← Chapters

ပူးပေါင်းကြခြင်း...

Vol. 65 Ch. 928

ပူးပေါင်းကြခြင်း...

Vol. 65 Ch. 928

ကျယ်ပြောလှသော အချိန်လေဟာနယ်က ရွှမ်ဟွမ်စကြာဝဠာထဲတွင် အတင်းအကျပ် ထွက်ပေါ်လာပြီး ဖရိုဖရဲမဟာသူတော်စင်ကိုးယောက်ကို ဝန်းရံပိတ်ဆို့ပြီး အချိန်တိုင်းတွင် ကြီးမားသော ဖိအားများကို ထုတ်လွှတ်နေသည်။

ရွှမ်ဟွမ်စကြာဝဠာအတွင်းမှ လည်ပတ်နေသော နိယာမများက နောက်ဆုတ်သွားရပြီး အချိန်လေဟာနယ်၏ အလယ်တွင် တည်ရှိနေသော လီယန်နေမင်း၏ အလင်းရောင်ကျရောက်သွားရာ နေရာတိုင်းက ကိုယ်ပိုင်နယ်ပယ်တစ်ခု ဖြစ်လာသည်။

" ဒီစကြာဝဠာထဲက နိယာမတွေက ဖရိုဖရဲဟင်းလင်းပြင်ထက် ဖိနှိပ်မှုပိုပြီး ပြင်းထန်တာတောင် ဒီစကြာဝဠာထဲက နိယာမတွေတောင် ဆုတ်ခွာပေးရတယ်ဆိုရင် ဖရိုဖရဲဟင်းလင်းပြင်မှာလည်း ဒီအတိုင်းပဲ ဖြစ်မှာသေချာတယ်။ "

လူရိုင်းမဟာသူတော်စင်က သူ့ကိုသူ တည်ငြိမ်အောင် ထိန်းလိုက်ပြီး မယုံကြည်နိုင်ဖြစ်နေသည်။ " ဒါက ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ဟင်းလင်းပြင်ကို ထိန်းချုပ်လိုက်တဲ့ပုံစံမဟုတ်လား။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က အချိန်လေဟာနယ် နိယာမတွေကို ကိုယ်တိုင်သတ်မှလိုက်တာမျိုးပဲ။ "

" မဟုတ်သေးဘူး။ ဒါက နိယာမတွေ ဆုတ်ခွာပေးရရုံပဲရှိသေးတယ်။ ကိုယ်ပိုင်နိယာမတွေ သတ်မှတ်နိုင်တဲ့ အဆင့်ကို မရောက်သေးဘူး။ သူက ပြိုင်ဘက်ကင်းမဟာသူတော်စင် မဟုတ်သေးဘူး။ " လူရိုင်းမဟာသူတော်စင်က တံတွေးများ မျိုချလိုက်သည်။

ယခုအချိန်တွင် လင်းယွမ် ပြသလိုက်သော စွမ်းအားက ပြိုင်ဘက်ကင်းမဟာသူတော်စင်မဟုတ်လျှင်တောင် သူတို့ကို များစွာကျော်လွန်နေပြီဖြစ်သည်။ အနည်းဆုံးတော့ လူရိုင်းမဟာသူတော်စင်အနေဖြင့် လင်းယွမ်ကို မယှဉ်နိုင်ကြောင်း သေချာသွားခဲ့သည်။

" သူက ဘယ်လိုလုပ်ဒီလောက်သန်မာနေရတာလဲ။ " အမွှာရင်းမြစ်မဟာသူတော်စင်ကလည်း တုန်လှုပ်နေသည်။

ယခင် ရွှမ်ဟွမ်စကြာဝဠာ၏ ဝင်ပေါက်တွင် သူက ခဏတားဆီးရန် လှည့်ကွက်တစ်ခုကို အသုံးပြုခဲ့သောကြောင့် ရွှမ်ဟွမ်စကြာဝဠာထဲသို့ ပထမဆုံး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် လင်းယွမ်က အမွှာရင်းမြစ်ကို ဖိအားများ ပေးနိုင်ခဲ့သော်လည်း ၎င်းက အဆင့်တူတစ်ယောက်ကို ရင်ဆိုင်ရသည့် ဖိအားမျိုးသာ ဖြစ်သည်။

" မင်းတို့ အသက်ရှင်ချင်တယ်ဆိုရင်..." လင်းယွမ်က တည်ငြိမ်စွာ ရပ်နေပြီး မဟာသူတော်စင်များကို အထက်စီးမှ ကြည့်လိုက်သည်။ " ဒီစကြာဝဠာထဲက ချက်ချင်း ထွက်သွားမယ်လို့ ကျိန်ဆိုလိုက်ကြ။ ပြီးတော့ စကြာဝဠာခေတ်တစ်ထောင်အတွင်း ဒီနားကို မထျဉ်းကပ်ကြနဲ့။ "

