အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်....
Vol. 65 Ch. 925
" ကျွန်တော်တို့ကြားမှာ ဒီလိုတွေလုပ်စရာမလိုပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်ပြီး နတ်ဆိုးကျောက်စိမ်းနေရာရှိ ရတနာများကို စတင်စစ်ဆေးလိုက်သည်။
နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ရှန်းကျိကို အသိပေးရန်အတွက်သာ ခေါ်ယူလိုက်ခြင်းဖြစ်ပြီး နတ်ဆိုးကျောက်စိမ်းနေရာအား ထိန်းချုပ်ခွင့်ကို လင်းယွမ်အား လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။
" နတ်ဆိုးကျောက်စိမ်းအင်မော်တယ်ခန္ဓာ..." လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ဖန်တီးခဲ့သော ထိုရုပ်ခန္ဓာကျင့်ကြံခြင်းနည်းစနစ်ကို ကြည့်လိုက်သည်။
ထိုနည်းစနစ်က ရွှမ်ဟွမ်မူလခန္ဓာထက် မနိမ့်ကျပေ။ ယခင် လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အလွှာဆယ့်နှစ် အဖွဲ့ဝင်တစ်ယောက်၏ ရုပ်ခန္ဓာအစိတ်အပိုင်းကို လေ့လာခဲ့စဉ်ကလည်း နတ်ဆိုးကျောက်စိမ်းအင်မော်တယ်ခန္ဓာ၏ အစိတ်အပိုင်းအချို့ကို နားလည်ခဲ့ပြီးဖြစ်သည်။
" ဒါက ရွှမ်ဟွမ်မူလခန္ဓာနဲ့ လုံးဝကွဲပြားတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
သူ၏ လက်ရှိအသိအမြင်များအရ ထိုနည်းစနစ်ကို နားလည်ရန် မခက်ခဲပေ။ သူက ၎င်းကို ရွှမ်ဟွမ်မူလခန္ဓာနှင့်ပင် နှိုင်းယှဉ်ကြည့်လိုက်သေးသည်။
" ရတနာတွေ..." လင်းယွမ်က ၎င်းတို့ကို ကြည့်လိုက်သည်။
နတ်ဆိုးကျောက်စိမ်းနေရာမှ ရတနာများ၏ တန်ဖိုးမှာ ရွှမ်ဟွမ်စကြာဝဠာနှင့် မနှိုင်းယှဉ်နိုင်ပေ။ ၎င်းတို့မှာ အခြေခံအားဖြင့် မတူညီသော အရာများဖြစ်သောကြောင့် လင်းယွမ်က မျှော်လင့်ထားပြီးသားဖြစ်သည်။
" ဒါက နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် သတ်ခဲ့တဲ့ အထူးသက်ရှိရဲ့ မှတ်ဉာဏ်တွေလား။ " လင်းယွမ်က သလင်းကျောက်တစ်ခုကို ကြည့်လိုက်သည်။
ထိုသလင်းကျောက်က အချိန်သွေးတစ်စက်ကို သိမ်းဆည်းထားသော ကျောက်တုံးကဲ့သို့ပင် အံ့ဩဖွယ်ကောင်းသော ချိပ်ပိတ်နိုင်စွမ်းရှိသည်။ သို့သော် ၎င်းထဲတွင် အချိန်သွေးမဟုတ်ဘဲ မြစ်တစ်စင်းနှင့်တူသော မြူခိုးများ ပါဝင်နေသည်။
နတ်ဆိုးကျောက်စိမ်းနေရာကို ထိန်းချုပ်နိုင်ပြီးသောအခါ လင်းယွမ်က ထိုသလင်းကျောက်ကို ချက်ချင်း နားလည်လိုက်သည်။ သလင်းကျောက်ထဲမှ မြူခိုးများက နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် သတ်ခဲ့သော အချိန်သက်ရှိ၏ အသက်အနှစ်သာရများနှင့် မှတ်ဉာဏ်များပင်ဖြစ်သည်။
၎င်းကို နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က အထူးနည်းလမ်းများဖြင့် သန့်စင်ထားခြင်းဖြစ်သည်။ စိတ်အသိအပိုင်းအစတစ်ခုကို အသုံးပြု၍ စူးစမ်းကြည့်ခြင်းဖြင့် ထိုသက်ရှိ၏ မှတ်ဉာဏ်များကို မြင်တွေ့နိုင်ပြီး အချိန်စွမ်းအားကို မည်သို့ထိန်းချုပ်ခဲ့သည်ကိုပါ သိရှိနိုင်သည်။
