အခန်း (၈၅၃-၈၅၄)
Vol. 52 Ch. 853-854
အပိုင်း (၈၅၃)
နယ်စားကြီး ဒီဘိုရာက အမှန်ပင် အစွမ်းထက်၏။ စေတီတောင်၏ ကင်းပါးပိုးကောင်များနှင့် ဖော်စပ်သည့် မေ့ဆေးက သူမကို ၁၂ နာရီ မပြည့်ခင် ပြန်လည်နိုးထစေခဲ့၏။ မူလက သူမက ၂၄ နာရီတိုင်တိုင် သတိမေ့နေရမှာ ဖြစ်၏။
မျက်လုံးကို ဖွင့်ချိန်မှာတော့ သူမ၏ ခြေလက်များကို ဖြန့်ကားလျက် သံကြိုးများဖြင့် သစ်သားစင်ကြီး တစ်ခုပေါ်တွင် ချည်နှောင်ခြင်း ခံထားရကြောင်း တွေ့ရ၏။ ထို့အပြင်သူမက ဗလာကျင်းနေသည်။
ဤသည်က တကယ့်ကို ရှက်စရာ မြင်ကွင်းတစ်ခုပင်။ သို့သော်ငြား သူမက များစွာ ဂရုမစိုက်လှချေ။ သူမ၏ ပုဂ္ဂလိက ဘဝက စင်ကြယ်သော်လည်း သူမက ဂုဏ်သိက္ခာကို အလွန်အမင်း တန်ဖိုးထားသူ တစ်ယောက် မဟုတ်သောကြောင့်ပင်။ ဤမျှ မြင်ကွင်းလေးက သူမကို အရှက်ရစေရန် မလုံလောက်ချေ။
ချောမောသည့် အရှေ့တိုင်းသား ရှမ့်လန်က သူမ၏ရှေ့တွင် ပြုံးကာ ရပ်နေ၏။ ဘေးတွင်တော့ မီးဖိုတစ်ခု ရှိနေပြီး ထိုထဲ၌ တံဆိပ်ခတ်နှိပ်သည့် သံပူနှစ်ချောင်းက နီရဲနေ၏။
“ဒီဘိုရာ... တစ်ညတာ လင်မယားဆိုတာက တစ်သက်စာ ချစ်ခြင်းမေတ္တာပဲ။ ကျုပ် ခင်ဗျားကို အရမ်း သတိရနေတာ။”
ရှမ့်လန်က နူးညံ့စွာ ပြောသည်။ “ခင်ဗျား ကျုပ်ကို အညံ့ခံမလား။ ပီကျင်းမြို့ကို ပေးမလား။”
“ဟား ဟား ဟား... အိပ်မက်မက်မနေနဲ့။”
နယ်စားကြီး ဒီဘိုရာက လှောင်ပြောင်၏။ “အား...”
နောက်တစ်စက္ကန့်မှာတော့ သူမက တကယ့်ကို နာကျင်စွာဖြင့် အော်ဟစ်လိုက်မိ၏။ အကြောင်းက ရှမ့်လန်က နီရဲနေသည့် သံပူကို သူမ၏ ဘယ်ဘက်တင်ပါးပေါ်သို့ ဖိကပ်လိုက်သောကြောင့်ပင်။ ထိုအရာပေါ်တွင် ရှမ့်လန် ဟူသည့် နီရဲသည့် စာလုံးနှစ်လုံး ထွက်ပေါ်လာ၏။
“ကျုပ် စာမရေးဖြစ်တာ လအတော်ကြာပြီ။ ဒါပေမဲ့ ကျုပ်ရဲ့ လက်ရေးက အရမ်းကို လှနေတုန်းပဲ။ အံ့အားသင့်စရာကောင်းတယ်။ ကျုပ်ရဲ့လက်ရေး ခင်ဗျားရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတာ ခင်ဗျားအတွက် ဂုဏ်ယူစရာပဲ။ ခင်ဗျားနဲ့ ကျုပ်က လင်မယားတွေပဲ။ ဒီတော့ ခင်ဗျားကို ကျုပ်က တံဆိပ်နှိပ်ပေးလို့တော့ ရတယ် မဟုတ်လား။”
ပြီးနောက် သူက နောက်ထပ် သံချောင်းတစ်ခုကို ပြောင်းလဲပြီးနောက် ပါးစပ်နှင့် လေတဖူးဖူးမှုတ်၏။ တကယ့်ကို သံချောင်းကြီးက နီရဲလာခဲ့၏။ ရှမ့်လန်က ပိုမို ကြင်နာသည့် လေသံဖြင့် ပြောသည်။ “ဒီဘိုရာ... ကျုပ်ကို အညံ့ခံမှာလား။ ဒါမှမဟုတ် ပီကျင်းမြို့ကို ပေးမှာလား။”
“ကျွန်မ တောင်းပန်ပါရစေ။ ဒါပေမဲ့ ....”
ဒီဘိုရာ ပြန်လည်မပြောခင်မှာဘဲ ရှမ့်လန်၏ လက်ထဲတွင် ရှိနေသည့် အခြားသော သံချောင်းကြီးက သူမ၏ ညာဘက် တင်ပါးပေါ်သို့ တိုက်ရိုက်ဆိုသလို ဖိနှိပ်သွားခဲ့၏။
.................
ဘယ်ဘက်တွင် ရှမ့်လန်၊ ညာဘက်ခြမ်းတွင် ‘၏ကျွန်မလေ’ ။
“... မဆိုးဘူး။ မဆိုးဘူး။”
“အား...” ဒီဘိုရာက အော်ဟစ်၏။ ပြီးနောက် ရှမ့်လန်ကို မယုံကြည်နိုင်သလို စိုက်ကြည့်နေ၏။ ဤတိရစ္ဆာန်ကောင်လေးက သူမ၏ ခန္ဓာကိုယ်ကို တကယ်ပဲ နာကျင်အောင် ပြုလုပ်ဝံ့နေသည်လား။
သူမ၏ ခန္ဓာကိုယ်က မည်မျှပြည့်စုံ ဆွဲဆောင်မှုရှိသည်ကို သူမကိုယ်တိုင် အသိဆုံးပင်။ မည်သည့် အမျိုးသားမဆို ရတနာတစ်ခုလို တန်ဖိုးထားကြမှာဖြစ်၏။ သူမ၏ အလှတရားကို သိနားလည်လွန်း သောကြောင့် မင်းသားဆော်ရွှန်ကို မြူစွယ်ရန် ဒီဘိုရာက သတ္တိရှိခဲ့ခြင်း ဖြစ်သည်။ ရှမ့်လန်က မည်သည့်စကားကိုမှ မဆိုဘဲ သံပူတံကို တိုက်ရိုက်အသုံးပြုလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ချေ။ ဤလူရမ်းကားလေး က တကယ်ပဲ ရက်စက်လွန်းလှချေ၏။
ရှမ့်လန်က ပြောသည်။ “အောက်မျက်နှာပြင်ကိုပဲ တံဆိပ်ခတ်ရတာ အားမရသေးဘူး။ အပေါ်မျက်နှာပြင်ကိုပါ ထပ်ပြီးတော့ ခတ်ရမယ်။”
ပြီးနောက် သူက စောစောက သံပူခတ်တံကို ကောက်ကိုင်ကာ တစ်ချက်ကြည့်၏။ “မဟုတ်သေးဘူး။ လုံလောက်အောင် မနီသေးဘူး။”
ပြီးနောက် သူက သံပူခတ်တံကို မီးဖိုအိုးထဲသို့ တစ်ဖန်ပြန်ထည့်သည်။
ဒီဘိုရာ၏ ခန္ဓာကိုယ်က တုန်ယင်နေ၏။ ခြေဖျားများက မြေပြင်နှင့် ခက်ခဲစွာ ထိကပ်နေရ၏။ အဆုံးစမဲ့သည့် ပူလောင်နာကျင်မှုက သူမ တစ်ကိုယ်လုံးကို တိုက်ခိုက်နေပြီ ဖြစ်၏။ သူမက တစ်သက်နှင့်တစ်ကိုယ် ဤမျှပြင်းထန်သည့် ဆင်းရဲဒုက္ခမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးချေ။
