အခန်း (၁၉၀-၁၉၄)
Vol. 14 Ch. 190-194
အပိုင်း(၁၉၀): ကြယ်တာယာ ကောင်းကင်ထက်က တိုက်ပွဲ
တိကျန့် ဧကရာဇ်မင်း နှင့် ပိုင်ကျန့် ဧကရာဇ်မင်း တို့သည် အလွန်ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်သည်။
အထူးသဖြင့် နယ်မြေပြင်ပ စစ်မြေပြင်မှ ပြန်လာကြသော သူတို့ ဧကရာဇ်မင်းအုပ်စုထဲက ၊
ထိုလူနှစ်ယောက်၏ အမည်ကို မည်သူများ မသိရှိမည်နည်း။
ပိုင်ကျန့်ဧကရာဇ်မင်း ဟူသည် ၊ ၎င်းသည် မျိုးနွယ်စု မတူညီသော ရန်သူတပ်အုပ်စုထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ခဲ့ကာ တန်ခိုးကြီးမားသော ဧကရာဇ်ခြောက်ပါးကို သူ တစ်ဦးတည်းဖြင့် ရင်ဆိုင်ခဲ့သည်။ထိုဧကရာဇ်ခြောက်ပါးစလုံး သူ၏ လက်အောက်တွင် သေဆုံးခဲ့ရသည်။
တိကျန့် ဧကရာဇ်မင်းသည် တိုက်မြေ သုံးထောင်တွင် အမတ အဆင့် ကို တက်လှမ်းနိုင်ခဲ့သော နောက်ဆုံး ဂန္တဝင် ဧကရာဇ်မင်း တစ်ပါး ဖြစ်ပြီး ၊ တိ့ထျန်း ဧကရာဇ်မင်း၏ ညီအရင်း ဖြစ်သည်။
သူ၏ အရည်အချင်းကို သူကိုယ်တိုင် သက်သေထူနိုင်သည်။
သူ၏ အရည်အချင်းကို ရှေးယခင်နှင့် ယခုခေတ် တုနှိုင်းမယှဉ်နိုင်ပေ။သူသည် နယ်မြေပြင်ပ စစ်မြေပြင်ရှိ ဧကရာဇ်မင်း ဘုရင်လေးပါးထဲမှ တစ်ဦးအဖြစ်လည်း လူသိများသည်။
သူ၏ ရှေ့မှောက်တွင် မည်သူကများ အာခံရဲမည်နည်း။
ထို့အပြင် သူတို့ကို ပိုပြီး ကြောက်လန့်စေသည်မှာ ဤဒဏ္ဍာရီဧကရာဇ်နှစ်ပါးသည်လည်း တန်ခိုးကြီးမားသောဧကရာဇ်လေးပါးနှင့်အတူ အသီးသီး ရောက်ရှိလာခြင်း ဖြစ်သည်။
စုစုပေါင်း ဧကရာဇ် ဆယ်ပါးတောင် !!
ဤကမ္ဘာကြီးတစ်ခုလုံး ပျက်သုန်းသွားမည်ကိုပင် စိုးရသည်။
"မင်းတို့ အရမ်း သတ္တိကောင်းတာပဲ၊ ခွင့်ပြုချက် မရှိဘဲ စစ်မြေပြင်ကနေ ထွက်သွားတယ်ပေါ့ "
" ငါ့ ကွေးယွမ် သူတော်စင် နယ်မြေကို လာပြီး စိန်တောင် ခေါ်လိုက်သေးတယ် "
"ပြောကြည့် ၊ မင်းဘယ်လို သေချင်လဲ"
ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ် ဖိနှိပ်စွမ်းအားသည် တိ့ကျန့် ဧကရာဇ်မင်း ထံမှ ထွက်ပေါ်လာသည်။
တိုက်မြေ သုံးထောင်ရှိ သက်ရှိသတ္တဝါများကိုပင် မဆိုနှင့် ၊ တန်ခိုးကြီးမားသော ဧကရာဇ်မင်းများပင်လျှင် ထိတ်လန့်သွားရသည်။
သို့ဆိုတောင် အခြေအနေသည် ယခုလိုရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ၊ အကယ်၍ သူတို့သာ ပြန်ဆုတ်မည်ဆိုပါက အဆုံးမဲ့ ချောက်နက်ထဲကျရုံသာ ရှိပေတော့မည် ။
" တိ့ကျန့် မင်း အပိုတွေ ပြောမနေနဲ့ ၊ ဒါဟာ ကောင်းကင်ဘုံရဲ့ အလွန်က တိုက်ပွဲတစ်ခုပဲ"
တိ့ကျန့်က ခပ်ဖျော့ဖျော့ ပြုံးရယ်လိုက်သည်။
သေမှာမကြောက်တဲ့ လူတစ်ယောက်ကို သူ မတွေ့ခဲ့ရသည်မှာ အရမ်း ကြာခဲ့ပြီပင်။
နယ်မြေပြင်ပစစ်မြေပြင်ကနေ ထွက်ခွာလာပြီးနောက် ၊ ဒီလူတစ်သိုက် အဘယ့်နည်းနဲ့များ ယုံကြည်ချက်တွေ ပြင်းထန်နေကြသနည်း။
.....
တိုက်မြေ သုံးထောင် အပြင်ဘက်ရှိ စကြဝဠာ၏ ကြယ်တာယာ ကောင်းကင်ယံထက်တွင် ၊
သူတို့သည် မျက်နှာချင်းဆိုင် ရပ်နေကြသည်။
စုစုပေါင်း ဧကရာဇ်မင်း နှစ်ဆယ့်တစ်ပါး။
တိုက်မြေ သုံးထောင် ၏ သမိုင်းတွင် လုံးဝ မကြုံဖူးသော အဖြစ်အပျက်ကြီး တစ်ခုသာပင်။
" ပိုင်ကျန့် ၊ မင်း အရင်လား ငါ အရင်လား"
တိ့ကျန့် ဧကရာဇ်မင်းသည် ပိုင်ကျန့် ဧကရာဇ်မင်း အား ရယ်မောကာ ပြောဆိုလိုက်သည်။သူ၏ မျက်လုံးထဲတွင် တဖက်ရန်သူ၏ ဧကရာဇ်မင်းများကို လုံးဝ အလေးအနက်မထားပုံရသည်။
"ငါတို့အရင် သွားမယ် ၊ မင်း ဝင်မပါနဲ့ "
" နောက်ဆုံးအကြိမ်တုန်းက မင်း လုယက်တာကို ခံလိုက်ရပေမဲ့ ၊ ဒီတစ်ခါက ငါ့အတွက်ပျော်စရာပဲ"
တိ့ကျန့် ဧကရာဇ်မင်းသည် ခေါင်းတယမ်းယမ်းဖြင့် ပြုံးရယ်ရင်း ဘာမှ ဆက်မပြောတော့ပေ။
သို့သော် ထာဝရ အင်အားစုများ၏ ဧကရာဇ်မင်းများသည် ထိုစကားကိုကြားတော့ အမူအယာတို့မှာ သိသိသာသာ ပြောင်းလဲသွားကြသည်။
သူတို့သည် မည်သို့သော တည်ရှိမှု ဖြစ်သနည်း။
သူတို့သည် တာအိုလမ်းစဉ်ကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ထိပ်တန်း ဧကရာဇ်မင်းမြတ် တစ်ပါး အဖြစ် အောင်မြင်ခဲ့သည်။
သူတို့သည် တိ့ကျန့်ဧကရာဇ်မင်း နှင့် ပိုင်ကျန့် ဧကရာဇ်မင်း တို့ထက် များစွာ အားနည်းသော်လည်း၊
သို့သော် သူတို့ နှစ်ယောက်ကြားက စကားဝိုင်းကို နားထောင်ကြည့်ရင်ဖြင့် ၊ သူတို့ကို သားကောင်လို ခိုင်းနှိုင်းပြီး ရွဲ့စောင်းပြောနေတာ မဟုတ်ဘူးလား??
" သိပ်ကို အနိုင်ကျင့်လွန်းတယ်..."
ထျန်းရှန်းဂိုဏ်း ဧကရာဇ်မင်းတစ်ပါး၏ ပြောစကားမဆုံးသေးခင် ။
ပိုင်ကျန့် ဧကရာဇ်မင်း ၏ မျက်လုံးများသည် အေးစက်စွာ ဝင်းလက်တောက်ပသွားပြီး ၊သူ၏ လက်သီးတချက်ဖြင့် ရုတ်ချည်းဆိုသလို ထိုးနှက်လိုက်သည်။
ဝုန်း!
ဧကရာဇ်မင်း၏ အလိုဆန္ဒသည် နေရာတိုင်းတွင် ပြန့်ကျဲလျက် ၊ သူ့ရှေ့ရှိ အာကာသ ဟင်းလင်းပြင်၏ အခြေခံနိယာမစည်းမျဉ်းများပင်လျှင် အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရသည်။
ထိုလက်သီးသည် သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော အရာတစ်ခုကို ဖန်တီးပြနေသလိုမျိုး ၊ လက်သီး ဖြတ်သန်းသွားလေရာ နေရာတိုင်း ဟင်းလင်းပြင်ကြီးမှာ ရုတ်ချည်း ပေါက်ကွဲသွားသည်။
လက်သီးအလင်း၏ ပေါက်ကွဲမှုသည် မိုင်သန်းပေါင်းများစွာဝေးကွာသော အာကာသအက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့ရသည်။
ထျန်းရှန်းဂိုဏ်း ဧကရာဇ်မင်းခမျာ ၊ ပိုင်ကျန့် ဧကရာဇ်မင်းသည် သူ့အား ယခုလို ရုတ်တရက် တိုက်ခိုက်လိမ့်မည် ဟု မမျှော်လင့်ခဲ့ပေ။
မသိစိတ်က တုံ့ပြန့်လိုက်သော်လည်း ၊ အရာအားလုံးသည် နောက်ကျသွားခဲ့လေပြီ။
သူ့ခန္ဓာကိုယ် တစ်ဝက်သည် နှင်းပွင့်များသဖွယ် ဟင်းလင်းပြင် မုန်တိုင်းကြီးကြောင့် ပျက်စီးကာ ပျောက်ကွယ်သွားခဲ့ပြီပင်။
ပိုင်ကျန့် ဧကရာဇ်မင်းသည် သူ့လူများဖြစ်သည့် တခြားသော ဧကရာဇ်မင်း ရှစ်ပါးကို အေးစက်စွာ ဆိုလိုက်သည်။
"မင်းတို့ ကြိုက်တဲ့ တစ်ကောင် ရွေး ၊ ကျန်တာ ငါ့ဆီ ထားခဲ့"
စကားဆုံးသည်နှင့် ၊ ပိုင်ကျန့် ဧကရာဇ်မင်းသည် သူ၏ စွမ်းအားများကို တစ်ဖန် အသက်သွင်းလိုက်ပြီး ရန်သူ ဧကရာဇ်မင်း သုံးပါးကို သူ၏ လက်ဝါးဖြင့် ထိုးနှက်လိုက်သည်။
ဧကရာဇ် ဖိနှိပ်စွမ်းအားများဖြင့် ပြည့်နှက်နေသော မှော်သင်္ကေတများက ရောယှက်လျက်၊ ကောင်းကင်ကို ဖုံးလွှမ်းထားသော လက်ဖဝါးကြီး အသွင်တစ်ခုအဖြစ် အစွမ်းကုန် ပေါက်ကွဲလာခဲ့သည်။
ဘုရားသခင်၏ လက်ဝါးတော်သည် နှိပ်ကွပ်ရန် ဆင်းသက်လာသည့်အတိုင်း။
ဖန်ထျန်းလက်ဝါး။
ပိုင်ကျန့် ဧကရာဇ်မင်း တီထွင်ခဲ့သော ဧကရာဇ်မင်း မှော်ပညာတွေထဲက တစ်ခုဖြစ်ပြီး ၊ စူးချန်ကဲ ယခင်က ရရှိခဲ့သော စနစ်ဆုလာဘ်တစ်ခုလည်း ဖြစ်သည်။
သို့သော် ပိုင်ကျန့် ဧကရာဇ်မင်း၏ ထိုးနှက်မှုသည် စူးချန်ကဲထက် ပိုကြောက်စရာကောင်းပေသည်။
"ငါ ကြောက်မယ်လို့ ထင်လို့လား!"
" ပိုင်ကျန့် (စစ်ပွဲတစ်ရာ )ဧကရာဇ်မင်းလို့ ကောလာဟလထဲက အတိုင်း တကယ်ပဲ အားကောင်းသလားဆိုတာ သိအောင် ငါစမ်းကြည့်ဦးမယ်!"
"ကျန့်!!"
ထာဝရ အင်အားစုများစွာ၏ တန်ခိုးကြီးမားသော ဧကရာဇ်မင်းများသည်လည်း ပြန်လည် တုံ့ပြန်လာခဲ့ပြီ ဖြစ်သည်။
မိမိတို့၏ မှော်အစွမ်းများကို မြှင့်တင်ကာ ကွေးယွမ် သူတော်စင် နယ်မြေက ဧကရာဇ်မင်းများနှင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည်။
ဘုန်း!
ကြီးမားသော ဥက္ခာခဲများပင်လျှင် အရှိန်အဟုန် ပြင်းထန်သော ဧကရာဇ်မင်းတို့၏ တန်ခိုးစွမ်းအားကြောင့် အမှုန်အမွှားများ ဖြစ်ခဲ့ရသည်။
ပေါ့ပေါ့ပါးပါး ထိုးနှက်လိုက်သော လက်ဝါးတစ်ချက်သည် ၊
စကြဝဠာအတွင်းရှိ အာကာသအက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ရပြီး ၊ အဆုံးမရှိသော မှော်သင်္ကေတ အဖြစ်သို့ ပျောက်ကွယ်သွားရသည်။
ဧကရာဇ် မှော်စွမ်းအားဖြင့် လက်ကို မြှောက်ကာ စိတ်ကြိုက် ရိုက်နှက်လိုက်ရုံဖြင့် ၊ တာအို အခြေခံမူ၏ အစွမ်းထက်လှသော စွမ်းအားတို့သည် ဟင်းလင်းပြင်တစ်လျှောက် မိုင်ထောင်ပေါင်းများစွာ လွှမ်းမိုးသွားခဲ့သည်။
ရှေ့ရှိ ဟင်းလင်းပြင် အလယ်တွင် တောက်ပသော ရောင်စဉ်များစွာ ရှိနေပြီး ၊ဦးစွာ နဂါးတစ်ကောင်၏ ဟိန်းသံ ထွက်ပေါ်လာကာ ထို့နောက်တွင် ဖီးနစ်ဌက်၏ အော်ဟစ်သံသည်လည်း ထွက်ပေါ်လာခဲ့သည်။
နဂါး နှင့် ဖီးနစ်တို့၏ စည်းလုံးညီညွတ်စွာ တေးဆိုသံသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသည်။
နတ်နဂါးကျွန်းစုမှ ဧကရာဇ်မင်းသည် လက်သင်္ကေတ တစ်ခုကို အသက်သွင်းလိုက်သည်နှင့် တိမ်စိုင်တိမ်ခဲများမှ လှပသော ရွှေနဂါးကြီး ထွက်ပေါ်လာခဲ့ပြီး ၊ စကြဝဠာ၏ ကြယ်ရောင်စုံသော ကောင်းကင်ယံထက်တွင် အဆက်မပြတ် ပျံဝဲနေသည်မှာ လှပသော ကောက်ကြောင်းများကို ရေးဆွဲနေသလိုပင်။
သို့သော် ၎င်းနှင့် တိုက်ခိုက်နေသူ ကွေးယွမ် ဧကရာဇ်မင်းသည်လည်း မပျော့ညံ့ပေ။သူ၏ လှံတံ ဖြတ်သန်းသွားလေရာ နေရာတိုင်း မုန်တိုင်းများကို ဖြစ်ပေါ်စေသည်။
လှုပ်ရှားမှုသည် ဖျက်ခနဲ့ လျှပ်စီးလက်သွားသည့်အတိုင်း ၊ လှံတံသည် အေးစက်သော ကြယ်တစ်စင်းနှင့် တူပေသည်။
လှံတံ၏ ဟစ်ကြွေးသံသည် နဂါး၏ ဟောက်သံကိုပင် ဖုံးလွှမ်းသွားစေပြီး ၊ လှံ သည် လေဟာပြင်ကို တရှိန်ထိုး ဖောက်ထွင်းဝင်ရောက်သွားသည်။
အခြားတစ်ဖက်တွင်မူ ၊ရွှေဖီးနစ်တစ်ကောင် သက်ဆင်းလာပြီး ၊ ၎င်း၏ မီးတောက်မီးလျှံများသည် မှောင်မိုက်နေသော ကြယ်တာယာ ကောင်းကင်ကြီးကိုတောင် လောင်ကျွမ်းသွားစေသည်။
ထိုအနှီသူနှင့် တိုက်ခိုက်နေသူမှာ ရေခဲမှော်စွမ်းအားကို ကျွမ်းကျင်သော ကွေးယွမ် ဧကရာဇ်ပင် ဖြစ်သည်။
ထိုပုဂ္ဂိုလ်သည် အလွန် လှပသော ဧကရီတစ်ပါး ဖြစ်ပြီး ၊ သူမ၏ ကျောက်စိမ်း လက်ချောင်းကလေးများကို တစ်ချက်လှုပ်ရုံဖြင့် လှိုင်းဂယက်များ ဖြစ်ပေါ်ရသည်။
မူလက သူမ၏ ဘေးပတ်ပတ်လည်တွင် လွင့်မျောနေခဲ့ကြသော ကြယ်တံခွန်များနှင့် ဥက္ကာခဲများမှာ တစ်ခုပြီးတစ်ခု အေးခဲသွားပြီး ၊ ရေခဲပန်းဆွဲများ အဖြစ် ပြောင်းလဲသွားခဲ့ရသည်။
ဤမျှ ပြင်းထန်သော စွမ်းအားတို့ဖြင့် ထိုအနှီဧကရီ ဘုရင်မသည် ဆီးနှင်းခဲဘုရင်မ အလား အောက်မေ့ရသည်။
" ဖြိုခွင်းခြင်း ရေခဲလှံ "
" ကောင်းကင်ဘုံ ကိုးထပ်က ဖီးနစ်အက!"
