← Chapters

နောက်ဆုံးည

Vol. 17 Ch. 196

နောက်ဆုံးည

Vol. 17 Ch. 196

မဟာအကြီးအကဲ၏ စာကြည့်ခန်းအတွင်း

ချီယွမ်က ကတ္တီပါဖျာ ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ထန်ထျန်းနှင့် လီထျန်းဟွာ တို့နှစ်ဦးမှာမူ သူ့အနားတွင် ဝန်းရံရပ်နေကြသည်။

ထန်ထျန်း၏ ကုသပေးမှုကြောင့် လက်ရှိတွင် ချီယွမ်၏ အခြေအနေမှာ အခြေခံအားဖြင့် တည်ငြိမ်နေပြီ ဖြစ်သည်။

အသက်စွမ်းအားများ လောင်မြိုက်နေခြင်း မရှိတော့သလို ဝိညာဉ်မှာလည်း ရူးသွပ်မနေတော့ပေ။

သို့သော် သူ၏ အသိစိတ်မှာမူ လုံးဝ ပြန်လည် နိုးထလာခြင်း မရှိသေးပေ။

အတွင်းနတ်ဆိုး က သူ၏ ဝိညာဉ်နှင့် အတွေးများကို လုံးဝ ဝါးမြိုထားပြီး ဖြစ်သည်။ ဤသည်မှာ ချီယွမ်၏ စိတ်အတွင်းမှ စွဲလမ်းမှု ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ရာ သူကိုယ်တိုင်အပေါ်မှာသာ မူတည်နေသည်။ အပြင်လူများ မည်မျှပင် စွမ်းအားကြီးမားပါစေ သူ့ကို အတိတ်ဖြစ်ရပ်များမှ ပြန်လည် နိုးထလာအောင် မလုပ်ပေးနိုင်ကြပေ။

"ဟူး..."

လီထျန်းဟွာ က လေးလံစွာ သက်ပြင်းချလိုက်သည်။

"နှစ်ပေါင်း ရာနဲ့ချီပြီ... သူက နောင်တတွေ၊ နာကျင်မှုတွေကြားမှာပဲ အမြဲ ရှင်သန်နေခဲ့တာ။"

"ဒီလောက် ကြာတဲ့ အချိန်အတွင်းမှာ အဲ့ဒီ စွဲလမ်းမှုကို စိတ်ထဲမှာ အနိုင်နိုင် ဖိနှိပ်ထားခဲ့ရတာ... ဒါပေမဲ့ မထင်မှတ်ဘဲ အတွင်းနတ်ဆိုး က ပြန်ပြီး ထလာလိမ့်မယ်လို့ မထင်ခဲ့ဘူး။"

"ဒါ့အပြင် ဒီတစ်ခါ အတွင်းနတ်ဆိုး ရဲ့ တန်ပြန်သက်ရောက်မှုက အရင်ကထက် ပိုပြီး ပြင်းထန်နေတယ်။"

ထန်ထျန်းက မည်သည့် အမူအရာမှ မပြဘဲ တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်ယ "ဒါဆို လူအိုကြီး ချီက ဘာအကြောင်းကြောင့် ရုတ်တရက် အတွင်းနတ်ဆိုး ထပြီး အခုလို ပုံစံမျိုး ဖြစ်သွားရတာလဲ"

လီထျန်းဟွာ က ခဏမျှ ကြောင်သွားပြီး တစ်ခဏအတွင်းမှာပင် အကြောင်းအရာ အတော်များများကို တွေးတောမိသွားပုံရသည်။

အတော်ကြာပြီးနောက် သူက နောက်တစ်ကြိမ် လေးနက်စွာ သက်ပြင်းချပြန်သည်။

"ဝါးတောတာအိုဆရာ ကြောင့်ပဲ"

"ဒါက ချီယွမ် ဘယ်တော့မှ ကျော်ဖြတ်လို့ မရနိုင်တဲ့ အတားအဆီးတစ်ခုပဲ။"

"ဟိုးအရင်တုန်းက ချီယွမ်ဟာ သွေးဆောင်ဖြားယောင်းမှု ခံခဲ့ရပြီး ဂိုဏ်းအတွင်းမှာ ဒုဂိုဏ်းချုပ် ရာထူးတစ်ခု ထားရှိဖို့ အတင်းအကျပ် တောင်းဆိုခဲ့တယ်။"

"သူ့ကို ထောက်ခံတဲ့သူတွေက အခြေခံအားဖြင့်တော့ မရိုးသားတဲ့ အကြံအစည် ရှိတဲ့သူတွေချည်းပဲ။"