အရိပ်နတ်ဆိုးနှင့် နဝမဖီးနစ်တို့မှလွဲ၍ သူက အခြားမဟာသူတော်စင်များနှင့် ကြီးမားသော ရန်ငြိုးများမရှိပေ။ သူတို့သာ ရွှမ်ဟွမ်စကြာဝဠာအတွင်း ဆက်မနေတော့လျှင် လင်းယွမ်က သူတို့ကို ယခုတစ်ကြိမ် လွှတ်ပေးရန် ဆန္ဒမရှိပေ။

အဓိက ပြဿနာမှာ သူတို့ကို အပြီးတိုင် သတ်ပစ်နိုင်စွမ်းမရှိပေ။ ထိုမဟာသူတော်စင်များတွင် အသက်ကယ်နည်းလမ်းများစွာ ရှိပြီး သူတို့က ရွှမ်ဟွမ်စကြာဝဠာတွင် သေဆုံးခဲ့လျှင်တောင် အခြားနေရာများတွင် ပြန်လည်ရှင်သန်လာနိုင်ကြသည်။

" ဒီစကြာဝဠာက ချက်ချင်း ထွက်သွားရမှာလား။ " ဟေးယောင်နယ်ပယ်ကို မိုင်တစ်သောင်းအတွင်းသာ ထိန်းထားနိုင်သော ဟေးယောင်မဟာသူတော်စင်က မျက်နှာပျက်သွားပြီး လင်းယွမ်ကို ကြည့်လိုက်သည်။ " ဒီနန်းတော်ကနေ ထွက်သွားရုံးတင်မဟုတ်ဘဲ စကြာဝဠာထဲက တိုက်ရိုက် ထွက်သွားရမှာလား။ "

လင်းယွမ်၏ ကြောက်စရာကောင်းသော စွမ်းအားကြောင့် ဟေးယောင်မဟာသူတော်စင်က အတင်းအကျပ် ခုခံရန် မရွေးချယ်တော့ပေ။ ဖြစ်နိုင်လျှင် ထိုနန်းတော်ကို ပေးလိုက်ပြီး အခြားသော နေရာများတွင် ရတနာများ ရှာဖွေရန်သာ စဉ်းစားလေသည်။

ထိုစကြာဝဠာက ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့် ရတနာကို ထုတ်ပေးနိုင်လျှင် အခြားရတနာများကိုလည်း ထုတ်ပေးနိုင်ပေလိမ့်မည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့် ရတနာကို မရရှိနိုင်လျှင်တောင် အနည်းဆုံး မဟာသူတော်စင်အဆင့် တစ်ခုခု ရရှိလျှင်တောင် ထိုခရီးက ထိုက်တန်ပေသည်။

ထိုစကြာဝဠာသို့ အမြန်ဆုံး ရောက်ရှိလာနိုင်ရန်အတွက် ဟေးယောင်မဟာသူတော်စင်က ကြီးမားသော ပေးဆပ်မှုများ လုပ်ခဲ့ရသည်။

" မင်းက လောဘမကြီးလွန်းဘူးလား။ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်မဟုတ်ဘဲနဲ့ ပြိုင်ဘက်ကင်းမဟာသူတော်စင်တွေ လုပ်သိလိုမျိုး လုပ်ချင်နေတာလား။ " အမွှာရင်းမြစ်မဟာသူတော်စင်က လင်းယွမ်ကို စိုက်ကြည့်လိုက်သည်။

လင်းယွမ်၏ ပတ်ဝန်းကျင်တွင် ဖွဲ့စည်းထားသော အချိန်လေဟာနယ်က ကြီးမားသော ဖိအားကို ပေးနေသည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍ အမွှာရင်းမြစ်မဟာသူတော်စင်က သူတစ်ယောက်တည်းဆိုလျှင် ထိုသို့ ပြောဝံ့မည်မဟုတ်ပေ။

သူတစ်ယောက်တည်းနှင့် ပတ်ဝန်းကျင်မှ အချိန်လေဟာနယ် ဖိနှိပ်မှုကို ခုခံနိုင်စွမ်းမရှိပေ။ သို့သော် ယခု သူ့အပြင် အခြားမဟာသူတော်စင် ရှစ်ယောက်ရှိနေပြီး နှစ်ယောက်က အစွမ်းထက်သော မဟာသူတော်စင်များဖြစ်ကြသည်။

