ကာကွယ်စောင့်ရှောက်သူ
Vol. 44 Ch. 611
ကျန်းရီသည် ရှေ့ရှိ ဖုတ်ကောင် စစ်သည်တော်များစွာကို စစ်ဆေးခဲ့ပြီးဖြစ်ကာ သူတို့၏ခန္ဓာက အနက်ရောင် အခိုးအငွေ့များဖြင့် ဝန်းရံခံနေရသည်ကို သတိပြုမိလိုက်သည်။ အစတုန်းကသူက များများစားစား မတွေးခဲ့ဘဲ ဖုတ်ကောင်များနား၌ အနက်ရောင် အခိုးအငွေ့များ ရှိခြင်းက ပုံမှန်ပဲဖြစ်သည်ဟု ထင်ခဲ့သည်။ အနက်ရောင် အခိုးအငွေ့များ မရှိဘဲ သူတို့က ဖုတ်ကောင်နှင့် သိပ်တူတော့မှာ မဟုတ်ပေ။
ယခုမူသူက သေသူက သေပြီဖြစ်ရာ သူတို့၌ မည်ကဲ့သို့ အနက်ရောင် အခိုးအငွေ့ ရှိနိုင်တော့မည်ဆိုတာကို သဘောပေါက်သွားတာပဲဖြစ်သည်။ ယင်းက ပိုမိုကြောက်မက်ဖွယ် ကောင်းစေချင်လျှင် ဖုတ်ကောင်များ၌ သွေးသံတရဲရဲ၊ ပြည်များ စသည်တို့ဖြင့် ပိုကြောက်မက်ဖွယ် ကောင်းသည့်ပုံ ဖြစ်အောင်လုပ်၍ရသည်။
ထို့အပြင် အနက်ရောင် အခိုးအငွေ့များသည် သက်ရှိများကို တိုက်ခိုက်နိုင်ပြီး လူတစ်ယောက်၏ ခန္ဓာနှင့် ဝိညာဉ်စွမ်းအင်ကို လျော့ပါးသွားစေ၏။ ထို့ကြောင့် အနက်ရောင် အခိုးအငွေ့များက တစ်ခုခု မှားနေတာပဲဖြစ်ပြီး ယင်းက ဖုတ်ကောင် စစ်သည်တော်များကို ထိန်းချုပ်နေသော သော့ချက်ဆိုတာ သေချာသည်။
သူတို့ကို ဂရုတစိုက် ကြည့်ပြီးနောက် နောက်ဆုံးတွင် ပြဿနာကို သဘောပေါက်သွားတော့၏။ ထိုအနက်ရောင် အခိုးအငွေ့များသည် ဖုတ်ကောင် စစ်သည်များ၏ ခန္ဓာကိုယ်မှ လာတာမဟုတ်ပေ။ ထိုအစား ဖုတ်ကောင်၏ ခေါင်းထဲရှိ စိတ်ဝိညာဉ် ခန္ဓာထဲမှ ထွက်ပေါ်လာတာပဲဖြစ်သည်။
သူတို့က သေပြီးသားဖြစ်ရာ သူတို့စိတ်ဝိညာဉ်လည်း မရှိတော့ပေ။ အလွန်ဆုံးမှ စိတ်ဝိညာဉ်ခန္ဓာသည် ဦးနှောက်ထဲရှိ အရည်မျှသာ ရှိပေမည်။ အနက်ရောင် အခိုးအငွေ့ကို မည်ကဲ့သို့ ထုတ်လွှင့်နိုင်မည်နည်း။
စူးစမ်းပြီးနောက် ကျန်းရီက ထိုစိတ်ဝိညာဉ် ခန္ဓာသည် သန့်တောင်မသန့်စင်ကြောင်း တွေ့လိုက်ရ၏။ ယင်းက တစ်စုံတစ်ယောက် သန့်စင်ထားတာပဲဖြစ်သည်။
လူတစ်စုံတစ်ဦးသည် အင်မတန် အစွမ်းထက်သော စွမ်းရည်အချို့ကိုသုံးပြီး သေသူတို့၏ စိတ်ဝိညာဉ်ခန္ဓာကို သန့်စင်ခဲ့သည်။ ထို့ကြောင့် အနက်ရောင် အခိုးအငွေ့တို့က စိတ်ဝိညာဉ် ခန္ဓာထဲမှ ထွက်ပေါ်လာတာပဲဖြစ်သည်။ ထိုအကြောင်းအရင်းကြောင့် သေသူများကို ရုပ်သေးများနှင့် ဖုတ်ကောင် စစ်သည်များအဖြစ် ပြောင်းလဲလိုက်တာပဲဖြစ်သည်။
