← Chapters

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အပိုင်း ၃၆၄ : ငါ့မိတ်ဆွေတွေအကုန်လုံးက ဒိတ်ဒိတ်ကြဲတွေ

ယန်ကျားက ယဲ့ချန်းကို တက္ကစီဆက်မမောင်းနိုင်အောင် လုပ်ရန်အတွက် ဖုန်းဆက်လိုက်မည်ဟု ခြိမ်းခြောက်လိုက်သည်။

ယဲ့ချန်းကလည်း စနောက်လိုက်သည်။

"စမ်းကြည့်လိုက်လေ"

ယန်ကျား၏မျက်နှာကား မည်းခနဲဖြစ်သွားလေသည်။ ဤလူက သူ့ကို လူရှေ့သူရှေ့မှာပင် ရန်စရဲပေသည်။

"ကောင်းပြီ။ မင်းကိုယ်တိုင်တောင်းဆိုတာနော်။ နောက်မှ နောင်တမရနဲ့"

ယန်ကျားက ထိုသို့ပြောပြီးနောက် တက္ကစီအငှားကုမ္ပဏီ၏ ဥက္ကဋ္ဌကို ဖုန်းဆက်လိုက်သည်။

"ဥက္ကဋ္ဌချန်း.. ခင်ဗျားကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ကို ကျုပ်သိတယ်ဗျ။ ခင်ဗျား သူ့ရဲ့မောင်းနှင်ခွင့်ကို ရုပ်သိမ်းပေးလို့ရမလား"

"ဘယ်လိုအကန်းကောင်က ခင်ဗျားကို အပြစ်လုပ်ထားတာလဲ။ ကိစ္စမရှိဘူး။ ကျုပ် ဖြေရှင်းလိုက်မယ်"

တစ်ဖက်ကလည်း အဆောတလျင် သဘောတူလိုက်သည်။

ယန်ကျားက ဖုန်းချပြီးနောက် လှောင်ပြုံးပြုံးလျက် ပြောလိုက်၏။

"ကောင်လေး.. မင်းတော့သွားပြီ။ ငါ့မိတ်ဆွေတစ်ယောက်ကို ဖုန်းဆက်ထားတယ်။ မင်းတော့ တက္ကစီကုမ္ပဏီကနေ အမည်ပျက်စာရင်းအသွင်းခံရတော့မှာ"

ဘေးနားမှ ကြည့်နေသူများလည်း တိတ်တိတ်လေး ခေါင်းခါယမ်းလိုက်မိသည်။

ဤတက္ကစီဒရိုင်ဘာက ကိုယ့်နေရာကိုယ်မသိဘဲ ယန်ကျားကဲ့သို့သော ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်ကို ရန်သွားစလိုက်မိသည်။

ယခုမူ စားဝတ်နေရေးအတွက် သူမှီခိုနေရသောအလုပ်ကို ဆုံးရှုံးလိုက်ရလေပြီ။ လုံးဝမတန်ပါချေ။

ယဲ့ချန်းကတော့ လုံးဝစိတ်မပူပေ။ သူ့မျက်ဝန်းထဲတွင် စနောက်ကျီစယ်လိုဟန် အမူအရာတစ်ခု ရှိနေပေသည်။

မိနစ်အနည်းငယ်ကြာသောအခါ ယန်ကျား၏ဖုန်းက ထပ်မြည်လာပြန်သည်။

ယန်ကျားက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"ကောင်လေး.. ငါ့မိတ်ဆွေက ဖုန်းခေါ်နေတာ။ မင်း နောက်အလုပ်တစ်ခု ရှာလိုက်တာ ပိုကောင်းမယ်"

တစ်ဖက်က ဆိုလာလေသည်။

"သခင်လေးယန်.. တောင်းပန်ပါတယ်။ ကျွန်တော် ဒီကိစ္စကိုတော့ တကယ်လုပ်မပေးနိုင်ဘူး"

"ဘာ.. မလုပ်ပေးနိုင်ဘူးလား။ တက္ကစီဒရိုင်ဘာတစ်ယောက်ကို အမည်ပျက်စာရင်းသွင်းဖို့ ဆင်ခြေတစ်ခုရှာဖို့ပဲလိုတာကို"

မန်နေဂျာချန်းကလည်း နေရခက်ဟန်ဖြင့် ပြောလိုက်၏။

"ကျွန်တော့်မှာ အဲဒီလိုလုပ်နိုင်တဲ့အာဏာမရှိလို့ပါ။ တောင်းပန်ပါတယ်"

ဖုန်းကျသွားသောအခါ ယန်ကျားခမျာ ကြောင်အနေချေသည်။

အစောပိုင်းတုန်းက သူသည် လူတိုင်းရှေ့တွင် ကြွားဝါခဲ့မိသည်။ သို့သော် ယခုမူ သူ့မျက်နှာကား ဖြတ်ရိုက်ခံလိုက်ရလေပြီ။

သို့သော် အသက်ပြင်းပြင်းရှူသွင်း၍ ပြောလိုက်၏။

"ဟေ့ကောင်..မင်းက ဘာတွေမာန်တက်နေတာလဲ။ တက္ကစီဒရိုင်ဘာကများ… ငါဘယ်သူလဲဆိုတာ သိလို့လား။ ဂရန်းယူနီဗာဟိုတယ်ကို ကြားဖူးလား။ ငါ့မိသားစုက အဲဒီမှာငါးရာခိုင်နှုန်းရှယ်ယာဝင်ထားတာ"

ထိုစကားကိုကြားသောအခါ လူအုပ်ကြီးလည်း ထိတ်လန့်သွားချေသည်။

ဂရန်းယူနီဗာ့ဟိုတယ်က ကမ္ဘာကျော်ဟိုတယ်တစ်ခုပင်။

ဂရန်းယူနီဗာ့ဟိုတယ်က ဘီလျံနှင့်ချီ၍ ဝင်နေသည်ဖြစ်ရာ ရှယ်ယာငါးရာခိုင်နှုန်းဆိုလျှင် တစ်နှစ်ကို သန်းဆယ်ဂဏန်းခန့်ရှိ၏။

သူက တကယ့်လူကုံစစ်စစ်ပဲ..

ယန်ကျားမှာမူ လူအုပ်ကြီးထံမှ အံ့ဩမှင်တက်နေသည့်အသံများကို ကြားသောအခါ ဂုဏ်ယူဝင့်ကြွားသွားတော့သည်။

ယဲ့ချန်းကတော့ ခပ်ဖွဖွပြုံးလိုက်သည်။

ဂရန်းယူနီဗာ့ဟိုတယ်တွင် သူ့ရှယ်ယာမှာ နှစ်ဆယ်ရာခိုင်နှုန်းခန့်ရှိသည်။ ငါးရာခိုင်နှုန်းမျှဖြင့် သူ့ကို လာကြွားနေလေသလား။

စိတ်ဝင်စားစရာပင်။

ယဲ့ချန်း၏နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်ကား အထက်သို့ ကွေးတက်သွားလေသည်။

ထိုအချိန်တွင် ဘန်ထလေတစ်စီးက ဟိုတယ်အဝင်ဝတွင် ရပ်လိုက်လေသည်။ ကားတံခါးပွင့်လာပြီးနောက် လူငယ်လေးတစ်ယောက်က ဆောင့်ကြွားဆောင့်ကြွားဖြင့် ကားထဲက ထွက်လာလေသည်။

ထိုလူငယ်လေးကိုမြင်သော် ယန်ကျား၏မျက်နှာထက်တွင် ပျော်ရွှင်နေဟန်အမူအရာများဖြင့် ပြည့်နှက်သွားသည်။

"သခင်လေးတင်း.. အလုပ်များနေတဲ့ကြားက ကျွန်တော့်မင်္ဂလာပွဲကို လာတက်လိမ့်မယ်လို့ ထင်မထားဘူး။ ဂုဏ်ယူစရာပါပဲ"

တင်းပေါ်ကိုမြင်သောအခါ ယန်ကျား ဝမ်းမြောက်ဝမ်းသာဖြစ်သွားလေသည်။

ယန်ကျားသည် ဒုတိယမျိုးဆက်လူကုံထံများ၏ အထက်တန်းလွှာအသိုင်းအဝိုင်းထဲသို့ ဝင်ဆံ့ချင်ခဲ့သည်။

