← Chapters

အခန်း (၁၇၆-၁၈၀)

Vol. 13 Ch. 176-180

အခန်း (၁၇၆-၁၈၀)

Vol. 13 Ch. 176-180

အပိုင်း(၁၇၆): ဓားသွေးကျောက်တွေကို ရိုက်ချိုးဖို့ အချိန်တန်ပြီ။

"ဟာသပဲ၊ ငါတို့မှာ သူတော်စင်အရှင် ပုဂ္ဂိုလ် ထောင်ချီရှိတယ်"

" စူးချန်ကဲ မင်း တားနိုင်မှာလား!"

ဖီးနစ် လှိုဏ်ဂူမှ ထိပ်တန်း သူတော်စင်အရှင် ပုဂ္ဂိုလ် တစ်ဦးသည် သူ၏ လက်တစ်စုံကို မြှောက်တင်လိုက်သည်နှင့် ၊ အဆုံးမရှိသော မီးတောက်မီးလျှံများ စုဝေးလာခဲ့သည်။

နတ်မီးလျှံများ တဟုန်းဟုန်းတောက်လျက် သူ၏ တစ်ကိုယ်လုံးမှာ တောက်လောင်နေသော မီးဖိုကြီး တစ်ခု နှင့် တူပြီး ၊ သူ့တစ်ကိုယ်လုံး တောင်လောင်နေသော မီးလျှံများသည် အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သလိုပင်။

"ဒီတိုက်ပွဲကို ဝင်မပါကြနဲ့ "

"ငါတစ်ယောက်တည်း တိုက်မယ် "

စူးချန်ကဲသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ တပည့်အပေါင်းတို့ကို အမိန့်ပေးခဲ့သည်။

ဘုန်း !

သူ၏ ရောင်ဝါများ ရုတ်တရက် မြင့်တက်လာခဲ့ပြီး ၊ အမျိုးမျိုးသော ရူပါရုံများက သူ့ပတ်ဝန်းကျင်တွင် အဆက်မပြတ် ထွက်ပေါ်လေသည်။

ထောင်ပေါင်းများစွာသော သူတော်စင်တို့က ဝတ်ပြုလျက် ၊

ကောင်းကင်ဘုံ ကိုးထပ်မှ ဆင်းသက်လာသော နတ်တို့၏ အရှင်ဘုရင် အပြင်

ကောင်းချီးပေးနေကြသော နတ်သားရဲလေးကောင် နှင့်အတူ

နတ်ဆိုးများက ဦီးညွှတ်နေလေ၏။

ယခုအချိန်တွင် စူးချန်ကဲအား ကြောက်မက်ဖွယ်ရာ ကောင်းသော သူတော်စင် ရောင်ဝါများက ဝန်းရံထားသည်မှာ ကောင်းကင်ဘုံ ကိုးထပ်မှ သက်ဆင်းလာသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

ဒါတင်မက ကြောက်မက်ဖွယ်ရာ ကောင်းသော ရူပါရုံများနှင့်အတူ ထွက်ပေါ်လာခဲ့ချေပြီ။

စူးချန်ကဲသည် ကြယ်တံခွန်အလား ဝင်းလက်တောက်ပနေပြီး ၊ သူ၏ ဓားအလင်းသည် လေထဲတွင် ဖျက်ခနဲ့ ဝင်းလက်သွားသည်။

ကောင်းကင်ယံ၌ ရေနှင့် မီးလျှံများ ရောယှက်လျက် လွန်စွာ တောက်ပနေသည်။

ထောင်ပေါင်းများစွာသော သူတော်စင်အရှင် ပုဂ္ဂိုလ်များအားလုံး သူ့ကို တိုက်ခိုက်ရန် ပြေးဝင်လာသည်ကို မြင်တော့ စူးချန်ကဲသည် ချက်ချင်းလက်ငင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

နတ်နဂါးကျွန်းစုမှ ဒါဇင်ပေါင်းများစွာသော သူတော်စင် အရှင် ပုဂ္ဂိုလ်များသည် အစီအရင် တိုက်ကွက် တစ်ခုကို ဖွဲ့စည်းခဲ့လေရာ ၊ အမျက်ဒေါသ ထွက်နေသော နဂါးကြီးတစ်ကောင် ဖြစ်ပေါ်လာခဲ့သည်။

ဝေါင်း! !

ကောင်းကင်ကို လှုပ်ခါ‌သွားစေသည့် နဂါး၏ မြည်ဟိန်းသံနှင့်အတူ နဂါး၏ အရိပ်သည် ကောင်း‌ကင်တခွင်လုံးကို ဖြန့်ကျက်ထားလေသည်။ သူတို့အားလုံး၏ လက်ထဲတွင် ရှိနေသော သူတော်စင် လက်နက်များက စစ်မှန်သော နဂါးတစ်ကောင်ကို ဆင့်ခေါ်လိုက်သလိုပင်။

သို့သော် စူးချန်ကဲ၏ ဓားစွမ်းအင်သည် မည်မျှ တောင် အစွမ်းထက်လေသနည်း။

ထိုနဂါးပုံရိပ်မှာ တခဏချင်း ဖြိုခွင်းခံလိုက်ရပြီး ၊မီးတောက်မီးလျှံများကြား အလွန်အေးမြသော အအေးဓာတ်များလည်း ရှိနေခဲ့သည်။

ထိုအနှီနဂါးမှာ ချက်ချင်းလက်ငင်း ရေခဲဖြစ်သွားပြီး ၊ တဖန် မီးတောက်မီးလျှံများဖြင့် လောင်ကျွမ်းသွားခဲ့ပြန်သည်။

ပြိုးပြိုးပျက်ပျက် တောက်ပသော မှော်သင်္ကေတများ ထွက်ပေါ်လာပြီးနောက် ၊ထိုအနှီနဂါးမှာ ပြာအဖြစ်သို့ ပျောက်ကွယ်သွားခဲ့သည်။

ဝှစ် ဝှစ် ဝှစ် !

သို့သော် ဓားစွမ်းအင်သည် အဆုံးမရှိသည့်အတိုင်း တစိုးတစိမျှ ပျောက်ကွယ်သွားခြင်း မရှိဘဲ ဓားစွမ်းအင်၏ ဟစ်ကြွေးသံနှင့်အတူ နတ်နဂါးကျွန်းစုမှ သူတော်စင်အရှင် ပုဂ္ဂိုလ်များကို သွေးအခိုးအငွေ့ အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။

"နတ်ဆိုးသပိတ်!"

တစ်ချိန်တည်းမှာပင် ၊ နတ်ဆိုးချောက်နက်မှ မိုယင်အာသည်လည်း ဒါဇင်ပေါင်းများစွာသော သူတော်စင်အရှင် ပုဂ္ဂိုလ်များကို ဦးဆောင်ကာ တိုက်ခိုက်လာလေသည်။

ခေါင်းသုံးလုံး ၊ လက်ခြောက်ချောင်း ရှိသည့် တင်းပုတ် ကိုင်ဆောင်ထားသော နတ်ဆိုးရုပ်သွင် တစ်ခု ထွက်ပေါ်လာသည်။

ထိုနတ်ဆိုးသည် သူ၏ တင်းပုတ်ကို မြင့်မြင့် မြှောက်တင်လိုက်ပြီး စူးချန်ကဲ၏ ခေါင်းကို ရိုက်ချလိုက်သည်။

တင်းပုတ် ဖြတ်သွားလေရာ နေရာတိုင်း ၊ ဟင်းလင်းပြင် တစ်ခုလုံး တသိမ့်သိမ့် ရိုက်ခတ်တုန်လှုပ်သွားခဲ့ရသည်။

"လာလိုက်စမ်းပါ!"

စူးချန်ကဲ၏ မျက်ဝန်းများမှာ နည်းနည်းလေးမှ တုန်လှုပ်ခြင်းမရှိ ။ပျက်သုန်းခြင်း တရားသည်တောင် သူ၏ နှလုံးသားကို တုန်လှုပ်အောင် မစွမ်းဆောင်နိုင်သကဲ့သို့ ရေတွင်းပမာ ငြိမ်သက်လျက် ရှိသည်။

"ယင်ယန်ဓား ၊ သတ် !"

ကောင်းကင်ဓားသည် တုန်လှုပ်မြည်ဟည်းလျက် လွန်စွာ တောက်လောင်နေသော ဓားစွမ်းအင်များဖြင့် ပေါက်ကွဲထွက်ပေါ်လာသည်။ဓားသည် နဂါးတစ်ကောင်အလား အရာအားလုံးကို အပိုင်းပိုင်း ဖြတ်တောက်ပစ်ခဲ့သည်။

စူးချန်ကဲ၏ ခေါင်းပေါ်မှ ကြောက်ဖို့ကောင်းသော နတ်ဆိုးအရိပ်သည် ကျယ်လောင်သော အမျက်ဒေါသသံနှင့်အတူ ပြင်းထန်စွာ တိုက်ခိုက်လာခဲ့သည်။

ဘုန်း !

ဓားစွမ်းအင်နှင့် နတ်ဆိုးအရိပ်တို့ ထိပ်တိုက် ဆုံတွေ့ကြလေရာ ၊ စူးချန်ကဲ၏ ဓားစွမ်းအင်သည် ပို၍ အားကောင်းသောကြောင့် ထိုနတ်ဆိုးအရိပ်မှာ ပျက်သုန်းသွားခဲ့ရသည်။

ချက်ချင်းဆိုသလို နတ်ဆိုးအရိပ်သည် လေထဲတွင် ပြန့်လွှင့်သွားသော ကြယ်မှုန်များအဖြစ်သို့ ဘဝကူးပြောင်းခဲ့လေပြီ။

ဘုန်း!

ထိုစဉ် အမှောင်တစ်နေရာမှ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင် ထွက်ပေါ်လာခဲ့ရာ ၊ နတ်ဆိုးချောက်နက်မှ မိုယင်အာ တစ်ယောက် အနည်းငယ် ထိတ်လန့်သွားသည်။

သူမသည် နတ်ဆိုးချောက်နက် မှ အစွမ်းထက်သော သူတော်စင်အရှင် များစွာကို ဦးဆောင်ခဲ့သော်လည်း ၊ စူးချန်ကဲအား တစ်ချက်မျှ မထိုးနှက်နိုင်ခဲ့ပေ။

"ဒီကောင် ဒီနေ့သေကို သေရမယ် ၊ မဟုတ်ရင် နောင်အနာဂတ်မှာ ငါ့လူကြီးမင်းရဲ့ ရန်သူဖြစ်လာလိမ့်မယ်!"

နတ်ဆိုးချောက်နက်မှ မိုယင်အာသည် စိတ်ထဲတွင် တွေးလိုက်ပြီးနောက် ၊ လူတိုင်းကို အော်ပြောလိုက်သည်။

" အားလုံး အတူတူတတ်မယ် ၊တစ်ယောက်တည်း မတိုက်ခိုက်နဲ့!"

ကျန်ရှိနေကြသေးသော သူတော်စင်အရှင် ပုဂ္ဂိုလ်များသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးနောက်၊ ၎င်းတို့၏ အစွမ်းများကို အလုံးစုံ ထုတ်သုံးလိုက်သည်။ယခုအချိန်တွင်မူ သူတို့အားလုံးအတွက် ပြန်လှည့်စရာ လမ်း မရှိတော့ချေ။

စူးချန်ကဲ သေရင်သေ ၊

မဟုတ်ရင် သူတို့အားလုံး ဒီနေ့ သေရမည်။

"စူးချန်ကဲ လူရော ဟုတ်လား? သူတော်စင် အရှင် ပုဂ္ဂိုလ်တွေ အများကြီးနဲ့ရင်ဆိုင်နေရတာတောင် ခုလို အထက်စီးက တိုက်နိုင်သေးတယ်ပေါ့?"

" စူးချန်ကဲ ဒီစစ်ပွဲမှာ အောင်နိုင်ခဲ့ရင် ၊ နောက်အနာဂတ်မှာ အောင်မြင်မှုတွေ ဘယ်လောက်အထိတောင် ယူနိုင်မလဲ ?"

"ကွေးယွမ် သူတော်စင် နယ်မြေမှာ တချိန်က လူတစ်ယာက် ရှိခဲ့ဖူးတယ် ၊ သူ သူတော်စင် အရှင် ဖြစ်လာတုန်းက ၊ သူတော်စင် အရှင် တစ်ထောင်ကျော်ကို တစ်ယောက်တည်းနဲ့ တိုက်ခိုက်ခဲ့တယ် "

"အခု စူးချန်ကဲက သူ့ထက် အဆပေါင်းများစွာ ပိုအစွမ်းထက်တာပဲ"

ဝေဟင်ထက်တွင် တိုက်ခိုက်သံများဖြင့် ဆူညံနေသည်။ တချို့သော ပွဲကြည့်ပရိတ်သတ်များမှာ ဤမြင်ကွင်းအပေါ် ဂရုမစိုက်သော သဘောထားဖြင့် ကြည့်ရှုခဲ့ရာမှ ယခုအခါတွင် ကြောက်ရွံ့ထိတ်လန့်မှုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာကြသည်။

အစွမ်းထက်ဆုံး ပုဂ္ဂိုလ်သည် မည်သည့်ခေတ်တွင်မဆို လေးစားမှုကို ရရှိပေလိမ့်မည်။

စူးချန်ကဲသည် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တွေထဲက ပိုအစွမ်းထက်‌ဆုံး ဖြစ်သည်မှာ အထင်ရှားပင်။

စူးချန်ကဲသည် မရေမတွက်နိုင်သော လူများကို သတ်ခဲ့ပြီး ၊ သူသည် ဧကရာဇ်မင်းတစ်ပါး ဖြစ်ချင်ခဲ့သည်။

ကြင်နာမှုကရော?

ကြင်နာမှု ဆိုသည် အရည်အချင်း မပြည့်မီသည့် လက္ခဏာတစ်ရပ်လို့ ဆိုရပေမည်။

ကောင်းကင်ထက်ဝယ် ၊ စူးချန်ကဲ၏ ဓားတစ်ချက်သည် သွေးများစွာကို ဖန်တီးလျက် သူတော်စင် အရှင် ပုဂ္ဂိုလ်များကို ဘဝကူးပြောင်းပေးနေခဲ့သည်။

ဒါနဲ့တင် ရပ်တန့်သွားခြင်း မရှိဘဲ ၊ စူးချန်ကဲသည် ဘက်လက်သီးကို ထုတ်ကျွေးလာခဲ့သည်။

ဝေါင်း!

ကြောက်မက်ဖွယ်ကောင်းသော မီးနဂါးကြီး အသွင်သဏ္ဌာန် အဖြစ် ထွက်ပေါ်လာခဲ့ပြီး ၊ ၎င်း၏ မီးလျှံများကို သူတော်စင်အရှင် အုပ်စုဆီသို့ မှုတ်ထုတ်လိုက်သည်။

ကောင်းကင်ဘုံ၏ မီးလျှံများ ကျရောက်လာသကဲ့သို့ သူတော်စင် အရှင် ပုဂ္ဂိုလ်များအားလုံး တစ်ကိုယ်လုံး ပူလောင်နေသော ဒဏ်ကို ခံစားလိုက်ရသည်။

စိတ်တစ်ခုလုံး တုန်လှုပ်သွားကာ ၊ သူတော်စင် စွမ်းအင်များပင်လျှင် အရည်ပျော်လျက် ၎င်းတို့၏ ခန္ဓာကိုယ်များသည်လည်း ချက်ချင်းလက်ငင်း ကွဲအက်သွားခဲ့ရသည်။

အော်ဟစ်ညည်းညူသံများ၏ အဆုံးတွင် ၊ ၎င်းရုပ်သွင်များသည် လောင်မြိုက်နေသော မီးလျှံပင်လယ်ကြီး၏ ဖုံးလွှမ်းသွားခြင်းကို ခံခဲ့ရပြီးနောက် ပြာအဖြစ်သို့ ‌ကြဲလွှင့်ခဲ့လေပြီ။

ထို့နောက် နောက်ထပ် တိုက်ခိုက်မှု လှိုင်းလုံးကြီး တဖန်ရောက်ရှိလာပြန်သည်။နတ်နဂါးကျွန်းစု၏ ပါရမီရှင်များသည် အလားတူ နဂါးစွမ်းအင်ကို အသုံးပြုနေကြသော်လည်း ၊ စူးချန်ကဲ၏ ကျပန်းတိုက်ခိုက်မှုက ၎င်းတို့ထက် ပို၍ အားကောင်း‌နေခဲ့သည်။

၎င်းတို့သည် နတ်နဂါးကျွန်းစု၏ နဂါးမျိုးနွယ်ဝင် သားစဉ်မြေးမြစ်များ ဖြစ်သော်လည်း ၊ လူသားဖြစ်သည့် စူးချန်ကဲသည် သူတို့ ထင်ထားတာထက် ပို၍ ကျော်လွန်နေခဲ့သည်။

" စိတ်ဝိညာဉ်ကို နှိပ်ကွပ်မည့် နဂါးငါးကောင်ကို အသက်သွင်းခြင်း "

နတ်နဂါးကျွန်းစုရှိ ကျန်သူတော်စင်အရှင် ပုဂ္ဂိုလ်များသည် တစ်ချိန်တည်းမှာပင် ၎င်းတို့ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအားများကို ပေါင်းစပ်၍ တိုက်ခိုက်လာခဲ့သည်။သူတို့ ခန္ဓာကိုယ်ပေါ်ရှိ နဂါးစွမ်းအင်များသည် အလွန် အစွမ်းထက်ပြီး နဂါးများ၏ ပြိုင်တူကြွေးကြော်သံသည် အလွန် စိတ်လှုပ်ရှားစရာ ကောင်းပေသည်။

နဂါးငါးကောင်သည် တိမ်ကို ခွင်းလျက် ကြီးကျယ်ခမ်းနားသော နဂါးစွမ်းအင်များကို ကောင်းကင်အနှံ့ လွှမ်းခြုံထားလေသည်။ဤကြောက်မက်ဖွယ်ရာ ကောင်းသော မြင်ကွင်းကြီးသည် ကြည့်ရှုသူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

" နတ်နဂါးကျွန်းစု က လူတွေ ရူးသွားကြပြီလား!"

