အခန်း (၂၁၈-၂၂၂)
Vol. 16 Ch. 218-222
အပိုင်း(၂၁၈): နုံအလွန်းတာလား ယုံကြည်ချက်ပြင်းထန်လွန်းတာလား?
" ကောင်းကင်တောင် နတ်ဓားဂိုဏ်းရဲ့ ပထမဆုံးဆက်ခံသူ?"
စူးချန်ကဲ၏ စကားကို ကြားးလိုက်ရသောအခါ လူတိုင်း ဇဝေဇဝါ ဖြစ်ကုန်ကြသည်။
ဂိုဏ်းအမည်ကြားရုံနဲ့ အတော် အစွမ်းထက်မယ့်ပုံပဲ ၊ သူတို့ အဘယ့်ကြောင့် ဤဂိုဏ်းကို မသိလေသနည်း။
သို့သော် ကျန့်ဝူရှန်၏ မျက်နှာပေါ်တွင် တဖက်လူအပေါ် ကြောက်ရွံ့သည့်စိတ်များ ထွက်ပေါ်လာချေပြီ။
သူ့ခမျာ ခုလေးတင် အပြင်ထွက်လာတာလေ ၊ ခုလို စစချင်း အရိုက်ခံရမယ့်ကိန်းစိုက်မယ်လို့ ဘယ်သူက ထင်မိမှာတုန်း !
သူ့စိတ်ထဲက ထိတ်လန့်ကြောက်ရွံ့မှုကို ဖြေလျော့ချလိုက်ပြီး တည်ငြိမ်ဟန်ဆောင်ကာ အေးစက်စွာဖြင့် ဆိုလေသည်။
"ညီအစ်ကိုရဲ့ ဂိုဏ်းက အတော်လေး နာမည်ကြီးမယ့်ပုံပဲ ၊ ဒါပေမဲ့ မင်းက ဒီမရဏကမ္ဘာကို ဘာကိစ္စ ရှိလို့တုန်း ?"
“ဒါ့အပြင် ညီအစ်ကိုနဲ့ ဒီကောင်မလေးက တစ်ယောက်နဲ့ တစ်ယောက် သိပုံမပေါ်ဘူး ၊ မင်းက လူကောင်းဝင်လုပ်ပြချင်တာလား ?"
တဖက်လူ၏ မချေမငံ စကားကို ကြားတောင် စူးချန်ကဲသည် ဒေါသထွက်ခြင်း မရှိဘဲ သူ၏ ယပ်တောင်ကို အသာယာ ဝှေ့ယမ်းရင်း ဖြေလေသည်။
"မင်းထင်သလောက် မရှုပ်ထွေးဘူး ၊ အရမ်းရိုးရှင်းတယ် ၊ ငါ့အတွက် လမ်းပြတစ်ဦးလိုတယ် "
"မင်းက ငါလိုချင်တာနဲ့ အံကိုက်ပဲ "
ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူတိုင်း ကြောင်အမ်းနေကြသည်။
“ မင်း သေချင်တာလား!!”
ကျန့်ဝူရှန်၏ ဒေါသတကြီး ငေါက်ငမ်းသံကို ကြားတော့မှ ၊ သူတို့အားလုံး ရုတ်တရက် တုံ့ပြန်လာကြသည် ။
"ဘယ်လို... ဒီကောင်လေးက တကယ့်ကို ရဲရင့်တာပဲ ! ကျန့်ထု တော်ဝင်မိသားစုရဲ့ ဒုတိယမင်းသား ကျန့်ဝူရှန်ကို သူ့ရဲ့လမ်းပြလုပ်ခိုင်းတယ်တဲ့လား?"
"ကျွတ် ကျွတ် ကျွတ် .....မဆင်မခြင်ပြုမှုလွန်းတယ် ၊ ကျန့်ဝူရှန်ရဲ့ ဒေါသကို သွားစတာ ပညာရှိ လုပ်ရပ် မဟုတ်ဘူး ၊ ဒီကျန့်ထု တော်ဝင်မိသားစုက သူတို့ရဲ့ အိမ်မွေးခြံပေါက်လေးကို အရမ်း ကာကွယ်ပေးတာ "
" ဆက်ကြည့်ဖို့ စိတ်ဝင်စားစရာ မကောင်းတော့ပါဘူး ၊ အခြေအနေက ဆုံးဖြတ်ပြီးသွားပြီ ၊ ဒီလူငယ်လေးက သန်မာပေမဲ့ ကျန့်ဝူရှန်ကို အနိုင်ယူလိုက်ရင်တောင် ကျန့်ထုတော်ဝင်မိသားစုက ခွင့်လွှတ်မှာ မဟုတ်ဘူး..."
"....."
တချို့သော လူကြီးများသည် စူးချန်ကဲ အပေါ် ကိုယ်ချင်းစာ စိတ်ထားကာ သူတို့အချင်းချင်း တိတ်တိတ်လေး ပြောဆိုဆက်ဆံနေကြသည်။
ကျန့်တုတော်ဝင်မိသားစုသည် မရဏပြည် တစ်ခုလုံးတွင် အကာအကွယ်ရှိဆုံး အင်အားစု လို့တောင် ဆိုနိုင်သည်။
ဤမင်းသားနှစ် ကျန့်ဝူရှန်အား အားလုံးက ညစ်ပတ်သော သခင်လေးဟု ခေါ်ကြသည်။
သူသည် သူတို့ တော်ဝင်မိသားစု၏ အင်အားကို အားကိုးကာ လူငယ်များနှင့် သက်ကြီးရွယ်အိုများအပေါ် အနိုင်ကျင့်တတ်သူလည်း ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရသော် ဤကျန့်တုတော်ဝင်မိသားစုသည် အတော်လေး အရှက်မရှိပေသည်။
သို့သော် ယခုအချိန်တွင် ကျန့်ဝူရှန် နဖူးပေါ်ရှိ သွေးကြောများမှာ ပေါက်ထွက်မတတ်ပင်။ အကယ်၍ စူးချန်ကဲသာ သူ့ကို အရှက်ရစေခဲ့ပါက ၊
သူ့ဂုဏ်သိက္ခာသည် ဟိုးမြေအောက်ထိ ထိုးကျပေတော့မည်။
ဦးလေး သည်းခံနိုင်သော်လည်း ၊ အန်တီလေးကတော့ သည်းမခံနိုင်ပေတယ် !
" တစ်ပဲခြောက်ပြား ဓားစွမ်းအင်လောက်နဲ့ မင်းလုပ်ချင်တာ မှန်သမျှ လုပ်နိုင်မယ်လို့ ထင်နေလား !?"
ကျန့်ဝူရှန်၏ ကိုယ်ပေါ်တွင် အလွန်အစွမ်းထက်သော တစ္စေစွမ်းအင်များ အသက်ဝင်လာပြီး ၊ သူ၏ နောက်တွင် ဘယ်ချိန်ကမှန်း မသိ ထွက်ပေါ်လာခဲ့သော ဧရာမ အမှောင်အရိပ်ကြီး တစ်ခု ရှိနေခဲ့သည်။
ထိုအမှောင် အရိပ်ကြီးအား အဆုံးမရှိသော မှော်သင်္ကေတများဖြင့် ပေါင်းစပ်ဖွဲ့စည်း ထားသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ၊ ကျန့်ဝူရှန်၏ ကိုယ်ပေါ်၌ မီးတောက်မီးလျှံများ ထလောင်ကျွမ်းခဲ့ပြီး သူ့တစ်ကိုယ်လုံးကို ဝန်းရံထားသည်။
ထို့နောက် ၎င်းမီးလျှံများသည် မီးလျှံ ချပ်ဝတ်တန်ဆာအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ရစ်ပတ်ထားသော တစ္စေစွမ်းအင်များက လေထုအလွှာကို ပြိုကျစေသည့်အထိ စွမ်းဆောင်နိုင်ပုံ ရပေသည်။
" ကျန့်ထု တော်ဝင်မိသားစုက အတော်ကို လက်ဖွာတာပဲ ! သူတို့ မျိုးနွယ်စုရဲ့ အမှောင်တစ္စေမီးတောက်ကို ကျန့်ဝူရှန်ကို ပေးခဲ့တယ်ပေါ့?"
"ဒီ အမှောင်တစ္ဆေမီးတောက်က ဝိညာဉ်ကိုတောင် လောင်ကျွမ်းစေနိုင်တယ်တဲ့ ၊ မီးတောက်ကို ငြိမ်းဖို့ဆိုတာ အတော်ခဲယဉ်းတယ်ဆိုပဲ ၊ ဒီလူတော့ ဒုက္ခရောက်တော့မှာပဲ"
စောင့်ကြည့်နေသော လူကြီးတချို့က အံ့သြတကြီး ပြောလာကြသည်။
ရှင်းရှင်းလင်းလင်း ပြောရရင် ၊ ခုလိုပြောင်းလဲမှုမျိုး ဖြစ်လာမယ်လို့ သူတို့လည်း မမျှော်လင့်ထားခဲ့ပေ။
သို့သော် စူးချန်ကဲမှာမူ ဂရုမစိုက်သော ဟန်ပန်ဖြင့် ရှိနေဆဲပင် ဖြစ်သည်။ အမှန်အတိုင်း ဆိုရလျှင်ဖြင့် ၊ ဤကဲ့သို့ အကြောက်အလန့်မရှိသော မျိုးဆက်သစ် လူငယ်ကို သူ တစ်ခါမှ မတွေ့ဖူးချေ။
ကျန့်ဝူရှန်၏ စွမ်းအားသည် ကြောက်စရာကောင်းပုံပေါ်သော်လည်း ၊
သို့သော်လည်း ၎င်း စုစည်းထားသော မှော်စွမ်းအားတို့သည် အနည်းငယ် ပြန့်ကျဲနေပြီး ၊ ၎င်း၏ တန်ဖိုးကို မပေါ်စေဘဲ ယုန်ထင်ကြောင်ထင် ဖြစ်စေသည်။
"ကောင်းပြီလေ မင်းက မကျေနပ်ဘူးဆိုလည်း"
"ဒီလိုလုပ်တာပေါ့ "
စူးချန်ကဲသည် သူ၏ ယပ်တောင်ကို ရင်ဘက်ထဲသို့ သိမ်းထည့်လိုက်ပြီး ၊ လက်ကိုနောက်ပစ်ကာ အပြုံးမပျက် ဆိုလိုက်သည်။
"ငါ ဓားစွမ်းအင်ကို မသုံးတော့ဘူး၊ ငါ့ခန္ဓာကိုယ်နဲ့ မင်းကို တိုက်မယ်"
....
နေရာတစ်ခုလုံး ငြိမ်ကျသွားပြီး ၊
တစ်ဖန် လူတိုင်း ဆွံ့အနေကြသည် ။
လူတိုင်း မျက်လုံးပြူး မျက်စံပြူးဖြင့် ထိုမြင်ကွင်းကို ကြည့်နေကြသည်။
"ဒီ၊ ဒီ၊ ဒီ... ဒီကောင်လေး အအ လေးတော့ မဟုတ်ဘူးလား?"
" ခေါင်းမှာ တစ်ခုခုဖြစ်ထားပုံပေါ်တယ် ၊ အမှောင်တစ္စေမီးတောက် ဆိုတာ အရမ်း ပြင်းတာ ၊ဒါကို သူက သူ့ခန္ဓာကိုယ်နဲ့ တိုက်မယ် ! ကြည့်ရတာ ဒီတိုက်ပွဲက သည်းထိတ်ရင်ဖိုစရာ မရှိနိုင်တော့ဘူး "
စူးချန်ကဲကို မျှော်လင့်ထားခဲ့သော လူကြီးတချို့က တိတ်တိတ်လေး ခေါင်းယမ်း နေကြသည်။
စူးချန်ကဲသည် စုတ်တံနှစ်ချောင်းပါသော ပါရမီရှင် တစ်ဦး ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။
T/N -စုတ်တံနှစ်ချောင်းပါသော - အရည်အချင်း၊ လုပ်နိုင်စွမ်း ရှိသော လူတော်
လက်စသတ်တော့ ငနုံငအ တစ်ကောင် ဖြစ်နေသကိုး !
တစ်ဖက်မှ လော့ရန်ယွီသည် မျက်မှောင်ကြုတ်ကာ စူးချန်ကဲအား သံသယ အနည်းငယ်ဖြင့် ကြည့်လိုက်သည်။
"ဒီလူကို ကြည့်ရတာ ဘာလို့ ဟိုအကောင် စူးချန်ကဲနဲ့ တူနေပါလိမ့်?"
ထိုအနှီလူသည် စူးချန်ကဲနည်းတူ မောက်မာရမ်းကားသော ခံစားချက်မျိုးကို ပေးစွမ်းနေ၏။
သို့သော် ဤကဲ့သို့ မောက်မာမှုမျိုးသည် ရိုးရှင်းသော မာနတစ်ခုမျှသာ မဟုတ်ဘဲ ၊ ယင်းအစား အကြွင်းမဲ့အာဏာနှင့် လုပ်နိုင်စွမ်းအပေါ် ယုံကြည်မှုပင် ဖြစ်သည်။
" ဟားဟားဟား!!”
ကျန့်ဝူရှန်က ဒေါသတကြီး ရယ်မောလိုက်သည်။သူ့ကိုယ်သူ ရူးမိုက်လွန်းလှပြီ ဟု ထင်ထားပေမယ့် ဒီနေ့ သူ့ထက် ပိုရူးသွပ်သူတစ်ယောက်ကို တွေ့နေရရောလား!
" ငါ့ကိုယ်ငါ ရူးလှချည်လား ထင်နေတာ ဒီနေ့ ငအ တစ်ကောင်နဲ့ တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး!"
