← Chapters

အခန်း (၂၂၃-၂၂၇)

Vol. 16 Ch. 223-227

အခန်း (၂၂၃-၂၂၇)

Vol. 16 Ch. 223-227

အပိုင်း(၂၂၃): ကိုးသင်္ချိုင်းမြို့ ၊ တောင်တန်းစားဖွယ်စုံ

ထိုစကားကြားရသူတိုင်း ဆွံ့အသွားကြသည်။

အားလုံး၏ အကြည့်များက စူးချန်ကဲထံသို့ ကျရောက်သွားသည်။

ယခုအချိန်တွင် စူးချန်ကဲ၏ အမူအယာသည် လွန်စွာ အေးစက်နေသည်။

စူးချန်ကဲထံမှ ထွက်ပေါ်လာသော အကျပ်ကိုင်မှုသည် ၊ စူးချန်ကဲ အပေါ် ထားရှိသည့် လူတိုင်း၏ အထင်ကြီးမှုကို ပို၍ ကြီးမားသွားစေသည်။

စူးချန်ကဲသည် မေဟွိမ်းနွီကို အထင်သေးစွာ ကြည့်လိုက်သည်။

စူးချန်ကဲ၏ အကြည့်ကို မြင်လိုက်ရသော မေဟွိမ်းနွီမှာ တစ်ခေါင်းလုံး ထုံကျင်သွားသည်။

မရဏကမ္ဘာသည် တစ်နှစ်ပတ်လုံး အေးစက်သော နေရာတစ်ခု ဖြစ်သည်။သို့သော် စူးချန်ကဲ၏ စိတ်နေသဘောထားက ဤနယ်မြေ တစ်ခုလုံးကို ပို၍ပင် အေးစက်သွားရာ ရောက်ပေသည်။

အလွန်အေးစက်သော ချောက်နက်ထဲသို့ ကျရောက်သွားသည့်အတိုင်း ။

“ဘယ်လိုဖြစ်ပြီး.... အသုံးမဝင်တာလဲ”

ဤအခိုက်အတန့်တွင် ၊ မေဟွိမ်းနွီ၏ ရင်ထဲ၌ လှိုင်းတံပိုးများ ရိုက်ခတ်လို့ နေချေပြီ။

သူမ၏ လုပ်ရပ်သည် စူးချန်ကဲထံမှ စာနာမှု တစိုးတစိမျှတောင် မရရှိခဲ့ပေ။

ဒါတင်မက ၊ တဖက်လူက သူ့ကို သတ်ဦးမယ်တဲ့လား?

“မင်းမှာ သုံးစက္ကန့် ကျန်သေးတယ် “

စူးချန်ကဲ၏ စကားသံကို ကြားလိုက်ရသည်နှင့် မေဟွိမ်းနွီမှာ အလွန်ထိတ်လန့်သွားသည်။

စူးချန်ကဲသည် သူမကို စနှောက်နေတာ မဟုတ်မှန်း သူမ သိလိုက်သည်။

“နှစ်”

မေဟွိမ်းနွီသည် အံကြိတ်လိုက်ရင်း ၊ စူးချန်ကဲဲအား ခက်ထန်စွာ ကြည့်လိုက်သည်။

သို့သော် အလွန်အမင်း ကြောက်ရွံ့မှုကြောင့် သူမ ဘာစကားတစ်ခွန်းမှ မပြောဝံ့ဘဲ ထွက်ပြေးရုံသာ တတ်နိုင်ခဲ့သည်။

စကားတစ်ခွန်း ထပ်ပြောလိုက်ရင်ဖြင့် ၊တကယ်ကြီး သေသွားမှာကို စိုးရသည်။

လူတိုင်း အလျင်စလို ထွက်ပြေးသွားသော မေဟွိမ်းနွီကို ကြည့်ရင်း ၊တစ်ဖန် စူးချန်ကဲဘက်ကို လှည့်ကြည့်ကြပြန်သည်။

သူတို့၏ နှလုံးသားထဲတွင် ရှိနေခဲ့သော ကြောက်ရွံ့ရိုသေခြင်း နှင့် အကြောက်တရားတို့က ပို၍ ပြင်းထန်လာသည်။

“ ဒီသခင်လေးရဲ့ လူသတ်တော့မယ့် အငွေ့အသက်က ပတ်ဝန်းကျင်ကိုတောင် ထိခိုက်သွားစေနိုင်တယ်...”

