မဟာသူတော်စင်များ စုဝေးကြခြင်း...
Vol. 65 Ch. 927
" ဒီအချိန်လေဟာနယ်လှိုင်းက..." အခြားတစ်နေရာတွင် အမွှာရင်းမြစ်မဟာသူတော်စင်က ရုပ်တရက် ရပ်တန့်လိုက်သည်။ " ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့် ရတနာ။ "
" ဒီစကြာဝဠာကို ဖန်တီးခဲ့တဲ့ သူက အနှိုင်းမဲ့မဟာသူတော်စင်အဆင့်နဲ့နီးစပ်ခဲ့တယ် ဆိုပေမယ့် ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့် ရတနာတွေ အများကြီး ရှိမှာမဟုတ်ဘူး။ " အမွှာရင်းမြစ်မဟာသူတော်စင်က ခဏတွန့်ဆုတ်သွားပြီးနောက် အချိန်လေဟာနယ်လှိုင်းများ ထွက်ပေါ်သော နေရာသို့ ဦးတည်သွားသည်။
စကြာဝဠာ၏ အနက်ရှိုင်းဆုံးတွင် အခြားပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့် ရတနာများ ရှိမရှိ မသေချာသောကြောင့် အမွှာရင်းမြစ်မဟာသူတော်စင်က ယခုထွက်ပေါ်နေသော ရတနာကို လက်လွှမ်ခံမည်မဟုတ်ပေ။
ထျန်းလုမဟာသူတော်စင်၊ နဝမဖီးနစ်မဟာသူတော်စင်နှင့် အရိပ်နတ်ဆိုးမဟာသူတော်စင်တို့ကလည်း အချိန်လေဟာနယ်လှိုင်းများကို အာရုံခံမိလိုက်ပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့် ရတနာတစ်ခု ထွက်ပေါ်လာမည်ကို သိသွားကြသည်။ သူတို့အားလုံးက ထိုနေရာသို့ ဦးတည်သွားကြတော့သည်။
သူတို့က စကြာဝဠာထဲသို့ ဝင်ရောက်ချိန်တွင် အမွှာရင်းမြစ် သို့မဟုတ် လင်းယွမ်တို့နှင့် ပြိုင်ဆိုင်ခြင်းမရှိခဲ့ပေ။ ၎င်းက ခွန်အားချင်းကွာခြားမှုထက် အခြားအချက်တစ်ချက် ရှိနေသည်။ ၎င်းမှာ ထိုအချိန်က သိသာ ထင်ရှားသော အကျိုးအမြတ်မရှိသောကြောင့် ဖြစ်သည်။
သို့သော ယခု အချိန်လေဟာနယ်လှိုင်းများအရ ထွက်ပေါ်လာသော ရတနာမှာ ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်ဖြစ်သည်မှာ ထင်ရှားနေသည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့် ရတနာက သူတို့ အသေအကြေ တိုက်ခိုက်ရန် လုံလောက်ပေသည်။
အဝေးတွင် ဖရိုဖရဲအရှင်သခင်များကလည်း ထိုအချိန်လေဟာနယ်လှိုင်းများကို ခံစားမိလိုက်ကြသည်။
" ဒါရတနာပဲ။ သေချာပေါက် ရတနာတစ်ခုပဲ။ "
" ကံမကောင်းတာက အဲ့ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ "
ဖရိုဖရဲအရှင်သခင်များ၏ မျက်လုံးများထဲတွင် လိုချင်တပ်မက်မှုများ ရှိနေသော်လည်း ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားကြသည်။ နဝမဖီးနစ်နှင့်အရိပ်နတ်ဆိုးကဲ့သို့ အသစ်တက်လှမ်းလာသော မဟာသူတော်စင်များက အမွှာရင်းမြစ်နှင့် ဟေးယောင်တို့ကို ယှဉ်ပြိုင်ရဲခြင်းမှာ သူတို့ကိုယ်တိုင် ဖရဖရဲအဆင့် အထွတ်အထိပ်သို့ ရောက်နေကြသောကြောင့် ဖြစ်သည်။