"ဒါပေမဲ့ ဝါးတောတာအိုဆရာ ကတော့ သူ ဂိုဏ်းချုပ်ဖြစ်လာဖို့ကို တကယ်ပဲ စိတ်ရင်းနဲ့ ထောက်ခံခဲ့တာ။"

လီထျန်းဟွာ က အတိတ်ကို ပြန်လည် အမှတ်ရနေသော မျက်လုံးများဖြင့် ဖြည်းဖြည်းချင်း ပြောပြနေသည်။

"အဲ့ဒီတုန်းက သူက အခွင့်အရေး တကယ်ရှိခဲ့တယ်၊ ပြောရရင် ခြေတစ်လှမ်းပဲ လိုတော့တာ။"

"ဒါပေမဲ့ နောက်ပိုင်းမှာ အာဏာလုပွဲတွေ ဖြစ်ပွားပြီး ဂိုဏ်းတစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းတဲ့ စစ်မီးတွေကြားထဲ ရောက်သွားခဲ့ရတယ်။ အဲ့ဒီတော့မှ ချီယွမ်က သူဟာ သူတစ်ပါးရဲ့ အသုံးချတာ ခံလိုက်ရမှန်း သိသွားခဲ့တာ။"

"ဒါတောင်မှ ဝါးတောတာအိုဆရာ က သူ့ရဲ့ စွမ်းအားတွေနဲ့ အရာအားလုံးကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းထားပေးခဲ့ပြီး သူ့အတွက် ရှေ့ဆက်မယ့် လမ်းကို ခင်းပေးခဲ့သေးတယ်။ သူက သတ္တိရှိရှိနဲ့ နောက်ဆုံး ခြေတစ်လှမ်းကို ထပ်လှမ်းဖို့ပဲ လိုတာ။"

"ဒါပေမဲ့ ချီယွမ်က နောက်ဆုတ်သွားခဲ့တယ်။"

"သူ့ရဲ့ နောက်ဆုတ်မှုကြောင့်ပဲ ဝါးတောတာအိုဆရာ က ပညာရှင် အမြောက်အမြားရဲ့ ဝိုင်းရံတိုက်ခိုက်တာကို ခံရပြီး ရုန်းမထွက်နိုင်ဘဲ နောက်ဆုံးမှာ ကံဆိုးစွာနဲ့ အသက်ဆုံးရှုံးသွားခဲ့ရတယ်။"

"သေခါနီးအချိန်မှာတောင် ဝါးတောတာအိုဆရာ က ချီယွမ်အတွက် ပြဿနာ အတော်များများကို ဖြေရှင်းပေးခဲ့လို့ သူဟာ ထျန်းဖူနန်းတော် ရဲ့ အပြစ်ဒဏ်ကနေ လွတ်မြောက်ခဲ့တာ။"

"ချီယွမ်အတွက်တော့ ဝါးတောတာအိုဆရာ က သူ၏ အရင်းနီးဆုံး သူငယ်ချင်း၊ ဆရာ၊ လမ်းပြသူ နဲ့ ဘဝကို ကယ်တင်ခဲ့တဲ့ ကျေးဇူးရှင်လည်း ဖြစ်တယ်။"

"ဒါပေမဲ့ အဲ့ဒီအတွက်ကြောင့်ပဲ သူက ဝါးတောတာအိုဆရာ သေဆုံးမှုအပေါ် အမြဲတမ်း စိတ်စွဲလမ်းနေပြီး အဲ့ဒီဒဏ်ရာကနေ ရုန်းမထွက်နိုင်ဘဲ နောက်ဆုံးမှာ အတွင်းနတ်ဆိုး ဆီကို လုံးဝ ကျဆင်းသွားခဲ့ရတာပဲ။"

လီထျန်းဟွာ ပြောပြသော အတိတ်သမိုင်းကြောင်းကို နားထောင်ပြီးနောက် ထန်ထျန်းက တိတ်ဆိတ်သွားခဲ့သည်။

သူ၏ အမှားကြောင့် ဤကဲ့သို့သော လူတစ်ဦး အသက်ဆုံးရှုံးသွားရခြင်းမှာ အမှန်တကယ်ပင် စိတ်ဒဏ်ရာမှ ရုန်းထွက်ရန် ခက်ခဲလှပေလိမ့်မည်။

ချီယွမ် ကြုံတွေ့ခဲ့ရသည်များကို ကိုယ်တိုင် မကြုံတွေ့ဖူးဘဲ သူ၏ ခံစားချက်ကို နားလည်ရန်မှာ ခက်ခဲလှသည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က ချီယွမ်သည် အမှန်တကယ်ပင် အမှားကြီးတစ်ခု ကျူးလွန်ခဲ့ပေလိမ့်မည်။