“ စောနက သခင်လေး ပြသွားခဲ့တဲ့ အစွမ်းအစက ဒါအကုန် မဟုတ်နိုင်ဘူး...”

ကွေးယာ ဘိုးဘေးမှာ ထိုအချင်းအရာကို တချက် တွေးကြည့်မိပြီးနောက် စိတ်ထဲတွင် ကြောက်ရွံ့သွားသည်။မြေးဖြစ်သူမှာ ချောက်ကမ်းပါး အစွန်းကနေ ပြန်လည် ရောက်ရှိလာသည် ဟု ‌ဆိုရပေမည်။

ကျန့်ဝူရှန်ခမျာ ခေါင်းကြီးနေသည်။စောနက သူ သေတော့မလို ဖြစ်ခဲ့တာ မဟုတ်လား?

ထိုစဉ် စူးချန်ကဲက အေးအေးလူလူ ဆိုလိုက်သည်။

“ ငါ့ကို ဒီက အနီးဆုံးမြို့ကို ခေါ်သွားပေး “

ထိုအသံကို ကြားတော့မှ ၊ ကွေးယာ ဘိုးဘေးမှာ ပြန်လည် တုံ့ပြန်လာခဲ့သည်။

သူသည် အနက်ရောင် စီးတော်ယာဉ် လှေတစ်စင်းကို ဆင့်ခေါ်လိုက်သည်။

……

သက္ကတသံစဉ်များက ကောင်းကင်ယံတွင် ခြိမ့်ခြိမ့်ညံလျက် ၊ အနက်ရောင် စီးတော်ယာဉ်လှေတစ်စင်းသည် လေကို ခွင်းလျက် သင်္ချိုင်းမြေမှ အခြားဦးတည်ရာဘက်ဆီသို့ ပျံသန်းသွားလေသည်။

ပျံသန်းသွားခဲ့ပြီ ဖြစ်သော စီးတော်ယာဉ်လှေကို လူတိုင်း ငေးကြည့်နေကြသည်။

ဤနေရာရှိ အဖြစ်အပျက်တစ်ခုလုံးကို အစ အဆုံးမြင်လိုက်ရသူတိုင်း ၊ သူတို့၏ စိတ်နှလုံးသားထဲတွင် ရှုပ်ထွေးစွာဖြင့် ကျန်ရစ်နေခဲ့ကြသည်။

“အိုင်း ၊ ကြည့်ရတာ ကျန့်ထုတော်ဝင်မိသားစုက ဒီတခေါက်တော့ တကယ့် ပုဂ္ဂိုလ်နဲ့ တွေ့ခဲ့ရတာပဲ “

“ငါ့ တစ္စေကြက် မျိုးနွယ်စုထဲမှာ ဒီလောက် အလှလေးတွေ ရှိနေတာ ၊ သခင်လေး က ဘယ်လိုဖြစ်ပြီး မျက်စိမကျတာတုန်း?”

“ဟားဟား....”

….

အခြားသော လျှို့ဝှက်လမ်းကြောင်း တစ်နေရာတွင်

ထွက်ပြေးလာခဲ့သော မေဟွိမ်းနွီသည် ထွက်ခွာသွားပြီ ဖြစ်သော စူးချန်ကဲကို စိုက်ကြည့်နေသည်။

သူမ၏ မျက်လုံးများမှာ အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။

“ နင် ဘယ်ကလာတာလဲ ဆိုတာ ငါဂရုမစိုက်ဘူး...”