တင်ပေါ်က သူ့အခွင့်အလမ်းပင်ဖြစ်လေရာ သူသာ တင်းပေါ်ကို စိတ်ကျေနပ်အောင်လုပ်ပေးနိုင်သရွေ့ ဒုတိယမျိုးဆက်လူကုံထံအသိုင်းအဝိုင်းသို့ ခြေချနိုင်ရန်မှာ အနည်းနှင့်အမြန်သာဖြစ်၏။

ထို့ကြောင့် တင်းပေါ်က သူ့မင်္ဂလာပွဲကို တက်ရောက်လာသည့်အခါ ယန်ကျားလည်း သေမတတ်စိတ်လှုပ်ရှားသွားချေသည်။

အမြှောက်ကြိုက်သော တင်းပေါ်ကလည်း မြှောက်ပင့်ခံရသည်ကို အလွန်သဘောကျသည်။

"ဟေး.. မင်းက ငါ့ကို ခဏခဏခေါ်နေမှတော့ မင်းကို မျက်နှာသာမပေးရင်တောင် မင်းအဖေမျက်နှာတော့ ထောက်မှဖြစ်မယ်လေ"

"ဟုတ်ပါတယ် ဟုတ်ပါတယ်.. သခင်လေးတင်း အထဲကိုကြွပါဦး"

ယန်ကျားလည်း အေးတိအေးစက်နှာခေါင်းရှုံ့ပြီး ယဲ့ချန်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

"တွေ့လား။ သခင်လေးတင်းလိုမျိုး အထက်တန်းလွှာတစ်ယောက်က ငါ့မိတ်ဆွေပဲ။ မင်းလို ငမွဲက…"

သူ့စကားမဆုံးသေးခင်မှာပင် တင်းပေါ်က သူ့အား ဘေးကို တွန်းလွှတ်လိုက်သည်။

တင်းပေါ်မှာမူ ယဲ့ချန်းကိုမြင်သောအခါ မြှောက်ပင့်ခယလေဟန် အမူအရာကို ပြသလိုက်ချေသည်။

"သခင်လေးယဲ့.. ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"

ဤအခြင်းအရာကိုမြင်သော် ယန်ကျားလည်း မှင်တက်သွားသည်။

ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…

တင်းပေါ်က မည်သူလေလဲ။ ဟွားနိုင်ငံရှိ ဒိတ်ဒိတ်ကြဲသခင်လေးများအကြားမှာပင် သူက ထိပ်တန်းဖြစ်၏။

သို့တိုင် ယခုမူ သူက ယဲ့ချန်းကို လေးစားခယနေပေသည်။

"ဪ.. မင်းလည်းလာတာကိုး"

ယဲ့ချန်းက ပြောလိုက်၏။

တင်းပေါ်ကလည်း ခေါင်းညိတ်ပြသည်။

"သခင်လေးယဲ့က ဒီလိုအဆင့်နိမ့်မင်္ဂလာပွဲမျိုးကိုတက်တာ အဓိပ္ပာယ်မရှိဘူး။ ကျွန်တော် ကောင်းကောင်းမွန်မွန်စားပွဲသောက်ပွဲနဲ့ ဧည့်ခံမယ်လေ"

ယန်ကျား၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။

အဆင့်နိမ့်မင်္ဂလာပွဲဆိုတာက ဘာသဘောလဲ…

ငါ့မင်္ဂလာပွဲမှာ စားပွဲတစ်လုံးကို တစ်သိန်းကျော်ပေးရတယ်…

သို့သော် တင်းပေါ်ရှေ့တွင် ယန်ကျား လက်လွတ်စပယ်မပြုရဲပေ။

သူ့ဘေးရှိ လီကျောက်ကျောက်လည်း ကြက်သေသေသွားလေသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…

အစတုန်းက သူ(မ) ယဲ့ချန်းကို ဖိတ်ခဲ့ခြင်းမှာ အရှက်ကွဲအောင်လုပ်ရန်ပင်။ ယခုမူ တင်းမိသားစု၏ အကြီးဆုံးသခင်လေးက ယဲ့ချန်းကို မြှောက်ပင့်ခယနေသဖြင့် သူ(မ)၏ခံစားချက်မှာ သိပ်မသက်သာလှပေ။

ယခုအချိန်တွင် ယဲ့ချန်း ကံဆိုးမိုးမှောင်ကျသည်ကိုသာ လီကျောက်ကျောက် မြင်ချင်မိသည်။

အကယ်၍ ယဲ့ချန်း၏ဘဝက ကောင်းမွန်နေပါလျှင် သူ(မ)လည်း စိတ်မသက်မသာဖြစ်ရလိမ့်မည်။

"သခင်လေးတင်း... တစ်ခုခုမှားနေပြီထင်တယ်။ ယဲ့ချန်းက တက္ကစီဒရိုင်ဘာလေ"

လီကျောက်ကျောက်က ဘေးနားမှဝင်ပြောလိုက်သည်။

တင်းပေါ်လည်း လီကျောက်ကျောက်ကို စူးစူးရဲရဲစိုက်ကြည့်ပြီး‌ ပြောလိုက်သည်။

"တက္ကစီမောင်းတာက ဘာဖြစ်နေလို့လဲ။ ငါ့အစ်ကိုယဲ့က ဘဝအတွေ့အကြုံယူဖို့ တက္ကစီမောင်းတာလေ။ တကယ့်သူဌေးစစ်စစ်ဆိုတာ ဒါမျိုးပဲ။ ငါတောင် အစ်ကိုယဲ့လို ခပ်လျှိုလျှိုနေပြီး ပါဆယ်လိုက်ပို့ရမလားလို့ စဉ်းစားနေတာ။ မင်း ငါ့ကို အထင်သေးရဲလား"

"ဟင့်အင်း အထင်မသေးရဲပါဘူး"

လီကျောက်ကျောက်ခမျာ မျက်နှာအပျက်ပျက်အယွင်းယွင်းဖြင့် ပြောလိုက်လေသည်။

တင်းပေါ်၏စိတ်ထဲတွင် ယဲ့ချန်းက နတ်ဘုရားအလား ဖြစ်တည်မှုတစ်ခုပင်။

လွန်ခဲ့သည့်ရက်ပိုင်းက ဝမ်ခုန်းခုန်းနှင့် ဖြစ်ပျက်ခဲ့သည့် ကိစ္စအကြောင်း ကြားလိုက်ရချိန်တွင် အလွန်ကျေနပ်အားရသွားခဲ့သည်။

ထိပ်တန်းအဆင့်သခင်လေးများပင် ယဲ့ချန်းကို မြှောက်ပင့်ခယနေရပေသည်။ ဤသည်မှာ တကယ့်ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်၏ ဟန်ပန်ပင်။

တကယ်တမ်းတွင် သူ့စိတ်ထဲ၌ ယဲ့ချန်းက အိုင်ဒေါတစ်ယောက်လိုပင်။

တင်းပေါ်လည်း လီကျောက်ကျောက်ကို ကြည့်လိုက်၏။

တင်းပေါ်၏မျက်လုံးထဲတွင် ရုပ်ရည်ရမှတ်ရှစ်ဆယ်အထက်ရှိသူများကသာ အလှပဂေးဟု သတ်မှတ်နိုင်သည်။

လီကျောက်ကျောက်၏ရုပ်ရည်က ခုနစ်ဆယ်ဝန်းကျင်သာဖြစ်လေရာ ရုပ်ဆိုးသည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် နောက်တစ်ချက်ပင် ထပ်မကြည့်ဖြစ်တော့ချေ။

ထို့ပြင် ယန်ကျားအပေါ်ထားသော တင်းပေါ်၏စိတ်နေသဘောထားက ထိုအခိုက်ဝယ် ပြောင်းလဲသွားလေတော့သည်။

အစတုန်းက ယန်ကျားကို အမြော်အမြင်ရှိသည်ဟု ထင်ခဲ့မိသဖြင့် သူ့နောက်လိုက်အဖြစ် ဒုတိယမျိုးဆက်လူကုံထံအသိုင်းအဝိုင်းထဲသို့ ခေါ်သွင်းရန် စိတ်ကူးထားသည်။

