← Chapters

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အပိုင်း ၃၆၁ : သက်တော်စောင့်ရဲ့နောက်ခံ

တစ်ဖက်လူက သူ့အား ဒူးထောက်လာလိမ့်မည်ဟု ယဲ့ချန်း ထင်မထားပေ။

ယောက်ျားတစ်ယောက်၏တန်ဖိုးက ဂုဏ်သိက္ခာတွင် တည်ရှိသည်။ သို့သော် လုယုံးဘက်က ဒူးထောက်ခြင်းအတွက် ယဲ့ချန်းမှာ သူ့ကို အထင်မသေးမိဘဲ ပို၍ပင် လေးစားသွားရသည်။

ထို့ပြင် သူသည် သူ့အမေအတွက် ဒူးထောက်နေခြင်းပင်။

ယဲ့ချန်းလည်း လုယုံးကို ခပ်မြန်မြန်ထူပေးလိုက်သည်။

"မပူနဲ့။ မင်းအမေ အကောင်းဆုံးကုသမှုတွေ ရစေရမယ်"

လုယုံးက မတ်တတ်ထရပ်ပြီးနောက် ယဲ့ချန်းကို ပြောလိုက်လေသည်။

"မစ္စတာယဲ့.. ကျွန်တော် ခင်ဗျားကို စိတ်မပျက်စေရပါဘူး။ ခင်ဗျားကို အန္တရာယ်ပြုရဲတဲ့လူရှိရင်လည်း ကျွန်တော် ဒီသစ်ပင်လို အဆုံးသတ်ပစ်လိုက်မယ်"

ဤသို့ပြောပြီးနောက် လုယုံးက ပန်းကန်လုံးအရွယ်ခန့်ရှိသော သစ်ပင်ပင်စည်တစ်ခုကို ကန်ချလိုက်သည်။

ခွပ်!

ပင်စည်ကျိုးသွားပြီး သစ်ပင်ကြီးမှာ ထိုကန်ချက်ကြောင့် ထက်ပိုင်းကျိုးကျသွားလေသည်။

ယဲ့ချန်းမှာ ထိုအခြင်းအရာကိုမြင်သော် ကျေနပ်အားရစွာဖြင့် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

လုယုံး၏တိုက်ခိုက်ရေးခွန်အားမှာ သူ့ထက်မနိမ့်ကျပေ။

ယနေ့ခေတ်လူ့အဖွဲ့အစည်းကြီးထဲတွင် ရှာဖွေရန်အခက်ခဲဆုံးအရာမှာ ပါရမီရှင်များပင်။

လုယုံးက သူဌေးကြီးများကို စောင့်ရှောက်ပေးခဲ့ဖူးသည်ဖြစ်ရာ ပရော်ဖက်ရှင်နယ်လေ့ကျင့်ရေးကိုလည်း ဆင်းထားဖူးသည်။

လုယုံးမှာ ယခုအချိန်တွင် ယဲ့ချန်းလိုအပ်နေသော လူပင်။

ယဲ့ချန်းလည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်မိသည်။

"ကောင်းပြီလေ။ ငါနဲ့အတူ အိမ်ပြန်လိုက်ခဲ့"

ယဲ့ချန်းက ကားမောင်း၍ လုယုံးကို နှင်းဆီအိမ်ရာသို့ ခေါ်လာခဲ့လိုက်သည်။

တံခါးနားသို့ ရောက်လာချိန်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးတစ်ယောက် ဟိုလျှောက်သည်လျှောက်လုပ်နေသည်ကို မြင်လိုက်ရ၏။

ယဲ့ချန်းကိုမြင်သော် ထိုလူက အနားသို့ ရောက်ချလာသည်။

"မင်္ဂလာပါ။ ခင်ဗျားက မစ္စတာယဲ့လား"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ်။ ဘာများလိုအပ်လို့လဲ"

သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးက ပြုံးလျက် ပြောလိုက်လေသည်။

"ကျွန်တော့်နာမည်က ဖန်ကွမ်းပါ။ တာ့ခယ်လုပ်ငန်းစုရဲ့သူဌေးပေါ့"

ထိုလူ၏အမူအရာကို ကြည့်ရုံမျှဖြင့် ရာထူးအကြီးပိုင်းထဲကဖြစ်ကြောင်း ယဲ့ချန်း အတပ်သိနိုင်သည်။

ယဲ့ချန်းရှေ့မှာပင် ထိုလူက တသီးတသန့်ဆန်သော အမူအရာကို ထိန်းသိမ်းထားသည်။

တာ့ခယ်လုပ်ငန်းစုအကြောင်း ယဲ့ချန်း ကြားဖူးသည်။

လတ်တလောနှစ်များအတွင်း အိမ်ခြံမြေဈေးနှုန်းက မြင့်တက်လာသဖြင့် သူဌေးလက်သစ်များမှာ အိမ်ခြံမြေလုပ်ငန်းကို ဝင်ရောက်လာကြသည်။

ဖန်ကွမ်းကလည်း ထိုလူများထဲမှ တစ်ယောက်ပင်။

ယဲ့ချန်းမှာ မကြာသေးခင်က သူ့အင်တာဗျူးများကို ကြည့်ဖူးသည်။ ထိုအင်တာဗျူးတွင် အိမ်ခြံမြေဈေးနှုန်းများက အလွန်နည်းပါးလှသည်ဟု ဆိုထားသည်။ အထူးသဖြင့် မိုတုမြို့ပင်။ မြို့၏ဂုဏ်သိက္ခာ၊ အဆင့်အတန်းနှင့် အညီ စျေးနှုန်းများလည်း ယခုထက်ပိုပြီးတက်သင့်ကြောင်း ပြောကြားသွားခဲ့သည်။

ထိုအင်တာဗျူးကိုကြည့်ပြီး ယဲ့ချန်းမှာ ဤလူ့ကို အတော်အော့နှလုံးနာသွားရသည်။

သောက်ကျိုးနည်း... အခုတောင် တစ်စတုရန်းမီတာကို ယွမ်လေးငါးသောင်းဖြစ်နေပြီကို ဒီထက်ပိုတက်ဦးမယ်ပေါ့လေ...

လူတွေက ဘယ်လိုလုပ်ပြီး လုပ်ကိုင်စား​သောက်ရတော့မှာလဲ...

မင်းဘာသာ ပိုက်ဆံရှာတာ ရှာလို့ရတယ်။ ဒါပေမဲ့ အခြေခံလူတန်းစားတွေအတွက်လည်း အသက်ရှူပေါက်လေးတော့ ချန်ထားပေးသင့်တာပေါ့..

ဖန်ကွမ်းက မောက်မာသောလေသံဖြင့် ပြောလိုက်၏။

"မစ္စတာယဲ့... ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် ဒီအိမ်ကိုသဘောကျတယ်။ ဒီတော့ ကျွန်တော့်ဘက်က ယွမ်၁ဘီလျံပေးမယ်ဗျာ"

ယဲ့ချန်းခမျာ ဖန်ကွမ်း၏ မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသော မျက်နှာပေးကိုကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ပေ။

၁ဘီလျံဆိုတာ သိပ်များနေလို့လား...

ငါ တစ်လအတွင်း ရတဲ့ပိုက်ဆံကတောင် ဒီထက်ပိုများသေးတယ်....

မင်း လာကြွားတာ လူမှားသွားပြီ....

