← Chapters

အစွမ်းထက် သားရဲအဖွဲ့

Vol. 17 Ch. 231

အစွမ်းထက် သားရဲအဖွဲ့

Vol. 17 Ch. 231

မြေပြင်တွင် ပြုတ်ကျနေသည့် ချန်ထျန်းမင်၏ ဦးခေါင်းအား မြင်လိုက်သည့်အခါ မဟာအကြီးအကဲ ချန်ယန်၏ အမူအရာသည် ပိုမိုကာ ကြောက်မက်ဖွယ်ကောင်းလာသည်။ အန်လင်းအား ရက်စက်စွာဖြင့် ကြည့်လိုက်ပြီး အသက်ရှင်လျက်နှင့် အရေခွံဆုတ်ပစ်ချင်လာသည်။

"အရမ်းကောင်းတယ်။ မင်းက ဒီနေရာကို ရောက်လာရဲပြီး မင်းရဲ့အသက်ကိုတောင် နှမျောခြင်းမရှိဘဲ ပြဿနာရှာရဲတယ်ဆိုတော့ မင်းရဲ့ သေချင်နေတဲ့ ဆန္ဒလေးကို သေချာပေါက် ဖြည့်ဆည်းပေးရမှာပေါ့။"

ချန်ယန်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ရှိ အဖြူရောင် လျှပ်စီးကြောင်းများသည် ပိုမိုကျယ်ပြန့်လာကာ လျှပ်စီးလေဝဲတစ်ခု ဖြစ်ပေါ်လာသည်။

ယင်းမှာ အခြေတည်အုပ်ချုပ်သူအဆင့် ဖြစ်လေသည်။ မဟာအကြီးအကဲသည် ဝိညာဉ်ဖွဲ့စည်းခြင်းတစ်ပိုင်း အဆင့်ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်လေသည်။

အန်လင်းသည် သူ၏အရှေ့ရှိ နယ်ပယ်အား တည်ကြည်စွာဖြင့် ကြည့်လိုက်ပြီးနောက် ခေါင်းယမ်းလိုက်သည်။ "ခင်ဗျားရဲ့ နယ်ပယ်က စီနီယာဝမ်ရဲ့ နယ်ပယ်နဲ့ ယှဉ်ကြည့်ရင် အမှိုက်သာသာပဲ။"

"မင်းဘယ်လောက်အထိ ဟောင်နေဦးမလဲ ကြည့်ရသေးတာပေါ့။" ချန်ယန်၏ ဆံပင်နှင့် မုတ်ဆိတ်တို့သည် လျှပ်စီးကြောင်းများကြောင့် ထောင်တက်လာပြီး လေးမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းသဖွယ် အန်လင်းထံ ပြေးဝင်သွားသည်။ သူ၏ နယ်ပယ်မှ လျှပ်စီးကြောင်းများ ထုတ်ဖော်ထားသည်ကြောင့် အကြီးအကဲများ နောက်ဆုတ်သွားရသည်။

"ခင်ဗျားရဲ့ ပြိုင်ဘက်က ကျုပ်မဟုတ်ဘူး။ ရှောင်ချိုး"

အန်လင်း၏ ခေါ်သံကြောင့် ကောင်းကင်မှ မျောက်လေးတစ်ကောင် ဆင်းသက်လာသည်။

ရွှေရောင်အလင်းတစ်ခု လက်လာပြီးနောက်တွင် ထိုမျောက်သည် မဟူရာဖန်သံချပ်ကာအား ဝတ်ဆင်ထားသည့် မျောက်ဘုရင်အဖြစ်သို့ ပြောင်းလဲသွားကာ ချန်ယန်အား ကြောက်မက်ဖွယ်ရာ စွမ်းအားများပါဝင်နေသော ငွေတုတ်ဖြင့် လွှဲရိုက်လိုက်လေလည်။

ငွေတုတ်နှင့် ရင်ဆိုင်ရသည့်အခါတွင် ချန်ယန်သည် လျှပ်စီးများ စီးဆင်းနေသည့် လက်သီးအစုံဖြင့် ခုခံရန် ရွေးချယ်လိုက်သည်။