သို့သော် ဤလူက ယဲ့ချန်းနှင့် ကတောက်ကဆဖြစ်ထားဟန်တူသည်။ ထိုကဲ့သို့သော လူများကို တစ်ယောက်တည်းပစ်ထားခြင်းကသာ ပိုကောင်းသည်။

သူ့အနေနှင့် ယဲ့ချန်းကို အပြစ်မလုပ်ချင်ပေ။ မဟုတ်ပါက သူသာ ဒုက္ခကြုံရမည်ဖြစ်၏။

တင်းပေါ်က ပြောလိုက်သည်။

"အစ်ကိုယဲ့.. ကလပ်က ပတ်ဝန်းကျင်ပိုကောင်းတယ်။ အစ်ကိုနဲ့အတူ အရက်သောက်ပေးမဲ့ အနုပညာရှင်ပေါက်စလေးတွေလည်း ရှိတယ်"

ယဲ့ချန်းမှာမူ ခေါင်းခါပြလိုက်သည်။

"ထားလိုက်ပါ။ ငါတို့က မင်္ဂလာဆောင်လာတက်တာလေ။ ဒီအတိုင်းထွက်သွားရင် ရိုင်းရာကျတယ်။ သတို့သားနဲ့ သတို့သမီးအတွက် တစ်ဒေါ်လာတန်စာအိတ်နီတောင် ပြင်လာတာ"

"အစ်ကိုယဲ့ပြောတာမှန်တယ်။ ကျွန်တော်လည်း တစ်ဒေါ်လာစာအိတ်နီတစ်အိတ် ပေးဦးမယ်"

ဘေးနားတွင်မူ ယန်ကျားခမျာ သွေးအန်လုမတတ်ပင်။ တစ်ဒေါ်လာစာအိတ်နီဆိုသည်မှာ သက်သက်ရန်စနေခြင်းပင်။

သူတို့နှစ်ယောက်လည်း ဟိုတယ်ထဲသို့ အတူဝင်သွားလိုက်သည်။

ယန်ကျားလည်း သူတို့နှစ်ယောက်၏ကျောပြင်ကိုကြည့်၍ အတန်ငယ်ခေါင်းရှုပ်သွားသည်။

တစ်ခုခုတော့လွဲနေပြီ.. တင်းပေါ်က ယဲ့ချန်းရဲ့ညီလေးတစ်ယောက်လို လုပ်ပြနေတာပဲ…

ယန်ကျားက လီကျောက်ကျောက်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

"သူက တက္ကစီမောင်းတဲ့ ဆင်းရဲသားတစ်ယောက်ဆိုတာ သေချာလား"

လီကျောက်ကျောက်ကလည်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။

"သေချာပါတယ်"

ယန်ကျား၏မျက်ဝန်းထဲတွင် အမှောင်ရိပ်ဖုံးလွှမ်းနေပေသည်။

"အင်း.. သခင်လေးတင်းက တစ်ခုခုနားလည်မှုလွဲနေတာပဲဖြစ်မယ်။ ယဲ့ချန်းရဲ့သရုပ်မှန်ကို ထုတ်ဖော်ဖို့ သခင်လေးတင်းကို ပြောပြမှဖြစ်မယ်"

ထိုအခိုက်ဝယ် လူတစ်ယောက်က အထဲသို့ ဝင်လာလေသည်။

ထိုလူမှာ ဟန်ယွီဟိုတယ်၏ အထွေထွေမန်နေဂျာ စုန့်မင်ပင်။

စုန့်မင်က ပြုံးစစဖြင့် ယန်ကျား၏ပခုံးကို ပုတ်လိုက်လေသည်။

"ဂုဏ်ယူပါတယ်"

ယန်ကျားလည်း မြှောက်ပင့်ခယလိုက်သည်။

"ဥက္ကဋ္ဌစုန့်.. ခင်ဗျားရောက်လာပေးတာ ကျွန်တော်တို့အတွက်တော့ ဂုဏ်ယူစရာပါပဲ။ ကျေးဇူးပြုပြီး ကြွပါဗျ"

"ကောင်းပါပြီ။ သွားနှင့်လိုက်ဦးမယ်"

စုန့်မင်၏ကျောပြင်ကိုကြည့်ရင်း ယန်ကျားလည်း ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြောလိုက်လေသည်။

"တွေ့လား။ သူက ဟွားနိုင်ငံမှာရှိတဲ့ ဟန်ယွီဟိုတယ်က အထွေထွေမန်နေဂျာပဲ။ နှစ်စဉ်လစာကလည်း နှစ်ဘီလျံတောင်ဝင်တာ"

"ဝိုး.. အရမ်းချမ်းသာတာပဲ"

လီကျောက်ကျောက် အံ့ဩသွားချေသည်။

ယန်ကျားမှာမူ မာန်တက်နေတော့သည်။

"ဒီနေ့ကြွလာတဲ့ ဧည့်သည်တွေအကုန်လုံးက ဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်တွေလေ။ နှစ်ဘီလျံဆိုတာက ဘာမှမဟုတ်သေးဘူး"

လီကျောက်ကျောက်မှာမူ ဝမ်းသာလုံးဆို့နေချေသည်။

"ယောကျ်ား.. ရှင်က အရမ်းတော်တာပဲ။ အဲဒီဆင်းရဲသားယဲ့ချန်းထက် အဆတစ်ရာလောက် ပိုတော်တယ်"

•••••••••••••••••••

အပိုင်း ၃၆၅ : ရည်စားဟောင်းကို မိတ်ဆက်ခြင်း

ယန်ကျားမှာ အစောပိုင်းက စိတ်ဓာတ်ကျမှုများ ပျောက်ကွယ်သွားပြီး အလွန်ဂုဏ်မောက်နေတော့သည်။

ထိုအချိန်တွင် ရိုးလ်ရွိုက်စ်ကားတစ်စီးက စားသောက်ဆိုင်၏ဝင်ပေါက်တွင် ရပ်လိုက်ပြန်သည်။

အရှိန်အဝါကြီးမားလှသော သခင်လေးတစ်ယောက်က ကားထဲက ဆင်းလာခဲ့သည်။

"အဲဒါက ဘယ်သူလဲ"

လီကျောက်ကျောက် မေးလိုက်လေသည်။

ယန်ကျားက တစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်သည်။

"အဲဒါက ကိုယ့်အဖေရဲ့မိတ်ဆွေလေ။ ဝမ်သိုက်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌချန်းလေ။ ဘီလျံနာဆိုလည်း ဟုတ်တယ်"

"ဝမ်သိုက်လုပ်ငန်းစုလား။ ကျွန်မတို့အိမ်ကို ဝမ်သိုက်လုပ်ငန်းစု ဆောက်ထားတာ။ ယောကျ်ား.. ရှင်က အရမ်းတော်တာပဲ"

ဒိတ်ဒိတ်ကြဲသူဌေးများကို တစ်ယောက်ပြီးတစ်ယောက် မြင်နေရသည့်အတွက် လီကျောက်ကျောက်၏မျက်ဝန်းကား တောက်ပသွားသည်။

သူ(မ) လူမှန်သူမှန်နှင့် လက်ထပ်လိုက်နိုင်သည်ဟု ခံစားလိုက်ရသည်။

ယန်ကျားအဖေ၏လွှမ်းမိုးမှုက အလွန်အထင်ကြီးလောက်ပေသည်။

ထိုသူဌေးများမှာ သန်းဆယ်ဂဏန်း ရာဂဏန်းခန့်ပိုင်ဆိုင်ကြသူများပင်။ ဆင်းရဲသားယဲ့ချန်းထက် များစွာသာလွန်သော လူများဖြစ်ကြသည်။

ထိုအချိန်တွင် ယဲ့ချန်း မင်္ဂလာဆောင်ခန်းမထဲသို့ တင်းပေါ်နှင့်အတူ ဝင်လာခဲ့လိုက်သည်။

ကျွေးမွေးဧည့်ခံရေးခန်းမထဲတွင် စားပွဲအလုံးတစ်ရာကျော် ချထားပြီး မင်္ဂလာပွဲအပြင်အဆင်ကလည်း အဆင့်မြင့်ပြီး ခမ်းနားလှသည်။