ထို့ကြောင့် ဖုတ်ကောင်စစ်သည်များကို အနိုင်ယူရန် အမှန်တကယ် လွယ်နေတာပဲဖြစ်သည်။ သူတို့၏ စိတ်ဝိညာဉ် ခန္ဓာကို ဖျက်ဆီးလိုက်ရုံသာဖြစ်သည်။ ပြီးနောက် သူတို့သည် အမှန်တကယ် သေသူများအဖြစ် ပြောင်းလဲသွားကာ မလှုပ်ရှားနိုင် တိုက်ခိုက်နိုင်စွမ်း ရှိတော့မှာမဟုတ်ပေ။ ထိုအကြောင်းအရင်းသည် ကျန်းရီကြောင့် ခေါင်းများ ချေမွခံလိုက်ရသော ဖုတ်ကောင်စစ်သည်များ ထပ်မလှုပ်ရှားနိုင်ရခြင်းအတွက် ယုတ္တိအရှိဆုံး ရှင်းပြချက်ပင်ဖြစ်သည်။
ဘဝတံခါးကို ရှာဖွေနေသော်ငြား ဘဝတံခါးကို ဖြိုခွင်းရန်က အခက်တွေ့နေသေးသည်။ ကျန်းရီသည် အတော်ကြာ စဉ်းစားနေပြီးနောက် လက်တွေ့စမ်းသပ်တော့သည်။ မီးနဂါးဓားက သူ၏လက်ထဲမှ ပျောက်ကွယ်သွား၏။ ကျန်လက်တစ်ဖက်မှ စွမ်းအားကို ထုတ်ဖော်လျက် ဖုတ်ကောင်စစ်သည်၏ ခေါင်းဆီသို့ တိုက်ရိုက် ချိန်ရွယ်လိုက်တော့သည်။
ကျန်းရီသည် အတွင်းအားသုံးတာ ရှားပါးသည်ဆိုသော်ငြား မသုံးတတ်ဟု မဆိုလိုပေ။ စိတ်ဝိညာဉ်မျောလွင့် ခရီးသွား သိုင်းပညာရှင်တစ်ဦးကတောင် အတွင်းအား ထုတ်ဖော်နိုင်သည်။ သူက မီးနဂါးဓားမှ မီးနဂါးအကောင်ရေ တစ်သောင်းကျော်ကို အလွယ်တကူ ထုတ်နိုင်၏။ ယင်းက အတွင်းအား ထုတ်သုံးခြင်းထက် ပိုအစွမ်းထက်သော တာအိုပုံစံ တိုက်ကွက်ဖြစ်သည်။ ထို့ကြောင့် အတွင်းအား ထုတ်ဖော်မှုကိုသုံးရန် စိတ်အနှောက်အယှက် မရှိပေ။ သို့သော် သူ၏ယူဆချက်ကို သက်သေပြရန်အတွက် ဖုတ်ကောင်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဓားကိုပစ်ထုတ်လိုက်လေ၏။ သူကခေါင်းကို ထိုးဖောက်ရန် ရည်ရွယ်ပြီး သူ၏စိတ်ဝိညာဉ် ခန္ဓာကို ဖျက်ဆီးရန် ရည်ရွယ်လိုက်သည်။ ထိုသို့တိုင် ဖုတ်ကောင်စစ်သည်များ၏ မာကြောမှုအဆင့်ကို လျှော့တွက်ခဲ့မိပြီး သူ၏အတွင်းအား တိုက်ကွက်စွမ်းအားကို ပိုတွက်ခဲ့မိသည်။ လက်ချောင်းအတွင်းအားက ဖုတ်ကောင်စစ်သည်တော်၏ မျက်ခုံးနှစ်ဖက်ကြား ရောက်သွားသော်ငြား ယင်းက ဖုတ်ကောင်ကို လွင့်ထွက်သွားစေရုံသာရှိပြီး နောက်ထပ် ဖုတ်ကောင်စစ်သည်တော် နှစ်ကောင်ပါ ပါသွား၏။ သူ၏ခေါင်းပေါ်၌ အရာတစ်ရာ ကျန်ခဲ့ပြီး မျက်နှာပြင်ပေါ်တွင် ခြစ်ရာသာ ထင်စေခဲ့သည်။
