← Chapters

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်...

Vol. 65 Ch. 923

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်...

Vol. 65 Ch. 923

" မင်းက အဲ့ဒီပုဂ္ဂိုလ်ရဲ့ အမွေအနှစ်ကို ကျင့်ကြံထားတာလား။ မဟုတ်သေးပါဘူး။ နည်းနည်းတော့ ကွဲပြားနေတယ်။ အခြားအမွေအနှစ်တွေနဲ့ ပေါင်းစပ်ထားတာလား။ မတူညီတဲ့ အလွှာဆယ့်သုံး အမွေအနှစ်တွေ ပေါင်းစည်းထားတာလား။ တကယ်အံ့ဩစရာပဲ။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က လင်းယွမ်ကို စိတ်ဝင်တစားကြည့်ပြီး ပြောလိုက်သည်။

လင်းယွမ်က ပြင်ပကမ္ဘာကို ဖောက်ခွဲလိုက်ချိန်တွင် ထွက်ပေါ်လာသော စွမ်းအားများကို နတ်ဆိုကျောက်စိမ်းမျှော်စင်သခင်က အကုန်မြင်တွေ့လိုက်ရသည်။ ထို့ကြောင့် သူက အချက်အလက်များစွာကို ရရှိခဲ့သည်။

" ကျွန်တော်ကံကောင်းလို့ပါ။ " လင်းယွမ်က ချက်ချင်း ပြန်ပြောလိုက်သည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က သူ အဆုံးမဲ့ဟင်းလင်းပြင်ကို ကျင့်ကြံထားကြောင့် သိသွားသည့်အတွက် လင်းယွမ်က မအံ့ဩပေ။ ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်တွင် အလွှာဆယ့်သုံးအမွေအနှစ်များက လျို့ဝှက်ချက်မဟုတ်တော့ပေ။

သို့သော် နတ်ဆိုး​ကျောက်စိမ်းမျှော်စင်သခင်က သူ အခြားအလွှာဆယ့်သုံးအမွေအနှစ်များအား ပေါင်းစည်းထားသည်ကိုပါ မြင်နိုင်စွမ်းရှိခြင်းမှာ လင်းယွမ်ကို အနည်းငယ် ထိတ်လန့်စေသည်။ ၎င်းမှာ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က အဆုံးမဲ့ဟင်းလင်းပြင်အကြောင်းကို သိရှိထားပြီး ၎င်း၏ စွမ်းအားအတိုင်းအတာကိုပါ သိရှိထားကြောင်း ပြသနေသည်။

" ကံကောင်းတယ်ဆိုတာ မရှိဘူး။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ပြုံးလိုက်သည်။ " အလွှာဆယ့်သုံး အမွေအနှစ်ကို ကျင့်ကြံဖို့က မယုံကြည်နိုင်လောက်အောင် ခက်ခဲတယ်။ ဟိုတုန်းက ငါသာ အဲ့ဒီအထူးသက်ရှိကို မသတ်ခဲ့ရင် ငါလည်း အလွှာဆယ့်သုံး အမွေအနှစ်ကို ကျင့်ကြံနိုင်မှာမဟုတ်ဘူး။ "

" စီနီယာကလည်း အလွှာဆယ့်သုံး အမွေအနှစ်ကို ကျင့်ကြံထားတာလား။ " လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ကို ကြည့်လိုက်သည်။

လင်းယွမ်က အလွှာဆယ့်သုံး အမွေအနှစ်၏ ကြောက်စရာကောင်းပုံကို နားလည်ထားသည်။ သူက လွှမ်းမိုးခြင်းအဆင့်နှင့် မဟာသူတော်စင်များကို ယှဉ်နိုင်ခြင်းမှာ အဆုံးမဲ့ဟင်းလင်းပြင်တစ်ခုတည်းကြောင့် မဟုတ်သော်လည်း ၎င်းက သူ၏ အခြေခံကို မယုံကြည်နိုင်စရာကောင်းအောင် မြှင့်တင်ပေးနိုင်ခဲ့သည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ကဲ့သို့ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်က အလွှာဆယ့်သုံး အမွေအနှစ်ကို ကျင့်ကြံထားလျှင် မည်မျှအစွမ်းထက်မည်ကို စိတ်ကူးကြည့်နိုင်သည်။

" အလွှာဆယ့်သုံး အမွေအနှစ်ရဲ့ အခက်ခဲဆုံးအပိုင်းက အဲ့ဒါကို ရယူဖို့မဟုတ်ဘဲ ကျင့်ကြံဖို့ပဲ။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ပြောလိုက်သည်။ " မင်း အခုရှိနေတဲ့ စွမ်းအားနဲ့ဆိုရင် ဖရိုဖရဲအဆင့် အထွတ်အထိပ်ကို ရောက်တဲ့အခါ မင်းရဲ့ စွမ်းအားက ငါ့ထက်တောင် သာသွားနိုင်တယ်။ "

