← Chapters

ငါ့လွတ်လပ်ခွင့်ပြန်ပေး

Vol. 44 Ch. 612

ငါ့လွတ်လပ်ခွင့်ပြန်ပေး

Vol. 44 Ch. 612

ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲ၌ နေရာလွတ် များစွာရှိပြီး အစီအရင်များ၊ သဘာဝလွန် စွမ်းအင်များဖြင့် ခွဲခြားပြီး သန့်စင်ထားတာဖြစ်သည်။ ယင်းက စုန်းနတ်ဘုရား၏ စကြ၀ဠာ နန်းတော်အတွက် တူညီပေ၏။ ဆန်းကြယ်နတ်ဘုရား နန်းတော်က စကြ၀ဠာ နန်းတော်ထက် ပိုသာလွန်နေတာပဲဖြစ်သည်။

ဆန်းကြယ်နတ်ဘုရား နန်းတော်၏ အောက်ခြေထဲတွင် အလွန်ထူးခြားသော နေရာလွတ် တစ်ခုရှိသည်။ ထိုနေရာလွတ်က သိပ်မကြီးဘဲ ကျန်သည့်နေရာများထက် ပိုသေးသည်။ နေရာလွတ်၏ အလယ်တွင် သက်ငယ်အိမ်လေး ရှိနေ၏။ သက်ငယ်အိမ်၏ အပြင်ဘက်တွင် ရေအိုင်ကြီးတစ်အိုင် ရှိသည်။ ထိုမှတစ်ပါး ကျန်သည့်အရာ မရှိပေ။

ထိုနေရာလွတ်ထဲတွင် အင်မတန် အေးစက်သည့် သက်ငယ်အိမ်တောင် အေးခဲနေလေသည်။ ရေခဲတစ်လွှာက မြေပြင်ပေါ် လွှမ်းနေတော့၏။ ခပ်ဝေးဝေးရှိ ဧရာမရေအိုင်က ထူထည်းသော ရေခဲလွှာ လွှမ်းခြုံခံထားရသည်။ အပူချိန်က အလွန်နိမ့်လေရာ သာမာန် လူတစ်ဦး မဆိုထားနှင့် သာမာန်ပျမ်းပျ သိုင်းပညာရှင်တစ်ဦးတောင် အေးခဲပြီး သေသွားလောက်သည်။

ဖုန်း ဖုန်း

ထိုစဉ် ရေအိုင်ပေါ်ရှိ ရေခဲလွှာများအားလုံး တစ်စစီဖြစ်သွားပြီး ကောင်းကင်ဆီ လွင့်ပြန်သွား၏။ မရေမတွက်နိုင်သော လှိုင်းများက ရေခဲရေထဲမှ ဘွားကနဲ ပေါ်ထွက်လာတော့သည်။ ဧရာမခေါင်းကြီးက ဖြည်းဖြည်းချင်း ထွက်ပြုလာ၏။

ထိုခေါင်းက ဆင်တစ်ကောင်၏ ခေါင်းပမာ ကြီးလှပေသည်။ နက်မှောင်ပြီး လိပ်၏ဦးခေါင်းနှင့် ဆင်တူသည်။ ခေါင်းလောင်း အရွယ်အစားခန့်ရှိ မျက်လုံးများက လင်းထိန်နေပြီး လူအိုကြီးတစ်ဦး၏ အကြည့်မျိုးရှိသည်။ သူ၏ဧရာမ ကိုယ်ထည်က အစိတ်အပိုင်း အနည်းငယ်သာ ဖော်ပြသည်။ ယင်းက အမှန်တကယ်ပင် အလွန်ကြီးမားသော လိပ်ကြီးတစ်ကောင်ဖြစ်သည်။ လိပ်ကြီးက သက်ငယ်အိမ်ဆီသို့ ဖြည်းဖြည်းချင်း ရွေ့နေ၏။ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်း၌ ရေခဲများ အလိုလိုကွဲသွားပြီး လှိုင်းများတက်လာကာ မြေပြင်ကို ထိမှန်ပြီးနောက် ရေအိုင်က ဖြည်းဖြည်းချင်း ပြန်ခဲသွားတော့သည်။

ခဏအကြာတွင် လိပ်သည် ကမ်းစပ်ဆီသို့ ကူးခတ်သွားလိုက်တော့သည်။ ၎င်း၏ဧရာမကိုယ် အားလုံးနီးပါးက လေထဲတွင် ပေါ်နေသည်။ တစ်စုံတစ်ယောက်သာ ယင်းကိုမြင်ပါက အံ့သြဆွံ့အမိလောက်၏။