ရှမ့်လန်က သူမအား စကားတစ်ခွန်းမှ မဆိုချေ။ သံပူခတ်တံ တစ်ဖန်ပြန်နီရဲလာသည်အထိ ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။ မိနစ်အနည်းငယ် ကြာပြီးနောက် ရှမ့်လန်က သံပူခတ်တံကို တစ်ဖန်ပြန်ထုတ်၏။ နီရဲ လုံလောက်အောင် မနီရဲသေးဟု ခံစားနေမိသေးသည်။ သူက ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ သံပူခတ်တံဖြင့် မီးညှိကာ ခပ်ပြင်းပြင်း ဖွာရှိုက်လိုက်၏။
“အဟွတ်... အဟွတ်... သေစမ်း။ ငါ ဟိတ်ဟန်ထုတ်တာ များသွားပြီ။ ငါ ဆေးလိပ် မသောက်တတ်ဘူး ဆိုတာကို မေ့သွားတာပဲ။ ကဲ... တစ်ချက်လောက် ရှိုက်လိုက်ပါအုံး။” ရှမ့်လန်က ကမ်းပေးလိုက်သည်။
ဆေးလိပ်ကို ဒီဘိုရာ၏ နှုတ်ခမ်းပေါ်သို့ တင်ပေးလိုက်၏။ ဒီဘိုရာက အားပါးပါး တစ်ချက်ရှိုက်၏။ သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် နာကျင်မှု ခံစားချက်များက လျော့ပါးသွားခဲ့သလို ခံစားရ၏။ အနောက်ဘက်လောကကြီးတွင် ဆေးလိပ်သောက်ခြင်းက အရှေ့လောကထက် စောသောကြောင့် အားလုံးက ဆေးတံ သောက်ကြ၏။ အထူးသဖြင့် ပုလဲနက်၏ ပင်လယ်ဓားပြများက ဆေးလိပ်အလွန်သောက်သူများ ဖြစ်သောကြောင့် ရှမ့်လန်က ဆေးလိပ်ကို လွယ်လွယ်ကူကူ ရ၏။
“အင်း... တော်တော်အဆင်ပြေသွားပြီ။”
ရှမ့်လန်က သံပူတံကို တစ်ဖန်ပြန်ထုတ်၏။ ပြီးနောက် ယခုတစ်ကြိမ်မှာတော့ သံပူတံက ရဲရဲကို နီမြန်းနေသည်။ “အချစ်... မင်း အညံ့ခံမှာလား။ မခံဘူးလား။”
စကားပြောနေစဉ်မှာပဲ ရှမ့်လန်၏ လှုပ်ရှားမှုက အနည်းငယ်မျှ ဆိုင်းငံ့မနေချေ။ သူက နီရဲလျက် ရှိနေသည့် သံပူတံကို ဒီဘိုရာ၏ အနှိုင်းမဲ့လှပသော မျက်နှာဆီ ဦးတည်ဖိနှိပ်လိုက်၏။ ထို့အပြင်သူမ၏ မျက်လုံးရှိရာ နေရာဆီသို့ သူက ချိန်ရွယ်ထားသေး၏။
“အညံ့ခံပြီ။ အညံ့ခံပါပြီ။” ဒီဘိုရာက အော်ဟစ်လိုက်သည်။
ထိုအချိန်မှာတော့ သံပူတံက သူမ၏ မျက်နှာနှင့် တစ်လက်မ အကွာတွင်သာ ရှိတော့၏။ ပြင်းထန်သည့် ပူလောင်မှုကို သူမ ခံစားနေရပြီ ဖြစ်သည်။ အကယ်၍ နည်းနည်းလေးသာ နောက်ကျသွားပါက ပြီးပြည့်စုံသည့် မျက်နှာက ထာဝရ တံဆိပ်ခတ်ခံရပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်ပေလိမ့်မည်။
“ဘာလို့ စောစောက မပြောရတာလဲ။” ရှမ့်လန်က သံပူတံကို ချက်ချင်းရုပ်သိမ်း၏။ ဒီဘိုရာ၏ လှပသည့် ရုပ်ရည်ကို ထိန်းသိမ်းပေးထား၏။
“ဒါပေမယ့် စောစောက ပြောခဲ့ရင်တောင် တင်ပါပေါ်က အမှတ်အသားနှစ်ခုကတော့ လိုအပ်နေမှာပဲ။”
ရှမ့်လန်က ပြောသည်။ “ဒါပေမဲ့ အခုမှ ပြောတာလည်း သိပ်တော့ နောက်မကျသေးပါဘူး။ အင်း... အဲဒီလို ထင်တယ်မလား အချစ်...”
“အရူး... ရှင်က တကယ့်ကို အရူးတစ်ကောင်ပဲ။” ဒီဘိုရာက စိတ်ထဲတွင် ကျိန်ဆဲနေ၏။
ရှမ့်လန်က ပြုံးကာ ပြောလိုက်သည်။ “ကျုပ်သိသားပဲ။ ခင်ဗျားက သေမှာကို မကြောက်တဲ့ သူရဲကောင်းမျိုး မဟုတ်ဘူး။ အင်အားကြီးတဲ့ စစ်သူကြီးတစ်ယောက်၊ ရည်မှန်းချက်ကြီးတဲ့ လူတစ်ယောက်၊ ဒါပေမဲ့ သူရဲကောင်းတစ်ယောက်တော့ မဟုတ်ဘူး။”
ပြီးနောက် ရှမ့်လန်က ဆေးဘူးတစ်ဘူးကို ထုတ်ပြီး ဒီဘိုရာ၏ တင်ပါးပေါ်ရှိ ဒဏ်ရာပေါ်သို့ လိမ်းပေး၏။ သူမက နာကျင်လွန်းသောကြောင့် တွန့်လိမ်နေ၏။
“ရှမ့်လန်... ပီကျင်းမြို့ကို အုပ်ချုပ်လို့ ရမှာမဟုတ်ဘူး။ ရှင်က အရှေ့တိုင်းသား တစ်ယောက်ပဲ။” ဒီဘိုရာက ပြောသည်။
“ကျုပ်သိတာပေါ့။”
ရှမ့်လန်က ပြော၏။ “ဒါပေမယ့် ငါ့မှာ မင်း ရှိတယ်လေ။ အချစ်... ငါတို့က တရားဝင် လက်ထပ်ထားတာပဲ။ အခုထိ ကွာရှင်းရသေးတာ မဟုတ်ဘူး။ ဒါကြောင့် အခုအချိန်ထိ ငါတို့က တရားဝင် လင်မယားပဲ ဆိုတာကို မေ့သွားပြီလား။ မင်းမှာ ရှိတဲ့ အရာအားလုံးက ငါ့မှာ ရှိတဲ့ အရာပေါ့။”
ဒီဘိုရာက မေးသည်။ “ဘာကို လိုချင်နေတာလဲ။”
ရှမ့်လန်က ဖြေ၏။ “စားနပ်ရိက္ခာတွေ၊ အသားတွေ၊ သံမဏိတွေ၊ ကြေးနီတွေ၊ သင်္ဘောတွေ၊ ပန်းပဲဆရာတွေ၊ သင်္ဘောကျင်းလုပ်သားတွေ၊ ကျုပ်က ပီကျင်းမြို့ရဲ့ အရင်းအမြစ် အားလုံးကို လိုချင်တယ်။”
ဒီဘိုရာက ပြောသည်။ “ဒါဆိုရင် လွှတ်ပေးလိုက်။ အဲဒီအရာတွေ အကုန်လုံး ပေးမယ်။”
ရှမ့်လန်က ပြော၏။ “ဒီဘိုရာ... ခင်ဗျားက တော်တော်လေးကို ဉာဏ်ကောင်းတဲ့ မိန်းမတစ်ယောက်ပဲ။ တကယ်တော့ ဒီလောက် ဉာဏ်ကောင်းတဲ့ မိန်းမမျိုးဆိုတာ သိပ်မရှိဘူ။ ဒါကြောင့် အကျိုးနဲ့အပြစ်ကို ဘယ်လိုချိန်ဆရမလဲ ဆိုတာ သိသင့်တယ်။”