ဘုန်း ဘုန်း!
အမှောင်ကျနေသော စကြဝဠာတစ်ခုလုံး တစ်ဖန် မီးလောင်ကျွမ်းခဲ့ပြန်သည်။
အလွန် ပြင်းထန်သော ရေခဲများသည်လည်း ဤနေရာတစ်ခုလုံးကို ချက်ချင်း အေးခဲသွားစေပြီး ၊ အဆုံးမရှိသော ရေခဲပန်းဆွဲများသည် နေရာအနှံ့ ပြန့်ကျဲနေသည်။ ဤနှင်းခဲလှံတံတို့သည် ကောင်းကင်နှင့်မြေကြီးကိုပင် ထိုးဖောက်ဝင်ရောက်နိုင်ပုံရသည်။
တစ်ဖက်တွင်မူ ၊ တောက်လောင်နေသော မီးလျှံများဖြင့် ဝင်းထိန်နေခဲ့သော ဖီးနစ်ကြီးသည် ဤနေရာတစ်ခုလုံးကို လောင်ကျွမ်းအောင် ပြုစားနေသည်။
ဘုန်း !
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၊ ရေခဲလှံ နှင့် ဖီးနစ်တို့ ပြင်းထန်စွာ ထိပ်တိုက်ဆုံတွေ့ကြသည်။
ဤမျှ အားကောင်းသော စွမ်းအားတို့သည် စကြာဝဠာအတွင်း အက်ကွဲကြောင်းများကို ထပ်မံ ဖန်တီးခဲ့သလို ၊ မရေမတွက်နိုင်သောကြယ်များ လွှင့်ကြေခဲ့ရသည်။
တခြားတစ်ဖက်တွင်မူ ၊ ပို၍ ကြောက်စရာကောင်းသော မြင်ကွင်းများ ဖြစ်ပေါ်နေခဲ့သည်။
အဆုံးမရှိသော မိုးကြိုးမုန်တိုင်းများ ပေါက်ဖွားလာပြီး ၊ မိုးကြိုးသားရဲတစ်ကောင်ကဲ့သို့ ဝါးမျိုကာ အရာအားလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားများကို ထုတ်လွှတ်ပေးနေခဲ့သည်။
ထျန်းရှန်းဂိုဏ်း၏ ဧကရာဇ်မင်းတစ်ပါးသည် အသွားသုံးချောင်းပါ ခက်ရင်းကွကို ကိုင်ဆောင်ထားပြီး ပိုင်ကျန့် ဧကရာဇ်မင်းကို ထိုးနှက်လိုက်သည်။
" လျှက်တပြတ် မိုးကြိုး!"
လျှပ်စီးမိုးကြိုးများသည် အရာအားလုံးကို ချေမှုန်းပစ်နိုင်သည့် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။
ဤလျှပ်စီးမိုးကြိုးများသည် သက်ရှိသဖွယ် ပြုမှုလျက် ကြောက်မက်ဖွယ်ရာ ကောင်းသော မိုးကြိုးမုန်တိုင်းများအဖြစ် ရူးသွပ်စွာ ကြွေးကြော်နေပုံရသည်။
ဤမိုးကြိုးမုန်တိုင်း၏ ရှေ့တွင် ကွေးယွမ်၏ ဧကရာဇ်မင်း တစ်ပါး ရပ်နေခဲ့ပြီး ၊ သူ၏ မျက်ဝန်းများမှာ နီရဲနေသည်။
သူသည် ဤအဖျက်တရား မိုးကြိုးများကို အေးစက်စွာဖြင့် စိုက်ကြည့်နေသည်။
ထို့နောက် သူ၏ လက်ဖဝါးကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။ နိတ္ထိ၏ သဘောတရားများ ကျရောက်လာပြီး ဤနေရာတစ်ခုလုံး တစ်ခုလုံး ပြာဖြစ်သွားတော့မည့်အတိုင်း။
ဟောက်သံ!
ထိုစဉ် ၊ တခြားတစ်နေရာမှ မြည်ဟိန်းသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
ကွေးယွမ်၏ ဧကရာဇ်မင်းတစ်ပါးသည် လျှို့ဝှက်မှော်ပညာရပ်ကို အသုံးပြုကာ နတ်မျောက်ဝံအဖြစ်သို့ ပြောင်းလဲလိုက်သည်။
သူ၏ ထွားကျိုင်းသော ခန္ဓာကိုယ်ဖြင့် သူ့ရှေ့က ဧကရာဇ်မင်းထံသို့ ပြေးဝင်သွားခဲ့သည်။
သူ၏ လက်ထဲတွင် တုတ်နှင့်တူသော မှော်လက်နက်တစ်ခု ရှိနေသည်။ယင်းအရာကို အနတ္တ လက်နက် ဟု ခေါ်တွင်ပြီး သူ၏ ဧကရာဇ် လက်နက်တစ်ခု ဖြစ်ကာ ၊ အလေးချိန် တစ်သိန်းရှစ်ထောင် ကီလိုဂရမ် ရှိပေသည်။
သို့သော် ဤမျှ လေးလံသော ကြေးညိုတုတ်သည် သူ၏ လက်ထဲမှာတော့ ဂွမ်းစ သဖွယ် ရှိနေပြီး ၊ သူသည် ပေါ့ပေါ့ပါးပါး ဝှေ့ယမ်း နေလေ၏။
ကြမ်းတမ်းပြီး အကန့်အသတ်မဲ့ ခန္ဓာကိုယ်ကြီးနှင့်အတူ သူ့လက်ထဲက ကြေးညိုတုတ်သည် ဖိနှိပ်စွမ်းအားများကို ဖြန့်ကျက်လို့ နေသည်။
တုတ်၏ အရိပ်သည် ကောင်းကင်ပြင်ကို ဖုံးလွှမ်းထားပြီး ရန်သူ ဧကရာဇ်မင်းဆီသို့ ပျံသန်းသွားကာ ထိုးနှက်လေသည်။
" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?"
မိမိ၏ တိုက်ခိုက်မှုကို အလွယ်တကူ ချေဖျက်နိုင်သည်ကို မြင်လိုက်ရသည်နှင့် ၊ ထာဝရ အင်အားစု၏ ဧကရာဇ်မင်းမှာ မယုံနိုင်စွာဖြင့် ကျယ်လောင်စွာ မြည်တမ်းလိုက်သည်။
သူ့ခမျာ တစ်ခါတည်းဖြင့် ၎င်းဧကရာဇ်မင်း၏ အနတ္တလက်နက်ဖြင့် ရိုက်နှက်ခံလိုက်ရသည်။
ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွားပြီး ၊ ဥက္ခာခဲကြီး တစ်လုံးနှင့် ပြင်းပြင်းထန်ထန် ထိမှန်သွားသည် ။
ထိုဧရာမ ဥက္ခာခဲကြီးပင်လျှင် ပြင်းထန်သော ထိုးနှက်မှုကြောင့် တိုက်ရိုက်ကွဲကြေသွားသည်။
အဝေးတစ်နေရာ၌ ၊
ဆံပင်ဖြူ မုတ်ဆိတ်ဖြူ အဘိုးအိုကြီး တစ်ယောက် ရှိနေသည်။သူ၏ အရည်အချင်းမှာ အတော်လေး ညံ့ဖျင်းသောကြောင့် နှစ်ကာလ ကြာရှည်စွာ လေ့ကျင့်ခဲ့ရပြီး ၊ နောက်ဆုံးမှာတော့ ကွေးယွမ်၏ ဧကရာဇ်မင်းတစ်ပါး အဖြစ် အောင်မြင်ခဲ့သည်။
သူ၏ ရုပ်ရည်သည် အိုစာနေပြီ ဖြစ်သော်လည်း၊ သို့သော် ၎င်း၏ စွမ်းအားသည် ထိပ်တန်း ဧကရာဇ်များထက် အနည်းငယ်မျှသာ အားနည်းသည်။
သူ၏ မျက်ခုံးနှစ်ခုကြားတွင် အလင်းတစ်ခု ရှိနေပြီး ၊ တုနှိုင်းမရသော စိတ်စွမ်းအားများ ပျံ့နှံ့ထွက်ပေါ်လာသည်ကို မြင်တွေ့နေရသည်။
ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအားသည် လက်ကိုင်ရိုးရှည် တပ်ထားသော တူကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအချိန်၊ သူ့ရှေ့တွင် ရပ်နေသော နတ်နဂါးကျွန်းစု၏ ဧကရာဇ်မင်းမှာ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအား၏ လွှမ်းမိုးခြင်းကို ခံထားရသည်။
ဤနှိပ်ကွပ်မှုသည် ဩချရပြီး ၊သူ့ကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားခဲ့သည်။
" မြင့်မြတ်သော တူ ၊ လှုပ်ရှားလော့ '
အဘိုးကြီးသည် တိုးတိုးလေး ရေရွတ်လိုက်သည်။
စိတ်စွမ်းအားဖြင့် အသွင်ပြောင်းထားသော တူကြီးသည် ကျယ်လောင်စွာ မြည်တမ်းလာသည်။
ယခုအချိန်တွင် သူ၏ စိတ်စွမ်းအားကို ကန့်သတ်ချက်ထိ ရောက်အောင် တွန့်ပို့ထားခဲ့သည်။
စကြဝဠာအတွင်း ကြောက်မက်ဖွယ်ရာ ကောင်းသော မုန်တိုင်းတစ်ခုကြီး ဖြစ်ပေါ်လာပြီး ၊ ရောင်စဉ်များ ပေါက်ကွဲထွက်ပေါ်လာသည်။
ထိုမုန်တိုင်း၏ လက်အောက်တွင် နတ်ဘုရားတစ်ပါး ကြွရောက်လာသကဲ့သို့ အကန့်အသတ်မဲ့ ကြီးမားသော ရုပ်သွင်ကြီး တစ်ခု ပေါ်ထွက်လာခဲ့သည်။
နတ်နဂါးကျွန်းစု၏ ဧကရာဇ်မင်းမှာ သတိလက်လွတ်မဖြစ်ဝံ့ပေ။
သူသည် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို စီးဆင်းလှည့်ပတ်စေပြီး ၊ သူ့လက်ကို မြောက်လိုက်သည်နှင့် စကြဝဠာတခွင်လုံးကို ဝှေ့ယမ်းသွားလာနေသည့် ကောင်းကင်နဂါး၏ အငွေ့အသက်များစွာကို ဖန်တီးခဲ့သည်။
သူသည် အခြေအနေ မကောင်းကြောင်း ခံစားမိသောကြောင့် ၊ ဆံဖြူအဘိုးကြီးအား သူ၏ အပြင်းထန်ဆုံး ထိုးနှက်ချက်ဖြင့် တိုက်ရိုက် အနိုင်ယူရန် ဆုံးဖြတ်ခဲ့သည်။
"နတ်ဘုရား တိုက်ကွက် "
ရုတ်ချည်းဆိုသလို ၊ဆံဖြူအဘိုးကြီး၏ အကြည့်များမှာ ပုံမှန်မဟုတ်သော အကြည့်များ အဖြစ် ပြောင်းလဲသွားခဲ့သည်။
အလားတူ တချိန်တည်းမှာပင် ၊အကန့်အသတ်မဲ့ ကြီးမားသော ရုပ်သွင်ကြီး၏ မျက်ဝန်းတစ်စုံ မှာလည်း မျက်စိပွင့်လာခဲ့သည်။
ထိုကြီးမားသော ရုပ်သွင်ကြီးသည် သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ၊ စိတ်စွမ်းအားများ စီးဝင်နေသော တူကြီးကို ဆုပ်ကိုင်ကာ မြောက်တင်လိုက်သည်။
ထို့နောက် နတ်နဂါးကျွန်းစု၏ ဧကရာဇ်မင်းဆီသို့ တိုက်ရိုက် ကျရောက်လာခဲ့သည်။
ဤအခိုက်အတန့်တွင် ၊ ကြယ်ဝာာယာ စကြဝဠာအတွင်း၌ မိုးကြိုးလျှပ်စီး ကိုးသွယ်သည် ထိုရုပ်သွင်ကြီးနှင့်အတူ ဆင်းသက်လာသည်။
မြင့်မြတ်သော လမ်းစဉ်၏ စွမ်းအားများ ပြိုကျလျက် အရာအားလုံးကို ဖြိုခွဲပစ်ခဲ့လေသည်။
လက်ကိုင်ရိုးရှည် တပ်ထားသော တူကြီး နှင့် နဂါးတို့ ထိပ်တိုက် ဆုံတွေ့ကြလေပြီ။
အဆုံးမရှိသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခဲ့သည်။
နောက်ဆက်တွဲ ရလဒ်အနေဖြင့် ၊ မိုင်ရာနှင့်ချီသော ကြယ်တံခွန်များပင်လျှင် တုန်လှုပ်ခဲ့ရသည်။
ကောင်းကင် အလွန်ရှိ ဧကရာဇ်မင်းကြားက တိုက်ပွဲ တင်မက ၊ တိုက်မြေ သုံးထောင်၏ အင်အားစုတပ်ဖွဲ့များသည်လည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။
အပိုင်း(၁၉၁): ထွက်ပေါ်လာခြင်း
နတ်နဂါးကျွန်းစု ၊ ဖီးနစ်လှိုဏ်ဂူ ၊ ရှောင်ရှီထျန်း နှင့် ထျန်းရှန်းဂိုဏ်း ဦးဆောင်လာသော တပ်ဖွဲ့များသည် ကွေးယွမ် သူတော်စင် နယ်မြေ တည်ရှိရာ နယ်မြေဆီသို့ ဦးတည်လာကြသည်။
အဆုံးမရှိ ကျယ်ပြန့်လှသော ဧရိယာအတွင်း ၊တခဏချင်းမှာပင် ထိတ်လန့်တုန်လှုပ်ဖွယ် တိုက်ပွဲသံများ ထွက်ပေါ်လာခဲ့သည်။
"ဒီနေ့၊ ကွေးယွမ် သူတော်စင် နယ်မြေကို ဖျက်စီးမယ်!"
" ကွေးယွမ် မကျဆုံးသ၍ ၊ ငါ ဘယ်တော့မှအရှုံးမပေးဘူး!"
"ငါ့ရဲ့ ကွေးယွမ် သူတော်စင် နယ်မြေကို အာခံသူတိုင်း အပြစ်ပေးခံရမယ်!"
"သတ်!!"
