏ မရေတွက်နိုင်သော တပည့်များသည် သူတော်စင် အရှင် ဖြစ်ရန် ပြင်ဆင်နေသော စူးချန်ကဲအတွက် ဤသူတော်စင် တပ်ဖွဲ့ကြီးကို ပိတ်ဆို့ပေးထားရန် ဆန္ဒရှိနေကြသည်။

စူးချန်ကဲသည် သူတို့ သူတော်စင် နယ်မြေ၏ မျှော်လင့်ချက် သာမက၊ သူတို့ နှလုံးသားထဲက စိတ်ဓာတ်ရေးရာ အလံတစ်ခုလည်း ဖြစ်ပေရာ ဤအလံကို မည်သို့မျှ ချိုးဖျက်ရန် ခွင့်မပြုနိုင်ချေ။

ခွင်းလွင်တောင်ပေါ်မှ ကြည့်ရှုသူများအားလုံး၏ စိတ်ထဲတွင် တုန်လှုပ်နေကြသည်။ဤစူးချန်ကဲသည် လူတိုင်း၏ နှလုံးသားများကို ပဲ့ကိုင်ထားလေသလော။

မိမိ ကိုယ်ပိုင်အခွင့်အရေးကြီးကို စတေးရရင်တောင်၊ အားလုံးက လမ်းဖွင့်‌ပေးရန် ဆန္ဒရှိနေကြသည်...

ဒီလို သတ္တိမျိူး ဘယ်လောက်များတောင် လိုအပ်မတုန်း?

"သူတော်စင် အရှင် အောက်မှာ ရှိနေသမျှ အားလုံးက ပုရွက်ဆိတ်တွေချည်းပဲ၊ မင်းတို့လို ပုရွက်ဆိတ်တွေက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

ခေါင်းဆောင်ဖြစ်သူ ထိပ်တန်း သူတော်စင် အရှင် တစ်ဉီးသည် သူ့ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အင်အားကြီးမားသော သူတော်စင် အရှင်၏ ဖိနှိပ်စွမ်းအားများသည် ကမ္ဘာကြီးကို နှိုးဆော်နေသော ဂြိုဟ်ဆိုးမုန်တိုင်းကြီး တစ်ခုကဲ့သို့ ကျရောက်လာသည်။

ကွေးယွမ် တပည့်များသည် ကြောက်ရွံချင်း တစ်စက်မှ မရှိဘဲ ၊ အသက်နဲ့ထပ်တူ တိုက်ပွဲဝင်ရန် ၎င်းတို့၏ စွမ်းအားများ နှိုးဆော်လိုက်သည်။

သို့သော် ထိုအချိန်တွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အားလုံး ကျေးဇူးပြုပြီး နားထောင်ပေးကြပါ"

စူးချန်ကဲသည် လက်ကိုနောက်ပစ်လျက် အေးအေးလူလူ မတ်တတ်ရပ်နေသည်။

"ကျုပ် စူး မျိုးနွယ်ဟာ သူတော်စင်နယ်မြေရဲ့ ဆက်ခံသူ တစ်ယောက် ဖြစ်တာကြောင့် ၊ ကိုယ့်ဂိုဏ်းတူ တပည့်တွေကို ကာကွယ်ပေးရမှာ ကျုပ် တာဝန်ပဲ "

လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များကြားထဲ စူးချန်ကဲသည် စင်မြင့်ပေါ်မှ ထွက်ခွာလာခဲ့သည်။

စင်မြင့်ပေါ်က ထွက်ခွာခြင်းသည် ကြည့်ရှုသူ အဖြစ်မှ စွန့်လွှတ်ခြင်း ဖြစ်သည်ကို သင် သိထားရမည်။

သို့သော် စူးချန်ကဲသည် လုံးဝ မတုံ့ဆိုင်းခဲ့ပေ။

ဘယ်အချိန်ကမှန်း မသိ ၊ သူ၏ ညာလက်တွင် ဓားရှည် တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ဓားသွားသည် ‌အော်ဟစ်မြည်ကြွေးနေပြီး အေးစက်သော ကြယ်စင်အလား လင်းလက် တောက်ပနေသည်။

ရွှမ်း!

အဆုံးမဲ့ အဖြူရောင် အလင်းတန်းတစ်ခု ဝေဟင်တွင် လင်းလက်သွားသည် ။

ခေါင်းဆောင်ဖြစ်သူ ထိပ်တန်းသူတော်စင် အရှင်၏ ဦးခေါင်းသည် လေထဲသို့ ပျံတက်သွားပြီး ၊ သူ၏ သွေးများသည်လည်း ပြန့်ကျဲသွားခဲ့လေသည်။

ဘုန်း!

အင်အားကြီးမားသော စွမ်းအား လှိုင်းကြီးကြောင့် ဤကမ္ဘာမြေပြင်ပေါ်တွင် တွင်းနက်ကြီးများ ဖြစ်ပေါ်ခဲ့ရသည်။

စူးချန်ကဲ၏ မျက်လုံးများသည် လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး ၊ ဤနေရာဝန်းကျင်ရှိ အပူချိန်များသည် ရုတ်ချည်းဆိုသလို ကျဆင်းသွားခဲ့ပြီး လူတိုင်း၏ တာအို စိတ်နှလုံးသားများပင်လျှင် ပြင်းထန်စွာ တုန်လှုပ်ခဲ့ရသည်။

ငရဲမှ နတ်ဆိုးတစ်ကောင်စ စကားတခွန်းကဲ့သို့ ဤကမ္ဘာမြေအနှံ့ ပဲ့တင်ထပ်သွားခဲ့လေသည်။

"မင်းတို့က သေချင်တာလား"

"ဒါဆိုလည်း ငါ ကိုယ်တော် မိန့်တော်မူတယ်"

"သွေးယစ်ပူ‌ဇော်ပွဲကြီး ခုပဲ စတင်လိုက်ပြီ !"

အပိုင်း(၁၆၈): ယဇ်ပူဇော်ခံ သားကောင်နဲ့ ကြွက်အဆင့်ပဲ ရှိတယ်

စူးချန်ကဲဘက်မှ ယခုလို တုံပြန့်ခဲ့လိမ့်မည်ဟု လူတိုင်းနီးပါး မမျှော်လင့်ခဲ့ကြပေ။

ကျင့်ကြံသူသည် သူတော်စင်အရှင် နယ်ပယ်အဆင့်သို့ လှမ်းဝင်ပြီးသည်နှင့် ၊ ၎င်း၏ မှော်စွမ်းအားမှာ လုံးဝ ပြောင်းလဲသွားရုံသာမက ရုပ်ခန္ဓာသည်လည်း ပြန်လည်မွေးဖွားလာသည်။ သို့ဖြစ်၍ ၎င်းတို့ကို ဓားပြီးလှံပြီး ခန္ဓာဟု ခေါ်ဆိုကြသည်။

သို့သော် လေထဲတွင် ပျံ့လွှင့်နေသော သွေးညှော်နံ့ပြင်းပြင်းက သူတို့အားလုံးကို မယုံကြည်နိုင် ဖြစ်စေသည်။သူတော်စင် အရှင် နယ်ပယ်အဆင့် ရှိသူ ပုဂ္ဂိုလ်တစ်ယောက်သည် ယခုလို ပေါ့ပေါ့တန်တန် အသတ်ခံခဲ့ရသည်။

"ဒါ လူ ရော ဟုတ်ရဲ့လား၊ စူးချန်ကဲ သူတော်စင် အရှင် အဆင့်ကို တတ်လှမ်းတာ မအောင်မြင်သေးဘူးလား မဟုတ်လား?အဲ့တာတောင် သူတော်စင်အရှင် တစ်ယောက်ကို ဒီလို ဓားနဲ့ ခုတ်သတ်လိုက်တဲ့ပေါ့?"

" စူးချန်ကဲသာ သူတော်စင် အရှင် နယ်ပယ်အဆင့်ကို ရောက်သွားရင်ဖြင့် ၊ မတွေးရဲစရာပါ့လား...."

ထိုလူ၏ စကားများသည် နားထောင်သူများကို လေးလေးနက်နက် တွေးစေကာ ကြောက်လန့်စေမိသည်။

သူတော်စင် အရှင် မဖြစ်ခင်ကတည်းက ၊ သူတော်စင်အရှင် တစ်ပါးကို သတ်ပစ်နိုင်သည်။အကယ်၍ သူတော်စင်အရှင် အဖြစ် အောင်မြင်သွားခဲ့မည်‌ ဆိုပါက ၊မည်မျှ ကြောက်စရာ ကောင်းလိုက်မည်နည်း။

"ဟင့်အင်း! စူးချန်ကဲကို သူတော်စင် အရှင် ဖြစ်ခွင့်မပေးနဲ့!"

" ငါတို့ အတူတူ ပေါင်းပြီး စူးချန်ကဲကို သတ်ကြစို့!"

ကျောက်တစ်တုံးသည် လှိုင်းတစ်ထောင်ကို နှိုးဆော်လိုက်သကဲ့သို့ နောက်ထပ် သူတော်စင် အရှင် တစ်ပါးသည် အေးစက်သော အမိန့်ဖြင့် ပြန်လည်တုံ့ပြန်လာခဲ့သည် ။

ဒါဇင်ပေါင်းများစွာသော သူတော်စင် အရှင်တို့သည် ဒေါသတကြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြကာ နောက်ဆုံးတွင် အတူတူလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ကောင်းကင်ကြီးသည် တဟုတ်ချင်း မြည်ဟိန်း တုန်ခါသွားပြီး ၊ အင်အားကြီးမားသော အဆုံးမဲ့သူတော်စင် စွမ်းအားသည် သမုဒ္ဒရာကြီးကဲ့သို့ ဖြစ်တည်လာခဲ့သည်။

သူတော်စင် စွမ်းအင်များ ရောစပ်၍ ဖြစ်ပေါ်လာသော ရူပါရုံသည် နတ်သားရဲမျိုးစုံ၏ အသွင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်တခွင်တွင် ဖြစ်ပေါ်နေခဲ့သည်။ကြီးမားကျယ်ပြန့်သော စွမ်းအားတို့သည် ကြီးမားသော စွမ်းအင်လှိုင်းလုံးကြီးအဖြစ် တဟူးဟူး အုံကြွလာခဲ့သည်။

"သေစမ်း‌!!"

ပထမဆုံး တိုက်ခိုက်လာသူမှာ နတ်နဂါးကျွန်းစုမှ သူတော်စင် အရှင် တစ်ပါးဖြစ်ပြီး ၊ ၎င်းသည် အေးစက်စွာ အော်ဟစ်ရင်း ကောင်းကင် တုန်ခါခြင်း နဂါး ဖိနှိပ်စွမ်းအင်များဖြင့် ပစ်ခတ်လိုက်သည်။

သို့သော် စူးချန်ကဲသည် အစမှ အဆုံး တချက်မှ လှည့်မကြည့်ဘဲ ၊ သူ့လက်ကို မြှောက်လိုက်ပြီး ဓားဖြင့် ချက်ချင်း ခုတ်ချလိုက်ရာ ဟင်းလင်ပြင်တောင် စက္ကူစတစ်ရွက်ကဲ့သို့ ကွဲကြေသွားခဲ့ရသည် ။

နတ်နဂါးကျွန်းစု မှ သူတော်စင်အရှင် ပုဂ္ဂိုလ်၏ အမူအယာမှာ လွန်စွာ ထိတ်လန့်နေပုံရသည်။သူသည် တုံ့ပြန်ချိန်တောင် မရလိုက်ဘဲ ၊ သူ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ဖြတ်တောက်ခြင်းကို ခံလိုက်ရကာ သွေးအိုင်အဖြစ်သို့ ပြောင်းလဲခံလိုက်ရပြီး၊ သူ၏ ဝိညာဉ်ပင်လျှင် သုတ်သင်ခံလိုက်ရသည်။

" သူတော်စင် အရှင်? ဘာမှထူးခြားမနေဘူး "

စူးချန်ကဲသည် အသာယာ ခေါင်းခါလိုက်သည်။

ဤသကောင့်များသည် ပုံရိပ်‌ယောင်ထဲက အမှောင်သတ္တဝါ‌တွေထက်ကို အတော်လေး ညံ့ဖျင်းပေသည်။ သူ့ကို အနိုင်ယူမည် ဆိုသော ယုံကြည်ချက်ကို မည်သည့်နေရာကများ ရရှိ‌ခဲ့လေသနည်း။

" စူးချန်ကဲ မင်း အထက်စီးဆန်လွန်းတယ်!"

နောက်ထပ် သူတော်စင် အရှင် သုံးဦးသည် စူးချန်ကဲကို နှိပ်ကွပ်ရန် ကြီးကျယ်ခမ်းနားသော ဖိနှိပ်စွမ်းအားများဖြင့် ထပ်ပြီး ချီတတ်လာပြန်သည်။

သို့သော် စူးချန်ကဲသည် ဓားတချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ၊ ထိုသူတော်စင် အရှင် သုံးဦးသည်လည်း ခုခံဖို့ အချိန်တောင် မရှိလိုက်ဘဲ အမှုန့်အဖြစ်သို့ ကွယ်ပျောက်သွားခဲ့ပြန်သည်။

ဤအဖြစ်အပျက်ကြီးသည် ကြည့်ရှုသူများကို ပို၍ တုန်လှုပ်သွားစေခဲ့သည်။

တုန်လှုပ်စေရုံသာမက အဆုံးစွန်သော အကြောက်တရားများ ဖြစ်ပေါ်ခဲ့ရသည်။

သူတော်စင် အရှင် ပုဂ္ဂိုလ်တစ်ဦးကို ကျင့်ကြံရေးလောကတွင် အဓိကကျသူအဖြစ် ယူဆနိုင်သည်။သို့သော် ယခုအခါတွင် ဟင်းသီးဟင်းရွက်များကဲ့သို့ စူးချန်ကဲ၏ ခုတ်ထစ်ခြင်းကို ခံနေရသည်။ဒါ လူရော ဟုတ်သေးရဲ့လား!?

"သရဲတစ်ထောင် ကောင်းကင်ဘုံ ဖွဲ့စည်းခြင်း!"

