စျေးနှုန်းသတ်မှတ်ခြင်း...
Vol. 65 Ch. 930
ဖရိုဖရဲအရှင်သခင်များ မသိသည်မှာ အချက်မှာ အမွှာရင်းမြစ်၊ ဟေးယောင်နှင့် မဟာသူတော်စင်များက မလှုပ်ရှားခဲ့ကြခြင်းမဟုတ်ဘဲ သူတို့လှုပ်ရှားလိုက်သော စွမ်းအားအားလုံးမှာ လင်းယွမ်၏ ပြင်ပကမ္ဘာအတွင်း လုံးဝပိတ်ဆို့ခံထားရသောကြောင့် သက်ရောက်မှုများက အပြင်ဘက်သို့ မထွက်လာနိုင်ခြင်းဖြစ်သည်။
" မလွတ်မြောက်နိုင်တော့ဘူးလား။ "
" အချိန်လေဟာနယ်က ချိတ်ပိတ်ခံထားရပြီ။ ငါ့ရဲ့ ခွန်အားနဲ့တောင် အပြင်ကို ထွက်ပြေးဖို့ အချိန်လေဟာနယ်လမ်းကြောင်းကို မဆုတ်ဖြဲနိုင်တော့ဘူး။ " အမွှာရင်းမြစ်၊ ဟေးယောင်နှင့် လူရိုင်းမဟာသူတော်စင်တို့က လင်းယွမ်နှင့် ရင်ဆိုင်ရသည်နှင့် ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်ကို မြင်သောအခါ ထျန်းလုမဟာသူတော်စင်က စိတ်ထဲတွင် အေးစက်သွားသည်။
အမွှာရင်းမြစ်မဟာသူတော်စင်က ယုံကြည်မှုလွန်ကဲနေခြင်း သို့မဟုတ် လင်းယွမ်၏ ခွန်အားကို လျော့တွက်ခဲ့ခြင်းဖြစ်ကြောင်း ထျန်းလုမဟာသူတော်စင်က နားလည်သွားသည်။ ယခုအချိန်တွင် ထျန်းလုမဟာသူတော်စင်က နောက်တရမိနေသည်။
လင်းယွမ် စကြာဝဠာထဲမှ ထွက်သွားခိုင်းချိန်တွင် ချက်ချင်း သဘောတူခဲ့လျှင် မည်သည့်အရာမှ ဖြစ်လာမည်မဟုတ်ကြောင်း သူနားလည်သွားခဲ့သည်။
" ဟမ် " လင်းယွမ်က အမွှာရင်းမြစ်၊ ဟေးယောင်နှင့် လူရိုင်းမဟာသူတော်စင်တို့ကို ကိုင်တွယ်နေစဉ် ကျန်ရှိသော မဟာသူတော်စင်ခြောက်ယောက်၏ လှုပ်ရှားမှုများကိုလည်း သတိထားမိခဲ့သည်။
ထျန်းလုမဟာသူတော်စင်တစ်ယောက်တည်းသာမက အစွမ်းထက်ဆုံး မဟာသူတော်စင်သုံးယောက် အလွယ်တကူ ဖိနှိပ်ခံလိုက်ရသည်ကို မြင်သောအခါ နဝမဖီးနစ်၊ အရိပ်နတ်ဆိုးနှင့် အခြားမဟာသူတော်စင်များအတွက်လည်း သူတို့၏ ပထမဆုံး အတွေးမှာ ထွက်ပြေးရန်ဖြစ်သည်။
ထို့နောက် သူတို့အားလုံးက ချက်ချင်းပင် အရပ်ရပ်သို့ လူစုခွဲပြီး ထွက်ပြေးလိုက်ကြသည်။ သို့သော် ကံမကောင်းစွာဖြင့် ယခုအချိန်တွင် ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်က လင်းယွမ်ထုတ်ဖော်ထားသော ပြင်ပကမ္ဘာ၏ လွှမ်းမိုးမှုအောက်သို့ ကျရောက်နေခဲ့ပြီဖြစ်သည်။