ယဲ့ချန်းလည်း သူ့ကို စကားပြန်ပြောပြီး အချိန်မဖြုန်းချင်သဖြင့် လုယုံးနှင့်အတူ ဗီလာဆီသို့သာ လျှောက်သွားလိုက်သည်။

ယဲ့ချန်းက ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ဖန်ကွမ်းက သူ့ကမ်းလှမ်းချက်မှာ မလောက်သေးဘူးဟု ထင်သဖြင့် ထပ်ပြောလိုက်ပြန်သည်။

"၁.၁ဘီလျံ"

ယဲ့ချန်းလည်း မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"စိတ်မရှိပါနဲ့။ ကျွန်တော့်အိမ်က ရောင်းဖို့မဟုတ်ဘူး"

ဘေးနားရှိ လုယုံးမှာမူ ပါးစပ်အဟောင်းသားဖြစ်သွားရှာသည်။

ဝိုး... ၁.၁ဘီလျံတောင် မရောင်းဘူးလား

ထိုလူမှာ အထက်တန်းလွှာလူကုံထံတစ်ယောက်ဖြစ်ကြောင်း သိသာလှသည်။

ယဲ့ချန်း လှည့်ထွက်သွားသည်ကို မြင်သောအခါ ဖန်ကွမ်း ဒေါသထွက်သွားသည်။

"၁.၅ဘီလျံ"

ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်ပြန်သည်။

"ခင်ဗျား နားမကောင်းတာလား။ မရောင်းဘူးလို့ ပြောပြီးပြီလေ"

ဖန်ကွမ်းက မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။

"မင်း ရူးနေတာလား။ ၁.၅ဘီလျံကိုတောင် မရောင်းဘူးဆိုတော့ မင်းက တော်တော်ဟိတ်ဟန်များတာပဲ"

"ကောင်လေး... ၁.၅ဘီလျံဆိုတာ မင်းတစ်သက်လုံး ထိုင်စားလို့ရတယ်။ ဒါကြောင့် သေချာပြန်စဉ်းစားလိုက်ဦး။ ဒါတင်မကသေးဘူး။ စီးပွားရေးလောကမှာ ငါ့နာမည်ကို ယူသုံးမယ်ဆိုရင် ငါ့ဘက်က မင်းကို အကူအညီနည်းနည်းပေးနိုင်တယ်။ ဘယ်လိုလဲ"

"အကူအညီတဲ့လား။ ခင်ဗျားဆီကလေ။ လစ်စမ်းပါ"

ယဲ့ချန်းလည်း သည်းမခံနိုင်တော့သဖြင့် ဆဲလွှတ်လိုက်သည်။

"မင်း..."

ဖန်ကွမ်းလည်း တကယ်ဒေါသထွက်သွားပြီဖြစ်၏။

သူသည် အိမ်ခြံမြေလောကတွင် အောင်မြင်မှုရရှိထားသည်မှာ နှစ်အတော်ကြာပြီဖြစ်သလို သွားလေရာတွင်လည်း လေးစားခံရသည်။ သို့သော် ယနေ့တွင်မူ ဤလူငယ်လေးက သူ့ကို ဤမျှအထိ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံရဲပေသည်။

ဖန်ကွမ်းက အေးတိအေးစက်နှာခေါင်းရှုံ့လိုက်၏။

"ကောင်လေး... ငါဘယ်သူလဲဆိုတာ မင်းသိလား"

ယဲ့ချန်းက လုယုံးကို တစ်ချက်ကြည့်လိုက်သည်။

"ခင်ဗျားက စုတ်ပဲ့တဲ့အဘိုးကြီးတစ်ယောက်လေ။ ကျုပ်နဲ့ ဘာဆိုင်လို့လဲ"

"ကောင်လေး... မင်း ငါ့ကို စော်ကားမယ်ဆိုရင်​ နောက်နောင် စီးပွားရေးလုပ်ဖို့ မစဉ်းစားနဲ့တော့"

ဖန်ကွမ်းက ခြိမ်းခြောက်လိုက်သည်။

"လုယုံး... ဒီအမှိုက်ကို အပြင်ဆွဲထုတ်ပစ်လိုက်"

"ဟုတ်ကဲ့ပါ မစ္စတာယဲ့"

လုယုံးလည်း ဖန်ကွမ်းထံသို့ တည့်တည့်လျှောက်သွားပြီး ဘာစကားမှမပြောဘဲ သူ့ကို ကောက်မလိုက်သည်။ ထို့နောက် သဲအိတ်တစ်အိတ်ကို လွှင့်ပစ်သည့်အလား အပြင်ဘက်သို့ လွှင့်ထုတ်ပစ်လိုက်တော့သည်။

ဖန်ကွမ်းခမျာ ခုနစ်မီတာရှစ်မီတာခန့်အထိ လွင့်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဖွပ်!

ဖန်ကွမ်းတစ်ယောက် ရွှံ့တစ်လုတ်စာ ငုံမိသွားပြီး အံတင်းတင်းကြိတ်ကာ မတ်တတ်ထရပ်လိုက်သည်။

"ကောင်လေး... မင်းကများ ငါ့ကို မောင်းထုတ်ရဲတယ်ပေါ့"

"ပါးစပ်က ညစ်ပတ်နေတုန်းပဲ။ လုယုံး... သူ့ကို ဆုံးမလိုက်ဦး"

လုယုံးကလည်း ဖန်ကွမ်းထံသို့ လျှောက်သွားပြီး လက်ရွယ်၍ ပါးရိုက်ချလိုက်သည်။

ဖန်ကွမ်းခမျာ ရိုက်ချက်ကြောင့် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားပြန်သည်။

လုယုံးက အရှိန်လျှော့ပြီး ရိုက်ခဲ့သော်လည်း ဖန်ကွမ်း၏ပါးစပ်ထဲက သွေးများစီးကျလာပြီး အံသွားတစ်ချောင်း ကျွတ်ထွက်သွားခဲ့သည်။

ဖန်ကွမ်းက မြေပြင်မှ ကုန်းထလိုက်ပြီးနောက် ဒေါသူပုန်ထတော့မည့်အချိန်မှာပင် သူ့အကြည့်တို့က ပြောင်းလဲသွားသည်။

အကြောင်းမှာ လုယုံးကို သူ မှတ်မိလိုက်သောကြောင့်ပင်။

ဟွားနိုင်ငံ၏ နာမည်ကြီးအိမ်ခြံမြေလုပ်ငန်းရှင် တစ်ယောက်အနေနှင့် ဖန်ကွမ်းသည် တရားဝင်အခမ်းအနားအချို့ကို တက်ရောက်လေ့ရှိသည်။

ထိုစဉ်က သူသည် ဤလူငယ်လေးကို အထက်တန်းလွှာပုဂ္ဂိုလ်တစ်ယောက်၏ ဘေးနားတွင် မြင်ဖူးသည်။

ဧကန္တ...

ထိုဖြစ်နိုင်ခြေကို စဉ်းစားမိသဖြင့် ဖန်ကွမ်း၏ မျက်နှာမှာ ဖြူဖျော့သွားသည်။

လုယုံးက အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

"မစ္စတာယဲ့က ခင်ဗျားကို လစ်လိုက်တော့လို့ ပြောပြီးပြီလေ။ ကောင်းကောင်းပြောနေတုန်း သွားလိုက်တော့"

ဖန်ကွမ်းခမျာ အလွန်တုန်လှုပ်ချောက်ချားသွားသည်။

ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်၏ဘေးတွင် ရှိနေတတ်သော လူတစ်ယောက်က ယခုမူ ဤလူငယ်လေး၏သက်တော်စောင့် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။

ဤသည်မှာ ဤလူငယ်လေး၏ အဆင့်အတန်းက မည်မျှကြောက်စရာကောင်းကြောင်း ဖော်ပြနေခြင်းပင်။

ယခုမူ သူ့မျက်ဝန်းထဲတွင် အကြောက်တရားများဖြင့် ပြည့်နှက်နေလေပြီ။

ယဲ့ချန်းက ရန်စ၍မရသော လူတစ်ယောက်ဖြစ်ကြောင်း နောက်ဆုံးတော့ သူ ကောင်းကောင်းနားလည်လိုက်သည်။

ထိုအချိန်မှာပင် ရိုးလ်ရွိုက်စ်ကားတစ်စီးက ယဲ့ချန်း၏ ဗီလာအဝင်ဝတွင် ထိုးရပ်လိုက်သည်။

အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ယောက်က လူငယ်တစ်ယောက်ကို ဆွဲခေါ်ရင်း ကားပေါ်မှ ဆင်းလာကြသည်။