နတ်ဘုရားအချုပ်ထောင် နန်းတော်မှ သူတော်စင်အရှင် ဆယ်ပါးတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည် ။ထို့နောက် ၎င်းတို့ ခန္ဓာကိုယ်အတွင်းမှ ကြီးကျယ်ခမ်းနားသော တစ္ဆေစွမ်းအင်များကို တဟုန်ထိုး ထကြွစေခဲ့ပြီးနောက် ၊ တစ်ယောက်ပြီး တစ်ယောက် အမှောင်အရိပ်များဖြင့် ရှေ့သို့ တတ်လာကြသည်။

ပတ်ပတ်လည် ဝန်းရံထားသော သေခြင်းတရား စွမ်းအင်များသည် ၎င်းတို့အချင်းချင်း ချိတ်ဆက် ကြွေးကြော်နေကြသည်။ သူတော်စင်အရှင် ဆယ်ပါးသည် ရက်စက် ကြမ်းကြုတ်သော အမူအယာတို့ဖြင့် စူးချန်ကဲကို နှိပ်ကွပ်ရန် ပြေးဝင်လာခဲ့ကြသည်။

စူးချန်ကဲကတော့ အရင်လို ဂရုမစိုက်ဟန်ဖြင့်။

သူ၏လက်ကို မြှောက်တင်လိုက်သည်နှင့် ယင်းယန်ဓားစွမ်းအင်များ ထွက်‌ပေါ်ခဲ့လေရာ ၊ ၎င်း၏ ဆီးနှင်းခဲများနှင့် အနီရောင်မီးလျှံများသည် ကောင်းကင်တခွင်လုံးကို ဖျက်စီးပစ်နိုင်သည်။

ဘုန်း!

စူးချန်ကဲ၏ ဓားချက်အောက်တွင် ထိုအစီအရင် ဖွဲ့စည်းမှုသညိ ချက်ချင်းလက်ငင်း ပျက်သုဉ်းသွားခဲ့ပြီး အနက်ရောင် အခိုးအငွေ့ များအဖြစ်သို့ လေထဲတွင် ပျံ့လွင့်သွားခဲ့လေသည်။

သို့သော် စူးချန်ကဲသည် ရပ်တန့်သွားခြင်းမရှိခဲ့ပေ။ ၎င်းသူတော်စင် အရှင် ဆယ်ပါး၏ ရှေ့၌ အဖြူရောင် အလင်းတစ်ခု ဖျက်ခနဲ့ ဝင်းလက်သွားသကဲ့သို့ ပြုမှုလှုပ်ရှားခဲ့ပြီး ၊သူ၏ ကောင်းကင်ဓားကို မြှောက်ကာ တည့်တည့် ခုတ်ထစ်လိုက်သည်။

ဖြောင့်စင်းသော ဓားအလင်းသည် ကောင်းကင်ကို ပိုင်းဖြတ်၍ ဟင်းလင်းပြင်ကို ဖျက်စီးပစ်လိုက်သလိုမျိုး အာကာသထဲတွင် တုန်ခါမှု များ ဖြစ်ပေါ်သွားခဲ့ရသည်။

ဓားရောင်ခြည်ဆယ်စင်း ဖြတ်လျှောက်သွားသည်နှင့် တပြိုင်နက် ၊ ထိုသူတော်စင်အရှင် ဆယ်ပါး၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့သည် တစ်ချိန်တည်း ပျက်စီးသွားခဲ့ပြီး အဆုံးမဲ့ အချိန်မြစ်ထဲသို့ ပျံ့လွင့်သွားခဲ့လေပြီ။

ဤမြင်ကွင်းသည် သူတော်စင်အရှင် ပုဂ္ဂိလ်များကို ကြောက်ရွံ့ထိတ်လန့်စေခဲ့ပြီး၊ နောက်ကျောများပင်လျှင် အေးစက်သွားခဲ့ရသည်။စူးချန်ကဲအား သတ်ပစ်လိုက်နိုင်သည့် မြင်ကွင်းမျိုးကို သူတို့ခမျာ နည်းနည်းလေးမှ ပုံဖော်မရနိုင်ခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့်၊ သူတို့လို တန်ခိုးကြီးမားသော သူတော်စင် အရှင်များမှာ စူးချန်ကဲ၏ ရှေ့မှောက်တွင် ပုရွက်ဆိတ်အဆင့်မျှသာ ရှိပြီး ၎င်း၏ ဓားချက်ကို ခံယူဖို့ မစွမ်းဆောင်နိုင်ချေ။

"ဘာလို့...ဒီလိုမျိုး ဖြစ်​နေရတာလဲ"

" စူးချန်ကဲက သူတော်စင် အရှင် မဖြစ်သေးဘူး မဟုတ်လား၊ ဒီလောက် တန်ခိုးကြီးမားတဲ့ သူတော်စင် အရှင် ပုဂ္ဂိုလ်တွေက ဘာလို့ သူ့ရဲ့ ဓားတချက်ကိုတောင် ခံယူနိုင်စွမ်း မရှိတာလဲ?"

ထိုအဖြစ်အပျက်သည် ကြည့်ရှုသူအများအပြား၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။

ကောင်းကင်ဘုံကိုတောင် အံတုနိုင်သော ထိုသို့သောသူသည် သူတော်စင် အရှင် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမည် ဆိုပါက ၊ မည်မျှထိတောင် ရက်စက်ကြမ်းတမ်းမည်နည်း။

နောင်အနာဂတ် ဧကရာဇ်လမ်းစဉ်တွင် သူတို့အတွက် နေရာရှိပါဦးမလား ?

သူတို့သာ ဧကရာဇ်မင်းလမ်းစဉ် အတွက် စူးချန်ကဲနှင့် ယှဉ်ပြိုင်လိုပါက ၊ သူတို့ အမြောက်စာ မဖြစ်ပေနိုင်ဘူးလား?

အမြောက်စာ - စစ်အတွင်း ‌အသေခံရုံမျှ တိုက်ရသည့် စစ်သားကိုခေါ်ဆိုခြင်း

"စပြီလား?"

စူးချန်ကဲသည် သူ့နောက်တွင် ကမ္ဘာမြေကြီး၏ ပြင်းထန်သော စွမ်းအားကို ခံစားလိုက်ရသည်။မရေမတွက်နိုင်သော မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ လီဟောက်ထျန်း နှင့် အခြားသူများသည် သူတော်စင် အရှင်၏ ကပ်ဘေးကို စတင်ကျော်လွှားနေပြီ ဖြစ်သည်။

စူးချန်ကဲကို ကူညီရန် သူတို့အနေဖြင့် သူတော်စင် အရှင် နယ်ပယ်အဆင့်ကို အောင်မြင်ဖို့ လိုအပ်မှန်း သူတို့ ကောင်းစွာ နားလည်ထားသည်။

အကယ်၍ စူးချန်ကဲ၏ စေတနာကောင်းများကို စိတ်ပျက်စေမိပါက ၊သူတို့သည် ဝန်ထုတ်ဝန်ပိုး ဖြစ်ရသည့် အမှိုက်ဘဝသို့ ရောက်ရှိသွားပေလိမ့်မည်။

သူတော်စင် အရှင်၏ ကပ်ဘေးဒုက္ခကို လွတ်မြောက်ခဲ့ကြပြီ ဖြစ်သော ပါရမီရှင်များ တဖြေးဖြေး များလာခဲ့ပြီး ၊၎င်းတို့သည် စူးချန်ကဲထံသို့ ဦးတည်ကာ လာရောက်နေကြပြီး ကွေးယွမ် တပည့်များထဲမှ သူတော်စင် အရှင် နယ်ပယ်အဆင့် အောင်မြင်ပြီးခဲ့ကြသော ပါရမီရှင်တချို့သည်လည်း ၎င်းတို့အုပ်စုကို တတ်နိုင်သမျှ တားစီးထားကြသည်။

သို့သော် အရေအတွက်သည် ကြောက်စရာ ကောင်းနေဆဲပင် ဖြစ်သည်။

တဖက်ရန်သူသည် ဝေဟင်ပေါ်မှ စူးချန်ကဲကို ဝိုင်းရံထားသော်လည်း မည်သူကမှ ဦးဆောင်၍ မတိုက်ခိုက်ဝံ့ပေ။

"ဘာလဲ ၊ ဆက်မတိုက်ကြတော့ဘူးလား?"

စူးချန်ကဲသည် ရှက်ရွံ့ကြောက်လန့်နေသော ၎င်းတို့ တစ်ယောက်ချင်းစီ၏ မျက်လုံးများကို ကြည့်လိုက်သည်။သူသည် ဂရုမစိုက်ဟန်ဖြင့် လက်ကို နောက်သို့ အေးဆေးပစ်ထားဆဲပင် ဖြစ်ပြီး မျက်ခုံးနှစ်ဖက်ကြားတွင်မူ ပေါ့ပေါ့ပါးပါးနှင့် သက်တောင့်သက်သာ ရှိနေသည် ။

ဤသူတော်စင် အရှင်များကို သတ်ဖြတ်ရန်မှာ သူ့အတွက်တော့ အလွယ်လေးပင် ဖြစ်သည်။ဤမျှပြင်းထန်သော စွမ်းအာများဖြင့် ပေါက်ကွဲလာတောင် အေးအေးလူလူ ရှိနေဦးမည်သာ။

သူတော်စင်အရှင် ပုဂ္ဂိလ်အားလုံးသည် ဘာမှမလှုပ်ရှားဘဲ စူးချန်ကဲကိုသာ စိုက်ကြည့်နေကြသည်။

ကွေးယွမ်၏ သူတော်စင် ခန္ဓာကိုယ်ပိုင်ရှင်တို့မှာ သူတော်စင်အရှင် နယ်ပယ်အဆင့်သို့

ဖြတ်ကျော်သွားသည်နှင့် သူတို့ကို စောင့်မျှော်နေမည့်အရာမှာ ပျက်စီးခြင်းနဲ့ ပြီးပြည့်စုံသော ရှုံးနိမ့်ခြင်းများဆိုတာ သူတို့ ကောင်းကောင်းကြီး နားလည်ပေသည်။

"ငါတို့အားလုံး အတူတူ တတ်ကြစို့ ၊ နောက်မဆုတ်နဲ့"

ထျန်းရှန်း ဂိုဏ်းမှ သူတော်စင်အရှင် တစ်ဦးက ကျယ်လောင်စွာ ဆိုလိုက်သည်။

"မဟုတ်ရင် ရလဒ်က ဘာဖြစ်မယ်ဆိုတာ မင်းတို့ သိကြမှာပါ!"

မှန်ပေသည်။ဒီအထိ ရောက်လာပြီဆိုမှတော့ သူ့တို့အတွက် ရွေးချယ်စရာလမ်း မရှိတော့ပေ။

သူတို့ကို ဦးဆောင်ခဲ့သော ပင်မကျောရိုးများကို စူးချန်ကဲသည် သတ်ပစ်ခဲ့သည်။

ဤအမုန်းတရားကို မည်သည့်နည်းလမ်းနဲ့မှ ကျေအေးအောင် မလုပ်န်ိုင်ချေ။ယနေ့တွင် သူတို့ စူးချန်ကဲကို သေချာပေါက် သတ်မည်ပင်။

စူးချန်ကဲသည် တစ်ချိန်က သူ၏ ဓားချက်ဖြင့် ရာနှင့်ချီသော ပါရမီရှင်များကို သတ်ပစ်ခဲ့သော်လည်း ၊ ယခုအခါတွင် သူတို့အားလုံးသည် သူတော်စင်အရှင် နယ်ပယ်အဆင့်ထိ တတ်လှမ်းနိုင်ပြီးခဲ့ပြီ ဖြစ်သည်။

သူတော်စင်အရှင် မဖြစ်သေးသော သာ့နိမ်(အနန္တစွမ်းအားရှင်)သည် ဒီလောက်များပြားသော သူတော်စင်အရှင် ပုဂ္ဂိုလ်များကို အဘယ်နည်းဖြင့် သတ်ဖြတ်နိုင်မည်နည်း။

"ဟုတ်တယ်၊ အခုဆို ငါတို့ဘက်မှာ ရာနဲ့ချီတဲ့ သူတော်စင်အရှင် ပုဂ္ဂိုလ်တွေ ရှိတယ်လေ ၊ စူးချန်ကဲဆိုလည်း ဘာဖြစ်တုန်း?ဒီကမ္ဘာကြီးကို ဇောက်ထိုး ဖြစ်အောင် လုပ်နိုင်မတဲ့လား?"

ဝုန်း!

ရာနှင့်ချီသော သူတော်စင် အရှင်တို့၏ စွမ်းအားများ ပေါက်ကွဲထွက်လာကြပြီး၊ ၎င်းတို့၏ အရှိန်အဝါသည် ခွင်းလွင်တောင်၏ နိယာမတရားများပင် တုန်လှုပ်စေခဲ့သည်။

သို့သော် စူးချန်ကဲ၏ မျက်လုံးများထဲတွင် လှောင်ပြောင်မှုအပြုံး တချို့ ရှိနေခဲ့သည်။

၎င်းတို့သည် သူ့၏ ယဇ်ပူဇော်ပွဲကြီးတွင် ပါဝင်ဆင်နွဲပေးခဲ့ရုံသာမက သူ့ရဲ့ စမ်းသပ်မှုကို ကူညီပေးသော ကြွက်များပင် ။

ယခင်က ပုံရိပ်ယောင်ထဲတွင်၊ စူးချန်ကဲသည် သူတော်စင် ကိုယ်ထည်များစွာ၏ စွမ်းအားကို ပေါင်းစပ်ရန်ကြိုးစားခဲ့သည်။ နောက်ဆုံးရလဒ်အနေဖြင့် သူ၏ ခန္ဓာကိုယ်မှာ ခံနိုင်ရည်မရှိဘဲကွဲအက်သွားခဲ့သည်။

သို့သော် သူတော်စင် ကိုယ်ထည်များစွာ၏ အားသာချက်များကို လိုက်ဖက်ညီစွာ အတူပေါင်းစပ်လိုက်ပြီး တိကျသောအချိုးအစားဖြင့် လှုံ့ဆော်ပေးလိုက်မည်‌ဆိုပါက ၊ ၎င်းကို ပြီးပြည့်စုံစွာ အသုံးပြုနိုင်မည်လော။

စူးချန်ကဲသည် ကောင်းကင်ဓားကို ဝေဟင်တွင် တွဲလောင်းအနေအထားဖြင့် ဆိုင်းငံ့ထားလိုက်သည်။ဓားသည် အော်ဟစ်မြည်ကြွေးကာ တောက်လောင်နေသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

မရေမတွက်နိုင်သော ဓားအလင်းများသည် ကောင်းကင်ကို ကွဲအက်စေသော အလင်းတန်းများအဖြစ် ကောင်းကင်တခွင်လုံး ဖြတ်သန်းသွားခဲ့လေရာ ၊ သူတော်စင်အရှင် ပုဂ္ဂိုလ်တို့မှာ ချက်ချင်းဆိုသလို အမှုန့်များအဖြစ်သို့ ကြွေလွှင့်ခဲ့ရလေသည်။

" ချီးပဲ! ဒီကောင် ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ခိုက်ရဲတယ် ၊ဘာမှ စောင့်မနေနဲ့တော့၊ သူ့ကို သတ်ကြဟေ့!"

