အခန်း (၂၀၀-၂၀၃)
Vol. 14 Ch. 200-203
အပိုင်း(၂၀၀): ထျန်းမော်ချောက်နက်
“မကြောက်နဲ့ ၊ စူးချန်ကဲက တစ်ယောက်တည်းရယ် ၊ သူ့ဘာသာသူ မဟာသူတော်စင်အရှင် ဖြစ်နေတောင် ၊ ငါတို့ စည်းလုံးနေသရွေ့ သူ့ကို သတ်နိုင်တယ် !”
“မှန်တယ် ၊ အခု ငါတို့မှာအခွင့်ရေးရှိတယ် ၊ဒီအချိန်မှ မတိုက်ဘူးဆိုရင် ဘယ်အချိန်မှ တိုက်မှာလဲ?”
“ ညီအစ်ကိုတို့တတ်ကြ!”
ထျန်းရှန်းဂိုဏ်းမှ မဟာသူတော်စင်အရှင် ပုဂ္ဂိုလ် တစ်ဦး ထပ်မံ ပုန်ကန်ခဲ့သည်။
ခရမ်းရောင် စွမ်းအင်များသည် ကောင်းကင်ယံ၌ အဆက်မပြတ် ရစ်ဝဲနေပြီး၊ ကြောက်မက်ဖွယ်ရာ ကောင်းသော ခရမ်းရောင်စွမ်းအင် တောင်ဝှေးသည် ထိုအနှီ ပုဂ္ဂိုလ်၏ လက်ထဲတွင် ထွက်ပေါ်လာသည်။
သူသည် တောင်ဝှေးကို ဆန့်ထုတ်ကာ ရှေ့ကို ချိန်ရွယ်လိုက်သည်။
ရုတ်တရက် ၊ အဆုံးမဲ့ ခရမ်းရောင်စွမ်းအင်များသည် ဤနေရာတွင် စုဝေးလာခဲ့ရာမှ အလွန်ကြီးမားသော ခရမ်းရောင် လက်ဝါးရိပ်ကြီး တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီး နှိပ်ကွပ်ရန် စူးချန်ကဲထံသို့ ဦးတည်သွားခဲ့သည်။
စူးချန်ကဲက ထိုအချင်းအရာကို မြင်တော့ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
“ တကယ်ကို ကိုယ့်သေလမ်းကိုယ် ရှာနေတာပဲ”
သူသည် လက်ဝါးဖြင့် ကျပန်း ထိုးနှက်လိုက်ရာ ၊ ရွှေဝါရောင် မှော်သင်္ကေတတို့သည် ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားခဲ့သည်။
သူ၏ ပေါ့ပါးသော လက်ဝါးချက်သည် ဝိညာဉ်စွမ်းအားမုန်တိုင်းကြီးကို နှိုးထစေခဲ့သည်။
ဤရွှေဝါရောင် မုန်တိုင်းကြီးသည် ခရမ်းရောင်စွမ်းအားများထက် မည်မျှတောင် အားကောင်းလေသနည်း။
ဘုန်း!
ဦးဆောင်တိုက်ခိုက်ခဲ့ကြသော မျိုးဆက်ဟောင်းမှ သူတော်စင်အရှင် ပုဂ္ဂိုလ် တစ်ဒါဇင်မှာ စူးချန်ကဲ၏ ကျပန်းလက်ဝါးချက်ဖြင့် အဝေးသို့ လွှင့်ပျံ ကျသွားခဲ့ရသည်။
ဝုန်းး!
အဟွတ် !
သွေးကျသံတို့မှာ အဆုံးမရှိပေ။
စူးချန်ကဲ၏ တိုက်ခိုက်မှုမှာ ရပ်တန့်မသွားပေ။
သူ၏ ညာလက်ဖဝါးတွင် အဆုံးမဲ့ မီးလျှံများ တောက်လောင်နေပြီး ၊ မီးလျှံ မှော်သင်္ကေတများက တဟုန်းထိုး ကြွတတ်လာသည်။ထိုမှတဆင့် မီးလျှံပင်လယ်ကြီးသဖွယ် ဖြစ်ပေါ်လာ၏။
ဘုန်း ဘုန်း!
မီးလျှံများ ထွက်ပေါ်လာသည်နှင့် ၊
ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော မီးတောက်မီးလျှံများသည် သူတော်စင်အရှင် ပုဂ္ဂိုလ်အများအပြားကို ပြာအဖြစ် လောင်ကျွမ်းသွားစေခဲ့သည်။
“ ကြည့်ရတာ မျိုးဆက်ဟောင်း လူအိုကြီးတွေက အသက်ကြီးတတ်တာက လွဲပြီး ဘာမှ ဖြစ်မြောက်တာ မရှိဘူးပဲ !”
“ အဲ့အစား ကျုပ် စူးမျိုးရိုးက ခင်ဗျားတို့အတွက် အုတ်ဂူတူးပြီး ကျောက်တိုင် စိုက်ပေးမယ်လေ ၊ ကျန်ရှိနေတဲ့ ဘဝကို သက်တောင့်သက်သာနဲ့ ဖြတ်သန်းလိုက်တာက မကောင်းဘူးလား?’
စူးချန်ကဲ၏ ဤစကားသည် လူတိုင်း၏ နှလုံးသားထဲက မီးတောက်ကို ယပ်ခတ်လိုက်သလိုပင်။
တကယ်တော့ ဤတိုက်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ပြီးပြီပင်။
သူတို့ သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။
တပ်ဖွဲ့ကြီးသည် မြက်ပင်များကဲ့သို့ တစ်ပင်ပြီး တစ်ပင် ရှင်းပစ်ခံနေရသည်။
သူတော်စင် အရှင် မည်မျှတောင် သေဆုံးခဲ့ရသနည်း။
သို့သော် သူတို့ အသတ်ချင်ဆုံးလူကို တွေ့လိုက်ရချိန်မှာတော့ ၊ သူတို့အနေဖြင့် ဘာကို ဂရုစိုက်နိုင်ဦးမည်နည်း။
စူးချန်ကဲကို သတ်နိုင်ခြင်းသည် သွေးကြွေးကလဲ့စားပင်တည်း။
“ စူးချန်ကဲ!ဒီနေ့ မင်းမသေရင် ငါ့ ဘိုးဘေးတွေရဲ့ သင်္ချိုင်းကို ငါကိုယ်တိုင် ဖျက်စီးပစ်လိုက်မယ်!”
“ စူးချန်ကဲ ဒီနေ့မှ မင်း မသေရင် ၊ ငါလည်း ကိုယ့်ကိုယ်ကို သတ်သေလိုက်မယ်!”
“ဒီနေ့ မင်းသေမလား ငါတို့သေမလားပဲ! !”
သူတော်စင် အရှင်များစွာသည် ၎င်းတို့၏ မှော်စွမ်းအားများကို အသက်သွင်းလိုက်ပြီး စူးချန်ကဲကို တိုက်ခိုက်ကြတော့သည်။
“ မဆိုးဘူး မဆိုးဘူး “
ဒေါသအမျက်ထွက်နေသော သူတော်စင်အရှင် များစွာကို မြင်လိုက်ရသော စူးချန်ကဲမှာမူ အလွန် ကျေနပ်နေပုံရသည်။
သူ၏ ထွက်ပေါ်မှုသည် နှေးလွန်းခဲ့သည်။
ဤထာဝရစစ်ပွဲကြီးတောင် ပြီးဆုံးတော့မည်ပင်။
သို့သော် သူသည် ဆက်ခံသူ အနေဖြင့် ဘာမှတောင် မလုပ်ရသေးပေ။
သူသည် ခေါင်းအနည်းငယ် ဖြတ်၍ အောင်မြင်မှု တချို့ကို သိမ်းယူရန် လိုအပ် နေသေးသည်။
သို့သော် ထိုအချိန်မှာပင် ။
ကောင်းကင်ယံမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာပြန်သည်။
“ မသေသေးတဲ့ လူအိုတွေက ငါ့ရဲ့ ဆက်ခံသူ မောင်လေးကို အနိုင်ကျင့်ချင်သေးတယ်ပေါ့?”
“ အကုန် ပြာကျသွားစေမယ် “
ကောင်းကင်ယံမှ ပူပြင်းတောက်လောင်နေသော မီးလျှံများ ထွက်ပေါ်လာခဲ့သည်။
မီးလျှံများသည် ကြီးမားသော မီးတောက်မီးလျှံအဖြစ်သို့ ပြောင်းလဲသွားပြီး ၊ ဖီးနစ် တစ်ကောင်သည် စစ်မြေပြင်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ဘုန်း !!
မီးလျှံများက တဟုန်းဟုန်း တောက်လောက်လျက် ၊အချင်းပေရာပေါင်းများစွာ ရှိသော မီးတိုင်ကြီး တစ်ခု မြေပြင်မှ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်နှင့် သွယ်တန်းထားသကဲ့သို့ ၊ ၎င်းသည် ဤနေရာရှိ ဧရိယာပြင်ကျယ်ကြီး တစ်ခုလုံးကို လောင်ကျွမ်းခဲ့လေရာ အရည်ပျော်ကျရသည်။
ထို့နောက်တွင် အက်ကွဲကြောင်းနက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။
မီးလျှံများ ငြိမ်းသက်သွားခဲ့ပြီးနောက်မှာတော့ ၊
စူးချန်ကဲပင်လျှင် ဆွံ့အနေ၏။
မရှိတော့ဘူး!
အကုန် ပြောင်ပြီ!
ဤတိုက်ခိုက်မှုသည် အလွန် ပြောင်မြောက်ပေသည်။ လှိုင်းတံပိုး မီးလျှံများသည် စူးချန်ကဲနှင့် ပေအနည်းငယ်အကွာတွင်သာ ပျံ့နှံ့သွားခဲ့သည်။
စူးချန်ကဲကိုတော့ လုံးဝမှ မထိခိုက်ခဲ့ပေ။
သူ့ရှေ့တွင် တွင်းနက်ကြီး တစ်ခု ရှိနေလေ၏။
အထဲတွင် ကျောက်ရည်ပူများ ပွက်ပွက်ဆူနေပြီး ၊
မီးခိုးငွေ့များသာ ကျန်ရစ်နေလေ၏။
“ ချန်ကဲ မောင်လေး၊ မင်းနဲ့ မတွေ့တာတောင် ကြာပြီ ၊ မမကို လွမ်းလား”
“ဒါက ...ရွှမ်ယွီ ဧကရီ?”