အမျက်ဒေါသတို့၏ ကြွေးကြော်သံများသည် ကမ္ဘာအနှံ့ ပဲ့တင်ထပ်နေခဲ့သည်။
ယခုတစ်ခေါက် တိုက်စစ်သည် ယခင်က ထာဝရတိုက်ပွဲနှင့် လုံးဝ ကွဲပြားသည်။
ဝေဟင်ထက်တွင် နဂါးများ မြည်ဟိန်းလျက် ၊ ဖီးနစ်ဌက်များ ထိုးအော်နေကြသည်။
မရေမတွက်နိုင်သော သွေးများ စွန်းထင်းနေသည့် ရှေးစစ်သင်္ဘောများက မှော်အစီအရင်များကို အသက်သွင်းလို့နေသည်။
မှော်သင်္ကေတများမှာ ဖိတ်ဖိတ်တောက်ပလျက် ၊ လေဟာပြင်ကို ခွင်းကာ မြည်ကြွေးနေကြသည်။
ကြီးမားသော မီးတောက်မီးလျှံများနှင့်အတူ တောက်လောင်နေသော စစ်သင်္ဘောကြီးများသည် ကောင်းကင်ယံမှ ထိုးကျလာသည်။
နဂါးနှင့် ဖီးနစ်တို့၏ ရုပ်အလောင်းများလည်း အောက်သို့ ပြုတ်ကျလာသည်။
ကမ္ဘာမြေပြင်ပေါ်ရှိ ဤစစ်ပွဲသည် ပို၍ပင် ရက်စက်ပေသည်။
အသွေးအသားများ စုတ်ဖြဲသံသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
ဓားအလင်းများ တဖျပ်ဖျပ် တောက်ပသွားသည်နှင့် သွေးများ ပန်းထွက်လေသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ၊ အသက်ပေါင်းများစွာ မရေမတွက်နိုင်အောင် သေဆုံးခဲ့ရသည်။ဤနေရာရှိ သွေးများသည် မြစ်သဖွယ် စီးဆင်းနေလေ၏။
သွေးများ နှင့် ခန္ဓာကိုယ် အပိုင်းအစများက နေရာအနှံ့ ရှိနေခဲ့သည်။
ဘယ်နေရာမဆို ကြည့်လိုက်တိုင်း ၊ သူသူကိုယ်ကိုယ် သတ်ဖြတ်လျက် ရှိကြသည်။
ထာဝရ အင်အားစုမှ ပေါင်းစည်းထားသော တပ်ဖွဲ့များမှာ သန်းရာနှင့်ချီ ရှိသည်။
ဝေဟင် နှင့် အောက် ၊ ဘယ်နေရာမဆို မှော်စွမ်းအားများဖြင့် တိုက်ခိုက်နေကြသော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်။
မီးလျှံများက ရစ်ဝဲလျက် ၊
မိုးကြိုးသံများက တဂျိန်းဂျိန်း ပေါက်ကွဲနေပြီး၊
ဆီးနှင်းခဲတို့သည် ကောင်းကင်အနှံ့ နေရာယူလို့ ထားသည်။
လျှို့ဝှက်ရတနာ တစ်ခုချင်းစီတိုင်းက ၎င်းတို့၏ ကိုယ်ပိုင် မှော်အစွမ်းများကို ပြသနေပြီး ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများဖြင့် ပေါက်ကွဲလျက် ရှိသည်။
ဝုန်း!
နေရာ တစ်နေရာမှ တောက်ပသော နတ်အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ယင်းအရာသည် ဖီးနစ်လှိုဏ်ဂူ၏ ကောင်းကင်မီးလျှံ တပ်ဖွဲ့မှ ဖွဲ့စည်းလိုက်သော တိုက်ကွက်တစ်ခုပင် ဖြစ်သည်။
မှော်သင်္ကေတများက အကန့်သတ်မဲ့ တဟုန်ထိုး တောက်လောင်လာသည်နှင့် အမျှ ၊ ဖွဲ့စည်းလိုက်သော တိုက်ကွက်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများမှာ ရုတ်ချည်း ထွက်ပေါ်လာပြီး မကောင်းဆိုးဝါး သားရဲကောင်များ ထွက်ပေါ်လာသည်။
အကန့်အသတ်မဲ့ တောက်ပသော ရွှေဖီးနစ်သည် ကောင်းကင် တခွင်လုံးကို လွှမ်းခြုံထားပြီး ၊ လူတိုင်းထက်က နေမင်းကြီးကို ပိတ်ဆို့ထားသည်။
တောက်လောင်နေသော မီးလျှံများသည် အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသော အဖျက်စွမ်းအားများကို ပြသနေပြီး ၊ နေရာတစ်ခုလုံးကို လောင်ကျွမ်းအောင် ပြုစားနေ၏။
"လာကြစမ်း ၊ ငါတို့ ခွေးတွေရဲ့ တိုက်ကွက်ကို ချိုးဖြတ်ပေးကြတာပေါ့"
ကွေးယွမ် သူတော်စင် နယ်မြေမှ စစ်ဗိုလ်ချုပ်တစ်ဦးက အမိန့်ပေးလိုက်သည်။
သူ၏ နောက်တွင် လေးမြှား အသင့်တင်ထားသော ထောင်ပေါင်းများစွာသော စစ်သည်များ ရောက်ရှိလာသည်။
ဝှစ် ဝှစ် !
မရေမတွက်နိုင်သော မြှားများ သည် လေကို ခွင်းလျက် ၊ ရနိသူကို သတ်ဖြတ်ရန် ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများဖြင့် ရှေ့တတ်လာကြသည်။
မရေမတွက်နိုင်သော ပြင်းထန်သော တိုက်ခိုက်ရေးသမားများလည်း ရှိပေရာ ၊ တခဏချင်းမှာပင် ဖီးနစ်လှိုဏ်ဂူ မှ တပ်ဖွဲ့များ ဖွဲ့စည်းထားသော တိုက်ကွက်သည် ပြင်းထန်သော ထိုးနှက်ချက်ကို ခံခဲ့ရလေသည်။
ဘုန်း ဘုန်း!
ပြင်းထန်သော ပေါက်ကွဲသံများနှင့်အတူ ၊ ၎င်းတို့၏ တိုက်ကွက်မှာ အဆက်မပြတ် ဖျက်ဆီးခံနေရသည်။
ရုတ်တရတ်၊ အလွန်အေးစက်သော လေပြင်းများ တိုက်ခတ်လာကာ ၊ ၎င်းတို့၏ တိုက်ကွက် ဖျက်စီးခံနေရတုန်း ဖီးနစ်လိုဏ်ဂူရှိ စစ်သည်များမှာ ရေခဲရုပ်တုများ အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
ကွေးယွမ် သူတော်စင် နယ်မြေ မှ တန်ခိုးကြီးမားသော ထိပ်တန်း သူတော်စင် အမျိုးသားတစ်ဦးသည် လက်သင်္ကေတကို အသက်သွင်းကာ ဆီးနှင်းခဲစွမ်းအားများကို နှိုးဆော်လိုက်သည်။
" ဖျက်စေ"
တခဏအတွင်းမှာပင် ၊ ဖီးနစ်လှိုဏ်ဂူ၏ ကောင်းကင်မီးလျှံ တပ်ဖွဲ့၏ ထက်ဝက်ကျော်သည် တိုက်ရိုက် ပျက်သုန်းပြီး ပျောက်ကွယ်သွားခဲ့ရသည်။
အခြားနေရာ တစ်ခုတွင်လည်း တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းသော ပေါက်ကွဲမှုများ ဖြစ်ပွားလျက်ရှိသည်။
ကြယ်တာယာ ကောင်းကင်ထက်တွင် ဖော့ကျွင်းဘိုးဘေးသည် ဖီးနစ်လှိုဏ်ဂူ မှ ယန်ကျွင်းဘိုးဘေးနှင့် ပြင်းထန်စွာ တိုက်ခိုက်လျက်ရှိသည်။
" ယန်ကျွင်း ၊ မင်း အရင်ကတိုက်ပွဲမှာ မင်းရဲ့တတိယခြေထောက်ကို ကျိုးသွားခဲ့တာ မမှတ်မိတော့ဘူးလား?"
T/N - တတိယခြေထောက် - ⚽
" ဟွန်း ! ပါ့ချန် အဲ့ဒီတုန်းက အရှက်ကို ဒီနေ့ မင်း ပြန်ဆပ်ရမယ်!"
ယန်ကျွင်း ဘိုးဘေး က အေးစက်စွာ ဆိုလိုက်သည်။
သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ၊ ကြောက်စရာကောင်းသော မီးတောက်ကမ္ဘာကြီးကို ဖိတ်ခေါ်လိုက်သည်။ ကောင်းကင်နှင့် နေကို ဖုံးလွှမ်းထားသော မီးတောက်မီးလျှံများသည် ဤနေရာတစ်ခုလုံးကို အကန့်အသတ်မဲ့ လွှမ်းမိုးထားသည်။
"ခေါင်းမာလွန်းတယ်"
ပါ့ချန် ဘိုးဘေးက သူ၏ လက်သီးဖြင့် ကျပန်း ထိုးနှက်လိုက်သည်။
မိုင်ထောင်ချီသော ကြယ်တာယံ ကောင်းကင်ကြီးမှာ တိုက်ရိုက် ပျက်စီးသွားခဲ့သည်။
ပင့်ကူမျှင်များကဲ့သို့ မိုင်ထောင်ချီသော အာကာသအက်ကွဲကြောင်းများကို ဖြစ်ပေါ်စေခဲ့သည်။
ယန်ကျွန်းဘိုးဘေးသည် တဖက်လူ၏ ထိုးနှက်ချက်ကို အရင်ကတည်းက ခန့်မှန်းထားပုံရသည်။သူသည် လက်သင်္ကေတ တစ်ခုကို ဖော်ဆောင်ကာ မှော်အစီအရင်ကို အသက်သွင်းလိုက်သည်။
ကောင်းကင်နှင့်မြေကြီးကြားတွင် အမှောင်မီးလျှံလှိုင်းများ တဟုန်ထိုး ထကြွလာကာ ဤနေရာဆီသို့ အရူးအမူး စုဝေးရောက်ရှိလာပြီး ၊ ကျယ်ပြောလှသော အာကာသ ဟင်းလင်းပြင်ကြီးထဲတွင် ကြီးမားသော အမှောင်မီးလုံးကြီး ထွက်ပေါ်လာခဲ့သည်။
သူ့နောက်တွင် အလွန်ကြီးမားသော အမှောင် ရုပ်သွင် တစ်သွင် ထွက်ပေါ်လာသည်။
တောက်လောင်နေသော မီးတောက်မီးလျှံများသည် သူ့အား ချပ်ဝတ်တန်ဆာကဲ့သို့ ဆင်ယင်ထားသည်မှာ ကြောက်ခမန်းလိလိပင်။
"မီးနက် လှံ!"
ယန်ကျွင်း ဘိုးဘေးသည် အစွမ်းထက်ဆုံး စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။
မီးလျှံများ လောင်ကျွမ်းနေသော လှံတစ်ချောင်း ဖြစ်ပေါ်လာကာ ၊ ထိုဧရာမ အမှောင် ရုပ်သွင်သည် ၎င်းလှံတံကို ဆုပ်ကိုင်ထားခဲ့သည်။
ထိုအမှောင်ရုပ်သွင်သည် မည်သည့်အပိုစကားမှ မပြောဘဲ ၊ လှံတံကို တန်းပစ်လွှတ်လိုက်သည်။
အမှောင်မီးလျှံများသည် လေကို ဖောက်ထွက်လာခဲ့သည်။
လှံတံ ဖြတ်သန်းသွားလေရာ နေရာတိုင်း ၊ အရာအားလုံး လောင်ကျွမ်းရပေမည်။
ပါ့ချန် ဘိုးဘေး၏ မျက်ဝန်းများမှာ အေးစက်နေ၏ ။
"မင်းတို့လို လူအိုကြီးတွေကတောင် ၊ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ကြီးစိုးခဲ့တဲ့ နေ့ရက်တွေကို မေ့နေကြပြီပဲ "
"ဒါဆိုလည်း ဒီနေ့ မင်းအသက်နဲ့ ရင်းပြီး သတိရအောင် လုပ်ပေးမယ်"
ပါ့ချန် ဘိုးဘေးသည် သူ့လက်ထဲက နေနတ်ဘုရားဓားကို ဝှေ့ယမ်းလိုက်ရာ ၊ နီမြန်းသော ဓားစွမ်းအင်များသည် တဟုန်းဟုန်း တောက်လောက်လာခဲ့သည်။
ဘုန်း !
နေနတ်ဘုရား၏ အလင်းရောင်ကဲ့သို့ သူ၏ တောင်ပမှုသည် ပိုပို၍ ကျယ်ပြန့်လာပြီး လှံတံကိုပင် တိုက်ရိုက်ခွဲထုတ်ခဲ့သည်။ငရဲ မီးလျှံတို့သည်လည်း နှင်းစက်များသဖွယ် ကြွေလွှင့်သွားခဲ့သည်။
"မဟုတ်ဘူး....!"
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ယန်ကျွင်း ဘိုးဘေး၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်နေမှုများကို မြင်တွေ့နေရသည်။သူသည် ပါ့ချန်ဘိုးဘေး ၏ အင်အားကို လျှော့တွက်ခဲ့သည်။
ဓားတချက် ထိုးနှက်လိုက်ယုံဖြင့် ၊ ယန်ကျွင်းဘိုးဘေးကို အပိုင်းပိုင်း ဖြစ်သွားစေခဲ့သည်။
" မင်းကို တိုးတက်လာပြီလို့ ထင်နေခဲ့တာ ၊ ဒီလောက် နှစ်တွေ ကြာတာတောင် မင်းက အရှုံးသမား ဖြစ်နေဆဲပဲ "
ပါ့ချန် ဘိုးဘေး၏ မျက်လုံးများသည် ဖျက်ခနဲ့ ဝင်းလက်သွားပြီး ၊ သူ၏ ဓားကို တစ်ဖန် ပြန်မြှောက်ကာ တခြားအင်အားစု၏ ဘိုးဘေးတစ်ယောက်ကို သတ်ပစ်ခဲ့ပြန်သည်။
ယန်ကျွင်း ဘိုးဘေး၏ သေဆုံးမှုသည် ကွင်းဆက် အကျိုးဆက်များ ဆက်တိုက် ဖြစ်ပေါ်ခဲ့ရသည်။
အင်အားစုများစွာ၏ နောက်ခံနှင့် ကွေးယွမ် သူတော်စင် နယ်မြေ၏ နောက်ခံသည် အလွန်ကွာခြားပေသည်။
ဤသို့ဖြင့် အင်အားစုများစွာ၏ ၎င်းတို့ ဘိုးဘေးများမှာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ရသည်။
" နတ်ဘုရားအချုပ်ထောင် နန်းတော် နဲ့ နတ်ဆိုးချောက်နက်က လူတွေ ဘာလို့ မလှုပ်ရှားသေးတာတုန်း?"
"ဒီအတိုင်းဆက်သွားရင် စစ်တပ်ကြီးတစ်ခုလုံး အရှင်းခံလိုက်ရလိမ့်မယ် "
နတ်နဂါးကျွန်းစု သခင်သည် သွေးများ ယိုစီးနေသော ဖြတ်တောက်ခံလိုက်ရသည့် သူ၏ လက်မောင်းကို ဆုပ်ကိုင်ရင်း ပြိုကျပျက်စီးနေသော တောင်ပေါ်သို့ တတ်သွားခဲ့သည်။
နတ်အလင်းရောင်များဖြင့် ဖိတ်ဖိတ်တောက်နေသော သူ့ရှေ့က ကမ္ဘာကြီးကို ကြည့်ရင်း စိတ်အနှောင့်အယှက် ဖြစ်နေမိသည်။
ဒါတွေဟာ သူထင်ထားသလိုမျိုး ဟုတ်မနေခဲ့ချေ။
သူသည် ဒီရက်ပိုင်းအတွင်း စစ်သည်များကို လျှို့ဝှက်စွာ စည်းရုံးခဲ့ပြီး ၊ နယ်မြေပြင်ပစစ်မြေပြင် မှ ဧကရာဇ်မင်းများကိုလည်း ဆင့်ခေါ်ခဲ့သည်။
နောက်ဆုံးတွင် သူသည် အင်အားစုများစွာကို ပေါင်းစည်းနိုင်ခဲ့ပြီး ၊ ကွေးယွမ် သူတော်စင် နယ်မြေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်ခဲ့သည်။
သို့သော် တဖက်က သူတို့အား အဘယ်ကြောင့် ဤမျှ လွယ်လွယ်ကူကူနှင့် ပြန်ခုခံနိုင်ခဲ့သနည်း။
ဒါ လုံးဝ အဓိပ္ပါယ် ရှိမနေဘူးလေ !