" ဒီတားမြစ်မှော်ပညာရပ်ကို တကယ်ပဲ ထုတ်သုံးလာတယ်ပေါ့ !?"

လူတစ်​​ယောက်​က ထိတ်လန့်စွာဖြင့် အော်ပြောလိုက်သည်။

" ဒီနဂါးငါး​ကောင်​က ဝိညာဉ်ကို နှိမ်​ကွပ်နိုင်​ပေမယ့်​ ၊ ဒါပေမဲ့ ကျင့်ကြံသူတွေအနေနဲ့ သူတို့ရဲ့ စွမ်းအားကို စတေးပေးဖို့ လိုအပ်တယ် "

ဤနည်းအားဖြင့် နဂါး၏ အသွင်ပုံရိပ်ကို ဖွဲ့စည်းနိုင်သော်လည်း ၊သို့သော် ၎င်းသည် ကျင့်ကြံသူ၏ နတ်အသိစိတ်ကို အထူးပစ်မှတ်ထားသည်။

ပို၍ ကြောက်စရာကောင်းသည်မှာ ရုပ်ခန္ဓာကိုယ် တစ်ခုလုံးကို လုံးဝ လက်လွှတ်လိုက်ရခြင်းပေတည်း။

" သေပေတော့ !"

နတ်နဂါးကျွန်းစုမှ သူတော်စင် အရှင် ပုဂ္ဂိုလ်များ၏ ကြွေးကြော်သံနှင့်အတူ နဂါး ငါးကောင်သည် စူးချန်ကဲဆီသို့ ပြေးဝင်လာခဲ့သည် ။

သို့သော် စူးချန်ကဲသည် ကိုယ့်ကိုယ်ကို လုံးဝ ယုံကြည်ချက် ရှိ‌နေပုံရကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း ဓားသိုင်းကွက်။

မိမိ၏ နတ်အသိစိတ်ကို ဓားတစ်လက်အဖြစ် အသုံးပြု၍ ၊ အတွေးရောက်ရှိသွားလေရာ နေရာတိုင်း ထောင်ပေါင်းများစွာသော ဓားပန်းများ ပွင့်လန်းမည်။

စူးချန်ကဲသည် အာရုံစူးစိုက်လိုက်သည် ။

သူ၏ စိတ်နှလုံးသားထဲက ဓားတစ်လက်သည် ကောင်းကင်ကြီးကို ထိုးဖောက်သွားသည့်အတိုင်း ဓားစွမ်းအင်များက နေရာတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။

ဓားစွမ်းအင်များသည် လေနှင့်အတူ ရောယှက်လျက် သက်ရှိသဖွယ် ပြုမှုနေ၏။ဓားစွမ်းအင်များ ဖြတ်သန်းသွားလေရာ နေရာတိုင်း ဓားကြာပန်းတွေ ပေါ်ထွက်လာသည်။

" ဖြန့်ကြဲစေ!"

မန္တန်တစ်ခု အလား ထင်မှတ်ရသည့် စကားလုံးတစ်လုံးတည်းဖြင့် ဤကမ္ဘာပေါ်ရှိ ဝိညာဉ်စွမ်းအင်များမှာ ဤနေရာသို့ အရူးအမူး စုဝေးလာကြပြီး ၊ ဝေဟင်တွင် ဆိုင်းငံ့ထားသော ဓားသွားကြာပွင့်တို့သည်လည်း ပွင့်လန်းလာခဲ့ချေပြီ။

လူတိုင်း ထိတ်လန့်နေကြသော အကြည့်များအောက်တွင် နတ်နဂါးကျွန်းစု၏ တားမြစ်မှော်ပညာရပ်ဖြစ်သည့် ဝိညာဉ်ကို နှိပ်ကွပ်နိုင်သည့် နဂါးငါးကောင်မှာ နှင်းပွင့်လေးများကဲ့သို့ ပေါက်ကွဲသွားခဲ့လေပြီ။

သို့သော် စူးချန်ကဲသည် ဒါနဲ့တင် ရပ်တန့်မသွားဘဲ နောက်တဆင့်အနေဖြင့် ဓားကို မြှောက်ကိုင်လျက် ဖြတ်ခုတ်ပစ်လိုက်သည် ။

ရွှမ်း!

စူးရှသော ဓားသံနှင့် အတူ ၊ လေများ တိုးဝှေ့လျက် တိမ်စိုင်တိမ်ခဲများ ရွေ့လျားလေကာ ကောင်းကင်ကြီးသည် ကြည်လင်လာခဲ့သည်။

“ ဝီ....”

မရှိတော့ဘူး!

အကုန် မရှိတော့ဘူး!

နတ်နဂါးကျွန်းအုပ်စုရှိ လူငယ် သူတော်စင်အရှင်များအားလုံး လဲကျသေဆုံးသွားခဲ့ပြီး ဖြစ်သည်။

လူတိုင်း ဝေဟင်ထက်က ဝတ်ရုံဖြူ လူငယ်လေးကို ငေးကြည့်ရင်း အသက်ကိုတောင် ဝဝလင်လင် မရှုဝံ့တော့ပေ။

ဤအသွင်ပုံရိပ်သည် လူတိုင်း၏ နှလုံးသားထဲတွင် အခိုင်အမာ ပုံနှိပ်ရိုက်ထားသည်မှာ သံသယဖြစ်စရာ မရှိချေ။

စူးချန်ကဲသည် အနာဂတ်တွင် မည်သို့သော အောင်မြင်မှုများ ရရှိပါစေ၊ ယနေ့တိုက်ပွဲသည် သေချာပေါက် သမိုင်းတွင်ကျန်ရစ်ပေလိမ့်မည်။

"ဟားဟားဟား ၊ အရမ်း ပျော်တယ် အရမ်း ပျော်တယ် !"

ဤအရာသည် သူ သူတော်စင်အရှင် ဖြစ်လာပြီးနောက်၊ သေချာပေါက် ဆင်နွှဲရမည့် အရာသာ ဖြစ်သည်။

ဤတိုက်ပွဲသည် အလွန်ပျော်စရာကောင်းသော တိုက်ပွဲတစ်ခုပင် ဖြစ်သည်။

ထို့အပြင် သူသည် သူတော်စင် အရှင် နယ်ပယ်အဆင့်ကို တိုက်ရိုက်ဖြတ်ကျော်ကာ မဟာသူတော်စင် အရှင် နှောင်းပိုင်းအဆင့်ထိ ရောက်ရှိခဲ့သောကြောင့် ဤကဲ့သို့ သွေးနှစ်ခြင်းပွဲကြီးသည် အလွန်လိုအပ်ပေသည်။

ဤသူတော်စင် အရှင် ပုဂ္ဂိုလ်များသည် ကြေးဝါ ဗိမာန်တော်ကို ဖွင့်ရန် သူ၏ ယဇ်ပူဇော်ခံ သားကောင်များပင် ဖြစ်သည်။

" နောက်တစ်ယောက်ရှိသေးလား?"

ချွင် !

ကောင်းကင်ဓား၏ ဓားသံသည် လူကို ရင်သပ်ရှုမော ဖြစ်စေသည်။ စူးချန်ကဲသည် ဓားဖြင့် သူတော်စင်အရှင် အားလုံးကို ချိန်ရွယ်လိုက်သည် ။

"လာ တိုက်ကြ!"

ဤစာသားသည် လူတိုင်း၏ နှလုံးသားများကို မီးရှို့လိုက်သလိုပင်။

သွေးညှီနံ့များက သူတို့၏ အာရုံကြောများကို စဉ်ဆက်မပြတ် လှုံ့ဆော်ပေးနေခဲ့သည်။

အထူးသဖြင့် တု ကိုယ်တော်၏ ခန္ဓာကိုယ် သိမ်းပိုက်ထားသော ကွေချီးမှာ ရူးသွားမတတ်ပင်။

"ဘာလို့လဲ!"

"ဘာလို့လဲ!"

"ဘာလို့ သူ့ကို မသတ်​နိုင်​တာလဲ!?"

ဤအခိုက်အတန့်တွင် သူမသည် အဆုံးမရှိသော တစ္ဆေစွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ သေခြင်းတရား စွမ်းအင်လှိုင်းလုံးကြီးမှာ ထကြွလာလေသည်။

ဤရုတ်တရက် ပြောင်းလဲမှုကြီးသည် လူတိုင်းကို မှင်သက်သွားစေခဲ့သည်။

" တု ကိုယ်တော် ခင်ဗျား..."

ဘေးက ကျန့် ကိုယ်တော်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။တု ကိုယ်တော်တွင် ကြောက်စရာကောင်းသော တစ္စေစွမ်းအားများ အဘယ့်ကြောင့် ရှိနေခဲ့သနည်း။

စူးချန်ကဲသည် သူမျှော်လင့်ထားသည့်အတိုင်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"ကွေချီး၊ ကြွက်ကလေး၊ မင်း ဒီလောက်ထိ အချိန်ကြာအောင် ပုန်းနေနိုင်လိမ့်မယ် ငါ မမျှော်လင့်ထားဘူး ၊ မင်းရဲ့ ခန္ဓာကိုယ်အသစ်က မဆိုးဘူးပဲ"

" စူးချန်ကဲ!!"

" ကျွန်မ သေမယ်ဆိုတောင် ရှင့်ကို ယင်ထျန်းဇီ နဲ့အတူ သင်္ဂြိုဟ်ဖို့ ဆွဲခေါ်သွားမယ်!"

နတ်တစ္စေသွေးများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရပြီ ဖြစ်သော တု ကိုယ်တော်မှာ လုံးဝ ရူးသွပ်သွားခဲ့လေပြီ ။

"ဒီခွေးမ ဒီလောက်တောင် မထိန်းနိုင်တော့ဘူးလား ၊သူ့ဟာသူ ရူးသွပ်ရင်းက ငါတို့ကို သေအောင် လုပ်တော့မှာပဲ"

"နတ်ဆိုးချောက်နက်က လူတွေ၊ မြန်မြန် ဆုတ်..."

သို့သော် နတ်ဆိုးချောက်နက်မှ မိုယင်အာ၏ စကား မဆုံးသေးခင်။

ဘုန်း!

ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။

တလိပ်လိပ် ထကြွလာသော သေခြင်းတရား၏ စွမ်းအားများ ပေါက်ကွဲသွားလေရာ တစ္ဆေအခိုးအငွေ့ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လူတိုင်း၏ ပါးစပ်နှင့်နှာခေါင်းအတွင်းသို့ ရောက်ရှိသွားခဲ့သည်။

နတ်တစ္စေသွေးများ ကူးစက်ခံလိုက်ရပြီး ၊ မူလကတည်းက ရူးသွပ်နေကြသော သူတော်စင်အရှင် ပုဂ္ဂိုလ်များမှာ ပို၍ ရူးသွပ်ကုန်ကြသည်။

မျက်လုံးများ နီရဲလာခဲ့ပြီး ၊ ၎င်းတို့ ခန္ဓာကိုယ်၏ ခံနိုင်ရည်ရှိမှု ကန့်သတ်ချက်ကိုပင် ဂရုမစိုက်တော့ဘဲ သူတော်စင် စွမ်းအင်များကို အရူးအမူး စုဆောင်းကာ ထုတ်သုံးကြလေ၏။

" အခြေအနေပြောင်းသွားပြီ၊ မြန်မြန် ဆက်ခံသူ သခင်ကို ကူညီပေးကြ ဟေ့ !"

"မဟုတ်ဘူး၊ ခဏစောင့်"

စူးချန်ကဲက အေးစက်စွာ ဆိုလိုက်သည်။

"ဒီရဲ့ ဓားသွေးကျောက်တွေက အသုံးမဝင်တော့ဘူး ဆိုပေမဲ့ ၊ စမ်းပြီး ရိုက်ချိုးကြည့်ချင်သေးတယ် "

အပိုင်း(၁၇၇): မဟာနိဗ္ဗာန်န နတ်ဆိုးအလင်း ၊ ဖျက်ဆီးခြင်း နတ်ဘုရားဓား.

"အရင်က လူကြီးမင်း ဧကရာဇ်ကျန် ကလည်း သူတော်စင်အရှင် တစ်ထောင်ကျော်ကို သတ်ခဲ့တာပဲ"

"ဒီနေ့ ကျုပ် စူးချန်ကဲက သူ့ထက် ကျော်လွန်စေရမယ် "

ဤစကားများကို ပြောနေစဉ် အတောအတွင်း သူ၏ မျက်လုံးများမှာ ဝင်းလက် တောက်ပနေသည်။

ထိုအချိန်၌ ကောင်းကင်ဧကရာဇ်ပင်လျှင် မကြည်မလင် ဖြစ်ကာ သတ်ပစ်လိုသော ဆန္ဒနှင့်အတူ ရက်စက်ကြမ်းကြုတ်စွာ ကြည့်နေလေ၏။

တစ်လောကလုံး အရောင်များ ပြောင်းလဲကုန်ကြပြီး ၊ နိယာမတရားများ ညည်းညူလာခဲ့သည်။

"သတ်!စူးချန်ကဲကို သတ် ! ကောင်းကင်ဘုံရဲ့ အလိုဆန္ဒကို ယူလိုက်စမ်းပါ "

ရူးသွပ်နေကြပြီ ဖြစ်သော သူတော်စင်အရှင်များ အနေဖြင့် ၊ စူးချန်ကဲ မည်မျှ ကြောက်ဖို့ကောင်းသည်ကို အဘယ်နည်းဖြင့် ဂရုစိုက်နေဦးမည်နည်း။

သေမှာကို မကြောက်ဝံ့ဘဲ သတ်ရန် ပြေးလာကြလေသည်။

စူးချန်ကဲ၏ အမူအရာမှာ အရင်လို ဂရုမစိုက်ဟန်ဖြင့် ။ ယခုတစ်ကြိမ်တွင်မူ သူသည် ဓားကို ထုတ်မသုံးဘဲ ဘယ်လက်သီးဖြင့် ကျပန်း ထိုးနှက်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ နောက်၌ ကြီးကျယ်ခမ်းနားသော ဓမ္မကာယ ခန္ဓာကိုယ် ဖွဲ့စည်းဖြစ်တည်လာခဲ့ပြီး ၊ ၎င်းသည် အရပ် ရှစ်မျက်နှာကို နှိပ်ကွပ်ထားသည်။

သူ့နောက်က ဓမ္မကာယ ကိုယ်ထည်ကြီးသည်လည်း စူးချန်ကဲ နှင့် တချိန်တည်းမှာပဲ ဘယ်လက်သီးဖြင့် ထိုးနှက်လာခဲ့သည်။

ဘုန်း!

ဤလက်သီးချက်သည် ကောင်းကင်ယံရှိ လေနှင့် တိမ်စိုင်များ အားလုံးကို လွှင့်စင်သွားစေသည်။

သွေးအန်သံ!