သို့သော် မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ တစ်စုံတစ်ဦးက သူ့ကို အသုံးချကာ သူ့ကို တိုက်ခိုက်ရန် အကြောင်းပြချက် မဖြစ်သင့်ပေ။

"မဟာအကြီးအကဲ။"

"ဒီကိစ္စကို ဘယ်သူလုပ်ခဲ့လဲဆိုတာ သိမှာပါနော်"

ထန်ထျန်းက မေးလိုက်သည်။

လီထျန်းဟွာ က ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြသည်။

"ဂိုဏ်းအတွင်းမှာ အဲ့ဒီကိစ္စကို သိတဲ့လူတွေ မနည်းပါဘူး၊ ချီယွမ်ရဲ့ စိတ်ထဲက အတွင်းနတ်ဆိုး ကို ထကြွအောင် လုပ်နိုင်တဲ့လူတွေလည်း ရှိနေနိုင်ပါတယ်။"

"ဒါပေမဲ့ အဲ့ဒီလူတွေထဲမှာ ဒီလိုလုပ်ဖို့ အကြောင်းပြချက် ရှိတဲ့လူကတော့ တစ်ယောက်ပဲ ရှိတယ်။"

"လုချန်းကျီ ပေါ့။"

ထန်ထျန်း စကားမပြောပေ။

လက်ရှိ အခြေအနေအရ ဤကိစ္စမှာ လုချန်းကျီ၏ လက်ချက်ဖြစ်ကြောင်း အခြေခံအားဖြင့် ခန့်မှန်းနိုင်သည်။

သို့သော် လီထျန်းဟွာ ပြောပုံအရ သူက လုချန်းကျီမှာ ယခင်က ခရမ်းရောင်ဝါးခြံဝင်းတွင် နေထိုင်ခဲ့သူ ဖြစ်ကြောင်းကိုမူ သတိထားမိပုံ မရပေ။

"ဂိုဏ်းက ဒါကို အရေးယူမှာလား"

ထန်ထျန်းက လုချန်းကျီ၏ နောက်ကြောင်းပြဿနာကို ထုတ်မပြောဘဲ မေးလိုက်သည်။

လီထျန်းဟွာ က သက်ပြင်းတစ်ချက်ချကာ ပြောသည်။ "မင်း ချီယွမ်ကို ဟန့်တားပေးပြီးတာနဲ့ ငါ ချက်ချင်းပဲ ယွင်ခုံး ကို လူလွှတ်ပြီး လုချန်းကျီကို သွားရှာခိုင်းခဲ့တယ်။"

"ဒါပေမဲ့ သူ မရှိတော့ဘူး။"

"သူက ချီယွမ်ကို သုံးပြီး ဘယ်လို ရည်ရွယ်ချက်ပဲ ရှိရှိ... မင်းဘက်က အင်မော်တယ်အဆင့် အထက်က စွမ်းအားကို ထုတ်ပြလိုက်ပြီးတဲ့နောက်မှာ သူ့ရဲ့ နည်းလမ်းတွေ အားလုံးက အသုံးမဝင်တော့ဘူးဆိုတာ သူ သိသွားမှာပဲ။"

"ဒီလို အခြေအနေမျိုးမှာ ငါသာ မင်းနေရာမှာဆိုရင်လည်း အားလုံး ရှုံးနိမ့်သွားပြီဖြစ်တဲ့အတွက် ဂိုဏ်းထဲမှာ ဆက်နေဖို့ ရွေးချယ်မှာ မဟုတ်ဘူး။"

ထန်ထျန်း တိတ်ဆိတ်သွားသည်။

လုချန်းကျီက ဤမျှအထိ လျင်မြန်စွာ ထွက်ပြေးသွားလိမ့်မည်ဟု မထင်ထားပေ။

သို့သော်လည်း ချင်းယွဲ့ဂိုဏ်းက သူ့ကို ဖမ်းမိလျှင်ပင် သူက အပြစ်ဒဏ်မှ ကင်းလွတ်အောင် လုပ်နိုင်သည့် နည်းလမ်းပေါင်းစုံ ရှိနေပေလိမ့်မည်။

အဆိုးဆုံးအနေဖြင့် ဂိုဏ်းမှ အနှင်ခံရရုံသာ ရှိပေလိမ့်မည်။

မမေ့သင့်သည်မှာ သူက ထျန်းဖူနန်းတော် ရှိ ကောင်းခြင်း ဆိုးခြင်း ၏ ခန်းမသခင် ဖြစ်သည်။