“ငါက မင်းအတွက် ခွဲခြမ်းစိတ်ဖြာပြမယ်။ အကယ်၍ မင်း သဘောမတူရင် ဘာတွေ ဖြစ်လာမလဲ။ ပြီးတော့ ခင်ဗျား သဘောတူရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာပေါ့။ ပထမဦးဆုံး အနေနဲ့ ခင်ဗျားရဲ့ တပ်ဖွဲ့အားလုံးကို ဖျက်သိမ်းပြီး လာရာလမ်းကို ပြန်လွှတ်ရမယ်။ ခင်ဗျား ဘာလုပ်မှာလဲ။ သူတို့ကရော ဘာလုပ်ကြမှာတာလဲ။ ငါတို့က တိုက်ပွဲဝင်နေကြတာ၊ လက်မခံရင် သေရမှာပေါ့
ဒါဆိုရင် ဒုတိယအချက်အနေနဲ့ ရှမ့်လန်ဆိုတဲ့ ငါက မင်းရဲ့ တရားဝင် ယောကျ်ားဖြစ်တယ်ဆိုတဲ့ သတင်းကို အနောက်လောကတစ်ခုလုံး သိအောင် ဖြန့်ရမယ်။ ဒါကြောင့် ငါက ပီကျင်းမြို့ရဲ့ အရှင်သခင်ပေါ့။ တတိယအချက်အနေနဲ့ ငါ ပီကျင်းမြို့ကနေ ပစ္စည်းတော်တော်များများကို သယ်ယူမယ်။
ဟုတ်တာပေါ့။ ငါ အဲဒါတွေကို ပိုက်ဆံနဲ့ ဝယ်မှာပါ။ ဒါပေမဲ့ ငါ့မှာ ပိုက်ဆံမရှိဘူး။ ဒါပေမဲ့ ငါတို့က လင်မယားတွေ ဆိုတော့ မင်းရဲ့ ပိုက်ဆံက ငါ့ရဲ့ပိုက်ဆံပေါ့။ မင်းရဲ့ ဘဏ္ဍာတိုက် အကြောင်းကို ငါ သိတယ်။ အဲဒါက ရွှေတောင်ကြီးနဲ့ ငွေပင်လယ်လိုပဲ။
တကယ်ပါ။ ငါ့ကို အပြစ်မတင်ပါနဲ့။ အရှေ့လောကမှာလည်းက ငါက မိန်းမလုပ်စာကို စားပြီး အသက်ရှင်ခဲ့တာ၊ အဲဒီတော့ ငါလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက အဲဒါပဲ။ အခု ငါ အနောက်လောကကို ရောက်လာတော့လည်း အသက်မွေးဝမ်းကျောင်းအလုပ်ကို ပြောင်းလို့ မဖြစ်ဘူး။
အလုပ်တစ်ခုနဲ့ တစ်ခုက လောကခြားသလို ကွာခြားနေရင် သိပ်အဆင်မပြေဘူး။ ပြီးတော့ ငါက ငါ့အလုပ်ကို ချစ်တယ်။ ငါက ဒီလောက် ချောမောပြီး နုနယ်နေတာ ဆိုတော့ မိန်းမလုပ်စာ မစားရရင် နှမျောစရာကြီး မဟုတ်လား။”
ဒီဘိုရာက ရှမ့်လန်ကို ကြည့်၏။ သူမက ဤမျှ အရှက်ကင်းမဲ့သည့် စကားမျိုးကို ကြားရလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ လောကကြီးထဲတွင် ကိုယ်ကျင့်တရား အောက်ခြေအဆင့် မရှိသည့် ဤကဲ့သို့သော လူမျိုး အမှန်တကယ် ရှိနေသည်လား။
“ဟုတ်တာပေါ့။ တကယ်၍ မင်း ဒါကို သဘောတူလိုက်ရင် မင်းက ရှီလွန်အင်ပါယာရဲ့ အရှုပ်တော်ပုံ တစ်ခုဖြစ်လာလိမ့်မယ်။ မင်းကို လူပေါင်းများစွာက အရှက်ရစရာလူလို့ မြင်ကြလိမ့်မယ်။ မင်းက တောင်ဘက်နယ်စပ်ရဲ့ အစောင့်အရှောက်လည်း ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။ ဆော်ရွှန်ရဲ့ အပျော်မယားလည်း ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့လို ချောမောတဲ့ ယောက်ျားတစ်ယောက် ရှိနေသေးတယ်”
ရှမ့်လန်က ဆက်ပြော၏။ “မင်း သဘောမတူဘူးဆိုရင် မင်းမှာ ဘာမှရှိတော့မှာ မဟုတ်ဘူး။ မင်း သေရမယ်။ မြို့စားကြီးအော်စတင်လည်း သေရမယ်။ အဲဒီနောက် ရော့ဆိုမိသားစုရဲ့ ဆက်ခံသူတွေက အသူရာလှိုင်းပြည်နယ် အတွက် တိုက်ခိုက်ကြလိမ့်မယ်။ ပြီးတော့ ရော့ဆိုမိသားစုလည်း ပြိုကွဲသွားလိမ့်မယ်။
အကယ်၍ မင်းသာ ငါ့ရဲ့ တောင်းဆိုချက်ကို သဘောတူရင် ရော့ဆိုမိသားစုရဲ့ ဂုဏ်သိက္ခာက တော်တော်လေး ဆိုးသွားလိမ့်မယ်။ ဒါပေမဲ့ အမြဲတမ်းတော့ ရှိနေသေးတယ်။ ကဲ... ငါ ပြောချင်တာ ပြောပြီးပြီ။ မင်း ဘာတွေ တွေးနေတယ် ဆိုတာကို ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်း ဘာလုပ်ရမယ် ဆိုတာကို ငါ သိဖို့လိုတယ်။”
ပြီးနောက် သူက ဆေးထိုးပြွန်တစ်ခုကို ထုတ်ယူကာဖြင့် ဒီဘိုရာ၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်း၏။ “ဒါ... ဒါဘာလဲ... ဒါဘာတွေလဲ။” ဒီဘိုရာက တုန်တုန်ယင်ယင်ဖြင့် မေး၏။
“ဘာမှ မဟုတ်ပါဘူး။ ဒါက မင်းရဲ့ ဒဏ်ရာတွေကို ကုသဖို့ပဲ။ မကြောက်နဲ့။ မကြောက်နဲ့။”
ပြီးနောက် ရှမ့်လန်က နောက်ထပ် ဆေးထိုးပြွန်တစ်ခုကို ထုတ်ပြီး ဒီဘိုရာ၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းပြန်သည်။
“ဒါ... ဒါဘာတွေလဲ။” ဒီဘိုရာက ထပ်မံမေးမြန်း၏။
ရှမ့်လန်က ဖြေသည်။ “သေစေနိုင်တဲ့ ပိုးတစ်မျိုးပေါ့။ အကယ်၍ ငါရဲ့ အံ့ဖွယ်ဆေးသာ မရှိဘူးဆို မင်း ၁၀ ရက်အတွင်း သေသွားလိမ့်မယ်။ မင်းကို ကုသဖို့ ဘယ်သမားတော်ကိုမဆို ရှာလို့ရတယ်။ မီးနတ်ဘုရားဂိုဏ်း ကပဲ ဖြစ်ဖြစ်၊ ရှီလွန်အင်ပါယာနန်းတွင်းက သမားတော်တွေပဲ ဖြစ်ဖြစ်ပေါ့။
အကယ်၍ သူတို့က မင်းကို ကုသပေးနိုင်တယ် ဆိုရင် ငါ့ခေါင်းကို ဖြတ်ပြီး မင်းကို ပေးလိုက်မယ်။ ၃ ရက်လောက် ကြာပြီးရင် မင်း ဖျားလိမ့်မယ်။ ပြီးတော့ ပိုဆိုးလာလိမ့်မယ်။ အဲဒီနောက်မှာ သွေးတွေ အန်လိမ့်မယ်။ နောက်ဆုံး သေသွားလိမ့်မယ်။ မင်း အများဆုံး ရက်အနည်းငယ်ပဲ အသက်ရှင်ရတော့မယ်။
