← Chapters

အခန်း (၁၈၆-၁၈၉)

Vol. 13 Ch. 186-189

အခန်း (၁၈၆-၁၈၉)

Vol. 13 Ch. 186-189

အပိုင်း(၁၈၆): ကောင်းကင်နှင့်မြေကြီးကြားတွင် မည်သည့်အရာကိုမျှ တမင်ပြင်ဆင်ထားခြင်းမရှိ ၊ နေရောင် နှင့် လရောင်သည် တူညီသော အလင်းအရိပ်သာတည်း ။

“ သခင်!”

ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်မှာ ‌ဒေါသတကြီးဖြင့် ပြန်လည် လက်တုံ့မပြန်မီ ၊

အဖြူရောင်မီးတောက်သည် ရုတ်ချည်း ထွက်ပေါ်လာကာ ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်၏ ရှေ့တွင် ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။

“ မုပိုင် ကိုကို ၊ ဒီရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်ကို ကျွန်မကို လွှဲလိုက် “

သူမ၏ စကားဆုံးသည်နှင့် ၊ မော့ရန်ရှီးသည် သူမ၏လက်ကို မြှောက်တင်လိုက်ပြီး မီးတောက်မီးလျှံများကို ထပ်မံ ထုတ်လွှတ်လိုက်သည်။

ထိုအဖြူရောင် မီးတောက်မီးလျှံများတွင် အန္တိမ ရောင်ဝါများ ပါရှိနေသည်။

သူမ၏ တိုက်ခိုက်မှုသည် ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်၏ ရုပ်ခန္ဓာ တော်တော်များများကို လောင်ကျွမ်းသွားစေခဲ့သည်။

“ သေချင်နေတာလား!”

ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်၏ ဒေါသမှာ ပို၍ ဆိုးရွားလာခဲ့လေပြီ။ သူသည် အမတထွန်းကားရာခေတ်မှ သူတော်စင်အရှင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လျက်သားနဲ့ ယခုအခါတွင်မူ အငယ်နှစ်ယောက်၏ လှည့်ပတ်ကစားခြင်းကို ခံနေရသည်။

ဒါ လူကို အရမ်းအနိုင်နေကျင့်တာပဲ!

ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်သည် အမှောင် စွမ်းအားကို ဖြန့်ကျက်လိုက်ပြီး မော့ရန်ရှီးကို ချက်ချင်းလက်ငင်း တိုက်ခိုက်ခဲ့သည်။

အမျိုးအစားမတူညီသော စွမ်းအင်နှစ်ခု ထိပ်တိုက်ဆုံတွေ့ ကြတော့သည်။

စူးချန်ကဲဘက်တွင်မူ ၊ သူသည် အမှောင်ထု မျက်လုံးအိမ်ကြီးအား ထပ်မံ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

ဓားစွမ်းအင်ဖြင့် ဖုံးလွှမ်းနေခဲ့သော မျက်လုံးအိမ်ကြီးသည် အနီရောင် အလင်း အစက်အပြောက်များအဖြစ် ရုတ်တရက် ပေါက်ကွဲသွားသည်။

ဝုန်း!

အမှောင် စွမ်းအင်များသည် အတားအဆီးမရှိ ထွက်ပေါ်လာသည် ။

ဧရာမ အမှောင်ထု မျက်လုံးအိမ်ကြီးထဲတွင် သွေး အစက်အ‌ပြောက်များဖြင့် ပြည့်နှက်နေပြီး သွေးမည်းများ အနည်းငယ်ပင် ထွက်ကျနေသည်။

“မင်း ! တကယ့်ကို သေဖို့ ထိုက်တန်တယ်!”

စူးချန်ကဲ၏ ဓားတစ်ချက်သည် အမှောင်ထု၏ မျက်လုံးအိမ်ကြီးကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။

အမှောင်ထု မျက်လုံးအိမ်ကြီး၏ ငေါက်ငမ်းသံနှင့်အတူ ၊ မျက်လုံးအိမ်ကြီးထဲမှ အနက်ရောင်ရေဘဝဲလက်တံများစွာ ဆန့်ထွက်လာသည်။

ထိုအနက်ရောင် ရေဘဝဲလက်တံများကို ထူးဆန်းသော မှော်သင်္ကေတ များဖြင့် ဖွဲ့စည်းထားပြီး ၊ ထိုအရာမှ ထွက်ပေါ်လာသော အမှောင်စွမ်းအားများသည် အာကာသကိုတောင် ဖောက်ပြန်ပျက်စီးစေသည်။

စူးချန်ကဲမှာ လေးနက်စွာရှိနေပြီး သတိလက်လွတ်မဖြစ်ဝံ့ပေ ။ ဤအငွေ့အသက်များမှာ ထူးဆန်းလွန်းလှသည်။

သတိတချက်လွတ်ရုံဖြင့် ၊သူသည် အမှောင်ထုကြီး၏ တိုက်စားခြင်းကို ခံလိုက်ရမည်ဖြစ်သည်။ ။

ဒုန်း ဒုန်း ဒုန်း!!

အနက်ရောင် ရေဘဝဲလက်တံများသည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ စူးချန်ကဲ ရပ်နေသော နေရာဆီ ချက်ချင်းလက်ငင်း ဦးတည်တိုက်ခိုက်လာသည်။

သို့သော် စူးချန်ကဲသည် လျင်မြန်စွာ ရှောင်ရှားလိုက်သည်။ လက်တံများ ရောက်ရှိလာတော့မည့် အခိုက်အတန့်မှာပင် ၊ သူသည် ခွန်အားများကို အသင့်စုဆောင်းပြီးသားပင် ဖြစ်သည်။

ထို့နောက် သူ့တစ်ကိုယ်လုံးကို လှည့်လိုက်ပြီး ၊ အမှောင်ထု မျက်လုံးအိမ်ကြီးဆီသို့ လျှက်တပြက် ပြေးဝင်လိုက်သည်။

တချွင်ချွင် မြည်‌သော ဓားသံနှင့်အတူ ၊ ထပ်မံ ပိုင်းဖြတ်လိုက်သည်။

ဓားစွမ်းအင်သည် အာကာသ အလွှာများကိုပင် ပိုင်းဖြတ်၍ ၊ ကောင်းကင်ကို စိန်ခေါ်နိုင်သော စွမ်းအားတို့ဖြင့် အမှောင်ထု မျက်လုံးအိမ်ဆီသို့ ဦးတည်ခဲ့သည်။

ဝုန်း !

အမှောင်ကျနေသော ပတ်ဝန်းကျင်တွင်တောက်ပသွားသော ဤဓားအလင်းသည် မှောင်မိုက်သောညတွင် ပွင့်နေသော တစ်ခုတည်းသော အေးစက်သော လသော်တာအလား။

လူကို ရင်သပ်ရှုမောဖြစ်စေသလို ၊ ပြိုးပြိုးပျက်ပျက် တောက်ပလွန်းပေသည်။

သို့သော် ဓားစွမ်းအင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့်တိုင် ၊ အမှောင်ထု မျက်လုံးအိမ်ကြီးမှာ လုံးဝမှ ထိခိုက်ခြင်း မရှိခဲ့ပေ။

စူးချန်ကဲသည် သူ့ဓားကို ဆွဲထုတ်လိုက်သည့် အခိုက်အတန့်မှာပင် ၊ အမှောင်ထု မျက်လုံးအိမ်ကြီးသည် ဒိုင်းကာ တစ်ခု ပြုလုပ်ခဲ့ပြီး ၊ စူးချန်ကဲ၏ ထိုးနှက်မှုကို ကာကွယ်ခဲ့ခြင်း ဖြစ်သည်။

“ဒီလိုလှည့်ကွက်မျိုးက ဒုတိယ အကြိမ်မှာတော့ အလုပ်မဖြစ်ဘူး”

အမှောင်ထု မျက်လုံးအိမ်ကြီး၏ ကဲ့ရဲ့ပြစ်တင်သံသည် စူးချန်ကဲ၏ နံဘေးတွင် ထွက်ပေါ်လာခဲ့သည်။

“ဟုတ်လား?”

“ဒါဆိုရင်ရော? “

အမှောင်ထု မျက်လုံးအိမ်ကြီးသည် ခဏတာ အံ့အားသင့်သွားပြီး ၊ အသံလားရာဘက်ဆီသို့ သူ၏ မသိစိတ်က လှမ်းကြည့်မိလိုက်သည်။

စူးချန်ကဲသည် ဘယ်အချိန်ကမှန်းမသိ ဝေဟင်တွင် တွဲလောင်းရှိနေသည်ကို မြင်လိုက်ရသည်။

သူသည် ကောင်းကင်ဓားကို မြှောက်ကိုင်ထားပြီး ၊ ဓားကိုယ်ထည်ပေါ်တွင် စူးရှတောက်ပသော အလင်းတန်းတစ်ခု ရှိနေခဲ့သည်။

ဓားစွမ်းအင်ဖြင့် စုစည်းထားသော ဓားရှည်များသည် လေဟာပြင်တွင် အဆက်မပြတ် တစ်လက်ပြီး တစ်လက် ထွက်ပေါ်လာခဲ့သည် ။

မှောင်မိုက်သောညတွင် တွဲလောင်းကျနေသော ကြယ်စင်လေးများအလား။

အမှောင်ထု မျက်လုံးအိမ်ကြီးနှင့် ဆုံတွေ့လိုက်သည့် အခိုက်အတန့်မှာပင် ၊

စူးချန်ကဲသည် ကောင်းကင်ဓားကို စေခိုင်းလိုက်သည်။

“နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း ၊ ဓားတစ်သောင်း မူလဆီသို့ ပြန်သွားခြင်း!”

ချွင်——

ဓားသွားသံနှင့်အတူ ၊ မရေမတွက်နိုင်သော ဓားရှည်များသည် နဂါးတစ်ကောင်အလား ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ဓားမိုးများရွာချလာသကဲ့သို့ အမှောင်ထု မျက်လုံးအိမ်ကြီးဆီသို့ ဦးတည်သွားသည်။

အမှောင်ထု မျက်လုံးအိမ်ကြီးမှာ သတိလက်လွတ်မဖြစ်ဝံ့ဘဲ မှော်သင်္ကေတနက်များဖြင့် ကြီးမားသော အတားအဆီးတစ်ခုကို တည်ဆောက်လိုက်သည်။

ထိုစဉ် တောက်ပသောအလင်းများ ဖြာထွက်နေသည့် ဓားများသည် မိုးရေစက်များကဲ့သို့ ကျဆင်းလာလေသည်။

ဘုန်း !

ဓားစွမ်းအင်၏ ပေါက်ကွဲသံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည် ။

ကြေးဝါဗိမ္မာန်ပင်လျှင် ၎င်းစွမ်းအားကြောင့် တဖန် တုန်လှုပ်သွားခဲ့ရသည်။

ဓားစွမ်းအင်မုန်တိုင်းကြီးသည် နာရီဝက်ကျော်ကြာ ပေါက်ကွဲခွဲပြီးနောက် ၊ စူးချန်ကဲသည် သူ၏ ကောင်းကင်ဓားကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

သူသည် သတိလက်လွတ်မဖြစ်ဝံ့ဘဲ တိတ်ဆိတ်နေသော အမှောင်ထုကြီးကို ပြန်ကြည့်လိုက်သည်။ အမှောင်ထု မျက်လုံးအိမ်ကြီး၏ ထူးဆန်းသော အအငွေ့အသက်များကို သူ ခံစားရနေသေးသည်။

“ဒုက္ခပဲ၊ ဒီဓားက သူ့ကို သေလမ်း ပို့ပေးနိုင်မယ်လို့ ထင်ခဲ့တယ်”

“ ငါအတွေး လွန်သွားခဲ့တယ် “

ဝုန်း!!

ထင်ထားသည့်အတိုင်း၊ စူးချန်ကဲ ပြောပြီး သိပ်မကြာခင်မှာပဲ ၊

အမှောင်ထု မျက်လုံးအိမ်ကြီးထံမှ ပိုမို ပြင်းထန်သော ရောင်ဝါတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။

“မင်း အရမ်းကို သတ္တိရှိနေတယ်ပေါ့!!”

စောနက စူးချန်ကဲနှင့် တိုက်ပွဲတွင် အမှောင်ထု မျက်လုံးအိမ်ကြီးသည် ကြေးဝါဗိမ္မာန်အတွင်းသို့ စိမ့်ဝင်နေခဲ့သော အမှောင်စွမ်းအင်များကို စုပ်ယူနေခဲ့သည်။

မူလကတည်းက သူသည် စူးချန်ကဲနှင့် ရင်ဆိုင်ရင်း ဤနေရာရှိ အမှောင်စွမ်းအင်ကို စုပ်ယူရန် စဉ်းစားခဲ့သည်။

ထိုမှသာလျှင် သူ၏ စွမ်းအားများ အပြည့်အဝ နိုးထနိုင်ပေလိမ့်မည်။

သူသည် အမှောင်ထု၏ အရင်းအမြစ်ဆိုလည်း ဟုတ်သည်။

အမှောင်ထု၏ တကယ့် အရင်းအမြစ် အစစ်အမှန် မဟုတ်သော်လည်း ၊ သိုသော် သူသည် အမှောင်ထု၏ အရင်းအမြစ် အစစ်အမှန်နှင့် ဆက်စပ်မှုများစွာရှိသည်။

“ ခင်ဗျား ဒီထက်ကြီးမားတဲ့ လှုပ်ရှားမှုမျိုး ကြံစည်နေတာလား?”

