← Chapters

အခန်း (၁၉၅-၁၉၉)

Vol. 14 Ch. 195-199

အခန်း (၁၉၅-၁၉၉)

Vol. 14 Ch. 195-199

အပိုင်း(၁၉၅): အမွေဆက်ခံမှု စာမေးပွဲ

“ကောင်းတယ် ၊ မင်းက သဘောတူပြီ ‌ဆိုမှတော့ ငါ့ကိစ္စ အကြောင်းကို ပြောရအောင် “

ထိုအနှီ ပုဂ္ဂိုလ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။ စူးချန်ကဲသည် စိတ်ဝင်စားဖို့ ကောင်းမှန်း သူ သိလာရသည်။

ဒီလိုမျိုး အခွင့်အလမ်းကောင်းတွေကို ဒင်းက စိတ်အနှောင့်ယှက် ဖြစ်လို့ မလိုချင်ဘူးတောင် လုပ်လိုက်သေးတယ် !

သို့‌ဆိုတောင် သူ၏ အမြင်၌ ၊ စူးချန်ကဲကသာလျှင် ဤအရာကို လုပ်နိုင်သော ကမ္ဘာပေါ်တွင် တစ်ဦးတည်းသောသူ ဖြစ်သည် ။

“ မင်းလုပ်ရမှာ လွယ်ပါတယ် ၊ လူတစ်ယောက် ရှာပေး “

“လူရှာရမယ် ဟုတ်လား”

စူးချန်ကဲ အနည်းငယ် စိတ်ရှုပ်သွားသည် ။

အဲ့လူက ဘယ်သူတုန်း ?

“ ဟုတ်တယ်၊ သူမက ငါ့ညီမပဲ ၊ လွန်ခဲ့တဲ့ နှစ်ကာလက တိုက်ပွဲမှာ သူမနဲ့ငါက အင်အားကြီးတဲ့ ပြိုင်ဘက်ရဲ့ ဖိနှိပ်ခြင်းကို ခံခဲ့ရတယ်”

ထိုအနှီ ပုဂ္ဂိုလ်သည် ဖြည်းညှင်းစွာ ရှင်းပြနေသည်။

“ နောက်ဆုံး ငါ့ရဲ့ နောက်ဆုံးလက်ကျန် ဝိညာဉ်နဲ့ ဒီကြေးဝါဗိမ္မာန်မှာ ပုန်းအောင်းခဲ့ရတယ် “

“ ငါ့ညီမရဲ့ လက်ကျန် ဝိညာဉ်ကလည်း နတ်ဆိုးချောက်နက် ထဲကို ကျရောက်သွားတယ် “

“အခုထိ သူမ မသေသေးဘူး ဆိုတာကို ငါ ကောင်းကောင်း ခံစားနိုင်ပေမယ့် ၊ ဘယ်မှာ ရှိနေလဲ ဆိုတာတော့ ငါ မသိဘူး “

စူးချန်ကဲတစ်ယောက် ခဏ လောက်စဉ်းစားလိုက်သည်။

တစ်စုံတစ်ယောက်ကို ရှာဖို့က ၊သူ့အတွက် ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပေ ။

သို့သော် ဒီလောက်ကျယ်ဝန်းတဲ့ ကမ္ဘာကြီးထဲကနေ ရှာဖို့ဆိုတာ ထင်သလောက် မလွယ်ချေ။

“ကောင်းပြီလေ ၊ခင်ဗျားမှာ သူမရဲ့ အထူးတလည် ပစ္စည်းမျိုး ရှိလား ၊ ကျွန်တော် သိနိုင်မယ့်ဟာမျိုးပေါ့ “

ထိုအနှီ ပုဂ္ဂိုလ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ၊စူးချန်ကဲ၏ လက်ထဲသို့ တောက်ပသော ကျောက်စိမ်းပြား တစ်ခု ဖြည်းညှင်းစွာ ကျရောက်လာခဲ့သည်။

“ဒီကျောက်စိမ်းဆွဲပြားက ငါ့ညီမ ဘဝတစ်သက်လုံး ရှိလာခဲ့တဲ့ ဆွဲပြားပဲ ၊ သူမရဲ့ အငွေ့အသက် အဲဒီ့ပေါ်မှာ ရှိတယ် “

“ ဒီကျောက်စိမ်းဆွဲပြားက ငါ့ညီမရဲ့ အငွေ့အသက်ကို ခံစားမိတာနဲ့ တုန်ခါလာလိမ့်မယ် ၊ ဒါဆို မင်း သူမကို ရှာနိုင်မှာပါ “

စူးချန်ကဲသည် သူ့လက်ထဲက ကျောက်စိမ်းဆွဲပြားကို ကြည့်လိုက်သည်။

အံ့ဩမှုအရိပ်အယောင်များက သူ၏ မျက်လုံးထဲတွင် အရိက်အမြွက် ထွက်ပေါ်နေ၏။

ဤကျောက်စိမ်းဆွဲပြားသည် တချက်ကြည့်ရုံဖြင့် ထူးခြားသော ပစ္စည်းတစ်ခု ဖြစ်မှန်း တန်းသိနိုင်သည်။

၎င်းသည် တိုက်မြေ သုံးထောင်ရှိ ပစ္စည်းများနှင့် လုံးဝကွဲပြားသည်။

အမတဘုံ မှ ရှားပါးသော ကျောက်စိမ်းဖြင့် ထွင်းထုထားပုံရကာ ၊ ၎င်းပေါ်တွင် ရေးထွင်းထားသော နတ်ကမ္ပည်းစာများက ရိုးရှင်းသော အဓိပ္ပာယ်များ ရှိသည်။

“နောက်တစ်ခု…”

ထိုအနှီ ပုဂ္ဂိုလ်သည် ဗျပ်စောင်းကို တချက် တီးလိုက်သည်။

ဗျပ်စောင်း၏ သံစဉ်သည် တောင်စမ်းရေသကဲ့သို့ နေရာတိုင်းတွင် ပဲ့တင်ထပ်သွားသည်။

နောက်အခိုက်အတန့်တွင် ဤခန်းမကြီး တစ်ခုလုံး တုန်ခါလာခဲ့သည်။

စူးချန်ကဲ ရပ်နေသည့် နေရာ၌ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။

“လူကြီးမင်း ဒါက…”

“စိတ်မပူပါနဲ့၊ ငါ့ရဲ့ အမွေအနှစ်ကို ပေါ့ပေါးပါးပါး ပြုလုပ်ထားတာ ၊ မင်း ဒီအမွေခံ စာမေးပွဲကို အောင်မြင်တာနဲ့ အရာအားလုံးကို နားလည်လာလိမ့်မယ်”

စူးချန်ကဲ တစ်ယောက် မျက်မှောင်ကြုတ်နေလေ၏။ သူသည် ၎င်း၏ အမွေအနှစ်များကို အကုန် စုပ်ယူနိုင်မည် ဟု ယူဆထားသည်။

ဒါပေမဲ့ ဒီအမတကြီးက ဒီလိုပျော်တတ်မှန်း ဘယ်သူက ထင်မိမှာတုန်း?

ကြေးဝါဗိမ္မာန်အတွင်းမှ မှော်အစီအရင်များ ထွက်ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် ဗျပ်စောင်းသံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ၊ အလွန် ထူထဲသော အသံလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

၎င်းသည် စူးချန်ကဲ၏ နားစည်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားပြီး ၊ သူ၏ဝိညာဉ်ကို ပြင်းထန်စွာ တုန်ခါသွားစေသည်။

ပြိုင်ဘက်ကင်းသော နှိပ်ကွပ်မှု တစ်ခုကို လက်ခံလိုက်ရသလိုပင်။

ဗျပ်စောင်းသံကို ကြားရုံဖြင့် ၊ သူခန္ဓာကိုယ် တစ်ခုလုံး လေးလံသွားပြီး အသက်ရှူရခက်လာသည်။

“ဒီသီချင်းကို ရွှမ်ဟွမ်ဖော့ တေးဂီတ လို့ခေါ်တယ်”

“ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်၊ မင်းသာ ဒီတေးသံစဉ်ကို ရိုက်ချိုးဖြတ်နိုင်ရင် ၊ အဲဒါကို အောင်မြင်ပြီလို့ မှတ်ယူရမှာပဲ “

စူးချန်ကဲသည် အသံလားရာကို ကြည့်လိုက်သည်။

ထိုနေရာ၌ အဆုံးမရှိသော တေးဂီတ မှော်သင်္ကေတများဖြင့် ကာရံထားသော ၊ ခမ်းနားထည်ဝါသော ရုပ်သွင်တစ်သွင် ထိုင်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။

၎င်းသည် စူးချန်ကဲနှင့် စကားပြောနေသော ထိုအနှီ ပုဂ္ဂိုလ်သာပင် ။

သူသည် ကောင်းကင် နှင့် မြေကြီးကို ဗျပ်စောင်းသဖွယ် အသုံးပြုနေသကဲ့သို့ ၊ ဝေဟင်တွင် တင်ပျင်ခွေထိုင်နေ၏။

လက်တစ်ချက် နှစ်ချက် တီးခတ်လိုက်ရုံဖြင့် ၊တုနှိုင်းမဲ့ အသံလှိုင်း ဖိအားတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုလူမှ တီးခတ်နေသော တေးသံစဉ်သည် အဆက်မပြတ် ပျံ့လွှင့်လာသည်နှင့်အမျှ ၊ အာကာသတစ်ခုလုံး အလွန်လေးလံလာပြီး လူ၏ နှလုံးကို ထိတ်လန့်စေသည်။

“ ဒါ စိတ်ဝိညာဉ်ကို တိုက်ခိုက်တာလား?”

စူးချန်ကဲ၏ ခန္ဓာကိုယ်ထည်သည် အလွန်အစွမ်းထက်မှန်း တစ်ဖက်လူက သိနေပုံရသည်။

ထို့ကြောင့် သူ့ကို ချေမှုန်းရန် စိတ်ဝိညာဉ်ကို ဦးတည်၍ တိုက်ခိုက်လာခဲ့သည်။

သို့သော်၊ စူးချန်ကဲ၏ နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း ကျင့်စဉ်တွင် စိတ်ဝ်ိညာဉ်ကို တိုက်ခိုက်နိုင်သည့် ဓားရေးလည်း ပါရှိသည်။

စူးချန်ကဲသည် ကောင်းကင်ဓားကို လေဟာပြင်ထဲမှ ဆွဲထုတ်လိုက်သည်။

“နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း ၊ နတ်ဘုရား၏ အင်္ဂါကိုးသွယ်ကို ဖျက်စီးခြင်း!”

သူ၏ မျက်ဝန်း၌ အေးစက်သော အလင်းတန်းတစ်ခု တောက်ပသွားခဲ့ပြီး ၊ ထိုအနှီ ပုဂ္ဂိုလ်ရှိရာဘက်သို့ သူ့ဓားဖြင့် တိုက်ရိုက် ပိုင်းခုတ်ပစ်လိုက်သည်။

အားကောင်းသော ဓားအလင်းသည် ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားပြီး လူကို အံ့အားသင့်စေသော ဓားစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့အပြင် ဤစွမ်းအင်၌ အားပြင်းသော စိတ်ဝိညာဉ် ထိုးနှက်မှုများလည်း ပါဝင်နေသည်။

တခဏအတွင်း ၊ ရွှမ်ဟုန်ဖော့ တေးဂီတမှ ထုတ်လွှတ်နေသော သံစဉ်လှိုင်းများနှင့် ပြင်းထန်စွာ တိုက်မိပြီး အလွန်စူးရှသော အူသံတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

“စိတ်ဝင်စားဖို့ ကောင်းတယ် ၊ မင်းက ငါ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို အသုံးပြုတယ်ပေါ့လေ “

“ပညာရှိ ရွေးချယ်မှုပဲ ၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ၊ မင်း လိုသေးတယ် “

ချွင်—

ထိုအနှီ ပုဂ္ဂိုလ်သည် ဗျပ်စောင်းကို ထပ်မံ တီးခတ်လိုက်သည်။

တေးဂီတ မှော်သင်္ကေတများသည် ကောင်းကင်အနှံ့ စီးဆင်းနေပြီး ၊ ဗျပ်စောင်းသံစဉ်သည် လွန်စွာ ငြိမ့်ညောင်းလျက် ရှိသည်။

ဤနေရာတစ်ခုလုံးကို ဗျပ်စောင်းသံစဉ်များဖြင့် ဖုံးလွှမ်းထားသည်။

စူးချန်ကဲကို ကြည့်ရသည်မှာ စစ်မြေပြင်ထဲသို့ ပြင်းထန်စွာ တိုက်ပွဲဝင်နေပုံနဲ့ တူသည်။

စစ်မြေပြင်ထဲရှိ သတ်ဖြတ်သံများသည် ဝေဆာလျက် ။

စစ်သင်္ဘောကြီးသည် ဝေဟင်တွင် ပျံသန်းကာ ၊ ဤကမ္ဘာကြီးကို ဖျက်စီးနေသည်။

“ဒါက အနုပညာခံစားမှု နဲ့ အသွင်ပြောင်းတဲ့ ပုံရိပ်ယောင်လား”

စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။ အနုပညာ ခံစားမှု ဆိုသည်မှာ ဓားဆန္ဒကဲ့သို့ တည်ရှိမှုတစ်ရပ်နှင့် အလားတူသည်။

ထိုအပြင် ဤအနုပညာခံစားမှုသည် သူ နားလည်ထားတာထက်ကို ပိုကြောက်စရာကောင်းသည်။ မဟုတ်ပါက ၊သူသည် စောနကတည်းက ရန်သူနှင့် လက်ရည်ဖလှယ်နေမည် မဟုတ်ပေ။

ရုတ်တရက် သူ ဝင်ရောက်လာခဲ့သော ဤပုံရိပ်ယောင်သည် တကယ့် ကမ္ဘာအတိုင်းပင်။

“ရွှမ်ဟွမ်ဖော့ တေးဂီတ ၊ ကခုန်ခြင်း”

ချန် —

ဗျပ်စောင်းသံသည် တစ်ဖန် ပြောင်းလဲသွားခဲ့သည်။ ယခုအသံသည် မူလ ဗျပ်စောင်းသံထက် အသံနှုန်း မြင့်ကာ ပို၍ ပြင်းထန်သည်။

