← Chapters

နောက်ဆုံးအဆင့်

Vol. 17 Ch. 192

နောက်ဆုံးအဆင့်

Vol. 17 Ch. 192

"သူတို့အချင်းချင်း ပြန်ချကြတာလား"

လီဟုန်၏ သတင်းပေးပို့မှုကို ကြားပြီးနောက် ထန်ထျန်းတစ်ယောက် ကြောင်အသွားသည်။

"ဟုတ်ပါတယ်"

လီဟုန်က ဆက်ပြောသည်။ "ခုနကတင် အဓိကတောင်ထိပ်က အကြီးအကဲဟန်ဟိုင်ရဲ့ နေအိမ်မှာ သူနဲ့ လုချန်းကျီတို့ကြား ပြင်းထန်တဲ့ ပဋိပက္ခဖြစ်ပွားခဲ့တာပါ။

လုချန်းကျီက အရမ်းဒေါသထွက်နေပုံရပြီး ဟန်ဟိုင်ကို လိုက်ရိုက်နေတာ။ တော်သေးတာက ဟန်ဟိုင်က အခုတလော ကျင့်ကြံခြင်းမှာ တိုးတက်မှုရှိနေလို့ပေါ့ မဟုတ်ရင် အဲဒီမှာတင် အသက်တစ်ဝက်လောက် ပါသွားနိုင်တယ်။

နောက်ဆုံးတော့ မဟာအကြီးအကဲ ရောက်လာပြီး တားလိုက်လို့သာ ကိစ္စက ခဏငြိမ်သွားတာ။

အခုတော့ သူတို့နှစ်ယောက်စလုံး စည်းကမ်းထိန်းသိမ်းရေးဌာနမှာ အစစ်ဆေးခံနေရပါတယ်"

လီဟုန်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပြည့်နှက်နေသည်။ ဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များ အချင်းချင်း လက်နက်ကိုင်ပြီး လူမြင်ကွင်းမှာ တိုက်ခိုက်ကြသည်မှာ ချင်းယွဲ့ဂိုဏ်း၏ သမိုင်းတွင် မြင်ရခဲလှသည့် မြင်ကွင်းပင် ဖြစ်သည်။

ထန်ထျန်းလည်း ဇဝေဇဝါ ဖြစ်သွားသည်။

မဖြစ်နိုင်တာ။

သူသိထားသည့် လုချန်းကျီ၏ စရိုက်အရ မည်သည့်အခြေအနေမျိုးတွင်မဆို ထင်ရာစိုင်းပြီး အရင်လက်ပါမည့်သူ မဟုတ်ပေ။

ထို့ပြင် ဟန်ဟိုင်ဆိုသည်မှာ သူ၏ အမာခံမဟာမိတ် ဖြစ်နေပြန်ရာ ဤလုပ်ရပ်က ပို၍ပင် အဓိပ္ပာယ်မရှိပေ။

တစ်ဖက်တွင်လည်း ဟန်ဟိုင်မှာ လျိုတန်းယွဲ့နှင့် ရှောင်းရွှယ်ကိစ္စများကြောင့် စိတ်မချမ်းမြေ့ဖြစ်နေသူမို့ တစ်ဦးဦးနှင့် ရန်ဖြစ်နေမည့် စိတ်အနေအထားတွင် မရှိနိုင်ပေ။

တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။

ထန်ထျန်း အသေအချာ စဉ်းစားကြည့်သောအခါ ဤကိစ္စက ရိုးရှင်းမည်မဟုတ်ကြောင်း ခံစားလိုက်ရသည်။

လုချန်းကျီ၏ ပုံစံ အရ သူချမှတ်သည့် ဆုံးဖြတ်ချက်တိုင်းတွင် ရည်ရွယ်ချက် တစ်ခုခု အမြဲရှိနေတတ်သည်။

ယခုအချိန်တွင် သူဘာကို ရည်မှန်းနေသနည်း။

အဖြေက ရှင်းပါသည်။ ဂိုဏ်း၏ ဒုတိယအာဏာအရှိဆုံး နေရာအတွက်ပင် ဖြစ်သည်။

လုချန်းကျီက ထိုနေရာကို ရရှိရန် နှစ်ပေါင်း ၂၀ ကျော် ကြိုးစားလာခဲ့ခြင်း မဟုတ်ပါလား။

သို့သော် ယခုအခါ ထိုပန်းတိုင်ကို ထန်ထျန်းက ကြားဖြတ်လုယူတော့မည့် အခြေအနေသို့ ရောက်နေသည်။

