← Chapters

ထျန်းဖူနန်းတော်မှ လူ

Vol. 17 Ch. 187

ထျန်းဖူနန်းတော်မှ လူ

Vol. 17 Ch. 187

"ရှောင်းရွှယ်က ဘယ်လိုလဲ"

ထန်ထျန်းက လီဟုန်ကို မေးလိုက်သည်။

လီဟုန်က ချက်ချင်းပင် ပြုံးလိုက်ပြီး "ရှောင်းရွှယ်က... တကယ်ကို အံ့ဖွယ်တွေကို ဖန်တီးတတ်တဲ့သူပဲ

ဒီနေ့တိုက်ပွဲမှာ သူမက အသန်မာဆုံး ပါရမီရှင်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့တယ်။ တစ်ယောက်က ပေါင်းစည်းခြင်း အစောပိုင်းအဆင့်ဖြစ်ပြီး နောက်တစ်ယောက်က အလယ်အလတ်အဆင့်ပဲ"

"ဒါပေမဲ့ သူမက နတ်အသွင်ပြောင်းခြင်း အလယ်အလတ်အဆင့် ခွန်အားနဲ့တင် တာအိုကျင့်စဉ်အပေါ် သူမရဲ့ ထူးကဲတဲ့ နားလည်မှုကို အသုံးချပြီး အဆင့်ကျော်တိုက်ခိုက်တာ ပေါင်းစည်းခြင်း အစောပိုင်းအဆင့် ပါရမီရှင်ကို အနိုင်ယူလိုက်တယ်။

အဲဒီနောက် ပေါင်းစည်းခြင်း အလယ်အလတ်အဆင့်နဲ့ ရင်ဆိုင်ရတဲ့အခါမှာလည်း သူမက အစွမ်းကုန်ကြိုးစားပြီး အပြန်အလှန် အကြိတ်အနယ် တိုက်ခိုက်ခဲ့တာ အချီပေါင်း ရာနဲ့ချီသွားတယ်၊ နောက်ဆုံးတော့ သရေနဲ့ပဲ ပွဲသိမ်းလိုက်ရတယ်"

"သူမက အခုမှ အသက် ၁၆ နှစ်ပဲ ရှိသေးတာလေ။ ဒီလို စွမ်းရည်မျိုးက ဂိုဏ်းပေါင်းစုံ တိုက်ပွဲရဲ့ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်လာစေတာ အမှန်ပဲ"

ထန်ထျန်းက ပြုံးပြီး မေးစေ့ကို ပွတ်လိုက်မိသည်။

ဤကောင်မလေးက တကယ်ကို လူကို အံ့အားသင့်အောင် လုပ်တတ်ပေသည်။ သူမက လန်ယွဲ့ညီအစ်မထက် အနည်းငယ်သာ ပိုတော်မည်ဟု သူ ထင်ထားခဲ့သော်လည်း ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

သူမ ပြောခဲ့သလိုပင် သူ့အနားမှာ နေရုံနဲ့တင် အရာအားလုံးက ဉာဏ်အလင်းပွင့်သွားတာမျိုး ဖြစ်နိုင်ပါ့မလား။

အဓိပ္ပာယ်တော့ မရှိလှပေ။

ထန်ထျန်း ခေါင်းယမ်းလိုက်ကာ ဤကောင်မလေး၏ ပါရမီက ထူးထူးခြားခြား လျှို့ဝှက်ဆန်းကြယ် လွန်းခြင်းကြောင့်သာ ဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့"

ထန်ထျန်းက ရယ်မောကာ ပြောလိုက်သည်။

လီဟုန်က ဆက်၍ "သခင်လေး... မသိသေးဘူး၊ အခု လူတော်တော်များများက သူမကို စောင့်ကြည့်နေကြတာ

ထျန်းဖူနန်းတော်က လာတဲ့ လူကြီးမင်းတွေတောင် ရှောင်ရွှယ်အကြောင်း စုံစမ်းနေကြတယ်

သူတို့က ယွင်ခုံးကိုတောင် ရှာပြီးတော့ ရှောင်းရွှယ်ကို သူတို့ဘက်ပါအောင် ကြိုတင်စည်းရုံးဖို့ လုပ်နေကြတာ၊ ဒါပေမဲ့ ဘယ်လိုအကြောင်းကြောင့်လဲတော့ မသိဘူး၊ နောက်ဆုံးတော့ မအောင်မြင်သွားဘူး