ရာနှင့်ချီသော သူတော်စင်အရှင် ပုဂ္ဂိုလ်များသည် ၎င်းတို့၏ သူတော်စင် စွမ်းအားများကို အတူတကွ စုစည်းလိုက်ပြီး နေဝင်ဆည်းဆာ သွေးနီကြာလက်ဖြင့် တိုက်ခိုက်ခဲ့ကြသည်။မရေမတွက်နိုင်သော ကြောက်မက်ဖွယ် ရာ ကောင်းသော မှော်အစွမ်းများသည် စူးချန်ကဲကို သတ်ဖြတ်ရန် ရှေ့တတ်လာကြသည်။

သို့သော် စူးချန်ကဲသည် ၎င်းတို့၏ တိုက်ခိုက်မှုအပေါ် လုံးဝ ပြင်ဆင်ထားခြင်း မရှိသကဲ့သို့ သူ၏ မျက်လုံးများကို စုံမှိတ်ထားသည်။

" ဆက်ခံသူ သခင်!"

ကွေးယွမ်မှ တချို့သော သူတော်စင်အရှင် ပုဂ္ဂိုလ်များသည် စူးချန်ကဲကို ကယ်တင်ရန် ဆန္ဒရှိသော်လည်း ၊သို့သော် အပြင်ဘက်ရှိ ရန်သူတပ်ဖွဲ့ဝင်များက သူတို့ကို ပိတ်ဆို့ထားကြသည်။

မရေမတွက်နိုင်သော စွမ်းအားများစွာ စူးချန်ကဲ ဆီသို့ ဦီးတည်နေသည့် မြင်ကွင်းကို သူတို့အနေဖြင့် ကြည့်ရုံမျှသာ တတ်နိုင်ခဲ့သည် ။

သို့သော် နောက်အခိုက်အတန့်တွင် ၊ သူတို့၏ ထိတ်လန့်စိုးရိမ်နေသော အမူအရာများထဲက ရှုပ်ထွေးမှုများ အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

ထိုမှော်စွမ်းအားများသည် စူးချန်ကဲအနီးနားသို့ မရောက်မီ ရပ်တန့်သွားခဲ့သည်။ဝေဟင်ပေါ်ရှိ အရာဝတ္ထုမှန်သမျှ အေးခဲသွားသကဲ့သို့ပင်။

ဓားနယ်ပယ် !

အပိုင်း(၁၆၉): ပျော်ရွှင်စရာကောင်းတဲ့ ဘဝကြီးကို ပိုင်ဆိုင်ကြပါစေ

စူးချန်ကဲ သည် ဓားနယ်ပယ်အရာတွင် ကျွမ်းကျင်ကြောင်း သူတို့ သိထားသော်လည်း၊ သို့သော် သူတို့အားလုံးသည် သူတော်စင်အရှင် နယ်ပယ်အဆင့်ရှိ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။သာ့နိမ်(အနန္တစွမ်းအားရှင်) နယ်ပယ်အဆင့်သာ ရှိသေးသော ဓားနယ်ပယ်က သူတို့ကို အဘယ်ကြောင့် တားဆီးနိုင်ခဲ့သနည်း။

စူးချန်ကဲသည် ၎င်းတို့၏ မှော်စွမ်းအားများကို ဝေဟင်အလယ်တွင် ရပ်တန့်ထားပြီး ၊မည်သည့် လှုပ်ရှားမှုမျိုးကိုမှ ဆက်မလှုပ်ရှားခဲ့ပေ။

“ အဓိပ္ပါယ်မရှိလိုက်တာ ! ဒါ ငါတို့ကို မျက်စိထဲမထည့်ထားတာပဲ!”

စူးချန်ကဲသည် သူတို့လို သူတော်စင်အရှင် ပုဂ္ဂိုလ်များအပေါ် အလေးအနက်မထားသည်ကို မြင်လိုက်ရချိန် ၊ အင်အားစု အများအပြားက သူတော်စင်အရှင် ပုဂ္ဂိုလ်များမှာ ဒေါသတကြီး ဖြစ်လို့နေကြသည် ။

သူတော်စင် ဖိနှိပ်စွမ်းအားဆိုရင် စော်ကားလို့ မရဘူးတဲ့လား ? ရာနဲ့ချီတဲ့ သူတော်စင်အရှင် ပုဂ္ဂိုလ်တွေဆိုရင်ရော ဘာဖြစ်တုန်း!?

ဝုန်း ဝုန်း!

ထိုစဉ် တဖက်ရန်သူသည် ၎င်းတို့၏ အဆုံးမရှိသော သူတော်စင် ဖိနှိပ်စွမ်းအားများကို သွန်းလောင်းချလိုလေရာ အာကာသတစ်ခုလုံးကို ပုံပျက်သွားခဲ့ရသည်။

သို့သော် ထာဝရ တည်ရှိမှု ဖြစ်သည့် တောင်တန်းကို ဖြတ်တိုက်သွားသော လေပြေညှင်းများကဲ့သို့ စူးချန်ကဲ၏ ဓားနယ်ပယ်‌အောက်တွင် မည်သည့်သက်ရောက်မှုမှ မရှိခဲ့ပေ။

“ ချီးပဲ! ဒီကောင် စူးချန်ကဲ ဘာနည်းလမ်းတွေ သုံးထားလဲ မသိဘူး ၊ဒီလောက် မာကြောတဲ့ လိပ်ခွံကို ဖန်တီးနိုင်တယ် ၊ ဒီလောက်များတဲ့ သူတော်စင်အရှင် ‌ပုဂ္ဂိုလ်တွေတောင် ဒါကို မချိုးဖျက်နိုင်ဘူး!”

“ကိစ္စမရှိဘူး၊ ကွေးယွမ် က သူတော်စင် ခန္ဓာကိုယ် ပါရမီရှင်တွေ ခုထိ ကပ်ဘေးကို ဖြတ်သန်းနေတုန်းပဲ ရှိသေးတယ် ၊ အဲဒီလူတွေကို အရင်သတ်လိုက်ရအောင်၊ ဒါက ကွေးယွမ် သူတော်စင် နယ်မြေကို နာကျင်စေတဲ့ထိ ဖြစ်သွားလိမ့်မယ်!”

အင်အားစု အများအပြားမှ သူတော်စင် အရှင် ပုဂ္ဂိုလ်များသည် ထိုစကားကို ကြားတော့ လျှို့ဝှက်စွာ ‌သဘောတူလိုက်ကြသည်။

ခုလောလောဆယ် စူးချန်ကဲကို မတိုက်နိုင်မှတော့ ၊ သူ့နောက်လိုက်တွေကို သေလမ်းသို့ အရင် ပို့ဆောင်ပေးမည်ပင်။

ကွဲအက်သံ!

ထိုအခိုက်အတန့်တွင် စူးချန်ကဲ၏ ဓားနယ်ပယ်၌ အက်ကြောင်းရာများ တစ်ခုပြီး တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့ပြီး ရုတ်တရက် ကွဲအက်သွားခဲ့သည်။

“ဟားဟားဟား ! ဓားနယ်ပယ် ကျိုးသွားပြီ ! ဘုရားသခင်က ငါ့ကို ကူညီလိုက်တာပဲ!”

သူတော်စင်အရှင်တို့ အားလုံး အံ့သြသွားကြသည်။စူးချန်ကဲ၏ ဓားနယ်မြေသည် ၎င်းတို့၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့ဘဲ ကွဲအက်သွားသည်ဟု အားလုံးက ထင်ခဲ့ကြသော်လည်း၊ ဤအရာသည် စူးချန်ကဲ သူ့ဘာသာသူ ပြုလုပ်ခဲ့မှန်း သူတို့ မသိခဲ့ကြပေ။

ကောင်းကင်ယံ၌ ကြယ်များကဲ့သို့ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော အလင်းတန်းများ ပျံဝဲနေကြသည်။

စူးချန်ကဲသည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ့မျက်လုံးများမှာ ဖျက်ခနဲ့ ဝင်းလက်တောက်ပသွားသည်။

“လူတိုင်း ဒါဆိုလည်း ဂိမ်းကို တရားဝင်စလိုက်ကြရအောင်လား”

ဝုန်း! !

စူးချန်ကဲ၏ ကိုယ်ပေါ်မှ နတ်အလင်းတန်း တစ်ခုသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီးနောက် ၊ ကြီးကျယ်ခမ်းနား မြင့်မြတ်သော ရောင်ဝါတစ်ခုသည် ဤကမ္ဘာ‌ မြေပြင်ပေါ်သို့ ရုတ်တရက် ဆင်းသက်လာခဲ့သည်။

ထိုရောင်ဝါသည် ဤကမ္ဘာထက် သာလွန်သော ဖြစ်တည်မှုတစ်ခု ဖြစ်ပြီး ခွင်းလွင် တောင်ထိပ် တစ်ခုလုံးကို ဖုံးလွှမ်းနေသော သူတော်စင်အရှင် နယ်ပယ်အဆင့်၏ ကပ်ဘေး တိမ်တိုက်များပင်လျှင် တုန်ယင်သွားရသည်။

ယင်းအဖြစ်အပျက်သည် သူတော်စင် အရှင် နယ်ပယ်အဆင့်ကို ဖြတ်ကျော်ရန် ကြိုးစားနေကြသော ပါရမီရှင် အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

သူတို့သည် မူလက ကောင်းကင်ဘုံ၏ ကပ်ဘေးကို ခံနိုင်ရည်ရှိခဲ့သော်လည်း ၊ ယခုအခါတွင်မူ သူတို့အားလုံးသည် စူးချန်ကဲ၏ ပြင်းထန်သော ဖိနှိပ်စွမ်းအားကို ရင်ဆိုင်နေကြရသည်။

“ဒီကောင် စူးချန်ကဲ ဘာဖြစ်ချင်နေတာလဲ”

လော့ရန်ယွီသည် ရာနှင့်ချီသော မိုးကြိုးများကို တွေ့ကြုံခံစားခဲ့ရပြီး ဖြစ်ရာ ၊ အဆုံးမရှိသော ပင်ကိုယ်စွမ်းအားများကို ဝါးမျိုခဲ့သောကြောင့် သူတော်စင် အရင်းအမြစ်တို့သည် သူမ၏ ခန္ဓာကိုယ်အတွင်း စိမ့်ဝင်တော့မည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည် ။

သို့သော် မထင်မှတ်ပဲရောက်လာသော စူးချန်ကဲ၏ ဖိနှိပ်စွမ်းအားကြောင့် သူမ ထိတ်လန့်ကာ ဒေါသထွက်ခဲ့ရသည်။

ထိုစွမ်းအားသည် အလွန်ပြင်းထန်သောကြောင့် ကောင်းကင်ကပ်ဘေး၏ တန်ခိုးစွမ်းအားကိုတောင် သက်ရောက်စေခဲ့သည်။

အကယ်၍ စူးချန်ကဲသာ သူ၏ ဖိနှိပ်စွမ်းအားများကို သူတို့အပေါ် တမင်သက်သက် ကျရောက်စေခဲ့ပါက ၊ သူတို့ အစောကတည်းက သေပြီးလောက်ပြီပင်။

“ ဒီစူးချန်ကဲ ဘယ်လို လူထူးဆန်းပါလိမ့်?”

အဝေးတစ်‌ နေရာက စစ်မြေပြင်၏ လေထုကို လော့ရန်ယွီ စိတ်ထဲ ခံစားလိုက်ရသည်။

ချောက်နက်ကြီးထဲ ကျရောက်သွားသည့် ခံစားချက်လိုမျိုး လူကို ကြောက်ရွှံ့သွားစေသည်။

စူးချန်ကဲသည် သူတော်စင်အရှင် ပုဂ္ဂိုလ်များစွာကို အလွယ်တကူ ရင်ဆိုင်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်ရုံသာမက ၊ ဤမျှလောက် ပြင်းထန်သော စွမ်းအားများကိုလည်း ထုတ်သုံးနိုင်သေးသည်။

ဤပွဲ၏ ရလဒ်မှာ အဖြေထွက်နှင့်ပြီးသား ဖြစ်မှာကိုတောင် စိုးရပေသည်။

တစ်ချိန်တည်းမှာပင် ၊စူးချန်ကဲဘက်တွင်မူ

ရာနှင့်ချီသော သူတော်စင်အရှင် ပုဂ္ဂိုလ်များမှာ စိတ်ပိုင်းဆိုင်ရာ အရရော၊ ခန္ဓာကိုယ်အရရော နှစ်ဖက်စလုံး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေကြသည်။

ဤစွမ်းအားသည် အရမ်းကို ကြောက်စရာကောင်းပေသည်။

အရေးမပါသော ဖြစ်တည်မှု တစ်ခုက ဤကမ္ဘာတစ်ခုလုံးကို ရင်ဆိုင်နေသလိုမျိုး ၊ သူတော်စင် အရှင် နယ်ပယ်အဆင့်၏ ကပ်ဘေးဒုက္ခကို ဖြတ်သန်းခဲ့စဉ်အချိန်ကထက် ပိုကြောက်စရာကောင်းနေသည်။

သူတို့အားလုံးသည် သူတော်စင် အရှင် နယ်ပယ်အဆင့်ကို အောင်မြင်ပြီးသား ဖြစ်သည့်အလျောက် ကောင်းကင်နှင့်မြေကြီးတို့ကို လှုပ်ခါ‌စေပြီး မြေကြီးများ ပြိုကျစေသည့်အထိ စွမ်းအားကြီးမားပေသည် ။

သို့သော် စူးချန်ကဲ၏ ရှေ့ မှောက်တွင်မူ တိရစ္ဆာန်တစ်ကောင်လို ခြယ်လှယ်ခံနေရသည်။

ဘုန်း ဘုန်း!