ဂိုဏ်းပေါင်းစုံ တိုက်ပွဲမှ အောင်မြင်စွာ ပြန်လာပြီးနောက် ထန်ထျန်းအတွက် အောင်ပွဲမှာ သေချာသလောက် ရှိနေပြီး လုချန်းကျီအတွက် အခွင့်အရေးမှာ အလွန်ပင် နည်းပါးသွားခဲ့ပြီ။

သို့သော် သူက အရှုံးပေးမည်လော။

ထန်ထျန်းကတော့ အရှုံးပေးမည်ဟု မယုံကြည်ပေ။

ထို့ကြောင့် လုချန်းကျီက သူလက်လွှတ်ရတော့မည့် အခွင့်အရေးကို ပြန်လည်ရယူရန် တစ်စုံတစ်ခုသော လှည့်ကွက်ကို သုံးနေခြင်းဖြစ်မည်ဟု ထန်ထျန်း ခန့်မှန်းလိုက်သည်။

ဂိုဏ်းသို့ ပြန်ရောက်ကတည်းက ထန်ထျန်းက ချီယွမ်၊ လီဟုန်နှင့် ယင်ကျဲ့တို့အား လုချန်းကျီကို သတိထားရန် မှာကြားထားခဲ့သည်။

ထူးခြားမှုတစ်ခုခုရှိသည်နှင့် ချက်ချင်း ဂရုစိုက်ရမည် ဖြစ်သည်။

အခုလိုမျိုး သူ့၏ အမာခံထောက်ခံသူနှင့် အကြောင်းမဲ့ ရန်ဖြစ်ခြင်းမှာ... "ထူးခြားသော လုပ်ရပ်" မဟုတ်ပါလား။

"စည်းကမ်းထိန်းသိမ်းရေးဌာနရဲ့ စစ်ဆေးမှုရလဒ်ကို အသေအချာ စောင့်ကြည့်ထား။

ရလဒ်ထွက်တာနဲ့ ငါ့ကို ချက်ချင်း လာပြော"

ထန်ထျန်းက ညွှန်ကြားလိုက်သည်။

လုချန်းကျီ၏ ရည်ရွယ်ချက်ကို သူ တကယ် ခန့်မှန်း၍ မရသေးပေ။

သို့သော် မသိရသေးသော အရာကသာ ပို၍ ကြောက်စရာကောင်းသဖြင့် လျှော့တွက်ထား၍ မရပေ။

"ဟုတ်ကဲ့ပါ"

လီဟုန်က ရိုသေသမှုဖြင့် ပြန်ထွက်သွားသည်။

ရန်ဖြစ်သည့် နေရာက အဓိကတောင်ထိပ်မှာ ဖြစ်သလို မဟာအကြီးအကဲ လီထျန်းဟွာ ကိုယ်တိုင်လည်း ဝင်တားခဲ့သဖြင့် စစ်ဆေးမှုရလဒ်မှာ အလွန်ပင် လျင်မြန်စွာ ထွက်ပေါ်လာသည်။

မကြာမီမှာပင် လီဟုန်က ထန်ထျန်းကို လာရောက် သတင်းပို့လေသည်။

"ဟန်ဟိုင်က ရုတ်တရက် ရူးသွပ်သွားပြီး လုချန်းကျီကို အရင်တိုက်ခိုက်ခဲ့တာတဲ့လား"

ထန်ထျန်း မျက်ခုံးပင့်သွားသည်။

လီဟုန်က ခေါင်းညိတ်ပြကာ "ရလဒ်ကတော့ အဲဒီအတိုင်းပါပဲ။

ဟန်ဟိုင်ကိုယ်တိုင်လည်း ဝန်ခံသွားတယ်။ သူပြောတာကတော့ သူအချစ်ရဆုံး တပည့် လေး (ရှောင်းရွှယ်) က သူ့ရဲ့ ကိုယ်ပိုင် တပည့် (လျိုတန်းယွဲ့) ကို သတ်ပစ်ပြီး လှည့်မကြည့်ဘဲ ထွက်သွားတဲ့ကိစ္စကြောင့် သူ တော်တော်လေး စိတ်ထိခိုက်သွားရတယ်တဲ့။