ရှောင်းရွှယ်ကတော့ ဒီတစ်ခါ တကယ်ပဲ နာမည်ကြီးသွားပြီဗျ"

ထန်ထျန်းက အင်းဟု တစ်ချက်ဆိုလိုက်သည်။ ထူးချွန်သောသူက အာရုံစိုက်ခံရမည်မှာ ဓမ္မတာပင်။

နောင်တွင် သူကိုယ်တိုင် လောကထဲသို့ အပြီးတိုင် ထွက်လာသည့်အခါ ဤအခြေအနေက ပို၍ပင် သိသာလာပေလိမ့်မည်။

"ကောင်းတယ်"

ထန်ထျန်း ခေါင်းညိတ်ချီးကျူးလိုက်သည်။

ထို့နောက် သူနှင့် လီဟုန်က အခြားကိစ္စများကို ဆက်ပြောခဲ့ကြသည်။

ယခုအကြိမ် ဂိုဏ်းပေါင်းစုံ တိုက်ပွဲတွင် ချင်းယွဲ့ဂိုဏ်းတပည့်များ၏ စွမ်းရည်မှာ သန့်စင်သော တပည့် အုပ်စုက အထူးချွန်ဆုံး ဖြစ်နေသည်။

နောက်ဆုံးကျန်ရှိသည့် ၁၃ ယောက်တွင် လန်ယွဲ့နှင့် လွီကျူးမှလွဲ၍ ကျန်သူများမှာ အခြေခံအားဖြင့် သန့်စင်သော တပည့်များသာ ဖြစ်သည်။

သို့သော် လန်ယွဲ့ညီအစ်မတို့ကြောင့် ထန်ထျန်း ဦးဆောင်သည့် တပည့်အုပ်စု၏ ရလဒ်မှာလည်း အလွန်ကောင်းမွန်လှသည်။

အနည်းဆုံးတော့ လုချန်းကျီ ဘက်ကို လုံးဝ အပြတ်အသတ် ဖိနှိပ်ထားနိုင်သည်။

ဆိုလိုသည်မှာ ထူးချွန်သော တပည့်များ ပြုစုပျိုးထောင်ခြင်း ကဏ္ဍတွင် လုချန်းကျီက ထပ်မံ ရှုံးနိမ့်သွားခြင်းပင်။

၎င်းအပြင် ထန်ထျန်းက အခြားသော ကုန်သည်အသင်း ၄ ခု၏ ရှယ်ယာများကို စတင်ဝယ်ယူနေပြီဖြစ်ရာ သူတို့၏ မဲပေးပိုင်ခွင့်ကိုလည်း အောင်မြင်စွာ ရရှိထားသည်။ ထို့ကြောင့် လက်ရှိအနေအထားအရ မတော်တဆမှု တစ်စုံတစ်ရာ မဖြစ်ခဲ့လျှင် ထန်ထျန်း၏ အောင်ပွဲမှာ သေချာသလောက် ရှိနေပြီဖြစ်သည်။

ဂိုဏ်း၏ ဒုတိယ အာဏာအရှိဆုံး နေရာမှာ လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် ထန်ထျန်းက လုချန်းကျီ၏ အကွက်များကို လျှော့မတွက်ပေ။ အခြေအနေအရပ်ရပ်တွင် အောက်သို့ရောက်သွားသည့်အခါ ထိုကောင်က အသည်းအသန်ဖြစ်ပြီး မည်သည့် အကြံဆိုး မျိုးကို လုပ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။

ထို့ကြောင့် ကြိုတင်ကာကွယ်ထားခြင်းက အကောင်းဆုံးပင်။

ပြန်ရောက်သည့်အခါ ရရှိထားသော အသာစီးရမှုကို အပြီးသတ် ခိုင်မာအောင် လုပ်ရမည်ဖြစ်ပြီး အောင်ပွဲ အပြည့်အဝ ရသည်အထိ သတိထား စောင့်ကြည့်ရမည်ဖြစ်သည်။

