← Chapters

နောက်ဆုံးအဆင့် တိုက်ပွဲ

Vol. 17 Ch. 186

နောက်ဆုံးအဆင့် တိုက်ပွဲ

Vol. 17 Ch. 186

နောက်ပိုင်းရက်များတွင် ထန်ထျန်းက ဂိုဏ်းပေါင်းစုံ တိုက်ပွဲ ကျင်းပရာနေရာသို့ အခြေခံအားဖြင့် မသွားတော့ပေ။

လက်ရှိတွင် သူက သာမန်သေမျိုးမှ အင်မော်တယ်အဖြစ်သို့ ကူးပြောင်းသည့် အရေးကြီးသော ဖြစ် စဉ်တွင် ရောက်ရှိနေသည်။ အခြေအနေအားလုံး ပြည့်စုံနေပြီဖြစ်သဖြင့် ကျင့်ကြံခြင်းမပြုလျှင်ပင် အလိုအလျောက် အင်မော်တယ်အဆင့်သို့ ရောက်ရှိမည်ဖြစ်သော်လည်း သူကိုယ်တိုင် တက်ကြွစွာ ကျင့်ကြံလိုက်ပါက အမြန်နှုန်း မှာ ပို၍ မြန်ဆန်လာပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ခွန်အား ကသာ ပထမဦးစားပေး မဟုတ်ပါလား။

ထို့ကြောင့် ထန်ထျန်းက အပြင်သို့ လျှောက်မသွားတော့ဘဲ အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ အမြန်ဆုံး တက်လှမ်းနိုင်ရန် ချင်းယွဲ့ဂိုဏ်း၏ တည်းခိုရာ၌သာ အချိန်ကုန်ဆုံးနေခဲ့သည်။

သို့သော် နေ့စဉ် ဂိုဏ်းပေါင်းစုံ တိုက်ပွဲမှ အခြေအနေများကိုတော့ လီဟုန် ပြန်လာသည့်အခါတိုင်း သူ့ထံ သတင်းပို့ပေးလေ့ရှိသည်။

တက်လှမ်းခြင်း အဆင့်တွင် လန်ယွဲ့ညီအစ်မနှစ်ယောက်က ထူးချွန်သော စွမ်းဆောင်ရည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပထမနှစ်ရက် တိုက်ပွဲများမှာပင် အထက်ပိုင်းနေရာ သို့ ရောက်ရှိသွားကာ ထျန်းဖူနန်းတော်သို့ တက်လှမ်းရန် အခွင့်အရေးကို အပိုင်ဆုပ်ကိုင်နိုင်ခဲ့ကြသည်။

ကုရှောင်းရွှယ်မှာလည်း ယခင်အတိုင်းပင် သန်မာ နေဆဲဖြစ်ပြီး ပွဲတိုင်းကို အနိုင်ရရှိကာ အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးလာခဲ့သည်။ သူမက ယခုအကြိမ် ဂိုဏ်းပေါင်းစုံ တိုက်ပွဲ၏ အတောက်ပဆုံးသော ကြယ်အသစ်များထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။

၎င်းအပြင် ဤအဆင့်တွင် ချင်းယွဲ့ဂိုဏ်း၏ စုစုပေါင်း စွမ်းဆောင်ရည်မှာလည်း မဆိုးလှပေ။ တပည့်တစ်ဝက်ခန့်မှာ ထျန်းဖူနန်းတော်သို့ တက်လှမ်းရန် အောင်မြင်ခဲ့ကြသည်။

တပည့်အားလုံးက "မိစ္ဆာတစ်ထောင် စမ်းသပ်မျှော်စင်" ကို ဖြတ်ကျော်ပြီးနောက်တွင် ဂိုဏ်းပေါင်းစုံ တိုက်ပွဲ၏ နောက်ဆုံး "အဆင့်သတ်မှတ်ခြင်း တိုက်ပွဲ" ကို ဆင်နွှဲကြရမည်ဖြစ်သည်။

ဤသည်မှာ ပွဲ၏ အမြင့်ဆုံး အပိုင်းဖြစ်ပြီး ထိုအချိန်တွင် ချင်းယွဲ့ဂိုဏ်းတပည့်များက ဂိုဏ်းအဆင့်သတ်မှတ်ချက်၏ ထိပ်တန်းဆယ်ခုစာရင်းဝင်ရန် အစွမ်းကုန် ကြိုးစားကြရမည် ဖြစ်သည်။