ယခုအချိန်တွင်မူ ၊ ထိုသံစဉ်များသည် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ဖွဲ့စည်းထားသော သီချင်းတစ်ပုဒ်နှင့် ပိုတူသည်။

စည်းချက်များသည် အဆက်မပြတ် ပြောင်းလဲနေပြီး ၊ လှံနှင့် ဓားများအဖြစ် လေဟာပြင်ထဲသို့ ‌ဖြည်းဖြည်းချင်း စုဝေးသွားခဲ့သည်။

ကြယ်များသဖွယ် တဖျပ်ဖျပ် တောက်ပနေသော စူးရှသော အလင်းတန်းများသည် ဟင်းလင်းပြင်အလွှာများကို ထိုးဖောက်ဝင်ရောက်နိုင်ပုံ ရသည်။

လူကို ပို၍ရင်တုန်စေသည်မှာ ၎င်းတေးဂီတသည် သက်ရှိသဖွယ် တဖန် တလိပ်လိပ် ရိုက်ခတ်လှုပ်ရှားထကြွလာသည်မှ ကောင်းကင်နှင့် ချိတ်ဆက်ထားသလိုပင်။

ထို့နောက် ကောင်းကင်နတ်ဘုရားနှင့် တူသော ရုပ်သဏ္ဍာန်တစ်ခုသည် တိမ်တွေထဲမှ ထွက်ထွက်ပေါ်လာသည်။

၎င်းသည်လည်း အလားတူ ဗျပ်စောင်းကို ကိုင်ဆောင်ထားသည်။သူ၏ မျက်ဝန်းတစ်စုံကို ပိတ်ထားပါသော်လည်း ၊ ၎င်း၏ ဖိနှိပ်စွမ်းအားသည် လူကို မော်မကြည့်ဝံ့သည့်အထိ ဖြစ်စေသည်။

ထိုကောင်းကင်နတ်ဘုရားသည် သက်ပြင်းချသံကို ကြားလိုက်ရသည်နှင့် ၊ ၎င်း၏ တန်ခိုးစွမ်းအားများသည် စူးချန်ကဲထံသို့ တခဲနက် ပြေးဝင်လာခဲ့သည်။

သို့သော် ထိုမုန်တိုင်း၏ အလယ်တွင် ရှိနေသော စူးချန်ကဲသည် နေရာတွင် ရပ်ဆဲရပ်မြဲသာ။

ဤမြင်ကွင်းသည် သူ့ကို ထိတ်လန့်စေသော်လည်း ၊ သို့သော် စူးချန်ကဲ သိထားသည်။အကယ်၍ သူသာ နည်းနည်းလေးတောင် နောက်တွန့်သွားသည်နှင့် ၊ ရှုံးမည်မှာ အသေချာပင်။

“ဒါ တိုက်ပွဲပဲ “

စူးချန်ကဲ ၏ လေသံမှာ အေးစက်နေပြီး ၊ သူသည် ကောင်းကင်ဓားကို ကောင်းကင်ဆီသို့ ချိန်ရွယ်လိုက်သည်။

ဝုန်းး--

စူးချန်ကဲထံမှ ပိုမို အားပြင်းထန်သော ဓားစွမ်းအင် မုန်တိုင်းကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဓားအလင်းသည် လွန်စွာ ဝင်းထိန်းနေပြီး ၊ အဆုံးမဲ့ ဓားဆန္ဒတို့သည် ကြောက်မက်ဖွယ်ရာ ကောင်းသော မုန်တိုင်းများအဖြစ် လေထုထဲသို့ စုပြုံဝင်ရောက်လာခဲ့သည်။

ကောင်းကင်ဓားသည် တုန်ခါနေပြီး ၊ ဖိနှိပ်စွမ်းအားများကို ထုတ်လွှတ်ပေးနေသည်။ဓား၏ မျက်နှာပြင်ပေါ်တွင် ရွှေဝါရောင်ရှိသည့် ဓားစွမ်းအင်များ ပေါင်းစပ်နေလေ၏။

စူးချန်ကဲ၏ ရောင်ဝါသည် ပိုအားကောင်းလာသည်နှင့်အမျှ ၊ ကောင်းကင်ဓား၏ ဓား အလင်းရောင်သည် ပို၍ တောက်ပလာခဲ့သည်။

“ဟားဟား! စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ!”

“ဒီလိုမျိုး ကြုံတွေ့နေရတာတောင် ၊ ငါ့ကို ထိပ်တိုက် ရင်ဆိုင်ချင်သေးတယ်ပေါ့လေ”

ထိုအနှီ ပုဂ္ဂိုလ်သည် သဘောကျစွာ ပြုံးလိုက်သည်။

“ကောင်းပြီလေ ၊ ဒါဆို ကောင်းကောင်း တိုက်ကြရအောင်!”

ကောင်းကင်နတ်ဘုရား၏ မျက်ဝန်းအစုံတို့မှာ ပွင့်လာခဲ့ချေပြီ။

မျက်ဝန်းများသည် နေကဲ့သို့ တောက်ပနေကာ ၊ အဆုံးမရှိသော တေးဂီတသံများက ရစ်ဝဲထားသည်။

ထိုကောင်းကင် နတ်ဘုရား၏ အသွင်ပုံရိပ်မှ ရွှေဝါရောင် ရောင်စဉ်အလင်းတန်းများ တဟုန်ထိုး မြင့်တတ်လာခဲ့သည်။

သူ၏ လက်ထဲတွင် ရှိသော ရှေးဟောင်းဗျပ်စောင်း ထံမှ ဆူနာမီမုန်တိုင်းကဲ့သို့ ဗျပ်စောင်း၏ စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည် ။

“အဘိုးကြီး၊ ဒီတစ်ခါတော့ အံ့သြစရာတွေ ဆက်ဖန်တီးကြတာပေါ့ “

စူးချန်ကဲ၏ အသံထွက်ပေါ်လာပြီး ၊ သူ၏ စွမ်းအားသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူ၏ လက်ထဲက ဓားသည် သူနှင့် တစ်သားတည်း ရှိသည်။

ဤအခိုက်အတန့်သည် အေးခဲနေသော မှင်ပန်းချီကား တစ်ချပ်နှင့်တူပြီး ၊ အချိန်စီးဆင်းမှုတို့မှာလည်း နှေးကွေးသွားပုံရသည်။

ဓားသွားသံသည် နဂါး၏ ဟောက်သံကဲ့သို့ ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။

ကောင်းကင်ဓား၏ အလင်းသည် အမှောင်ထုထဲက အေးစက်သော လမင်းကဲ့သို့ တောက်ပနေသည်။

ဓားစွမ်းအင်သည် အတောက်ပဆုံးသော အလင်းရောင်ကဲ့သို့ မည်သည့်နေရာမဆို ထိုးဖောက်လေ၏။

အပိုင်း(၁၉၆): နောက်ဆုံး စာမေးပွဲ,နတ်ဆိုးဧကရာဇ်မင်းများ ထွက်ပေါ်လာခြင်း

တောက်ပသော ဓားအလင်းတန်းသည် နတ်ဘုရား၏ အသွင်ပုံရိပ်ဆီသို့ ဖြတ်သန်းသွားလေသည်။

သို့သော် နတ်ဘုရား၏ မျက်ဝန်းအစုံ၌ ရှိနေခဲ့သော အံ့ဩဖွယ်ရာ‌ ကောင်းသော စွမ်းအားတို့သည် စူးချန်ကဲဘက်မှ ဓားအလင်းပစ်လွှတ်လိုက်ချိန် တောက်ပစွာ ထွက်ပေါ်လာခဲ့သည်။

တေးသွားသည် ရှေ့မျက်နှာပြင်ရှိ ဟင်းလင်းပြင် အလွတ်ထဲသို့ ဆင်းသက်လာပြီး အကြွင်းမဲ့ တားမြစ်ထားသော နေရာတစ်ခုကို တိုက်ရိုက် ဖန်တီးလိုက်သလိုပင်။

ဘုန်း!

တေးဂီတ မှော်သင်္ကေတများ စုဝေးလာခဲ့ပြီး၊ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးပစ်နိုင်‌သော အာကာသ မုန်တိုင်းကြီး တစ်ခု ဖြစ်တည်လာသည်နှင့် လေထုအလယ်ရှိ အရာအားလုံးကို ဖြိုခွဲပစ်လိုက်သည်။

ထိုတေးဂီတ မှော်သင်္ကေတများသည် အာကာသနတ်ဘုရားဓားသွားများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လေဟာပြင်ကို ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

၎င်းသည်လည်း အလားတူ ဓားစွမ်းအင်များကို ဓားအလင်း အဖြစ် ဖန်တီးကာ စူးချန်ကဲ၏ ဓားစွမ်းအင်ကို ခုတ်ပစ်လိုက်သည်။

“ ချိုးဖြတ် !”

စူးချန်ကဲသည် ကျယ်လောင်စွာ အော်လိုက်ပြီးသည်နှင့် ၊ အဖျက်စွမ်းအား ဓားမုန်တိုင်းသည် ထိုအနှီ ပုဂ္ဂိုလ်တီးခတ်လိုက်သော တေးဂီတ ဖိနှိပ်စွမ်းအားဆီသို့ ဦးတည်လေ၏။

“ ပြစေ !”

ထိုအနှီ ပုဂ္ဂိုလ်သည်လည်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ကြီးမားကျယ်ပြန့်သော တေးဂီတ မှော်သင်္ကေတတို့သည် ဆူနာမီလှိုင်းကြီးကို ဖန်တီးခဲ့ပြီး လေဟာပြင်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ဘုန်း —

လုံးဝ ကွဲပြားသော စွမ်းအားနှစ်ခုသည် ရှေးဟောင်း ကမ္ဘာနှစ်စင်း တိုက်မိသကဲ့သို့ ၊ ၎င်း၏ သက်ရောက်မှုကြောင့် အလင်းရောင်တန်းများသည် ပို၍ တောက်ပစွာ ပွင့်လန်းသွားလေသည်။

အဆုံးမရှိသော မှော်သင်္ကေတများ ပေါက်ကွဲသွားလေရာ ၊ ၎င်း၏ ကြီးမားသော သက်ရောက်မှုသည် အရာအားလုံးအပေါ် လွှမ်းမိုးသွားခဲ့သည်။

ဤပေါက်ကွဲမှုသည် ဟင်းလင်းပြင်ပင်လျှင် ကွဲအက်သွားရသည်။အကယ်၍ ဤနေရာတွင် ကြေးဝါဗိမ္မာန်ရှိ နိယာမတရားတို့၏ ဖိနှိပ်စွမ်းအားများသာ ရှိခဲ့ပါက ၊

ဤပေါက်ကွဲမှုကြောင့် ဟင်းလင်ပြင် တစ်ခုလုံး လုံးလုံးလျားလျား ပြိုကျသွားမှာကိုတောင် စိုးရိမ်ရသည်။

စူးချန်ကဲ၏ တိုက်ခိုက်မှုမှာ ရပ်တန့်မသွားချေ။

သူသည် ထပ်မံ လေပေါ်သို့ ပျံတတ်လိုက်ပြီး ၊ ထိုအနှီ ပုဂ္ဂိုလ်အား ခုတ်ရန် ကောင်းကင်ဓားကို တစ်ဖန် မြှောက်တင်လိုက်သည်။

“နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း ၊ ဓားတစ်သောင်း မူလဆီကို ပြန်သွားခြင်း!”

ဓားသွားသံများ နေရာအနှံ့ ကျယ်လောင်လာစွာ ပဲ့တင်ထပ်သွားသည်။

ထိုစဉ် မရေမတွက်နိုင်သော ဓားများသည် ရေခဲပန်းဆွဲများ သဖွယ် လေထုကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

ကောင်းကင်တွင် ဆိုင်းငံ့ထားသော ဓားအလင်းများသည် ဒလဟော စီးဆင်းနေသည့် ပင်လယ်သမုဒ္ဒရာကြီးအလား အောက်မေ့ရသည်။

“ကောင်းပြီလေ၊ ထပ်တိုက်ကြတာပေါ့!”

ထိုပုဂ္ဂိုလ်သည် ရက်ရောစွာ ပြုံးပြလိုက်ရင်း ၊ ဗျပ်စောင်းကို ထပ်မံ တီးခတ်လိုက်သည်။

ဗျပ်စောင်းသံသည် ငြိမ့်ငြိမ့်ညောင်းညောင်း ဆက်လက် ထွက်ပေါ်လာသည်။

မူလက စူးချန်ကဲ၏ ဓားစွမ်းအင်ကြောင့် ကွဲအက်သွားခဲ့သော တေးဂီတ မှော်သင်္ကေတများသည် ထပ်မံ အသက်ဝင်လာသည့်အတိုင်း ထိုလူ၏ ဘေးနားတွင် စုဝေးသွားသည်။

ရုတ်တရက်၊ လေဟာပြင်၌ ရှိနေခဲ့သော တေး‌‌ဂီတ‌ မှော်သင်္ကေတတို့သည် အလွန် ကြီးမားသော လက်ဝါးရိပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ၊ ၎င်းလက်ဝါးရိပ်ကြီးသည် ဤနေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။

ထိုပုဂ္ဂိုလ်သည် လုံးဝမတွန့်ဆုတ်ဘဲ ၊ ဗျပ်စောင်းကို ထပ်မံ တီးခတ်လိုက်ပြန်သည်။

ထိုစဉ် ၊ လက်ဝါးရိပ်ကြီးသည် စူးချန်ကဲ၏ ဓားစွမ်းအင် သမုဒ္ဒရာကြီးကို တိုက်ရိုက် ချိုးဖျက်ပစ်လိုက်သည်။

သို့သော် သူသည် စူးချန်ကဲ ၏ ဓားစွမ်းအားကို လျှော့တွက်ခဲ့သည်။

မရေမတွက်နိုင်သော ဓားအလင်းများသည် နဂါးတစ်ကောင် ကဲ့သို့ အရပ်လေးမျက်နှာလုံးကို လှည့်ပတ်သွားလာနေသည်။

အားပြင်းသော ဓားစွမ်းအင်တို့သည် လေထုကို ခွင်းကာ ထွက်ပေါ်လာလေ၏။ ထိုလက်ဝါးရိပ်ကြီးသည် မည်မျှပင် အင်အားကြီးမားပါစေ ဓားစွမ်းအင်ကိုတော့ မတားဆီးနိုင်ခဲ့ချေ။

ဝှစ် !