"ဟင့်အင်း! အဲဒီ နှစ်ဖွဲ့ကို ငါတို့ မျှော်လင့်ချက် ထားလို့ မရဘူး ၊ အကယ်၍ ဒီတိုက်ပွဲမှာ ရှုံးသွားခဲ့ရင် ၊ ငါတို့ နတ်နဂါးကျွန်းစုက ဘယ်တော့မှ ရှေ့ရောက်နိုင်မှာ မဟုတ်တော့ဘူး"
" ကွေးယွမ် သူတော်စင် နယ်မြေ ၊ မင်းတို့က ငါ့ကို ဒီလိုလုပ်ဖို့ ဖိအားပေးတာ!"
နဂါးကျွန်း သခင်၏ မျက်လုံးများသည် အေးစက်နေပြီး ၊ သူသည် ကောင်းကင်ကို မျှော်ကြည့်ကာ ဟစ်ကြွေးလိုက်သည်။
"ဧကရာဇ်လက်နက်!"
ဝေါင်း ! !
နဂါးကြီး၏ဟောက်သံနှင့်အတူ ၊ ပေ တစ်သောင်း ရှည်လျားသော နဂါးတစ်ကောင်၏ အသွင်ရိပ်သည် နတ်နဂါးကျွန်းစု၏ အနက်ရှိုင်းဆုံး အပိုင်းမှ ထွက်ပေါ်လာပြီး ကောင်းကင်သို့ ဆန်တတ်သွားခဲ့သည်။
သက်ရှိနဂါးတစ်ကောင်ကဲ့သို့ စစ်မြေပြင်အလယ်သို့ ရောက်ရှိလာခဲ့သည် ။
ထိုနဂါးကြီးသည် တလိပ်လိပ် လှူပ်ရှားထကြွနေရာမှ ရွှေဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားသည်။
နဂါးစွမ်းအင်များဖြင့် ပြည့်နှက်နေသော ထိုဓားရှည်သည် အဆက်မပြတ် တုန်ခါနေသည်။
"ဧကရာဇ်လက်နက်? ရှိသမျှ ဧကရာဇ် လက်နက်တွေက ဧကရာဇ်မင်းတွေ သုံးလိုက်လို့ ကုန်ပြီ မဟုတ်လား?"
လူတစ်ယောက်က သံသယဖြင့် ဆိုလိုက်သည်။
စကြဝဠာတစ်ခုလုံးကို အဆက်မပြတ် ပျံ့လွှင့်နေခဲ့သော ဧကရာဇ် ဖိနှိပ်စွမ်းအားများကြောင့် ၊ ဧကရာဇ်မင်းများသည် ၎င်းတို့၏ ဧကရာဇ်လက်နက်ကို သတ်ဖြတ်ရာတွင် အသုံးပြုနေကြသည် ဟု သူတို့ ယုံကြည်ခဲ့ကြသည်။
သို့သော် နတ်နဂါးကျွန်းစုတွင် ဧကရာဇ်လက်နက် အဘယ့်ကြောင့် ရှိနေရသနည်း။
"အဲဒါ...အဲဒါက နတ်နဂါးကျွန်းစုရဲ့ ကျန့်ထျန်း နဂါးဧကရာဇ်မင်းရဲ့ နဂါးဧကရာဇ်ဓားမလား?"
ရှေးခေတ် ပုဂ္ဂိုလ်တစ်ဦးက ၎င်းဓား၏ မူလဇစ်မြစ်ကို ချက်ချင်းလက်ငင်း အသိအမှတ် ပြုနိုငိခဲ့သည်။
"ကျန့်ထျန်း နဂါးဧကရာဇ်မင်းက နတ်နဂါးကျွန်းစုကို တည်ထောင်ခဲ့သူပဲ ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နယ်မြေပြင်ပစစ်မြေပြင်မှာ သေဆုံးသွားခဲ့တယ် ၊ဒီနဂါးဧကရာဇ်ဓားက သူ့ဘဝတစ်သက်တာလုံး သုံးခဲ့တဲ့ဓားပဲ "
"အို ... နတ်နဂါးကျွန်းစုက ကိုယ့်ဘိုးဘေးရဲ့ ပစ္စည်းကို ထုတ်သုံးလာမယ်လို့ မမျှော်လင့်ထားဘူး၊ ဒါက နတ်နဂါးကျွန်းစုရဲ့ ကံကြမ္မာကို ထိန်းထားပေးမယ့် အထူးရတနာ တစ်ခုပဲလေ"
" ကြည့်ရတာ နတ်နဂါးကျွန်းစုအနေနဲ့ နောက်ဆုံး အကွက် ထုတ်သုံးခဲ့ရပြီပဲ "
ဖီးနစ်လှိုဏ်ဂူ၏ ဖီးနစ်သခင်သည်လည်း နတ်နဂါးကျွန်းစု၏ အပြောင်းအလဲများကို မြင်တွေ့ခဲ့သည်။
သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းတစ်ခုက ဖျက်ခနဲ့ ဖြတ်သန်းသွားခဲ့သည်။
"ဒီငါးတသိုက်က ဧကရာဇ်လက်နက်ကိုတောင် ထုတ်သုံးလာခဲ့လိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
"ဒါဆိုရင် ငါ ဖီးနစ်လှိုဏ်ဂူကလည်း ဘာကိုကြောက်နေရမှာလဲ"
"ဖီးနစ် ကြေးမုံ၊ ထွက်လာခဲ့!"
အမြင့်တစ်နေရာရှိ ဖီးနစ်အော်ဟစ်သံသည် ကောင်းကင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။
ဖီးနစ်လှိုဏ်ဂူဘက်တွင်လည်း အလားတူ ဧကရာဇ် ဖိနှိပ်စွမ်းအားများ ကြွယ်ဝစွာ ထွက်ပေါ်လာသည်။
ဖိတ်ဖိတ်တောက်ပနေသော ရောင်စဉ်များကြားထဲက ကြေးမှန်တချက်သည် ကောင်းကင်သို့ ဆန်တက်သွားသည်။
လူများကို ပို၍ ထိတ်လန့်စေခဲ့သည့် အရာမှာ ထာဝရ မီးလျှံများဖြင့် တောက်လောက်နေပုံရသော ၎င်းကြေးမှန်၏ အထဲတွင် ဖီးနစ်တစ်ကောင်သည် တဟုန်ထိုး တေးသံကျုးရင့်လို့ နေသည်။
" ဖီးနစ်ကြေးမုံ ? ရူးနေကြပြီ ! ရူးနေကြပြီ၊ ဒီ ဖီးနစ်လှိုဏ်ဂူလည်း ရူးသွားပြီပဲ "
" အရင်က လူသား- မကောင်းဆိုးဝါး တိုက်ပွဲမှာ ဖီးနစ် လှိုဏ်ဂူရဲ့ ဧကရာဇ်မင်း လက်နက်ဖြစ်တဲ့ အံ့ဖွယ်ဖီးနစ်ကြေးမုံကို ကွေးယွမ်က သိမ်းယူသွားခဲ့ပြီးပြီ "
"ခုလည်း သူ့ရဲ့ အဖော်ဧကရာဇ်လက်နက်ကို ထုတ်သုံးလာခဲ့ပြန်ပြီ ၊ ကွေးယွမ်ကို နောက်ထပ် အကျိုးကျေးဇူးတွေ ပေးဖို့များ ကြံနေလေသလား"
ကန့်သတ်နယ်မြေမှ ဘိုးဘေးတစ်ဦးသည် လေးနက်စွာဖြင့် ဆိုလိုက်သည်။
အံ့ဖွယ်ဖီးနစ် ကြေးမုံ နှင့် ဖီးနစ်ကြေးမုံတို့သည် ဖီးနစ် မျိုးနွယ်စု၏ အမြွှာဧကရာဇ်လက်နက် နှစ်ပါးပင် ဖြစ်သည်။ထိုဧကရာဇ်မင်း နှစ်ပါးသည်လည်း ခေတ်တစ်ခေတ်၏ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များပင် ဖြစ်သည်။
ယခုအခါတွင် ၊ ဖီးနစ်လှိုဏ်ဂူသည်လည်း ထိတ်လန့်နေခဲ့ပြီ ဖြစ်ရာ ၊ သူတို့ ဘိုးဘေးများ လက်ဆင့်ကမ်းလှမ်းလာခဲ့သော ကံကြမ္မာ ဧကရာဇ်လက်နက်ကို မဆိုင်းမတွ စတေးခဲ့ပြန်သည်။
အပိုင်း(၁၉၂),ကောင်းကင်ထိန်း ကျောက်စာတိုင် ၊
ဒါနဲ့တင် မပြီးသေးပေ။
ထျန်းရှန်းဂိုဏ်း နှင့် ရှောင်ရှီးထျန်းတို့ တည်ရှိရာ ဦးတည်ရာဘက်တွင် အလွန်တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
ထျန်းရှန်းဂိုဏ်းရှိရာ ဦးတည်ရာဘက်တွင် ခရမ်းရောင် စွမ်းအင်များသည် ကောင်းကင်ယံကို လွှမ်းခြုံသွားပြီး ၊ နိယာမတရားများကြားမှ ရှုခင်းပန်းချီတစ်ချပ် ထွက်ပေါ်လာခဲ့သည်။
တောင် နှင့် မြစ်များကို ရေးဆွဲထားသည်မှာ အသက်ဝင်လှပြီး ၊ ကောင်းကင်နှင့် မြေကြီး၏ အမျိုးမျိုးသော နိယာမတရားများကို ထင်ရှားစွာ ပုံဖော်ပြသလျက် ရှိသည်။
" ထျန်းရှန်းဂိုဏ်းရဲ့ ကံကြမ္မာ ဧကရာဇ်လက်နက် ၊ ဝမ်လီရှန်းဟယ် မြေပုံ"
[ T/N - ဝမ်လီရှန်းဟယ် မြေပုံ - မိုင်ထောင်ပေါင်းများစွာက တောင်တန်း နှင့် မြစ်များ မြေပုံ ၊ မြန်မာလို ပြန်ရတာ ထောက်လို့ ]
"ဒါက ထျန်းရှန်းဂိုဏ်းရဲ့ ဒဏ္ဍာရီလာ ဇီကျင်း ဧကရာဇ်မင်းရဲ့ ဧကရာဇ်လက်နက်ပဲ"
ထိုပန်းချီကားချပ်ကို ကြည့်ရင်း ၊ လူတိုင်း၏ ခေါင်းများ ထုံကျင်သွားသည်။
ရှောင်ရှီထျန်း၏ ဦးတည်ရာဘက်တွင် ၊ဗုဒ္ဓ ရောင်ခြည်တော်များဖြင့် ထွန်းလင်း တောက်ပနေသော ပုတီးစေ့ တစ်စေ့သည် ဝေဟင်တွင် ရပ်တန့်နေသည်။
ကောင်းကင်နှင့် မြေကြီးတို့မှ သုတ္တန် ရွတ်ဆိုသံများ ပဲ့တင်ထပ်နေပြီး ၊ ရွှေခရမ်း မှော်သင်္ကေတများက တသိမ့်သိမ့် ရိုက်ခတ်လှုပ်ရှားလျက်ကောင်းကင်နှင့် နေမင်းကြီးကို လွှမ်းခြုံထားလေသည်။
ဤသည်မှာ ရှောင်ရှီထျန်း၏ ကံကြမ္မာဧကရာဇ် လက်နက်၊ ဗုဒ္ဓပုတီးစေ့ ပင် ဖြစ်သည်။
စကြဝဠာ၏ အနက်ရှိုင်းဆုံး အပိုင်းများအထိ တိုက်ပွဲများ ဆက်တိုက်စလို ဖြစ်ပွားနေပြီး ၊ ပြန်ဆုတ်ခွာဖို့ အလွန် ခက်ခဲပေသည်။
ယခုအခါတွင် ထာဝရ အင်အားစုမှ တပ်ဖွဲ့များစွာသည် ၎င်းတို့၏ ကံကြမ္မာ ဧကရာဇ် လက်နက်များကို စတင် အသုံးပြုနေပြီ ဖြစ်သောကြောင့်၊ မူလက အသားစီးရခဲ့သော ကွေးယွမ် သူတော်စင် နယ်မြေအတွက် စိုးရိမ်ရပေသည်။
ကံကြမ္မာ ဧကရာဇ် လက်နက်လေးမျိုးသည် မတူညီသော နေရာလေးခုမှ အသီးသီး ထွက်ပေါ်လာခဲ့ပြီး ဝေဟင်ပေါ်တွင် ရပ်ဆိုင်းနေသည်။
[T/N - ကံကြမ္မာ ဧကရာဇ် လက်နက် : မိမိဂိုဏ်းရဲ့ ကံကြမ္မာကို သက်ရောက်တဲ့လက်နက် လို့ မှတ်ယူဖို့ လိုပါလိမ့်မယ်]
ဧကရာဇ်လက်နက်လေးမျိုးသည် ဤကမ္ဘာကြီးတစ်ခုလုံးကို မတူညီသော ထူးဆန်းသော ဖြစ်ရပ်ဆန်းများ ဖန်တီးရန် တွန်းအားပေးနေလေ၏။
ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားလှိုင်းများ ထွက်ပေါ်လို့နေသည်။
နဂါးကျွန်းစု သခင်သည် နဂါးဧကရာဇ်ဓားကို ကိုင်ဆောင်ထားသည် ။ သူ၏ ရောင်ဝါတို့မှာ ရုတ်တရက် မြင့်တက်လာပြီး ဧကရာဇ်မင်းမြတ်သာလျှင် စွမ်းဆောင်နိုင်သည့် စွမ်းအားမျိုးအထိ ရောက်ရှိလာခဲ့သည်။
မူလက ကွေးယွမ် သူတော်စင် နယ်မြေ၏ ဖိနှိပ်စွမ်းအားဖြင့် နှိပ်ကွပ်ခံခဲ့ရသော သူ၏ ခံပြင်းသော ခံစားချက်များမှာ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူ့မျက်နှာမှာ မောက်မာမှုများဖြင့် ပြည့်နှက်နေသည်။
"မင်းတို့ ကွေးယွမ် ဘယ်လောက်ပဲ သန်မာနေပါစေ၊ အလွန်ဆုံး ကံကြမ္မာ ဧကရာဇ်လက်နက် နှစ်ခု လောက်ပဲ ရှိနိုင်မှာ!"
"ဒီတစ်ခါတော့ မင်းတို့ ငါ့ကိုတားနိုင်မှာလား?"
ဤစကားသည် ရင်းနှီးနေကြ စာသားပင် ဖြစ်သည် ။
ကွေးယီး ဂိုဏ်းခေါင်းဆောင်သည်လည်း ပထမ ထာဝရတိုက်ပွဲတွင် အလားတူ စကားမျိူး ပြောခဲ့သည်။
"ငါ့ ကွေးယွမ်နယ်မြေရဲ့ ကြွယ်ဝမှုကို သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ နှိုင်းယှဉ်ချင်တဲ့သူတွေက အမြဲ ရှိတယ် "
"ကံကြမ္မာ ဧကရာဇ်လက်နက်၊ အဲ့တာ ဘယ်လိုအမှိုက်အမျိုးအစားလဲ"
" တကယ့် အမွေအနှစ်အစစ်က ဘာလဲဆိုတာ ငါ ဒီနေ့ မင်းတို့ကို ပြသပေးမယ် !"
ပါ့ချန် ဘိုးဘေးသည် လက်သင်္ကေတ တစ်ခုကို ဖော်ဆောင်ကာ မှော်စွမ်းအားများကို အသက်သွင်းလိုက်သည်နှင့် ၊ မှော်သင်္ကေတတို့သည် တသိမ့်သိမ့် ရိုက်ခတ်လျက် မြင့်တတ်လာခဲ့သည်။
" ကြွလေရောဟေ့ ၊ ကောင်းကင်ထိန်း ကျောက်စာတိုင်!"