၁၅ ရက်မြောက်နေ့တွင် တက်လှမ်းခြင်း ပွဲများ ပြီးဆုံးသွားခဲ့သည်။ ယခုအကြိမ် ထျန်းဖူနန်းတော်သို့ တက်လှမ်းခွင့်ရသည့် တပည့်တစ်သောင်းကို အပြီးသတ် ရွေးချယ်နိုင်ခဲ့ပြီ ဖြစ်သည်။

နောက်ဆက်တွဲ ကျင်းပသည့် မိစ္ဆာတစ်ထောင် စမ်းသပ်မျှော်စင် ပွဲစဉ်ကိုလည်း ထန်ထျန်း သွားမကြည့် ခဲ့ပေ။

လီဟုန်က ယခုအခါ ပေါင်းစည်းခြင်း နှောင်းပိုင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ စမ်းသပ်မျှော်စင်သို့ ဝင်ရောက်ကြမည့် တပည့်များထဲတွင် ထူးချွန်သူတစ်ဦးဟု ဆိုနိုင်သည်။

အခြေခံအားဖြင့် မတော်တဆမှု ဖြစ်စရာ အကြောင်းမရှိပေ။

အမှန်တကယ်လည်း ထိုအတိုင်းပင် ဖြစ်ခဲ့သည်။ လီဟုန်က တည်ငြိမ်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး ထိပ်တန်းအုပ်စုတွင် ပါဝင်ကာ ထျန်းဖူနန်းတော်သို့ တက်လှမ်းခွင့် ရရှိခဲ့သည်။

ထိုနေ့တွင် လီဟုန် ပြန်ရောက်လာပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ထန်ထျန်း၏ ရှေ့မှောက်၌ ဒူးထောက်လိုက်သည်။

အကယ်၍ ထန်ထျန်းသာ မရှိခဲ့လျှင် သူက ယခုကဲ့သို့ အဆင့်မျိုးသို့ မည်သည့်အခါမျှ ရောက်ရှိနိုင်မည် မဟုတ်ပေ။ ချင်းယွဲ့ဂိုဏ်းထဲတွင်ပင် ထူးချွန်ရန် ခဲယဉ်းလှရာ ထျန်းဖူနန်းတော်သို့ ဝင်ခွင့်ရရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

ထန်ထျန်းက သူ၏ ကျင့်ကြံခြင်းလမ်းတွင် ဘဝသစ်ကို ပေးသနားသူပင် ဖြစ်တော့သည်။

ထို့ကြောင့် သူ ဤမျှ စိတ်လှုပ်ရှားနေခြင်းမှာလည်း အဆန်းမဟုတ်ပေ။

မိစ္ဆာတစ်ထောင် စမ်းသပ်မျှော်စင် ပွဲစဉ်မှာ ၅ ရက်ကြာမြင့်ခဲ့ပြီး ပြီးဆုံးသွားသည့်အခါ ထျန်းဖူနန်းတော်သို့ တက်လှမ်းရမည့် တပည့်စာရင်းမှာ အားလုံး အတည်ဖြစ်သွားခဲ့သည်။

ထန်ထျန်းသည်လည်း ဝမ်ကန်းနှင့် လန်ယွဲ့ညီအစ်မတို့၏ ထူးချွန်သော စွမ်းဆောင်ရည်ကြောင့် ထျန်းဖူနန်းတော်သို့ ဝင်ခွင့်ရသည့် စာရင်းတွင် ပါဝင်လာခဲ့သည်။

အမှန်တကယ်တော့ တစ်စုံတစ်ယောက်က စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့လျှင်တောင်မှ သူ၏ လက်ရှိ ဂုဏ်သတင်းနှင့် အဆင့်အတန်းအရ ထျန်းဖူနန်းတော်သို့ ဝင်ရန်မှာ အားစိုက်စရာပင် မလိုသော ကိစ္စဖြစ်သည်။

သို့သော် ပုံမှန်နည်းလမ်းအတိုင်း ဤအခွင့်အရေးကို ရရှိခြင်းက ပို၍ ကောင်းမွန်ပေသည်။

ရက်ပေါင်း ၂၀ ကြာ တိုက်ပွဲများအပြီးတွင် အချို့မှာ သူတို့အလိုရှိရာကို ရရှိသွားသဖြင့် ဝမ်းသာအားရ ဖြစ်နေကြသည်။