လေထုကို ထိုးဖောက်လာသော မြည်သံများကို အဆက်မပြတ် ကြားနေရပြီး၊ လက်ဝါးရိပ်ကြီးမှာလည်း ‌ရေခဲတမျှ အေးစက်သော ဓားစွမ်းအင်၏ လက်ချက်ဖြင့် တိုက်ရိုက် ဖြိုခွင်းခံလိုက်ရသည်။

ဓားစွမ်းအင်တို့သည် နှေရာအနှံ့ လွတ်လပ်စွာ စီးဆင်းနေပြီး ၊ထိုလက်ဝါးပေါ်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ဝုန်း ! !

နောက်ထပ် ကြီးမားသော ပေါက်ကွဲမှုကြီး တစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။

ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်၏ လက်တဖက်မှာ ဤအခိုက်အတန့်တွင် ခုတ်ဖြတ်ခံလိုက်ရသည်။

စူးချန်ကဲ၏ ဓားသည် သန်မာလွန်းပေရာ ၊ ၎င်းကို သူ မတားဆီးနိုင်ခဲ့ပေ။

ဓား ဖြတ်သန်းသွားလေရာ နေရာတိုင်း ၊ ဟင်းလင်းပြင် အလွှာများပင်လျှင် ပြိုကျရသည်။

အနန္တတန်ခိုးရှင် ဓား၏ လက်အောက်တွင် တေးဂီတ မှော်သင်္ကေတတို့သည် လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့လေပြီ။

ထို့အပြင် ဂီတနှင့် ဖန်တီးထားသော ဤကမ္ဘာကြီးသည် ပြင်းထန်သော ဓားစွမ်းအင်ကြောင့် ကွဲအက်သွားခဲ့ရပြီး ကြီးမားသော အမှောင်အက်ကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ မဆိုးဘူး​ မင်းတကယ်​ကို သန်​မာတယ်​”

ထိုပုဂ္ဂိုလ်သည် သဘောကျစွာ ပြုံးရယ်လိုက်သည်။ထို့နောက် သူသည် ဗျပ်စောင်းကို တချက် တီးခတ်လိုက်ရာ တဟုန်းဟုန်း တောက်လောင်နေခဲ့သော ဓားစွမ်းအင်များ ပြိုကျကာ ပျောက်ကွယ်သွားခဲ့သည်။

“ မင်းက တကယ်ကို ဒဏ္ဍာရီလာ ကိုယ်လုံးကိုယ်ပေါက် ပိုင်ရှင်ဖြစ်ဖို့ ထိုက်တန်ပါပေတယ် “

တကယ်တော့ ထိုအနှီ ပုဂ္ဂိုလ်မှာ ဤကြေးဝါဗိမ္မာန်၏ မူလပိုင်ရှင် မဟုတ်ပေ။

ကြေးဝါဗိမ္မာန်၏ မူလပိုင်ရှင်ကို ဖန်တီးရှင် အမတသခင် ဟု ခေါ်ကြသည်။

ထိုသူသည် ၎င်းတို့၏ အမတဘုံနယ်မြေတွင် ထိပ်တန်းကျွမ်းကျင်သူ တစ်ဦး ဖြစ်ပေသည်။

ထိုကဲ့သို့ ထိပ်တန်းကျွမ်းကျင်သူ ဖြစ်လျက်နဲ့ ၊ သူများနည်းတူ သူသည်လည်း ထိုကြောက်မက်ဖွယ်ရာကောင်းသော တိုက်ပွဲတွင် နိဂုံးချုပ်ခဲ့ရပြီး သူ၏ ဝိညာဉ်မျှပင် မကျန်ရစ်ခဲ့ပေ။

သူ မသေဆုံးမီ ၊ ဤကြေးဝါဗိမ္မာန်ကို သူ့အား အပ်နှင်းခဲ့ခြင်း ဖြစ်သည်။

သူသည် ဒဏ္ဍာရီထဲက ကံကြမ္မာစက်ဝန်းထဲ မရှိသည့် လူကို ရှာဖွေခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဤကြေးဝါဗိမ္မာန်ကို လာရောက်ခဲ့သူမှာ စူးချန်ကဲ တစ်ဦးတည်း မဟုတ်ပေ။

မရေမတွက်နိုင်သော ဒဏ္ဍာရီလာ ပါရမီရှင်များ သည် သူ၏ စမ်းသပ်မှုကို ဖြတ်ကျော်ခဲ့သည်။သို့သော် သူနှင့်အတူ အပြန်ပြန်အလှန်လှန် လက်ရည်ဖလှယ်ခဲ့သူမှာ ၊

စူးချန်ကဲ တစ်ယောက်တည်းသာပင်။

“ဒါပေမယ့် ပျော်စရာပွဲက အခုမှ စမှာ”

“နောက်ဆုံးစာမေးပွဲအတွက် အဆင်သင့်ဖြစ်ပြီလား”

ထိုပုဂ္ဂိုလ်သည် ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်သည်။

“ ဒီစမ်းသပ်မှုက အပြင်းထန်ဆုံးပဲ ၊ မင်း မခံနိုင်ရင် မင်း ဒဏ်ရာ အပြင်းအထန် ရလိမ့်မယ်”

ထိုစကားကို ကြားတော့ စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။

“ဒီထိ ရောက်လာပြီမှတော့ ကျွန်တော် ဘယ်လို လုပ် နောက်ဆုတ်ရနိုင်မှာလဲ”

“ လူကြီးမင်း ၊ ကြိုက်တဲ့အကွက် အသုံးပြုပါ ကျွန်တော် လက်ခံပေးနိုင်ပါတယ် “

“ မဆိုးဘူး ၊ ဒါဆို မင်း သေချာ ​စောင့်​ကြည့်​သင့်​တယ်​”

ထိုပုဂ္ဂိုလ်သည် ဗျပ်စောင်းကို ထပ်မံ တီးခတ်လိုက်သည်။ယခုတစ်ခါတွင် တေးဂီတ၏ အဓိပ္ပါယ်သည် ပိုလို့တောင် မြင့်တတ်လာခဲ့သည်။

မူလက စူးချန်ကဲ ၏ ဓားဖြင့် လက်တစ်ဖက် ခုတ်ခံရသော ကောင်းကင် နတ်ဘုရား၏ အသွင်ပုံရိပ်သည် နေကဲ့သို့ တောက်ပလာသည်။

ကောင်းကင် နတ်ဘုရား၏ အသွင်ပုံရိပ်မှာ ဤတစ်ခေါက်တွင် လက်ခြောက်ချောင်း ၊ ခေါင်းသုံးလုံး ဖြင့် တစ်ဖန် ကြီးထွားလာခဲ့ပြန်သည်။

ကောင်းကင်နတ်ဘုရား၏ မတူညီသော လက်ထဲတွင် မတူညီသော ဂီတတူရိယာများကို ကိုင်ဆောင်ထားသည်။

သံစဉ်တစ်ခု လွင့်မျောတိုင်း ၊ လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားတစ်ခု ပေါ်ထွက်လာသည်။

သို့သော် ထိုဂီတမုန်တိုင်းထဲတွင် ရှိနေခဲ့သော စူးချန်ကဲသည် နေရာတွင် အရင်လို ငြိမ်သက်စွာ ရပ်နေဆဲပင်။

သူ၏ မျက်လုံးများက မိမိကိုယ်ပေါ် အကြွင်းမဲ့ ယုံကြည်မှုများကို ပြသနေသည်။

ဤနောက်ဆုံးစမ်းသပ်မှုတွင် သူ အမှား လုပ်မည် မဟုတ်မှန်း ယုံကြည်ထားသည်။

သို့မဟုတ်ပါက ၊ ယခင်က ကြိုးစားမှုအားလုံးသည် အလဟသ ဖြစ်သွားပေတော့မည်။

……

စူးချန်ကဲ ထိုပုဂ္ဂိုလ်နှင့် တိုက်ခိုက်နေစဉ် ၊

ပြင်ပ ထာဝရ စစ်ပွဲကြီးမှာလည်း အထွတ်အထိပ် ရောက်နေခဲ့ပြီ ဖြစ်သည်။

အင်အားစုကြီး လေးစု၏ ကံကြမ္မာ ဧကရာဇ်လက်နက်များ ကွဲအက်သွားသည်နှင့်အမျှ ၊ အင်အားစုကြီး လေးစု၏ ဂိုဏ်းသခင်များသည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တစ်ချိန်က အင်အားကြီးမားသော ကံကြမ္မာ ဧကရာဇ်လက်နက်များသည် ကျိုးပဲ့သော သတ္တု အပိုင်းအစများ အဖြစ်သို့ မြေ၌ သက်ဆင်းခဲ့လေပြီ။

“သတ်ပစ်! ဒီလူယုတ်မာတွေ အားလုံးကို သတ်ပစ်!”

ကွေးယွမ် သူတော်စင် နယ်မြေမှ တပ်ဖွဲ့ဝင်၏ တိုက်ပွဲဝင် စိတ်ဓာတ်တို့သည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ပျက်စီးခြင်းနဂါး ဟိန်းသံ၏ ကောင်းကင် အစောင့်အကြပ် တပ်ဖွဲ့ သည် ထာဝရ အင်အားစု၏ တပ်များကို ထိုးဖောက် ဝင်ရောက်လာခဲ့သည်။

စပါးနှံများအား ရိတ်သိမ်းနေသကဲ့သို့ လူအသက်များစွာကို ရိတ်သိမ်းနေသည့် သေမင်းကဲ့သို့ပင်။

စစ်မြေပြင်သည် အသားကြိတ်စက်ကဲ့သို့ ဖြစ်တည်နေပြီး ၊ မရေမတွက်နိုင်သော အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

ဤကမ္ဘာမြေပေါ်သို့ ပျက်ကျခဲ့သော စစ်သင်္ဘောများ၏ အပျက်အစီးများမှာလည်း လွန်စွာ များပြားလှသည်။

အငွေ့တလူလူကြားထဲ ၊ မရေမတွက်နိုင်သော ခြေ၊လက် အပိုင်းအစများ ရှိနေ၏။

သို့သော် တိုက်ပွဲသံမှာ ဆက်လက် ရပ်တန့်သွားခြင်း မရှိပေ။

ပျံသန်းနေသော နဂါးများနှင့် ဖီးနစ်များမှာလည်း တစ်ကောင်ပြီး တစ်ကောင် အောက်သို့ ပြုတ်ကျလို့ နေ၏။

ရှေးခေတ် ထာဝရ အင်အားစုကြီး လေးစုမှာ လုံးဝ ရှုံးနိမ့်နေပုံရသည်။

“ ချီးပဲ!! နတ်ဆိုးချောက်နက် နဲ့ နတ်ဘုရားအချုပ်ထောင် နန်းတော်က ဘာလို့ ဝင်မပါသေးတာတုန်း?”

“ ခွေးကောင်တွေ ငါတို့ကို လိမ်တယ် ၊ သေသင့်တဲ့ ကောင်တွေ “

ထာဝရ အင်အားစုများစွာ၏ ဘိုးဘေးများမှာ အမျက်ဒေါသထွက်လို့ နေ၏။ယခုတွင် ကွေးယွမ် သူတော်စင် နယ်မြေရှိ ဧကရာဇ်မင်းများ အကုန်လုံး ကောင်းကင်အလွန်တွင် တိုက်ပွဲဝင်နေကြသည်။

အကယ်၍ ဧကရာဇ်မင်းမြတ် တစ်ပါးသာ ဤနေရာသို့ ဆင်းသက်နိုင်ခဲ့မည် ဆိုပါက ၊ အခြေအနေသည် တခဏချင်း ပြောင်းပြန်ဖြစ်သွားနိုင်သည်။

“ ကွေးယွမ်ကဟာတွေ ငါတို့ရဲ့ နတ်ဆိုးကမ္ဘာကို နှစ်ပေါင်းများစွာ နှိပ်ကွပ်ဖို့ တန်ခိုးကြီးမားတဲ့ ဧကရာဇ်မင်းတွေကို စေလွှတ်ခဲ့တယ်”

“ဒီနေ့ မင်းတို့ဘက်က အကြွေးပြန်ဆပ်ရမယ့်အချိန်ပဲ!”

ထိုအချိန်တွင် ကောင်းကင်ယံ၌ မိုးခြိမ်းသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ယံ၌ အက်ကွဲစ ပြုလာခဲ့ပြီး ၊ မှောင်မိုက်သော ဝဲဂယက်ကြီး တစ်ခု ဖြစ်တည်လာခဲ့ပြီး အဆုံးမဲ့ နတ်ဆိုးစွမ်းအင်များ ထွက်လာနေသည်။

အထဲမှ ကြောက်စရာကောင်းသော အသွင်ခြောက်သွင် ဖြည်းဖြည်းချင်း ဆင်းသတ်လာခဲ့သည်။

အဆုံးမရှိသော ဧကရာဇ်မင်းတို့၏ ဖိနှိပ်စွမ်းအားများက နေရာတစ်ခုလုံးကို လွှမ်းမိုးထားသည်။

“အဲဒါ… နတ်ဆိုးချောက်နက်နဲ့ နတ်ဘုရားအချုပ်ထောင် နန်းတော်က ဧကရာဇ်မင်းတွေပဲ!”

“နတ်ဆိုးချောက်နက်နဲ့ နတ်ဘုရားအချုပ်ထောင် နန်းတော်က ဝင်မပါဖို့ လုပ်ထားတာမဟုတ်ဘူးလား?”

အပိုင်း(၁၉၇): မျဲ့တောက် နတ်ဆိုးနန်းတော် ၊ အဝေးကလာတဲ့ ဧည့်သည်တွေကို သဂြိုလ်ပေးလိုက်ရအောင်

“ဟွန်း …သူတို့က ဝင်ပါဦးမယ်ပေါ့လေ?”