"ဒါဆိုလည်း မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ် "
" အမှောင်မီးလျှံ ၅ လက်သီး "
ဘုန်း --
ကျန့်ဝူရှန်၏ ခန္ဓာကိုယ်ပေါ်မှ အမှောင်မီးလျှံများ တဟုန်းဟုန်း ထလောင်လာခဲ့ပြီး ၊ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို မီးလျှံများက လွှမ်းခြုံထားသည်။
မီးလျှံချပ်ဝတ်တန်ဆာအောက်က ကြွက်သားများသည် မီးကျောက်များသဖွယ် အဆုံးစွန်သော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
ကျန့်ဝူရှန်၏ ရုပ်သွင်သည် ပူပြင်းတောက်ပလာသည်နှင့်အမျှ ၊ အမှောင် လက်သီးဆုပ်များစွာ ထွက်ပေါ်လာသည်။
ထိုအမှောင် မီးလက်သီး ငါးလုံးသည် စူးချန်ကဲအား တိုက်ရိုက် ထိုးနှက်လေသည်။
စူးချန်ကဲသည် အပြုံးမပျက်ဘဲ ရှိနေပြီး ၊ ဒါကို ပြန်တုံ့ပြန်ဖို့ ပျင်းတောင်ပျင်းသေးသည် ဆိုသည့် ဒီဇိုင်းဖြင့် ရှိနေသည်။
" အတော်ပဲ ၊ ငါ့ ကိုယ်ထည်အသစ်ရဲ့ စွမ်းအားကို စမ်းသုံးကြည့်ရမယ်"
ရှေးကောင်းကင်ဘုံ အာဏာရှင် နတ်ဘုရားကိုယ်ထည်သည် ကောင်းကင်ဘုံ ခန္ဓာကိုယ် နှင့် ကောင်းကင်ဘုံ အာဏာရှင် နဂါးအသွေးအသားတို့ဖြင့် ပေါင်းစပ်ထားသော ကိုယ်ထည်အသစ် တစ်ခု ဖြစ်သည်။
၎င်းသည် ဟွမ်းကူ သူတော်စင် ခန္ဓာကိုယ်ထက် ပို၍ အစွမ်းထက်သည်ဟု ဆိုနိုင်သည်။
ရှေးကောင်းကင်ဘုံ အာဏာရှင် နတ်ဘုရားကိုယ်ထည်သည် အပြည့်အဝ မနိုးထသေးသော်လည်း ၊ စူးချန်ကဲ၏ အမြင်အရ သူ့ရှေ့က လူသည် သူ၏ ခံစစ်ကိုပင် ဖြတ်ကျော်နိုင်ဖို့ လွန်စွာ အလှမ်းဝေးနေဆဲပင် ဖြစ်သည်။
ပြန်လည် တိုက်ခိုက်ခြင်း မရှိသည့် စူးချန်ကဲကို မြင်တော့ ၊ ကျန့်ဝူရှန်၏ အကြည့်တို့သည် အမျက်ဒေါသများ တထောင်းထောင်း ထလို့နေ၏။
" ငါ့ကို လျှော့တွက်ရအောင် မင်းက ဘယ်လောက်တောင် တော်လို့လဲ ငါ ကြည့်ချင်သေးတယ် "
အမျက်ဒေါသများ ပါဝင်သော ကျန့်ဝူရှန်၏ စွမ်းအားတို့သည် ပို၍ပင် အားကောင်းလာသည်။
မီးလက်သီး ငါးလုံးသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။
ကောင်းကင်ယံ၌ မှိုတိမ်တိုက်ကြီး ပေါက်ကွဲသွားသည့်အတိုင်း မီးတောက်မီးလျှံများ လျှံထွက်လာသည်။
လူတိုင်းကို ထိတ်လန့်စေခဲ့သည့် အရာမှာ ၎င်းမီးတောက်မီးလျှံတို့သည် သမရိုးကျ အပူမျိုး မဟုတ်ဘဲ အေးစက်ပြီး နက်ပြာရောင် သန်းနေခြင်းပင် ဖြစ်သည်။
ထိုမီးတောက်မီးလျှံတို့သည် စူးချန်ကဲတစ်ကိုယ်လုံး လောင်ကျွမ်းပစ်သည်ကို မြင်လိုက်ရသည်။
ကျန့်ဝူရှန်၏ နှုတ်ခမ်းသားတို့မှာ ကွေးညွှတ်သွားလေသည်။
“ ဒီလိုဖြစ်မယ်လို့ ငါ ထင်တယ် "
ပွဲကြည့်ပရိတ်သတ်ကြီး၏ စိတ်ပါဝင်စားမှုတို့မှာ ပျောက်ဆုံးသွားခဲ့ရချေပြီ။
"မျှော်လင့်ထားသလိုပဲ၊ တကယ်ကို ငနုံငအ တစ်ကောင်ပဲ ဓားကျင့်ကြံသူ ဖြစ်ရဲ့နဲ့ ၊ ဓားကို မသုံးဘဲ ကျန့်ဝူရှန်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ဖို့ သူ့ခန္ဓာကိုယ်ကို အသုံးပြုတယ်တဲ့လား "
" ကြည့်ရတာ ဒီ အစွမ်းထက်တဲ့ ဓားကျင့်ကြံသူက ထူးဆန်းတဲ့ ဝါသနာတစ်ခု ရှိရမယ် ၊ ဒီလောက်တော်တဲ့ ဓားသမား ခုလို သေသွားရတာ နှမြောစရာပဲ "
"......"
လော့ရန်ယွီ လည်း ထိုမြင်ကွင်းကြောင့် အနည်းငယ် လန့်ဖျပ်သွားခဲ့သည်။
"ငါ အမြင်ပဲ မှားခဲ့သလား...?"
ယုံကြည်ချက် ပြင်းထန်လွန်းသော ထိုအနှီလူ၏ ပုံစံကြောင့် သူမ ဝင်မစွက်ဖက်ခဲ့ပေ။
ရလဒ်မှာ ယခုလို ဖြစ်လာလိမ့်မည် ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ချေ။
သူမစိတ်ထဲ စနိုးစနောင့် ဖြစ်သွားသည်။ထိုအနှီလူသည် သူမကို သွယ်ဝိုက်ပြီး ကူညီပေးခဲ့သည် ဟု ဆိုရနိုင်သည်။
လော့ရန်ယွီသည် တဖက်လူအတွက် တရားမျှတမှုကို ပြန်လည် ရှာဖွေမည်ဟု ဟန်ပြင်လိုက်သည် ။
ထိုစဉ် ၊ မီးတောက်မီးလျှံကြားမှ ရယ်သံ တချက် ထွက်ပေါ်လာခဲ့သည်။
"ဒီမီးလျှံအတွက် ဆယ်မှတ်မှာ လေးမှတ် ပေးမယ် "
ဝုန်း!
ထို့နောက် ချက်ခြင်းဆိုသလို၊ မူလက အမှောင် မီးလျှံများဖြင့် ထုတ်ပိုးခံထားရသော လေထုသည် ပေါက်ကွဲသွားခဲ့သည်။
ထိုအရာထဲမှ ပူပြင်းတောက်လောင်နေသော နတ်အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။
စူးချန်ကဲသည် သူ့ကိုယ်သူ ဖုန်ခါချလိုက်သည်။
ထို့နောက် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း ။
"အပူချိန်က အရမ်းနိမ့်တယ်၊ ရေချိုးလို့တောင် မရဘူး "
အပိုင်း(၂၁၉): အဆုံးစွန်သော ရုပ်ခန္ဓာ ၊ တစ်ဖက်သတ် နှိပ်စက်ခံနေရခြင်း
ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း အလွန် မှင်တက်သွားကြသည်။
ဒီလူက ဓားကျင့်ကြံသူ မဟုတ်လား?
ဒီလိုဓားကျင့်ကြံသူ တစ်ဦးက ခုလို ဖောက်ပြန်နိုင်တဲ့ ခန္ဓာကိုယ် ရှိသတဲ့လား?
ဒါ ဘယ်လိုတောင် ထူးခြားတဲ့ ဓားကျင့်ကြံသူတုန်း?
ကျန့်ဝူရှန်သည်လည်း ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။
အမှောင် တစ္ဆေမီးသည် မည်မျှ အစွမ်းထက်သည်ကို သူ သိသည်။
အမှောင် တစ္စေမီးတစ်စ ကူးစက်ခံရသည်နှင့် ၊ အေးစက်သော မီးတောက်မီးလျှံများက အရိုးကို တိုက်စားသွားပေလိမ့်မည်။
တစ်ဖက်လူ၏ ဝိညာဉ်ကို ပျက်စီးစေပြီး၊ လူ၏ အသွေးအသားတို့သည် ဖယောင်းတိုင် သဖွယ် အရည်ပျော်ကျသွားမည် ဖြစ်သည်။
ကူးစက်ခံရသော လူသည် ဤကမ္ဘာပေါ်တွင် အပြီးတိုင် ပျောက်ကွယ်သွားပေမည်။
ဒါပေမဲ့ အခုကြ ဘာလို့ အလုပ်မဖြစ်တာတုန်း?
ကျန့်ဝူရှန်တစ်ယောက် လေးလေးနက်နက် တွေးနေတုန်း ၊ တစ်ချိန်က ခမည်းတော် ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သွားသတိရခဲ့သည်။
" ဝူရှန် ၊ ငါတို့ မျိုးနွယ်စုရဲ့ အမှောင် တစ္ဆေမီးတောက်က အားပြင်းတယ် ဆိုပေမဲ့ တချိန်တည်းမှာတင် အားနည်းလွန်းတယ် "
" ရုပ်ပိုင်းဆိုင်ရာ အားနည်းတဲ့ သူတွေနဲ့ မင်း ရင်ဆိုင်တဲ့အခါ ၊ မင်း သူတို့ကို တိုက်ရိုက် လောင်ကျွမ်းစေနိုင်တယ် ၊ ဒီထက် ပိုသန်မာတဲ့ ခန္ဓာကိုယ်ဆိုတောင် မင်း သူတို့ကို လောင်ကျွမ်းစေနိုင်တယ် "
"ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ အလွန် အစွမ်းထက်တဲ့ သူတစ်ယောက်နဲ့ ရင်ဆိုင်ရရင်တော့ မင်း သူ့ရဲ့ အမွှေးအမျှင်ကိုတောင် မီးရှို့မပစ်နိုင်ဘူး "
ထိုအကြောင်းကို တွေးမိပြီး၊ ၎င်း၏ မျက်နှာမှာ သာမန်မျက်စိ မြင်နိုင်သော အရှိန်နှုန်းဖြင့် ဖြူဖျော့သွားသည်။
သေစမ်း !
သူ၏ မီးတောက်သည် စူးချန်ကဲ၏ အမွှေးအမျှင်ပင် မဆိုနှင့် ။
သူ့အဝတ်အစားပေါ်က ချည်မျှင်ကိုတောင် မလောင်ကျွမ်းနိုင်ခဲ့ပေ။
ဒါက ဘာလဲ!?
ဤရုပ်ခန္ဓာသည် အစွမ်းထက်သည်ဟု ယူဆရလေမလား သို့မဟုတ် ပုံမှန်မဟုတ်လေသလား။
ပုံစံမျိုးစုံ ပြောင်းလဲပြနေသော ကျန့်ဝူရှန်၏ အမူအရာကို ကြည့်ရင်း စူးချန်ကဲက ရယ်လေသည်။
"ကဲ မင်းအလှည့် ပြီးပြီ ဆိုတော့ ၊ အခု ငါ့အလှည့်ပဲ"
စူးချန်ကဲ ခန္ဓာကိုယ်မှ ပြင်းထန်သော ရောင်ဝါများ ထိုးထွင်း ထွက်ပေါ်လာခဲ့ပြီး ၊ သူသည် ရှေ့ကို တစ်လှမ်းတိုး လျှောက်လိုက်သည်။
ထိုစဉ် ၊ အနက်ရောင် အလင်းတန်းတစ်ခုသည် တဟုန်ထိုးတတ်လာခဲ့ပြီး ဖျက်ခနဲ့ လှုပ်ရှားသွားသည်။
" သေစမ်း !"
ထိတ်လန့် တုန်လှုပ်နေသော ကျန့်ဝူရှန်သည် လျင်မြန်စွာ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
စူးချန်ကဲ တိုက်ခိုက်တော့မည့် တချိန်တည်းမှာပင် ၊ ကျန့်ဝူရှန်သည် သူ့လက်သီးကို မြှောက်ကာ ထိုးနှက်ခဲ့သည်။
သူ၏ လက်အားသည် လွှမ်းမိုးကြီးစိုးသော မီးတောက်တစ္စေဘုရင် တစ်ပါးကဲ့သို့ လွန်စွာ ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒကို ထုတ်ဖော်ပြသနေသည်။
ထို့အပြင် ဤတစ်ခေါက် တိုက်ခိုက်မှုသည် သူ၏ မသိစိတ်က ကြောက်ရွံ့မှုများမှ တဆင့် အစွမ်းကုန် ထုတ်လွှတ်မိတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် စူးချန်ကဲသည် သူ၏ လမ်းပြလေးအား သေအောင်ရိုက်မသတ်ခဲ့သလို ၊ သူ၏ မှော်အစွမ်းကို အသုံးပြုရန်လည်း မရွေးချယ်ခဲ့ပေ။
ယင်းအစား၊ ၎င်းကို သူ၏ ရုပ်ခန္ဓာ စွမ်းအားဖြင့် ရိုးရိုးရှင်းရှင်း ချေမှုန်းခဲ့သည်။
စူးချန်ကဲ၏ လက်သီးပေါ်တွင် အဖြူရောင် အလင်းတန်းများ ဖြစ်ပေါ်လာခဲ့ပြီး ၊ ယင်းမှ တဆင့် မှော်သင်္ကေတ အဖြစ် ပြောင်းလဲသွားကာ တစ်ခုပြီး တစ်ခု ပေါင်းစပ်သွားသည်။
သူ့လက်သီးကို မြှောက်တင်လျက် ထိုးနှက်လိုက်သည့် အခိုက်အတန့်တွင် ၊ လေထုထဲ၌ သဘာဝလွန် စွမ်းအားများ မွေးဖွားလာသကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသော အသံဗလံများ ထွက်ပေါ်လာခဲ့သည်။
နှစ်ဦးနှစ်ဖက် တိုက်ခိုက်မှုသည် လေထဲတွင် ထိပ်တိုက်ဆုံတွေ့ကြသည်နှင့် ၊ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာသည်။
ဝုန်း!
