ငါ့နာမည် နဂါးငွေ့တန်း....
Vol. 65 Ch. 929
" မင်းတို့က နောက်မဆုတ်ချင်ကြဘူးထင်တယ်။ " လင်းယွမ်က မဟာသူတော်စင်ကိုးယောက်ကို ပြုံး၍ ကြည့်လိုက်သည်။ " ဒါဆိုရင်တော့ မင်းတို့အားလုံး ဒီမှာပဲ နေခဲ့လိုက်ကြတော့။"
ဝုန်း....
အရပ်မျက်နှာအနှံ့မှ အချိန်လေဟာနယ်က လျင်မြန်စွာ ကျုံ့ဝင်လာသည်။ ကမ္ဘာနတ်စွမ်းရည်ဖြင့် ဖွဲ့စည်းထားသော ပြင်ပကမ္ဘာက အရွယ်အစား ပို၍ သေးငယ်လာလေ စွမ်းအားက ပို၍ သိပ်သည်းလာလေဖြစ်ပြီး ရန်သူများကို ပေးနိုင်သော ဖိအားကလည်း ပို၍ ကြီးမားလာလေဖြစ်သည်။
" မင်းက ဒီလောက်တောင်သန်မာနေတာ မင်းရဲ့ နာမည်က ဘယ်သူလဲ။ " အမွှာရင်းမြစ်မဟာသူတော်စင်က အပြာမီးခိုးရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်က ပြိုကွဲသွားလိုက် ပြန်လည်ဖွဲ့စည်းလိုက်ဖြစ်နေသည်။
ချက်ချင်းပင် အခြားမဟာသူတော်စင်ရှစ်ယောက်ကလည်း လင်းယွမ်ကို ကြည့်လိုက်ကြသည်။ လင်းယွမ်က မောက်မာသော်လည်း သူ၏ စွမ်းအားက အမှန်တကယ် ကြောက်စရာကောင်းသည်ကို သူတို့ဝန်ခံရပေလိမ့်မည်။ မဟုတ်လျှင် သူတို့အားလုံးကို ပူးပေါင်းရန် ဖိအားပေးနိုင်မည်မဟုတ်ပေ။
" နာမည်လား။ " လင်းယွမ်က ညင်သာစွာ ပြုံးလိုက်သည်။ " ငါ့နာမည် နဂါးငွေ့တန်း။ "
ဝုန်း....
ကျယ်ပြောလှသော အချိန်လေဟာနယ်က ဒီရေကဲ့သို့ လှိုင်းထန်လာပြီး မဟာသူတော်စင်ကိုးယောက်က ပင်လယ်ထဲမှ လှေငယ်လေးများကဲ့သို့ အဆက်မပြတ် ရိုက်ခတ်ခြင်းခံနေရသည်။ လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားက ဖရိုဖရဲမဟာသူတော်စင်များထဲတွင် မရှုံးနိ့်သော အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
" နဂါးငွေ့တန်းလား။ "
" နဂါးငွေ့တန်းမဟာသူတော်စင်လား။ "
အမွှာရင်းမြစ်မဟာသူတော်စင်က မျက်မှောင်ကြုတ်ပြီး စဉ်းစားနေသည်။ သူက ထိုနာမည်ကို တစ်ခါမှမကြားဖူးပေ။
၎င်းမှာ ဖြစ်နိုင်ခြေနှစ်ခုရှိသည်။ တစ်ခုမှာ လင်းယွမ်က ထိုနာမည်ကို လျှောက်ပြောခြင်းဖြစ်နိုင်သည်။ ဒုတိယတစ်ခုမှာ လင်းယွမ်က သူထင်ထားသည်ထက် ပို၍ပင် ရှေးကျသော ခေတ်မှ လာသူဖြစ်နိုင်သည်။ သူ၏ နည်းစနစ်များက ဆက်ခံခြင်းမရှိတော့ရုံသာမက သူ၏ နာမည်က နှစ်ပေါင်းများစွာအတွင်း ပျောက်ကွယ်သွားခြင်း ဖြစ်နိုင်သည်။