ဝုန်း

ယင်းတို့ ဝင်တိုက်မှုကြောင့် ခန်းမအတွင်းရှိ မြေပြင်များ အက်ကွဲသွားရသည်။

ချန်ယန်မှာ အမြောက်ဆန်ကဲ့သို့ လွင့်ထွက်သွားပြီး ပါးစပ်မှ သွေးများစီးကျလာသည်။

ရှောင်ချိုးသည် ချန်ယန်အရှေ့တွင် ရပ်တံ့လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ကမ္ဘာတစ်ခုလုံးအား လောင်မြိုက်နိုင်စွမ်းရှိသည့် မဟူရာမီးတောက်များ ဝိုင်းရံနေလေသည်။ ရွှေရောင်မျက်လုံးများမှာလည်း မည်သည့်အလင်းရောင်ကိုမဆို ယှဉ်ပြိုင်နိုင်စွမ်း အပြည့်ဖြင့် တောက်ပနေသည်။ ဤအခိုက်အတံ့တွင် ရှောင်ချိုးမှာ စစ်မှန်သည့် သံချပ်ကာဝတ် နတ်ဘုရားတစ်ပါးနှင့်ပင် တူလှသည်။

"အဲဒါ ဆရာကြီး အန်လင်းရဲ့ ပခုံးပေါ်က မျောက်ကလေးလား။" လျှိုစုစုမှ မယုံကြည်နိုင်မှုများဖြင့် အံ့အားသင့်နေမိသည်။

အန်လင်း၏ ဘေးတွင်ရှိသည့် ချစ်စဖွယ်ခွေးကလေးမှာ အကြီးအကဲ ၂ ဦးအား လက်ဖဝါးတစ်ချက်တည်းနှင့် အနိုင်ယူနိုင်စွမ်း ရှိသည်ဟူသော အချက်တစ်ခုတည်းနှင့်ပင် လက်ခံဖို့ရာ အတော်လေး ခက်ခဲနေပြီး ဖြစ်သည်။ သို့သော်လည်း အန်လင်း၏ ပခုံးပေါ်ရှိ မျောက်ကလေးမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေဟန်ရှိသည်။ တိုက်ခိုက်မှု တစ်ခုတည်းနှင့်ပင် ကောင်းကင်တိမ်တိုက်နန်းတော်၏ မဟာအကြီးအကဲကိုပင် ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိစေနိုင်ခဲ့သည်။ မဟာအကြီးအကဲသည် နတ်ဘုရားဘုံအစပ်သို့ပင် ရောက်ရှိခဲ့ဖူးသူ ဖြစ်သည်။

လျှိုဟူသည်လည်း ကျင့်ကြံခြင်းအခြေခံ အနည်းငယ် ရှိလေသည်။ ထို့ကြောင့် ချန်ယန်၏ အခြေတည်အုပ်ချုပ်သူနယ်ပယ်၏ စွမ်းအားမှာ မည်မျှအထိ ကြောက်မက်ဖွယ်ရာဖြစ်ကြောင်း စဉ်းစားနိုင်စွမ်းရှိသည်။ သူ့အနေဖြင့် ထိုကဲ့သို့သော နတ်ဘုရားစွမ်းအင်အတွင်းသို့ ရောက်ရှိသွားမည်ဆိုလျှင် လုံးဝပျောက်ကွယ်သွားမည် ဖြစ်သည်။ ထို့ကြောင့် ရှောင်ချိုးသည် ချင်ယန်အား တစ်ချက်တည်းနှင့် လွင့်စင်သွားအောင် ပြုလုပ်နိုင်သည်ကို မြင်တွေ့ရသည့်အခါ လျှိုဟူမှာ တုန်လှုပ်ချောက်ချားသွားမိသည်။

တိုက်ပွဲမှာ ပြင်းထန်နေဆဲ ဖြစ်သည်။ သို့သော်လည်း ရှောင်ချိုးသည် သံတုတ်အား လွှဲရိုက်ကာဖြင့် ချန်ယန်အား လိုက်ဖမ်းနေလေသည်။ သူတို့၏ တိုက်ပွဲကြောင့် ကောင်းကင်တိမ်တိုက်နန်းတော်၏ အစိတ်အပိုင်း တော်တော်များများ ပြိုလဲသွားပြီ ဖြစ်သည်။

အန်လင်းသည် အကြီးအကဲ ၈ ဦးအား ညစ်ထပ်ထပ် ပြုံးပြလိုက်သည်။

"ခင်ဗျားတို့ရဲ့ မဟာအကြီးအကဲက ခင်ဗျားတို့ကို မကယ်နိုင်တော့ဘူး ထင်တယ်။ ခင်ဗျားတို့ရဲ့ အပြစ်တွေကို စီရင်ဖို့ အချိန်ကျပြီ။"