ဖန်ကွမ်းလည်း သူတို့ကို မြင်သောအခါ အံ့အားသင့်သွားလေသည်။

"ဥက္ကဋ္ဌဝမ်... ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ"

ဝမ်တာ့မင်ကလည်း ဖန်ကွမ်းကို ကြည့်ကာ ဇဝေဇဝါဖြစ်သွားလေသည်။

"သြော် လောင်ဖန်... မင်း ဘာဖြစ်ထားတာလဲ"

ဖန်ကွမ်းခမျာ ခါးသက်သက်ပြုံးလိုက်မိသည်။

ဝမ်တာ့မင်မှာမူ ယဲ့ချန်းကို မြင်သောအခါ အနားသို့ အမြန်လျှောက်သွားပြီး ယဲ့ချန်းကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

"မစ္စတာယဲ့... ကျွန်တော် ဆုံးမတာညံ့သွားလို့ပါ။ ကျွန်တော့်သားက မရင့်ကျက်ဘူး​ဗျ။ အဲဒါကြောင့် သူ့ကို ကိုယ်တိုင်ခေါ်လာပြီး မစ္စတာယဲ့ကို တောင်းပန်ခိုင်းမလို့ပါ"

ဝမ်တာ့မင်၏စကားကို ကြားသောအခါ ဖန်ကွမ်း အသက်ရှူမှားသွားရသည်။

ဝမ်တာ့မင်ဆိုသည်မှာ သြဇာအာဏာအရာတွင် သူ့ထက် အဆပေါင်းများစွာ သာလွန်သူဖြစ်၏။ ထိုကဲ့သို့သောလူတစ်ယောက်ကပင် ယဲ့ချန်းကို တောင်းပန်နေရသည်ဆိုလျှင် ယဲ့ချန်း၏ အရှိန်အဝါက မည်မျှကြီးမားလိုက်လေသလဲ။

ဖန်ကွမ်းက ဘေးနားတွင် နေရခက်ဟန်ဖြင့် ရပ်နေမိသည်။

ဝမ်တာ့မင်က မေးလိုက်၏။

"မစ္စတာယဲ့... ဘာများဖြစ်ထားလို့လဲ"

ဘေးနားရှိ လုယုံးကမူ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

"သူက မစ္စတာယဲ့ကို မလေးမစားလုပ်လို့ ကျွန်တော် နည်းနည်းဆုံးမလိုက်တာပါ"

ထိုအခါမှသာ ဝမ်တာ့မင်လည်း ယဲ့ချန်းဘေးနားရှိ လုယုံးကို သတိထားမိသည်။

လုယုံးကို မြင်လိုက်ရသောအခါ ဝမ်တာ့မင်၏ မျက်လုံးများ ပြာဝေသွားသည်။

သူပါလား...

ဖခင်ဖြစ်သူ မျက်နှာပျက်သွားသည်ကို မြင်သောအခါ ဝမ်ခုန်းခုန်းလည်း ဝင်မေးလိုက်သည်။

"အဖေ... ဘာဖြစ်လို့လဲ"

ဝမ်တာ့မင်က ပြောလိုက်သည်။

"ကောင်စုတ်လေး... အဲဒီဘေးက ကောင်လေးက ဘယ်သူလဲဆိုတာ မင်းသိလား"

ဝမ်တာ့မင်က ဝမ်ခုန်းခုန်း၏နားနားသို့ ကပ်၍ တိုးတိုးလေးပြောလိုက်သည်။

သူ့အဖေ၏စကားကို ကြားလိုက်ရချိန်ဝယ် ဝမ်ခုန်းခုန်း၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားတော့သည်။

သူသည် အစတုန်းက ဤနေရာသို့ မလာချင်ခဲ့သော်လည်း ယခုမူ ယဲ့ချန်း၏သြဇာအာဏာက မည်မျှအထိ ထိတ်လန့်ချင်စရာကောင်းကြောင်း နားလည်သွားတော့သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကပင် ယဲ့ချန်း၏ သက်တော်စောင့်အဖြစ် တာဝန်ယူနေရသည်ဆိုလျှင် ယဲ့ချန်း၏ နောက်ခံအရှိန်အဝါကို မှန်းဆကြည့်၍ပင် မရနိုင်တော့ပေ။

ယဲ့ချန်းကလည်း ဝမ်တာ့မင်ကို ခေါင်းညိတ်ပြလိုက်သည်။

"ဥက္ကဋ္ဌဝမ်... အထဲမှာ စကားပြောကြတာပေါ့"

ယဲ့ချန်းက တံခါးဝတွင်ရပ်နေသော ဖန်ကွမ်းကိုမူ တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။

ဖန်ကွမ်းက ခါးသက်သက်ပြုံးလိုက်သည်။

"ဒီတစ်ခါတော့ ငါ လူမှားပြီး စော်ကားလိုက်မိတာပဲ"

•••••••••••••••••••

အခန်း ၃၆၂ - ရည်းစားဟောင်းက လက်ထပ်တော့မယ်

ဗီလာထဲသို့ ရောက်သောအခါ အိမ်ရှင်နှင့် ဧည့်သည်များမှာ နေရာယူလိုက်ကြသည်။

လင်းဝမ်ယိုက ဝမ်တာ့မင်နှင့် ဝမ်ခုန်းခုန်းတို့အတွက် လုံကျန်းလက်ဖက်ရည်ငှဲ့ပေးပြီးနောက် ပြန်ထွက်သွားသည်။

ဝမ်တာ့မင်က ယဲ့ချန်း၏အနောက်တွင် ရပ်နေသော လုယုံးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ရင်ထိတ်သွားသည်။

သူ့အမြင်တွင် ယဲ့ချန်း၏နောက်ခံမှာ ယခုတောင် အလွန်ကြောက်စရာကောင်းနေပြီဖြစ်သော်ငြား ယခုမူ ယဲ့ချန်းက သူထင်ထားသည်ထက်ပင် ပိုပြီးအရှိန်အဝါကြီးနေပုံရသည်။

ကံကောင်းထောက်မစွာဖြင့် သူကလည်း သူ့အဆင့်အတန်းကို နှိမ့်ချကာ ယဲ့ချန်းကို လာရောက်တောင်းပန်ရန် ရွေးချယ်ခဲ့သည်။

သို့မဟုတ်ပါက ယဲ့ချန်း၏အရှိန်အဝါမျိုးနှင့်သာဆိုလျှင် သူတော့ ပျက်ကိန်းဆိုက်ပြီသာ။

ဝမ်တာ့မင်လည်း အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ယဲ့ချန်းကို ခပ်မြဲမြဲကုပ်တွယ်ထားရန် ဆုံးဖြတ်လိုက်သည်။

"မစ္စတာယဲ့... ခင်ဗျားလို လူငယ်တစ်ယောက်က ဒီလိုအောင်မြင်မှုမျိုး ရထားလိမ့်မယ်လို့ မထင်ထားဘူး။ တကယ့်ကိုမှတ်သားထိုက်ပါပေတယ်"

ယဲ့ချန်းက ပြုံးလိုက်၏။

"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌဝမ်... ခင်ဗျားကိုလည်း သတင်းထဲမှာ ခဏခဏတွေ့နေတာ။ ဒီနေ့မှပဲ လူချင်းဆုံဖူးတော့တယ် ဟားဟားဟား"

ဝမ်တာ့မင်က ယခုလက်ရှိတွင် ဟွားနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သောကြောင့် သတင်းမီဒီယာများတွင် သူ့အကြောင်း ခဏခဏပါလေ့ရှိသည်။

အမှန်စင်စစ်တွင်မူ အင်တာဗျူးတစ်ခုတွင် ဝမ်တာ့မင်က "ယွမ်ငါးဘီလျံလောက်တော့ ရအောင်လုပ်ဖို့ ရည်မှန်းထားသင့်တယ်"ဟု အမှတ်မထင်ပြောခဲ့မိရာမှ သူ့စကားက ပြောစမှတ်တွင်သွားခဲ့ခြင်းပင်။