မိုရှောင်းရှောင်း ကဲ့သို့ပင် ပြစ်မှုထင်ရှားလျှင်ပင် သူ့ကို မည်သို့မျှ လုပ်၍ ရနိုင်မည် မဟုတ်ပေ။

သို့သော် ထန်ထျန်းက ဤအတိုင်း လွှတ်ထားရန် အစီအစဉ်မရှိပေ။

သူနှင့် ချီယွမ် သိကျွမ်းခဲ့သည့် အချိန်မှာ မကြာသေးသော်လည်း ချီယွမ်၏ သူ်အပေါ် ထားရှိသော စိတ်ရင်းစေတနာကို သူ အမှန်တကယ် ခံစားမိသည်။

ယခုအခါ ချီယွမ်က လုချန်းကျီကြောင့် အတွင်းနတ်ဆိုး နွံထဲသို့ ကျဆင်းသွားခဲ့ရပြီး မည်သည့်အချိန်မှ ပြန်နိုးလာမည်ကို မည်သူမှ မသိနိုင်ပေ။

ဤသည်ကို ထန်ထျန်းက မည်သို့ လျစ်လျူရှုနိုင်မည်နည်း။

ခဏမျှ တိတ်ဆိတ်နေစဉ်မှာပင် တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

လီထျန်းဟွာ က တံခါးဖွင့်ပေးလိုက်သောအခါ ရင်းနှီးသော လူရိပ်တစ်ခု ဝင်လာသည်။

သူမှာ ဂိုဏ်းချုပ်လေး ဖြစ်သော ယွင်ခုံး ပင် ဖြစ်သည်။

ထို့နောက် လီထျန်းဟွာ က ထန်ထျန်းကို တစ်ချက်ကြည့်ကာ သူတို့နှစ်ဦးအတွက် သီးသန့်နေရာပေးရန် အပြင်သို့ ထွက်သွားခဲ့သည်။

ယွင်ခုံးက ရှေ့သို့ လှမ်းလာပြီး ထန်ထျန်းနှင့် အတူ ရပ်လိုက်သည်။

"လုချန်းကျီ... သူ ထျန်းဖူ နန်းတော်ကို ထွက်ပြေးသွားပုံရတယ်။"

"အခု ငါလည်း သူ့ကို ဆက်သွယ်လို့ မရတော့ဘူး။"

သူက တိုးညှင်းသော လေသံဖြင့် ပြောသည်။

ထန်ထျန်း စကားမပြောပေ။

ယွင်ခုံးနှင့် လုချန်းကျီတို့ကြားတွင် လျှို့ဝှက် ပူးပေါင်းမှုများ ရှိခဲ့ကြောင်း သူ သိသည်။ ယခု ယွင်ခုံးပင် လုချန်းကျီကို ရှာမတွေ့တော့ဟု ဆိုပါက သူသည် ဂိုဏ်းသို့ ပြန်လာတော့မည် မဟုတ်သည်မှာ သေချာသလောက် ရှိသည်။

ခဏမျှ တိတ်ဆိတ်ပြီးနောက် ယွင်ခုံးက ထပ် ပြောသည်။ "မင်း သိထားမှာပါ၊ ငါက အရင်က သူ့ကို အမြဲ ထောက်ခံခဲ့တာ။

တုယွမ်ချင်း ရဲ့ ကိစ္စကလည်း ငါနဲ့ သူ အတူတူ ကြံစည်ခဲ့တာပဲ။"

"ဒါပေမဲ့ ဒီတစ်ခါတော့... သူ တကယ်ပဲ လွန်သွားပြီ။"

"ဘာပဲဖြစ်ဖြစ် သူက တောင်ထိပ်သခင် ချီယွမ် ဆီကိုတော့ မထိ သင့်ဘူး။"

"ဒီညက ဖြစ်ရပ်ပြီးတဲ့နောက်မှာတော့ ဘယ်သူမှ သူ့ဘက်မှာ ရပ်တည်ရဲတော့မှာ မဟုတ်ဘူး။"

"အဲ့ဒီ ရာထူးအတွက် မင်း တစ်ယောက်ပဲ ကျန်တော့တယ်။"

ထန်ထျန်းကတော့ တုံ့ပြန်ခြင်း မရှိသေးပေ။

သူက ထိုရာထူးကို အစကတည်းက စိတ်မဝင်စားခဲ့ပေ။ အကယ်၍ ထိုရာထူးက သူ့ထံသို့ ချောမွေ့စွာ ရောက်ရှိလာပါက ထိုရာထူးကို ရယူချင်ခဲ့ဖူးသော အခြားတစ်ဦးကို ပေးရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။