အမွှာရင်းမြစ်မဟာသူတော်စင်က ဒုတိယဖြစ်နိုင်ခြေကို ပို၍ ယုံကြည်နေမိသည်။ လင်းယွမ်၏ စွမ်းအားနှင့် လိမ်နေစရာမလိုပေ။ ထိုမျှအစွမ်းထက်သူတစ်ယောက်က အလကားလျှောက်လိမ်နေမည်မဟုတ်ပေ။
အမွှာရင်းမြစ်မဟာသူတော်စင်က အတွေးနက်နေစဉ် နေရာအနှံ့မှ ကျယ်ပြောလှသော အချိန်လေဟာနယ်က သူ့ထံသို့ ဝင်ရောက်လာသည်။
" ရင်းမြစ်နှစ်မျိုး ပေါင်းစည်းခြင်း " အမွှာရင်းမြစ်မဟာသူတော်စင်က သူ၏ အစွမ်းထက်ဆုံး နည်းစနစ်ဖြစ်သော လမ်းစဉ်စွမ်းအားများကို ပေါင်းစည်းပြီး အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ချက်ချင်း အသုံးပြုလိုက်သည်။
ထိုနည်းစနစ်က အမွှာရင်းမြစ်မဟာသူတော်စင်၏ မူလရင်းမြစ်ကို များစွာကုန်ကျစေသဖြင့် အရေးပေါ်အခြေအနေမှသာ အသုံးပြုသည်။ သို့သော် လင်းယွမ်၏ စွမ်းအားကို ခုခံနိုင်ရန်အတွက် သူက အစွမ်းကုန်ထုတ်ဖော်လိုက်သည်။
ဝုန်း...
ကြောက်စရာကောင်းသော အချိန်လေဟာနယ်အက်ကြောင်းများမှာ ဆက်တိုက်ဆုတ်ဖြဲခံလိုက်ရပြီး အမွှာရင်းမြစ်မဟာသူတော်စင်က လင်းယွမ်ထံသို့ ချဉ်ကပ်ရန် အချိန်လေဟာနယ်အလွှာပေါင်းများစွာ ဆုတ်ဖြဲရန် ကြိုးစားလိုက်သည်။
လင်းယွမ်၏ အနီးသို့ ရောက်မှသာ သူက လင်းယွမ်ကို တိုက်ခိုက်နိုင်မည်ဖြစ်သည်။ သို့သော် ခဏအတွင်း အမွှာရင်းမြစ်မဟာသူတော်စင်က ထိတ်လန့်သွားရသည်။ သူက အချိန်လေဟာနယ်တစ်လွှာကို ဆုတ်ဖြဲလိုက်တိုင်း နောက်ထပ် အချိန်လေဟာနယ်အလွှာများက အစားထိုးဝင်ရောက်လာသည်။
၎င်းမှာ အမွှာရင်းမြစ်မဟာသူတော်စင်ကို ကောင်းကင်အား မော့ကြည့်နေရသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ကူကယ်ရာမဲ့မှုကို ခံစားရစေသည်။ လင်းယွမ်နှင့် သူက သိပ်မဝေးသော်လည်း အလင်းနှစ် သန်းပေါင်းများစွာကို ဖြတ်သန်းနေရသကဲ့သို့ ဖြစ်နေသည်။
" ငါ့ရဲ့ ပေါင်းစည်းစွမ်းအားက သူ့နားက အချိန်လေဟာနယ်ကို မထိုးဖောက်နိုင်ဘူးလား။ " အမွှာရင်းမြစ်မဟာသူတော်စင်က အလွန်တုန်လှုပ်သွားသည်။
