အခန်း (၁၈၁-၁၈၅)
Vol. 13 Ch. 181-185
အပိုင်း(၁၈၁): အမှောင်ထု၏ တိုက်စားခြင်းကို ခံလိုက်ရသော အနှိုင်းမဲ့ သုတ္တန် ၊ ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်၏ လှည့်ကွက်
ထိုစကားသံကို ကြားလိုက်ရချိန်တွင် စူးချန်ကဲ အံ့အားသင့်သွားခဲ့သည်။
သူသည် အသံလားရာကို အမြန် လှည့်ကြည့်လိုက်ရာ ၊ လှပသော မိန်းမပျိုလေး တစ်ယောက် ထွက်ပေါ်လာခဲ့ပြီး ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်မှာတော့ သူမသည် မော့ရန်ရှီး ဖြစ်နေခဲ့သည်။
“ မော့ရန်ရှီး? မင်းဘာလို့ ဒီကို ရောက်နေတာလဲ”
သို့သော် မော့ရန်ရှီးသည် စူးချန်ကဲ ကို တစက်ကလေးမှ ပြန်မကြည့်ခဲ့ပေ။
ယင်းအစား စူးချန်ကဲ၏ နောက်တွင် ရှိနေသော ညဏ်ပညာ သူတော်စင်အရှင် အလောင်းကောင်အား အေးစက်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။
“ နင် သူ့ကို လှည့်စားဖို့ မကြံနဲ့ “
“မဟုတ်လို့ကတော့ နင့်ရဲ့ နောင်တ ၊ နင့်ရဲ့ ရှည်လျားတဲ့ ဆန္ဒတွေကို နင့်ဒီတသက် ဘယ်တော့မှ မဖြစ်စေရဘူးလို့ ငါ အာမခံတယ်”
ညဏ်ပညာ သူတော်စင်အရှင် အလောင်းကောင်သည် မော့ရန်ရှီးက မည်သူမှန်း မသိသော်လည်း ၊
သို့သော် သူသည် အပြုံးမပျက် ဆိုလေသည်။
“ကောင်မလေး ဘာကိုဆိုလိုချင်တာလဲ၊ ငါနဲ့ ဒီကောင်လေးနဲ့ ကောင်းကောင်းမွန်မွန် စကားစမြည်ပြောနေခဲ့တာပါ “
“ ဒါပေမယ့် ကောင်မလေး မင်းကသာ စည်းမျဥ်းတွေကို နားမလည်ဘဲ ၊ ရောက်လာလာချင်း ငါ့ကို ခြိမ်းခြောက်နေတာလား “
“ဒါ နည်းနည်းတော့ ယုတ္တိမဲ့လွန်းတယ် မဟုတ်ဘူးလား?”
မော့ရန်ရှီး က ရယ်လေသည်။
သူမ ထင်ထားသည့်အတိုင်း လူအိုကြီးသည် တကယ်ကို ယုတ်ညံ့ပြီး ကောက်ကျစ်စဉ်းလဲပေသည် ။
သူ့ကို နာအောင်မလုပ်သ၍ ၊ သူ့ကိုယ်သူ ဝန်ခံလိမ့်မည် မဟုတ်ပေ။
သူမသည် တောက်ပနေသော အရာတစ်ခုကို ထုတ်ယူလိုက်သည်။အနီးကပ်ကြည့်မည် ဆိုပါက ၊ ၎င်းသည် ဦးခေါင်းခွံတစ်လုံး ဖြစ်နေခဲ့သည်။
စူးချန်ကဲမှာမူ ၊ စိတ်ရှုပ်ထွေးနေဆဲပင် ဖြစ်သည်။
သို့သော် ညဏ်ပညာ သူတော်စင်အရှင် အလောင်းကောင်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ၊ သူ၏ အသံမှာ အနည်းငယ် တုန်လှုပ်နေခဲ့သည်။
“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?မင်း ဒီအရာကို ဘယ်လို ရှာတွေ့ခဲ့တာလဲ “
“ငါ သေချာပေါက် သူ့ကို.....”
မော့ရန်ရှီးက လှောင်ပြောင်သံဖြင့် ထိုးနှက်လိုက်သည်။
“ နင် သူ့ကို ပင်လယ်သေထဲ ပစ်ချခဲ့တာမလား?”
“ဒါပေမယ့် ငါ ရှာတွေ့တာကို ခံလိုက်ရတယ်”
“မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး..”
“ မင်း ဘယ်လိုလုပ် အဲ့ကနေ ရှာတွေ့ခဲ့တာလဲ”
ညဏ်ပညာ သူတော်စင်အရှင် အလောင်းကောင်၏ လေသံသည် လွန်စွာ ကြောက်ရွံ့နေသကဲ့သို့ တုန်လှုပ်နေသည်။
သို့သော် ဤနားမလည်နိုင်သော စကားဝိုင်းသည် စူးချန်ကဲကို ပို၍ စိတ်ရှုပ်ထွေးစေခဲ့သည်။
ညဏ်ပညာ သူတော်စင်အရှင် အလောင်းကောင်သည် ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်အဖြစ် အဘယ့်ကြောင့် ဟန်ဆောင်ခဲ့သနည်း။
ဒီထဲမှာ အကြံအစည် တစ်ခုခုများ ရှိနေမလား။
ထိုအချိန်၊ မော့ရန်ရှီးက ထပ်မံ ပြောဆိုလိုက်သည် ။
“ငါ ဘယ်လိုရှာတွေ့ခဲ့တယ်ဆိုတာ နင့်ကို ပြောပြဖို့ လိုသေးလို့လား”
“ လှည့်စားဖို့ မကြံနဲ့!”
“ဒီဦးခေါင်းခွံရဲ့ အကျိုးသက်ရောက်မှုကို နင်လည်း သိမှာပါ ၊ ငါသာ ဒီဟာကို အမှုန့်ချေပလိုက်ရင် ၊ ဒီ ကြေးဝါဗိမ္မာန်မှာ ရှိတဲ့ အကြောင်းတရားနဲ့ အကျိုးတရားတွေက ချိတ်ဆက်သွားလိမ့်မယ် “
“ နင်လည်း ပြာအဖြစ် ပြောင်းလဲသွားရလိမ့်မယ် “
ညဏ်ပညာ သူတော်စင်အရှင် အလောင်းကောင်သည် ဤစကားကို ကြားပြီးနောက် တိတ်ဆိတ်သွားသည်။ ထို့နောက် နောင်တရသွားဟန်ဖြင့်။
“ငါ တွက်ချက်ထားတဲ့အထဲမှာ အကြောင်းတရားနဲ့ အကျိုးတရားတွေရဲ့ သက်ရောက်မှုကို လျစ်လျုရှုမိခဲ့တာပဲ...”
“အိုင်း ၊ ငါရှုံးတယ်!”
“ဂျူနီယာလေး ၊ မင်းမေးချင်တာရှိရင် မေးလိုက်၊ ငါမင်းကို အကုန်ပြောပြမယ်”
မော့ရန်ရှီးသည် ခံစားချက်မရှိသော မျက်နှာထားဖြင့် အေးစက်စွာဆိုလိုက်သည်။
“ ကျွန်မ ဘာမှ မသိချင်ဘူး ၊ မုပိုင် ကိုကို သိချင်တာရှိရင် ၊ သူ့ကိုပဲ ပြောပြလိုက်ပါ”
“ငါ?”
စူးချန်ကဲ၏ သံသယ မေးခွန်းများကို သူမ သတိပြုမိပုံရပေသည်။
မော့ရန်ရှီးက တိုးတိုးလေးပြောလိုက်သည်။သူမ၏ လေသံမှာ အေးစက်ခြင်းမရှိဘဲ နူးညံ့နေခဲ့သည်။
“မုပိုင် ကိုကို၊ စိတ်မပူနဲ့ ၊ ကျွန်မ အစ်ကို့ကို ဒုက္ခမပေးဘူး...”
စူးချန်ကဲ သည်လည်း အမှန်တကယ် သူမအပေါ် သတိထားနေခဲ့သည်။
ယခုတွင် ၊ သူသည် မော့ရန်ရှီး၏ စရိုက်ကို ယေဘူယျ နားလည်လာပြီ ဖြစ်သည်။
ပုံရိပ်ယောင် ကမ္ဘာထဲက မော့ချန်းယွဲ့ ။
ဒါ့အပြင် ဟွားချန်ကူရဲ့ မက်မွန်ဧကရီဘုရင်မ ။
နောက်ဆုံး ၊ ခုလက်ရှိ မော့ရန်ရှီး ။
သူနှင့် သိကျွမ်းခဲ့သော ဤသရုပ်မှန်များက လူဝင်စားခြင်း လူ သုံးယောက်ကို ဦးတည်နေသည်။
မော့ရန်ရှီး ဘဝမတိုင်မီ ၊ သူမ၏ ယခင်ဘဝတွင် လူဝင်စားခြင်း မည်မျှရှိသည်ကို မည်သူ သိနိုင်မည်နည်း။
အချိန်ကို ပြောင်းပြန်လှန်ပြီး လူဝင်စားခြင်း သံသယစက်ဝန်းထဲက လူကို ဒါ ပထမဆုံးအကြိမ် အဖြစ် သူ မြင်တွေ့ဖူးခြင်းပင် ဖြစ်သည်။
မော့ရန်ရှီးသည် အဲ့လောက်ထိ မရိုးရှင်းမှန်း သူခံစားမိသည်။
“ အဲ့ကိစ္စက ထားလိုက်ဦး ၊ အခု မမေးရင် နောက်ကြ ကမ္ဘာကြီးနဲ့ ပတ်သတ်တဲ့ အမှန်တရားတွေက ပိုပြီး ရှုပ်ထွေးလာနိုင်တယ်”
စူးချန်ကဲသည် သူ့စိတ်ထဲ၌ တွေးဆလိုက်ရင်း ညဏ်ပညာ သူတော်စင်အရှင် အလောင်းကောင်ဘက်သို့ လှည့်ကြည့်ပြီး မေးလိုက်သည်။
“ခင်ဗျားက ဘာလို့ ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်လို ဟန်ဆောင်ရတာလဲ?”
“ဒီကိစ္စက ရှုပ်ထွေးတယ်လို့ ထင်ရပေမယ့် တကယ်တော့ ရိုးရှင်းပါတယ် ၊ ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်က ဟိုးအရင်ကတည်းက ဆုံးပါးသွားခဲ့ပြီ ၊ ငါက သူ့ရဲ့ သရုပ်ကို ချေးယူခဲ့ရုံသက်သက်ပါပဲ “
စူးချန်ကဲသည် ထိုစကားကို ကြားတော့ ၊သူ၏ နှုတ်ခမ်းထောင့်မှာ ရေးရေးလေး အပေါ်သို့ မြှောက်တတ်သွားသည်။
ဒီဘိုးတော် ရိုးသားမှုမရှိဘဲ သူ့ကို ထောင်ချောက်ဆင်ချင် နေသေးတယ် !
သို့သော် စူးချန်ကဲသည် မသိဟန်ဆောင်ကာ ဆက်မေးလိုက်သည်။
“ဒီ ကြေးဝါဗိမ္မာန်မှာ ဘာကို ချိတ်ပိတ်ထားလို့တုန်း?”
“အမှောင်ထု အရင်းအမြစ်”
“အမှောင်ထု အရင်းအမြစ်?”
ထိုစကားကို ကြာလိုက်ရသည်နှင့်၊ စူးချန်ကဲ၏ မျက်လုံးအိမ်ထဲ၌ တုန်လှုပ်မှု အနည်းအကျဉ်း ရှိသွားခဲ့သည်။
အမှောင်ထု အရင်းအမြစ်ဟူသည် သူ၏ အမည်အတိုင်း အမှောင်ထု၏ အရင်းအမြစ်၊ အမှောင်ထု၏ မူလနေရာပင် ဖြစ်သည်။
အမှောင်ထု ရင်းမြစ်မှ မွေးဖွားလာသော မရေမတွက်နိုင်သော အမှောင်သတ္တဝါများသည် ကမ္ဘာအနှံ့ထွက်ပေါ်လာခဲ့သည်။
တိုက်မြေ သုံးထောင်၏ ရှေးစာအုပ်ထဲတွင် အမှောင်ထု အရင်းအမြစ်အကြောင်းကို အနည်းငယ်မျှသာ ဖော်ပြထားသည်။
အဘယ်ကြောင့်ဆိုသော် ထိုကိစ္စနှင့်ပတ်သက်၍ အနည်းကျဉ်းမျှသာ သိထားကြသည်။ အမှောင်ထု အရင်းအမြစ်သည် လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာသလိုပင်။
လူတိုင်း သတိပြုမိလာခဲ့ချိန်၌ ၊ ထိုအမှောင်ထုကြီးသည် တစ်ကမ္ဘာလုံးကို လွှမ်းခြုံနေခဲ့ပြီ ဖြစ်သည်။
ဤကဲ့သို့ ကြောက်စရာကောင်းသော အရာ တစ်ခုပင် ဖြစ်သည်။သို့သော် ကြေးဝါဗိမ္မာန်သည် အမှောင်ထု အရင်းအမြစ်ကို အမှန်တကယ်ပင် ချိတ်ပိတ်ထားလေသလော။
မိမိစိတ် အခြေအနေကို တည်ငြိမ်အောင် လုပ်ပြီးနောက် ၊ စူးချန်ကဲသည် ထပ်မေးလိုက်သည်။
“ကြေးဝါဗိမ္မာန်မှာ အကျဉ်းခံထားရတဲ့ သူတော်စင်အရှင် အလောင်းကောင် သုံးကောင် ဘာလို့ ရှိနေတာတုန်း?
“တကယ်တော့ အချိန်တွေ ကြာလာတာနဲ့အမျှ ငါ့ရဲ့ တာဝန်ကို မေ့သွားခဲ့ပြီ ၊ ငါလည်း ဘာကြောင့် ဒီမှာ ရှိနေမှန်း မသိတော့ဘူး “
“ဒါပေမယ့် ကြေးဝါဗိမ္မာန်က အရမ်း အရေးကြီးတယ်ဆိုတာကိုတော့ ငါ သိတယ်၊ငါတို့ တစ်စုံတစ်ယောက်ကို စောင့်နေတာ ၊ ကြေးဝါဗိမ္မာန်လည်း ထိုနည်းတူစွာ တစ်စုံတစ်ယောက်ကို စောင့်နေတာပဲ “
ထိုစကားကို နားထောင်ရင်း စူးချန်ကဲသည် ခေါင်းတချက်နှစ်ချက် ညိမ့်လိုက်သည်။ယခုတွင်မူ ၊ဤနေရာသို့ လူနှစ်ယောက် ရောက်ရှိနေသောကြောင့် ၎င်းတို့ စောင့်မျှော်နေသည့် လူမှာ သူဟုတ်မဟုတ် မသေချာပေ။
“ အမှောင်ထု တိုက်ပွဲကြီး မဖြစ်ခင် ၊ ရှေ့မှာ နောက်ထပ် စစ်ပွဲတစ်ခု ရှိခဲ့သေးတာလား”
ညဏ်ပညာ သူတော်စင်အရှင် အလောင်းကောင်သည် ထိုစကားကို ကြားပြီးနောက် အကြာကြီး တိတ်ဆိတ်သွားသည်။
ထို့နောက် အေးအေးလူလူ ဆက်ပြောလာခဲ့သည်။
“ အဲ့ဒီကိစ္စနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေက အရမ်း ကြီးမားလွန်းတယ် ၊ အမတဘုံ မွေးဖွားလာမှုနဲ့ သက်ဆိုင်တယ်လို့ ပြောလို့ရတယ် “
“ အမတဘုံ မွေးဖွားမှု?”
စူးချန်ကဲ၏ စိတ်တစ်ခုလုံး တုန်လှုပ်သွားသည်။အမှန်တော့ အမတဘုံ ကမ္ဘာ၏ အထက်တွင် နောက်ထပ် ကမ္ဘာတစ်ခု ရှိမှန်း သူ အစောကတည်းက ကြိုသိထားခဲ့သည် ။
သို့သော် သူသည် ၎င်းကို အမတဘုံ နယ်မြေကမ္ဘာ၏ အထက်နယ်မြေ ကမ္ဘာ အဖြစ်သာ မှတ်ယူထားလိုက်ပြီး ၊ အမည်ကိုတော့ အတိအကျ မသိခဲ့ပေ။
သို့သော် ထိုစစ်ပွဲကြီးသည် ၎င်းကမ္ဘာကြီးနှင့် ပတ်သက်နေနိုင်သည်။
ယခုတွင် ၊ သူ့စိတ်ထဲက အတွေးများ ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။
ထိုတိုက်ပွဲအပြီးတွင် ၊ အမတဘုံ မွေးဖွားလာခဲ့သည်။ထို့နောက်တွင် အမှောင်ထုနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရာမှ ကမ္ဘာကပ်ဘေး စစ်ပွဲကြီး စတင်ဖြစ်ပေါ်လာခဲ့သည်။ဆက်လက်ပြီး အမတဘုံ ပျက်စီးသွားခဲ့ရာမှ တိုက်မြေ သုံးထောင် နှင့် အမတဘုံ တို့မှာ လုံးဝ ကွဲထွက်သွားခဲ့သည်။
“ဒီရဲ့ အကြောင်းရင်းအားလုံးကို မင်း သိချင်ရင် မင်း အနေနဲ့ ဧကရာဇ်မင်းမြတ်ဖြစ်ဖို့ အရင်ဆုံးလုပ်ရမယ်”
အမှန်တရားနှင့် နီးကပ်လေလေ၊ သူ့အနေဖြင့် တန်ခိုးကြီးမားသော စွမ်းအားရှင် တစ်ယောက်ဖြစ်လာရန် လိုအပ်လေလေပင် ဖြစ်သည်။
ဤအရာအားလုံးကို နားလည်နိုင်သည့် အရည်အချင်း မပြည့်မီပါက၊ ပျက်သုန်းခြင်း ဝဲဂယက်ထဲသို့ ရောက်ရှိရပေမည်။
“ ကျွန်တော်မှာ နောက်ဆုံး မေးခွန်းတစ်ခု ရှိသေးတယ်၊ ကြေးဝါဗိမ္မာန်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းကို ဘယ်လိုမှ ရောက်နိုင်မလဲ”
“ ကြေးဝါဗိမ္မာန်ရဲ့ အနက်ရှိုင်းဆုံးအပိုင်း?”