စူးချန်ကဲသည် ဤနေရာတွင် လျင်မြန်စွာ လာရောက်စုဝေးနေကြသော ကြေးဝါဗိမ္မာန်အတွင်းရှိ အမှောင်စွမ်းအင်များကို သတိပြုမိသွားပြီး သူ၏ မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။

“ ဒါလည်းကောင်းတာပဲ”

“ ကျုပ်ရဲ့ ဖျက်ဆီးခြင်း နတ်ဘုရားအလင်းနဲ့ မဟာနိဗ္ဗာန အလင်းတန်းများ ပေါင်းစပ် စမ်းကြည့်ဖို့ အချိန်တန်ပြီ”

ဤပေါင်းစပ်မှုနှင့် ပတ်သက်၍ ၊ စူးချန်ကဲသည် သူ့စိတ်ထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွက်ဆထားပြီး ဖြစ်သည်။

သူ၏ ထက်မြက်သော အရည်အချင်းနှင့် နားလည်နိုင်စွမ်းကြောင့် သူလုပ်ခဲ့သမျှ တွက်ချက်မှုတိုင်း အောင်မြင်မှု ရရှိခဲ့သည်။

ယင်အရာကို အသုံးပြုရန် ပထမဆုံး အကြိမ်ကြိုးစားခြင်း ဖြစ်သော်လည်း၊ သူ့ကိုယ်သူ လုံးဝ ယုံကြည်မှုရှိနေဆဲပင် ဖြစ်သည်။

ဝီ —

စူးချန်ကဲ၏ ရင်ဝ၌ နတ်အလင်းရောင်များ တောက်ပစွာ ဝင်းထိန်သွားခဲ့ပြီး၊ ထိုအလင်းတန်းများကြားတွင် နက်မှောင်သော ရှေးဟောင်း မှော်သင်္ကေတများ ထွက်ပေါ်လာသည်။

ချန်ရှန်းအရိုးမှာ အပြည့်အဝ အသက်ဝင်လာခဲ့လေပြီ ။

သို့သော် ဒါနဲ့တင် မပြီးသေးပေ။

စူးချန်ကဲ၏ နောက်တွင် ရူပါရုံများ ထပ်မံပေါ်ထွက်လာခဲ့သည်။

ထောင်ပေါင်းများစွာသော သူတော်စင်တို့က ဝတ်ပြုလျက် ၊

ကောင်းကင်ဘုံ ကိုးထပ်မှ ဆင်းသက်လာသော နတ်တို့၏ အရှင်ဘုရင် အပြင်

ကောင်းချီးပေးနေကြသော နတ်သားရဲလေးကောင် နှင့်အတူ

နတ်ဆိုးများက ဦီးညွှတ်နေလေ၏။

မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းမှာလည်း စတင် အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။

စူးချန်ကဲ၏ ဘယ်လက် နှင့် ညာလက်တွင် မတူညီသော စွမ်းအားနှစ်ခု စုဝေးနေသည်။

သူ၏ ဘယ်လက်မှ စုစည်းထားသော စွမ်းအားသည် ကြောက်မက်ဖွယ်ရာ ကောင်းသော အဖျက်စွမ်းအားများ ပြည့်နှက်နေသည့် အနက်ရောင် အလင်းများ ဖြစ်ပြီး ၊

စူးချန်ကဲ၏ ညာလက်တွင် စုစည်းထားသော စွမ်းအားသည် ဤကမ္ဘာပေါ်သို့ တောက်ပစွာ ထွန်းလင်းနေသည့် ထာဝရနတ်ဘုရား၏ အလင်းရောင်နှင့် တူသည်။

ကြီးကျယ်ခမ်းနားသော ရောင်ဝါနှစ်ခု ထွက်ပေါ်လို့လာချေပြီ။

နေရာတွင် တိုက်ခိုက်နေခဲ့ကြသော မော့ရန်ရှီးနှင့် ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်တို့ကိုတောင် ရပ်တန့်သွားစေသည်။

“ဒါက...”

ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင် မှာ အံ့အားသင့်သွားသည်။

ဤစွမ်းအားသည် သူ့ကို ထိတ်လန့်မှုမှ အကြောက်တရားအဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲပေးနေခဲ့သည်။

ဤစွမ်းအား၏ အတိုင်းအတာကို သူတောင်မှ ဖောက်ထွင်းမမြင်နိုင်ချေ။

သူသည် နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့သူ ဖြစ်သော်လည်း ၊ ဤကဲ့သို့ စွမ်းအားကို သူ တစ်ခါမှ မမြင်ဘူးခဲ့ပေ။

ဤစွမ်းအားသည် လွန်စွာ အန္တရာယ်များကြောင်း သူ၏ ပင်ကိုယ်စိတ်က သတိပေးနေခဲ့သည်။

“ ချီးပဲ ! သခင်က စောနလေးကမှ နိုးထလာတာ၊ ဒီစွမ်းအားက အလွန် ပြင်းထန်လွန်းတယ်၊ သခင်ကို ထိခိုက်ခွင့် မပြုနိုင်ဘူး”

“ ရှင်က ကျွန်မရဲ့ မုပိုင်ကိုကို ကို သွားပြီး နှောင့်ယှက်ချင်တာလား ၊ ဒါဆိုလည်း ရှင် ကျွန်မကို ကျော်နိုင်ပါ့မလား ဆိုတာ ကြည့်ကြသေးတာပေါ့ “

…..

စူးချန်ကဲ ဘက်တွင်မူ ၊

အမှောင်ထု မျက်လုံးအိမ်ကြီးမှာလည်း တုန်လှုပ်နေခဲ့သည်။ သူသည် နှစ်ပေါင်းများစွာ နေထိုင်လာသူ ဖြစ်ရာ အန္တရာယ်၏ အရိပ်အယောင်ကို အကဲဆက်စွာ ခံစားနိုင်သည်။

“ဒီကောင်က ဘယ်သူများလဲ!?”

“မဖြစ်ဘူး၊ သူသာ ဒီစွမ်းအားကို အောင်မြင်စွာ အသုံးချခဲ့မယ်ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးက မှန်းဆလို့ မရနိုင်လောက်အောင်ပဲ “

အမှောင်ထု မျက်လုံးအိမ်ကြီးသည် သူအရင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။

သူသည် ယခုအချိန်တွင် အမှောင် စွမ်းအားများကို ၈၀% သာ စုဆောင်းရသေးသော်လည်း ၊ တိုက်ခိုက်ဖို့ လုံလောက်သည်။

“အမှောင်ထု၏ ကပ်ဘေး!”

အမှောင်ထု မျက်လုံးအိမ်ကြီးသည် အနီရောင် အလင်း အစက်အပြောက်နှင့်အတူ ထူးဆန်းသော ရောင်ဝါများဖြင့် ပေါက်ကွဲ ထွက်ပေါ်လာပြီး ဆူနာမီလှိုင်းသဖွယ် စူးချန်ကဲရှိရာဘက်သို့ ပြေးဝင်လာသည်။

သို့သော် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အမှောင်ထု လှိုင်းကြီးကို ရင်ဆိုင်နေသည့်တိုင် ၊ စူးချန်ကဲသည် သူ၏ မျက်လုံးများကို တင်းတင်းမှိတ်ထားဆဲပင် ဖြစ်ပြီး မည်သည့် တုံ့ပြန်မှုမျိုးကိုမှ မပြုလုပ်ဘဲ နေနေ၏။

ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်က ထိုအချင်းအရာကို မြင်တော့ မော့ရန်ရှီးအား လှောင်ပြောင်လိုက်သည်။

“ဟားဟားဟား၊ မင်းရဲ့ မုပိုင် ကိုကိုက အဖြေကို သိနေပုံရတယ် ၊ကြည့်လေ သေဖို့စောင့်နေပြီ!”

“မင်းလည်း လိုက်သွားပါ့လား ၊ ငါ မင်းကို ပို့ဆောင်ပေးမယ်!”

မော့ရန်ရှီးသည် လက်သင်္ကေတ တစ်ခုကို ဖော်ဆောင်လိုက်သည်နှင့် ၊ အဖြူရောင် မီးလျှံကြာတို့သည် တဖန် ထွက်ပေါ်လာခဲ့သည်။

“အံ့ဖွယ်အရာ ဆောင်ယူပေးမယ့်သူက သူများကို မေးခွန်းထုတ်ဖို့ ဘယ်တော့မှ မလိုအပ်ဘူး “

မော့ရန်ရှီးသည် စူးချန်ကဲ၏ အစွမ်းအစကို သိထားသည်။

သူမ၏ ကိုယ်ပွားသည် နှစ်များတစ်လျှောက် မရေမတွက်နိုင်သော လူပြန်ဝင်စားခြင်းများကို ဖြတ်သန်းခဲ့ပြီး ၊ ထိုနည်းတူစွာ မုပိုင် ကိုကို၏ မရေမတွက်နိုင်သော လူပြန်ဝင်စားမှုများကိုလည်း မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။

သူသည် အမြဲတမ်း အံ့သြဖွယ်ရာ ဖြစ်ခဲ့သည်။

ထိုစဉ် ၊ အမှောင်လှိုင်းများသည် ရူးသွပ်နေသော သားရဲတစ်ကောင်ကဲ့သို့ စူးချန်ကဲထံသို့ အဆက်မပြတ် ချည်းကပ်လာခဲ့ပြီ ဖြစ်သည်။

ငါးမီတာ!

ဆယ်မီတာ!

ငါးမီတာ!

တစ်မီတာ!

ယင်းအရာသည် သူနှင့် နီးကပ်လာသည့်

အချိန် ၊ စူးချန်ကဲသည် သူ၏ စိတ်နှလုံးထဲ၌ မြင့်မြတ်သော လမ်းစဉ်၏ နိယာမတရားများကို နားလည်သဘောပေါက်ကာ စကားလုံး တစ်လုံးချင်းစီတိုင်းက သူ၏နတ်အသိစိတ် ပင်လယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။

မှိတ်ထားသော စူးချန်းကဲ၏ မျက်ဝန်းအစုံသည် ရုတ်ချည်း ပွင့်လာခဲ့သည်နှင့် ၊ဤနေရာတစ်ခုလုံး အေးခဲသွားသလိုပင်။

ကမ္ဘာကြီး တစ်ခုလုံး သက္ကတသံစဉ်များက ပဲ့တင်ထပ်နေ၏။

“ ကောင်းကင်နှင့်မြေကြီးကြားတွင် မည်သည့်အရာကိုမျှ တမင်ပြင်ဆင်ထားခြင်းမရှိ ၊ နေရောင် နှင့်လရောင်သည် တူညီသော အလင်းအရိပ်သာတည်း “

“ဒါကို နတ်ဆိုးများ ကျရှုံးခြင်း လို့ ခေါ်တယ် ကွ !”

အပိုင်း(၁၈၇):မော့ရန်ရှီး၏ အမှတ်တရ ၊ နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရသော ပွေ့ဖက်မှု

စူးချန်ကဲ၏ ဘယ်လက်တွင် မဟာနိဗ္ဗာန်န နတ်ဆိုးအလင်း၏ အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ၊

သူ၏ ညာလက်တွင် ဖျက်ဆီးခြင်း နတ်ဘုရားအလင်းများဖြင့် ပြည့်နှက်နေသည်။

ကြောက်စရာ ကောင်းသော အရာနှစ်ခု ပေါင်းစည်းလိုက်သည့် အခါဝယ် ၊အလင်းနှင့်အမှောင်တို့ ရောယှက်နေသည်မှာ ဤကမ္ဘာပေါ်ရှိ သေခြင်းရှင်ခြင်းတရားများကို အဓိပ္ပာယ်ဖွင့်ဆိုနေသည့်အတိုင်း။

ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင် နှင့် အမှောင်ထု မျက်လုံးအိမ်ကြီးတို့၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲကုန်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့ နှစ်ယောက်လုံး အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသော မြင်ကွင်းကြီးကို မြင်လိုက်ရသောကြောင့်ပင် ဖြစ်သည်။

အမှောင်ထု မျက်လုံးအိမ်ကြီးမှ အားကုန် အသုံးပြုခဲ့သော အမှောင်လှိုင်းများမှာ တင်းတင်းကျပ်ကျပ် ချုပ်နှောင်ခံထားရပုံ ရသည်။

“ နတ်ဆိုးများ ကျရှုံးခြင်း ! “

ထိုအခိုက်အတန့်မှာပင် ၊ ဤကမ္ဘာကြီးတစ်ခုလုံး အေးခဲသွားပုံရသည်။

အာကာသတစ်ခုလုံး အေးခဲလျက် ၊ အချိန်တို့သည် ရပ်တန့်နေ၏။

လောကကြီးမှာ ပျံ့လွင့်နေသော နိယာမကြိုးမျှင်များ ပေါင်းစပ်ဖွဲ့စည်းထားသလိုပင်။

ဤကမ္ဘာပေါ်ရှိ အရာအားလုံး၏ အနှစ်သာရကို စူးချန်ကဲတစ်ယောက် နားလည်သွားခဲ့ပုံ ရသည်။

မှော်သင်္ကေတများ နှင့် နိယာမ များသည် စူးချန်ကဲ၏ မျက်လုံးထဲ၌ အစီအရီ ပေါ်ထွက်နေ၏။

ဝီ —

တောက်ပသော အလင်းတန်းသည် သက်ရှိသဖွယ် ပြုမှုလာခဲ့ပြီး အမှောင်ထု မျက်လုံးအိမ်ကြီးဆီသို့ ဦးတည်သွားသည်။

“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?”