ဝမ်တာ့မင်ခမျာ မျက်နှာပူသွားသည်။

သူ၏ "အချမ်းသာဆုံး"ဟူသည့်ဘွဲ့မှာ အပြင်ပန်းသက်သက်သာဖြစ်၏။

ဟွားနိုင်ငံတွင် ယဲ့ချန်းကဲ့သို့ သူ့ထက်ချမ်းသာသူများစွာရှိ၏။

ယဲ့ချန်းက မီဒီယာရှေ့သို့ ထွက်ခဲသော်လည်း ဝမ်တာ့မင် သိထားသလောက်ဆိုလျှင် သူ့အရှေ့ရှိ ဤလူငယ်လေးက သူ့ထက် ပိုချမ်းသာနေနိုင်သည်။

ဝမ်တာ့မင်အတွက်တော့ ယဲ့ချန်း၏သရုပ်မှန်ကား အမြဲတမ်း ပဟေဠိတစ်ခုနှယ် ဖြစ်နေခဲ့သည်။

အစတုန်းက ကုမ္ပဏီရှယ်ယာများကို ယဲ့ချန်း တိတ်တဆိတ်ဝယ်ယူနေစဉ်က ဥက္ကဋ္ဌဖြစ်သည့် သူကိုယ်တိုင်ပင် မသိလိုက်ပေ။

ထို့နောက် အဆက်အသွယ်အမျိုးမျိုးသုံး၍ စုံစမ်းကြည့်သော်လည်း ဘာမှရှာမတွေ့ခဲ့ချေ။

ယခုမူ ယဲ့ချန်း၏အနောက်တွင် လုယုံး မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရသောအခါ ယဲ့ချန်း၏အဆင့်အတန်းကို ပို၍ပင် သတိထားနေမိ​တော့သည်။

ယဲ့ချန်းကတော့ သက်တော်စောင့်တစ်ယောက် ငှားရမ်းလိုက်ခြင်းမှာ ဝမ်တာ့မင်ကဲ့သို့သော လူတစ်ယောက်ကိုပင် ဤမျှအထိ သတိကြီးသွားစေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဝမ်တာ့မင်က ဝမ်ခုန်းခုန်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်၏။

"ကောင်စုတ်လေး... မင်း ဦးလေးယဲ့ကို တောင်းပန်ပြီးပြီလား"

ဝမ်ခုန်းခုန်းခမျာ မကျေမနပ်ဖြစ်သွားလေသည်။

"ဘာကိုဦးလေးယဲ့လဲ။ ကျွန်တော်တို့က ရွယ်တူလောက်ပဲ ရှိတာကို"

သို့သော် သူ့အဖေ၏စကားကို မလွန်ဆန်ရဲသဖြင့် ခပ်တိုးတိုးပြောလိုက်သည်။

"ဦးလေးယဲ့..."

ဝမ်တာ့မင်က ဝမ်ခုန်းခုန်း၏ခေါင်းကို ရိုက်ပစ်လိုက်၏။

"မင်း ထမင်းမစားထားဘူးလား။ ကျယ်ကျယ်ပြောစမ်း"

ဝမ်ခုန်းခုန်းခမျာ သွေးအန်တော့မတတ်ပင်။

သူသည် ပြည်သူ့အချစ်တော်တစ်ယောက်ဖြစ်ပါသည့်တိုင် ယခုမူ သူနှင့်တန်းတူရွယ်တူရှိသော လူတစ်ယောက်ကို "ဦးလေး"ဟု ခေါ်နေရသည်မှာ ရှက်စရာပင်။

ဝမ်ခုန်းခုန်းလည်း အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

"ဦးလေးယဲ့... လိုက်ဖ်လွှင့်တဲ့ကိစ္စမှာ ကျွန်တော် မှားသွားပါတယ်။ ကျွန်တော့်ကို စိတ်မဆိုးပါနဲ့"

ယဲ့ချန်းက လက်ယမ်းပြလိုက်ချေသည်။

"ကလေးတွေလျှောက်ကစားရင်း ဖြစ်တာပဲ။ စိတ်ထဲမထားပါဘူး"

ယဲ့ချန်း၏စကားကို ကြားသောအခါ ဝမ်ခုန်းခုန်းတစ်ယောက် စိတ်ထဲ၌ ကြိတ်မနိုင်ခဲမရဖြစ်သွားသည်။

"ကလေးတွေတဲ့... မင်းက ငါ့ထက် အသက်ပိုကြီးတာကျလို့"

သူက ထိုသို့တွေးလိုက်မိသည်။

ထိုသို့တွေးနေသည့်တိုင် ဝမ်ခုန်းခုန်းခမျာ အပြင်ပန်းတွင်မူ ရိုရိုသေသေဖြင့် ပြောလိုက်သည်။

"ဦးလေးယဲ့ပြောတာ မှန်ပါတယ်။ နောက်နောင် ဒါမျိုးမဖြစ်စေရပါဘူး"

မည်သို့ပင်ဖြစ်စေ ယဲ့ချန်းက သူ့ကို တစ်ဖက်တစ်လမ်းမှ ကူညီခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်စဉ်က ယဲ့ချန်းသည် သူ ဆုချခဲ့သော ငွေများကို ဂိမ်းကုမ္ပဏီတစ်ခု၏ ရှယ်ယာများအဖြစ် ပြောင်းလဲပေးမည်ဟု ကတိပေးခဲ့သည်။

မဟုတ်ပါက တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦးကို ယွမ်သန်းငါးဆယ် လက်ဆောင်ပေးခဲ့ခြင်းကြောင့် သူ့အဖေဆီက အသေအလဲအရိုက်ခံရမည်မှာ ကျိန်းသေသည်။

ဝမ်တာ့မင်က ရယ်မောလိုက်၏။

"ဟားဟားဟား... ရန်ဖြစ်ပြီးမှ မိတ်ဆွေဖြစ်တယ်ဆိုသလိုမျိုးပေါ့။ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့တွေ ဆုံဖြစ်မှာမဟုတ်ဘူး"

ထို့နောက် ဝမ်တာ့မင်က အနက်ရောင်ကတ်ပြားတစ်ခုကို ထုတ်ယူ၍ ယဲ့ချန်းကို ပေးလိုက်သည်။

"မစ္စတာယဲ့... ဒါက ကျွန်တော်တို့ရီတာ့ကုမ္ပဏီရဲ့ ဗီအိုင်ပီကတ်ပါ။ ကျွန်တော်တို့ရဲ့ကုန်တိုက်၊ ဟိုတယ်နဲ့ ဖျော်ဖြေရေးခန်းမတွေမှာ စိတ်ကြိုက်အခမဲ့သုံးစွဲနိုင်ပါတယ်"

ယဲ့ချန်းလည်း ထိုကတ်ကို တွေဝေတုံ့ဆိုင်းမှုမရှိဘဲ လက်ခံလိုက်သည်။

ဝမ်တာ့မင်မှာ အံတင်းတင်းကြိတ်၍ ဆုံးဖြတ်ချက်ချလိုက်သည်။ အစတုန်းကတော့ ယဲ့ချန်းကို အနက်ရောင်စိန်ကတ်တစ်ကတ် ပေးလိုက်လျှင် လုံလောက်ပြီဟု ထင်ခဲ့မိသည်။

သို့သော် ယဲ့ချန်းနောက်ရှိ လုယုံးကို မြင်လိုက်ရသောအခါ ယဲ့ချန်း၏အဆင့်အတန်းက မရိုးရှင်းကြောင်း သိလိုက်ရသည်။ ထိုသို့သောလူတစ်ယောက်ကို သက်တော်စောင့်အဖြစ် ထားနိုင်ခြင်းမှာ ယဲ့ချန်း၏နောက်ခံက အမှန်စင်စစ် ထိတ်လန့်စရာကောင်းကြောင်း ပြသနေချေသည်။