ထိုလိပ်ကြီးက အလွန်ကြီးမားနေလေရာ သာမာန် နတ်ဆိုးဘုရင် တစ်ကောင်သည် မီတာ၃၀ခန့်သာ ရှည်လျားပြီး နတ်ဆိုးဧကရာဇ်က ပိုကြီးကာ အနည်းဆုံး မီတာ၇၀ ရှည်လျားပြီး အစွမ်းထက်သော နတ်ဆိုးဧကရာဇ် တစ်ကောင်၏အရှည်က မီတာ၁၆၀တောင် ရောက်သည်။ သို့သော် ထိုလိပ်ကြီးက အရှည်အားဖြင့် မီတာ၃၀၀ရှိသည်။

ဧရာမ မီတာ၃၀၀ခန့်ရှိသည့် လိပ်ကြီးသည် ရွှေ့လျားနေသော နန်းတော်တစ်ခုပမာ တောင်တစ်တောင်ပမာ ဖြစ်နေတော့သည်။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင် တစ်ဦးကတောင် ထိုလိပ်သာ သူ့ကို တက်နင်းလိုက်ပါက အမှုန့်ချေခံရလောက်၏။ ယင်းက အဓိကအချက် မဟုတ်ပေ။

အဓိကအချက်သည် အခွံ့ပေါ်ရှိ ထောင့်လေးထောင့်၌ အေးခဲသံမဏိဖြင့် ပြုလုပ်ထားသော ဧရာမချိန်းကြိုးကြီး ရှိနေတာပဲဖြစ်သည်။ ချိန်းကြိုးတစ်ပိုင်းကိုသာ မြင်နေရပြီး ကျန်ရှိသည့် အပိုင်းက နက်ရှိုင်းသော လေဆီသို့ ဆန့်တန်းသွားသည်။ ထို့အပြင် လိပ်အိုကြီးက အေးခဲသံမဏိ ချိန်းကြိုးများဖြင့် ခြေလက်လေးဘက်လုံး ချည်နှောင်ခံထားရသည်။ ချိန်းကြိုးများက ကျောချမ်းလောက်အောင် လင်းနေလေပြီး လိပ်အိုကြီးက ကူးခတ်နေလေရာ ကြိုးများ လှုပ်ခါနေစေပြီး ရေအိုင်ကိုပိုတောင် မွှေနှောက်သွားစေသည်။

လိပ်အိုကြီးက ပိန်းပိတ်အောင် နက်မှောင်၏။ ၎င်း၏အခွံ့ပေါ်၌ ရှုပ်ထွေးသော ပုံစံအချို့ရှိသည်။ ၎င်းသည် ကမ်းစပ်ဆီသို့ ကူးခတ်သွားပြီးနောက် ဧရာမ ခြေထောက်ကြီးတစ်ဖက်က ရေခဲလွှာကို နင်းလိုက်သည်။ သူ့ကိုချည်နှောင်ထားသော သံမဏိချိန်းကြိုးကလည်း လှုပ်ရှားလာပြီး ခွမ်းကနဲ အသံတစ်သံ ဖန်တီးလိုက်တော့သည်။

ဘန်း

ထုံပေပေ အသံတစ်သံ ပေါ်ထွက်လာ၏။ ချက်ချင်းပင် ရေခဲက ရေအိုင်ပေါ်၌ အက်ကြောင်းများ ထင်လာပြီး ခပ်ဝေးဝေးထိ ဆန့်တန်းသွားတော့သည်။

လိပ်အိုကြီးက တဲဆီသို့ ပြန်သွားလိုက်သည်။ မကြည်လင်သော မျက်ဝန်းများက မြန်မြန်ဆန်ဆန် ကြည်လင်လာပြီး အင်မတန် အေးခဲသွားတော့သည်။ သူ၏မျက်လုံးများက နေရာလွတ်ထဲရှိ အပူချိန်ထက်တောင် ပိုအေးစက်ပုံရသည်။ တစ်ချက်ကြည့်ရုံဖြင့် တစ်ကိုယ်လုံး ခဲသွားနိုင်၏။

“ကျီ ကျီ ကျီ”