အမှောင်ထု မျက်လုံးအိမ်ကြီးမှာ နောက်ဆုံးတွင် ဤစွမ်းအား၏ ကြောက်ခမန်းလိလိ အငွေ့အသက်ကို ခံစားရလေပြီ ။

သူ့ခမျာ ခုနကမှ အသက်ပြန်ရှင်လာတာလေ !

အမှောင် စွမ်းအားကို နယ်တောင်မချဲ့ရသေးဘူး!

ဒီလိုမျိုး နောက်ဆုတ်ပေးရတော့မတဲ့လား!?

ပို၍ ကြောက်စရာကောင်းလာသော အမှောင်ထုကြီးသည် အဆုံးမဲ့ ချောက်နက်ထဲမှ ခုန်ထွက်လာသလိုမျိုး ဟင်းလင်းပြင်ကို ဖြိုခွင်းလျက် ပြေးဝင်လာခဲ့သည်။

သို့သော် သူ၏ ဤလုပ်ကွက်သည် အချည်းနှီးသာပင်။

အမှောင် စွမ်းအား၏ အငွေ့အသက်သည် မည်မျှပင် ကြမ်းတမ်းပါစေ၊ စူးချန်ကဲ၏ စွမ်းအားရှေ့မှောက်တွင် အကြင်နာကင်းမဲ့စွာ ဖျက်ဆီးပစ်ခံရမည် ဖြစ်သည်။

ဟင်းလင်းပြင်ရှိ နိယာမတရားများပင်လျှင် ဗလာနိတ္ထိ ဖြစ်ရသည်။

အကန့်သတ်မဲ့ တဟုန်ထိုး တောက်လောင်လာခဲ့သော အမှောင် စွမ်းအားများမှာ အချည်းနှီး ပျောက်ကွယ်သွားခဲ့လေပြီ။

“ငါ မကျေနပ်ဘူး !!”

အမှောင်ထု မျက်လုံးအိမ်ကြီး၏ နောက်ဆုံးလက်ကျန် စွမ်းအားမှာ ပျက်စီးသွားခဲ့ရပြီ ဖြစ်သောကြောင့် ၎င်း၏ ခန္ဓာကိုယ်သည်လည်း သဲမှုန့်များ အဖြစ်သို့ လေနှင့်အတူ လွှင့်ပျံ သွားခဲ့သည်။

…

စူးရှသော ဤအလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့် ၊ အရာအားလုံးသည်လည်း ပြန်လည်ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

အမှောင်ထု မျက်လုံးအိမ်ကြီးရှိရာ နေရာကို ကြည့်မည်ဆိုပါက ၊ မှောင်မည်းသော ချိုင့်ဝှမ်းတစ်ခုမှလွဲ၍ ဘာမျှမရှိချေ။

“သခင်...သေပြီလား”

ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်သည် ဤမြင်ကွင်းကို ဆွံ့အစွာ စိုက်ကြည့်နေမိသည်။

အမှောင် အရင်းအမြစ်။

ယင်းအရာသည် ဤကမ္ဘာပေါ်တွင် အထူးဆန်းဆုံးသော ဖြစ်တည်မှုဖြစ်သည်။ နိုးထလာသည်မှာ သိပ်မကြာသေးသော်လည်း၊ မဟာ သူသူတော်စင်အရှင် အနေဖြင့် သတ်နိုင်သော အရာ မဟုတ်ပေ။

“ လောင်ကျွမ်းခြင်း မီးလျှံ !”

မော့ရန်ရှီးသည် ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်နှင့် တိုက်ခိုက်ရာတွင် သိုင်းကျင့်ဝတ်နှင့် စကားပြောဆိုနေမည် မဟုတ်ပေ။

ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်၏ ဆွံ့အ နေသည့်အချိန်ကို အခွင့်ကောင်းယူကာ သူမ၏ အစွမ်းထက်ဆုံး စွမ်းအားဖြင့် တိုက်ခိုက်ရန် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်။

အဖြူရောင် မီးလျှံများသည် ထက်မြက်စူးရှသော ဓားတလက်ကဲ့သို့ ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။

ဝုန်း ! !

ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်၏ ခန္ဓာကိုယ်အတွင်းထဲ၌ မီးတောက်မီးလျှံများက လှပစွာ ပွင့်လန်းသွားလေသည်။

အမှောင်ထု မျက်လုံးအိမ်ကြီးမှ ပေးထားသော အမှောင်စွမ်းအားများ မရှိတော့ခြင်းကြောင့် ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်အနေဖြင့် ခုခံနိုင်စွမ်းမရှိတော့ဘဲ မီးတောက်မီးလျှံများ၏ ဝါးမျိုခြင်းကို ခံလိုက်ရတော့သည်။

“ဟားဟား! ငါတကယ်ကို မမျှော်လင့်ထားဘူး!”

“ငါ့ရဲ့ အနှစ်တစ်ထောင် အစီအစဉ်ကို အငယ် နှစ်ယောက်က ဖျက်ဆီးခဲ့တယ်တဲ့လား!”

“ ဒါ သိပ်ရယ်စရာ ကောင်းတာပဲ! ရယ်စရာပဲ!!”

ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်သည် မိမိ ခန္ဓာကိုယ် လောင်ကျွမ်းခံရသော ဝေဒနာအပေါ် အောင့်အည်းသည်းခံရင်း အားရပါးရ ရယ်မောလေသည်။

ယခုအချိန်တွင် သူ့တစ်ကိုယ်လုံး ပြာဖြစ်ခဲ့လေပြီ။

အကြွင်းအကျန်ဆိုလို့ အဖြူရောင် မီးလျှံများဖြင့် လောင်ကျွမ်းနေသော ဦးခေါင်းခွံ တစ်ခုတည်းသာပင်။

“အ​မှောင်​ထုက ဘယ်တော့မှ မ​ကွယ်ပျောက်ဘူး ..”

“စောင့်ကြည့်လိုက်.... မဝေးတော့တဲ့ အနာဂတ်မှာ မင်းတို့အားလုံး သိရလိမ့်မယ်...”

သို့သော် သူ၏ စကားမဆုံးသေးခင် ၊ မော့ရန်ရှီး၏ လက်ဖဝါးထဲမှ မီးလျှံများ ထွက်ပေါ်လာပြီး ရိုက်ချလိုက်သည်။

ဝုန်း !

မီးလျှံများ ပိုမို လောင်ကျွမ်းလာသည်နှင့်အမျှ ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်သည် ပြာအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီး ပျောက်ကွယ်သွားလေတော့သည်။

“စိတ်မပူနဲ့ ၊ ဒီဘဝမှာတော့ မင်းတို့ အောင်မြင်နိုင်မှာ မဟုတ်ဘူး “

မော့ရန်ရှီးသည် အမူအယာကင်းမဲ့လျက် သူမ၏ လက်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

သူမသည် ဘဝပေါင်းများစွာ လူဝင်စားခဲ့ပြီး မရေမတွက်နိုင်သော ကျရှုံးမှုများစွာကို ကြုံတွေ့ခဲ့ရသည်။

ဒီတစ်ခါမှာတော့ သူမ သေချာပေါက် အနိုင်ရရမည်ပင်။

“ကဲ ဒီကိစ္စကတော့ ပြေလည်သွားပြီ”

ထိုစဉ် စူးချန်ကဲသည် မော့ရန်ရှီးအား ပြုံးပြုံး‌လေးဖြင့် ဆိုလိုက်သည်။

“အခု မင်းရဲ့ကိစ္စတွေကို ပြောဖို့ အချိန်ရောက်ပြီ မလား”

မော့ရန်ရှီး၏ ဘဝအတွေ့အကြုံသည် လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။

သူမသည် ဘဝပေါင်းများစွာ ပြန်ဝင်စားနိုင်သူ ဟု ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင် ပြောခဲ့ဖူးသည်။

ယင်းအရာကို ကြည့်ခြင်းအားဖြင့် မော့ရန်ရှီး၏ ဇစ်မြစ်သည် ထူးခြားပေသည်။

မော့ရန်ရှီးသည် စူးချန်ကဲဘက်သို့ လှည့်ကြည့်လာခဲ့သည်။သူမ၏ နှုတ်ဖျားပေါ်တွင် အပြုံးတစ်ခုကို သယ်ဆောင်ထားပြီး ၊ မျက်ဝန်းများမှာ နူးညံ့လွန်းပေသည်။

“သိချင်တာလား?”

“ဒါဆို ကျွန်မနား အရင်လာခဲ့၊ ကျွန်မ တိုးတိုးတိတ်တိတ်လေး ပြောပြမယ်”

စူးချန်ကဲခမျာ ကြောင်အမ်းသွားသည်။

ဒီကလေးမ သူ့ကို အခွင့်ကောင်းယူဖို့ ကြံနေလေသလား??

ငြင်းဆန်နေပုံသော စူးချန်ကဲ၏ အမူအယာကို မြင်တော့ မော့ရန်ရှီးက ရယ်၏။

“ မုပိုင်ကိုကို အရမ်း ချောမှန်း ကျွန်မ သိပါတယ်၊ စိတ်မပူနဲ့၊ အစ်ကို ကို ကျွန်မ အခွင့်ကောင်း မယူပါဘူး “

မော့ရန်ရှီးသည် စူးချန်ကဲနားသို့ အေးအေးလူလူ လျှောက်လှမ်းလာခဲ့သည်။

မျက်ရည်ဝဲနေသော သူမ၏ မျက်ဝန်းများမှာ သူမ၏ မှတ်ဉာဏ်ထဲက စူးချန်ကဲ၏ အသွင်အပြင်ကို ပုံဖော်ချင်ခဲ့ပုံရသည်။

“ ဘဝတစ်ခုစီတိုင်းမှာ မုပိုင်ကိုကိုရဲ့ စရိုက်က မတူပေမယ့် ၊ဒါပေမဲ့ မုပိုင် ကိုကိုရဲ့ နူးညံ့သိမ်မွေ့မှုကို ကျွန်မ အမြဲတန်း အမှတ်ရနေခဲ့တယ် “

“ဘဝတိုင်း? မဟုတ်မှလွဲရော မင်း ဘဝအများကြီး ကြုံဖူးခဲ့တာလား”

စူးချန်ကဲက သိလိုစိတ်ဖြင့် မေးလိုက်သည်။

မော့ရန်ရှီးက သူမခေါင်းကို ညင်သာစွာ ညိတ်လိုက်သည်။

“ဟုတ်တယ်လို့ ပြောလို့ရတယ် ၊ မဟုတ်ဘူးလို့လည်း ပြောလို့ရတယ် ၊ ဘာလို့လဲဆိုတော့ အစ်ကိုမရှိတဲ့ ဘဝက ကျွန်မအတွက်တော့ အိပ်မက်တစ်ခုလိုပဲ “

“ မုပိုင် ကိုကို ၊ ကျွန်မ ပွေ့ဖက်လို့ရမလား?”

“ဒါ....”