လင်းယွမ်က နားထောင်နေပြီး သူ၏ ခန့်မှန်းချက်အရ ၎င်းက အမှန်ပင်ဖြစ်သည်။ အကယ်၍ သူက ဖရိုဖရဲအဆင်ပ အထွတ်အထိပ်သို့ ရောက်သွားလျှင် သာမန်ပြိုင်ဘက်ကင်းမဟာသူတော်စင်များက သူ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။

ထိုအချိန်ကျလျှင် လင်းယွမ်ကို အနည်းငယ် ခြိမ်းခြောက်နိုင်သူများက အလွှာဆယ့်သုံး အမွေအနှစ်ကို ကျင့်ကြံထားသော ပြိုင်ဘက်ကင်းမဟာသူတော်စင်များ သို့မဟုတ် အနှိုင်းမဲ့ မဟာသူတော်စင်များသာ ဖြစ်ပေလိမ့်မည်။

" ဒီအနက်ရောင်မျှော်စင်ကို တည်ဆောက်ခဲ့တဲ့ ရည်ရွယ်ချက်က မဟာသူတော်စင်တစ်ယောက်ကို ပျိုးထောင်ဖို့ပဲ။ ဒါပေမယ့် ငါ့ရဲ့ သက်တမ်းတစ်လျှောက် ဘယ်သူမှထွက်ပေါ်မလာခဲ့ဘူး။ အခု အချိန်စက်ဝန်းထဲကျသွားပြီးတဲ့နောက် တစ်ယောက်တော့ ထွက်ပေါ်လာပြီပေါ့။ "

နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အထွတ်အထိပ်ကာလတွင် သူက ဖရိုဖရဲဟင်းလင်းပြင်ကို လွှမ်းမိုးနိုင်သော ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်ဖြစ်ခဲ့ပြီး မဟာသူတော်စင်များပင် သူထံ၌ သစ္စာခံခဲ့ကြသည်။

သို့သော် ထိုမဟာသူတော်စင်များက ပြင်ပလူများသာဖြစ်ပြီး နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ မျိုးဆက်များမဟုတ်ကြပေ။ ထို့ကြောင့် သူတို့က နတ်ဆိုးကျောက်စိမ်းနေရာကို ဝင်ခွင့်မရှိဘဲ အနက်ရောင်မျှော်စင်ကို စိန်ခေါ်ရန် ပို၍ မဖြစ်နိုင်ပေ။

နတ်ဆိုးကျောက်စိမ်းမျှော်စင်မှ ပျိုးထောင်ပေးခဲ့သူများထဲတွင် မဟာသူတော်စင်တစ်ယောက်မှ ထွက်ပေါ်မလာခဲ့ပေ။ ဖရိုဖရဲမဟာသူတော်စင်တစ်ယောက်ဆိုသည်မှာ လေ့ကျင့်ပေးရုံသက်သက်ဖြင့် မထွက်ပေါ်လာနိုင်ပေ။

" စီနီယာက အချိန်စက်ဝန်းထဲမှာ အခုထိ ပိတ်မိနေတုန်းလား။ " လင်းယွမ်က မေးလိုက်သည်။

" မင်းက အချိန်စက်ဝန်းနဲ့ အလွှာဆယ့်သုံးကို တက်လှမ်းမယ့်အကြောင်းကို မေးတာလား။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ပြုံးလိုက်သည်။ " ငါ အခြားနေရာတစ်ခုမှာ ပြင်ဆင်မှုတွေ လုပ်ခဲ့သေးတယ်။ အခုလောက်ဆို တစ်ယောက်ယောက်က ယူသွားလောက်ပြီထင်တယ်။ "

ထိုစကားကိုကြားသောအခါ လင်းယွမ်က အံ့ဩခြင်းမရှိပေ။ ဧကရာဇ်ရွှမ်ဟွမ်ကလည်း ရွှမ်ဟွမ်စကြာဝဠာကို ချန်ထားသကဲ့သို့ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ကလည်း အလားတူနေရာကို ချန်ထားခဲ့ပေလိမ့်မည်။ ရွှမ်ဟွမ်စကြာဝဠာက ယခုမှပေါ်လာသော်လည်း နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ချန်ခဲ့သော နေရာက မပေါ်သေးဟု မပြောနိုင်ပေ။