အန်လင်း၏ စကားလုံးများသည် အေးစက်သည့် လေပြင်းများကဲ့သို့ သူတို့နှလုံးသားထံ စိမ့်ဝင်လာပြီး တဆတ်ဆတ် တုန်ယင်လာစေသည်။

အန်လင်းပြောခဲ့သည့် "နတ်ဘုရားအလုပ် လုပ်ဆောင်မည်" ဟူသော စကားမှာ နောက်ပြောင်ခဲ့ခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။ သူပြောခဲ့သည့်အတိုင်း အတိအကျကို လုပ်ဆောင်နေခြင်း ဖြစ်သည်။

အကြီးအကဲ ၈ ဦး စလုံးမှာ တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ပြေးဖို့ရန်သာ ရွေးချယ်လိုက်ကြသည်။

"ရှောင်းဟုန်ရေ စင်ပေါ်တက်ရမယ့်အချိန်ပဲဟေ့။" အန်လင်းသည် သူ၏အိတ်ကပ်အား လက်ဖြင့်ပုတ်လိုက်သည်။

အန်လင်း၏ အိတ်ကပ်မှ အလင်းတန်းထွက်ပေါ်လာပြီးနောက် နီရဲရဲဝတ်စုံနှင့် အလွန်တရာ နူးညံ့လှပသော အမျိုးသမီးတစ်ဦးသည် ရုတ်တရက်ဆိုသလို လေထဲ၌ ပေါ်လာသည်။

သူမ၏ ညှို့ငင်နိုင်စွမ်းအပြည့်နှင့် ရှင်းသန့်နေသည့် မျက်လုံးများသည် ပတ်ဝန်းကျင်အား လေ့လာလိုက်ပြီးနောက် သူမ၏ လက်နှစ်ဖက်အား ပေါင်းစပ်လိုက်သည့်အခါ အကြီးအကဲများ၏ ပတ်လည်ရှိ လေဟာနယ် တုန်ယင်သွားလေသည်။

"ပေါင်းစပ်ပုံရိပ် _ ဆန်တိုရီယာကြေးမုံ။"

(Centaurea Mirror လို့ သုံးထားတာပါ။ ဆန်တိုရီယာက ပွင့်ဖက်အများကြီးနဲ့ အပြာရောင်ပန်းပါ။ များသောအားဖြင့် cornflower လို့ ခေါ်တတ်ကြပါတယ်။ အလေ့ကျပေါက်ပင်တစ်မျိုးပါပဲ။ သင့်တော်တဲ့စာလုံးမရှိလို့ ဆန်တိုရီယာလို့ပဲ သုံးလိုက်တာပါ။)

သူမ၏ ကြည်လင်ပြတ်သားပြီး ညှို့ငင်အားပြင်းထန်သည့်အသံ ထွက်ပေါ်လာပြီးနောက်တွင် ကြေးမုံထောင်ချီသည် ပန်းများပွင့်လန်းလာသကဲ့သို့ ပေါ်ထွက်လာသည်။ ရုတ်တရက်ဆိုသလိုပင် သူတို့၏ပတ်လည်ရှိ လေဟာနယ်တွင် ကြီးမားသည့် ကုဗတုံးတစ်ခု ဖြစ်ပေါ်လာပြီးနောက် အကြီးအကဲ ၈ ဦးစလုံးအား ဖမ်းချုပ်ထားလိုက်လေသည်။

အကြီးအကဲများ အားလုံးသည် သူတို့၏ အစွမ်းအထက်ဆုံးသော တိုက်ကွက်များအား အသုံးပြုကာဖြင့် ဆန်တိုရီယာကြေးမုံအား တိုက်ခိုက်ကြသည်။ အင်မော်တယ်မန္တန်များဖြင့် တိုက်ခိုက်သော်လည်း ကြေးမုံ၏ အလင်းပြန်သတ္တိကြောင့် အက်ကွဲမည့်ဟန်မရှိချေ။

"ရှင်းလိုက်တော့ ရှောင်းဟုန်"

ထို့သို့ပြောပြီးနောက် အန်လင်းသည် လျှိုဟူနှင့် လျှိုစုစုတို့ထံ လျှောက်လှမ်းသွားလိုက်သည်။

ရှောင်းဟုန်သည် နာခံစွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ ကြွေသားသဖွယ် လက်ချောင်းလေးများအား ဝှေ့ယမ်းလိုက်ပြီးနောက်တွင် အန်လင်းတို့အား ကာရံထားသည့် ကြေးမုံတစ်ချပ် ပေါ်လာသည်။