ခွန်အားချင်းကွာခြားလျှင်တောင် အလွန်ကြီးမားမည်မဟုတ်ပေ။ အနည်းဆုံးတော့ အမွှာရင်းမြစ်မဟာသူတော်စင်က အသစ်တက်လှမ်းလာသော မဟာသူတော်စင်တစ်ယောက်ကို သတ်ရန် အလွန်ခက်ခဲလေသည်။ အကယ်၍ ဖရိုဖရဲအရှင်သခင်များက မဟာသူတော်စင်များ၏ တိုက်ပွဲထဲသို့ ဝင်ပါမိလျှင် အသက်ပေါင်းများစွာ ရှိလျှင်တောင် သေခြင်းတရားမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
" ငါတို့နဲ့ ဘာမှမဆိုင်ပေမယ့် သွားကြည့်လို့တော့ရတာပဲ။ "
" ဟုတ်တယ်။ ဒီလောက်တန်ဖိုးကြီးတဲ့ ရတနာက ဘယ်လိုပုံစံမျိုးရှိမလဲဆိုတာတော့ ကြည့်ချင်သေးတယ်။ "
ဖရိုဖရဲအရှင်သခင်အချို့က စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာကြပြီး ထိုနေရာသို့ ချဉ်းကပ်သွားကြသည်။ သူတို့အနေဖြင့် အဝေးမှသာ ကြည့်ရှုပြီး လုယူလိုစိတ်မရှိကြောင်း ပြသနေသရွေ့ ထိုမဟာသူတော်စင်များက သူတို့ကို အာရုံစိုက်မည်မဟုတ်ပေ။
" ရောက်ပြီ။ " လင်းယွမ်၏ ပုံရိပ်က ထွက်ပေါ်လာပြီး အမှောင်ထုများဖုံးလွှမ်းနေသော နန်းတော်ကို ကြည့်လိုက်သည်။
ယခုအချိန်တွင် ထိုနန်းတော်က အချိန်လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာမှ တဖြည်းဖြည်း ထွက်ပေါ်လာနေပြီး အရပ်မျက်နှာအနှံ့တွင် ပြင်းထန်သော အမှောင်ကောင်းကင်စွမ်းအားများ ပြည့်နှက်နေသည်။
" ပုံမှန်ဆိုရင် အမှောင်ကောင်းကင်နန်းတော်က အချိန်လေဟာနယ်ရဲ့ အနက်ရှိုင်းဆုံးမှာ ရှိနေတော့ လမ်းညွှန်မှုမရှိရင် ရှာတွေ့ဖို့ ခက်ခဲတယ်။ အခု ရွှမ်ဟွမ်စကြာဝဠာရဲ့ အပြင်ဘက်က အချိန်လေဟာနယ်တွေ တဖြည်းဖြည်း ပျက်စီးလာလို့ ဒီအမှောင်ကောင်းကင်နန်းတော်က သူ့အလိုလို ပေါ်လာတာထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
" ဒါက အချိန်လေဟာနယ်ရဲ့ အနက်ရှိုင်းဆုံးနေရာက လုံးဝ ထွက်ပေါ်လာတာနဲ့ ငါ အဲ့ဒီထဲက အမှောင်ကောင်းကင်နှလုံးသားကို တိုက်ရိုက်ယူနိုင်လိမ့်မယ်။ " လင်းယွမ်က တည်ငြိမ်စွာ စောင့်ဆိုင်းနေသည်။
ထိုအခိုက်အတန့်တွင် အချိန်လေဟာနယ်ကို ဖြတ်ကျော်ပြီး အော်ရာအချို့ ထွက်ပေါ်လာသည်။ အမွှာရင်းမြစ်မဟာသူတော်စင်က ဒုတိယမြောက် ရောက်ရှိလာသည်။
" အဲ့ဒီနန်းတော်ကလား။ " အမွှာရင်းမြစ်မဟာသူတော်စင်က လင်းယွမ်ကဲ့သို့ မြေပုံမရှိသော်လည်း ထိုအနက်ရောင်နန်းတော်ကို ချက်ချင်း သတိပြုမိလိုက်သည်။
ဝှစ် ဝှစ် ဝှစ်....