အကယ်၍ မဟာသူတော်စင်ကိုးယောက်ပေါင်းလိုက်လျှင် လင်းယွမ်ကို အနိုင်မယူနိုင်လျှင်တောင် အနည်းဆုံးတော့ ခုခံနိုင်ပေလိမ့်မည်။ အဆိုးဆုံးအနေဖြင့် ရှုံးနိမ့်သွားလျှင်တောင် အမွှာရင်းမြစ်က သူ၏ လွတ်မြောက်နိုင်စွမ်းကို ယုံကြည်ပေသည်။

လင်းယွမ်က မည်မျှအစွမ်းထက်သည်ဖြစ်စေ သူက ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် မဟုတ်သေးပေ။

" ဟုတ်တယ်။ " လူရိုင်းမဟာသူတော်စင်ကလည်း အမွှာရင်းမြစ်နှင့် ဟေးယောင်တို့ကို တစ်ချက်ကြည့်လိုက်ပြီး လင်းယွမ်ကို ကြည့်လိုက်သည်။ " ဒီနန်းတော်ကို မင်းကို ပေးနိုင်တယ်။ ဒါပေမယ့် ငါတို့ကို စကြာဝဠာထဲက ထွက်သွားခိုင်းတာကတော့ မလွန်လွန်းဘူးလား။ "

ထျန်းလု၊ နဝမဖီးနစ်နှက့် အခြားသာမန်မဟာသူတော်စင်များက အနည်းငယ် တွန့်ဆုတ်သွားကြသည်။ အမွှာရင်းမြစ် သို့မဟုတ် ဟေးယောင်တို့နှင့် မတူဘဲ သူတို့က ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်၏ ဖိနှိပ်မှုအောက်တွင် သေဆုံးသွားနိုင်သည့် အန္တရာယ်ကို အမှန်တကယ် ခံစားနေရသောကြောင့် ဖြသ်သည်။

အစွမ်းထက်သော မဟာသူတော်စင်သုံးယောက်က ထိုကဲ့သို့ ပြောရဲခြင်းမှာ သူတို့ လွတ်မြောက်နိုင်မည်ဟု ယုံကြည်မှုရှိသောကြောင့် ဖြစ်သည်။ သို့သော် ကျန်ခြောက်ယောက်အတွက်မူ သူတို့က ယခုသေဆုံးသွားလျှင် အစစ်အမှန်သေဆုံးခြင်းမဟုတ်သော်လည်း အသက်ကယ်နည်းလမ်းများကို အသုံးပြုပြီးနောက် လက်ရှိခွန်အားကို ပြန်ရအောင် ကျင့်ကြံရမည့် ကုန်ကျစရိတ်က အလွန်ကြီးမားလှသည်။

" ငါတို့ ပူးပေါင်းမှ ငါတို့ကိုငါတို့ ကာကွယ်နိုင်လိမ့်မယ်။ " အမွှာရင်းမြစ်မဟာသူတော်စင်က ကျန်ခြောက်ယောက်ကို ပြောလိုက်သည်။

ထိုမဟာသူတော်စင်ခြောက်ယောက်၏ ခွန်အားက သူတို့နှင့် မယှဉ်နိုင်သော်လည်း အမှန်တကယ် တိုက်ခိုက်ချိန်တွင် ထိုခြောက်ယောက်က လင်းယွမ်၏ အာရုံကို လွှဲပြောင်းထားကြပေလိမ့်မည်။ ထိုသို့ဖြင့် သူတို့သုံးယောက်အပေါ် ကျရောက်မည့် ဖိအားက အနည်းငယ် လျော့ကျသွားပေလိမ့်မည်။

" တကယ်လို့ ငါတို့နောက်ဆုတ်လိုက်ရင် ဒီစကြာဝဠာကို လက်လွှတ်လိုက်ရလိမ့်မယ်။ ဒီစကြာဝဠာဖန်တီးခဲ့တဲ့သူက အနှိုင်းမဲ့မဟာသူတော်စင်အဆင့်နဲ့ နီးစပ်တဲ့ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်ပဲ။ ဒီစကြာဝဠာထဲက ရတနာတွေက အခုမှ ထွက်ပေါ်လာတာ မင်းတို့က အလွယ်တကူ လက်လျှော့ချင်လို့လား။ " အမွှာရင်းမြစ်မဟာသူတော်စင်က သူတို့ခြောက်ယောက်၏ အကူအညီကို ရရှိရန်အတွက် သတင်းအချက်အလက်များကို ထုတ်ပြောလိုက်သည်။