ညဏ်ပညာ သူတော်စင်အရှင် အလောင်းကောင်၏ လေသံမှာ ထိတ်လန့်မှု အပြည့်ဖြင့် မေးလာခဲ့သည်။
“ အဲ့နေရာက အမှောင်ထု တိုက်စားထားတဲ့ နေရာပဲ ၊ မင်းက ဒါတောင် အထဲကို ဝင်ချင်သေးတာလား”
စူးချန်ကဲက ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်တော် ဒီကို လာခဲ့တယ်ဆိုတာကလည်း အခွင့်အရေးရဖို့အတွက်ပဲ ၊ ဒီအတိုင်း ပြန်သွားလို့ မဖြစ်ဘူးမဟုတ်လား “
“မင်းက ငါမြင်ဖူးသမျှထဲမှာ သတ္တိအရှိဆုံးပဲ ၊ လူတိုင်းက အမှောင်ထုနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ထွက်ပြေးကြလိမ့်မယ် ဒါပေမဲ့ မင်းကတော့ ဦးစွာ လှုပ်ရှားတာပဲ “
“အဲလိုဆိုမှတော့ ငါမင်းကို ပြောပြပေးမယ် ၊ ကြေးဝါဗိမ္မာန်က အမတဘုံ ရဲ့ အမွေဆက်ခံရာ နေရာပဲ ၊ သေချာပေါက် အဲ့ဒီမှာ ကောင်းကင်ဘုံကိုတောင် အံတုနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရှိတယ် “
“ဒါပေမယ့် အဲ့ဒီအခွင့်အရေးထဲက အရေးကြီးဆုံးက အနှိုင်းမဲ့ သုတ္တန်ပဲ”
“ အနှိုင်းမဲ့ သုတ္တန်?”
စူးချန်ကဲ စိတ်ရှုပ်နေစဉ် ၊ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သော စနစ်အသံမှာ စတင် ပေါ်ထွက်လာခဲ့သည်။
【 ဒင်း ! ရွေးချယ်စရာ မစ်ရှင်အသစ် :
ရွေးချယ်စရာ ၁ - ကြေးဝါဗိမ္မာန်၏ အနက်ရှိုင်းဆုံး အပိုင်းကို သွားပြီး ၊ အနှိုင်းမဲ့ သုတ္တန်၏ တစ်စိတ်တစ်ပိုင်း စာမျက်နှာများကို အောင်မြင်စွာ ရယူပါ
ဆုလာဘ် : ကံစမ်းမဲ တစ်ကြိမ်
ရွေးချယ်စရာ ၂- အမှောင်ထု၏ တိုက်စားခြင်းကို ခံထားရသော အနှိုင်းမဲ့ သုတ္တန်၏ ကျန်ရှိ စာမျက်နှာများကို အပြီးအပိုင် ချေမှုန်းပစ်မည်
ဆုလာဘ် : အနှိုင်းမဲ့ သုတ္တန် (ဗားရှင်း အပြည့်အစုံ)]
“အမှောင်ထု၏ တိုက်စားခြင်းကို ခံထားရသော အနှိုင်းမဲ့ သုတ္တန်?”
ဒါဘယ်လိုဖြစ်တာလဲ?
အနှိုင်းမဲ့သုတ္တန်က အစောကြီးကတည်းက အမှောင်ထုရဲ့ အရာဝတ္ထုအဖြစ် ပြောင်းလဲသွားခဲ့တာလား?
“ မုပိုင် ကိုကို ၊ သူ့စကားကို နားမထောင်နဲ့၊ ဘာအနှိုင်းမဲ့ သုတ္တန်မှ မရှိဘူး!”
မော့ရန်ရှီးသည် ဒေါသတကြီး တုံ့ပြန်လာခဲ့သည်။
“ ညဏ်ပညာ သူတော်စင်အရှင် အလောင်းကောင် ၊ ဒီလောက် ပြောထားတာတောင် လှည့်စားရဲသေးတယ်ပေါ့ ၊ဒီဦးခေါင်းခွံကို ငါ အမှုန့်ချေပစ်မှာကို တကယ် မကြောက်ဘူးလား”
သို့သော် ယခုတစ်ကြိမ်တွင် ညဏ်ပညာ သူတော်စင်အရှင် အလောင်းကောင်မှာ ကြောက်ရွံ့နေသည့်ပုံ မပေါ်ချေ။
ယင်းအစား ၊ ရယ်သံပါပါဖြင့် ဆိုလေသည်။
“ဟားဟား ၊ငါ မင်းနဲ့ လိုက်ပြီး သရုပ်ဆောင် ပေးနေတာပဲ၊ အခု အစီအရင်ဖွဲ့စည်းမှု ပြီးသွားပြီ “
“ ချိတ်စည်းကို ဖယ်ဖို့ အချိန်တန်ပြီ!”
ဝီ——
ရုတ်တရက် ၊ ဤနေရာရှိ ကမ္ပည်းစာများ နှင့် ၎င်းတို့ပေါ်တွင် ရေးထွင်းထားသော ရှုပ်ထွေးသော ဒီဇိုင်းများသည် တောက်ပစွာ လင်းလက်လာခဲ့သည်။
အချိန်အတိုင်းအတာ တစ်ခုအထိ၊ ဤနေရာ တစ်ခုလုံး နတ်အလင်းရောင်များဖြင့် တောက်ပ နေခဲ့ပြီး ၊ စွမ်းအားကြီးမားသော ရောင်ဝါမျိုးစုံ ရောယှက်ဖြစ်တည်နေသည်။
ဝီ ဝီ —
နောက်ထပ် လွန်စွာ ဝင်းလက်တောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
ထို့အပြင် ရေကန်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော သေတ္တာတစ်လုံးလည်း ထွက်ပေါ်လာခဲ့သည်။
၎င်းအပေါ်၌ ကြယ်တာယာ ပတ်လမ်းကြောင်းပုံစံရှိပြီး ၊ ၎င်းတို့အကုန်လုံး ပြိုးပြိုးပျက်ပျက် တောက်ပလာခဲ့သည်။
အတွင်းပိုင်းမှာမူ ၊ အခြားကမ္ဘာတစ်ခုနှင့် ချိတ်ဆက်ထားသကဲ့သို့ အာကာသစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။
ကွဲအက်သံ!!
သေတ္တာ၏ မျက်နှာပြင်ပေါ်တွင် ပင့်ကူမျှင်များ ကဲ့သို့ အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်နှင့်အမျှ သေတ္တာတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလျက် ။
နောက်ဆုံး တစ်စစီ ကွဲအက်သွားခဲ့လေသည်။
၎င်းသေတ္တာအတွင်း၌ မြူခိုးဖြူများ ထွက်ထွက်ပေါ်လာခဲ့သည်။
သူတို့နှစ်ဦးစလုံး တဖက်ကမ္ဘာတစ်ခုဆီသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
စူးချန်ကဲ ၊ သူ့ မျက်ဝန်းအစုံကို ပြန်ဖွင့်လိုက်ချိန်မှာတော့ ။
အရှေ့ဘက်တွင် ကြီးကျယ်ခမ်းနားသော နန်းတော်များ ၊မဏ္ဍပ်များ၊ ရေပေါ်နန်းတော်များ ရှိနေသည်မှာ ဒဏ္ဍာရီမြေထဲက အမတ ကမ္ဘာတစ်ခုဖြစ်ကြောင်း ထင်ရှားနေသည်။
သို့သော် အမှောင်ထု၏ အေးစက်သော အငွေ့အသက် ရှိနေခဲ့သည်။
“ငါ ထင်ထားတဲ့အတိုင်းပဲ ၊ဒါတွေအကုန်လုံး မင်း အကွက်ချထားတာမလား ၊ ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်”
စူးချန်ကဲ၏ စကားအဆုံးတွင် ၊ ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင် နှင့် ဆင်တူသော အသွင်အပြင်တစ်ခု ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။
သူ၏ ခေါင်းထက်၌ သရဖူတစ်ခု ရှိပြီး ၊ ရွှေခရမ်း ဝတ်လုံတော်ကို ဝတ်ဆင်ထားသည်။ ဝတ်လုံ၏ အနားသတ်များကို ရှုပ်ထွေးသော ဒီဇိုင်းများဖြင့် ပုံဖော်ထားသည်။
၎င်း၏ အသွင်ပုံရိပ်တွင် မြင့်မြတ်စင်ကြယ်မှုနှင့် ကြင်နာမှု အရိပ်အယောင်များ ရှိနေသော်လည်း ၊အတွင်းပိုင်း၌ ဆိုးသွမ်းမှု အရိပ်အမြွက်များ ရှိနေခဲ့သည်။
“ မဆိုးဘူး ! တော်တော် ကြောက်စရာကောင်းတဲ့ လူငယ်ပဲ၊ ငါ့လှည့်ကွက်ကို အစောကြီးကတည်းက ရိပ်မိမယ်လို့ မထင်ထားဘူး “
“ပြောစမ်း မင်းဘယ်လိုလုပ် သိတာလဲ?”
အပိုင်း(၁၈၂): စူးချန်ကဲနှင့် ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်တို့၏ စစ်ပွဲ
“ဘယ်လိုသိတာလဲ ဟုတ်လား?”
“ ခင်ဗျားက အတော်ရူးမိုက်တဲ့ အမှားတစ်ခုကို လုပ်မိလိုက်တာလေ ၊ ညဏ်ပညာ သူတော်စင်အရှင် အလောင်းကောင်က သံကြိုးတွေနဲ့ ချည်နှောင်ခံထားရတာလေ ၊ ယုတ္တိကျကျ ထပ်ပြောရရင် သူ့ရဲ့ အသိစိတ်ကိုတောင် ချည်နှောင်ခံထားရတာ”
“ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး တကယ့် မူလရုပ်သွင်အဖြစ် ပြောင်းလဲပြနိုင်မှာလဲ ?”
စူးချန်ကဲက လှောင်ပြောင်သော အပြုံးဖြင့် ။
“ ကျုပ် မှန်းတာမှန်မယ်ဆိုရင် ၊ ညဏ်ပညာ သူတော်စင်အရှင် အလောင်းကောင်ကို သတ်တာ ခင်ဗျားပဲ ဖြစ်ရမယ် “
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်သည် ထိုစကားကို ကြားတော့ အံ့အားသင့်သွားပြီး ခေါင်းကိုမော့ကာ ပြုံးပြလေသည်။
“ဟားဟား ၊ မင်း ဒီလောက်ထိ ညဏ်ကောင်းမယ်လို့ ငါ မမျှော်လင့်ထားဘူး “
“ဟုတ်တယ်၊ ငါ သူ့ကို သတ်ခဲ့တယ်”
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်က ပြုံးရယ်လိုက်သည်။
“ အလောင်းကောင် သုံးပါးကို သတ်ဖြတ်ခြင်း ဆိုတဲ့အတိုင်း ငါတို့က သူတော်စင်အရှင် အလောင်းကောင် သုံးပါးပဲ “
“ မူလက ငါတို့ဟာ ဒီ ကြေးဝါဗိမ္မာန်ရဲ့ ထောက်တိုင် သုံးတိုင်ဖြစ်ခဲ့တာပဲ “
“ဒါပေမယ့် အမှောင်ရဲ့ အရင်းအမြစ် နိုးထလာတာနဲ့အမျှ ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်ရဲ့ စွမ်းအားက အရမ်း အားကောင်းလာတယ် “
“နောက်ဆုံး နည်းလမ်းအနေနဲ့၊ ငါ ညဏ်ပညာ သူတော်စင်အရှင် အလောင်းကောင်ကို သတ်ပြီး စုပ်ယူမှ ဖြစ်တော့မယ်လေ “
စူးချန်ကဲက ခေါင်းတချက်နှစ်ချက် ညိတ်ပြလိုက်ရင်း အပြုံးမပျက် ထပ်ဆိုလိုက်သည်။
“ဒီလိုသာဆို ခင်ဗျားက ကျွန်တော်တို့ နှစ်ယောက်ကိုလည်း ဝါးမျိုဖို့ အစီအစဥ် ဆွဲထားခဲ့တာပေါ့?”
“ဟုတ်တယ် မင်းတို့နှစ်ယောက်ကိုသာ ငါ ဝါးမျိုလိုက်ရင် ၊ ငါ ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်ကို အပြီးတိုင် နှိပ်ကွပ်ပြီး ကြေးဝါဗိမ္မာန်ကို လုံးဝ ထိန်းချုပ်နိုင်ပြီ “
ထိုစကားကို ပြောနေစဉ်အတွင်း၊ ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်၏ မျက်လုံးထဲ၌ လိုချင်တပ်မက်မှု လောဘတို့ကို အတိုင်းသား မြင်နေရသည်။
ကြေးဝါဗိမာန်၊ အမတ နယ်မြေ၏ အမွေအနှစ်။
ကြေးဝါဗိမ္မာန်တွင် ပါဝင်သော လျှို့ဝှက်ချက်များကိုပင် မဆိုနှင့် ၊ ၎င်းအထဲ၌ မရေမတွက်နိုင်သော မှော်လက်နက်များစွာ ရှိပေသည်။
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်သည် အဘယ့်ကြောင့် ဆိုးသွမ်းသူ ဖြစ်လာခဲ့သနည်း။
ဤကဲ့သို့ ကြီးမားသော သွေးဆောင်မှုကြီးသည် စိတ်နှလုံးထဲက လောဘကို နိုးထစေခဲ့ခြင်းသာ ဖြစ်သည်။
မော့ရန်ရှီး၏ အမူအယာမှာ ကြည့်ရဆိုးနေခဲ့သည်။
“ အရင်က အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် ၊ သူတော်စင်အရှင် အလောင်းကောင်သုံးပါးက သုံးချောင်းထောက်တိုင်လို ဖြစ်တည်မှုမျိုးပဲ ၊ ဒါပေမဲ့ ညဏ်ပညာ သူတော်စင်အရှင် အလောင်းကောင်က ဘာလို့ ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်ရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရတာလဲ?”
“ မဟုတ်မှလွဲရော...”
မော့ရန်ရှီးသည် အလွန်ကြောက်စရာကောင်းသော အရာတစ်ခုကို တွေးလိုက်မိသည်။
မဟုတ်မှလွဲရော ကြေးဝါဗိမ္မာန်မှာ ချိတ်ပိတ်ထားတဲ့ အမှောင်ထု ရင်းမြစ်က ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်ကိုပါ တိုက်စားသွားခဲ့ပြီလား?
ဒါကြောင့် ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်ရဲ့ စရိုက်က ပြောင်းလဲသွားခဲ့တာလား?
“ ဒါဆို အနာဂတ် အချိန်နဲ့ နေရာတွေပါ ပြောင်းလဲသွားတယ်လို့ မဆိုလိုဘူးလား..”
ထိုအချိန်တွင်၊ ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်သည် စူးချန်ကဲအား သူ၏ မှော်စွမ်းအားများဖြင့် တိုက်ခိုက်လိုက်သည်။
“ငါပြောသင့်တာ အကုန် ပြောပြီးပြီ၊ မင်းတို့ အေးအေးဆေးဆေး သွားသေလိုက်တော့!”
စူးချန်ကဲသည် ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်၏ ရုတ်ချည်း တိုက်ခိုက်မှုအပေါ် အသင့်ပြင်ဆင်ထားပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ၊ သူသည် သူ၏လက်သီးဖြင့် ပြန်လည်ချေပလိုက်သည်။
ရွှေလက်သီး နှင့် ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်၏ လက်ဝါးရိပ်တို့ ပြင်းထန်စွာ ထိပ်တိုက် ဆုံတွေ့ခဲ့ကြသည်။
ဝုန်း !
ဤနေရာတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါလျက်။
စူးချန်ကဲနှင့် ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်တို့ တိုက်ခိုက်ကြသော တိုက်ပွဲအရှိန်သည် တစ်ချိန်တည်းမှာပင် သူတို့နှစ်ယောက်စလုံးကို နောက်ပြန်ဆုတ်သွားစေသည်။
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်၏ မျက်လုံးထဲတွင် လေးနက်မှုတချို့ ရှိနေခဲ့သည်။ စူးချန်ကဲသည် သူထင်ထားတာထက် ဆက်ဆံရခက်ပေသည်။
တစ်ဖက်မှ မော့ရန်ရှီးသည်လည်း ဒီတိုင်း ရပ်ကြည့်မနေဘဲ လှပသော ဓားရှည်တစ်ချောင်းကို ဆွဲထုတ်လာခဲ့သည်။
ရွှမ်း!
ဓားအလင်းသည် ရှည်လျားသော မြစ်သဖွယ် ထွက်ပေါ်လာခဲ့ပြီး ၊ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်များ ဖြစ်ပေါ်ကာ မြည်ဟိန်းတုန်လှုပ်နေသည်။
ဤသို့ဖြင့် သုံးယောက်ကြားက တိုက်ပွဲသည် ထပ်မံ ဖြစ်ပေါ်လာခဲ့ပြန်သည်။
လက်သီးအလင်းနှင့် ဓားစွမ်းအင်တို့၏ ပေါင်းစပ်မှုသည် အလွန်ကြောက်စရာကောင်းသော ထိုးစစ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်ကို ချေမှုန်းနေလေ၏။
…..
များစွာသော တိုက်ခိုက်မှုအပြီးတွင် ၊
ဝုန်း! !
အသွင်ပုံရိပ်တစ်ခုသည် တိုက်ပွဲထဲမှ လွင့်စင်လာခဲ့ပြီး ချက်ခြင်းလက်ငင်း ကျောက်နံရံကို ဝင်တိုက်မိပြီး ဖုန်မှုန့်များ ထူထပ်သွားခဲ့သည်။
စူးချန်ကဲသည် မော့ရန်ရှီးကို အံ့အားသင့်စွာ ကြည့်နေမိသည်။ဤကလေးမလေး၏ တိုးတက်မှုသည် အလွန်ကို ကြောက်စရာကောင်းသည်ပင်။
သူမသည် သူနှင့်အတူ အတူ တွဲဖက်၍ လှုပ်ရှားမှု အနည်းငယ် ပြုလုပ်ရုံမျှဖြင့် ရန်သူကို ဟိုးအဝေးထိ လွင့်စင်သွားစေသည်။
ယခင်က သာမဏေရွာကနေတောင် မထွက်နိုင်သည့် ဤကလေးမသည် ယခုအခါတွင် အလွန် အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။
“ ကံကောင်းခြင်းရဲ့ သမီးတော်လေးက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ!”
ဝုန်း!
မျက်စိရှေ့ ပြိုကျနေသော နန်းတော်၏ အပျက်အစီးတွေကြားထဲက နတ်အလင်းတစ်ခု ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားခဲ့သည်။
ဟာရီကိန်းမုန်တိုင်းသည် ကြီးမားသော တရားဝင် မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင် မှာ အမျက်ဒေါသ ထွက်ခဲ့လေပြီ။သူသည် အမတ ထွန်းကားရာခေတ်၏ သူတော်စင်အရှင် တစ်ပါး ဖြစ်ခဲ့ဖူးသည်။
ယခုတွင်မူ ၊ အငယ် နှစ်ယောက်ရဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်မှုကို ခံနေရသတဲ့လား?
“ဒါ အဓိပ္ပာယ်မရှိဘူး!”
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် မှော်သင်္ကေတများ တဖြည်းဖြည်း စုဝေးဖြစ်တည်လာခဲ့ပြီး ရှေးဟောင်း ရွှေမှော်အက္ခရာ တစ်ခု အဖြစ် ပြောင်းလဲသွားသည်။
၎င်းရှေးဟောင်း ရွှေမှော်အက္ခရာသည် ဤကမ္ဘာမြေ၏ ဝင်သက်ထွက်သက် အားလုံးကို လှုံ့ဆော်ပေးနိုင်သည်။
အဆုံးမရှိသော သူတော်စင် စွမ်းအင်များသည် အကန့်သတ်မဲ့ တဟုန်ထိုး တောက်လောင်လာခဲ့သည်မှာ ၊ အာကာသ ဟင်းလင်းပြင်ကြီးပင်လျှင် ငိုကြွေးမြည်တမ်းရသည်။
သို့သော် လူကို ပို၍ ထူးဆန်းစေသည့်အရာမှာ ၊
ဤကဲ့သို့ တဟုန်ထိုး တောက်လောင်လာခဲ့သော သူတော်စင် စွမ်းအင်တွင်၊ အမှောင်ထု စွမ်းအင်၏ အရိပ်အယောင်များ အမှန်တကယ်ပင် ရှိနေခဲ့သည်။
“ မဟုတ်မှလွဲရော အမှောင်ထု အရင်းအမြစ်က .. မဖြစ်ဘူး!”
မော့ရန်ရှီးသည် စူးချန်ကဲကို လှမ်းပြောလိုက်သည်။
“ မုပိုင် ကိုကို ၊ အကို သူ့ကို တားပေးထား ၊ ကြေးဝါဗိမ္မာန်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ တစ်ခုခုဖြစ်နေပြီ ဆိုတာ သေချာတယ် ၊ ကျွန်မ သွားစစ်ဆေးကြည့်ရမယ်!”
“တစ်ခုခု?”
မော့ရန်ရှီး၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း ၊ သို့သော် လက်ရှိအခြေအနေမှာလည်း တကယ်ကို ထူးဆန်းနေသည်။
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင် သုံးသော အမှောင်စွမ်းအားကို သူလည်း သတိထားမိသည်။
ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင် အနေဖြင့် အမှောင်စွမ်းအားကို အသုံးပြုခြင်းသည် ယုတ္တိကျပေသည်။သို့သော် ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်ပင်လျှင် ဤကဲ့သို့ ဖြစ်နေသည်မှာ တွေးတောစရာကိစ္စပင် ဖြစ်သည်။
“ကောင်းပြီ၊ မင်း သွားကြည့်လိုက် ၊ ဒီနေရာကို ငါ ထိန်းထားမယ် “
မော့ရန်ရှီးသည် သူ့အပေါ်သို့ အမှန်ပင် ရန်လိုခြင်းမရှိပေရာ ၊ သူမကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။
“ထွက်သွားချင်တယ်ပေါ့လေ!?”
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်သည် အေးစက်စွာ အသံပြုလိုက်သည်နှင့် တပြိုင်နက် မော့ရန်ရှီး ဆုတ်ခွာသွားရာ လမ်းကြောင်းဆီသို့ သူ၏ လက်ဝါးရိပ်ဖြင့် အားတတ်သရော ရိုက်ချလိုက်သည်။
သို့သော်လည်း ပြင်းထန်သော လက်သီးအလင်းက ထိုလက်ဝါးရိပ်ကို ချက်ချင်းလက်ငင်း ကွဲကြေသွားစေခဲ့သည်။
“မင်း ငါ့ကို တစ်ယောက်တည်း ထိန်းထားနိုင်မယ်လို့ ထင်နေတာလား”
“သိပ်ရိုးသားလွန်းတာပဲ”
မော့ရန်ရှီးအပေါ် ဦးတည်သည့် မိမိ၏ တိုက်ခိုက်မှုမှာ စူးချန်ကဲ၏ တိုက်ခိုက်မှုကြောင့် ပျက်သုန်းသွားသည်ကို မြင်သည်နှင့် ၊ ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်သည် စူးချန်ကဲဘက်သို့ လှည့်ကာ တိုက်ခိုက်လာခဲ့သည်။
သို့သော် စူးချန်ကဲ၏ အမူအယာသည် ကန်ရေပြင်ကဲ့သို့ ငြိမ်သက်ဆဲပင် ဖြစ်သည်။
“ သူမလည်း သွားပြီဆိုတော့ ၊ ကျုပ် ခင်ဗျားနဲ့ ပျော်ပျော်ကြီး တိုက်ပေးမယ် “
“ ကျုပ် ဆက်ခံသူက ခင်ဗျားလို လူအိုကြီးကို တကယ် ကြောက်နေတယ်လို့ မထင်နဲ့ “
စူးချန်ကဲသည် သူတော်စင်ခန္ဓာကိုယ်၏ ရောင်ဝါများကို နှိုးဆော်လိုက်သည်နှင့် ကြီးကျယ်ခမ်းနားသော စွမ်းအားများ ထပ်မံ ထွက်ပေါ်လာခဲ့လေသည်။
ပြိုးပြိုးပျက်ပျက် တောက်ပနေသည်မှာ စူးချန်ကဲအား နတ်ဘုရား တစ်ပါးကဲ့သို့ မြင်ယောင်စေသည်။
စူးချန်ကဲသည် သူ၏ လက်ဖဝါးကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။
အဆုံးမရှိသော မှော်အက္ခရာတို့သည် စူးချန်ကဲအား ဝန်းရံထားပြီး တညီတညွတ်တည်း ဟစ်ကြွေးမြည်တမ်းလေသည်။
ထိုအခိုက်အတန့်မှာပင် ၊
စူးချန်ကဲ၏ လက်ဖဝါးသည် သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော အရာတစ်ခုကို ဖန်ဆင်းပြလိုက်သကဲ့သို့ လက်ဝါးပြင်၏ ပြင်းထန်သော လေတို့သည် ဟင်းလင်းပြင်တွင် လေလှိုင်းဂယက်များ ဖြစ်ပေါ်သွားစေခဲ့သည် ။
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။စူးချန်ကဲ၏ လက်ဝါးစွမ်းအားကို ထိတ်လန့်သွားပုံ ရပေသည်။
သို့သော် မိမိသည် မျိုးဆက်ဟောင်း စွမ်းအားရှင် တစ်ဦးအနေဖြင့် နောက်ဆုံးမျိုးဆက်က မျိုးဆက်သစ် လူငယ်တစ်ယောက်၏ နှိပ်ကွပ်ခြင်းကို အဘယ့်ကြောင့် ခံရမည်နည်း။
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်သည် လက်သင်္ကေတ တစ်ခုကို ဖော်ဆောင်လိုက်သည်နှင့် သူ့နောက်တွင် ပုံရိပ်ယောင် အသွင်အပြင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူတော်စင် အရှင်ရဲ့ ဗုဒ္ဓအသွင် ။
ကျင့်ကြံ ဖျာပေါ်တွင် တရားမှတ်နေသည့် အဘိညာဉ် အမူအရာရှိသော အဘိုးအိုတစ်ဦး၏ မျက်လုံးအစုံသည် ရုတ်ချည်း ပွင့်လာခဲ့သည်။
ဤမျှ ကြီးမားကျယ်ပြန့်သော စွမ်းအားသည် ဤနေရာတစ်ခုလုံး တုန်လှုပ်သွားစေခဲ့သည်။
“ ချင်ထျန်းမင် အစီအရင်! “
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်သည် သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်ချိန် ၊ သူ့နောက်တွင် ရှိနေခဲ့သော သူတော်စင် အရှင်၏ ဗုဒ္ဓအသွင်မှာ ချက်ချင်းလက်ငင်း ပို၍ တောက်ပလာခဲ့သည်။
ထိုအလင်းနှင့် လက်ဖဝါးစွမ်းအားများ ရောနှက်ထားသော ပြင်းထန်သော စွမ်းအားသည် စူးချန်ကဲဆီသို့ တည့်တည့် ကျရောက်လာလေသည်။
ဝုန်း! !
သို့သော် ဤမျှ ကြီးမားသော စွမ်းအားများပင်လျှင် စူးချန်ကဲ ပိုင်ဆိုင်ထားသော သူတော်စင် ခန္ဓာကိုယ်များ၏ ရှေ့မှောက်တွင် မည်သည့်သက်ရောက်မှု မရှိခဲ့ပေ။
စူးချန်ကဲ၏ ထိုးစစ်သည် ရန်သူ၏ မှော်စွမ်းအားနှင့် နှိုင်းယှဉ်ပါက အားနည်းမှု မရှိချေ။
ထို့အပြင် စူးချန်ကဲမှ အသက်သွင်းထားခဲ့သော စွမ်းအားတို့သည် ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်၏ တိုက်ခိုက်မှုကို ဝါးမျိုခဲ့လေသည်။
နောက်ဆုံးတွင် အရာအားလုံး ပျက်သုန်းလျက် ၊ ဗလာနိတ္ထိအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...”
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည် ။ သူက အမတ ထွန်းကာရာခေတ်ရဲ့ သူတော်စင်အရှင် ပုဂ္ဂိုလ်တစ်ယောက်လေ ၊ ဒီလို အငယ်တစ်ယောက်ရဲ့ လက်ထဲမှာ ရှုံးရသတဲ့လား?
ဝုန်း!
သို့သော် ယခုတစ်ကြိမ်တွင် ၊ ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်မှာ မိမိကိုယ်ကို ခုခံနိုင်စွမ်း မရှိတော့ဘဲ ကြိုးပြတ်သော စွန်ကဲ့သို့ အဝေးသို့ လွှင့်ပျံကျသွားခဲ့သည်။
သူ့ခန္ဓာကိုယ် မျက်နှာပြင် တစ်ခုလုံး ကွဲအက်လျက် ၊ ပါးစပ်ထဲမှ သွေးမည်းများ အန်ထွက်လာခဲ့သည်။
အဟွတ်!
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်ခမျာ နန်းဆောင်တစ်ခုပေါ်သို့ အပြင်းအထန် ထိမှန်သွားလေရာ နန်းဆောင်မှာ တစ်ပိုင်းတစ်စ ပျက်စီးသွားခဲ့ရသည်။
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်သည် သူ့ ရင်ဘတ်သူ ဖိထားရင်း သွေးမည်းများ အန်ထုတ်လျက် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူလျော့ ဖြစ်နေခဲ့ပြီပင်။
တုန်လှုပ်ခြင်း များစွာဖြင့် !
မရေမတွက်နိုင်သော ခေတ်ကာလတစ်လျှောက် ၊ မရေမတွက်နိုင်သော ဒဏ္ဍာရီလာ ပါရမီရှင်များစွာကို သူ တွေ့မြင်ခဲ့ဖူးသည်။
အမတ ထွန်းကားရာ ခေတ်တွင်ပင်၊ ဤစူးချန်ကဲသည် အလွန်ပင် စွမ်းအားကြီးမားပြီး လူပင် မဟုတ်ချေ။
“ ချီးပဲ! ၊ ဘာလို့ ဒီလို လူ့ဘီလူးတွေ ပေါ်လာရတာတုန်း?!”
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင် တစ်ယောက် စိတ်ဂယောက်ဂယက် ဖြစ်နေတုန်း ဟောချက်တစ်ခုကို ရုတ်တရက် သတိရသွားသည်။
“အန္တိမ မျှော်လင့်ချက်....”
ကြီးမားသော စိတ်ခံစားချက် အပြောင်းအလဲက သူ့အား သွေးမည်းများကို နောက်တကြိမ် ပြန်အန်ထွက်စေခဲ့သည်။
“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး!”
သို့သော် စူးချန်ကဲမှာမူ ၊ ဘာမှမထူးခြားသော မျက်နှာဘေးဖြင့်။
“ ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင် ခင်ဗျား သွေးမည်းတွေတောင် အန်ထွက်နေပြီ ၊ ကြည့်ရတာ ခင်ဗျားက မကောင်းဆိုးဝါး တစ်ကောင်ထက် ဘာမှမပိုဘူး “
ချွင် !
စူးရှသော ဓားသွားသံသည် နေရာတွင် ပဲ့တင်ထပ် သွားခဲ့လေသည်။
ဘယ်ချိန်ကမှန်းမသိ ၊ စူးချန်ကဲ၏ လက်ထဲ၌ ကောင်းကင်ဓား ရောက်ရှိလို့နေခဲ့ပြီ ဖြစ်သည်။
ဓား၏ တဖျက်ဖျက် တောက်ပနေသော အလင်းရောင်သည် နေ၏အလင်းရောင်ကဲ့သို့ပင်။
တဖန် လသော်တာကဲ့သို့ လူ၏ နှလုံးသားထဲကို အေးစက်စေပြန်သည်။
“ လူကြီးမင် အချိန်ကျပြီ “
“ဒါဆို ဒီလောက်နဲ့ပဲ စိတ်အေးအေးလူလူ သွားလိုက်ပါတော့”
“နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း ၊ လောကကို ဖွင့်လှစ်မည့် ဓား !”
အဆုံးမရှိသော ဓားစွမ်းအင်များသည် ဓားစွမ်းအင်ပင်လယ်ကြီးအလား ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကျရောက်လာခဲ့သည်။
ကမ္ဘာပေါ်ရှိ အရာအားလုံးပင်လျှင် ဤဓားကြောင့် ထိတ်လန့်သွားပုံ ရပေသည်။
ဓား၏ စွမ်းအားသည် ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်ကိုပင် ကြောက်လန့်အောင် ပြုစားနိုင်သည်။
စူးချန်ကဲသည် အဘယ်ကြောင့် ဤမျှ အစွမ်းထက်သော စွမ်းအားများ ရှိနေသည်ကို သူ လုံးဝမှ နားမလည်နိုင်ခဲ့ချေ။
“ အငယ်လေး ! မင်း လူကို အရမ်းအနိုင်ကျင့်လွန်းတယ် !!”