မရေတွက်နိုင်သော သူတော်စင်အရှင်များမှာ ဤမျှ တန်ခိုးကြီးသော စွမ်းအားကို ခံနိုင်ရည်စွမ်း မရှိခဲ့ပေ။

အရိုးများ ကွဲကြေလျက် သွေးအမှုန်အမွှားအဖြစ်သို့ လွင့်ပျံသွားခဲ့ရသည်။

အရပ်လေးမျက်နှာလုံး ဆိတ်ငြိမ်စွာ ရှိနေပြီး ၊ ကြည့်ရှုသူတိုင်းလည်း တိတ်ဆိတ်လျက် ရှိသည်။

" အရင်က ချန်ကဲဆက်ခံသူက သူ့ရဲ့ခွန်အားတွေကို ဖုံးကွယ်ထားခဲ့ပုံရတယ် "

လီဟောက်ထျန်း၏ စကားသည် အိမ်မက်ထဲသို့ ရောက်ရှိနေကြ‌သော လူတိုင်းကို လန့်နိုးလာ‌စေသည်။

လူတိုင်း တုံ့ပြန်လာခဲ့ကြသည်။

စူးချန်ကဲသည် အရင်က သူ၏ ဓားကို အသုံးပြုကာ တိုက်ခိုက်တတ်သော်လည်း ၊ ယခုအခါတွင်မူ သူသည် လက်သီးဖြင့် ကျပန်း ထိုးနှက်လိုက်ရုံနှင့် လူအများအပြားကို သတ်နိုင်ခဲ့ပြီဖြစ်သည်။

" ဆက်ခံသူ သခင်က အရင်ကတည်းက ဓားသိုင်းကို ကျွမ်းကျင်လို့ မဟုတ်လား?"

"မဟုတ်နိုင်ဘူး၊ ဆက်ခံသူ သခင်က သူ့ရဲ့ ကျင့်ကြံစွမ်းအားကို တမင်တကာ ဖုံးကွယ်ခဲ့ပုံရတယ် ၊သူက ခုလို သွေးထွက်သံယို တိုက်ပွဲကနေ သူရဲ့စွမ်းအားကို တိုးတတ်အောင် လုပ်နေတာ ဖြစ်နိုင်တယ် "

ထိုစကားကို ကြားလိုက်ရသူတိုင်း ကျောပြင်တစ်ခုလုံး ချွေးများ ရွှဲစိုသွားရသည်။

ထောင်ပေါင်းများစွာသော သူတော်စင်အရှင်များကို ဓားသွေးကျောက်အဖြစ် အသုံးချရဲသည့် ဒီလိုသတ္တိမျိူး မည်မျှတောင် လိုအပ် လေသနည်း ။

ကောင်းကင်ယံ၌ အလျှံညီးညီး ပူပြင်းလို့လာချေပြီ။

သူတော်စင် စွမ်းအင်များ ဒီရေကဲ့သို့ လူးလိမ့်နေပြီး ၊ ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို ဝါးမျိုနိုင်သကဲ့သို့ပင် ။

ရှေးစာအုပ်များတွင် မှတ်တမ်းတင်ထားသော မသေမျိုးတို့၏ နေဝင် ဆည်းဆာသည် ဤကဲ့သို့ ဖြစ်နိုင်သည်။

အမျိုးမျိုးသော မှော်စွမ်းအားတို့သည် ကောင်းကင်တခွင် ပျံ့နှံ့သွားပြီးနောက် ၊ ကွဲအက်ခဲ့လေပြီ။

ကြယ်အမှုန်အမွှားအဖြစ်သို့ ကမ္ဘာမြေတခွင် ပျံ့လွင့်ကာ ၊ သွေးများ ဖုံးလွှမ်းလျက် အလောင်းကိုယ်ထည်တို့သည် တဖြုတ်ဖြုတ် ပြုတ်ကျလာလေသည်။

"ဟုတ်သားပဲ ၊ မဟာနိဗ္ဗာန် နတ်‌ဆိုးအလင်းကို စမ်းကြည့်ဖို့ အချိန်ရောက်ပြီ"

ဤသည်မှာ စူးချန်ကဲ ချန်ရှန်းအရိုးကို အသက်သွင်းခဲ့စဉ်က ရရှိခဲ့သော အမွေဆက်ခံပညာရပ် ဖြစ်သည်။

သို့သော် သူသည် ဖျက်ဆီးခြင်း နတ်ဘုရားအလင်းနဲ့ မဟာနိဗ္ဗာန်န နတ်ဆိုးအလင်းကို အဘယ့်ကြောင့် မပေါင်းစပ်ခဲ့သနည်း။

အဘယ့်ကြောင့်ဆိုသော် ဤကဲ့သို့သော သတ်ဖြတ်မှုမျိုးကို အသုံးချနိုင်မည့် ဖြစ်တည်မှုမျိုး မရှိသေးသောကြောင့်ပင် ဖြစ်သည် ။

စူးချန်ကဲ၏ ရင်ဝတွင် မှော်သင်္ကေတများ သိပ်သည်းစွာ စုဝေးလာခဲ့ပြီး ၊ အဖြူရောင် အလင်းများကြားတွင် အနက်ရောင် အလင်းများက ရောယှက်နေသည်။

ထိုရောင်ဝါသည် ပို၍ ကြီးသထက် ကြီးလာခဲ့သည်။

ဤနေရာတစ်ခုလုံး တုန်လှုပ်လျက် ငိုကြွေးကုန်ကြ၏။

" မဟာနိဗ္ဗာန်န နတ်ဆိုးအလင်း!"

စူးချန်ကဲသည် ပထမဦးဆုံးအကြိမ်အဖြစ် ချန်ရှန်းအရိုး၏ စွမ်းအားကို အပြည့်အဝ အသက်သွင်းခဲ့ခြင်း ဖြစ်သည်။

ဘုန်း !

စူးချန်ကဲ ရင်ဝရှိ ချန်ရှန်းအရိုးမှ စူးရှတောက်ပသော ထူးဆန်းသည့် အလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ရာဂဏန်း အကွာအဝေးရှိ နေရာတွင် ရပ်နေကြသော ကြည့်ရှုသူ ပါရမီရှင်များပင်လျှင် ကြက်သီးမွှေးထရသည့်အထိ ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

မဟာနိဗ္ဗာန်န နတ်ဆိုးအလင်းကို ရင်ဆိုင်နေရသော သူတော်စင်အရှင်များမှာဖြင့် စကားနဲ့တောင် ထည့်ပြောစရာလိုလိမ့်မည် မဟုတ်။

အလင်းတချက် တောက်ပသွားသည့် နေရာတိုင်း မရေမတွက်နိုင်သော သူတော်စင်အရှင်တို့ သေဆုံးရပြီး ၊ အမှုန့်များအဖြစ်သို့ ကမ္ဘာမြေတခွင် ပျောက်ကွယ်သွားခဲ့ရသည်။

သူ( မဟာနိဗ္ဗာန်န နတ်ဆိုးအလင်း) ၏ လာရောက်လည်ပတ်မှုသည် အရိပ်အယောင် တစိုးတစိမျှ မကျန်ရစ်ခဲ့ပေ။

"...ဒါက ဘယ်လိုတောင် လှုပ်ရှားလိုက်တာလဲ? မဟုတ်မှလွဲရော ဒါက သူတော်စင် ခန္ဓာကိုယ်ရဲ့ အမွေအနှစ် စွမ်းရည်တစ်မျိူးလား?"

တချို့သော ပါရမီရှင်များမှာ ဇဝေဇဝါ ဖြစ်ကုန်လေ၏။

စူးချန်ကဲတွင် မွေးရာပါ သူတော်စင်တာအို သန္ဓေသားလောင်း၏ အမွေအနှစ်ဖြစ်သော ဖျက်ဆီးခြင်း နတ်ဘုရားအလင်း ရှိသည်ကို သူတို့အားလုံး သိထားပြီးသားပင် ဖြစ်သည်။

သို့သော် ယခုတစ်ခေါက် ထုတ်သုံးခဲ့သည့် အလင်းရောင်သည် လုံးဝ ကွဲပြားနေခဲ့သည်။

ယင်း၌ ထူးဆန်းသော အနက်ရောင် စွမ်းအင်များလည်း ရှိနေခဲ့သည်။

ထို့အပြင် ဗလာနိတ္ထိစွမ်းအားသည်ကား အဘယ်နည်း။

[T/N - မဟာနိဗ္ဗာန်န နတ်ဆိုးအလင်း -နတ္ထိအဖြစ်သို့ ပြောင်းလဲခြင်း ၊ အပိုင်း (၁၃၆)မှာ ဖော်ပြခဲ့ပြီးပြီ ]

သို့သော် ဤကဲ့သို့ ကြီးမားသော ထိုးနှက်ချက် ဖြစ်သော်ငြားလည်း ၊ သူတော်စင်အရှင် ပုဂ္ဂိုလ်အများစုမှာ ကျန်ရှိနေဆဲပင် ဖြစ်ပြီး အရေအတွက် တစ်ထောင်ကျော် ကျန်ရှိနေသေးသည်။

တန်ခိုးကြီးမားသော သူတော်စင်အရှင် များစွာကို သတ်ခဲ့သည်မှာ သူ၏ ခြေရင်း၌ အလောင်းများ တောင်လိုပုံနေပြီ ဟုတောင် ဆိုရပေမည်။

သူ၏ စိတ်သဘောထားမှာမူ နည်းနည်းမှ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။

"ပိုက်ကွန်ထဲကနေ လွတ်သွားတဲ့ ငါးတွေ ရှိနေသေးတာလား?"

"ဒါပေမယ့် အဆုံးသတ်ဖို့ အချိန်ရောက်ပြီ"

စူးချန်ကဲ၏ ပန်းတိုင်မှာ ဤ‌သေမျိူးလောက၏ ဧကရာဇ်မင်း ပင် မဟုတ်။

မသေမျိုး နယ်ပယ်အဆင့်ကိုတောင် ကျော်လွန်နိုင်ရမည်ပင်။

သူသည် သူတော်စင် ခန္ဓာကိုယ်များစွာကို ပိုင်ဆိုင်ထားသည့်အလျောက် ၊ သူသည် တုနှိုင်းမဲ့ အစွမ်းသတ္တိများ ရှိပြီး ၊

လုပ်ပြီဆိုမှတော့ အဆုံးစွန်ထိ လုပ်သွားမည်ပင်။

အောင်မြင်ချင်ရင် ၊ ခေတ်ကာလတစ်လျှောက်လုံး ပြိုင်ဘက်ကင်းမဲ့သူ ဖြစ်ရမည်။

သမိုင်းတစ်လျှောက် ပါရမီရှင်ပေါင်း သန်းချီရှိသည့်အနက် ၊ ထောင်ဂဏန်းမျှသာ သမိုင်းတွင်ကျန်ရစ်ပေသည်။

စူးချန်ကဲ ဟု အမည်ရသည့် သူသည် သမိုင်းတွင်ကျန်ရစ်မည့် ပါရမီရှင်များထဲက အဆင့်တစ် ဖြစ်ရမည်ပင်။

ရှေ့တွင်၊ နတ်တစ္စေသွေး၏ လွှမ်းမိုးခြင်းကို ခံလိုက်ရပြီး ရူးသွပ်မှုအဖြစ်သို့ ပြောင်းလဲသွားကြသော ထောင်ပေါင်းများစွာသော သူတော်စင်အရှင် ပုဂ္ဂိုလ်များသည် ကြွေးကြော်ကာ တိုက်ခိုက်လေသည်။

စူးချန်ကဲသည် သူ့ဓားကို ကောင်းကင်ဆီသို့ ချိန်ရွယ်ထားလေသည်။

ဟင်းလင်းပြင်ကြီးမှာ သူ့ကြောင့် တုန်လှုပ်လျက်။

ထောင်ပေါင်းများစွာသော မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ၊ မိုးကြိုးလေးစင်း ပစ်ချလေသည်။

စူးချန်ကဲ၏ အသိစိတ်ထဲတွင် တာအိုဝါဒ၏ လမ်းစဉ်များဟု ယူဆရသည့် မရေမတွက်နိုင်သော အလင်းတန်းများ ရောနှောထွက်ပေါ်လာခဲ့သည်။

တဖန် တုနှိုင်းမဲ့ ဓားအလင်းတန်း တစ်ခုက သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော အရာတစ်ခုကို ဖန်တီးပြခဲ့ပြီး ဤကမ္ဘာကြီးတစ်ခုလုံးကို ပိုင်းဖြတ်ပစ်လိုက်သည်။

"လမ်းစဉ် သုံးထောင် အနက် ၊ အားလုံးသည် တစ်သားတည်းသာ ဖြစ်သည် "

" ချည်နှောင်ခြင်းမှ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ လမ်းစဉ်ကို ချိုးဖျက်ခြင်းပေတည်း "

စူးချန်ကဲမှ ရေရွတ်လိုက်သည်နှင့် သူ၏ အသိစိတ်ထဲက မရေမတွက်နိုင်သော အလင်းတို့သည် ရှုပ်ထွေးသော နိယာမ စကားလုံးများ အဖြစ်သို့ ပြောင်းလဲသွားပြီး ၊ သူ၏ နတ်အသိစိတ် ပင်လယ်ထဲသို့ နက်နက်ရှိုင်းရှိုင်း မြှုပ်ဝင်သွားခဲ့သည်။

သူတော်စင် အရှင် နယ်ပယ်အဆင့်ကို အောင်မြင်ရန်မှာ လူတိုင်း တာအိုလမ်းစဉ်ကို မိမိကိုယ်ပိုင် နည်းလမ်းဖြင့် နားလည်ကြရမည် ဖြစ်သည်။

ထို့အတူ မြင့်မြတ်သော ဧကရာဇ်မင်း နယ်ပယ်အဆင့်ကို အောင်မြင်ရန်မှာ မိမိ ကိုယ်ပိုင်နည်းလမ်းဖြင့် ကျင့်ကြံရမည် ဖြစ်သည်။

လူတိုင်း ကျင့်ကြံမှုလမ်းစဉ်သည် ကွဲပြားပေသည်။

စူးချန်ကဲ အနေဖြင့် ၊ သူ၏ တာအိုလမ်းစဉ်သည် အခြားအရာအားလုံးထက် သာလွန်နေရမည် ဖြစ်ပြီး၊ ဤကမ္ဘာ၏ ချုပ်နှောင်မှုများကို ချိုးဖျက်ပစ်ရမည် ဖြစ်သည်။

ထို့နောက် မြင့်မားသော နယ်ပယ်အဆင့်ဆီသို့ရောက်ရှိနိုင်ရမည်။

ဒါတွေအားလုံးကို အောင်မြင်ဖို့ အခြေခံမှာ လမ်းစဉ်များကို ချိုးဖျက်ရန်ပင် ဖြစ်သည်။

ထောင်ချီသော နိယာမတရားများနှင့် ညဏ်အလင်းတို့သည် စူးချန်ကဲ၏ အသိစိတ်ထဲ၌ အဆက်မပြတ် ထွက်ပေါ်နေ၏။

ဤသည်မှာ သူသွားချင်ခဲ့သည့် လမ်းစဉ်ချိုးဖြတ်နည်းပင် ဖြစ်သည်။

ဦးစွာ ထင်ယောင်ထင်မှားမှုကို အရင် ရိုက်ချိုးပစ်ရမည် ဖြစ်သည်။

မိမိ၏ စိတ်နှလုံးသားကို ရိုက်ချိုးရမည် !

မိမိကိုယ်ကို ရိုက်ချိုးရမည် !

စည်းမျဉ်းများကို ချိုးဖောက်ရမည် !

နောက်ဆုံးတွင်မူ ၊ လမ်းစဉ်တစ်သောင်းကို ဖြတ်ကျော်ရမည် !

ဤအရာသည် သူသွားချင်ခဲ့သော လမ်းကြောင်းပေတည်း။

ဤအခိုက်အတန့်တွင် ၊

ကောင်းကင်ဓား၏ ကြွေးကြော်သံသည် ထွက်ပေါ်လာချေပြီ ။

ကောင်းကင်ဘုံ ကိုးထပ်မှ ထောင်ပေါင်းများစွာသော မိုးခြိမ်းသံများ ကျရောက်လာခဲ့သည်။

လမ်းစဉ်၏အချုပ်အနှောင်များ ပျက်စီးသွားသကဲ့သို့ စူးရှသော တောက်ပမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။

သို့သော် ဤစူးရှသော တောက်ပမှုသည် ကောင်းကင်ဓားမှ ပွင့်လန်းလာသော ဓားအလင်းနှင့် နှိုင်းယှဉ်မည်ဆိုပါက ၊ ကြယ်နှင့် နေ လို ကွာခြားပေသည်။

တစ်လောကလုံး လေပြင်းများ တိုက်ခတ်နေ‌ပြီး ၊ မုန်တိုင်းများ ဖြစ်ပေါ်လာခဲ့သည်။

“ မဟုတ်မှလွဲရော ဒါ ဆက်ခံသူ သခင်ရဲ့..."