ယန်ကျားနှင့် လီကျောက်ကျောက်တို့မှာ ကြွားဝါ၍ရသမျှ အခွင့်အရေးများကို လက်လွတ်မခံပေ။

"ယဲ့ချန်း ဒီမှာ…"

ထိုအချိန်တွင် အဒေါ်ကြီးတစ်ယောက် ယဲ့ချန်းကို လှမ်းခေါ်လေသည်။

ယဲ့ချန်းလည်း စားပွဲထောင့်တစ်နေရာကို လှမ်းကြည့်လိုက်လေရာ အိမ်ရှင်အဒေါ်ကြီးနှင့် အိမ်နီးချင်းဟောင်းများက နောက်ဆုံးစားပွဲတွင် ထိုင်နေကြကြောင်း မြင်လိုက်ရသည်။

ယခင်က လီကျောက်ကျောက်သည် ဤအိမ်နီးချင်းဟောင်းများအကြောင်း အောက်မေ့တမ်းတနေဟန်ဖြင့် ပြောခဲ့ဖူးသည်။

လက်စသတ်တော့ ဒီလိုကိုး…

စားပွဲ၏တည်နေရာက ထိုစားပွဲရှိ လူတိုင်းအပေါ်ထားသော လီကျောက်ကျောက်၏စိတ်ထဲရှိ တန်ဖိုးပင်။

ယဲ့ချန်းနှင့် သူ့အဖွဲ့က တန်ဖိုးအနည်းဆုံးဖြစ်နေပေသည်။

"ယဲ့ချန်း.. မတွေ့ရတာကြာပြီနော်။ မင်းက ပိုတောင်ချောလာသေးတယ်"

"ဟုတ်တယ်။ ယဲ့ချန်း.. မင်း ရည်းစားရနေပြီလား"

"ဟားဟား.. ငါတို့ယဲ့ချန်းက မျက်စိပသာဒဖြစ်နေတုန်းပဲ"

နောက်ဆုံးစားပွဲတွင် နေရာချခံထားရသဖြင့် ဤအိမ်နီးချင်းများမှာ အနည်းငယ်စိတ်တိုနေကြသည်။

မည်သို့ပင်ဖြစ်စေ ဖိတ်ထားပြီဖြစ်သည့်တိုင် တစ်ဖက်လူကို အလေးထားသင့်ပေသည်။ ဤသို့လုပ်နေမည်ဆိုလျှင် လုံးဝမဖိတ်ခြင်းကသာ ပိုကောင်းပေလိမ့်မည်။

ယဲ့ချန်းလည်း သူတို့အားလုံးကို နှုတ်ဆက်လိုက်၏။

ထိုအချိန်တွင် သူ့ဘေးရှိ တင်းပေါ်က အနည်းငယ်နေရခက်နေသည်ကို ယဲ့ချန်း သတိထားမိလိုက်သဖြင့် ပြုံးလျက်သာ ပြောလိုက်လေသည်။

"မင်းက ကိုယ့်နေရာကိုယ်သာ သွားထိုင်နေလိုက်။ ငါ့နားမှာ နေပေးစရာမလိုပါဘူး"

တင်းပေါ်ကလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် အရှေ့ရှိ သူ့ထိုင်ခုံတွင် သွားထိုင်နေလိုက်သည်။ ယန်ကျား၏အမြင်တွင်မူ တင်းပေါ်ကို အထူးဧည့်သည်တော်ဟု သတ်မှတ်ထားသည်။

"ခုနတုန်းက ကောင်လေးကို ရင်းနှီးနေသလိုပဲ"

"တီဗီထဲမှာ မြင်ဖူးတာထင်တယ်။ ဟုတ်သားပဲ.. သူက တင်းလုပ်ငန်းစုရဲ့ဥက္ကဋ္ဌမလား။ ဘုရားရေ.. မင်းက အဲဒီလိုအကောင်ကြီးကြီးတွေနဲ့လည်း သိတာပဲလား"

ယဲ့ချန်းလည်း ခပ်ဖွဖွရယ်မောလိုက်လေသည်။

"ဟားဟား နည်းနည်းလောက်ဆုံဖူးရုံပါ"

အိမ်ရှင်အန်တီကြီးက မေးလိုက်လေသည်။

"ယဲ့ချန်း.. မင်း အခု ဘာအလုပ်လုပ်နေတာလဲ"

ယဲ့ချန်းလည်း ပြုံးပြလိုက်၏။

"ကျွန်တော်လား။ တက္ကစီမောင်းနေတုန်းပဲ"

"ဟင်… တက္ကစီမောင်းနေတုန်းလား။ မင်းက ဘွဲ့ရတစ်ယောက်လေ။ ဝန်ထမ်းအလုပ်လုပ်လို့ရတာပဲ။ ဘာလို့တက္ကစီမောင်းနေသေးတာလဲ"

ယဲ့ချန်း ခပ်ဖွဖွသာပြုံးပြလိုက်သည်။

"ကျွန်တော် သဘောကျလို့ပါ။ တက္ကစီမောင်းရတာက လွတ်လပ်ပြီး ဘာကန့်သတ်ချက်မှမရှိဘူး။ တော်တော်ကောင်းတယ်လို့ ထင်တာပဲ"

ထိုအချိန်တွင် ဧည့်သည်အများစု ရောက်လာသဖြင့် မင်္ဂလာပွဲလည်း စတင်တော့မည်ဖြစ်၏။

သတို့သားနှင့် သတို့သမီး အထဲသို့ ဝင်လာလေသည်။ အစီအစဉ်တင်ဆက်သူက ဒေသခံတီဗီအစီအစဉ်တွင် အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်လေရာ လှုပ်ရှားသက်ဝင်သော လေထုအခြေအနေကို ဖန်တီးပေးနိုင်ချေသည်။

"အမှာစကားပြောကြားပေးဖို့အတွက် သတို့သားကို ဖိတ်ခေါ်လိုက်ရအောင်"

ထိုအစီအစဉ်တင်ဆက်သူက ပြောလိုက်၏။

ယန်ကျားလည်း စင်ပေါ်တွင်ရပ်ပြီးနောက် ဧည့်ပရိသတ်များကို ကြည့်လိုက်လေသည်။

ပုံမှန်ဆိုလျှင် သတို့သား၏အမှာစကားတွင် သတို့သမီးကို သူ မည်မျှချစ်ကြောင်း သို့မဟုတ် သူတို့၏အချစ်ဇာတ်လမ်းအကြောင်းကိုသာ ပြောရသည်။

သို့သော် ယန်ကျားကတော့ မတူပေ။ သူက ဧည့်ပရိသတ်များကိုကြည့်၍ ပြောလိုက်လေသည်။

"ဂုဏ်သရေရှိလူကြီးမင်းများနဲ့ အမျိုးသမီးများခင်ဗျာ… ဒီနေ့ မင်္ဂလာပွဲကို တက်ရောက်လာတဲ့ ဧည့်သည်တွေနဲ့ မိတ်ဆက်ပေးပါရစေ"

ယဲ့ချန်းလည်း ကျိတ်မရယ်ဘဲ မနေနိုင်တော့ပေ။

ဒါက မင်္ဂလာပွဲတဲ့လား…

ဒါကြီးက တွေ့ဆုံပွဲကြီးနဲ့တောင် တူနေပြီ…

ဧည့်သည်တွေကို မိတ်ဆက်ပေးနေတာတဲ့လား…

ယန်ကျားက လူတိုင်းရှေ့တွင် ကြွားဝါချင်နေကြောင်း သိသာလှသည်။

အမှန်ပင်။ ယန်ကျားက ကြွားဝါချင်နေပေသည်။ မည်မျှကြီးကျယ်ခမ်းနားသော ဧည့်သည်များကို သူ ဖိတ်ခေါ်ထားကြောင်း လူတိုင်းကို သိစေချင်နေပေသည်။

မင်္ဂလာခန်းမထဲတွင် ဒိတ်ဒိတ်ကြဲသူဌေးများစွာရှိကြောင်း လူတိုင်း သတိထားမိကြသည်။

"အဝင်ဝမှာ ဇိမ်ခံကားတွေအများကြီးကို မြင်ခဲ့တယ်"