ထိုအသံကို စူးချန်ကဲ ချက်ချင်း မှတ်မိပြီး ၊အသံလာရာဆီသို့ ခေါင်းမော့ကြည့်လိုက်သည်။
ရွှမ်ယွီ ဧကရီသည် ဝေဟင်ပေါ်မှ စူးချန်ကဲရှိရာ နေရာဆီသို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။
သူမသည် ဖီးနစ်ဝတ်လုံရှည်ကို ၀တ်ထားဆဲဖြစ်သော်လည်း ၊သို့သော် ရွှေချည်မျှင်များဖြင့် ယက်လုပ်ထားသော မို့မောက်သော နေရာတွင် ရှိနေသည့် ရွှေဖီးနစ်သည် ပို၍ ကြီးထွားလာပုံ ရသည်။
စူးချန်ကဲ ဇဇဝေဇဝါ ဖြစ်နေမိသည်။
နယ်မြေပြင်ပစစ်မြေပြင်မှာ ယိ့ မျိုးနွယ်ဝင်တွေကို တိုက်ခိုက်ဖို့က အဓိက မဟုတ်ဘူးလား?
ယိ့ မျိုးနွယ်စုတွေကို တိုက်ဖျက် ချေမှုန်းရာတွင်လည်း အာဟာရဓာတ်ကို ရရှိစေသည် မဟုတ်လော။
ရွှမ်ယွီ ဧကရီသည် လေဟာပြင်တွင် တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့ပြီး ၊ မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
“ ချန်ကဲ မောင်လေး ၊ စောနက မမသာ ဝင်မပါရင် မောင်လေး ဒုက္ခရောက်တော့မှာ “
“ မမ မင်းကို လူအိုကြီးတွေရဲ့ လက်ထဲကနေ ကယ်တင်ပေးတာ ၊ ရင်တွေဘာတွေ ခုန်မသွားဘူးလား?”
စူးချန်ကဲခမျာ မျက်မှောင်ကုတ်နေလေ၏။
ဒါပေါ့!
ရင်မခုန်စရာ ရှိမလား?
သူ့ခမျာ တောရိုင်းတိရစ္ဆာန်အုပ်စုကို ခဲရာခဲစစ် စုစည်းပြီးကာမှ ၊ ရွှမ်ယွီဧကရီ၏ မီးလောင်တိုက်သွင်းခြင်းကို ခံခဲ့ရသည်။
သူ၏ စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်မည့်အခွင့်အလမ်းမှာ ဤကဲ့သို့ ဖယ်ရှားခံလိုက်ရသည်။
စူးချန်ကဲ၏ အတွေးကို နားလည်နေပုံရသည်။
ရွှမ်ယွီဧကရီသည် စူးချန်ကဲ၏ မေးစေ့ကို ကိုင်ကာ ဆိုလေသည်။
“ ချန်ကဲ မောင်လေး ၊ ကြည့်ရတာ မမ မင်းကို ကယ်တင်ပေးတာ သိပ်ပျော်ပုံမရဘူး!”
“ ထာဝရ စစ်ပွဲ နှစ်ပွဲစလုံး မင်းကြောင့် ဖြစ်တာနော် ၊ မင်း ငါတို့ကို ဒီလိုနှိပ်စက်နေတာ အတိုးတော့ ပြန်တောင်းသင့်တယ် မဟုတ်လား?”
ရွှမ်ယွီဧကရီ၏ အပြုံးကို ကြည့်ရင်း စူးချန်ကဲတစ်ယောက် တုန်လှုပ်သွားသည်။
ထောင်ပေါင်းများစွာသော သူတော်စင်အရှင် များစွာ နှင့် ရင်ဆိုင်ရတောင် ၊ သူ ထိုကဲ့သို့ မခံစားရပေ။
သို့သော် ရွှမ်ယွီဧကရီအပြုံးသည် သူ့ကို တကယ်ပဲ တုန်လှုပ်သွားစေသည်။
စူးချန်ကဲ၏ ဖြစ်ပျက်နေသော ရုပ်ကြီးကြောင့် ရွှမ်ယွီဧကရီသည် သူမ၏ ရင်ကို တလှပ်လှပ် လှုပ်ခါစေသည့်အထိ ရယ်မောလိုက်သည်။
ရင်ဘက်ပေါ်က စီးကွင့်ထိုးထားသော ဖီးနစ်ဌက်ကြီးမှာ ထပျံတော့မည့်အတိုင်း။
“ ရွှမ်ယွီ ဧက...”
“ငါ့ကို ဘယ်လိုခေါ်တယ်?”
ရွှမ်ယွီ ဧကရီက ပြူးကြည့်လိုက်ရာ ၊ စူးချန်ကဲခမျာ စကားပြောင်းပြောလိုက်ရသည်။
“ မမ ရွမ်ယွီ...”
နောက်ဆုံးအကြိမ်က သူသည် ရွှမ်ယွီ ဧကရီကို “မမ” ဟု မခေါ်ဆိုသောကြောင့် ရိုက်နှက်ခံရလုနီးပါး ဖြစ်ခဲ့ရသည်။
သို့သော် သူသည် အာဃာတရှိသူ ယောင်္ကျားတစ်ဦး ဖြစ်ပေသည်။
ဧကရာဇ်မင်းအဆင့် အောင်မြင်သည်နှင့် ၊သူသည် ရွှမ်ယွီဧကရီနှင့် ရင်ဆိုင်မည် ဖြစ်သည်။
“ မမ ရွှမ်ယွီ ၊ မမ က တခြား ဧကရာဇ်မင်းတွေနဲ့ တိုက်နေတာ မဟုတ်ဘူးလား?”
“ဘယ်လိုလုပ် ရောက်လာတာလဲ?”
သူမက ရယ်မောကာ ဆိုလိုက်သည်။
“ မင်း ဂုဏ်ယူသင့်တယ် ၊ ဒီတခေါက် ဘိုးဘေးတွေက ဧကရာဇ်မင်း သုံးပုံတစ်ပုံကို မင်းအတွက် ဆိုပြီး နယ်မြေပြင်ပစစ်မြေပြင်ကနေ ပြန်ခေါ်ခဲ့တယ် “
“ သုံးပုံ တစ်ပုံ?”
စူးချန်ကဲ မျက်လုံးပြုးသွားသည်။
သူသည် စောနကမှ ပြန်ရောက်လာသော်လည်း ၊ ဒီတခေါက်စစ်ပွဲကြီးတွင် ကွေးယွမ် ဧကရာဇ်မင်း တော်တော်များများ ရောက်ရှိလာသည်ကို သူ သိထားသည်။
ကောင်းကင်ကြီးသည် အဆက်မပြတ် တုန်ခါနေပြီး၊ ဧကရာဇ်မင်းတို့၏ ဖိနှိပ်စွမ်းအားများကို ထုတ်လွှတ်ပေးနေ၏။
ထို့အပြင်၊ ဤဧကရာဇ်များသည် ကောင်းကင်အလွန်တွင် စစ်ဆင်းနေကြသည် ။ဤမျှ ဝေးကွာသော အကွာအဝေးကနေတောင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသော ဧကရာဇ်မင်းတို့၏ စွမ်းအားများစွာ သက်ရောက်နေလေ၏။
ကွေးယွမ်သို့ ပြန်လည် ရောက်ရှိလာသော ဧကရာဇ်မင်းများမှာ အလွန်အစွမ်းထက်ရုံသာမက အရေအတွက်လည်း များပြားသည်ဟု ဆိုရပေမည်။
ဒါတောင် သုံးပုံတစ်ပုံပဲ ရှိသေးသတဲ့လား!?
ရွှမ်ယွီဧကရီက အပြုံးမပျက် ထပ်ဆိုလိုက်သည်။
“မင်းက သူတော်စင်အရှင် အဆင့်ကို အောင်မြင်သွားပြီဆိုတော့ ၊ ငါလည်း မင်းကို ဒီကမ္ဘာကြီးနဲ့ ပတ်သက်တဲ့ အမှန်တရားတချို့ ကို ပြောပြပေးနိုင်တယ်”
“တကယ်တော့ နယ်မြေပြင်ပစစ်မြေပြင် ဆိုတာ ယီ့မျိုးနွယ်စုတွေရဲ့ စစ်ပွဲပဲ “
“ အဆုံးမဲ့ ပင်လယ်ပြင် အဲ့ဘက်မှာ နောက်ထပ် ရှေးဟောင်း စစ်မြေပြင်တစ်ခု ရှိတယ် “
“ ထျန်းမော် ချောက်နက် လို့ခေါ်တယ် “
“နောက်ထပ် စစ်မြေပြင်?”
စူးချန်ကဲ ကြောင်အမ်းသွားသည်။
နယ်မြေပြင်ပစစ်မြေပြင်က ယိ့ မျိုးနွယ်စုတွေနဲ့ တိုက်ပွဲလေ ၊ ထျန်းမော် ချောက်နက်က ဘယ်က ပါလာပြန်ပြီတုန်း?
“ကျွန်တော် ထျန်းမော်ချောက်နက် အကြောင်း သိပ်မသိဘူး”
“မင်း ဒီအကြောင်း ပိုသိချင်ရင် ၊ ထျန်းတု့ဧကရာဇ်မင်း ကို မေးရမယ်”
အပိုင်း(၂၀၁): ထျန်းတု့ ဧကရာဇ်မင်း ၊ မတူညီကြသော ဧကရာဇ်မင်းတို့၏ နိယာမတရား
“ ထျန်းတု့ ဧကရာဇ်မင်း?”