ထိုအခါမှသာ ဤဇာတ်လမ်းက အပြီးသတ် နိဂုံးချုပ်သွားပေလိမ့်မည်။

ခဏမျှ စကားပြောဆိုပြီးနောက် လီဟုန်က နှုတ်ဆက်ကာ ထွက်ခွာသွားသည်။

ထန်ထျန်းက ခဏမျှ ငြိမ်သက်စွာ ထိုင်နေပြီးနောက် ကျင့်ကြံခြင်း အခြေအနေသို့ ပြန်လည်ဝင်ရောက်လိုက်သည်။

ယနေ့ညတွင် သူက အင်မော်တယ်နယ်ပယ်သို့ နောက်ဆုံးအဆင့် အရှိန်မြှင့် တက်လှမ်းတော့မည် ဖြစ်သည်။

သို့သော် သူ ကျင့်ကြံခြင်း မစတင်မီမှာပင် အခန်းတံခါးက ထပ်မံ အခေါက်ခံလိုက်ရပြန်သည်။

"ဒီလောက် ညဉ့်နက်နေတာ ဘယ်သူများလဲ"

ထန်ထျန်း သံသယစိတ်ဖြင့် တံခါးကို ဖွင့်လိုက်သည်။

လူနှစ်ယောက်က တံခါးအပြင်ဘက်တွင် ရပ်နေကြသည်။

တစ်ဦးမှာ ချင်းယွဲ့ဂိုဏ်းမှ အကြီးအကဲ တစ်ဦးဖြစ်ပြီး တပည့်များ၏ နေ့စဉ်ကိစ္စရပ်များကို စီစဉ်ပေးရသူ ဖြစ်သဖြင့် အဆင့်အတန်း မြင့်မားသည်။

သူ၏အမည်မှာ ယန်ချီ ဖြစ်သည်။

အခြားတစ်ဦးမှာမူ မရင်းနှီးသော မျက်နှာတစ်ခု ဖြစ်သည်။

သူက လူငယ်တစ်ဦး၏ ပုံစံရှိသော်လည်း သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာက ထန်ထျန်းကို အနည်းငယ် တုန်လှုပ်သွားစေသည်။

ဤအော်ရာမျိုးကို သူ မြင်ဖူးသည်။

ဤလူစိမ်းလူငယ်က... "ရွှေအင်မော်တယ်" တစ်ဦး ဖြစ်နေသည်

ထိုလူငယ်က မည်သည့် ခံစားချက်မျှ မရှိသော မျက်နှာဖြင့် ထန်ထျန်းကို အေးစက်စက် ကြည့်နေသည်။

သူ၏ ပုံစံမှာ အထက်စီးမှ ကြည့်နေသည့်ဟန်ရှိပြီး တစ်ကိုယ်လုံးတွင် မြင့်မြတ်သော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။

ဘယ်သူလဲ

ထန်ထျန်းက ယန်ချီကို ကြည့်ကာ "အကြီးအကဲယန်...

ဒီလောက် ညဉ့်နက်နေတာ ဘာကိစ္စ ရှိလို့လဲ"

ယန်ချီက ခဏတုံ့ဆိုင်းသွားပြီး ဘေးမှ လူငယ်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "သခင်လေး ထန်... အားနာပါတယ် ဒီလောက် ညဉ့်နက်မှ လာနှောက်ယှက်မိတာ

အရင်ဆုံး မိတ်ဆက်ပေးပါရစေ၊ ဒီပုဂ္ဂိုလ်က..."

သို့သော် သူ၏ စကားမဆုံးခင်မှာပင် ထိုလူငယ်က ရှေ့သို့ လှမ်းတက်လာသည်။

"ငါ့နာမည်က ကျန်းကျဲ့၊ ထျန်းဖူနန်းတော် စစ်နတ်ဘုရား ခန်းမ ကပဲ"

လူငယ်က ထန်ထျန်းကို အထက်စီးမှ ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။ "မင်းက ထန်ထျန်းလား။ ကြားဖူးတာတော့ မင်းက ချင်းယွဲ့ဂိုဏ်းရဲ့ ဂုဏ်ထူးဆောင်တပည့် ဆို"

ကျန်းကျဲ့က "ဂုဏ်ထူးဆောင်တပည့်" ဆိုသည့် စကားလုံးကို တမင် ဖိပြောလိုက်သည်။

ထန်ထျန်း မျက်မှောင်ကြုတ်သွားသည်။

ဒီကောင်က ကောင်းသော ရည်ရွယ်ချက်နဲ့ လာတာ မဟုတ်တာ သေချာသည်။

ထန်ထျန်း မည်သို့ တုံ့ပြန်ရမလဲ စဉ်းစားနေစဉ် ဘေးမှ ယန်ချီက ချောင်းနှစ်ချက်ဟန့်ကာ သတိပေးလိုက်သည်။ "အရှင် ကျန်း... သခင်လေး ထန်က ကျွန်တော်တို့ ချင်းယွဲ့ဂိုဏ်းရဲ့ သခင်လေး ပါ"