"ဟုတ်တယ်။ ဘယ်သူတွေလဲဆိုတာ သိရတော့မယ်"

"ဪ… ဒီလုပ်ငန်းရှင်ကြီးတွေကို ပုံမှန်ဆိုရင် တွေ့ရတာမဟုတ်ဘူး။ ငါတို့ ခဏနေရင် သူတို့ကို ကောင်းကောင်းမွန်မွန်နှုတ်ဆက်သင့်တယ်"

"လီကျောက်ကျောက်က အရမ်းကံကောင်းတာပဲ။ ဒါက လူကုံထံမိသားစုထဲကို လက်ထပ်ပြီးဝင်တာလို့ ပြောလို့ရတယ်မလား"

ယန်ကျားမှာမူ လည်ချောင်းရှင်းလိုက်ပြီးနောက် ဝမ်သိုက်လုပ်ငန်းစု၏ အထွေထွေမန်နေဂျာချန်းကို ဦးစွာမိတ်ဆက်ပေးလိုက်သည်။

ချန်းဝမ်ကလည်း မတ်တတ်ထရပ်၍ လူအုပ်ကြီးကို လက်ပြလိုက်သည်။

ဝမ်သိုက်လုပ်ငန်းစု၏ ချန်းဝမ်ဟူသော နာမည်ကို ကြားလိုက်ရသောအခါ ပွဲကြည့်ပရိသတ်များလည်း အုန်းအုန်းကျက်ကျက်ဖြစ်သွားလေသည်။

ချန်းဝမ်က မိုတုမြို့တွင် နာမည်ကြီးအိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ပိုင်ဆိုင်မှုအားဖြင့် ဘီလျံပေါင်းများစွာရှိသည်ဖြစ်ရာ အလွန်အထင်ကြီးဖို့ကောင်းလှလေသည်။

ထို့နောက် ယန်ကျားက ဟွားတုဥပဒေလုပ်ငန်းစုမှ ကျောက်ချီသုန်းကို ဆက်မိတ်ဆက်ပေးလိုက်ပြန်သည်။

"သေစမ်း.. ဟွားတုဥပဒေလုပ်ငန်းစုတဲ့။ အဲဒါက ဟွားနိုင်ငံမှာ နံပါတ်တစ်ဥပဒေလုပ်ငန်းစုမဟုတ်ဘူးလား"

ကျောက်ချီသုန်းလည်း အသာခေါင်းဆတ်ပြသည်။

ဧည့်ပရိသတ်များမှာ တစ်ဖန်ပွက်လောရိုက်သွားပြန်သည်။

မင်္ဂလာပွဲလာ ဧည့်ပရိသတ်များမှာ ဒိတ်ဒိတ်ကြဲသူဌေးကြီးများပင်။

"ရုန်အိုက်ဆေးရုံက ဆေးရုံအုပ်ချန်း"

အခန်းကား တစ်ဖန်အုန်းအုန်းကျက်ကျက်ဖြစ်သွားပြန်သည်။

လူအုပ်ကြီး၏အမူအရာကိုမြင်သော် ယန်ကျားမှာ ဆောင့်ကြွားကြွားဖြစ်သွားချေသည်။

သူက နောက်ဆုံးတွင်ထိုင်နေသော ယဲ့ချန်းကိုပင် ရန်စလေဟန်ဖြင့် ကြည့်လိုက်သေးသည်။

"ကိုယ့်လူ… မင်းလို ငမွဲတစ်ယောက်က ငါ့ကို လာယှဉ်နိုင်မှာတဲ့လား။ ငါက အထက်တန်းလွှာလူတန်းစားတွေနဲ့ ခင်တယ်ကွ။ မင်းရော ဘယ်သူနဲ့များခင်လဲ"

ယန်ကျားမှာ ယဲ့ချန်းကို တည့်တည့်စိုက်ကြည့်ရင်း ကျေနပ်အားရနေတော့သည်။

ယဲ့ချန်းကတော့ ယန်ကျားတစ်ယောက် ဟိတ်ဟန်ထုတ်နေသည်ကိုကြည့်ရင်း ပြုံးစစဖြင့် နေကြာစေ့ ဆက်စားနေလိုက်သည်။

ယန်ကျားလည်း အေးစက်စက်နှာခေါင်းရှုံ့၍ ဆက်မိတ်ဆက်ပေးနေသည်။

"ဒါကတော့ ဟွားယွင်သင်္ဘောလုပ်ငန်းက ဥက္ကဋ္ဌလီဖြစ်ပါတယ်"

….

"နောက်တစ်ယောက်ကတော့ ဟွမ်ယွီဟိုတယ်ရဲ့ ဥက္ကဋ္ဌချန်းပါ"

ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်များ၏ နာမည်များကို နားထောင်ရင်း လူတိုင်း တအံ့တဩဖြင့် ပင့်သက်ရှိုက်မိကုန်သည်။

ဘေးနားရှိ လီကျောက်ကျောက်မှာမူ စိတ်လှုပ်ရှားတက်ကြွနေသည်။

သူ(မ)၏ချစ်သူက ထိပ်တန်းအဆင့် လုပ်ငန်းရှင်ကြီးများနှင့် ရင်းနှီးလိမ့်မည်ဟု တကယ်ထင်မထားချေ။

သူ(မ)၏မင်္ဂလာပွဲကို တက်ရောက်လာသူများမှာ မီလျံနာနှင့် ဘီလျံနာများပင်။ ထိုလူများ၏ အဆင့်အတန်းကား အံ့ဖွယ်ကောင်းလှပေသည်။

သူ(မ)၏လုပ်ဖော်ကိုင်ဖက်များနှင့် သူငယ်ချင်းများ အားကျနေကြကြောင်း လီကျောက်ကျောက် မြင်နေရသည်။

ဤသည်မှာ သူ(မ)လိုချင်သော သက်ရောက်မှုမျိုးပင်။

ထိုအချိန်တွင် လီကျောက်ကျောက်လည်း ယဲ့ချန်းကို ရုတ်တရက်သတိရလိုက်သည်။

ယဲ့ချန်းတစ်ယောက် ယခုလောက်ဆိုလျှင် သေလောက်အောင် နောင်တရနေလောက်ချေပြီ။

ဟမ့်.. အရင်ကတော့ ရှင် ကျွန်မကို မလိုချင်ခဲ့ဘူးလေ.. အခု ကျွန်မက သူဌေးသားတစ်ယောက်နဲ့ လက်ထပ်လိုက်ပြီ.. ရှင့်လိုငမွဲတစ်ယောက်က ကျွန်မယောကျ်ားကို ဘယ်ယှဉ်နိုင်လိမ့်မလဲ…

လီကျောက်ကျောက်လည်း လူအုပ်ထဲရှိ ယဲ့ချန်းကို လှမ်းကြည့်လိုက်သည်။

သို့သော် ယဲ့ချန်း၏မျက်နှာထက်တွင် နောင်တရနေဟန် အရိပ်အယောင်တစ်ခုကိုမှ မမြင်ရပေ။

ထိုလူမှာ ခြေချိတ်ထိုင်၍ နေကြာစေ့ဝါးရင်း ပွဲကြည့်နေသည့်အလား အမူအရာတစ်ခုကို ဆင်မြန်းထားသည်။

ဤမြင်ကွင်းကြောင့် လီကျောက်ကျောက် မကျေမနပ်ဖြစ်သွားလေတော့သည်။

အရင်တုန်းက အရှက်ကွဲခဲ့ရသမျှကို ဒီနေ့တော့ ငါ ပြန်အဖတ်ဆည်မှဖြစ်မယ်…

လီကျောက်ကျောက်လည်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

ယခုမူ သတို့သမီးဘက်က အမှာစကားပြောကြားပေးရန် အလှည့်ကျလေပြီ။

လီကျောက်ကျောက်က စင်မြင့်ပေါ်တွင်ရပ်၍ ယဲ့ချန်းကို တည့်တည့်ကြည့်လိုက်လေသည်။

"ဒီနေ့ ဒီလိုအရေးကြီးတဲ့နေ့လေးမှာ လူတစ်ယောက်ကို သတိရမိပါတယ်။ အဲဒါကတော့ ကျွန်မရဲ့ရည်းစားဟောင်းယဲ့ချန်းပါ"