ကွေးယွမ်၏ ဘိုးဘေးတစ်ဦးက ရွဲ့စောင်းကာ ဆိုလိုက်သည်။

နတ်ဆိုးချောက်နက် သည် နတ်ဆိုး ကမ္ဘာ၏ အင်အားစု ဖြစ်ပြီး ၊ နတ်ဘုရားအချုပ်ထောင် နန်းတော်သည် မရဏကမ္ဘာက ဖြစ်သည်။

ယုတ္တိကျကျ ဆိုရလျှင်ဖြင့် ၊ ဤကမ္ဘာနှစ်ခုသည် လုံးဝဆက်စပ်မှုမရှိသော အင်အားစုများဖြစ်ပြီး ၊ ဆုံစည်းမှု လုံးဝမရှိချေ။

သို့သော် ယခုအခါတွင် ၎င်းတို့သည် ကွေးယွမ် သူတော်စင် နယ်မြေ၏ ကြွယ်ဝမှုများကို ခိုးယူရန် စည်းလုံးနေကြပြီ ဖြစ်သည်။

ဝေဟင်ထက်တွင် ဧကရာဇ်မင်းမြတ် ခြောက်ပါး ရှိနေခဲ့သည်။

တစ်ဖက်တွင် တစ္ဆေစွမ်းအင်များ တဟုန်ထိုး ကြွတတ်နေပြီး ၊ တစ်ဖက်တွင်မူ နတ်ဆိုးစွမ်းအင်များက တဟုန်ထိုး တောက်လောင်နေသည်။

“ဟားဟား ၊ ကောင်းတယ် နောက်ဆုံးတော့ နတ်ဆိုးချောက်နက် နဲ့ နတ်ဘုရားအချုပ်ထောင် နန်းတော်တို့လည်း ဝင်ပါလာခဲ့ပြီ “

အင်အားစုကြီး လေးစုမှ တပ်ဖွဲ့ဝင်များ အားလုံး အလွန်ဝမ်းမြောက်နေကြသည်။

ယခုအခါတွင် သူတို့၏ ဧကရာဇ်မင်းများသည် ကောင်းကင်အလွန်တွင် တိုက်ပွဲဝင်နေကြဆဲပင် ဖြစ်သည်။

ယခုအခါတွင် ကွေးယွမ် သူတော်စင် နယ်မြေ၏ အခြေစိုက်စခန်းသို့ ဧကရာဇ်မင်းများစွာ ရောက်ရှိလာခြင်းသည် အခြေအနေ တစ်ခုကို ပြောင်းလဲသွားနိုင်သည်။

“အိုး? ငါ နတ်ဆိုးကမ္ဘာကို ဒီလောက် နှစ်အကြာကြီး တပ်ချကာကွယ်ထားတာတောင် ၊ မင်းတို့ အမှားကနေ သင်ခန်းစာ မယူနိုင်သေးဘူးပဲ “

ထိုအချိန် ၊ကောင်းကင်ယံ၌ တခြား အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလို​ ​ကြောက်​မက်​ဖွယ်​ရာ ကောင်းသော လှိုင်းဂယက်များ ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက် ဆက်လက်ပြီး ၊ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော ဧကရာဇ်မင်းမြတ်၏ ဖိနှိပ်စွမ်းအားများ ကောင်းကင်ယံမှ ဆင်းသက်လာလေ၏။

“ဘာတွေ ဖြစ်နေတာလဲ?”

တိုက်ပွဲဝင်စိတ်ဓာတ်များ ပြန်လည် ကောင်းမွန်လာခဲ့သည့် အင်အားစု တပ်ဖွဲ့ဝင်များမှာ ကောင်းကင်ကို မျှော်ကြည့်နေကြသည်။

ဒီရောင်ဝါက ဘာကြောင့် ဒီလောက်တောင် ပြင်းထန်နေရတာတုန်း?

သူတော်စင် ဧကရာဇ်များပင်လျှင် ရင်တုန်ခဲ့ရသည်။

T/N – { မဟာ သူတော်စင် ကို သူတော်စင် အရှင် လို့ ပြောင်းလဲ သုံးနှုန်းပြီး ၊

သူတော်စင် အရှင် ကို - သူတော်စင် ဧကရာဇ် }လို့ ပြောင်းလဲအသုံးပြုမည် ဖြစ်ကြောင်း ရှေ့မှာ ရေးဖူးပါတယ် ။

< စာရေးဆရာက “မဟာ သူတော်စင်အရှင် “ စူးချန်ကဲ လက်ရှိရောက်နေသော အဆင့် > ကို ဖော်ပြခြင်း မရှိဘဲ ထည့်လိုက်လို့ မျက်စိလည်မှာဆိုးလို့ ပြောင်းလိုက်တာပါ ။

တာအိုအရ မဟာ သူတော်စင် အရှင် အဆင့်က သူတော်စင် အရှင် ထက် တစ်ဆင့်ကြီးတဲ့ နေရာပါ ၊ တရုတ်တွေအချင်းချင်း နားလည်နိုင်ပေမဲ့ ဘာသာပြန်တဲ့အခါ မဟာတွေ ထပ်နေရင် မျက်စိလည်မှာ ဆိုးလို့ ပြောင်းလိုက်တာပါ

{ သူတော်စင်အရှင် -မဟာ သူတော်စင်အရှင် - သူတော်စင် ဧကရာဇ် - ဧကရာဇ်မင်းမြတ်-အမတ } ]

သို့သော် နတ်ဆိုးကမ္ဘာ၏ ဧကရာဇ်မင်းမှာ ထိုအသံကို ကြားသည်နှင့် သူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ဤအသံကို သူတို့ အလွန်ရင်းနှီးနေပြီး ၊ တစ်ချိန်တည်းမှာပင် သူတို့၏ နှလုံးသားထဲက အနက်ရှိုင်းဆုံး ကြောက်ရွံ့မှုကို လှုံ့ဆော်ပေးနေခဲ့သည်။

“ ဟွမ်ထျန်း ဧကရာဇ်!?”

ဘုန်း!

ကြောက်မက်ဖွယ်ရာ ကောင်းသော ဧကရာဇ်မင်း၏ ဖိနှိပ်စွမ်းအားတို့သည် နောက်ဆုံးတွင် ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေပြီ ။

ကောင်းကင်ယံ၌ ဝဲဂယက် ဆယ်ခု ဖြစ်ပေါ်လာခဲ့ပြီး ၊ အထဲမှ ရုပ်သွင် ဆယ်ရုပ် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။

မှန်၏ ။ဤသည်မှာ ကွေးယွမ် သူတော်စင် နယ်မြေမှ စီစဉ်ထားသော အရန်အစီအစဉ်တွေထဲက တစ်ခုပင် ဖြစ်သည်။

ဆိုလိုသည်မှာ ဟွမ်ထျန်း ဧကရာဇ် နှင့် ရွှမ်ယွီ ဧကရီတို့ ဦီးဆောင်ထားသော ဧကရာဇ်မင်း ရှစ်ပါးသည် အခြားအဖွဲ့များ၏ ဝင်ရောက်စွက်ဖက်မှု အပေါ် စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။

“ဆယ်…ဧကရာဇ်မင်း ဆယ်ပါး!?”

“ ကွေးယွမ်ကနေ နောက်ထပ် ဧကရာဇ် ဆယ်ပါးတောင် ??သူတို့မှာ ဧကရာဇ်မင်းတွေ ဘယ်လောက်များတောင် ရှိနေတာတုန်း?”

ဤအရာသည် တချို့သော လူများ၏ ခေါင်းကို ထုံကျင်သွားစေသည်။မူလက သူတို့သည် ကွေးယွမ်၏ ဧကရာဇ်မင်းများမှာ ‌အရေအတွက် ကန့်သတ်ချက် ရောက်နေခဲ့ပြီ ဟု ယူဆမိခဲ့သည်။

မမျှော်လင့်ဘဲ၊ ဒီလောက်ထိ ကွာခြားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ?

ကြည့်ရှုသူများထဲမှ အလွန် အစွမ်းထက်သော လူတစ်ယောက်က ဆိုလေသည်။

“မင်းမသိပါဘူး၊ နယ်မြေပြင်ပစစ်မြေပြင်မှာ ဒဏ္ဍာရီဆိုတာ အမြဲရှိနေတာ”

“ ယိ့ မျိုးနွယ်စုတွေရဲ့ ဘေးဒုက္ခကို ဖြေရှင်းနိုင်မလားဆိုတာ ကွေးယွမ် ရဲ့ စိတ်ခံစားချက်ပေါ်မှာ လုံးလုံး မူတည်တယ်”

[ T/N - ယိ့ ဆိုတာက - မတူညီသော ကွဲပြားမှုများ၊မတူညီသော စရိုက်လက္ခဏာများ ရှိတဲ့ လူမျိုးခြား : eng လိုဆို ဂြိုလ်သား လို့ ခေါ်ပါတယ် ၊ ဒါပေမဲ့ အဲ့လိုမပြန်ချင်လို့ ယိ့ မျိုးနွယ်စု လို့ပဲ ရေးလိုက်ပါတယ် ]

“ဘာကို ဆိုလိုတာလဲ?”

“အမှန်အတိုင်း ပြောရရင် ကွေးယွမ် သူတော်စင် နယ်မြေက နယ်မြေပြင်ပစစ်မြေပြင်ရဲ့ ခေါင်းဆောင်လို့ ဆိုလို့ရတယ် ၊ဒါပေမဲ့ ငါတို့တွေ အမြင်ကျဉ်းမြောင်းသေးတယ် ၊ ကွေးယွမ်ရဲ့ အမွေအနှစ်အစစ်အမှန်ကို သိဖို့ အလှမ်းဝေးလွန်းတယ် “

“……”

ထိုစကားကို ကြားလိုက်ရသူတိုင်း မျက်မှောင်ကုတ်သွားကြသည်။ယခုခေတ်ကာလ ရွှေခေတ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ကွေးယွမ် သူတော်စင် နယ်မြေ၏ အင်အားသည် ပိုမို အားကောင်းလာသည်ကို သူတို့ အမြဲခံစားမိသည်။

ရုတ်တရက် အားကောင်းသလား သို့မဟုတ် မူလကတည်းက အားကောင်းလေသလား။

တစ်ဖက်တွင်မူ ၊ နတ်ဆိုးချောက်နက် နှင့် နတ်ဘုရားအချုပ်ထောင် နန်းတော်မှ ဧကရာဇ်မင်း ခြောက်ပါး၏ မျက်နှာများမှာ ကြည့်ရဆိုးနေလေ၏။

“ ချီးပဲ! ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၊ အဲ့သကောင့်သားတွေရဲ့ လှည့်စားတာကို ခံလိုက်ရပြီ “

တကယ်တော့ သူတို့သည် ဤစစ်ပွဲတွင် ဝင်မပါကြရန် ဆွေးနွေးပြီးသားပင် ဖြစ်သည်။

သို့သော်၊ ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် သူတို့ကို လာရှာခဲ့ပြီး ဤထာဝရ စစ်ပွဲတွင် ပါဝင်ဆင်နွဲ‌ခိုင်းခဲ့သည်။

သဘောတူပါက ၊ သူတို့အတွက် အကျိုးကျေးဇူး များစွာ ရရှိစေရမည်ဟု ကတိပေးခဲ့သည်။

ဤသွေးဆောင်မှုအောက်တွင် သူတို့သည် ထိန်းမနိုင်သိမ်းမနိုင် ဖြစ်ကာ ၊ ထိုကိစ္စကို သဘောတူလိုက်ကြသည်။

မမျှော်လင့်ဘဲ ၊ သူတို့ ထွက်လာသည်နှင့် တပြိုင်နက် သစ်တောက်ဌက်၏ စောင့်ဖမ်းစားခြင်းကို ခံခဲ့ရသည်။လက်ရှိ အခြေအနေမှာ အရှုံးဘက်သို့ နီးကပ်နေချေပြီ။

“ဟွမ်ထျန်း ရှင် ဘာလို့ သူတို့နဲ့ လေပေါ‌နေတာတုန်း?”

ရွှမ်ယွီ ဧကရီသည် ရန်သူဘက်က ဧကရာဇ်ခြောက်ပါးကို အထင်အမြင်သေးစွာဖြင့် ကြည့်ရင်း အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။

“သူတို့က ကြားဝင်ဖို့ ဆုံးဖြတ်ပြီးကတည်းက ၊သူတို့ကို သတ်ပစ်လိုက်တော့”

ဟွမ်ထျန်း ဧကရာဇ်မင်းသည် ခေါင်းညိတ်လိုက်ကာ ဧကရာဇ်မင်း ခြောက်ပါးကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ ဖိနှိပ်စွမ်းအားများ ထွက်ပေါ်လာကာ နေရာအနှံ့ လွှမ်းခြုံသွားခဲ့သည်။ထိုဧကရာဇ်မင်း မြတ် ခြောက်ပါး၏ အမြင်တွင်၊ သူသည် ဤလောက၏ အရှင်သခင် အလား မှတ်ယူရသည်။

“ဟုတ်တာပဲ ၊ ငါးတသိုက်က ခုန်ထွက်ပြီး ငါ ကွေးယွမ်ကို ရန်လာရှာရဲပေါ့ “

“ခေါင်းဖြတ်”

ချွင်—

ဟွမ်ထျန်း ဧကရာဇ်မင်း၏ နောက်ကျောတွင် ထမ်းပိုးထားသော ရှေးဟောင်း ကြေးဓား တစ်လက်သည် စူးရှသော ဓားအော်သံနှင့် အတူ ထွက်ပေါ်လာခဲ့သည်။

တုံ့ဆိုင်းခြင်း မရှိ ၊

သူ၏ ဓားကို ဆွဲထုတ်ခဲ့ရာ ၊ ဓားသည် နဂါးငွေ့တန်းကဲ့သို့ တောက်ပသော ဓားအလင်းရောင်ဖြင့် ဖြတ်တောက်ပစ်လိုက်သည်။

“ဟွမ်ထျန်း!”