မကြာမီ ဟေးယောင်နှင့် လူရိုင်းမဟာသူတော်စင်တို့ကလည်း ရောက်ရှိလာကြသည်။ ထို့နောက်တွင် ထျန်းလု၊ နဝမဖီးနစ်နှင့် အရိပ်နတ်ဆိုးတို့ကလည်း ရောက်ရှိလာကြသည်။
" ရတနာက နန်းတော်ထဲမှာ ရှိတာပဲ။ " မဟာသူတော်စင်အားလုံးက အချိန်လေဟာနယ် အနက်ရှိုင်းဆုံးမှ ထွက်ပေါ်လာသော နန်းတော်ကို စိုက်ကြည်နေကြသည်။
" မင်းရဲ့ အချိန်လေဟာနယ်ကို ချိုးဖျက်နိုင်စွမ်းက တကယ် ထူးခြားတယ်။ ဒါပေမယ့် ဒီနန်းတော်ထဲက ရတနာကို ငါနဲ့ယှဉ်ချင်တယ်ဆိုရင်တော့ နည်းနည်းလိုသေးတယ်။ " အမွှာရင်းမြစ်မဟာသူတော်စင်က လင်းယွမ်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ " ငါ့ရဲ့ လမ်းစဉ်စွမ်းအားက မင်းကို ဖိနှိပ်နိုင်တယ်။ ငါသာ စွမ်းအားအပြည့်ထုတ်သုံးရင် မင်းငါ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ "
အကယ်၍ လင်းယွမ်ကို စကားဖြင့် နောက်ဆုတ်သွားအောင် လုပ်နိုင်လျှင် အမွှာရင်းမြစ်မဟာသူတော်စင်က ထိုသို့လုပ်ဆောင်ရန် ဆန္ဒမရှိပေ။
" အို " လင်းယွမ်က လက်နောက်ပစ်၍ ရပ်နေပြီး အမွှာရင်းမြစ်မဟာသူတော်စင်ကို တစ်ချက်ကြည့်လိုက်သည်။
အမွှာရင်းမြစ်မဟာသူတော်စင် ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ သူတို့နှစ်ယောက်က ရွှမ်ဟွမ်စကြာဝဠာ၏ အပြင်ဘက်တွင် မတိုက်ခိုက်ဖူးသော်လည်း သူ၏ အပြာမီးခိုးရောင်စွမ်းအားက အချိန်လေဟာနယ်ကို ကြီးမားစွာ အနှောက်အယှက်ပေးနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။သို့သော် ၎င်းက ခွန်အားချင်းတူညီနေမှသာဖြစ်သည်။
" လူရိုင်း ငါတို့နှစ်ယောက် ပူးပေါင်းကြမလား။ " ဟေးယောင်မဟာသူတော်စင်က လူရိုင်းမဟာသူတော်စင်ကို လျို့ဝှက်ဆက်သွယ်လိုက်သည်။
" ပူးပေါင်းဖို့လား။ " လူရိုင်းမဟာသူတော်စင်က စိတ်လှုပ်ရှားသွားသည်။
ဟေးယောင်မဟာသူတော်စင်၏ ထိန်းချုပ်နိုင်စွမ်းကို သိထားသဖြင့် သူက ဟေးယောင်နှင့် ပူးပေါင်းရန် အမှန်တကယ် ဆန္ဒရှိပေသည်။
" ဘယ်သူကို တိုက်ဖို့လဲ။ " လူရိုင်းမဟာသူတော်စင်က ချက်ချင်း ပြန်မေးလိုက်သည်။
" သူ့ကိုပဲ။ " ဟေးယောင်မဟာသူတော်စင်က ခဏစဉ်းစားပြီးနောက် လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။
လင်းယွမ်ကို ရွေးချယ်ခြင်းမှာ သူက အမှန်တကယ် စဉ်းစားခဲ့ခြင်းဖြစ်သည်။ လင်းယွမ်၏ စွမ်းရည်က ဟေးယောင်နယ်ပယ်နှင့် ဆင်တူပြီး ၎င်းကိုပင် ဖိနှိပ်နိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။ ထိုအချက်ကြောင့် သူက လင်းယွမ်ကို ကြောက်ရွံ့နေခြင်းဖြစ်သည်။
အမွှာရင်းမြစ်မဟာသူတော်စင်က သူနှင့် အကြိမ်များစွာ ရင်ဆိုင်ဖူးပြီး သူ၏ နည်းလမ်းများကို ကောင်းစွာ နားလည်ထားသည်။ အကယ်၍ လင်းယွမ်နှင့် အမွှာရင်းမြစ်ထဲမှ တစ်ယောက်ကို ရွေးချယ်ရလျှင် လင်းယွမ်က ပို၍ ကြီးမားသော ခြိမ်းခြောက်မှုကို ပေးစွမ်းနိုင်လေသည်။
" သူ့ကိုလား။ ပြဿနာမရှိဘူး။ " လူရိုင်းမဟာသူတော်စင်က ပြုံးလိုက်သည်။
သူကလည်း လင်းယွမ်ကို အရင်ဆုံး တိုက်ခိုက်ချင်နေသူဖြစ်သည်။ ရောက်ရှိနေကြသူများထဲတွင် လင်းယွမ်၏ အကြောင်းကိုသာ ဘယ်သူမှမသိကြခြင်းဖြစ်သည်။ ထိုသို့ အမည်မသိ အစွမ်းထက်သူတစ်ယောက်ကို ချန်ထားရန်မှာ လူရိုင်းမဟာသူတော်စင်အတွက် စိတ်လုံခြုံမှုမရှိပေ။
ဝုန်း ဝုန်း ဝုန်း....
