← Chapters

ဧကရာဇ်ရွှမ်ဟွမ်အကြောင်း...

Vol. 65 Ch. 924

ဧကရာဇ်ရွှမ်ဟွမ်အကြောင်း...

Vol. 65 Ch. 924

အလွှာဆယ့်သုံး အချိန်သက်ရှိက ထိုအချိန်က အလွန်စိတ်ပျက်သွားခဲ့သော်လည်း နောက်ဆုံးတွင် အကြိမ်ကြိမ် ကြိုးစားမှုများမှတစ်ဆင့် နည်းပညာမြင့်လက်နက်များကို တီထွင်ပြီး ပုရွက်ဆိတ်ထက် အဆပေါင်းများစွာ အင်အားကြီးမားသော သတ္တဝါများကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့သည်။

ထိုသို့လုပ်ဆောင်ပြီးမှသာ သူက အချိန်စက်ဝန်းထဲမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

" ဒါက တကယ်ခက်ခဲတာပဲ။ " လင်းယွမ်က စိတ်မသက်မသာ ခံစားလိုက်ရသည်။

သူက ဖရိုဖရဲဟင်းလင်းပြင်တွင် အသန်မာဆုံး သက်ရှိဖြစ်နေချှင် အားအနည်းဆုံး သတ္တဝါဖြစ်သော ပုရွက်ဆိတ်၏ အချိန်စက်ဝန်းကို ခံစားကြည့်စေမည်ဖြစ်သည်။ သူက တစ်ယောက်တည်းဆိုလျှင် အားအနည်းဆုံး မျိုးနွယ်ကို ဦးဆောင်စေပြီး အင်အားအကြီးဆုံးဖြစ်အောင် လုပ်ရမည်ဖြစ်သည်။

" နည်းပညာ "

ထိုအလွှာဆယ့်သုံး အချိန်သက်ရှိ အချိန်စက်ဝန်းထဲမှ လွတ်မြောက်ရသည့် အဓိကသော့ချက်မှာ နည်းပညာဖြစ်သည်။ ထိုသူက နည်းပညာနှင့် ပက်သက်၍ တစ်ခါမှမထိတွေ့ဖူးသည်မှာ ထင်ရှာသည်။ မဟုတ်လျှင် အချိန်စက်ဝန်းက ထိုသို့ စမ်းသပ်မည်မဟုတ်ပေ။

" သမိုင်းတစ်လျှောက်လုံး ဖရိုဖရဲဟင်းလင်းပြင်မှာ ဖရိုဖရဲအဆင့် အထွတ်အထိပ်တွေ အများကြီး ထွက်ပေါ်ခဲ့ပေမယ့် အလွှာဆယ့်သုံးကို တက်လှမ်းနိုင်တဲ့သူ ဘာလို့ဒီလောက်နည်းနေလဲဆိုတာ အံ့ဩစရာမရှိတော့ဘူး။ "

အချိန်စက်ဝန်းက ထိုမျှအထိ ပစ်မှတ်ထားပြီး စမ်းသပ်မည်ဆိုလျှင် ​ပြိုင်ဘက်ကင်းမဟာသူတော်စင်များအတွက်ပင် လွတ်မြောက်ရန် မဖြစ်နိုင်သလောက်ဖြစ်နေသည်။

" ငါအလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားတဲ့အချိန်ကျရင် ဘယ်လိုအချိန်စက်ဝန်းကို ရင်ဆိုင်ရမလဲမသိဘူး။ " လင်းယွမ်က တွေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူကျွမ်းကျင်သောအရာမဟုတ်သည်မှာ သေချာသည်။

" စီနီယာ ကျွန်တော်အခု ရွှမ်ဟွမ်စကြာဝဠာထဲ ရောက်နေတယ်။ " လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ထံမှ ဧကရာဇ်ရွှမ်ဟွမ်နှင့် ပက်သက်သော အချက်အလက်အချို့ကို သိလိုစိတ်ဖြင့် ပြောလိုက်သည်။

အချိန်စက်ဝန်းအတွက် ကြိုတင်ပြင်ဆင်ချိန်မရှိသော်လည်း နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ပေးခဲ့သော အသိအမြင်များက လင်းယွမ်အတွက် များစွာအထောက်အကူဖြစ်စေသည်။ ထို့ကြောင့်လည်း လင်းယွမ်က ဧကရာဇ်ရွှမ်ဟွမ် ချန်ထားခဲ့သော အချိန်စက်ဝန်းနှင့် ပက်သက်သည့် အသိပညာများကို ရှာဖွေနေခြင်းဖြစ်သည်။