“မင်း အရှက်ခွဲတာကို ငါက ငြိမ်ခံနေမှာတဲ့လား!?”
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်သည် ထပ်မံ ဟောက်ငမ်း ပြောဆိုလိုက်သည်။မူလက သူ့ကို ဝန်းရံထားသော ရွေရောင် သူတော်စင် စွမ်းအားတို့သည် ရုတ်တရက် အမှောင်ထု အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် အံ့သြဖွယ်ရာ ကောင်းသော အမှောင်စွမ်းအားများ တဟုန်ထိုး မြင့်တတ်လာခဲ့သည်။
၎င်းအရာများသည် တစ္ဆေဘုံမှ ဆင်းသက်လာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအရိပ် တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး အဆုံးမရှိသော မကောင်းဆိုးဝါး အငွေ့အသက်များ ရောသမမွှေကာ ပါရှိနေသည်။
ထိုနတ်ဆိုးအရိပ်သည် ရက်စက်ကြမ်းကြုတ်သော မျက်နှာ ၊ ဦးချို နှင့် ၎င်း၏ ကျောဘက်တွင် အနက်ရောင် အတောင်ပံတစ်စုံ ရှိသည်။
ဝေါင်း!
ထိုအနှီ နတ်ဆိုးအရိပ်သည် ထိတ်လန့်ဖွယ်ကောင်းသော ဟိန်းသံနှင့်အတူ ကြောက်မက်ဖွယ်ရာ ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်ပေးနေလေ၏။
ယင်းအရာသည် ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်၏ မူလရှိရင်း စွမ်းအားထက် ကျော်လွန်ပေသည် ။
ဝုန်း ! !
ပြိုးပြိုးပြက်ပြက် တောက်ပသော ဓားစွမ်းအင်အတွင်း အမှောင် စွမ်းအားများ ဝင်ရောက်လာခဲ့သည်။
ဤကဲ့သို့ ကြောက်စရာကောင်းသော အင်အားစု နှစ်စု ထိပ်တိုက် ဆုံတွေ့မှုသည် ထောင်နှင့်ချီသော နိယာမစည်းမျဉ်းများကို ပျက်စီးသွားစေသည်။
“အမှောင်ထု အငွေ့အသက်....”
စူးချန်ကဲ၏ မျက်ခုံးနှစ်ခုကြား အံ့အားသင့်မိသော အရိပ်အယောင်များ ရှိနေသော်လည်း သို့သော် အရင်လို ဂရုမစိုက်ဟန်ဖြင့် ရှိနေဆဲသာ။
“ ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင် ၊ မင်း တကယ်ပဲ ငါ့စွမ်းအားကို ချေးယူမှာလား”
“ဒါ အတော်တော့ ရယ်စရာကောင်းသား၊ ဒါမှမဟုတ် မင်းလည်း ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင် လို့ နာမည်ပြောင်းလိုက်ပါ့လား”
“ပါးစပ်ပိတ်ထားစမ်း !”
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်သည် အေးစက်သော အကြည့်ဖြင့် ဒေါသတကြီး ဆိုလေသည်။
“မင်း ငါတို့အကြံအစည် မကျရှုံးစေချင်ဘူးဆိုရင် ၊ ဒီကောင် သေချာပေါက် သေမှဖြစ်မယ်!”
အပိုင်း(၁၈၃): ခွင်းလွင်တောင် ပိတ်ပြီ ၊ စစ်ပွဲကြီး လာတော့မယ်
“စိတ်မပူနဲ့၊ ငါတို့ရဲ့ ရန်သူဖြစ်နေသမျှ ဒါဆိုလည်း သတ်ပစ်ရုံပေါ့ “
ထိုအနှီ နတ်ဆိုးအရိပ်က ဘာသိဘာသာ ဆိုလိုက်သည်။
“ ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင် ဖြစ်လျက်သားနဲ့ ခုလို အမှောင်ထုနဲ့ ပေါင်းစည်းလိမ့်မယ်လို့ တကယ် မမျှော်လင့်ထားဘူး ၊ ဒါဟာ တကယ်ကို ဝမ်းနည်းစရာလည်း ကောင်းသလို ရယ်စရာ ကောင်းတာပဲ”
“ဟွန့် ၊အမှောင်ထုက နောက်ဆုံးမှာ ပြန်ပေါ်လာလိမ့်မယ် ၊ ငါက အမှောင်ထုရဲ့ ဦးဆောင်လမ်းပြမယ့်သူပဲ”
“ မင်းကလည်း ငါ့ရဲ့ အမှုန့်ချေတာကို ခံရမယ့် ကျောက်စရစ်ခဲသာသာပဲ!”
ထိုအနှီနတ်ဆိုးအရိပ်၏ စကားအဆုံးတွင် ၊ ဤနေရာရှိ နိယာမတရား စွမ်းအားများသည် တသိမ့်သိမ့် ရိုက်ခတ်သွားလေသည်။
အဆုံးမရှိသော အမှောင် စွမ်းအားများ စီးဝင်လာခဲ့ပြီး ဤနေရာတစ်ခုလုံးကို အနက်ရောင်အဖြစ် ဆေးခြယ်ထားသည်။
သို့သော် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသာ စွမ်းအားများ ရင်ဆိုင်နေရသည့်တိုင် ၊ စူးချန်ကဲမှာမူ အရင်လို တည်ငြိမ်နေဆဲပင် ဖြစ်သည်။
မျက်စိတမှိတ်အတွင်းမှာပင် ၊ ဓားတစ်လက် ထွက်ပေါ်လာပြီး ပိုင်းဖြတ်လိုက်သည်။
ရွှမ်း!
တောက်ပသော ဓားအလင်းသည် ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားသည်မှာ ဓား၏ ကြီးကျယ်ခမ်းနားသော အသွင်အပြင်ကို ပြသနေသည်။
သို့ပေမဲ့ တဟုန်ထိုး ထကြွလာသော အမှောင်ထုကြီး၏ ရှေ့မှောက်တွင် ၎င်းသည် မည်သည်သက်ရောက်မှုမှ ရှိမနေခဲ့ပေ။
“ဟာဟား၊ အသုံးမဝင်ဘူး ၊ မင်း စိတ်အေးလက်အေးနဲ့သာ အမှောင်ထုကြီးနဲ့ တစ်သားတည်း ကျနေလိုက်တော့ “
အမှောင်ထု၏ နတ်ဆိုးရုပ်သွင်သည် ဆိုးသွမ်းသော အပြုံးတစ်ခုကို ဖော်ထုတ်လိုက်သည်နှင့် ဧရာမ လက်ဝါးရိပ်ကြီးသည် မကောင်းဆိုးဝါးတောင်ထွပ်ကြီးသဖွယ် ကျရောက်လာခဲ့သည်။
ဤအမှောင်စွမ်းအားများသည် လွန်စွာ ဆန်းကြယ်ပေသည်။နိယာမတရားများပင်လျှင် ပျက်စီးယိုယွင်းခဲ့ရပြီး ဗလာနိတ္ထိ အဖြစ် ပြောင်းလဲရချေပြီ။
“ ကြည့်ရတာ ဒီလှည့်ကွက်ကို ထုတ်သုံးရမယ့်ပုံပဲ “
စူးချန်ကဲသည် ဖျက်ဆီးခြင်း နတ်ဘုရားအလင်းနှင့် မဟာနိဗ္ဗာန်န နတ်ဆိုးအလင်းကို ပေါင်းစပ်အသုံးပြုတော့မည် ဖြစ်သည်။
ထိုစဉ် ကြီးကျယ်ခမ်းနားသော ရောင်ဝါတစ်ခု နိုးထလာသကဲ့သို့ သူ၏ နတ်အသိစိတ်ပင်လယ်မှာ တသိမ့်သိမ့် ရိုက်ခတ်တုန်လှုပ်လာခဲ့သည်။
“ဒါ... အဝေး ဘိုးဘေးက ချန်ထားခဲ့တဲ့ မှော်စွမ်းအားများလား?”
ယင်းအရာသည် အဝေးဘိုးဘေးမှ သူ့လုံခြုံရေးအတွက် သူ၏ နတ်အသိစိတ် ပင်လယ်ထဲသို့ တမင်တကာ ထည့်သွင်းပေးထားခဲ့သော မှော်စွမ်းအား တစ်ခုပင် ဖြစ်သည်။
၎င်းမှော်စွမ်းအားသည် ယခုအခိုက်အတန့်တွင်မူ ပြိုးပြိုးပျက်ပျက် တောက်ပလာခဲ့၏။ ဆိုလိုသည်မှာ ယင်းမှော်စွမ်းအားမှာ နိုးထလာခဲ့ချေပြီ။
စူးချန်ကဲ၏နဖူးပေါ်မှ အလင်းတန်းတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
ဝီ —
အလင်းတန်းများသည် ဒီရေအလား ရောယှက်၍ စုဝေးလာခဲ့သည်မှာ ဤကမ္ဘာကြီး စတင်ဖြစ်ပေါ်ခဲ့စဉ်က ပွင့်လန်းလာခဲ့သော ပထမဆုံး ရောင်ခြည်ကဲ့သို့ပင်။
နိယာမတရားများကိုပင် ထိခိုက်စေခဲ့သော အမှောင်စွမ်းအင်များမှာ ယင်းအရာ၏ နှိပ်ကွပ်မှုကို ခံခဲ့ရပြီ ဖြစ်သည်။
ဤကဲ့သို့ စွမ်းအားကြီးမားသော ရောင်ဝါဖြင့် ဆုံတွေ့လိုက်ရချိန် အမှောင်စွမ်းအင်များသည် အနက်ရောင် အခိုးအငွေ့များ အဖြစ်သို့ ပျံ့လွင့်သွားခဲ့သည်။
ချက်ချင်းဆိုသလို ၊ ပြိုးပြိုးပြက်ပြက် ဝင်းထိန်နေသော ရောင်စဉ်များကြား ကြီးကျယ်ခမ်းနားသော ရုပ်သွင်တစ်ခု ဖြေးဖြေးချင်း ဖြစ်ပေါ်လာသည်။
ထိုပုံရိပ်သည် အလွန် မှုန်ဝါးသော်လည်း ၊ လူအရိပ်သဏ္ဍာန် တစ်ခုသာ ဖြစ်သည်။
သို့သော် ၎င်းအသွင်ပုံရိပ်သည် ဤကမ္ဘာပေါ်တွင် သူ့လောက် ကြီးကျယ်ခမ်းနားသော အရာ မရှိသကဲ့သို့ ကမ္ဘာမြေကြီးပင်လျှင် တုန်ခါရသော အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့သည်။
“ဒီရဲ့ အအငွေ့အသက်က မဟုတ်မှလွဲရော..”
နတ်ဆိုးအရိပ်သည် ထိတ်လန့်သွားခဲ့ပုံရသည်။
ဤအငွေ့အသက်သည် သူ့အတွက် ရင်းနှီးကျွမ်းဝင်သလို ထိတ်လန့်ရသည့် ဖော်မပြနိုင်သော ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့သည်။
ထိုအနှီပုံရိပ်သည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်နှင့်အမျှ ၊ ဤနေရာ တစ်ခုလုံး ဗလာကျင်းသွားခဲ့သည်။
အမှောင်စွမ်းအင်များ သာမက မူလကတည်းက တည်ရှိနေခဲ့သော ဝိညာဉ်စွမ်းအင်များပင်လျှင် လုံးဝ ပျောက်ကွယ်သွားခဲ့ရသည်။
“အဝေး ဘိုးဘေး?”
စူးချန်ကဲ အံ့သြသွားသည်။
မူလက သူသည် သူ၏ ပေါင်းစပ် စွမ်းအားကို စမ်းသပ်ချင်ခဲ့သည်။
သို့သော် ယခုတွင် သူသည် ဤပွဲတွင် တိုက်ရိုက် အနိုင်ရရှိသူ တစ်ဦး ဖြစ်လာပေတော့မည်။
“ အမှောင်ထု “
“မင်း ပြန်နိုးလာပြီလား”
“ မင်းကလေ တကယ်ကို ခွေးအရေခွံလိုပဲ ဘယ်လိုမှ ရှင်းပစ်လို့ မရဘူးပဲ ၊ ဒါပေမဲ့ မင်းတို့ကောင်တွေက ငါ ကွေးယွမ် ဆက်ခံသူကို တိုက်ခိုက်ဝံ့တယ်ပေါ့!”
“ ငါတို့ ကွေးယွမ်က ဓားမမြှောက်ရဲဘူးလို့ ထင်တာလား “
“ဒါမှမဟုတ် မင်းတို့ အမှောင်ထုက သိပ်ကိုသတ္တိရှိနေတာလား”
ခမ်းနားထည်ဝါသော အသံသည် ဤ နေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့လေသည်။
ဟင်းလင်းပြင်မှာလည်း ကြီးမားသော လှိုင်းဂယက်များ ဖြစ်ပေါ်ခဲ့ရသည်။
“ကွေး.. ကွေးယွမ်....”
“ကွေးယွမ် အမတ ဂိုဏ်း...!?”
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင် နှင့် နတ်ဆိုးအရိပ်တို့သည် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
သွားပြီ !!
၎င်းတို့၏ မျက်လုံးထဲ၌ အကြောက်တရားများ ကြီးစိုးနေလေ၏။
သူတို့နှစ်ယောက်လုံးသည် ထိုခေတ်ဟောင်းကတည်းက ရှင်သန်လာကြသော သူများ ဖြစ်ရာ ၊ ကွေးယွမ် အမတဂိုဏ်းကို အဘယ့်ကြောင့် မသိရှိမည်နည်း ။
သူတို့လို အသက်ရှည်ရှည် နေထိုင်ခဲ့ကြသော
လူ့ဘီးလူးကြီးများသည် တိုက်မြေ သုံးထောင်တွင် ပေါက်ဖွားလာသော လူငယ်များမှ လွဲ၍ ကွေးယွမ် အမတ ဂိုဏ်းကို အလွန် ကြောက်ကြသည်။
“ ဒါ့ကြောင့် ဒီကောင်လေးဆီက ထူးဆန်းတဲ့ အငွေ့အသက်ကို ခံစားရတာ အံ့သြစရာ မရှိတော့ဘူး ၊ လက်စသတ်တော့ သူက ကွေးယွမ် အမတ ဂိုဏ်းကပဲ...”
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်က ညည်းတွားလိုက်သည်။ စူးချန်ကဲကိုယ်ပေါ်က ဆန်းကြယ်သော အရာများကို ယခုမှပဲ သူ အဖြေထုတ်နိုင်ခဲ့တော့သည်။
သို့သော် ဤအရာက နတ်ဆိုးရုပ်သွင်ကို ဒေါသ အလွန်ထွက်စေခဲ့ပြီး ကျယ်လောင်စွာ ကျိန်ဆဲလေသည်။
“ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင် ၊ မင်းမျက်စိ ကန်းနေတာလား?”
“မင်းက ကွေးယွမ် အမတဂိုဏ်း ကို ရန်စဖို့ အတော်လေး သတ္တိရှိနေတယ်ပေါ့ ၊ ငါ့ကိုပါ ဆွဲထည့်လိုက်သေးတယ်!”
နတ်ဆိုးရုပ်သွင်မှာ ငိုချင်သွားသည်။ သူ့ခမျာ စောနလေးကမှ ပြန်လည်နိုးထလာခဲ့တာလေ!
ခုတော့ သူ့ဝက်ဘော်ဒါရဲ့ လှည့်စားမှုကို ခံလိုက်ရသတဲ့လား?
“မင်းက အခုကြမှ ငါ့ကို အပြစ်တင်နေတယ်ပေါ့လေ ၊ မင်း ငါ့ကို ရန်လာစနေတာလား?”