သို့သော် ထိုသူမှာ ယခုအခါ သတိမေ့မြောနေဆဲ ဖြစ်သည်။

အတော်ကြာပြီးနောက် ထန်ထျန်းက မေးလိုက်သည်။ "အကယ်၍ ဒီနေ့ ငါသာ ချီယွမ်ကို အောင်အောင်မြင်မြင် မဟန့်တားနိုင်ခဲ့ရင် အခြေအနေတွေ ပြောင်းလဲသွားမှာလား"

ယွင်ခုံးက မျက်မှောင်ကြုတ်ကာ ခေါင်းခါပြလိုက်သည်။

"မပြောင်းလဲဘူး။"

"လုချန်းကျီက စည်းကျော်သွားပြီ၊ ဒါက သူဟာ ပြီးခဲ့တဲ့ အချိန်တွေအတွင်းမှာ သူ့ရဲ့ ဆင်ခြင်တုံတရားတွေကို လုံးဝ ဆုံးရှုံးသွားပြီဆိုတာကို သက်သေပြနေတာပဲ။"

"ဘယ်သူမှ ဒီလို လူမျိုးကို ထောက်ခံမှာ မဟုတ်ဘူး။"

"ဒါပေမဲ့ သူ့ရဲ့ နည်းလမ်းတွေကတော့ အမြဲတမ်း မထင်မှတ်ထားတာတွေ ဖြစ်လေ့ရှိတယ်၊ သူ နောက်ထပ် ဘာတွေ ကြံစည်ထားဦးမလဲဆိုတာ ဘယ်သူမှ ခန့်မှန်းလို့ မရဘူး။"

ထန်ထျန်း ထပ်မံ တိတ်ဆိတ်သွားပြန်သည်။

လုချန်းကျီက တကယ်ပဲ ဆင်ခြင်တုံတရား ကင်းမဲ့သွားတာလား

ဟန်ဟိုင်နှင့် ပဋိပက္ခ ဖြစ်ပြီးကတည်းက သူ၏ အပြုအမူများက ထိုသို့ ဖြစ်နိုင်ကြောင်း ပြသနေသည်။

သို့သော်လည်း နောက်ကွယ်မှ အမြဲတမ်း ကြိုးကိုင်ခြယ်လှယ်တတ်ပြီး ဓားသွားပေါ်တွင် ကပြနေသော ထိုပရိယာယ်ကြွယ်ဝသူက နောက်ဆုံးအချိန်တွင်မှ ဝေဖန်ပိုင်းခြားနိုင်စွမ်း ဆုံးရှုံးသွားလိမ့်မည်ဟု ထန်ထျန်း လုံးဝ မယုံကြည်ပေ။

သူ့တွင် အခြားသော ရည်ရွယ်ချက် တစ်ခုခု မုချ ရှိနေပေလိမ့်မည်။

သူတို့နှစ်ဦးက ခဏမျှ တိတ်ဆိတ်စွာ ရပ်နေကြပြီး အခြား စကားများ ထပ်မံ မပြောဖြစ်ကြတော့ပေ။

ယခုအခါ သန်းခေါင်ကျော် အချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး အပြင်ဘက်မှ လေပြင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုမှာလည်း မည်သည့်အချိန်က ရပ်တန့်သွားမှန်း မသိဘဲ ငြိမ်သက်နေပြီ ဖြစ်သည်။

မိုးလင်းလာသည့်အခါတွင်မူ ထိုရာထူးကို မည်သူ ရရှိမည်ဆိုသည်ကို အတည်ပြု ဆုံးဖြတ်မည့်အချိန်သို့ ရောက်ရှိလာတော့မည် ဖြစ်သည်။

ထန်ထျန်းက သတိမေ့မြောနေဆဲဖြစ်သော ချီယွမ်ကို ကြည့်ကာ ရုတ်တရက် လှည့်ထွက်သွားခဲ့သည်။

"သူ့ကို အရင် ဂရုစိုက်ပေးထားပါ။"

"သူ့ကို ပြန်နိုးလာစေမယ့် နည်းလမ်းကို ငါ ရှာဖွေပါ့မယ်။"

ထန်ထျန်းက ပြောလိုက်တော့သည်။

( လူတိုင်းမှာ နောင်တရစရာ ဆိုတာ ရှိတတ်ပါတယ် တချို့က ပြင်လို့ရပေမယ့် တချို့က ပြင်လို့မရတော့ပါဘူး ပြီးပြီးသားကိစ္စ က ခုနက ချီယွမ်လို မဟုတ်ခဲ့ရင် ဖြေသိမ့်နိုင်ကြပါစေ)

All Chapters