ကျန်းကျဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး "ဒါလည်း ဂုဏ်ထူးဆောင်တပည့် ပါပဲ

မင်းတို့လို အောက်ခြေဂိုဏ်းတွေကို တကယ် စိတ်ကုန်တာပဲ၊ အစွမ်းကတော့ မရှိဘဲနဲ့ အဆင့်အတန်းတွေကတော့ အများကြီးပဲ

အဓိပ္ပာယ်မရှိလိုက်တာ

ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ကို ဂုဏ်ထူးဆောင်တပည့် တစ်ယောက်ဆီမှာ အစောင့်အရှောက်နဲ့ နောက်လိုက်အဖြစ် ထားပေးထားတာက တကယ့်ကို အလဟဿ ဖြစ်စေတာပဲ"

ရုတ်တရက် အပြစ်တင်ခံလိုက်ရသဖြင့် ယန်ချီ၏ မျက်နှာ ပျက်သွားသည်။

ချင်းယွဲ့ဂိုဏ်းက လက်အောက်ခံဂိုဏ်း ဖြစ်သော်လည်း မူအရဆိုလျှင် ထျန်းဖူနန်းတော်မှ လူများနှင့် တိုက်ရိုက် အထက်အောက် ဆက်ဆံရေး မရှိပေ။

ကျန်းခကျဲ့၏ စကားမှာ အလွန်ပင် ရိုင်းစိုင်းလှသည်။

သို့သော် တစ်ဖက်လူက ရွှေအင်မော်တယ် တစ်ဦး ဖြစ်နေသဖြင့် စိတ်ထဲမှ မကျေနပ်သော်လည်း အပြင်တွင် မပြဝံ့ပေ။

ထန်ထျန်းက ကျန်းကျဲ့ လာသည့် ရည်ရွယ်ချက်ကို ရိပ်မိလိုက်သည်။

"မင်းမှာ ဘာကိစ္စ ရှိလဲ"

ထန်ထျန်း၏ လေသံမှာ မာထန်သွားပြီး ကျန်းကျဲ့ကို အထဲသို့ ဖိတ်ခေါ်မည့် အမူအရာလည်း မပြပေ။

ကျန်းကျဲ့က ထန်ထျန်းကို တစ်ချက် စွေကြည့်ပြီး မေးလိုက်သည်။ "မင်းနဲ့ ကုရှောင်းရွှယ်က ဘယ်လို ပတ်သက်တာလဲ"

ထန်ထျန်း စိတ်ထဲမှ "မှန်းထားတဲ့အတိုင်းပဲ" ဟု တွေးလိုက်မိသည်။

"ငါတို့ရဲ့ ပတ်သက်မှုက... မင်းနဲ့ ဘာဆိုင်လို့လဲ

မင်းရဲ့ ရည်ရွယ်ချက်ကို တန်းပြောရင် ပိုကောင်းမယ်"

တစ်ဖက်လူက ရန်လိုနေမှတော့ ထန်ထျန်းလည်း ယဉ်ကျေးနေရန် မလိုတော့ပေ။

ကျန်းကျဲ့က ဤစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး ထန်ထျန်းကို အေးစက်စွာ စိုက်ကြည့်ကာ ရွှေအင်မော်တယ် အော်ရာကို အနည်းငယ် ထုတ်လွှတ်လိုက်သည်။

သို့သော် ထန်ထျန်းကတော့ အမှုပင် မထားပေ။

ခြိမ်းခြောက်မှုက အလုပ်မဖြစ်သဖြင့် ကျန်းခဲ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ကုရှောင်းရွှယ်ရဲ့ ပါရမီက ထူးကဲတယ်၊ ငါတို့ စစ်နတ်ဘုရား ခန်းမ က သူမကို သဘောကျတယ်

ဒါကြောင့် သူမ နန်းတော်ကို ရောက်လာတဲ့အခါ ငါတို့ဆီမှာ တာဝန်ထမ်းဆောင်စေချင်တယ်"