စူးချန်ကဲ၏ ပေါ့ပေါ့ပါးပါး ထိုးနှက်ချက်သည် ကျန့်ဝူရှန်၏ မီးတောက်ချပ်ဝတ်တန်ဆာကို တိုက်ရိုက် ကွဲကြေသွားစေသည်။
အရှိန်သည် လျော့ကျသွားခြင်း မရှိဘဲ သူ၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားသည်။
ပြင်းထန်သော ဝေဒနာကြောင့် ၊ ကျန့်ဝူရှန်သည် သူ၏ မသိစိတ်က ရှောင်ရန် ကြိုးစားလိုက်သည်။
ဒါပေမဲ့ စူးချန်ကဲလိုလူက သူ့ကို ဒီအခွင့်အရေးကို ပေးမတဲ့လား ?
ကျန့်ဝူရှန်သည် သူ၏ လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ၊ လှုပ်ရှားမှုများကို ပြောင်းလဲရန် ဟန်ပြင်လိုက်စဉ် ၊
စူးချန်ကဲသည် ခန္ဓာကိုယ်ကို လှည့်ကာ လေထဲသို့ ပျံဝဲလိုက်သည်။
ဤတစ်ကြိမ်တွင်မူ ၊ သူသည် လက်သီးကို မသုံးတော့ဘဲ လက်ဝါးအဖြစ် ပြောင်းလဲအသုံးပြုကာ ထိုးနှက်လိုက်သည်။
စူးချန်ကဲ၏ အေးစက်သော မျက်ဝန်းတို့သည် လူကို ဖိအားဖြစ်စေပြီး ရင်တုန်စေသည်။
ကျန့်ဝူရှန်သည် မတော်တဆ တချက် ကြည့်မိခဲ့လေရာ ၊ စူးချန်ကဲ၏ မျက်ဝန်းအကြည့်သည် သူ့ကို ပူထူသွားစေခဲ့သည် ။
သူသည် ကျန့်တု တော်ဝင်မိသားစု၏ ဒုတိယမင်းသား ဖြစ်သည့်အပြင် တစ္စေကိုယ်ထည်ကို ပိုင်ဆိုင်ထားပေရာ ကာယကြံ့ခိုင်မှုတွင် အကောင်းဆုံးထဲမှ တစ်ဦး ဟု ဆိုနိုင်သည်။
သူသည် မဟာ သူတော်စင်အရှင် နှင့် တပြေးညီ တိုက်ခိုက်နိုင်သူလည်း ဖြစ်သည်။
သို့သော် စူးချန်ကဲ၏ ရှေ့မှောက်တွင် သူ့ကိုယ်သူ စွမ်းအားမဲ့နေသော ခံစားချက်မျိုး ခံစားခဲ့ရသည်။စူးချန်ကဲ၏ လက်သီးကို သူသာ မရှောင်ခဲ့ပါက ၊ ယခုအခါတွင် သူလက်တစ်ခုလုံး ဆုံးရှုံးသွားနိုင်သည်။
"ငါ ကျန့်ဝူရှန်က ဘယ်လိုလုပ် အရှုံးပေးရမှာလဲ!?"
ထိုစဉ် ကျန့်ဝူရှန်၏ နတ်အသိစိတ်ထဲ၌ မြင့်မြတ်သော တစ္စေရုပ်သွင် တစ်သွင် ထွက်ပေါ်လာခဲ့ပြီး ၊ ယင်းအရာသည် ကောင်းကင်ပေါ်သို့ တဟုန်ထိုး ပျံတတ်သွားသည်။
ထို့နောက် စူးချန်ကဲအား သတ်ပစ်လိုသော စိတ်ဆန္ဒဖြင့် ကြောက်စရာကောင်းသော စွမ်းအားလှိုင်းများနှင့်အတူ ပြေးဝင်လာသည်။
" ငါ ကျပန်း ထိုးနှက်လိုက်တဲ့ လက်သီးကိုတောင် မင်းက ခံနိုင်ရည် မရှိဘူး ၊ အသက်ကယ်နည်းကို ဒီလောက် မြန်မြန်ဆန်ဆန် အသက်သွင်းလိုက်ပြီပေါ့ "
စူးချန်ကဲက ရယ်မောလိုက်သည်။
မူလကတည်းက သူသည် ကျန့်ဝူရှန်ကို သတ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။သို့သော် ကျပန်း ထိုးနှက်လိုက်သော သူ့လက်သီးသည် ၎င်း၏ ဘိုးဘေးဖြစ်သူ ချန်ထားခဲ့သည့် လက်ကျန်နတ်အသိစိတ်ကို သွားပြီး အသက်သွင်းနိုင်လိမ့်မည် ဟု မည်သူက ထင်မည်နည်း။
သို့ဆိုတောင် စူးချန်ကဲ ဂရုမစိုက်ချေ။
စူးချန်ကဲ၏ လက်ဝါးသည် ထိုတစ္စေရုပ်သွင်ဖြင့် ထိပ်တိုက် ဆုံတွေ့ခဲ့ရာ ၊ ပြင်းထန်သော ပေါက်ကွဲသံများ ဆူညံသွားသည်။
ထိုရုပ်သွင်သည် ပို၍ အားကောင်းသော စွမ်းအားကို အသုံးပြုလိုသောကြောင့် ခန္ဓာကိုယ်ကို လှည့်ကာ တခြားတစ်ဖက်ကို ပြန်ဆုတ်လိုက်သည်။
ရားးး !
ထိုတစ္စေရုပ်သွင်သည် ကျန့်ဝူရှန်၏ ခန္ဓာနှင့် အတူ တိုက်ရိုက် ပေါင်းစပ်ပစ်ခဲ့သည်။ ကျန့်ဝူရှန်၏ ဟောက်ဟိန်းသံ နှင့်အတူ သူ၏ ရောင်ဝါတို့မှာလည်း သိသိသာသာ တိုးလာခဲ့သည်။
ထိုတစ္စေရုပ်သွင်၏ ကောင်းချီးပေးမှုနှင့်အတူ ၊ ကျန့်ဝူရှန်၏ ခန္ဓာကိုယ်ပေါ်တွင် မူလကတည်းက ယခုထိ လောင်ကျွမ်းလျက်ဆဲ ဖြစ်သော တစ္စေမီးလျှံတို့သည် ပို၍ အားကောင်းလာခဲ့သည်။
ချက်ခြင်းဆိုသလို၊ ကျန့်ဝူရှန်၏ လက်ထဲ၌ ပူပြင်းတောက်လောင်သော မီးလျှံများဖြင့် ဝန်းရံထားသော အနက်ရောင် လှံရှည်တစ်လက် ထွက်ပေါ်လာသည်။
T/N - ပုဆိန်သွားတပ်ဆင်ထားသည့်အလယ်ခေတ် စစ်တိုက်ရာတွင် သုံးသည့်လှံရှည် ပုံစံမျိုး
ကျန့်ဝူရှန်သည် မဆိုင်းမတွ သူ၏ လှံဖြင့် စူးချန်ကဲအား တိုက်ခိုက်လေသည်။
စူးချန်ကဲက မထီမဲ့မြင် နှာမှုတ်လိုက်သည်။ဤတစ်ကြိမ်တွင် သူသည် သူတော်စင် ခန္ဓာကိုယ်၏ အသွေးအသားတို့ကို အသက်သွင်းခဲ့သည်။သို့သော် လျို့ဝှက်ရတနာ နှင့် အနှိုင်းမဲ့သုတ္တန်၏ ဖုံးကွယ်မှုအောက်တွင် သူတော်စင် ခန္ဓာကိုယ်၏ ရောင်ဝါကို မည်သူမှ အာရုံခံစားနိုင်လိမ့်မည် မဟုတ်ချေ။
စူးချန်ကဲတွင် အလွန် ပြင်းထန်သော မှော်စွမ်းအား ရှိနေသည် ဟု လူတိုင်းက ထင်ကြသည်။
စူးချန်ကဲသည် သူ့ဆီသို့ ဦးတည်လာသော လှံတံကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။
သူ၏ လက်ဖဝါးထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများ ထပ်မံ ထွက်ပေါ်လာခဲ့သည်။သူသည် အားအနည်းငယ် စိုက်ထုတ်လိုက်ရုံဖြင့် ၊
ထိုအနက်ရောင် လှံတံမှာ လုံးဝ အက်ကွဲသွားသည် ။
စူးချန်ကဲ၏ တိုက်ခိုက်မှုသည် ဒီလောက်နဲ့တင် ရပ်တန့်မသွားပေ။ သူ့မျက်နှာတည့်တည့် ရောက်ရှိနေသော ကျန့်ဝူရှန်၏ လက်သီးကို ဆုပ်ကိုင်လိုက်ပြီး ၊ သူ၏ ဘယ်လက်က ကျန့်ဝူရှန်၏ အခြားလက်မောင်းကို ချုပ်ကိုင်လိုက်သည်။
ထို့နောက် သူသည် ကျန့်ဝူရှန်အား ပြင်းပြင်းထန်ထန် လွှဲယမ်းလိုက်သည်။
စူးချန်ကဲသည် မည်သည့် မှော်စွမ်းအားကိုမှ အသုံးမပြုဘဲ သူ၏ ကိုယ်ကာယ စွမ်းအားဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။
ကျန့်ဝူရှန်၏ အမူအရာမှာ သိသိသာသာပြောင်းလဲသွားသည်။ သူသည် လွတ်မြောက်ရန် ရုန်းထွက်ပါသော်လည်း စူးချန်ကဲသည် သူ့အား အခွင့်မပေးချေ။
သူ့အား ဖမ်းချုပ်ကာ တောင်တန်းများဆီသို့ ပစ်လွှဲလိုက်သည်။
ဘုန်း!
ကျယ်လောက်သော အသံနှင့်အတူ ၊ ထို ရှေးဟောင်းတောင်ကြီးမှာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ဖြိုခွဲခံလိုက်ရသည်။
စူးချန်ကဲ၏ လှုပ်ရှားမှုမှာ ဒီလောက်နဲ့တင် ရပ်တန့်မသွားပေ။ သူသည် ကျန့်ဝူရှန်၏ ခန္ဓာကိုယ်အား ဘေစ်ဘောတုတ်တံကြီး သဖွယ် အသုံးပြုကာ တောင်တန်းများကို ရိုက်ချလေ၏။
ဆွံ့အနေကြသော လူတိုင်း၏ အကြည့်များအောက်တွင် ရှေးဟောင်းတောင်တန်းကြီးများမှာ တစ်လုံးပြီး တစ်လုံး ပြိုကျနေသည်။
" ငါ့ကို လွှတ်!!"
ကျန့်ဝူရှန်တစ်ယောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။သူ့အတွက် ဤကမ္ဘာကြီး တစ်ခုလုံး ချာချာလည်လို့ နေသည်။
"ကောင်းပြီလေ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး၊ ကျန့်ဝူရှန်အား လေထဲသို့ ပစ်ချလိုက်သည်။
သူ့ကိုယ်သူ အလေးချိန် မရှိသော လူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရခြင်းသည် ကျန့်ဝူရှန်အား အနည်းငယ် တုန်လှုပ်သွားစေသည်။သူသည် စူးချန်ကဲအား ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ချေ။
သို့သော် ထိုအချိန် ၊ လေခွင်းသံ တချက် ထွက်ပေါ်လာခဲ့သည်။
ဘယ်ချိန်ကမှန်း မသိ ၊ စူးချန်ကဲသည် သူ့၏ ဘေးနားတွင် ရှိနေခဲ့သည်။
"မင်း...!"
ကျန့်ဝူရှန် ဘာမှမပြောနိုင်ခင်မှာပဲ ၊ စူးချန်ကဲသည် နောက်တစ်ကြိမ် ထပ်မံ လှုပ်ရှားခဲ့သည်။
စူးချန်ကဲသည် ကျန့်ဝူရှန်၏ ခေါင်းကို သူ၏ လက်ငါးချောင်းဖြင့် လေပေါ်ကနေ တဆင့် အောက်သို့ ဖိချလိုက်သည်။
တစ်စုံတစ်ယောက်မှာမူ ဥက္ခာခဲကြီး ပြုတ်ကျလာသည့်အတိုင်း အောက်သို့ ဘုန်းခနဲ့ ပြုတ်ကျလာလေသည်။
ဘုန်း—
ကျယ်လောင်သော အသံနှင့် အတူ ၊
ကြောက်မက်ဖွယ်ရာ ကောင်းသော ရိုက်ခတ်မှုသည် ထိုနေရာရှိ ကျောက်တုံးများကို တိုက်ရိုက် ကြေမွသွားစေသည်။
ပြန့်ကျဲသွားသော ကျောက်ခဲအပိုင်းအစများနှင့် ကြွတတ်လာသော ဖုန်မှုန့်လုံးကြီးသည် လူတိုင်း၏ အမြင်အာရုံကို ဖုံးလွှမ်းသွားခဲ့သည်။
ဤမြင်ကွင်း၏ သက်ရောက်မှုသည် ပွဲကြည့်ပရိတ်သတ်များကို အေးခဲသွားစေသည်။
"ဒါ ဒါက... တကယ်ပဲ ဓားကျင့်ကြံသူလား!?"