ဟုတ်တာပေါ့။ မင်း တစ်ချိန်လုံး နှာခေါင်းစည်း တပ်ထားရမယ်။ ဘယ်သူနဲ့မှ အထိအတွေ့ မရှိစေနဲ့။ မဟုတ်ရင် အဲဒါက ကူးစက်တတ်တယ်။ မဟုတ်ရင် ဒီဘိုရာ စံအိမ်တော်တစ်ခုလုံး သေသွားလိမ့်မယ်။ ပီကျင်းမြို့ တစ်ခုလုံးလည်း သေသွားလိမ့်မယ်။
လမ်းလျှောက်နိုင်သေးလား။ လမ်းလျှောက်နိုင်ရင် ကိုယ့်ဘာသာကိုယ်ပြန်တော့။ ဒီဆေးဘူးလေးကို ယူသွားလိုက်။ ဒါက မီးလောင်ဒဏ်ရာတွေအတွက် အကောင်းဆုံးပဲ။ မင်းရဲ့ တင်ပါးက အနာဂတ်မှာ ငါ ပိုင်လာမှာဆိုတော့ ပျက်စီး ရုပ်ပျက်တာမျိုးဖြစ်လို့ မရဘူး။”
သခင်ကြီးပိုင်တင်က စစ်သည်တော်တစ်သိန်းကို ဦးဆောင်ပြီး ရှမ့်လန်၏ အမေဇုန်တပ်ရင်း ၅ ထောင်နှင့် ရင်ဆိုင်၏။ သူက ဒီဘိုရာ၏ ဆရာဖြစ်သလို သူမ၏ လက်အောက်ခံလည်း ဖြစ်၏။ ယခု သူ၏ အရှင်သခင်က အဖမ်းခံထားရပြီး ထိုအရာက သူ၏မျက်စိရှေ့တွင် ဖြစ်ခဲ့၏။
ဤအရာက မည်မျှ ရှက်ရွံ့စရာ ကောင်းလိုက်သနည်း။ မည်သည့်တန်ဖိုးကို ပေးဆပ်ရသည်ဖြစ်စေ၊ သူ၏ တပ်ဖွဲ့တစ်ခုလုံး သေကြေ ပျက်စီးသွားသည်ဖြစ်စေ၊ သူက ဒီဘိုရာကို ကယ်တင်ရပေလိမ့်မည်။
“အရှင်ရှမ့်လန်... ကျေးဇူးပြုပြီး ထွက်လာပြီး စကားပြောပါ။” ပိုင်တင်က ပြောသည်။
ရှမ့်လန်က ထွက်လာပြီး ပြုံးကာ ပြောလိုက်၏။ “ပိုင်တင်... ကျုပ်ဆီကနေ ဘာအကူအညီ လိုချင်တာလဲ။”
ပိုင်တင်က ပြောသည်။ “ရှမ့်လန်... ကျေးဇူးပြုပြီး တောင်ဘက်ပြည်နယ် အစောင့်အရှောက် အုပ်ချုပ်ရေးမှူး နယ်စားကြီး ဒီဘိုရာကို ဘာအကန့်အသတ်မှ မရှိဘဲ လွှဲပြောင်းပေးပါ။ ခင်ဗျားရဲ့ အမေဇုန်တပ်ရင်းက အရမ်းအင်အားကြီးတယ် ဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ မှူးမတ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုတော့ လျှော့မတွက်နဲ့။ ကျုပ်ရဲ့သခင်ကို ကယ်တင်ဖို့အတွက် ကျုပ်က ဘယ်လိုတန်ဖိုးမျိုးကိုမဆို ပေးဆပ်ဖို့ အသင့်ပဲ။ ကျုပ်ရဲ့ တပ်ဖွဲ့တွေ အားလုံး သေသွားမယ် ဆိုရင်တောင် ကျုပ်က ဝန်လေးနေမှာ မဟုတ်ဘူး။”
ပြီးနောက် ပိုင်တင်က သူ၏ ဓားရှည်ကြီးကို ဆွဲထုတ်၏။ အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် တစ်သိန်းသော စစ်သည်များက ရှမ့်လန်၏ အမေဇုန်တပ်ရင်းဆီသို့ ဦးတည်ကာ ပြေးဝင်တိုက်ခိုက်ကြ၏။ ဤသို့သော ရှက်ရွံ့မှုကို သွေးဖြင့်သာ ဆေးကြောနိုင်ပေမည်။ ရန်သူ၏ သွေးဖြစ်စေ၊ မိမိ၏ သွေးဖြစ်စေ၊ ဘာမဆို ဆုံးရှုံးခံရပေမည်။
ပိုင်တင်က သူ၏ အသက်ကို စတေးရန် အသင့်ရှိနေ၏။ တိုက်ပွဲတွင် သေဆုံးသွားခဲ့သည် ဆိုလျှင်ပင် အနည်းဆုံး သူ၏ မိသားစု ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပါလား။
“ပိုင်တင်... ခင်ဗျား ကျုပ်ကို လန့်အောင် လုပ်နေတာပဲ။”
ရှမ့်လန်က ပခုံးတွန့်ကာ ပြော၏။ “ခင်ဗျား ဆန္ဒအတိုင်းပါပဲ... သူ့ကို လွှတ်ပေးလိုက်မယ်။”
ရှမ့်လန်က လက်ဝှေ့ယမ်းပြ၏။ စစ်စခန်း၏ တံခါးကြီးက ပွင့်သည်။
လှပသည့် ဒီဘိုရာက ဖြည်းညင်းစွာ ထွက်လာ၏။ သူမ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသော်လည်း သူမက ခံ့ညားထည်ဝါမှုကို ထိန်းသိမ်းထားဆဲပင်။ သူမက လှပသည့် ဝတ်စုံရှည်ကြီးကို ဝတ်ဆင်ထားခဲ့ပြီး တကယ်ကို ခံ့ညားလှပ၏။ ဒဏ်ရာအပြင်းအထန် ရထားသော်လည်း လမ်းလျှောက်သည့်ဟန်က လုံးဝ ပြောင်းလဲသွားခြင်း မရှိချေ။ မာနကြီးသည့် ဥဒေါင်းငှက် တစ်ကောင် ကဲ့သို့ပင်။
ပိုင်တင်နှင့် တခြားသောသူများက မှင်သက်သွား၏။ ဘာတွေ ဖြစ်ကုန်သနည်း။ ရှမ့်လန်က ကြီးမားသည့် တန်ဖိုးကို ပေးဆပ်ပြီး ဒီဘိုရာကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သော်လည်း တစ်ရက်နှင့် တစ်ည မပြည့်ခင်မှာပဲ ပြန်လွှတ်ပေးခဲ့၏။
အကယ်၍ သူမကို မြင်လိုက်သည်နှင့် မှတ်မိနိုင်စွမ်းမရှိပါက တချို့သူများက ဒီဘိုရာ အတုဟုပဲ သံသယဝင်ကြပေလိမ့်မည်။ ဒီဘိုရာက မည်သည့်စကားမှ မဆိုချေ။ သူမ၏ စစ်တပ်ရှိရာဆီသို့ တည့်တည့် လမ်းလျှောက်သွားသည်။
ပိုင်တင်က ဒူးတစ်ဖက်ကို ထောက်လိုက်၏။ “ကျုပ်... သခင့်ကို ထိတ်လန့်စေခဲ့ပါတယ်။”
“ဆရာ... ပင်ပန်းခဲ့ရပြီ။” ဒီဘိုရာက ဆိုသည်။
အပိုင်း (၈၅၄)
သူမက ရထားလုံးပေါ်သို့ တက်၏။ ပြီးနောက် တိုက်ရိုက်အမိန့်ပေးလိုက်၏။ “ကဲ... မြို့ထဲကို ပြန်မယ်။ စစ်သည်တွေ အကုန်လုံးကို ခေါ်ခဲ့။”
ပြီးနောက် သူမက တစ်သိန်းသော စစ်သည်များကို ဦးဆောင်ကာဖြင့် ပီကျင်းမြို့ဆီသို့ ခံ့ညားထည်ဝါစွာ ပြန်သွားခဲ့သည်။
………………..