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်၏ မျက်နှာမှာလည်း ကြည့်ရဆိုးနေခဲ့ပြီး ၊ အရှက်အကြောက်မရှိ နတ်ဆိုးအရိပ်နှင့် ငြင်းခုံနေလေ၏။
ဤအပြုအမှုသည် စူးချန်ကဲအား အနည်းငယ် ကြောင်အမ်းသွားစေခဲ့ပြီး ၊ လက်ရှိအခြေအနေအပေါ် သူ နားမလည်နိုင် ဖြစ်နေခဲ့သည် ။
သို့သော် ဤကဲ့သို့ နောက်ခံရှိခြင်းသည် မတူညီသော ဝန်ဆောင်မှုကို ရရှိနိုင်သည် ဟု ဆိုရပေမည်။
ထိုစဉ် အဝေးဘိုးဘေး က အေးစက်စွာ ဆိုလိုက်သည်။
“ဒီငါးနှစ်ကောင်က ခုမှ ဘာဒရာမာခင်းနေတာတုန်း ၊ မင်းတို့ ငယ်သူကို အနိုင်ကျင့်ဖို့ ရွေးခဲ့ပြီးပြီ ဆိုမှတော့ “
“ ငါ ဝင်ပါတာ သိပ်တော့ မလွန်ပါဘူး”
လင်းထိန်နေသော အဆုံးမဲ့ နတ်အလင်းရောင်များဖြင့် ရေချိုးသလား အောက်မေ့ရသည့် ထိုအနှီရုပ်သွင်သည် သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။
ထိုလက်ဖဝါးပေါ်တွင် စွမ်းအားများကို စုစည်းထားသကဲ့သို့ ဤကမ္ဘာကြီးပင်လျှင် အလွှာလိုက် အလွှာလိုက် ကွဲကြေခဲ့ရသည်။
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်နှင့် နတ်ဆိုးအရိပ်၏ မျက်မှာများမှာ လွန်စွာဖျော့တော့နေကြသည်။သူတို့သည် ရှေးခေတ်ကတည်းမှ ရှင်သန်လာခဲ့ကြသော တည်ရှိမှုများပင် ဖြစ်သည်။
ဤကဲ့သို့ ပျက်သုန်းပျောက်ကွယ်ရမည်ကို မလိုလားသောကြောင့် သူတို့သည်လည်း ကြောက်စရာကောင်းသော စွမ်းအားများကို ထုတ်သုံးခဲ့လေသည်။
ယင်းကြောင့် ဤနေရာမှ ပေပေါင်းများစွာ ကွာဝေးသော နေရာအထိ လှိုင်းဂယက်များ ဖြစ်ပေါ်ခဲ့ရသည်။
သို့သော် အဝေး ဘိုးဘေး၏ စွမ်းအားက တကယ့်ကို အားကောင်းလွန်းပေသည် ။၎င်းတို့နှစ်ဦး၏ တိုက်ခိုက်မှုသည် မည်သည့် သက်ရောက်မှုမှ မရှိခဲ့ပေ။
“လူကြီးမင်း သနားပါ ၊ ငါတို့ ဒါကို မရည်ရွယ်ဘဲ လုပ်ခဲ့မိတာပါ”
ဤမျှ အင်အားကြီးမားသော စွမ်းအား၏ လက်အောက်တွင် ၎င်းတို့နှစ်ဦးစလုံး ရွံ့ရွံ့ချွန်ချွန် တောင်းဆိုနေကြသည်။
သို့သော် အဝေးဘိုးဘေး၏ ပုံရိပ်မှာ ငြိမ်သက်နေသော်လည်း ၊ သူ၏ ရောင်ဝါတို့သည် ပို၍ ကြီးမားလာခဲ့သည်။
ဝုန်း!
နိယာမတရား၏ စွမ်းအားသည် ကြောက်ခမန်းလိလိ ထွက်ပေါ်လာခဲ့ပြီး အရာအားလုံးကို လွှမ်းခြုံထားလေသည်။
အော်ဟစ်ငိုကြွေးသံများကြား ၎င်းတို့နှစ်ဦးသည်လည်း ချက်ချင်းလက်ငင်း အမှုန့်ဖြစ်ခဲ့ရလေပြီ။
ထိုမှသာလျှင် အဝေး ဘိုးဘေးသည် သူ၏ လက်ကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းခဲ့တော့သည်။
“ကျေးဇူးတင်ပါတယ် ဘိုးဘေး “
စူးချန်ကဲသည် အဝေးဘိုးဘေး အား ရိုသေစွာ ဦးညွှတ်လိုက်သည်။
စူးချန်ကဲ တစ်ယောက် အလွန် ခံစားခဲ့ရသည်။အဘယ့်ကြောင့်ဆိုသော် သူ အန္တရာယ်ရှိသည့် အခြေအနေနဲ့ ကြုံရတိုင်း၊
ကွေးယွမ် သူတော်စင် နယ်မြေ၏ဘိုးဘေးများသည် တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းလက်ငင်း အရေးယူခဲ့သည်။
“ ချန်ကဲ၊ ရဲရဲဝံ့ဝံ့နဲ့သာ ရှေ့ကို ဆက်လျှောက် “
“ဒီလောကကြီးရဲ့ ဇာတ်ခုံမှာ သန်မာတဲ့ သူတွေအတွက်သာ နေရာရှိတယ် ၊ မင်းအနေနဲ့ ဇာတ်ဆောင်ဖြစ်ချင်ရင် ဒီထက်ပိုပြီး သန်မာလာရမယ်”
အဝေးဘိုးဘေး၏ စောနက ရောင်ဝါနှင့် နှိုင်းယှဥ်ကြည့်မည်ဆိုပါက ၊ ဤအခိုက်အတန့်တွင် အလွန်ကိို နူးညံ့လွန်းပေသည်။
“ကြောက်စရာ မလိုဘူး၊ ငါတို့က မင်းအတွက် မားမားမတ်မတ် ရပ်တည်ပေးသွားမယ် “
ထိုစကား၏ အဆုံးတွင် ၊ အဝေးဘိုးဘေး၏ မှုန်ဝါးသော ရုပ်သွင်သည် လေဟာပြင်မှ ဖြည်းညှင်းစွာ ကွယ်ပျောက်သွားခဲ့လေသည်။
၎င်းသည် ရွှေကြယ်ပွင့် အဖြစ်သို့ ပြောင်းလဲသွားပြီး ၊စူးချန်ကဲ၏ နတ်အသိစိတ် ပင်လယ်ထဲသို့ တဖန် ပြန်ဝင်သွားခဲ့သည်။
“အဝေး ဘိုးဘေးတွေ ဘယ်လောက်တောင် သန်မာလဲ မသိဘူး “
“ကြေးဝါဗိမ္မာန်ကို နှိပ်ကွပ်လိုက်တဲ့ စွမ်းအားက ဒီကမ္ဘာကြီးကိုတောင် လုံးလုံးလျားလျား ပြိုကွဲသွားစေနိုင်တာပဲ “
စူးချန်ကဲက ညည်းညူလိုက်သည်။
စောနက မြင်ကွင်းသည် သူ့ကို အံ့အားသင့်သွားစေသည်။
ထိုစွမ်းအားသည် သူ မျှော်လင့်ထားသည်ထက်ကို ကျော်လွန်၍ အားကောင်းလွန်းပေသည်။
ဤကမ္ဘာကြီးသည် မည်မျှထိတောင် ကျယ်ဝန်းလေသနည်း။
“ ထားပါတော့၊ အခု သူတော်စင်နယ်ပယ်အဆင့်ထိ ရောက်ပြီဆိုမှတော့ ဧကရာဇ်လမ်းစဉ်ကို ရောက်ခံနီးပြီ “
“ ကမ္ဘာကြီး၏ ကျယ်ပြောမှုက လောကကြီးထဲက ပါရမီရှင်များကို အပြုံးဖြင့် ကြည့်နေလေ၏ ~ “
ဤသို့ဖြင့် စူးချန်ကဲသည် ကြေးဝါဗိမ္မာန်၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ ဆက်လက် ထွက်ခွာလာခဲ့သည်။
…..
အပြင်ဘက်တွင်မူ ၊ လူတိုင်း ကြေးဝါဗိမ္မာန်ကို ဖြူဖပ်ဖြူရော်မျက်နှာဖြင့် စိုက်ကြည့်နေကြသည်။
စောနက ဖြစ်ပွားခဲ့သောတိုက်ပွဲမှ ထွက်ပေါ်လာသော တုန်ဟည်းသံသည် ကြေးဝါဗိမ္မာန် တစ်ခုလုံးကို ပြင်းထန်စွာ လှုပ်ခါသွားစေသည်။
“ကြေးဝါဗိမ္မာန်မှာ ဘာများ ဖြစ်နေတာပါလိမ့်”
“အထဲမှာ စူးချန်ကဲ သေသွားတာများလား”
“ဖြစ်နိုင်တယ် ၊ ကြေးဝါဗိမ္မာန်က အံ့ဖွယ်ခြောက်ပါးထဲက တစ်ခုလေ ၊ စောနက ထွက်ပေါ်လာတဲ့ စွမ်းအားက မတော်တဆ တစ်ခုခု ဖြစ်သွားနိုင်တယ်...”
ဘုန်း!
သို့သော် ထိုအခိုက်အတန့်တွင်၊ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ခွင်းလွင်တောင်၏ တောင်ထိပ်များ ပြိုကျလာခဲ့ပြီး ပရမ်းပတာ ဖြစ်လာခဲ့သည်။
ဤရုတ်တရက် ပြောင်းလဲမှုကြီးသည် မူလကတည်းက စိတ်လှုပ်ရှားနေပြီ ဖြစ်သော လူအုပ်ကြီးကို ပို၍ စိတ်လှုပ်ရှားစေခဲ့သည်။
“ မကောင်းတော့ဘူး ၊ ခွင်းလွင်တောင် ပိတ်တော့မယ်!”
“ မြန်မြန် ပြေးကြ ၊ မဟုတ်ရင် မမှီတော့ဘူး!”
ပါရမီရှင်များမှာ ပျာပျာယာယာ ဖြစ်လျက် ၊ ၎င်းတို့၏ မှော်စွမ်းအားများဖြင့် ခွင်းလွင်တောင်၏ အပြင်ဘက်ဆီသို့ ပျံသန်းသွားခဲ့ကြသည်။
ခွင်းလွင်တောင်တွင် ပိတ်မိမည်ဆိုပါက ၊ နှစ်ပေါင်း တစ်သိန်းကြာတဲ့အထိ အပြင်သို့ ထွက်ရလိမ့်မည် မဟုတ်ချေ။
“ ဒုက္ခပဲ ၊ ချန်ကဲ ဆက်ခံသူက အထဲမှာ ရှိနေတုန်းပဲ၊ ခွင်းလွင် တောင်မှာ ချန်ကဲ ဆက်ခံသူ အပိတ်ခံရရင် ဘယ်လိုလုပ်ကြမလဲ”
လီဟောက်ထျန်း၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။အကယ်၍ စူးချန်ကဲသာ ခွင်းလွင် တောင်တွင် နှစ်ပေါင်းတစ်သိန်းကြာ ပိတ်မိနေမည် ဆိုပါက ၊
ဤရွှေခေတ်ကြီးသည်လည်း ပြီးဆုံးလောက်ပြီပင်။
“ ယောက်ထျန်း အကို ၊ ခွင်းလွင်တောင်ရဲ့ ဉပဒေစည်းမျဉ်းတွေက တဖြည်းဖြည်း ပြန့်ကျဲနေပြီ ၊ ကျွန်တော်တို့ ခုမှ မသွားရင်...”
ကွေးယွမ် သူတော်စင် နယ်မြေ မှ တပည့်တစ်ဦးက အလျင်အမြန် လျောက်တင်လိုက်သည်။
ဤပြောင်းလဲမှုကြီးသည် အလွန် လျင်မြန်လွန်းသည်။ ဖြစ်နိုင်သည်မှာ စောနက ကြေးဝါဗိမ္မာန်ထံမှ ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအားကြောင့် ဖြစ်နိုင်သည်။
၎င်း၏ အကျိုးဆက်ကြောင့် ဤကမ္ဘာကြီးတွင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်။
တပည့်သားအားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်နေစဉ် ၊
သူတို့အားလုံး၏ နတ်အသိစိတ် ပင်လယ်ထဲသို့ အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။
“သွားကြ ၊ ချန်ကဲ အဆင်ပြေတယ်”
“ထွက်လာပြီးရင် ၊ ကွေးယွမ် ကို အမြန်ပြန်လာခဲ့”
“စစ်ပွဲ လာတော့မယ်”
ဤသတင်းသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ တပည့်များကို ထိတ်လန့်သွားစေသည်။
ဤသည်မှာ ဘိုးဘေးမှ လျို့ဝှက်နည်းလမ်းဖြင့် တိုက်ရိုက် ပေးပို့ခဲ့ခြင်း ဖြစ်သည်။
သူ၏ နောက်ဆုံးစာသားမှာ “ စစ်ပွဲကြီး လာခဲ့လေပြီ “
ထင်ထားသည့်အတိုင်း ၊လာသင့်တဲ့အရာကတော့ ရောက်လာပေတော့မည် ။
ဤတစ်ကြိမ်တွင်၊ ကွေးယွမ် သူတော်စင် နယ်မြေသည် အင်အားစု များစွာမှ မျိုးဆက်သစ် လူငယ် သူတော်စင်အရှင် အားလုံးကို သုတ်သင်ပစ်ခဲ့သည်။တစ်နည်းအားဖြင့် ဆိုရသော် ၎င်းတို့၏ မျိုးဆက်တစ်ခုလုံး ပြတ်တောက်သွားခဲ့ရပြီ ဟု ဆိုရပေမည်။
ယင်းက လွန်စွာ ကြီးမားသော အမုန်းတရား ဖြစ်ပြီး ၊ တဖက်က ခွင့်လွှတ်ပေးဖို့ဆိုတာ လုံးဝမှ မဖြစ်နိုင်ချေ။
လီဟောက်ထျန်း ဤအကြောင်းရင်းကို ချက်ချင်း ခန့်မှန်းနိုင်ခဲ့သည်။
သူသည် စိတ်ပူစွာဖြင့် ကြေးဝါဗိမ္မာန်ကို တချက် လှမ်းကြည့်လိုက်သည်။
သို့သော် ခွင်းလွင်တောင်သည် အဆက်မပြတ်
တုန်လှုပ်မြည်ဟည်းနေပြီး ၊ နိယာမတရား၏ စွမ်းအားများသည်လည်း ပို၍ ကျိုးတိုးကျဲတဲ ဖြစ်လာခဲ့လေပြီ ။
ယခု သူတို့မထွက်သွားပါက ၊ ပိတ်မိသွားနိုင်သည်။
“ ချန်ကဲ ဆက်ခံသူ... သေချာပေါက် ဘေးကကင်းရမယ်!”
“ ကွေးယွမ် သူတော်စင် နယ်မြေ က လူတိုင်း၊ ချက်ချင်း ထွက်ခွာမယ်!”
အပိုင်း (၁၈၄): ရှေးဟောင်း နံရံဆေးရေး ပန်းချီကားများ
နတ်နဂါး ကျွန်းစု ၊
“ ကွေးယွမ် သူတော်စင် နယ်မြေကဟာတွေ လူတွေကို အရမ်း အနိုင်ကျင့်တာပဲ!!!”
ဝုန်း!
လူလတ်ပိုင်းအရွယ်ရှိသည့် အမျိုးသားသည် သူ၏ ဝတ်ရုံလက်စကို ဝေ့ရမ်းလိုက်ရာ ပျက်သုန်းခြင်း အငွေ့အသက်များ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး ၊ ပေရာချီဝေးကွာသော နေရာရှိ တောင်တန်းများပင်လျှင် ပြာအဖြစ်သို့ ပြောင်းလဲခဲ့ရသည်။
သူ၏ အမူအရာမှာ အလွန် ဒေါသထွက်နေပုံ ရပြီး ၊ မျက်ရည်များ ဝဲနေ၏။
“သွားပြီ ၊ အကုန် မရှိတော့ဘူး ! ငါတို့ နတ်နဂါးကျွန်းစုက မျိုးဆက်သစ် သူတော်စင်အရှင်တွေအားလုံး ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီ!”
“ဒါကိုမှ လက်စားမချေနိုင်ရင် ငါ လူ မလုပ်ဘူး!”
ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် ဤနေရာတစ်ခုလုံးကို နှိပ်ကွပ်လျက် ၊ မြင့်မြတ်သော လမ်းစဉ်၏ နိယာမတရားများပင်လျှင် ငိုကြွေးတုန်လှုပ်ခဲ့ရသည်။
ထိုအနှီလူ၏ ဘေးပတ်ပတ်လည်တွင် ရှိနေကြသော အကြီးအကဲနောက်လိုက်များမှာ တဆက်ဆက် တုန်ရီနေသည်။
ဤအခိုက်အတန့်တွင်မူ ၊ သူတို့၏ မျက်နှာများမှာ ဖြူဖျော့နေပြီး တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေ၏။ သူတို့ နဂါးသခင်၏ ယခုလို ဒေါသမျိုးကို သူတို့ တစ်ခါမျှ မတွေ့ဖူးသေးပေ။
နဂါးသခင်၏ ရင်ဘတ်မှာ နိမ့်ချေ မြင့်ချေဖြင့် ၊ အတော်ကြာသည့်အချိန်ထိ မသက်သာနိုင်ခဲ့ပေ။
လုံပါ့ထျန်းသာမက သူတော်စင်အရှင် အဆင့်ထိ တတ်လှမ်းနိုင်ခဲ့သော တခြားပါရမီရှင်များအားလုံးလည်း သုတ်သင်ခံလိုက်ရပြီ ဖြစ်ကြောင်း ရှေးဟောင်းကမ္ဘာမှ ပေးပို့လာသော သတင်းကို သူ ရရှိခဲ့သည်။
သူတို့အားလုံးသည် စူးချန်ကဲ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
တစ်နည်းအားဖြင့် ဆိုရသော် နတ်နဂါးကျွန်းစုတွင် မျိုးဆက်သစ် သူတော်စင်အရှင် မရှိခြင်းသည် ခေတ်ကာလတစ်ခုအထိ အဆက်ပြတ်သွားရမည် ဖြစ်ပြီး နတ်နဂါးကျွန်းစု၏ အနာဂတ်သည်လည်း ပျောက်ကွယ်ရပေတော့မည်။
ဒါ သူတို့ နတ်နဂါးကျွန်းစုကို ဖျက်စီးလိုက်တာနဲ့ ဘာကွာမလဲ?