"ဒီလို ကာယအားနဲ့တင် သူတော်စင် အဆင့်ရှိတဲ့ အရိုးနဂါးကိုတောင် လက်ဗလာနဲ့ တိုက်ခိုက်နိုင်မှာကို စိုးရတယ် "
အရိုးနဂါးသည် ၎င်းတို့ မရဏကမ္ဘာတွင် အလွန် အစွမ်းထက်သော တစ္ဆေသားရဲကောင် ဖြစ်သည်။
တစ္ဆေသားရဲများကြားတွင် အုပ်စိုးသူ ဟု ဆိုနိုင်သည်။
သို့သော် ယခုအချိန်တွင် စူးချန်ကဲ မှ ပြသသွားခဲ့သော ကာယစွမ်းအားသည် သူတို့၏ အမြင်အရ ၊ တစ္ဆေသားရဲကောင်ပင်လျှင် ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ချေ။
အမှောင် တစ္စေမီးတောက်ကို အသုံးပြုခဲ့သော ကျန့်တု တော်ဝင်မိသားစု၏ ဒုတိယမင်းသားမှာ စူးချန်ကဲ၏ တစ်ဖက်သတ် နှိပ်စက်ခြင်း ကို ခံနေရတော့သည်။
အပိုင်း(၂၂၀): ကျန့်ဝူရှန်ရဲ့ ဘိုးဘေးဆိုတောင် စူးချန်ကဲက ကြောက်မတဲ့လား ?
ဖုန်မှုန့်ဖုန်ငွေ့များ ပျောက်ကွယ်သွားသည်နှင့် အမျှ ၊
ထိုလူနှစ်ယောက်၏ အသွင်ပုံရိပ်သည် လူတိုင်း၏ မျက်လုံးထဲတွင် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
စူးချန်ကဲသည် လက်ကို နောက်ပစ်လျက် ၊ ဂုဏ်ယူဝံ့ကြွားသော မျက်နှာအမူအယာ ၊ ဂရုမစိုက်သော အကြည့်များဖြင့် တည်ငြိမ်စွာ ရပ်နေသည်ကို မြင်လိုက်ရသည်။
သို့သော် ယခင်က စိတ်အားထက်သန်မှု အပြည့်ရှိခဲ့သော ကျန့်ဝူရှန်မှာမူ ၊ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး မြေကြီးထဲ နစ်ဝင်တဲ့အထိ ရိုက်ခံထားရသည်။
သူ၏ ဝှက်ဖဲဖြစ်ခဲ့သော အမှောင်တစ္ဆေမီးတောက်မှာ ဘယ်ချိန်ကတည်းက ငြိမ်းသက်သွားခဲ့လဲ မသိ ။
သူ့တစ်ကိုယ်လုံ ဒဏ်ရာဒဏ်ချက်များဖြင့် ဖုံးလွှမ်းနေပြီး ၊ နံရိုးများပင်လျှင် ကျိုးအက်သွားခဲ့ပုံ ရသည်။
သူ၏ ပါးစပ်ထောင့်မှ သွေးများ စဉ်ဆက်မပျက် စီးယိုကျနေပြီး ၊အချိန်အတော်ကြာ ရုန်းကန်ပြီးနောက်မှသာလျှင် အပျက်အစီးများကြားမှ ဖြည်းဖြည်းချင်း ကုန်းရုန်းထလာသည်။
ရှက်ရွံ့နေသော ကျန့်ဝူရှန်၏ ပုံစံနှင့် ဘာကိုမှ ဂရုမစိုက်သော စူးချန်ကဲ၏ ဟန်ပန်သည် အားလုံး၏ အမြင်ကို ဖမ်းစားနိုင်ခဲ့သည်။
ထိုမြင်ကွင်းကို ငေးကြည့်နေခဲ့သော လော့ရန်ယွီပင်လျှင် ရင်တုန်သွားသည်။
အရမ်းတူတယ် ! အရမ်း အရမ်းကို တူတယ်!
ကျန့်ဝူရှန် မည်မျှသန်မာသည်ကို သူမ သိထားသည်။
ဤမရဏကမ္ဘာတွင် ၊ နှိပ်ကွပ်ထားသော မရဏ နိယာမစည်းမျဉ်းများ ရှိသည်။သို့ဖြစ်၍ သူမ၏ ဟွိုင့်တွိုင့် သူတော်စင် ခန္ဓာကိုယ် နှင့် တာအိုအရိုးတို့သည် ဤနေရာတွင် အလွန် အားနည်းသည်။
ထို့အပြင်၊ မရဏ နိယာမစည်းမျဉ်းများသည် ဤမရဏကမ္ဘာရှိ သက်ရှိသတ္တဝါများအတွက် ကောင်းမွန်သော အကျိုးသက်ရောက်မှုကို ဖြစ်စေသည်။
ဤအခြေအနေအောက်မှာတောင် ၊ ထိုအနှီလူသည် ကျန့်ဝူရှန်ကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သည်။
မရဏကမ္ဘာ အပြင်ဘက်မှာဆိုရင်ဖြင့် ၊ ထိုအနှီလူ၏ ခွန်အားသည် မည်မျှတောင် ကြောက်စရာ ကောင်းလိုက်မည်နည်း။
" ကိုယ့်ထက်သာတဲ့သူ ဆိုတာ အမြဲတမ်း ရှိစမြဲပဲ "
"ကြည့်ရတာ စူးချန်ကဲရဲ့ ပြိုင်ဘက် ပေါ်လာပြီထင်တယ်"
ယခုအချိန်တွင် ကျန့်ဝူရှန်၏ပါးစပ်ထဲမှ သွေးများ အဆက်မပြတ် အန်ထွက်နေပြီး ၊ မတ်တပ်ရပ်လိုက်ရုံဖြင့် ဒဏ်ရာများမှ သွေးများ စီးယိုနေကာ သူ့တစ်ကိုယ်လုံး တုန်ရီနေသည်။
ဒဏ်ရာ အပြင်းအထန် ရခဲ့သောကြောင့် သူ့ကိုယ်သူ တောင့်ခံဖို့ ခဲယဉ်းနေပြီ ဖြစ်ကြောင်း သိသာပေသည်။
စူးချန်ကဲ က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဆိုလေသည် ။
"မင်းဆက်ပြီး တိုက်ချင်သေးလား ? ငါ့ရဲ့ လမ်းပြလေး လုပ်တာက ပိုမကောင်းပေဘူးလား"
"ဒီနည်းက မင်း နာကျင်မှာကို ရှောင်နိုင်တယ်"
ထိုစကားကို ကြားလိုက်ရသည်နှင့် ကျန့်ဝူရှန်၏ ပါးစပ်ထဲမှ သွေးများ ထပ်မံ အန်ထွက်လာသည်။ဤသင်္ချိုင်းမြေ၌ ဒီလောက်နှစ်တွေအများကြီး သူသာလျှင် သူတပါးကို အမြဲ အနိုင်ကျင့်သူ တစ်ဦး ဖြစ်ခဲ့သည်။
အခု သူများက သူ့ကို အနိုင်ကျင့်နေတာ ဒါ ဖြစ်သင့်လား!?
"ကောင်း...ကောင်းလိုက်တဲ့...လူသား!"
ကျန့်ဝူရှန်သည် ဒေါသတကြီး ရယ်မောလိုက်ရင်း ၊ သူ့ရင်ဘက်ထဲ အနက်ရောင် ကျောက်စိမ်းဆွဲပြားကို ထုတ်ယူလိုက်သည် ။
ထိုမြင်ကွင်းကို ကြည့်ရှုနေကြသော ပွဲကြည့်ပရိတ်သတ်တို့၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲကုန်သည်။
နောက်ဆုံးတော့ ထွက်လာပြီ !
ကျန့်ဝူရှန်သည် အဆုံးစွန်သော လှုပ်ရှားမှု တစ်ခုကို အသက်သွင်းခဲ့လေပြီ ။ ယင်းမှာ ဘိုးဘေးဆင့်ခေါ်မှု ပညာရပ် ။
ကျန့်ဝူရှန်သည် သူ အနိုင်မယူနိုင်သော ပြိုင်ဘက်ကို တွေ့တိုင်း ၊ ဤကျောက်စိမ်းဆွဲပြားကို အသုံးပြု၍ ဘိုးဘေးကို ဆင့်ခေါ်ကာ ရန်သူကို သတ်ဖြတ်စေသည်။
ဘိုးဘေး ထွက်ပေါ်လာသည်နှင့် ၊ အကြီးကို အသုံးချကာ ငယ်သူကို အနိုင်ကျင့်စေသည်။
"ငါကြည့်ကြည့်ဦးမယ်! မင်းလို လူသားမျိုးနွယ်က ဒီကမ္ဘာကို ပြောင်းပြန်လှန်နိုင်မှာတဲ့လား!?"
ကွဲအက်သံ !
ကျန့်ဝူရှန်သည် အစွမ်းကုန် အားထုတ်သုံးလိုက်သည် နှင့် ကျောက်စိမ်းဆွဲပြားမှာ ရုတ်ချည်း ကွဲအက်သွားသည် ။
ထို့နောက် ချက်ချင်းဆိုသလို ၊ တစ္စေရောင်ဝါများ ကြွယ်ဝစွာ ပါဝင်သော အနက်ရောင် မီးခိုးငွေ့များ ထွက်ပေါ်လာခဲ့ပြီးနောက် ၊ ယင်းအခိုးအငွေ့များသည် သက်ရှိပစ္စည်း အဖြစ် ပြောင်းလဲသွားသည်။
ယင်းမှ ဖြာထွက်နေသော ရောင်ဝါသည် ကျန့်ဝူရှန်ထက်သာလွန်သည်။
"ဧကရာဇ်မင်း တစ်ပိုင်းအဆင့်?"
စူးချန်ကဲ၏ မျက်ခုံးတဖက်မှာ မြှောက်တတ်သွားသည်။သူသည် တဖက်လူ၏ ကျင့်ကြံအဆင့်ကို လျင်မြန်စွာ သတိထားမိသည်။
ထာဝရ စစ်ပွဲများ တိုက်ခိုက်ပြီးနောက်၊ သူသည် အတော်လေး အမြင်ကျယ်လာခဲ့ပြီ ဟု ဆိုရမည်။
မည်သည့်အင်အားစုမဆို ဧကရာဇ်မင်းမြတ် အဆင့် ဖြစ်တည်မှု တစ်ရပ် ရှိတတ်ကြသည်။
ထိုနက်မှောင်သော အငွေ့များသည် အကန့်သတ်မဲ့ တဟုန်ထိုး ထွက်လာခဲ့သည်။နောက်ဆုံးတွင် အနက်ရောင် မှော်သင်္ကေတများက တဖျက်ဖျက် ရိုက်ခတ်လျက် အဘိုးအိုတစ်ယောက်၏ ခပ်ဝါးဝါး အသွင်ပြင်တစ်ခု အဖြစ်သို့ ပြောင်းလဲဖြစ်တည်သွားခဲ့သည်။
တစ္ဆေစွမ်းအင်များ ပိုမို ပြင်းထန်လာသည်နှင့်အမျှ၊ ၎င်း၏ အသွင်ပုံရိပ်သည် ပို၍ ပြတ်သားလာသည်။
၎င်းသည် အသားအရေ မွဲခြောက်ခြောက် ၊ မျက်နှာသွယ်သွယ် ရှိသော အဘိုးအိုတစ်ဦးပင် ဖြစ်သည်။
ကျန့်ဝူရှန်သည် ထိုအဘိုးအိုကို တွေ့သည်နှင့် ၊ သူ၏ သရုပ်ဆောင် စွမ်းရည်တို့မှာလည်း အဆင်သင့်ပင် ။
ကျန့်ဝူရှန်သည် ရောင်ရမ်းနေသော သူ့မျက်နှာကို လက်ဖြင့် အုပ်လျက် ၊ အဘိုးကြီးရှေ့မှောက်သို့ ဒူးထောက် ထိုင်ချလိုက်သည်။
" ကွေးယာဘိုးဘေး!!"
ကျန့်ဝူရှန်တစ်ယောက် မျက်ရည်များ စီးကျလာပြီး ၊ ငိုနေပုံမှာ အတော်လေးကို သနားစရာ ကောင်းပေသည်။
"မြေးလေးအတွက် တရားမျှတမှု ရှာပေးပါဦး!"
" အဲ့... အဲ့လူက ကျွန်တော်ကို သူ့လမ်းပြ လုပ်ခိုင်းတယ်..."
" ကျွန်တော်က ငြင်းတော့...အဘိုးရဲ့ မြေးလေးကို ခုလို ပြင်းပြင်းထန်ထန် ရိုက်နှက်တယ်..."
ကျန့်ဝူရှန်သည် ပြောရင်းတန်းလန်း စူးချန်ကဲဘက်သို့ လက်ညိုးထိုးပြလိုက်ပြီး ၊ အထိန်းအကွပ်မဲ့စွာ ငိုကြွေးပြနေသည်။
ကြည့်ရှုသူတချို့မှာ မျက်မှောက်ကြုတ်လျက်။
ဤသည်မှာ
ကျန့်ဝူရှန်၏ စွမ်းရည်တစ်မျိုး ဖြစ်သည့် ဘိုးဘေးကို ဂျီကျမည့် ဇာတ်လမ်းရိုက်ချက်ပင်တည်း။
ရလဒ်အနေဖြင့် အထွက်နှုန်းများများ ရစေရန် အမျက်ဒေါသbuffကို စုစည်း၍ ဘိုးဘေးထံ ပေါင်းထည့်ပေးမည် ဖြစ်သည်။
ကွေးယာဘိုးဘေးသည် ထိုစကားကို ကြားရသည်နှင့် သူ၏ မျက်နှာမှာ လွန်စွာ အေးစက်သွားသော်လည်း ၊ စူးချန်ကဲသည် သာမန်နှင့် မတူဘဲ ထူးကဲနေသည်ကို သူ သူခံစားမိသည်။
သူသည် စူးချန်ကဲကို တစ်ချက် ကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်။
"ငါ့မြေးပြောတာ အမှန်လား"
တစ်ဖက်လူ စကားတွင် မည်သည့် အဓိပ္ပါယ်များ ပါဝင်နေသည်ကို စူးချန်ကဲလည်း သိသည်။သို့သော် အကြောက်တရားထက် ကိုယ့်မျက်နှာ ပျက်ရမည်ကို ပိုကြောက်သည်။
သို့ဆိုတောင် ၊ တကယ်ပဲ ဘိုးဘေးနဲ့ ယှဉ်ပြိုင်ရမည် ဆိုပါက ၊
သူ အကြိုက်ဆုံးပင် ဖြစ်သည်။သူ့မှာလည်း မရှိလို့လား?