“အမ်”
ကျန်းရီက စိတ်လှုပ်ရှားလာတော့သည်။ သူအသက်တံခါးကို ရှာတွေ့ပြီးဖြစ်ပုံပေါ်သော်ငြား သူကမဖြိုခွင်းနိုင်ပုံရ၏။ ဖုတ်ကောင်စစ်သည်၏ ခန္ဓာကိုယ်က အမှန်တကယ် မာကြောသည်။ သို့သော် တာအိုပုံစံ တိုက်ကွက်သည် ဖုတ်ကောင် စစ်သည်တော် တစ်ရာနီးပါးကိုသာ သတ်ဖြတ်နိုင်ခဲ့ကြောင်း တွေးမိသည့်အချိန်တွင် မီးနဂါးဓားက မီးနဂါးလေး အကောင်ရေ တစ်သောင်းကျော် ထုတ်ထားလျှင်တောင် ဖုတ်ကောင်အကောင်ရေ တစ်ရာနီးပါးသာ သတ်ဖြတ်နိုင်ခဲ့ကြောင်း တွေးမိသည့်အချိန်၌ ရလဒ်က ပုံမှန်ပဲဟု ခံစားလိုက်ရသည်။
“ငါဘာလုပ်သင့်လဲ”
ကျန်းရီက ဖြေရှင်းနည်းများကို စဉ်းစားနေသည်။ သူကဦးနှောက် ရှုပ်ထွေးနေပြီဖြစ်သည်။ ဖုတ်ကောင်စစ်သည်တော်၏ စိတ်ဝိညာဉ်ကို အလွယ်တကူ မဖျက်ဆီးနိုင်။ မီးနဂါးဓားကိုသာ အားကိုးနေရမည်ဆိုလျှင် မောပန်းမှုကြောင့် သေနိုင်သည်။ ဘဝတံခါးကို ရှာဖွေရန် ဘာမှပြုလုပ်နိုင်တော့မှာ မဟုတ်ပေ။
“သိပြီ”
မကြာမီ၌ သူက ရူးသွပ်သော အကြံဉာဏ် ရလာကာ သူ့ကိုယ်သူတောင် ထိတ်လန့်သွားစေ၏။
ဝှစ် ဝှစ်
ဖုတ်ကောင်တစ်ကောင်က သူ့ဆီထပ်မံ တိုးဝင်လာသည်။ ကျန်းရီက အံ့ကြိတ်လျက် သူ၏မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်တော့သည်။ အဖြူရောင် အလင်းတန်းက သူ၏မျက်ခုံးနှစ်ဖက်ကြားဆီ၌ ဖျတ်ခနဲ ပေါ်လာပြီးနောက် ဖုတ်ကောင်၏ မျက်ခုံးနှစ်ဖက်ကြားဆီသို့ ချက်ချင်း တိုးဝင်သွားပြီး ခေါင်းထဲရောက်သွား၏။
မှန်ပေသည်။ ကျန်းရီက ဝိညာဉ်ဓားကို သုံးလိုက်သည်။ သူ၏စိတ်ဝိညာဉ် ပင်လယ်အတွင်း၌ ဝိညာဉ်ဓားလေး ၃၆လက်ရှိသည်။ ထိုအရာလေးများက အလွန်ကြမ်းတမ်းသည်။ ဝိညာဉ်ဝါးမျို မိချောင်းတစ်ကောင်တောင် ဝိညာဉ်ဓားကြောင့် ချေမှုန်းခံရ၏။ သူသည် ဖုတ်ကောင်စစ်သည်များ၏ ဝိညာဉ်ကို ဖျက်ဆီးရန် ဝိညာဉ်ဓားကို အသုံးပြုနေတာဖြစ်ပြီး သူတို့၏အမြုတေကို ဖျက်ဆီးလိုက်သည်။ ထို့ကြောင့် ဖုတ်ကောင်စစ်သည်များ အားလုံးက အမှန်တကယ် သေဆုံးသွားပြီဖြစ်သည်။
သူ၏တိုက်ကွက်က အလွန်အန္တရာယ်များသည်။ ဝိညာဉ်ဓား ထိခိုက်သွားလျှင် သူ၏ပင်မ စိတ်ဝိညာဉ်လည်း ထိခိုက်သွားနိုင်သည်။ ကျူးကျော်ခံရကာ ကူးစက်ခံရတာတောင် ဖြစ်နိုင်၏။ သူသည်လည်း ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မြှုပ်စရာမြေမရှိဘဲ သေသွားပေမည်။ သို့သော် သူ့တွင် ယခုအချိန်၌ မည်သည့်ရွေးချယ်မှု ကျန်သေးသနည်း။