ဝမ်တာ့မင်က အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။

"မစ္စတာယဲ့... တလောတုန်းက ကျွန်တော်တို့ မိုတုမှာ တောင်တန်းရေမြေအစုံပါတဲ့ အပန်းဖြေဗီလာတစ်ခု ဆောက်ထားပါတယ်။ အဲဒါကို တွေ့ဆုံခြင်းလက်ဆောင်အနေနဲ့ ပေးပါရစေ"

ဘေးနားတွင် လက်ဖက်ရည်ငှဲ့ပေးနေသော လင်းဝမ်ယိုမှာ ဝမ်တာ့မင်၏စကားကို ကြားသောအခါ အသက်ရှူမှားသွားသည်။

ထိုအပန်းဖြေဗီလာမှာ ယွမ်တစ်ဘီလျံကျော် တန်ဖိုးရှိသော်လည်း ဝမ်တာ့မင်က ယဲ့ချန်းကို အေးအေးလူလူ လက်ဆောင်ပေးလိုက်သည်။

ဤသည်မှာ ဝမ်တာ့မင်၏စိတ်ထဲတွင် ယဲ့ချန်းကို မည်မျှအထိ အလေးထားကြောင်း ဖော်ပြနေပေသည်။

ခဏကြာအောင် စကားပြောပြီးနောက် ဝမ်တာ့မင်က ဝမ်ခုန်းခုန်းကိုခေါ်၍ ပြန်သွားသည်။

ဝမ်တာ့မင် ထွက်သွားပြီးနောက် ယဲ့ချန်း၏အကြည့်က လုယုံးထံသို့ ကျရောက်သွားသည်။

လုယုံးက ထူးချွန်သော သက်တော်စောင့်တစ်ယောက်ဖြစ်ကြောင်း ယဲ့ချန်းသိသော်လည်း ဖန်ကွမ်းနှင့် ဝမ်တာ့မင်တို့ သူ့ကိုကြည့်သည့် အကြည့်များအရ လုယုံး၏အဆင့်အတန်းကလည်း မရိုးရှင်းကြောင်း ယဲ့ချန်း ကောက်ချက်ချမိသည်။

သူက ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်၏ သက်တော်စောင့် ဖြစ်ခဲ့ဖူးလေသလား...

ယဲ့ချန်းက ရယ်လိုက်၏။

"လုယုံး... သက်တော်စောင့်တစ်ယောက်အနေနဲ့ တစ်နှစ်ကို ဘယ်လောက်ယူလဲ"

လုယုံးက ခေါင်းခါပြလိုက်၏။

"ကျွန်တော့်အမေကိုသာ ကယ်ပေးနိုင်မယ်ဆိုရင် ကျွန်တော် ပိုက်ဆံမယူပါဘူး"

ယဲ့ချန်းက ဒါရိုက်တာချန်း၏ ဖုန်းနံပါတ်ကို ခေါ်လိုက်၏။

"ဒါရိုက်တာချန်း... ကျွန်တော် ယဲ့ချန်းပါ။ ကျွန်တော့်သူငယ်ချင်းရဲ့ အမေက နေမကောင်းဖြစ်နေလို့။ သူ့ကို ရုန်အိုက်ဆေးရုံကို ပြောင်းရွှေ့ပေးပါ။ ဆေးဖိုးဝါးခအကုန်လုံးကိုလည်း ကျွန်တော့်ရှယ်ယာထဲကပဲ နှုတ်လိုက်ပါ"

"ဟုတ်ကဲ့ပါ မစ္စတာယဲ့... ကျွန်တော် အဘွားကိုခေါ်ဖို့ အခုချက်ချင်း လူနာတင်ကားလွှတ်လိုက်ပါ့မယ်"

ဒါရိုက်တာချန်းက ပြန်ပြောချေသည်။

ယဲ့ချန်းက သူ့အမေကို ဆေးရုံတင်ရန် ချက်ချင်းစီစဉ်ပေးနေကြောင်း ကြားသောအခါ လုယုံး၏မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာတော့သည်။

ယဲ့ချန်းက ပြုံးလိုက်၏။

"မင်းအမေကိစ္စကို ဖြေရှင်းပေးပြီးပြီဆိုတော့ မင်းကို တစ်နှစ် ယွမ်ငါးသန်းပေးမယ်။ မနည်းလောက်ဘူးထင်တာပဲ"

"ငါးသန်းလား"

လုယုံးမှာ ကြောင်အသွားချေသည်။

သူ့ယခင်အလုပ်တွင် တစ်လလျှင် ယွမ်လေးထောင်သာ ရခဲ့သည်။

လုယုံး အမြန်ပြောလိုက်လေသည်။

"ဒါက များလွန်းပါတယ်"

ယဲ့ချန်းက ခေါင်းခါယမ်းပြလိုက်၏။

"မဟုတ်ပါဘူး။ မင်းနဲ့ထိုက်တန်ပါတယ်"

လုယုံးကို သူ့အနားတွင် ခေါ်ထားခြင်းမှာ ဂုဏ်သိက္ခာ၏ ပြယုဂ်တစ်ခုပင်။

ဝမ်တာ့မင်နှင့် ဖန်ကွမ်းတို့ လုယုံးကိုကြည့်သော အကြည့်အရ သူ့သရုပ်မှန်ကား မရိုးရှင်းနိုင်ကြောင်း ယဲ့ချန်းသိလိုက်သည်။

ထို့ကြောင့် ငါးသန်းဆိုသည်မှာ လုယုံးနှင့်ထိုက်တန်သော ဈေးနှုန်းတစ်ခုပင်။

လုယုံးက အသက်ပြင်းပြင်းရှူလိုက်၏။

"ကျေးဇူးတင်ပါတယ် ဘော့စ်"

ထိုအချိန်တွင် လုယုံးကတော့ ယဲ့ချန်းကို အလွန်ကျေးဇူးတင်နေမိသည်။

မိခင်ဖြစ်သူ ဖျားနာနေစဉ်အတွင်း သူ့စုဆောင်းငွေအားလုံးကို ထုတ်သုံးခဲ့ရသည်။

သူ့မှာ ရှိသမျှဆွေမျိုးများနှင့် သူငယ်ချင်းများထံမှ ငွေချေးခဲ့သော်လည်း အဆုံးတွင်မူ ဘယ်သူကမှ မချေးကြတော့ပေ။

လုယုံးခမျာ သူဌေးတစ်ယောက်ကို ပြန်ပေးဆွဲခြင်းကဲ့သို့သော မကောင်းသည့် အကြံအစည်များကိုပင် စဉ်းစားခဲ့ဖူးသည်။

အကယ်၍ ယဲ့ချန်းသာ ပေါ်မလာခဲ့လျှင် လုယုံးလည်း လမ်းမှားရောက်သွားနိုင်သည်။

ယဲ့ချန်းက သူ့ကျေးဇူးရှင်သာမက ကယ်တင်ရှင်လည်း ဖြစ်သည်ဟု ဆိုနိုင်လေသည်။

ထိုအချိန်ကစ၍ လုယုံးက ယဲ့ချန်းအပေါ် အကြွင်းမဲ့သစ္စာခံလိုက်တော့သည်။

လုယုံးကို ရရှိလိုက်ခြင်းမှာ ယဲ့ချန်းအတွက်တော့ ကျားကို တောင်ပံတပ်ပေးလိုက်သလိုပင်။

သူသည် ရွှေရောင်သံချပ်ကာကုမ္ပဏီမှ လူတော်တချို့ကို ရွေးချယ်၍ လုယုံးနှင့်အတူ လေ့ကျင့်စေပြီး သူ့အမျိုးသမီးများကို စောင့်ရှောက်ရန် တာဝန်ပေးထားလိုက်သည်။

သူကတော့ တက္ကစီဆက်မောင်းနေခဲ့သည်။ ထိုစဉ် နံပါတ်စိမ်းတစ်ခုမှ ဖုန်းဝင်လာသည်။

"ဟယ်လို... ယဲ့ချန်းလား"

ဖုန်းထဲမှ နူးညံ့ပြီး ချိုသာသော မိန်းမအသံတစ်သံ ထွက်ပေါ်လာသည်။

ယဲ့ချန်းလည်း အနည်းငယ်ဇဝေဇဝါဖြစ်သွားလေ၏။

"ဘယ်သူပါလဲ"