" ဖိနှိပ်စမ်း။ " လင်းယွမ်က ထွက်ပြေးနေကြသော မဟာသူတော်စင်ခြောက်ယောက်ကို တစ်ချက်ကြည့်ကာ အချိန်လေဟာနယ်ဖိအားက ပြင်းထန်စွာ မြင့်တက်လာပြီး ထိုခြောက်ယောက်ကို မည်သည့်ခုခံမှုမှ မလုပ်နိုင်အောင် နေရာမှာပင် ဖိနှိပ်ထားသည်။
" ပြီးသွားပြီ။ " ထျန်းလုမဟာသူတော်စင်က စိတ်ပျက်သွားသည်။ အပြင်သို့ အချိန်လေဟာနယ်လမ်းကြောင်းကို မဖွင့်နိုင်လျှင် သူက ဖိနှိပ်ခံရမည်ကို သိထားသော်လည်း အမှန်တကယ် ကြုံတွေ့ရသောအခါ စိတ်မသက်မသာဖြစ်မှုကို ခံစားနေရဆဲ ဖြစ်သည်။
" ငါမသေသေးဘူး။ " ထျန်းလုမဟာသူတော်စင်က သူ၏ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ သူက လုံးဝ ဖိနှိပ်ခံထားရသော်လည်း အာရုံခံစားမှုအချို့ ရှိနေဆဲ ဖြစ်သည်။
" နဂါးငွေ့တန်းမဟာသူတော်စင်ရဲ့ စွမ်းအားနဲ့ဆိုရင် ငါ့ကို ဖိနှိပ်ပြီးတာနဲ့ အလွယ်တကူ သတ်ပစ်လို့ရတာပဲ။ ငါ အခုမသေသေးဘူးဆိုတော့ သူက ငါ့ကို သတ်ဖို့ အစီအစဉ်မရှိတာလား။ ဒါမှမဟုတ် ညှိနှိုင်းစရာတစ်ခုခုရှိလို့လား။ " ထျန်းလုမဟာသူတော်စင်က တွေးလိုက်သည်။ သူက ခန္ဓာကိုယ်အသစ်တစ်ခု တည်ဆောက်ရန် အရင်းအမြစ်များစွာ ကုန်ကျမည်ဖြစ်သောကြောင့် ယခုခန္ဓာကိုယ်ကို မဆုံးရှုံးလိုပေ။
ပို၍အရေးကြီးသည်မှာ ၎င်းကို ကျင့်ကြံရန် အချိန်များစွာ ပေးရမည်ဖြစ်သည်။ အရင်းအမြစ်ရော အချိန်ရော နှစ်မျိုးလုံး လိုအပ်မည်ဖြစ်သောကြောင့် ထျန်းလုမဟာသူတော်စင်က မျှော်လင့်ချက်အနည်းငယ် ရှိလျှင်တောင် ကြိုးစားမည်ဖြစ်သည်။
" အခုတော့ ဒီသုံးယောက်ကို ကိုင်တွယ်လို့ရပြီ။ " သာမန်မဟာသူတော်စင်ခြောက်ယောက်ကို ဖြေရှင်းပြီးနောက် လင်းယွမ်က အမွှာရင်းမြစ်၊ ဟေးယောင်နှင့် လူရိုင်းမဟာသူတော်စင်တို့ကို အာရုံစိုက်လိုက်သည်။
ပြောရလျှင် ထိုမဟာသူတော်စင်သုံးယောက်၏ ခွန်အားမှာ အမှန်တကယ် ကြောက်စရာကောင်းလှသည်။ လင်းယွမ်ပင် သူတို့ကို ဖိနှိပ်ရန်အတွက် သူ၏ နည်းစနစ်များကို အသုံးပြုခဲ့ရသည်။
" ဟေးယောင်မဟာသူတော်စင် " လင်းယွမ်က အဆုံးမဲ့အမှောင်ထုများ ဖုံးလွှမ်းနေသော ဟေးယောင်မဟာသူတော်စင်ကို ကြည့်လိုက်သည်။ ထိုမဟာသူတော်စင်၏ နယ်ပယ်က လျင်မြန်သွာ ကျုံ့ဝင်နေသည်။