စူးချန်ကဲ က ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်သည်။
" ကျုပ် ဆိုတဲ့ သခင်လေးက အခုမှ ဒီကို ရောက်ဖူးတာ ဖြစ်လို့ သေချာပေါက် လမ်းပြမယ့်သူ လိုတယ်လေ "
" ကျွန်တော်အထင် ခင်ဗျားရဲ့ မြေးလေးက အရမ်း သင့်တော်တယ် ၊အဲ့တာကြောင့် သူ့ကို လမ်းပြ လုပ်ခိုင်းတာ ပြဿနာရှိလို့လား"
စူးချန်ကဲသည် လူတိုင်း၏ အကြည့်များကို လျစ်လျူရှုကာ ဆက်လက်ဆိုလိုက်သည်။
"ပြီးတော့ ကျုပ်လို သခင်လေးရဲ့ လမ်းပြဖြစ်ရတာ သူ့အနေနဲ့ ဂုဏ်ယူဝမ်းမြောက်သင့်တယ် "
စူးချန်ကဲ၏ ဤနောက်ဆုံးစာသားသည် လူတိုင်းကို အေးခဲသွားစေသည်။
အရူးပဲ !
ဒီကောင်တော့ အတော်လေး ရူးနေပြီ !
ဘေးမှ ရပ်ကြည့်နေသော လော့ရန်ယွီ၏ အမူအရာတို့မှာ သိသိသာသာ ပြောင်းလဲသွားသည်။
ဤကွေးယာဘိုးဘေးသည် တန်ခိုးကြီးမားသော ဧကရာဇ်မင်း တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်။
ဧကရာဇ်မင်း တစ်ပိုင်းအဆင့် ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ခုလို ရန်စတာ ဒါ ဘယ်လောက်တောင် ရူးမိုက်တဲ့ လုပ်ရပ်လဲ!?
" သေမှာကို တကယ် မကြောက်ဘူးပဲ ၊ ဒီကောင် စူးချန်ကဲထက် ပိုရူးတာပဲ !"
"မဖြစ်ဘူး၊ ဘာပဲဖြစ်ဖြစ် ဒီကောင်က ငါ့ကို ကူညီပေးဖို့ လုပ်တာပဲလေ ၊ တခြားနည်းလမ်းမရှိတော့ရင် ငါ့ ဆရာသခင် ပေးလိုက်တဲ့ ဝှက်ဖဲကို သုံးရုံပဲ ရှိတော့တယ်...."
လော့ရန်ယွီသည် သူမခါးကြားထဲက အဆောင်စာရွက်ကို ထုတ်ယူလိုက်သည်။
အခြေအနေ မကောင်းသည်နှင့် ၊ သူမ ဝင်ပါပြီး စူးချန်ကဲအား အဝေးသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။
သိပ်မကြာခင်မှာပင် ၊ ကွေးယာဘိုးဘေးသည် အမျက်ဒေါသနှင့်အတူ တုံ့ပြန်လာခဲ့သည်။
" ကောင်လေး!! မင်းက ငါ့ ကျန့်တုတော်ဝင်မိသားစုကို စော်ကားနေတာလား"
ဘုန်း—
တစ္ဆေစွမ်းအင်လှိုင်းများသည် ကွေးယာဘိုးဘေး၏ ကိုယ်ထဲမှ တဟုန်ထိုး ထကြွလာခဲ့ပြီး ၊ လှိုင်းဂယက်များ ရိုက်ခတ်သွားစေသည်။
လှိုင်းဂယက်များ ရိုက်ခတ်သွားလေရာ နေရာတိုင်း ၊ ထိုနေရာပတ်ဝန်းကျင်၌ ကျင်လည်နေကြသော တစ္စေအချို့မှာ ဤမျှ ပြင်းထန်သော ရောင်ဝါကြောင့် အမှုန့်အဖြစ်သို့ တိုက်ရိုက် ကြေမွသွားခဲ့သည်။
ကျန့်ဝူရှန်သည် ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ၊ စူးချန်ကဲဆီသို့ အရူးအမူး ပြေးဝင်ကာ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
"မင်း သေချင်နေတာလား ! ငါ ဘယ်သူလဲ သိလား?"
" ငါက ကျန့်တု တော်ဝင်မိသားစုရဲ့ ဒုတိယမင်းသားပဲ !"
ကျန့်ဝူရှန်က ဒေါသတကြီးဖြင့် ဆိုသည်။
" မင်းရဲ့ လမ်းပြ လုပ်ရတာ ငါ့အတွက် ဂုဏ်ယူသင့်တယ်လို့ ပြောရအောင်က မင်းက ဘာကောင်မို့လို့လဲ "
" ကောင်လေး ၊ မင်း ဒီနေ့ ငါ့ကို ကျိုးကြောင်းဆီလျော်တဲ့ ဖြေရှင်းချက်မပေးနိုင်ရင်"
"ဒီနေ့ ငါ့တော်ဝင်မိသားစုကို စော်ကားတဲ့အတွက် ငါ မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး!"
ကွေးယာ ဘိုးဘေးသည် စူးချန်ကဲအား အေးစက်စွာဖြင့် စိုက်ကြည့်နေသည်။
စူးချန်ကဲအား အနည်းငယ် ထိတ်လန့်မိသော်လည်း ၊ သို့သော် ၎င်း၏ အပြုအမှုသည် သူ၏ တော်ဝင်မိသားစုအပေါ် လုံးဝ စော်ကားရာ ရောက်ခဲ့သည် ။
ဤကိစ္စကို ပေါ့ပေါ့တန်တန် ဖြေရှင်းလိုက်မည် ဆိုပါက ၊ ဒါဆို သူတို့ ကျန့်တု တော်ဝင်မိသားစုကို လူတိုင်း စော်ကားနေတော့မှာပေါ့?
" ဖြေရှင်းချက်?"
စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ၊ သူ့ရင်ဘက်ထဲက ကျောက်စိမ်းဆွဲပြားကို ထုတ်ကာ အဖိုးအိုထံသို့ ပစ်ပေးလိုက်သည်။
" ခင်ဗျား ဒီပစ္စည်းထဲမှာ ရှိတဲ့အရာကို အရင်ခံစားကြည့် "
" ပြီးမှ ကျုပ် သခင်လေးနဲ့ ဆက်ပြောတာပေါ့"
ပြောပြီးသည်နှင့် ၊ စူးချန်ကဲသည် သူ့ဟာသူ အေးအေးလူလူ ယပ်ခတ်နေလေ၏။
သူ့အမူအယာသည် လွန်စွာ တည်ငြိမ်လွန်းပြီး ၊ အရမ်းမိမိုက်ပေသည်။
ဤမြင်ကွင်းက ပွဲကြည့်ပရိတ်သတ်များကို ပို၍ သိချင်လာအောင် ပြုစားနေသည်။
" မဟုတ်မှလွဲရော ဒီလူငယ်လေးရဲ့ နောက်ခံက ကြီးလို့များလား?"
မူလက စူးချန်ကဲကို တိုက်ခိုက်ရန် ဟန်ပြင်နေခဲ့သည့် ကျန့်ဝူရှန်မှာ တုံ့ဆိုင်းသွားပြီး တအံ့တဩ ကြည့်နေသည်။
စူးချန်ကဲသည် ဆိုးသွမ်းသော အပြုံးဖြင့် သူ့ကို စိုက်ကြည့်နေသည်မှာ သူ့အား ဆိုးရွားသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
တဖက်လူ၏ ခြယ်လှယ်ခြင်းကို ခံနေရသည့် ခံစားချက်အတိုင်း ။
" ဘိုးဘေး၊ ဒီကောင် တမင်တကာ ညစ်ပတ်နေတာပဲ ဖြစ်မယ်!"
"ပါးစပ်ပိတ်ထား!"
ကွေးယာဘိုးဘွား က ဒေါသတကြီး အော်ငေါက်လိုက်သည်။
သူ့မြေး၏ အကျင့်စရိုက်ကို သူ ကောင်းကောင်းကြီး သိပေသည်။
၎င်းသည် ကျန့်ထုတော်ဝင်မိသားစုကို အကြောင်းပြုကာ နေရာတကာ ပြသနာရှာနေသူ ဖြစ်သည်။ ကျန့်ဝူရှန်သာ သူ့မြေးမဟုတ်ပါက၊ ဒီလိုအကောင်မျိုးကို သူ သတ်ပစ်တာ ကြာပေါ့!
ယခုအချိန်တွင် ကွေးယာဘိုးဘေးသည် သူ၏ နတ်အသိစိတ်ဖြင့် ထိုပစ္စည်းထဲသို့ ဝင်ရောက်ကြည့်ရှုလိုက်သည်။
ထို့နောက် ၊ သူ၏ နတ်အသိစိတ်မှာ ဆိတ်သုဉ်းသော နယ်မြေကမ္ဘာထဲသို့ ဝင်ရောက်လာခဲ့သည်။
သံသယအပြည့်ဖြင့် ဝင်ရောက်နေတုန်း ၊
သူသည် တစ်စုံတစ်ခုကို ရုတ်ချည်း ခံစားမိပြီး ၊
ခေါင်းမော့ကြည့်လိုက်သည်။
သူ့ခေါင်းတစ်ခုလုံးကို ထူပူသွားစေသည့် မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။
ကျယ်ပြောလှသော ကောင်းကင်ယံထက်တွင် ကြီးကျယ်ခမ်းနားသော ရုပ်သွင်တစ်ခု ရှိနေသည်။
ထိုပုဂ္ဂိုလ်သည် ကြယ်ရောင်စုံသော ကောင်းကင်ကြီးကို သူ၏ ကိုယ်ပိုင် ကျင့်ကြံဖျာအဖြစ် လည်းကောင်း၊ မြင့်မြတ်သော လမ်းစဉ်ကို ၎င်း၏ စွမ်းအင်အဖြစ် လည်းကောင်း အသုံးပြုနေသည်။
ဤကမ္ဘာပေါ်ရှိ အရာအားလုံးသည် သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အတိုင်းပင်။
ထိုအနှီပုဂ္ဂိုလ်သည် သူ့ကို တွေ့ရှိသွားပုံရသည်။
သူ့ကို တချက် စွေကြည့်ခဲ့သည်။
ထို့နောက်တွင် ကြီးကျယ်ခမ်းနားသော နတ်ဘုရား တစ်ပါး၏ အသံသည် နေရာတစ်ဝှမ်းလုံး ပဲ့တင်ထပ်သွားခဲ့သည်။
"ထွက်သွားစမ်း"
အပိုင်း(၂၂၁): မထင်မှတ်ထားသော အပြောင်းအလဲ
စကားတစ်ခွန်းတည်းဖြင့် ကွေးယာဘိုးဘေး၏ တာအိုစိတ်နှလုံးသားကို တုန်လှုပ်သွားစေပြီး ပြိုလဲလုနီးပါး ဖြစ်ခဲ့ရသည်။
ဤမျှ ကြီးကျယ်ခမ်းနားသော ရုပ်သွင်၏ ရှေ့တွင် သူသည် အလွန်သေးငယ်သော အင်းဆက် တစ်ကောင်မျှသာ ဖြစ်ပြီး ၊
ထိုရုပ်သွင်မှာမူ ၊ အလွန်တောက်ပသော ကြယ်တစ်ပွင့်ပင်။
သူသည် တာအိုဘာသာကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ၊ ယခုလို သိမ်ငယ်စိတ်မျိုး ဘယ်သောအခါမှ မခံစားရခဲ့ပေ။
ကွေးယာ ဘိုးဘေးမှာ အေးခဲစွာဖြင့် ရပ်နေသည်။
ကျန့်ဝူရှန်သည် မစောင့်ဆိုင်းနိုင်တော့ဘဲ တွန်းထုတ်လိုက်သည့် အခါမှသာလျှင် ၊
ကွေးယာဘိုးဘွားမှာ ရုတ်တရက် နိုးထလာခဲ့သည်။
ယခုအခိုက်အတန့်တွင် သူ့မျက်နှာ တစ်ခုလုံး ပြာနှမ်းနေပြီး ၊ စိတ်နဲ့ လူနဲ့ မကပ်ပုံ ရသည်။
သို့သော် ကျန့်ဝူရှန်သည် အခြေအနေကို နားမလည်ဘဲ ၊ စူးချန်ကဲမှ မကောင်းသော မှော်အတတ်ပညာကို တစ်ခုခုကို အသုံးပြုခဲ့သည် ဟု မှတ်ယူခဲ့သည်။
" ဟေ့ကောင်! မင်း မကောင်းတဲ့ မှော်အတတ်ပညာကို သုံးရဲတယ်ပေါ့လေ?"
ထိုစကားကို ကြားတော့၊ စူးချန်ကဲ ပြုံးလေသည်။
မရဏကမ္ဘာသည် ဆိုးရွားသော သရဲတစ္ဆေများ ၏ ကမ္ဘာတစ်ခုပင် ဖြစ်သည် ။ ဤအချက်ကိုမှ မထောက် ၊ မိမိသည် မကောင်းတဲ့ မှော်အတတ်ကို အသုံးပြုခဲ့သည် ဟု စွပ်စွဲဝံ့သည်။
ခွေးက ခွေးစကားမပြောဘူး !