"ရှင့်ရည်းစားဟောင်း အားကျောက်လေ"

"ရည်းစားဟောင်းလား"

ယဲ့ချန်း ခဏလောက်ကြောင်အသွားသည်။

ထိုအခါမှသာ ပထမရည်းစားနှင့် လမ်းခွဲပြီးနောက် အိမ်ရှင်ဖြစ်သူက သူနှင့်မိတ်ဆက်ပေးခဲ့ဖူးသော မိန်းကလေးတစ်ယောက်ရှိကြောင်း သူ သတိရလိုက်သည်။

ထိုမိန်းကလေး၏ ရုပ်ရည်ရမှတ်မှာ ၇၀ခန့်သာ ရှိသော်လည်း သူ(မ)ကိုယ်သူ(မ) နတ်ဘုရားမတစ်ပါးနှယ် ထင်နေတတ်ပြီး ယောကျ်ားများက သူ(မ)အနားတွင် ဝန်းရံနေရမည်ဟု ထင်နေတတ်သည်။

သို့သော် နှစ်ရက်ခန့် တွဲကြည့်ပြီးနောက် ထိုမိန်းကလေးက ​ငွေမက်သူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသဖြင့် လမ်းခွဲခဲ့ခြင်းပင်။

ထိုစဉ်က ထိုမိန်းကလေးမှာ ယဲ့ချန်းကို ရုပ်ချောသောကြောင့် လမ်းမခွဲချင်ခဲ့ပေ။

သူ(မ)ဘက်က ဖုန်းဆက်လိုက်၊ စာပို့လိုက် လုပ်နေခဲ့သော်လည်း ယဲ့ချန်းကတော့ အေးအေးဆေးဆေး နေချင်သဖြင့် သူ(မ)ကို ဘလော့ပစ်ခဲ့သည်။

ရည်းစားဟောင်းဆိုသော်ငြား သူတို့အချင်းချင်း ကောင်းကောင်းပင် မသိကြချေ။

"ယဲ့ချန်း... ကျွန်မ လက်ထပ်တော့မယ်။ ရှင့်ကို ကျွန်မရဲ့ရည်းစားဟောင်းအနေနဲ့ ဖိတ်ချင်လို့"

"ငါ့ကိုဖိတ်မယ် ဟုတ်လား"

ယဲ့ချန်းမှာ အံ့အားသင့်သွားသည်။

ငါတို့ကဖြင့် ကောင်းကောင်းတောင် မသိကြဘဲနဲ့ မင်းရဲ့မင်္ဂလာဆောင်ကို ငါ့ကို ဘာလို့ဖိတ်ရတာလဲ....

••••••••••••••

အပိုင်း ၃၆၃ : မင်္ဂလာပွဲတက်ခြင်း

လီကျောက်ကျောက်အပေါ် ယဲ့ချန်း အကောင်းမြင်စိတ်မရှိပေ။

ဤမိန်းကလေးက အရှက်မဲ့လွန်းလှသည်။

ထိုစဉ်က လမ်းခွဲကြမည်ဟု ပြောလိုက်ချိန်မှာ သူ(မ)ဘက်က လက်မလွှတ်ပေးခဲ့ပေ။

သူ့အကြောင်း နေရာတိုင်းမှာပင် မကောင်းပြောခဲ့သေးသည်။

နောက်ပိုင်းတွင် ဤကိစ္စကို ယဲ့ချန်းနှင့် ရင်းနှီးသည့်လူတော်တော်များများ သိသွားကြသည်။

ယဲ့ချန်းက အရက်မူးရင်း သူ(မ)ကို ထိပါးနှောင့်ယှက်ခဲ့သည်ဟုပင် ကောလာဟလများ ဖြန့်ခဲ့သေးသည်။

ဤမိန်းမနှင့်ပတ်သက်လာလျှင် ယဲ့ချန်း ရွံရှာမှုကိုသာ ခံစားရသည်။

ထင်မှတ်မထားပါဘဲ ဤမိန်းကလေးက သူ့အား ဖုန်းဆက်လာသည်။

ယဲ့ချန်းလည်း အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

"ဪ.. မင် ငါ့ကို ဘာလို့ မင်္ဂလာပွဲကို ဖိတ်တာလဲ"

လီကျောက်ကျောက်က ပြောလိုက်၏။

"သေချာပေါက်ဖိတ်ရမှာပေါ့။ ဘာလို့လဲဆိုတော့ ရှင်က ကျွန်မအတွက် အရေးကြီးတဲ့လူတစ်ယောက်မို့လို့လေ"

လီကျောက်ကျောက်၏စကားများကို ကြားသောအခါ ယဲ့ချန်း အနည်းငယ်အံ့အားသင့်သွားလေသည်။

ငါက မင်းအတွက် အဲဒီလောက်တောင် အရေးကြီးလို့လား…

ငါတို့က နှစ်ရက်တည်းတွဲခဲ့တာပါ…

ယဲ့ချန်းခမျာ ပြောစရာစကားရှာမရတော့ပေ။

လီကျောက်ကျောက်လည်း ဆက်ပြောလိုက်၏။

"ကျွန်မတို့ မတွဲဖြစ်ကြတော့ပေမဲ့ ရှင်နဲ့အတူရှိခဲ့တဲ့ နေ့ရက်တွေကို ကျွန်မ လုံးဝမေ့လို့မရဘူး"

ယဲ့ချန်း : "…"

သေစမ်း… မေ့မရနိုင်ဘူးဆိုတာ မင်းအတွက်တော့ လှပပေမဲ့ ငါ့အတွက်တော့ အိပ်မက်ဆိုးပဲ…

ယဲ့ချန်းလည်း နေရခက်ဟန်ဖြင့် ပြောလိုက်သည်။

"ငါတို့တွေ တအားရင်းနှီးနေသလိုမျိုး ဟန်မဆောင်လို့မရဘူးလား။ ငါတို့က ရက်ပိုင်းလောက်လေးပဲ သိခဲ့တာလေ"

"ဟူး… ယဲ့ချန်း ရှင် အခုလိုပြောတော့ ကျွန်မ ဝမ်းနည်းသွားပြီ။ ရှင့်ကြောင့် ကျွန်မ ရင့်ကျက်လာတာ။ ရှင့်ဆီက ကျွန်မ အများကြီးသင်ယူနိုင်ခဲ့တယ်။ အဲဒါကြောင့် ကျွန်မရဲ့ရည်းစားဟောင်းအနေနဲ့ ရှင်လာရမယ်။ ကျွန်မကို စိတ်ပျက်အောင်မလုပ်နဲ့နော်"

ယဲ့ချန်းမှာ အမှန်စင်စစ် ဆွံ့အသွားချေသည်။

သူ(မ)ကိုသိခဲ့သည်မှာ နှစ်ရက်မျှသာရှိသော်ငြား သူ့ရည်းစားဟောင်းဖြစ်လာပြီး သူ့မင်္ဂလာပွဲကိုလည်း တက်ရပေဦးမည်။

ထိုအချိန်တွင် ယဲ့ချန်းတွင် လုပ်ငန်းကိစ္စလေးတစ်ခု ပေါ်လာသဖြင့် သွားရောက်ဖြေရှင်းရန် လိုသောကြောင့် ဖုန်းကို ဘေးချထားခဲ့လိုက်၏။

လီကျောက်ကျောက်လည်း တစ်ဖက်က ဘာအသံမှမကြားရသဖြင့် ဘေးနားရှိ သူ(မ)၏ချစ်သူကို ပြောလိုက်သည်။

"ကျွန်မ ဘယ်သူ့ကိုဖုန်းဆက်တာလဲဆိုတာ ရှင်သိလား။ အရင်တုန်းက သူ ကျွန်မကို မရွေးချယ်ခဲ့တဲ့အတွက် သူ ဘယ်လောက်မှားသွားလဲဆိုတာကို သိစေချင်လို့ ဖိတ်လိုက်တာ။ ကျွန်မ ဘယ်လောက်အဆင်ပြေနေလဲဆိုတာ သိသွားလိမ့်မယ်။ ကျွန်မ ဘယ်လောက်တော်လဲဆိုတာလည်း မြင်သွားလိမ့်မယ်။ ငမွဲကများ ကျွန်မကို ငြင်းရဲတယ်တဲ့"

ယဲ့ချန်း : "…"

သေစမ်း.. မင်း ဘာအကွက်တွေခင်းနေတာလဲ…

အခုလေးတင် ကြည်နူးစရာစကားတွေပြောနေပြီးတော့..