" ကောင်းကင်ဆုတ်ဖြဲခြင်း..." လင်းယွမ်က သူ၏ ညာလက်ကို မြှောက်ပြီး ဟေးယောင်မဟာသူတော်စင်ကို ကုတ်ဆွဲလိုက်သည်။
ဖျက်ဆီးခြင်းစွမ်းအားများပါဝင်သော လမ်းကြောင်းငါးခုက ဟေးယောင်နယ်ပယ်ပေါ်သို့ ကျရောက်သွားပြီး နယ်ပယ်က လျင်မြန်စွာ ပြိုကွဲသွားသည်။ အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်ကို ရောက်ရှိပြီးနောက် လင်းယွမ်း အခြေခံစွမ်းအားက သိသိသာသာ မြင့်တက်လာပြီး ကောင်းကင်ဆုတ်ဖြဲခြင်း နတ်စွမ်းရည်ကလည်း သဘာဝအတိုင်း ပြင်းထန်လာခဲ့သည်။
ဝုန်း....
ဟေးယောင်မဟာသူတော်စင်၏ ခန္ဓာကိုယ်က တစ်ချက်တည်းနှင့် ဒဏ်ရာများစွာ ရရှိသွားပြီး ဖျက်ဆီးခြင်းစွမ်းအားများက အဆက်မပြတ် ထွက်ပေါ်လာက သူ၏ ရှင်သန်နိုင်စွမ်းနှင့် ပြန်လည်ကုသနိုင်စွမ်းများကို ပျက်စီးသွားစေသည်။
" ဒါက..." ဟေးယောင်မဟာသူတော်စင်က မျက်လုံးများပြူးကျယ်သွားသည်။ ထိုတိုက်ခိုက်မှုကြောင့် သူ၏ ခွန်အားက အဆပေါင်းများစွာ ကျဆင်းသွားခဲ့သည်။
" နောက်တစ်ချက် " လင်းယွမ်က ကောင်းကင်ဆုတ်ဖြဲခြင်း နတ်စွမ်းရည်ကို နောက်တစ်ကြိမ် အသုံးပြုလိုက်သည်။
ဟေးယောင်မဟာသူတော်စင်၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ထိုးဖောက်ခံလိုက်ရပြီး သူ၏ နယ်ပယ်က ပြိုကွဲသွားပြီး သူ၏ ပုံရိပ်က ထွက်ပေါ်လာသည်။ ဟေးယောင်မဟာသူတော်စင်က အကာအကွယ် မရှိတော့သဖြင့် ကြီးမားသေည အချိန်လေဟာနယ်စွမ်းအားဖြင့် တိုက်ရိုက်ဖိနှိပ်ခံလိုက်ရသည်။
" လူရိုင်းမဟာသူတော်စင် " လင်းယွမ်က နောက်ထပ် မဟာသူတော်စင်တစ်ယောက်ကို ကြည့်လိုက်သည်။
လူရိုင်းမဟာသူတော်စင်က ဟေးယောင်လောက် မခက်ခဲသော်လည်း ဖိနှိပ်ရန် လွယ်ကူသည်တော့မဟုတ်ပေ။ လူရိုင်းမဟာသူတော်စင်၏ ခန္ဓာကိုယ်က အလွန်သန်မာပြီး သူ့တွင် နည်းစနစ်များစွာ မရှိသော်လည်း ရှန်သန်နိုင်စွမ်းက အလွန်မြင့်မားလှသည်။
သို့သော် လင်းယွမ်၏ ပြင်ပကမ္ဘာဖိနှိပ်မှုနှင့် ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်အောက်တွင် လူရိုင်းမဟာသူတော်စင်က ခဏသာခံနိုင်ရည်ရှိပြီး နောက်ဆုံးတွင် ဟေးယောင်မဟာသူတော်စင်ကဲ့သို့ ဖိနှိပ်ခံလိုက်ရသည်။