ကွေးယွမ် သူတော်စင် နယ်မြေ၏ တပည့်များမှာ ဝေဟင်ထက်က ဝတ်ရုံဖြူ ပုံရိပ်လွှာကို ငေးကြည့်နေကြပြီး ၊

တစ်ကိုယ်လုံး တုန်ယင်လျက် ၊၎င်းတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ရှိနေခဲ့သည်။

အားလုံး ပါးစပ်အဟောင်းသားဖြင့် ပြူးကြည့်နေကြသည်။

အဘယ့်ကြောင့်ဆိုသော် ၊

ဤမြင်ကွင်းကို သူတို့ ဘယ်တော့မှ မေ့သွားလိမ့်မည် မဟုတ်ပေ။

စူးချန်ကဲသည် တောက်ပသော အလင်းများကို ထုတ်လွှတ်ပေးလျက် ရှိသော ကောင်းကင်ဓားကို ကိုင်ဆောင်ထားပြီး ၊ဤနေရာရှိ နိယာမများနှင့် ဝိညာဉ်စွမ်းအားတို့သည် ဝဲသဖွယ် ရောယှက်ဖြစ်တည်နေသည်ကို တွေ့လိုက်ရသည်။

“ဖျက်စီးခြင်း နတ်ဘုရားဓား”

ဤအခိုက်အတန့်တွင် အချိန်များ ရပ်တန့်သွားသကဲ့သို့

အာကာသတစ်ခုလုံး အေးခဲသွားပုံရသည်။

“ သတ်!”

ဤစကားလုံးသည် မြင့်မြတ်သော လမ်းစဉ်တို့၏ အသံကဲ့သို့ တစ်လောကလုံး ပဲ့တင်ထပ်သွားခဲ့သည်။

ဤဓားသည် သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော အရာတစ်ခုကို ဖန်တီးပြလိုက်သကဲ့သို့ ဗြောင်းဆန်သွားစေသည်။

ဓားစွမ်းအင်လှိုင်းများသည် မတည်မငြိမ် ပြောင်းလဲနေပြီး ၊၎င်း၏ စွမ်းအားသည် လွန်စွာ ကြီးမားကျယ်ပြန့်ပေသည်။

အလွန်တောက်ပသော ဓားအလင်းသည် ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို ပြာအဖြစ်သို့ ပျက်သုဉ်းသွားစေသည်။

လူတိုင်း တုန်လှုပ်ကုန်ကြသည်။သူတို့ မျက်လုံးထဲတွင် ထိုဓားအလင်းသည် အရာအားလုံးကို လွှမ်းခြုံထားလျက် ရှိသည်။

မရေမတွက်နိုင်သော သူတော်စင်အရှင် ပုဂ္ဂိုလ်များအားလုံး အမှုန့် အဖြစ်သို့ ပျောက်ကွယ်သွားကြလေပြီ။

ဤဓားအလင်းသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖုံးအုပ်ထားသကဲ့သို့ ခွင်းလွင်တောင်တစ်ခုလုံးကို အဖြူရောင် အဖြစ် ခြယ်မှုန်းထားသည်။

ထောင်ပေါင်းများစွာသော သူတော်စင်အရှင် ပုဂ္ဂိုလ်များ အရူးအမူး ထုတ်သုံးခဲ့ကြ‌သော မှော်စွမ်းအားတို့သည် မည်သည့် သက်ရောက်မှုမှ မရှိဘဲ ချက်ချင်းလက်ငင်း ချေမှုန်းခံလိုက်ရသည်။

ဤဓားအလင်း၏ စွမ်းအားသည် လျော့နည်းသွားခြင်း မရှိဘဲ ရန်သူအားလုံးကို ချေမှုန်းပစ်ခဲ့လေပြီ။

ဝီ —

လူတိုင်း မိန်းမောသွားကြသည်။

အသံကြိမ်နှုန်းကိုသာ အဆက်မပြတ် ကြားနေရပြီး ၊ စူးရှတောက်ပသော ထိုဓားအလင်းသည် လူတိုင်း၏ မျက်လုံးများ ခေတ္တ ကန်းသွားစေခဲ့သည်။

အမြင် တဖန် ကြည်လင်လာသည်နှင့်အမျှ ၊ လူတိုင်း ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

ဤအခိုက်အတန့်တွင်မူ ၊ တုန်လှုပ်နေခဲ့သော သူတို့၏ နှလုံးသားများမှာ ပေါက်ကွဲမတတ် ခံစားလိုက်ရသည်။

မည်သူမျှ အသံ မထွက်ချေ။

အာမေဋိတ်သံပင် မဆိုနှင့် ။

သက်ပြင်းချသံပင် မရှိ။

ယင်းသည် ၎င်းတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်‌နေခဲ့ပြီး၊ ဖော်ပြရမည့်စကားလုံးပင် မရှိ။

ကောင်းကင်ယံထက်တွင် တိမ်များကင်းစင်လျက်။

နတ်သမီးချိုင့်ဝှမ်းတောင့်တန်းများကြားက ပြာလဲ့လဲ့ ကောင်းကင်ကြီး ထွက်ပေါ်လာခဲ့သည့်အတိုင်း။

ဝေဟင်ထက်တွင် အဖြူရောင် အဝတ်အစားများက နက်မှောင်သော ဆံနွယ်ရှည်များနှင့်အတူ လေထဲတွင် ကခုန်နေသည့် အနှီလူငယ်လေး တစ်ယောက်ကလွဲ၍ မည်သူမျှ ရှိမနေချေ။

စူးချန်ကဲသည် သူ၏ အစွမ်းများဖြင့် ဒဏ္ဍာရီကို တစ်ဖန် ဖန်တီးပြခဲ့သည်မှာ သံသယဖြစ်စရာ မရှိ။

သူတော်စင် အရှင် ဖြစ်လာသူများသည် မိမိတို့၏လမ်းစဉ်ကို ပုံဖော်ကြရလိမ့်မည်။ သူတို့အားလုံး သိချင်သည့်အရာမှာ စူးချန်ကဲသည် မည်သို့သော လမ်းစဉ်မျိုးကို လျှောက်လှမ်းလိမ့်မည်နည်း။

မဟုတ်မှလွဲရော ဒါဒဏ္ဍာရီထဲက ပြိုင်ဘက်ကင်း လမ်းစဉ်ပေလော။

ဤကမ္ဘာကြီးသည် စိတ်ကူးယဉ်ဆန်လွန်းလှပေသည်။

"ဘယ်လို...ဘယ်လိုဖြစ်ပြီး ဒီကမ္ဘာမှာ ဒီလို လူထူဆန်းတစ်ဦး မွေးဖွားလာရတာလဲ"

လော့ရန်ယွီ ‌ဇဝေဇဝါဖြစ်လို့နေသည်။

တစ်ချိန်က သူမသည် ဟွိုင့်တွိုင့်ခန္ဓာကိုယ်နှင့် တာအို အရိုးကို ပိုင်ဆိုင်ထားသော ထူးခြားသော ဖြစ်တည်မှု ဟု ထင်မှတ်ခဲ့သည်။

ပြိုင်ဘက်ကင်း ကိုယ်ရည်ကိုယ်သွေး နှစ်ခုကို ပိုင်‌ဆိုင်ထားခြင်းသည် ထာဝရ အနှိုင်းမဲ့ ဖြစ်လာသည်မှာ သေချာပေသည်။

သို့သော် စူးချန်ကဲကို တွေ့လိုက်ရချိန်မှာတော့၊

သူမ၏ စိတ်ကူးယဉ်မှုများနှင့် မျှော်လင့်ချက်များသည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေပြီ။

အပိုင်း(၁၇၈):ကြေးဝါဗိမ္မာန်ကို ဖွင့်ခဲ့ပြီ ၊ ဧကရီဘုရင်မ ဟွားချန်ယွဲ့နှင် ပြန်တွေ့ခြင်း ၊ စူးချန်ကဲကို ကယ်တင်မယ်?

လော့ရန်ယွီ သာမက ထာဝရ အင်အားစုမှ ပါရမီရှင်များသည်လည်း စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။

စူးချန်ကဲသည် ဤရွှေခေတ်၏ ဇာတ်ဆောင်ပေလော။

သို့သော် သူတို့ သိချင်မိပြန်သည်။ စူးချန်ကဲသည် ဂိုဏ်းပေါင်းစုံမှ သူတော်စင်အရှင် ပုဂ္ဂိုလ်များစွာကို သတ်ဖြတ်ခဲ့ခြင်းသည် ထိုဂိုဏ်းများ၏ မျိုးဆက်သစ်များကို ဖြတ်တောက်လိုက်သလိုပင်။

ဤခွင်းလွင်တောင်မှ ထွက်ခွာပြီးနောက်၊ ထာဝရ စစ်ပွဲကြီး ထပ်မံ ဖြစ်ပွားလာနိုင်ဘူးလား?

ဤထာဝရ အင်အားစုများသည် ဆက်ဆံလို့ ကောင်းသော အရာ မဟုတ်သည်ကို သင်သိထားရပေမည်။

တကယ်ပဲ တိုက်ခိုက်လာခဲ့မည်ဆိုပါက ၊

ကွေးယွမ် သူတော်စင် နယ်မြေအနေဖြင့် တကယ်ပဲ ခံနိုင်ရည် ရှိပါ့မလား?

သို့သော် စူးချန်ကဲကတော့ နည်းနည်းလေးမှ ဂရုမစိုက်ပေ။သူသည် ဤသေဆုံးနေသော သူတော်စင်အရှင်များကို ပြန်လည်အသုံးပြုလိုရုံသာမက ရက်ရက်စက်စက် သတ်ပစ်ခဲ့သည်။

စူးချန်ကဲသည် နတ်အလင်းများ ထုတ်လွှတ်ပေးနေသော ရှန်းချန်လျို့ဝှက်သော့ကို ထုတ်ယူလိုက်ပြီး လေပေါ်တွင် မြှောက်တင်လိုက်သည်။

"ချန်ကဲ ဆက်ခံသူ ဘာလုပ်နေတာပါလိမ့်"

နောက်အခိုက်အတန့်တွင်မူ ၊ အားလုံး၏ သံသယများသည် ထိတ်လန့်တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုရှန်းချန်လျို့ဝှက်သော့သည် လွန်စွာ တောက်ပလာလေသည်။

ဝီ —

၎င်း၏ အလင်းသည် ပိုမို တောက်ပလာသည်နှင့်အမျှ၊ စတေးခံခဲ့ရသည့် သူတော်စင်အရှင်တို့၏ အသွေးအသားများသည် နေရာတစ်ခုလုံး ပြန့်ကျဲလျက် ရှိရာ ၊

၎င်းတို့သည် သွေးပုတီးစေ့များ အဖြစ်သို့ ပြောင်းလဲသွားပြီး ရှန်းချန်လျို့ဝှက်သော့ဆီသို့ အဆက်မပြတ် စုဝေးသွားကြသည်။

ရှန်းချန်လျို့ဝှက်သော့သည် သူတော်စင် အရှင်တို့၏ သွေးချီစွမ်းအင်များကို အဆက်မပြတ် စုပ်ယူလိုက်သောကြောင့်၊ ရှန်းချန်လျို့ဝှက်သော့၏ မူလ ရွှေအလင်းရောင်သည် သွေးရောင်များဖြင့် ဆေးဆိုးခံလိုက်ရသည်။

ရှန်းချန်လျို့ဝှက်သော့ပေါ်တွင် ရှိနေခဲ့သော ခလုပ်များသည် အသက်ဝင်လာခဲ့ပြီး ၊ တည်ငြိမ်မှု မရှိသော လှိုင်းများကို မထင်မရှား ထုတ်လွှတ်လာခဲ့သည်။

ဝုန်း !

ထိုအချိန် ၊ ခွင်းလွင် တောင်တွင် ကျယ်လောင်‌သော ပေါက်ကွဲသံတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။

" ဒါ ဘာတွေဖြစ်နေတာလဲ!?"

ခွင်းလွင်တောင်တန်း၏ တောင်ထိပ်များစွာ ပြိုကျလာပြီး ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားလေသည်။

မြေပြင်တွင် ပင့်ကူမျှင်များကဲ့သို့ အက်ကွဲကြောင်းများ ပေါ်ထွက်လာခဲ့ပြီး ၊ တစ်စုံတစ်ခု က တိုးထွက်လာတော့မည့်အတိုင်း။

စူးချန်ကဲ သည် ကျေနပ်နေပုံရကာ အသာလေး ပြုံးရယ်လိုက်သည်။

"ထျန်းကျီ ကျွန်း ပိုင်ရှင်ရဲ့ ခန့်မှန်းချက်က တကယ်ကို မှန်တာပဲ ၊ ကြေးဝါဗိမ္မာန်ကို ခွင်းလွင် တောင်အောက်မှာ မြှုပ်နှံထားခဲ့တာပဲ "

“ကမ္ဘာပေါ်က အံ့ဖွယ်အရာတွေ လောကကြီးကို ထုတ်ဖော်ဖို့ အချိန်တန်ပြီ "

ဂျိန်း !

ကောင်းကင်ပေါ်မှ လျှပ်စီးမိုးကြိုး‌ကြောင်းသည် နေ့ခင်းဘက်ကြီး ဤကမ္ဘာမြေပြင်ပေါ်သို့ ကျဆင်းလာသည်။

တစ်ချိန်တည်းမှာပင် ၊ အပျက်အစီးတွေကြားထဲက ဧရာမ နန်းတော်ဗိမ္မာန်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုနန်းတော်ဗိမ္မာန်ကြီးသည် အလွန်ကြီးကျယ်ခမ်းနားပြီး ၊ ၎င်း၏အရောင်မှာ ကြေးဝါရောင် ဖြစ်သည်။

ရှေးခေတ် ကမ္ပည်းစာများ ရေးထိုးထားသလို ၊ နဂါး ဖီးနစ်တို့၏ ကိုယ်စားပြု အရုပ်များ ၊ ရက်စက်ကြမ်းကြုတ်သော သားရဲကောင်တို့၏ ရုပ်လုံးရုပ်ကြွများလည်း ရှိသည်။

ကြေးဝါဗိမ္မာန်၏ အသွင်အပြင်နှင့်အတူ ဖရိုဖရဲ ရောင်စဉ်တန်းများသည် နေရာတိုင်းတွင် တောက်ပလို့ နေသည်။

မရေမတွက်နိုင်သော မှော်သင်္ကေတများသည် ဤနှစ်များတစ်လျှောက် ၎င်းတို့၏ တန်ခိုးအရှိန်အဝါများစွာကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သော်လည်း၊

သို့သော် ယခုထက်ထိ ကျန်ရှိနေသေးသော ၎င်းတို့၏ မှေးမှိန်လျက်ရှိသော ရောင်ဝါတို့သည် လူကို တုန်လှုပ်အောင် ပြုလုပ်နိုင်ဆဲပင် ဖြစ်သည်။

“ မဟုတ်မှလွဲရော ဒါက...”

ပါရမီရှင်တစ်ဦးသည် အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။

" လူကို တုန်လှုပ်စေတဲ့ ဒီရဲ့ ဖိနှိပ်စွမ်းအား ၊ ဒီရှေးကမ္ပည်းစာတွေ ၊ အသက်ဝင်လွန်းတဲ့ ဒီရဲ့ ရုပ်လုံးရုပ်ကြွတွေက ...."

"မမှားနိုင်ဘူး!"

"ဒါက ဒဏ္ဍာရီလာ ကြေးဝါဗိမ္မာန်ပဲ ဖြစ်ရမယ်!"

