← Chapters

သွေးမိစ္ဆာကြာပန်း

Vol. 17 Ch. 232

သွေးမိစ္ဆာကြာပန်း

Vol. 17 Ch. 232

"မသတ်ပါနဲ့။ ချမ်းသာပေးပါ။"

ချန်ယန်သည် အကြင်နာကင်းမဲ့သည့် သတ်ဖြတ်ခြင်းနတ်ဘုရားသဖွယ် သူ့ထံသို့ လျှောက်လှမ်းလာသည့် ရှောင်ချိုးအား ကြောက်ရွံ့စွာဖြင့် ကြည့်နေမိသည်။

သူသည် လွန်စွာအစွမ်းထက်သူတစ်ဦး ဖြစ်သည်။ သူတို့နှစ်ဦးစလုံးမှာ ဝိညာဉ်ဖွဲ့စည်းခြင်းတစ်ပိုင်း အဆင့်သို့ ရောက်ရှိနေကြခြင်း ဖြစ်သော်လည်း ယင်းမှာ တစ်ဖက်သတ် အနိုင်ကျင့်ရိုက်နှက်နေခြင်း ဖြစ်သည်။

သို့သော်လည်း ချန်ယန်မှာ သေချင်စိတ် မရှိချေ။ ရှည်ကြာကာ ခက်ခဲလွန်းသည့် ခရီးကြမ်းအား လျှောက်လှမ်းလာခဲ့ပြီး နောက်မှသာ ဤအဆင့်သို့ တက်လမ်းလာနိုင်ခဲ့ခြင်း ဖြစ်သည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် ခြေတစ်လှမ်းသာလျှင် လိုတော့သည်။ ထိုအဆင့်သို့ ရောက်ရှိသွားမည်ဆိုလျှင် သူ၏သက်တမ်းမှာ နှစ်တစ်သောင်းကျော် တိုးမြင့်သွားမည်ဖြစ်သဖြင့် ဤနေရာတွင် သေဆုံးမသွားလိုပေ။

"အသက်ချမ်းသာပေးမယ်ဆိုရင် သွေးမိစ္ဆာကြာပန်းရဲ့ တည်နေရာကို ပြောပြပါ့မယ်။ သွေးမိစ္ဆာကြာပန်းက အပြည့်အ‌ဝ အရွယ်ရောက်လာတော့မှာပါ။ ရင့်မှည့်လာပြီဆိုရင် သူက အဆင့် ၂ အင်မော်တယ်ဆေးမြစ် ဖြစ်လာပါလိမ့်မယ်။ သူ့ကို စားသုံးလိုက်မယ်ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းအခြေခံကို တဟုန်ထိုး တိုးမြင့်သွားစေနိုင်မှာပါ။" ချန်ယန်သည် အသက်ရှင်သန်လိုလျှင် ထိုက်ထိုက်တန်တန် ကမ်းလှမ်းရမည်မှန်း သိသည်။

မျှော်လင့်ထားသလိုပင် သူ၏စကားများကြောင့် ရှောင်ချိုး၏မျက်လုံးများ အရောင်လက်လာသည်။ "ကောင်းပြီလေ။ ပြောပါဦး သွေးမိစ္ဆာကြာပန်းကို ဘယ်နေရာမှာ သိမ်းထားလဲ။"

"အရင်ဆုံး ကောင်းကင်တာအိုကို ကျိန်ဆိုရမယ်။ ပြီးတော့မှ ပြောပြမယ်။"

ရှောင်ချိုး ခေါင်းညိတ်ကာဖြင့် ချက်ချင်း ကျိန်ဆိုလိုက်သည်။ "ကျိန်ဆိုပါသည်။ အကယ်၍ ချန်ယန်သည် ကျွန်ုပ်အား သွေးမိစ္ဆာကြာပန်း၏ တည်နေရာအား ထုတ်ဖော်ပြောကြားပြီးပါက သူ့အား သတ်ဖြတ်ခြင်းပြုမည် မဟုတ်ပါ။ ကျိန်ဆိုမှုအား ချိုးဖောက်မိပါက ကောင်းကင်၏ မိုးကြိုးပစ်ဒဏ်အား ခံယူရပြီး ကျွန်ုပ်၏ တာအိုနှလုံးသားမှာလည်း ချက်ချင်းဆိုသလို အက်ကွဲသွားပါစေ။"

ချန်ယန်သည် ရှောင်ချိုး၏ ကျိန်ဆိုမှုပြီးသည့်နောက်တွင်မှ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချနိုင်တော့သည်။ ထို့နောက်တွင် သွေးမိစ္ဆာကြာပန်း၏ တည်နေရာအား ပြောကြားလိုက်သည်။