လင်းယွမ်ကို ခုခံရန်အတွက် သူတို့က လင်းယွမ်ကို ခြိမ်းခြောက်မှုပေးနိုင်ရမည်ဖြစ်သည်။ မဟုတ်လျှင် သူတို့က လင်းယွမ်ကို မည်သို့ နောက်ဆုတ်စေပြီး စကြာဝဠာထဲတွင် ဆက်နေခွင့်ကို မည်သို့တောင်းဆိုနိုင်ပါမည်နည်း။ ယခုမူ လင်းယွမ်ကို ခြိမ်းခြောက်ရန်မပြောနှင့် အမွှာရင်းမြစ်မဟာသူတော်စင်က လင်းယွမ်၏ အနားသို့ပင် မချဉ်းကပ်နိုင်ပေ။
" ငါ့ရဲ့ လမ်းစဉ်စွမ်းအားနှစ်ခုလုံးပေါင်းစည်းရင် ဖရိုဖရဲမဟာသူတော်စင်တစ်ယောက်ရဲ့ အတွင်းစကြာဝဠာကိုတောင် အလွယ်တကူ ဆုတ်ဖြဲနိုင်တယ်။ ဒါပေမယ့် ဒီအချိန်လေဟာနယ်ကိုတော့ ဘာမှတောင်မလုပ်နိုင်ဘူး။ " အမွှာရင်းမြစ်မဟာသူတော်စင်က အကြိမ်များစွာ ကြိုးစားလိုက်သော်လည်း ထိုအတိုင်းသာ ဖြစ်နေသဖြင့် စိတ်ပျက်အားလျော့သွားတော့သည်။
" ဟေးယောင်ဟင်းလင်းပြင်။ " ဟေးယောင်မဟာသူတော်စင်၏ အော်ရာက ရုတ်တရက် မြင့်တက်လာပြီး ပတ်ဝန်းကျင်မှ အဆုံးမဲ့ အမှောင်ထုက ပိုမိုနက်ရှိုင်းလာပြီး အချိန်လေဟာနယ်ဖိအားကို အတင်းအကျပ် ချဲ့ထွင်ရန် ကြိုးစားလိုက်သည်။
ဟေးယောင်ဟင်းလင်းပြင်ဆိုသည်မှာ ဟေးယောင်မဟာသူတော်စင်က သူ၏ မူလအနှစ်သာရကို လေူင်ကျွမ်းစေပြီး အသုံးပြုသော နည်းစနစ်ဖြစ်သည်။ ၎င်းမှာ ဟေးယောင်နယ်ပယ်၏ အမြင့်ဆုံး အဆင့်မြှင့်တင်မှုဖြစ်ပြီး အလွန်အရေးကြီးသော အခြေအနေမှသာ အသုံးပြုသော စွမ်းရည်ဖြစ်သည်။ အကြောင်းမှာ မူလရင်းမြစ်ကို လောင်ကျွမ်းခြင်းက စွမ်းအားကို များစွာတိုးတက်စေသော်လည်း ပြန်လည်ကုစားရန် အလွန်ခက်ခဲသောကြောင့် ဖြစ်သည်။
" ကျယ်ပြန့်စမ်း ကျယ်ပြန့်စမ်း..." ဟေးယောင်မဟာသူတော်စင်က ဟေးယောင်နယ်ပယ်ကို အပြည့်အဝ အသက်သွင်းလိုက်ပြီး သူ၏ မူလအနှစ်သာရကို လောင်ကျွမ်းစေပြီးနောက် ဟေးယောင်နယ်ပယ်၏ စွမ်းအားက သိသိသာသာ မြင့်တက်လာခဲ့သည်။
သို့သော် အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာသော အချိန်လေဟာနယ်၏ ဖိအားအောက်တွင် ဟေးယောင်နယ်ပယ်က မူလအရွယ်အစားသို့ လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့သည်။ ထိုအပြင် ပို၍ ပြင်းထန်လာသော အချိန်လေဟာနယ် ဖိအားအောက်တွင် ၎င်းက မူလအရွယ်အစားကိုပင် မထိန်းထားနိုင်တော့ဘဲ ပို၍ သေးငယ်သွားတော့သည်။