ဝုန်း!
လျှပ်စီးမိုးကြိုးများသည် စကြဝဠာကို ဖြတ်သန်းလျက် အချင်းမိုင်ရာနှင့်ချီသော အကွာအဝေးများထိ ကျရောက်ခဲ့လေသည်။
တခဏချင်းမှာပင် ၊ အမှောင်စကြာဝဠာကြီးသည် နေ့အလင်းရောင်အဖြစ် ဆေးဆိုးခံလိုက်ရပုံ ပေါ်သည်။
ရှေးယခင်၏ အငွေ့အသက်တို့သည် လေထဲတွင် စိမ့်ဝင်ပျံ့နှံ့လာခဲ့ပြီး ၊ စကြဝဠာအတွင်းရှိ ဟင်းလင်းပြင် အလွှာများကိုပင် အလွှာလိုက် ပြိုကျသွားစေခဲ့သည်။
အင်အားစုများစွာ၏ ကံကြမ္မာ ဧကရာဇ်လက်နက်မှ ထုတ်လွှတ်သော ရောင်ဝါများမှာ ချက်ခြင်းလက်ငင်း ဖြိုခွင်းခံခဲ့ရသည်။
ကောင်းကင်ယံထက်က လေနှင့် တိမ်စိုင်တိမ်ခဲများ ပြောင်းလဲနေကြပြီး ၊ မရေမတွက်နိုင်သော နိယာမများ၏ စွမ်းအားများမှာ မုန်တိုင်းလှိုင်းဂယက်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တုန်လှုပ်နေကြသော အကြည့်များအောက်တွင်၊
ကောင်းကင်ကြီးသည် ရုတ်တရက် ပွင့်လို့လာသည်။
တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ၊ အဆုံးမဲ့ ဖရိုဖရဲ ရောင်စဉ်အလင်းတန်းများ ထွက်ပေါ်လာသည်။
ပေထောင်ပေါင်းများစွာ မြင့်သော ရှေးခေတ်ကြေးဝါ ကျောက်တိုင်တစ်ချပ်သည် ရှေးယခင်ကတည်းက တည်ရှိခဲ့သည့် အတိုင်း ကောင်းကင်ယံထက်တွင် ထွက်ပေါ်လို့ လာခဲ့သည်။
မြင့်မြတ်သော လမ်းစဉ်၏ နိယာမတရားများ ကြီးမားကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့ပြီး၊ ထာဝရ ရောင်စဉ်များ ပွင့်လန်းလို့ လာသည်။ ကြီးကျယ်ခမ်းနားပြီး လျှို့ဝှက်ဆန်းကြယ်သော ဤစွမ်းအားသည် တစ်လောကလုံးကို ထာဝစဉ် နှိပ်ကွပ်ထားနိုင်ပုံ ရပေသည်။
" ကောင်းကင်ထိန်း ကျောက်စာတိုင် ? ဒါက တပည့်တွေရဲ့ အရည်အချင်းကို စမ်းသပ်ကြည့်ရှုဖို့ အသုံးပြုတဲ့ ကျောက်တိုင်ကြီး မဟုတ်ဘူးလား"
"ဒါက လက်စသတ်တော့ ကံကြမ္မာ ဧကရာဇ်လက်နက်တဲ့လား!?"
ဘိုးဘေးတစ်ဦးက ထိတ်လန့်စွာကြည့်ကာ ရုတ်တရက် ထအော်လေသည်။
" အမ်... ဒီကောင်းကင်ထိန်း ကျောက်စာတိုင်က သူ့ရဲ့ စွမ်းအားကို အပြည့်အဝ မစွမ်းဆောင်နိုင်ဘူးလို့ ငါ ဘာလို့ ခံစားမိနေပါလိမ့် ၊ တမင်တကာ နှိပ်ကွပ်ထားသလိုပဲ "
" မင်းမသိတာ ရှိသေးတယ် ၊ ကွေးယွမ်က ပထမ ထာဝရ စစ်ပွဲမှာ ကျန်ထျန်း ပုတီးစေ့ လို့ ခေါ်တဲ့ အမတ လက်နက်တဝက်ကို ဆင့်ခေါ်ခဲ့တယ် ၊ ခုလည်း ဒီလောက်ကြောက်ဖို့ကောင်းတဲ့ ဧကရာဇ်လက်နက် ထွက်လာပြန်ပြီ "
"သူ့ရဲ့ စွမ်းအားက နဝမ ဧကရာဇ်လက်နက်စွမ်းအား အဆင့်ကို ရောက်ဖို့ လုံလောက်တယ်၊ဒါက အကောင်းဆုံး ကံကြမ္မာဧကရာဇ်လက်နက်လို့တောင် မှတ်ယူနိုင်တယ် "
ဤအခိုက်အတန့်တွင် လူတိုင်း တုန်လှုပ်ချောက်ချားမှုအပြည့်ဖြင့် ကောင်းကင်ထက်က ကံကြမ္မာ ဧကရာဇ်လက်နက်ကို စိုက်ကြည့်နေကြသည်။
စိတ်ထဲတွင် အကြောက်တရားများက ပို၍ တိုးသထက် တိုးလာနေသည်။
ထျန်းရှန်းဂိုဏ်း ၊ နတ်နဂါးကျွန်းစု စသည့် ဘိုးဘေးများ၏ အမူအယာများမှာ ကြည့်ရဆိုးနေခဲ့သည်။
သူတို့ အားလုံးသည် နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သူများ ဖြစ်ကြပြီး ၊ ဤကောင်းကင်ထိန်း ကျောက်စာတိုင်၏ ကြောက်စရာကောင်းမှုကို သူတို့ အဘယ့်ကြောင့် မသိခဲ့ရသနည်း။
ကွေးယွမ်သည် ဤကဲ့သို့ လက်လျှိုထားမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
သို့သော် သူတို့ မကြောက်ပေ ။ သူတို့ မတိုက်ခိုက်နိုင်ရင်တောင်မှ အမှောင်ထဲတွင် ပုန်းနေသော နတ်ဆိုးချောက်နက် နှင့် နတ်ဘုရားအချုပ်ထောင် နန်းတော်မှ ဧကရာဇ်မင်းများ ကျန်သေးသည်။
အချိန်ကျရောက်သည်နှင့် ၊ ကွေးယွမ် သူတော်စင် နယ်မြေသည် သေချာပေါက် သေရပေမည်။
ကံကြမ္မာ ဧကရာဇ်လက်နက်ကို ကိုင်ဆောင်ထားသော ပုဂ္ဂိုလ်တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။
နဂါးကျွန်းစု သခင်သည် သူ့လက်ထဲရှိ နဂါးဧကရာဇ်ဓားဖြင့် ဦးစွာတိုက်ခိုက်လိုက်သည်။
“ ကျေးဇူးပြုပြီး ဘိုးဘေးတို့ ရန်သူကို ကူပြီး သတ်ပေးကြပါ !”
ဝေါင်း!
နဂါးတစ်ကောင်၏ အရိပ်သဏ္ဍာန်သည် ကောင်းကင်သို့ ပျံတတ်လာခဲ့ပြီး၊အဆုံးမရှိသော ဓားစွမ်းအင်များကို သယ်ဆောင်ကာ ကောင်းကင်ထိန်း ကျောက်စာတိုင်ကို ဖြိုခွင်းရန် တိုက်ရိုက် ဦးတည်သွားသည်။
နဂါးဧကရာဇ်ဓားမှ ထွက်ပေါ်လာသော အဆုံးမရှိသော စွမ်းအားများသည် ပဲ့တင်ထပ်လျက် ၊ ဘေးပတ်ဝန်းကျင် တစ်လျှောက် မရေမတွက်နိုင်သော နဂါးအရိပ်သဏ္ဍာန်များ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ကြီးသည် နဂါးများ ပျော်မွေ့ရာသမုဒ္ဒရာကြီးကဲ့သို့ပင်။
အခြားတစ်ဘက်တွင်မူ ၊
ဖီးနစ်သခင်သည် ဖီးနစ်ကြေးမုံကိုကိုင်ဆောင်လျက် သူ၏ ခွန်အားရှိသမျှ အသုံးချလိုက်သည်။ သူ၏ တောက်လောင်နေသော မီးလျှံများဖြင့် ကောင်းကင်ထိန်း ကျောက်စာတိုင်ဆီသို့ ပစ်လွှတ်လိုက်သည်။
ဖီးနစ်တေးဆိုသံများကို အဆုံးမရှိ ကြားနေရပြီး ၊ မရေမတွက်နိုင်သော မီးတောက်မီးလျှံများ သည် တဟုန်းထိုး တောက်လောင်လျက် ရှိသည်။
"ဒီနေ့၊ ဇီကျင်း ဧကရာဇ်မင်းရဲ့ စွမ်းအားကို ငှားယူပြီး ရန်သူကို သတ်မယ်!"
ထျန်းရှန်းဂိုဏ်း ၏ ဂိုဏ်းခေါင်းဆောင်သည် တခြားသူများ နည်းတူ လက်သင်္ကေတ တစ်ခုကို ဖော်ဆောင်ကာ မှော်အစီအရင်ကို အသက်သွင်းလိုက်သည်။ဝမ်လီရှန်းဟယ် မြေပုံသည် အဆုံးမရှိသော မှော်သင်္ကေတများကို စုစည်းပေးလို့ နေ၏။
ခရမ်းရောင် စွမ်းအင်သည် မိုင်ထောင်ပေါင်းများစွာ ပြန့်ကားသွားပြီး ၊ ပေါက်ကွဲသံများနှင့်အတူ မိုင်ထောင်ချီရှိသော တောင်တန်းများသည် ဝေဟင်တွင် ထွက်ပေါ်လာသည်။
ဤအရာ အားလုံးသည် ဝမ်လီရှန်းဟယ် မြေပုံ မှ ပေါင်းစပ်ထားသော ရူပါရုံ၏ စွမ်းအားများပင် ဖြစ်သည်။
တစ်ခုချင်းစီတိုင်း ထွက်ပေါ်လာသော ရောင်ဝါတို့သည် လူ၏ စိတ်ကို ပြိုလဲလုနီးပါး ဖြစ်သွားစေသည်။
"အာမိထော်ဖော်၊ ခေတ်တွေပြောင်းလဲတာနဲ့ အမျှ ခေတ်ရေစီးကြောင်းကို ဘယ်သူကမှ အမြဲတမ်း နားမလည်နိုင်ဘူး"
" ဒီနေ့ ကွေးယွမ် သူတော်စင် နယ်မြေကို ဖျက်ဆီးခြင်းက ဒီလောကကြီးရဲ့ သီအိုရီပဲ "
“ ဗုဒ္ဓသည် ကရုဏာထားသလို ၊ ကိုယ်တိုင်လည်း ကျင့်ဆောင်သင့်သည် "
ဒင် --
ရှောင်ရှီထျန်းရှိရာ ဘက်ခြမ်းတွင် လွန်စွာ ကြီးမားသော ခေါင်းလောင်းကြီး တစ်လုံး ထွက်ပေါ်လာသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ၊ ကောင်းကင်ယံတွင် ဆိုင်းငံ့ထားသော ဗုဒ္ဓပုတီးစေ့သည် နတ်ဘုရား၏ ရောင်စဉ်များဖြင့် တောက်ပစွာ ထွက်ပေါ်လာခဲ့သည်။
သက္ကတအသံများသည် ကောင်းကင်ယံ တခွင် ပျံ့လွှင့်လို့နေပြီး ၊မိုးကောင်းကင် တစ်ခုလုံးကို ရွှေဝါရောင်များဖြင့် ဆေးခြယ်ထားသည်။
ကောင်းကင်ယံတွင် လွင့်မျောနေသော တိမ်အလွှာများ ရှိပြီး ၊ ရွှေရောင် မှော်သင်္ကေတများဖြင့် စုစည်းထားသော ဗုဒ္ဓရုပ်သွင် တစ်သွင် ရှိနေခဲ့သည်။
ရွှေကြာပန်းပေါ်တွင် ထိုင်နေသော ဗုဒ္ဓသည် ပန်းတစ်ပွင့်ကို ကိုင်ဆောင်ကာ ပြုံးပြနေသည်။
ကံကြမ္မာ ဧကရာဇ်လက်နက်များဖြင့် တိုက်ခိုက်စစ်ဆင်မှုသည် ကြည့်ရှုသူများကို မှင်သက်သွားစေသည်။
ဤကောင်းကင်ထိန်း ကျောက်စာတိုင်သည် နဝမ အဆင့်ရှိ ဧကရာဇ်လက်နက်ဖြစ်သော်လည်း၊
သို့သော် ကံကြမ္မာ ဧကရာဇ်လက်နက်လေးပါးနှင့် ယှဉ်ပြိုင်ဖို့ရာ အနည်းငယ် မလုံလောက်သေးဘူး ဟု သူတို့အားလုံး ယူဆမိသည်။
" သတ္တုအပိုင်းအစ လေးခုလောက်ကို ကိုင်တွယ်ဖြေရှင်းဖို့ ဘာလို့ တခြားဧကရာဇ်လက်နက်ကို သုံးနေရဦးမှာလဲ "
"ဒီနေ့ မင်းတို့ရဲ့ သတ္တုအပိုင်းအစ လေးခုကို အစိတ်စိတ်အမြွှာမြွှာ ဖြတ်တောက် ပေးလိုက်မယ်!"
ကံကြမ္မာ ဧကရာဇ်လက်နက်ကို ကိုင်ဆောင်ထားသော သူများ၏ ဝိုင်းရံခြင်းကို ခံထားရသော ပါ့ချန်ဘိုးဘေး၏ မျက်လုံးများမှာ တောက်ပနေ၏။
သူသည် ကောင်းကင်ထိန်း ကျောက်စာတိုင်ကို အသက်သွင်းရန် မန္တန်ကို ရွတ်ဆိုလိုက်သည်။
"ဖွဲ့!"
ပါ့ချန်ဘိုးဘေး၏ စကားအဆုံးတွင် ၊ ကောင်းကင်ထိန်း ကျောက်စာတိုင် ထံမှ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
နိယာမတရား၏ ဝိညာဉ်စွမ်းအားများသည် အရူးအမူး တသိမ့်သိမ့် ရိုက်ခတ်တုန်လှုပ်လာခဲ့သည်။ ရောင်စဉ်လေးသွယ် အာကာသမှ ဆင်းသက်လာပြီး ကောင်းကင်ထိန်း ကျောက်စာတိုင်အား ဝန်းရံထားသည်။
မြင့်မြတ်သော လမ်းစဉ်၏ နိယာမတရားများ စိမ့်ဝင်ကာ၊ ရှေးအက္ခရာလေးလုံး ဖြစ်ပေါ်လာခဲ့သည်။
ဤရှေးအက္ခရာ လေးလုံးတို့သည် ထွန်းလင်းတောက်ပလျက် ၊ အတိတ်နှင့် ပစ္စုပ္ပန်ကို ဖော်ဆောင်သည့် ထာဝရရောင်ဝါများဖြင့် ဝင်းထိန်နေသည်။
ဤရှေးအက္ခရာ လေးလုံးကို မြင်သူတိုင်း အံ့အားသင့်သွားကြသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။
သူတို့ စကားမပြောချင်တာ မဟုတ်ဘဲ ၊ ဤရှေးအက္ခရာလေးလုံးသည် အလွန်ကို အစွမ်းထက်သောကြောင့်ပင် ဖြစ်သည်။
ပေါ်ထွက်လာရုံဖြင့် ၊ ထာဝရ လမ်းစဉ်များကို ချိုးနှိမ်ပစ်နိုင်သည့် စွမ်းအားမျိုး ရှိသည်။
"လေ、မိုးကြိုး、ရေ、မီး, နှိပ်ကွပ်စေ!”