ပီကျင်းမြို့၏ထိပ်ဖျားရှိ ရဲတိုက်ဆီကို ပြန်ရောက်ပြီးနောက် ဒီဘိုရာက မည်သည့်အသံမှ ထွက်မလာပေ။ စစ်ပွဲစတင်မည့် အကြောင်းကိုလည်း မပြောခဲ့သလို၊ စစ်ပွဲရပ်တန့်မည့် အကြောင်းကိုလည်း မဆိုခဲ့ချေ။ အကြောင်းရင်းက ရှမ့်လန်က သူမကို ခြောက်လှန့်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု မျှော်လင့်နေဆဲ ဖြစ်သောကြောင့်ပင်။
သို့သော်ငြား သူမ၏စိတ်နှလုံးအတွင်းပိုင်းမှာတော့ ရှမ့်လန်က တကယ်ကို ရက်စက်ကြမ်းကြုတ်လွန်းသူ ဖြစ်ကြောင်း သူမ သိ၏။ သူမအား ခြောက်လှန့်နေခြင်း မဟုတ်သည်မှာ သေချာ၏။ နောက်ဆုံး ထိုးပေးလိုက်သည့် ဆေးက အမှန်တကယ် သေစေနိုင်လောက်ပေသည်။
မည်သို့ပင်ဆိုစေကာမူ သူမ၏ ခန္ဓာကိုယ်က တကယ်ကို ထူးခြားသည်ဟု ခံစားရ၏။ အဆုံးမှာတော့ သူမက ရော့ဆိုမိသားစုရှိ သွေးမျိုးဆက် အကောင်းဆုံး မျိုးဆက်ပိုင်ရှင် မဟုတ်ပါလား။ ရှမ့်လန်ပြောသည့် ပိုးကို သူမ ခုခံကောင်း ခုခံပေးနိုင်လိမ့်မည်။
သို့သော်ငြား ရှမ့်လန်၏စကားကို သူမ အခိုင်အမာ မှတ်သားထားဆဲပင်။ ဒီဘိုရာစံအိမ်သို့ ဝင်ရောက်ပြီးနောက် သူမက မည်သူနှင့်မှ ထိတွေ့ခြင်း မရှိချေ။ ထိုအရာက သူမ လက်အောက်ခံများ၏ အသက်ကို တန်ဖိုး ထားသောကြောင့် မဟုတ်ပေ။ ရဲတိုက်တွင်းရှိ အစေခံများ၏ အသက်ကို လုံးဝ ဂရုမစိုက်တတ်သူက သူမပင် ဖြစ်၏။
သို့သော်ငြား အကယ်၍ ရှမ့်လန်ပြောခဲ့သလို သေစေနိုင်လောက်သည့် ပိုးမွှားက ကူးစက်ပြန့်ပွားပြီး ပီကျင်းမြို့ရှိ လူတိုင်းကို သေစေခဲ့ပါက တန်ဖိုးက အလွန်ကြီးမားပေလိမ့်မည်။ ပီကျင်းမြို့က ရော့ဆို မိသားစု၏ အခြေခံအုတ်မြစ်ပင်။ အကယ်၍ မြို့ထဲရှိ လူတိုင်းသာ သေဆုံးသွားခဲ့ပါက ရော့ဆိုမိသားစုကလည်း ပျက်သုဉ်းသွားပေမည်။
သူမက မုဆိုးမဟေးလ်ကို ရှာဖွေပြီး သူမအား ကူးစက်စေကာဖြင့် ရှမ့်လန်အား သူမကို ကယ်တင်ပေးရန် အတင်းအကျပ် ခိုင်းစေဖို့လည်း တွေးခဲ့ဖူး၏။ သို့သော်ငြား ရှမ့်လန်က သူမကဲ့သို့ ရက်စက်သူဖြစ်ကြောင်း သူမ ခံစားမိ၏။ ထို့ကြောင့် ချစ်ရသူတစ်ယောက်တည်း၏ အသက်ကို အဘယ်ကြောင့် ဂရုစိုက်နေမည်နည်း။
...............
နှစ်ရက်မျှ ကြာပြီးနောက်မှာတော့ ဒီဘိုရာ၏ စိတ်ကူးယဉ်မှုများ ပျက်ပြားသွား၏။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ပိုးမွှားက စတင်ကာ အသက်ဝင်လာခဲ့၏။ သူမက ဖျားပြီး ချောင်းဆိုးလာ၏။ ရောဂါလက္ခဏာက ရှမ့်လန် ပြောခဲ့သည်ထက်ပင် ပိုကာ ဆိုး၏။ သူမ၏ အခြေအနေက တကယ်ကို လျင်မြန်စွာ ဆိုးရွားလာ၏။ သူမ၏ အနီးအနားတွင် သေမင်းတစ်ကောင် ရပ်လျက် ရှိနေသည်ကို ရှင်းလင်းစွာ ခံစားမိ၏။
“သွား... နတ်ဆရာမကို သွားရှာခဲ့။”
ပထမဦးဆုံး တွေးမိသည်က မီးနတ်ဘုရားကျောင်း ဖြစ်၏။ ထိုအရာက အင်အားကြီးမားသည့် အဖွဲ့အစည်း တစ်ခုလည်း ဖြစ်၏။ ထိုသူတို့တွင် သူမအား ကယ်တင်နိုင်မည့် နည်းလမ်း ရှိကောင်း ရှိနိုင်ပေလိမ့်မည်။
မီးနတ်ဘုရားကျောင်းမှ နတ်ဆရာမက ရောက်ရှိလာ၏။ သူမက ဝတ်စုံအပြည့်အစုံကို ဆင်မြန်း ထားပြီး မျက်လုံးများကိုပင်လျှင် ရောင်စုံဖန်သားဖြင့် ဖုံးအုပ်ထား၏။ အရေပြား တစ်လက်မမျှ အပြင်ဘက်သို့ မထွက်စေရန် သေချာအောင် ပြုလုပ်ထား၏။ သို့သော်ငြား ထိုသို့ ပြည့်ပြည့်စုံစုံ ဖြစ်နေသည် ဆိုလျှင်တောင်မှ ဒီဘိုရာနှင့် နှစ်မီတာအကွာမှသာ စစ်ဆေး၏။
“နတ်ဆရာမ... ကျွန်မရဲ့ ရောဂါကို ကုသလို့ ရမလား။” ဒီဘိုရာက အားနည်းစွာ မေး၏။ သူမ၏ အဖျားက ၃၉ ဒီဂရီနီးပါး ရှိနေပြီ။ ထိုအရာက အစပျိုးရုံသာ ရှိသေးသည်။
နတ်ဆရာမက ပြော၏။ “ရှင့်ရဲ့ ပေါင်ခြံကို ကြည့်နိုင်မလား။ ရောင်နေသေးလား။ ပြီးတော့ အရမ်း နာနေလား။”