ရောင်ဝါလှိုင်းများ လှုပ်ခါသွားတိုင်း ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ဖြစ်ပေါ်ခဲ့ရသည်။ဖြူစင်သော အဝတ်အစားဖြင့် တောက်ပသော ရောင်စဉ်များကြားထဲက စူးချန်ကဲသည် ကမ္ဘာဦိးခေတ်မှ တည်ရှိလာခဲ့သော အမတကမ္ဘာ၏ မသေမျိုးနွယ်အလား ထင်မှတ်ရသည်။

“ ဒီစွမ်းအားက အကြာကြီး ကြာရှည်မခံဘူးဆိုတောင် ဒီကြွက်လေးတွေကို သတ်ဖို့တော့ လုံလောက်တယ်”

စူးချန်ကဲသည် သူ့ခန္ဓာကိုယ်အတွင်းထဲက ကြီးမားကျယ်ပြန့်သော အနှိုင်းမဲ့ စွမ်းအားကို ခံစားရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ဤအရာကမှသာလျှင် သူ၏ စစ်မှန်‌သော စွမ်းအားပင် ဖြစ်သည်။

ဝုန်း!

မည်သည့်သတိပေးချက်မှမရှိဘဲ စူးချန်ကဲ၏ လက်သီးသည် ဥက္ကာပျံကြီးတစ်ခု ကြွေကျလာသည့်အတိုင်း သူတော်စင်အရှင် အုပ်စုထံသို့ ရုတ်တရက် ကျရောက်သွားခဲ့သည်။

တခဏချင်းမှာပင် ၊ ခြေလက်များ တစ်စစီ ကျိုးပဲ့လျက် သွေးများ နေရာအနှံ့ ပြန့်ကျဲကုန်ကာ အော်ဟစ်သံများဖြင့် ဆူညံသွားလေသည်။

ကျပန်းထိုးနှက်လိုက်ရုံဖြင့်၊ ဒါဇင်ပေါင်းများစွာသော သူတော်စင်အရှင်တို့၏ ခြေလက်များမှာ ပြတ်တောက်သွားခဲ့ရပြီး ၊ ထိုသူတော်စင် အရှင်များ၏ အနီးနားတွင် ရှိနေခဲ့ကြသော သူများသည်လည်း ပိုဆိုးရွားသော အ‌ခြေအနေဖြင့် ကြုံတွေ့ခဲ့ရသည်။

နောက်ဆက်တွဲ ရလဒ်အနေဖြင့် ၊ ချက်ချင်းဆိုသလို အဝေးသို့ လွင့်ပျံသွားပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ့ ဆောင့်ကျကာ ပါးစပ်ထဲမှ သွေးများ ထိန်းမနိုင်သိမ်းမရ အန်ထွက်လာခဲ့သည်။

သို့သော် ဤအရာအားလုံးသည် သတ်ဖြတ်ခြင်း၏ ရှေ့ပြေးလမ်းစဉ်မျှသာ ဖြစ်သည်။

စူးချန်ကဲသည် ကောင်းကင်ဓားကို တစ်ဖန် ဆုပ်ကိုင်ထားပြီး ခုတ်ပိုင်းပစ်လိုက်ပြန်သည်။ကြီးမားကျယ်ပြန့်သော ဓားစွမ်းအင်သည် လေဟာပြင်ကို ပိုင်းဖြတ်သွားခဲ့လေသည်။

ဤဓားအလင်း၏ ရှေ့တွင် အင်အားကြီးမားသော သူတော်စင်အရှင်ပင်လျှင် ခုခံရန်မစွမ်းဆောင်နိုင်ချေ။၎င်းတို့၏ ဦးခေါင်းများမှာ လေထဲသို့ ဝဲတက်သွားပြီး ၊ ခန္ဓာကိုယ်သည်လည်း ဓားစွမ်းအင်ကြောင့် အငွေ့ပျံသွားခဲ့ရသည်။

“မြန်မြန်တတ်ကြ ! တခြားဝှက်ဖဲတွေ မရှိတော့ဘူးလား ၊ မင်းတို့ အစွမ်းရှိသမျှ ထုတ်သုံးကြဟေ့!”

သူတော်စင်အရှင် ပုဂ္ဂိုလ်များထဲမှ တစ်ယောက်က ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

သို့သော် နောက်အခိုက်အတန့်တွင် ၊ ထိုအနှီပုဂ္ဂိုလ်သည်လည်း ဓားစွမ်းအင်ကြောင့် အမှုန့်ဖြစ်သွားကာ ပျောက်ကွယ်သွားခဲ့လေပြီ။

အခြေအနေကို စောင့်ကြည့်နေကြသော အခြားအင်အားစု အဖွဲ့မှ ပါရမီရှင်တချို့မှာ မျက်စိရှေ့က တုန်လှုပ်ခြောက်ခြားစရာ ကောင်းသော ဤမြင်ကွင်းကို မြင်ပြီးနောက် မည့်သည့်စကားလုံးကို အသုံးပြုကာ ဘာကိုဖော်ပြရမှန်းကိုတောင် မသိတော့ချေ။

ကျင့်ကြံခြင်းလောကတွင် သူတော်စင်အရှင် နယ်ပယ်အဆင့် အောက်က လူများသည် ပုရွက်ဆိတ် အဆင့်မျှသာ ဖြစ်ပြီး ၊

သို့သော် ဤသူတော်စင် ပုဂ္ဂိုလ်များမှာ စူးချန်ကဲ၏ ရှေ့မှောက်တွင် အဘယ့်ကြောင့် ပုရွက်စိတ်နှင့် သွားတူနေရသနည်း ။

စူးချန်ကဲသည် လူသတ်နတ်ဘုရားကဲ့သို့ သူ၏ ဓားတစ်လက်နှင့် လက်သီးတို့သည် အင်အားကြီးမားသော သူတော်စင် အရှင် ပုဂ္ဂိလ်များကို သွေးမြေကျစေခဲ့သည်။

ဒါမှမဟုတ် သူတို့ မသိခဲ့သည်မှာ ကျင့်ကြံခြင်းလောက၏ နောက်အနာဂတ်တွင် နောက်ထပ် စကားတစ်ခွန်း ထွက်ပေါ်လာဦးမည်ပင်။

သူတော်စင်အရှင် နယ်ပယ်အဆင့် အောက်က လူများသည် ပုရွက်ဆိတ် အဆင့်မျှသာ ရှိသည်။

သို့သော် စူးချန်ကဲ၏ ရှေ့မှောက်တွင်မူ၊ သက်ရှိသတ္တဝါအားလုံး တန်းတူညီမျှသာ ဖြစ်သည် ။

ဝုန်း!

အသက်ဘေးကို ကြုံတွေ့လိုက်ရခြင်းမှာ ဤသူတော်စင်များ၏ နှလုံးသားများပေါ်၌ တိမ်မည်းကြီးများ ဖုံးလွှမ်းသွားသကဲ့သို့ ၊ ၎င်းတို့၏ ယခင်က အကြံအစည်များသည်လည်း စူးချန်ကဲကြောင့် လုံးဝ ပျက်စီးသွားခဲ့ရသည်။

ယခုအချိန်တွင် သူတို့အတွက် အသက်ရှင်ချင်စိတ်ကလွဲလို့ မည်သည့်အရာမှ မရှိချေ။

စိတ်ပျက်အားငယ်မှုမှ မျှော်လင့်ချက် အလင်းတန်းတစ်ခုကို ရှာဖွေနိုင်ရန် အတွက် ၎င်းတို့ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင် စွမ်းအားကို အရူးအမူး အသက်သွင်းလိုက်ကြသည်။

သို့သော် မည်သည့် မှော်အစွမ်း ၊ မှော်ရတနာပင် ရှိစေကာမူ ၊ စူးချန်ကဲ၏ ဓားချက်ဖြင့် ဖြိုခွင်းခံရစမြဲ ဖြစ်ပြီး မည်သည့် အကျိုးသက်ရောက်မှု မှ မရှိခဲ့ပေ။

“ဟင့်အင်း! ဒီကောင်က နတ်ဆိုးပဲ၊ နတ်ဆိုးပဲ!”

“ ငါ မတိုက်တော့ဘူး!ငါ မသေချင်သေးဘူး!”

နတ်ဘုရားအချုပ်ထောင် နန်းတော်မှသူတော်စင်အရှင် တစ်ဦးသည် ထွက်ပြေးရန် ကြိုးစားခဲ့သော ပထမဆုံးသူ ဖြစ်ပြီး ၊ သူ၏ စိတ်အားထက်သန်စွာ အော်ဟစ်သံမှာ ကျောက်ခဲတစ်လုံးသည် လှိုင်းလုံးတစ်ထောင်ကို နှိုးဆွလိုက်သလိုပင်။

တန်ခိုးကြီးမားသော သူတော်စင် အရှင် ပုဂ္ဂိုလ်တို့မှာ ပြန်လည်တိုက်ခိုက်မည့် တိုက်ပွဲဝင်စိတ်ဓာတ်များ ဆုံးရှုံးသွားသည်နှင့် အလင်းနှုန်းအတိုင်း ထွက်ပြေးရန် ကြိုးစားလေတော့သည်။

သို့သော် စူးချန်ကဲသည် ဤယဇ်ပူဇော်ခံ သားကောင်များကို သူ့မျက်စိရှေ့ကနေ ထွက်ပြေးခွင့်ပေးမည်လော။

“လူတိုင်း၊ တိုက်ခိုက်ဖို့ ရွေးချယ်ပြီးကတည်းက ကျေးဇူးပြုပြီး နေခဲ့လိုက်ပါ “

စူးချန်ကဲသည် ကောင်းကင်ဓားကို ဝေဟင်ပေါ်သို့ မြှောက်တင်လိုက်သည်နှင့် ၊ သူတော်စင် ခန္ဓာကိုယ်၏ အငွေ့အသက်များသည်လည်း ဆက်လက် မြင့်တက်လာ‌ခဲ့ရာ ၊ ဤနေရာရှိ ဧရိယာတစ်ခုလုံးကို ဖိနှိပ်စွမ်းအားများဖြင့် လွှမ်းမိုးထားလေသည်။

မူလက ထွက်ပြေးရန် ကြိုးစားခဲ့ကြသော သူတော်စင်အရှင် ပုဂ္ဂိုလ်များမှာ ထိုစွမ်းအား၏ ချုပ်နှောင်ခြင်းကို ခံခဲ့ရသည်။

မည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားနေပါစေ ၊ မည်သည့် စွမ်းအားကိုမှ အသုံးမပြုနိုင်တော့ချေ။

“ဒါ ဘယ်လိုဖြစ်တာလဲ!?”

“စူးချန်ကဲ က အာကာသချုပ်နှောင်ခြင်း မှော်ပညာကိုလည်း တတ်ကျွမ်းနေခဲ့တာလား?”

လူတစ်ဦးမှာ ထိတ်လန့်မှုများဖြင့် ၎င်း၏ နှလုံးသားထဲတွင် ကြီးမားသော လှိုင်းလုံးများ ရိုက်ခတ်နေပုံရသည် ။အာကာသချုပ်နှောင်ခြင်း မှော်ပညာက သူတော်စင် နယ်ပယ်အဆင့်ကို ရောက်ရှိသူမှသာလျှင် သင်ယူနိုင်တာ မဟုတ်ဘူးလား?

သို့သော် ဤတစ်ကြိမ်တွင် သူ့ခန့်မှန်းတာ မှားသွားခဲ့ပြီပင်။အဘယ့်ကြောင့်ဆိုသော် စူးချန်ကဲ၏ စွမ်းအင်သည် တကယ်ကို အားကြီးလွန်းပေရာ ဤလောက၏ နိယာမတရားများကိုပင် ကန့်သတ်ထားနိုင်ခဲ့သည် ။

စူးချန်ကဲ၏ ရောင်ဝါရှေ့တွင် ၎င်းတို့၏ ခွန်အားသည် လွန်စွာ သေးငယ်ပေရာ ပြန်လည် ခုခံရန် မစွမ်းဆောင်နိုင်ခဲ့ချေ။

“နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း ၊ ဓားတစ်သောင်း ဂိုဏ်းသို့ ပြန်သွားလော့!”

ချွင် !