" ငါ့ရဲ့ ဟေယောင်နယ်ပယ်က..." ဟေးယောင်မဟာသူတော်စင်က မယုံကြည်နိုင်ဖြစ်နေသည်။ ထိုနည်းစနစ်က အမွှာရင်းမြစ်ကို သူရင်ဆိုင်ရာတွင် အသုံးပြုသော နည်းလမ်းဖြစ်ပြီး လင်းယွမ်၏ အချိန်လေဟာနယ်ဖိအားအော်တွင် ခုခံရန်မပြောနှင့် တောင့်ခံနိုင်ခြင်းပင် မရှိပေ။
" သေစမ်း " လူရိုင်းမဟာသူတော်စင်ကလည်း လင်းယွမ်ကို တိုက်ခိုက်ရန် ကြိုးစားနေသော်လည်း နေရာအနှံ့မှ အချိန်လေဟာနယ်ဖိအားက သူ့ကို ချက်ချင်း ပိတ်ဆို့ထားသဖြင့် သူ၏ ခွန်အားက မည်သည့်နေရာတွင်မှ သုံးမရသကဲ့သို့ ဖြစ်နေသည်။
" နဂါးငွေ့တန်း မဟာသူတော်စင်... မင်း ငါနဲ့ အနီးကပ် တိုက်ခိုက်ရဲလား။ " လူရိုင်းမဟာသူတော်စင်က လင်းယွမ်ကို အော်လိုက်သည်။ အနီးကပ်တိုက်ခိုက်ခြင်းက သူ၏ အကြီးမားဆုံး အားသာချက်ဖြစ်ပြီး သူ၏ လမ်းစဉ်စွမ်းအားကလည်း ထိုနေရာတွင် အထူးကျွမ်းကျင်သည်။
လူရိုင်းမဟာသူတော်စင်က နယ်ပယ်စွမ်းရည် ကျွမ်းကျင်သော မဟာသူတော်စင်များကို ရင်ဆိုင်ရန် လျို့ဝှက်နည်းစနစ်များကို အထူးကျင့်ကြံထားသော်လည်း လင်းယွမ်၏ သိပ်သည်းလှသော အချိန်လေဟာနယ်ဖိအားအောက်တွင် ထိုနည်းစနစ်များက လုံးဝ အသုံးမဝင်တော့ပေ။
" အနီးကပ်တိုက်ခိုက်မယ်ဟုတ်လား။ " လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။ " မင်းက ငါ့ရဲ့ ပြင်ပကမ္ဘာကိုတောင် မရင်ဆိုင်နိုင်ဘဲ ငါနဲ့ အနီးကပ်တိုက်ခိုက်ချင်သေးတာလား။ "
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အနီးကပ်တိုက်ခိုက်ရာတွင် ထူးချွန်သော်လည်း ယခုအခါ ပြင်ပကမ္ဘာကို အသုံးပြုပြီး ရန်သူကို ဖိနှိပ်နေပြီဖြစ်ရာ လင်းယွမ်အနေဖြင့် အနီးကပ်တိုက်ခိုက်ရန် အပင်ပန်းမခံတော့ပေ။
" သိပ်သည်းစမ်း။ " လင်းယွမ်က လူရိုင်းမဟာသူတော်စင်ကို ကြည့်ပြီး ကျယ်ပြောလှသော အချိန်လေဟာနယ်ဖိအားက သူ့ကို ပြင်းထန်စွာ ဖိနှိပ်လာတော့သည်။
" ဒါက..." အဝေးတစ်နေရာမှ ထျန်းလုမဟာသူတော်စင်က အစက အခွင့်အရေးယူပြီး လင်းယွမ်ကို တိုက်ခိုက်ရန် လှုပ်ရှားချင်ခဲ့သည်။
သို့သော် ခဏအတွင်း အမွှာရင်းမြစ်၊ ဟေးယောင်နှင့် လူရိုင်း မဟာသူတော်စင်တို့သုံးယောက်က ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်ဖိနှိပ်မှုကို မြင်လိုက်ရသောအခါ ထျန်းလုမဟာသူတော်စင်က တုန်လှုပ်သွားသည်။
ဝှစ်...
