← Chapters

လက်စားချေခြင်း....

Vol. 65 Ch. 931

လက်စားချေခြင်း....

Vol. 65 Ch. 931

" မင်းတို့ကတော့..." လင်းယွမ်က ထျန်းလုမဟာသူတော်စင်နှင့် အခြားသူများကို ကြည့်လိုက်သည်။ " တစ်ယောက်ကို ဖရိုဖရဲ​သလင်းကျောက် ငါးဘီလီယံစီပေးရမယ်။ "

" ငါးဘီလီယံ။ " ထျန်လုမဟာသူတော်စင်က တုန်လှုပ်သွားသည်။ သူ့လို မဟာသူတော်စင်တစ်ယောက်အတွက်ပင် ငါးဘီလီယံက အလွန်ကြီးမားသော ပမာဏဖြစ်သည်။

" မင်းတို့နှစ်​ယောက်ကတော့..." လင်းယွမ်က နဝမဖီးနစ်နှင့် အရိပ်နတ်ဆိုးကို ကြည့်လိုက်သည်။

" နဂါးငွေ့တန်းမဟာသူတော်စင် " သူတို့နှစ်ယောက်က လင်းယွမ်ကို ချက်ချင်း ပြန်ပြောလိုက်ကြသည်။

ယခုအချိန်တွင် ထိုနှစ်ယောက်က အတောင်းခံရတော့မည်ကို ပြင်ဆင်ထားပြီဖြစ်သည်။ အခြားအစွမ်းထက်သော မဟာသူတော်စင်များနှင့်မတူပဲ သူတို့က တိုက်ခိုက်ရေးခန္ဓာကိုယ် တစ်ခုစီသာ ရှိကြသည်။ အကယ်၍ သူတို့က ၎င်းကို ဆုံးရှုံးလိုက်ရလျှင် သူတို့ကိုသူတို့ ကာကွယ်နိုင်စွမ်းမရှိတော့ဘဲ လက်ရှိခွန်အား ပြန်မရမချင်း အပြင်သို့ ထွက်ဝံ့မည်မဟုတ်ပေ။

ထို့ကြောင့် လင်းယွမ်၏ စျေးနှုန်းက မကြီးမားသရွေ့ သူတို့က သဘောတူရန် ပြင်ဆင်ထားကြသည်။

" မင်းတို့နှစ်ယောက်ကြားက ရန်ငြိုးအကြောင်း ငါကြားဖူးပါတယ်။ ဖရိုဖရဲအဆင့် အထွတ်အထိပ်ကို ရောက်ကတည်းက အမြဲတမ်း တိုက်ခိုက်​နေကြတယ်။ " လင်းယွမ်က ထိုနှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။

" နဂါးငွေ့တန်းမဟာသူတော်စင် အရိပ်နတ်ဆိုးက...." နဝမဖီးနစ်မဟာသူတော်စင်က ချက်ချင်း ရှင်းပြရန် ကြိုးစားလိုက်သည်။

" အင်း " လင်းယွမ်က ခေါင်းညိမ့်ပြီး ရုတ်တရက် မေးလိုက်သည်။ " ဒါပေမယ့် မင်းတို့တိုက်ခိုက်တဲ့ လှိုင်းဂယက်တွေကြောင့် အချိန်မတိုင်ခင်ပျက်စီးသွားတဲ့ စကြာဝဠာတွေထဲက သက်ရှိတွေ ထိခိုက်ကုန်တာကို မင်းတို့ စဉ်းစားကြည့်ဖူးလား။ "

" စကြာဝဠာထဲက သက်ရှိတွေလား။ " နဝမဖီးနစ်နှင့် အရိပ်နတ်ဆိုးတို့က အံ့အားသင့်သွားကြသည်။ လင်းယွမ်က ထိုသို့သော မေးခွန်းမျိုးကို မေးလိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြပေ။

" အဲ့ဒီပုရွက်ဆိတ်တွေ သေရင်လည်း သေပါစေပေါ့။ အဲ့ဒါက ဘာဖြစ်လို့လဲ။ " အရိပ်နတ်ဆိုးမဟာသူတော်စင်က ပြန်ဖြေလိုက်သည်။

နဝမဖီးနစ်က ဘာမှမပြောသော်လည်း အရိပ်နတ်ဆိုး၏ စကားကို သဘောတူကြောင်း ထင်ရှားနေသည်။

" ကောင်းပြီလေ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ခဏကြာသောအခါ အရိပ်နတ်ဆိုးမဟာသူတော်စင်က မေးလိုက်သည်။ " နဂါးငွေ့တန်းမဟာသူတော်စင် ဒါဆို ကျုပ်တို့ ဘယ်လောက်ပေးရမှာလဲ။ "