ဧကရာဇ်ရွှမ်ဟွမ်ဖြစ်စေ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ဖြစ်စေ နှစ်ယောက်လုံးက အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားပြီး အချိန်စက်ဝန်းထဲတွင် ပိတ်မိ​နေကြသူများဖြစ်သောကြောင့် ပြင်ပကမ္ဘာကို လွှမ်းမိုးနိုင်စွမ်း အလွန်နည်းပါးသည်။

" ဒါပေမယ့် မင်းက အလွှာဆယ့်သုံးကို တက်လှမ်းတဲ့ အချက်အလက်တွေနဲ့ အချိန်စက်ဝန်းအကြောင်းကို သိချင်တာဆိုရင်တော့ ငါမင်းကို ပြောပြနိုင်တယ်။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် စီနီယာ " လင်းယွမ်က စိတ်ထဲမှ ဝမ်းသာသွားသည်။

ရွှမ်ဟွမ်စကြာဝဠာထွက်ပေါ်လာသောအခါ အမွှာရင်းမြစ်၊ ဟေးယောင်နှင့် အခြားမဟာသူတော်စင်များက အားလုံးကို ပေးဆပ်ပြီး လာရောက်ကြခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရွှမ်ဟွမ်စကြာဝဠာထဲမှ ရတနာများကြောင့်မဟုတ်ဘဲ ဧကရာဇ်ရွှမ်ဟွမ်စုဆောင်းထားသော အလွှာဆယ့်သုံး၏ အချက်အလက်များကြောင့် ဖြစိသည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က သူ၏ ညာလက်ကို မြှောက်ပြီး လင်းယွမ်ဆီသို့ ညွှန်လိုက်သည်။ ချက်ချင်းပင် အချက်အလက်များစွာက လင်းယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။

" အလွှာဆယ့်သုံးကို တက်လှမ်းခြင်း။ " လင်းယွမ်က အတွေးနက်သွားသည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်နှင့် ဧကရာဇ်ရွှမ်ဟွမ်တို့၏ အချိန်စက်ဝန်းနှင့် ပက်သက်သော စူးစမ်းမှုများနှင့် အသိအမြင်များက အခြားနေရာမှ လာခြင်းဖြစ်သည်။ အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားပြီး အချိန်စက်ဝန်းထဲတွင် ပိတ်မိနေလျှင် သူတို့က ပြင်ပကမ္ဘာကို မလွှမ်းမိုးနိုင်သကဲ့သို့ အချိန်စက်ဝန်းအကြောင်း အချက်အလက်များကိုလည်း မပေးပို့နိုင်ကြပေ။

ထို့ကြောင့် အချိန်စက်ဝန်းနှင့် ပက်သက်သော အချက်အလက်များကို အချိန်စက်ဝန်းအား အောင်မြင်စွာ ဖြတ်ကျော်နိုင်သူများထံမှသာ ရရှိနိုင်သည်။ အချိန်စက်ဝန်းအား ဖြတ်ကျော်နိုင်ခဲ့သူများမှာ အလွှာဆယ့်သုံး အချိန်သက်ရှိများပင် ဖြစ်သည်။

ထို့ကြောင့်ပင် ပြိုင်ဘက်ကင်းမဟာသူတော်စင်များက ဖရိုဖရဲဟင်းလင်းပြင်တွင် လှည့်လည်သွားလာရင်း အလွှာဆယ့်သုံး အချိန်သက်ရှိများ၏ သဲလွန်စများကို ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ဟင်းလင်းပြင်နယ်မြေ အမျိုးမျိုးကို ဖြတ်သန်းခဲ့ပြီး အန္တရာယ်ရှိသော နေရာများနှင့် ရှေးဟောင်းအကြွင်းအကျန်နေရာများကို ရှာဖွေခဲ့သည်။ တစ်ခါက သူက အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်နှင့် တွေ့ဆုံခဲ့ပြီး ထိုသူ၏ လမ်းညွှန်မှုအောက်တွင် အလွှာဆယ့်သုံးနှင့် အချိန်စက်ဝန်းအကြောင်း သတင်းအချက်အလက်များ ရရှိခဲ့သည်။

" ဖရိုဖရဲအထွတ်အထိပ် တစ်ယောက်စီရဲ့ အချိန်စက်ဝန်းတွေက မတူကြဘူး။ ရှင်းရှင်းပြောရရင် မင်းက ကြိုတင်ပြင်ဆင်ထားလို့မရဘူး။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ပြောလိုက်သည်။ " နောက်တစ်ချိန် မင်း အလွှာဆယ့်သုံးကို တက်လှမ်းလို့ အချိန်စက်ဝန်းထဲမှာ ပိတ်မိသွားရင် အဲ့ဒါက မင်းတစ်ခါမှ မကြုံတွေ့ဖူးသေးတဲ့အရာ ဖြစ်လိမ့်မယ်။ မင်းအတွက် အခက်ခဲဆုံး စမ်းသပ်မှုဖြစ်လိမ့်မယ်။ "