စူးရှသော ဓားသံထွက်ပေါ်လာပြီးနောက်၊

သူတော်စင်အရှင်တို့၏ မျက်ဝန်းများမှာကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

နတ်အလင်းများဖြင့် ရေချိုးထားသလား အောက်မေ့ရသည့် ဝတ်ရုံဖြူ ပုဂ္ဂိုလ်ထံမှ ဤကမ္ဘာပေါ်ရှိ အရာအားလုံးသည် သူ့ဓားထက် နိမ့်ကျနေသကဲ့သို့ ဓားဆန္ဒများ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ယံပေါ်၌ ၊

မရေမတွက်နိုင်သော ရှည်လျားသော ဓားပေါင်းများစွာသည် ကောင်းကင်ယံတွင် ဖြည်းညှင်းစွာ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ဓားတစ်ချောင်းစီတိုင်းက စိတ်ဝိညာဉ်ကို တောင် အေးစက်သွားစေသည့် အလင်းရောင်မျိုးကို ထုတ်လွှတ်နေသည်။

ဓားအရေအတွက်သည် များပြားပြီး အကန့်အသတ်မရှိပေ။ဘယ်နေရာပဲကြည့်ကြည့် အဆုံးမဲ့ ဓားများကိုသာ တွေ့နိုင်သည် ။

ဓားများအားလုံးကို ဖြန့်ကျက်လိုက်သည်နှင့် ၊ ဝေဟင်တွင် တွဲလျောင်းအနေအထားဖြင့် ရှိနေပြီး အရာအားလုံးကို ထိုးဖောက်နိုင်စွမ်း ရှိသည့် အဆုံးမရှိသော ဓားစွမ်းအင်တို့က ဝန်းရံထားလေသည်။

“လူတိုင်း၊ နောက်ဘဝမှာလည်း အသက်ရှင်ပါ‌စေလို့ မျှော်လင့်ပါတယ် “

စူးချန်ကဲသည် ဓားကို တည့်တည့် ချိန်လိုက်သည်။

ကောင်းကင်ယံရှိ မရေမတွက်နိုင်သော ဓားများသည် သူတော်စင်အရှင် အားလုံး ရှိရာဘက်ဆီသို့ ပြောင်းလဲ ဦီးတည်သွားပြီး အသင့် ချိန်ထားသည်။

အေးမြသော လသော်တာကဲ့သို့ ဓါးသွား၏ အေးစက်သော ဓားအလင်းသည် ကြောက်ရွံ့တုန်လှုပ်နေကြသော သူတော်စင်အရှင် ပုဂ္ဂိုလ်များ၏ မျက်လုံးထဲ၌ ရောင်ပြန်ဟက်လို့နေသည်။

“ ပျော်ရွှင်စရာကောင်းတဲ့ ဘဝကြီးကို ပိုင်ဆိုင်ကြပါစေ “

အပိုင်း(၁၇၀): အံ့ဖွယ်အမှုများ ပြန်လည်ဖန်တီးနိုင်လေမလား သို့မဟုတ် ဒါဟာ သူရဲကောင်းတစ်ဦး၏ အဆုံးသတ်လား။

လူတိုင်း၏ မျက်လုံးထဲတွင် အံ့သြမှုအပြည့်ဖြင့်။

ကောင်းကင်ယံထက်က အဆုံးမရှိသော ဓား များသည် ဝေဟင်မှ ပေါက်ကွဲ ထွက်လာခဲ့သည်။ဓားများသည် အဆက်မပြတ် ဟစ်ကြွေး အော်မြည်နေပြီး ဓားအလင်းမှာလည်း အဆုံးမရှိပေ။

ဓားတစ်ချောင်းစီတိုင်းက ပြင်းထန်သောဓားစွမ်းအင်များကို သယ်ဆောင်ကာ လေထုကို ဖောက်ထွက်လာခဲ့သည်။

ရွှမ်း၊ ရွှမ်း၊ ရွှမ်း!

ဆွက် !

ဓားသွားသံနှင့်အတူ ၊ အသွေးအသားထဲသို့ ဖောက်ထွင်းဝင်ရောက်သွားသော အသံတို့သည် အလွန် ကြောက်စရာကောင်းပေသည်။

လူတိုင်း ဝေဟင်ပေါ်က ကြေကွဲဖွယ်ရာ ကောင်းသော မြင်ကွင်းကို ငေးကြည့်နေကြသည်။

သူတော်စင် အရှင် နယ်ပယ်အဆင့်ရှိ ပုဂ္ဂိုလ်များမှာ သာ့နိမ် (အနန္တစွမ်းအားရှင်)၏ မညှာမတာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသလို ၊ ပြန်ခုခံနိုင်စွမ်း မရှိခဲ့ပေ။

ဓားအလင်း၏ လက်အောက်တွင် မရေမတွက်နိုင်သော သူတော်စင်အရှင် ပုဂ္ဂိုလ်များ ကျဆုံးသွားခဲ့လေပြီ။

ငိုကြွေးအော်ဟစ်သံများ၊ သွေးသံရဲရဲ သတ်ဖြတ်မှု အသံများနှင့် ဓားသွားသံတို့မှာ အဆုံးမရှိပေ။

“ စူးချန်ကဲ! မင်းလူတိုင်းကို သတ်တော့မလို့လား?”

နတ်နဂါးကျွန်းစု မှ သူတော်စင် အရှင် ဖြစ်သည့် ပါရမီရှင်တစ်ဦးသည် စူးချန်ကဲ၏ ဓားချက်အောက်မှ လွတ်မြောက်ခဲ့ပြီး စူးချန်ကဲအား ‌ဒေါသတကြီး ဆိုလေသည်။

“ မင်းရဲ့ ဒီလိုလုပ်ရပ်အတွက် ငါတို့နောက်ခံ အင်အားစုတွေရဲ့ လက်တုံ့ပြန်တာကို မကြောက်ဘူးလား!”

စူးချန်ကဲသည် ထိုစကားကို ကြားတော့ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ၊ သူလက်ချောင်းဖြင့် ဓားကို စေခိုင်းလိုက်သည်။

ဆွက်စ်!

ထိုအမျိုးသားမှာ မည်သည့် အကာအကွယ်မှ မရှိဘဲ ၊ ရင်ဘက်ကို ဓားဖြင့် ထုတ်ချင်းဖောက်ခံလိုက်ရသည်။

မူလက အမျက်ဒေါသ ထွက်နေခဲ့သော မျက်ဝန်းတစ်စုံသည် လျော့ရဲသွားပြီး ရှင်သန်ခြင်းဟူသည် အမှုန်အမွှားအဖြစ် ပျောက်ကွယ်သွားခဲ့သည်။

ထို့‌နောက် ဘုန်းခနဲ့ ဆိုသော မြည်သံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

“ငါ စူးချန်ကဲ နဲ့ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ မကြောက်တတ်ဆုံး အရာက ခြိမ်းခြောက်မှုပဲ”

“ဒီနေ့ မင်းတို့ အားလုံးသေရမယ်”

ချွင် !

ကောင်းကင်ပေါ်မှ မရေမတွက်နိုင်သော ဓားများစွာ ထွက်ပေါ်လာခဲ့ပြီး ၊ ဟစ်ကြွေးအော်မြည်နေသော ဓားသွားသံနှင့်အတူ ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက်ခဲ့လေရာ အင်အားကြီးမားသော မုန်တိုင်းများ ဖြစ်ပေါ်ခဲ့ရသည်။အာကာသတစ်ခုလုံး ဤမျှ ပြင်းထန်သော စွမ်းအား၏ အဆက်မပြတ် ဖြတ်တောက်ခြင်းကို ခံခဲ့ရပြီး စုတ်ပြဲသွားခဲ့သည်။

အဖြူရောင် အလင်းတန်းများက အစွမ်းကုန် လင်းလက်လျက်၊ သွေးချီစွမ်းအင်များက တဟုန်းထိုး တတ်လာခဲ့သည်။

မူလက တန်ခိုးကြီးမားသော သူတော်စင်အရှင် တပ်ဖွဲ့ကြီးသည် ယခုအခါတွင် အကုန် သတ်ဖြတ်ခံခဲ့ရသည်။

စူးချန်ကဲကို သတ်ရန်ပင် မဆိုနှင့် ၊ပြန်ခုခံနိုင်စွမ်းပင် မရှိချေ။

ကျိန်စာများကို အဆုံးမရှိ ကြားနေရပြီး၊ သွေးညှီနံများ တထောင်းထောင်း ထလျက် ၊ မရေမတွက်နိုင်သော သူတော်စင်အရှင် ပုဂ္ဂိုလ်များ၏ သွေးများသည် အကွေ့အကောက်များသော မြစ်တစ်စင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ပွဲကြည့်ပရိတ်သတ်များပင်လျှင် ရွှံ့ရှာကာ အော့အန်ရပေသည်။

သို့သော် ဤလူသတ်ပွဲကြီး၏ အရှင်သခင်ဖြစ်သူ စူးချန်ကဲ ကတော့ မျက်စိတချက်မှပင် မခတ်။

သူသည် အော်ဟစ်မြည်ကြွေးနေသော ဓားကို အေးစက်စွာ ကြည့်ရင်း အသက်တစ်ခုပြီး တစ်ခု လိုက်လံသိမ်းဆည်းနေလေ၏။

နောက်ဆုံး ဖြစ်သည့် ဓားပျံတစ်လက်သည် ထာဝရ အင်အားစုက သူတော်စင်အရှင် ပုဂ္ဂိုလ်တစ်ဦးကို ထိုးဖောက် ဝင်ရောက်သွားပြီးနောက် ၊

ထိုအနှီလူ၏ ပါးစပ်ထဲမှ သွေးများစွာ အန်ထွက်လာခဲ့ပြီး ၊၎င်းသည် နောက်ဆုံးစကားတစ်ခွန်းက ဆိုခဲ့လေသည်။

“မင်း...မင်းလို ရွှံ့ရှာဖို့ကောင်းတဲ့ နတ်ဆိုးတစ်ကောင် ၊ သေချာပေါက် အပြစ်ပေးခံရလိမ့်မယ်...”

ဘုန်း!

ထိုအနှီလူသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်နှင့် သူ၏ အသတ်မှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ ၊ နောက်ဆုံးတွင် ဤသတ်ဖြတ်ပွဲကြီးမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

သူတော်စင် အရှင် ပုဂ္ဂိုလ်များစွာကို သတ်ဖြတ်ခဲ့သည့် ထိုမြင်ကွင်းကို လူတိုင်း ငြိမ်သက်စွာ ကြည့်နေကြပြီး အသက်တောင် မရှုဝံ့ပေ။

စူးချန်ကဲ၏ အဖြူရောင် အဝတ်အစားမှာ တစက်ကလေးမှ သွေးစွန်းခြင်းမရှိခဲ့ပေ။အကယ်၍ ဤသတ်ဖြတ်ပွဲကြီးကို သူတို့ကိုယ်တိုင် မျက်စိနဲ့မမြင်ခဲ့ဘူးဆိုပါက ၊

ဤသည်မှာ ကောလာဟလတစ်ခုသာ ဖြစ်မည်ဟု သူတို့ တကယ်ကြီး ထင်နေပေလိမ့်မည်။

စူးချန်ကဲသည် ရှန်းချန်လျို့ဝှက်သော့ကို ထုတ်ယူလိုက်သည်။ရှန်းချန်လျို့ဝှက်သော့သည် လေပေါ်တွင် တွဲလောင်းအနေအထားဖြင့် ဤနေရာတွင် ပြန့်ကျဲနေသော အဆုံးမဲ့ သွေးချီစွမ်းအားများကို ဆွဲငင်နေသည်။

“ဒါ ဘာကြီးလဲ?”

လူတိုင်း ထိတ်လန့်နေသော မျက်လုံးများဖြင့်။မြေပြင်ပေါ်တွင် စုပုံနေသည့် ကြီးကျယ်ခမ်းနားသော သွေးများ စုဝေးသွားခဲ့ပြီး လေထဲတွင် ဆိုင်းငံ့ထားသည့် အလင်းအုပ်စုဆီသို့ ဦးတည်သွားကြသည်။

ပေါကြွယ်ဝသော သွေးချီစွမ်းအင်များက အဆက်မပြတ် ရိုက်ခတ်လှုပ်ရှား ထကြွနေခဲ့ပြီး အဆုံးတွင် ရှန်းချန်လျို့ဝှက်သော့ထဲသို့ ဝင်ရောက်စီးဆင်းသွားခဲ့သည်။

“ယဇ်ပူဇော်ခံ သားကောင် အနည်းငယ် လိုအပ်နေသေးတာပဲ”

စူးချန်ကဲသည် ရှန်းချန်လျို့ဝှက်သော့၏ အသက်သွင်းခလုပ် ခြောက်ခုကို ကြည့်ရင်း ခေါင်းယမ်းလေသည်။ ၎င်းကို အပြည့်အဝ အသက်သွင်းလိုပါက သော့၏ ခလုပ်ကိုးခုလုံး ကို သွေးချီစွမ်းအင်များဖြင့် ဖြည့်ဆည့်ပေးရန် လိုအပ်ပေသည် ။

ဘုန်း!

ထိုအခိုက်တွင် နောက်ဆုံး လျှပ်စီးမိုးကြိုး၏ ကြွေးကြော်သံ တစ်ချက် ထွက်ပေါ်လာခဲ့သည်။

ခွင်းလွင် တောင်ထိပ်ရှိ သူတော်စင် အရှင် နယ်ပယ်အဆင့်၏ မိုးကြိုးကပ်ဘေးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေပြီ။ယင်းသည် ခွင်းလွင်တောင်ထိပ်သို့ တက်ခဲ့သော လူကိုးယောက်စလုံး သူတော်စင်အရှင် နယ်ပယ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

“ ဆက်ခံသူ သခင်!”