“သွား ၊ ဘိုးဘေးကို သွားနှိုးလိုက်တော့”
နဂါးသခင်၏ မျက်နှာမှာ လွန်စွာ အေးစက်နေသည်။
: “ နယ်မြေပြင်ပမှာ ရောက်နေတဲ့ ဧကရာဇ်မင်းတွေကို ပြန်လည်ခေါ်ဆောင်ဖို့ နဂါးပေလွှာ အသုံးပြုချည် !”
အကြီးအကဲများစွာ အံ့အားသင့်သွားကြသည်။ ဧကရာဇ်မင်းတွေကို ပြန်လည်ခေါ်ဆောင်မယ်တဲ့လား?
မဟုတ်မှလွဲရော ၊ စတော့မှာလား...။
……
ဂူထဲ၌ မီးတောက်များ တဟုန်းဟုန်း တောက်လောင်လျက်ရှိသည်။
လောင်မြိုက်နေသော အငွေ့လှိုင်းများက နေရာတစ်ခုလုံးကို လွှမ်းခြုံထားပြီး နိယာမတရားများပင်လျှင် မီးရှို့ဖျက်စီးခံရပြီး အရည်ပျော်ကျရသည့်အထိပင်။
T/N - စာဖတ်သူတော့ မသိဘူး ၊ကိုယ်တွေတော့ ဝတ္ထုတွေထဲ နိယာမစည်းမျဉ်းတွေချည်း တွေ့နေရလို့ ဘာလဲ ဆိုပြီး ရှာထားတာ
အဲ့တာတွေက - သဘာဝတရား၏ နိယာမ ၊ အာကာသနှင့်အချိန် ၏ နိယာမများ ၊ ဘဝ၏ နိယာမတရား၊ ယင် ယန် နိယာမတရား ၊ဒြပ်၏ နိယာမတရား ၊ ပျက်စီးခြင်း နိယာမတရား ၊ တိုက်ပွဲ နိယာမတရား ၊ မီး၊ ရေ၊ သစ်သား၊ မြေကြီး၊ အလင်း၊ အမှောင်၊ သေခြင်း နှင့် အခြားမှော် နိယာမစည်းမျဉ်း ၊ ဒါတင်မကဘူး အချိန်၏ နိယာမထဲမှာ ပါရှိတဲ့ ချုပ်နှောင်ခြင်း နိယာမစည်းမျဉ်း၊ တန်ပြန်စည်းမျဉ်း ~~ များလိုက်တာ ဒါတောင်ကျန်သေးတယ်.. ဝတ္ထုအလိုက် ကွဲပြားသွားနိုင်ပါတယ် ]
“ဖီးနစ်သခင် ၊ ကွေးယွမ်ရဲ့ ဒီလုပ်ရပ်က ကျွန်တော်တို့ရဲ့ ဖီးနစ်လှိုဏ်ဂူကို ဖျက်စီးလိုက်တာပဲ “
“မှန်တယ်၊ ငါတို့ရဲ့ ဖီးနစ်လှိုဏ်ဂူမှာ တန်ခိုးကြီးမားတဲ့ ဧကရာဇ်မင်းတချို့ ရှိသေးတာပဲ ၊ ဖီးနစ်လှိုဏ်ဂူကို မထီမဲ့မြင် ပြုဝံ့တဲ့သူတွေကို အပြစ်ပေးသင့်တယ် “
“……”
ဖီးနစ်လှိုဏ်ဂူမှ အကြီးအကဲ လူအိုကြီးများကလည်း ၎င်းတို့၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း စိုက်ကြည့်နေကြသည်။အရမ်းကို ဒေါသထွက်နေကြမှန်း သိသာပေသည်။
ဖီးနစ်လှိုဏ်ဂူအတွက် အနည်းငယ် ပိုကောင်းသွားသည်မှာ ပိုက်ကွန်ထဲမှ လွတ်မြောက်လာခဲ့သော ငါးပေါက်လေးများ ရှိနေခဲ့ခြင်းပင်။
သို့သော် သူတို့အားလုံး နှုတ်ဆိတ်နေကြသည်။ စူးချန်ကဲ ဆိုသည့် စကားလုံး သုံးလုံးကို ကြားသည်နှင့် သူတို့တစ်ကိုယ်လုံး တဆက်ဆက် တုန်ခါသွားကြသည်။
သူတို့၏ တာအို စိတ်နှလုံးသားများမှာ ကွဲကြေသွားခဲ့ပြီး ဖြစ်သည်။ နောက်အနာဂတ်တွင် သူတို့အတွက် ဤလမ်းစဉ်ကို ဆက်လျှောက်ရန် အခွင့်မရှိတော့ဘူး ဟု ဆိုရပေမည်။
ဖီးနစ်လှိုဏ်ဂူ၏ ဖီးနစ်သခင်သည် ကျက်သရေရှိသော အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ ယခုအခိုက်အတန့်တွင်မူ သူမသည် မျက်လုံးများကို တင်းတင်း မှိတ်ထားပြီး အောက်ကလူများ၏ အသံကို တိတ်တဆိတ် နားထောင်နေသည်။
“အရင်က ဖီးနစ်လှိုဏ်ဂူရဲ့ ပက်ပက်စက်စက် ကျရှုံးမှုကို မင်းတို့အားလုံး မေ့နေကြပြီလား?”
“ဒါမှမဟုတ် မင်းတို့ သေမှာကိုပဲ မကြောက်ကြတာလား ၊ တစ်ခဏတာ ဂုဏ်သိက္ခာအတွက် တူညီတဲ့အမှားကို ထပ်လုပ်ချင်တာလား?”
ဖီးနစ်သခင်၏ စကားသည် လူတိုင်း၏ လည်မျိုထဲ၌ ကျောက်တုံးကြီး တစ်ခုကဲ့သို့ပင်။
ဤအကြောင်းကို သူတို့ အဘယ်ကြောင့် မသိရှိမည်နည်း။
လူသား မျိုးနွယ်စု နှင့် မကောင်းဆိုးဝါး မျိုးနွယ်စုတို့၏ စစ်ပွဲတွင် မကောင်းဆိုးဝါး မျိုးနွယ်စုဝင်များ ကျရှုံးခဲ့ပြီး ပလ္လင်ပေါ်မှ အပြီးတိုင် ဖယ်ရှားခံလိုက်ရသည်။ဤသို့ဖြင့် တိုက်မြေ သုံးထောင် အပေါ် နှစ်ထောင်ပေါင်းများစွာ ကြီးစိုးခဲ့သော ၎င်းတို့၏ အုပ်ချုပ်မှုကြီးမှာ အဆုံးသတ်ခဲ့ရသည်။
သူတို့၏ ဖီးနစ်လှိုဏ်ဂူသည် ရှေးဖီးနစ်မျိုးနွယ်စု၏ အကိုင်းအခက်တစ်ခုမျှသာဖြစ်သော်လည်း ၊ တန်ခိုးကြီးမားပေသည်။
သို့သော် ကွေးယွမ် သူတော်စင် နယ်မြေ ၏ စွမ်းအားကို ရင်ဆိုင်ခဲ့ရချိန်မှာတော့ ၊ သူတို့သည် နစ်မြုပ်သွားခဲ့ရသည်။
သို့ဆိုတောင် ဖီးနစ်လှိုဏ်ဂူရှိ အကြီးအကဲ လူကြီးများမှာ မကျေနပ်ပုံရပေသည်။
“ မဟုတ်မှလွဲရော ဒီကိစ္စကို ဒီတိုင်း ထားလိုက်မှာလား? “
“ ငါတို့ ဖီးနစ်လှိုဏ်ဂူရဲ့ သူတော်စင်အရှင် ပါရမီရှင်တွေအားလုံး ဒီလောက် ဆိုးရွားတဲ့ တိုက်ခိုက်မှုကို ခံစားခဲ့ရတာ ၊ အကယ်၍များ....”
ဖီးနစ်သခင်က အေးစက်စွာ ပြန်ပြောလိုက်သည်။
“ ဘာတွေ လောနေတာလဲ ၊ နတ်နဂါးကျွန်းစုက မဆင်မခြင် ယောက်ျားတသိုက် ရှိနေတာပဲ မဟုတ်လား?”
“သူတို့ကို ရန်ဖြစ်ခွင့်ပေးလိုက် “
“ပြီးတော့ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက လူတွေလည်း နိုးထလာခဲ့ပြီပဲ “
“ ငါတို့ ဖီးနစ် မျိုးနွယ်စုရဲ့ ပင်မသွေးကြော မကြာမီ မွေးဖွားလာတော့မယ် “
“ ကွေးယွမ် သူတော်စင် နယ်မြေ ဘယ်လောက်ပဲ တန်ခိုးကြီးမားပါစေ ၊ လူသား-မကောင်းဆိုးဝါး ဒုတိယစစ်ပွဲကြီးမှာ သူတို့ သေချာပေါက် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
အောက်က အကြီးအကဲအုပ်စုမှာ အံ့အားသင့်သွားကြသည်။
ပင်မသွေးကြော နိုးထလာပြီလား?
သူတို့ မကောင်းဆိုးဝါး မျိုးနွယ်စုက ဒုတိယ မကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့ကို ပြန်တည်ထောင်ဖို့ စီစဉ်နေတဲ့ ကောလာဟလတွေက တကယ်ကို အမှန်ဖြစ်နေခဲ့တာလား?
……
မြေအောက်ကမ္ဘာ ၊
နတ်ဘုရားအချုပ်ထောင် နန်းတော် ၊
“နန်းတော်သခင်၊ ထျန်းရှန်း ဂိုဏ်းရဲ့ အကြီးအကဲ ကိုယ်တိုင် စာတစ်စောင်ပေးပို့လာတယ် ၊ ကွေးယွမ် သူတော်စင် နယ်မြေကို သိမ်းပိုက်မယ့်ကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးချင်ပါတယ်တဲ့ “
ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ပလ္လင်ပေါ်ရှိ ပုဂ္ဂိုလ်အား ဦးညွှတ်လျက် လျောက်တင်နေခဲ့သည်။
ထိုပုဂ္ဂိုလ်၏ ရောင်ဝါသည် နားမလည်နိုင်သော ချောက်နက်ကြီးနှင့် တူပေသည်။သေခြင်းတရား၏ စွမ်းအင်တို့မှာ အတိုင်းမသိ တဟုန်ထိုး မြင့်တတ်နေပြီး ဆန်းကြယ်သော မှော်သင်္ကေတနက်များ အဖြစ်သို့ ပြောင်းလဲနေသည်။
သူ့လက်အောက်ငယ်သား၏ အစီရင်ခံစာကို ကြားလိုက်ရချိန်တွင် ၊ သူ၏မျက်လုံးမှာ မှိန်ဖျော့လျက် သူ၏ ညာလက်သည် မေးစေ့ကို ပျင်းရိစွာဖြင့် ထိကိုင်နေသည်။
မည်သည့် တုံ့ပြန်မှုမှ မရှိသကဲ့သို့။
ခဏအကြာတွင် ၊ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ကိစ္စမရှိဘူး ယင်ထျန်းဇီ သေလည်း သေပေါ့”
“ငါတို့မှာ ကွေထျန်းဇီ နဲ့ မင်ထျန်းဇီ ရှိသေးတယ် မဟုတ်လား”
“အခု သူတို့က ငါတို့နတ်ဘုရားအချုပ်ထောင် နန်းတော်ရဲ့ အမွေဖြစ်တဲ့ လျို့ဝှက်ကျင့်စဉ်ကို အောင်မြင်ပြီး သူတော်စင် နယ်ပယ်အဆင့်ထိ ဖြတ်ကျော်နိုင်ခဲ့ပြီးပြီ “
“ ပြီးတော့၊ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ နောက်ကြောင်းက နက်ရှိုင်းတယ် ၊ သေမှာ မကြောက်တတ်သူ သွားပါစေ “
“မရဏကမ္ဘာမှာ ကျန်ရှိနေသေးတဲ့ အဓိကအင်အားစုတွေ အကုန်လုံး နိုးထလာတာနဲ့ ကွေးယွမ် သူတော်စင် နယ်မြေ အနေနဲ့ ဒီလောက်ထိ မောက်မာနိုင်မှာ မဟုတ်တော့ပါဘူးကွာ “
……
မရဏကမ္ဘာ ၊
နတ်ဆိုးချောက်နက် ၊
လက်တစ်ဖက်ဆုံးရှုံးခဲ့သော ဧကရာဇ်သမီးတော်သည် ခရမ်းနက်ဝတ်လုံတော်ကို ဝတ်ဆင်ထားသည့် အသားအရေ မွဲခြောက်နေသော အဘိုးကြီး၏ ရှေ့၌ ဒူးထောက်နေ၏။
“ ချောက်နက် အရှင်သခင် ၊ အခြေအနေက အဲ့တာအကုန်ပါပဲ..”
“ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ စူးချန်ကဲကိုယ်တိုင် ထောင်နဲ့ချီတဲ့ သူတော်စင်အရှင် ပုဂ္ဂိုလ်တွေကို သုတ်သင်ပစ်ခဲ့ပါတယ်”
“နောက်ဆုံး ကြီးကျယ်ခမ်းနားတဲ့ အံ့ဖွယ်ခြောက်ပါးထဲက တစ်ခုဖြစ်တဲ့ ကြေးဝါဗိမ္မာန်ထဲကို ဝင်သွားခဲ့ပါတယ် ...”
နတ်ဆိုးချောက်နက်၏ ချောက်နက်အရှင်သခင်သည် တွေးတောလိုက်သည်။
“ ကြေးဝါဗိမ္မာန်မှာ အမတ ဖြစ်နိုင်မယ့် လျို့ဝှက်ချက်လည်း ရှိသလို ၊ ရှေးဟောင်း လျှို့ဝှက်ချက်တွေလည်း အများကြီး ရှိတယ်လို့ ပြောကြတယ် “
“ ဒီစူးချန်ကဲက အစကတည်းက အစွမ်းထက်ပြီးသား သူဆိုတော့ အမတဖြစ်နိုင်မယ့် လျို့ဝှက်ချက်ကိုပါ ရသွားခဲ့ရင် ...”
ချောက်နက်အရှင်သခင်၏ မျက်လုံးများမှာ ပို၍ အေးစက်သွားသည်။
စူးချန်ကဲ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော သူတော်စင်အရှင်များအတွက် သူတို့ နတ်ဆိုးချောက်နက်သည် သေချာပေါက်ကို လက်တုံ့ပြန်မည် ဖြစ်သည်။
သို့ဖြစ်၍ ၊ ဒီကိစ္စကို သူတို့ ခွင့်ပြုမည် မဟုတ်ပေ။
ချောက်နက်အရှင်သခင်က ထပ်စဉ်းစားလိုက်ပြီးနောက် ဆိုခဲ့သည်။
“ ရေကို ရွှံ့ဖြစ်မယ့်နည်း ရှာရမယ် ၊ မှတ်ထား ဘာနည်းလမ်းသုံးသုံး “
“ ဘာနည်းလမ်းမဆိုလား?”
ဧကရာဇ် သမီးတော်သည် တခဏမျှ ထိတ်လန့်သွားခဲ့သော်လည်း ချောက်နက်အရှင်သခင်၏ အကြံအစည်ကို လျင်မြန်စွာ သဘောပေါက်ခဲ့သည်။
စူးချန်ကဲသည် မရေမတွက်နိုင်သော ပါရမီရှင်များစွာကို သတ်ပစ်ခဲ့သည်မှာ ဒဏ္ဍာရီထဲက အံ့ဖွယ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဖြစ်သည်။
ဤကိစ္စနှင့် ပတ်သတ်၍ မီးထဲ လောင်စာဆီ လောင်းထည့်လိုက်မည်ဆိုပါက ၊ ကွေးယွမ် သူတော်စင် နယ်မြေသည် အားလုံး၏ မီးမောင်းထိုးပြခြင်းကို ခံရပေတော့မည်။
ချောက်နက်အရှင်သခင်က အေးစက်စွာ ပြုံးရယ်လိုက်သည်။
“ ကွေးယွမ် သူတော်စင် နယ်မြေက ဟာတွေ၊ မင်းတို့ ခံနိုင်ရည်ရှိဦးမလားဆိုတာ ငါ ကြည့်ချင်သေးတယ်”
……
သို့သော်လည်း စူးချန်ကဲမှာမူ ၊ ပြင်ပကမ္ဘာတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ဘာမှမသိချေ။
ကြေးဝါဗိမာန်တစ်ခုလုံးကို အမှောင်စွမ်းအင်များက ဖုံးလွှမ်းထားပုံရကာ ၊ အမတ ကမ္ဘာ၏ အမွေအနှစ်တစ်ခုဖြစ်ကြောင်း ထင်ရှားပေသည်။
တစ္ဆေမြို့ကြီး သဖွယ် အနက်ရောင် မြူမှုန်များက လေထုထဲတွင် ပြည့်လျှံနေသည်။
ကျိန်စာတစ်ခုကဲ့သို့ လူကို ကြက်သီးမွှေး ထစေသည်။
“ မဟုတ်မှလွဲရော ဒီကြေးဝါဗိမ္မာန်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းမှာ ရှိတဲ့ အမှောင်ထု အရင်းအမြစ်က လုံးဝ နိုးထလာခဲ့ပြီလား?”