မရှေးမနှောင်းမှာပင် သူမ၏ လက်နှစ်ဖက်အား ဆန့်တင်းလိုက်ပြီးနောက် နှစ်လိုဖွယ်ရာအသံဖြင့် အော်ဟစ်လိုက်သည်။ "နေမင်းကြီး၏ နာမတော်အားဖြင့် သင်တို့ကို ကျွန်ုပ် သုတ်သင်မည်။"

ရုတ်တရက်ဆိုသလို သူမ၏ ခန္ဓာကိုယ်မှ အလင်းတန်းအများအပြား ထွက်ပေါ်လာသည်။

ရွှေရောင်အလင်းတန်းများသည် လှိုင်းလုံးများအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် သန့်စင်ယန် စွမ်းအားသည် အကြီးအား ၈ ဦးစလုံးအား ဖိနှိပ်ခြေမှုန်းပစ်လိုက်လေသည်။

အဆုံးမရှိသည့် ‌ရွှေရောင်အလင်းတန်းများဖြင့် အဘက်ဘက်သို့ ပစ်လွှတ်လိုက်ပြီးနောက် ကြေးမုံများတွင် အကြိမ်ပေါင်းများစွာ ရောင်ပြန်ဟပ်လာပြီး အဖျက်အဆီးအားစက်ကွင်းတစ်ခု ဖန်တီးလိုက်သည်။ လေဟာနယ်တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် အကန့်အသက်မဲ့သည့် အလင်းတန်းများနှင့် အပူငွေ့များ လွှမ်းခြုံသွားလေသည်။

ဆန်တိုရီယာကြေးမုံသည် ဖြည်းညင်းစွာဖြင့် ပြန်လည်ဆုတ်ခွာလိုက်ပြီးနောက် ကောင်းကင်တိမ်တိုက်နန်းတော်၏ အလယ်ဗဟိုတွင် နေအသေးစားသဖွယ် ဖြစ်တည်လာသည်။ အကြီးအကဲ ၈ ဦးမှာမူ ကြာမြင့်သည့် အချိန်များကပင် ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားကြပြီး ဖြစ်သည်။

ရှောင်းဟုန်သည် အန်လင်း၏ပေါင်ပေါ်သို့ ပြုတ်ကျလာသည်။

အန်လင်းသည် သူမ၏ နူးညံ့အိထွေးကာ ဆွဲဆောင်မှုရှိလှသည့် ခန္ဓာကိုယ်လေးအား ညင်သာစွာ ထွေးပွေ့ထားလိုက်သည်။ အသက်ဖြည်းဖြည်း ရှူရှိုက်လိုက်သည့်အခါတွင် နှာခေါင်းအတွင်းသို့ မွှေးပျံ့သည့်ရနံ့လေး စီးဝင်လာသည်။ သို့သော်လည်း ဤဖန်ဆားဗစ် (fan service) အတွင်း နစ်မျောသွားချိန်ပင် မရလိုက်ဘဲ ရှောင်းဟုန်သည် ပန်းပွင့်ပုံစံသို့ ပြန်လည်ပြောင်းသွားပြီး ဖြစ်သည်။ မောပန်းနွမ်းနယ်မှုကြောင့် သူမ၏ နီရဲရဲ ဦးခေါင်းလေးမှာ ညှိုးနွမ်းလျက်ရှိသည်။

ရှောင်းဟုန်သည် ယခုအခါတွင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သည်ကြောင့် ဤနည်းစနစ်အား အသုံးပြုပြီးနောက်တွင် သတိလစ်မေ့မျောသွားခြင်း မရှိတော့ချေ။ သို့သော်လည်း မောပန်းနွမ်းနယ်မှုကိုမူ ခံစားနေရဆဲ ဖြစ်သည်။

အန်လင်းသည် သူ၏လက်ထဲရှိ ပန်းပွင့်နီနီကလေးအား ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်မိသည်။ ထို့နောက်တွင် သူမအား သူ၏အိတ်ကပ်အတွင်းသို့ ပြန်ထည့်လိုက်သည်။

ထို့နောက်တွင် သူ၏ အုတ်ခဲပေါ်သို့ ခုန်တက်လိုက်ပြီး ကောင်းကင်တိမ်တိုက်နန်းတော်နှင့် ဝေးရာသို့ ပျံသန်းသွားလိုက်သည်။ လျှိုဟူနှင့် လျှိုစုစုတို့ကို တစ်ပါးတည်းခေါ်ဆောင်သွားခြင်း ဖြစ်သည်။