" အမွှာရင်းမြစ်မဟာသူတော်စင် " လင်းယွမ်က နောက်ဆုံးမဟာသူတော်စင်ကို ကြည့်လိုက်သည်။
မဟာသူတော်စင် ကိုးဦးထဲတွင် အမွှာရင်းမြစ်မဟာသူတော်စင်မှာ ကိုင်တွယ်ရ အခက်ခဲဆုံး ဖြစ်သည်မှာ သေချာသဖြင့် လင်းယွမ်သည် သူ့ကို နောက်ဆုံးမှ ဖြေရှင်းရန် ချန်ထားခြင်း ဖြစ်သည်။
" နဂါးငွေ့တန်း မင်းသန်မာတယ်ဆိုတာ ငါလက်ခံပါတယ်။ ဒါပေမယ့် ဟေးယောင်လိုမျိုး ငါ့ကို ဖိနှိပ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ " အမွှာရင်းမြစ်မဟာသူတော်စင်၏ ခန္ဓာကိုယ်မှ အပြာရောင်နှင့် မီးခိုးရောင် အလင်းများ တောက်ပလာပြီး အပြင်ဘက်သို့ ဦးတည်နေသော အချိန်လေဟာနယ်အက်ကြောင်းတစ်ခုကို ဆုတ်ဖြဲလိုက်သည်။
ဝုန်း...
အမွှာရင်းမြစ်မဟာသူတော်စင်က ထိုအက်ကြောင်းထဲသို့ ဝင်ရောက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
လင်းယွမ်က တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ သူ၏ ပြင်ပကမ္ဘာက ကြောက်စရာကောင်းသော်လည်း အမွှာရင်းမြစ်မဟာသူတော်စင် တတ်မြောက်ထားသော ဖရိုဖရဲစွမ်းအားမှာ အချိန်လေဟာနယ်ကို ဖျက်ဆီးရာတွင် အကျွမ်းကျင်ဆုံးဖြစ်သည်။
လင်းယွမ်ဆီသို့ ဦးတည်နေသော အချိန်လေဟာနယ်ကို ဆုတ်ဖြဲရန်မှာ ခက်ခဲလှသော်လည်း အရေးကြီးသော အခြေအနေတွင် အပြင်လောကသို့ အက်ကြောင်းတစ်ခု ဆုတ်ဖြဲပစ်ရန်မှာမူ ဖြစ်နိုင်ပေသည်။
အမွှာရင်းမြစ်မဟာသူတော်စင်က အပြင်သို့ ရောက်သည်နှင့် စကြာဝဠာ၏ ထွက်ပေါက်ဆီသို့ ပြေးသွားသည်။ " နဂါးငွေ့တန်း ဒီတစ်ခါ ငါရှုံးသွားပြီ။ ငါ ဒီစကြာဝဠာကနေ အခုထွက်သွားတော့မယ်။ စကြာဝဠာခေတ်တစ်သောင်းအတွင်း ဒီစကြာဝဠာနားကို မလာတော့ဘူးလို့ ငါကျိန်တယ်။ "
"ဟင် " လင်းယွမ်သည် ထိုစကားကို ကြားသောအခါ စဉ်းစားသွားသည်။ သူ၏ လိုက်လံသတ်ဖြတ်မည့် စိတ်ကူးကိုလည်း ပြန်ထိန်းလိုက်သည်။
အမွှာရင်းမြစ်မဟာသူတော်စင်က လွတ်မြောက်သွားသော်လည်း လင်းယွမ်က လိုက်လံသတ်ဖြတ်နိုင်သေးသည်။ ထိုသို့လိုက်ခံရမည်ကို စိုးရိမ်သောကြောင့် အမွှာရင်းမြစ်မဟာသူတော်စင် လွတ်မြောက်သွားသည်နှင့် ချက်ချင်း ကျိန်ဆိုခဲ့ခြင်းဖြစ်သည်။