ရှောင်ချိုးသည် သွေးမိစ္ဆာကြာပန်း၏ တည်နေရာအား သိရှိပြီးနောက်တွင် ပြုံးကာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ကောင်းကင်အား မော့ကြည့်လိုက်သည်။

ချန်ယန်သည်လည်း သူ၏အကြည့်လားရာသို့ စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်လေသည်။ ထို့နောက်တွင် လေကိုခွင်းကာ ရောက်ရှိလာသည့် အနက်ရောင်ဓားချက်အား မြင်တွေ့လိုက်ရသည်။

ချက်ချင်းဆိုသလိုပင် အန်လင်း ဆင်းသက်လာကာ သူ၏ဓားအား ပြန်သိမ်းလိုက်သည်။

“မင်းးး”

ချန်ရန်၏မျက်လုံးများမှာ နီရဲနေပြီး သူ၏အမူအရာမှာလည်း နောင်တတရားနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေလေသည်။

သို့သော်လည်း သူ၏လည်ပင်းတွင် သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်နေပြီး ဖြစ်သည်။

ဝုန်း

သူ၏ဦးခေါင်း မြေပြင်ပေါ်သို့ ပြတ်ကျသွားပြီးနောက် ကျန်ရစ်သည့် ခန္ဓာကိုယ်မှ သွေးများပန်းထွက်လာသည်။

ချန်ယန်သည် သေဆုံးတော့မည့် အချိန်ကျမှသာလျှင် လှည့်စားခံလိုက်ရမှန်း သဘောပေါက်သွားတော့သည်။ သို့သော်လည်း လွန်စွာနောက်ကျသွားပြီ ဖြစ်သည်။

ဟုတ်သည်။ ရှောင်ချိုးသည် သူ့အား သတ်ဖြတ်ခြင်းမပြုဟု ကျိန်ဆိုခဲ့သည်။ သို့သော်လည်း အခြားသူများမှ သတ်ဖြတ်နိုင်ပေသည်။ အန်လင်းအတွက် သေဆုံးလုနီးနီး ဝိညာဉ်ဖွဲ့စည်းခြင်းတစ်ပိုင်းအဆင့် ကျင့်ကြံသူအား သတ်ဖြတ်ရန်မှာ လွန်စွာလွယ်ကူလှသည်။

လျှိုဟူနှင့် လျှိုစုစုတို့သည် ကောင်းကင်တိမ်တိုက်နန်းတော်၏ အစွမ်းအထက်ဆုံးသော ကျင့်ကြံသူအား ခေါင်းဖြတ်ပစ်လိုက်သည်ကို မြင်တွေ့ပြီးသည့်နောက်တွင် အန်လင်းအား ပို၍ပင် လေးစားလာမိကြသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ထိုမကောင်းဆိုးဝါး အဖွဲ့အစည်း၏ ဖုံးကွယ်ထားသည့် အမှောင်ဘက်ခြမ်းအား တွေ့မြင်ပြီးသည့်နောက်တွင် ချင်ယန်၏ သေဆုံးသွားမှုအပေါ် အတော်လေး ဝမ်းမြောက်မိသည်။

"ရှောင်ချိုးရေ.. သွေးမိစ္ဆာကြာပန်းဆီကို ဦးဆောင်သွားလိုက်။"

ကောင်းကင်တိမ်တိုက်ဂိုဏ်း၏ မကောင်းဆိုးဝါး ကျင့်ကြံသူများအား ရှင်းလင်းပြီးသည့်နောက်တွင် အန်လင်းသည် ချန်ယန်၏ သိုလှောင်လက်စွပ်အား သိမ်းယူကာဖြင့် သူတို့၏ အဓိကရည်ရွယ်ရာသို့ ထွက်ခွာလာခဲ့သည်။

ဤနေရာသို့ ရောက်ရှိလာရသည့် အဓိက အကြောင်းအရင်းမှာ သွေးမိစ္ဆာကြာပန်းအား ရှာဖွေရန်ဖြစ်သည်။ ယင်းကြာပန်းသည် ပုရွက်ဆိတ်ဘုရင်မကို သတ်ဖြတ်ရမည့် သူ၏တာဝန်အတွက် လွန်စွာအရေးပါလှသည်။