“ဟုတ်တယ်။” ဒီဘိုရာက တုန်ယင်နေ၏။ သူမက ယခု ထိကြည့်ရန် မလိုအပ်တော့ချေ။ ထိုနေရာကို လွန်ခဲ့သည့် အချိန်တည်းက တွေ့ရှိခဲ့ပြီး ဖြစ်၏။ ရှမ့်လန် ပြန်လွှတ်ခဲ့ပြီးနောက် သူမက ခန္ဓာကိုယ်ကို အချိန်ပြည့် စစ်ဆေးနေခဲ့ပြီး မည်သည့်အပြောင်းအလဲကမှ လွတ်မသွားခဲ့ချေ။
“ရင်ဘတ်က သွေးအန်တဲ့အထိ အကြီးအကျယ် နာကျင်နေသေးလား။” နတ်ဆရာမက မေးသည်။
“ဟုတ်ပါတယ်။”
ဒီဘိုရာက ဆို၏။ “နတ်ဆရာမ... ဒီရောဂါအတွက် ကုသဖို့ ဆေးရှိပါသလား။”
မီးနတ်ဘုရားကျောင်းမှ နတ်ဆရာမက ပြောသည်။ “အရှင်... ဒီရောဂါအတွက် ကုသတဲ့ ဆေးမရှိဘူး။ အများဆုံး ၇ ရက်အတွင်း သေဆုံးရပါလိမ့်မယ်။ တစ်လောကလုံးမှာ ဘယ်သူမှ ဒါကို မကုသနိုင်ဘူး။ မီးနတ်ဘုရားကျောင်းက မကုသနိုင်ဘူး။ ရှီလွန်နန်းတွင်းကလည်း မကုသနိုင်ဘူး။ ပြီးတော့ အရှေ့လောကက စေတီတောင်လည်း မကုသနိုင်ပါဘူး။”
ဒီဘိုရာ၏ မျှော်လင့်ချက်များက ပျက်စီးသွား၏။ ရှမ့်လန်က အဘယ်ကြောင့် သူမကို အလွယ်တကူနှင့် အိမ်ပြန်လွှတ်ပေးခဲ့ဖြစ်ကြောင်း သူမ သိရှိလိုက်ရ၏။ အကြောင်းရင်းက သူမ၏အသက်နှင့် သေခြင်းက သူ၏ လက်ထဲ လုံးဝရှိနေသောကြောင့်ပင်။
မီးနတ်ဘုရားကျောင်းမှ နတ်ဆရာမက ပြောသည်။ “အရှင်... အခုကစပြီး သီးခြားနေထိုင်ရပါမယ်။ ဘယ်သူနဲ့မှ ထိတွေ့လို့ မဖြစ်ပါဘူး။ မဟုတ်ရင် ပီကျင်းမြို့ လူဦးရေရဲ့ သုံးပုံ တစ်ပုံ၊ ဒါမှမဟုတ် ဒီထက်မက သေဆုံးလိမ့်မယ်။ အရှင်မှာ မှာကြားစရာရှိရင် မြန်မြန်မှာကြားပါ။ ဥပမာအားဖြင့် ရော့ဆိုမိသားစုရဲ့ အမွေဆက်ခံသူကို ဘယ်သူ့ကို ခန့်အပ်ခဲ့ချင်လဲ ဆိုတာမျိုးပေါ့။”
“အဟွတ်... အဟွတ်..”
ဒီဘိုရာက ပြင်းထန်စွာ ချောင်းဆိုးပြန်၏။ သူမက လက်ကို ဝှေ့ယမ်းလိုက်၏။ “ကျွန်မ နားလည်ပါပြီ။”
မီးနတ်ဘုရားကျောင်းမှ နတ်ဆရာမက ပြောသည်။ “အရှင်... ကျွန်မ နှုတ်ဆက်ပါတယ်။”
ဒီဘိုရာက ပြော၏။ “ဘာကြောင့်လဲ။ ကျွန်မမှာ ဒီဆိုးရွားတဲ့ရောဂါ ကူးစက်နေလို့ ရှင်တို့ ထွက်သွားကြ တာလား။”
“ဒီလို မဟုတ်ပါဘူး။”
မီးနတ်ဘုရားကျောင်းမှ နတ်ဆရာမက ပြောသည်။ “မနေ့ညက အရှင် အဖမ်းခံရတာပြင် အရမ်းထူးဆန်းတဲ့ အရာတစ်ခု ဖြစ်ပျက်ခဲ့သေးတယ်။ ကျွန်မ အဲဒါကို မီးနတ်ဘုရားဌာနချုပ်ဆီ ချက်ချင်း သတင်းပို့ဖို့ လိုအပ်တယ်။ ဒါက ကျွန်မ ကိုင်တွယ်နိုင်တဲ့ အခွင့်အာဏာထက် ကျော်လွန်နေပြီ။”
ဒီဘိုရာက တုန်လှုပ်သွား၏။ “ဘာကို ဆိုလိုတာလဲ။”
မီးနတ်ဘုရားကျောင်းမှ နတ်ဆရာမက ပြောသည်။ “အဲဒီ အရှင်ရှမ့်လန်က အရမ်းကို ထူးခြားလွန်းတယ်။ သူ တည်ရှိနေတာက မီးနတ်ဘုရားကျောင်းရဲ့ အသိအမြင်တချို့ကို မှောက်လှန်လိုက်သလို ဖြစ်နေတယ်။ သူနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို အဆင့်မြင့် အဖွဲ့ဝင်တွေက ဆုံးဖြတ်ဖို့ လိုအပ်လာပြီ။”
ဒီဘိုရာက မေးလိုက်၏။ “ဒါဆိုရင် ကျွန်မ သူ့ကို သတ်လို့ရလား။”
မီးနတ်ဘုရားကျောင်းမှ နတ်ဆရာမက ပြောသည်။ “မဖြစ်နိုင်ဘူး ထင်တယ်။ ကျွန်မလည်း အခု ရှုပ်ထွေးပြီး ဘာမှမသိရသေးတဲ့အတွက် အများကြီး မပြောနိုင်ဘူး။ မီးနတ်ဘုရားဌာနချုပ်ဆီကို ချက်ချင်း ပြန်ရမယ်။”
ပြီးနောက် မီးနတ်ဘုရားကျောင်းမှ နတ်ဆရာမက ထွက်ခွာသွားခဲ့၏။ “နှုတ်ဆက်ပါတယ် အရှင်မ ဒီဘိုရာ... မဟုတ်ဘူး။ ထာဝရ နှုတ်ဆက်ပါတယ် အရှင်မ ဒီဘိုရာ။”
ဒီဘိုရာက ရုတ်တရက် ထအော်သည်။ “ရှမ့်.. ရှမ့်လန်က... အဲဒီဒဏ္ဍာရီထဲက လူသားလား။”
မီးနတ်ဘုရားကျောင်းမှ နတ်ဆရာမက ခဏမှ ရပ်တန့်သွား၏။ သို့သော်ငြား ပြန်မဖြေခဲ့ချေ။ လှည့်ကာ ထွက်ခွာသွားခဲ့၏။
.................
သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားရသည့် ဒီဘိုရာက ယခင်က မခံစားရဖူးသောကြောင့် ကြောက်ရွံ့မှုကို ခံစားနေရ၏။ သူမ၏ ချောင်းဆိုးခြင်းက ပိုမိုဆိုးရွားလာခဲ့ပြီး အဖျားကလည်း ပိုမို မြင့်တက်လာ၏။ သေမင်း၏ ခြေသံက နီးကပ်လာခဲ့ကြောင်း သူမ ခံစားမိသည်။
သူမက စေတမန်တစ်ယောက်ကို စေလွှတ်ကာဖြင့် ရှမ့်လန်ဆီ စကားတစ်ခွန်း ပါး၏။ “ရှမ့်လန်... ခိုင်းသမျှ အားလုံး လုပ်ပါ့မယ်။ ကယ်ပါအုံး။”
၃ နာရီမျှ ကြာပြီးနောက် စေတမန် ပြန်ရောက်လာသည်။
“အဲဒီ အရှေ့တိုင်းသား လူပြက်က ဘာမှ ပြန်မပြောဘူး။ ကျုပ်ကို လျစ်လျူရှုလိုက်တယ်။” စေတမန်က ဆို၏။
ဒီဘိုရာက တုန်လှုပ်သွား၏။ “အရှေ့တိုင်းသားလူပြက်လို့ မပြောနဲ့။ သူ့ကို အရှင်ရှမ့်လန်လို့ ခေါ်စမ်း။ အဟွတ်... အဟွတ်။”
“ကောင်းပါပြီ။” စေတမန်က ပြောသည်။
ဒီဘိုရာက ပြော၏။ “သခင်ကြီးပိုင်တင်ကို ဒီကိုလာဖို့ ခေါ်လိုက်။ ပြီးတော့ လက်အောက်ခံ မင်းမှုထမ်းအားလုံးကို လာခိုင်းလိုက်။”
“ကောင်းပါပြီ။” စေတမန်က ပြန်ပြောသည်။
ဖန်သားနှစ်လွှာ နှစ်ခုခြားထားသည့် ဒီဘိုရာက လက်အောက်ခံ မှူးမတ်ဒါဇင်ပေါင်းများစွာကို လက်ခံ တွေ့ဆုံ၏။
“ကျွန်မ အခု ပြောမယ့်စကားက အမိန့်ပဲ။ ဘယ်မေးခွန်းကိုမှ လက်မခံဘူး။ ကန့်ကွက်တဲ့သူကို သစ္စာဖောက်အဖြစ် သတ်မှတ်မယ်။” ဒီဘိုရာက ပြောသည်။
သခင်ကြီးပိုင်တင်က တစ်ခုခု မှားယွင်းနေသလို ခံစားရ၏။ ပြီးနောက် ဦးညွှတ်ကာ ပြော၏။ “ကောင်းပါပြီ။”
ဒီဘိုရာက ပြောလိုက်သည်။ “ပီကျင်းမြို့မှာရှိတဲ့ တပ်ဖွဲ့အားလုံးကို ဖျက်သိမ်းလိုက်။ လက်အောက်ခံ မှူးမတ်တွေအားလုံး သူ့ရဲ့တပ်တွေကို သက်ဆိုင်ရာ နယ်မြေဆီကို ပြန်ခေါ်သွားကြ။ တခြားပြည်နယ်က တပ်မှူးတွေ အကုန်လုံးလည်း သူတို့တပ်တွေကို ခေါ်ပြီး ထွက်သွားခိုင်းလိုက်။”
ထိုစကား ထွက်ပေါ်ချိန်မှာတော့ မှူးမတ်အားလုံးက မှင်သက်သွားသည်။
အဘယ်ကြောင့်နည်း။ အကယ်၍ စစ်တပ်သာ ဆုတ်ခွာသွားခဲ့ပါက ပီကျင်းမြို့ကို ရွှေလင်ပန်းနှင့် ဆက်သ သလို ဖြစ်သွားမည် မဟုတ်ပါလား။
“ဘယ်မေးခွန်းကိုမှ လက်မခံဘူး။ အမိန့်ကို နာခံကြ။ ပုန်ကန်ချင်တာမဟုတ်ဘူး ဆိုရင်ပေါ့။” ဒီဘိုရာက သတိပေး၏။
“ဒါပေမဲ့ ...” ပိုင်တင်က တုန်လှုပ်စွာဖြင့် စကားဆက်သည်။
ဒီဘိုရာက တားဆီးလိုက်၏။ “ဆရာ... ဆရာက အမိန့်ကို မနာခံတော့ဘူးလား။”
ပိုင်တင်က ပြောသည်။ “ကောင်းပါပြီ။ ဒါပေမဲ့ ကျုပ် နေခဲ့ရပါလိမ့်မယ်။”
ဒီဘိုရာက ပြော၏။ “ကောင်းပြီ။ ဒါပေမဲ့တပ်ဖွဲ့အားလုံးကို အမြန်ဆုံး ဖျက်သိမ်းပါ။ ဒါ ကျွန်မရဲ့ မြို့၊ ကျွန်မက အုပ်ချုပ်သူပဲ။ ဘယ်လို မနာခံမှုမျိုးကိုမှ ခွင့်မပြုဘူး။”
“ကောင်းပါပြီ။” လက်အောက်ခံ မှူးမတ်အားလုံးက ဇဝေဇဝါ ဖြစ်နေကြသော်လည်း အမိန့်ကို နာခံရန် ရွေးချယ်ကြ၏။ ထို့အပြင် သူတို့က ဒီဘိုရာ၏ဂုဏ်သတင်းကို ကြောက်ရွံ့၍ စစ်တပ်များကို စေလွှတ်ခဲ့ကြခြင်းပင်။
အမေဇုန်စစ်တပ်က အလွန်အင်အားကြီးမားသောကြောင့် မှူးမတ်အများစုတို့က မိမိ၏ အင်အားကို ထိန်းသိမ်းလို၏။ သူတို့က ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့် စစ်သည်များနှင့် စစ်မတိုက် လိုကြချေ။ တခြားပြည်နယ်မှ စစ်တပ်များကလည်း ထိုနည်းလည်းကောင်း ဖြစ်ပေမည်။
“ဒါပေမဲ့ အရှင်... အကယ်၍ ကျုပ်တို့ စစ်တပ်သာ ဆုတ်ခွာသွားရင် အဲဒီ အရှေ့တိုင်းသားက ပီကျင်းမြို့ကို တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ။” မှူးမတ်တစ်ဦးက မေး၏။
ဒီဘိုရာက ပြောသည်။ “ကျွန်မ... အရှင်ရှမ့်လန်ကို တိုက်ခိုက်တာ ရပ်တန့်လိုက်ပြီ။ ပြီးတော့ ဒါ... ကျွန်မရဲ့ ပီကျင်းမြို့ပဲ။ တခြား ဘယ်သူ့မြို့မှ မဟုတ်ဘူး။”
“ကောင်းပါပြီ။”
ဒီဘိုရာက ဆက်ပြော၏။ “အခုချက်ချင်း ထွက်ခွာသွားကြ။ အခုချက်ချင်းထွက်။ ခဏလေးတောင် အချိန်ဖြုန်း မနေကြနဲ့တော့။”
၂ နာရီ ကြာပြီးနောက် ပီကျင်းမြို့၏ စစ်သည်နှစ်သိန်းတို့က စတင်ထွက်ခွာလာခဲ့ကြ၏။ သူတို့က သနားစရာ ကောင်းသည့် အခြေအနေတွင် ရှိနေ၏။ တချို့က သင်္ဘောပေါ်တက်ရန် အချိန်ပင် မရဘဲ ကုန်းလမ်းမှ တိုက်ရိုက် ထွက်ခွာသွားကြသည်။