ခပ်လှမ်းလှမ်း တစ်နေရာက အလင်းတန်းများသည် ဝေဟင်ကို ဖြတ်ကာ စူးချန်ကဲ ဆီသို့ ဆင်းသက်လာကြသည်။

၎င်းတို့မှာ လီဟောက်ထျန်း၊ ယဲ့လင်ထျန်း၊ ပီချင်းရှ တို့ပင် ဖြစ်သည် ။

ယခုအခါ ၎င်းတို့၏ ရောင်ဝါသည် အလွန်အမင်း အားကောင်းလာခဲ့ပြီ ဖြစ်သည်။အထူးသဖြင့် လီဟောက်ထျန်းသည် သူတော်စင်အရှင် ပြီးပြည့်စုံ နယ်ပယ်အဆင့်ထိ ဖြတ်ကျော်ဝင်ရောက်နိုင်ခဲ့သည်။

ကျန်သူများမှာ အလယ်အလတ်အဆင့် ၊ နှောင်းပိုင်း အဆင့်များအထိ အသီးသီး ဖြတ်ကျော်ဝင်‌ရောက်နိုင်ခဲ့သည်။

သူတော်စင်အရှင် နယ်ပယ်အဆင့်ကို စတင် ဖြတ်ကျော်ရာတွင် နောက်တဆင့် နယ်ပယ်အဆင့်ကို တဖန် ဖြတ်ကျော်လိုပါက ၊ အလွန်ထက်မြက်သော အရည်အချင်းများစွာ လိုအပ်ပေသည်။

သို့သော် ၎င်းတို့အားလုံးသည် သူတော်စင် အရှင် နယ်ပယ်အဆင့်ကို စတင် ဖြတ်ကျော်နိုင်ရုံသာမက ၊ နောက်တဆင့်ကိုပါ ဖြတ်ကျော်ဝင်ရောက်နိုင်ခဲ့သည် ဖြစ်ရာ အလွန်အစွမ်းထက်သည်ဟု ဆိုရပေမည်။

“မင်းတို့တွေ ကွေးယွမ်ကို အရှက်မရစေခဲ့ဘူးပဲ “

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း ၊

“ငါကိုယ်တော် မင်းတို့အတွက် ဒီလောက် အကြာအောင် ပိတ်ဆို့ပေးထားတာ အလကား မဖြစ်သွားဘူးပဲ “

စောနကလေးကမှ တိုက်ပွဲကြီးတစ်ခုကို ကြုံခဲ့ရသော စူးချန်ကဲကို ကြည့်ရင်း သူတို့၏ နှလုံးသားထဲ၌ အနည်းငယ် တုန်လှုပ်သွားမိသည်။

သူတော်စင် ဖြတ်ကျော်ခြင်း စင်မြင့်ပေါ်ရှိ ပင်ကိုယ်စွမ်းအင်များမှာ အကန့်အသတ် ရှိသောကြောင့် ၊ စူးချန်ကဲအနေဖြင့် ဖြတ်ကျော်ခြင်း ကပ်ဘေးကို လုပ်ဆောင်နိုင်သော်လည်း သို့သော် ပင်ကိုယ်စွမ်းအင်များမှာ အတော်‌လေး နည်းပါးပေလိမ့်မည်။

သို့သော် စူးချန်ကဲသည် ထိုအရာကို သူတို့အတွက် မဆိုင်းမတွ စွန့်လွှတ်ပစ်ခဲ့သည်။

ထိုသို့သော ဆက်ခံသူပုဂ္ဂိုလ်၏ နောက်သို့ သူတို့သည် စိတ်နှလုံးအကြွင်းမဲ့ဖြင့် အဘယ့်ကြောင့် မလိုက်နိုင်ရမည်နည်း။

ကွေချီး၏ ဖမ်းစားခြင်းကို ခံခဲ့ရသော တု ကိုယ်တော်သည်လည်း သူတော်စင် အရှင် နယ်ပယ်အဆင့်သို့ အောင်မြင်သွားခဲ့ပြီ ဖြစ်ရာ၊သူသည် စူးချန်ကဲရှိရာ ဦိးတည်ရာဘက်သို့ လှမ်းကြည့်ရင်း မှုန်ကုတ်နေလေ၏ ။

“ချီးပဲ! ဒီလောက်လူအများကြီးက စူးချန်ကဲ တစ်ယောက်ကိုတောင် မသတ်နိုင်ဘူးလား ၊အသုံးမကျတဲ့ဟာတွေ!”

“ဟွန်း ~ ငါတို့ အခုပဲ တိုက်ခိုက်တော့မှာလား၊ အခု တိုက်မယ်ဆိုရင် ငါကတော့ အဖော်မလိုက်နိုင်ဘူးနော် ~ “

နတ်ဆိုးချောက်နက်မှ ဧကရာဇ်မင်း သမီးတော်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ဆိုလေသည်။

“ သူများကလည်း(ကျွန်မ) ဒီလောက် အားကောင်းတဲ့ တပည့်လေးကို ရှင်းပစ်ချင်‌ပေမဲ့လည်း အခွင့်အရေးမရှိသလိုပဲနော်~”

တုကိုယ်တော်က အေးစက်စွာ နှာမှုတ်လိုက်သည်

“စိတ်မပူနဲ့၊ ငါ့မှာ အရန်အစီအစဉ် ရှိသေးတယ်၊ ငါ လျို့ဝှက်ထားတဲ့ တန်ခိုးကြီးမားတဲ့ သူတော်စင် အရှင် အဆင့် ပုဂ္ဂိုလ်တွေ ခုထိ မထွက်လာသေးဘူး “

“စူးချန်ကဲ က သူတော်စင်အရှင်ရဲ့ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်တာနဲ့ တပြိုင်နက် သူ သေချာပေါက် သေရမယ် “

တု ကိုယ်တော်၏ စိတ်နှလုံးသားမှာ အေးစက်နေခဲ့သည်။ယင်ထျန်းဇီသည် မူလက လောကသားများ၏ အာရုံကို စွဲဆောင်နိုင်ခဲ့သော ပါရမီရှင် တစ်ဦးဖြစ်သော်ငြားလည်း စူးချန်ကဲ၏ ခေါင်းဖြတ်သတ်ခြင်းကို ခံခဲ့ရသည်။

ဒီ့အတွက် သေချာပေါက် လက်စားချေရမည်ပင်။

ထို့အပြင် သူသည် စူးချန်ကဲအပေါ် အငြိုးရှိ‌သော သူများနှင့်လည်း အဆက်အသွယ် ပြုလုပ်ခဲ့သည်။

ဥပမာအားဖြင့်၊ ထန်ဟောက်သည် သူတော်စင်အရှင် အဆင့်သို့ အောင်မြင်သည်နှင့် စူးချန်ကဲကို သတ်ပေလိမ့်မည်။

စူးချန်ကဲ မည်မျှပင် သန်မာပါစေ ၊ သူ့မှာ လှည့်ကွက် မည်မျှ ကျန်ရှိနေသေးမှန်း ထင်မှတ်ထားလိမ့်မည် မဟုတ်ချေ။

“စူးချန်ကဲ ၊ အခု ပင်ကိုယ်စွမ်းအားတွေ ကျန်ရှိနေသေးတယ်၊ ရှင် ဘာလို့ ကပ်ဘေးဒုက္ခကို ကျော်လွှားဖို့ မသွားသေးတာလဲ?”

လော့ရန်ယွီသည်လည်း အဝေးကနေ ရောက်ရှိလာခဲ့ပြီး ၊ ဤနေရာ၏ လူသတ်ကွင်းကြီးကို မြင်တော့ အနည်းငယ် ထိတ်လန့်သွားသည်။

ရာနှင့်ချီသော သူတော်စင်အရှင်များသည် သာ့နိမ်(အနန္တစွမ်းအားရှင်)ပြီးပြည်စုံအဆင့်ရှိသူ တစ်ယောက်၏ သတ်ဖြတ်ခြင်းကို အမှန်တကယ် ခံခဲ့ရသည်။

ဒီလိုအင်အားမျိုး မည်မျှ လိုအပ်မည်နည်း။

ကံကောင်းထောက်မစွာဖြင့်၊ သူမသည် ဤတစ်ကြိမ်တွင် သူတော်စင်အရှင် နယ်ပယ်အဆင့်ကို ဖြတ်ကျော်ဝင်ရောက်နိုင်ခဲ့ပြီး ၊ သူတော်စင် ကနဦးအဆင့်ကို တစ်ရှိန်ထိုး ရောက်ရှိသွားခဲ့သည်။

စူးချန်ကဲဆိုတောင် သူမထက်တော့ မတော်နိုင်ဘူးမလား?

သူမ ဘာတွေးနေမှန်း စူးချန်ကဲမသိဘဲ ဘယ်နေလိမ့်မည်နည်း။သူသည် အေးအေးလူလူ ပြုံးရင်း ဆိုလိုက်သည်။

“ လော့ နတ်ဘုရားမ က အရမ်းထက်မြက်ပါတယ်၊ ဒါပေမယ့် ကျုပ် စူးချန်ကဲကလည်း ကပ်ဘေးကို ဖြတ်ကျော်နိုင်လိမ့်မယ် လုံးဝယုံကြည်ချက် ရှိပါတယ် “

လော့ရန်ယွီ၏ နှုတ်ခမ်းသားမှာ အနည်းငယ် ကွေးညွှတ်သွားလေသည်။စူးချန်ကဲ အနီးအနား ဒီလောက် လူတွေ အများကြီးသာ ရှိမနေခဲ့ပါက၊ သူမသည် ၎င်းကို အခွင့်ကောင်းယူကာ စူးချန်ကဲအား ချက်ချင်းလက်ငင်း အနိုင်ယူပေလိမ့်မည်။

“ ချန်ကဲ ဆက်ခံသူ ရဲ့ ဓားရေးစွမ်းရည်ကို ကျုပ် လေးစားမိပါတယ် ၊ တစ်နေ့နေ့ ကျုပ်နဲ့ ပြိုင်ဆိုင်နိုင်မလားလို့ တွေးမိပါတယ် “

ထိုအချိန်တွင် လော့ဟယ် ဓားဂိုဏ်းမှ ဝမ်ချွမ်ဓားသည်လည်း စူးချန်ကဲကို လာရောက်နှုတ်ဆက်ခဲ့သည်။

ဝမ်ချွမ်ဓား၏ ကိုယ်ပေါ်၌ အဆုံးမရှိသော ဓားဆန္ဒကို ခံစားလိုက်ရသောကြောင့် စူးချန်ကဲ၏ မျက်ခုံးများမှာ အပေါ်သို့ အနည်းငယ် မြှောက်တက်သွားလေသည်။

ဤလူသည် သူမြင်ဖူးသမျှ ရွယ်တူများကြားတွင် အပြင်းထန်ဆုံး ဓားဆန္ဒများကို ပိုင်ဆိုင်ထားသော ဖြစ်တည်မှု တစ်ခုလို့ ဆိုနိုင်သည်။

တချက်ကြည့်ရုံဖြင့် ၊ အဖုံးမပါသော ဓားတစ်လက်ကို မြင်လိုက်ရသလိုမျိုး ခံစားမိသည်။

လျစ်လျူရှုခြင်း ၊ အထိန်းအကွပ် မရှိခြင်းတို့သည် သူ၏နှလုံးသားထဲက မိမိကိုယ်ကို အကြွင်းမဲ့ ယုံကြည်မှုကို ထုတ်ဖော်ပြသနေသည်။

“ ဒါပေါ့ ၊ကျွန်တော် တစ်နေ့ သေချာပေါက် လာလည်မှာပါ “

စူးချန်ကဲသည် ပြုံးပြုံးလေးပဲ တုံ့ပြန်လိုက်သည်။

အထူးသဖြင့်၊ သူသည် လော့ဟယ်ဓားဂိုဏ်းအပေါ် မည်သည့် ခံစားချက်မှ မရှိပေ။အထူးသဖြင့် လျစ်လျူအရှုနိုင်ဆုံး ဘုရင်ကြီး ဝူကျီအောက်ထျန်းတစ်ယောက် သူတော်စင်အရှင် နယ်ပယ်အဆင့်ကို အောင်မြင်ခဲ့လေလား မသိ။

ဤသို့ဖြင့် သူတော်စင် အရှင် ဖြစ်လာသည့် ကွေးယွမ်၏ တပည့်သားများ များသထက် များလာခဲ့သည်။

စူးချန်ကဲသည် သူ၏ မူလနေရာ ဖြစ်သော ခွင်းလွင်တောင်ထိပ်သို့ ပြန်လည်ဦိးတည်လိုက်သည်။

လူတိုင်း စူးချန်ကဲ၏ နောက်ကျောပြင်ကို ကြည့်ရင်း ၊သနားနေမိသည်။

ဤကဲ့သို့ တန်ခိုးကြီးမားသော ပါရမီရှင် တစ်ဦးသည် သူတော်စင်အရှင် နယ်ပယ်အဆင့်ကို အောင်မြင်ကာ၊ လောက၌ တုနှိုင်းမယှဉ်နိုင်သော ၊ အနှိုင်းမဲ့ ဖြစ်တည်မှု ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သင့်သည်။

သို့သော် ရုတ်ချည်း ဖြစ်ပေါ်လာသော ရန်ပွဲကြောင့် ဤမျှ ကြီးမားသော အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။

ယခုအခါတွင်မူ ပင်ကိုယ်စွမ်းအင်အားလုံးသည် စုပ်ယူခံလိုက်ရပြီ ဖြစ်သောကြောင့် ၊ ပြိုင်ဘက်ကင်းမဲ့သော သူတော်စင်အရှင် နယ်ပယ်အဆင့်ကို နောက်တစ်ကြိမ် ဖြတ်ကျော်ဖို့ရန် မဖြစ်နိုင်တော့ပေ။

သို့သော် စူးချန်ကဲ၏ ယုံကြည်ချက် အပြည့်ရှိသော ကျောပြင်ကြီးကို ကြည့်ရင်း ၊စိတ်ကူးယဉ်နေသူများလည်း ရှိသည်။

ထိုအနှီ ပုဂ္ဂိုလ်သည် အံ့ဖွယ်အမှုများ ပြန်လည်ဖန်တီးနိုင်လေမလား သို့မဟုတ် ဒါဟာ သူရဲကောင်းတစ်ဦး၏ အဆုံးသတ်ပင် ဖြစ်လေမလား။

အပိုင်း(၁၇၁): ငါ စူးချန်ကဲက နတ်ဘုရားသခင်ပဲ

စူးချန်ကဲသည် ကြေးဝါစင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ လှမ်းတက်သွားသည်ကို လူတိုင်း စောင့်ကြည့်လျက် ရှိသည်။

စင်မြင့်ပေါ်ရှိ နိယာမတရား၏ စွမ်းအာများ တစ်ဖန် မြည်ဟည်းလာခဲ့ပြီး ၊ စူးချန်ကဲအား ကောင်းကင်ယံထိ ဖြည်းညှင်းစွာ ပို့ဆောင်ပေးလိုက်သည်။

သို့သော် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် ၊

ဤကမ္ဘာတခွင်လုံး တိတ်ဆိတ်ငြိမ်သက်နေဆဲပင် ဖြစ်သည်။

ပင်ကိုယ် စွမ်းအင်များမှာ တစိုးတစိမျှ လှုပ်ရှားလာခဲ့ခြင်း မရှိပေ။

“ ထင်တဲ့အတိုင်းပဲ ၊ ပင်ကိုယ်စွမ်းအင်တွေ အားလုံး ပျောက်ကွယ်သွားပြီလား?”