သူ ရေရွတ်ပြီးသည်နှင့် တပြိုင်နက် ၊ အက္ခရာ လေးလုံးသည် ကောင်းကင်သို့ ဆန်တတ်သွားသော အလင်းတန်းတစ်ခုကဲ့သို့ ပို၍ ပြိုးပြိုးပြက်ပြက် တောက်ပလာပြီး၊ ကံကြမ္မာ ဧကရာဇ်လက်နက် လေးမျိုးထံသို့ ဦးတည်သွားခဲ့သည်။
အပိုင်း(၁၉၃): ဧကရာဇ်လက်နက် လေးခုစလုံး ကွဲအက်သွားခြင်း
ရှေးအက္ခရာ ' လေ ' မှ မုန်တိုင်းမျက်စိကို ဖန်တီးခဲ့ပြီး ၊ ယင်း၏ စွမ်းအားသည် အာကာသကိုပင် ကွဲအက်သွားစေသည်။
ရှေးအက္ခရာ 'မီး'သည် အဖျက်သူတော်စင်မီးလျှံများကို ဆင့်ခေါ်ခဲ့ပြီး ၊ ဖြတ်သန်းသွားလေရာ နေရာတိုင်း ဟင်းလင်းပြင်တို့သည် အရည်ပျော်ကာ လောင်ကျွမ်းရပေသည်။
.....
ရှေးအက္ခရာ လေးလုံးမှ အလွန် အစွမ်းထက်သော စွမ်းအားများဖြင့် ပေါက်ကွဲထွက်ပေါ်လာပြီး ၊ ပြိုင်ဘက်၏ စွမ်းအားများကို ဖြိုခွင်းလိုက်သည်။
ဝုန်း --
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကြီးမားသော ရှေးအက္ခရာ လေးလုံး နှင့် ကံကြမ္မာဧကရာဇ်လက်နက် လေးခု တို့ ပြင်းထန်စွာ ထိပ်တိုက် ဆုံတွေ့ခဲ့သည်။
မတူညီသော စွမ်းအားလေးမျိုးသည် သက်တံသဖွယ် နေမှတဆင့် ကောင်းကင်ကို ဖြတ်ကျော်ကာ လင်းလက်နေသည်။
ယင်းစွမ်းအားများသည် မပျက်စီးနိုင်သော အင်အားတစ်ခုကဲ့သို့ ပြင်းထန်ပေသည်။
"ငါ့ရဲ့ နဂါးဧကရာဇ်ဓားက ဒီရှေးအက္ခရာတွေထက် ဘယ်လိုလုပ် နိမ့်ကျနိုင်မှာလဲ!"
နဂါးကျွန်းသခင်သည် ဒေါသတကြီး ပြောဆိုလိုက်ပြီး ၊ ပို၍အစွမ်းထက်သော စွမ်းအားများဖြင့် ပေါက်ကွဲရန် သူအစွမ်းရှိသမျှ အစွမ်းကုန် အသက်သွင်းလိုက်သည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် တည်ရှိနေသော နဂါးစွမ်းအင်တို့သည် မရေမတွက်နိုင်သော နဂါး အရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ၊ ၎င်းတို့၏ မြည်ဟိန်းသံသည် ပဲ့တင်ထပ်လျက် ရှိသည်။
ကောင်းကင်ကို လွှမ်းမိုးထားသော နဂါးစွမ်းအင်တို့သည် သူ့ရှေ့က ရှေးအက္ခရာများကို အပြီးတိုင် ချေမှုန်းပစ်မည်ဟု ကတိသစ္စာပြုလို့ နေသည်။
တခြားတစ်ဖက်ရှိ ထျန်းရှန်းဂိုဏ်း ၊ ရှောင်ရှီထျန်း နှင့် ဖီးနစ်လှိုဏ်ဂူတို့သည်လည်း ကံကြမ္မာ ဧကရာဇ် လက်နက်ကို အသက်သွင်းရန် ၎င်းတို့၏ စွမ်းအားများကို အလုံးစုံ အသုံးပြုခဲ့သည်။
ယခုအခိုက်အတန့်တွင် ၊ သူတို့ ဘာကိုမျှ ဂရုမစိုက်နိုင်တော့ချေ။
အကယ်၍ သူတို့ရှုံးခဲ့ရင် ၊ အဆုံးမဲ့ငရဲက သူတို့ကို ကြိုဆိုနေလိမ့်မည်ပင်။
ကျွီ —
ကျယ်လောင်သော ဖီးနစ်အော်ဟစ်သံသည် ကောင်းကင်ယံတွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ၊ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်မီးလျှံများသည် ဖီးနစ်ပုံစံအဖြစ်သို့ တစ်ဖန် ပြောင်းလဲသွားခဲ့ပြန်သည်။
အနှိုင်းမဲ့ မီးလျှံများ တောက်လောင်နေသော ဖီးနစ်ဌက်သည် ရှေးအက္ခရာ 'မီး' ဆီသို့ ဦးတည်သွားပြီး ၊ သူတို့ကြားက ကွာခြားချက်ကို ပြသဖို့ ကတိသစ္စာပေးနေလေ၏။
ရှောင်ရှီထျန်း၏ ဗုဒ္ဓပုတီးစေ့ သည်လည်း ပို၍ ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပေါက်ကွဲလာခဲ့သည်။
ဗုဒ္ဓ၏ ရောင်ခြည်တော် စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ၊ အမျက်ဒေါသထွက်နေသော ရွှေဝါရောင် ဗုဒ္ဓရုပ်ထုသည် ဝရဇိန်လက်နက်ကို ကိုင်မြှောက်လျက် ရှေးအက္ခရာ"မိုးကြိုး "ဆီသို့ တိုက်ရိုက် ထိုးနှက်လိုက်သည် ။
ထျန်းရှန်း ဂိုဏ်း၏ ဝမ်လီရှန်းဟယ် မြေပုံ မှာလည်း အသက်ဝင်လာခဲ့ပြီ ဖြစ်ရာ ၊ ကောင်းကင်တွင် ခရမ်းရောင် စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
ခရမ်းရောင် စွမ်းအင်များသည် ဧရာမ တောင်းတန်းကြီး သဖွယ် ဖြစ်ပေါ်လာပြီး ၊ ရှေးအက္ခရာ " လေ " ကို နှိပ်ကွပ်လိုက်သည်။
" နုံအလွန်းတယ် "
ပါ့ချန်ဘိုးဘေးသည် ရွဲ့စောင်းနေသော အကြည့်များဖြင့် ဆိုလိုက်သည်။ ကောင်းကင်ထိန်း ကျောက်စာတိုင် လုံးဝ အသက်ဝင်လာခြင်းသည် အမတ လက်နက်၏ ဖြစ်တည်မှုနှင့် လုံးဝ နှိုင်းယှဉ်နိုင်သည်။
ကံကြမ္မာ ဧကရာဇ်လက်နက် လေးမျိုးတင် မဆိုနှင့် ၊ နဝမအဆင့် လက်နက်တောင် စကားထည့်ပြောစရာ မလိုပေ။
ဟာသပဲ !
ပါ့ချန်ဘိုးဘေးသည် သူ့လက်ဖြင့် ကောင်းကင်ထိန်း ကျောက်စာတိုင်ကို တစ်ဖန် အသက်သွင်းလိုက်သည်။
ကောင်းကင်ထိန်း ကျောက်စာတိုင်သည် ထပ်မံ တုန်ခါလာပြီး ၊ နတ်အလင်းရောင်တို့သည် တဖျပ်ဖျပ် လင်းလက်ကာ ဖိနှိပ်စွမ်းအားတို့သည် ပိုမို၍ ပြင်းထန်လာခဲ့သည်။
"ပေါက်ကွဲစေ"
စကားသံ၏ အဆုံးတွင် ၊ ရှေးအက္ခရာ လေးလုံးသည် ပို၍ပင် ကြောက်စရာကောင်းသော စွမ်းအားများဖြင့် ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာသည်။
ရှေးအက္ခရာများ၏ ဘေးပတ်ပတ်လည်တွင် ရှိနေသော တာအိုလမ်းစဉ်၏ နတ်အလင်းရောင်များသည် အကန့်အသတ်မဲ့ သေးငယ်သော အက္ခရာငယ်များ အဖြစ်သို့ ပြောင်းလဲသွားသည်။
ဘုန်း ဘုန်း!
ကြီးမားသော ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ခဲ့ပြီး ၊ ယင်းအရာသည် အဖျက်စွမ်းအားလေးခုကို လွှမ်းခြုံသွားခဲ့သည်။
ကောင်းကင်ယံတွင် အရောင်လေးမျိုး ဆေးခြယ်ထားသည့်အတိုင်း ။
" အားးးး..."
ကျယ်လောင်သော ပေါက်ကွဲသံများကြားတွင် ၊ ရင်ကွဲမတတ် အော်သံများကို ကြားနေရသည်။
အကယ်၍ တစ်စုံတစ်ယောက်သာ ဤပေါက်ကွဲမှု ဖြစ်စဉ်ထဲက ပြောင်းလဲမှုကြီးကို မြင်တွေ့ခဲ့မည်ဆိုပါက ၊
သူတို့၏ အမူအယာများမှာ သေချာပေါက် ပြောင်းလဲသွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အင်အားစုကြီး လေးစု၏ ကံကြမ္မာ ဧကရာဇ်လက်နက်သည် ယခုအခိုက်အတန့်တွင် ဖြည်းဖြည်းချင်း အက်ကွဲစပြုလာခဲ့ပြီ ဖြစ်သည်။
...
စကြဝဠာအတွင်းရှိ အနက်ရှိုင်းဆုံး အပိုင်း၌ ၊
တိုက်ပွဲများ ဆက်တိုက် ဖြစ်နေခဲ့သည်။
သို့သော် ၊ တိုက်ပွဲဖြစ်ပွားနေသည့် ဤနေရာ တစ်ခုလုံးကို အနီရောင်များဖြင့် ဆေးခြယ်ထားလျက် ရှိသည်။
ကံအကြောင်းတရားတို့၏ စွမ်းအားသည် ကမ္ဘာမြေပြင်ပေါ်သို့ ပြန်လည်သက်ဆင်းခဲ့ရပြီး ၊ မြင့်မြတ်သော လမ်းစဉ်တို့မှာ ငိုကြွေးနေလေ၏။
ဤဖြစ်စဉ်ကို ဧကရာဇ်မင်းတို့၏ ကျဆုံးခြင်း ဟု ခေါ်ဆိုသည်။ ဧကရာဇ်မင်းတစ်ပါး ကြွေလွှင့်သွားသည်နှင့် ၊ သူ့သက်တမ်းအတွင်း ရရှိခဲ့သော ကံအကြောင်းတရားတို့သည် ကမ္ဘာမြေပြင်ပေါ်သို့ ပြန်လည် ရောက်ရှိသွားပေလိမ့်မည် ။
ယင်းအရာများသည် သက်ရှိသတ္တဝါများကို ပြန်လည် မွေးမြူပေးမည် ဖြစ်သည်။
" ပိုင်ကျန့် မင်းဖြစ်လား မဖြစ်ဘူးလား?"
" မင်း မလုပ်ရင် ၊ ငါကိုယ်တိုင် ဝင်ပါတော့မှာ"
တိ့ကျန့် ဧကရာဇ်မင်းက ပျင်းရိပျင်းတွဲဖြင့် ဆိုလိုက်သည်။
အချိန်အတော်ကြာ တိုက်ပွဲဝင်ပြီးနောက်၊ တဖက်ရန်သူ၏ ဧကရာဇ်ငါးပါးကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သော်လည်း သူတို့ဘက်က တစ်ဦးတစ်ယောက်မျှ မကျရှုံးသေးပေ ။
ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဧကရာဇ်မင်းတွေကြ ဘာလို့ မကျရှုံးတာတုန်း!?
ဒါ မေးခွန်းကောင်းပဲ !
အကြောင်းမှာ ကွေးယွမ်၏ ဧကရာဇ်မင်းများ အကြပ်အတည်း ကြုံတိုင်း တိ့ကျန့်ဧကရာဇ်မင်းက ကြားဖြတ် ကူညီပေးခဲ့သောကြောင့်ပင် ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရသော် ၊ ပြင်ပ အကူအညီကို လက်ခံရရှိခဲ့ခြင်းကြောင့် ဟု ဆိုရမည်။
အဓိကတော့ ဤဆရာကြီးအုပ်စုသည် သူတို့ဧကရာဇ်မင်းများကို ကစားနေခြင်းပင် ဖြစ်သည်။
ယင်းအပြုအမှုသည် အင်အားစုများ၏ ဧကရာဇ်မင်းများကို အမျက်ဒေါသ ဖြစ်အောင် နှိုးဆွပေးနေသလိုပင်။
ကွေးယွမ်ကဟာတွေ သူတို့ကို သဲအိတ်လို သဘောထားနေတယ်ဆိုတာ မသိဘဲရှိမလား?
" ကွေးယွမ်ကဟာတွေ လူကို အရမ်းအနိုင်ကျင့်လွန်းတယ်!"
နတ်နဂါးကျွန်းစု၏ ဧကရာဇ်မင်းတစ်ပါးက အေးစက်စွာ ဆိုလိုက်သည်။
ကံကြမ္မာ ဧကရာဇ်လက်နက်တို့သည် တစ်စုံတစ်ခု ဖြစ်ပျက်နေပြီမှန်း သူ ခံစားမိသည်။၎င်းတို့သည် ပြင်းထန်သော ထိုးနှက်ချက်ကို ခံခဲ့ရပုံပေါ်သည်။
သူသည် ဤနေရာကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းပြီး အမြန်ပြန်ရမည် ဖြစ်သည်။
သို့မဟုတ်ပါက ၊ နတ်နဂါးကျွန်းစုတွင် အန္တရာယ် ကျရောက်နိုင်သည်။
" ပိုင်ကျန့် ဧကရာဇ်မင်းရဲ့ ခန္ဓာက သန်မာလွန်းတယ် ၊ သူ့ရဲ့ စိတ်ဝိညာဉ်ကို တိုက်ခိုက်ကြည့်ရအောင် "
အသံပိုင်ရှင်မှာ ထျန်းရှန်း ဂိုဏ်း၏ ဧကရာဇ်မင်း ဇီယင် ဖြစ်သည်။
သူသည် တိုက်ပွဲများစွာ အပြီးတွင် ၊ ပိုင်ကျန့် ဧကရာဇ်မင်း၏ ချို့ယွင်းချက်ကို တွေ့ရှိခဲ့သည်။ ပိုင်ကျန့် ဧကရာဇ်မင်း၏ စိတ်ဝိညာဉ်ကို အနိုင်ယူနိုင်သ၍ ၊ ၎င်းအနေဖြင့် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
"အွန်း...အဲဒါ အကြံကောင်းပဲ"
" ဒီတိုက်ပွဲ အပြီးသတ်ရလိမ့်မယ်"
ပိုင်ကျန့် ဧကရာဇ်မင်း၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု လှစ်ဟသွားသည်။သူသည် အချိန်အတော်ကြာ တိုက်ခိုက်ပြီးနောက် ၊တဖက်လူ၏ လှုပ်ရှားမှုများကို နားလည်ခဲ့သည်။
သို့ဖြစ်၍ ဤသဲအိတ်များကို ဖျက်စီးဖို့ အချိန်ရောက်လာခဲ့ပြီ ဖြစ်သည်။
ဘုန်း! !
ပိုင်ကျန့်ဧကရာဇ်မင်းထံမှ ကြောက်မက်ဖွယ်ရာ ကောင်းသော ဖိနှိပ်စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
သူ၏ နောက်တွင် နေနတ်ဘုရားနှင့်တူသော ရုပ်အသွင်သဏ္ဍာန် တစ်ခု ထွက်ပေါ်လာခဲ့သည်။
နေရောင်ကဲ့သို့ တောက်ပစွာ ဝင်းလက်နေသော အလင်းရောင်သည် ဤနေရာတစ်ခုလုံးကို ဝါးမျိုသွားခဲ့သည်။
အချိန်အတိုင်းအတာတစ်ခုအထိ၊ ဤကြယ်တာယာ ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သည်။
" စစ်ပွဲတစ်ရာကို ဖော်ဆောင်သော မှော်ပညာ!"