စူးချန်ကဲ၏ သိချင်စိတ်များ ထွက်ပေါ်လာခဲ့လေပြီ။
၎င်းအား ကွေးယွမ်၏ ဧကရာဇ်မင်း ရုပ်ပြအသစ်စာအုပ်တွင် ဖော်ပြထားခြင်း မရှိပေ။
စူးချန်ကဲ၏ အတင်းအဖျင်းပြောလိုသော အမူအယာကို မြင်တော့ ၊ ရွှမ်ယွီဧကရီ ခမျာ ခေါင်းခါပြီး ပြုံးရုံမှတပါး မတတ်နိုင်။
" ချန်ကဲ မောင်လေး ၊မင်းရဲ့သိချင်စိတ်ကို ဘေးဖယ်ထားဖို့ ငါ အကြံပေးချင်တယ်"
" ထျန်းတု့ ဧကရာဇ်မင်းက သာမာန်လူ မဟုတ်ဘူး ၊ တကယ်တော့ ငါတို့ ကွေးယွမ်ရဲ့ အစွမ်းထက်ဆုံး ဧကရာဇ်မင်းက တိ့ကျန့် အဲ့ကောင်လေး မဟုတ်ဘူး "
" ထျန်းတု့ ဧကရာဇ်မင်းပဲ"
" ငါ ဧကရာဇ်မင်း အဆင့်ကို မရသေးခင်ကတည်းက သူက ဧကရာဇ်မင်းတစ်ပါး ဖြစ်နေပြီ "
ရွှမ်ယွီ ဧကရီက ဆက်ဆို၏။
"ဒါပေမယ့်၊ထျန်းတု့ ဧကရာဇ်မင်းရဲ့ အမူအကျင့်က ထူးဆန်းတယ် ၊သူ့ အရည်အချင်းတွေကလည်း ပြောမပလောက်အောာင်ပဲ ၊ ကျင့်ကြံတယ် ဆိုတာက သူ့အတွက်တော့ ထမင်းစားရေသောက်ပဲ "
" သူ ဧကရာဇ်မင်းလမ်းစဉ်ကို လျှောက်လှမ်းလာသမျှ အားလုံးက လွယ်လင့်တကူပဲ ၊ အခြားသူတွေက သတ်ဖြတ်ပြီး ဧကရာဇ်မင်း အဆင့်အတွက် တိုက်ပွဲဝင်နေတုန်း သူကတော့ အခွင့်အလမ်းတွေကို တစ်ခုပြီး တစ်ခု ကောက်သိမ်းသွားတာလေ "
"နောက်ဆုံးတိုက်ပွဲ ဖြစ်တုန်းကဆို အရမ်း ရက်စက်လွန်းတယ် ၊ ရလဒ်အနေနဲ့ အဲ့ကောင်လေး ထျန်းတု့ တစ်ယောက်ပဲ ဧကရာဇ်လမ်းစဉ်ကို အားစိုက်ထုတ်စရာတောင် မလိုဘဲ ရောက်သွားတာလေ"
"ဒါပေမယ့် သူ့ရဲ့ ကံဇာတာကပဲ အရမ်းကောင်းလွန်းနေလို့လား မသိဘူး ၊ ကောင်းကင်လမ်းစဉ်ရဲ့ မနာလိုစိတ်ကို နှိုးဆွသလို ဖြစ်သွားတယ် ၊ရလဒ်ကတော့ သူ့ရဲ့ ကံကြမ္မာကို ကောင်းကင်လမ်းစဉ်က ပြန်သိမ်းယူသွားခဲ့တယ် "
"နောက်ပိုင်း အလားတူဖြစ်ရပ်တွေ အများအပြား ဖြစ်ပွားခဲ့တယ် ၊ နောက်ဆုံးမှာတော့ သူ ဧကရာဇ်မင်းမြတ် တစ်ပါး ဖြစ်လာခဲ့ချိန်ကစပြီး သူ့ရဲ့ ကြေကွဲဖို့ကောင်းတဲ့ ကံကြမ္မာကို သက်ပြင်းချပြီး ညည်းတွားခဲ့တယ် "
" အဲ့တာကြောင့် သူ့ကိုယ်သူ ထျန်းတု့ ( ကောင်းကင်ဘုံကတောင် မနာလိုရသော) ဧကရာဇ်မင်း ဆိုပြီး နာမည်ပေးခဲ့တာလေ"
ရွှမ်ယွီ ဧကရီ ၏ စကားကို နားထောင်ပြီးနောက် ၊ စူးချန်ကဲ သုံးသပ်နေမိသည်။
ထိုလူသည် ထက်မြက်လွန်းသောကြောင့် ကောင်းကင်လမ်းစဉ်ကပင်လျှင် မနာလိုဖြစ်ရသည် ဟု သူ ထင်မှတ်ခဲ့သည်။
လက်စသတ်တော့ ကံကောင်းလွန်းအား ကြီးသွားတာတဲ့လား?
စူးချန်ကဲ၏ နှုတ်ခမ်းသားများမှာ မအောင့်အည်းနိုင်တော့ဘဲ အနည်းငယ် လှုပ်ရှားသွားသည်။ဤကမ္ဘာကြီးသည် ကျယ်ဝန်းသလောက် ၊ တကယ်ကို လူပေါင်းစုံ ရှိပေသည်။
သူအရင်က တွေ့ခဲ့ဖူးသော 'လျစ်လျူအရှုနိုင်ဆုံး ဘုရင်ကြီး' ဝူကျီအောက်ထျန်းကို ကြည့်ရင်း သူ အတော်လေး ထူးဆန်းခဲ့ဖူးသည်။
ဒါပေမဲ့ သူ့လိုလူအတိုင်း နောက်ထပ် ဧကရာဇ်တစ်ပါး ရှိနေသေးသတဲ့လား?
"ဒါနဲ့ ရွှမ်ယွီမမ ထျန်းတု့ဧကရာဇ်မင်းက ပိုအစွမ်းထက်ဆုံးလို့ ဘာလို့ ပြောရတာလဲ "
"မင်းမသိပါဘူး၊ ထျန်းတု့ အဲ့ကောင်လေးရဲ့ သက်တမ်းက တိ့ထျန်းနဲ့ တူညီတဲ့ ခေတ်တစ်ခေတ်တည်းက ဆင်းသက်လာတာ "
" တိ့ထျန်း? အမတ ကမ္ဘာကို တတ်လှမ်းသွားခဲ့တဲ့ ဒဏ္ဍာရီလာ ဧကရာဇ်မင်း?"
"ကဲပါလေ၊ စကားအများကြီး ပြောနေလည်း အသုံးမဝင်ဘူး၊ မင်း ဧကရာဇ်မင်း ဖြစ်လာတဲ့တစ်နေ့ မင်းဟာမင်း ထျန်းမော်ချောက်နက်ထဲကို သွားပြီး ကိုယ့်ဘာသာကို ကြည့်လိုက် "
" အဲ့လိုသာဆို ထျန်းတု့ဧကရာဇ်မင်း ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာ မင်းသိလိမ့်မယ် "
ရွှမ်ယွီ ဧကရီ၏ နှုတ်ခမ်းထောင့်စွန်းသည် စက်ဆုပ်ရွံရှာနေသကဲ့သို့ အနည်းငယ် မဲ့သွားသည်ကို စူးချန်ကဲ သတိထားမိသည်။
ဤထဲတွင် ဇာတ်လမ်းတစ်ခုခု ရှိနေပုံ ရသည်။
ဘုန်း! !
ထိုအခိုက်အတန့်တွင် ၊
ကောင်းကင်ယံ၌ တောက်ပသော အလင်းတန်းတစ်ခု ဝင်းလက်သွားသည်။
ချက်ချင်းဆိုသလို ၊ ကောင်းကင်ယံရှိ ကြယ်စင်များသည် တစ်ခုပြီး တစ်ခု အက်ကွဲကာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
မိုးပေါ်မှ ကြယ်မိုးများ ကြွေကျလာလေ၏ ။
"ဒါ ဘယ်လောက်တောင် အားပြင်းလွန်းတဲ့ ဓားစွမ်းအင်လဲ!"
စူးချန်ကဲ အံ့သြသွားသည်။
ဤဓားစွမ်းအင်သည် သူ လက်ရှိရောက်နေသော ဓားစွမ်းအင်နှင့် ပတ်သက်သည့် နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
စကြဝဠာ၏ အပြင်ဘက် အကွာအဝေးသည် ဤနေရာမှ မိုင်ပေါင်း သန်းနှင့်ချီ ဝေးကွာသည်။
ဤမျှလောက် ဝေးသောအရပ်တွင် ပေါက်ကွဲခဲ့သော ဓားစွမ်းအင်၏ နောက်ဆက်တွဲသည် ဤနေရာထိတောင် ရောက်ရှိခဲ့သည်။
ထိုဓားစွမ်းအင်မုန်တိုင်း၏ ဗဟိုချက်မှာဖြင့် မည်မျှတောင် ကြောက်ဖို့ကောင်းလိုက်မည်နည်း။
"ဟွမ်ထျန်း အဲ့အကောင်လက်ချက်ပဲ ၊ သူ့စွမ်းအားသူ ဘယ်လို ထိန်းချုပ်ရမှန်း မသိဘူး၊သူ့ရဲ့ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုက ကမ္ဘာကြီးတစ်ခုလုံးကို လှုပ်ခတ်သွားနိုင်တယ် "
" ကြည့်ရတာ ဒီစစ်ပွဲကြီး ပြီးဆုံးတော့မယ့်ပုံပဲ"
"ကဲ မမလည်း မင်းနဲ့ စကားပြောနေတာ ကြာပြီ ၊ ခုတော့ ဒါတွေအကုန်ရှင်းဖို့ အချိန်ရောက်ပြီ"
သူမ စကားဆုံးသည်နှင့် ၊ ရွှမ်ယွီ ဧကရီ၏ ခန္ဓာပေါ်မှ မီးတောက်မီးလျှံများ တဟုန်ထိုး ထလောင်လာခဲ့သည်။
ကြောက်စရာကောင်းသော မီးစွမ်းအားများနှင့် အတူ ၊ ဖီးနစ်ဌက်၏ အရိပ်ကြီးသည် သူမ၏ နောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
အထူးသဖြင့် မီးလျှံများဖြင့် တောက်လောင်နေသော တောင်ပံတစ်စုံသည် လွန်စွာ အရောင်အသွေးစုံလင်လှသည်။
ဤမျှ ကြီးမားသော အပြောင်းအလဲကြီးသည် အပြင်းအထန် တိုက်ပွဲဖြစ်နေသော စစ်မြေပြင်ကို ထိတ်လန့်သွားစေခဲ့သည်။
ထိုမီးတောက်၏ စွမ်းအားသည် ၎င်းတို့အားလုံးကို ဆွဲဆောင်နိုင်ခဲ့သည်။
"ဒါ ဘာကြီးလဲ၊ ဖီးနစ်လှိုဏ်ဂူကလား?"
"မဟုတ်ဘူး... ဒီရဲ့ ရောင်ဝါက ဧကရာဇ်တစ်ပါးရဲ့ ရောင်ဝါပဲ ၊ ဖီးနစ်လှိုဏ်ဂူရဲ့ ဧကရာဇ်မင်းက ကောင်းကင်အလွန်မှာ တိုက်ခိုက်နေတာ မဟုတ်ဘူးလား?"
အင်အားစုများ၏ စွမ်းအားကြီးမားသူများပင်လျှင် အံ့အားသင့်နေကြသည်။
ကမ္ဘာတစ်ဝှမ်းလုံး လွတ်လပ်ပြီး သဘာဝဆန်သော အသံတစ်သံကို ကြားလိုက်ရသည်။
" ဖီးနစ်နတ်ဘုရားမ လော့ယွီ!"