" ရွှမ်ဟွမ် " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ခဏစဉ်းစားလိုက်သည်။ " ငါသူ့အကြောင်း သိပ်မသိဘူး။ သူ အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားတာက လွတ်လပ်မှုအတွက်မဟုတ်ဘဲ သူ့ရဲ့အတိတ်က လက်တွဲဖော်ကို ပြန်အသက်သွင်းဖို့ ဆိုတာပဲသိတယ်။ "

" အတိတ်က လက်တွဲဖော်ကို ပြန်အသက်သွင်းဖို့လား။ " လင်းယွမ်က အနည်းငယ် မှင်သက်သွားသည်။

အလွှာဆယ့်သုံး အချိန်သက်ရှိများက အတိတ်နှင့် အနာဂတ်ကို မြင်နိုင်ပြီး အတိတ်တွင် မည်သည့်သက်ရှိကိုမဆို ပြန်လည်အသက်သွင်းနိုင်ကြသည်။

" ဒါကတော့ ငါသိသလောက်ပဲ။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ခေါင်းခါလိုက်သည်။ " ဒါပေမယ့် ငါကြားဖူးတာက သူ အလွှာဆယ့်သုံးကို မကြိုးစားခင် ဒိုင်မန်းရှင်းအက်ကြောင်းတစ်ခုထဲကို ဝင်သွားခဲ့တယ်။ ပြန်လာပြီးတာနဲ့ သူက အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ချက်ချင်း ပြင်ဆင်ခဲ့တယ်။ အဲ့ဒီအက်ကြောင်းထဲမှာ တစ်ခုခုကြုံတွေ့ခဲ့တာ ဖြစ်နိုင်တယ်။ "

" ဒါကြောင့်ကိုး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ဒိုင်မန်းရှင်းအက်ကြောင်းက မတူညီသော ဒိုင်မန်ရှင်းများကို ပိုင်းခြားထားသော ကြားခံနေရာလပ်တစ်ခုဖြစ်သည်။ ဖရိုဖရဲဟင်းလင်းပြင်မှ အက်ကွဲနေသော ထိုဒိုင်မန်းရှင်းနယ်ပယ်က ဖရိုဖရဲဟင်းလင်းပြင်ခက် မနိမ့်ကျပေ။ ထိုအက်ကြောင်းများတွင် ကြောက်စရာကောင်းသော တည်ရှိမှုများ ထွက်ပေါ်လာနိုင်ခြေအလွန်များသည်။

" လမ်းစဉ်တစ်သောင်းမျက်လုံးက ဧကရာဇ်ရွှမ်ဟွမ်ဆီမှာ စိတ်နှလုံးနတ်ဆိုးရှိတယ်လို့ ပြောတယ်။ အခု နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ကျတော့ ဧကရာဇ်ရွှမ်ဟွမ်က သူ့ရဲ့ လက်တွဲဖော်ကို ပြန်အသက်သွင်းဖို့ အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားခဲ့တယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။

" ကောင်းပြီ။ ငါ့ရဲ့ အချိန်က အကန့်အသတ်ရှိတယ်။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ပြုံးပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

ကျောက်ရုပ်တုရှန်းကျိက နဝမအထပ်သို့ ရွှေ့ပြောင်းခြင်းခံလိုက်ရသည်။

" သခင် " ရှန်းကျိက အလွန်စိတ်လှုပ်ရှားသွားပြီး မျက်ရည်များပင် ဝဲလာတော့သည်။

" ဒီနေ့ကစပြီး သူက နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ မျှော်စင်သခင်ဖြစ်လာလိမ့်မယ်။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ပြောလိုက်သည်။

" ဟုတ်ကဲ့ " ရှန်းကျိက ချက်ချင်း ခေါင်းညိမ့်လိုက်သည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဆင့်သတ်မှတ်ချက်က အလွန်တင်းကျပ်လှသည်။ မျှော်စ်သခင်အသစ်ဖြစ်လာရန် မပြောနှင့် တိုက်ရိုက်တပည့်ဖြစ်လာရန်ပင် မျှော်စင်သခင်၏ ကိုယ်တိုင်အတည်ပြုချက် လိုအပ်သည်။