လျှိုစုစုသည် အနည်းငယ်ပြန်လည်သက်သာနေပြီး ဖြစ်သည်ကြောင့် အန်လင်းအား လေးစားကြည်ညိုမှုနှင့် စူးစမ်းလိုမှုတို့ ပြည့်နှက်လျက်ရှိသည့် မျက်လုံးတောက်တောက်များဖြင့် ကြည့်နေလေသည်။ "ဆရာကြီးအန်လင်း အခုနက မမလှလှကလေ အဲဒါက ဟင်းရွက်ပင်လား။"

ဟင်းရွက်ပင်တဲ့လား။ သူမ၏ စကားများကြောင့် အန်လင်းမှာ ရှုံ့မဲ့သွားမိသည်။

သို့သော်လည်း လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။ သူမက တကယ်ကိုပဲ သမိုင်းဝင်ဟင်းရွက်ပင်။"

သူမပြုလုပ်သည်မှာ ထိုင်ကာဖြင့် နေရောင်ခြည်စုပ်ယူခြင်းသာလျှင် ဖြစ်သည်။ ထို့ကြောင့် သူမ၏ လူသဏ္ဌာန်နှင့် အပင်သဏ္ဌာန်မှာ ကွဲပြားခြင်း မရှိချေ။

အင်း အဲလိုမျိုး နှိုင်းယှဉ်လိုက်တာက ပြဿနာတော့ မရှိပါဘူးလေ။

လျှိုစုစုသည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ကြယ်ကလေးများ ကခုသလို တလက်လက်တောက်ပနေသည့် မျက်လုံးများဖြင့် အန်လင်းအား ကြည့်နေလေသည်။

သူမသည် အလွန်တရာ ခန့်ညားချောမောကာ အစွမ်းထက်သည့်လူမျိုးအပါအဝင် ဤကဲ့သို့ အစွမ်းထက်သည့် သားရဲများနှင့် ဟင်းရွက်ပင်များအား မမြင်ဖူးခဲ့ချေ။

လျှိုစုစု၏ မေးမြန်းမှုများမှတဆင့် လျှိုဟူသည် အန်လင်းအား ပိုမိုလေးစားလာမိပြီး အနည်းငယ်ပင် ကြောက်ရွံ့လာမိသည်။ သူ၏ သမီးဖြစ်သူနှင့် မျက်လုံးချင်းဆက်သွယ်နိုင်ရန် ကြိုးစားပြီးနောက် သူမကိုယ်သူမ အနည်းငယ်မျှ ထိန်းချုပ်နိုင်ရန် သတိပေးလိုက်သည်။

ဤကဲ့သို့ စွမ်းအားကြီး ပုဂ္ဂိုလ်မျိုးမှာ ရန်စသင့်သူ မဟုတ်ချေ။

သူတို့သုံးဦးသည် ကောင်းကင်တိမ်တိုက်နန်းတော်မှ ပျံသန်းထွက်ခွာလာကြသည်။ သို့သော်လည်း မြေပြင်ရှိ ကျင့်ကြံသူများမှာ ယခုထက်တိုင် တိုက်ပွဲဝင်ရန် အတွက် လေ့ကျင့်နေဆဲဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။

"ဘုရားရေ.. ဒီလောက်ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာတောင် သူတို့က သတိပြုမိပုံ မရပါလား။" လျှိုစုစုသည် မြေပြငအား ငုံ့ကြည့်လိုက်ပြီးနောက် နားမလည်နိုင်စွာ ရှိနေလေသည်။

"အဲဒါ တခြားသူတွေကို လှည့်စားဖို့အတွက် သုံးထားတဲ့ ပုံရိပ်ယောင်တွေ။"

အန်လင်း ပြုံးလိုက်ပြီးနောက် ကောင်းကင်တစ်နေရာအား စွမ်းအင်တစ်လှိုင်းဖြင့် ပစ်ခတ်လိုက်သည်။

စွမ်းအင်လှိုင်း ရိုက်ခတ်မှုကြောင့် သူတို့အရှေ့ရှိ မြင်ကွင်းသည် တိမ်မြူခိုးများကဲ့သို့ လွင့်စင်သွားကာ မြေပြင်ပေါ်ရှိ အစစ်အမှန် မြင်ကွင်းထွက်ပေါ်လာသည်။