အရိပ်နတ်ဆိုးမဟာသူတော်စင်၏ စကားမဆုံးမီ လင်းယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အရိပ်နတ်ဆိုးနှင့် နဝမဖီးနစ်တို့၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်များက ဖုန်မှုန့်များအဖြစ် လျင်မြန်စွာ ပြိုကွဲသွားတော့သည်။ ခဏအတွင်း မဟာသူတော်စင်နှစ်ယောက်လုံးက ပျောက်ကွယ်သွားခဲ့သည်။

" နဂါးငွေ့တန်းမဟာသူတော်စင်... ဒါက...." ထျန်းလုနှင့် အခြားမဟာသူတော်စင်များက ထိုမြင်ကွင်းကို ကြည့်​ပြီး တုန်လှုပ်သွားကြသည်။

" ဘာမှမဟုတ်ဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ " အဲ့ဒီပုရွက်ဆိတ်နှစ်ကောင် သေရင်လည်း သေပါစေပေါ့။ အဲ့ဒါဘာဖြစ်လို့လဲ။ "

အမွှာရင်းမြစ်မဟာသူတော်စင်က တိုက်ပွဲအတွင်းမှ ထိုးဖောက်လာပြီးနောက် လင်းယွမ်ကို ရှုံးနိမ့်ကြောင့်ဝန်ခံခဲ့သည်။ လင်းယွမ်နှင့် ထိပ်တိုက်တွေ့ဆုံပြီးနောက် သူက ရွှမ်ဟွမ်စကြာဝဠာကို တပ်မက်မှုမရှိတော့ပေ။ ၎င်းကို ဖန်တီးခဲ့သူက အနှိုင်းမဲ့မဟာသူတော်စင်အဆင့်နှင့် နီးစပ်နေသူဖြစ်တော့ရော ဘာထူးမည်နည်း။

သူက လင်းယွမ်ကို ရင်ဆိုင်ရန်မပြောနှင့် လွတ်မြောက်ရန်ပင် အသည်းအသန် ကြိုးစားခဲ့ရသည်။ လင်းယွမ်က ဟေးယောင်နှင့် လူရိုင်းမဟာသူတော်စင်တို့ကို ကိုင်တွယ်နေရသဖြင့် ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်ဖိနှိပ်မှုက ပြန့်ကြဲသွားခြင်းမရှိလျှင် သူက ယခုကဲ့သို့ လွတ်မြောက်လာနိုင်မည်မဟုတ်ပေ။

" အဲ့ဒါက အမွှာရင်းမြစ်မဟာသူတော်စင်လား။ "

" သူက အရှုံးပေးသွားတာလား။ နဂါးငွေ့တန်းမဟာသူတော်စင်ဆိုတာ ဘယ်သူလဲ။ "

" ဘယ်သူရှိရမှာလဲ။ မဟာသူတော်စင်ဆယ်ယောက်ထဲမှာ နောက်ဆုံးပေါ်လာတဲ့ မဟာသူတော်စင်ပေါ့။ ကျန်တဲ့ကိုးယောက်ကငါတို့သိပြီးသားပဲ။ နဂါးငွေ့တန်းမဟာသူတော်စင်ဆိုတာ သူပဲဖြစ်ရမယ်။ "

ဖရိုဖရဲအရှင်သခင်များက ချက်ချင်းပင် ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ သူတို့၏ ခန့်မှန်းချက်အရ မဟာသူတော်စင်ဆယ်ယောက်ထဲတွင် အမွှာရင်းမြစ်မဟာသူတော်စင်က အနိုင်ရရှိနိုင်ခြေ အလွန်မြင့်မားသည်။ သို့သော် ယခု အမွှာရင်းမြစ်မဟာသူတော်စင်က ထွက်ပြေးလာပြီး ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့သည်။

" နဂါး​ငွေ့တန်းမဟာသူတော်စင်လား... တစ်ခါမှမကြားဖူးဘူး။ "

" အလွန်ရှေးကျတဲ့ ခေတ်ကာလက မဟာသူတော်စင်တစ်ယောက် ဖြစ်လောက်တယ်။ အမွှာရင်းမြစ်ကတောင် ရှုံးနိမ့်ကြောင်းဝန်ခံတယ်ဆိုတော့ နဂါးငွေ့တန်းက သူ့ကို တကယ်သတ်ပစ်နိုင်တဲ့ စွမ်းအားရှိလို့ပဲ ဖြစ်ရမယ်။ " ဖရိုဖရဲအရှင်သခင်တစ်ယောက်က ကောက်ချက်ချလိုက်သည်။

အကယ်၍ ခွန်အားအနည်းငယ်သာ ကွာခြားမှုရှိလျှင် အမွှာရင်းမြစ်မဟာသူတော်စင်က ထိတ်လန့်တကြားဖြစ်ပြီး ချက်ချင်း ထွက်သွားမည်ဟု ကျိန်ဆိုမည်မဟုတ်ပေ။