စူးချန်ကဲခမျာ ရှက်နေပုံရသည်။သို့သော် မော့ရန်ရှီး၏ ရိုးသားသော မျက်ဝန်းများကို မြင်လိုက်ရချိန်တွင် ၊ သူ သည်းမခံနိုင်တော့ပေ။

သူမ၏ မျက်ဝန်းများမှာ ကြည်လင်နေသော်လည်း ဖုံးကွယ်ထားသော အထီးကျန်မှုများကို အတိုင်းသား မြင်တွေ့နေရသည်။

စူးချန်ကဲသည် သက်ပြင်းချလျက် ခေါင်းညိမ့်လိုက်သည်။

“ ထားပါတော့ ၊ ငါ့ကို ရက်စက်ကြမ်းကြုတ်မှု သူတော်စင်အရှင် အလောင်းကောင်ကို ကူညီပြီး သတ်ပေးတဲ့အတွက် လက်ဆောင်တစ်ခုအနေနဲ့ သဘောထားပေးမယ် “

“ကျေးဇူးတင်ပါတယ် မုပိုင် ကိုကို “

မော့ရန်ရှီးသည် နူးညံ့စွာ ပြုံးလိုက်ပြီး စူးချန်ကဲ၏ ရင်ဘက်ကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။

ယခုအချိန်လေးသည် မရေမတွက်နိုင်သော နှစ်ကာလ အတောအတွင်း သူမအတွက် ပထမဆုံးသော အေးချမ်းသော အချိန်လေးတစ်ခု ဖြစ်ခဲ့သည်။

သူမ၏ မှတ်ဥာဏ်ထဲက ရင်းနှီးနေခဲ့သော

နှလုံးခုန်သံလား ။

သို့မဟုတ် အိပ်မက်ထဲမှာ တောင့်တနေခဲ့သော အငွေ့အသက်ပဲလား။

သူမ၏ အတိတ်က အမှတ်တရများကို ဖြည်းဖြည်းချင်း ပြန်သတိရလာသည်။

ဘယ်အရာက လူဝင်စားလဲ ဆိုတာ မသိတော့ပေမဲ့ ၊ ဒါဟာ သူမ၏ ပထမဆုံးမှတ်ဉာဏ် တစ်ခု ဖြစ်နိုင်လောက်သည်။

ထိုစဉ်အခါက အလွန်အေးစက်သော ‌ဆောင်းရာသီဖြစ်ခဲ့ပြီး ၊ ထိုဆောင်းရာသီတွင် သွေးများ စွန်းထင်းနေခဲ့သည်ကို သူမ မှတ်မိနေသေးသည်။

ထိုစဉ်က ရက်စက်ကြမ်းကြုတ်သော သားရဲများ လွတ်လပ်စွာ ကျင်လည်ကျက်စားရာ ခေတ်ဖြစ်၍ ၊ သူမတို့၏ မိသားစုသည် ရက်စက်ကြမ်းကြုတ်သော သားရဲများ‌ကြောင့် သက်ရှိငရဲအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

မိသားစုတစ်စုလုံး ကောင်မလေး တစ်ယောက်မှလွဲ၍ မည်သူမျှ အသက်ရှင် ကျန်ရစ်ခြင်းမရှိခဲ့ပေ။ ၎င်းတို့အားလုံးသည် ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ အစာ ဖြစ်ခဲ့ရသည်။

ထိုမိန်းကလေးသည် ရှီးအာ ( မော့ရန်ရှီး) ဖြစ်ပြီး ၊အနီရောင်တောက်တောက် သွေးများသည် မိန်းကလေး၏ မူလအဖြူရောင်ဝတ်စုံကို အနီရောင်ဝတ်စုံ အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

မိန်းကလေး၏ ဝတ်စုံတင်မက ၊ နှင်းများဖြင့် ထူထပ်နေသော မြင်ကွင်းတစ်ဆုံး သွေးများ ၊ အလောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

သူမ၏ လက်ထဲတွင် အဝတ်စုတ်တစ်ထည်ကို ဆုပ်ကိုင်ထားသည်။ယင်းအရာသည် သူမအစ်ကို၏ အဝတ်စပင် ဖြစ်သည်။

နဂိုက သေရတော့မည့်သူမှာ သူမ၏ အစ်ကိုမဟုတ်ဘဲ သူမပင် ဖြစ်သည်။သို့သော် သူမအစ်ကိုသည် သူမကို ကာကွယ်ရန်အတွက် ရက်စက်ကြမ်းကြုတ်သော သားရဲကောင်များ၏ အာရုံကို ဆွဲဆောင်ရန် မဆိုင်းမတွ ဆုံးဖြတ်ခဲ့သည်။

သူ၏ အသွေးအသားကို ရင်းပြီး ၊ သူမကို အန္တရာယ်ကြားထဲမှာ အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့သည်။

သို့သော် သူမ၏ အစ်ကိုသည် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်၏ အပိုင်းပိုင်း ကိုက်ဖြတ်တာကို ခံလိုက်ရသည်။ဤသွေးစွန်းနေသော မြင်ကွင်းသည် သူမ၏ နှလုံးသားထဲတွင် ကွက်ကွက်ကွင်းကွင်း ရေးထွင်းထားဆဲပင် ဖြစ်သည်။

….

“ ရှီးအာ ၊ ကိုကိုပြောတာကို နားထောင်မှာလား”

“ဟုတ် ! ရှီးအာက လိမ္မာတဲ့သူပါ !”

ကောင်လေးက အပြုံးမပျက် ခေါင်းညိတ်လိုက်ပြီး ၊ သူမအား လျှို့ဝှက်ဂူတစ်ခုဆီသို့ ခေါ်သွားခဲ့သည်။

လှိုဏ်ဂူကို အောင်မြင်စွာ ပိတ်ရန် ၊ လူတစ်ယောက်သည် အပြင်မှာ နေ၍ မှော်အစီအရင်ကို အသက်သွင်းရန် လိုအပ်သည်။ ထိုသူမှာ သူမ၏ အစ်ကိုသာပင်။

မှောင်မည်းနေသော လှိုဏ်ဂူကြီးကို ကြည့်ရင်း မိန်းကလေးသည် အနည်းငယ် ကြောက်လန့်သွားပုံရသည် ။

“ကိုကိုကြီး....”

“ ရှီးအာ နည်းနည်း ကြောက်တယ် ၊ ရှီးအာကို ဖက်ပေးပါ့လား “

“ ရှီးအာက လိမ္မာပါတယ် ၊ သူတို့ မကြာခင်ရောက်လာတော့မယ် ၊ အစ်ကိုမှာ အချိန်မရှိတော့ဘူး”

ကောင်လေးသည် ကောင်မလေး၏ ခေါင်းကို ဖွဖွလေး ပွတ်သတ်ပေးရင်း လှိုဏ်ဂူထဲသို့ တွန်းထည့်လိုက်သည်။

မိန်းကလေးမှာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

“ကိုကို ဒါ ဘာလုပ်တာလဲ!?”

သူမလှည့်ကြည့်လိုက်သည့် အခိုက်အတန့်တွင် ၊ သူမအစ်ကို၏ နွေးထွေးသော အပြုံးကိုသာ တွေ့လိုက်ရသည်။

“ ရှီးအာ ၊ မင်း အသက်ဆက်ရှင်ရမယ်”

လှိုဏ်ဂူကြီးသည် တဖြည်းဖြည်း ပိတ်သွားပြီးနောက် ၊ အပြင်ဘက်တွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော သားရဲအော်သံများကို ကြားရသည်။

ထိုအခေါက်သည် နောက်ဆုံးအကြိမ်အဖြစ် သူမအစ်ကို ကို တွေ့ခဲ့ရခြင်းသာ ဖြစ်သည်။

…..

အချိန်မည်မျှ ကြာသည် မသိ၊ ကလေးမလေးသည် မသေမျိုးနွယ် ပုဂ္ဂိုလ်များ၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။

သူမ ပထမဆုံးလုပ်ခဲ့သည်မှာ သူ့အစ်ကိုကို ရှာဖွေခြင်းသည်သာ။

သို့သော် ဘုရားသခင်သည် သူမကို ဆော့ကစားခဲ့သည်။

သူမတွေ့ခဲ့ရသည်မှာ သွေးအိုင်ထဲတွင် ပြန့်ကျဲနေသော ခန္ဓာကိုယ်အပိုင်းအစများသာ။

သွေးစွန်းနေခဲ့သော သူမအစ်ကို၏ အဝတ်စုတ် အပိုင်းအစတစ်ခုလည်း ရှိနေခဲ့သည်။

ဆောင်းရာသီသည် မည်မျှ အေးသည်ကိုတောင် သူမ မသိလိုက်ချေ။

သူမတစ်ယောက်တည်း အကြာကြီး ငိုနေခဲ့လေသည်။

…..

“ အချိန် ခဏလေးဆိုပေမဲ့ ဒါပေမယ့် နှစ်တွေ အများကြီး ကုန်ဆုံးသွားသလိုပဲ “

မော့ရန်ရှီး၏ မျက်ဝန်းများမှာ နီရဲလာခဲ့သည်။ သူမသည် ဤပွေ့ဖက်မှုကို နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့ပုံ ရသည်။

“ နှစ်ပေါင်းများစွာ ရှာဖွေခဲ့ရတယ်ဆိုပေမဲ့ ၊ ဒါပေမဲ့ ထိုက်တန်ပါတယ် “

မော့ရန်ရှီးသည် ညင်သာစွာ ပြုံးလိုက်ပြီး စူးချန်ကဲကို ပွေ့ဖက်ထားသော သူမ၏ လက်များကို ပြန်ရုတ်သိမ်းလိုက်သည်။

ဘယ်အချိန်ကမှန်းမသိတဲ့ လေညင်းလေးက ဖြည်းညှင်းစွာ တိုက်ခတ်လာခဲ့ပြီး မိန်းမပျိုလေး၏ ဆံနွယ်များကို နူးညံ့စွာ နမ်းရှုတ်နေခဲ့သည်။

ရှုပ်ပွနေသော ဆံပင်များက မိန်းမပျိုလေး၏ လှပသော မျက်နှာသွင်ပြင်ကို ပို၍ ပေါ်လွင်စေသည်။

သို့သော် ဤမျှ လှပဖြူစင်သော မိန်းမပျိုလေး ဖြစ်လျက်သားနှင့် ၊စူးချန်ကဲ၏ ရင်ထဲမှာတော့ တုနှိုင်းမရသော ဝမ်းနည်းမှုများ ဝင်ရောက်လာခဲ့သည်။

“ ငါ ဘာလို့ မင်းကို သိနေသလို ခံစားရတာလဲ”

ထိုစကား ပြောလိုက်သည့် အခိုက်အတန့်မှာတင် ၊ စူးချန်ကဲတစ်ယောက် သူ့ကိုယ်သူ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ဤစကားများသည် သူ၏ မသိစိတ်က ပြောထွက်လိုက်ခြင်းပင် ဖြစ်သည်။

“ ကိုကို က တကယ်ကို ကိုကို ဖြစ်နေတုန်းပဲ....”

မော့ရန်ရှီးသည် သူမပါးစပ်ကို အသာလေး ဖုံးကွယ်ကာ ရယ်မောလိုက်သည်။

“ ဒီတခေါက် အစ်ကိုကို ပွေ့ဖက်ခွင့်ရတဲ့ အတွက် အရမ်းကျေနပ်သွားပြီ “

မော့ရန်ရှီး ဘာကိုဆိုလိုသည်ကို နားမလည်ပေရာ စူးချန်ကဲ အနည်းငယ် ရှုပ်ထွေးသွားသည်။

ထပ်မေးရန် ဟန်ပြင်လိုက်ချိန် ၊ သူ အံ့ဩသွားသည်။

မော့ရန်ရှီး၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“မင်း ဘယ်လိုဖြစ်ပြီး...”

“ဒါက ကျွန်မကိုယ်ပွားတွေထဲက တစ်ခုလေ ၊ အင်အား အလွန်အကျွံသုံးလိုက်လို့ ပျောက်ကွယ်ခံနီးနေပြီ “

“ရပါတယ်၊ ကျွန်မမှာ နောက်ထပ် အများကြီး ရှိသေးတယ် “

“အစ်ကို ကို ရှာဖို့ ညီမ အဆုံးမရှိတဲ့ လူဝင်စားဘဝတွေကို ဖြတ်ကျော်ခဲ့တယ် …”

“အတိတ်မှာ အစ်ကိုက ညီမကို ကာကွယ်ပေးခဲ့တယ် ၊ အနာဂတ်မှာ ညီမက အစ်ကိုကို ပြန်ပြီး ကာကွယ်ပေးမယ်”

အပိုင်း(၁၈၈): ကောင်းကင်စစ်ဗုံတီးလေပြီ ၊ဧကရာဇ်မင်းတို့ ပြန်လာပြီ

“ မင်း.....”

စူးချန်ကဲ မေးရန် ဟန်ပြင်လိုက်ချိန် ၊

သို့သော် မော့ရန်ရှီး၏ ခန္ဓာကိုယ်မှာ ပိုပို၍ မှေးမှိန်လာခဲ့သည်။

သူမတစ်ကိုယ်လုံး အလင်းအစက် အပြောက်များ အဖြစ် တဖြည်းဖြည်း ပျောက်ကွယ်နေခဲ့ပြီပင် ။

“စိတ်မပူပါနဲ့ မုပိုင်ကိုကို ၊ ညီမတို့ ပြန်တွေ့ကြဦးမှာပါ...”