" အမှောင်ကောင်းကင်နှလုံးသား။ " လင်းယွမ်က နောက်သို့ လှည့်ကြည့်လိုက်သောအခါ အမှောင်ကောင်းကင်နန်းတော်က ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က တိတ်ဆိတ်စွာ ရပ်နေပြီး သူ၏ ညာလက်ကို ဝှေ့ရမ်းလိုက်သည်။ လူရိုင်းမဟာသူတော်စင်၊ ဟေးယောင်မဟာသူတော်စင်နှင့် အခြားမဟာသူတော်စင်ရှစ်ယောက်က သူနှင့် မလှမ်းမကမ်းတွင် ပေါ်လာကြသည်။ ယခုအချိန်တွင် ထိုမဟာသူတော်စင် ရှစ်ဦးစလုံးမှာ လုံးဝ ဖိနှိပ်ခံထားရပြီး မည်သည့် ခုခံနိုင်စွမ်းမျှ မရှိတော့ပေ။
" နဂါးငွေ့တန်း မဟာသူတော်စင် " ဟေးယောင်မဟာသူတော်စင်က သူ့ကိုသူ တည်ငြိမ်အောင် ထိန်းလိုက်ပြီး လင်းယွမ်ကို ရိုသေစွာ မေးလိုက်သည်။ " ငါတို့ကို လွှတ်ပေးဖို့ ဘယ်လိုတန်ဖိုးမျိုးကို ပေးရမလဲ။ "
လင်းယွမ်က သူတို့ကို မသတ်ခဲ့သောကြောင့် အခြားအစီအစဉ်တစ်ခု ရှိပေလိမ့်မည်။
"မင်းတို့ကကော ဘယ်လို တန်ဖိုးမျိုး ပေးချင်တာလဲ။" လင်းယွမ်က မဟာသူတော်စင်များကို စိတ်ဝင်တစား ပြန်မေးလိုက်သည်။
လင်းယွမ်အတွက်မူ အကျိုးအမြတ်အရှိဆုံး နည်းလမ်းမှာ ဤမဟာသူတော်စင်များ၏ တိုက်ခိုက်ရေး ခန္ဓာကိုယ်များကို အရင်းအမြစ်များနှင့် ရတနာများဖြင့် လဲလှယ်ခြင်းပင် ဖြစ်သည်။
တိုက်ရိုက် သတ်ပစ်လျှင် ခန္ဓာကိုယ်၏ အနှစ်သာရ အနည်းငယ်သာ ရမည် ဖြစ်သော်လည်း လဲလှယ်မည်ဆိုလျှင် ပိုမိုမြင့်မားသော အခြေအနေများကို တောင်းဆိုနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ သူတို့ကို သတ်ပစ်လျှင်တောင် ပြန်လည်ရှင်သန်နိုင်သော နည်းလမ်းများရှိသောကြောင့် လဲလှယ်ရန် အသုံးချခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။
" ဖရိုဖရဲသလင်းကျောက် တစ်ဆယ်ဘီလီယံ " ဟေးယောင်မဟာသူတော်စင်က ခဏစဉ်းစားပြီးနောက် ကမ်းလှမ်းလိုက်သည်။
" ဖရိုဖရဲသလင်းကျောက် တစ်ဆယ်ဘီလီယံ " လင်းယွမ်က ခေါင်းခါပြီး လူရိုင်းမဟာသူတော်စင်ကို ကြည့်လိုက်သည်။ " မင်းလည်းအတူတူပဲ။ လွှတ်ပေးစေချင်ရင် ငါ့ကို ဖရိုဖရဲသလင်းကျောက် တစ်ဆယ်ဘီလီယံ ပေးရမယ်။ "