သူ၏ပါးစပ်ကြီးကို ရုတ်တရက်ဟလျက် ရယ်မောလိုက်တော့သည်။ ရယ်မောသံက ရင့်ရော်ပြီး ဘဝ၏ အတွေ့အကြုံများဖြင့် ပြည့်နေလေသည်။ သို့သော် အသံက ပျော်ရွှင်ပုံပေါ်နေပြီး စူးရှ၏။ သူ၏ခန္ဓာကိုယ်ကြီးက ရယ်သံနှင့်အတူ လှုပ်ခါနေလေသည်။ သံမဏိချိန်းကြိုး ရှစ်ကြိုးက အချင်းချင်း ရိုက်မိကြ၏။ ရေအိုင်က ကွဲထွက်သွားကာ လှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း ပေါ်ထွက်လာတော့သည်။

ကျန်းရီသာ ဤနေရာတွင် ရှိနေခဲ့လျှင် သူ၏စိတ်ဝိညာဉ်က တုန်လှုပ်သွားလောက်သည်။ ရယ်သံက ဖုန်းတုမြို့ထဲရှိ တစ္ဆေဘုရင်နှင့် တစ်ထပ်တည်း တူနေတော့သည်။

“နှစ်ပေါင်း ၇ သိန်းကျော်”

လိပ်အိုကြီးက ၎င်း၏ဧရာမခေါင်းကို မော့လိုက်တော့၏။ သူ၏မျက်လုံးထဲတွင် အမျက်ဒေါသ အရိပ်အယောင် ပေါ်နေပြီး အက်ရှရှ အော်လိုက်၏။

“အနှစ်၇သိန်း ကျော်သွားပြီ။ ဒီသောက်နေရာမှာ ပိတ်မိနေတာ အနှစ်၇သိန်း ကျော်သွားပြီ။ နောက်ဆုံးတော့ အလင်းရောင်ကို မြင်ပြီး ထွက်ခွင့်ရတော့မယ်။ ကျီ ကျီ ကျီ။ ငါ့ရဲ့အနှစ် တစ်သန်း သက်တမ်းအတွင်းမှာ ကောင်းကင်ကြယ်တာရာ နယ်နိမိတ်ဆီ ဘယ်တော့မှ ပြန်ခွင့်မရဘူးလို့ ထင်ထားတာ။ ဒါပေမဲ့ အခု နောက်ဆုံးတော့ ငါလွတ်မြောက်နိုင်တော့မှာလား။ ဆန်းကြယ်ဧကရာဇ် မင်းကိုယ်မင်း ကောင်းကင်ရဲ့ ပါရမီရှင် ပြိုင်ဘက်ကင်း ဉာဏ်ရည်ရှိတယ်ဆိုပြီး ဂုဏ်ဝံ့နေတာ။ မင်းရဲ့လှည့်ကွက်လေးကို မြင်နိုင်တယ် မဟုတ်ဘူးလား။ ကျီ ကျီ ကျီ။ ကတိပေးထားတဲ့အတိုင်းပဲ ပရိယာယ်က ထုတ်ဖော်ခံလိုက်ရပြီ။ ငါ့ရဲ့အထောက်အထား ထုတ်ဖော်ခံလိုက်ရမယ်ဆိုရင် မင်းငါ့ရဲ့ လွတ်လပ်ခွင့်ကို ပြန်ပေးရမယ်။ မဟုတ်ရင် မင်းရဲ့ ဆန်းကြယ်နတ်ဘုရား နန်းတော်ကို မီးမြှိုက်ပစ်မယ်။ ငါ့ရဲ့လွတ်လပ်ခွင့် ပြန်ပေး။ ငါ့ရဲ့လွတ်လပ်ခွင့် ပြန်ပေး”

လိပ်ကြီးက ဟိန်းဟောက်လိုက်လေရာ မြေပြင်ပေါ်ရှိ ရေခဲများက အက်သွားပြီး နေရာလွတ်အတွင်း ပြင်းထန်ကြမ်းတမ်းများ နှောင့်ယှက်ခံလိုက်ရ၏။ အင်မတန် ကြောက်မက်ဖွယ် ကောင်းနေတော့သည်။ လိပ်အိုကြီးက ၎င်း၏ခြေကျင်းများကို ဆန့်ထုတ်လိုက်လေရာ အနက်ရောင် သံမဏိ ချိန်းကြိုးနှစ်ကြိုးကို လှုပ်ခါသွားစေပြီး ကြောက်မက်ဖွယ်ကောင်းသော ဆူညံသံများဖြစ်ပေါ်လာစေ၏။ ဧရာမလိပ်ကြီး၏ ဝှေ့ယမ်းမှုက ရေအိုင်တစ်ခုလုံးကို ကသောင်းကနင်း ဖြစ်သွားစေသည်။ လှိုင်းများက မိုးထိအောင် တက်သွားလျက် စိတ်ဓာတ်ကျဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။