တကယ်တော့၊ သူတင်မက ရှေးခေတ် ပါရမီရှင် များသည်လည်း ဤအရာသည် ရှေးဟောင်း ကြေးဝါဗိမ္မာန် ဖြစ်ကြောင်းကို အသိအမှတ် ပြုခဲ့ကြသည်။

လူတိုင်း စိတ်အားထက်သန်စွာ ကြည့်ရှုနေကြသည်။

ကြေးဝါဗိမ္မာန် ။

ရှေးစာအုပ်များတွင် မှတ်တမ်းတင်ထားသော တိုက်မြေ သုံးထောင်၏ အံ့ဖွယ်ခြောက်ပါးထဲမှ တစ်ခု ဖြစ်သည်။

၎င်းတို့မှာ - နတ်သမီးကျွန်း။

မိုဝမ့်ချိုင့်ဝှမ်း။

ပင့်ကူခတ္တာပန်းပင်လယ် ။

စွန့်ပစ်နတ်ဘုရား‌မြေ။

အချိန် လျို့ဝှက်နယ်မြေ ။

ကြေးဝါဗိမ္မာန်တို့ပင် ဖြစ်သည်။

ဤကဲ့သို့ ဖိနှိပ်ချုပ်ခြယ်နိုင်လွန်းသော ခံစားချက်ကို မရရှိခဲ့ပါက ၊ သူတို့သည် ဒဏ္ဍာရီထဲက ကြေးဝါဗိမ္မာန်ဖြင့် ကြုံတွေ့ခဲ့ရသည် ကို ယုံနိုင်လိမ့်မည် မဟုတ်ချေ။

တဖန် သူတို့အားလုံး ဝတ်ရုံဖြူ အမျိုးသားထံသို့ ပြန်လှည့်ကြည့်လိုက်ရာ ၊ သူတို့ခေါင်းတစ်ခုလုံး ရေခဲရေဖြင့် လောင်းချလိုက်သလိုမျိုး ခံစားခဲ့ရသည်။

ဤကြေးဝါဗိမ္မာန်မှာ စူးချန်ကဲ၏ ဆင့်ခေါ်မှုကြောင့် ရောက်ရှိခဲ့လေသလော။

ဤသတ်ဖြတ်နတ်ဘုရား၏ အခွင့်အရေးကို ခိုးယူမိပါက ၊ သူတို့အသက် ဖက်နဲ့ထုပ်ရမည်ကို စိုးရပေသည်။

"ဒီလိုအခွင့်အရေးကို ငါဘယ်လိုလုပ် လက်လွတ်နိုင်မှာလဲ!"

သူတော်စင် အရှင် အထွတ်အထိပ် နယ်ပယ်အဆင့်ရှိသော လူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လျှပ်စီးနှုန်းအတိုင်း ပြေးဝင်သွားခဲ့သည်။

ကြေးဝါဗိမာန်ဆိုတာ ဘာလဲ?

အံ့ဖွယ်တစ်ပါးလေ!

ထိုအရာများထဲတွင် မသေမျိုးနွယ် ဖြစ်လာနိုင်မည့် လျှို့ဝှက်ချက်များ ရှိပြီး ၊ ဧကရာဇ်မင်းမြတ်လောက်တော့ မမူပေ။

ဒီလို အခွင့်အရေးမျိုး ရနိုင်မှတော့ စူးချန်ကဲ ဆိုတောင် ဘာဖြစ်လဲ ?

သူလည်း ကျော်တတ်နိုင်ပေသည်!

ဘုန်း!

သို့သော် ထိုအနှီသူသည် ကြေးဗိမာန်တံခါးနှင့် ပေအနည်းငယ်အကွာ ရှိနေတုန်းမှာပဲ ၊

တစ်စုံတစ်ယောက်သည် သူ့ထက် မြန်ဆန်စွာ လှုပ်ရှားပြုမှုခဲ့သည်။

ဝုန်း!

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

​လေပေါ်တွင် သွေးစက်များလည်း ပြန့်ကျဲသွားလေပြီ။

မျက်စိတမှိတ်အတွင်းမှာပင် စူးချန်ကဲသည် ထိုလူအား သွေးမှုန့်များ သဖွယ် အဆုံးသတ်ပေးလိုက်ပြီး ဖြစ်သည်။

နောက်ထပ် ပုံရိပ်များစွာ ရှေ့ထွက်လာခဲ့သော်လည်း ၊ ခြွင်းချက်မရှိ ၎င်းတို့အားလုံးသည်လည်း စူးချန်ကဲ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

"မင်းတို့ သေချင်နေတာလား ငါကိုယ်တော်ရဲ့ မက်မွန်သီးကို ခိုးယူရဲတယ်ပေါ့?"

ဘုန်း!

လွန်စွာ အားပြင်းသော ဖိနှိပ်စွမ်းအားများ ရောက်ရှိလာခဲ့ပြီး ၊ နေရာတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး တဂျိန်းဂျိန်း မြည်နေလေ၏။

မူလက ကြေးဝါဗိမ္မာန်ကို အပိုင်စီးဖို့ ကြံရွယ်ခဲ့ကြသော ကျင့်ကြံသူ တချို့မှာ ရပ်တန့်သွားခဲ့ပြီး ထိတ်လန့်နေကြသည်။

အရင်က စူးချန်ကဲ သတ်ဖြတ်ခဲ့သော သူသူတော်စင်အရှင် တပ်ဖွဲ့ကြီးကို ပြန်တွေးရင်း မည်သူမှ ကမူးရှူးထိုး မလှုပ်ရှားဝံ့တော့ပေ။

ဤသူသည် သက်ရှိထင်ရှား ရှိနေသော ငရဲဘုရင်သာတည်း။

မည်သူမှ မပြောဝံ့တာကို မြင်တော့ ၊ သူသည် လူတိုင်းကို လျစ်လျူရှုလိုက်သည်။

လူတိုင်း၏ အကြည့်အောက်တွင် စူးချန်ကဲသည် ရှန်းချန်လျို့ဝှက်သော့ကို တံခါးသော့ထဲသို့ ထည့်လိုက်သည်။

ဘုန်း!

ကြေးဝါဗိမ္မာန် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည် ။

ကြေးဝါဗိမာန်ပေါ်တွင် ရေးထွင်းထားသော ကမ္ပည်းများနှင့် ရုပ်လုံးရုပ်ကြွများမှာ ဝင်းထိန်းသွားခဲ့ပြီး ၊ ရက်စက်ကြမ်းကြုတ်သော သားရဲကောင်များအဖြစ် ထွင်းထုထားသော ရုပ်လုံးရုပ်ကြွများမှာ အသက်ဝင်လာသည့်အတိုင်း။

ကြေးဝါဗိမာန်ပေါ်ရှိ စီးဆင်းလျက် ရှိသော မထင်မရှားသော မှော်သင်္ကေတတို့သည် တစ်လုံးပြီးတစ်လုံး ပြိုကွဲသွားခဲ့သည်။

ကျွီ ကျွီ - -

လေးလံပုံရသော ကြေးတံခါးကြီးသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

ထိုအခိုက်အတန့်မှာပင် ။

မြင့်မြတ်သော လမ်းစဉ်၏ သံစဉ်များ ပဲ့တင်ထပ်သွားလေရာ ၊ အရပ်လေးမျက်နှာရှိ ဟင်းလင်းပြင်ကြီးမှာ တုန်လှုပ်သွားခဲ့ရသည်။

ဘုန်း!

ပြိုးပြိုးပြက်ပြက် ဝင်းလက်တောက်ပနေသော အဖြူရောင် အလင်းတန်းများသည် ဒီရေကဲ့သို့ လှိုင်းထန်နေပြီး ၊ ဧရာမ ကြေးဝါ တံခါးချပ်ကြီးရဲ့ နောက်တွင် ကြီးမားကျယ်ပြန့်ပြီး ဖြူဖွေးနေသော ကမ္ဘာကြီး တစ်ခုရှိနေခဲ့သည်။

ဤမျှ ကြီးကျယ်ခမ်းနားသော ရောင်ဝါတို့သည် စူးချန်ကဲ၏ မျက်ဝန်းများကို ရွှင်လန်းတောက်ပစေသည်။

"ကြေးဝါဗိမ္မာန်ဆိုတာ ဒါလား? ငါ ကိုယ်တော်ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ် "

စူးချန်ကဲသည် နောက်သို့ လှည့်လိုက်ပြီး ကွေးယွမ် သူတော်စင် နယ်မြေရှိ တပည့်များအား မှာကြားလိုက်သည်။

"ငါက လွဲပြီး ဒီနေရာကို ဘယ်သူမှ မဝင်စေနဲ့ ၊ မင်းတို့ ဒီမှာ စောင့်ကြည့်နေ "

“ ဟုတ် ၊ ဆက်ခံသူ သခင်ရဲ့ အမိန့်ကို နာခံပါ့မယ် "

ကွေးယွမ် သူတော်စင် နယ်မြေ ၏ တပည့်များအားလုံး မည်သည့် ကန့်ကွက်မှုမှ မရှိဘဲ ၊ စူးချန်ကဲအား ခြွင်းချက်မရှိ ယုံကြည်ခဲ့ကြသည်။

ကြေးဝါဗိမ္မာန်ထဲသို့ ခြေစုံပစ်ဝင်သွားသော ဝတ်ရုံဖြူ ပုံရိပ်လွှာကို ငေးကြည့်ရင်း ၊

သူတို့၏ မျက်ဝန်းထဲ၌ မြတ်နိုးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ဓားတစ်လက်ဖြင့် သူတော်စင်အရှင် တပ်ဖွဲ့ကြီးကို တစ်ယောက်တည်း ဖျက်ဆီးပစ်ခဲ့သည်။

နောက်ဆုံးတွင် သူသည် အံ့ဖွယ်အရာ တစ်ခုဖြစ်သည့် ကြေးဝါဗိမ္မာန်ကို ဆင့်ခေါ်ကာ ဖွင့်လှစ်ပြခဲ့သည်။

မှန်၏ ။ထိုအနှီပုဂ္ဂိုလ်၏ ဒဏ္ဍာရီမှာ ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။

၎င်းသည် သာလွန်သော ဒဏ္ဍာရီများကို ပို၍ ဖန်တီးပြသသွားလိမ့်မည်ပင်။

...

ကြေးဝါဗိမ္မာန်၏ အတွင်း၌ ၊

မြူများ အုံ့ဆိုင်းလျက် ဤနေရာတစ်ခုလုံး ဖြူဖွေးလို့နေသည်။

ဤကမ္ဘာကြီး၏ မြေပြင်ပေါ်တွင် ထူးဆန်သော ခံစားချက်ကို ရရှိနေသည်။

ခြေတစ်လှမ်းလှမ်းလိုက်တိုင်း၊ ၎င်းမှ ထုတ်လွှတ်ပေးသော ကြိမ်နှုန်းသည် ဤနေရာထဲက နိယာမတရား၏ စွမ်းအားဖြင့် ပဲ့တင်ထပ်သွားခဲ့ပုံ ရသည်။

ထို့အပြင် ဤကမ္ဘာကြီးတစ်ခုလုံး အလွန်ထူးဆန်းနေသည်။

အဖြူရောင် မြူတွေကြားထဲ ကျိုးပဲ့နေသော ရုပ်ပွားတော်တို့၏ အကြွင်းအကျန်များလည်း ရှိနေသည်။

ပြိုကျနေသော ဘုရားကျောင်း အပြင် ၊

အမည်မသိ အရိုးခြောက်များလည်း ရှိနေသေးသည်။

စူးချန်ကဲသည် ဆက်လျှောက်လာခဲ့ရာ ၊ သူ့ခြေထောက်အောက်က အဖြူထုကြီးသည် ဘယ်အချိန်ကမှန်း မသိ ခြေနင်းကျောက်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

စူးချန်ကဲသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်ပြီး ၊ ရှေ့မျက်နှာရှိ လှေကားထိပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

ချောမောလှပသော အသွင်ပုံရိပ်တစ်ခုသည် ထိုနေရာတွင် ရပ်နေခဲ့သည်။

အပြာနုရောင် ပိတ်စကတ်နှင့် အဖြူရောင်ပိတ်စတစ်ထည်ကို ၀တ်ဆင်ထားသည်။

ထိုနေရာ၌ ရပ်နေရုံမျှဖြင့် ၊ တစ်လှမ်းခြင်း လျှောက်လှမ်းလာသော သူမ၏ အသွင်အပြင်သည် ဧကရီဘုရင်မတစ်ပါး၏ ရောင်ဝါကို ထုတ်လွှတ်ပေးလျက် ရှိသည်။

ထိုအနှီမိန်းကလေးကို စူးချန်ကဲ ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်မှာတော့ သူ၏ မျက်ဝန်းများမှာ အနည်းငယ် ကြုတ်သွားခဲ့သည်။ ထိုအနှီမိန်းကလေးကို သူ သိသည်။

" မော့ရန်ရှီး "

ဟွားချန်ကူ၏ ဧကရီဘုရင်မ ၊ ဟွားချန်ယွဲ့ ။

သို့သော် ယခုအချိန်တွင် သူမသည် စူးချန်ကဲအပေါ် အာရုံမရှိသလိုပင်။

သူမသည် တိုးတိုးလေး ရေရွတ်နေလေ၏။

"အရာအားလုံးရဲ့ မူလအရင်းအမြစ်ကို ဖျက်စီးပစ်နိုင်သမျှ ၊ ငါ မုပိုင်ကိုကို ကို ကောင်းကောင်းကြီး ကာကွယ်နိုင်ပြီ ..."

သူမသည် စကားပြောနေစဉ်မှာပဲ ၊ သူမ၏ လက်ဖဝါးထဲ၌ အဖြုရောင်မီးလျှံများကို ဖွဲ့စည်းလိုက်သည်နှင့် ဧကရာဇ် ဖိနှိပ်စွမ်းအားတို့သည် ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ဤသည်မှာ အားကောင်းသော ကောင်းကင် လောင်ကျွမ်းခြင်း နတ်ဆိုးမီးတောက်၏ ပြန်လည် မွေးဖွားခြင်း မီးတောက်ပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင်မူ ၊မော့ရန်ရှီးသည် စိတ်ရှုပ်ထွေးနေပုံရသော စူးချန်ကဲကို လှည့်ကြည့်လာခဲ့သည်။

" မုပိုင် ကိုကို ..."

" ကျွန်မ ရှင့်ကို သေချာပေါက် ကယ်တင်မယ်"

စကားဆုံးသည်နှင့် ၊ မော့ရန်ရှီးသည် သူမ၏ ပြန်လည် မွေးဖွားခြင်း မီးတောက်ကို အရှိန်ထည့်လိုက်ပြီး သူမနောက်က စည်းမျဉ်းဥပဒေသ တံခါးကို ဖျက်စီးပစ်လိုက်သည်။

ဘုန်း!

အဖြူရောင်မီးလျှံများ တဟုန်းဟုန်း တောက်လောင်လာခဲ့ပြီး တမူ ထူးခြားသော စည်းမျဉ်းဥပဒေသ တံခါးမှာ ပျက်စီးသွားခဲ့ရသည်။

ထို့နောက် မော့ရန်ရှီးသည် ဦိးစွာ အထဲသို့ ဝင်သွားခဲ့လေသည်။

အပိုင်း(၁၇၉): အလောင်းသုံးကောင် သတ်၍ သူတော်စင် ကျင့်ကြံနည်း ရှေးကျင့်စဉ် ၊ အမတ ပျက်သုန်းခေတ်

နေရာတွင် ရပ်ကြည့်နေခဲ့သော စူးချန်ကဲအနေဖြင့် ဇဝေဇဝါဖြစ်သွားသည်။

ဤအခြေအနေတစ်ခုလုံးကို နားမလည်နိုင်ဘဲ ဖြစ်နေသည်။

" မုပိုင် ကိုကို..."

" မော့ချန်းယွဲ့ ? မော့ရန်ရှီး ?"