ချီ ချီ
ဝိညာဉ်ဓားက ဖျတ်ခနဲ ပေါ်လာလျက် ဖုတ်ကောင်စစ်သည်၏ ဦးနှောက်ထဲ အလွယ်တကူ တိုးဝင်သွားကာ ဝိညာဉ်ကိုယ်ထည်ထဲ တန်းတန်းမတ်မတ် ဝင်ရောက်သွား၏။ ကျန်းရီက အလွန်အမင်း စိတ်လှုပ်ရှားနေလျက် သူ၏စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာ နှစ်မျိုးလုံးက ပူပန်နေတော့သည်။ သူအသက် ရှင်မရှင်က ထိုရိုက်ချက်ပေါ် မူတည်နေတော့သည်။
ဘန်း
ကျန်းရီက ဖရဲသီးခွဲသည့် အသံမျိုး ကြားလိုက်ရသည်။ ဝိညာဉ်ဓားက ဖုတ်ကောင်စစ်သည်၏ စိတ်ဝိညာဉ်ခန္ဓာကို ထိသွားလျက် ချက်ချင်းချေမွပစ်လိုက်သည်။ အနက်ရောင် အငွေ့အသက်များက စိတ်ဝိညာဉ် ခန္ဓာထဲမှ လွင့်ပျယ်သွားပြီး ဖုတ်ကောင်စစ်သည် တစ်ကိုယ်လုံးက မီးခိုးအငွေ့များအဖြစ် ပြောင်းလဲသွားသည်။ ပြီးနောက် မီးခိုးငွေ့များ ပေါ်ထွက်လာ၏။ ဖုတ်ကောင် စစ်သည်က မြေကြီးပေါ် လဲပြိုသွားတော့သည်။
“ငါအောင်မြင်သွားပြီ”
ကျန်းရီ၏ ဝိညာဉ်က ထပ်မံတုန်ယင်လာပြန်သည်။ သူ၏မျက်လုံးက ကြယ်ပွင့်များကဲ့သို့ တောက်ပနေသည်။ ဝိညာဉ်ဓားက သူ့ကိုစိတ်မပျက်စေခဲ့ပေ။ စိတ်ဝိညာဉ်ခန္ဓာကို အလွယ်တကူ ဖျက်ဆီးပြီး ဖုတ်ကောင်စစ်သည်တော်ကို ထိန်းချုပ်နေသော အမြုတေကို ဖျက်ဆီးနိုင်ခဲ့သည်။ အရေးကြီးဆုံးက ကျန်းရီ၏ ဝိညာဉ်ဓားက အနက်ရောင် အခိုးအငွေ့ကြောင့် ထိခိုက်ဒဏ်ရာ ရခြင်းမရှိ။ ပြန်ကန်ခံရခြင်းမရှိပေ။ ကျန်းရီဆီသို့ အကောင်းအတိုင်း ပြန်ရောက်လာသည်။
“ဟား ဟား ဟား ဟား”
ကျန်းရီက ကောင်းကင်ကို မော့ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ စိတ်ဖိစီးမှုများ အားလုံးနှင့် စိတ်ပျက်အားငယ်မှုများ အားလုံး ရှင်းထုတ်ခံလိုက်ရကာ အဆုံးမရှိ ပျော်ရွှင်ဝမ်းမြောက်မှုတို့ အစားထိုးလာသည်။ သူက ကစားပွဲကို အခြေအနေပြောင်းရန် ဉာဏ်ရည်ကို ထပ်မံအသုံးပြုခဲ့ရသည်။ ဖုန်းတုမြို့က လဲပြိုပြီးဖြစ်သည်။
ဝှစ်