အလင်းအစက်များသည် လေထဲသို့ ပျံ့လွင့်သွားသည်နှင့် ၊ မော့ရန်ရှီး၏ ရုပ်သွင်သည်လည်း အပြီးတိုင် ပျောက်ကွယ်သွားခဲ့လေပြီ။ဤကမ္ဘာပေါ်သို့ သူမ တခါမှ မရောက်ရှိလာခဲ့သည့်အတိုင်း သူမ၏ အငွေ့အသက်များပင်လျှင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ဤမြင်ကွင်းကို မြင်နေရသည့်တိုင် စူးချန်ကဲ၏ ရင်ထဲ၌ ခံစားချက်မျိုးစုံ ဝင်ရောက်လို့ နေသည်။

သူမသည် အကြိမ်အနည်းငယ်မျှ ဆုံဖူးခဲ့သော သူစိမ်းတစ်ယောက်သာ ဖြစ်သော်လည်း ၊ သူ့နှလုံးသားထဲတွင် ရင်းနှီးသလို ခံစားနေရသည်။

“ ငါ အရမ်းပဲ ပျော့ညံ့နေသလား?”

စူးချန်ကဲသည် ကိုယ့်ဟာကိုယ် ရယ်မောလိုက်ရင်း ခေါင်းယမ်းနေမိသည်။ သန်မာခြင်းသည် အောင်မြင်မှု၏ သော့ချက်ပင် ဖြစ်သည်။

ဝီ —

ထိုအချိန်တွင် ကြေးဝါဗိမ္မာန်၏ အနက်ရှိုင်းဆုံး နေရာမှ အလင်းရောင်တစ်ခု ရုတ်တရက် လင်းလက်လာခဲ့သည်။

အလင်းလှိုင်းများ ပြန့်ကျဲထွက်ပေါ်လာသည်နှင့် မူလက အမှောင်တို့၏ တိုက်စားခြင်းကို ခံခဲ့ရခြင်းကြောင့် ပျက်စီးသွားခဲ့ရသော ကြေးဝါဗိမ္မာန်၏ နံရံများမှာ မူလအသွင်အပြင်သို့ ဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဤအပြောင်းအလဲသည် စူးချန်ကဲကိုတောင် အံ့အားသင့်သွားစေသည်။

သူသည် ပြောင်းလဲစပြုနေသော နေရာအား ငေးကြည့်လိုက်သည်။

၎င်းသည် အလင်းတန်းများဖြင့် ဖုံးလွှမ်းထားသော စာအုပ်တစ်အုပ် ဖြစ်နေသည်။ စာမျက်နှာပေါ်တွင် ရေးထွင်းထားသော ကျမ်းဂန်စာများ ရှိနေပြီး မြင့်မြတ်သော လမ်းစဉ်၏ ဂုဏ်ကျက်သရေတို့က ဖုံးလွှမ်းထားသည်။

“ဒါက စနစ်က ဖော်ပြထားတဲ့ အနှိုင်းမဲ့ သုတ္တန်ဖြစ်ရမယ် “

“အမှောင်ထု တိုက်စားသွားတာ အံ့သြစရာ မရှိတော့ဘူး ၊ လက်စသတ်တော့ အနှိုင်းမဲ့သုတ္တန်က အမှောင်ထု မျက်လုံးအိမ်ကြီးထဲမှာ ရှိနေခဲ့တာကိုး”

ဤအနှိုင်းမဲ့သုတ္တန်မှ အမြင့်မြတ်ဆုံး ရောင်ဝါများ ဖြာထွက်နေသော်လည်း ၊

သို့သော် အမှောင်ထု စွမ်းအင်များကို ရေးရေးလေး မြင်နေရသေးသည်။

ဤသည်မှာ အမှောင်ထု တိုက်စားမှု၏ ခြေရာလက်ရာများပင် ဖြစ်သည်။

“စနစ်၊ ဒီအနှိုင်းမဲ့သုတ္တန်ကို ဖျက်စီးချင်ရင် ဘယ်လိုလုပ်ရမလဲ “

【 တင်း ! သင့်အနေနဲ့ သူတော်စင် ခန္ဓာကိုယ်များ၏ အငွေ့အသက်များကို သွေးအနှစ်သာရ တစ်စက်အဖြစ် ပေါင်းစည်းရန် လိုအပ်ပြီး ၊ ၎င်းသွေးစက်ကို အနှိုင်းမဲ့သုတ္တန်ပေါ် ချလိုက်ရုံဖြင့်သင်အောင်မြင်ပါပြီ ]

“သွေးအနှစ်သာရ တစ်စက် အဖြစ် ပေါင်းစည်းရမှာလား?”

“ သူတော်စင် ခန္ဓာကိုယ်တွေအားလုံး အသက်ဝင်လာတာနဲ့ သူတို့ရဲ့ ရောင်ဝါမျှင်တွေ ကွဲထွက်ပြီး ပေါင်းစပ်သွားတာ ဖြစ်နိုင်မလား”

စူးချန်ကဲသည် တစ်ယောက်တည်း ရေရွတ်လိုက်သည်။

စူးချန်ကဲသည် များများစားစား မတွေးတော့ဘဲ သူ၏ သူတော်စင် ခန္ဓာကိုယ်များကို စတင် အသက်သွင်းလိုက်သည်။

သူသည် ဤကြေးဝါဗိမ္မာန်တွင် အကြာကြီး ရှိနေခဲ့သည်။ အပြင်လောကတွင် အပြောင်းအလဲကြီး ဖြစ်နေမည်ဆိုပါက ၊

သူ ပွဲမထွက်လို့ ဖြစ်မလား?

......

နတ်နဂါးကျွန်းစု ၊

“ နဂါးသခင် ၊ ကျွန်တော်တို့ ပို့လိုက်ပြီ ၊ စစ်မြေပြင်က ဧကရာဇ်မင်း သုံးပါး ပြန်လာပါတော့မယ်”

“သိပ်ကောင်းတယ် ၊ တပ်ဖွဲ့ကရော ဘယ်လိုပြင်ဆင်ထားလဲ”

“နဂါးသခင်ကို ပြန်လည်လျှောက်တင်ပါတယ် ၊ နတ်နဂါးတပ်ဖွဲ့ ၊ နဂါးဘုရင် တပ်ဖွဲ့ ၊ နဂါး မြင်းတပ်ဖွဲ့ ၊ နဂါးဟစ်ကြွေးတပ်ဖွဲ့တွေ အားလုံး အချိန်မရွေး ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပါပြီ”

သူ့ လက်အောက်ငယ်သားများထံမှ လျောက်တင်လာသော သတင်းများကို နားထောင်ရင်း ၊ လူသတ်လိုစိတ် ပြင်းပြနေသော နဂါးသခင်၏ မျက်လုံးများမှာ တောက်ပလာသည်။

ဤခွင်းလွင်တောင် ခရီးစဉ်တွင်၊ သူတို့သည် ကွေးယွမ် သူတော်စင် နယ်မြေ နှင့် မသေမချင်း တိုက်မည့် စစ်ပွဲကြီးအဖြစ် ရန်ငြိုးဖွဲ့ထားပြီး ဖြစ်သည်။

မျိုးဆက်သစ် သူတော်စင်အရှင် ပုဂ္ဂိုလ်အားလုံး မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိဘဲ ကျဆုံးသွားခဲ့ရသည်။ အမြဲဂုဏ်ယူခဲ့ကြသော နဂါးမျိုးနွယ်စုသည် ဤမျှကြီးမားသော ဆုံးရှုံးမှုမျိုးကို မည်သည့်အချိန်က ကြုံတွေ့ခဲ့ရဖူးသနည်း။

နတ်နဂါးကျွန်းစုတွင် စစ်တပ်ကြီးတစ်ခု လျှို့ဝှက်စွာ စုဝေးနေသည်။သူသည် ကွေးယွမ် သူတော်စင် နယ်မြေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး တစ်ရှိန်ထိုး အနိုင်ယူချင်ခဲ့သည်။

“ ဖီးနစ်လှိုဏ်ဂူကရော ဘယ်မှာလဲ”

“ ဖီးနစ်လှိုဏ်ဂူအနေနဲ့ ဒီတစ်ခေါက် တိုက်ပွဲမှာ ပါဝင်ဖို့ အစီအစဉ် မရှိပေမဲ့ ဒါပေမဲ့ ကျွန်တော်တို့ နတ်နဂါးကျွန်းစုကို ထောက်ပံ့ရန် သူတို့ မျိုးနွယ်စုက တန်ခိုးကြီးမားတဲ့ ဧကရာဇ်မင်း နှစ်ပါးကို စုစည်းထားပါတယ် “

နဂါးသခင်က ထေ့ငေါ့လိုက်သည်။

“ ငါနဲ့ အတူ ကွေးယွမ်မြေကို ဆန့်ကျင်ဖို့ထက် ဧကရာဇ်မင်းကိုသာ စေလွှတ်မယ်ပေါ့လေ “

“ ဒီကြက်ထိပ်ပြောင်တွေက ကွေးယွမ်ရဲ့ အရိုက်အနှက်ခံရမှာကို ကြောက်နေကြတာပဲ “

“ ငါ့ရဲ့ တိုက်ခိုက်မှုကို ကွေးယွမ် ဘယ်လိုခံနိုင်ရည် ရှိမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”

.....

ထျန်းရှန်းဂိုဏ်း။

အလားတူ အဆင်သင့်ဖြစ်နေပြီ ဖြစ်သော တပ်ဖွဲ့ကြီး တစ်ခု ရှိနေပြီး ၊ ထျန်းရှန်းဂိုဏ်း၏ နယ်မြေတစ်ဝိုက်တွင် လူသတ်တော့မည့် အေးစိမ့်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

ထျန်းရှန်းဂိုဏ်း၏ အဓိက ခန်းမဆောင်တွင်၊ ထျန်းရှန်း ဂိုဏ်းခေါင်းဆောင်သည် ရှောင်ရှီထျန်း မှ ဘုန်းတော်ကြီးများစွာ နှင့် ကြာရှည်စွာ စကားပြောဆို နေခဲ့သည်။

“အရှင်ဘုရား၊ ဒီတစ်ကြိမ်မှာ ခင်ဗျားတို့ရဲ့အကူအညီနဲ့ ကျွန်တော်တို့ ဒီကွေးယွမ်မြေကို တစ်ရှိန်ထိုး ဖျက်ဆီးပစ်နိုင်တော့မှာပါ “

“အာမိထော်ဖော် ၊ ခေါင်းဆောင် စိတ်မပူပါနဲ့ “

“ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူက ပါဏာတိပါတာကံကို ကျူးလွန်ခဲ့တာ၊ ဒီလောက် ထက်မြက်တဲ့ ပါရမီရှင်တွေကို သတ်ပစ်ခဲ့ရုံတင် မကဘူး ၊ ရှောင်ရှီထျန်းရဲ့ တု ကိုယ်တော်နဲ့ ကျန့် ကိုယ်တော်ကိုပါ သတ်ပစ်ခဲ့တယ်လေ “

“ဒါ နတ်ဆိုးပဲ ၊ ကျုပ် ရှောင်ရှီထျန်းက ဒီလိုနတ်ဆိုးမျိုးကို မသနားဘဲ သတ်ပစ်ရမယ် “

ထိုစကားကို ကြားတော့ ထျန်းရှန်းဂိုဏ်း ၏ ခေါင်းဆောင်က အားရပါးရ ပြုံးလိုက်သည်။

သူသည်လည်း နယ်မြေပြင်ပ စစ်မြေပြင် မှ ဧကရာဇ်မင်းမြတ် သုံးပါးကို ပြန်လာရန် စည်းရုံးခဲ့ပြီး ဖြစ်သည်။

ယခု ရှောင်ရှီထျန်း၏ တန်ခိုးကြီးမားသော ဧကရာဇ်မင်း နှစ်ပါး နှင့်အတူ ‘နတ်ဆိုးကို ဖြတ်ကျော်မည့်’ တပ်ဖွဲ့ကြီးလည်း ရှိသည်။

နတ်နဂါးကျွန်းစု အပါအဝင် ၊ သူတို့သည် ဧကရာဇ်မင်း ရှစ်ပါး စုဆောင်းပြီး ဖြစ်သည်။

ဒါတောင် အမှောင်ထဲတွင် ရှိနေမည့် နတ်ဘုရားအချုပ်ထောင် နန်းတော် ၊ ဖီးနစ်လှိုဏ်ဂူ နှင့် နတ်ဘုရားချောက်နက်တို့၏ ဧကရာဇ်မင်းများ မပါသေးချေ။

“ ကွေးယွမ် သူတော်စင် နယ်မြေက ပိုအားကောင်းတယ် ဆိုရင်ရော ဘာဖြစ်လဲ”

ထျန်းရှန်းဂိုဏ်း ခေါင်းဆောင်၏ မျက်လုံးများတွင် လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

“ ဒီလောက်များပြားတဲ့ ဧကရာဇ်မင်းတွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှု လက်အောက်မှာ ကွေးယွမ်မြေ သေချာပေါက် ပျက်စီးရလိမ့်မယ်!”