စူးချန်ကဲ အနေဖြင့် ကျန့်ဝူရှန်နှင့် ယှဉ်ပြောရန် ပျင်းလွန်းပေသည်။
သူသည် တအံ့တဩ ဖြစ်နေသော ကွေးယာဘိုးဘေးကို ကြည့်ရင်း ၊ အပြုံးမပျက် ဆိုလိုက်သည်။
" ဘယ်လိုလဲ ၊ ခံစားကြည့်ပြီးပြီ ဆိုရင်လည်း ကျောက်စိမ်းဆွဲပြားကို ပြန်ပေးဖို့ အချိန်တန်ပြီမဟုတ်လား"
ထိုအသံကို ကြားပြီးသည်နှင့် ၊ ကွေးယာ ဘိုးဘေးမှာ တုန်လှုပ်သွားသည်။
ကွေးယာဘိုးဘေးသည် ကျောက်စိမ်းဆွဲပြားကို စူးချန်ကဲထံသို့ လက်နှစ်ဘက်ဖြင့် တရိုတသေ ပြန်အပ်နေသည်ကို မြင်လိုက်ရသော ပွဲကြည့်ပရိတ်သတ်များမှာ ထိတ်လန့်သွားကြသည်။
"သခင်လေး... အပြစ်မတင်ပါနဲ့..."
ပွဲကြည့်ပရိတ်သတ်များမှာ ယခုထက်ထိ ကြောက်အမ်းနေဆဲပင်။
" သခင်လေး? ကွေးယာဘိုးဘေးက ဒီလူငယ်ကို "သခင်လေး" တဲ့လား?"
ကွေးယာဘိုးဘေးသည် ကျန့်ထုတော်ဝင်မိသားစု၏ ဘိုးဘေး တစ်ဦး ဖြစ်ရုံသာမက ၊ ၎င်း၏ သက်တမ်းမှာလည်း ဤနေရာရှိ သြဇာကြီးမားသူများထက် ပိုမြင့်မားသည်။
ကျောက်စိမ်းဆွဲပြားကို ကြည့်လိုက်ရုံနဲ့ ၊ သူ့ရဲ့ စိတ်နေသဘောထားကို ဒီလောက် မြန်မြန် ပြောင်းလဲသွားစေနိုင်သတဲ့လား !?
ဒီကျောက်စိမ်းဆွဲပြားမှာ တကယ်ပဲ မကောင်းတဲ့ မှော်အတတ်တွေ ရှိနေတာလား?
အမှန်တွင်မူ ၊ စူးချန်ကဲ ခရီးမထွက်လာမီ အဝေးဘိုးဘေး၏ နတ်အာရုံ အသိစိတ်ကို ချန်ထားသော ဤကျောက်စိမ်းဆွဲပြားကို သူ့အား လွှဲပြောင်းပေးခဲ့သည်။
ဤသည်မှာ သူ၏ ဝှက်ဖဲများထဲမှ တစ်ခု ဆိုလည်း ဟုတ်သည်။
ဤကဲ့သို့ အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက်နှင့် ခြိမ်းခြောက်ရုံဖြင့် စူးချန်ကဲသည် သူ၏ သရုပ်မှန်ကို ထုတ်ဖော်ပြောဆိုခြင်းမှ တားဆီးနိုင်သလို ၊ တစ်ချိန်တည်းမှာပင် သူ၏ အသက်အန္တရာယ်ကို အာမခံနိုင်မည် ဖြစ်သည်။
ကွေးယာဘိုးဘေး၏ အမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေသည် ။
သူ့စိတ်ထဲ၌ ကြီးမားသော ရိုတ်ခတ်မှုတစ်ခု ဖြစ်ခဲ့ရသည်။
ဤနတ်အသိစိတ်၏ စွမ်းအားသည် လမ်းစဉ်နှင့် ပတ်သတ်၍ သူ နားလည်နိုင်သော အသိပညာထက် ကျော်လွန်နေခဲ့ပြီပင်။
ဧကရာဇ်မင်းမြတ်ပင် မဆိုနှင့် ၊ ဧကရာဇ်မင်းမြတ်နှင့် အထက်ရှိ ပုဂ္ဂိုလ်များပင်လျှင် ဤအရာကို နားလည်နိုင်စွမ်း ရှိကြလိမ့်မည် မဟုတ်ချေ။
ကွေးယာဘိုးဘေးသည် လက်ကို နောက်ပစ်လျက် အေးအေးလူလူ ရပ်နေသော စူးချန်ကဲကို တဖန် ပြန်ကြည့်လိုက်သည်။
အထူးသဖြင့် ၊ ၎င်း၏ တည်ငြိမ်အေးဆေးသော အမူအယာသည် ကွေးယာဘိုးဘေး၏ ခေါင်းတစ်ခုလုံးကို ကျိန်းသွားစေသည်။
အန္တရာယ်များလိုက်တာ !
အလွန် အန္တရာယ်များပေတယ် !
ဒီလူက သူတို့ ကျန့်ထုတော်ဝင်မိသားစုကိုတောင် ချေမှုန်းနိုင်တဲ့ အင်အားမျိုး ရှိတယ်.. မဟုတ်ဘူး ! ဒီ မရဏကမ္ဘာ တစ်ခုလုံးကိုတောင် ပျောက်ကွယ်သွားအောင် လုပ်နိုင်တယ် !
ကျန့်ဝူရှန်မှာမူ အလွန် ဒေါသထွက်နေလေ၏။
" ကောင်စုတ်လေး! ဒါ ဘယ်သူလဲဆိုတာ မင်းသိလား!?"
"ဒါက ကျန့်ထု တော်ဝင်မိသားစုရဲ့ ဘိုးဘေးပဲ ၊ဒီနေ့ ငါ့ကို ရိုက်နှက်တဲ့အပြင် ငါ့ဘိုးဘေးအပေါ် မကောင်းတဲ့ မှော်အတတ်တွေကို အသုံးပြုသေးတယ် !"
"မင်း ငါ့ကို ဒူးထောက်ကန်တော့ပြီး မတောင်းပန်ရင် ၊ ဒီကနေ ထွက်သွားဖို့ မစဉ်းစားနဲ့ "
ထိုစကားများကို ကြားလိုက်ရသော ကွေးယာ ဘိုးဘေးသည် ကျန့်ဝူရှန်ဘက်သို့ ရုတ်ချည်း လှည့်ကြည့်လာသည်။
မူလက ဒေါသတကြီးဖြင့် ငေါက်ငမ်းပြနေသော ကျန့်ဝူရှန်ခမျာ ထိတ်လန့်သွားသည်။
သူသည် စူးချန်ကဲ၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသော သားကောင်လေးသဖွယ် ဖုတ်ပူမီးတိုက် ဟန်ဆောင်ပြလေသည်။
"ကျေးဇူးပြုပြီး ဘိုးဘေး၊ မြေးလေးအတွက် ဆုံးဖြတ်ပေးပါဦး..."
ကျန့်ဝူရှန်၏ ဤပုံစံကို မြင်နေရသော ကွေးယာ ဘိုးဘေး၏ ဒေါသမှာ ဝုန်းခနဲ့ ပေါက်ကွဲလာခဲ့သည်။
" အယုတ်တမာ မြေး!"
ဖြန်း !
ပါးရိုက်သံ တချက်ကို လူတိုင်း ကြားလိုက်ရပြီး ၊ ထိုအသံသည် ဤနေရာတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
မူလက မကျေနပ်သည့် ဇာတ်ကွက်ကို သရုပ်ဆောင်နေခဲ့သော ကျန့်ဝူရှန်ခမျာ ပါးရိုက်ခံလိုက်ရပြီး အဝေးသို့ လွှင့်ထွက်သွားသည်။
" ကောင်စုတ်လေး! သခင်လေးကို မင်း တချိန်လုံး စော်ကားနေတာ ၊ မင်း သေချင်လို့လား!"
"သခင်လေးရဲ့ လမ်းပြ လုပ်ပေးရတာ မင်း ဂုဏ်ယူသင့်တယ် !"
ကွေးယာ ဘိုးဘေးသည် သူ့မြေး၏ အကျင့်စရိုက်ကို တချိန်လုံး သိထားသည်။
အခုတော့ ကောင်းရော ! တကယ့် ပုဂ္ဂိုလ်ကိုမှ သွားအနိုင်ကျင့်ရသလား?
ထိုပုဂ္ဂိုလ်သာ အမျက်ဒေါသ ထွက်သွားရင်ဖြင့် ၊ သူတို့ ကျန့်ထု တော်ဝင်မိသားစု တစ်ခုလုံး ချေမှုန်းခံရမည်ကို စိုးရသည်။
တစ်ဖက်ရှိ ကျန့်ဝူရှန်မှာမူ ၊ ပါးရိုက်ခံလိုက်ရသော မျက်နှာကို လက်ဖြင့် အုပ်လျက် မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။
သူသည် ကွေးယာဘိုးဘေး၏ အချစ်ဆုံးမြေးဖြစ်သည်။
ဒါပေမဲ့ အခု သူ့ကို တကယ်ကြီး ရိုက်နှက်ခဲ့တာလား?
"အဘိုး၊ ဘာလို့ ကျွန်တော်ကို ရိုက်တာလဲ"
ကျန့်ဝူရှန်၏ ဗလုံးဗထွေးစကားများသည် ကွေးယာဘိုးဘေးကို ပို၍ ဒေါသဖြစ်စေခဲ့သည်။
"ဘာလို့ ရိုက်လိုက်တာလဲ ဟုတ်လား"
" ငါ ဒီနေ့ မင်းကို သေအောင်ရိုက်မယ်!!"
ကွေးယာဘိုးဘေးသည် အလွန် ဒေါသထွက်နေပုံရပြီး ၊ နောက်ထပ် ပါးရိုက်သံ တချက် ထွက်ပေါ်လာပြန်သည်။
ဖြန်း !
" အဟွတ် ..."
ဤတစ်ကြိမ်တွင် ကျန့်ဝူရှန်သည် အဝေးသို့ လွှင့်စင်သွားပြီး ၊ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။
ကြိုးပြတ်၍ လွှင့်ပျံသွားသော စွန် အလား။
ကွေးယာဘိုးဘေးသည် စူးချန်ကဲအား တချက် ကြည့်လိုက်သည်။
စူးချန်ကဲသည် အပြုံးမပျက် ရပ်ကြည့်နေသေးမှန်း တွေ့လိုက်ရသည်။
သူ၏ ဤအပြုအမှုသည် စူးချန်ကဲ၏ ဒေါသကို မဖြေလျှော့နိုင်သေးမှန်း သိလိုက်သည်။
"မဖြစ်ဘူး ၊ ဒီသခင်လေးကို စိတ်ပြေအောင် မလုပ်နိုင်ရင် ငါ့ရဲ့ ကျန့်တုတော်ဝင်မိသားစု တစ်ခုလုံး ပျောက်ကွယ်သွားမှာကို စိုးရတယ် "
ကွေးယာဘိုးဘေးသည် မျက်နှာတစ်ခြမ်းလုံး ရောင်ယမ်းနေပြီ ဖြစ်သော ကျန့်ဝူရှန်ကို တစ်ဖန် ပြန်ကြည့်လိုက်သည်။
သူသည် ရှေ့ကို အမြန်ပြေးတတ်ကာ ကျန့်ဝူရှန်အား ဆွဲထူလိုက်ပြီး ချက်ချင်းဆိုသလို ထပ်မံ ရိုက်နှက်ပြန်သည်။
ဖြန်း ဖြန်း ဖြန်း !
ကြည့်ရှုသူများ အနေဖြင့် ၊ ကျန့်ဝူရှန်သည် မြေးတစ်ယောက် ဖြစ်မှန်း မသိခဲ့ပါက ၊ ဤကွေးယာဘိုးဘေးသည် ကျန့်ဝူရှန်အပေါ် ရန်ငြိုးထားနေသည် ဟု အထင်လွဲသွားနိုင်သည်။
ဤသင်္ချိုင်းမြေရှိ သန်မာသော ပုဂ္ဂိုလ်တချို့သည် စူးချန်ကဲကို ကြည့်ရင်း ၊ တစ်ဖန် သွေးထွက်အောင်အထိ ပါးရိုက်ခံထားရသော ကျန့်ဝူရှန်ကို ကြည့်လိုက်ပြန်သည်။
သူတို့အားလုံး ဇဇဝေဇဝါ ဖြစ်နေကြသည်။
စူးချန်ကဲသာလျှင် အသက်အန္တရာယ် ကြုံတွေ့ရမည် ဟု ထင်ခဲ့ကြသော်လည်း ၊သို့သော် ယခုလို ပြောင်းပြန် ဖြစ်လိမ့်မည်ဟု မည်သူကများ သိလိမ့်မည်နည်း။
"အွန်... ဒီလူငယ်ကလေးက တကယ်ပဲ ဘယ်သူမို့တုန်း ၊ ကျောက်စိမ်းဆွဲပြားကို လှမ်းပစ်ပေးရုံနဲ့တင် ကျန့်ထုတော်ဝင်မိသားစုရဲ့ ကွေးယာဘိုးဘေးက ဒီလောက်တောင် ကြောက်ရသလား?"
"မေးခွန်းတွေ ထပ်မေးမနေနဲ့တော့ ၊ ဒီလူငယ်လေးရဲ့ မူလဇစ်မြစ်က ငါတို့ တွေးထားတာထက် ကျော်လွန်နေရမယ် ၊ ဒီကိစ္စတွေ ပြီးသွားရင် သူနဲ့ ဆုံဖို့ သေချာပေါက် အခွင့်ရှာရမယ်"
လူတော်တော်များများက တိတ်တိတ်လေး ခေါင်းညိတ်လိုက်ကြသည်။
ဤကဲ့သို့ ကြံ့ခိုင်သော ကာယစွမ်းအား ၊ သေစေနိုင်သော စွမ်းအားအရှိဆုံး ဓားကျင့်ကြံသူကို သူတို့ တခါမျှ မကြုံဖူးသလို မကြားလည်း မကြားဖူးပေ။
ထို့အပြင် အင်အားကြီးမားသော နောက်ခံရှိသည့် ဤကဲ့သို့သော အရည်အချင်းရှိသူဖြင့် မိတ်ဆွေဖွဲ့နိုင်မည် ဆိုပါက ၊ ရလာမည့် အကျိုးကျေးဇူးများမှာ မနည်းမနှောချေ။
" ငါ ပြောမယ် ၊ ငါ့သမီးကို ဒီသခင်လေးနဲ့ ပေးစားလိုက်ရင် မကောင်းဘူးလား.."