ကျွီ -
ကျယ်လောင်သော ဖီးနစ်အသံသည် နေရာတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
မီးလျှံများဖြင့် ရေချိုးထားသလား အောက်မေ့ရသည့် ဖီးနစ်တစ်ကောင်သည် ၎င်း၏ အတောင်ပံများကို ဖြန့်ကြက်လိုက်သည်။
ဆက်လက်ပြီး ၊ ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပျက်လာခဲ့သည်။
ဖီးနစ်ဌက်၏ တောက်လောင်နေသော တောင်ပံတစ်စုံမှ မီးလျှံ ဌက်မွှေးများ တစ်ခုပြီး တစ်ခု ခွဲထွက်သွားခဲ့သည်။
လူတိုင်း ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
ကောင်းကင်ယံ၌ မီးတောက်နေသော ဥက္ကာခဲများက အဆက်မပြတ် ပွင့်လန်းနေကြပြီး ၊ မီးလျှံများဖြင့် တောက်လောင်နေသော ဌက်မွှေးတစ်ချောင်းက မီးစူးများစွာ အဖြစ်သို့ ပြောင်းလဲသွားသည်။
အရေအတွက်သည် ပို၍ များပြားလာခဲ့ပြီး ၊ သူတို့ကို ပိုပြီး ကြောက်လန့်စေသည်မှာ ၎င်းမီးစူးများသည် သက်ရှိသဖွယ် ပြုမှုနေပုံရသည်။
၎င်းမီးတောက်မီးလျှံများသည် လေကို ခွင်း၍ ထာဝရ အင်အားစု တပ်ဖွဲ့ဝင်များထံ တိုက်ရိုက်ထိမှန်သွားစေသည်။
"မဖြစ်ဘူး! အားလုံး အစီအရင် ဖွဲ့စည်း!'
ခေါင်းဆောင်တစ်ဦးသည် လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး တပ်ဖွဲ့ဝင်များကို အော်ဟစ်လိုက်သည်။
"မင်းမသေချင်ရင် မှော်အစီအရင် ဖွဲ့စည်းကြ!"
ဤထိုးနှက်ချက်သည် အလွန် ကြောက်စရာကောင်းမှန်း သူ ခံစားမိသည်။ဤကဲ့သို့ အဆုံးစွန်သော စွမ်းအားသည် ဧကရာဇ်တို့၏ နိယာမပင်တည်း။
အသက်ရှင်ချင်သေးရင် ၊ သူတို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ တိုက်ကွက်ကို ဖွဲ့စည်း၍ ရှေ့ကနေ ကာကွယ်ရမည်သာ ဖြစ်သည်။
သို့သော် ၊ နှမြောစရာ ကောင်းသည်မှာ လူတိုင်း ကောင်းကင်ကြီးကို ဗြောင်ကျကျ ငေးကြည့်နေခြင်းသာ ဖြစ်သည်။
ဤမျှ လှပသော မြင်ကွင်းသည် သူတို့အားလုံးကို တငေးတမော ဖြစ်ခဲ့ရသည်။
သူတို့အားလုံး အသိပြန်ဝင်လာချိန်၌ ၊ ၎င်းတို့၏ နားထဲတွင် စူးစူးရဲရဲ ပေါက်ကွဲသံများကိုသာ ကြားလိုက်ရသည်။
ဒုန်း ဒုန်းးးးးး !
ဗြန်း ! !
မီးတောက်နေသော ဥက္ကာခဲများသည် ကောင်းကင်ပေါ်မှ တဘုန်းဘုန်း ကျရောက်လျက် ၊သူတို့၏ အသွေးအသားများကို တိုက်ရိုက် ထိုးဖောက်ကာ ၊ ၎င်းတို့၏ ဝိညာဉ်များပင်လျှင် အငွေ့ပျံသွားခဲ့လေပြီ။
မီးဥက္ခာခဲများ ရွာသွန်းမှုသည် တစ်မိနစ်ထက်မနည်း ကြာမြင့်ခဲ့သည်။
ဒုန်း! ဒုန်း! ဒုန်း !
မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျရောက်လာသည့် အသံများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်။
ထိုမှသာလျှင် လူတိုင်း လှုပ်လှုပ်ရှားရှား တုံ့ပြန်လာခဲ့ကြပြီ ဖြစ်သည်။
ဘယ်နေရာကိုပဲ ကြည့်ကြည့် ၊ နေရာတိုင်းတွင် မီးဥက္ခာခဲများဖြင့် ဖောက်ထွက်ခံလိုက်ရသော အလောင်းများဖြင့် ပြည့်နှက်နေသည်။
စူးချန်ကဲလည်း အံ့အားသင့်စွာဖြင့် ရပ်ကြည့်နေမိသည်။
“ ဧကရာဇ်မင်းမြတ်ဆိုတာ ဒါကို ဆိုလိုတာလား?"
"မြင့်မြတ်တဲ့ လမ်းစဉ်အောက်မှာ သူတော်စင် အရှင် အောက်က ဟာတွေက ပုရွက်ဆိတ်အဆင့်ပဲ ရှိတယ်လို့ တချို့လူတွေက ပြောကြတယ်"
" ငါ သူတော်စင် နယ်ပယ်အဆင့်ကို အောင်မြင်နိုင်ခဲ့တယ် ၊ ဒါပေမဲ့ ဧကရာဇ်မင်းမြတ်ရဲ့ အောက်က ပုရွက်ဆိတ်သာသာပဲ ရှိသေးတယ်လို့ ခံစားရတာပဲ ..."
"ချန်ကဲ မောင်လေး ၊ မင်း သင်ချင်လား"
စူးချန်ကဲခမျာ လက်ခံဖို့ ကြံရွယ်လေတုန်း ။
"စိတ်မကောင်းဘူး၊ ဧကရာဇ်မင်းတို့ရဲ့ နိယာမက အပြင်လူကို လက်လွှဲဖို့ မဖြစ်နိုင်ဘူးကွယ် ~"
စူးချန်ကဲ : "......"
"မိန်းမလှလေး ဖြစ်သော်လည်း ၊ ပါးစပ်က အသုံးမဝင်ပေတယ် "
"ဟားဟား~"
ရွှမ်ယွီဧကရီက ရယ်မောလိုက်သည်။
" အာ့ ဘာဖြစ်လဲ ၊ ကျန်တဲ့နေရာမှာတော့ အရမ်းအသုံးဝင်တယ် "
"ပြီးတော့ မမက မသင်ပေးချင်တာ မဟုတ်ဘူး၊ တကယ်ကို သင်ပေးလို့ မရတာ "
ရွှမ်ယွီ ဧကရီက ရှင်းပြလိုက်သည်။
" ဧကရာဇ်မင်းအဖြစ် အောင်မြင်ခြင်း ဆိုတာက လမ်းစဉ်အပေါ် မိမိရဲ့ ထိန်းချုပ်မှုက ကနဦး ရင့်ကျက်မှု အဆင့်ကို ရောက်ရှိသွားပြီလို့ ဆိုလို့ရတယ် "
"ဧကရာဇ်မင်းတို့၏ နိယာမ ဆိုတာက ဘယ်ဧကရာဇ်မင်းမဆို နားလည်ထားတဲ့ ကိုယ်ပိုင်လမ်းစဉ်နဲ့ ဖန်တီးထားတဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခုပဲ "
“ဧကရာဇ်တိုင်း နားလည်ပုံချင်း မတူကြသလို ၊ သူတို့ ဖန်တီးသော နိယာမတရားကလည်း ကွဲပြားကြတယ် "
ရွှမ်ယွီ ဧကရီက စူးချန်ကဲကို သူမ ရင်ဘက်နားလေးသို့ ကပ်လိုက်ရင်း ဆိုလိုက်သည်။
"ဒါပေမယ့် မမ အမြင်အရတော့ နောင်တချိန် ချန်ကဲမောင်လေး ဖန်တီးမယ့်အရာက ထူးထူးခြားခြား ဖြစ်လာနိုင်တယ်~"
"ကျွန်တော်....?"
စူးချန်ကဲသည် ရွှမ်ယွီဧကရီ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။
ရွှမ်ယွီဧကရီ၏ မျက်ဝန်းအိမ်ထဲတွင် အဆုံးမရှိသော မျှော်လင့်ချက်ကို သူ မြင်တွေ့နေရသည်။
အပိုင်း(၂၀၂): ဖော့ကျန့်တေးသံစဉ်ကို တီးခတ်ပေးမည်၊ တိုက်ပွဲကြီးမှာ ပြီးဆုံးသွားခဲ့ပေပြီ။
ရွှမ်ယွီဧကရီ၏ ထိုးနှက်ချက်ဖြင့်။
ဤဒုတိယ ထာဝရစစ်ပွဲကြီးသည် အဆုံးသတ်သို့ ရောက်ရှိခဲ့လေပြီ။
"ငါ့ရဲ့ ကွေးယွမ်ကို စော်ကားဝံ့သူတွေ ဘာဖြစ်သင့်လဲ!"
ထိုစဉ် ၊ ခေါင်းဆောင်တစ်ယောက်က သူ့ဓားကို မြှောက်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“သတ် !”
“သတ် !”
“သတ်!”
"နောက်ဆုံးတစ်ခေါက်က သွေးနှစ်ခြင်းပွဲကြီးကို လောကသားကတွေက မမှတ်မိမှတော့ ဒီတစ်ကြိမ်၊ သေသေချာချာ သွေးနှစ်ခြင်းပွဲကြီး ကျင်းပပေးလိုက်ကြရအောင် "
ပျက်စီးခြင်းနဂါး ဟိန်းသံရဲ့ ကောင်းကင် အစောင့်အကြပ် တပ်ဖွဲ့ ဘယ်မှာလဲ!?"
" သူတော်စင် နယ်မြေအတွက် ရန်သူအားလုံးကို သတ်ပစ်ဖို့ ဆန္ဒရှိပါတယ် "
မြင်းစီးတပ်သားတို့၏ ကြွေးကြော်သံများ ပဲ့တင်ထပ်လို့သွားသည်။
ကောင်းကင်ကို ဖြိုခွင်းနိုင်သော မြင့်မြတ်သော သံချပ်ကာတပ်ဖွဲ့ ဘယ်မှာလဲ!?"
"အရာအားလုံးကို ဖြတ်သန်းနိုင်သော သူတော်စင်နယ်မြေ အဖြစ် ပြောင်းလဲဖို့ ဆန္ဒရှိပါတယ်!"
ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များ၏ ကြွေးကြော်သံများ ထွက်ပေါ်လာပြန်သည်။
"ကောင်းကင်ကို ဖျက်စီးမည့် နဂါးတပ်ဖွဲ့ "
“......”