ထိုနည်းလမ်းမှာ လီယန်ဘိုးဘေးကို ပေါင်းစည်းခြင်းနှင့် မယှဉ်နိုင်သော်လည်း ဖရိုဖရဲဟင်းလင်းပြင်အတွင်း အချိန်နိယာမ၏ အသေးစိတ် အသိအမြင်များကို ခံစားသိရှိနိုင်သော နည်းလမ်းအနည်းငယ်များထဲမှ တစ်ခုဖြစ်သည်။
နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က အချိန်သွေးကို လေ့လာခြင်းဖြင့် အလွှာဆယ့်သုံးအမွေအနှစ်များကို ကျင့်ကြံရန် လိုအပ်ချက်များ ပြည့်မီသွားခဲ့ပြီး သူ၏ စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့သည်။
ရွှမ်ဟွမ်စကြာဝဠာ။
လင်းယွမ်က အတွင်းပိုင်းနယ်မြေများသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
" အကျိုးအမြတ်တွေ အများကြီး ရသွားပြီ။ " လင်းယွမ်က ကျေနပ်နေသည်။
ရွှမ်ဟွမ်စကြာဝဠာ၏ မြေပုံကို ပိုင်ဆိုင်ထားသောကြောင့် သူ၏ အားသာချက်က အလွန်ကြီးမားလှသည်။ စကြာဝဠာအတွင်း နေရာအများစုက သာမန်ဖြစ်နေတတ်သည်။ ဥပမာ သူ ပထမဆုံးတွေ့ခဲ့ရသော အသက်မူလကြယ်ဖြစ်သည်။ အခြားမဟာသူတော်စင်များက ထိုနေရာသို့ ဖြတ်သွားလျှင် ထိုကြယ်ကို ဂရုစိုက်မည်မဟုတ်ပေ။
လင်းယွမ်တစ်ယောက်တည်းကသာ မြေပုံအားသာချက်ကို အသုံးချပြီး ထိုအသက်မူလကြယ်တွင် ရတနာများရှိနေသည်ကို သေချာသိနေသဖြင့် ဝင်ရောက်သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။
" ဟမ် " လင်းယွမ်က ရှေ့ဆက်သွားရန် ပြင်လိုက်စဉ် သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" အတွင်းစကြာဝဠာ.... အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ ဒုတိယအဆင့်ကို အောင်မြင်သွားပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။
လီယန်နေမင်းကို ပေါင်းစည်းပြီးနောက် လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်အား လေ့ကျင့်ခြင်းကို ရပ်နားခြင်းမရှိခဲ့ပေ။ ရွှမ်ဟွမ်စကြာဝဠာကို စူးစမ်းရှာဖွေနေစဉ် လင်းယွမ်က သူ၏ စိတ်အသိအပိုင်းအစကို အသုံးပြုပြီး အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်ကို ကျင့်ကြံနေခဲ့သည်။
အကြောင်းမှာ ထိုအလွှာဆယ့်သုံး အမွေအနှစ်က လင်းယွမ်အတွက် အလွန်အရေးကြီးပြီး ဒုတိယအဆင့်ကို အောင်မြင်ခြင်းက နောက်ထပ် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ဖြစ်ပေါ်စေမည်ဖြစ်သောကြောင့်ဖြစ်သည်။
" အဆုံးမဲ့ဟင်းလင်းပြင် ဒုတိယအဆင့် " လင်းယွမ်က သူ၏ စိတ်အသိကိုယ်ပွားကို အတွင်းစကြာဝဠာထဲသို့ စေလွှတ်လိုက်သည်။