ယင်းက စူးချန်ကဲကို စိတ်ရှုပ်သွားစေသည်။

ဤလူနှစ်ယောက်သည် အချိန်နှင့် နေရာ မတူညီသော နယ်ပယ်တစ်ခုစီက လူများ ဖြစ်ကြသော်လည်း ၊ အဘယ့်ကြောင့် ဤကဲ့သို့သော စကားမျိုး ပြောခဲ့ရသနည်း။

သူ့ကို ကယ်တင်ဖို့ ဆိုသည်မှာ မည်သို့သောအဓိပ္ပာယ်နည်း။

ထို့အပြင် စူးချန်ကဲအား အလွန် ထိတ်လန့်စေခဲ့သည့် နောက်ထပ် အချက်တစ်ခု ရှိသေးသည်။

ယင်းမှာ ကြေးဝါဗိမ္မာန်ကို ရှန်းချန်လျို့ဝှက်သော့ဖြင့်သာ ဖွင့်နိုင်သည် ။သို့သော် မော့ရန်ရှီးသည် အဘယ့်ကြောင့် ဝင်လာနိုင်သနည်း။

ကြေးဝါဗိမ္မာန်တွင် ကြီးမားသော အကြောင်းတရားနှင့် အကျိုးသက်ရောက်မှုများ ရှိပေသည် ။ထို့အပြင် မော့ရန်ရှီး၏ ပုံစံအရ သူမသည် သူ့ကို ဤနေရာတွင် စောင့်ဆိုင်းနေခဲ့ပုံရသည်။

" ကြည့်ရတာ သူမကို ရှာပြီး ရှင်းရှင်းလင်းလင်း မေးရမယ့်ပုံပဲ "

စူးချန်ကဲသည် လှေကားအဆုံးရှိ တာအို (လမ်းစဉ် စည်းမျဉ်းဥပဒေသ )တံခါးဆီသို့ ချဉ်းကပ်ခဲ့ပြီးနောက်တွင် ၊ ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ဤခံစားချက်သည် ထျန်းဟယ် နယ်မြေတွင် တွေ့ခဲ့ရသော ဧကရာဇ်မင်း၏ သင်္ချိုင်းကဲ့သို့ ဝိညာဉ်စွမ်းအားများကြား ဖုံးကွယ်ထားသော အမှောင်ထု၏ အငွေ့အသက်မျိုး ရှိနေခြင်းပင်ဖြစ်သည်။

သို့သော် စူးချန်ကဲ၏ သူတော်စင် ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သော ရောင်ဝါတို့သည် ၎င်းတို့ကို ပြန်လည်တုံ့ပြန်ခဲ့ပြီး ၊ သူ့အား မည်သည့်ထိခိုက်မှုမျိုးမှ မရှိခဲ့ပေ။

"ကြေးဝါဗိမ္မာန်ကို တိုက်မြေ သုံးထောင်ရဲ့ အံ့ဖွယ်ရာလို့ ခေါ်တယ်မဟုတ်လား"

"ဘာလို့ အ​မှောင်​ထု​​ရှိနေတာလဲ"

စူးချန်ကဲတစ်ယောက် နားမလည်နိုင်စွာဖြင့် အထဲသို့ ဝင်ရောက်လာခဲ့သည်။

သို့‌သော် ရှေ့မြင်ကွင်းက စူးချန်ကဲကိုတောင် အနည်းငယ် မျက်မှောင်ကြုတ်သွားစေခဲ့သည်။

ကြေးဝါဗိမ္မာန်၏ နံရံများထက် ကျောက်စိမ်းကဲ့သို့ စိမ်းဖန့်နေသော အရိုးများစွာဖြင့် ပြည့်နှက်နေလေ၏။

၎င်းတို့အပေါ်တွင် တာအိုသံစဉ် ရေးရေးလေး ထွက်ပေါ်နေပြီး ၊ ဆိုလိုသည်မှာ ၎င်းတို့အားလုံးသည် ထူးခြားသော ဇာတ်မြစ်ရှိသည့် ထိပ်တန်း စွမ်းအားရှင်များပင် ဖြစ်သည်။

နှစ်များကြာလာသည်နှင့် သွေးများ စွန်းထင်နေသည့် နေရာ၌ အနက်ရောင် သွေးစက်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သော်လည်း နတ်ဘုရားစွမ်းအားများ ရေးရေးလေး ရှိနေခဲ့သည်။

ကြည့်ရသည်မှာ စစ်ပွဲကြီးတစ်ခု ဖြစ်ခဲ့ပြီးနောက် အပျက်အစီးများအဖြစ်သို့ ပြိုကျပျက်စီးခဲ့ပုံရသည်။

သို့သော် သူ့ရှေ့တွင် ဘယ်ကိုဦးတည်နေမှန်း မသိနိုင်သည့် အဆုံးမဲ့ အမှောင်ထုကြီး တစ်ခု ရှိနေခဲ့သည်။

အချိန်ကာလ၏ ဆွေးမြေ့နေသော ရနံ့သည် လူကို ဖျားယူစေနိုင်သည်။

သို့သော် ထိုအခိုက်အတန့်တွင် ကလစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊

တဖန် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

စူးချန်ကဲသည် သတိဖြင့် သူ့မျက်စိရှေ့က အမှောင်ထုကြီးကို ဂရုတစိုက် ကြည့်လိုက်သည်။

ဆေစ့် !

ထိုအချိန် အနီရောင် တစ္စေမီး‌တောက်တစ်ခု ရုတ်တရက် လင်းလာခဲ့သည်။

"နောက်ပိုင်း မျိုးဆက်ဖြစ်တဲ့ ပုရွက်ဆိတ်တွေလား? ငါ့ရဲ့ ကြေးဝါဗိမ္မာန်ကို လာထိရဲတယ်ပေါ့!?"

တုနှိုင်းမရသော အေးစက်မှုများကို ဆောင်ကြဉ်းထားသော အသံတစ်ခုသည် ရှေ့က အမှောင်ထုကြီးဆီမှ ထွက်ပေါ်လာခဲ့သည်။

ဒုန်း! ဒုန်း! ဒုန်း!

လေးလံသော အရာဝတ္တု တစ်ခုသည် မြေပြင်ပေါ်သို့ ဆောင့်နင်းသွားသော အသံလိုမျိုး ဆိတ်ငြိမ်နေခဲ့သော ဤနေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

မျိုးဆက်သစ် လူငယ်များ အနေဖြင့် ဤကဲ့သို့သော ဖိနှိပ်မှုမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရပါက ၊ ချွေးပြန်နေကြမည် ဖြစ်သည်။

သို့သော် စူးချန်ကဲသည် အနည်းငယ်မျှသာ မျက်မှောင်ကြုတ်သွားခဲ့ပြီး မည်သည့်ခံစားချက်မျိုးကိုမှ ထုတ်ဖော်ပြသခြင်း မရှိခဲ့ပေ။

ရှေးခေတ် အဝတ်အစားကို ၀တ်ဆင်ထားသည့် လူအရိုးစုကြီးသည် အမှောင်ထဲကနေ ဖြည်းညှင်းစွာ ထွက်လာသည်ကို သူ တွေ့လိုက်ရသည်။

ဟောင်းလောင်းဖြစ်နေသော မျက်ခွံထဲ၌ ပူ‌ပြင်းတောင်လောင်နေသော တစ္စေမီးတောက် တစ်ခု ရှိနေသည်။

သူ၏ ခေါင်းထက်၌ သရဖူတစ်ခု ရှိပြီး ၊ ရွှေခရမ်း ဝတ်လုံတော်ကို ဝတ်ဆင်ထားသည်။ အထူးသဖြင့် ဝတ်လုံပေါ်တွင် ရေးထိုးထားသော ရှေးကမ္ပည်းစာများသည် ၎င်း၏ ဘုန်းအာနုဘော်ကို တိုးမြင့်သွားစေသည်။

တစ္စေမီးတောက် မျက်လုံးများသည် စူးချန်ကဲကို တည့်တည့်စိုက်ကြည့်နေပြီး ၊ သူ့တစ်ကိုယ်လုံးအား ထူးဆန်းသော စွမ်းအားများက ရစ်ပတ်ထားသည်။

စူးချန်ကဲသည် ထိုပုံရိပ်ပေါ်၌ သွေးနီရောင် အမွှေးအမျှင်များ ရှိသည်ကို တွေ့လိုက်ရသည်။

ရန်သူကို ဟန့်တားလိုသည့် ထိုမျက်လုံးထဲ၌ လှိုင်းများ ထနေပြီး ၊ အလွန်လေးနက်နေသည်။

"ဒီရောင်ဝါနဲ့ ဒီပုံစံကို ကြည့်ရတာ ၊ မဟုတ်မှလွဲရော အလောင်းသုံးကောင် သတ်၍ သူတော်စင် ကျင့်ကြံနည်း ရှေးကျင့်စဉ်ထဲကဟာလား?"

T/N - စာရေးဆရာ မရှင်းခင် ၊ အရင်ရှင်းပြပေးမယ် ၊ ကျွန်မလည်း အမတ ဖြစ်လိုဖြစ်ညားပေါ့။

ဒါက တောက် (တာအို)ကျင့်ကြံသူတွေက သူတော်စင် တစ်ပါး ဖြစ်နိုင်ဖို့ အလောင်းသုံးကောင်ကို သတ်ရပါတယ် ၊ အလောင်းသုံးကောင်ကို အင်းဆက်သုံးကောင်လို့လည်း ခေါ်ကြတယ် ၊ အဲ့အင်းဆက်သုံးကောင်က လူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ " မကောင်းသော အလိုဆန္ဒ " ၊ "တစ်ကိုယ်ကောင်း စိတ်" ၊ "အစာကျူးခြင်းနှင့် လိင်‌စိတ် " ပဲ ဖြစ်ပါတယ် ၊ ဒါမှတဆင့် အပေါ် ပိုးကောင် (သုံးမျိုးပါ) ၊အလယ် ပိုးကောင်(သုံးမျိုး) ၊ အောက် ပိုးကောင်(သုံးမျိုး) ဆိုပြီး ထပ်ခွဲရတယ် ၊ ကျင့်ကြံသူတွေအနေနဲ့ အမတ ဖြစ်ချင်ရင် ဒီပိုးကောင်ကိုးမျိုးကို သတ်နိုင်မှသာလျှင် အမတ အဖြစ် တတ်လှမ်းနိုင်မှာ ဖြစ်ပါတယ် (ရှာ‌ဖွေမိသလောက်ပါ ) စူးချန်ကဲ စာရေးဆရာရဲ့ အရေးအသားနဲ့ တော့ မတူနိုင်ပါဘူး ]

ရွှေခေတ်မထွန်းကားမီက ၊ တိုက်မြေ သုံးထောင်၏ ဝိညာဉ်စွမ်းအင်သည် အလွန်ပါးလွှာခဲ့သောကြောင့် တရားဓမ္မ၏ အဆုံးသတ်ခေတ်အဖြစ် ခေါ်တွင်ခဲ့ကြသည်။

သို့သော် ရွှေခေတ်မတိုင်မီ ၊ မရေမတွက်နိုင်သော ခေတ်ကာလများကတည်းက တိုက်မြေ သုံးထောင်နှင့် အမတ ကမ္ဘာတို့၏ လမ်းစဉ်တို့မှာ အဆက်ပြတ်သွားခြင်း မရှိခဲ့ပေ။

တိုက်မြေ သုံးထောင်၏ ထူးချွန်သူများသည် အလောင်းသုံးကောင်ကို သတ်၍ သူတော်စင် အရှင် အဖြစ် ကျင့်ကြံနိုင်သည့် ဤလျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုခဲ့ကြသည်။

ထိုလျှို့ဝှက်ကျင့်စဉ်သည် ယခုခေတ်နှင့် လုံးဝကွဲပြားသည် ဟု ဆိုရပေမည်။ယခု ခေတ်တွင်မူ ကျင့်ကြံသူတို့သည် ကောင်းကင်ဘုံ၏ မိုးကြိုးကပ်ဘေးကို တွေ့ကြုံခံစားရန် လိုအပ်ပြီး မိမိကိုယ်တိုင် လမ်းစဉ်ကို ဖောက်လှမ်းရမည် ဖြစ်သည်။

နောက်ဆုံးတွင်၊ ဝိညာဉ်စွမ်းအင်တို့သည် သူတော်စင် စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီး၊ ထို့နောက်တွင်မူ သူတော်စင် လမ်းစဉ်၏ အသီးအပွင့်များကို ခံစားရမည် ဖြစ်သည်။

သို့သော် သူတော်စင် အရှင် အဖြစ် ကျင့်ကြံနိုင်သော အလောင်းသုံးကောင် သတ်မည့် ကျင့်စဉ်သည် လုံးဝကို ကွဲပြားပေသည်။

အလောင်းသုံးကောင် ဟူသည်မှာ ကြင်နာမှု အလောင်းကောင် ၊ ရက်စက်ကြမ်းကြုတ်မှု အလောင်းကောင် နှင့် ဉာဏ်ပညာ အလောင်းကောင် တို့ပင် ဖြစ်သည်။

သို့သော် ထိုအလောင်း သုံးကောင်သည် အင်းဆက်သုံးကောင်အဖြစ် အသွင်ပြောင်းနိုင်သည် ဟု ရှေးစာအုပ်ထဲ၌ မှတ်တမ်းတင်ထားသည်။

ဖုန်းဟုန့် ဟု အမည်ရှိသည့် အပေါ် အလောင်းကောင်သည် လူ၏ ဦးခေါင်းအတွင်းတွင် ရှိပြီး ၊ လူကို ဉာဏ်ပညာကင်းမဲ့စေသည်။

ဖုန်းကျီ ဟု အမည်ရှိသည့် အလယ် အလောင်းကောင်သည် လူ၏ ရင်ဘတ်တွင် ရှိပြီး ၊ လူကို စိုးရိမ်ပူပန်စေပြီး ကယောင်ကတမ်း အတွေးများကို ဖြစ်စေကာ မငြိမ်းချမ်းအောင် ပြုလုပ်သည်။

ဖုန်းကျောင် ဟု အမည်ရှိသည့် အောက် အလောင်းကောင်မှာ လူ၏ဝမ်းထဲတွင် ရှိပြီး ၊ လူကို အစားကျူးစေကာ လိင်ဆန္ဒကို ဖြစ်ပေါ်စေသည်။

နောက်ပိုင်းတွင် အလောင်းသုံးကောင်ကို သတ်နိုင်သည့် သူသည် ချက်ချင်းလက်ငင်း ရွှေအမတ ဖြစ်နိုင်သည် ဟု ဆိုရိုးစကားအဖြစ် ခေတ်အဆက်ဆက် ဆင်းသက်လာခဲ့သည်။

စူးချန်ကဲ ထိုအကြောင်းအရာနှင့် ပတ်သတ်၍ ကောင်းကောင်းနားလည်နေရခြင်းမှာ အမတလမ်းစဉ်နှင့် ပတ်သတ်သော အချက်အလက်များကို စုဆောင်းနေသောကြောင့်ပင် ဖြစ်သည်။

ယခုတွေ့ရသည့် ဤအရိုးစု အလောင်းကောင်သည် အလောင်းသုံးကောင်ထဲက ရက်စက်ကြမ်းကြုတ်မှု အလောင်းကောင် ဖြစ်နိုင်သည်။

" အမတ ကမ္ဘာနဲ့ တိုက်မြေ သုံးထောင်တို့ ဆက်နွယ်မှု ရှိစဉ် ခေတ်ကာလတုန်းက သူတော်စင်အရှင် များလား"

စူးချန်ကဲ အတွေးချဲ့နေစဉ် ၊

ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်သည် စူးချန်ကဲ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

သူ၏ အရိုးစု လက်ဖဝါးကို မြှောက်တင်လျက် စူးချန်ကဲကို ထိုးနှက်လာခဲ့သည်။

တုနှိုင်းမရသော အမှောင်ထု၏ စွမ်းအားများ ပါဝင်နေပြီး ၊ ဤနေရာတစ်လုံး၏ အပူချိန်များမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။

ဝုန်း!

စူးချန်ကဲသည်လည်း ရန်သူ၏ တိုက်ခိုက်မှုကို လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။တဖက်လူမှ တိုက်ခိုက်မှု မလာသေးခင် အခိုက်အတန့်မှာပဲ သူသည် သူ၏ မှော်စွမ်းအားများကို အစွမ်းကုန် စုစည်းလိုက်သည်။

ကြီးကျယ်ခမ်းနားသော ရောင်ဝါများ တဟုန်းဟုန်း တောက်လောက်ကာ ၊ ကြီးမားကျယ်ပြန့်သော မှော်စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။

စူးချန်ကဲသည် မဟာသူတော်စင်အရှင် နယ်ပယ်အဆင့်ကို ဝင်ရောက်လာခဲ့ပြီးနောက်တွင် ၊ သူ၏ ခန္ဓာကိုယ်ထဲက လုံရှန့်ဖိနှိပ်စွမ်းအားအမှုန်တို့သည် မူလ သန်းသုံးဆယ်မှ သန်းသုံးရာအထိ တိုးပွားလာခဲ့သည်။

သူ့ခန္ဓာကိုယ်ရှိ ကမ္ဘာ့သစ်ပင်ကြီးသည် ပို၍ ရင့်သန်လာပြီး ၊ အရွက်များက ကမ္ဘာသုံးထောင်ကို ထက်ဝက် ပံ့ပိုးထားနိုင်ခဲ့ပြီ ဖြစ်သည်။

T/N - ဒီရဲ့ ကမ္ဘာသုံးထောင်ကို ခြေဆန့်နိုင်မယ့် ကျင့်ကြံနယ်ပယ်အဖြစ် မှတ်ယူထားဖို့ လိုပါလိမ့်မယ် ၊ လမ်းစဉ်က သုံးထောင်တောင် ရှိတာကိုး။

လုံရှန့်ကောင်းကင်ကို ဖြိုခွဲခြင်း လက်သီးသိုင်း၏ စွမ်းအားသည် အလွန် ပြင်းထန်ပေရာ၊

ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ဖြစ်ပေါ်ခဲ့ရပြီး ၊ အလွှာလိုက် ပြိုကျပျက်စီးခဲ့ရသည်။

ဘုန်း!