ဤအခိုက်အတန့်တွင် တောင်တန်း ၊ မြစ်များနှင့် ပင်လယ်များ တသိမ့်သိမ့် ရိုက်ခတ်လာခဲ့ပြီး ၊ ဟင်းလင်းပြင်ကြီးမှာ တုန်ခါလျက် ၊ တယောက်ကို တယောက် သတ်ဖြတ်နေကြသည့် အသံများဖြင့် ဆူညံနေလေ၏။
ရွှမ်ယွီဧကရီ၏ ထိုးနှက်မှုသည် ရန်သူဘက်ရှိ
တပ်ဖွဲ့ဝင် အများအပြားကို ထိတ်လန့်သွားစေခဲ့သညိ။
" မဖြစ်နိုင်ဘူး ၊ မဖြစ်နိုင်တော့ဘူး "
"မသေချင်သေးဘူး!"
" ပြေးကြဟေ့!!"
စိတ်ဓာတ်ပျော့ညံ့သော တပ်ဖွဲ့ဝင်တချို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုများမှာ လုံးဝ ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။
၎င်းတို့သည် လက်နက်စသည့် အရာအားလုံးကို ပစ်ချကာ ထွက်ပြေးကြသည်။
" ပြေးရဲပြေးကြည့် ၊ အကုန်သတ်ပစ်မယ်"
" မင်းတို့ ကွေးယွမ်က ဟာတွေ...."
ထိုစဉ် ၊ ၎င်း၏ စကားမဆုံးခင် ဓားတစ်လက်သည် လေကို ခွင်းကာ သူ၏ နှလုံးသားထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။
အားပြင်းထန်သော ဝိညာဉ်စွမ်းအင်သည် ၎င်း၏နှလုံးသားကို တိုက်ရိုက် ကြေမွသွားစေခဲ့သည်။
ထိုဓားပိုင်ရှင်မှာ စူးချန်ကဲသာ ဖြစ်သည်။
"သေခါနီးမှာတောင် မောက်မာစွာ ပြောရဲတယ်"
စူးချန်ကဲက ဆို၏။
" ကွေးယွမ်ရဲ့ တပ်သားတွေ ကျွန်တော် ချန်ကဲ အတူ ထပ်မံ တိုက်ပွဲဝင်ပေးတာ ကျေးဇူးတင်ကြောင်း ပြောပါရစေ "
" ဒီနေ့ ၊ နောက်ဆုံးအောင်ပွဲရဖို့အတွက် ကျွန်တော် ခင်ဗျားအားလုံးကို ဖော့ကျန့်တေးသီချင်း တီးခတ်ပေးမယ် "
စူးချန်ကဲသည် သူ၏ ဝိညာဉ်စွမ်းအားဖြင့် ဗျပ်စောင်းတစ်လက်ကို ဖန်တီးခဲ့သည်။
ထို့နောက် သူသည် မြေကြီးကို ဖျာအဖြစ် အသုံးပြုလေကာ ထိုင်ချလိုက်သည်။
ဤသည်ကား ကြေးဝါဗိမ္မာန်တော်၌ သူ ရရှိခဲ့သော အမွေပင်တည်း။
ထိုအနှီ ပုဂ္ဂိုလ် အမတသည် သူ့ဘဝတစ်လျှောက်လုံး သင်ယူခဲ့သော အရာမှန်သမျှ စူးချန်ကဲဆီသို့ လွှဲပြောင်းပေးခဲ့သည်။
စူးချန်ကဲသည်လည်း သဘာဝအတိုင်း ရွှမ်ဟွမ် တေးဂီတကို အမွေဆက်ခံနိုင်ခဲ့သည်။
ရွှမ်ဟွမ် တေးဂီတတွင် သီချင်းသုံးပုဒ် ပါဝင်သည်။
ပထမတစ်ပုဒ်မှာ ဖော့ကျန့်တေးသီချင်းပင်။
မှော်သင်္ကေတများကို ကြိုးတူရိယာအဖြစ် အသုံးပြုလျက် ၊ စိတ်စွမ်းအားကို ဗျပ်စောင်းအဖြစ် ပြောင်းလဲ၍ တီးခတ်ခြင်းဖြစ်သည်။
ဒင် —
ငြိမ့်ညောင်းသော ဗျပ်စောင်းသံသည် ကောင်းကင်တစ်ခုလုံးတွင် ပဲ့တင်ထပ်လို့ နေ၏။
စူးချန်ကဲသည် တင်ပျဉ်ခွေထိုင်ကာ ဗျပ်စောင်းကို တီးခတ်နေ၏။သူ၏ လက်ချောင်းများဖြင့် တီးခတ်နေသော တူရိယာကြိုးများ တုန်ခါသွားသည့်အခါတိုင်း ၊ သူသည် ဤကမ္ဘာပေါ်တွင် တစ်ဦးတည်း ကျန်ရစ်နေသူအလား ထင်မှတ်ရသည်။
သူသည် ထိုပုဂ္ဂိုလ် ဘဝတစ်လျှောက်လုံး သင်ယူခဲ့သော အရာကို အမွေဆက်ခံခဲ့သည်။
စူးချန်ကဲသည်လည်း ဗျပ်စောင်း၏ အနက်အဓိပ္ပာယ်ကို အလွယ်တကူ ကျွမ်းကျင်နိုင်ခဲ့သည်။
မျက်စိတမှိတ်အတွင်းမှာပင် ၊ စူးချန်ကဲသည် စိတ်နှစ်သွားသော အခြေအနေထိ ရောက်ရှိသွားခဲ့လေပြီ။
မူလက စိတ်အားထက်သန်သော လေထုသည် ယခုအခါတွင် လေးနက်ပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များဖြင့် ရောယှက်နေသည်။
တေးသီချင်း၏ စည်းချက်တို့သည် စစ်သည်တို့၏ ဟစ်ကြွေးသံကဲ့သို့ ပဲ့တင်ထပ်လို့ နေ၏။
"ညီအစ်ကိုတို့!"
" ချန်ကဲ ဆက်ခံသူက ငါတို့အတွက် တေးဂီတကို ကိုယ်တိုင်ကိုယ်ကျ တီးခတ်ပေးနေတယ် ၊ ငါတို့လည်း ဆက်ခံသူ သခင်ကို ကျေနပ်စေမယ့် အဖြေကို ပေးရမယ်"
"သတ်! အားလုံးကိုသတ်၊ အားလုံးကို သတ်ပစ်!"
ဤနှိုးဆော်သံသည် အဆုံးမရှိသော တေးဂီတ စည်းချက်နှင့်အတူ ပဲ့တင်ထပ်သွားလေ၏။
စူးချန်ကဲ၏ တီးခတ်မှုသည် ကွေးယွမ်၏ တပ်ဖွဲ့ကြီးအတွက်တော့ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်လက်နက်တစ်ခုလိုပင်။
စူးချန်ကဲ၏ ညာလက်ငါးချောင်းသည် တူရိယာကြိုးများကို တချက်ပြီး တချက် ချောမွေ့စွာ တီးခတ်နေ၏။
ရုတ်ချည်း ၊ လေထဲမှ လှံနှင့် ဓားများ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော ဗျပ်စောင်းသံ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၊ ကွေးယွမ်၏ တပ်များသည် ထာဝရ အင်အားစု၏ တပ်ဖွဲ့ဝင်များထံသို့ အားအင်အပြည့်ဖြင့် တိုက်ခိုက် ကြလေသည်။
ဤမျှ ကြောက်စရာကောင်းသော တပ်ဖွဲ့ကြီးသည် တဖက်ရန်သူ တပ်ဖွဲ့ကြီးကို ပို၍ ကြောက်လန့်သွားစေသည်။
မြေပြင်ပေါ်တွင် ထောင်နှင့်ချီသော မြင်းတပ်များရှိပြီး ၊ ၎င်းတို့၏ ဦးခေါင်းပေါ်တွင် တေးဂီတနှင့် အသွင်ပြောင်းလဲထားသော လှံ နဲ့ ဓားသွားတို့သည်လည်း အတူတူ တိုက်ပွဲဝင်လျက် ရှိသည်။
ကွေးယွမ်တို့၏ ထိုးစစ်သည် သူတို့၏ နှလုံးသားများကို တုန်လှုပ်စေခဲ့ပြီး ၊ တစ်ချိန်တည်းမှာပင် သူတို့၏ နောက်ဆုံးခုခံမှုမှာလည်း ရှုံးနိမ့်ခဲ့ရပြီ ဖြစ်သည်။
ကွေးယွမ်၏ တပ်အုပ်စုကြီး ဖြတ်လျှောက်သွားလေရာ နေရာတိုင်း ၊
ခေါင်းများ လေပေါ်တွင် ပျံဝဲရသည်။
ဓားအလင်းတချက် လင်းလက်သွားတိုင်း ၊
သွေးများ ပန်းထွက်ရသည်။
မြင်းတပ်ကြီး ဖြတ်လျှောက်သွားလေရာ နေရာတိုင်း ၊
အသားအစများ ပုံလို့ နေ၏။
သို့သော် စစ်မြေပြင်ထဲက စူးချန်ကဲမှာမူ ၊ တစိုးတစိမျှ ထိခိုက်ခြင်း မရှိခဲ့ပေ။
သူ၏ မျက်ဝန်းများမှာ တောက်ပနေ၏ ။
ယခုအချိန်တွင် သူသည် ဗျပ်စောင်းကို တီးခတ်နေသည်။
သူ တီးခတ်လိုက်တိုင်း ငြိမ်ညောင်းသော သံစဉ်များ ထွက်ပေါ်လာပြီး၊
ဗျပ်စောင်းသံစဉ် မုန်တိုင်းကြီးသည် ကောင်းကင်ကြီးနှင့် မြေကြီးကြားရှိ နေရာလပ်များဆိီသို့ တရွေ့ရွေ့ ပျံ့လွှင့်လို့ နေသည်။
ကြိုးများ တုန်ခါသွားသည်နှင့် တေးဂီတ မှော်သင်္ကေတတို့မှာ ကခုန်ကြသည်။
ယင်းသည် စစ်ပွဲ၏နောက်ဆုံး ပုံဖော်ချက်ပင် ဖြစ်သည်။
တေးဂီတ မှော်သင်္ကေတများ ကခုန်လိုက်တိုင်း ၊ ရန်သူတစ်ဦး ကျရှုံးရသည်။
စူးချန်ကဲသည် တပ်ဖွဲ့ကြီး၏ နောက်ကွယ်မှ ဗျပ်စောင်းကို တီးပြနေသော်လည်း ၊
သို့သော် သူသည် ဤစစ်မြေပြင်ရှိ အရာအားလုံးကို ထိန်းချုပ်နိုင်သော ဧကရာဇ်မင်းတစ်ပါးအလား မှတ်ယူရသည်။
(T/N- ဧကရာဇ်မင်း အဆင့် ပြောတာ မဟုတ်ဘူး ၊ တိုင်းပြည်ဘုရင် ပုံစံမျိုးကို ညွှန်းထားတာ)
သူသည် မတုန်မလှုပ် ထိုက်တောင်ကြီးသဖွယ် တည်ငြိမ်ပေသည်။
သူ၏ အတွေးတစ်ခုတည်းဖြင့် ထောင်ပေါင်းများစွာသော ဘဝများကို ဖျက်ဆီးနိုင်ပုံရသည်။
" ဆက်ခံသူ သခင်က ပိုပြီး သန်မာလာတယ်..."