" နဂါးငွေ့တန်းမဟာသူတော်စင်ရဲ့ စွမ်းအားက ဒီလောက်ကြောက်စရာ​ကောင်းနေရင် အမွှာရင်းမြစ်က ကျန်တဲ့မဟာသူတော်စင်ရှစ်ယောက်နဲ့ ဘာလို့မပူးပေါင်းတာလဲ။ " ဖရိုဖရဲအရှင်သခင်တစ်ယောက်က သူ၏ သံသယကို ထုတ်ပြောလိုက်သည်။

" သူတို့မပူးပေါင်းဘူးလို့ မင်းဘယ်လိုသိလဲ။ " နောက်တစ်ယောက်က တုန်လှုပ်စွာ ပြောလိုက်သည်။ " ဖြစ်နိုင်တာက မဟာသူတော်စင်ကိုးယောက်လုံး ပူးပေါင်းပြီး တိုက်ခိုက်တာတောင် နဂါးငွေ့တန်းမဟာသူတော်စင်ရဲ့ ဖိနှိပ်မှုကို ခံလိုက်ရပြီး အမွှာရင်းမြစ်တစ်ယောက်တည်း လွတ်မြောက်လာတာဖြစ်နိုင်တယ်။ "

တိုက်ပွဲမြေပြင်မှ တိတ်ဆိတ်မှုက သူ့ကို နားမလည်နိုင်ဖြစ်စေခဲ့သည်။ မဟာသူတော်စင် ဆယ်ယောက်ရှိနေသော်လည်း လှုပ်ရှားမှုတစ်ခုမှ ထွက်မလာပေ။ ဖြစ်နိုင်ခြေတစ်ခုမှာ နဂါးငွေ့တန်းမဟာသူတော်စင်၏ စွမ်းအားက မဟာသူတော်စင်ကိုးယောက်၏ ပူးပေါင်းမှုကိုပင် အလွယ်တကူ ချေမှုန်းနိုင်လောက်အောင် လွှမ်းမိုးထားနိုင်ခြင်းဖြစ်သည်။

ထိုသို့ဖြစ်သောကြောင့် တိုက်ပွဲ၏ လှိုင်းဂယက်များကို အလွယ်တကူ ဖုံးအုပ်ထားနိုင်ခဲ့ပြီး အပြင်လောကသို့ ထူးခြားစွာ တိတ်ဆိတ်နေသည့် မြင်ကွင်းကိုသာ ပြသနိုင်ခဲ့ခြင်း ဖြစ်သည်။

" နဂါးငွေ့တန်းမဟာသူတော်စင်က ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်များလား။ "

ရွှမ်ဟွမ်စကြာဝဠာ၏ အပြင်ဘက်တွင် အပြာရောင်နှင့် မီးခိုးရောင်အလင်းတန်းက ရပ်တန့်သွားပြီး အမွှာရင်းမြစ်မဟာသူတော်စင်ပေါ်လာသည်။

" ဒီနဂါးငွေ့တန်းမဟာသူ​တော်စင်ကတော့။ " အမွှာရင်းမြစ်မဟာသူတော်စင်၏ မျက်နှာတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး လင်းယွမ်က လိုက်လံတိုက်ခိုက်ခြင်းမရှိသောကြောင့် သက်ပြင်းချလိုက်မိသည်။

" ဟိုရတနာက နဂါးငွေ့တန်းကို ဆွဲထားနိုင်တာ ကံကောင်းတာပဲ။ မဟုတ်ရင် ငါ့ရဲ့ ထွက်ပြေးမှုက ဒီလောက်လွယ်မှာမဟုတ်ဘူး။ " အမွှာရင်းမြစ်မဟာသူတော်စင်က စိတ်ထဲမှ တွေးလိုက်သည်။

လင်းယွမ်၏ အချိန်လေဟာနယ်ကို ထိန်းချုပ်နိုင်စွမ်းက ရန်သူကို လိုက်လံတိုက်ခိုက်ရာတွင်လည်း အလွန်ထိရောက်မှုရှိသည်ကို သူသိထားသည်။ အချိန်လေဟာနယ်ကို အလင်းနှစ် ရာဂဏန်းထိ ကျုံ့ပြီး ဖိနှိပ်မှုကို အမြင့်ဆုံးထိ လုပ်ဆောင်နိုင်သကဲ့သို့ ရန်သူထွက်မပြေးနိုင်အောင် အလင်းနှစ် သန်းပေါင်းများစွာအထိ ချက်ချင်း ချဲ့လိုက်နိုင်သည်။

အကယ်၍ လင်းယွမ်က သူ့နောက်သို့ လိုက်လာလျှင် အမွှာရင်းမြစ်မဟာသူတော်စင်က အသက်ရှင်လွတ်မြောက်နိုင်ရန် ယုံကြည်မှုမရှိပေ။