ငါ့ကြောင့် မင်း ဘယ်လောက်ရင့်ကျက်လာသလဲတို့.. ငါ့ဆီက အများကြီး သင်ယူလိုက်ရတယ်တို့..

အခုကျတော့ မင်းက တစ်ဖက်လှည့်ပြီး ငါ့မကောင်းကြောင်း ပြောနေပြီပေါ့…

စက်ဆုပ်ဖွယ်အကောင်းဆုံးအရာမှာ သူ့ခင်ပွန်းလောင်းကို မျက်နှာလုပ်ရန်အတွက် သူ့ကို အသုံးချနေခြင်းပင်။ ဤမိန်းမက အလွန်ယုတ်မာလှသည်။

လီကျောက်ကျောက်၏ချစ်သူမှာမူ ဤစကားကိုကြားပြီးနောက် အလွန်ပျော်ရွှင်သွားသည်။

"ဟားဟား.. ဟုတ်တယ်။ မင်း သူ့ကိုခေါ်သင့်တယ်။ ကိုယ့်ရှေ့မှာ သူ ရှက်သွားပါစေ။ မင်းမှာ ရည်းစားဟောင်းဘယ်နှယောက်ရှိလဲ။ အကုန်လုံးကိုခေါ်လိုက်။ လူကုံထံတစ်ယောက်ဆိုတာ ဘာမှန်းသိသွားအောင် ပြလိုက်မယ်။ မင်းကို မရွေးချယ်ခဲ့တာ ဘယ်လောက်နောင်တရဖို့ကောင်းလဲဆိုတာ သိသွားစေရမယ်"

လီကျောက်ကျောက်၏ခင်ပွန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။

"ဟမ့်.. ရည်းစားဟောင်းတွေတဲ့.. သူနဲ့တန်လို့လား။ တကယ်တော့ ကျွန်မကသာ သူ့ကို စွန့်ပစ်ခဲ့တာပါ။ အနူလက်နဲ့ ရွှေခွက်နှိုက်ချင်နေသေးတယ်။ ကျွန်မလို အထက်တန်းလွှာတစ်ယောက်က ငမွဲတစ်ယောက်ကို လက်ထပ်စရာလား"

လီကျောက်ကျောက်တစ်ယောက် အာပေါင်အာရင်းသန်သန် ရေရွတ်နေသည်ကို ကြားသောအခါ ယဲ့ချန်းမှာ အန်ချင်လာသလို ခံစားရသည်။

အရင်တုန်းက မင်းပဲ ငါ့ကိုလိုက်ကပ်နေခဲ့တာလေ…

"ကောင်းပြီ။ ဒါဆို အဲဒီကောင်ကို လာပါစေဦး။ ဒါနဲ့ သူက ဘာအလုပ်လုပ်တာလဲ"

"တက္ကစီမောင်းနေတာလို့ ကြားတယ်။ တော်တော်အဖြစ်ဆိုးတာပဲ"

"ဟားဟား.. တက္ကစီမောင်းနေတာက တကယ်အဖြစ်ဆိုးတာပဲပေါ့။ ဒါတောင် လမ်းခွဲပြီးသွားတော့ မင်းက သူ့ကို လက်မလွှတ်ခဲ့ဘူးလေ။ ကိုယ်တော့ သူ့အတွက် စိတ်မကောင်းဖြစ်လိုက်တာ"

"ရှင်က အရမ်းချစ်ဖို့ကောင်းတာပဲ ယောကျ်ား.. ရှင် ကျွန်မနဲ့ပူးပေါင်းပေးရမယ်နော်။ ကျွန်မတို့ဘဝနဲ့ သူ့ဘဝက ဘာတွေကွာခြားလဲဆိုတာ သူ မြင်သွားပါစေ"

"စိတ်မပူပါနဲ့။ ကိုယ် မင်းအတွက် သေချာဖြေရှင်းပေးမယ်"

ထိုလူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် မောက်မောက်မာမာပြုံးလိုက်သည်။

"ကိုယ်တို့မင်္ဂလာပွဲကို အထက်တန်းလွှာတွေအကုန်လုံးကို ဖိတ်ထားတယ်။ အဲဒီတက္ကစီဒရိုင်ဘာကို ကိုယ် ဘယ်လိုအရှက်ခွဲမလဲဆိုတာ စောင့်ကြည့်နေလိုက်"

"ကောင်းပြီလေ။ ကျွန်မ မျှော်နေမယ်။ နောက်ဆုံးတော့ ကျွန်မရဲ့ဒေါသတွေကို ဖြေဖျောက်လို့ရပြီ"

လီကျောက်ကျောက်မှာ အေးတိအေးစက်နှာခေါင်းရှုံ့လိုက်သည်။

"ဟမ့်.. အရင်တုန်းက ရှင် ကျွန်မကို လျစ်လျူရှုခဲ့တယ်နော်။ အခု ကျွန်မ တခြားတစ်ယောက်နဲ့လက်ထပ်ပြီး ဘယ်လောက်အထိ ကောင်းကောင်းနေပြီး ကောင်းကောင်းစားနေရလဲဆိုတာ ပြမယ်"

…..

ဖုန်းထဲက စကားသံများကို နားထောင်ရင်း ယဲ့ချန်း အန်ချင်လာသည်။

ဤအမျိုးသမီးက အလွန်စက်ဆုပ်ဖွယ်ကောင်းလှသည်။

ယဲ့ချန်းလည်း ဖုန်းချလိုက်တော့သည်။

ထိုစဉ်က ထိုမိန်းကလေးကို သူပေးခဲ့သော စိတ်ဒဏ်ရာက အလွန်ကြီးပုံရသည်။

ယခုမူ သူ(မ)မှာ လူကုံထံချစ်သူတစ်ယောက်နှင့် ဆုံဆည်းခဲ့ပြီဖြစ်ရာ သူ့ရှေ့တွင် ကြွားလုံးထုတ်ချင်နေပေသည်။

ထိုအခိုက် ယဲ့ချန်း၏ဖုန်းက ထပ်မြည်လာပြန်သည်။

ဖုန်းခေါ်ဆိုသူကား မြေရှင်ပင်တည်း။

"ရှောင်ချန်း.. ငါ အရမ်းစိတ်တိုတာပဲ။ လီကျောက်ကျောက်က အခုလေးတင် ငါ့ကိုဖုန်းဆက်ပြီး မင်းအကြောင်း မကောင်းပြောသွားတယ်။ မင်းက အသည်းနှလုံးမရှိဘူးတဲ့။ သူက မင်းကို မင်္ဂလာပွဲကို လာတက်ဖို့ ကောင်းကောင်းမွန်မွန်ဖိတ်ပေမဲ့ မင်းက မတက်ဘူးတဲ့"

"မင်းက တက္ကစီမောင်းနေရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်နေလို့ သူ့ကိုလာမတွေ့ရဲတာလို့လည်း ပြောသေးတယ်"

ယဲ့ချန်း ရယ်လိုက်လေသည်။

"အန်တီ.. စိတ်မတိုပါနဲ့။ သူက ကျွန်တော့်ကိုလာစေချင်တာမလား။ ဒါဆို ကျွန်တော်ကလည်း သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့"

"ဒါနဲ့.. မင်္ဂလာပွဲက ဘယ်နေရာမှာ ကျင်းပမှာလဲ"

"မယ်ရီယော့ဟိုတယ်မှာ"