" အနှိုင်းမဲ့မဟာသူတော်စင်အဆင့်နဲ့ နီးစပ်တဲ့သူတစ်ယောက်လား။ " ထျန်းလုမဟာသူတော်စင်က သူငယ်အိမ်များ ကျုံ့သွားသည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် ခေတ်တစ်ခု၌ အနှိုင်းမဲ့မဟာသူတော်စင်တစ်ယောက်သာ ထွက်ပေါ်လာနိုင်ပြီး အချို့ခေတ်များတွင်မူ လုံးဝထွက်မပေါ်လာကြပေ။

ထိုသို့သော အနှိုင်းမဲ့မဟာသူတော်စင်တစ်ယောက်ဖြစ်လာရန်မှာ အခြားပြိုင်ဘက်ကင်းမဟာသူတော်စင်များကို မျှော်လင့်ချက်မဲ့အောင် အနိုင်ယူပြီး လူတိုင်းကလည်း အသိအမှတ်ပြုရမည်ဖြစ်သည်။ အနှိုင်းမဲ့မဟာသူတော်စင်အဆင့်သို့ နီးစပ်သူများက အလွန်ရှားပါးသည်။

ယခင် ထျန်းလုနှင့် အခြားမဟာသူတော်စင်များက ထိုစကြာဝဠာကို သာမန်ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ဖန်းတီးခဲ့ခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ယခု အနှိုင်းမဲ့မဟာသူတော်စင်အဆင့်နှင့် နီးစပ်နေသူတစ်ယောက်ဖြစ်သည်။

အနှိုင်းမဲ့မဟာသူတော်စင်အဆင့်နှင့် နီးစပ်သော ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်ဖန်တီးခဲ့သော စကြာဝဠာက စကြာဝဠာခေတ်ပေါင်းများစွာတွင် တစ်ကြိမ်သာ ထွက်ပေါ်လာနိုင်သည်။ အသစ်တက်လှမ်းလာသော မဟာသူတော်စင်များက ထိုကဲ့သို့သော စကြာဝဠာနှင့် ကြုံတွေရခြင်းမှာ ကြီးမားသော အခွင့်အလမ်းပင်ဖြစ်သည်။

အကယ်၍ ယခုတစ်ကြိမ်လက်လျှော့လိုက်လျီင် သူတို့က ထိုသို့သော အခွင့်အလမ်းမျိုးနှင့် ဘယ်တော့မှ ကြုံတွေ့နိုင်တော့မည်မဟုတ်ပေ။ ထိုသို့တွေးမိသောအခါ မဟာသူတော်စင်ခြောက်ယောက်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြသည်။

ပထမအချက်မှာ ထိုစကြာဝဠာ၏ တန်ဖိုးက သူတို့မျှော်လင့်ထားသည်ထက် သာလွန်နေခြင်းဖြစ်သည်။ အမွှာရင်းမြစ်က လင်းယွမ်ကို ခုခံရန် သူတို့ကိုပါ ဆွဲထည့်ဝံ့သည်မှာ သေချာပေါက် ယုံကြည်မှုတစ်ခုခု ရှိနေရမည်ဖြစ်သည်။

" ဘာတွေဖြစ်သွားတာလဲ။ "

အချိန်လေဟာနယ်လှိုင်းများကြောင့် ဆွဲဆောင်ခံလိုက်ရသော ဖရိုဖရဲအရှင်သခင်များက အနားသို့ မချဉ်းကပ်ရသေးမီ အဝေးရှိ အချိန်လေဟာနယ်က ပြတ်တောက်သွားပြီး အမွှာရင်းမြစ်၊ ဟေးယောင်နှင့် အခြားမဟာသူတော်စင်များအားလုံးက အထဲတွင် ပိတ်မိသွားကြသည်ကို မြင်လိုက်ကြရသည်။

" မဟာသူတောစင်ဆယ်ယောက်က အချင်းချင်း တိုက်ခိုက်နေကြတာလား။ "

" ဒီလောက်ပြင်းထန်တဲ့ အချိန်လေဟာနယ် ပိတ်ဆို့တဲ့ နည်းစနစ်မျိုးကို အပြင်မှာ တစ်ခါမှမမြင်ဖူးဘူး။ "

" ဟုတ်တယ်။ သူတို့က ရတနာအတွက် အပြင်းအထန် တိုက်ခိုက်နေကြတာ ထင်တယ်။ "

ဖရိုဖရဲအရှင်သခင်များက အဝေးမှ စောင့်ကြည့်နေကြသည်။ မဟာသူတော်စင်ဆယ်ယောက်ရှိနေသဖြင့် သူတို့က ရတနာကို လုယူလိုစိတ်မရှိကြသော်လည်း နောက်ဆုံးတွင် ဘယ်သူအနိုင်ရသွားမည်ကို သိလိုကြသည်။

All Chapters