" မယှဉ်နိုင်ဘူး။ ငါသူ့ကို လုံးဝ မယှဉ်နိုင်ဘူး။ ဖရိုဖရဲမဟာသူတော်စင်က ဒီလောက်အထိ သန်မာနိုင်တာလား။ " အမွှာရင်းမြစ်မဟာသူတော်စင်က သူ့ကိုသူ ထိန်းချုပ်ပြီး စိတ်ထဲမှ ပြန်လည်သုံးသပ်နေသည်။

အချိန်လေဟာနယ်ဖိနှိပ်မှုအပိုင်းတွင် နဂါးငွေ့တန်းမဟာသူတော်စင်က ဟေးယောင်မဟာသူတော်စင်ထက် များစွာ သာလွန်နေသည်။ ထိုအချိန်လေဟာနယ်ဖိနှိပ်မှုအောက်တွင် အမွှာရင်းမြစ်ကဲ့သို့ အစွမ်းထက်သူပင် အလွန်ခက်ခဲလေသည်။

ထို့အပြင် နဂါးငွေ့တန်းမဟာသူတော်စင်၏ စွမ်းအားက အလွန်ကြောက်စရာကောင်းလှသည်။ လက်တစ်ချက် ကုတ်ဆွဲလိုက်ရုံနှင့် ဟေးယောင်မဟာသူတော်စင်၏ နယ်ပယ်က တိုက်ရိုက် ပြိုကွဲသွားခဲ့သည်။

လင်းယွမ်က ဖရိုဖရဲမဟာသူတော်စင်များကို အလွယ်တကူ ချေမှုန်းနိုင်သည်။ အမွှာရင်းမြစ်မဟာသူတော်စင်၏ အမြင်တွင် လင်းယွမ်က အားနည်းချက်မရှိသလောက်ပင်ဖြစ်သည်။ လင်းယွမ်က ပြိုင်ဘက်ကင်းမဟာသူတော်စင် မဟုတ်သေးသကဲ့သို့ သူတို့နှင့်လည်း မယှဉ်နိုင်သေးပေ။

သို့သော် သူတို့ကဲ့သို့ ဖရိုဖရဲမဟာသူတော်စင်များအတွက် လင်းယွမ်၏ ဖိနှိပ်နိုင်စွမ်းက ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်နှင့် မကွာခြားလှပေ။

" ဆုံးရှုံးမှုက ကြီးမားပေမယ့် အနည်းဆုံးတော့ အသက်ရှင်ရက် ထွက်ခွာနိုင်ခဲ့တာပဲ။ " အမွှာရင်းမြစ်မဟာသူတော်စင်က သက်ပြင်းချလိုက်သည်။

ကြောင်းကျိုးဆက်နွယ်မှုများအရ ဟေးယောင်မဟာသူတော်စင်နှင့် လူရိုင်းမဟာသူတော်စင်တို့က ရွှမ်ဟွမ်စကြာဝဠာအတွင်းရှိနေကြသေးသည်ကို သူအာရုံခံမိလေသည်။ သူတို့က မသေကြသေးသော်လည်း သူတို့၏ အသက်မှာ လင်းယွမ်၏ လက်ထဲတွင်သာ ရှိနေသည်။ သူတို့အသက်ရှင်နေခြင်းက လင်းယွမ် သူတို့ကို သတ်ရန် ရည်ရွယ်ချက်မရှိသည်ကို ဖော်ပြနေသည်။

" ဟေးယောင်နဲ့ လူရိုင်းတို့ကတော့ နဂါးငွေ့တန်းရဲ့ ခြိမ်းခြောက်ငွေညှစ်တာကို ခံနေရပြီထင်တယ်။ " အမွှာရင်းမြစ်မဟာသူတော်စင်က စိတ်သက်သာရာရမိလေသည်။

သူက ယဇ်ပလ္လင်စိတ်ဝိညာဉ်ကို တောင်းဆိုပြီး ဤနေရာသို့ ရောက်လာရန် ကြီးမားသော ပေးဆပ်မှုကို ပြုလုပ်ခဲ့သည်။ ယခု ဘာမှမရဘဲ ဆုတ်ခွာခဲ့ရသောကြောင့် ထိုခရီးစဉ်က လုံးဝ အရှုံးပေါ်သွားခဲ့ခြင်းဖြစ်သည်။

သို့သော် ဟေးယောင်၊ လူရိုင်းတို့နှင့်ယှဉ်လျှင် သူ​က ကံကောင်းသည်ဟု ခံစားရလေသည်။ အနည်းဆုံးတော့ သူက နဂါးငွေ့တန်းမဟာသူတော်စင်၏ ခြိမ်းခြောက် ငွေညှစ်ခြင်းကို မခံရတော့ပေ။

All Chapters