ဆုတ်ခွာခြင်း လုပ်ငန်းစဉ်က တကယ်ကို ရှည်လားသည့် လုပ်ငန်းစဉ်တစ်ခုပင်။ သို့သော်ငြား အနည်းဆုံး ၂ နာရီအတွင်း ပီကျင်းမြို့၏ မြို့ရိုးထက်တွင် မည်သူမျှ မရှိတော့ပေ။ မည်သည့်ကာကွယ်ရေးမှလည်း မရှိတော့ချေ။
ပြီးနောက် ဒီဘိုရာက စေတမန်တစ်ဦးကို ရှာဖွေကာ ပြော၏။ “အရှင်ရှမ့်လန်ရဲ့ စစ်စခန်းဆီကို သွားပြီးတော့ သူပြောသမျှ အားလုံးကို ပြုလုပ်ပေးပါမယ်လို့ ကတိပေးတယ်လို့၊ အမြန်ဆုံး လာကယ်ဖို့ တောင်းပန်လိုက်။ သူ့ကို အရှင်ရှမ့်လန်လို့ပဲ ခေါ်ရမယ်။”
“ကောင်းပါပြီ။”
စေတမန်က မြင်းကို အမြန်စီးနင်းကာဖြင့် ပီကျင်းမြို့မှ ထွက်ခွာသွား၏။ ရှမ့်လန်၏ စစ်စခန်းဆီသို့ ဦးတည်သွား၏။ ယခုအချိန်မှာတော့ သူက ပိုမို၍ မြန်ဆန်လာ၏။ ၂ နာရီကျော်အတွင်း ပြန်လည် ရောက်ရှိလာ၏။
“အရှင်ရှမ့်လန်က အခုထိ တုံ့ပြန်မှု မရှိသေးပါဘူး။” စေတမန်က တစ်ကိုယ်လုံး တုန်ယင်နေသည်။
ဒီဘိုရာက မူးမေ့လဲကျလုနီးပါး ဖြစ်နေသည်။ သူမ၏ အဖျားက ၄၀ ဒီဂရီ စင်တီဂရိတ်သို့ပင် ရောက်ရှိနေ၏။ သူမ၏ ခေါင်းမူးပြီး ချောင်းဆိုးခြင်းကလည်း ပို၍ ဆိုးရွားလာသည်။ သွေးများ အန်နေသည်က ထင်ရှားပြီး ရင်ဘတ်တွင်လည်း နာကျင်မှုများ ခံစားနေရ၏။ သေမင်း၏ ခြေသံများက ပိုပို၍ နီးကပ်လာ၏။
“ရှမ့်လန်... ရှင်က တကယ့်ကို လူယုတ်မာပဲ။ ရှင် တကယ် ဘာကို လိုချင်နေတာလဲ။ ရှင် ဘာကို လိုချင်တာလဲ။”
သို့သော်ငြား ရှမ့်လန် တစ်ဦးတည်းကသာလျှင် သူမ၏ အသက်ကို ကယ်တင်နိုင်ကြောင်း ဒီဘိုရာက သိ၏။ သူမ မသေချင်သေးချေ။
“ပီကျင်းမြို့ရဲ့ အရာရှိတွေ အကုန်လုံးကို စုစည်းလိုက်။ ပီကျင်းမြို့မှာ ရှိနေတဲ့ မှူးမတ်တွေ၊ ကုန်သည်တွေနဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေ အားလုံးကို စုစည်း။ ပြောစရာ ရှိတယ်။”
နယ်စားကြီး ဒီဘိုရာက အမိန့်ထုတ်ပြန်၏။ “မြန်မြန် လုပ်ကြစမ်း။”
.....................
လေးနာရီ ကြာမြင့်ပြီးနောက် ဒီဘိုရာက ဖန်သားနံရံမှတဆင့် ပီကျင်းမြို့၏ အာဏာရှိသူ အားလုံးတို့ကို တဖန် ဆင့်ခေါ်လိုက်သည်။ “ဒီနေရာမှာ ကျွန်မ တရားဝင် ကြေညာမယ်။ အရှင်ရှမ့်လန်က ကျွန်မရဲ့ တရားဝင် ယောက်ျား ဖြစ်သလို ကျွန်မရဲ့တစ်ဦးတည်းသော တိုက်ရိုက်ဆွေမျိုးလည်း ဖြစ်တယ်။ အနာဂတ်မှာ ကျွန်မတို့ရဲ့ သားသမီးတွေက ရော့ဆိုမိသားစုနဲ့ အသူရာလှိုင်း ပြည်နယ်ကို ဆက်ခံကြလိမ့်မယ်။
ဒါတင်မကသေးဘူး။ အရှင်ရှမ့်လန်က ရော့ဆိုမိသားစုရဲ့ ဂုဏ်သတင်းနဲ့ အာဏာကို ကျွန်မနဲ့အတူ မျှဝေ ခံစားလိမ့်မယ်။ အသူရာလှိုင်း ပြည်နယ်မှာ ရှိနေတဲ့ ရော့ဆိုမိသားစုရဲ့ ကြွယ်ဝမှုနဲ့ အာဏာ အားလုံးကို အရှင်ရှမ့်လန် မျှဝေပိုင်ဆိုင်လိမ့်မယ်။
အရှင်ရှမ့်လန်က ကျွန်မရဲ့ တစ်ဦးတည်းသော ယောက်ျားပဲ။ ဒီနေ့ကစပြီး ကျွန်မဘဝ နေဝင်နိဂုံးချုပ်တဲ့ အထိ သူက အမြဲတမ်း ကျွန်မ ယောက်ျား ဖြစ်နေလိမ့်မယ်။ ဒီနေ့ကစပြီး ကျွန်မက ရှင်တို့ရဲ့ အရှင်သခင် တစ်ယောက် ဖြစ်ရုံသာမကဘူး၊ အရှင်ရှမ့်လန်ကလည်း ရှင်တို့ရဲ့ အရှင်သခင်ပင်။ ရော့ဆိုမိသားစုရဲ့ သမိုင်းပညာရှင်တွေ... ကျွန်မ အခု ပြောတဲ့ စကားတွေကို တရားဝင် စာရွက်စာတမ်း ရေးထိုးပြီး အသူရာလှိုင်း ပြည်နယ် တစ်ခုလုံးကို ဖြန့်ဝေလိုက်။”
ထိုစကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် နေရာတွင် တည်ရှိနေသည့် အရာရှိများနှင့် မှူးမတ်တို့၏ မျက်နှာအမူအရာများက လုံးဝ ပြောင်းလဲသွားကြ၏။ သူတို့အားလုံးက ဒီဘိုရာနှင့် ရှမ့်လန်တို့၏ မင်္ဂလာဆောင်ကို တက်ရောက်ခဲ့ကြသော်လည်း ရှမ့်လန်က ယစ်ပူဇော်ခံရမည့်သူ တစ်ဦးသာ ဖြစ်ကြောင်း အားလုံး သိရှိထား၏။
ထိုအရာက ဒီဘိုရာနှင့် မီးနတ်ဘုရားတို့ကြားတွင် ချုပ်ဆိုထားခဲ့သည့် သဘောတူညီမှု တစ်ခုမျှသာလျှင် ဖြစ်သည်။
ယခု ဒီဘိုရာက ဤလူအား သူမ၏ တစ်ဦးတည်းသော တရားဝင် ယောက်ျား ဖြစ်ကြောင်းနှင့် ရော့ဆို မိသားစုတို့၏ အာဏာကို မျှဝေခံစားနိုင်မည့်သူဖြစ်ကြောင်း အမှန်တကယ် ပြောလိုက်သည်လား။ သူမ ရူးသွပ်သွားပြီလား။ ရှမ့်လန်က အရှေ့တိုင်းသား တစ်ဦးသာ ဖြစ်၏။ အကယ်၍ ဒီဘိုရာကသာ ထိုသို့ လုပ်ဆောင်သည် ဆိုပါက သူမက အမေဇုန် မျိုးနွယ်စုနှင့် အတူတူ ဖြစ်သွားပေလိမ့်မည်။