ကွေးယွမ် မှ မျိုးဆက်သစ် သူတော်စင်အရှင် အားလုံး ထိုဝတ်ရုံဖြူ လူငယ်လေးကို ထိတ်လန့်စွာဖြင့် ကြည့်နေကြသည်။
ကြေကွဲဖွယ်ရာ ကောင်းလှသော ဤစစ်မြေပြင်ရှိ မြင်ကွင်းကြီးသည် သူတို့၏ အာရုံကို လုံးဝ စွဲဆောင်နိုင်စွမ်း မရှိပုံပေါ်သည်။
ဆန့်ကျင်ဘက်အားဖြင့်၊ ထိုနေရာတွင် ထိုင်နေသည့် ဝတ်ရုံဖြူ ပုံရိပ်လွှာသည် ဤကမ္ဘာကြီး၏
သော့ချက်အလား အားလုံး၏ အကြည့်များကနေ မခွာနိုင်အောင်ကို ဖြစ်ခဲ့ရသည်။
ရွှမ်ယွီ ဧကရီသည်လည်း သူမ၏ လှပသော မျက်ဝန်းများဖြင့် စူးချန်ကဲကို စိုက်ကြည့်နေသည်။
စူးချန်ကဲ၏ ဓားစွမ်းရည်ကို သူမ သိထားသည်။
သို့သော် ဗျပ်စောင်းလမ်းစဉ်မှာတောင် ဒီလောက်ထိ ရက်စက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
"ငါ မျှော်လင့်ထားသလိုပဲ!"
ရွှမ်ယွီဧကရီက ပြုံးလိုက်သည်။
" တိ့ထျန်းဧကရာဇ်မင်းရဲ့ ဒဏ္ဍာရီကို မင်းအမွေရလိမ့်မယ် "
ဤကဲ့သို့ ပါရမီမျိုးနှင့် ထောင်ပေါင်းများစွာသော တပ်များကို ထိန်းချုပ်နိုင်သော စွမ်းရည်လည်း ရှိသည်။
မကြာမီကာလအတွင်း။
မည့်သို့သော ဒဏ္ဍာရီမျိုး မွေးဖွားလာလိမ့်မည်နည်း။
....
စကြဝဠာရှိ ကြယ်တာယာ ကောင်းကင်ယံ၌ တိုက်ခိုက်နေကြသော ဧကရာဇ်စစ်ပွဲကြီးမှာဖြင့်။
အဆုံးသတ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဖီးနစ်လှိုဏ်ဂူ၏ ဧကရာဇ်မင်း၏ ရင်ဘက်မှာ ပိုင်ကျန့် ဧကရာဇ်မင်း၏ ထုတ်ချင်းဖောက်ထွင်းချင်းကို ခံလိုက်ရပြီးနောက်။
တပ်ဖွဲ့ဝင်များစွာ၏ နယ်မြေအားလုံး ပျက်စီးသွားခဲ့လေပြီ။
" ကွေးယွမ်... သူတော်စင်နယ်မြေ.. မင်းတို့ ဒီလို လုပ်တာ!"
"ကောင်းကင်လမ်းစဉ်ရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လျစ်လျူရှုထားမယ် ထင်လား"
ပိုင်ကျန့်ဧကရာဇ်မင်း ၏ မျက်လုံးများသည် အေးစက်နေပြီး ၊ သူ၏ လက်သီးချက်ဖြင့် ထိုးနှက်လိုက်သည်။
ဖီးနစ်လှိုဏ်ဂူ၏ ဧကရာဇ်မင်းမှာ ချက်ချင်းလက်ငင်း တစ်စစီ ကွဲကြေသွားခဲ့တော့သည်။
"စိတ်မပူနဲ့၊ ဒီကောင်တွေက ဝင်စွက်ဖက်ချင်ရင် ၊ သူတို့လည်း မင်းလို အဆုံးသတ်ရလိမ့်မယ်"
"ပိုင်ကျန့်၊ မင်း တိုက်နေတာ ကြာပြီ ၊ နောက်ဆုံးတော့ ပြီးသွားပြီပေါ့"
" ငါ့ကိုသာ ပေးလွဲလိုက်ရင် ၊ မင်းရဲ့အချိန်အများစုရဲ့ ၃၀% နဲ့တင် ပြီးနိုင်တယ် "
ပိုင်ကျန့် ဧကရာဇ်မင်းက ဘာမှမပြောဘဲ တိုက်မြေ သုံးထောင်ဆီသို့ လှမ်းကြည့်လိုက်သည်။
ထို့နောက် ၊ သူ၏ နှုတ်ခမ်းဖျားထောင့်တွင် အပြုံးတစ်ခု လှစ်ဟသွားသည်။
"စိတ်မပူနဲ့ မင်း ဂုဏ်ယူရမယ့်အချိန် မကြာတော့ဘူး "
"မင်းထက် ရူးတဲ့ကောင် ထွက်လာတော့မယ်"
" အချိန်ကျရင် ၊ သူက မင်းကို ကိုင်တွယ်ပေးသွားလိမ့်မယ်"
တိ့ကျန့် ဧကရာဇ်မင်းမှာ အံ့အားသင့်သွားပြီး ရုတ်တရက် ပြုံးလိုက်သည်။
"မင်းဆိုလိုတာက စူးချန်ကဲ ဟုတ်တယ်မလား?"
"သူ့နာမည်ကို မကြာသေးခင်က ငါကြားဖူးတယ် "
"ဒီထာဝရ စစ်ပွဲ အစပျိုးခဲ့တာက အင်အားစုပေါင်း များစွာက သူတော်စင် အရှင် အဆင့် မျိုးဆက်သစ်လူငယ်တွေကို သူ သတ်ပစ်ခဲ့လို့ပဲ "
တိ့ကျန့်ဧကရာဇ်မင်း က အပြုံးမပျက် ထပ်ဆိုလိုက်သည်။
"မင်းက စူးချန်ကဲ အဲ့ကောင်လေးကို သုံးပြီး ငါ့ကို ဆွပေးနေပေမဲ့"
"ဒါပေမယ့် ငါ့စိတ်ထဲမှာတော့ စူးချန်ကဲကို ပိုပြီး သဘောကျလာတယ် "
"ငါ့ကို အနိုင်ယူနိုင်တဲ့ ပြိုင်ဘက်မရှိတာ အရမ်းအထီးကျန်တာပဲ "
.......
အခြားတစ်ဘက်တွင်မူ ၊
နတ်ဘုရားအချုပ်ထောင် နန်းတော် နှင့် နတ်ဆိုးချောက်နက် မှ ဧကရာဇ်မင်းများသည်လည်း ကွေးယွမ် ဧကရာဇ်မင်း ရှစ်ပါးထံ သေသည့်အထိ ရိုက်နှက်ခံခဲ့ရသည်။
ဟွမ်ထျန်း ဧကရာဇ်မင်း နှင့် ဝူတောက် ဧကရာဇ်မင်း တို့သည်လည်း အကြိမ်ပေါင်း များစွာ တိုက်ခိုက်ခဲ့ပြီးနောက် ၊
ဟွမ်ထျန်း ဧကရာဇ်မင်း ၏ ဓားချက်အောက်တွင် ဝူတောက် ဧကရာဇ်မင်းလည်း ရှုံးနိမ့်ခဲ့ရသည်။
ဝူတောက် ဧကရာဇ်မင်းသည် ဓားစွမ်းအင်ဖြင့် ဖောက်ထွင်းခံလိုက်ရသော သူ၏ ရင်ဘတ်ကို ဖိနှိပ်ထားရင်း။
နာကျင်စွာဖြင့် ရှုံ့ချလိုက်သည်။
သူသည် နတ်ဆိုးစိန်ကိုယ်ထည်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။
မူလက သူသည် ဟွမ်ထျန်း ဧကရာဇ်မင်း၏ ပြိုင်ဘက်ဟု ထင်ခဲ့သည်။
မထင်မှတ်ပဲ၊ ဟွမ်ထျန်း ဧကရာဇ်မင်း၏ ဓားချက်အောက်တွင် ရှုံးနိမ့်ခဲ့ရသည်။
"မင်းဆိုတဲ့ကောင်က ပိုပိုပြီး ကြမ်းလာတာပဲ"
"ကြည့်ရတာ နောက်ဆိုရင် မင်းက တိုက်မြေ သုံးထောင်မှာ ဓားလမ်းစဉ် နံပါတ်တစ် ဧကရာဇ်မင်း တစ်ပါး ဖြစ်လာလိမ့်မယ် ထင်တယ်"
ဟွမ်ထျန်း၏ မျက်နှာမှာ ခံစားချက်ကင်းမဲ့နေသည်။
သူသည် ဖြေးဖြေးချင်း ခေါင်းခါပြလိုက်သည်။
"မဟုတ်ဘူး၊ ငါက ဒုတိယ"
ဝူတောက် ဧကရာဇ်မင်းက ခဏမျှ အံ့အားသင့်သွားပြီး ပြုံးလိုက်သည်။
"ဟာဟား... မာနကြီးတဲ့ ဟွမ်ထျန်းဧကရာဇ်မင်းက သူ့ဆရာသခင်လောက် မတော်ဘူးလို့ ဝန်ခံလိမ့်မယ်လို့ မမျှော်လင့်ထားဘူး "
"မဟုတ်ဘူး ငါ့ဆရာသခင်က တတိယ"
"အနာဂတ်မှာ နံပါတ်တစ် ဖြစ်လာမယ့် ကလေးက စူးချန်ကဲပဲ "
ဝူတောက် ဧကရာဇ်မင်းမှာ အံ့သြသွားပြန်သည်။
"မင်းက တကယ်ကို မင်းဆရာသခင်ရဲ့ တပည့်ကောင်းပဲ"
အပိုင်း(၂၀၃): အင်အားစုကြီး လေးစု၏ ရှေးဧကရာဇ်မင်းများ
“ဒါပေမဲ့ ၊ ဟွမ်ထျန်း ငါမင်းကို သတိပေးစရာရှိတယ်”
ဝူတောက် ဧကရာဇ်မင်းက ထပ်ဆိုလိုက်သည်။
“ဒီတစ်ခေါက် ထာဝရစစ်ပွဲမှာ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကောင်တွေက ဒီတိုင်းရပ်ကြည့်နေမှာ မဟုတ်ဘူး “
“ပြီးတော့ ၊ အဲဒီအင်အားစုတွေကလည်း မရေမတွက်နိုင်တဲ့ နှစ်ကာလကတည်းက ဧကရာဇ်မင်းဆက်တွေ ရှိလာတဲ့ မျိုးနွယ်စုတွေပဲ ၊ မင်းတို့ သူတို့ကို အတင်းအကြပ် ဖိအားပေးနေရင် ၊ ငါ စိုးရိမ်တာက......”