......

ကွေးယွမ် ဘိုးဘွားပိုင်နယ်မြေ။

“ ချန်ကဲက အခု ကြေးဝါဗိမ္မာန်မှာ အမွေဆက်ခံနေတုန်းပဲ ရှိ‌‌သေးတယ် ၊ သူ ခဏတာ ပြန်မလာနိုင်လောက်ဘူး “

“ကိစ္စမရှိဘူး၊ ချန်ကဲ ကြေးဝါဗိမ္မာန်ကနေ ထွက်မလာနိုင်ရင် ၊ အဆိုးဆုံးရလဒ်က ဖြိုချလိုက်ရုံပေါ့ “

ကြေးစင်မြင့်ပေါ်ရှိ ရှေးဘိုးဘေးတစ်ဦးက တည်ငြိမ်စွာ ဆိုလိုက်သည်။

တခြားသူတွေသာ ထိုစကားကို ကြားမိပါက ၊ မေးရိုးပြုတ်ကျမတတ် ဆွံ့အသွားနိုင်သည်။

ကြေးဝါဗိမ္မာန်သည် ကြီးကျယ်ခမ်းနားသော အံ့ဖွယ်ခြောက်ပါးထဲမှ တစ်ခု ဖြစ်သည်။ ဒါကိုတောင်မှ ဖြိုဖျက်ပစ်မယ့်စကား ထွက်လာနိုင်သေးတယ်ပေါ့!

ဒါ လူရော ဟုတ်ကြသေးရဲ့လား?

ဖော့ကျွင်းဘိုးဘေးက ဆို၏။

“ နတ်နဂါးကျွန်းစု နဲ့ ထျန်းရှန်းဂိုဏ်းက သိပ်မကြာခင်ကပဲ သူတို့ရဲ့ တပ်တွေကို စုဝေးထားပြီးပြီ “

“ ဖီးနစ်လှိုဏ်ဂူကလည်း အဆင်သင့်ဖြစ်နေပြီ ၊ ကြည့်ရတာ ကောင်းကင်ဘုံ မကောင်းဆိုးဝါး‌ တောင်တန်းရဲ့ ပြီးပြည့်စုံသော နိုးထမှုကို စောင့်မျှော်နေပုံပဲ “

“ ပြီးတော့ နတ်ဆိုးချောက်နက် နဲ့ နတ်ဘုရားအချုပ်ထောင် နန်းတော်တို့ကလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေတယ် ၊ သူတို့အကုန်လုံး လျှို့ဝှက်စွာနဲ့ အဆက်အသွယ် လုပ်နေမှာကို စိုးရတယ်”

ပါ့ချန်ဘိုးဘေးသည် ထိုစကားကို ကြားတော့ အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ၏ မျက်လုံးများတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။

“သေမှာမကြောက်တဲ့ ဒီလူတွေ ၊ ငါတို့ ကွေးယွမ်မြေကို အ တယ်လို့ ထင်နေတာလား?”

“ ငါတို့ သူတော်စင်နယ်မြေရဲ့ ဆက်ခံသူကို ခြိမ်းခြောက်ဖို့ အကြံအစည် ရှိနေမှတော့ ၊ ဒါဆို ဖျက်စီးပေးရုံပေါ့ “

မျက်စိမှိတ် တရားထိုင်နေသော ကျန့်ရှင်းဘိုးဘေး၏ မျက်ဝန်းတို့မှာ ရုတ်တရက် ပွင့်လာခဲ့သည်။

သူ၏ မျက်ဝန်းထဲ၌ ဓားဆန္ဒများ မြှင့်တတ်နေသည်မှာ ကောင်းကင်ကြီးကိုတောင် ဖျက်ဆီးနိုင်စွမ်း ရှိပုံရသည်။

“ ငါ သူတို့ရဲ့ ဘိုးဘွားပိုင်မြေကို သွားလည်ဖို့ လိုသေးလား “

“မလိုဘူး၊ မင်း ဝင်ပါရင် ကောင်းကင်လမ်းစဉ်ရဲ့ ဆယ်သုံးဝိုင်းက ဒီတိုင်း ကြည့်နေမှာ မဟုတ်တော့ဘူး “

ရှေးဘိုးဘေးတစ်ဦးက ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။

“ ဒီနေ့ခေတ်ရဲ့ တိုက်မြေ သုံးထောင် က အလွန်ပျက်စီးလွယ်တယ် ၊ နယ်ချဲ့စစ်ပွဲ တစ်ခု စတင်ခြင်းက သူ့ အကန့်အသတ်သူ ရှိတယ် “

“ သာလွန်တဲ့ တည်ရှိမှု တစ်ခုက ဝင်ရောက်စွက်ဖက်လိုက်ရင် ၊ ဒီတိုက်မြေ သုံးထောင်လည်း ရှိတော့မှာ မဟုတ်ဘူး “

“ဒီအမြင်မကျယ်တဲ့ ဟာလေးတွေက ဒီလောက်ဖြစ်နေမှတော့ သူတို့ကို အသေသတ်ပစ်လိုက်တော့ “

“ ဖော့ကျွင်း ၊ ငါမင်းကို စီစဉ်ခိုင်းထားတဲ့ အရာတွေ လုပ်တာ ဘယ်လိုနေလဲ?”

ဖော့ကျွင်းဘိုးဘေး ဦးညွှတ်လျက်။

“ ရှေးဘိုးဘေး၊ ခင်ဗျားရဲ့ ညွှန်ကြားချက်အတိုင်း အကောင်အထည်ဖော်ပြီးပါပြီ “

“ တိကျန့် ဧကရာဇ်မင်းက ဧကရာဇ်လေးပါးကို ဦးဆောင်ပြီး နတ်နဂါးကျွန်းစုကို ရင်ဆိုင်လိမ့်မယ်”

“ ပိုင်ကျန့်ဧကရာဇ်က ဧကရာဇ်လေးပါးကို ဦးဆောင်ပြီး ထျန်းရှန်းဂိုဏ်းကို တာဝန်ယူလိမ့်မယ် “

“ ဟွမ်ထျန်း ဧကရာဇ် နဲ့ ရွှမ်ယွီ ဧကရီတို့က ဧကရာဇ်မင်း ခြောက်ပါးကို ဦးဆောင်ပြီး အမှောင်ကနေ စောင့်ဆိုင်းနေလိမ့်မယ် ၊ တခြားအင်အားစုတွေ ဝင်ရောက်စွက်ဖက်တာနဲ့ တခါတည်း ဖျက်စီးခံရလိမ့်မယ်”

“ကောင်းတယ် ၊ တဖက်က ငါတို့ ကွေးယွမ် သူတော်စင် နယ်မြေကို တိုက်ခိုက်ဝံ့မှတော့ “

“ဒါဆို ဒီစစ်ပွဲကို စလိုက်ကြတာပေါ့ “ ရှေးဘိုးဘေးက ဆိုလိုက်သည်။

“ကောင်းကင် စစ်ဗုံ တီးပြီး ကြေညာလေတော့ “

“ဟုတ် “

ဖော့ကျွင်းဘိုးဘေးသည် ဝေဟင်တွင် ရပ်ကာ ကောင်းကင် စစ်ဗုံကို တီးခတ်လေသည်။

စစ်‌ဗုံသံသည် မရေမတွက်နိုင်သော နယ်ပယ်များစွာထံသို့ တစ်လျှောက်လုံး ပျံ့နှံ့သွားခဲ့လေသည်။

သူသည် ကြေညာလိုက်သည်။

“ နတ်နဂါးကျွန်းစု ၊ ထျန်းရှန်းဂိုဏ်း က ငါ ကွေးယွမ် သူတော်စင် နယ်မြေကို စိန်ခေါ်ဖို့ အဆင်သင့် ဖြစ်နေပြီ “

“ဒါကြောင့် ဒီနေ့ ငါ ကွေးယွမ် သူတော်စင် နယ်မြေကလည်း ကြေညာတယ် “

“ ထာဝရ စစ်ပွဲကို စတင်ပြီ !”

ဒုန်း ဒုန်း ဒုန်း !

ကောင်းကင် စစ်ဗုံသံသည် ဒုတိယအကြိမ် ထပ်မံ ထွက်ပေါ်လာသည်။

သတ်ဖြတ်တော့မည့် လှိုင်းဂယက်များက ဤကမ္ဘာကြီးကို ခြိမ်းခြောက်နေပြီး ၊ ကောင်းကင်တခွင် တိမ်များ ထူထပ်စွာ ဖုံးအုပ်နေသည်။

ဟာရီကိန်း မုန်တိုင်းကြီး ထွက်ပေါ်ပြီး ၊ လေနှင့် တိမ်စိုင်တိမ်ခဲများ အပြောင်းအလဲ ဖြစ်ပေါ်နေ၏။

အချိန်အနည်းငယ်ကြာပြီးနောက် ၊

နတ်နဂါးကျွန်းစု နှင့် ထျန်းရှန်းဂိုဏ်းတို့ထံမှ သူတစ်လှည့် ကိုယ်တစ်လှည့် အမျက်ဒေါသသံများ ထွက်ပေါ်နေသည်။

“ဟွန်း !”

“ လူစိတ်မရှိတဲ့ ကောင်တွေ !”

“ ကွေးယွမ် သူတော်စင် နယ်မြေက ငါတို့နဲ့ ထာဝရ စစ်ပွဲကို ဆင်နွှဲဖို့ ဘယ်လောက်တောင် ယုံကြည်မှုရှိနေလဲဆိုတာ ငါ စောင့်ကြည့်လိုက်ဦးမယ်!”

နတ်နဂါးကျွန်းစု နှင့် ထျန်းရှန်းဂိုဏ်းတို့၏ ပူးပေါင်းကြံစည်မှုမှာ ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။

ယခုအခါတွင် သူတို့သည် အခြားသော အင်အားစုကြီး နှစ်စုမှ လျှို့ဝှက်အကူအညီများ ရရှိနေပြီး ဖြစ်သည်။

သူတို့က ဘာကြောက်နေရမှာတုန်း ?

စုစုပေါင်း ဧကရာဇ်ရှစ်ပါး !

ကွေးယွမ် သူတော်စင် နယ်မြေ တင် မပြောနဲ့ ၊ ပေမင်တိုက်ကြီး တစ်ခုလုံးကို အမှုန့်ဖြစ်တဲ့အထိ ဖျက်စီးနိုင်စွမ်းရှိပေသည်။

သူတို့သည် မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းလာသော ထာဝရအင်အားစုများပင် ဖြစ်သည်။

သူတို့၏ အမြင်တွင် ၊ ကွေးယွမ် သူတော်စင် နယ်မြေသည် မည်မျှပင် တန်ခိုးကြီးမားပါစေ ၊ ဧကရာဇ်မင်း ခြောက်ပါးကိုသာ ထိန်းထားနိုင်ပေလိမ့်မည်။

ဒီလောက်ထိ အင်အားကြီးမားတဲ့ ဧကရာဇ်မင်းတွေကို သူတို့ ဖျက်စီးနိုင်မတဲ့လား?

အပိုင်း(၁၈၉): ထာဝရ စစ်ပွဲ ၊ တစ်လောကလုံး ပရမ်းပတာ ဖြစ်နေပြီ

“ အကြင်နာကင်းမဲ့တဲ့ ကွေးယွမ် သူတော်စင် နယ်မြေကဟာတွေ ၊ ငါတို့ နတ်နဂါးကျွန်းစုရဲ့ သူတော်စင်အရှင် အယောက် သုံးထောင်ငါးဆယ် အကုန်လုံး သတ်ပစ်ခဲ့တယ် ၊ဒီ အမုန်းတရား သေတောင် မကျေဘူး “

“ နဂါးအဆောင် ၊ စစ်ဘေးဒဏ် !”

နဂါးသခင်၏ အမိန့်ကို ခံယူပြီးနောက် ၊ မုန်တိုင်းများထန်လာကာ ကောင်းကင်ကြီးသည် ရုတ်တရက် ကွဲထွက်သွားခဲ့သည်။

နဂါးစွမ်းအင်များသည် တဟုန်ထိုး မြင့်တတ်သွားလေရာ အနီရောင် ကျောက်တုံးကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။

“နဂါးအဆောင် ? ဒါက နယ်မြေပြင်ပ စစ်မြေပြင်က ဧကရာဇ်မင်းတွေကို ပြန်ခေါ်ယူနိုင်တဲ့ဟာမလား?”