အတွင်းစကြာဝဠာထဲတွင် အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ကျောက်စိမ်းဘူးသီးခြောက်ဘေးတွင် ရပ်ပြီး ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်အပြောင်းအလဲများကို စောင့်ကြည့်နေသည်။ ကျောက်စိမ်းဘူးသီးခြောက်၏ စိတ်ဝိညာဉ်ဖြစ်သည့်အပြင် လင်းယွမ်၏ ခွင့်ပြုချက်ကြောင့် သူမက အတွင်းစကြာဝဠာ၏ ပြောင်းလဲမှုများကို အာရုံခံနိုင်လေသည်။
" ဒုတိယအဆင့် အောင်မြင်သွားပြီ။ "
အဆုံးမဲ့ဟင်းလင်းပြင်က အတွင်းစကြာဝဠာ၏ အသေးစိတ်တည်ဆောက်ပုံကို ပြည့်စုံအောင် ပြုပြင်ပြောင်းလဲခြင်းနှင့် တူညီသည်။ အခြေခံအမှုန်အမွှားချင်း တူညီသော်လည်း တည်ဆောက်ပုံမတူညီလျှင် ထွက်ပေါ်လာသော စွမ်းအားကလည်း ကွဲပြားသွားမည်ဖြစ်သည်။
" အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ ဒုတိယအဆင့်က တတိယအဆင့်ကို ရောက်လုနီးပါးတောင် ဖြစ်နေတာပဲ။ " သူမက တွေးလိုက်သည်။
ပုံမှန်အားဖြင့် အဆုံးမဲ့ဟင်းလင်းပြင် ဒုတိယအဆင့်က အတွင်းစကြာဝဠာကို ဖရိုဖရဲမဟာသူတော်စင်တစ်ယောက်၏ အဆင့်သို့ ပို့ဆောင်ပေးနိုင်သော်လည်း ယခု လင်းယွမ်၏ အတွင်းစကြာဝဠာက ထိုအဆင့်ထက် များစွာ ကျော်လွန်နေပြီဖြစ်သည်။
" သခင်က ဘယ်လိုအခွင့်အရေးမျိုး ရခဲ့လို့ အတွင်းစကြာဝဠာကို ဒီအဆင့်ထိ ကျင့်ကြံနိုင်ခဲ့တာလဲ။ " မိန်းကလေးက အလွန်သိချင်နေမိသည်။
မြင့်မားသောအခြေအနေတစ်ခုမှ ပိုမြင့်သော အဆင့်တစ်ခုသို့ တက်လှမ်းရန် အလွန်ခက်ခဲလှသည်။ အထူးသဖြင့် အဆုံးမဲ့ဟင်းလင်းပြင်က အတွင်းစကြာဝဠာကို အမြင့်ဆံးအဆင့်ထိ တွန်းပို့ပြီးသားအခြေအနေတွင် ဖြစ်သည်။ အတွင်းစကြာဝဠာကို နောက်ထပ်မြှင့်တင်ရန် မည်မျှခက်ခဲကြောင်း သူမ အသိဆုံးဖြစ်သည်။
လင်းယွမ်၏ စိတ်အသိကိုယ်ပွားက ဆင်းသက်လာသည်။
" သခင် " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " စကြာဝဠာက လုံးဝ ပြောင်းလဲသွားပြီ။ "
" အင်း " လင်းယွမ်က ခေါင်းညိမ့်ပြီး ကျယ်ပြောလှသော အတွင်းစကြာဝဠာကို အာရုံခံကြည့်လိုက်သည်။ ယခုအချိန်တွင် သူ၏ အတွင်းစကြာဝဠာက အနှစ်သာရ မပြောင်းလဲသော်လည်း တည်ဆောက်ပုံမှာ အသစ်ဖြစ်သွားခဲ့ပြီဖြစ်သည်။
" စကြာဝဠာရဲ့ ကန့်သတ်ချက်က သိသိသာသာ မြင့်တက်သွားပြီ။ " လင်းယွမ်က အတွင်းစကြာဝဠာ၏ မူလရင်းမြစ်မှ ပြင်းထန်သော ဆာလောင်မှုကို ခံစားမိလိုက်သည်။
" ဝါးမျိုလိုက်စမ်း ဝါးမျိုလိုက်စမ်း။ " လင်းယွမ်က များပြားလှသော အရင်းအမြစ်များကို ချက်ချင်း ထုတ်ယူလိုက်ပြီး အတွင်းစကြာဝဠာ၏ မူလရင်းမြစ်ကို ဝါးမျိုခိုင်းလိုက်သည်။
ရွှမ်ဟွမ်စကြာဝဠာသို့ ခရီးစဉ်က မပြီးဆုံးသေးသော်လည်း လင်းယွမ်က များစွာသော အကျိုးအမြတ်များကို ရရှိထားပြီးဖြစ်သောကြောင့် အတွင်းစကြာဝဠာ၏ ဆာလောင်မှုကို ဖြည့်ဆည်းပေးရန် လုံးဝမခက်ခဲပေ။ အရင်းအမြစ်များစွာ၏ အထောက်အပံ့ဖြင့် အတွင်းစကြာဝဠာက ရူးသွပ်စွာဖြင့် ထပ်မံကျယ်ပြန့်လာသည်။
အလင်းနှစ် တစ်ရာ ဘီလီယံ။
အလင်းနှစ် နှစ်ရာဘီလီယံ။
အလင်းနှစ် ရှစ်ရာဘီလီယံ။