ဟွမ်ထျန်း ဧကရာဇ်မင်း၏ အကြည်များမှာ တစ်ဖက်လူ၏ စကားကို ဂရုမစိုက်ပုံရသည်။
“ ငါ ကွေးယွမ်က ဘယ်တုန်းက ကြောက်တတ်ဖူးလို့လဲ ၊ သူတို့တိုက်ချင်သပဆိုလည်းတိုက်ပါစေ”
ဝူတောက် ဧကရာဇ်မင်းက ခေါင်းတယမ်းယမ်းဖြင့် ပြုံးလိုက်ရင်း ၊ထပ်မပြောတော့ပေ။
မကောင်းဆိုးဝါး မျိုးနွယ်စုတွင် ရှေးနဂါးမျိုးနွယ်စု ၊ ရှေးဖီးနစ်မျိုးနွယ်စု၊ထို့အပြင် ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းလည်း ရှိသေးသည် ။
ရှီးကျီတိုက်မြေတွင် ဗုဒ္ဓဘာသာ နှင့် တာအိုဘာသာတို့၏ ထိပ်တန်း အင်အားစု နှစ်စုဖြစ်သည့် သုအယ့်ဂိုဏ်း နှင့် ရွှမ်ခုန်းနတ်ဘုရားကျောင်း ရှိသည်။
နတ်ဆိုးကမ္ဘာနှင့် မရဏကမ္ဘာတို့သည်လည်း မရိုးရှင်းပေ။သူ့အမြင်အရ၊ ကွေးယွမ် သူတော်စင် နယ်မြေအနေဖြင့် ဤ အင်အားစုများကို လုံးလုံးလျားလျား ချေမှုန်းပစ်နိုင်ဖို့ရာ လွန်စွာ ခက်ခဲရပေမည်။
….
တိုက်မြေ သုံးထောင် ၊
အင်အားစု ခြောက်စုမှ စေလွှတ်လိုက်သော ဧကရာဇ်မင်းများသည်လည်း ကွေးယွမ် ဧကရာဇ်မင်းများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
သူတို့၏ စိတ်ပိုင်းဆိုင်ရာ အကာအကွယ်မှာ ပြိုလဲကျခဲ့ပြီ ဖြစ်သည်။
“ဆုတ်ခွာ! ဆုတ်ခွာ! “
“ဒီတစ်ခါ ကျရှုံးတာ ၊ နောက်တစ်ကြိမ်လည်း ဒီလိုဖြစ်မယ်လို့ မဆိုလိုဘူး...”
“…….”
ဝုန်း!!
တေးဂီတ သံစဉ်တို့သည် ဧရာမ သံတူကြီးအဖြစ် ပြောင်းလဲကာ ဝုန်းခနဲ့ ကျရောက်လာသည်။
ထိုလူ၏ အသွေးအသားများ နင်းခြေခံလိုက်ရပြီး ၊ နေရာအနှံ့ ပေပွသွားသည်။
ယင်းအရာသည် စူးချန်ကဲ တီးခတ်နေသော ဖော့ကျန့် သံစဉ်များအဖြစ်သို့ ပြန်ပြောင်းလဲသွားခဲ့သည်။
ဂီတသံစဉ်များ လွှမ်းခြုံနေပြီး ၊ စူးချန်ကဲ၏ ရုတ်တရက် လှုပ်ရှားမှုသည် ရန်သူတပ်ဖွဲ့က မရေမတွက်နိုင်သော စစ်သားများကို သေဆုံးသွားစေခဲ့သည်။
စူးချန်ကဲသည် ဓားဆန္ဒကို ဗျပ်စောင်းဆန္ဒဖြင့် ပေါင်းစပ်ထားသည်။
ဗျပ်စောင်း တစ်ချက် တီးခတ်လိုက်တိုင်း၊ ဓားစွမ်းအင်များ ရောက်ရှိလာသည်။
ဖော့ကျန့် တေးသီးချင်း၏ ကောင်းချီးနှင့်အတူ၊ ကွေးယွမ်တပ်ဖွဲ့ကြီးသည် အရာအားလုံးကို ဖြိုခွင်းပစ်ခဲ့သလိုပင်။
အင်အားစု ခြောက်စု၏ တပ်ဖွဲ့များသည် အရင်လို မောက်မာနိုင်ခြင်း မရှိတော့ဘဲ ထွက်ပြေးရန်သာ စဉ်းစားနေမိသည်။
ပေမင်တိုက်ကနေ ထွက်ပြေးမယ် !
ကွေးယွမ် သူတော်စင် နယ်မြေ လက်ထဲကနေ ထွက်ပြေးမယ်!
သူတို့ နားမလည်နိုင်သည့် အချက်တချို့ရှိသည်။ အင်အားစု ခြောက်စု ပေါင်းစည်းထားသော တပ်ဖွဲ့ကြီးသည် အဘယ့်ကြောင့် ကွေးယွမ်ကို အနိုင်မရခဲ့သနည်း။
သူတို့၏ ညီအစ်ကို ၊ ရဲဘော်တွေ အကုန်လုံး သေဆုံးခဲ့ရလေပြီ။
အော်ဟစ်ငိုကြွေးသံများက လေထဲတွင် ပြည့်နှက်နေပြီး ၊ သူတို့အားလုံး အသက်ရှင်ချင်သေးသည်။
“ ကွေးယွမ် သူတော်စင် နယ်မြေ! မင်း သူတို့အားလုံးကို တကယ်ပဲ သတ်တော့မလို့လား?!”
ထိုအချိန် ၊
ကောင်းကင်ယံမှ အေးစက်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလို နတ်နဂါးကျွန်းစု၏ ဦးတည်ရာဘက်၌ ၊
ကြီးမားကျယ်ပြန့်သော နဂါးစွမ်းအင်များသည် ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားသည်။
၎င်း၏ ရောင်ဝါသည် ဤကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ၊ အနီရောင်ရွှေနဂါး ဝတ်ရုံကို ၀တ်ဆင်ထားသည့် အဖိုးအိုတစ်ဦးသည် နတ်နဂါးကျွန်းစု၏ အနက်ရှိုင်းဆုံး အရပ်မှ ကောင်းကင်ပေါ်သို့ တတ်ရောက်လာသည်။
မွဲခြောက်သော အသားအရည် ၊ ဆံပင်ဖြူများ ရှိနေပြီး ၊ ၎င်း၏ ခေါင်းပေါ်တွင် အနီရောင် နဂါးချိုတစ်စုံ ရှိသည်။
အင်အားစု တပ်ဖွဲ့ဝင်များ၏ အမူအရာများမှာ ဆိုရင်ဖြင့် သိသိသာသာ ပြောင်းလဲသွားကြသည်။
“ နတ်နဂါးကျွန်းစုရဲ့ နဂါးသခင်ဟောင်းလား?”
“အမ်... ကောကလဟာလအရ နဂါးသခင်ဟောင်းက ပျံလွန်တော်မူသွားသွားပြီဆို ၊ သူက ဘာလို့ အသက်ရှင်နေသေးတာလဲ”
“ ငါ မှတ်မိသလောက် နဂါးသခင်ဟောင်းကလည်း ဧကရာဇ်မင်းတစ်ပါးပဲမလား? ဒီလောက် နှစ်ကာလတွေကြာသွားပြီဆိုမှတော့ ရှေးဧကရာဇ်မင်း တစ်ပါးလို့ ပြောလို့ရနိုင်မလား”
“……”
နတ်နဂါးကျွန်းစု၏ နဂါးသခင်ဟောင်းသည် သူ့ခေတ်အခါက အလွန်ကို အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။
နဂါးသခင်ဟောင်းသည် နတ်နဂါးကျွန်းစုကို ယောက်ရွှီတိုက်မြေရှိ ထိပ်တန်း မကောင်းဆိုးဝါး မျိုးနွယ်စုတွေထဲက တစ်ခုဖြစ်လာအောင် ဦးဆောင်နိုင်ခဲ့သည်။
နဂါးသခင်ဟောင်း ဦးဆောင်သောခေတ်တုန်းက နတ်နဂါးကျွန်းစု၏ ဘုန်းအသရေ အရှိဆုံးခေတ် ဟုလို့တောင် ဆိုရမည်။
သို့သော် ထိုကဲ့သို့သော အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်သည် ယနေ့အချိန်ထိ ဤကမ္ဘာပေါ်တွင် ရှိနေဆဲပင် ဖြစ်သည်။
နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် ၊ သူ၏ ကျင့်ကြံမှုမှာဖြင့် မည်မျှတောင် အားကောင်းလိုက်မည်နည်း။
“ ကွေးယွမ် မင်းတို့ သိပ်လွန်မလာနဲ့”
“လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ပေါင်းများစွာက ကွေးယွမ် သူတော်စင် နယ်မြေက ငါ ဖီးနစ်လှိုဏ်ဂူရဲ့ ကံကြမ္မာ ဧကရာဇ်လက်နက်ကို သိမ်းယူသွားရုံတင် မကဘူး ခုလည်း မင်းတို့က သူတို့အားလုံးကို သတ်ချင်သေးတာလား “
ထိုစဉ် ၊ ဖီးနစ် လှိုဏ်ဂူတည်ရှိရာ နေရာ၌ လွန်စွာကြီးမားသော တွင်းနက်ကြီးသည် မီးတောက်မီးလျှံများနှင့် အတူ ပေါက်ကွဲခဲ့သည်။
စုဝေးလာသော မီးလျှံ မှော်သင်္ကေတများ ကြားထဲ၌ မီးတောက်မီးလျှံများဖြင့် တဟုန်းဟုန်း တောက်လောက်နေသော ဝတ်ရုံကို ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာခဲ့သည်။
သူမ၏ အသွင်အပြင်သည် အလွန်ငယ်ပုံရသော်လည်း ၊ ရှေးကျသော အငွေ့အသက်ကို ခံစားရသည်။
သူမလည်း အလားတူ ငွေဖြူရောင် ဆံနွယ်များ ရှိနေသည်။
“အို ဘုရားရေ၊ အဲဒါက ဖီးနစ်လှိုဏ်ဂူရဲ့ ဖီးနစ်သခင်ဟောင်းပဲ “
“ ဖီးနစ်လှိုဏ်ဂူမှာ ဖီးနစ်သခင်ဟောင်းဆိုတာ မရှိဘူး ၊ သူမက ဖီးနစ်လှိုဏ်ဂူရဲ့ အသက်အကြီးဆုံး ဘိုးဘေးတစ်ဦးပဲ ၊ ဟွမ်ယန်အကြီးအကဲ “
“ဒါပေမယ့် ထူးဆန်းတယ်၊ ဟွမ်ယန် အကြီးအကဲက ဖီးနစ်လှိုဏ်ဂူက လူသား-မကောင်းဆိုးဝါး စစ်ပွဲမှာ ကျသွားခဲ့တာ မဟုတ်လား? ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ”
ကြည့်ရှုနေကြသည့် ပရိတ်သတ်ကြီးမှာ ရှုပ်ထွေးလို့ နေကြသည်။
နတ်နဂါးကျွန်းစု နှင့် ဖီးနစ်လှိုဏ်ဂူတို့သည် ထိုကဲ့သို့သော အစွမ်းထက်သည့် အကြီးအကဲများကို တကယ်ကြီး ဖုံးကွယ်ထားခဲ့ကြသည်။
ဤသည်မှာ နောက်ဆုံးအခိုက်အတန့် ရောက်လာခဲ့ချိန်၌ ကွေးယွမ် သူတော်စင် နယ်မြေကို ခြိမ်းခြောက်ရန်ပင် ဖြစ်သည်။
အကယ်၍ ကွေးယွမ် သူတော်စင် နယ်မြေသည် သူတို့ကို တိုက်ခိုက်ဦးမည်ဆိုပါက ၊ ဒါဆို သူတို့လည်း သေသည်အထိ တိုက်ပွဲဝင်သွားမည် ဖြစ်သည်။
သို့သော်၊ သူတို့ အနေဖြင့် အနည်းငယ် သိချင်နေကြသည်။ ကွေးယွမ် သူတော်စင် နယ်မြေသည် ဤကိစ္စကို မည်သို့ ဖြေရှင်းမည်နည်း။
ထိုကဲ့သို့သော အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တစ်ယောက်နဲ့တင် ၊ ရူးရူးမူးမူး တိုက်ခိုက်မည်ဆိုပါက ကွေးယွမ်သည် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်လာနိုင်သည်။
သို့သော် ထိုအချိန် ၊ ကွေးယွမ်ဘိုးဘွားပိုင် နယ်မြေမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“မင်းတို့ နှစ်ယောက်ပဲလား?”