သို့သော် လူအများစုမှာမူ သူတို့ဘဝ၏ တစ်ကြိမ်တည်းသော တက်လှမ်းခွင့်ကို ဆုံးရှုံးလိုက်ရသဖြင့် စိတ်ပျက်အားလျော့စွာဖြင့် ထွက်ခွာသွားကြရသည်။

လက်တွေ့လောကမှာ ဤအတိုင်းပင် ဖြစ်သည်။ တစ်ဦးက ပြုံးလျှင် တစ်ဦးက ငိုရမြဲဖြစ်ပြီး လူတိုင်း၏ ကံကြမ္မာမှာ သေးငယ်သော အပြောင်းအလဲတစ်ခုကြောင့်ပင် လုံးဝ လမ်းခွဲသွားကြရသည်။

T/N အချစ်လိုပေါ့ဗျာ 😁😁

တက်လှမ်းခြင်း ပွဲများ ပြီးဆုံးသွားသည့်နေ့ ညပိုင်းတွင် ယွင်ခုံးက တပည့်များကို အားပေးစကားပြောကြားရန် အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြန်သည်။

ယခုတစ်ကြိမ်တွင် သူတို့၌ နောက်ဆုံးပန်းတိုင်တစ်ခုသာ ကျန်တော့သည်။

၎င်းမှာ ဂိုဏ်းအဆင့်သတ်မှတ်ချက်၏ ထိပ်တန်းဆယ်ခုစာရင်းထဲသို့ ဝင်ရောက်ရန်ပင်

ထိုအစည်းအဝေးသို့လည်း ထန်ထျန်း မသွားခဲ့ပေ။ သို့သော် ယွင်ခုံးက အစည်းအဝေးတွင် စိတ်အားထက်သန်စွာဖြင့် အားတက်ဖွယ် စကားများကို ပြောကြားခဲ့ပြီး ပုံမှန်အချိန်များနှင့် မတူဘဲ တစ်ခြားလူ ဖြစ်နေသကဲ့သို့ ပင် ဖြစ် ကြောင်း လီဟုန် ဆီမှ သူ ကြားခဲ့ရသည်။

ထန်ထျန်း စိတ်ထဲမှ တွေးလိုက်မိသည်မှာ ဤသည်မှာသာ ယွင်ခုံး၏ စစ်မှန်သော ပုံစံဖြစ်ပေလိမ့်မည်။

ပါရမီရှင်တစ်ဦးတွင် တက်ကြွလန်းဆန်းသော လူငယ်ဘဝ အခိုက်အတန့် မည်သို့ ရှိမနေဘဲ နေပါမည်နည်း။

ဂိုဏ်းချုပ်လေး ရာထူးနေရာတွင် နှစ်ပေါင်းများစွာ နေခဲ့ရခြင်းကြောင့် သူ၏ ထိုစရိုက်ကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်နိုင်သော်လည်း ယွင်ခုံး၏ စိတ်ထဲတွင်မူ သူက အရှုံးပေးတတ်သူ တစ်ဦး မဟုတ်ပေ။

သူ လိုချင်သည်ကို မရမက ရယူမည့်သူပင်။

အားပေးစကားပြောပွဲမှာ အလွန်အောင်မြင်ခဲ့သည်။ ချင်းယွဲ့ဂိုဏ်းတပည့်များက တိုက်ပွဲဝိညာဉ် သွေးထိုးပေးထားသကဲ့သို့ ဖြစ်နေပြီး နောက်ဆုံးရက် တိုက်ပွဲများအတွက် သူတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်များမှာ ဟုန်းဟုန်းတောက်နေတော့သည်။

ဤပတ်ဝန်းကျင်၏ သက်ရောက်မှုကြောင့်လားမသိ၊ လန်ယွဲ့ညီအစ်မနှစ်ယောက်ကလည်း တစ်ပြိုင်နက်တည်းမှာပင် နတ်အသွင်ပြောင်းခြင်း နှောင်းပိုင်း အဆင့်သို့ ရောက်ရှိသွားကြသည်။

ကုရှောင်းရွှယ်ကလည်း နောက်ဆုံးတွင် နတ်အသွင်ပြောင်းခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိလာခဲ့ရာ သူမ၏ တိုးတက်မှုကို မည်သူမျှ လျှော့တွက်၍ မရတော့ပေ။