“ နတ်နဂါးကျွန်းစုက ဒီတစ်ခါတော့ တကယ်ကြီး စီစဉ်ထားပုံရတယ် “

အာကာသသည် အလွှာလိုက် အက်ကွဲသွားပြီး၊ နတ်နဂါးကျွန်းစု၏ မရေမတွက်နိုင်သော စစ်သည်တပ်ဖွဲ့များ ထွက်ပေါ်လာခဲ့သည်။

သန်းပေါင်းများစွာသော နဂါးစစ်သည်များ အပြင် ၊

အာကာသပြင်သည် ပိုပို၍ အက်ကွဲလာသည်နှင့် အမျှ ၊ မုခ်ပေါက် သုံးခု ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာခဲ့သည်။

၎င်းမုခ်ပေါက်ထဲမှ ရောင်စဉ်များ လွန်စွာ ဝင်းထိန်နေသည်။

အထဲမှ ပုဂ္ဂိုလ်သုံးဦး ထွက်လာခဲ့သည်။

ထိုပုဂ္ဂိုလ်များ ထွက်လာသည့် အခိုက်အတန့်မှာပင် ၊ ကြောက်ခမန်းလိလိ ဧကရာဇ်မင်း၏ ရောင်ဝါများက ကောင်းကင်တခွင် ပျံ့လွင့်သွားခဲ့လေသည်။

နဂါးရောင်ဝါများက ထိုအနှီ ပုဂ္ဂိုလ်များကို ဝန်းရံထားပြီး ၊ ၎င်းတို့၏ ရောင်ဝါများသည် နိယာမတရားများကိုပင် ချိုးဖျက်ပစ်ကာ ငိုကြွရစေသည်။

ယခုအခိုက်အတန့်တွင် ယောက်ရွှီ တိုက်မြေနယ် တစ်ခုလုံး တုန်ခါနေသည်။

“ဧ...ဧကရာဇ်မင်း သုံးပါးတောင်!!”

“အို ဘုရားရေ၊ ဧကရာဇ်မင်းတွေ အကုန်လုံးက နယ်မြေပြင်ပ စစ်မြေပြင်မှာ အမြဲ ရှိနေတာ မဟုတ်ဘူးလား ၊ နတ်နဂါးကျွန်းစုရဲ့ ဧကရာဇ်မင်းတွေက ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန်ရောက်လာတာလဲ?”

“ နတ်နဂါးကျွန်းစုက မကြာသေးခင် အချိန်ထိ ကြီးကြီးမားမား လှုပ်ရှားမှုမျိုး မရှိခဲ့ဖူးဘူး ၊ ကြည့်ရတာ အရင်ကတည်းက ပြင်ဆင်ထားပုံရတယ် “

“ ကွေးယွမ် သူတော်စင် နယ်မြေ ဘယ်လောက်ပဲ အင်အားတောင့်ပါစေ ၊ ဒီလို အပြောင်းအလဲကြီးကို တားဆီးဖို့ ခဲယဉ်းမှာ စိုးရတယ် “

စောင့်ကြည့်နေကြသော လူအိုကြီး တချို့က သက်ပြင်းချလို့ နေ၏။

နတ်နဂါးကျွန်းစု၏ အံ့အားသင့်စရာ ကောင်းသော ဤလှုပ်ရှားမှုကို မည်သူမျှ သတိမထားမိဘူး ဟု ဆိုရပေမည်။

နတ်နဂါးကျွန်းစုသည် ဤမျှ ကြီးမားသော တပ်ဖွဲ့ကြီးကို တိတ်တဆိတ် စုစည်းထားခဲ့ရုံသာမက ဧကရာဇ်မင်း သုံးပါးကိုပင် ပြန်လည်ခေါ်ဆောင်ခဲ့မည်ဟု ဟု မည်သူမျှ မထင်မှတ်ခဲ့ပေ။

“ စနေကြပြီလား?”

“ ငါတို့မျိုးနွယ်စုရဲ့ ဧကရာဇ်မင်းကို အသင့်စောင့်ခိုင်းထား ၊ အချိန်ကြတာနဲ့ သူတို့က ကွေးယွမ်က လုပ်ကြံလိမ့်မယ် “

ဖီးနစ်လှိုဏ်ဂူ၏ သခင်မှာ အေးစက်စွာဖြင့်။လွန်ခဲ့သော နှစ်ပေါင်းများစွာက စစ်ပွဲသည် သူမတို့၏ မျိုးနွယ်စုကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။

ယနေ့တွင်၊ ကွေးယွမ် သူတော်စင် နယ်မြေသည် နတ်နဂါးကျွန်းစုနှင့် ထျန်းရှန်းဂိုဏ်းကို ယှဉ်ပြိုင်နိုင်မည် ‌ဆိုပါက ၊

သူမတို့ ဝင်ပါလိမ့်မည် မဟုတ်ပေ ။

သို့မဟုတ် ကွေးယွမ် သူတော်စင် နယ်မြေအနေဖြင့် တချက် အားနည်းလိုက်သည်နှင့် ၊ သူမတို့ ဖီးနစ်လှိုဏ်ဂူသည် မဆိုင်းမတွ ပါဝင်ကာ ကွေးယွမ်ကို ဖျက်ဆီးမည့် လုပ်ငန်းစဉ်တွင် လောင်စာများ လောင်းထည့်ပေးမည် ဖြစ်သည်။

.....

ထျန်းရှန်းဂိုဏ်း၏ မြင့်မြတ်သော တောင်တန်းများကြား ၊

“ဟား... နတ်နဂါးကျွန်းစုက စနေပြီလား ?”

“ဒါဆို ငါတို့လည်း နှောင့်နှေးလို့ မဖြစ်တော့ဘူး ၊ အမိန့်ထုတ်!”

ဝုန်း !

ထျန်းရှန်းဂိုဏ်း၏ ဦးတည်ရာဘက်တွင် ၊ အဆုံးမရှိ‌သော ခရမ်းရောင်စွမ်းအင်များ ဝန်းရံထွက်ပေါ်လာသည်။

ခရမ်းရောင်စွမ်းအင်များသည် ခရမ်းရောင်ကန့်လန့်ကာ အဖြစ် မြင့်တတ်လာသည်မှာ ကောင်းကင်တွင် ခရမ်းရောင်နေမင်းကြီး အလား အောက်မေ့ရသည်။

“ ငါရဲ့ ထျန်းရှန်းဂိုဏ်းနဲ့ ကွေးယွမ် သူတော်စင် နယ်မြေက ပြန်ညှိမရတော့တဲ့ ရန်သူတွေပဲ!”

“ငါတို့ ဒီနေ့ ကွေးယွမ် သူတော်စင် နယ်မြေ ကို တိုက်ခိုက်မယ်!”

ကွေးယွမ်သည် သူတို့ ထျန်းရှန်းဂိုဏ်း မှ သူတော်စင်အရှင် မျိုးဆက်သစ်ငယ်များကို သုတ်သင်ခဲ့ရုံသာမက။

သူတို့ တပည့်ကြီး၏ ကောင်းကင်ဘုံ ခန္ဓာကိုယ်ထည်ကိုတောင် စူးချန်ကဲက ဝါးမျိုခဲ့သည် ။

၎င်းတို့အားလုံးသည် နှစ်ကာလများစွာ အမွေဆက်ခံထားသော ထာဝရ အမွေအနှစ် စွမ်းအားများပင် ဖြစ်သည်။

ကွဲအက်သံ !

လူကို တုန်လှုပ်ခြောက်ခြားစေသော ကွဲအက်သံတစ်ခုက ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။

နောက်ထပ် ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ် သုံးဦးသည် ဟင်းလင်းပြင်ကို ခွင်းလျက် ဆင်းသက်လာခဲ့ပြန်သည်။

ကြီးကျယ်ခမ်းနားသော ဧကရာဇ် ဖိနှိပ်စွမ်းအားများသည် ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားသည်မှာ ကြယ်များသည်ပင် တုန်လှုပ်ခြောက်ခြားသွားကြသည်။

ထျန်းရှန်းဂိုဏ်း ၊ ဧကရာဇ်မင်း သုံးပါး ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“ အော်မိထော်ဖော် ၊ ကွေးယွမ်ရဲ့ ဆက်ခံသူက ဒီလောက်လူတွေအများကြီး သတ်ပစ်ခဲ့တယ်”

“ကောင်းကင်နဲ့ မြေကြီးရဲ့ အမိန့်ကို ဖောက်ဖျက်ခဲ့တယ် ၊ ငါ ရှောင်ရှီထျန်းက နတ်ဆိုးတွေကို သနားညှာတာခြင်းမရှိဘဲ သတ်ပစ်ရမယ်”

ဝီ —

နောက်ထပ် ရွှေရောင်အလင်းတန်း တစ်ခုသည် ကောင်းကင်ပေါ်သို့ ဆန်တတ်သွားခဲ့ပြီး ၊ ရောင်စုံရွှေကြာပန်းတစ်ပွင့် လင်းလက်လာခဲ့သည်။

ဤရောင်ခြည်သည် လူ့လောက၏ ဒုတိယ ရောင်ခြည် နေရောင်အလား ဝင်းထိန်နေခဲ့သည်။

“ ရှောင်ရှီထျန်း ရဲ့ ဗုဒ္ဓဘုရား?”

လူတိုင်း နားပန်ကြီးကုန်ကြသည်။

ဤသည်မှာ မရေမတွက်နိုင်သော ယုံကြည်သူများကို အုပ်စိုးသော ရှီးကျီ တိုက်မြေရှိ ဗုဒ္ဓရုပ်ထုကြီး သုံးဆူ အနက်မှ တစ်ပါး ဖြစ်ပြီး ၊ သန်းနှင့်ချီသော ယုံကြည်သူများစွာ ရှိသည့် အမြင့်မြတ်ဆုံးသော ဗုဒ္ဓပင် ဖြစ်သည်။

“ ဗုဒ္ဓ မြတ်စွာဘုရားက ကရုဏာတရား ရှိပြီး သက်ရှိ သတ္တဝါအားလုံးကို စောင့်ရှောက်တော်မူတယ် ၊ ဒါဟာ ငါတို့ ဘာသာတရားရဲ့ ရည်ရွယ်ချက် ဖြစ်ပေမဲ့ ဒါပေမဲ့ ကွေးယွမ်ရဲ့ ဆက်ခံသူက ပုန်ကန်ပြီး ရက်စက်လွန်းတယ်”

“ ထျန်းရှန်းဂိုဏ်းရဲ့ ပါရမီရှင် တပည့်တွေကို သတ်ပစ်ရုံတင် မက ၊ တုကိုယ်တော်နဲ့ ကျန့်ကိုယ်တော်ကိုပါ သတ်ပစ်ခဲ့တယ် ၊ ဒီရာဇ၀တ်မှုကို ပြစ်ဒဏ်ပေးသင့်တယ်!”

“တရားဓမ္မကို ကာကွယ်မယ့်သူ ဘယ်မှာများ ရှိနေမလဲ?”

ဝုန်း!

ကောင်းကင်ယံတွင် အဖြူရောင် လျှပ်စီးမိုးကြိုး တစ်စင်း ထွက်ပေါ်လာခဲ့သည်။

ဤကမ္ဘာကြီးတစ်ခုလုံး အသက်ဝင် နိုးထလာသလိုပင်။

ဟင်းလင်းပြင်ကြီးသည် ဖြည်းညှင်းစွာ ရွဲ့စောင်းသွားပြီး အဖြူရောင် ဝဲဂယက်နှစ်ခု ဖြစ်ပေါ်လာသည်။

ရွှေရောင်အလင်းတန်းများ ဖြန့်ကျက်ထားသော ရုပ်သွင်နှစ်သွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

အလားတူ ဧကရာဇ်မင်း၏ ဖိနှိပ်စွမ်းအားများက လူတိုင်း၏ နှလုံးကို ရင်တုန်စေသည်။

“ နောက်ထပ် ဧကရာဇ်မင်း နှစ်ပါး ! တကယ် ထင်မထားဘူး ၊ ရှောင်ရှီထျန်းလည်း ဝင်ပါမှာလား?”