နောက်ထပ် ဖုတ်ကောင် စစ်သည်တော်များက သူ့ဆီတိုးဝင်လာရာ ကျန်းရီ၏ မျက်ခုံးနှစ်ဖက်ကြားက အနီရောင် အလင်းတန်းဖြင့် လက်သွားပြီး ဝိညာဉ်ဓားက ဖုတ်ကောင်စစ်သည်တော်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ချက်ချင်ဝင်ရောက်သွားပြီးနောက် ကျန်းရီဆီ ဝင်ရောက်လာသည်။ ဖုတ်ကောင်နားရှိ အနက်ရောင် အခိုးအငွေ့များက ပျောက်ကွယ်သွား၏။ ဖုတ်ကောင်က မြေကြီးပေါ် ချေမွခံလိုက်ရပြီး သေဆုံးသွားပြီဖြစ်သည်။
သုံး၊ ငါး၊ ရှစ်
အခန်းထဲဝင်လာသော ဖုတ်ကောင် စစ်သည်တော်များကို သတ်ဖြတ်ပြီးနောက် ကျန်းရီသည် အခြေအနေကို ဂရုတစိုက် စစ်ဆေးလိုက်ရာ ပြဿနာမရှိကြောင်း တွေ့လိုက်ရသည်။ ပြီးနောက်သူက အခန်းအပြင်သို့ ရယ်မောလျက် ထွက်လာသည်။ ဓားဝိညာဉ် ၃၆လက်က သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ပေါ်ထွက်လာပြီးနောက် အရပ်မျက်နှာအနှံ့ ဖုတ်ကောင် စစ်သည်တော်များဆီ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ သူ့ကိုယ်သူ ကာကွယ်ရန် မြေကမ္ဘာမီးကိုသုံးလျက် ရှေ့သို့တိုးသွားလေ၏။
ဖုန်း ဖုန်း ဖုန်း ဖုန်း
ကျန်းရီက လမ်းရှည်ပေါ် လှည့်လည်သွားလာနေပြီး ထိုနေရာ၌ အလောင်းများ ပြည့်နေ၏။ သူ၏ခန္ဓာကိုယ်တစ်ဝိုက် မြေကမ္ဘာမီးများ ဝန်းရံနေလေရာ သူသည် ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါးသဖွယ် တူနေတော့သည်။ ဓားဝိညာဉ် ၃၆လက်သည် အလင်းတန်း ၃၆စင်းအဖြစ် ပြောင်းလဲပြီး သူ့နား၌ ကခုန်နေ၏။ ဖုတ်ကောင် စစ်သည်များက သေခြင်းတရား အရှိန်အဝါကို သယ်ဆောင်ထားလျက် အရပ်မျက်နှာ အနှံ့ကနေ သူ့ဆီရောက်လာသည်။ သို့သော် သူတို့သူ့နား မကပ်ရသေးခင် သူတို့၏ မျက်ခုံးနှစ်ဖက်ကြားက ဝိညာဉ်ဓားဖြင့် ထိုးဖောက်ခံလိုက်ရတော့၏။ ထိုဝိညာဉ်ဓားက ခေါင်းနောက်ကနေ ပြန်ထွက်လာသည်။ ပြီးနောက် ဖုတ်ကောင် စစ်သည်များသည် မြေကြီးပေါ် လဲပြိုသွားပြီး အဆုံးမရှိတော့ပေ။
မြင်ကွင်းက အင်မတန် အံ့သြစရာ ကောင်းနေ၏။ ကျန်းရီ၏ ထူးမခြားနား အမူအရာနှင့် တည်ငြိမ်သော ခြေလှမ်းတို့က ဖုတ်ကောင် စစ်သည်တော်ကြီးကို ရင်ဆိုင်နိုင်စွမ်းရှိကာ အင်မတန် မျက်စိဖမ်းစားနိုင်သည့် မြင်ကွင်းဖြစ်စေသည်။ ထိုဝိညာဉ်ဓား ၃၆လက်သည် နတ်ဒေဝါတို့ စောင့်ကြပ်သည့် နတ်ဘုရားဓားနှင့် တူနေတော့သည်။ အနီရောင် အလင်းတန်း ပေါ်ပေါက်လာသည့် အချိန်၌ ဖုတ်ကောင်စစ်သည်တော်များက တစ်ကောင်ပြီးတစ်ကောင် ချေမှုန်းခံလိုက်ရသည်။