ရှေးဟောင်းစွမ်းအား နှင့် လက်ရှိ စွမ်းအားတို့ ထိပ်တိုက် ဆုံတွေ့လေရာ ၊

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ၊ ကြေးဝါဗိမ္မာန်၏ မှော်သင်္ကေတများပင် တုန်ခါခဲ့ရသည်။

ဒိုင်း! !

စူးချန်ကဲ၏ လက်သီးချက်ကြောင့် ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်မှာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ဆောင့်ကျကာ ဖုန်များ ထူထပ်သွားသည်။

သို့သော် ထိုကဲ့သို့ ပြင်းထန်သော စွမ်းအားသည်ပင် သူ့အပေါ် လုံးဝ သက်ရောက်မှု မရှိခဲ့သလိုပင်။

" အလောင်းသုံးကောင် သတ်၍ သူတော်စင် ကျင့်ကြံနည်း ကျင့်စဉ်နဲ့ သူတော်စင်အရှင် ဖြစ်လာတာတော့ မဟုတ်နိုင်ဘူး ၊ ဒါပေမဲ့ အမတပျက်သုန်းခေတ်ရဲ့ ပိုးကောင်တစ်ကောင်က ဘယ်လိုဖြစ်ပြီး ပြီးပြည့်စုံတဲ့ သူတော်စင်အရှင် ဖြစ်နိုင်ရတာလဲ?"

ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်က ညည်းညူလိုက်သည်။

သူ လာခဲ့သည့် ခေတ်ကာလမှာ အလွန်ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။အလောင်းသုံးကောင် သတ်၍ သူတော်စင် ကျင့်ကြံနည်း ကျင့်စဉ်မှာ သူတော်စင်တို့၏ အမြင့်‌‌ဆုံးကျင့်စဉ်ပင် ဖြစ်သည်။

သူ၏ စွမ်းအားအများစုသည် အဆုံးမရှိသော နှစ်ကာလအပိုင်းအခြားတွင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း၊ သို့သော် သူသည် ထိပ်တန်း သူတော်စင် နယ်ပယ်အဆင့်၌ ရှိနေဆဲပင် ဖြစ်သည်။

သူ့လို အမတခေတ်၏ သူတော်စင် အရှင် ပုဂ္ဂိုလ်တစ်ဦးကို နောင်လာနောင်သား ဖြစ်သည့် အမတပျက်သုန်းခေတ်မှ သူတော်စင်အရှင် တစ်ဦးက မည်သို့ အနိုင်ယူနိုင်မည်နည်း။

သူ့ပါးစပ်ထဲက အမတပျက်သုန်းခေတ်သည် တိုက်မြေ သုံးထောင်မှ သတ်မှတ်ထားသော ရွှေခေတ် ကို ဆိုလိုခြင်း ဖြစ်သည်။

သူ့အမြင်မှာတော့ ၊ ထိုကဲ့သို့ ကြီးပွားတိုးတက်နေသည့် ခေတ်သည် ဆုတ်ယုတ်နေသော ခေတ်ကာလ တစ်ခုပင် ဖြစ်သည်။

" အမတ ပျက်သုန်းခေတ်?"

စူးချန်ကဲ ထိုစကားကို ကြားတော့ အနည်းငယ် ထိတ်လန့်သွားသည်။

ပါရမီရှင်များစွာ ပေါ်ထွက်လာသော ဤရွှေခေတ်သည် တရားဓမ္မ၏ အဆုံးသတ်ခေတ်နှင့် တူလေသလား။

"ဒါပေမယ့် ငါတို့ ကာကွယ်ပေးထားတဲ့ ဒီဗိမ္မာန်ကို ဒီလို အင်းဆက်ကောင်တွေ ညစ်ညမ်းအောင်လုပ်မှာကို လက်ခံစရာလား?"

ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်က ဟိန်းဟောက်လိုက်သည်။

သူ၏ လက်ဖဝါးထဲတွင် အနက်ရောင်စွမ်းအင်များ စုစည်းလိုက်ရာ ၊ ခွင်းလွင် ဗိမ္မာန်တစ်ခုလုံး၏ နံရံများသည် ပြင်းထန်စွာ တုန်ခါသွားလေသည်။

၎င်း၏ မျက်လုံးထဲက အနီရောင်မီးလျှံများမှာ တဟုန်းထိုး လျှံတက်လာသည်နှင့်အမျှ ကြီးမားလှသော လက်ရိပ်ကြီးသည် စူးချန်ကဲပေါ်သို့ ကျရောက်လာသည်။

ဤစွမ်းအားသည် တကယ်ကို ကြောက်စရာကောင်းပေသည်။

မှော်သင်္ကေတများအားလုံး ပျက်သုဉ်းသွားပုံရပြီး ၊ အာကာသ အလွှာတို့မှာ အလွယ်တကူ ‌ဆုတ်ဖြဲခံလိုက်ရသည်။

အကယ်၍ ဤရက်စက်ကြမ်းကြုတ်သော အလောင်းကောင် သူတော်စင်အရှင်တွင် အထွတ်အထိပ် စွမ်းအားများ ရှိနေသေးပါက ၊ ဤတိုက်ခိုက်မှု တစ်ခုတည်းက ပြင်ပကမ္ဘာရှိ တန်ခိုးကြီးမားသော သူတော်စင်အရှင် အားလုံးကို သုတ်သင်နိုင်ပေလိမ့်မည်။

"လာလိုက်စမ်းပါ!"

သို့သော် စူးချန်ကဲ မကြောက်ပေ။သူသည် ကြေးဝါဗိမ္မာန်ကို ခက်ခက်ခဲခဲ ရှာဖွေရင်း နောက်ဆုံးမှာမှ ‌တွေ့ရှိခဲ့ရသည်။

ဒီလိုအရိုက်ခံပြီး နောက်ဆုတ်ပေးရမှာလား!?

သေတောင် မဖြစ်နိုင်ဘူး!

ဘုန်း!

လုံးဝကွဲပြားခြားနားသော ရောင်ဝါ နှစ်စင်း ကျယ်လောင်စွာ ပေါက်ကွဲသွားလေသည်။

တဟုန်းထိုး မြင့်တတ်လာသော သူတော်စင် စွမ်းအင်များသည် ကောင်းကင်နှင့် မြေကြီး၏ နိယာမများကို ကွဲအက်သွားစေခဲ့သည်။

အဖြူ နှင့် အနီ အလင်းတို့သည် ‌ရှေးဟောင်း ကမ္ဘာကြီး နှစ်ခု ပြင်းထန်စွာ ဝင်တိုက်ကြသလိုပင်။

အဖြူနှင့်အနီ အလင်းတန်းများကြားထဲ၌ သူတို့ နှစ်ယောက်လုံး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။

လက်သီးနှင့် လက်သည်းများကြားက ထိပ်တိုက် ရင်ဆိုင်မှုကြီးသည် တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းသော လှိုင်းဂယက်များကို ဖန်တီးပေးလို့နေသည်။

အပိုင်း(၁၈၀): သူတော်စင်အရှင် အလောင်းကောင် သုံးပါးထဲက ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်?

ဘုန်း !

ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်မှ ထိန်းချုပ်ထားသော သူတော်စင်စွမ်းအင်တို့သည် အလွန်ထူးဆန်းပေသည် ။သူ့လက်ကို မြှောက်တင်လိုက်သည်နှင့် ကြီးစွာ‌သော အမှောင်ထု၏ အငွေ့အသက်များ ထွက်ပေါ်လာသည်။

စူးချန်ကဲ၏ မျက်လုံးများမှာ ယင်းအရာကို လုံးဝ ဂရုမစိုက်သလိုပင်။

သူသည်လည်း လက်ကိုမြှောက်တင်လျက် သူ၏ လက်ဝါးကို ထုတ်သုံးခဲ့လေသည်။

မှော်စွမ်းအားလှိုင်းများသည် ရွှေလက်ဝါးပြင် အသွင်ပုံစံအဖြစ် ပြောင်းလဲဖြစ်တည်ကာ ဖိနှိပ်စွမ်းအားများနှင့်အတူ ထိုးနှက်လိုက်သည်။

ဝုန်း!!

ကြီးမားသော စွမ်းအင်လှိုင်းတံပိုးများသည် ကြေးဝါဗိမ္မာန် တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။

သို့သော် အခိုးအငွေ့များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ ၊ ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်မှာ ခေါင်းကို ခါယမ်းရုံမျှသာ လုံးဝ ထိခိုက်မှုမရှိခဲ့ပေ။ သူ၏ မျက်လုံးထဲက သွေးမီးတောက်သည် ပို၍ ‌ဆိုးဝါးလာခဲ့သည်။

တဖန် သူ၏ သွေးထွက်နေသော လက်သည်းများကို ဝှေ့ယမ်းလိုက်ပြီး စူးချန်ကဲအား ထပ်မံ တိုက်ခိုက်ပြန်သည်။

" ခေါင်းကြီးရမယ့်ကိန်း စိုက်ပြီ "

စူးချန်ကဲတစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဤ ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်သည် သူ တွေ့ဖူးသမျှထဲက အခက်ခဲဆုံးပင် ဖြစ်သည်။

ထိုအလောင်း‌ကောင်တွင် မည်သို့သော လေ့ကျင့်မှု အတွေ့အကြုံများ ရှိသည်ကို မသိနိုင်သော်လည်း ၊ သူသည်လည်း သူ၏ လက်ဖဝါးတချက်တည်းဖြင့် ယနေ့ခေတ် မျိုးဆက်သစ် မည်သူကိုမဆို သတ်ပစ်နိုင်သည်။

သို့သော် ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်သည် သူနှင့် အပြန်ပြန် အလှန်လှန် တိုက်ခိုက်နိုင်ခဲ့သည်။

" ကြည့်ရတာ ဖျက်ဆီးခြင်း နတ်ဘုရားအလင်း တစ်ခုတည်းပဲ ကျန်တော့တယ် "

စူးချန်ကဲသည် စိတ်ထဲတွင် ညည်းညူလိုက်ပြီး ၊ သူ့ခန္ဓာကိုယ်တွင်းရှိ အသွေးအသားများကို စုစည်းလိုက်သည်။

ထိုစဉ် သူ့နားထဲ၌ ငြီးတွားသံတစ်ခု ထွက်ပေါ်လာသည်။

"သူက ကြေးဝါဗိမ္မာန်နဲ့ တစ်ထပ်တည်း ကျနေပြီးပြီ ! "

"ကျွန်မဆီ မြန်မြန်လာခဲ့!"

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် စူးချန်ကဲ ပို၍ ထိတ်လန့်သွားသည်။

ဒါက ကြေးဝါဗိမ္မာန် မဟုတ်ဘူးလား?

တိုက်မြေ သုံးထောင်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အံ့ဖွယ်ခြောက်ပါးထဲက တစ်ခုလေ!

မော့ရန်ရှီးကရော ဘာလို့ အရင်ရောက်နေတာတုန်း ၊ ဒီအသံကရော ဘယ်ကထွက်လာတာတုန်း?

စူးချန်ကဲဘက်မှ တုံ့ပြန်မလာသည်ကို တွေ့သည်နှင့် ၊

ထိုအသံသည် ပို၍ အလောတကြီး ဖြစ်လာသည်။

" ကျွန်မဆီ မြန်မြန်လာ၊ မဟုတ်ရင် ရှင် သေလိမ့်မယ်!"

"လာပြန်ပြီ ! မင်း ငါ့ရဲ့ ကိစ္စတွေကို ဖျက်ဆီးနေပြန်ပြီလား !"

ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင် မှ ဒုတိယအကြိမ် တိုက်ခိုက်လာခဲ့သည်။

ယခုတစ်ကြိမ်မှာတော့ ၎င်း၏ တိုက်ခိုက်မှုသည် အရင်အကြိမ်တွေထက် ပို၍ ပြင်းထန်လာခဲ့သည်။

ယခင်က သုံးခဲ့သော ခွန်အားများထက်ကို သာလွန်ပေသည်။

စူးချန်ကဲ သတိလက်မလွတ်ဝံ့ပေ။ သူ၏ လက်ဖဝါးထဲက စွမ်းအားဖြင့် ရိုက်ထုတ်လိုက်သည်။

ဘုန်း!

အမှောင်ထုကြီးသည် တဟုန်းထိုး တတ်လာခဲ့ပြီး သူ၏ တိုက်ခိုက်မှုကို ဖြိုခွင်းပစ်လိုက်သည်။

စူးချန်ကဲသည် ဤအခြေအနေကို အခွင့်ကောင်းယူကာ ဆုတ်ခွာလိုက်သည်။

အဘယ့်ကြောင့်ဆိုသော် ထူးဆန်းသော ကိစ္စတစ်ခုကို သူ သတိပြုမိသောကြောင့်ပင်။

ဤရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်သည် အချိန်ကာလ ကြာရှည်မှု၏ ဆေးကြောခြင်းကို ခံခဲ့ရသည် ဖြစ်၍ သူ၏ ခွန်အားသည် အလွန် နည်းပါးသွားသင့်သည် မဟုတ်လော။

သို့သော် ပြိုင်ဘက်၏ ခွန်အားသည် အဘယ့်ကြောင့် ပို၍ အားကောင်းလာသည်ဟု သူ ခံစားမိနေသနည်း။

"မြန်မြန်လာ၊ ဒီကိုလာ!"

ထိုစဉ် စိုးရိမ်ပူပန်နေပုံရသော အသံမှာ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။

ဤတစ်ကြိမ်တွင် စူးချန်ကဲ ရှင်းရှင်းလင်းလင်းကို ကြားလိုက်ရသည်။

ကြေးဝါဗိမ္မာန်၏ တံတိုင်းများပြိုကျလာပြီး မှောင်းမည်းသော အပေါက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းအသံမှာ ထိုဂူပေါက်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

" သေသင့်တဲ့ အကောင်တွေ ထွက်ပြေးဖို့တောင် မစဉ်းစားနဲ့!"

စူးချန်ကဲ၏ နောက်ကွယ်က အမှောင်စွမ်းအင်များသည် ထပ်မံ တိုက်ခိုက်လာခဲ့ပြန်သည်။ ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်သည် စူးချန်ကဲအား လွယ်လွယ်နဲ့ ပေးလွှတ်ရန် စိတ်ကူးမရှိပုံရသည်။

စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။ သူ့‌ဆီသို့ ပြေးဝင်လာသော ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်ကို တားစီးရန် သူ၏ လက်ဝါးချက်ဖြင့် တဖန် ထိုးနှက်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌ အတွေးမျိုးစုံ ဖြစ်ပေါ်နေမိသည်။

သူ့ခမျာ ကြေးဝါဗိမ္မာန်ကို ခဲရာခဲစစ် ရှာတွေ့ခဲ့ပြီးမှ ၊ ဒီလိုရှက်စရာကောင်းတဲ့ ပုံစံနဲ့ ရိုက်နှက်ခံနေရသတဲ့လား ။

စူးချန်ကဲ၏ နှလုံးသားလေးမှာ ကြေကွဲလျက်။

သူသည် အသံလားရာ ၎င်းအမှောင်ဂူထဲသို့ ဒုန်းသုတ်ကာ ပြေးဝင်လိုက်သည်။

သိပ်မကြာမီ ။

ရှေ့တစ်‌နေရာမှ ခပ်ဖျော့ဖျော့ ရောင်စဉ်များ ပေါ်ထွက်လာသည်။

ရောင်စဉ်အမျိုးမျိုး ယှက်နွယ်နေကာ ရှေးဆန်ပြီး သက်တမ်းကြာမြင့်စွာ တည်ရှိလာခဲ့သော ရောင်ဝါများလည်း ရှိသည်။

ရှေ့တွင် အလင်းဖျော့ဖျော့ ထုတ်လွှတ်ပေးလျက် ရှိသော ဝိညာဉ်ရေကန် တစ်ခု ရှိနေခဲ့ပြီး၊ ရေကန်ထဲရှိ ရေများသည် တဖျပ်ဖျပ် ထခုန်လျက် ၎င်း၏ မျက်နှာပြင်တစ်ခုလုံးကို မြူခိုးများက ဖုံးလွှမ်းထားသည်။

ထိုနေရာသို့ ရောက်လာခဲ့ပြီးနောက်တွင် ၊ သူ့ကို လိုက်ဖမ်းနေခဲ့သော ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်ကို သူ ဆက်မတွေ့ရတော့ပေ။

ဆိုးဝါးသော ထိုအမှောင်စွမ်းအားတို့သည် ဤနေရာထိ ပျံ့နှံ့မလာခဲ့ချေ။

သို့သော် ရေကန်အလယ်တွင် ကြေးသံကြိုးများဖြင့် ချည်နှောင်ထားသော အလောင်းတစ်ကောင် ရှိနေခဲ့သည်။

၎င်း၏ ဝတ်စားပုံသည် ယခင်က ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်နှင့် ဆင်တူပြီး ၊ သို့သော် ၎င်း၏ အရေပြားမှာ အလွန်ခြောက်သွေ့နေပြီး အရိုးစုကြီးအတိုင်းပင်။

ထို့အပြင် ၊ ဤအလောင်းကောင်သည် ပညာရှိ အဘိုးအိုတစ်ဦးနှင့် တူသည်။

သို့သော် ဟောင်းလောင်းဖြစ်နေသော ၎င်း၏ မျက်ခွံထဲ၌ အပြာရောင်မီးတောက်များ ရှိနေခဲ့သည်။

ထိုစဉ် အသံအက်ကွဲသံက နေရာအနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။

"ငါ မင်းကို စောင့်နေတာ ကြာပြီ ၊ ငါက သူတော်စင်အရှင် အလောင်းကောင် သုံးပါးထဲက တစ်ပါး ဖြစ်တဲ့ ကြင်နာမှု သူတော်စင် အရှင် အလောင်းကောင်ပဲ "

" ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်?"