ရှောင်ချိုးသည် အရိုးတောင်ပို့များဆီသို့ ပျံသန်းသွားပြီးနောက် ယင်းတို့အပေါ်ရှိ အနက်ရောင်တံဆိပ် ၉ ခုအား ကောက်ယူလိုက်သည်။ ထို့နောက်တွင် ကောင်းကင်တိမ်တိုက်နန်းတော်၏ အရှေ့တောင်ဘက်ပိုင်းသို့ သွားရောက်ကာ မြေပြင်ရှိ အပေါက်တစ်ခုအား လက်သီးဖြင့်ထိုးလိုက်သည်။ ထို့နောက်တွင် မြေအောက်သို့ သွားရောက်သည့် လမ်းတစ်ခုအား မြင်တွေ့လိုက်ရသည်။

မြေအောက်လိုဏ်ဂူ၏ အလယ်ဗဟိုတွင် ကြီးမားလှသည့် ဝင်္ကပါပြားတစ်ခု ရှိသည်။ ရှောင်ချိုးသည် တံဆိပ် ၈ ခုအား ဝင်္ကပါပြား၏ နေရာအသီးသီးတွင် စိုက်ထူလိုက်သည်။ ထို့နောက်တွင် ဝင်္ကပါပြား ပြင်းထန်စွာ တုန်ခါလာသည်။

"အနက်ရောင်သွေးကြာပန်းတံဆိပ်တွေက ကျင့်ကြံသူတွေရဲ့ အသွေးအသားတွေကို စုပ်ယူပြီး မြေအောက်လိုဏ်ဂူထဲမှာ ရှိနေတဲ့ သွေးမိစ္ဆာကြာပန်းဆီကို ဝင်္ကပါကနေတဆင့် မြေဩဇာအဖြစ် လွှဲပြောင်းပေးနေတာပဲ။" အန်လင်းသည် ဖြည်းညင်းစွာဖြင့် မြင့်တက်လာနေသည့် စင်မြင့်အားကြည့်နေရင်း ကောင်းကင်ဘုံပိုင်နက်ရှိ အင်ပါယာကျိဝေထံမှ ရရှိလာခဲ့သော အချက်အလက်များအား ပြန်တွေးနေမိသည်။ "ဒါပေမဲ့လည်း သွေးမိစ္ဆာကြာပန်း ပွင့်လာရင်တောင် ကောင်းကင်တိမ်တိုက်နန်းတော်က လူတွေ သုံးလို့မရဘူး။ ပုရွက်ဆိတ် ဘုရင်မက အဲဒီပန်းကို ကောင်းကင်တိမ်တိုက်နန်းတော်ကို လက်ဆောင်အနေနဲ့ ပေးထားတာ မဟုတ်ဘူး။ ပုရွက်ဆိတ်ဘုရင်မက အဲဒီပန်းပွင့်ကို ကြီးထွားလာစေဖို့ ရည်ရွယ်ချက်နဲ့ ပေးထားတာပဲ။"

စင်မြင့်ထက်တွင် ရဲရဲနီစွေးသည့် ကြာပန်းတစ်ပွင့် တည်ရှိနေကာ ထူးဆန်းသည့် ရနံ့များ ထုတ်လွှတ်နေလေသည်။ ထိုရံ့များအား ရှူရှိုက်မိသူမှာ ခုခံနိုင်စွမ်း ကင်းမဲ့ကာဖြင့် ညှို့ငင်ဖမ်းစားခြင်း ခံရပေလိမ့်မည်။

လျှိုဟူနှင့် လျှိုစုစုတို့သည် အားနည်းသည့် ကျင့်ကြံခြင်းအခြေခံများကိုသာ ပိုင်ဆိုင်ထားကြသည့်အတွက် ထိုပန်းပွင့်အား မြင်တွေ့ပြီးသည့်နောက်တွင် အကြည့်မလွှဲနိုင်တော့ဘဲ သူတို့၏မျက်နှာတွင် ကြည်နူးပျော်ရွှင်သည့်အပြုံးများ ဖြစ်တည်လာကြသည်။

"သောက်ကျိုးနည်းဟေ့ ဒီပန်းပွင့်ရဲ့ ညှို့နိုင်စွမ်းကတော့ ရှောင်းဟုန်နဲ့တောင် ယှဉ်လို့ရတယ်။" အန်လင်း၏ အမူအရာများ အနည်းငယ်ပြောင်းလဲသွားပြီးနောက် ခေါင်းညိတ်ကာဖြင့် ချီးကျူးလိုက်သည်။

အန်လင်း၏ အိတ်ကပ်အတွင်းမှ ပြင်းပြင်းထန်ထန် ပေါက်ကွဲသံထွက်ပေါ်လာပြီး မကျေနပ်မှုအား ဖော်ပြနေလေသည်။