၎င်းတို့အပြင် အခြားသော ချင်းယွဲ့ဂိုဏ်းတပည့်များစွာမှာလည်း တိုက်ပွဲမတိုင်မီမှာပင် အဆင့်တက်နိုင်ခဲ့ကြရာ မရေရာသော ကောင်းကင်ဆန္ဒကပင် ချင်းယွဲ့ဂိုဏ်းကို ကူညီနေသကဲ့သို့ ရှိသည်။

ဤကဲ့သို့သော အခြေအနေများအောက်တွင် မကြာမီမှာပင် နောက်ဆုံးအဆင့် တိုက်ပွဲကြီး စတင်ခဲ့တော့သည်။

တိုက်ပွဲဝင်မည့် တပည့်တစ်သောင်းမှာ လူပေါင်းသိန်းချီထဲမှ တိုက်ခိုက်ပြီး ထွက်ပေါ်လာသူများဖြစ်ရာ အထူးချွန်ဆုံးသော ရွေးချယ်ထားသူများ ဖြစ်ကြသည်။

သူတို့အချင်းချင်း တိုက်ခိုက်မှုမှာ ယခင်ပွဲများနှင့် လုံးဝ နှိုင်းယှဉ်၍မရပေ။

ထို့ပြင် အဆင့်သတ်မှတ်ပွဲ၏ အရေးကြီးပုံကို ဂိုဏ်းတိုင်းက အလေးထားကြသည်။

စလိုက်သည်နှင့် အုပ်စုအသီးသီးမှ တပည့်များက အသေအလဲ တိုက်ခိုက်ကြတော့သည်။

မည်သူမျှ အစွမ်းချန်မထားတော့ဘဲ သူတို့၏ ဝှက်ဖဲ များ၊ အန္တရာယ်ရှိသော တိုက်ကွက်များကို အလဟဿဖြစ်မည် စိုးသည့်အလား ပြိုင်ဘက်ထံသို့ အရူးအမူး ပစ်လွှတ်ကြသည်။

ပွဲစဉ်တိုင်းတွင် လူတစ်ယောက်မဟုတ် တစ်ယောက် စင်ပေါ်မှ ထမ်းပြီး ဆင်းသွားရလေ့ရှိသည်။

ပိုင်တိဂိုဏ်းက အင်အားကြီးမားပြီး အခြေခံ ခိုင်မာသောကြောင့်သာ အသက်အန္တရာယ်ရှိသော ဒဏ်ရာများ မရမီ အချိန်မီ တားဆီးပေးနိုင်ခြင်း ဖြစ်သည်။

ဒဏ်ရာရသူများကိုလည်း အမြန်ဆုံး ကုသပေးနိုင်သဖြင့် ကျင့်ကြံခြင်း အခြေခံကို ထိခိုက်သည်အထိ မဖြစ်ကြပေ။

သို့သော် ဤအခြေအနေကပင် ပြိုင်ပွဲဝင်များကို ပို၍ မဆင်မခြင် တိုက်ခိုက်ရဲစေခဲ့သည်။

ပူနွေးသော သွေးများက စင်မြင့်ပေါ်တွင် စီးကျနေကြပြီး လူငယ်ဘဝ၏ တိုက်ပွဲဝင်စိတ်ဓာတ် မီးလျှံများကဲ့သို့ပင် ဖြစ်နေသည်။

ပြင်းထန်သော တိုက်ပွဲများအပြီးတွင် ပြိုင်ပွဲဝင်အရေအတွက်မှာ တဖြည်းဖြည်း နည်းပါးလာခဲ့ပြီး ဂိုဏ်းအဆင့်သတ်မှတ်ချက် အတည်ပြုမည့် နောက်ဆုံးအချိန်သို့ ရောက်ရှိလာခဲ့သည်။

နောက်ဆုံးဗိုလ်လုပွဲ မတိုင်မီ ညပိုင်းတွင်

လီဟုန်က အရင်အတိုင်းပင် တိုက်ပွဲအပြီးတွင် ထန်ထျန်း၏ နေရာသို့ လာရောက်ကာ ယနေ့ တိုက်ပွဲအခြေအနေများကို သတင်းပို့ခဲ့သည်။

"နောက်ဆုံး တပည့် သုံးရာပဲ ကျန်တော့တယ်"

"ဒါပေမဲ့ ကျွန်တော်တို့ ဂိုဏ်းက အခုထိ ကျန်နေသေးတဲ့ တပည့်က ၁၃ ယောက်ပဲ ရှိတယ်"