" ဘယ်လို ! မင်းတို့ ယင် မြွေမျိုးနွယ်စုက အမြီးတွေနဲ့ ၊ ဥ ဥလို့မရရင် ဘယ်လိုလုပ်မလဲ !"
" ဒီသခင်လေးလို အရည်အချင်းရှိတဲ့ သူကသာလျှင် ငါတို့ တစ္စေကြက် မျိုးနွယ်စုရဲ့ မင်းသမီးနှင့် လိုက်ဖက်တယ် "
ယင် မြွေမျိုးနွယ်စု၏သခင်ဖြစ်သူက အနိုင်မခံ ဆက်ဆိုလေသည်။
"မင်းမေကြီးတော်မှပဲ ! မင်းတို့ တစ္စေကြက် မျိုးနွယ်စုက ဧကရာဇ်မင်းမြတ် တစ်ပါးကို မွေးထုတ်ပေးနိုင်လို့လား?"
"....."
ခဏအကြာတွင် ၊ ကွေးယာဘိုးဘေးသည် ကျန့်ဝူရှန်ကို ကုတ်ဆွဲ၍ စူးချန်ကဲ၏ ရှေ့မှောက်သို့ ခေါ်ချလာခဲ့သည်။
" ကောင်စုတ်လေး ၊ သခင်လေးကို ကောင်းကောင်း တောင်းပန်စမ်း ၊မဟုတ်ရင်.."
ကွေးယာ ဘိုးဘေး၏ လေသံမှာ အေးစက်လွန်းသည်။
ယင်းက ကျန့်ဝူရှန် တစ်ကိုယ်လုံး တုန်လှုပ်သွားစေသည်။
သူ ကလေးအရွယ်ကတည်းက ယခုအချိန်ထိ ၊ ကွေးယာဘိုးဘေး၏ ဒေါသကို ဒါပထမဆုံးအကြိမ် အဖြစ် သူ မြင်ဖူးခြင်း ဖြစ်သည်။
သူ စူးချန်ကဲကို ကြည့်ပြန်တော့ ၊ ၎င်းက သူ့အား အပြုံးမပျက် စိုက်ကြည့်နေသည် ။
ကျန့်ဝူရှန် တစ်ခေါင်းလုံး ထူပူသွားသည်။
သူ ကြီးကျယ်ခမ်းနားတဲ့ လူတစ်ယောက်ကို စော်ကားခဲ့မိလေသလား?
တုံ့ဆိုင်းနေသော မြေးဖြစ်သူ၏ ပုံစံကို ကြည့်ရင်း ၊ ကွေးယာဘိုးဘေးမှာ ပိုလို့တောင် ဒေါသဖြစ်သွားသည်။
ချက်ချင်းဆိုသလို ကျန့်ဝူရှန်အား ဖြန်းခနဲ့ ရိုက်ချလိုက်ပြန်သည်။
ကွေးယာဘိုးဘေးမှာ ကျန့်ဝူရှန်အား ရိုက်လိုက် ၊ ဆဲလိုက်ဖြင့်။
" ကောင်စုတ်လေး ၊ စားဖို့သောက်ဖို့ပဲ သိတယ်!"
" ကိုယ့်ထက်အကြီးကို စော်ကားစရာလား!စော်ကားစရာလား!"
ကွေးယာဘိုးဘေးသည် ကျန့်ဝူရှန်၏ ခေါင်းကို ဆောင့်ဆောင့်ချရင်း ၊ ဒေါသတကြီး ကျိန်ဆဲနေတော့သည်။
ပွဲကြည့်ပရိတ်သတ်ကြီး အနေဖြင့် အဖိုးဖြစ်သူမှ မြေးဖြစ်သူအပေါ် သင်ကြားပေးနေသည့် ဇာတ်ကွက်အပေါ် မည်သို့ ညွှန်းဆိုရမယ် မသိ။
သို့သော် သူတို့ သေချာသိလိုက်သည့်အရာမှာ သူတို့ရှေ့က ထိုလူငယ်လေးသည် သာမန်လူမဟုတ်မှန်း အတပ်ပြောနိုင်သည်။
နောက်မှ ထိုအနှီလူငယ်လေးနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရပေဦးမည်။
အပိုင်း(၂၂၂): မေဟွိမ်းနွီ လာပြီ ၊ တော်လိုက်တဲ့ သရုပ်ဆောင်စကေး
ကျန့်ဝူရှန်ခမျာ ကွေးယာ ဘိုးဘေး၏ အကြိမ်များစွာ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီးနောက် ၊
သူ့မျက်နှာ တစ်ခုလုံး သွေးများစို့နေပြီး ၊ သွေးနှင့် မျက်ရည် ရောပြွန်ကာ စီးကျနေသည်။
ကျန့်ဝူရှန်တစ်ယောက် ဇဝေဇဝါ ဖြစ်နေမိသည်။
ငါလေးက တကယ်ပဲ မြေးအရင်းဟုတ်ရဲ့လား ?
" တော်လောက်ပြီ "
စူးချန်ကဲ၏ မျက်လုံးများမှာ ဝင်းလက် တောက်ပနေသည်။
မည်သို့ပင် ဖြစ်စေ ၊ လုံလောက်တဲ့ သင်ခန်းစာ ပေးပြီးပြီမို့ ဆက်ပြီး ရိုက်နှက်နေဦးမည် ဆိုပါက ၊ လူလည်း သေပေတော့မည်။
တဖက်ကလည်း အတော်လေး အားစိုက်ထားပုံရပေသည်။
"ကျေးဇူးတင်ပါတယ် သခင်လေး!"
ယခုအချိန်မှသာလျှင် ၊ ကွေးယာဘိုးဘေးမှာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချနိုင်တော့သည်။ အကယ်၍ စူးချန်ကဲသာ မကျေနပ်ရင်ဖြင့် ၊
ဒါဆို သူ့တွင်လည်း နည်းလမ်းမရှိတော့ချေ။ဤကဲ့သို့ နောက်ခံ အဆင့်အတန်းမျိုး ရှိသူတစ်ယောက်အနေဖြင့် သူတို့၏ ကျန့်ထုတော်ဝင်မိသားစုကို စော်ကားဖို့ပင် မဆိုနှင့် ၊ စကားနဲ့တောင် ထည့်ပြောလိမ့်မည် မဟုတ်။
" ကောင်စုတ်လေး ဦိးချလိုက်လေ ၊ သခင်လေးရဲ့ ကြင်နာမှုကို ကျေးဇူးတင်ရမယ်! "
ကွေးယာဘိုးဘေး သည် ကျန့်ဝူရှန်အား ထပ်မံကြိမ်းမောင်းလိုက်သည်။
ဤတစ်ခေါက် အခြေအနေသည် တကယ်ကို အန္တရာယ်များခဲ့ပေသည်။
မြေးကောင်းမှုကြောင့် တစ်မိသားစုလုံး သေမယ့်ကိန်း စိုက်နေပြီလေ !
ကျန့်ဝူရှန်၏ စိတ်ထဲတွင် အရိပ်မည်းကြီး တစ်ခု အဖြစ် ကျန်ရစ်နေခဲ့သည်။သူသည် များများစားစား မမေးဝံ့ရဲသလို ၊ ထပ်မပြောဝံ့တော့ဘဲ နာခံစွာဖြင့် ဦးချလိုက်သည်။
" သခင်လေးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် !"
စူးချန်ကဲက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ဆိုလိုသည်မှာ ဒီကိစ္စ ဒီလောက်နဲ့တင် အဆုံးသတ်ပေမည်။
"သခင်လေး! ကျွန်တော်က တစ္စေမြွေ မျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ ၊ သခင်လေးက ဒီကို ပထမဆုံး ရောက်လာတာဆိုတော့ ၊ သခင်လေးရဲ့ ကိစ္စကို ကျွန်တော်ကို ပေးဂရုစိုက်ခိုင်းလိုက်ပါ့လား "
"သခင်လေး ၊ ကျွန်တော်တို့ တစ္စေကြက် မျိုးနွယ်စုမှာ မရေမတွက်နိုင်တဲ့ အလှလေးတွေ ရှိတယ် ၊ဒီမရဏကမ္ဘာမှာ ကျွန်တော်တို့ တစ္စေကြက် မျိုးနွယ်စုသာလျှင် အရမ်းလှပတဲ့ မိန်းမပျိုလေးတွေ ရှိတာပါ "
"သူတို့ရဲ့ မဟုတ်တဲ့စကားတွေကို နားမထောင်နဲ့ သခင်လေး ၊ ကျွန်တော်တို့ ဟွင်ရှားမျိုးနွယ်စုက ယင် ယန် နည်းလမ်းမှာ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တယ် ၊ သခင်လေး ကျွန်တော်မျိုးနဲ့ ပူးပေါင်းတာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်မှာပါ"
"......"
စူးချန်ကဲ နှင့် ကျန့်ထု တော်ဝင်မိသားစုကြားက ကိစ္စများ အပြီးတိုင် ပြေလည်သွားသည်ကို တွေ့လိုက်ရသည်နှင့် ၊ စူးချန်ကဲကို အရယူရန် ချောင်းနေကြသော ကြည့်ရှုသူများအားလုံး ဝိုင်းအုံလာကြသည်။
စူးချန်ကဲမှာ မျက်မှောင်ကြုတ်နေသည်။ မရဏကမ္ဘာသည် တစ်နှစ်ပတ်လုံး တစ္ဆေစွမ်းအင်များဖြင့် ဖုံးလွှမ်းနေပြီး ၊ ၎င်း၏ အငွေ့အသက်များကို ရေရှည်ရှူရှိုက်မိခြင်းသည် လူ့ခန္ဓာကိုယ်အသွင်အပြင်ကို အလွယ်တကူ ပြောင်းလဲသွားစေနိုင်သည်။
၎င်းတို့အပေါ် တမင်တကာ စော်ကားတာ မဟုတ်သော်လည်း ၊ သို့သော် သူနဲ့ စကားပြောရန် အပြေးအလွှား ဝိုင်းဖွဲ့လာကြသည်မှာ သနားစရာကောင်းပေသည် ။
" ထွက်သွားကြစမ်း!"
ကွေးယာဘိုးဘေးက ကျယ်လောင်စွာ ဟောက်လိုက်သည်။ မှော်စွမ်းအား ပေါင်းထည့်ထားသော အသံလှိုင်း ဖြစ်ပေရာ ၊ လူတိုင်းထံသို့ ပျံ့နှံ့ရောက်ရှိသွားသည်။
" ငါ ကျန့်ထု တော်ဝင်မိသားစုက သခင်လေးကို အပြစ်ပြုမိတယ် ၊ အဲ့တော့ ငါတို့ကပဲ သခင်လေးအတွက် ပြန်အလုပ်အကျွေး ပြုစုသင့်တယ်"
" သခင်လေးရဲ့ ခရီးစဉ်ကို ငါ ကျန့်ထု တော်ဝင်မိသားစုကပဲ ကိုင်တွယ်သွားမယ် ၊ တကယ်လို့ တစ်စုံတစ်ယောက်ကများ အရစ်ရှည်နေရင်..."
ကွေးယာဘိုးဘေး၏ မျက်လုံးများသည် အေးစက်နေပြီး၊ သူ၏ စူးရှသော မျက်လုံးများဖြင့် လူတိုင်းကို ကြည့်လိုက်သည်။
"ငါ ကျန့်ထု တော်ဝင်မိသားစုက ဒီတိုင်း မထားဘူး !"
စူးချန်ကဲကို အခွင့်ကောင်းရန် ကြံစည်နေသူများမှာ ရုတ်တရက် မျက်နှာပျက်သွားကြသည်။
ကျန့်ထု တော်ဝင်မိသားစုသည် သင်္ချိုင်းမြေတွင် ထိပ်တန်းအင်အားစု တစ်ခုဖြစ်ပြီး ၊ သူတို့အနေဖြင့် ၎င်းတို့အား မစော်ကားဝံ့ပေ။
" ကျန့်ထု တော်ဝင်မိသားစု တကယ်ကို အာနုဘော်ကြီးမားပါပေတယ် !"
ထိုအချိန် ၊ အဝေးတစ်နေရာမှ အမျိုးသမီးတစ်ဦး၏ ရယ်သံ တစ်ချက် ထွက်ပေါ်လာခဲ့သည်။
ဤလေသံသည် လေးနက်ပြီး ညို့ယူဖမ်းစားနိုင်သည်။
ကျင့်ကြံမှု အားနည်းသော လူတချို့မှာ ထိုလေသံကို ကြားလိုက်ရသည်နှင့် ၊ ၎င်းတို့၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။
ကွေးယာဘိုးဘေးပင်လျှင် လေးနက်သော အမူအယာဖြင့် ကြည့်နေသည်။
" သုံ့လော့ ချောက်နက် ၊ မေဟွိမ်းနွီ..."