" အရင်တုန်းက ငါဒီနေရာမှာ ကောင်းတဲ့အရာတချို့ ချန်ထားခဲ့တယ်။ တကယ်လို့ မင်းက မျှော်စင်သခင်ဖြစ်မလာရင် အဲ့ဒီထဲက အနည်းငယ်ပဲ ရွေးချယ်ခွင့်ရမှာ။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။

အနက်ရောင်မျှော်စင်၏ စည်းမျဉ်းများအရ အထပ်တစ်ခုကို ဖြတ်ကျော်တိုင်း ဆုလာဘ်စာရင်းထဲမှသာ ရွေးချယ်ခွင့်ရှိသည်။ လင်းယွမ်၏ စွမ်းရည်က မည်မျှထူးချွန်သည်ဖြစ်စေ ထိုစည်းမျဉ်းကို ကျော်လွန်နိုင်မည်မဟုတ်ပေ။

သို့သော် မျှော်စင်သခင်ဖြစ်လာပြီးနောက် လင်းယွမ်က နတ်ဆိုးကျောက်စိမ်းနေရာကို ထိန်းချုပ်ခွင့်ရသွားပြီဖြစ်သည်။ သူက ထိုနေရာရှိရတနာအားလုံးကို စိတ်ကြိုက် စီမံခန့်ခွဲနိုင်သည်။

" အဲ့ဒီအချိန်သွေးစက်ကို မင်းသေချာနားလည်အောင် လုပ်ရမယ်။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က မှာကြားလိုက်သည်။

" ဟုတ်ကဲ့ပါ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ဤနှစ်များတစ်လျှောက် သူက ထိုအချိန်သွေးစက်ကို နားလည်ရန် အဆက်မပြတ် ကြိုးစားခဲ့သည်။ သူက ပို၍ နားလည်လာလေ အချိန်နိယာမ၏ မတူညီသော အနှစ်သာရများကို ပို၍ ခံစားလာရလေဖြစ်သည်။

" ငါကျင့်ကြံခဲ့တဲ့ အလွှာဆယ့်သုံး အမွေအနှစ်ကိုတော့ မင်းဆီ ချန်ထားခဲ့လို့မရဘူး။ အဲ့ဒါကို ဘယ်လိုရယူရမလဲဆိုတာတောင် ငါပြောလို့မရဘူး။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ခဏစဉ်းစားပြီး ပြောလိုက်သည်။

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အချိန်သက်ရှိများ ချန်ထားခဲ့သော အလွှာဆယ့်သုံး အမွေအနှစ်များက အခွင့်အလမ်းအပေါ်တွင်သာ အခြေခံထားသည်။ ဆိုလိုသည်မှာ ရရှိသည့်သူက မည်သည့်ကြိုတင်ပြင်ဆင်မှုမှ မရှိရပေ။ လင်းယွမ်က ကျောက်စိမ်းဘူးသီးခြောက်ကိုပင် တိုက်ဆိုင်စွာ ရရှိခဲ့ခြင်းဖြစ်သည်။ အခြားအလွှာဆယ့်သုံး အမွေအနှစ်များကလည်း အတူတူပင်ဖြစ်သည်။

" မင်းနားလည်ရင် ပြီးတာပါပဲ။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ ပုံရိပ်က တဖြည်းဖြည်း မှေးမှိန်လာပြီး အချိန်စွမ်းအားများက သူ့ကို ဖုံးလွှမ်းလာသည်။

" ငါ အချိန်စက်ဝန်းထဲကို ပြန်ဆွဲသွင်းခံရတော့မယ်။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ပြောလိုက်သည်။

သူက နတ်ဆိုးကျောက်စိမ်းနေရာ၏ အတားအဆီးကြောင့် ယခုအချိန်ထိ တောင့်ခံနိုင်ခြင်းဖြစ်သည်။

" စီနီယာ... ကျွန်တော်စီနီယာအတွက် ဘာများလုပ်ပေးနိုင်မလဲ။ " ထိုအခြေအနေကို မြင်သောအခါ လင်းယွမ်က ချက်ချင်း မေးလိုက်သည်။