ယဲ့ချန်းတဲ့လား…

ဒိတ်ဒိတ်ကြဲသူဌေးကြီးများမှာ ဤနာမည်ကို အလွန်ရင်းနှီးကြသည်။

သို့သော် တိုက်ဆိုင်မှုဖြစ်နိုင်သောကြောင့် သိပ်ဂရုမစိုက်ကြချေ။

လီကျောက်ကျောက်က ပြုံးလျက် ပြောလိုက်လေသည်။

"သူလည်း ဒီနေ့ ဒီကိုရောက်နေပါတယ်။ ယဲ့ချန်း… နှုတ်ဆက်လိုက်ပါဦး"

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။ ဤမိန်းကလေးက သူ့အား အလွတ်ပေးရန် အစီအစဉ်မရှိပေ။

ဒီလိုဆိုတော့လည်း ကြွားလို့ဆိုပြီး ငါ့ကို အဆိုးမဆိုနဲ့ပေါ့…

ယဲ့ချန်းက သူ့လက်ထဲရှိ နေကြာစေ့အခွံများကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ပြီးနောက် ပြုံးစစဖြင့် မတ်တတ်ထရပ်လိုက်၏။

"အားလုံးပဲ မင်္ဂလာပါ"

"ဝိုး.. အရမ်းချောတာပဲ"

"ဟုတ်တယ်။ ဒီကောင်လေးက အရမ်းခံ့ညားတာပဲနော်"

"လီကျောက်ကျောက်မှာ ဒီလောက်ချောတဲ့ ရည်းစားဟောင်းမျိုးရှိတာပါလား"

သူ(မ)၏သူငယ်ချင်းများက တီးတိုးရေရွတ်နေကြချေသည်။ သို့သော် ဒိတ်ဒိတ်ကြဲသူဌေးကြီးများကတော့ ယဲ့ချန်းကိုမြင်သောအခါ အံ့ဩမှင်တက်သွားပေသည်။

မစ္စတာယဲ့က ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ..

အရေးအကြီးဆုံးအချက်မှာ သူက သူတို့၏ဘော့စ်ဖြစ်သည့်တိုင် သူတို့က အရှေ့တွင်ထိုင်ပြီး ယဲ့ချန်းကတော့ နောက်ဆုံးနားတွင် ထိုင်နေရပေသည်။

ဤသည်မှာ ဘယ်လိုအပြုအမူမျိုးလေလဲ။

ထိုလုပ်ငန်းရှင်ကြီးများမှာ ချက်ချင်းဆိုသလို ဇောချွေးပျံသွားလေတော့သည်။

•••••••••••••••••

အပိုင်း ၃၆၆ : မင်္ဂလာဆောင်တွင်ပြဿနာရှာခြင်း

ထိုအချိန်တွင် အခြေအနေအမှန်ကို မသိကြသေးသော ဧည့်ပရိသတ်များမှာ အတင်းပြောနေကြဆဲပင်။

"သတို့သမီးရဲ့ရည်းစားဟောင်းကို ဘာလို့ နောက်ဆုံးတန်းမှာ သွားထိုင်ခိုင်းထားတာလဲ"

"မမြင်ဘူးလား... အဲဒီကောင်လေးက ဘာအရည်အချင်းမှ မရှိလို့ဖြစ်မှာပေါ့"

"တကယ်ပဲနော်... ဒါက သက်သက်စော်ကားလိုက်တာမဟုတ်ဘူးလား"

...

လူအုပ်ကြီးအကြား ဝေဖန်သံများဖြင့် ဆူညံနေတော့သည်။

ထိုအချိန်မှာပင် လူကုံထံလူကြီးလူကောင်းတစ်စုက ဖန်ခွက်ကိုယ်စီကိုင်လျက် ယဲ့ချန်းရှိရာသို့ ရုတ်တရက်ထွက်လာကြသည်။

ယန်ကျားခမျာ ကြောင်အသွားချေသည်။

"ဦးလေးတို့... ဘယ်သွားကြမလို့လဲ"

သို့သော် ထိုလူတစ်သိုက်ကတော့ သူ့ကို လှည့်ပင်မကြည့်ဘဲ ယဲ့ချန်းထံသို့ တန်းတန်းမတ်မတ် လျှောက်သွားကြလေသည်။

ထိုအခါ ယန်ကျားနှင့် လီကျောက်ကျောက်တို့လည်း အံ့သြမှင်တက်ပြီး အနောက်က လိုက်လာခဲ့သည်။

ထိုလူများမှာ ယဲ့ချန်းရှေ့တွင် စီတန်း၍ မတ်တတ်ရပ်ပြီး ရိုရိုသေသေဖြင့် ပြောလိုက်သည်ကို သူတို့ မြင်လိုက်ရ၏။

"မစ္စတာယဲ့"

မစ္စတာယဲ့တဲ့လား....

ယန်ကျားနှင့် လီကျောက်ကျောက်တို့နှစ်ယောက်စလုံး မှင်တက်သွားကြသည်။

"ဦးလေးတို့... တစ်ခုခုမှားနေပြီထင်တယ်။ သူက တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"

"တက္ကစီဒရိုင်ဘာ ဟုတ်လား။ သူက ငါတို့ရဲ့ အထက်လူကြီးကွ"

ချန်းဝမ်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။

"အထက်လူကြီးလား"

"ယန်ကျား... မင်း လွန်သွားပြီ။ သူဌေးယဲ့က မင်းရဲ့မင်္ဂလာဆောင်ကို သဘောထားကြီးကြီးနဲ့ လာတက်ပေးတာတောင် မင်းက သူ့ကို နောက်ဆုံးတန်းမှာ ထိုင်ခိုင်းထားတယ်ပေါ့"

ယန်ကျားမှာ ဆွံ့အသွားချေသည်။

လီကျောက်ကျောက်လည်း အံ့သြမှင်တက်သွားပေသည်။

"သူဌေးလား.. ယဲ့ချန်းက တက္ကစီမောင်းတဲ့သူလေ။ ဘယ်လိုလုပ်ပြီး သူဌေးဖြစ်သွားရတာလဲ"

သူတို့နှစ်ယောက်စလုံး ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

ဤဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်များ၏ အမူအရာကို ကြည့်ရသည်မှာ နောက်ပြောင်နေပုံမပေါ်ပေ။

လီကျောက်ကျောက်က နေရခက်စွာ ပြုံးလိုက်သည်။

"ဦးလေးချန်း.. တစ်ခုခုမှားနေတာ ဖြစ်ပါလိမ့်မယ်။ ယဲ့ချန်းက ဘယ်လိုလုပ်ပြီး သူဌေးတစ်ယောက်ဖြစ်နိုင်မှာလဲ။ သူက တက္ကစီမောင်းတဲ့လူပါ"

"ပေါက်ကရတွေ"

ချန်းဝမ်က အေးစက်ခက်ထန်စွာ ပြောလိုက်သည်။

ထို့နောက် ယန်ကျား၏အဖေ ယန်ကျန်းကို ပြောလိုက်သည်။

"ယန်ကျန်း.. မင်းရဲ့သားက ဘယ်လိုမိန်းမမျိုးကို လက်ထပ်ထားတာလဲ။ သူက ကန်းနေတာပဲ"

ချန်းဝမ်း၏စကားကို ကြားလိုက်ရချိန်ဝယ် လူတိုင်း အံ့ဩမှင်တက်ကုန်သည်။

ချန်းဝမ်က ယန်ကျား၏ဦးလေးပင်။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ မင်္ဂလာအခမ်းအနားဖြစ်သည်။ ဦးလေးဖြစ်သူက သတို့သမီးကို မည်သို့နှယ် ကြမ်းကြမ်းတမ်းတမ်းဆူပူနေရလေသလဲ။

"ငါတို့ကြားက ပတ်သက်မှုကို ထောက်ထားပြီး ဒီလိုသတို့သမီးမျိုးကို ကွာရှင်းလိုက်တာ အကောင်းဆုံးပဲ"

ကျောက်ချီသုန်းက ခပ်အေးအေးဝင်ပြောလေသည်။

ထိုအချိန်တွင် ယန်ကျားမှာမူ ဆွံ့အသွားရလေတော့သည်။

"ဦးလေးတို့.. တစ်ခုခုမှားနေတာဖြစ်လိမ့်မယ်။ ဒီယဲ့ချန်းက..."