သုံ့လော့ ချောက်နက်သည် သင်္ချိုင်းမြေရှိ ထိပ်တန်း အင်အားစုများထဲမှ တစ်ခု ဖြစ်သည်။
သူတို့၏ အင်အားသည် ကျန့်ထု တော်ဝင်မိသားစုထက် အနည်းငယ် အားနည်းသော်လည်း ၊သို့သော် ၎င်းတို့၏ မွေးရာပါ မှော်စွမ်းအားများကို ကိုင်တွယ်ရန် အလွန် ခက်ခဲသည်။
သူမတို့သည် အခြားသူ၏ အနှစ်သာရကို စုပ်ယူရန် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုရာတွင် ထူးချွန်ပြောင်မြောက်သူများ ဖြစ်သည်။
ပိုပြီး မြင်သာအောင် ဆိုရလျှင်ဖြင့် ၊ ၎င်းတို့သည် နတ်ဆိုးကမ္ဘာရှိ succubus နှင့် အလွန်ဆင်တူသည်။
T/N - succubus : အိပ်နေသည့်ယောက်ျားနှင့်ကာမစပ်ယှက် တတ်သည် ဟု အဆိုရှိသော ဒဏာရီလာ နတ်ဆိုးမ
ရှေ့တွင် အနက်ရောင် မြူခိုးများ တလိပ်လိပ် အုံကြွလာသည်နှင့် အမျှ ၊ အလွန် စွဲမက်ဖို့ ကောင်းသည့် မလုံမလဲ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ပေါ်ထွက်လာသည်။
သွေးနီရောင် ဆံနွယ် နှင့်အတူ၊ သစ်ကြံပိုးခေါက် နှုတ်ခမ်းသားများသည် ( အနီရောင် နှုတ်ခမ်း) သူမ၏ ဖြူစင်သော အသားအရေနှင့် ယှဉ်လျှင် ပို၍ပင် တောက်ပနေသည်။
အထူးသဖြင့် သူမ၏ အရိုးအဆစ်များမှာ အလွန်ကို ဆွဲဆောင်မှု ရှိပေသည်။
စူးချန်ကဲသည်လည်း ထိုအမျိုးသမီးကို သတိပြုမိပြီး၊ သူ၏ မျက်ခုံးမှာ တချက် တွန့်သွားလေသည်။
“ ထင်တဲ့အတိုင်း လူသားမျိုးနွယ်စုကပဲ "
စူးချန်ကဲသည် တဖက်လူထံသို့ ရင်းနှီးသော အငွေ့အသက်ကို ခံစားခဲ့ရသည်။ဤအငွေ့အသက်သည် ၎င်းတို့ လူသားမျိုးနွယ်စုတွင် ရှိသော အငွေ့အသက်နှင့် ဆင်တူသည်။
စူးချန်ကဲသည် သုံ့လော့ ချောက်နက်နှင့် ပတ်သက်သော မှတ်တမ်းများကို ပြန်စဉ်းစားလိုက်သည်။
၎င်းတို့သည် လူသားမျိုးနွယ်စုဝင် ဖြစ်သော ကျင့်ကြံသူများထံမှ အနှစ်သာရကို စုပ်ယူပြီး ၊ ၎င်းတို့၏ ကိုယ်ပိုင် ကျင့်စဉ်အတွက် အထောက်အကူအဖြစ် ပြောင်းလဲအသုံးပြု ကြသည်။
မေဟွိမ်းနွီသည် စူးချန်ကဲကို တချက်ကြည့်လိုက်သည်။
သူမ၏ မျက်လုံးများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။သာမန်ထက် ထူးကဲသည့် ဤကဲ့သို့သော အမျိုးသားမျိုးကို သူမ တစ်ခါမှ မမြင်ဖူးပေ။
သူ၏ ချောမောသော အသွင်အပြင် ၊ ရောင်ဝါတို့သည် ကောင်းကင်ဘုံ ကိုးထပ်မှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါး အလား အောက်မေ့ရသည်။
အထူးသဖြင့် ၊ စူးချန်ကဲကိုယ်ပေါ်မှ ထုတ်လွှတ်သော အားကောင်းသော ယင်းယန် အနှစ်သာရတို့သည် သူမအား သရေယိုကျမတတ် ဖြစ်ခဲ့ရသည်။
"ဒီသခင်လေးရဲ အကူအညီနဲ့.."
"သူ့အနှစ်သာရကို စုပ်ယူနိုင်ခဲ့ရင်... ဒါဆို ငါ..."
မေဟွိမ်းနွီ တစ်ယောက် နေခင်းကြောင်တောင် အိမ်မက် မက်လို့နေသည်။
သူမ၏ နှုတ်ခမ်းသားတို့မှာ တိတ်တိတ်လေး ကွေးညွှတ်သွားသည်။
"ငါ ဒီအနှစ်သာရကို သေချာပေါက် ရအောင် ယူမယ်...."
" ကျွန်မ မေဟွိမ်းနွီ သခင်လေးကို နှုတ်ဆက်ဂါရဝပြုပါတယ် "
မေဟွိမ်းနွီသည် ပြေပြစ်စွာ နှုတ်ဆက်လိုက်ပြီး၊ သူမ ဦးညွှတ်လိုက်သည့် အခါတွင် သူမ၏ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းသော တောင်ထွပ်ကြီး နှစ်လုံးမှာ တမင်တကာ သို့မဟုတ် မရည်ရွယ်ဘဲ ပြသခံလိုက်ရသည် ။
ထို့နောက် သူမသည် နှင်းဖြူရိုးတံ သွယ်လျသော ကျောက်စိမ်းပမာ ခြေထောက်များကို တမင်တကာ ထုတ်ဖော်ပြသလိုက်ပြီး ၊ လူကို ညို့ယူဆွဲဆောင်နေသော လေသံဖြင့် ဆိုလိုက်သည်။
စူးချန်ကဲ အနားရှိ လော့ရန်ယွီ နှင့် ထန်ဝူအာတို့မှာ အဆင်မပြေ ဖြစ်နေကြသည်။
တစ်ခုခု ရှုံးသွားတဲ့ ခံစားချက်လိုမျိုး ...။
စူးချန်ကဲသည် ပေါ့ပေါ့ပါးပါး တချက်ကြည့်လိုက်ပြီး ၊ တည်ငြိမ်သော အမူအယာဖြင့် ဆိုလိုက်သည်။
" မြေခွေးမတွေများ သိပ် ဟန်ဆောင်ကောင်းတာပဲ"
ထိုစကားတစ်ခွန်း ထွက်ကျလာသည်နှင့် တပြိုင်နက် ၊ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
စူးချန်ကဲသည် တဖက်လူအား မျက်နှာသာ မပေးဘဲ ယခုလို တိုက်ရိုက်ပြောထွက်လိမ့်မည် ဟု မည်သူမျှ မမျှော်လင့်ထားပေ။
"နင်!...."
မေဟွိန်းနွီမှာ မျက်လုံးများ ပြူးကျယ်လျက် ဒေါသတကြီး ဖြစ်နေရှာသည်။သူမ၏ လှည့်ကွက်သည် အလုပ်မဖြစ်ခဲ့ချေ။
ဒါတင်မက ၊ တဖက်လူက သူမကို ခုလို စော်ကားလိုက်သတဲ့လား ?
သူမသည် သုံ့လော့ချောက်နက်၏ အမွေဆက်ခံသူ ဖြစ်သည်။
ဤသင်္ချိုင်းမြေတစ်ခုလုံးတွင် မည်သူကများ သူမအား ဤကဲ့သို့ ပြောဆိုဝံ့သနည်း။
"စိတ်လျှော့! စိတ်လျှော့!"
"ငါ ဒေါသထွက်လို့ မဖြစ်ဘူး ၊ သူ့ရဲ့ အနှစ်သာရက ငါ့အတွက် အရမ်းအရေးကြီးတယ်!"
မေဟွိမ်းနွီသည် သူမ၏ ဒေါသကို မျိုသိပ်လိုက်သည်။
တစ်ဖန် သနားချင်စရာကောင်းသော ဟန်ပန်ဖြင့် ၊ နူးနူးညံ့ညံ ဆိုပြန်သည်။
သူမ၏ နှုတ်ခမ်းသားကို အနည်းငယ် ဖွင့်ဟလိုက်ရုံဖြင့် ထွက်ပေါ်လာသော သူမ၏ အသံလေးသည် လူအများ၏ နှလုံးသားကို အဆက်မပြတ် ညို့ယူဖမ်းစားနေခဲ့သည်။
"သခင်လေး... ကျွန်တော်မျိုးမ သခင်လေးကို ပြစ်မှားချင်စိတ် မရှိပါဘူး.."
" သခင်လေးက လူကြီးလူကောင်းဆန်ပြီး ထက်မြက်တာကို မြင်တော့ သခင်လေးနဲ့ ရင်းနှီးချင်ရုံသက်သက်ပါ..."
ထိုစကားကို ပြောရင်းဖြင့် ၊ သူမ၏ မျက်ဝန်းများမှာ မျက်ရည်များ ဝဲလျက် ၊ အသံမှာ ဆို့နင်နေသည်။
"ကျွန်တော်မျိုးမ သခင်လေး စော်ကားခဲ့ရင် ၊ ကျေးဇူးပြုပြီး အပြစ်ပေးလိုက်ပါ..."
ဤသနားစရာကောင်းသော အသံသည် ကြည့်ရှုသူများကို သွားဂရုစိုက်ချင်စိတ် ဖြစ်ပေါ်စေသည်။
လူတချို့မှာ မေဟွိမ်းနွီကို ကြည့်လိုက် ၊ စူးချန်ကဲကို ကြည့်လိုက်ဖြင့်။
စူးချန်ကဲအား စာနာစိတ်မရှိတဲ့လူ ဟု သူတို့ ကျယ်ကျယ်လောင်လောင် စွပ်စွဲလိုက်ချင်သည်။
ဒီလောက်လှတဲ့ မိန်းမပျိုလေးကို အနိုင်ကျင့်တာ ဒါ ဘာသဘောလဲ?
သို့သော် စူးချန်ကဲတွင် ခွန်အားနှင့် နောက်ခံ အားလုံးကို ပိုင်ဆိုင်ထားသည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်ကို ပြစ်မှားမိရင်ဖြင့် ၊ တစ်မျိုးလုံး တစ်ဆွေလုံး ပျက်သုန်းသွားမည်ကို ကြောက်ရသည်။
အဆုံးတွင် ၊ ဤအကြောင်းပြချက်ဖြင့် မိန်းမပျိုလေးအပေါ် ကာကွယ်လိုသော ဆန္ဒကို ချုပ်တည်းခဲ့ရလေသည် ။
" တော်... တော်လိုက်တဲ့ သရုပ်ဆောင်စွမ်းရည်!"
အရိုက်ခံထားရသော ကျန့်ဝူရှန်က ဘေးနားကနေ တိတ်တိတ်လေး သက်ပြင်းချနေခဲ့သည်။
သူသည် ထိုမိန်းမပျိုအကြောင်း အတော်လေး သိထားပုံရသည်။
သိမှာပေါ့ ၊ အဲ့မိန်းကလေးရဲ့ လှည့်စားတာကို ခံရဖူးတာကိုး ။
သူသာ ကျန့်တု တော်ဝင်မိသားစု၏ မင်းသားတစ်ပါး မဟုတ်ခဲ့ပါက၊ သူသည် ဤမေဟွိမ်းနွီ၏ စုပ်ယူသတ်ဖြတ်ခြင်းကို ခံနေရလောက်ပြီပင် ။
ထိုအချိန်မှစ၍ သူ့ရင်ထဲ၌ မေဟွိမ်းနွီ၏ အရိပ်မည်းကြီးက ကျန်ရစ်နေခဲ့သည်။
နှစ်အတော်ကြာ မတွေ့ခဲ့ရာမှ ၊ မေဟွိမ်းနွီ၏ သရုပ်ဆောင်စွမ်းရည်များမှာ အတော်လေး တိုးတတ်လာမည် ဟု သူ ထင်မထားခဲ့ပေ။
အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ ကျန့်ဝူရှန်၏ သရုပ်ဆောင်စွမ်းရည်သည် သူမထံမှ ခိုးယူတတ်မြောက်လာခြင်းပင် ဖြစ်သည်။
ဤကဲ့သို့စွမ်းရည်မျိုးကို အဘယ့်ကြောင့် သင်ယူသင့်သနည်း။
ဤသည်မှာ မေးခွန်းကောင်းတစ်ခု ဖြစ်သည်။ မရဏကမ္ဘာသည် အလွန်ရှုပ်ထွေးသည်။အကယ်၍ စူးချန်ကဲ ကဲ့သို့ ခက်ထန်ကြမ်းတမ်းသောကောင်မျိုးနှင့် ကြုံတွေ့ရပါက ၊
ခုပဲကြည့်လေ ! သရုပ်ဆောင်စကေး ကောင်းသ၍ လွယ်လွယ်နဲ့ မသေဘူး !
" ကြည့်ရတာ ငိုရုံနဲ့ မလုံလောက်ဘူးပဲ!"
"နောက်ဆို သနားစရာကောင်းအောင် သရုပ်ဆောင်ရမလား?"
ကျန့်ဝူရှန်တစ်ယောက် တိတ်တိတ်လေး ကောက်ချက်ချလိုက်သည်။
ဤမေဟွိမ်းနွီအကြောင်း သူသာ မသိခဲ့ရင်ဖြင့် ၊ စောနက သူမ၏ သရုပ်ဆောင်မှုအောက်တွင် သူသည်လည်း တခြားသူများနည်းတူ လှည့်စားခံရမှာကို စိုးရသည်။
"သရုပ်ဆောင်တာ မဆိုးဘူး"
ရူးသွပ်စွာ သရုပ်ဆောင်ပြနေသော မေဟွိမ်းနွီကို ကြည့်ရင်း ၊ စူးချန်ကဲ က ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်သည်။
"ဒါပေမယ့် ငါအမုန်းဆုံးက တခြားသူအပေါ် ဒီလို ညစ်ပတ်တဲ့ လှည့်ကွက်တွေ သုံးတာပဲ "
စူးချန်ကဲ၏ လေသံသည် တဖြည်းဖြည်း အေးစက်သွားသည်။
"မင်း အခု ထွက်မသွားဘူးဆိုရင် ၊ ဒီမှာတင် သေရမယ်"