" ဥပမာ မင်းက ​လေဟာနယ်အပေါ် နားလည်မှု အရမ်းမြင့်မားနေရင် မင်းကျရောက်တဲ့ အချိန်စက်ဝန်းက လေဟာနယ်နဲ့ လုံးဝ သက်ဆိုင်မှာမဟုတ်ဘူး။ ငါ့ရဲ့အမြင်အရ အချိန်စက်ဝန်းဆိုတာ မင်းမှာ အလိုအပ်ဆုံး ဖြစ်နေတဲ့ အပိုင်းတွေ မင်းရဲ့ အားနည်းချက်တွေအပေါ် အခြေခံပြီး ဖြစ်ပေါ်လာတာပဲ။ "

" နားလည်ပါပြီ။ "

လမ်းစဉ်တစ်သောင်းမျက်လုံးက သူ့ကို အချိန်စက်ဝန်းအကြောင်း အာရုံမစိုက်ရန် ပြောခဲ့ခြင်းမှာ ထိုအကြောင်းရင်းကြောင့် ဖြစ်သည်။ ၎င်းက ကြိုတင်ပြင်ဆင်ရန် မလိုအပ်ပေ။

နတ်ဆိုးကျောက်စိမ်းမျှော်စင်ပေးခဲ့သော အချက်အလက်များထဲတွင် ထိုအချက်နှင့်ပက်သက်၍ အချက်အလက်များစွာ ပါဝင်နေသည်။ ဥပမာ အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်၏ အချိန်စက်ဝန်းကို ရင်ဆိုင်ခဲ့သည့်အကြောင်းဖြစ်သည်။

ထိုသက်ရှိက အထူးသက်ရှိဖြစ်ပြီး ဖရိုဖရဲဟင်းလင်းပြင်မှ မွေးဖွားလာသော အစွမ်းထက်ဆုံး သက်ရှိများထဲမှတစ်ယောက်ဖြစ်သည်။ သူက အားကောင်းသော အချိန်သက်ရှိကို ပိုင်ဆိုင်ပြီး ဖရိုဖရဲအဆင့် အထွတ်အထိပ် စွမ်းအားကို ရရှိခဲ့သည်။ သူက ထိုခေတ်အခါက ငြင်းစရာမလိုအောင် ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်ဖြစ်ခဲ့သည်။

ထိုသက်ရှိ ကျရောက်ခဲ့သော အချိန်စက်ဝန်းက ပုရွက်ဆိတ်တစ်ကောင်၏ အချိန်စက်ဝန်းဖြစ်သည်။ အမှန်တကယ်ပင် ပုရွက်ဆိတ်တစ်ကောင်ကို ဆိုလိုခြင်းဖြစ်သည်။

ရိုးရှင်းစွာ ပြောရလျှင် သူက ပုရွက်ဆိတ်တစ်ကောင်၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ ထိုပုရွက်ဆိတ်၏ ကမ္ဘာတွင် နိယာမများမရှိ၊ ထူးခြားသော စွမ်းအားများမရှိ၊ မဟာသူတော်စင်တတ်မြောက်ထားသော နည်းစနစ်များက ထိုကမ္ဘာတွင် လုံးဝ အသုံးမဝင်ခဲ့ပေ။

စဉ်းစားတွေးခေါ်နိုင်စွမ်းကပင် အလွန်နှေးကွေးသွားသည်။ ထိုအချိန်စက်ဝန်းမှ လွတ်မြောက်နိုင်ရန်အတွက် သူက ပုရွက်ဆိတ်မျိုးနွယ်ကို ဦးဆောင်ပြီး ထိုကမ္ဘာတွင် အင်အားအကြီးဆုံး အုပ်စုဖြစ်လာအောင် လုပ်ရမည်ဖြစ်သည်။

ထိုကမ္ဘာတွင် ပုရွက်ဆိတ်မှာ အားအနည်းဆုံးဖြစ်ပြီး အထူးစွမ်းအားများ၊ ကျင့်စဉ်များမရှိဘဲ ပုရွက်ဆိတ်မျိုးနွယ်ကို အင်အားအကြီးဆုံး ဖြစ်အောင် ဦးဆောင်ရမည်ဖြစ်သည်။

All Chapters