"ပါးစပ်ပိတ်ထား.. မင်းကများ သူ့ကို ယဲ့ချန်းလို့ခေါ်ရဲတယ်ပေါ့"

ချန်းဝမ်က သူ့ကို ချက်ချင်းဖြတ်ပြောလိုက်သည်။

ချန်းဝမ်က ဆိုပြန်သည်။

"မစ္စတာယဲ့.. ယန်ကျားက ကျွန်တော့်ဆွေမျိုးပါ။ သူ့အစား ကျွန်တော် တောင်းပန်ပါတယ်။ ဒီတူလေးကို ကျွန်တော် နောက်နောင် အဆက်အသွယ်ဖြတ်လိုက်ပါ့မယ်"

လုပ်ငန်းရှင်တစ်ယောက်အနေနှင့် ယဲ့ချန်းကိုသာ အပြစ်ပြုမိသွားလျှင် သူ့ကုမ္ပဏီလည်း ပျက်ကိန်းဆိုက်မည်ဖြစ်ကြောင်း ချန်းဝမ်ကောင်းကောင်းသိသည်။ ထို့ကြောင့် တုံးအလှသော ဤတူကို အသိအမှတ်မပြုခြင်းကသာ ပိုကောင်းလိမ့်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

အခြားဒိတ်ဒိတ်ကြဲသူဌေးများကလည်း ယဲ့ချန်းကို ခွက်မြှောက်ဂုဏ်ပြုကြသည်။

"မစ္စတာယဲ့.. မတွေ့ရတာကြာပြီနော်။ ခင်ဗျား အခုတလော ဘယ်လုပ်ငန်းတွေနဲ့ ငွေရှာနေတာလဲ"

"ဘော့စ်... ကျွန်တော် တင်ပြစရာရှိပါတယ်။ ကျွန်တော်တို့ရှယ်ယာရှင်အစည်းအဝေး စတော့မှာပါ။ ခင်ဗျား တက်မှဖြစ်မယ်နော်"

"မစ္စတာယဲ့.. ကျွန်တော်တို့တွေ အခုမှ ပထမဆုံးတွေ့ဖူးတာပဲ။ ကျွန်တော်က ကျန့်ယန်လုပ်ငန်းစုက သုန်းရှန့်ပါ"

...

ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်စုက ယဲ့ချန်းအား ခွက်မြှောက်ဂုဏ်ပြုပေးကြသည်။

ထိုအချိန်ဝယ် ခန်းမတစ်ခုလုံး တိတ်ဆိတ်နေတော့သည်။

နောက်ဆုံးတန်းရှိ လူမသိသူမသိစားပွဲလေးတွင် ထိပ်တန်းလုပ်ငန်းရှင်ကြီးတစ်ဦး ရှိနေလိမ့်မည်ဟု မည်သူမှထင်မထားချေ။

ခန်းမတစ်ခုလုံး ကြောင်အသွားပြီး ထိုမြင်ကွင်းကို အကြောင်သားငေးနေမိသည်။

လူအုပ်ကြီးသာမက ယန်ကျားနှင့် လီကျောက်ကျောက်လည်း နားမလည်နိုင်ဖြစ်သွားရသည်။

ထိုအခါမှသာ ယန်ကျန့်လည်း သတိပြန်ဝင်လာသဖြင့် သူ့သားကို ပါးဖြတ်ရိုက်လိုက်သည်။

"မသုံးမကျတဲ့ကောင်.. မင်း ဘယ်လိုမိန်းမမျိုးကို လက်ထပ်ထားတာလဲ"

"အဖေ ကျွန်တော်..."

"မင်း ဘာဖြစ်လဲ"

ယန်ကျန့်က သူ့ကို ဆောင့်ကန်ပစ်လိုက်ပြီးနောက် ယန်ကျားကို ကြမ်းပြင်ပေါ်သို့ ဖိချပြီး ထိုးနှက်ပါတော့သည်။

ယန်ကျားလည်း နာနာကျင်ကျင်အော်ဟစ်ပါတော့သည်။

လုပ်ငန်းရှင်တစ်စုကတော့ အရက်သောက်ရင်း ထိုမြင်ကွင်းကို ကြည့်နေကြသည်။

ဤမြင်ကွင်းကြောင့် လူတိုင်း အကြောင်သားဖြစ်သွားလေသည်။

အိမ်ရှင်အဒေါ်ကြီးလည်း ကြောင်အသွားချေသည်။

"ယဲ့ချန်းမှာ ဘယ်လိုနောက်ခံမျိုး ရှိနေတာလဲ။ ဒီလုပ်ငန်းရှင်ကြီးတွေက သူ့ကို ဘာလို့ခွက်မြှောက်ဂုဏ်ပြုပေးနေကြတာလဲ"

ထိုအချိန်တွင် အိမ်နီးချင်းများလည်း ကြက်သေသေသွားလေသည်။

သူတို့မျက်လုံးထဲတွင် ယဲ့ချန်းက လုံ့လဝီရိယရှိသော လူငယ်လေးတစ်ယောက်သာ။

ယခင်တုန်းက သူသည် အနိမ့်အမြင့် အတက်အကျများအားလုံးကို ရင်ဆိုင်ခဲ့ရသော ခက်ခဲပင်ပန်းလွန်းလှသည့် လူငယ်လေးတစ်ယောက်ဖြစ်၏။

သူတွဲခဲ့သည့် မိန်းကလေးများနှင့်လည်း ပြတ်စဲခဲ့ဖူးသည်။

သို့သော် လအနည်းငယ်အတွင်းမှာပင် ယဲ့ချန်းက ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ဖူးချေ။

ထိုအခိုက်ဝယ် လီကျောက်ကျောက်မှာ လုံးဝမှင်တက်သွားသည်။

ယန်ကျားဖိတ်ထားသည့် သူဌေးကြီးများက ယဲ့ချန်းကို ခွက်မြှောက်ဂုဏ်ပြုပေးနေသည်ကို သူ(မ) မယုံနိုင်ပေ။

ယန်ကျားကိုယ်တိုင်ပင် သူ့အဖေ၏ရိုက်ချက်များကို ခံနေရသည်။

အစတုန်းက သူ(မ) ဤအခွင့်အရေးကို အရယူပြီး သူက သူ(မ)နှင့်မထိုက်တန်ကြောင်း လှောင်ပြောင်၍ ယဲ့ချန်းကို နောင်တရအောင် လုပ်ချင်ခဲ့သည်။

သို့သော် ယခုမူ မျက်နှာဖြတ်ရိုက်ခံလိုက်ရလေပြီ။

ထိုအချိန်တွင် ယန်ကျန့်က သူ့သားကို ရိုက်နှက်၍ အားရသဖြင့် ယဲ့ချန်းအနားသို့ ချဉ်းကပ်သွားလိုက်၏။

"မစ္စတာယဲ့.. စုံလုံးကန်းပြီး ခင်ဗျားကို မလေးမစားလုပ်ခဲ့မိတဲ့ ကျေးဇူးကန်းတဲ့ကျွန်တော့်သားအစား တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါ"

"အဖေ.. ယန်ကျားကို ဘယ်လိုလုပ်ပြီး ဒီလိုပြောနိုင်ရတာလဲ။ သူက အဖေ့သားအရင်းလေ"

လီကျောက်ကျောက်မှာ ပူပန်သောကရောက်ဟန်ဖြင့် ပြောလိုက်သည်။

"ဖြောင်း"

ယန်ကျန့်က လီကျောက်ကျောက်၏မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ လီကျောက်ကျောက်ခမျာ သူ့မျက်နှာကို အုပ်ကိုင်၍ ကြက်သေသေနေချေသည်။

မည်သို့ပင်ဆိုစေကာမူ သူ(မ)က သူတို့ချွေးမပင်။

သူ(မ)၏မင်္ဂလာပွဲတွင် အများရှေ့၌ ပါးရိုက်ခံခဲ့ရသည်။

သူ(မ) ဒေါသထွက်ပါသော်ငြား သူတို့က လူကုံထံအသိုင်းအဝိုင်းများ ဖြစ်သဖြင့် သူ(မ)၏မိသားစုဘက်က သူတို့ကို အပြစ်ပြု၍မဖြစ်ချေ။

"အဖေ ဘယ်လိုလုပ်ပြီး..."