“တခြားသူတွေရော မထွက်လာတော့ဘူးလား?”
ဤအသံထဲတွင် အထင်အမြင်သေးသော လေသံများ ပြည့်နှက်နေသည်။
ထိုအသံကို ကြားရသူတိုင်း ကျောချမ်းသွားရသည်။
ဒါ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဘယ်ဘိုးဘေးတုန်း!?
“ဟွန်း! ကွေးယွမ်ကဟာတွေ မင်းတို့ ဒီလိုမျိုးလုပ်တဲ့အတွက် ဘုရားသခင်ဆီက အပြစ်ပေးခံရမှာကို မကြောက်ဘူးလား!”
ထိုအချိန်တွင် ထျန်းရှန်းဂိုဏ်း ရှိရာ ဦးတည်ရာဘက်မှ အသံထွက်ပေါ်လာခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလို ခရမ်းရောင်စွမ်းအင်များ အဆုံးမရှိ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာခဲ့သည်။
ခရမ်းရောင် စွမ်းအင်လှိုင်းများ စုဝေးသွားလေရာ ၊
ခရမ်း နှင့် ရွှေရောင် ရောစပ်ထားသည့် ၀တ်စုံကို ၀တ်ဆင်ထားသော ဆံပင်များ ဖြူနေပြီ ဖြစ်သည့် အဘိုးကြီးတစ်ဦး ထွက်ပေါ်လာခဲ့သည်။
သူ့အမူအရာသည် ဒေါသ အရမ်းထွက်နေပြီး ကွေးယွမ် သူတော်စင် နယ်မြေဘက်သို့ စူးစူးရဲရဲ စိုက်ကြည့်နေသည်။
“သူက ထျန်းရှန်းဂိုဏ်းက ဇီကျင်းတာအိုသခင်လား?”
“မသေသေးဘူးပေါ့!?”
ရှေးခေတ် ပါရမီရှင်တစ်ဦးက ထိုပုဂ္ဂိုလ်၏ သရုပ်မှန်ကို အသိအမှတ် ပြုနိုင်ခဲ့သည်။
ဤလူသည် ထျန်းရှန်းဂိုဏ်း၏ ဒဏ္ဍာရီလာ ဇီကျင်း တာအိုသခင်ပင် ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင် အတွင်း ၊ ထျန်းရှန်းဂိုဏ်း တိုးတတ်လာသည့် အကြောင်းရင်းမှာ ဤဇီကျင်းတာအိုသခင် ကြောင့်ပင် ဖြစ်သည်။
ဇီကျင်းတာအိုသခင်သည်လည်း ဧကရာဇ်မင်း၏ အမွေဆက်ခံသူဖြစ်ပြီး ၊ ၎င်း၏ ဖခင်မှာ ထျန်းရှန်းဂိုဏ်း၏ ဇီကျင်းဧကရာဇ်မင်းပင် ဖြစ်သည်။
T/N - ဇီကျင်း - အဖေနဲ့သား နာမည်တူနေတာ မဟုတ်ဘူး။ စာရေးဆရာ ရေးထားတဲ့အတိုင်းပဲ သူပဲ မှားရေးသလား မျိုးရိုးတူလို့ ဂုဏ်ပုဒ်တူတူပေးထားတာလားတော့ မသိဘူး ။
“အာမိထော်ဖော် ၊ ကွေးယွမ် သူတော်စင် နယ်မြေက လူအများကြီး သတ်ခဲ့ပြီးပြီ ၊ ဒါနဲ့တင် မလုံလောက်သေးဘူးလား?”
“ ကွေးယွမ်ရဲ့ ဆက်ခံသူက သူတော်စင် အရှင် လူငယ်မျိုးဆက်သစ်တွေကို မရေမတွက်နိုင်အောင် သတ်ပစ်ခဲ့တယ် ၊ အခု ကွေးယွမ် သူတော်စင် နယ်မြေကလည်း ဒီလိုလုပ်ရပ်မျိုးလုပ်ဦးမလို့လား”
“ ကွေးယွမ် သူတော်စင် နယ်မြေက နတ်ဆိုးကိုးကွယ်သူတွေနဲ့ ဘာကွာတော့မှာလဲ “
ရှောင်ရှီထျန်းရှိရာ ဦးတည်ရာဘက်မှ ဂုဏ်ကျက်သရေ ရှိသော အသံတစ်ခု ထွက်ပေါ်လာပြန်သည်။
ရောင်ခြည်တော်များ တောက်ပလာသည်နှင့်အမျှ ၊ ဧရာမ ရွှေရောင် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ ရှောင်ရှီထျန်းရဲ့ ရှီလျန် ဗုဒ္ဓ?”
“ဒီရှီလျန် ဗုဒ္ဓက လောကီအငြင်းပွားမှုတွေမှာ ထပ်ပြီး ဝင်မပါတော့ဘူးလို့ ကတိပေးခဲ့တာ မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်ပြီး ထွက်ပေါ်ဖို့ကို ပြန်ပြီး ဆုံးဖြတ်ခဲ့တာလဲ?”
“ မင်းမသိဘူးလား ၊ ဒါကို အယောင်ပြ ပစ်ခတ်မှုလို့ ခေါ်တယ် “
“ ရှောင်ရှီထျန်း ဒါမျိုး လုပ်နေတာ တစ်ခါ နှစ်ခါမှ မဟုတ်တာ “
လူတစ်ယောက်က ဆိုလိုက်သည်။
“ လူသား-မကောင်းဆိုးဝါး စစ်ပွဲတုန်းကလည်း ရှောင်ရှီထျန်းက အခြေအနေကို အခွင့်ကောင်းယူပြီး တိုက်မြေ သုံးထောင်က ထိပ်တန်း ကျွမ်းကျင်သူတွေကို သူတို့ဝါဒထဲ ဝင်စေခဲ့တယ်လေ “
“ ကွေးယွမ် သူတော်စင် နယ်မြေကနေ အကျိုးကျေးဇူး တချို့ ရဖို့ ဝင်ပါတာပဲ နေမယ်”
လူတိုင်း ထိုစကားများကို အတိုင်းသား ကြားခဲ့ရသည်။
ယခုအခါတွင် ရှေးလူအိုကြီးလေးပါး ပေါ်ထွက်ခဲ့ပြီ ဖြစ်သည်။
နတ်ဘုရားအချုပ်ထောင် နန်းတော် နှင့် နတ်ဆိုးချောက်ထဲရှိ ရှေးလူအိုကြီးများကို ပေါင်းထည့်လိုက်ရင်ဖြင့်။
လူခြောက်ယောက်ကြီးတောင် !
ကွေးယွမ် သူတော်စင် နယ်မြေတွင် တန်ခိုးကြီးမားသော ဧကရာဇ်မင်းများစွာ ရှိသော်လည်း၊ ၎င်းတို့နှင့် တိုက်ခိုက်မည်ဆိုပါက၊
ကွေးယွမ်၏ ဧကရာဇ်မင်းများ ကျဆုံးမည်မှာ မလွဲမသွေပင် ဖြစ်သည်။
“အရမ်းကောင်းတယ် ၊ တခြားသူ ရှိသေးလား”
ကွေးယွမ် သူတော်စင် နယ်မြေ၏ အနက်ရှိုင်းသောအပိုင်းမှ အသံသည် ထပ်မံထွက်ပေါ်လာပြန်သည်။
ဒီတစ်ကြိမ်မှာတော့ သူသည် ဂရုမစိုက်ဟန်ဖြင့် နာမည်တပ်ခေါ်လိုက်သည်။
“နတ်ဘုရားအချုပ်ထောင် နန်းတော် နဲ့ နတ်ဆိုးချောက်နက်က မင်းတို့ ထွက်မလာကြဘူးလား”