ဟွမ်ထျန်း ဧကရာဇ်မင်းမှ ယခုလို တုံ့ပြန်လာမည်ဟု ထင်မထားခဲ့ပေ။

ဒီပေမင်တိုက်ကြီး တစ်ခုလုံး နစ်မြုပ်မှာကို သူ မကြောက်ဘူးလား!?

သို့သော် နောက်လာသည့် မြင်ကွင်းသည် ပို၍ ထိတ်လန့်စရာ ကောင်းခဲ့သည်။

ဟွမ်ထျန်း ဧကရာဇ်မင်းသည် ပထမအဆင့် ဧကရာဇ်မင်း ဖြစ်ရာ ၊ သူသည် အစွမ်းသတ္တိသည် အဆုံးစွန်ထိ လွန်ကဲနေခဲ့ပြီ ဖြစ်သည်။

ဟွမ်ထျန်းဧကရာဇ်မင်း၏ ဓားချက်သည် အလွန် ရိုးရှင်းသည့် အလျောက် ပေါ့ပါးပါးပါး တိုက်ခိုက်မှုတစ်ခုသာ ဖြစ်သည်။

သို့သော် ၎င်းဓား၏ ဓားစွမ်းအင်သည် လွန်စွာ ပြင်းထန်ရုံသာမက ၊ ဧကရာဇ်မင်း၏ အလိုတော်ဆန္ဒအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

သို့သော် လူတိုင်း၏ ထိတ်လန့်နေကြသော အကြည့်များ အောက်တွင် ၊ ဓားစွမ်းအင် ပြန့်ကျဲသွားလေရာ နေရာတိုင်း ဤကမ္ဘာပေါ်ရှိ အရာခပ်သိမ်းတိုင်း ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။

“နတ်ဆိုးအကာအကွယ်!”

နတ်ဆိုးချောက်နက် ရှိ ဧကရာဇ်မင်းတစ်ယောက်သည် သတိလက်လွတ်မဖြစ်ဝံ့ဘဲ သူ၏ မှော်စွမ်းအားများကို အလျင်အမြန် ထုတ်သုံးလိုက်သည်။

နယ်မြေပြင်ပစစ်မြေပြင်တွင် ၊ ဟွမ်ထျန်းဧကရာဇ်မင်း၏ ကြောက်စရာကောင်းမှုကို လူတိုင်းသိကြသည်။

ဓား ထွက်ပေါ်သည်နှင့် လူ သေချာပေါက် သေရမည်။

ဝုန်း!

ဓားစွမ်းအင်သည် တုန်လှုပ်မြည်ဟည်းလျက်၊ ဟင်းလင်ပြင်ကြီးမှာ လှုပ်ခါသွားပြီး အမှောင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာရသည်။

ထိုဓားစွမ်းအင်၏ ရှေ့တွင် ရှိနေခဲ့သည့် နတ်ဆိုးချောက်နက် ဧကရာဇ်မင်းမှာမူ ဖြူဖျော့နေပုံရသည်။

သူ ဖွဲ့စည်းထားခဲ့သော နတ်ဆိုးစွမ်းအင် အတားအဆီးသည် ဟွမ်ထျန်းဧကရာဇ်မင်း၏ ကြီးမားသော ထိုးနှက်ချက်ကို ခံခဲ့ရသည်။

ဤအခိုက်အတန့်တွင်မူ ၊ နတ်ဆိုးစွမ်းအင် မှော်သင်္ကေတတို့သည် ပျက်စီးတော့မည့်အတိုင်း တဖျပ်ဖျပ် တုန်ခါနေသည်။

ကွဲအက်သံ!

ကွဲအက်သွားသော နှလုံးခုန်သံကို ကြားလိုက်ရသည့် အခိုက်အတန့်မှာပင် ၊ ဓားစွမ်းအင်သည် ထိုဧကရာဇ်မင်း၏ ကိုယ်ထဲသို့ တိုက်ရိုက် ဖြတ်သန်းသွားခဲ့လေပြီ။

“ အဟွတ်….”

ပြင်းထန်သော စွမ်းအားတို့သည် သူ့ခန္ဓာကိုယ်တွင်းရှိ အင်္ဂါများကို တုန်လှုပ်သွားစေရုံ သာမကဘဲ ၊ ၎င်းအား အဝေးသို့ လွှင့်ပျံကျသွားစေခဲ့သည်။

ဘုန်း!

နတ်ဆိုး ချောက်နက်၏ ဧကရာဇ်မင်းခမျာ ဧရာမ ဥက္ခာခဲနှင့် ဝင်တိုက်မိပြီး ၊ ထောင်ချီ ရှိသော ကြယ်စင်များ ချက်ချင်းလက်ငင်း ကြွေကျခဲ့ရသည်။

“အမ်….”

ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ရင်တဒိတ်ဒိတ်ဖြင့်။

စောနက အဝေးကို လွှင့်ပျံကျသွားတဲ့သူက ဘယ်သူတုန်း!?

အဲ့ဒါ ဧကရာဇ်မင်းနော် ၊ အလွန် တန်ခိုးကြီးမားပါပေတဲ့ ဧကရာဇ်မင်းလေ !!

ဧကရာဇ်မင်းတွေရဲ့ ကြား ကွာဟချက် ရှိသည် ဟု ဆိုကြသော်လည်း ၊ သို့သော် ဤ ကွာဟချက်သည် အလွန်ကို ကြီးမားနေခဲ့သည်။

“ ဟွမ်ထျန်းဧကရာဇ်မင်း ဆိုတဲ့အတိုင်းပဲ “

ထိုစဉ် ၊ ကောင်းကင်ယံမှ အသံတစ်သံ ထွက်ပေါ်လာခဲ့ပြန်သည်။

အလွန် အလှမ်းဝေးသောအရပ်မှ ဆင်းသက်လာသော ထိုအနှီ ပုဂ္ဂိုလ်၏ကြောက်မက်ဖွယ်ရာ ကောင်းသော အငွေ့အသက်များသည် လေထဲတွင် ပြည့်နှက်လို့ နေသည်။

နောက်ထပ် ထိပ်တန်း ဧကရာဇ်တစ်ပါး ရောက်လာခဲ့လေပြီ ။

ထိုပုဂ္ဂိုလ်ရောက်ရှိလာခြင်း အပေါ် နတ်ဆိုးချောက်နက်၏ ဧကရာဇ်မင်းများမှာ အလွန်ပျော်နေပုံ ရသည်။

“ အရမ်း ကောင်းတာပဲ ၊ အဲဒါ လူကြီးမင်းပဲ!”

“လူကြီးမင်းက ငါတို့ကို ကူညီဖို့ လာတာလား”

“ နတ်ဘုရားက ငါတို့ကို ကူညီပြီ!!”

“….”

မှန်၏ ။ ကောင်းကင်ကြီးသည် ဖြည်းညှင်းစွာ ကွဲအက်လာခဲ့သည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။ထိုဧကရာဇ်မင်း၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ပြင်းထန်သော နတ်ဆိုးစွမ်းအင်များ ရစ်ဝဲထားလေသည်။

သူ့ပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအင်များသည် အနှစ်သာရ အဖြစ်သို့ ပြောင်းလဲသွားပြီး ၊ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သူသည် နတ်ဆိုးကမ္ဘာကြီးထဲတွင် ရှိနေသည့်အတိုင်း။

“ မော့ဝူတောက် ၊ မင်းတို့ မျဲ့တောက် နတ်ဆိုးနန်းတော်ကလည်း ဝင်ရောက်စွက်ဖက်ချင်တာလား?”

မော့ဝူတောက် ၊

နတ်ဆိုးကမ္ဘာရှိ မျဲ့တောက် နတ်ဆိုးနန်းတော်၏ ရှေးဧကရာဇ်မင်း ။

သူသည်လည်း ပထမအဆင့် ဧကရာဇ်မင်း တစ်ပါး ဖြစ်သည်။

ဟွမ်ထျန်း ဧကရာဇ်မင်းသည် နယ်မြေပြင်ပစစ်မြေပြင်တွင် ဝူတောက် ဧကရာဇ်မင်း နှင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သို့သော် ရလဒ်မှာ ၊ ဟွမ်ထျန်း ဧကရာဇ်မင်းကသာလျှင် အမြဲတမ်း သာလွန် နေခဲ့သည်။

“ဝင်ရောက်စွက်ဖက်မယ်?

ဝူတောက် ဧကရာဇ်မင်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

“တကယ်တော့ နတ်ဆိုးချောက်နက်က ငါ နတ်ဆိုးကမ္ဘာရဲ့ အင်အားစု လို့ ယူဆနိုင်ပေမယ့် ၊ ဒါပေမဲ့ ဟွမ်ထျန်း မင်း ဖျက်ဆီးချင်တယ်ဆိုရင်လည်း ငါအများကြီး မပြောတော့ပါဘူး”

ဝူတောက် ဧကရာဇ်မင်း ၏ စကားများသည် တောင်လောင်နေသော မီး‌လျှံများကို ရေခဲရေဖြင့် လောင်းချလိုက်သကဲ့သို့ ၎င်းတို့၏ မျှော်လင့်ချက်များကို ပျက်သုန်းသွားစေခဲ့သည်။

တစ်ခဏအတွင်း ၊ လူတိုင်း အလွန် ဖြူဖျော့သွားသည်။

“ ဘာကို ဆိုလိုတာလဲ?”

ဟွမ်ထျန်းဧကရာဇ်မင်း၏ အကြည့်နှင့် လေသံသည် လွန်စွာ အေးစက်နေပြီး ခံစားချက် မရှိသလိုပင်။

“ ငါ ဒီကို လာခဲ့တာ တစ်စုံတစ်ယောက်က တောင်း‌ဆိုလို လာခဲ့တာ ဒါပေမဲ့ သူ့အတွက်နဲ့ မင်းကို မစော်ကားချင်ဘူး “

“ လွယ်လွယ်လေး ၊ တခြားသူတွေကို ဂရုမစိုက်ဘူး ၊ ငါ နဲ့ မင်း တစ်ပွဲလောက် နွဲကြမယ် “

“စိတ်ဝင်စားဖို့ ကောင်းးတယ် ၊ ဝူတောက် မင်းကြည့်ရတာ မကျေနပ်သေးတဲ့ပုံပဲ “

ဟွမ်ထျန်းဧကရာဇ်မင်းသည် ဤစကြဝဠာ၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ အလင်းစီးကြောင်း သဖွယ် ပျံသန်းသွားခဲ့သည်။

“လာလိုက်စမ်းပါ ၊ ဒီနေ့ မင်းကို နောက်ထပ် ရှုံးနိမ့်မှု တစ်ခု ထပ်ပေးရုံပေါ့ “

ဝူတောက် ဧကရာဇ်မင်းသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူသည်လည်း အနက်ရောင်အလင်းတန်း သဖွယ် ဟွမ်ထျန်း ဧကရာဇ်မင်း ရှိရာ အရပ်ဆီသို့ ပျံသန်းသွားခဲ့သည်။

……..

ဤထိပ်တန်း ဧကရာဇ်မင်းနှစ်ပါး ထွက်ခွာသွားပြီးနောက်တွင် ၊ လေထုသည် ပိုမို ဆိုးရွားလာခဲ့သည်။

မူလက နတ်ဆိုးချောက်နက် နှင့် နတ်ဘုရားအချုပ်ထောင် နန်းတော် တို့မှ ဧကရာဇ်မင်း ခြောက်ပါး ထွက်လာခဲ့သည်။

မထင်မှတ်ပဲ၊ သူတို့ထဲက တစ်ယောက်သည် ဟွမ်ထျန်း ဧကရာဇ်မင်း၏ လက်အောက်တွင် ရှုံးနိမ့်ခဲ့ရသည်။

ယခု ကွေးယွမ် သူတော်စင် နယ်မြေတွင် ဧကရာဇ်မင်း ကိုးပါးရှိနေပြီး ၊ သူတို့ဘက်တွင် ငါးဦးသာ ရှိသည်။

ဒါ ဘယ်လိုလုပ် တိုက်လို့ဖြစ်မှာတုန်း??

နတ်ဘုရားအချုပ်ထောင် နန်းတော် မှ ဧကရာဇ်မင်းတစ်ပါးသည် အတင်းပြုံးကာ ဆိုရှာသည်။

“ ရွှမ်ယွီ ဧကရီ … ဒါ နားလည်မှု လွဲတာပါ…”

ရွှမ်ယွီဧကရီက ရယ်လေ၏။

“နားလည်မှု လွဲတာ?”

“ဒါဆို ငါ ဒီနေ့ နင်တို့ကို သတ်တာကလည်း နားလည်မှု လွဲတာပဲ “

“အတူတူ တတ်ကြ ၊ အဝေးကနေတောင် လာရောက်တဲ့ ဒီ ဧည့်သည်တွေ အားလုံးကို သင်္ဂြိုဟ်ပေးလိုက်ရအောင် “

အပိုင်း(၁၉၈): စာမေးပွဲအောင်မြင်ခြင်း ၊ ငါ့ကို ဘယ်သူ ခေါ်နေတာလဲ

နောက်အခိုက်အတန့်တွင် ရွှမ်ယွီဧကရီသည် သူမ လက်ကို မြှောက်တင်လိုက်ပြီး နေရာတစ်ခုလုံးကို နှိပ်ကွပ်လိုက်သည်။

အဆုံးမရှိသော မီးလျှံ မှော်သင်္ကေတများ တဟုန်ထိုး နိုးထလာခဲ့ပြီး ၊ မီးလျှံကမ္ဘာကြီး အဖြစ်သို့ ပြောင်းလဲသွားကာ ဧကရာဇ်ခြောက်ပါးအား နှိပ်ကွပ်ရန် ဦးတည်သွားခဲ့သည်။

တောက်လောင်နေသော မီးလျှံများသည် ကြယ်ရောင်စုံသော ကောင်းကင်ကြီးကို ချက်ချင်း ဆိုသလို လောင်ကျွမ်းစေခဲ့သည်။

……

တစ်ချိန်တည်းမှာပင် ကြေးဝါဗိမ္မာန်အတွင်း၌ ၊

စူးချန်ကဲသည် ထိုပုဂ္ဂိုလ်နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။

တဟုန်းဟုန်း တောက်လောက်နေသော ဓားစွမ်းအင်နှင့် ‌ဗျပ်စောင်းစွမ်းအင် နှစ်ခုကြားက တိုက်ပွဲသည် ကြေးဝါဗိမ္မာန်အတွင်း၌ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ရသည်။

“ လူကြီးမင်း ၊ ကျုပ် ခင်ဗျားနဲ့ တိုက်နေတာ အကြိမ်ရေများနေပြီ ဒါမှမဟုတ် တစ်ပွဲတည်းနဲ့ ဆုံးဖြတ်ကြစို့လား?”