"ကောင်းပါပြီ။ ကောင်းပါပြီ။ ဘယ်သူကပိုပြီး ညှို့ငင်နိုင်သလဲလို့ ကြည့်မယ်ဆိုရင် အဲဒီ ကြာပန်းက ရှောင်းဟုန်လေးကို နည်းနည်းလေးတောင် မယှဉ်နိုင်ပါဘူးနော်။" အန်လင်းမှာ ချက်ချင်းဆိုသလိုပင် အမှားပြင်လိုက်ရသည်။

သူ၏အိတ်ကပ်အတွင်းမှ ဆန္ဒပြမှုသည် ပိုမိုပြင်းထန်းလာပြီး သူ၏ အမှားပြင်ပေးမှုကြောင့် ပိုမိုကာ အခြေအနေဆိုးဝါးသွားပုံပင်။

"အစ်ကိုကြီး အန်ရေ.. မမဟုန်က ဘယ်သူနဲ့မှ မတူတဲ့အကြောင်းလေး ပြောသင့်တာပါနော်။ သူမရဲ့ အလှအပကလည်း လတ်ဆတ်တဲ့လေညင်းလေးကို ရှူရှိုက်ရသလိုမျိုးပဲလို့ ပြောသင့်ပါတယ်နော်။ ဝုတ်" တပိုင် ပြောလေသည်။

တပိုင်၏ စကားများကြောင့် အန်လင်း၏ အိတ်ကပ်အတွင်းမှ ဆန္ဒပြမှုများ ငြိမ်သက်သွားသည်။

တပိုင်သည် မိန်းမကျမ်းကြေနေသူ တစ်ဦးသဖွယ် အန်လင်းအား ခပ်ညစ်ညစ်ကြည့်လိုက်သည်။

အန်လင်း : “…”

သို့သော်လည်း အန်လင်းမှာ ခွေးတစ်ကောင်လောက်ပင် မိန်းမများ၏ နှလုံးသားအား နားမလည်နိုင်ကြောင်းကိုမူ မည်သည့်အခါတွင်မျှ ဝန်ခံလိမ့်မည် မဟုတ်ပေ။

ထိုပြဿနာအား ထပ်မစဉ်းစားတော့ဘဲနှင့် သွေးမိစ္ဆာကြာပန်းအား သိုလှောင်လက်စွပ်အတွင်း သိမ်းဆည်းကာဖြင့် အုတ်ခဲပေါ်တက်ကာ ထွက်ခွာလာခဲ့သည်။

လူတိုင်းသည် ယိုယွင်းပျက်စီးနေသည့် ကောင်းကင်တိမ်တိုက်နန်းတော်ကို ချန်ထားရစ်ကာဖြင့် ပျံသန်းထွက်ခွာသွားကြတော့သည်။

လျှိုဟူနှင့် လျှိုစုစုတို့သည် အသက်ကယ်တင်ပေးခဲ့သည့်အတွက် အန်လင်းအား ကျေးဇူးတင်စကား ဆိုပြီးနောက် တိတ်ဆိတ်သွားကြလေသည်။

သူတို့နှစ်ဦးမှာ ဘာဆက်လုပ်ရမည်ကို မစဉ်းစားတတ်တော့ပေ။ သူတို့၏ မိသားစု သတ်ဖြတ်ခံလိုက်ရသည့်အတွက် ပုရွက်ဆိတ်မျိုးနွယ်စုအား လက်စားချေမည့် အဖွဲ့အစည်းသို့ ဝင်ရောက်ဖို့ရန် ဆုံးဖြတ်ထားခဲ့ကြသည်။ သို့သော်လည်း ကောင်းကင်တိမ်တိုက်နန်းတော်၏ ယုတ်မာမှုများကိုသာလျှင် ကြုံတွေ့ခဲ့ရသည်။ ကောင်းကင်တိမ်တိုက်နန်းတော်၏ ပျက်စီးမှုနှင့်အတူ သူတို့၏ ရည်မှန်းချက်လည်း ပျောက်ဆုံးကာ မည်သည့်နေရာသို့ သွားရောက်ရမည်ကိုပင် မသိတော့ချေ။

"တောင်းပန်ပါတယ်။ ခင်ဗျားတို့ကို အသုံးချပြီး ကောင်းကင်တိမ်တိုက်နန်းတော်ကို ဝင်ရောက်ခဲ့မိပြီး အန္တရာယ်များစေခဲ့တယ်" အန်လင်းသည် ရုတ်တရက်ဆန်စွာ တောင်းပန်လိုက်သည်။