ကျန်းရီသည် ယခုအချိန်၌ အတွင်းအားတောင် သုံးစရာမလိုပေ။ ဝိညာဉ်ဓား ၃၆လက်ကို ထိန်းချုပ်ရသည်က သူ့အတွက် ကစားပွဲ တစ်ခုသဖွယ် လွယ်ကူနေတော့သည်။ သူက ထွက်ပေါက်ကိုရှာရန် အချိန်ရှိသွားပြီဖြစ်သည်။ ဖုတ်ကောင် စစ်သည်တော် ဆယ်သန်းကျော် ဆယ်ဘီလီယံကျော် ရှိနေလျှင်တောင် ကိစ္စမရှိပေ။ သူ၏ဝိညာဉ်ဓား ၁၆လက်က သူတို့ကို မြက်ရိတ်သည့်ပမာ သတ်ဖြတ်နိုင်သေး၏။ သူရှေ့တိုးတာကို မည်သူက တားနိုင်မည်နည်း။
ခြောက်နာရီကြာပြီးနောက် ကျန်းရီသည် လမ်းရှည်၏အဆုံးသို့ ရောက်သွားသည်။ သူ့နောက်တွင် တိုင်းတာမရနိုင်သည့် အလောင်းများ ရှိနေသည်။ ယခုအခေါက်တွင် ကျောက်တုံးများ၊ ရွှံ့များနှင့် မခြားသည့် အမှန်စင်စစ် သေဆုံးသည့် အလောင်းများ ဖြစ်နေသည်။
ကုန်လွန်ခဲ့သည့် ခြောက်နာရီအတွင်း သူဖုတ်ကောင်စစ်သည်များ မည်မျှများများ သတ်ခဲ့မှန်း မသိတော့ပေ။ သူထွက်ပေါက်ကို ရှာမတွေ့သေးတာပဲသိသည်။ သူကလမ်းကို ရှာမတွေ့နိုင်လျှင် ဖုတ်ကောင်စစ်သည်တော်များ အားလုံးကို ဆက်လက် သတ်ဖြတ်နေရမည်ဖြစ်သည်။ ဤဖုန်းတုမြို့က အမှန်တကယ် လူသေမြို့ ဖြစ်လာလိမ့်မည်။
“ကျီ ကျီ ကျီ”
သို့သော် သူက နောက်ထပ်လမ်းရှည်ကို ဆက်လက် သွားတော့မည့်အချိန်တွင် ရက်စက်ကြမ်းကြုတ်သော ရယ်သံက ပေါ်ထွက်လာပြန်၏။ ရင့်ရော်သောအသံကို ကြားလိုက်ရပြီး သူကမြို့ထဲ၌ ပဲ့တင်သံ ထွက်လာပြန်၏။
“ကောင်းပြီလူသား သတ်တာရပ်လိုက်တော့ အရှေ့ဘက် ငါးကီလိုမီတာကိုသွားပြီး ညာဘက်ချိုး။ လမ်းအဆုံးမှာ ထွက်ပေါက်ရှိတယ်။ ဖုန်းတုမြို့ကနေ ထွက်သွားချင်တယ်ဆိုရင် ငါနဲ့လာတိုက်ခိုက်။ မင်းကိုထာဝရအသက် ချီးမြှင့်မှာပေ့ါ”
“တစ္ဆေဘုရင်လား”
ကျန်းရီက သူ၏ဘယ်ဘက်ခြမ်းရှိ ကောင်းကင်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာထက်တွင် မည်သည့် ကြောက်လန့်ရိပ်မှ မပြပေ။ ထိုအစား နှုတ်ခမ်းက ကွေးတက်သွား၏။ ရုတ်တရက် မိစ္ဆာဆန်ဆန် ရယ်မောလိုက်သည်။
“ဆရာကြီး ကျေးဇူးပြုပြီး ဟန်ဆောင်နေတာ ရပ်လိုက်ပါတော့။ ကျုပ်ခန့်မှန်းတာ မှန်မယ်ဆိုရင် ခင်ဗျားက တစ္ဆေဘုရင် မဟုတ်ဘူး။ ခင်ဗျားက ဆန်းကြယ်နတ်ဘုရား နန်းတော်ရဲ့ အစောင့်အရှောက်ပဲ”
***