အဲဒါကြောင့် သူ့မှာ အတွင်းနတ်ဆိုး ဝင်သွားခဲ့တာ။ လုချန်းကျီက သူ့ရဲ့ အတွင်း နတ်ဆိုးကို ဖြေရှင်းပေးဖို့ ကြိုးစားနေတုန်းမှာ ရုတ်တရက် တိုက်ခိုက် ဖြစ်သွားပြီး သူက လုချန်းကျီကို တိုက်ခိုက်မိသွားတာပါတဲ့။

အဲဒါကြောင့် သူတို့နှစ်ယောက် တိုက်ခိုက်ကြရတာပါလို့ ထွက်ဆိုသွားပါတယ်"

လီဟုန်၏ စကားအဆုံးတွင် ထန်ထျန်း ခဏမျှ တိတ်ဆိတ်သွားသည်။

ဟန်ဟိုင်လို အရှက်မရှိတဲ့ လူစားက လျိုတန်းယွဲ့ သေတာနဲ့ ရှောင်းရွှယ် ထွက်သွားတာကို စိတ်မကောင်းဖြစ်ပြီး အတွင်း နတ်ဆိုး ဝင်ရတယ် ဟုတ်လား။

မနောက်ပါနဲ့။

ဒါက သူတစ်သက်လုံး ကြားဖူးသမျှထဲမှာ အရယ်ရဆုံး ပြက်လုံးပဲ။

"စည်းကမ်းထိန်းထိမ်းရေးဌာနက အဲဒါကို ယုံသွားတာလား"

ထန်ထျန်းက မေးလိုက်သည်။

လီဟုန်က မတတ်သာသလို ပြန်ဖြေသည်။ "မယုံလို့ မရဘူးလေ။

ဟန်ဟိုင်ကိုယ်တိုင်က အပြစ်အားလုံးကို သူ့အပေါ်ပုံချပြီး ဝန်ခံသွားတာ။

လုချန်းကျီကလည်း အဲဒီစကားကိုပဲ ထောက်ခံတယ်။

ပြီးတော့ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲက တခြားဆိုးရွားတဲ့ အကျိုးဆက်တွေလည်း မရှိခဲ့ဘူးဆိုတော့ စည်းကမ်းထိန်းသိမ်းရေးဌာနကလည်း သတိပေးရုံပဲ ပေးပြီးတော့ လွှတ်ပေး လိုက်ရတာပေါ့"

ထန်ထျန်း နှုတ်ဆိတ်နေမိသည်။ အဖြစ်မှန်က ဤမျှ ရိုးရှင်းလိမ့်မည်ဟု သူ လုံးဝ မယုံကြည်ပေ။

"တခြား ထူးခြားတဲ့ အမူအရာရော သတိထားမိသေးလား"

ထန်ထျန်းက ထပ်မေးသည်။

လီဟုန် ခဏစဉ်းစားပြီးနောက် မျက်မှောင်ကြုတ်ကာ "ထူးဆန်းတာ တစ်ခုတော့ ရှိတယ်။

စစ်ဆေးနေတဲ့ တစ်လျှောက်လုံးမှာ လုချန်းကျီက တိတ်ဆိတ်နေတာပဲ။

အဲဒီ တိတ်ဆိတ်မှုက နည်းနည်းတော့ ထူးဆန်းတယ်။ သူ့ရဲ့ ဒေါသကို အတင်းအကျပ် ဖိနှိပ်ထားရတဲ့ ပုံစံမျိုးပေါ့။

အဲဒီ အခြေအနေကို အကဲခတ်တဲ့သူ အတော်များများလည်း မြင်ကြတယ်"

ထန်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။

လုချန်းကျီကို ဒေါသထွက်အောင် လုပ်နိုင်သည့် ကိစ္စက သိပ်မရှိလှပေ။

သို့သော် သဲလွန်စက ဤမျှသာ ရှိသဖြင့် ဘာကိုမှ ထပ်ပြီး ခွဲခြမ်းစိတ်ဖြာ၍ မရနိုင်သေးပေ။

ခဏမျှ စဉ်းစားပြီးနောက် ထန်ထျန်းက လီဟုန်ကို မှာကြားလိုက်သည်။ "ဒီရက်ပိုင်းအတွင်းမှာ လုချန်းကျီဘက်ကို အသေအချာ စောင့်ကြည့်ထား။

ငါတို့ဘက်က လူတွေကိုလည်း သတိပေးထားဦး၊ ဘာပြဿနာမှ အဖြစ်မခံနိုင်ဘူး။

ချီယွမ်တို့နဲ့ တခြား အာဏာရှိတဲ့ အကြီးအကဲတွေကိုလည်း လုချန်းကျီ အခွင့်အရေး မရအောင် သတိထားဖို့ ထပ်မှာထားလိုက်ဦး"