“ မင်း မသိတာတွေရှိသေးတယ် ၊ နတ်ဆိုးချောက်နက် နဲ့ နတ်ဘုရားအချုပ်ထောင် နန်းတော်က ဧကရာဇ်မင်းတွေကိုလည်း တိတ်တဆိတ် စေလွှတ်ထားတယ်”

“ဒီတစ်ခေါက် ကွေးယွမ် သူတော်စင် နယ်မြေတော့ တကယ် ဒုက္ခရောက်ပြီ “

“မဖြစ်နိုင်ဘူးနော်? ကွေးယွမ် သူတော်စင် နယ်မြေ ရဲ့ အခြေခံအုတ်မြစ်က ဒီလောက်ထိ မပျော့ညံ့ဘူး ၊ သူတို့အနေနဲ့ အများကြီး အားထုတ်ဖို့ လိုလိမ့်မယ် “

“ အသုံးမဝင်ဘူး၊ ဒီစစ်ပွဲက ရုတ်တရက်နိုင်လွန်းတယ် ၊ ဒီတပ်ကြီးတွေက ဒီရက်ပိုင်းအတွင်း ဘာမှ လှုပ်ရှားမှု မရှိဘူးဆိုတာက အင်အားစုနေလို့ပဲ ဖြစ်ရမယ် “

“ ကွေးယွမ် သူတော်စင် နယ်မြေမှာ ခုထိ ဧကရာဇ်မင်းတွေကို မတွေ့ရသေးဘူး ၊ သူတို့ ပြန်လာတဲ့ အချိန်ကြ ကွေးယွမ် သူတော်စင် နယ်မြေလည်း အမှုန့်ဖြစ်နေလောက်ပြီ “

အင်အားစုကြီး သုံးစုဘက်မှ ထွက်ပေါ်လာသော အဆုံးမရှိသော ဧကရာဇ်မင်းတို့၏ စွမ်းအားများသည် ကောင်းကင်ကြီးကိုတောင် အရောင်ပြောင်းသွားစေသည်။

ဝေဟင်ထဲက ဖိနှိပ်စွမ်းအားများသည် မရေမတွက်နိုင်သော သက်ရှိသတ္တဝါများကို အသက်ရှုမဝနိုင်အောင် ဖြစ်စေသည်။

ဧကရာဇ်မင်း ။

အမတပျက်သုန်းခေတ် အပြီး ၊ မရေမတွက်နိုင်သော ခေတ်ကာလများအတွင်း မည်သူမျှ အမတ နတ်ဘုရားကို မတွေ့ရတော့ချေ။

သို့ဖြစ်၍ ဧကရာဇ်မင်းမြတ်သည် တိုက်မြေ သုံးထောင်တွင် စွမ်းအားအကြီးမား‌ဆုံးသော ဖြစ်တည်မှု တစ်ခုပင် ဖြစ်သည်။

ကျင့်ကြံလောကတွင် ၎င်းတို့သည် ကမ္ဘာပေါ်ရှိ ပိရမစ်ထိပ်တွင် တည်ရှိ‌မှု တစ်ရပ် ဖြစ်သည်ဟု ယူဆကြသည်။

ယခင်က ထာဝရစစ်ပွဲသည် ကွေးယွမ် သူတော်စင် နယ်မြေနှင့် ကွေးယီးဂိုဏ်း၏ ဧကရာဇ်မင်း နှစ်ပါးကြားတွင် ဖြစ်ပျက်ခဲ့သည်။

ယခုတွင်မူ၊ ဧကရာဇ်မင်း ရှစ်ပါးကိုတောင် မြင်တွေ့ခဲ့ရလေပြီ။

ရေမျက်နှာပြင်အောက်က အနက်ကို မည်သူများ သိနိုင်မည်နည်း။

ဤတစ်ခေါက် ထာဝရ စစ်ပွဲကြီးသည် နယ်မြေတစ်ခုလုံးကို ဖျက်ဆီးမည့် စစ်ပွဲကြီး ဟု ဆိုခြင်းသည် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

ထျန်းရှန်းဂိုဏ်း ၊ နတ်နဂါးကျွန်းစု နှင့် ရှောင်ရှီထျန်းတို့ ဦးဆောင်သော တပ်ဖွဲ့ကြီးမှာ လှုပ်ရှားခဲ့လေပြီ။

မှော်လက်နက်များ အသီးသီးကိုင်ဆောင်ထားသော ရွှေငွေသံချပ်ကာ စစ်တပ်ကြီးသည် ကွေးယွမ် သူတော်စင် နယ်မြေဆီသို့ ချီတက်လာခဲ့ပြီ ဖြစ်သည်။

ဤစစ်သည်များထဲတွင် တန်ခိုးကြီးမားသော ပုဂ္ဂိုလ်များစွာ ရှိပြီး ၊ အနည်းဆုံး ၎င်းတို့အားလုံးသည် သူတော်စင်အရှင် အဆင့်တွင် ရှိကြသည်။

၎င်းတို့ထဲတွင် နတ်ဘုရားအချုပ်ထောင် နန်းတော် ၊ ဖီးနစ်လှိုဏ်ဂူ နှင့် နတ်ဘုရားချောက်နက်တို့၏ လျို့ဝှက် တပ်ဖွဲ့ဝင် အမြောက်အမြားလည်း ပါရှိသည်။

ထာဝရ အင်အားစုကြီးများ လက်တွဲထားသော ဤတပ်ဖွဲ့ကြီး၏ ဧရိယာမှာ လွန်စွာ ကျယ်ပြောလှပေသည်။

တပ်ဖွဲ့ကြီး၏ ချီတတ်မှုသည် တစ်ကမ္ဘာလုံး ကို တုန်ခါစေကာ ကောင်းကင်ကြီးပင်လျှင် ဟစ်ကြွေးနေလေ၏။

များစွာသော ဧကရာဇ်မင်းများသည် ဝေဟင်အထက်မှ ကွေးယွမ် သူတော်စင် နယ်မြေ ၏ ဦးတည်ရာဆီသို့ ငုံ့ကြည့်နေကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့ ဝင်ပါသည်နှင့်တပြိုင်နက် ၊ ဤတိုက်ပွဲကြီးသည် အကြီးမားဆုံးသော ပေါက်ကွဲမှုများ ဖြစ်ပေါ်သွားနိုင်သည်။

သူတို့သည် ကွေးယွမ် သူတော်စင် နယ်မြေတွင် မည်သို့သော လှည့်ကွက်များ ရှိသည်ကို စောင့်မျှော်နေကြသည်။

“ဟာဟား၊ ဧကရာဇ်မင်း ရှစ်ပါးက ကွေးယွမ် သူတော်စင် နယ်မြေကို စိန်ခေါ်ချင်နေတယ်ပေါ့”

“အချိန်တွေ ကုန်တာမြန်လွန်းတော့ ကမ္ဘာကြီးက တစ်ချိန်က ငါ ကွေးယွမ် သူတော်စင် နယ်မြေ ကြီးစိုးထားခဲ့တဲ့ ခေတ်ကို မေ့သွားခဲ့ပြီပဲ”

“ ထားလိုက်ပါလေ၊ ဒီနေ့ ကမ္ဘာကြီးကို ဘယ်တော့မှ မမေ့နိုင်မယ့် အမှတ်တရတွေကို ပေးသိရုံပေါ့ “

ဘုန်း !

ကောင်းကင်ပြင်သည် ဖြည်းညှင်းစွာ အက်ကွဲလာခဲ့ပြီး ၊ ကွေးယွမ် သူတော်စင် နယ်မြေ၏ တာအိုစစ်သည်များစွာ ထွက်ပေါ်လာခဲ့သည်။

ပျက်စီးခြင်းနဂါး ဟိန်းသံရဲ့ ကောင်းကင် အစောင့်အကြပ် တပ်ဖွဲ့ ။

တိမ်မြုပ်နေသော မြင်းတပ်ဖွဲ့။

ကောင်းကင်ကို ဖြိုခွင်းနိုင်သော မြင့်မြတ်သော သံချပ်ကာတပ်ဖွဲ့ ။

ထောင်ပေါင်းများစွာသော မိုးကြိုး လှံတပ်ဖွဲ့။

အသူရကာယ် ကောင်းကင်စောင့်တပ်ဖွဲ့။

.....

“ဟွန်း ဒီတပ်ဖွဲ့အဟောင်းတွေပဲလား ၊ ကြည့်ရတာ ကွေးယွမ်က တကယ်ကို ခုခံနိုင်စွမ်း မရှိတဲ့ပုံပဲ “

ဖီးနစ်လှိုဏ်ဂူ၏ သခင်က ‌ရွဲ့စောင်းကာ ဆိုလိုက်သည်။

“လာ ၊ ‌ရန်သူ မသေတဲ့အထိ တိုက်ပွဲဝင်ကြမယ်!”

ကျွီ !

ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော ဖီးနစ်အော်ဟစ်သံသည် ဖီးနစ်လှိုဏ်ဂူ၏ နယ်မြေတွင် ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သော မီးတောက်မီးလျှံများ ကောင်းကင်သို့ ဆန်တတ်လာပြီး မုန်တိုင်းများကို ဖန်တီးလျက် ရှိသည်။

ဤမျှ တန်ခိုးကြီးမားသော စွမ်းအားဖြင့် လောင်မြိုက်ခြင်းကို ခံလိုက်ရသည့်အတိုင်း ကောင်းကင်တစ်ခုလုံး နီရဲနေ၏။

ဝုန်း!

ကောင်းကင်သို့ ဆန်တက်သွားသော မီးလျှံ သုံးတိုင်သည် ကောင်းကင်နှင့် ချိတ်ဆက်သွားပြီး ၊ မှော်သင်္ကေတ ကွဲအက်ကြောင်းများ ဖြစ်ပေါ်လာသည်။

ဧကရာဇ်မင်း သုံးပါး ထပ်မံ ရောက်ရှိလာခဲ့ပြန်သည်။

ဖီးနစ်လှိုဏ်ဂူ၏ ဧကရာဇ်မင်းများ ထွက်ပေါ်လာခဲ့ပြီ ပင်။

တစ်ကိုယ်လုံး နတ်မီးလျှံများဖြင့် ဝန်းရံထားသော ဖီးနစ်လှိုဏ်ဂူ ဧကရာဇ်မင်းတစ်ပါးသည် ဖြေးညှင်းစွာ လျှောက်လှမ်းလာသည်။သူ၏ မျက်ဝန်းထဲတွင် နတ်မီးလျှံများက လောင်ကျွမ်း ပြည့်နှက်နေသည်။

“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အရှက်ကို ဒီနေ့ ပြန်ဆပ်မယ်!”

“အို ! တကယ်ပဲလား?”

“ နယ်မြေပြင်ပ စစ်မြေပြင်ကနေ ထွက်လာပြီး ၊ လေပေါ်လွင့်သွားတဲ့ပုံပဲ “

ကောင်းကင်ယံထက်တွင် ပြုံးပြနေသော ယောက်ျားတစ်‌ယောက်၏ အသံ ထွက်ပေါ်လာခဲ့သည်။

သို့သော် ထိုအသံသည် ဖီးနစ်လှိုဏ်ဂူ ဧကရာဇ်မင်း၏ နားထဲသို့ ရောက်သွားသည်နှင့် ၊သူတို့အားလုံး၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ဤအသံကို သူတို့ အရမ်းရင်းနှီးသည်။

“ တိ... တိကျန့် ?!”

“မင်း ဘယ်လိုလုပ် ဒီလောက် မြန်မြန်...”

“ ငါ မင်းကို လက်တစ်ဖက်တည်းနဲ့တောင် နှိပ်ကွပ်နိုင်တယ် ၊ မင်းကို အရင်ထွက်ပြေးခွင့်ပေးရင်တောင် ဘာဖြစ်တုန်း”

ဝုန်း !

ဤအခိုက်အတန့်တွင်၊ မူလက တိမ်မည်းများဖုံးလွှမ်းနေသော ကောင်းကင်ကြီးသည် အဆုံးမဲ့ မိုးခြိမ်းသံများဖြင့် ဆူညံသွားသည်။

မိုးခြိမ်းသံတို့သည် တဂျိန်းဂျိန်းဖြင့် ဟစ်ကြွေးလျက် ၊ လေများက တဟူးဟူး တိုက်ခတ်နေသည်။

နတ်နဂါးကျွန်းစု၏ အထက် ကောင်းကင်ယံတွင် ကြီးမားသော ဝဲဂယက်ကြီး တစ်ခု ဖြစ်ပေါ်လာပြီး ၊ အထဲမှ ဧကရာဇ်မင်း၏ ဖိနှပ်စွမ်းအားများ ကျယ်ပြန့်စွာ ထွက်ပေါ်လာသည်။

“တိကျန့်၊ မင်းဘာလို့ လေပေါနေတာတုန်း?”

“သူတို့ကို ဖျက်ဆီးပစ်လိုက်ပါတော့လား”

ထျန်းရှန်းဂိုဏ်း၏ ဦးတည်ရာဘက်တွင် ၊ ထူထဲနေသော တိမ်တိုက်များမှာ ဧကရာဇ်မင်း၏ အလိုဆန္ဒဖြင့် ဖွဲ့စည်းထားသော လက်တစ်စုံကြောင့် ပြန့်ကျဲသွားသည်။

ကြီးကျယ်ခမ်းနားသော ရုပ်သွင်ငါးသွင်သည် ဝေဟင်ပေါ်တွင် ရပ်‌ကြည့်နေ၏။

အထူးသဖြင့် ၊ ရုပ်သွင်ငါးသွင်ရှိ အလယ်က ပုဂ္ဂိုလ်၏ ဖိနှိပ်စွမ်းအားသည် တစ်လောကလုံး သူ့အား လက်မြှောက်လိုက်ရသကဲ့သို့ ကြီးကျယ်ခမ်းနားလှပေသည်။

ထျန်းရှန်းဂိုဏ်း ဧကရာဇ်မင်းတို့သည်လည်း မျက်နှာ အရောင်ဖျော့သွားကြသည်။

“ပိုင်...ကျန့် ဧကရာဇ်!”

All Chapters