ထန်ထျန်းက လက်ပိုက်လိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။ "ဒါဆိုရင်လည်း ရှောင်းရွှယ် ဒါမှမဟုတ် ဂိုဏ်းချုပ်လေးဆီမှာ သွားပြောလေ၊ ငါ့လို ဂုဏ်ထူးဆောင်တပည့်ဆီ ဘာလာ လုပ်တာလဲ"

ကျန်းကျဲ့၏ မျက်နှာ ညိုမည်းသွားသည်။

ထိုစဉ် ယန်ချီက ဘေးမှ ဝင်ပြောလိုက်သည်ယ "အရှင် ကျန်းက ဂိုဏ်းချုပ်လေးနဲ့ ရှောင်းရွှယ်ဆီကို သွားတွေ့ပြီးပါပြီ။ ဂိုဏ်းချုပ်လေးကတော့ အရာအားလုံးကို ရှောင်းရွှယ်ရဲ့ ဆန္ဒအတိုင်းပဲလို့ ပြောပါတယ်။

ရှောင်းရွှယ်ကကျတော့ သူမက သခင်လေး နဲ့ နောက်လိုက်စာချုပ်ကို ဖျက်သိမ်းထားပေမဲ့ နောက်ပိုင်းမှာလည်း သခင်လေး နဲ့အတူတူပဲ ရှိနေမှာပါလို့ ပြောလိုက်တယ်"

"နှစ်ခါတောင် အငြင်းခံလိုက်ရတော့မှ အရှင် ကျန်းက ကျွန်တော့်ကို အတင်းခေါ်ပြီး သခင်လေး နဲ့ တွေ့ဖို့ လာခဲ့တာပါ"

ယန်ချီ ပြောပြီးသည့်အခါ ကျန်းကျဲ့၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားတော့သည်။

ထန်ထျန်းကတော့ စိတ်ထဲမှ တိတ်တဆိတ် ရယ်နေမိသည်။ ဤအကြီးအကဲတွေကတော့ တကယ့် ဝါရင့် မြေခွေးအိုကြီးတွေပဲ၊ တစ်ဖက်လူကို မကျေနပ်ရင် အမှန်တရားကို သုံးပြီးတော့ကို အရှက်ခွဲပစ်တာ။

" ပြောစမ်း... ဘာအပေးအယူလုပ်ရင် ကုရှောင်းရွှယ်ကို လက်လွှတ်ပေးမလဲ"

ကျန်းကျဲ့က အသံမာမာဖြင့် မေးလိုက်သည်။

သူ၏ ဒေါသကို ထိန်းထားရသည့် ပုံစံကို ကြည့်ရင်း ထန်ထျန်းက ပေါ့ပေါ့ပါးပါးပင် ရယ်လိုက်သည်။

"မင်း ပြောတာကလည်း...

ရှောင်းရွှယ်က ငါတို့ ချင်းယွဲ့ဂိုဏ်းရဲ့ ပါရမီရှင်လေ၊ သူမရဲ့ ကံကြမ္မာကို ငါ့လို ဂုဏ်ထူးဆောင်တပည့် တစ်ယောက်က ဘယ်လိုလုပ် ချုပ်ကိုင်ထားနိုင်မှာလဲ"

"ပြီးတော့ သူမရဲ့ အခု အဆင့်အတန်းက သန့်စင်သော တပည့် ဖြစ်နေတာ

သန့်စင်သော တပည့် တွေကို စီမံရတာက ဂိုဏ်းချုပ်လေးရဲ့ တာဝန်ပဲ၊ ဒါကြောင့် မင်း သူ့ဆီမှာပဲ သွားပြောတာ ပိုကောင်းမယ်"

ထန်ထျန်းက ဤကိစ္စကို တစ်ပတ်ချာလည်အောင် လုပ်လိုက်သည်။

ကျန်းကျဲ့ မည်မျှပင် ထောင်လွှားပါစေ၊ မိုက်မဲ့သောလူ တော့ မဟုတ်ပေ။ ထန်ထျန်းက သူ့ကို လှည့်ပတ်ပြောနေသည်ကို သူ ချက်ချင်း သဘောပေါက်သွားပြီး ဒေါသက တဖြည်းဖြည်း မြင့်တက်လာတော့သည်။

All Chapters