လီဟုန်က လေးနက်စွာ ခေါင်းညိတ်သည်။

သို့သော် သူက ဆက်ပြောသည်။ "သခင်လေး... အမှန်အတိုင်း ပြောရရင် လုချန်းကျီက အခုအချိန်မှာ သခင်လေးကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ဘူး။

ဒီကိစ္စကလည်း မတော်တဆ ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။

အခုလို အသေအချာ ဂရုစိုက်နေဖို့ တကယ် လိုအပ်လို့လား"

ထန်ထျန်းက ဖြည်းညှင်းစွာ ခေါင်းယမ်းလိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။

"ဒီကောင်နဲ့ ရင်ဆိုင်ရရင် ဘယ်လောက်ပဲ ဂရုစိုက်စိုက် မလုံလောက်ဘူး။

နောက်ဆုံးအဆင့်ကျမှ ပြဿနာ တစ်ခုခု တက်မလာစေချင်ဘူး။

အဲဒီအတိုင်းပဲ စီစဉ်လိုက်ပါ"

လီဟုန်က အမိန့်ကို နာခံပြီး ထွက်သွားလေသည်။

ထန်ထျန်းက ရှေးဟောင်းသစ်ပင် ကြီးအောက်တွင် ခဏမျှ ငြိမ်သက်စွာ ထိုင်နေပြီးနောက် ခေါင်းယမ်းလိုက်မိသည်။

T/N ကျွန်တော် တမင်ထည့်ရေးထားတယ့် မန်ကျည်းပင် မထည့်တော့ဘူးနော်😅😅

ဂိုဏ်းရဲ့ ဒုတိယအာဏာရှိတဲ့ နေရာကိစ္စက ချင်းယွဲ့ဂိုဏ်းမှာ သူလုပ်ရမယ့် နောက်ဆုံးကိစ္စပဲ ဖြစ်သည်။

ဂိုဏ်းကနေ ထွက်ခွာပြီး ထျန်းဖူနန်းတော်ကို သွားတဲ့အခါမှာတော့ သူက ဒီရာထူးကို တစ်ပါတည်း ယူသွားဖို့ စိတ်မကူးထားပေ။

ဒီရက်ပိုင်းအတွင်း သူစဉ်းစားထားသည့်အတိုင်း သူ့အစား ဒီနေရာမှာ ထိုင်နိုင်မယ့် သင့်တော်တဲ့ လူတစ်ယောက်ကိုတော့ သူ ရှာထားပြီးသား ဖြစ်သည်။

နောက်ဆုံးအချိန်ရောက်ဖို့ တစ်လတောင် မလိုတော့ပေ။

ဒီမတိုင်ခင်မှာ ဘာပြဿနာမှ ထပ်မတက်လာဖို့ မျှော်လင့်ရတာပဲ။

ဂိုဏ်းအတွင်းမှာတော့ ချီယွမ်၊ လီဟုန်နဲ့ တခြားသူတွေ ရှိနေသလို ထန်ထျန်းကလည်း အင်အားထပ်ချဲ့ဖို့ မလိုတော့တာမို့ ပြဿနာတက်ဖို့ အခွင့်အလမ်း နည်းပါသည်။

ဂိုဏ်းအပြင်ဘက်မှာဆိုရင်လည်း ကျန်တဲ့ ကုန်သွယ်ရေးအသင်း လေးခုကို ဝယ်ယူဖို့က ဒုတိယအဆင့်ကို ရောက်နေပြီ ဖြစ်သည်။

မဲပေးပိုင်ခွင့်တွေကလည်း သူ့လက်ထဲမှာ ရှိနေသလောက် ဖြစ်နေပြီမို့ ပြင်ပဩဇာလွှမ်းမိုးမှု အပိုင်းမှာလည်း သူက အောင်ပွဲခံဖို့ သေချာနေပြီ ဖြစ်သည်။

သို့သော်လည်း မတော်တဆမှုများ မရှိစေရန် ထန်ထျန်းက ခြေလှမ်းများကို ပိုမိုအရှိန်မြှင့်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူက သတင်းပို့ ကျောက်စိမ်းပြား ကို ထုတ်ယူကာ သတင်းစကား တစ်ခုကို ပေးပို့လိုက်လေတော့သည်။

All Chapters