"သွားစမ်းပါ။ နင်က ဘယ်သူ့ကို အဖေလို့လာခေါ်နေတာလဲ။ ငါ့သားက ဘယ်လိုလုပ်ပြီးတော့များ နင့်ကို ရွေးခဲ့ရတာလဲ။ နင့်ကြောင့် ငါတို့ယန်မိသားစု ဒုက္ခရောက်တော့မလို့"

ယန်ကျန့်က ဒေါသတကြီးပြောလိုက်လေသည်။

ဤမြင်ကွင်းကို မြင်သောအခါ ထိုဆွေမျိုးများလည်း အဆုံးတွင် နားလည်သဘောပေါက်သွားလေတော့သည်။

သူတို့က ငတုံးများမဟုတ်ကြပေ။ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်စုက ယဲ့ချန်းအနားတွင် ဝိုင်း၍ ခွက်မြှောက်ဂုဏ်ပြုနေကြပြီး ယန်ကျန့်ကလည်း လီကျောက်ကျောက်ကို ပါးရိုက်လိုက်သည်။

ယဲ့ချန်း၏အဆင့်အတန်းက ထူးခြားနေခြင်းဖြစ်ပေလိမ့်မည်။

"ဒီလိုမိန်းမမျိုးက ဂြိုလ်ဆိုးပဲ။ ငါတို့ယန်မိသားစုကနေ မောင်းထုတ်သင့်တယ်"

"ဒီမိန်းမက တစ်ခုခုတော့မှားနေတယ်ဆိုတာ စတွေ့ကတည်းက သိပြီးသား။ ဘာမှမပြောခဲ့ရုံပဲ"

"ဒီလက်ထပ်ပွဲကို ဆက်လုပ်လို့မရဘူး။ ငါတို့ယန်မိသားစုက ဒီလိုသတို့သမီးမျိုးကို ဘယ်လိုလုပ်ပြီး လက်ခံပေးလို့ရမှာလဲ"

"ဟုတ်တယ်။ လမ်းခွဲလိုက်။ မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်"

ထိုအချိန်တွင် သတို့သမီး၏ဆွေမျိုးများမှာ လုံးဝကြောင်အသွားသည်။

အထူးသဖြင့် လီကျောက်ကျောက်၏မိဘများပင်။

အစောကပင် လူတိုင်းက လူကုံထံမိသားစုထဲကို ဝင်နိုင်သည့်အတွက် သူတို့၏သမီးကို ဂုဏ်ပြုပေးပြီး ချီးကျူးနေကြသေးသည်။

ယခုမူ နာရီဝက်ပင်မကြာသေးခင်မှာပင် တစ်ဖက်လူက သူတို့၏မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ပြီတဲ့လား။

လီကျောက်ကျောက်က ဘယ်လိုအာဏာရှိလူတန်းစားမျိုးကို အပြစ်ပြုမိခဲ့၍များ ယန်မိသားစုက လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ရလေသလဲ။

အစောတုန်းကပင် သူတို့အား မြှောက်ပင့်ခယနေခဲ့ကြသော ဆွေမျိုးများမှာ ယခုမူ လှောင်ပြောင်ထေ့ငေါ့နေကြသည်။

အထူးသဖြင့် လီကျောက်ကျောက်၏မိဘများက အလွန်ဆောင့်ကြွားကြွားနိုင်နေခဲ့သဖြင့် ဆွေမျိုးတော်တော်များများက မခံမရပ်နိုင်အောင် ဖြစ်ခဲ့ရသည်။ ယခုမူ သူတို့ကို နင်းခြေနိုင်မည့်အခွင့်အရေးကို လက်လွှတ်မခံနိုင်ကြပေ။

သို့သော် သတိုသမီးက အရိုက်ခံလိုက်ရသည်ဖြစ်ရာ မိန်းကလေးရှင်များဘက်က မည်သို့များ ငြိမ်နေနိုင်မည်နည်း။

နှစ်ဖက်စလုံးမှာ ချက်ချင်းဆိုသလို စကားများကြလေတော့သည်။ အဆုံးတွင်မူ ခိုက်ရန်ဖြစ်ပွားကြသည်အထိ ဖြစ်သွားသည်။

ပန်းကန်ခွက်ယောက်များနှင့် ဖန်ခွက်များလည်း ဟိုသည်အနှံ့ပျံဝဲနေတော့သည်။

ဤမြင်ကွင်းကိုမြင်သော် လုပ်ငန်းရှင်တစ်သိုက်လည်း ယဲ့ချန်းကို အကာအကွယ်ပေးရင်း ဟိုတယ်ထဲက ထွက်လာခဲ့ပြီး လက်ဖက်ရည်သောက်ရန်အတွက် သီးသန့်ကလပ်တစ်ခုသို့ သွားလိုက်ကြသည်။

...

ညနေပိုင်းတွင် အိမ်ရှင်အဒေါ်ကြီးက ယဲ့ချန်းအား မက်ဆေ့ချ်ပို့လာလေသည်။ မိသားစုနှစ်ခုက ဟိုတယ်တွင် ဝရုန်းသုန်းကားလုပ်နေခဲ့သည်မှာ ရဲများ ရောက်လာမှသာ ရပ်သွားကြသည်ဟု ဆို၏။

ယန်ကျားနှင့် လီကျောက်ကျောက်တို့လည်း နောက်တစ်နေ့မှပင် ကွာရှင်းပြတ်စဲလိုက်ကြတော့သည်။

အိမ်ရှင်အဒေါ်ကြီးလည်း မပြောပြဘဲ မနေနိုင်တော့ပေ။

"ရှောင်ယဲ့... မင်းက ထူးခြားတယ်ဆိုတာ ငါ အမြဲသိနေပြီးသား။ မင်း တကယ်အောင်မြင်သွားတာပဲ"

ထိုအခိုက်မှာပင် လီကျောက်ကျောက်ကတော့ သူ(မ)၏အခန်းထဲမှာပင် ပုန်းအောင်းနေချေသည်။ မျက်လုံးများမှာမူ ငိုထားသဖြင့် ဖူးရောင်နေသည်။

အခက်အခဲများစွာ ကျော်လွှားပြီးနောက် အဆုံးတွင်မူ သူ(မ) လူကုံထံအမျိုးသားတစ်ယောက်နှင့် ဆုံတွေ့ကာ ဂုဏ်သတင်းကြီးမားသော မိသားစုတစ်ခုကို လက်ထပ်နိုင်ခဲ့ပါသော်ငြား သူ(မ)၏တုံးအမှုကြောင့် ယဲ့ချန်းကို စော်ကားမိခဲ့သည်။ ယခုမူ သူ(မ)၏အိပ်မက်များမှာ တစ်စစီကွဲကြေသွားရသည့်အပြင် ဆွေမျိုးများရှေ့တွင်လည်း အရှက်ကွဲခဲ့ရသည်။

သူ(မ)၏စိတ်ထဲတွင် ယဲ့ချန်းကို မုန်းတီးနေမိတော့သည်။

ထိုအချိန်မှာပင် ယဲ့ချန်းထံသို့ လင်းဝမ်ယို ဖုန်းဆက်လိုက်သည်။ သူတို့၏ဗွီအာကိရိယာများမှာ ထုတ်လုပ်၍ပြီးစီးသွားပြီဖြစ်ရာ နမူနာပစ္စည်းများကို စစ်ဆေးရန်အတွက် တောင်းဆိုလာသည်။

လင်းဝမ်ယိုတစ်ယောက် စိတ်လှုပ်ရှားနေပုံထောက်လျှင် ထုတ်ကုန်များမှာ အလွန်အောင်မြင်ဖြစ်ထွန်းကြောင်း ယဲ့ချန်း သိလိုက်သည်။

All Chapters