“ရတယ်လေ”

ထိုပုဂ္ဂိုလ်က ပြုံးကာ ဆိုလိုက်သညိ။

“ဒီတိုက်ပွဲကို အဆုံးသတ်ဖို့ အချိန်တန်ပြီ”

စူးချန်ကဲသည် ကောင်းကင်ဓားကို ကိုင်ဆောင်ထားပြီး ၊ ဓားဆန္ဒတို့သည် ဓားကိုယ်ထည် အနှံ့ ဖြည်းဖြည်းချင်း ထွက်ပေါ်လာနေသည်။

ဤတစ်ကြိမ်တွင်၊ သူသည် နတ်သတ်ဓား ဆန္ဒ နှင့် သူတော်စင် ခန္ဓာကိုယ်၏ စွမ်းအင်တို့ကို ပေါင်းစပ်ထားသည်။

သူ့ကို ဗဟိုပြု၍ ၊ ဓားဆန္ဒတို့သည် ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားပြီး ကျယ်ပြောလှသော ဤနေရာတစ်ခုလုံးကို ဓားနယ်ပယ် အဖြစ်သို့ ပြောင်းလဲခဲ့သည်။

ပို၍ ကြောက်စရာကောင်းသည်မှာ အဆုံးမရှိသော ဓားဆန္ဒများ ထွက်ပေါ်လာသည်နှင့်အမျှ ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ဒြပ်မရှိသော ဓားတစ်လက် ထွက်ပေါ်လာခဲ့သည်။

သူကို ဝန်းရံထားသော ဓားအလင်းများမှ ဓားသွားသံများ ထွက်ပေါ်နေလေ၏။

ကျယ်ပြောလှသော ဤနေရာတစ်ခုလုံး ဓားများဖြင့် ပြည့်နှက်နေသည့် အတိုင်း လူကို ထင်ယောင်ထင်မှား ဖြစ်စေသည်။

“ မဆိုးဘူး ၊ ငါ့ကို မျှော်လင့်ချက်ပေးနိုင်တဲ့ သူလို့ ခေါ်ထိုက်တယ် ၊ ကဏ္ဍတိုင်းမှာ ပြီးပြည့်စုံလွန်းပါပေတယ်”

ထိုပုဂ္ဂိုလ်က ချီးကျူးလိုက်သည်။

သူသည် သူ၏ ခန္ဓာကိုယ်မှ ရောင်ဝါများကို ဖွင့်ထုတ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် စူးချန်ကဲ၏ ကျင့်ကြံအဆင့်နှင့် တူညီသော စွမ်းအားများကို ထုတ်သုံးခဲ့သည်။

သူ၏ နောက်တွင် ကြီးကျယ်ခမ်းနားသော ရွှေစေတီ မျှော်စင်တစ်ဆူ ထွက်ပေါ်လာခဲ့သည်။

၎င်းထံမှ ဂီတသံစဉ်များ ရေးရေးလေး ထွက်ပေါ်နေသည်။

ဤအခိုက်အတန့်တွင် ၊ ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းထားသော တေးဂီတသံစဉ်များသည် ထိုပုဂ္ဂိုလ်အား ရွှေရောင်ချပ်ဝတ်တန်ဆာအဖြစ် ဆင်ယင်ထားသလား အောက်မေ့ရသည်။

ရွှန်းလဲ့နေသော ရွှေစေတီမျှော်စင်၏ အငွေ့အသက်သည် အလွန် စူးရှကာ နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။

ဝေဟင်တွင် လွှင့်ပျံနေခဲ့သော ဂီတသံစဉ်သည် အလွန် ထက်သော ရွှေလှံတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။

“ဒါက ငါ့ရဲ့ အသက်ဝိညာဉ်နဲ့ စုစည်းထားတာပဲ “

“ ငါဖန်တီးထားတဲ့ မှော်စွမ်းအားတွေထဲက တစ်ခု‌ဆိုလည်း ဟုတ်တယ် “

ထိုပုဂ္ဂိုလ်သည် အပြုံးမပျက် ‌ဆို၏။

“မင်းသာ အနိုင်ယူနိုင်ရင် ၊ ဒီစမ်းသပ်မှုကို မင်း အောင်မြင်ပြီပဲ “

“ကိုယ်တိုင်ဖန်တီးထားတဲ့ မှော်စွမ်းအားတစ်ခု?”

စူးချန်ကဲမှာ ဤစေတီတော်၏ အငွေ့အသက်သည် ယခင် က ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်ထက် များစွာ ပို၍ တန်ခိုးကြီးသည်ဟု သူ့စိတ်ထဲတွင် ကောက်ချက်ချလိုက်သည်။

၎င်း၏ ဖွဲ့စည်းမှုသည် ဤနေရာတစ်ခုလုံးကို အလွန် ကြောက်စရာကောင်းအောင် နှိပ်ကွပ်ထားနိုင်သည်။

ဒါပေမယ့် သူ့ကို အရှုံးဝန်ခံခိုင်းရင်တော့ ၊ ဒါဆို ဝေးသေးတယ် !

ဝီ——

စူးချန်ကဲသည် မြင့်မြတ်သော လမ်းစဉ်၏ မီးဖိုကြီး အဖြစ်သို့ ပြောင်းလဲသွားပုံရကာ ၊ ၎င်းထံမှ ထွက်ပေါ်လာသော မရေမတွက်နိုင်သော ဓားစွမ်းအင်များသည် ဤကမ္ဘာကြီး၏ ဓားသွားများ အဖြစ်သို့ ပြောင်းလဲသွားသည်။

မပျက်စီးနိုင်သော အငွေ့အသက်တစ်ခု သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး ၊ သူသည် မှော်ဓားတစ်လက် သဖွယ် ရှိနေသည်။

သူ့ပတ်၀န်းကျင်တွင် ဆိုင်းငံ့ထားခဲ့သော ဓားစွမ်းအင်များသည် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ၊ဓားသွားသံများကို အဆုံးမရှိ ကြားနေရသည်။

“ ဖျက်စီးခြင်း နတ်ဘုရားဓား ! “

“ဖြတ်!”

ဤအခိုက်အတန့်တွင် ဓားပဲ့တင်ထပ်သံများ အဆုံးမရှိ ထွက်ပေါ်လာခဲ့ပြီး ၊ ဤနေရာရှိ ပတ်ဝန်းကျင် တစ်ခုလုံး ဓားနယ်ပယ်အဖြစ်သို့ ပြောင်းလဲသွားကာ ၊ အဆုံးမဲ့ ဓားဝိညာဉ်များ မြည်ဟည်းတုန်လှုပ်နေသည်။

ကြီးမားကျယ်ပြန့်သော ဓားဆန္ဒတို့သည် ဓားမြစ်တစ်စင်း သဖွယ် ဖြစ်လာခဲ့သည်။

ဓားမြစ်ထဲတွင် တောက်ပသော ဓားအရိပ်တစ်ခုရှိနေသည်။

စူးချန်ကဲ ရှိရာ နေရာမှ ထိုပုဂ္ဂိုလ်၏ ရှေ့သို့ ကျရောက်လာခဲ့သည်။

ထိုပုဂ္ဂိုလ်မှာ ဓား၏ ဆန္ဒကို ခံစားလိုက်ရသည်နှင့် ၊ သူ၏ မျက်ဝန်းအစုံမှာ အနည်းငယ် ကျုံ့သွားသည်။

“ဒီဓားက…”

သို့သော် သူသည် တုံ့ဆိုင်းမနေဘဲ၊ အတွေးနဲ့တင် လှုပ်ရှားလိုက်သည်။

ရုတ်တရက် ၊ ရွှေစေတီမျှော်စင်မှ အကန့်အသတ်မဲ့ ရွှေရောင်စွမ်းအားများ ထွက် ပေါ်လာခဲ့သည်။

ရွှေလှံတံသည် ကောင်းကင်ကို ဖောက်ထွက်လာခဲ့ပြီး ဓားနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။

ထိုပုဂ္ဂိုလ်၏ လက်တစ်စုံသည် ရပ်တန့်ခြင်း မရှိဘဲ ၊ သူသည် ဗျပ်စောင်းကို တီးခတ်နေလေ၏။

ထိုစဉ် ၊ ရွှေစေတီမျှော်စင်မှ တစ်ဖန် ထွန်းလင်းတောက်ပလာသော ရောင်‌စဉ်များကို မြင်တွေ့လိုက်ရပြန်သည်။

စူးချန်ကဲ၏ စွမ်းအားများကို ရပ်တန့်ရန် ကြိုးပမ်းနေသကဲ့သို့ပင်။

“ နှိပ်ကွပ်စေ !”

ဝေဟင်တွင် ဆိုင်းငံ့ထားသည့် ရွှေစေတီ မျှော်စင်သည် ထိုပုဂ္ဂိုလ်၏ ရှေ့သို့ ကျဆင်းလာခဲ့သည်။

ဧရာမ ရွှေစေတီ မျှော်စင်သည် မြစ်သဖွယ် ရှိသော ဓားများကို တောင်ထွပ်ကြီးကဲ့သို့ ဖုံးလွှမ်းထားသည်။

ဂီတသံစဉ်ဖြင့် ဖွဲ့စည်းထားသော ဤစေတီမျှော်စင်သည် ဖျက်ဆီး၍ မရနိုင်သကဲ့သို့ စူးချန်ကဲ၏ ဓားစွမ်းအင်ကို တိုက်ရိုက် ဝါးမျိုပစ်ခဲ့သည်။

ချွင် ချွင် —

ထိုစေတီမျှော်စင်မှ သတ္တုပွတ်တိုက်သံများ ထွက်ပေါ်လာခဲ့သည်။

စူးချန်ကဲ၏ ဓားအလင်းသည် ထိုအထဲသို့ ဝင်ရောက်သွားခဲ့သည်။

ချွင် ——

စူးချန်ကဲ၏ ဓားစွမ်းအင်သည် စေတီတော်အတွင်း ဝင်‌ရောက်သွားပြီးနောက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

စေတီကြီး တစ်ခုလုံး တုန်ခါသွားပြီးနောက် ၊ ဓားစွမ်းအင်များသည် တခြား တစ်နေရာဆီသို့ တိုက်ရိုက် ဦးတည်သွားပြန်သည်။

ကံကောင်းထောက်မစွာ၊ ထိုပုဂ္ဂိုလ်သည် အလျင်အမြန် တုံ့ပြန်ခဲ့သည်။သူသည် ဗျပ်စောင်းကို ထပ်မံ တီးခတ်လိုက်ရာ ငြိမ့်ညောင်းသော တေးသံစဉ်များ ထပ်မံ ထွက်ပေါ်လာခဲ့သည်။

နောက်သို့ ဇောက်ထိုးပျံကျသွားသော စေတီသည် လျင်မြန်စွာဖြင့် ပြန်လည် တည့်မတ်သွားသည်။

ဝီ —

လွန်စွာ စူးရှသော ရောင်စဉ်များ ပေါက်ကွဲခဲ့ပြီးနောက် ၊ စေတီ‌ မျှော်စင်သည် အမြင့် ပေတစ်သောင်းအထိ ပိုမြင့်သထက် မြင့်သွားခဲ့သည်။

နောက်ဆုံးတွင်၊ ထိုရွှေစေတီ မျှော်စင်မှ တဆင့် မရေမတွက်နိုင်သော မျှော်စင်ပုံရိပ်ယောင်များ ခွဲထွက်လာခဲ့သည်။

ထိုမျှော်စင် ပုံရိပ်ယောင်များသည် တောက်ပသော ရောင်စဉ်များနှင့် အတူ ထွက်ပေါ်လာခဲ့ပြီး ၊ စူးချန်ကဲကို နှိပ်ကွပ်ရန် ဦးတည်လာခဲ့သည် ။

ပို၍ ကြောက်စရာကောင်းသည်မှာ ရွှေစေတီ မျှော်စင်များ၏ ကြွေးကြော်သံများ ကြားတွင် မရေမတွက်နိုင်သော ရွှေလှံများ တစင်းပြီး တစင်း ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

သို့သော် လှံမုန်တိုင်းထဲတွင် ရောက်ရှိနေသူ စူးချန်ကဲမှာမူ ၊ သူ၏ အကြည့်များက အရင်လို တည်ငြိမ်ဆဲသာ။

“ဝိုင်းခံလိုက်ရတာလား”

သူ၏ ဦးခေါင်းအထက်တွင် ရှိနေခဲ့သော ရွှေစေတီ မျှော်စင်ကြီးမှ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများကို သူ ခံစားလိုက်ရသည်။

အဆုံးမဲ့ တေးသံစဉ်များသည် ဤနေရာရှိ လေဟာပြင် တစ်ခုလုံးကို နှိပ်ကွပ်၍ ထားပေသည်။

လွန်စွာ ကြီးမားသော စေတီမျှော်စင်ကြီး၏ ရှေ့တွင် သူသည် လွန်စွာ သေးငယ်ပုံ ပေါက်သည်။

သို့သော် ဤအရာသည် သူ့ကို နှိပ်ကွပ်နေသည်ဟု မခံစားရပေ။

ထိုစဉ် သူ၏ ခန္ဓာကိုယ်မှ ဓားစွမ်းအင်များ ထွက်လာခဲ့သည်။

ပူပြင်းတောက်ပသော နေရောင်နှင့် အတူ ၊ နှစ်ထောင်ချီ ဆီးနှင်ခဲများ ပေါ်ထွက်လာသည့်အတိုင်း ။

ကြောက်စရာ ကောင်းသော ထိုရောင်ဝါနှစ်ခုသည် ဤနေရာတစ်ခုလုံးကို ဆွဲငင်နေပုံ ရသည်။

“ရေခဲ မီး စွမ်းအားလား?”