မြေပြင်ပေါ်ရှိ မြင်ကွင်းအား မြင်တွေ့လိုက်ရသည့်အခါ လျှိုဟူနှင့် လျှိုစုစုတို့သာမက တပိုင်သည်ပင်လျှင် အံ့ဩတုန်လှုပ်သွားမိသည်။

သူတို့၏အောက်ဘက်ရှိ မြေပြင်တွင် အရိုးများ တောင်လိုပုံနေသည့် ကျတ်တီးမြေတစ်ခု ရှိသည်။

စုစုပေါင်း တောင်ပို့ ၉ ခု ရှိပြီး လူရိုးများနှင့် ပြည့်နေခြင်းဖြစ်ကာ သေခြင်းတရား၏ ဆိုးယုတ်မှုအား ထုတ်လွှတ်နေလေသည်။

တောင်ပို့တစ်ခုချင်းစီ၏ ထိပ်ဖျားတွင် အနက်ရောင်တံဆိပ်တစ်ခုစီရှိပြီး ယင်းတံဆိပ်များမှ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်နေလေသည်။

"လူသားတွေရဲ့ အသွေးအသားတွေကို သုံးပြီးတော့ သူတို့ရဲ့ သွေးမိစ္ဆာကြာပန်းကို ယစ်ပူဇော်တယ်။ အဲဒါက ကောင်းကင်တိမ်တိုက်နန်းတော်က ပြုလုပ်နေတဲ့ ဒုစရိုက်တွေပဲ။"

အန်လင်းသည် ဖြည်းညင်းစွာဖြင့် ပြောလိုက်ပြီးနောက် မြေပြင်ရှိ တောင်ပို့များအား ငုံ့ကြည့်လိုက်လေသည်။

"ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဖြစ်နိုင်ရတာလဲ။" လျှိုဟူသည် နှုတ်ခမ်းများ တုန်ယင်ကာဖြင့် ရေရွတ်နေမိသည်။ "သစ်ရွက်နီမြို့ရဲ့ အကြီးဆုံး အင်မော်တယ်ဂိုဏ်းက ဘာလို့များ အခုလို ဖြစ်နေရတာလဲ။"

အန်လင်း၏ အမူအရာမှာ တည်ကြည်နေဆဲပင်။ "ဖြစ်နိုင်တာကတော့ သူတို့တွေက အရင်က ဒီလိုမျိုး ဟုတ်မယ်မထင်ဘူး။ ဒါပေမဲ့လည်း ကောင်းကင်မြစ်ပြည်နယ်ကို ပုရွက်ဆိတ်ဘုရင်မ ရောက်လာတဲ့အချိန်တိုင်းမှာ ထိပ်တန်းနေရာမှာရှိနေတဲ့ ကောင်းကင်တိမ်တိုက်နန်းတော်က မိစ္ဆာစိတ်တွေ ဝင်လာခဲ့တာမျိုး ဖြစ်လိမ့်မယ်ထင်တယ်။ သူတို့ဖိတ်ခေါ်မှုကြောင့် ရောက်ရှိလာခဲ့တဲ့ လူတွေတင်မကဘဲ ကောင်းကင်တိမ်တိုက်နန်းတော်ရဲ့ ဂိုဏ်းသားအများအပြားကပါ သွေးမိစ္ဆာကြာပန်းအတွက် မြေဩဇာအဖြစ် ရောက်ရှိသွားခဲ့ကြရတယ်။"

ဝုန်း

မဝေးလှသည့် တစ်နေရာမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ချန်ယန်၏ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ယင်ကာဖြင့် သူ၏အရှေ့တွင်ရှိနေသည့် ပုံရိပ်အား တုန်လှုပ်ချောက်ချားစွာဖြင့် ကြည့်နေမိသည်။ ခန္ဓာကိုယ်အတွင်းရှိ အရိုးများအားလုံး ကျိုးပဲ့ကာ ချီစွမ်းအင်များလည်း ကုန်ခမ်းတော့မည် ဖြစ်သည်။

သူ၏အရှေ့တွင် ရှိနေသည်မှာ မဟူရာမီးတောက်များ ဖုံးလွှမ်းလျက်ရှိပြီး ကြောက်မက်ဖွယ်ရာ အော်ရာများ ထုတ်ဖော်ကာဖြင့် သူ့ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာနေသော မျောက်ဘုရင် ဖြစ်လေသည်။

***

All Chapters