လျှိုဟူနှင့် လျှိုစုစုတို့သည် အန်လင်း၏စကားများကြောင့် အနည်းငယ် အံ့အားသင့်သွားမိကြသည်။ ဤကဲ့သို့ တောင်းပန်လာမည်ဟု မျှော်လင့်ထားခြင်း မရှိကြသည်မှာ ထင်ရှားပေသည်။

"ကျွန်တော်တို့ကို တောင်းပန်ဖို့ မလိုပါဘူး ဆရာကြီး အန်လင်း။ ဆရာကြီးရဲ့ အကူအညီကြောင့် မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ သားအဖက ပုရွက်ဆိတ်အစာ ဖြစ်နေလောက်ပါပြီ။ အဲဒီအပြင် မကောင်းဆိုးဝါး ကျင့်ကြံသူတွေကို သတ်ဖြတ်ဖို့အတွက် ကူညီပေးနိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်။" လျှိုဟူ လေးလေးစားစားဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။

ထိုစကားများသည် သူ၏ နှလုံးသားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပုရွက်ဆိတ်မျိုးနွယ်စု ကပ်ဘေးတွင် ကောင်းကင်မြစ်ပြည်နယ်၏ အသက်ပေါင်းများစွာ သေဆုံးခဲ့ရသည်။ ထို့ကြောင့် ဤအချိန်တွင် ဂိုဏ်းများသည် ပုရွက်ဆိတ်ဘုရင်မအား  သတ်ဖြတ်ရန်အတွက် လိုလိုလားလား ပူးပေါင်းကြမည်မှာ အသေအချာပင်။ ထိုမကောင်းဆိုးဝါးများအား သတ်ဖြတ်ရာတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရသည့်အတွက် အမှန်တကယ်ကို ပျော်ရွှင်မိသည်။

အန်လင်းသည် ခေါင်းညိတ်လိုက်ပြီးနောက်တွင် သူတို့အား မေးခွန်းမေးလိုက်သည်။ "ပုရွက်ဆိတ်မျိုးနွယ်စုကို တိုက်ခိုက်ဖို့အတွက် ဝင်ရောက်ချင်စိတ် ရှိသေးလား။ ကောင်းကင်မြစ်ပြည်နယ်ရဲ့ ဝမ်တောင်ကြားအင်မော်တယ်ဂိုဏ်းကလည်း လူစုနေတယ်လို့ ကြားတယ်။"

"ဝမ်တောင်ကြားအင်မော်တယ်ဂိုဏ်းလား။" လျှိုဟူ၏မျက်လုံးများ ပြူးကျယ်လာလေသည်။ "အဲဒီက ကျောက်နက်စီရင်စုထဲမှာရှိတဲ့ နံပါတ် ၁ အင်မော်တယ်ဂိုဏ်းမဟုတ်လား။"

"အမှန်ပဲ။ အဲဒီဂိုဏ်းက အကြီးအကဲတစ်ယောက်နဲ့ သိကျွမ်းခဲ့ဖူးတယ်။" အန်လင်း၏မျက်နှာတွင် လွမ်းဆွေးမှုများ ပေါ်လာသည်။

သူ၏စိတ်ထဲ၌ အဆုံးမဲ့သည့် အမှောင်ထုအတွင်း ရုန်းကန်လှုပ်ရှားနေခဲ့သော အမျိုးသမီး၏ ပုံရိပ်လေး ပေါ်လာသည်။

"ဒီလိုဆိုရင်ကော ခင်ဗျားတို့နှစ်ယောက် အဲဒီကို သွားချင်စိတ်ရှိရင် ကျွန်တော်ခေါ်သွားပေးနိုင်တယ်။" အန်လင်း မေးလိုက်ပြန်သည်။

ထိုလူနှစ်ဦးသည် ထိုအခွင့်အရေးအား ချက်ချင်းဆိုသလို အမိအရ ဖမ်းဆွဲလိုက်လေသည်။

အန်လင်းသည် မည်သည့်စကားမျှ ထပ်မဆိုတော့ဘဲနှင့် ထိုအသားအဖအား ခေါ်ဆောင်ကာ အသူရာချောက်နက်ထံ ပျံသန်းသွားတော့သည်။

အသူရာချောက်နက်၏ နယ်နိမိတ်သည် ပုရွက်ဆိတ်တော်လှန်ရေး၏ ဗဟိုချက် ဖြစ်လေသည်။

***

All Chapters