ထိုပုဂ္ဂိုလ်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ တချိန်တည်းမှာပင် သူ့ရှေ့ရှိ အပူချိန် ပြောင်းလဲမှုကြီးကိုလည်း ခံစားလိုက်ရသည်။

ထိုပုဂ္ဂိုလ်သည် တုံ့ဆိုင်းမနေတော့ဘဲ ၊ သူ၏ ဗျပ်စောင်းကို ထပ်မံ တီးခတ်လိုက်သည်။

တေးဂီတ မှော်သင်္ကေတများ ထွက်ပေါ်လာကာ လှိုင်းတံပိုးသဖွယ် စူးချန်ကဲထံသို့ ဦးတည်သွားခဲ့သည်။

စေတီတစ်ဆူတည်းဖြင့် သူ့ကို နှိပ်ကွပ်ဖို့ မလုံလောက်မှန်း သူ နားလည်လိုက်သည်။

စူးချန်ကဲ၏ ကာယစွမ်းရည်သည် သန်မာလွန်းပေရာ ၊ ဒီတိုင်း ဆက်သွားမည် ‌ဆိုပါက အချိန်ဖြုန်းရာ ကျပေတော့မည်။

“တာအိုသတ်ဖျက်ခြင်း”

စူးချန်ကဲ၏ မျက်ဝန်းများမှာ ဖျက်ခနဲ့ ဝင်းလက်သွားသည်။

ဤအရာသည် တာအိုသတ်ဖြတ်ခြင်းဗျူဟာတွင် သူ နားလည်သဘောပေါက်ခဲ့သော နောက်ဆုံးအကွက်ပင် ဖြစ်သည်။

အတုမရှိသော လမ်းစဉ်ကို အောင်မြင်လိုပါက၊ ကန့်သတ်လမ်းစဉ်များကို ဦးစွာ ဖျက်ဆီးပစ်ရမည်။

မြင့်မြတ်သော လမ်းစဉ်ကို သွားရာတွင် ၊ သူသည် အစဉ်အလာနှင့် မကိုက်ညီသော အရာကို ရယူရမည်။ အတုမရှိသော အရာ ၊ လွတ်လပ်ခြင်းနှင့် မသေဆုံးခြင်း ကို ရှာဖွေရမည်။

ဤအရာအားလုံးကို ပြီးမြောက် အောင်မြင်လိုပါက ၊ သူ့အား အတားအဆီးဖြစ်စေခဲ့သော အားနည်းသော လမ်းစဉ်များကို ဖျက်ဆီးပစ်ရမည်။

သူလျှောက်သော လမ်းစဉ်သည် ပျက်စီးခြင်း၏ လမ်းစဉ်သည်သာ။

စူးချန်ကဲသည် ကောင်းကင်ဓားကို မြှောက်တင်လိုက်သည်။

ကောင်းကင်ဓား၏ နှိပ်ကွပ်မှုကြောင့် ဟင်းလင်းပြင်အတွင်း တုန်လှုပ်မြည်ဟည်းသံများ ပဲ့တင်ထပ်လျက် ရှိသည်။

ဓားစွမ်းအင်များ အဆက်မပြတ် ပျံ့လွှင့်လာခဲ့ပြီး ၊ ဓားစွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာကာ ရွှေစေတီ မျှော်စင် နှင့် ပြင်းထန်စွာ တိုက်မိသွားသည်။

ထိုအနှီ ပုဂ္ဂိုလ်မှ ဖန်တီးခဲ့သော တေးဂီတ နှင့် စေတီမျှော်စင်တို့သည် ပျက်သုန်းစ ပြုနေခဲ့ပြီ ဖြစ်သည်။

အကန့်သတ်မဲ့သော လမ်းစဉ်စွမ်းအားတို့သည် စူးချန်ကဲ၏ လက်ထဲက ဓားကိုယ်ထည်ပေါ်တွင် စုဝေးလာခဲ့သည်။

စူးချန်ကဲ၏ လက်ထဲက ကောင်းကင်ဓားသည် အပြစ်ကင်းစင်စွာ ဝင်းလက် တောက်ပနေသည်။

“ အဖျက်လမ်းစဉ် “

စူးချန်ကဲသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ရုတ်​တရက်​၊ ထိတ်လန့်အံ့ဩဖွယ်ရာ ကောင်းသော ဓားစွမ်းအင်​များ တခဲနက် ထွက်ပေါ်လာသည်။

ထိုဓားစွမ်းအင်များသည် ရွှေစေတီ မျှော်စင် နှင့် ထိပ်တိုက် ဆုံတွေ့ခဲ့သည်။

ဓားစွမ်းအင်များ အရူးအမူး လှုပ်ရှားလေရာ ၊ လှပသော ဓားကန့်လန့်ကာ တစ်ခုအဖြစ် ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ထိုဓားစွမ်းအင်ကြောင့် ရွှေစေတီ မျှော်စင်များ ဖြိုချဖျက်ဆီးခံခဲ့ရသည်။

သို့သော် ထိုပုဂ္ဂိုလ်၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခုသာ ရှိနေခဲ့သည်။

သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း အက်ကွဲစ ပြုလာခဲ့ချေပြီ။

သို့သော် သူသည် အပြုံးမပျက်ခဲ့ပေ။

“ဂုဏ်ယူပါတယ်…”

“မင်း စာမေးပွဲ အောင်သွားပြီ ၊ ငါတို့ နှစ်ယောက်ကြားက သဘောတူညီချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်”

သူ ကွယ်မပျောက်ခင်လေးမှာပဲ ၊ သူ၏ လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး စူးချန်ကဲ၏ နားထဲသို့ သတင်းအချက်အလက် တစ်ခု ပေးပို့ခဲ့သည်။

“ကြေးဝါဗိမ္မာန်ကို ငါ လှုံဆော်ပြီးပြီ ၊ အချိန်ကျတာနဲ့ ကွေးယွမ် နယ်မြေကို မင်း တန်းပြီး ရောက်သွားလိမ့်မယ် “

….

တဖက်တွင်မူ

တိုက်မြေ သုံးထောင်ရှိ တိုက်ပွဲသည်လည်း ပို၍ ပြင်းထန်လာနေသည်။

ကွေးယွမ် သူတော်စင် နယ်မြေ၏ လူငယ် သူတော်စင်အရှင် ပုဂ္ဂိုလ်များသည်လည်း တိုက်ပွဲတွင် ပါဝင်ဆင်နွဲခဲ့သည်။

သူတို့သည် မကြာသေးမီကမှ သူတော်စင်အရှင် အဆင့်သို့ တတ်လှမ်းခဲ့‌သည် ဖြစ်ရာ ၊ သွေးနှစ်ခြင်းပွဲကြီး လိုအပ်ပေသည်။

လီဟောက်ထျန်း ၊ ယဲ့လင်ထျန်း နှင့် အခြားသူများ၏ မျက်လုံးများမှာ စိတ်အားထက်သန်မှု အပြည့်ဖြင့်။

မဟာမိတ်တပ်ဖွဲ့ကြီးကို ချေမှုန်းပြီးနောက်။

သူတို့အားလုံး တစ်ယောက်သောသူကို သတိရသွားမိသည်။

“ ဆက်ခံသူ သခင်သာ ဒီနေရာမှာ ရှိနေရင် ကျိန်းသေပေါက် တောက်ပနေလိမ့်မယ် “

“ဟုတ်တယ်၊ ဆက်ခံသူ သခင် ကြေးဝါဗိမ္မာန်မှာ ပိတ်မိနေတာ နှမြောစရာပဲ “

အားလုံး နှမြောတသဖြစ်နေကြသည်။ အကယ်၍ သူတို့၏ ဆက်ခံသူ သာ ထွက်မလာနိုင်ခဲ့ရင်ဖြင့်။

ဒါဆို ဒီရွှေခေတ်ကြီးက ဘာအဓိပ္ပါယ် ရှိတော့မှာတုန်း?

ထိုအချိန် ၊

ပြုံးရွှင်နေသော အသံဖြင့် လူတစ်ယောက် ဝေဟင်ယံမှ ထွက်ပေါ်လာခဲ့သည်။

“ငါ့ကို ဘယ်သူခေါ်နေတာလဲ”

အပိုင်း(၁၉၉): ထိပ်တန်း သူတော်စင်အောက်က လူတွေ ကြိုက်သလို လုပ်နိုင်တယ်

“ဒီအသံက!?”

အားလုံး မော့ကြည့်လိုက်ကြပြီး ၊ ဝမ်းသာအားရ ဖြစ်လို့နေသည်။

သူတို့၏ရင်ထဲက တောင်းတနေခဲ့သော ထိုအနှီသူသည် နောက်ဆုံးတော့ ရောက်လာခဲ့ပြီတဲ့လား?

ဝုန်း!

ကောင်းကင်ယံ၌ ရောင်စင်တန်းများ ပေါက်ကွဲလျက်၊ အဆုံးမရှိသော ဝိညာဉ်စွမ်းအင်များ စုရုံးလာကြသည်။

သက္ကတသံစဉ်၏ စွမ်းအားများ အဆက်မပြတ် စုဝေးလာနေပြီး ကောင်းကင်ကြီးကို တိုက်ရိုက် ဖြိုခွဲပစ်ခဲ့သည်။

အထဲမှ ဝတ်ရုံဖြူ လူငယ်လေး တစ်ဦး ထွက်လာသည်ကို မြင်လိုက်ရသည်။

ဝိညာဉ်စွမ်းအင်များ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီးနောက် ၊

လူတိုင်း ထိုအနှီလူငယ်လေးကို ထင်ထင်ရှားရှား မြင်လိုက်ရတော့သည်။

စူးချန်ကဲကလွဲပြီး ဘယ်သူရှိဦးမလဲ?

“စူး..စူး..စူးချန်ကဲ?!”

ခဲရာခဲဆစ် အခြေအနေမှ အသက်ရှင်လွတ်မြောက်နိုင်ခဲ့သော ထျန်းရှန်းဂိုဏ်းမှ ပါရမီရှင် တစ်ဦးက မျက်လုံးအပြူးသားဖြင့် ဆိုလိုက်သည်။

သူက ခွင်းလွင် တောင်မှာ ပိတ်မိနေတာ မဟုတ်လား?

ခွင်းလွင်တောင်က အနှစ်တစ်သိန်းနေမှ တစ်ကြိမ်ဖွင့်တာမဟုတ်ဘူးလား။

စူးချန်ကဲက ဘယ်လိုလုပ်ပြီးထွက်လာတာလဲ?

အင်အားစု တပ်ဖွဲ့ဝင်အချို့ကလည်း ထိုမြင်ကွင်းကို သတိထားမိကြသည်။

စူးချန်ကဲဆိုသည့် နာမည်ကို သူတို့ ရင်းနှီးနေခဲ့သည်မှာ ကြာခဲ့ပြီပင်။

ဒါတွေအားလုံးရဲ့ အကြောင်းရင်း!

ထာဝရစစ်ပွဲကြီးဖြစ်ရတဲ့ တရားခံ!

“စူးချန်ကဲ ထွက်လာပြီ ၊ အားလုံး သူ့ကို သတ်ကြဟေ့!”

စူးချန်ကဲကို သတ်ရန် အင်အားကြီးမားသော ပုဂ္ဂိုလ်တချို့က ၎င်းတို့၏ မှော်စွမ်းအားများကို အသက်သွင်းခဲ့သည် ။

“ငါးတသိုက်က ကိုယ့်သေလမ်းကိုရှာနေတယ်”

စူးချန်ကဲက ရွဲ့စောင်းကာ ပြုံးလိုက်သည်။ထို့နောက် သူ၏ လက်တစ်ဖက်တည်းဖြင့် နေရာတစ်ခုလုံးကို နှိပ်ကွပ်လိုက်သည်။

ချက်ချင်း‌ဆိုသလို ​၊ ကြောက်​မက်​ဖွယ်​​ရာ ကောင်း​သော ​ရောင်​ဝါတစ်​ခု ထွက်​​ပေါ်လာခဲ့သည်​။

သူ့ရှေ့က အုပ်စုသည် သူတော်စင်အရှင် အဆင့်မျှသာ ဖြစ်သည်။သူသည် ခွင်းလွင်တောင်မှာ ကတည်းက မဟာသူတော်စင် အရှင် အဆင့်ကို အောင်မြင်ပြီးခဲ့ပြီ ဖြစ်သည်။

သူသည် ကြေးဝါဗိမ္မာန်တွင် တိုက်ပွဲများစွာ ကြုံတွေ့ခဲ့ရသောကြောင့် သူတော်စင်စွမ်းအားများအပေါ် သူသည် ကျွမ်းကျင်စွာ ထိန်းချုပ်န်ိုင်ခဲ့ပြီ ဖြစ်သည်။

သူတော်စင်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ရွှေဝါရောင် လက်ဝါးရိပ်ကြီးသည် နှိပ်ကွပ်ရန် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည် ။

မူလက တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့သော တပ်ဖွဲ့တစ်စုမှာ အသံပင် မထွက်နိုင်ခဲ့ပေ။

စူးစူးဝါးဝါးအော်သံကိုသာ ကြားလိုက်ရသည်။

အသွေးအသားတို့သည် ဖျန်းခနဲ လွှင့်စင်သွားခဲ့လေပြီ။

တချို့များမှာဖြင့် အံ့သြမှုအပြည့်ဖြင့်။

သူတို့ဘာကို မြင်လိုက်ရတာလဲ?

မဟာ သူတော်စင်အရှင် အဆင့်ရှိ လူငယ်တစ်ယောက်ကိုလား?

စူးချန်ကဲ ကျင့်ကြံတာ ဘယ်လောက်ကြာသွားပြီလဲ?

နှစ်အနည်းငယ်အတွင်းမှာတင် ၊ သာ့နိမ်(အနန္တစွမ်းအားရှင် )အဆင့်ကနေ မဟာ သူတော်စင် အရှင် အဆင့်ကို ရောက်သွားပြီတဲ့လား?