ပိုကြောက်မက်ဖွယ်ကောင်းသည့်အရာက လိပ်အိုကြီး၏ အရှိန်အဝါပဲဖြစ်သည်။ ကောင်းကင်ကြီးက တိမ်စိုင်တိမ်မည်းများဖြင့် အုပ်မိုးနေပြီး တောင်တန်းများ ပြိုလဲတော့မည့်မယောင် ပင်လယ်ရေ နောက်ပြန်စီးဆင်းနေသည့်ပမာ ခံစားနေရပြီး အင်မတန် ကျောစိမ့်ဖွယ် ကောင်းနေသည်။ ကျန်းရီသာ ဤနေရာတွင် ရှိနေလျှင် ထိုလိပ်အိုကြီး၏ အရှိန်အဝါကြောင့် မွန်းကြပ်ပြီး သေမှာသေချာသည်။

လိပ်အိုကြီးက တဲအိမ်လေးထဲ၌ ဒေါသတကြီး အော်ဟစ်နေသေးဆဲဖြစ်သည်။ ထူးထူးဆန်းဆန်းပင် ၎င်း၏အော်သံက မြေပြင်ပေါ်ရှိ ရေခဲများကို ပေါက်ကွဲစေသော်ငြား တဲအိမ်ကိုမူ မထိခိုက်စေပေ။ ခေါင်မိုးပေါ်ရှိ ရေခဲကိုတောင် မထိချေ။

ဘီး

သို့သော် ထိုစဉ် တဲအိမ်လေးက လင်းထိန်လာ၏။ လိပ်အိုကြီးထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါ ပေါ်လာတော့သည်။ လေဟာနယ်က ချက်ချင်း ရပ်တန့်သွားပြီး တလိပ်လိပ်တက်နေသော ရေအိုင်တို့က ငြိမ်းချမ်းသည့် အခြေအနေသို့ ပြန်ရောက်သွားသည်။ မြင့်မားသော ခေါင်းကလည်း ချက်ချင်း ဖိချေခံလိုက်ရသည်။ ခေါင်းလောင်း အရွယ်အစားခန့်ရှိ မျက်လုံး၌ အကြောက်တရားများ မုန်းတီးမှုများ ပြည့်နေလေသည်။ ထိုကဲ့သို့သော အရာမျိုးက နှလုံးသားထဲထိ ထွင်းထုခံထားရပြီးသားဖြစ်သည်။

ဘီး

တဲအိမ်ရှိ နေရာက အနည်းငယ် လှုပ်ခါသွားပြီး ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း ပေါ်လာသည်။ ပုံရိပ်က အလွန်ကြည်လင်သော်ငြား ဂရုတစိုက်ကြည့်လျှင် ဝေဝါးဝါး ဖြစ်နေတာကို တွေ့ရပေမည်။ အမျိုးသားတစ်ဦးဆိုတာ သိသာသော်ငြား သူ၏မျက်နှာသွင်ပြင် အတိအကျကို မမြင်နိုင်ပေ။

ထိုလူက အနက်ရောင် ဝတ်ရုံကို ဝတ်ထား၏။ သူ၏ကျောက ထန်းပင်ကဲ့သို့ မတ်နေလေသည်။ သွင်ပြင်က ပြိုင်ဘက်ကင်း ဓားတစ်စင်းနှင့် တူနေ၏။ သူ၏အေးတိအေးစက် သတ်ဖြတ်ခြင်း အရှိန်အဝါတို့က လိပ်အိုကြီးကို ခေါင်းပုသွားစေတော့၏။ သို့သော် မျက်ဝန်းများကမူ မကျေမချမ်း ဖြစ်သည်ထက် အကြောက်တရားတို့ ပိုနေလေသည်။

“အောင်းလူ”

အမျိုးသားထံမှ အလွန်သိမ်မွေ့သော အသံတစ်သံ ပေါ်ထွက်လာသည်။ နက်ရှိုင်းသည့် အသံဖြစ်ပြီး အမျိုးသားတစ်ဦး၏ သြဇာတိတ္ကမဖြင့် ပြည့်စုံသည်။ အပေါ်စီးဆန်ပြီး ပြစ်ဒဏ်ချမှတ်နိုင်သည့် လေသံမျိုး ပိုင်ဆိုင်ထားလေရာ လူအများကသူ့ကို မဖီဆန်နိုင် ဖြစ်စေ၏။