မြေရှင်အမျိုးသမီးက ဆိုလာလေသည်။

မယ်ရီယော့ဟိုတယ်ပဲလား…

ယဲ့ချန်း၏အမူအရာကား စိတ်ဝင်တစားဖြစ်သွားလေသည်။

မြေရှင် : "ရှောင်ချန်း ဘာဖြစ်လို့လဲ"

ယဲ့ချန်းကလည်း ဆို၏။

"ဘာမှမဖြစ်ပါဘူး"

မယ်ရီယော့ဟိုတယ်ဆိုသည်မှာ သူ့ကြွားဝါးမှုကို အားဖြည့်ပေးနိုင်မည့် အကောင်းဆုံးနေရာပင်။

ထင်မှတ်မထားပါဘဲ ထိုနေရာတွင် ထပ်ကြွားပြနိုင်ဦးမည်။

နောက်တစ်နေ့မနက်တွင် ယဲ့ချန်းလည်း မယ်ရီယော့ဟိုတယ်သို့ ရောက်လာခဲ့သည်။

ဤတစ်ခေါက်တွင် ခပ်လျှိုလျှိုမနေတော့ဘဲ သူ့လိုင်ကန်ကားကို မောင်းလာခဲ့လိုက်သည်။

ကားကို ပါကင်ထိုးပြီးနောက် ယဲ့ချန်းလည်း ဟိုတယ်ဝင်ပေါက်သို့ ထွက်လာခဲ့လိုက်၏။

အဝင်ဝတွင် လီကျောက်ကျောက်က သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားရင်း ခပ်ပုပုနှင့် ဝဖိုင့်ဖိုင့်အမျိုးသားတစ်ယောက်နှင့်အတူ ဧည့်သည်များကို ကြိုဆိုနှုတ်ဆက်နေသည်။

ယဲ့ချန်း အနားသို့လျှောက်သွားလိုက်သောအခါ မျက်လုံးများက သူ့ထံသို့ ကျရောက်လာသည်။

ယနေ့ ယဲ့ချန်းက ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်လာခဲ့သည်။

ချောမောခန့်ညားနေသဖြင့် မိန်းကလေးများမှာ ယဲ့ချန်း၏ရုပ်ရည်ကြောင့် ချက်ချင်းဆွဲဆောင်ခံလိုက်ရသည်။

ယဲ့ချန်းကိုမြင်သော် လီကျောက်ကျောက်လည်း တီးတိုးပြောလိုက်၏။

"ယောကျ်ား… ယဲ့ချန်း တကယ်လာလိမ့်မယ်လို့ ထင်မထားဘူး"

သတို့သားဖြစ်သူ ယန်ကျားကလည်း ယဲ့ချန်းမှာ အလွန်ချောမောနေသောကြောင့် အနည်းငယ်မနာလိုဖြစ်သွားရသည်။

လီကျောက်ကျောက်က ပြောလိုက်ပြန်သည်။

"ယောကျ်ား.. ဒီလူက အရင်တုန်းက ကျွန်မကိုလိုက်ကပ်နေခဲ့တဲ့လူလေ.. သူ့ကို လုံးဝခါချလို့ကိုမရဘူး။ ချောတော့ရော ဘာလုပ်မှာလဲ။ ကျွန်မကတော့ ရှင့်လိုလူမျိုးကိုပဲ သဘောကျတာ"'

လီကျောက်ကျောက် လိမ်နေခြင်းဖြစ်နိုင်ကြောင်း ယန်ကျား သိသည်။

လီကျောက်ကျောက်က သူ့ကို သဘောကျသည်ဟု ဆက်တိုက်ပြောနေပါသော်ငြား ရုပ်ရည်ကို အသားပေးသူတစ်ယောက်ဖြစ်ကြောင်း သိသာလှ၏။

သူတို့အပြင်ထွက်ကြတိုင်းလည်း ရုပ်ချောချောကောင်လေးများကိုသာ ငေးနေတတ်သည်။

သူ့အနေနှင့် မသိချင်ယောင်ဆောင်ပေးထားရုံမျှသာ။

ယဲ့ချန်း၏ရုပ်ရည်က ထူးခြားသည်ဟု ဆိုနိုင်ပေသည်။

လီကျောက်ကျောက်ကသာ ယဲ့ချန်းကို လိုက်ကပ်ခဲ့ခြင်းဖြစ်နိုင်သည်။

ဤဖြစ်နိုင်ခြေကို တွေးမိသောအခါ ယန်ကျားလည်း ရုတ်ခြည်းဖောက်ပြန်ခံရသလို ခံစားရသည်။

လီကျောက်ကျောက်ကမူ ယဲ့ချန်းကိုကြည့်၍ အံ့ဩချင်ယောင်ဆောင်လိုက်သည်။

"ဝိုး… ဘရန်းတွေချည်းပဲ ဝတ်ထားတာပါလား။ ယဲ့ချန်း.. ရှင်က တက္ကစီဒရိုင်ဘာလေ။ ဒီလိုဘရန်းအဝတ်အစားတွေကို ဘယ်လိုလုပ်ပြီး ဝတ်နိုင်မှာလဲ။ ကျွန်မထင်တာသာမမှားရင် ဒါတွေက ငှားထားတာမလား"

ယဲ့ချန်း ဘာမှမပြောနိုင်ခင်မှာပင် ယန်ကျားက ဝင်ပြောလိုက်လေသည်။

"ကောင်လေး.. လူဆိုတာ ဆင်ခြင်ဉာဏ်မမဲ့ရဘူး။ မင်း ဟားမ်စ်တံဆိပ်ဝတ်ချင်တယ်ဆိုရင်တောင် တက္ကစီဒရိုင်ဘာတစ်ယောက်ဝတ်ထားတာဆိုရင် လူတွေက အတုလို့ထင်ကြမှာပဲ"

သူတို့နှစ်ယောက်သည် ယဲ့ချန်း၏အလုပ်အကိုင်က တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ကြောင်း အသားပေးဖော်ပြထားသည်။

သို့သော် ယဲ့ချန်းကတော့ လုံးဝစိတ်မတိုဘဲ ပြောလိုက်သည်။

"ခင်ဗျား ကျုပ်ကို ဒီလောက်အထိ ရန်လိုနေစရာမလိုပါဘူး။ ခင်ဗျားချစ်သူနဲ့ ကျုပ်ကြားမှာ ဘာအကန့်မှမရှိဘူး။ သူ့လိုရုပ်ရည်မျိုးနဲ့ဆိုရင် ကျုပ်နဲ့ သူ့ကြားမှာ ဘာကိစ္စများ ဖြစ်ရမှာလဲ"

"ရှင်… ယဲ့ချန်း.. ဘာပြောလိုက်တာလဲ"

ယန်ကျားက ငတုံးမဟုတ်ပေ။ ယဲ့ချန်း၏စကားများ နောက်ကွယ်က အဓိပ္ပာယ်ကို သဘောပေါက်လိုက်သည်။

ယောကျ်ားနှင့်မိန်းမကြားတွင် ဖြစ်ပျက်နိုင်သော ကိစ္စမှာ ထိုကိစ္စသာရှိသည်။

လီကျောက်ကျောက်ကို သူ စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

"မင်းကများ ငါ့ကိုလိမ်ရဲတယ်ပေါ့။ ခဏနေမှ မင်းနဲ့ စာရင်းရှင်းမယ်"

ထို့နောက် ယန်ကျားက ယဲ့ချန်းကို အေးတိအေးစက်လေသံဖြင့် ပြောလိုက်သည်။

"ကောင်လေး.. မင်းက တက္ကစီဒရိုင်ဘာအဆင့်ပဲရှိတာ။ ဘာတွေဟိတ်ဟန်လာများပြနေတာလဲ။ မင်းကို တက္ကစီဆက်မောင်းလို့မရအောင် ဖုန်းတစ်ချက်ဆက်လိုက်ရုံနဲ့ ရတယ်ဆိုတာ ယုံလား"

All Chapters