ထိုမြင်ကွင်းကို မြင်လိုက်ရသော ကွေးယွမ်တပည့်သားများ၏ အမူအယာတို့မှာ ညိုးမှိန်သွားခဲ့လေသည်။

စူးချန်ကဲသာ သူတို့အတွက် ရန်သူ၏တိုက်ခိုက်မှုကို ကာကွယ်တားစီး‌မပေးခဲ့ပါက ၊ သူ့အနေဖြင့် ယခုလိုမျိုး ကြုံတွေ့ခဲ့ရလိမ့်မည် မဟုတ်ပေ။

“ဟွန်း ! စူးချန်ကဲ မင်းမှာ ကြီးကျယ်ခမ်းနားပါတယ် ဆိုတဲ့ အရည်အချင်းတွေ ရှိနေရင်တောင် ၊ မင်းဟာ တုနှိုင်းမဲ့ သူတော်စင် အရှင် တစ်ယောက် ဖြစ်မလာနိုင်တော့ဘူး”

ဤအရာသည် သေချာသွားပြီဟု မှတ်ယူလိုက်ရင်း ထန်ဟောက် တစ်ယောက် သူ့စိတ်ထဲတွင် လှောင်ရယ်လိုက်သည်။

အမှောင်ထဲတွင် ပုန်းနေသော ထန်ဟောက် သည်လည်း သူတစ်ပါး၏ ကံဆိုးမှုကို ကြည့်ရင်း ပျော်နေလေ၏ ။

“စူးချန်ကဲ ၊ စူးချန်ကဲ အခုတော့ မင်း သူတော်စင် အရှင် တစ်ယောင် ဖြစ်မလာနိုင်တော့ဘူး၊ အနာဂတ်မှာ ဘာကြီးပဲဖြစ်နေ ဖြစ်နေ မင်းငါ့ကို ကျော်လွန်နိုင်မှာ မဟုတ်တော့ဘူး “

“အစ်မ ဝူအာ ၊ မိန်းကလေး ရှင်းယန်၊ ခဏစောင့်နေ၊ ဒီကောင် စူးချန်ကဲက ငါ ထန်ဟောက် ထက် အသုံးမဝင်တဲ့ အမှိုက်တစ်ကောင်ဆိုတာ ငါ သက်သေပြမယ်!”

…..

“ ချန်ကဲ ဆက်ခံသူ သခင်...”

ယွင်ရှင်းယန် နှင့် အခြားသူများသည် သူရဲကောင်း တစ်ယောက်၏ နေဝင်ချိန်အလား ထင်မှတ်ရသည့် စူးချန်ကဲ၏ အထီးကျန်ဆန်လှသော နောက်ကျောပြင်ကို ငေးကြည့်လို့ နေသည်။

သို့သော် စူးချန်ကဲသည် လူတိုင်း၏ အကြည့်များကို လျစ်လျူရှုခဲ့ပြီး ၊ အာရုံမပျံ့လွင့်ဘဲ မိမိအလုပ်ကိုသာ အာရုံစူးစိုက်ထားသည်။

သူသည် မိမိ၏ သူတော်စင် ခန္ဓာကိုယ် အသွေးအသားများကို ဤကမ္ဘာမြေနှင့် ထပ်တူကျရန် အာရုံစိုက်ထားသည်။

“ သူတော်စင် ခန္ဓာကိုယ်ဟာ နတ်ဘုရားသခင်၏ အလိုတော်ဆန္ဒ အတိုင်း မွေးဖွားလာပြီး ၊ အရာခပ်သိမ်းရဲ့ ဦးတည်ရာပဲ”

“ငါ့မှာ သူတော်စင် ခန္ဓာကိုယ်ရဲ့ အသက်သွေးကြောများစွာ ရှိတယ်၊ ပင်ကိုယ်စွမ်းအားတွေကိုတောင် မစုစည်းနိုင်ရင် ၊ဒါဆို ငါ့ရဲ့ အရည်အချင်းတွေ အားလုံး အချည်းနှီးပဲလို့ မဆိုလိုဘူးလား?”

စူးချန်ကဲသည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ ဝင်းလက်တောက်ပနေသည်။

“ သူတော်စင် ခန္ဓာကိုယ်က နတ်ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ မွေးဖွားလာတယ်လို့ လူတွေရဲ့ အဆိုရှိမှတော့ .. “

ဘုန်း ဘုန်း!

နတ်နဂါးတစ်‌ကောင်၏ အမျက်ဒေါသံ ဟောက်သံကဲ့သို့ စူးချန်ကဲ၏ ရောင်ဝါတို့သည် သိသိသာသာ တိုးလာခဲ့ပြီး ၊ သူတော်စင်ခန္ဓာကိုယ်၏ အသွေးအသားများက တဖန် နိုးထလာခဲ့သည်။

ကြီးကျယ်ခမ်းနားသော ရောင်ဝါတို့သည် အဆုံးမရှိသော စကြဝဠာတစ်ခုလုံးကို ဖြတ်ကျော် ဝင်ရောက်လာခဲ့ပြီး ၊ ကောင်းကင်ယံတွင် ကြီးမားသော လှိုင်းဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ဒါဆို ငါ စူးချန်ကဲက နတ်ဘုရားသခင်ပဲ!”

ဘုန်း!

ထိုအခိုက်အတန့်တွင် ကောင်းကင်၌ အဆုံးမရှိသော မိုးခြိမ်းသံများ ခြိမ့်ခြိမ့်ညောင်းလျက် ၊ကြီးမားကျယ်ပြန့်သော ကောင်းကင်ဘုံ၏ ဖိနှိပ်စွမ်းအားတို့သည် ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားကာ ၊ ကောင်းကင်ယံ၌ တိမ်တိုက်များ အားလုံး ရုတ်တရက် ကွယ်ပျောက်သွားသည်။

မူလက ရှိနေခဲ့သော တိမ်ညိုတိမ်မည်းများ ကွဲအက်သွားပြီး အရပ်ရပ်သို့ လှည့်ပတ်သွားလာနေသည့် မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးများ အဖြစ်သို့ ပြောင်းလဲသွားသည်။

ဒါကသာလျှင် စစ်မှန်သော မိုးကြိုးသမုဒ္ဒရာ ဖြစ်ပြီး ၊ ဘယ်နေရာကိုပဲ ကြည့်ကြည့် ပစ်ချနေသော မိုးခြိမ်းသံများကို အတိုင်းသား ကြားနေရသည်။

မူလက တိတ်ဆိတ်နေသော ခွင်းလွင်တောင် နယ်မြေ တဝိုက်တွင် ယခုအခါတွင် ပြိုးပြိုးပျက်ပျက် ဝင်းလက် တောက်ပနေပြီ ဖြစ်သည်။

တစ်ဖန် ပြန်ပြီး အသက်ဝင်လာသကဲ့သို့ ခွင်းလွင် တောင်တစ်ခုလုံး တုန်လှုပ်မြည်ဟိန်းနေသည်။

“ ပင်ကိုယ်... ပင်ကိုယ် စွမ်းအင်!”

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ခွင်းလွင် တောင်ရဲ့ ပင်ကိုယ်စွမ်းအင်တွေ အားလုံးက ပျောက်ကွယ်သွားခဲ့ပြီ မဟုတ်လား”

သူတို့ရှေ့က ဤမြင်ကွင်းကြီးသည် သူတို့၏ အသိညဏ်ပညာကို လုံးဝ ရိုက်ချိုးခဲ့လေသည်။

ယခု ပင်ကိုယ် စွမ်းအင်များသည် သူတို့အားလုံး သူတော်စင် အရှင် နယ်ပယ်အဆင့်ကို ဖြတ်ကျော်စဉ်အခါကထက် အဆပေါင်းများစွာ ပေါကြွယ်ဝနေခဲ့သည်။

စူးချန်ကဲ ထုတ်လွှတ်လိုက်သော စွမ်းအားများကြောင့် ဤကမ္ဘာကြီး တစ်ခုလုံး နိုးထလာခဲ့ပုံရသည်။

ဤအခိုက်အတန့်တွင် ကောင်းကင်ယံ၌ မိုးခြိမ်းသံများဖြင့် ဆူညံနေပြီး ၊အဆုံးမရှိသော ပျက်စီးခြင်းတရားများနှင့် ပြည့်နှက်နေသော ဆူနာမီကဲ့သို့ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

စူးချန်ကဲသည် အားလုံး၏ ဗဟိုတွင် ရှိနေပြီး၊ ခွင်းလွင်တောင်ရှိ ပင်ကိုယ်စွမ်းအင် အကုန်လုံးက သူ့ဆီသို့ အရူးအမူး စုဝေးလာကြသည်။

ထိတ်လန့်နေကြသော အကြည့်တွေကြားက စူးချန်ကဲ၏ ရောင်ဝါသည် အဆက်မပြတ် တိုးလာလေရာ ၊ ဤရောင်ဝါသည် လွန်စွာ ကျယ်ပြန့်လွန်းသဖြင့် သူတို့ နားလည်နိုင်စွမ်းထက်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

လော့ရန်ယွီသည် ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသည့် မိုးခြိမ်းသံများ၏ အောက်တွင် ရှိနေသော နတ်အလင်း‌များဖြင့် ရေချိုးထားသလား အောက်မေ့ရသည့် စူးချန်ကဲ အား လေးနက်စွာဖြင့် ကြည့်နေသည်။

“ဒီကောင် ဖုံးကွယ်ထားတာတွေ ဘယ်လောက်များတောင် ရှိနေတာတုန်း...”

သူမကိုယ်တိုင်ကလည်း ကိုယ်ရည်ကိုယ်သွေး အမျိုးအစားနှစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့် ၊ဤထူးခြားသော အငွေ့အသက်တို့ဖြင့် အတော်လေး ရင်းနှီးသည်ဟု ဆိုနိုင်သည်။

သို့သော် ယခု စူးချန်ကဲ သူမကို ပေးနေခဲ့သည့် ခံစားချက်မှာ အရင်က ကြောက်ရွံ့ခြင်း ဆိုတာထက် ပိုပြီး ကြောက်စရာကောင်းသော အကြောက်တရားမျိုးပင် ဖြစ်သည်။

စူးချန်ကဲသည် သူမနည်းတူ သူတော်စင် ခန္ဓာကိုယ် နှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပိုပြီး ပိုင်ဆိုင်ထားကြောင်း ပြသနေသည်။

ဤအရာသည် ဆန်းကြယ်လှပေသည်။ သို့သော် သူမအနေဖြင့် ဤအရာကို ထုတ်ဖော်ပြသမည် မဟုတ်ပေ။မည်သို့ပင်ဖြစ်စေ သူမ၏ ဦးတည်ချက်မှာ စူးချန်ကဲနှင့် အဆက်အသွယ် ကောင်း တစ်ခု တည်ဆောက်ရန်ပင် ဖြစ်သည်။

သူမ၏အမြင်အရ စူးချန်ကဲ၏ ရန်သူဖြစ်ရန် ရွေးခြယ်ခြင်းသည် အမိုက်မဲဆုံး အပြုအမူပင် ဖြစ်သည်။

“စူးချန်ကဲ ကို ဖမ်းဖို့ အခွင့်အလမ်း ရှာရမယ် ၊ ဒီကောင် အရင်က ငါမိန်းမပျိုလေးကို အပြစ်ပြုမိပေမဲ့ သူ့ရဲ့ အရည်အချင်းက တကယ်ကို ယှဉ်လို့ရတဲ့ အရာမဟုတ်ဘူးပဲ “

…..

လူအုပ်ထဲက တု ကိုယ်တော်မှာ မှုန်ကုပ်နေလေ၏။

“ ဒီကောင် စူးချန်ကဲ ၊ အခြေအနေကို ဒီလိုဖြစ်အောင် ပြောင်းလဲလိုက်မယ်လို့ မထင်ထားဘူး ၊ဒီတစ်ခေါက် ပင်ကိုယ်စွမ်းအင်ရဲ့ ကြွယ်ဝမှုက အရင်ကထက် အများကြီးသာတာပဲ “

“အကယ်၍ သူသာ သူတော်စင်အရှင် နယ်ပယ်အဆင့်ကို ဖြတ်ကျော်သွားနိုင်ခဲ့ရင် ၊နောက်ဆို အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး...”

စဉ်ဆက်မပြတ် တွေးတောလိုက်ပြီး နောက်တွင်၊ တု ကိုယ်တော် သည် အာရုံမှ တဆင့် အသံလွှင့်ကာ အမိန့်ပေးလိုက်သည်။

“ဒါ နောက်ဆုံးအခွင့်အရေးပဲ၊ တိုက်ကြတော့!”

ဘုန်း!

မိုးကုပ်စက်ဝိုင်း တစ်နေရာမှ ၊

ပေါက်ကွဲသံများ ထပ်မံထွက်ပေါ်လာခဲ့ပြီး ၊ သူတော်စင် ရောင်ဝါများ ထွန်းကားလာသည်နှင့်အမျှ မရေမတွက်နိုင်သော သူတော်စင် အရှင် ပုဂ္ဂိုလ်များသည် ဝေဟင်ကို ဖောက်ထွင်းကာ တစ်ဖန် ရောက်ရှိလာခဲ့ပြန်သည်။

သူတို့၏ မျက်နှာအမူအရာမှာ အေးစက်လွန်းလှပြီး လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေကာ နီရဲတွတ်နေသော မျက်ဝန်းများဖြင့် စူးချန်ကဲကို စိုက်ကြည့်နေလေ၏။

၎င်းတို့သည် ထာဝရ အင်အားစုဝင်များမှ ကျန်ရှိနေသေးသော ပါရမီရှင်များ ဖြစ်ကြပြီး၊ နတ်ဆိုးချောက်နက် မှ သူတော်စင်အရှင် ပုဂ္ဂိုလ်များလည်း ပါဝင်လာခဲ့သည်။၎င်းတို့၏ အရေအတွက်သည် ယခင်သူတော်စင် အရှင် ပုဂ္ဂိုလ်များထက် နှစ်ဆဖြစ်ပြီး ၊ စုစုပေါင်း လူအယောက် သုံးထောင်ကျော်ရှိသည်။

ပထမ သူတော်စင်အရှင် ပုဂ္ဂိုလ်များ ကျဆုံးပြီးနောက်၊ သူတော်စင် အရှင် အဖြစ် ဆက်လက်အောင်မြင်ခဲ့ကြသော ပုဂ္ဂိုလ်များသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အခွင်အရေးကို စောင့်မျှော်ခဲ့ကြသည်။

ယခုအချိန်တွင် စူးချန်ကဲသည် သူတော်စင်အရှင် ကပ်ဘေးဒုက္ခကို ဖြတ်သန်းနေသော ကာလဖြစ်၍ ၊ဤအချိန်သည် အကောင်းဆုံးအခွင့်အရေးပင် ဖြစ်သည်။

“ဒါ ငါတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ ၊ စူးချန်ကဲ သေချာပေါက် သေရမယ်!”