စူးချန်ကဲက စိတ်ထဲ ရေရွတ်လိုက်သည်။ သူသည် သူတော်စင် ခန္ဓာကိုယ်၏ အသွေးအသားများကို မပိုင်ဆိုင်ထားပါက ၊ အစောကြီးကတည်းက ဤအမှောင်ထု၏ တိုက်စားခြင်းကို ခံရပေလိမ့်မည်။
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်သည် ကောင်းမွန်သော အတွေးအခေါ်များ စုစည်းရာအပိုင်း ဟု ဆိုနိုင်သော်လည်း ၊ သို့သော် သူသည်လည်း နောက်ဆုံးတွင် အမှောင်ထု၏ တိုက်စားခြင်းကို ခံခဲ့ရသည်။
ဤအမှောင်ထု အရင်းအမြစ်သည် မည်မျှတောင် ကြောက်စရာကောင်းသနည်း။
သူသည် ကြေးဝါဗိမ္မာန်တွင် နာရီဝက်ကြာ လမ်းလျှောက်လာခဲ့ပြီး ဖြစ်သည်။
သို့သော် ပတ်ဝန်းကျင်သည် ပို၍ ထူးဆန်းလာပြီး ကြေးဝါဗိမ္မာန်၏ နံရံများတွင် ရှေးဟောင်း ပန်းချီကားတချို့ ပေါ်ထွက်လာသည်။
“ ဒါ တစ်စုံတစ်ခုကို မှတ်တမ်းတင်ထားတာနဲ့ မတူဘူးလား?”
နံရံဆေးရေးပန်းချီကားတွင် မှတ်တမ်းတင်ထားသော ပန်းချီများသည် သူ့အတွက်တော့ အနည်းငယ် ရှုပ်ထွေးခဲ့ရသည်။
ရှေးကမ္ပည်းစာများ နှင့် ထူးဆန်းသော ပန်းချီပုံစံများကို သူ မှန်းဆရုံသာ တတ်နိုင်သည်။
ပထမဆုံး နံရံဆေးရေးပန်းချီကားမှာ အလွန်လှပသော ပန်းချီကားတချပ်ပင် ဖြစ်သည်။
မြူခိုးများ အုံ့ဆိုင်းလျက် ၊ နိယာမတရားများ ဝန်းရံနေကာ နတ်သားရဲကောင်များက ရွှင်မြူးစွာ ခုန်ပေါက်နေကြသည်၊၊ မရေမတွက်နိုင်သော အစွမ်းထက်သော နတ်ဘုရားတို့သည် ဝေဟင်တွင် ပျံသန်းလျက် ရှိသည်။
အနောက်ဘက်ရှိ နံရံဆေးရေးပန်းချီများမှာလည်း အလားတူ မြင်ကွင်းမျိုး ပါရှိသည်။၎င်းသည် ယခင်က ကျင့်ကြံမှု ခေတ်၏ ဂုဏ်ကျက်သရေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည်ဟု ဆိုရမည်။
လွန်ခဲ့သည့်နှစ်ပေါင်း မရေတွက်နိုင်သော နှစ်များအတွင်း၊ ကျင့်ကြံလောကသည် အလွန်တရာ ဂုဏ်ကျက်သရေနှင့် ပြည့်စုံပြီး ၊ အမတ ဂိုဏ်းများနှင့် မရေမတွက်နိုင်သော သင်ကြားရေး ဂိုဏ်းများစွာ ရှိသည်။
ထိုသူများအထဲမှ စွမ်းအားအရှိဆုံးသူသည် ထိပ်တန်းလျှို့ဝှက်နည်းလမ်းကို အသုံးပြု၍ ကောင်းကင်ကြီးကို ခိုးယူကာ အတုအယောင် နေမင်းကို တပ်ဆင်၍ ကံကြမ္မာကို ပြောင်းလဲနိုင်သည်။
T/N -ကောင်းကင်ကြီးကို ခိုးယူကာ အတုအယောင် နေမင်းကို တပ်ဆင်၍ ဆိုတာ လေးလုံးစပ် အလင်္ကာပါ - ကြီးမားသော လိမ်လည်မှုကို ကျူးလွန်တယ်လို့ ဆိုလို့ပါတယ်
သို့သော် နောက်ဆုံး ရေဆေးပန်းချီကား၏ ရေးဆွဲထားသော ပန်းချီပုံစံမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
မူလက ကြည်လင်နေသော ကောင်းကင်ကြီးသည် ရုတ်ချည်းဆိုသလို ဆန်းကြယ်သော တွင်းနက်ကြီး တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။
တွင်းနက်ကြီးသည် ဝိုင်းကြီးပတ်ပတ်လည်နေပြီး ကောင်းကင်ကို အဆက်မပြတ် ကွဲအက်စေကာ အနက်ရောင် ပိတ်ကားတစ်ခုအဖြစ် ဆေးခြယ်နေသည်။
သို့သော် ထိုအမှောင်ထုထဲတွင် ထူးဆန်းသော နန်းတော်တစ်ခုကို စူးချန်ကဲ တွေ့လိုက်ရသည်။
နန်းတော်၏ ဒီဇိုင်းတစ်ခုလုံး မည်းမှောင်နေပြီး ၊ ပန်းချီကားပေါ်က ဆွဲချက်ကို ကြည့်ရင်ဖြင့် အဆုံးမဲ့ အမှောင်ထုကြီးသည် ထိုနေရာမှ ထွက်လာခဲ့ပုံ ရသည်။
ထိုအမှောင်နန်းတော်ကြီးသည် ပွင့်နေပြီး၊ ၎င်းထဲမှ အဆုံးမရှိသော အမှောင်သတ္တဝါများ ထွက်လာနေသည်။
အမှောင်ထုကြီး၏ ရောက်ရှိလာမှုသည် တစ်ချိန်က ကျက်သရေရှိခဲ့သော ကျင့်ကြံကမ္ဘာကို ကြီးမားသော ဘေးဥပဒ် ဖြစ်စေခဲ့သည် ။
မရေမတွက်နိုင်သော သက်ရှိသတ္တဝါများ ဖျက်ဆီးခံခဲ့ရပြီး ၊ ကမ္ဘာပေါ်ရှိ ဝိညာဉ်များအားလုံး ပျက်သုဉ်းခဲ့ရသည်။
မရေမတွက်နိုင်သော သင်ကြားရေး ဂိုဏ်းများစွာ ၎င်းအမှောင်ထု၏ တိုက်စားခြင်းကို ခံခဲ့ရပြီး အဆုံးမဲ့ချောက်နက်ထဲသို့ ကျရောက်သွားကာ အမှောင်ထုထဲသို့ ရောက်ရှိသွားခဲ့သည်။
နောက်ရေးဆေးပန်းချီကားမှာ တိုက်ပွဲကြီးတစ်ခုကို ရေးဆွဲထားသည်။
အလွန် ကြေကွဲဖွယ်ရာ ကောင်းသော စစ်မြေပြင် ဖြစ်ခဲ့ပုံရသည်။
မြင့်မြတ်သော လမ်းစဉ်များပင်လျှင် ငိုကြွေးနေရပြီး ၊ ကောင်းကင်ကြီးမှာ ကျိုးပဲ့ပျက်စီးလို့ နေသည်။
ဝေဟင်အလယ်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသော နတ်ဆိုး အသွင်အပြင်များ ရှိပြီး ၊ အပြင်းအထန် တိုက်ခိုက်နေကြသည်။
လူတိုင်း အမှောင်ထု မျက်လုံးကြီးကို ဦးတည်တိုက်ခိုက်လို့ နေသည်။
မရေမတွက်နိုင်သော ရှေးခေတ်လူသားမျိုးနွယ်နှင့် မကောင်းဆိုးဝါးမျိုးနွယ်ဝင်များမှ တန်ခိုးကြီးမားသော ပုဂ္ဂိုလ်တို့သည် ထိုအမှောင်သတ္တဝါများကို တိုက်ခိုက်ချေမှုန်းနေကြသည်။
မှော်သင်္ကေတများက ကောင်းကင်ယံတွင် တဟူးဟူး အုံကြွနေပြီး မရေမတွက်နိုင်သော ကြယ်စင်များစွာ ပြိုကျနေသည်။
ဤစစ်ပွဲ၏ ရက်စက်မှုသည် ထာဝရ စစ်ပွဲထက် အဆပေါင်းရာနှင့်ချီ၍ ကြီးမားလွန်းသည်။
…
“ အမ် ၊ စစ်ပွဲနဲ့ ပတ်သက်တဲ့ ရေဆေးပန်းချီကားတွေ ဆယ်ချပ်ကျော်တောင် ရှိတယ် ၊ ဘာလို့ အကုန် ပျက်စီးသွားတာတုန်း?”
စူးချန်ကဲ မျက်မှောင်ကြုတ်လိုက်သည်။
ပန်းချီကားများကို သရုပ်ဖော်ရာတွင် အသုံးပြုထားသည့် ဆေးမှာ အလွန်ရှားပါးသော ပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် အချိန်တိုက်စားမှုကို ခံနိုင်ရည် ရှိပေသည်။
သို့သော် ဤပန်းချီကား ဆယ်ချပ်ကျော်သည် အလွန်ကို မှုန်ဝါးနေသည် ။ ကြည့်ရတာ တစ်စုံတစ်ယောက်က တမင်တကာ ပြုလုပ်ထားသည်မှာ ထင်ရှားပေသည်။
ဤပန်းချီကားချပ်များသည် အချိန် နှစ်သန်းပေါင်းများစွာ ဖြတ်သန်းခဲ့ရပုံပေါ်သည်။
နောက်ဆက်တွဲ ပန်းချီမြင်ကွင်းများမှာ ဆိုရင်ဖြင့် လုံးဝပျက်စီးနေခဲ့ပြီ ဖြစ်သည်။
“လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ကြေးဝါဗိမ္မာန်ကို တခြားတစ်ယောက် ဝင်လာတာ ဖြစ်နိုင်မလား?”
“အဲဒီလူက ဘယ်သူလဲ”
ဝုန်း ! !
ထိုအချိန်တွင် အရှေ့တစ်နေရာမှ ပေါက်ကွဲသံ တစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ဒုန်း!
တဖန် ပေါက်ကွဲသံ တစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာပြန်သည်။ဤတစ်ကြိမ်တွင်မူ ကြေးဝါဗိမ္မာန် တစ်ခုလုံးကိုတောင် တုန်လှုပ်သွားစေခဲ့သည်။
အပိုင်း (၁၈၅): အမှောင်ထုကြီး နိုးထခြင်း ၊ နှစ်ကာလ တလျှောက်လုံး ပြန်လည်ဝင်စားနိုင်တဲ့ လူ...
“ဒီရောင်ဝါက မော့ရန်ရှီး?”
စူးချန်ကဲသည် ယင်းအရာကို အနည်းငယ်မျှ ခံစားကြည့်ပြီးနောက် ၊ ထိုရောင်ဝါ၏ လာရာအရင်းအမြစ်ကို အမြန် အတည်ပြုနိုင်ခဲ့သည်။
ထိုရောင်ဝါသည် သူ သွားနေသော ကြေးဝါဗိမ္မာန်၏ အနက်ရှိုင်းဆုံးအပိုင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
….
ကြေးဝါဗိမ္မာန်၏ အနက်ရှိုင်းဆုံးအပိုင်း၏ ပလ္လင်အောက်တွင်။
မော့ရန်ရှီးသည် လက်သင်္ကေတ တစ်ခုကို ဖော်ဆောင်လျက် သူမ၏ အဖြူရောင် မီးတောက်ကို ထုတ်လွှတ်လိုက်ပြီး ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်နှင့် တိုက်ခိုက်နေခဲ့သည်။
အနက်ရောင် အလင်းနှင့် အဖြူရောင် မီးတောက်တို့သည် အဆက်မပြတ် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေ၏။
နိယာမတရား၏ စွမ်းအားများသည် တဟုန်ထိုး တတ်လာခဲ့ပြီး ဤနေရာတစ်ခုလုံးကို လောင်ကျွမ်းသွားစေသည်။
“မင်း ဘယ်သူတုန်း?”
ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်၏ မျက်နှာသွင်ပြင်မှာ လွန်စွာ ခက်ထန်နေသည်။ နှစ်ပေါင်းများစွာ အမှောင်စွမ်းအင်များကို စုပ်ယူထားခဲ့သော သူ၏ ခန္ဓာကိုယ်မှာ လွယ်လွယ်နဲ့ မပျက်စီးနိုင်သလို တိုက်ခိုက်မှုအားလုံးကို ခံနိုင်ရည်ရှိသည်ဟု ဆိုရန်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။
သို့သော် မော့ရန်ရှီးနှင့် ရင်ဆိုင်လိုက်ရချိန်တွင် ယင်းအရာများက လေထဲတွင် သဲမှုန်များကဲ့သို့ ပျောက်ကွယ်သွားခဲ့ပုံ ရသည်။
“သံသရာစက်ဝန်း စွမ်းအား ၊ အချိန်ရဲ့အစွမ်းသတ္တိကို သယ်ယူနိုင်တယ်...”
[ သံသရာ စက်ဝန်း စွမ်းအား - ဘဝစက်ဝန်း၊ မွေးဖွားခြင်း ၊ သေဆုံးခြင်း ၊ ပြန်လည်မွေးဖွားခြင်း စက်ဝန်း နှင့် သက်ရှိ သတ္တဝါများ အပေါ် အချိန်၏ သက်ရောက်မှုများကို ထိန်းချုပ်နိုင်သည် - စာရေးဆရာ မရှင်းပြထားပေမဲ့ သိချင်လို့ ရှာထားတာ ၊ တချို့တလေ ကွဲပြားမှုတော့ ရှိနေနိုင်ပါတယ် ]
“ အချိန်ကို နောက်ပြန်လှည့်ပြီး ပြန်ဝင်စားနိုင်သူ...မင်း ..မင်းက ‘အရှင်’ ပဲ “
T/N - အရှင် - ပြောင်းလဲနိုင်သော ၊ မူသေမဟုတ်သော
ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်သည် မော့ရန်ရှီးကို လေးနက်စွာ ကြည့်လိုက်ပြီးနောက် ၊ သူ၏ မျက်တွင်းထဲက တစ္စေ မီးတောက်မှာ တဖန် တောက်လောင်လာခဲ့သည်။
“ မင်း သေချာပေါက် သေရမယ် ၊ ငါတို့ရဲ့အကြံအစည် မင်းကြောင့် ပျက်စီးမခံနိုင်ဘူး “
၎င်း၏ ဘေးပတ်ပတ်လည်တွင် မှော်သင်္ကေတနက်များက တဟူးဟူး အုံကြွ ထွက်ပေါ်လာပြီး ၊ အဆုံးမဲ့ အမှောင် စွမ်းအားများက ဧရာမ လက်ဝါးရိပ်ကြီး အသွင်အဖြစ် စုဝေးသွားကာ တိုက်ခိုက်လာခဲ့သည် ။
မော့ရန်ရှီးသည် လေးနက်သော မျက်နှာထားဖြင့် သူမ၏ ဝှက်ဖဲကို အသုံးပြုခါနီးတွင် ၊
ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်၏ နောက်ကွယ်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း ၊ လောကကို ဖွင့်လှစ်မည့် ဓား !”
တောက်ပသော ဓားအလင်းတန်းသည် နဂါးငွေ့တန်းကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
ကြီးကျယ်ခမ်းနားသော ဓားစွမ်းအင်သည် ကောင်းကင်အလား ကြီးမားကျယ်ပြန့်လှပေသည်။
“ကောင်လေး၊ မင်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တယ်ပေါ့”
ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်သည် ထိတ်လန့်သွားပုံရသည်။ စူးချန်ကဲသည် ရောက်လာလာချင်း ဤမျှ အားကောင်းသော ဓားစွမ်းအင်ဖြင့် တိုက်ခိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဝုန်း!
ဓားစွမ်းအင်များ တဟုန်ထိုး မြှင့်တက်လာခဲ့ပြီး ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်ကို ထပ်မံ တိုက်ခိုက်ပြန်သည်။
“ ကောင်လေး မင်း မပြောမဆိုနဲ့...”
ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်မှာ စောနလေးကမှအပျက်အစီးများကြားထဲ တွားတတ်လာခဲ့စဉ် ၊ စူးချန်ကဲသည် သူ၏ ရင်ဘက်ရှေ့၌ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ဓားသည် ဝေဟင်တွင် မြှောက်တတ်လျက်။
ချွင် !
“ ရက်စက်လိုက်တဲ့ ကောင် !”
ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်မှာ ဒေါသထွက်နေပုံရသည်။
သူ့ကို ရွံရုပ်ထုလို့ ထင်နေလေသလား!?
သူသည် တစ်ချိန်တည်းမှာပဲ သူ့လက်ကို မြှောက်ကာ အမှောင်စွမ်းအင်များဖြင့် ဓားစွမ်းအင်ကို ခုခံလိုက်သည်။
သို့သော် ယခုတစ်ကြိမ်တွင် သူသည် စူးချန်ကဲ၏ ဓားစွမ်းအားကို လျှော့တွက်မိခဲ့သည်။
နေပွင့်လာသကဲ့သို့ ဓားစွမ်းအင်တို့သည် ကြီးမားကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့သည်။
ကြေးဝါဗိမာန်ပင်လျှင် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
သို့သော် စူးချန်ကဲသည် သူ၏ လှုပ်ရှားမှုကို ရပ်တန့်ခြင်း မပြုဘဲ ၊ ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်မှ ဓားကို တားဆီးလိုက်သည့်အခိုက်တွင် သူ၏ဘယ်လက်ဖြင့် သူတော်စင်စွမ်းအားများကို စုစည်းလိုက်သည်။
လုံရှန့်ဖိနှိပ်စွမ်းအား၏ ထောင်နှင့်ချီသော အမှုန်အမွှားများသည် သူ့လက်ဖဝါး၌ အဆက်မပြတ် စုဝေးလာခဲ့သည်။
သွေးချီစွမ်းအင်များ တဟုန်းဟုန်း တောက်လောင်လာသည်နှင့် လက်သီးတချက် ထွက်ထွက်ပေါ်ခဲ့လေပြီ။
ဤမျှ အားကောင်းသော စွမ်းအားသည် လေထုထဲ၌ အသံလှိုင်းများကိုပင် ဖြစ်ပေါ်စေသည် ။
“မင်း...”
ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်သည် မော့ရန်ရှီး၏ အထူးစွမ်းအားဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ဖြစ်ရာ အလွန်အားနည်းနေခဲ့ပြီ ဖြစ်သည်။သူ့အနေဖြင့် ဤတိုက်ခိုက်မှုကို ခုခံဖို့ရာ မဖြစ်နိုင်တော့ချေ။
စူးချန်ကဲ၏ လက်သီးစွမ်းအားသည် ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်၏ မျက်နှာကို ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။
ဝုန်း !
ရွှေဝါရောင် မှော်သင်္ကေတို့သည် ဝေဟင်တွင် တဖျက်ဖျက် ရိုက်ခတ်လျက် ၊ စူးချန်ကဲ၏ ထိုးနှက်မှုသည် ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်ကို နောက်ပြန် ဆုတ်သွားစေသည် ။
လေထဲက ကောင်းကင်ဓားသည် အနှိုင်းမဲ့ အေးစက်သော ဓားစွမ်းအင်များကို တဖန် ပြန်လည်စုဝေးနေ၏။
နေရောင်ခြည် ကဲ့သော ပူလောင်သော ဓားအလင်းနဲ့ ဆီးနှင်းခဲတမျှ အေးစက်သော ဓားအလင်းတို့ ထွက်ပေါ်လာခဲ့သည်။
“ ယင်း ယန် ဓား!”
ဓားသွားသံများ ထွက်ပေါ်လာသည်။
ထို့နောက် အလွန် ပြင်းထန်သော ဓားစွမ်းအင်တို့ ရုတ်တရက် ပေါက်ကွဲလာခဲ့သည်။
တောက်လောင်နေသော ဓားစွမ်းအင်သည် နဂါးတစ်ကောင်ကဲ့သို့ အရပ်လေးမျက်နှာလုံးကို လှည့်ပတ်နေသည်။
ဘုန်း!
ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်မှာ ကြေးဝါဗိမ္မာန်၏ မြေပြင်ပေါ်သို့ လူးလိမ့်ကျသွားခဲ့လေသည် ။
စူးချန်ကဲ၏ တိုက်ကွက်များသည် သူ့ကို နားဝေတိမ်တောင် ဖြစ်စေခဲ့သည်။ ပထမအကြိမ် တိုက်ကွက်ပြီးသည်နှင့် တပြိုင်နက် ၊ နောက်တိုက်ကွက်သည် ချက်ချင်းဆိုသလို လှုပ်ရှားလာခဲ့သည်။
“ ခွေးအရေခွံလို မာမယ်ထင်နေတာ ၊ ဒီလို အလွယ်လေး ရိုက်ချိုးနိုင်မယ်လို့ ထင်မထားဘူး “
စူးချန်ကဲ ၏ စကားများသည် ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်ကို အံ့အားသင့်သွားစေသည်။
ရိုက်ချိုးနိုင်တယ်??
မသိစိတ်က သူ့မျက်နှာကို ထိတွေ့မိလိုက်စဉ် ၊
ဗလာ!
သူ့မျက်နှာတင်မက သူ့ခန္ဓာကိုယ်တစ်ဝက်လောက် ကွဲကြေနေခဲ့ပြီ ဖြစ်သည်။ ကွဲကြေနေသော အရိုးတွေဆီက အမှောင်စွမ်းအင်များ က ဆက်တိုက်ဆိုသလို ထွက်လာနေသည်။
ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်မှာ ဆွံ့အစွာဖြင့် ခဏ ရပ်နေမိသည်။
ထို့နောက်တွင်မူ ၊ အမျက်ဒေါသတို့သည် ကမ်းကုန်သွားသည့်အထိ တလိပ်လိပ် ထွက်လာနေပုံရကာ သားရဲတစ်ကောင်ကဲ့သို့ ဟစ်ကြွေးလိုက်သည်။
“ နောက်ဆုံးမျိုးဆက်က အင်းဆက်သာသာ ရှိတဲ့ ပိုးကောင်အဆင့်ကများ ! “
“ ငါ့ကို ထိခိုက်ဝံ့တယ်ပေါ့! ! ! ?”
ဘုန်း ဘုန်း !
အဆုံးမရှိသော အမှောင်စွမ်းအင်များ အလွန်အကျွံ ထွက်ပေါ်လာခဲ့သည်။ယခုတစ်ကြိမ်တွင်မူ ကြေးဝါဗိမ္မာန်သည် ခဏတာမျှ မဟုတ်တော့ဘဲ အဆက်မပြတ် တုန်လှုပ် နေခဲ့သည်။
အမှောင်စွမ်းအင်များသည် ဆူနာမီကဲ့သို့ ပျံ့နှံ့သွားပြီး ၊ ကြေးဝါဗိမ္မာန်၏ နံရံပေါ်ရှိ နံရံဆေးရေး ပန်းချီကားများကို အရူးအမူး ရိုက်ခတ်လျက် ရှိသည်။
မော့ရန်ရှီး၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ၊ အဖြူရောင် မီးတောက်များကို သူမ၏ လက်ဖဝါးထဲသို့ တဖန် စုဝေးလိုက်သည်။
ထို့နောက် သူမလက်ကို မြှောက်တင်လျက် ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်ဆီသို့ ရိုက်ချလိုက်သည်။
စောနက သူမ၏ တိုက်ခိုက်မှုတိုင်းက ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်၏ အမှောင်စွမ်းအင်ကို နှိပ်ကွပ်နိုင်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် တစက်ကလေးမှ အကျိုးမသက်ရောက်ခဲ့ပေ။
အမှောင်ထု၏ မှော်သင်္ကေတများသည် လေထဲသို့ ပို၍ စိမ့်ဝင်လာခဲ့ပြီး ၊ ဤနေရာတစ်ခုလုံးကို အဆုံးမဲ့ အမှောင်ကမ္ဘာကြီးအဖြစ် ဆွဲသွင်းနေသလိုပင်။
ဤနေရာတစ်ခုလုံး ငရဲကြီးကိုးထပ်သို့ ကျရောက်သွားသည့်အတိုင်း အေးစက်နေခဲ့သည်။
“....ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်ရဲ့ ဒေါသက အမှောင်ထု အရင်းအမြစ်ကို အပြီးတိုင် နိုးထစေခဲ့တာများလား?”
မော့ရန်ရှီးသည် ကြောက်စရာကောင်းသော ဖြစ်နိုင်ခြေကို တွေးမိလိုက်သည်။
မရေမတွက်နိုင်အောင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက်မှာတော့ ၊ ကြေးဝါဗိမ္မာန်တွင် အမှောင်ထု အရင်းအမြစ်ကို ပိတ်ဆို့ထားသော ချိတ်စည်းသည် တဖြေးဖြေး ယိုယွင်းလာခဲ့ပြီ ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်သည် ထိုကဲ့သို့ ပြင်းထန်သော စွမ်းအားများဖြင့် ပေါက်ကွဲလာသောကြောင့် အမှောင်ထု အရင်းအမြစ်သည် အချိန်မတိုင်မီ နိုးထလာဖွယ်ရှိသည်။
သူမသည် စူးချန်ကဲ အား အလျင်စလို အော်ဟစ်လိုက်သည်။
“ မုပိုင် ကိုကို ! ပြေးတော့ !”
“ ပြေးမယ်!?”
“ဟားဟားဟား!”
ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်သည် အားရပါးရ ရယ်မောလိုက်သည်။
“သခင် နိုးထလာပြီ၊ သူ့ စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းက မင်းတို့လို ပုရွက်ဆိတ်အုပ်စုကို ချေမှုန်းဖို့ လုံလောက်တယ်!”
ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်သည် သူ့လက်ကို လျှက်ကာ အမှောင်ရှိရာ ဘက်သို့ လှမ်းအော်လိုက်သည်။
“ သခင်ရဲ့ နိုးထလာမှုအတွက် ဂုဏ်ယူပါတယ်”
“ကျေးဇူးပြုပြီး ကျွန်ုပ်အား ခွန်အားပေးတော်မူပါ သခင် !”
ဝီ —
အမှောင်ထုကြီး၏ အတွင်း၌ အနီရောင်အလင်းတစ်ခုက မှိတ်တုတ်မှိတ်တုတ် လင်းလက်လာသည်ကို မြင်လိုက်ရသည်။
အမှောင်ထဲက အနီရောင်အလင်းသည် နီမြန်းသော သွေးလရောင်ကဲ့သို့ လူကို ရင်ဒိတ်စေသည်။
ထို့အပြင် ပို၍ ကြောက်စရာကောင်းသည်မှာ ထိုအနီရောင် အလင်းသည် အလွန် ကြီးမားသော မျက်လုံးအိမ်ကြိီး တစ်ခုနှင့် ဆင်တူပေသည်။
ချက်ချင်းဆိုသလို ၊အမှောင်ထုထဲမှ ဆန်းကြယ်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဒေါသသံများဖြင့် ပြည့်နှက်နေသော ထိုအသံကို ကြားလိုက်ရသူတိုင်း ခေါင်းကိုက်သွားစေသည်။
“ကြေးဝါဗိမ္မာန်မှာ ချိတ်ပိတ်ထားတဲ့ စွမ်းအားက အားနည်းပြီး ခုလို စောစောစီးစီ နိုးထလာမယ်လို့ ငါ မမျှော်လင့်ထားဘူး”
“အိုး? ဒီ ရင်းနှီးတဲ့ အငွေ့အသက် “
ယင်းအရာသည် စူးချန်ကဲကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။
စူးချန်ကဲ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ တစ်ဖက်လူ၏ စူးစမ်းလိုသော အကြည့်ကို သူ ခံစားမိသည်။
သို့သော် သူ ထိတ်လန့်မသွားပေ။ဤတစ်ကြိမ်တွင် ဘိုးဘေး ထွက်လာခြင်း မရှိခဲ့ပေ။
ဆိုလိုသည်မှာ ဤအရာကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်သည်။
“ဒီအရာက ထူးဆန်းပေမယ့် ၊ ဒါပေမဲ့ စောနလေးကမှ နိုးထလာတာဆိုတော့ အငွေ့အသက်က အားနည်းနေပုံရတယ် “
“ ဒီအချိန်မှ မတိုက်ခိုက်ရင် ဘယ်အချိန် တိုက်မှာလဲ?”
စူးချန်ကဲသည် သူ့စိတ်ထဲ ဆုံးဖြတ်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း ရုတ်ချည်း ဓားနှင့် လှမ်းခုတ်လိုက်သည် ။
ရွှမ်း !
အနှိုင်းမဲ့ တောက်ပသော ဓားအလင်းသည် သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော အရာတစ်ခုကို ဖန်တီးပြလိုက်သလိုမျိုး ယင်းအရာဆီသို့ ဖြတ်သန်းသွားခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ ၊ စူးချန်ကဲသည် သူတော်စင် ခန္ဓာကိုယ်၏ စွမ်းအားများကို ပေါင်းစပ်ထားခဲ့သည်။
သူ၏ သူတော်စင် ခန္ဓာကိုယ်သည် အမှောင်ထုကို တွန်းလှန်နိုင်သောကြောင့် သေချာပေါက် ပေါင်းထည့်ရမည် ဖြစ်သည်။
“ အငယ်လေး ၊ မင်း သိပ်သတ္တိရှိတာပဲ!”
ဧရာမ မျက်လုံးအိမ်ကြီးခမျာ စောနလေးကတင် နိုးထလာခဲ့သည် ဖြစ်သော်လည်း ၊ သူ စကားမဆုံးသေးခင် စူးချန်ကဲက ဓားနဲ့ လှမ်းခုတ်မယ်လို့ ဘယ်သူက သိမှာတုန်း!?
ထိုမျက်လုံးအိမ်ကြီး အတွင်း၌ မှော်သင်္ကေတနက်များ စုဝေးသွားခဲ့ပြီးနောက် အနီရောင် အလင်း အစက်အပြောက်များအဖြစ် စုဝေးသွားပြန်သည်။
ရွှမ်း!
ခဏအကြာတွင် ထိုအနီရောင် အလင်း အစက်အပြောက်များသည် အနီရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး စူးချန်ကဲ၏ ဓားစွမ်းအင်နှင့် ထိပ်တိုက် ဆုံတွေ့စေသည်။
သို့သော် သူသည် စောနလေးကမှ နိုးထလာခဲ့သည် ဖြစ်ရာ ၊ စူးချန်ကဲ၏ စွမ်းအားနှင့် ရင်ဆိုင်လိုက်ရချိန်မှာတော့ ထင်ထားသလို မဖြစ်ခဲ့ပေ။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!”
တုန်လှုပ်ချောက်ချားနေသော အော်သံများကြား ဓားစွမ်းအင်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
တဟုန်းဟုန်း တောက်လောင်နေသော ဓားစွမ်းအင်များသည် ဤကြီးမားလှသော မျက်လုံးအိမ်ကြီးကို တခဏချင်း ဝါးမျိုပစ်လိုက်သည် ။
မော့ရန်ရှီးတစ်ယောက် ခဏမျှ ကြောင်အမ်းနေမိသည်။
စူးချန်ကဲသည် အရမ်း အစွမ်းထက်မှန်း သူမသိထားသည်။
ဒါပေမယ့် ဒါက အမှောင်ထုကြီးရဲ့ အရင်းအမြစ်လေ!
သေးငယ်မျှသော ပမာဏ ဆိုတောင် ၊ စောနကမှ နိုးထလာခဲ့တယ်ဆိုတောင် မဟာ သူတော်စင်အရှင် တစ်ယောက်အနေနဲ့ နှိမ်နှင်းနိုင်တဲ့ အရာတစ်ခုလား?
မော့ရန်ရှီး၏နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု လှစ်ဟသွားသည်။
သူမ ထိုမြင်ကွင်းကို သွားသတိရမိသည်။
ကမ္ဘာကြီးကို အဆုံးမဲ့ အမှောင်ထုက ဝါးမျိုနေ၏။
သို့သော် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော ဝတ်ရုံဖြူ လူငယ်လေးတစ်ယောက် ရှိနေခဲ့သည်။
အမှောင်ထုကြီးသည် ကောင်းကင်ကြီး တစ်ခုလုံးကို ဝါးမျိုထားသည်ကို သူမ ကောင်းကောင်းကြီး မှတ်မိသေးသည်။
ဝတ်ရုံဖြူ လူငယ်လေးသည် စိတ်အားထက်သန်စွာဖြင့် အမှောင်ထု ကောင်းကင်ကြီးကို ဓားဖြင့် ပိုင်းဖြတ်လိုက်သည်။
ဓားသည် အကန့်အသတ်မရှိသော အမှောင်ထုကြီးကို ချေမှုန်းပစ်ခဲ့သည်။
ထိုပုံရိပ်သည် ယခု စူးချန်ကဲ၏ ပုံစံနှင့် တစ်သားတည်း ထပ်တူကျလို့နေသည်။
“ ဒီဘဝမှာတောင်...
“ရှင်က တောက်ပနေဆဲပဲ...”