" ငါ့အတွက် ဘာလုပ်ပေးရမလဲဟုတ်လား။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က လင်းယွမ်ကို ကြည့်ပြီး ပြုံးလိုက်သည်။ " သန်မာအောင်လုပ်ပါ။ တတ်နိုင်သမျှ ပိုပြီးသန်မာလာအောင် လုပ်ပါ။ အလွှာဆယ့်သုံးကို တက်လှမ်းပြီး အချိန်သက်ရှိဖြစ်လာအောင် လုပ်ပါ။ "

" ဟုတ်ကဲ့။ " လင်းယွမ်က လေးနက်စွာ ခေါင်းညိမ့်လိုက်သည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ပေးအပ်ခဲ့သော အလွှာဆယ့်သုံးနှင့် ပက်သက်သော အချက်အလက်များအရ ထိုစကားက ဘာကိုဆိုလိုသည်ကို သူနားလည်သွားသည်။

အချိန်စက်ဝန်းဆိုသည်မှာ အချိန်ကာလတစ်ခုအတွင်း အစမှအဆုံး၊ အဆုံးမှအစ လည်ပတ်နေသော သံသရာတစ်ခုဖြစ်သည်။ ဥပမာ ပုရွက်ဆိတ်မျိုးနွယ်ကို အသန်မာဆုံး အင်အားစု ဖြစ်လာအောင်လုပ်ခဲ့ရသော အလွှာဆယ့်သုံး အချိန်သက်ရှိကဲ့သို့ ဖြစ်သည်။

အကယ်၍ သူက ထိုအရာကို မအောင်မြင်ခဲ့လျှင် မှတ်ဉာဏ်များအားလုံး ဖျက်ဆီးခံရပြီး အစမှပြန်လည်စတင်ရမည်ဖြစ်သည်။ ထိုအချိန်တွင် ပြင်ပကမ္ဘာနှင့် ဆက်သွယ်နိုင်ခြင်းက အလွန်အရေးပါသည်။

၎င်းက လက်တွေ့ဘဝကို သတိပြုမိစေရန် ကူညီပေးပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ခြင်းဖြင့် ထိုအရာများကို ကျောက်ဆူးမှတ်များအဖြစ် အသုံးပြုကာ အချိန်စက်ဝန်းအတွင်း ကိုယ့်ကိုကိုယ် သတိရှိစေရန် အထောက်အကူပြုသည်။

ကြောင်းကျိုးဆက်နွယ်မှုများကလည်း အလားတူပင်ဖြစ်သည်။ သို့သော် ကြောင်းကျိုးဆက်နွယ်မှုကို အသုံးပြုပြီး အချိန်စက်ဝန်း၏ အတားအဆီးကို ချိုးဖျက်ရန် အနည်းဆုံး အလွှာဆယ့်သုံး အချိန်သက်ရှိ၏ ကြောင်းကျိုးဆက်နွယ်မှုဖြစ်ရမည့်အပြင် ၎င်းကလည်း အလွန်အရေးပါသော ဆက်နွယ်မှုဖြစ်ရပေမည်။

လင်းယွမ်က ယခင်ကတည်းက နတ်ဆိုးကျောက်စိမ်းမျှော်စင်သို့ ဝင်ရောက်ခဲ့ပြီး မျှော်စင်သခင်နှင့် ကြောင်းကျိုးဆက်နွယ်မှုရှိခဲ့သည်။ ယခုအခါ သူက မျှော်စင်သခင်အသစ်ဖြစ်လာခဲ့သည်။ အကယ်၍ သူသာ အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်ဖြစ်လာလျှင် ထိုကြောင်းကျိုးဆက်နွယ်မှုကို အသုံးပြုပြီး အချိန်စက်ဝန်းအတွင်း ပိတ်မိနေသော နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ကို ကယ်တင်ရန် အထောက်အကူ ဖြစ်စေနိုင်သည်။

လင်းယွမ် စောင့်ကြည့်နေစဉ် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ ပတ်ဝန်းကျင်မှ အချိန်စွမ်းအားများက ပို၍ ထင်ရှားလာပြီး သူ့ကို ဟင်းလင်းပြင်ထဲသို့ ဆွဲခေါ်သွားသည်။

" အချိန်စက်ဝန်းဆိုတာ တကယ် ဘယ်လိုတည်ရှိမှုမျိုးလဲ။ " လင်းယွမ်က တွေးလိုက်သည်။

" သခင်..." ကျောက်ရုပ်တုရှန်းကျိက ဝမ်းနည်းစွာဖြင့် လင်းယွမ်ကို အရိုအသေပေးလိုက်သည်။

All Chapters