ဤအခိုက်အတန့်တွင်၊ ပိုင်ကျန့်ဧကရာဇ်မင်း၏ နောက်တွင် ရှိနေခဲ့သော နေနတ်ဘုရား၏ မျက်လုံးများမှ ကြောက်မက်ဖွယ်ကောင်းသော ရောင်စဉ်တန်းများ ထွက်ပေါ်လာခဲ့သည်။
နေရောင်ခြည်နှစ်စင်းသည် ဇီယင် ဧကရာဇ်မင်း၏ ကိုယ်ပေါ်သို့ တိုက်ရိုက်ကျရောက်လာသည့်အတိုင်း။
ဧကရာဇ်မင်း၏ ကိုယ်ခန္ဓာသည် မသေမျိုးခန္ဓာ ဖြစ်လျက်သားနဲ့ ၊ ထိုနတ်ဘုရား၏ ရောင်စဉ်တန်းသည် သူ့ကို ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ဒါနဲ့တင် မပြီးသေးပေ ။
နေနတ်ဘုရား၏ ရင်ဝ၌ တကယ့် နေတစ်စင်း ပေါ်ထွန်းလာခဲ့သည် ။အနှိုင်းမဲ့ အဖျက်စွမ်းအားများ ရှိသော နေရောင်ခြည် မုန်တိုင်းတစ်ခု ပါဝင်နေပုံရသည်။
ပိုင်ကျန့် ဧကရာဇ်မင်းသည် လက်သီးတချက်ဖြင့် ထိုးနှက်လိုက်သည်နှင့် ၊ သူ့နောက်က နေနတ်ဘုရား၏ ပုံရိပ်သည် နေကို ကိုင်ထားရင်း ဇီယင် ဧကရာဇ်မင်း ရှိရာဘက်ခြမ်းသို့ တိုက်ရိုက် ထိုးနှက်လိုက်သည်။
" ခရမ်းဓား ကမ္ဘာကို ချိုးဖျက်ခြင်း!"
ဇီယင် ဧကရာဇ်မင်းသည်လည်း အားနည်းသူ တစ်ယောက် မဟုတ်ပေ။ဧကရာဇ်မင်း တစ်ပါး ဆိုသည့်အတိုင်း အလွန်အစွမ်းထက်ပြီး လွယ်လွယ်ကူကူ သေရန် ဆန္ဒမရှိချေ။
သူသည် လက်ဖြင့် စေညွှန်လိုက်ရာ ၊ မရေမတွက်နိုင်သော ခရမ်းရောင် စွမ်းအင် မှော်သင်္ကေတများသည် အဆုံးမရှိသော မှော်အက္ခရာများ အဖြစ် ပြောင်းလဲသွားပြီး တုန်ရီနေသည်မှာ ခရမ်းရောင်စွမ်းအင်များ ပြည့်နှက်နေသည့် သမုဒ္ဒရာကြီးအလား အောက်မေ့ရသည်။
ဤခရမ်းရောင်စွမ်းအင်များ ပြည့်နှက်နေသည့် သမုဒ္ဒရာကြီးသည် တစ်ဖန် လှိုင်းထန်လာခဲ့ပြီး အနှိုင်းမဲ့ ဓားစွမ်းအင် မုန်တိုင်းကြီး အဖြစ်သို့ ပြောင်းလဲကာ နေနတ်သားနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။
သို့သော် ဤခရမ်းသမုဒ္ဒရာကြီးသည် နောက်ဆုံးတွင် အားလျော့သွားခဲ့သည်။
ဓားစွမ်းအင် နှင့် နေရောင်ခြည် မုန်တိုင်းတို့ ထိပ်တိုက် ဆုံတွေ့သည့်အခါဝယ် ဓားစွမ်းအင်တို့သည် အရည်ပျော်ကျကာ ပေါက်ကွဲစပြုနေခဲ့ပြီ ဖြစ်သည်။
အရာအားလုံး ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားပေတော့မည်။
နေနတ်ဘုရား၏ အရိပ်သည် မတည်မငြိမ် ဖြစ်နေပြီး ၊ ထိုဧရာမ နေလုံးကြီးသည် ဇီယင်ဧကရာဇ်မင်း ရှိရာသို့ တိုက်ရိုက် ထိမှန်သွားသည်။
ဝုန်း —
အဆုံးမဲ့ နေရောင်ခြည်မုန်တိုင်းသည် ကောင်းကင်သို့ တဟုန်ထိုး တက်လာခဲ့ပြီး ၊ ဇီယင်ဧကရာဇ်မင်းသည်လည်း ၎င်း၏ ထိုးနှက်မှုကို ခံလိုက်ရသည်။
"အားလုံး အတူတူတတ် !"
" လမ်းစဉ် ကျရှုံးခြင်း!"
" ဆီးနှင်းခဲ၏ အအေးဓာတ်!"
" သတ်ဖြတ်ခြင်း မိုးကြိုး!"
ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော အသံများ ထွက်ပေါ်လာသည်။
နောက်အခိုက်အတန့်တွင် ၊ ဧကရာဇ်မင်း သုံးပါးစလုံး ရောက်ရှိလာကြသည်။
အလွန် ထိတ်လန့်တုန်လှုပ်စရာကောင်းသော မုန်တိုင်း တိုက်ပွဲကြီး ဖြစ်ပေါ်လာခဲ့သည် ။
ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်မင်းတို့၏ မှော်စွမ်းအားများ တစ်ဖန် ထွက်ပေါ်လာပြီး ၊ စုံတွဲ နှစ်တွဲသည် ပိုင်ကျန့် ဧကရာဇ်မင်း တည်ရှိရာအရပ်ဆီသို့ ဦးတည်လာကြသည်။
သို့သော် ပိုင်ကျန့်ဧကရာဇ်မင်းသည် မည်မျှတောင် အစွမ်းထက်လေသနည်း။
ဤကမ္ဘာပေါ်တွင် ဧကရာဇ်မင်း အဆင့် ကိုးဆင့်ရှိပြီး ၊ ပထမအဆင့်မှာ အားအကောင်းဆုံး ဖြစ်ပြီး နဝမ အဆင့်မှာ အညံ့ဆုံး ဖြစ်သည်။
[ T/N - အဆင့်ခွဲပြရရင် -အထက်တန်း ပထမအဆင့်၊အထက်တန်း ဒုတိယအဆင့်၊အထက်တန်း တတိယအဆင့် ၊
အလယ်တန်း ပထမအဆင့် ၊အလယ်တန်း ဒုတိယအဆင့် ၊အလယ်တန်း တတိယအဆင့်၊
အောက်ဆုံး ပထမအဆင့် ၊အောက်ဆုံး ဒုတိယအဆင့်၊ အောက်ဆုံးတတိယ အဆင့် ဆိုပြီး ရှိပါတယ် : ပထမ ထာဝရ တိုက်ပွဲတုန်းက ဖော်ပြပြီးသား ]
ပိုင်ကျန့်ဧကရာဇ်မင်းသည် ဒုတိယအဆင့်တွင် ရပ်တည်နေသူ ဖြစ်သည်။
တိ့ကျန့် ဧကရာဇ်မင်း နှင့် ဟွမ်ထျန်း ဧကရာဇ် ပြီးလျှင် ဒုတိယ အဆင့် ဖြစ်သည်။
" ပျက်သုန်းခြင်း!"
ပိုင်ကျန့် ဧကရာဇ်မင်းက တီးတိုးရွတ်ဆိုလိုက်သည်။
ဝုန်း --
သူ့ နောက်မှ နေနတ်သား အရိပ်သည် ပို၍ ပြင်းထန်သော နေရောင်ခြည် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ရွှေရောင်အလင်းတန်းများက ဝန်းရံလို့ထားသည် ။
အဆုံးမရှိသော နေရောင်ခြည် မုန်တိုင်းကြီးသည် ဟင်းလင်းပြင်ထဲသို့ အတူတကွ စုရုံးလာကြသည်။
အပြင်ဘက်တွင် တိုက်ပွဲဝင်နေကြသော တိုက်မြေ သုံးထောင် မှ လူများသည်လည်း တိုက်ခိုက်နေရာမှ ရပ်တန့်သွားကြပြီး ၊စကြဝဠာ၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ တညီတညွတ်တည်း မျှော်ကြည့်နေကြသည်။
လူတိုင်း ထိတ်လန့်မှုအပြည့်ဖြင့်။
ထိုနေရာတွင် မရေမတွက်နိုင်သော မှော်သင်္ကေတများ စုဝေးနေကြပြီး အလွန် ကြီးမားသော တောက်ပသော နေတစ်စင်းကို ဖန်ဆင်းနေသည်ကို မြင်လိုက်ရသည်။
အလှမ်း ဝေးကွာသော်လည်း ၊ ထိုကောင်းကင်ယံထက်က ပူပြင်းသော စွမ်းအားကို သူတို့ ခံစားမိသည်။
ပိုင်ကျန့်ဧကရာဇ်မင်းသည် သူ့ ညာဖက်လက်ကို ဆန့်ထုတ်လိုက်သည်နှင့် ၊ သူ၏ နောက်တွင် ရှိနေသော နေနတ်ဘုရား သည် နေလုံးကြီးကို မြှောက်တင်ထားသည့်အတိုင်း အပေါ်သို့ တလိပ်လိပ် ထိုးတတ်လာခဲ့သည်။
ဤဖိနှိပ်စွမ်းအားသည် လူကို အသက်ရှုကျပ်စေသည်။
ဒုန်း —
ပြင်းထန်သော နှိပ်ကွပ်မှုနှင့် အတူ ၊ ပိုင်ကျန့် ဧကရာဇ်မင်းသည် တဖက်က ဧကရာဇ်မင်း သုံးပါးကို တိုက်ရိုက် ထိုးနှက်လိုက်သည်။
တခဏအတွင်းမှာပင်၊
ကြောက်မက်ဖွယ်ရာ ကောင်းသော နေရောင်ခြည် မုန်တိုင်းကြီးသည် ကြယ်တာယာ ကောင်းကင်ကြီးကို လုံးလုံးလျားလျား ဖျက်ဆီးလိုက်ခဲ့လေပြီ။
ကြယ်စင်များ ကြွေကျလျက် ၊ ပြင်းထန်သော နေရောင်ခြည် မုန်တိုင်းကြီးသည် ဤနေရာတစ်ခုလုံးကို အရည်ဖျော်ချလိုက်သလိုပင်။
နက်ရှိုင်းသော အာကာသ အက်ကွဲကြောင်းတို့သည် အရာအားလုံးကို ဝါးမျိုသွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ နေမှ အသွင် ဖြစ်တည်လာသော နေရောင်ခြည် မုန်တိုင်းကြီးသည် မြင့်မြတ်သော လမ်းစဉ်တို့ကို ဖြတ်ကျော်ဝင်ရောက်သွားခဲ့သည်။
အပိုင်း(၁၉၄): အမတ ပုဂ္ဂိုလ် ၊ ဇာစ်မြစ်ကို ဖျက်စီးခြင်း တိုက်ပွဲ
အပြင်ဘက်က တိုက်ပွဲသည်လည်း အရှိန်အဟုန် မြင့်တက်လျက်ရှိသည်။
ဤအရာအားလုံး၏ အကြောင်းရင်း ဖြစ်သော စူးချန်ကဲမှာမူ သာယာနေပုံရသည်။
သူ၏ညာလက်တွေ ရောင်စုံငါးသွယ် ဖြာထွက်နေသော သွေးတစ်စက် ရှိနေသည်။
ဤသည်မှာ စူးချန်ကဲ ဖွဲ့စည်းထားသော သူတော်စင် ခန္ဓာကိုယ် သွေးအနှစ်သာရ တစ်စက်ပင် ဖြစ်သည်။
" ပထမ တကြိမ်တည်းနဲ့ တန်းအောင်မြင်ခဲ့တယ်ပေါ့ ?ကြည့်ရတာ ငါ့ရဲ့ အရည်အချင်းက ထင်ထားတာထက် ပိုအားကောင်းပုံရတယ် "
စူးချန်ကဲ မသိခဲ့သည်မှာ ၊ ဤကဲ့သို့ ပထမဆုံးအောင်မြင်ရခြင်း အကြောင်းရင်းမှာ သူ၏ ဒဏ္ဍာရီလာ တားမြစ်ခန္ဓာကိုယ်ထည် ဖြစ်သည့် ကံကြမ္မာနတ္ထိကိုယ်ထည် ကြောင့်သာ ဖြစ်သည်။
( T/N - အပိုင်း(၉၈)မှာ အပြည့်အဝ မနိုးထသေးတဲ့ ကံကြမ္မာနတ္ထိကိုယ်ထည် အကြောင်း ပါခဲ့ဖူးတယ်)
သူတော်စင် ကိုယ်ခန္ဓာများစွာ သူ၏ ခန္ဓာကိုယ်အတွင်း၌ သဟဇာတ ဖြစ်နေရသည့် အချက်မှာလည်း ကံကြမ္မာနတ္ထိကိုယ်ထည်၏ ကျေးဇူးကြောင့်သာ ဖြစ်သည်။
" အနှိုင်းမဲ့ သုတ္တန်က အမှောင်ထုရဲ့ တိုက်စားခြင်းကို ခံလိုက်ရပြီမလား?"
စူးချန်ကဲသည် သူ၏လက်ထဲက သွေးစက်ဖြင့် အနှိုင်းမဲ့ သုတ္တန်ပေါ်သို့ ရိုက်ချလိုက်သည်။
အနှိုင်းမဲ့ သုတ္တန်တစ်ဝိုက်တွင် မူလက တည်ရှိနေခဲ့သော အမှောင်ထု၏ အငွေ့အသက်များသည် တလိပ်လိပ် ဆူပွက်လာခဲ့သည်။
ကွဲအက်သံ !
မူလက အမှောင်ထု၏ အငွေ့အသက်ဖြင့် ဖုံးကွယ်ထားခံရသည့် အနှိုင်းမဲ့သုတ္တန်သည် အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာခဲ့ပြီး တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။
ကြေးဝါဗိမ္မာန် တစ်ခုလုံး ရွှေရောင်များက ဆေးဆိုးထားလေသည်။
ပြိုးပြိုးပြက်ပြက် ဝင်းလက်တောက်ပသွားပြီးနောက်တွင် ၊
သူ့ရှေ့က မြင်ကွင်းသည် ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။
ဤအခိုက်အတန့်တွင် သူသည် မြူခိုးများဖုံးလွှမ်းနေသော ဥယျာဉ်တစ်ခုထဲသို့ ရောက်ရှိသွားပုံရသည်။
သူနှင့် ဆန့်ကျင်ဘက်တွင် အမျိုးသားတစ်ယောက်သည် ဗျပ်စောင်းကို တီးခတ်နေသည်။
ဗျပ်စောင်းသံစဉ်တို့သည် ငြိမ့်ညောင်းစွာ လွင့်မြောနေသည်။
ထိုလူ၏ မျက်နှာသွင်ပြင်သည် အလွန် မှုန်ဝါးနေသော်လည်း ၊ ယောင်ဝါးဝါး မြင်နေရဆဲပင် ဖြစ်သည်။
ထိုပုဂ္ဂိုလ်သည် အလွန်ချောမောပြီး နူးညံ့ပြေပြစ်သည်။
"ကောင်းကင်ဘုံက ကျောက်စိမ်းဖြူ မြို့တော်ကြီး၊ တစ်ဆယ့်နှစ်ထပ် နှင့် မြို့ငါးမြို့"
" အမတသည် ကျွန်ုပ်၏ ဦးခေါင်းထိပ်ကို ထိ၍ ဆံပင်ကို ဆွဲယူကာ ကျွန်ုပ်အား မသေမျိုး ဖြစ်အောင် ကောင်းချီးပေးခဲ့လေတည်း"
" အငယ်လေး ၊ ငါမင်းကို စောင့်နေတာ ကြာပြီ"
" ကျွန်တော်ကို စောင့် နေတာ...?"
စူးချန်ကဲ တစ်ယောက် မျက်မှောင်ကြုတ်သွားသည်။
ဒီ ကြေးဝါဗိမ္မာန်မှာ လူထူးဆန်းတစ်ယောက် ပိတ်မိနေတာများလား?။
" မင်း အပြင်မှာ တွေ့ခဲ့ရတဲ့ သူတော်စင် အလောင်း သုံးကောင်က တကယ်တော့ လမ်းစဉ်နိယာမတွေကို အောင်မြင်ပြီးချိန်မှာ ငါသတ်ခဲ့တဲ့ အလောင်း သုံး ကောင်ပဲ"
" သူတော်စင်ဖြစ်ဖို့ အလောင်းသုံးကောင်ကို သတ်တဲ့ နည်းကို ပြောနေတာလား?"
စူးချန်ကဲ ထိတ်လန့်သွားပြီး မေးလိုက်သည်။
"လူကြီးမင်း၊ ခင်ဗျားက အမတလား?"
"အမတ?"