စူးချန်ကဲ သေချာကြည့်လိုက်သည်။သူ၏ စိတ်နေသဘောထားသည် သူတော်စင်ကဲ့သို့ မြင့်မြတ်စင်ကြယ်ပြီး ၊ မျက်လုံးအိမ်ထဲက အလင်းရောင်မှာ ညဏ်ပညာရှိမှုကို ပြသနေသည်။

"ဒါဆို ခင်ဗျားက ဘာလို့ဒီမှာ ပိတ်မိနေတာလဲ"

ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်က သက်ပြင်းရှည် ချလိုက်ရင်း ဆိုလေသည်။

"ငါလည်း ဘယ်လောက်ကြာကြာ အိပ်ပျော်သွားမှန်း မသိဘူး"

" ငါ အိပ်ပျော်နေတုန်းမှာ ရုတ်တရက် အဖြူရောင်မီးလျှံ တစ်ခုက ငါ့နေရာမှာ ရှိတဲ့ ချိတ်စည်းကို ကွဲကြေစေခဲ့တယ်"

"အဖြူရောင် မီးလျှံ?"

စူးချန်ကဲ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ယင်းအရာသည် စောနက မော့ရန်ရှီး ပစ်လွှတ်လိုက်သော အဖြူရောင် မီးလျှံပင် မဟုတ်လော။

မဟုတ်မှလွဲရော ၊ သူမသည် ဤကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်ကို တမင်တကာ ကယ်တင်ရန် ပြုလုပ်ခဲ့လေသလော။

ဒါပေမဲ့ ဘာလို့လဲ?

စူးချန်ကဲ အတွေးများနေခဲ့သည်။

"ငါ့ကို ကယ်တင်မယ် ဆိုလား ၊အဲ့ကိစ္စနဲ့ ပတ်သတ်နေလို့များလား?"

သူ့စိတ်ထဲ သံသယပေါင်းများစွာဖြင့်။ ထိုရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်သည် တကယ်ကို စွမ်းအားကြီးမားသော်လည်း ၊

သို့သော် သူပိုင်ဆိုင်ထားသော သူတော်စင် ခန္ဓာကိုယ်များ၏ ရောင်ဝါများကို တစ်စုတည်း စုစည်းလိုက်မည်ဆိုပါက ၊ ရန်သူကို သေချာပေါက် သတ်နိုင်လိမ့်မည်ပင်။

ဖျက်ဆီးခြင်း နတ်ဘုရားအလင်းနှင့် မဟာနိဗ္ဗာန်န နတ်ဆိုးအလင်းတို့ ပေါင်းစပ်လိုက်ရင်ဖြင့်။

ထိုစဉ် ​ကြောက်​မက်​ဖွယ်​ရာ ကောင်းသော အကျိုးဆက်များကို သူ ရုတ်တရက် စဉ်းစားမိလိုက်သည်။

"တကယ်လို့ ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်ကို သူ သတ်လိုက်ရင် ၊ အလွန်ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်မလား"

စူးချန်ကဲသည် ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်ကို ကြည့်ရင်း ၊ သူ့စိတ်ထဲက သံသယမေးခွန်းများကို မေးရန် ဆုံးဖြတ်လိုက်သည်။

သူ့ဟာသူ ဘယ်လောက်ပဲ မှန်းဆနေပါစေ ၊ အမှန်တရားကိုတော့ မှန်းဆလို့ ရနိုင်မည် မဟုတ်ပေ။

" လူကြီးမင်း ၊ ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်ကို ကျွန်တော် သတ်နိုင်ခဲ့ရင် ၊ ဘာဖြစ်သွားနိုင်လဲ?"

ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်မှာ ထိတ်လန့်သွားပြီး စူးချန်ကဲကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည်။

သို့သော် စူးချန်ကဲ၏ ယုံကြည်ချက်ရှိသော အကြည့်များကြောင့် ၊ တဖက်လူ၏ စကားမှာ မုသားမဟုတ်မှန်း သူ သိလိုက်သည်။

ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်က ပြန်ဖြေခဲ့သည်။

" ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်ကို သတ်လိုက်ရင် ကြေးဝါဗိမ္မာန်မှာ ချိတ်ပိတ်ထားတဲ့ အရာတွေအားလုံး လွတ်မြောက်လာလိမ့်မယ်”

"ချိတ်ပိတ်ထားတဲ့အရာ?"

စူးချန်ကဲ မျက်မှောင်ကြုတ်သွားပြီး သိလိုစိတ်ဖြင့် ဆက်မေးပြန်သည်။

"ဒီကြေးဝါဗိမ္မာန်က အမတကမ္ဘာရဲ့ အမွေအနှစ်ပဲ မဟုတ်လား"

"ဘယ်လိုလုပ် ချိတ်ပိတ်ထားတဲ့ နေရာတစ်ခု ဖြစ်လာတာတုန်း?"

ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်မှာ ခဏမျှ ထိတ်လန့်သွားသည်။သို့သော် အာရုံပြန်ကပ်လာပြီးနောက် ပြန်ဖြေလိုက်သည်။သူ၏ လေသံမှာ ထိတ်လန့်မှုများ အနည်းငယ် ပါဝင်နေခဲ့သည်။

" အမတ ကမ္ဘာရဲ့ အမွေအနှစ်အကြောင်းကို မင်း သိထားတာလား?"

ကြေးဝါဗိမ္မာန်၏ မူလဇာစ်မြစ်သည် တကယ်ကို ထူးဆန်းပေသည်။ တိုက်မြေ သုံးထောင်သည် ကြေးဝါဗိမ္မာန်ကို အမတ ကမ္ဘာ၏ အမွေအနှစ်အဖြစ် မှတ်ယူထားကြသော်လည်း ၊သို့သော် တကယ်တန်းတော့ ဤနေရာသည် အမွေဆက်ခံရာ နေရာတစ်ခုပင် ဖြစ်သည်။

ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်သည် လွန်ခဲ့သော နှစ်ကာလများစွာက အတိတ်ဖြစ်ရပ်များကို ပြန်လည် စဉ်းစားမိပုံရကာ သက်ပြင်းရှည် ချလိုက်သည်။

" ပြောရရင် ဇာတ်လမ်းက ရှည်တယ် "

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်သည်။

"လူကြီးမင်း ၊ ဒါဆို အကျဉ်းချုပ် ပြောလိုက်‌ပေါ့ "

ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်ခမျာ ဆွံ့အသွားသည်။ဤလူငယ်လေးသည် တဖက်လူအပေါ် အားမနာတန်း ပြောတတ်ပေသည်။

သို့သော် သူ စိတ်ထဲမထားပေ။ စူးချန်ကဲလို အရည်အချင်းရှိသော ပါရမီရှင်မျိုးဖြင့် သိကျွမ်းရသည်မှာ ကောင်းသောအရာပင် ဖြစ်သည်။

သူ့တစ်သက်တာ နောင်တများကို ထိုအနှီလူငယ်လေးက ဖြည့်ဆည်းကောင်း ဖြည့်ဆည်းပေးနိုင်လိမ့်မည်။

"တကယ်တော့ အချိန်ကာလက အရမ်းကို ကြာရှည်ခဲ့ပြီဖြစ်လို့ ၊ ငါလည်း ရှင်းရှင်းလင်းလင်း မမှတ်မိတော့ဘူး "

" အဲ့တုန်းက ကြီးကျယ် ခမ်းနားတဲ့ခေတ် ဖြစ်တဲ့ အမတ ခေတ်ပေါ့ ၊ အဲ့ခေတ်မှာတုန်းက ကျင့်ကြံခြင်း လို့ မခေါ်ဘဲ အမတ ကျင့်ကြံခြင်း လို့ ခေါ်ကြတယ် "

" လောကီ လောက နှင့် ကျင့်ကြံလောက က တစ်ထပ်တည်းပဲ ၊ ကျင့်ကြံသူတွေက လူ့ပြည်မှာ တာအိုဝါဒကို တွေ့ကြုံခံစားပြီး ၊ နောက်ဆုံးမှာ လောကီစိတ်ကို ဖြတ်တောက်ပစ်လိုက်တယ်၊ ကောင်းကင် နဲ့ မြေကြီးရဲ့ မြင့်မြတ်သော လမ်းစဉ်တို့ကို သိမြင်လာခဲ့ချိန်မှာတော့ ရွှေအမတ ဖြစ်လာခဲ့တယ် "

" အဲ့တာကို ကြီးကျယ်ခမ်းနားတဲ့ ခေတ်ကြီး လို့ ခေါ်တယ် ၊ တိုက်မြေ သုံးထောင် ဆိုတာ အဲ့ခေတ်ရဲ့ နယ်မြေများစွာထဲက တစ်ခုသာသာပဲ "

" ဒီနေ့ခေတ်က ကြွယ်ဝချမ်းသာနေပြီ ဖြစ်တဲ့ တိုက်မြေ သုံးထောင်က အဲ့ဒီခေတ်တုန်းကတော့ တောရိုင်းမြေတစ်ခုပဲ "

ထိုစကားကို ကြားလိုက်ရချိန် စူးချန်ကဲ အနည်းငယ် ထိတ်လန့်သွားသည်။

တိုက်မြေ သုံးထောင်သည် ကမ္ဘာကြီး၏ တစ်ထောင့်တစ်ရာမျှသာ ဖြစ်ကြောင်း သူ စောစောကတည်းက သိထားသည်။

သို့သော် ထာဝရ ဝိညာဉ်စွမ်းအားများစွာ ပေါကြွယ်ဝသော တိုက်မြေ သုံးထောင်သည် တကယ်တော့ တောရိုင်းမြေ တစ်ခုတဲ့လား !?

ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်သည် စူးချန်ကဲအား လေးနက်သော အဓိပ္ပါယ်ရှိသည့် အကြည့်ဖြင့် ကြည့်လိုက်ရင်း မည်သည့်စကားတခွန်းမှ ထပ်မဆိုခဲ့ပေ။

တိုက်မြေ သုံးထောင်သည် တောရိုင်းမြေ ဖြစ်သော်လည်း မယုံနိုင်စရာကောင်းသော အင်အားစု တစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းသည် ခေတ်အဆက်ဆက် လွှမ်းမိုးနိုင်ခဲ့သော ထာဝရ ဩဇာအာဏာကို ချုပ်ကိုင်ထားခဲ့သည်။

ကောင်းကင်ကြီးအောက်က ဘယ်လူသားမဆို ကွေးယွမ် မသိသူ မည်သူများ ရှိလိမ့်မည်နည်း။

၎င်းသည် ထိုခေတ်၏ ပိရမစ် ထိပ်တန်းအင်အားစုများနှင့် တန်းတူပင် ဖြစ်သည်။

"နောက်တော့ မင်းလည်း သိပြီးသား ဖြစ်မှာပါ၊အမှောင်ထုကြီး ရောက်လာခဲ့ပြီး ကမ္ဘာကြီး တစ်ခုလုံး အဆုံးမဲ့ အမှောင်ထုထဲ ကျရောက်သွားခဲ့တယ် ၊မရေမတွက်နိုင်တဲ့ စွမ်းအားရှင်တွေက သူတို့ရဲ့ အသက်ကို ရင်းပြီး အမှောင်ထုကြီးရဲ့ တိုက်စားမှုကို တွန်းလှန်ဖို့ ရှေ့ထွက်လာခဲ့ကြတယ်"

"ဒါပေမဲ့ အဲ့တာတွေက မင်းတို့သိထားသမျှ အကုန်ပဲ၊ အဲ့ဒီကမ္ဘာ့ကပ်ဘေး စစ်ပွဲ မတိုင်ခင် နောက်ထပ် စစ်ပွဲတစ်ခု ရှိခဲ့တယ်ဆိုတာ ငါ ယောင်ဝါးဝါး မှတ်မိတယ် "

"နောက်ထပ် စစ်ပွဲတစ်ခု ရှိခဲ့သေးတာလား"

စူချန်ကဲ၏ မျက်လုံးများမှာ စူးစမ်းလိုစိတ်များဖြင့် တောက်ပသွားလေသည်။ ဤအရာသည် ကမ္ဘာကြီးနှင့် ပတ်သတ်သော အမှန်တရားကို သိရန် နီးကပ်လာပြီ ဖြစ်သော ခြေတစ်လှမ်းပင် ဖြစ်သည်။

"ဟုတ်တယ်၊ တိုက်ပွဲဖြစ်ကာလကို ငါ မေ့သွားခဲ့ပြီ ‌ဆိုပေမယ့် အဲဒီနာမည်ကိုတော့ ငါသိတယ် "

ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်သည် သူ့စကားကို ခေတ္တရပ်တန့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှု တချို့တလေ ရှိနေခဲ့သည်။

" အဲ့အမည်ကိုသာ ငါ ထုတ်ဖော်ဝံ့ရင် အကြောင်းတရားရဲ့ စွမ်းအားတွေနဲ့ ချေမှုန်းခံလိုက်ရမှာကို စိုးတယ် "

“ ဒါမှမဟုတ် မင်းရဲ့ နတ်အသိစိတ်ပင်လယ်ကို ဖွင့်ပေးလိုက်ပါ့လား ၊ မင်းကို နိယာမတရားစွမ်းအားနဲ့ ပေးသိမယ်လေ "

စူးချန်ကဲ အံ့ဩသွားသည်။နတ်အသိစိတ်ပင်လယ်ကို ဖွင့်ပေးရမယ်?

ဒါက ကိုယ့်အဝတ်အစားကို အကုန်ချွတ်ပြီး ကျည်ဆန်မိုးသီးတွေကြား ရပ်ပြီး အသေခံလိုက်တာနဲ့ အတူတူပဲ မဟုတ်လား?

တဖက်လူသည် စူးချန်ကဲ၏ စိုးရိမ်မှုများကို မြင်ပုံရသည်။

ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်က ပြုံးလိုက်ရင်း။

"ဘာလို့လဲ"

"မင်း ဒီကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်ကို မသိချင်ဘူးလား"

စူးချန်ကဲ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ တဖက်လူ၏ လေသံသည် စနစ်တကျ ဆွဲဆောင်နေမှန်း သူ ခံစားမိသည်။

သို့သော်လည်း သူ့အ‌နေဖြင့် ဤကမ္ဘာကြီး၏ အမှန်တရားကို ပိုပြီး သိချင်နေမိသည်။

အဘယ့်ကြောင့်ဆိုသော် သူသည် ဤပြဿနာရပ်၏ အဖြေနှင့် တ‌ဖြေးဖြေး နီးကပ်လာပြီ ဖြစ်သောကြောင့်ပင် ဖြစ်သည်။

အမည်မသိ စွမ်းအားတစ်ခုကလည်း ယင်းအရာများဆီသို့ သူ့အား ဆွဲခေါ်နေခဲ့သလိုပင် ။

" ငါ့ရဲ့ နတ်အသိစိတ် ပင်လယ်က အဝေး ဘိုးဘေးတွေကနေ အထူး ကောင်းချီးပေးထားတာပဲ"

စူးချန်ကဲသည် ထိုအကြောင်းအရာကို ပြန်တွေးပြီးနောက်၊ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထို့အပြင် သူ့တွင် အဖိုးတန် ရတနာများ ထောင်ချီ ရှိလေရာ၊ ဒီအဘိုးကြီးရဲ့ လှည့်စားတာကို ခံစရာလား?

ထိုအချိန်တွင် ရင်းနှီးမှုရှိသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

" မုပိုင် ကိုကို ၊ သူ့ကို ကတိမပေးနဲ့!"

"သူက ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင် မဟုတ်ဘူး !"

"သူက ညဏ်ပညာ သူတော်စင်အရှင် အလောင်းကောင်ပဲ!"

All Chapters