“ စူးချန်ကဲ က အလွန် ရက်စက်ကြမ်းကြုတ်ပြီး ငါ့ညီအစ်ကိုတွေကို သတ်ပစ်ခဲ့တယ် ၊ဒီနေ့ သူတို့အတွက် ငါတို့ ပြန်လက်စားချေမယ်!”

ဤရုတ်တရက် ပြောင်းလဲမှုကြီးသည် ကပ်ဘေးဒုက္ခကို ဖြတ်သန်းနေသည့် စူးချန်ကဲကို စောင့်ကြည့်‌ပေးနေခဲ့ကြသော တပည့်များစွာ၏ အမူအရာတို့ကို သိသိသာသာ ပြောင်းလဲသွား စေခဲ့သည်။

ဤသူတော်စင် အရှင် တပ်ဖွဲ့ကြီးသည် ယခင်ကထက် အဆပေါင်းများစွာ ကြီးမားလာခဲ့သည်။

ဒီကောင်တွေ တကယ်ပဲ ရူးသွားတာလား?

စူးချန်ကဲကို သတ်ပစ်ဖို့အတွက်နဲ့ ဒီလောက် လူတွေအများကြီး စည်းရုံးထားလေသလား?

“သေချင်နေတာပဲ!”

“ ငါတို့ ကွေးယွမ် သူတော်စင်နယ်မြေကို ရွှံ့ရုပ်နဲ့ လုပ်ထားတယ်လို့ မင်းတို့ ထင်နေတာလား”

“ ဆက်ခံသူ သခင် ၊ ကပ်ဘေးကျော်ဖြတ်နေတာကို မင်းတို့ နှောက်ယှက်ခွင့်မရှိဘူး ၊ ဒီကောင်တွေကို တားကြစမ်း!”

ကွေးယွမ် သူတော်စင်နယ်မြေ ရှိ သူတော်စင်အရှင် ပုဂ္ဂိုလ်များသည်လည်း ၎င်းတို့၏ မှော်အစွမ်းများကို ချက်ချင်းလက်ငင်း အသုံးချလိုက်ကြသည်။ တဖက်ရန်သူထက် လူအင်အား နည်းသော်လည်း ၊ သူတို့ နည်းနည်းမှ မကြောက်ပေ။

အကယ်၍ စူးချန်ကဲသာ သူတော်စင်အရှင် တပ်ဖွဲ့ဖြစ်သည့် ပထမအသုတ်ကို မတားစီးပေးခဲ့ပါက ၊ သူတို့သည် ကပ်ဘေး ဖြတ်ကျော်နေစဉ် အတောအတွင်း သေဆုံးသွားနိုင်သည်။

ဘုန်း!

ကြီးကျယ်ခမ်းနားသော သူတော်စင် စွမ်းအင်များကြား၊ သူတော်စင်အရှင် ပုဂ္ဂိုလ်များ ဖြစ်သည့် တပ်ဖွဲ့နှစ်ဖွဲ့သည် အချင်းချင်း တိုက်ခိုက်နေကြသည်။

သူတို့အားလုံးသည် စောနလေးကမှ သူတော်စင် အရှင် အဆင့်သို့ တတ်လှမ်းနိုင်ခဲ့ကြသော ငယ်ရွယ်သူများ ဖြစ်ကြ‌သော်လည်း ၊ သူတို့ အသုံးပြုနေကြသော မှော်စွမ်းအားများသည် အလွန်ကို အားကြီးပေသည်။

ဝေဟင်တစ်လျှောက်လုံး အမျိုးမျိုး အဖုံဖုံ စစ်ခင်းကျင်းလျက် ၊ တောက်လောင်နေသော နတ်အလင်းများသည် ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးကိုပင် တုန်လှုပ်သွားစေခဲ့သည်။

သူတော်စင် ခန္ဓာ ပါရမီရှင် သုံးဦးသည် ရန်သူကို သတ်ရန် စစ်မြေပြင်ထဲသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်စဉ် ၊

သို့သော် ၎င်းတို့၏ ရှေ့၌ အလွန်အစွမ်းထက်သော ရုပ်သွင်များကို တွေ့လိုက်ရသည်။

အထူးသဖြင့် ၎င်းရုပ်သွင်များထဲက ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည့် ၎င်းတို့သုံးဦး၏ ရောင်ဝါများသည် ပို၍ စွမ်းအားကြီးမားလှပြီး ၊ ထို့အပြင် ၎င်းတို့အားလုံးသည် ခွင်းလွင် တောင်ထိပ်သို့ တက်ဖူးသော ပြိုင်ဘက်ကင်း သူတော်စင်အရှင် များပင် ဖြစ်သည်။

လီဟောက်ထျန်း၏ မျက်နှာမှာ မှုန်ကုပ်သွားသည်။

“ ရှောင်ရှီထျန်း ? နတ်ဆိုးချောက်နက် ?ဒါ မင်းတို့ စီစဉ်ထားတာလား?”

ကွေချီး၏ မျက်နှာမှာ သုန်မှုန်နေသည်။ အကယ်၍ သူသာ တု ကိုယ်တော်၏ ကိုယ်ထည်ကို သိမ်းပိုက်ရန် မအောင်မြင်ပါက၊

ဒါတွေအကုန်လုံး အလကားဖြစ်ပေတော့မည်။

သို့သော်လည်း၊ သူသည် ကိုယ့်စရိုက်ကို ကောင်းကောင်း သိပေရာ အပြုံးမပျက် ပြန်ဖြေလိုက်သည်။

“ ချန်ကဲ ဆက်ခံသူက လူအမြောက်အမြား သတ်ပစ်ခဲ့ပြီး အကုသိုလ်ကံများစွာကို ဖန်တီးခဲ့တယ် “

“ ရှောင်ရှီထျန်း ရဲ့ ဗုဒ္ဓသားတော်တစ်ယောက် အနေနဲ့ အဆိုးရွားဆုံးသူတွေကို ရှင်းပစ်ရမှာ ကိုယ်တော် တာဝန်မို့လို့ပါ “

တစ်ဖက်မှ ကျန့် ကိုယ်တော်မှာမူ ၊ ဘာမှသိပ်ဝင်မ‌ပြောခဲ့ပေ။ဤအရာများသည် ဗုဒ္ဓဘာသာ အတွက်သာ ဖြစ်ပြီး ၊ ဖြစ်နိုင်ရင် စူးချန်ကဲအား ရှောင်ရှီထျန်း ဗုဒ္ဓဂိုဏ်းဆီသို့ အတတ်နိုင်ဆုံး ခေါ်လာခဲ့ရန် ထိပ်တန်း စီမံခန့်ခွဲသူ အကြီးအကဲများက မှာကြားခဲ့သည်။

နောက်တစ်ယောက်မှာ နတ်ဆိုးချောက်နက်မှ ဧကရာဇ်မင်းမြတ်ရဲ့ သမီးတော် ၊ မိုယင်အာ ပင် ဖြစ်သည်။

“သူများကတော့လေ​~”

“ဧကရာဇ်မင်းအတွက် အင်အားကြီးတဲ့ ရန်သူကို ချေမှုန်းဖို့ ကျွန်မ ကူညီပေးလိုက်ရင် ၊ လူကြီးမင်းက အရမ်းပျော်နေမှာ သေချာတယ်~”

လီယောက်ထျန်း သည် မည်သည့် အရိပ်အယောင်မျှ မပြဘဲ ၊ သူ့ခန္ဓာကိုယ်ထဲက အသွေးအသားများကို အသက်သွင်းလိုက်ပြီး လက်သီးဖြင့် ချက်ချင်း ထိုးနှက်လိုက်သည်။

တချို့သော ရုပ်သွင်များမှာ တုံ့ပြန်ချိန်တောင် မရလိုက်ဘဲ ချက်ချင်းလက်ငင်း သွေးအမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

သူတို့၏ ဆက်ခံသူ သခင်ကို ဆန့်ကျင်ရန် ကြံစည်ဝံ့သူ မည်သူမဆို သေချာပေါက် အသက်ပေးရမည်ပင်။

ဘုန်း!

ယဲ့လင်ထျန်း ၊ ပီချင်းရှ နှင့် ကူလင်အာ တို့ကလည်း ပြတ်ပြတ်သားသား ပြန်လည်တိုက်ခိုက်ခဲ့သည်။

ချက်ခြင်းဆိုသလို၊ ဝိညာဉ်စွမ်းအား မုန်တိုင်းကြီးမှာ ထွက်ပေါ်လာခဲ့ချေပြီ။

သူတော်စင် ခန္ဓာ ပါရမီရှင် သုံးဦးသည် ထောင်ပေါင်းများစွာသော မုန်တိုင်းများကို နှိုးဆော်ရင်း ၊ စွမ်းအားကြီးမားသော ရောင်ဝါများ ဖြာထွက်နေသည့် သူတော်စင်အရှင် ပုဂ္ဂိုလ် တစ်ရာကျော်နှင့် တိုက်ပွဲဆင်နွဲခဲ့သည်။

ကောင်းကင်ယံတွင် နတ်ဆိုးအရိပ်များနှင့် ဗုဒ္ဓ၏ ရောင်ခြည်တော်များလည်း ရှိနေခဲ့သည်။

ဆန့်ကျင်ဘက် ဖြစ်တည်မှု ဟု သိထားကြသည့် ဗုဒ္ဓနှင့် နတ်ဆိုးတို့သည် ကွေးယွမ် သူတော်စင်နယ်မြေ၏ စူးချန်ကဲ ပစ်မှတ်ထားရန် ယခုလို လျှို့ဝှက်ပူးပေါင်းခဲ့လိမ့်မည်ဟု မည်သူမျှ မထင်ထားမိကြပေ။

ထန်ဟောက်သည်လည်း သူတော်စင်အရှင် နယ်ပယ်အဆင့်ကို အောင်မြင်စွာ တတ်လှမ်းနိုင်ခဲ့ပြီး ဖြစ်ရာ၊ သူသည် ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်၏ နိယာမတရား စွမ်းအားများကို ချေးယူကာ စစ်မြေပြင်ထဲသို့ ခိုးဝင်ခဲ့ပြီး စူးချန်ကဲထံသို့ ဦိးတည်ကာ လျှောက်သွားခဲ့သည်။

သို့သော် ထိုအချိန်တွင် ရေဖီးနစ်ဌက်တစ်ကောင်၏ အော်ဟစ်သံနှင့်အတူ အင်အားကြီးမားသော စွမ်းအင်လှိုင်းလုံးကြီး တစ်ခုကို ပစ်ပေါက်ခဲ့သည်။

ယွင်ရှင်းယန်၏ အမူအရာမှာ အေးစက်နေသည်။

“ သေလိုက်စမ်း!’

သို့သော် ထန်ဟောက်သည် ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်၏ စွမ်းအားကို အသုံးပြုကာ သူမ၏ တိုက်ခိုက်မှုကို ဖြေရှင်းလိုက်သည်။

“ သခင်မလေး ရှင်းယန် ၊ ငါ မင်းကို မထိခိုက်စေချင်ဘူး”

ဝေါင်း!

သို့သော် ထိုအချိန် ၊ ၎င်း၏ နောက်မှ ထိတ်လန့်ဖွယ်ရာ ကောင်းသော နဂါးတစ်ကောင်၏ မြည်ဟိန်းသံ ထွက်ပေါ်ခဲ့သည်။

ထန်ဝူအာ၏ မျက်ဝန်းများမှာ အမျက်ဒေါသများဖြင့် ပြည့်နှက်နေပြီး ၊သူမသည် သွေးနတ်ဆိုးနဂါးကို စီးကာ သူ့နောက်တွင် ပေါ်လာခဲ့သည်။

“ နင် ငါ့မောင်လေးရဲ့ ခန္ဓာကို မောင်ပိုင်စီးထားရုံသာ မက ၊ လူကြီးမင်းကိုပါ တိုက်ခိုက်ရဲတယ်ပေါ့ သေသင့်တဲ့ကောင်!”

ထန်ဝူအာသည် သူမလက်ကို မြှောက်တင်လိုက်ပြီး ၊ ပျက်သုန်းခြင်းများ ပါဝင်သော ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

ထန်ဟောက်၏ မျက်ဝန်းများမှာ လေးနက်နေသည်။

“ကြည့်ရတာ သူမတို့ နှစ်ယောက်ကို မနိုင်သ၍ စူးချန်ကဲ အနားကို ကပ်ခွင့်ရှိမယ် မထင်ဘူး “

ထန်ဟောက်သည် တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်၏ စွမ်းအားကို အသက်သွင်းလိုက်သည်။သူ၏ ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်တစ်ခုလုံး ပြီးမြောက်သွားခဲ့ပြီး ဖြစ်‌ရာ ၎င်း၏ စွမ်းအားကို ချေးယူခြင်းဖြင့် သူသည် ပြိုင်ဘက်ကင်း သူတော်စင်အရှင် ပုဂ္ဂိုလ်နှင့် လက်ရည်တပြေးညီ တိုက်ခိုက်နိုင်ခဲ့သည်။

ထို့ကြောင့် လူနှစ်ယောက်ကို တစ်ချိန်တည်း ရင်ဆိုင်ရန်မှာ သူ့အတွက် မခက်ခဲလှပေ။

ဘုန်း!

စူးချန်ကဲ ရှိရာ အရပ်ဆီသို့ မိုးခြိမ်းသံများ ဆက်လက် ဖြစ်ပေါ်နေပြီး ၊ စူးချန်ကဲထံသို့ သွန်းလောင်းချနေခဲ့သည်။

သို့သော် မိုးကြိုးပင်လယ်ကြီး၏ အပြင်ဘက်တွင် ကြီးကျယ်ခမ်းနားသော သူတော်စင် တန်ခိုးစွမ်းအားများ ရှိနေပြီး ၊ မရေမတွက်နိုင်သော အင်အားကြီးမားသော ပုဂ္ဂိုလ်များသည် ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော သူတော်စင် တန်ခိုးစွမ်းအားများကြားထဲတွင် တိုက်ခိုက်နေကြသည်။

All Chapters