ထိုလူက ဗျပ်စောင်းကို တီးရင်း ခေါင်းယမ်းကာ ပြုံးလေသည်။
"ငါ့ကို အမတ လို့ သတ်မှတ်လို့ မရတော့ဘူး"
" အမတ ဘုံ ပြိုကွဲသွားတာ ကြာပြီဆိုတာ ၊ မင်းလည်း သိမယ်လို့ ငါယုံကြည်တယ် "
"ဒါပေမယ့် တကယ်တော့၊ အမတ ဘုံဟာ လည်း တိုက်မြေ သုံးထောင်လိုပဲ ၊ တခြားကမ္ဘာကြီးကနေ ခွဲထွက်လာတာပဲ"
ထိုစကားများကို ကြားလိုက်ရချိန်တွင် ၊ မိုးကြိုးတစ်စင်းက သူ့၏ စိတ်နှလုံးသားကို ပစ်ချလိုက်သကဲ့သို့ပင်။
အမတဘုံကဘည်း တခြားကမ္ဘာကြီးကနေ ခွဲထွက်ထားတဲ့ဟာလား?
"ဒီကိစ္စက နက်နဲတယ် ၊ မင်းရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်က အားနည်းလွန်းတယ် "
"မင်းဧကရာဇ်မင်း ဖြစ်လာပြီး အမတလမ်းစဉ်ကို လျှောက်လှမ်းတဲ့အခါ မင်းလိုချင်တာ မှန်သမျှ သိလာရလိမ့်မယ် "
"ကမ္ဘာကပ်ဘေး စစ်ပွဲမတိုင်ခင် တိုက်ပွဲအကြောင်းကိုတော့ မင်းကို ငါ ပြောပြလို့ရတယ်"
"ကမ္ဘာ့ကပ်ဘေး စစ်ပွဲမတိုင်ခင် တိုက်ပွဲအကြောင်း?"
စူးချန်ကဲ ရုတ်တရက် တက်ကြွသွားသည်။
ကြင်နာမှု သူတော်စင်အရှင် အလောင်းကောင်က သူ့ကို ပြောဖူးခဲ့သည်။ ဒါပေမဲ့ ဒင်းက သူ့ကို ထောင်ချောက်ဆင်ဖို့ ကြံစည်နေခဲ့တယ်လေ!
ထိုအနှီ ပုဂ္ဂိုလ်၏ ရှေ့တွင် စူးချန်ကဲ သတိလက်လွတ်မဖြစ်ဝံ့ပေ။
သို့မဟုတ်ပါက ၊ ကျားကြောက်လို့ ရှင်ကြီးခိုး ၊ ရှင်ကြီး ကျားထက် ဆိုးနေပေလိမ့်မည်။
စူးချန်ကဲ၏ စိုးရိမ်ပူပန်မှုကို မြင်နေသကဲ့သို့ ထိုအနီပုဂ္ဂိုလ်သည် အပြုံးမပျက် ဆိုလိုက်သည်။။
" စိတ်မပူပါနဲ့ ငါ့ခန္ဓာကိုယ်က ကျိုးပဲ့နေတာကြာခဲ့ပြီ၊ လမ်းစဉ်ကို တန်ပြန် ဆန့်ကျင်နေရင်တောင်မှ အချိန်တစ်ခုကြာပြီးတာနဲ့ ငါ ပျောက်ကွယ်သွားလိမ့်မယ် "
သူက ခေတ္တရပ်ပြီး ၊ ဆက်ဆိုခဲ့သည်။
“ကမ္ဘာ့ကပ်ဘေးစစ်ပွဲ မတိုင်ခင်က တိုက်ပွဲကို ဇာစ်မြစ်ကို ဖျက်စီးခြင်း တိုက်ပွဲ လို့ ခေါ်တယ် "
"ဇာစ်မြစ်ကို ဖျက်စီးခြင်း တိုက်ပွဲ ?"
"ဟုတ်တယ်၊ အဲ့တာက အမတဘုံရဲ့ အထက်ကမ္ဘာနဲ့ ပတ်သက်တယ် "
"အဲ့ဒီလောက က လူတွေကသာလျှင် ကမ္ဘာကြီးကို အမှန်တကယ် လွှမ်းမိုးထားတဲ့ တည်ရှိမှုပဲ "
"လမ်းစဉ် က သူတို့ကြောင့် မွေးဖွားလာခဲ့တဲ့ အရာပဲ ၊ သူတို့ရဲ့ အတွေးတစ်ခုတည်းနဲ့ ကမ္ဘာကြီးရဲ့ အရာအားလုံးကို ဖန်တီးနိုင်တယ်"
"ဒါပေမယ့်...."
ထိုစဉ် ၊ ဤကမ္ဘာကြီး၏ ပျက်စီးခြင်း နိယာမတရားများက ဖြည်းဖြည်းချင်း စုဝေးလာခဲ့သည်။
ဤစွမ်းအား ရောက်လာမှုသည် အလွန် မြန်ဆန်လွန်းသည်။
တကယ်ကို ကြောက်စရာကောင်းလွန်းပေသည်!
စူးချန်ကဲ ပင်လျှင် နားမလည်နိုင်သော ကြောက်ရွံ့မှုတစ်ခုကို ခံစားခဲ့ရသည်။
ဤအရာကိုဖော်ပြရန် စကားမရှိပေ။
"တကယ်ပဲ?"
ထိုအချိန်တွင် ထိုအနှီ ပုဂ္ဂိုလ်၏ ခန္ဓာကိုယ်သည် ဖောက်ထွင်းမြင်နေရပြီး အချိန်မရွေး ပြိုကျလုနီးပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
"လူကြီးမင်း၊ ခင်ဗျား ..."
ဤမြင်ကွင်းသည် စူးချန်ကဲကို ပို၍ တုန်လှုပ်သွားစေခဲ့သည်။
သူသည် ထိုခေတ်မှ ကျန်ရှိခဲ့သော အမတ တစ်ပါး ဖြစ်ပြီး ၊ ဤရှေးလျှို့ဝှက်ချက်များကိုလည်း သိထားသူ ဖြစ်သည်။
မိုးကောင်းကင်၏ မှော်စွမ်းအားအလား ကြီးမားသည် ဟု တောင် ဆိုနိုင်သည်။
သို့သော် ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် စကားအနည်းငယ် ပြောရုံဖြင့် ၊ သူ၏ ဝိညာဉ်ပင်လျှင် ပျက်သုန်းရတော့မတဲ့လား?
ယင်းက သူ့ကို ထုံထိုင်းသွားစေသည်။
ဤဇာစ်မြစ်ကို ဖျက်စီးခြင်း တိုက်ပွဲတွင် လျှို့ဝှက်ချက် မည်မျှတောင် ရှိနေသနည်း။
"ကိစ္စမရှိဘူး..."
အချိန်အတော်ကြာခဲ့ပြီးနောက် ၊ ထိုအနှီ ပုဂ္ဂိုလ်က ဆို၏။သူ၏ လေသံမှာ အတော်လေး အားနည်းသွားပုံပေါ်သည်။
"ဒါ ငါ့ကံကြမ္မာပဲ "
“ဂိုဏ်းလည်း ပျက်သုန်းသွားပြီ ၊ အဲဒီစစ်ပွဲမှာ ငါ့ရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်း အားလုံး သုတ်သင်ခံခဲ့ရတယ်”
" ငါကတော့ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့တယ်၊ ခုလို ဖြစ်သင့်ပါတယ်"
စူးချန်ကဲရင်ထဲ၌ ခံစားချက်မျိုးစုံ ဝင်ရောက်လို့ နေ၏။
"တကယ်တော့၊ ဒီအဆုံးမရှိတဲ့ နှစ်ကာလတွေမှာ ငါ ပျောက်ကွယ်သွားသင့်တယ်၊ ဒါပေမယ့် အခု နောက်ဆုံးမှာတော့ ငါ ဆန္ဒရှိခဲ့တဲ့ မျှော်လင့်ချက်ရောင်ခြည်ကို တွေ့ခဲ့ရပြီ "
" လူကြီးမင်း ဘာကိုဆိုလိုတာလဲ"
စူးချန်ကဲ နားမလည်ခြင်း များစွာဖြင့်။ ဤစကားကို သူ အကြိမ်များစွာ ကြားဖူးသည်။
သူသည် အချိန်ခရီးသွား တစ်ယောက်သာဖြစ်သည်။
" စုပ်ယူ သူတော်စင် ခန္ဓာကိုယ် ၊ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ၊ ကောင်းကင်ဘုံ ခန္ဓာကိုယ် ၊ ကောင်းကင်ဘုံ အာဏာရှင် နဂါး ... မင်းရင်ဘတ်မှာ ရှိနေတဲ့ အရိုးတွေ..."
“ခေတ်အဆက်ဆက်မှာ လူ့ခန္ဓာကိုယ်မှာ ဒီလောက် များပြားတဲ့ ကိုယ်ထည်တွေကို ပိုင်ဆိုင်ထားတာ ဘယ်သူမှ မရှိဖူးဘူး "
"ငါ့ကို နားမလည်နိုင်စေတဲ့အရာက မင်းရဲ့ကံကြမ္မာ ၊ အကြောင်းတရားအကျိုး တရားရဲ့ သက်ရောက်မှုက ဒီကမ္ဘာကြီးပေါ်မှာ တည်ရှိမနေတာပဲ "
"ဒါကို ကြည့်ရရင် ၊ မင်းက မရှိသင့်တဲ့ လူတစ်ယောက်ဖြစ်ပြီး ၊မင်းရဲ့ကံကြမ္မာကလည်း ဗလာနိတ္ထိပြနေတာပဲ..."
သူ စကားမဆုံးသေးခင်။
ကြောက်မက်ဖွယ်ရာ ကောင်းသော ပျက်စီးခြင်း စွမ်းအားများက ဤနေရာ၌ တစ်ဖန် ပေါက်ဖွားလာပြန်သည်။
သူသာ ဆက်ပြောရဲရင် ဤကြောက်စရာကောင်းသော စွမ်းအားသည် သူ့ကို ချက်ချင်းလက်ငင်း ဖျက်စီးပစ်မည်ကို စိုးရသည်။
"ဘာမှပြောခွင့်တောင် မရှိဘူးလား?"
"ဟူး... ဒဏ္ဍာရီ ထဲကအတိုင်း ကြီးစိုးလွန်းတယ် "
ထိုစဉ် ၊ ထိုအနှီပုဂ္ဂိုလ်သည် အကြောင်းအရာကို ပြောင်းလိုက်သည်။
" ကောင်လေး ၊ မင်း ငါ့အမွေကို ဆက်ခံဖို့ ဆန္ဒရှိလား"
"အမွေလား?"
"ဟုတ်တယ်၊ မင်း သဘောတူလိုက်တာနဲ့ ငါ့ဘဝတစ်လျှောက်လုံး သင်ယူခဲ့သမျှဟာတွေတင် မကဘူး ၊ ဒီကြေးဝါဗိမ္မာန်မှာ ရှိတဲ့ အရင်းအမြစ်အားလုံးကို မင်းပိုင်ရလိမ့်မယ်"
"ဒါ့အပြင် ဒီကြေးဝါဗိမ္မာန်ကိုယ်တိုင်ကလည်း လျှို့ဝှက်ရတနာတစ်ခုပဲ ၊ အဲဒါကို အသက်သွင်းနိုင်မယ့် လျှို့ဝှက်နည်းလမ်းကိုလည်း မင်းကို ငါ သင်ပေးမယ် "
ဤကမ်းလှမ်းမှုကြီးကို ကြားရုံဖြင့် လူအများစုက သေချာပေါက် သဘောတူပေလိမ့်မည်။
ဒါပေမယ့် စူးချန်ကဲ က ဘယ်သူလဲ?
ကံကောင်းခြင်းရဲ့ သားတော် ၊သမီးတော်လေးတွေကို အမဲလိုက်လာတဲ့သူလေ ၊ ဒီလိုလုပ်ကွက်က သူနဲ့ ရင်းနှီးပြီးသားပဲလေ!
" လူကြီးမင်း ၊ ခင်ဗျား ကျွန်တော်ကို တစ်ခုခု လုပ်ခိုင်းမလို့လား?"
"ဥပမာ၊ ခင်ဗျားနဲ့ အဆင့်တူတဲ့လူကို သတ်ခိုင်းမှာလား?"
" ဒါပေမဲ့ ကျွန်တော် ကျင့်ကြံမှု အဆင့်က
အရမ်းကို အားနည်းနေတော့ ၊ အခက်အခဲရှိနိုင်တယ် "
သူ့ကို ကူလီလုပ်ခိုင်းနေတာလား?
မဖြစ်နိုင်ဘူး! လုံးဝ မဖြစ်နိုင်ဘူး!
သူသည် စနစ်၏ မစ်ရှင်ကိုလည်း အောင်မြင်ခဲ့သည့် အပြင် ၊
အနှိုင်းမဲ့ သုတ္တန်၏ အခန်း အပြည့်အစုံကိုလည်း အောင်မြင်စွာ ရရှိခဲ့ပြီးပြီ ဖြစ်သည်။
ယင်းအရာသည် ကြေးဝါဗိမ္မာန်၏ အရင်းအမြစ်များနှင့် သိပ်မကွာခြားဘူးလို့ သူ ယူဆထားသည်။
ထို့နောက် သူသည် အဆုံးမဲ့ အရိုးဖြူ ပင်လယ်ကိုလည်း သွားရပေဦးမည်။ သူခိုင်းတာ လုပ်ဖို့ ဘယ်က အချိန်ရှိမှာတုန်း!?
ထိုအနှီ ပုဂ္ဂိုလ်လည်း အံ့ဩသွားခဲ့သည်။
၎င်းသည် အပြုံးမပျက် ဆိုလိုက်သည်။
"ဟုတ်တယ် မင်း အရမ်းဉာဏ်ကောင်းတယ်"
" ငါ့တသက်တာမှာ ရရှိခဲ့တဲ့ နောင်တတွေကို ပြီးမြောက်စေချင်တယ် "
"မင်းရဲ့ အရည်အချင်းနဲ့ သာဆို နောက်အနာဂတ်မှာ အမတကို တတ်လှမ်းပြီး ထိပ်တန်းဖြစ်လာမှာ သေချာတယ် ၊ အဲဒီလူက အခု အစွမ်းထက်နေတယ် ဆိုရင်တောင် ၊ မင်းရဲ့ပြိုင်ဘက် ဖြစ်မယ်လို့ သေချာတာမှ မဟုတ်တာ "
"ပြီးတော့ မင်းငါ့ကို ကတိမပေးရင်၊ ဒီခွင်းလွင် တောင်ကနေ မင်း ထွက်သွားခွင့်မရမှာကို စိုးရတယ် "
" ဘာလို့လဲဆိုတော့ မင်းဝင်လာပြီး သိပ်မကြာခင်မှာဘဲ ခွင်းလွင် တောင်က ပိတ်သွားပြီ ၊ ငါ့ ကြေးဝါဗိမ္မာန်ရဲ့ အကူအညီနဲ့သာ မင်းလွတ်မြောက်ဖို့ အခွင့်အရေး ရနိုင်လိမ့်မယ် "
" ခွင်းလွင်တောင်က ပိတ်သွားပြီလား"
သေစမ်းဟဲ့ !
ဒီလိုနဲ့ ဇာတ်သိမ်းတော့မှာလား!
ခွင်းလွင် တောင်သည် နှစ်တသိန်းနေမှ တစ်ကြိမ်သာ ဖွင့်လှစ်သည် ဖြစ်ရာ ၊ သူ့ခမျာ အနှစ်တသိန်း ထောင်ကျရမည့်ကိန်း စိုက်နေခဲ့ချေပြီ။
အဲ့လိုသာဆို ရွှေခေတ်လည်း ပြီးဆုံးသွားရောပေါ့??
အမတဘုံ သွားဖို့ကရော?
စူးချန်ကဲတစ်ယောက် အတွေးပေါင်းစုံဖြင့် ။
" ထားလိုက်ပါတော့၊ ပြသနာရှိမှတော့ ဖြေရှင်းရုံပေါ့ "
" သဘောတူတယ် "
ကွေးယွမ် သူတော်စင် နယ်မြေသည် ဤကြေးဝါဗိမ္မာန်ကို ဖြိုခွင်းနိုင်မှန်း သိခဲ့ရင်ဖြင့်
ဒီသကောင့်သား နောင်တများ ရနေလိမ့်မည်လော။