သူတို့သည် သူတော်စင်အရှင် အဆင့်သို့ တတ်လှမ်းနိုင်ရန် နှစ်ရာနှင့်ချီ၍ အချိန်ယူခဲ့ရသည်။

စူးချန်ကဲမှာမူ ၊ ခွင်းလွင်တောင်ကို တစ်ခါလေးသွားလိုက်ပါတယ်၊ ပြန်ရောက်လာတော့ မဟာသူတော်စဉ်အရှင် တဲ့လား!

ဒါ လူရောဟုတ်ရဲ့လား?

“ စူးချန်ကဲ မင်း ဘာမကောင်းတဲ့ မိစ္ဆာအတတ်တွေကို သုံးနေတာလဲ!?”

နတ်နဂါးကျွန်းစု၏ သူတော်စင်အရှင် ပုဂ္ဂိုလ်တစ်ယောက်က မခိုးမခန့်ဖြင့် ဆိုလိုက်သည်။

ဤကိစ္စကို လက်ခံဖို့ရာ အတော်လေး ခက်ခဲနေပုံရသည်။

သူတို့မှာဖြင့် သူတော်စင်အရှင် ဖြစ်ဖို့ကို လွယ်ခဲ့တာမဟုတ်ဘူး ၊ အခုတော့ သူတို့ရဲ့ နောက်ပေါက်က သာလွန်နေသတဲ့လား?

ဒီကောင် ဘာလမ်းစဉ်တွေကို လိုက်စားနေမှန်းမှမသိတာ!

“မယုံဘူးလား?”

“ဒါဆို မင်းအသင်းနဲ့လာပြီး စမ်းကြည့်လေ သိသွားစေရမယ် “

စူးချန်ကဲက မဲ့ရွဲ့ကာ ပြုံးလိုက်ပြီး ၊ သူ၏ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဤကျပန်း လက်သီးချက်သည် အလွန်ပေါ့ပါးပြီး ၊ မည်သည့် မှော်စွမ်းအားကိုမှ မထည့်ထားပေ။

ထိုလက်သီးတစ်ချက်သည် ကမ္ဘာကို ဖျက်စီးမည့် အလင်းပမာ ဆင်းသက်လာခဲ့သည်။

လက်သီး၏ ထိုးနှက်ချက်သည် မြေကြီးများကို ထယ်ထိုးလိုက်သည့်အတိုင်း ဖြစ်စေခဲ့သည်။

ထိုသူတော်စင် အရှင် ပုဂ္ဂိုလ်မှာ ခံယူနိုင်စွမ်း မရှိခဲ့ဘဲ ၊ ၎င်း၏ သွေးများသည် လေထဲသို့ ပြန့်ကျဲသွားလေသည်။

စူးချန်ကဲ၏ ထိုးနှက်ချက်သည် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကိုပါ အပိုင်းပိုင်း ကွဲကြေသွားစေခဲ့သည်။

“စူးချန်ကဲ! ကိုယ်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့!”

“ မဟာ သူတော်စင်အရှင် ဖြစ်တာနဲ့ လောကမှာ မင်းသာလျှင် ပြိုင်ဘက်ကင်းလို့ ထင်မှတ်နေသလား!?”

ထိုအချိန်တွင်၊ ထိပ်တန်း မဟာ သူတော်စင်အရှင် ဖြစ်သည့် အဘိုးကြီး တစ်ဦးက လူအုပ်ကြီးထဲက‌နေ ထွက်လာခဲ့သည်။

“ ငါ့ရဲ့ ထျန်းရှန်းဂိုဏ်းက ပါရမီရှင်တွေကို သတ်တာ ၊ မင်း သေချာပေါက်သေရမယ်!”

ထိုအဖိုးကြီး၏ မျက်လုံးထဲတွင် အေးစက်မှုများရှိနေသည်။ စူးချန်ကဲ၏ လက်ချက်ဖြင့် အသက်ခံခဲ့ရသော သူတော်စင်အရှင် ပါရမီရှင်တွေထဲမှာ သူ့မြေးတစ်ယောက် ပါခဲ့သည်။

သူ့မြေးကို သတ်သည့် ဤအမုန်းတရားသည် ဘယ်တော့မှ ဖြေဆည်နိုင်မည်မဟုတ်။

“ မှန်တယ် ၊ အပြစ်သား စူးချန်ကဲ ဒီမှာရှိနေတယ် ၊ ငါ သူ့ကို သေချာပေါက် သတ်မယ် “

စောနက လှုပ်ရှားမှုကြီးကြောင့် လူတိုင်း၏ အာရုံများသည် ထိုနေရာဆီသို့ ရောက်ရှိသွားခဲ့သည် ။

သန်မာသော အုပ်စု တစ်စုချင်းစီတိုင်း စူးချန်ကဲရှိရာ နေရာဆီသို့ စုဝေးလာကြသည်။။

ဤလူအုပ်ကြီးထဲတွင် ထိပ်တန်းသူတော်စင်များလည်း ရှိသည်။

“ မင်းလို ကြွက်အိုကြီးက ၊ ငါ့ရဲ့ ကွေးယွမ် သူတော်စင် နယ်မြေမှာ ခုလိုအတင့်ရဲဝံ့တယ်ပေါ့!”

ဖော့ကျွင်း ဘိုးဘေး၏ အသံသည်ခေါင်းလောင်းသံ သဖွယ် ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့သည်။

စူးချန်ကဲ၏ ထွက်ပေါ်လာမှုကို သူလည်း သတိပြုမိခဲ့သည်။

သူသည် အရေးကြီးသော အခိုက်အတန့်ဖြစ်သောကြောင့် ၊ စူးချန်ကဲကို တမင်သက်သက် သွားတွေ့ရန် အချိန်မပေးနိုင်ခဲ့ပေ။

ဒါ‌ပေမဲ့ အခုတော့ ဒီကြွက်စုတ်တွေက စူးချန်ကဲကို သတ်ဖို့ စုဝေးနေသတဲ့လား?

သေချင်နေတဲ့ဟာလေးတွေ !

စူးချန်ကဲမှာမူ ၊ သူ့လက်ကို လျှက်ကာ ဂါရဝပြုလိုက်သည်။

“ ဖော့ကျွင်းဘိုးဘေး စိတ်ချပါ ၊ ချန်ကဲ နောက်တဆင့်ကို တစ်လှမ်းပြီးသွားပြီမို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါတယ်”

စူးချန်ကဲက ဆို၏။

“ ဒီကိစ္စကို ချန်ကဲ ကိုယ်တိုင် ဖြေရှင်းခွင့်ပေးပါ “

စူးချန်ကဲ၏ ဤစကားသည် ပတ်ဝန်းကျင်ရှိ လူအပေါင်းကို ထိန့်လန့်သွားစေခဲ့သည်။

နားကြားမှားတာ မဟုတ်ဘူးမလား?

ယခုတစ်ခေါက်ရှိ တပ်ဖွဲ့ဝင်များသည် ပထမတုန်းက ပွဲထက် ပို၍ များပြား‌ပေသည်။

ယခုတစ်‌ခေါက်ရှိ အင်အားစု တပ်ဖွဲ့ဝင်များ၏ အချက်အလက်ကို ကြည့်ရလျှင်ဖြင့် ၊ ယခင်က ကွေးယီးဂိုဏ်း တပ်ဖွဲ့ထက် အဆပေါင်းများစွာ သာလွန်သည်။

ဧကရာဇ်မင်းများ ဒါဇင်ချီ ထွက်ပေါ်လာရုံသာမက ၊

သူတော်စင် အရှင် အဆင့်ရှိ ပုဂ္ဂိုလ်များမှာ ဆိုရင်ဖြင့် လွန်စွာ မနည်းမနောပင်။

ဒါတင်မက၊ ဤနေရာတွင် ထိပ်တန်း သူတော်စင် ပုဂ္ဂိုလ်များလည်း ရှိနေသည်။

ဒါကို စူးချန်ကဲက တစ်ယောက်တည်း ဖြေရှင်းမတဲ့လား?

ထိုစကားကို ကြားတော့ ဖော့ကျွင်းဘိုးဘေးက အားရနှစ်ခြိုက်စွာ ပြုံးလေသည်။

“ မဆိုးဘူး ! ဒါမှသာလျှင် ငါတို့ ကွေးယွမ်ရဲ့ ဆက်ခံသူတစ်ယောက် အနေနဲ့ ရှိသင့်တဲ့ ဩဇာတိက္ကမပဲ !”

စူးချန်ကဲ၏ ရဲရင့်သော စကားများသည် သူ့ကို စိတ်လှုပ်ရှားစေခဲ့သည်။

သူ၏ တိုက်ခိုက် စွမ်းရည်များမှာလည်း ပို၍ အားကောင်းလာသည်။

သူ၏ တိုက်ခိုက်မှုသည် ဖီးနစ်လှိုဏ်ဂူ၏ ဘိုးဘေးကိုပင် သွေးအန်စေခဲ့သည်။

စူးချန်ကဲ တချက်လှမ်းကြည်လိုက်သည်။

သူ့ဆီသို့ ချီတတ်‌လာသော သက်ကြီးမျိုးဆက် သူတော်စင်အရှင် လူတစ်စုကို ကြည့်ရင်း အပြုံးမပျက် ‌ဆိုလိုက်သည်။

“ တကယ်တော့ ကျုပ်က အလုပ်ရှုပ်ရမယ့် ကိစ္စတွေဆိုရင် အတော် အမြင်ကပ်တာ ၊ အငယ် သတ်ပြီး ပြန်တော့ အိုကြိးအိုမတွေက လာပြန်ရော “

“ သတ်လိုက် ဖြတ်လိုက်နဲ့ ၊ သတ်လို့ကို မပြီးနိုင်တော့ဘူး “

“ ဒါပေမဲ့လည်း ကျုပ် စူးမျိုးရိုးက လူတွေကို ကူညီရတာ သဘောကျတယ် ၊ ကျုပ် စူးမျိုးရိုးနဲ့ စာရင်းရှင်းချင်တဲ့ သူတွေ တတ်လာခဲ့ကြ “

“ ထိပ်တန်း သူတော်စင်အောက်က လူတွေ ကြိုက်သလို လုပ်နိုင်တယ် “

“ ထိပ်တန်း သူတော်စင်တွေကတော့!”

စူးချန်ကဲသည် အပြုံးဖြင့် ဝေဟင်ကို မော့ကြည့်လိုက်သည်။

စူးချန်ကဲ ဘာကိုဆိုလိုမှန်း သူတို့ မသိစရာလား?

အကယ်၍ ထိပ်တန်း သူတော်စင်များ ဝင်ရောက်စွက်ဖက်ခဲ့ပါက ၊ ကွေးယွမ်ဘိုးဘေး၏ မိုးကြိုး လက်နက်စာကို ရရှိပေလိမ့်မည်ပင်။

သို့သော်လည်း စူးချန်ကဲကို သတ်ချင်သည့် စိတ်ဆန္ဒများကို မည်သူမျှ မဖုံးကွယ်နိုင်ခဲ့ပေ။

မိုက်ရူးရဲဆန်လွန်းတယ် !

အငယ်တစ်ယောက်က သူတို့ကို ခုလို မျက်စိထဲ မထည့်တာ ၊

ဒါ အရမ်း မုန်းဖို့ကောင်းတယ်!

သူတို့ရဲ့ မျိုးဆက်တစ်ခုလုံးကို သတ်ပစ်ခဲ့တဲ့ လူငယ် သူတော်စင် အရှင်ဖြစ်တဲ့ ဒီသကောင့်သား တကယ်ကို သေဖို့ကောင်းတယ်!

“ သေလိုက်စမ်း!”

ရုတ်​တရက်​ပင်​၊ သူ့​ရှေ့၌​ ​ပူပြင်း တောက်လောင်နေသော မီးလျှံများ ထွက်ပေါ်လာခဲ့သည်။

ထိုမီးလျှံများနှင့်အတူ လေနှင့် မိုးခြိမ်းသံတို့သည်လည်း နောက်ဆက်တွဲ ပုံရိပ်အဖြစ် ထွက်ပေါ်လာလေ၏။

ထိုသူ၏ တိုက်ခိုက်မှုသည် အလွန်ရက်စက်ကြမ်းကြုတ်သည်။၎င်းသည် မိမိ၏ မှော်လက်နက်ကို အသုံးပြုကာ စူးချန်ကဲကို တိုက်ခိုက်ခဲ့သည်။

“ ဆက်ခံသူ သခင် သတိထား!”

လီဟောက်ထျန်းသည် ထိုမြင်ကွင်းကို သတိပြုမိပြီး ၊ အမြန်သတိပေးလိုက်သည်။

သို့သော် စူးချန်ကဲမှာမူ အပြုံးမပျက်ပေ။အဘယ့်ကြောင့်ဆိုသော် သူ၏ မျက်လုံးထဲမှာ ရန်သူ၏ လှုပ်ရှားမှုသည် နှေးကွေးလွန်းသည်။

အနှေးပြကွက်ဖြင့် လှုပ်ရှားနေသော ခရုတစ်ကောင်အတိုင်း။

စူးချန်ကဲသည် သူ၏ ညာလက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး ၊ လက်နှစ်ချောင်းဖြင့် ဓားကို ညွှန်ကြားလိုက်သည်။

ချွင်——

စူးရှသော ဓားသွားသံ ထွက်ပေါ်လာလေ၏။

လူတိုင်း သူတို့မျက်စိရှေ့တွင် ဖြစ်ပျက်သွားသော ကိစ္စကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။

စူးချန်ကဲကို တိုက်ခိုက်ရန် ကြိုးစားခဲ့သော ထိုလူမှာ ပြင်းထန်သော အင်အားဖြင့် တိုက်ရိုက် ဖြတ်ခုတ်ခံလိုက်ရသကဲ့သို့ နှစ်ပိုင်း ကွဲထွက်သွားသည်။

သွေးများ နေရာအနှံ့ ပန်းထွက်ကုန်လေ၏။

ဤအခိုက်အတန့်တွင် လူတိုင်း မည်သူမျှ မတုံ့ပြန်နိုင်ဘဲ ကြောင်ကြည့်နေကြသည်။

“ ငါက ဘယ်သူလဲ?”

“ငါ ဘယ်ရောက်နေပါလိမ့်?”

“ ဘာဖြစ်သွားတာပါလိမ့်?”

All Chapters