အလင်းနှစ် တစ်ထရီလီယိသို့ နီးကပ်သွားမှသာ ၎င်း၏ အရှိန်က တဖြည်းဖြည်း နှေးကွေးသွားခဲ့သည်။ အလင်းနှစ် တစ်ထရီလီယံရှိသော အတွင်းစကြာဝဠာ၏ အရွယ်အစားက ဖရိုဖရဲဟင်းလင်းပြင်မှ သဘာဝစကြာဝဠာများနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ ဖရိုဖရဲအရှင်သခင်တစ်ယောက်၏ အတွင်းစကြာဝဠာက အလင်းနှစ် ဘီလီယံအနည်းငယ်သာ ရှိပေသည်။
အဓိကမှာ လင်းယွမ်၏ အတွင်းစကြာဝဠာက အခြားသော အတွင်းစကြာဝဠာများကဲ့သို့ အရွယ်အစားကို ဦးစားမပေးဘဲ အရည်အသွေးကိုသာ အဓိကထားခြင်း ဖြစ်သည်။ အလွှာဆယ့်သုံး အမွေအနှစ်ဖြစ်သော အဆုံးမဲ့ဟင်းလင်းပြင်က အတွင်းစကြာဝဠာကို ပြန်လည်တည်ဆောက်ခြင်းဖြစ်ပြီး အရွယ်အစားကို ကျယ်ပြန့်စေရန်သာ ရည်ရွယ်ခြင်းမဟုတ်ပေ။
" ဟမ် " လင်းယွမ်က အတွင်းစကြာဝဠာ၏ အနက်ရှိုင်းဆုံးနေရာသို့ ကြည့်လိုက်ရာတွင် နေမင်းတစ်စင်းက ပြင်းထန်စွာ တောက်လောင်နေပြီး ၎င်း၏ အလင်းရောင်က စကြာဝဠာတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ထိုနေမင်းကို လင်းယွမ်သာလျှင် မြင်နိုင်ပြီး အနီရောင်ဝတ်စုံနှင့် မိန်းကလေး မမြင်အောင် တမင်ဝှက်ထားခြင်းဖြစ်သည်။
" အတွင်းစကြာဝဠာရဲ့ အပြောင်းအလဲက လီယန်နေမင်းရဲ့ အရင်းအမြစ်ကိုပါ ပြောင်းလဲစေခဲ့တာပဲ။ " လင်းယွမ်က လီယန်နေမင်းကို ကြည့်ပြီး တွေးလိုက်သည်။
အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်ကို ကျွမ်းကျင်သွားပြီးနောက် လီယန်နေမင်းက ပို၍ အစွမ်းထက်လာခဲ့သည်။
" လီယန်နေမင်းက အတွင်းစကြာဝဠာနဲ့ ပေါင်းစည်းသွားပြီဆိုတော့ စကြာဝဠာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားတာပဲ။ အတွင်းစကြာဝဠာက တိုးတက်လာတော့ လီယန်နေမင်းကလည်း တိုးတက်လာမှာပဲ။" လင်းယွမ်က တွေးလိုက်သည်။
လက်ရှိ လင်းယွမ်၏ အတွင်းစကြာဝဠာက အလွှာဆယ့်သုံး အမွေအနှစ်နှစ်ခုကို စုစည်းထားခြင်းဖြစ်သည်။ တစ်ခုမှာ အဆုံးမဲ့ဟင်းလင်းပြင်ဖြစ်ပြီး နောက်တစ်ခုမှာ လီယန်နေမင်းဖွင့်လှစ်ခြင်း ဖြစ်သည်။
" ငါ့ရဲ့ အတွင်းစကြာဝဠာက အလင်းနှစ် တစ်ထရီလီယံပဲ ရှိပေမယ့် အလင်းနှစ် တစ်ဆယ်ထရီလီယံ တစ်ရာထရီလီယံရှိတဲ့ အတွင်းစကြာဝဠာတွေနဲ့ ယှဉ်နိုင်နေပြီ။ ဒီလိုအတွင်းစကြာဝဠာမျိုးက ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်ကိုတောင် နီးစပ်နေပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။
ယခုအချိန်တွင် အတွင်းစကြဝဠာအတွင်း လည်ပတ်နေသော စွမ်းအားမှာ အလွန်ပင် ကြီးမားလှပြီး လင်းယွမ်ကိုယ်တိုင်ပင် တုန်လှုပ်သွားရသည်။ ၎င်းမှာ သာမန် ဖရိုဖရဲ မဟာသူတော်စင်များ၏ စွမ်းအားကို ကျော်လွန်နေပြီ ဖြစ်သည်။
ပြိုင်ဘက်ကင်းမဟာသူတော်စင်များနှင့်ယှဉ်လျှင် ကွာဟချက်ရှိသော်လည်း ဖရိုဖရဲမဟာသူတော်စင်အဆင့်ကိုမူ ကျော်လွန်သွားပြီဖြစ်သည်။