"အခုတော့ ဂိုဏ်းအများစုက ပြုတ်သွားကြပြီ၊ ထိပ်တန်းဆယ်ခုစာရင်းနဲ့ ဝေးသွားကြပြီပေါ့

ချင်းယွဲ့ဂိုဏ်းရဲ့ စွမ်းဆောင်ရည်ကတော့ အခုထိ မဆိုးသေးဘူး၊ ထိပ်တန်းဆယ်ခုထဲ ဝင်ဖို့ အခွင့်အရေး အများကြီးရှိပေမဲ့ စိတ်ချရတဲ့ အနေအထားမှာတော့ မရှိသေးဘူး"

"ကျွန်တော်တို့ ရှေ့ဆက်မယ့်လမ်းမှာ အဟန့်အတားဖြစ်နေတဲ့ အခြား ဂိုဏ်း သုံးခု ကျန်သေးတယ်"

လီဟုန်က ပြောသည်။

ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။

ဤရက်များတွင် သူ ကိုယ်တိုင် မသွားဖြစ်သော်လည်း အခြေခံ အခြေအနေအချို့ကိုတော့ သူ သိထားသည်။

ယေဘုယျအားဖြင့် ချင်းယွဲ့ဂိုဏ်းမှာ ထိပ်တန်းဆယ်ခုထဲ ဝင်နိုင်မည့် အရည်အချင်းရှိပြီး လူကြိုက်များသော ဂိုဏ်းတစ်ခု ဖြစ်နေသည်။

ယွင်ခုံးက တော်တော်လေး အစွမ်းထက်သည်ဟု ဆိုရမည်၊ သူက ထူးချွန်သော တပည့်များကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပြီး သူတို့ကလည်း တိုက်ပွဲတွင် မညံ့သော ခွန်အားများကို ပြသနိုင်ခဲ့ကြသည်။

ကုရှောင်းရွှယ်နှင့် လန်ယွဲ့ညီအစ်မတို့၏ ထူးချွန်သော စွမ်းဆောင်ရည်များပါ ပေါင်းစပ်လိုက်လျှင် ထိပ်တန်းဆယ်ခုထဲ ဝင်ရန်မှာ နောက်ဆုံးခြေလှမ်း တစ်လှမ်းသာ လိုတော့သည်။

"လန်ယွဲ့တို့ အခြေအနေကရော ဘယ်လိုလဲ"

ထန်ထျန်းက မေးသည်။

"နည်းနည်းတော့ ရုန်းကန်နေရပြီ"

ဝမ်ကန်းက ပြန်ဖြေသည်။ "နောက်ဆုံး ကျန်တဲ့ လူသုံးရာက အခြေခံအားဖြင့် နတ်အသွင်ပြောင်းခြင်း ခြင်း အလယ်အလတ်အဆင့် အထက်တွေချည်းပဲ၊ အကုန်လုံးကလည်း ပါရမီရှင်တွေဆိုတော့ တကယ် အစွမ်းထက်ကြတယ်။

တချို့ဆိုရင် ပေါင်းစည်းခြင်း အဆင့်ထဲတောင် ရောက်နေကြပြီ"

"လန်ယွဲ့နဲ့ လွီကျူးတို့ကတော့ ရှုံးပွဲအချို့ ကြုံခဲ့ရတယ်၊ သူတို့ရဲ့ စုစုပေါင်း စွမ်းဆောင်ရည်အရဆိုရင်တော့ အဆင့် ၅၀ နဲ့ ၁၀၀ ကြားမှာ ရှိနိုင်တယ်"

ထန်ထျန်းက အသိအမှတ်ပြုသည့်အနေဖြင့် အင်းဟု တစ်ချက်ဆိုလိုက်သည်။ ဤသည်မှာ သူ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။

လောကကြီးက ပါရမီရှင်တွေဆိုတာ အလကားလူတွေ မဟုတ်ကြဘူးလေ၊ အစွမ်းထက်လွန်းတဲ့ လူတွေလည်း ရှိနေမှာပဲ။

လန်ယွဲ့ညီအစ်မနှစ်ယောက် တစ်နှစ်အတွင်းမှာ ဤမျှအထိ တိုးတက်လာနိုင်ခြင်းကပင် အံ့ဖွယ်တစ်ခု ဖြစ်နေပြီဖြစ်သည်။

"ဒါဆို ရှောင်းရွှယ်ကရော"

ထန်ထျန်းက ဆက်မေးလိုက်သည်။

All Chapters