ထျန်း

အသံကို ကြားရသည့်အချိန်တွင် လိပ်အိုကြီးက တုန်ယင်သွားတော့သည်။ ကြောက်လန့်လွန်းသောကြောင့် အနောက်သို့ မီတာအနည်းငယ် ဆုတ်မိသွားတော့၏။ မျက်လုံးထဲရှိ မနှစ်မြို့မှုများ ပျောက်ကွယ်သွားပြီး အကြောက်တရားများ ပေါ်လာပြီး ယင်းက သူ၏စိတ်ဝိညာဉ် အနက်ရှိုင်းဆုံး အပေါ်ထဲမှ ပေါ်ထွက်လာသော အကြောက်တရားပင် ဖြစ်သည်။

“အရင်ဆုံး မင်းကို ဂုဏ်ပြုချင်တယ်။ ငါ့ရဲ့ကျန်ရစ်တဲ့ဝိညာဉ် ပေါ်ပေါက်လာရတာက မင်းလွတ်လပ်ခွင့်ကို ထိန်းသိမ်းထားနိုင်ပြီ ဆိုတာပဲ။ နှစ်တွေဘယ်လောက် ကုန်သွားပြီဆိုတာ မသိဘူး။ ဒါပေမဲ့ အဲဒီတုန်းက ငါတို့အပေးအယူ လုပ်ခဲ့တယ်ဆိုတော့ ငါ့ရဲ့ကတိကိုတည်ပြီး မင်းရဲ့လွတ်လပ်ခွင့်ကို ပြန်ပေးမယ်။ ဒါပေမဲ့ ဒါမတိုင်ခင် မင်းကိုတစ်ခု ပြောစရာရှိသေးတယ်။ မင်းရဲ့ကတိကို မတည်နိုင်ရင် မင်းသေမယ်ဆိုတာ ငါပြောရဲတယ်။ မင်းငါ့ရဲ့စွမ်းရည်ကို ကောင်းကောင်း သိထားသင့်တယ်”

“ပထမအချက် မင်းရဲ့အဆုံးမဲ့ နက်ရှိုင်းခြင်း ပင်လယ်ဆီကိုပြန်၊ လူသားမျိုးနွယ်စုဆီကို ခြေချရဲရင် မင်းသေမှာပဲ။ လူတစ်ယောက်ကို သတ်ရဲရင် သေရမယ်။ ဒုတိယအချက် ဆန်းကြယ်နတ်ဘုရား နန်းတော်ကို ဆန်းကြယ်နတ်ဘုရား တောင်ထွတ်ပေါ်မှာ ထားခဲ့။ ကံရှိတဲ့လူတွေ ရပါစေ။ ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲက ရတနာကို မင်းထိရဲရင် မင်းသေရမယ်။ တတိယအချက်က မင်းဆက်ကျင့်ကြံနေ။ ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲမှာ မင်းကိုချုပ်နှောင်ထားတာက နန်းတော်ကို ကာကွယ်ဖို့အတွက်ပဲ မဟုတ်ဘူး။ ဒါက လူ့အခွင့်အရေးနဲ့ အခွင့်အလမ်း တစ်ခုလည်းဟုတ်တယ်။ နောက်ဆုံးသော့ချက်ကို ရအောင်ယူနိုင်ပြီး အရန်အတားကို ဖြိုခွင်းနိုင်ရင် ငါ့ကိုလက်စားချေဖို့ လိုက်ရှာ”

ဝှစ်

နောက်ဆုံးစကား ပြောပြီးသည်နှင့် ပုံရိပ်က မှိန်ဖျော့သွားသည်။ သို့သော် ပုံရိပ်ရှိနေသည့် လေဟာနယ်က အက်ကွဲသွားတော့၏။ တောက်ပသော အလင်းတန်း ပေါ်ထွက်လာပြီး ယင်းက ဓားသွားအလင်း ဖြစ်နေသည်။

ဓားသွားအလင်းက ကမ္ဘာလောကကို ဖျက်ဆီးနိုင်သော အရှိန်အဝါဖြင့် ရှေ့သို့ရောက်လာသည်။ ရိုက်ချက်က လိပ်အိုကြီး၏ ဧရာမ ခန္ဓာကိုယ်ကို နောက်သို့ လွင့်ထွက်သွားစေပြီး ချိန်းကြိုးရှစ်ကြိုးကို အမှုန့်ဖြစ်သွားစေတော့သည်။

***

All Chapters