ထိုအခိုက်အတန့်တွင် အနက်ရောင်နန်းတော်က အချိန်လေဟာနယ်၏ အနက်ရှိုင်းဆုံးမှ လုံးဝ ထွက်ပေါ်လာခဲ့သည်။ သိပ်သည်းလှသော အချိန်လေဟာနယ်လှိုင်းများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။
" တိုက်ခိုက်ကြစို့။ " ဟေးယောင်မဟာသူတော်စင်က သူ၏ နယ်ပယ်ကို အသက်သွင်းလိုက်ပြီး အဆုံးမဲ့အမှောင်ထုက စတင်ပျံ့နှံ့လာသည်။ လူရိုင်းမဟာသူတော်စင်ကလည်း အချိန်လေဟာနယ်ကို ဖြတ်ကျော်ပြီး လင်းယွမ်ကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။
" ဟမ် " အမွှာရင်းမြစ်မဟာသူတော်စင်က နန်းတော်သို့ သွားရန် ပြင်လိုက်သော်လည်း ဟေးယောင်နှင့် လူရိုင်းတို့၏ လှုပ်ရှားမှုကို မြင်သောအခါ သူတို့က လင်းယွမ်ကို ပစ်မှတ်ထားနေကြောင်း နားလည်လိုက်သည်။
" အခွင့်အရေးရတုန်း သူ့ကို ဖိနှိပ်ရမယ်။ " အမွှာရင်းမြစ်မဟာသူတော်စင်ကလည်း အပြာမီးခိုးရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်ကို ထိုးနှက်လိုက်သည်။
လင်းယွမ်က တည်ငြိမ်စွာ ရပ်နေပြီး နောက်မှချဉ်းကပ်လာသော စွမ်းအားများကို လှည့်ကြည့်လိုက်သည်။
ဝုန်း...
လင်းယွမ်က အတွေးတစ်ချက်နှင့် ကမ္ဘာနတ်စွမ်းရည်ကို အသက်သွင်းလိုက်သည်။ ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်က လုံးဝတွန့်လိမ်သွားသည်။ ထိုအချိန်တွင် လင်းယွမ်၏ ပြင်ပကမ္ဘာမှ စွမ်းအားက သိသိသာသာ မြင့်တက်လာခဲ့သည်။
အရောင်နှစ်မျိုးဖြင့် တောက်ပနေသော အမွှာရင်းမြစ်မဟာသူတော်စင်က ပြင်းထန်သော အချိန်လေဟာနယ် ဖိနှိပ်မှုအောက်တွင် လုံးဝရပ်တန်းသွားပြီး ပတ်ဝန်းကျင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ " ဒီလောက်တောင် ဖိနှိပ်နိုင်စွမ်းရှိတာလား။ "
" ဟမ် " ဟေးယောင်မဟာသူတော်စင်က သူငယ်အိမ်များ ကျုံ့သွားသည်။ ပြင်ပကမ္ဘာထွက်ပေါ်လာသည်နှင့် သူ၏ ဟေးယောင်နယ်ပယ်က စတင်ပျက်စီးသွားပြီး သူကိုယ်တိုင်လည်း လှုပ်မရဖြစ်သွားသည်။
" ငါ အပြင်က အချိန်လေဟာနယ်ကို အာရုံခံလို့မရတော့ဘူး။ "
လူရိုင်းမဟာသူတော်စင်ကလည်း အတူတူပင်ဖြစ်သည်။ သူ၏ လက်သီးကလည်း လမ်းတစ်ဝက်တွင ရုတ်တရက် ရပ်တန့်သွားပြီး ပတ်ဝန်းကျင်ကို ငေးကြောင်ကြည့်နေသည်။
ပြင်ပကမ္ဘာတွင် လင်းယွမ်က တည်ငြိမ်စွာ ရပ်နေသည်။ သို့သော် အခြားမဟာသူတော်စင်များ၏ အမြင်တွင် လင်းယွမ်က လီယန်နေမင်းအဖြစ် ပြောင်းလဲသွားပြီး အလင်းနှင့် အပူကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ ထိုအလင်းရောင်ကျရောက်သွားသော နေရာတိုင်းတွင် ထိုမဟာသူတော်စင်များ၏ စွမ်းအားများက ပြိုကွဲကုန်ကြသည်။
ထိုကဲ့သို့ ကြောက်စရာကောင်းသော မြင်ကွင်းကြောင့် အခွင့်အရေးကို စောင့်ကြည့်နေကြသော ထျန်းလုနှင့် အရိပ်နတ်ဆိုးတို့ကလည်း စိတ်များ တုန််ယင်သွားကြသည်။