ထျန်းလုမဟာသူတော်စင်က ရှေ့သို့ မတိုးတော့ဘဲ နောက်သို့ ပြန်ဆုတ်သွားပြီး လင်းယွမ်နှင့် ဆန့်ကျင်ဘက်သို့ အစွမ်းကုန်ထွက်ပြေးတော့သည်။
တိုက်ပွဲ၏ အပြင်ဘက်တွင် ဖရိုဖရဲအရှင်သခင်များက အဝေးမှ စောင့်ကြည့်နေကြသည်။ အဝေးမှ အချိန်လေဟာနယ်က ရွှမ်ဟွမ်စကြာဝဠာနှင့် သီးခြားကွဲထွက်သွားပြီး ကိုယ်ပိုင်နယ်ပယ်တစ်ခုတွင် ဖရိုဖရဲမဟာသူတော်စင်ကိုးယောက်က အပြင်းအထန် တိုက်ခိုက်နေကြပုံရသည်။
သို့သော် သူတို့ စောင့်ကြည့်နေရင်း တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားမိလာကြသည်။ ၎င်းက အလွန်တိတ်ဆိတ်လွန်းနေသည်။ ဖရိုဖရဲမဟာသူတော်စင်များ၏ စွမ်းအားအရ ထိပ်တိုက်ရင်ဆိုင်ရလျှင် ကောင်းကင်နှင့် မြေပြင်ကိုပင် ပြိုလဲသွားစေနိုင်သော တုန်ခါမှုများ ဖြစ်ပေါ်စေပေလိမ့်မည်။
အသစ်တက်လှမ်းလာသော နဝမဖီးနစ်မဟာသူတော်စင်နှင့် အရိပ်နတ်ဆိုးမဟာသူတော်စင်တို့၏ တိုက်ပွဲပင်လျှင် သဘာဝစကြာဝဠာများကို အချိန်မတိုင်မီ ပျက်စီးသွားစေခဲ့သည်။ ၎င်းက အသစ်တက်လှမ်းလာသော မဟာသူတော်စင်များသာ ဖြစ်သည်။
ယခုမူ မဟာသူတော်စင်များထဲတွင် သုံးယောက်မှာ အစွမ်းထက်သော မဟာသူတော်စင်များဖြစ်ပြီး နဝမဖီးနစ်နှင့် အရိပ်နတ်ဆိုးတို့က သူတို့ထဲတွင် အားအနည်းဆုံးဖြစ်ကြသည်။ ထိုမျှကြောက်စရာကောင်းသော အင်အားကြီးသူများမှာ ဘယ်လိုလုပ်တိတ်ဆိတ်စွာ တိုက်ခိုက်နေနိုင်မှာလဲ။ သီးခြားဖြစ်နေသော အချိန်လေဟာနယ်က အနည်းငယ်မျှပင် တုန်ခါမှုမရှိပေ။
" မဟာသူတော်စင်တွေက မလှုပ်ရှားသေးတာလား။ "
" မလှုပ်ရှားဘူးဟုတ်လား။ ရတနာတစ်ခုလုံးရှေ့မှာ ရောက်နေတာကို သူတို့အားလုံးက ငြိမ်နေကြမှာလား။ "
" ဟုတ်တယ်။ အခုပေါ်လာတဲ့ရတနာက ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့် ရှိတယ်။ အဲ့လိုရတနာမျိုးကို ဘယ်သူက မလိုချင်ပဲနေမှာလဲ။ "
" ငါသာ အဲ့ဒီကိုသွားရင် သေမှာမလို့ပေါ့။ မဟုတ်ရင် ငါလည်း အဲ့ဒါကို ဝင်လုမှာပဲ။ "