“ မရဏကမ္ဘာထဲမှာ ရှိနေသရွေ့ ၊ ငါ့လက်အောက်ကနေ လွတ်မြောက်လိမ့်မယ် မထင်နဲ့...”

သူမ၏ နှုတ်ခမ်းသားတို့သည် လှောင်ပြောင်သော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

စူးချန်ကဲ၏ အနှစ်သာရကို သူမ သေချာပေါက် ရယူမည် ဖြစ်သည်။

…..

စီးတော်ယာဉ် လှေပေါ်တွင် ၊

စူးချန်ကဲသည် ရေနွေးကြမ်းကို အေးအေးလူလူ မော့သောက်နေသည်။

သူ့ဘေးမှာ ထိုင်နေသော လော့ရန်ယွီမှာမူ ၊ သူ့အား တစိုက်မတ်မတ် စိုက်ကြည့်နေသည်။

“ ငါပြောမယ် မိန်းကလေး၊ မင်းပြောနေတဲ့ စူးချန်ကဲအကြောင်း ငါ တကယ်ကို မသိတာ “

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးရယ်ကာ ဖြေလိုက်သည်။

“ငါ့နာမည်က စူးဝေ၊ မင်းပြောတဲ့ စူးချန်ကဲနဲ့ လုံးဝမှ မတူဘူး “

“ပြီးတော့ မင်းကို ငါ ကယ်လိုက်တာလေ ၊ ဒါကို မင်းက ငါ့ကို မျက်စိကျွတ်ကျမတတ် စိုက်ကြည့်နေတာ ၊ မသင့်တော်သလိုပဲ “

စူးချန်ကဲ၏ စကားများကို နားထောင်ရင်း ၊ လော့ရန်ယွီသည် သူမ၏ သံသယများကို ဖြေဖျောက်လိုက်သည်။

ဒီ့အတွက် သူမကိုလည်း အပြစ်ပြော၍ မရနိုင်ချေ။ ဤအမျိုးသားသည် စူးချန်ကဲ နဲ့ အတော်လေး တူမှန်း သူမ ခံစားမိသည်။

“ရန်ယွီ မယဉ်ကျေးသလို ဖြစ်သွားပါတယ် “

“ သခင်လေးရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် “

“အနာဂတ်မှာ ၊သခင်လေးအနေနဲ့ ကျွန်မတို့ ယောင်ချီ သူတော်စင် နယ်မြေကို လာလည်ပေးမယ်ဆိုရင် ရန်ယွီ အရမ်း ကျေးဇူးတင်မိမှာပါ “

လော့ရန်ယွီ၏ စကားကို နားထောင်ရင်း ၊စူးချန်ကဲ တစ်ယောက် ထရယ်လိုက်ချင်သည်။

ဤကလေးမသည် ယခုထက်ထိ သူ့ကို လှည့်စားရန် ကြံစည်နေဆဲပင် ဖြစ်သည်။

အထူးသဖြင့် “ ယောင်ချီသူတော်စင် နယ်မြေ” ဟူသော စကားလုံးကို ပို၍ လေးနက်သောလေသံဖြင့် ပြောဆိုခဲ့သည်။

ထို့နောက် ၊သူမသည် စူးချန်ကဲ၏ အမူအယာ ပြောင်းလဲသွားခြင်း ရှိမရှိ စောင့်ကြည့်နေခဲ့သည်။

“ ရပါတယ် အဲ့လောက်ထိ မလိုပါဘူး “

စူးချန်ကဲ၏ လေသံမှာ ဘာမှပြောင်းလဲသွားခြင်း မရှိခဲ့ချေ။ မျက်နှာ တချက်မှ ပျက်မသွားခဲ့သလို ၊ ခွက်ထဲရှိ ရေနွေးကြမ်းကို မှုတ်သောက်နေလေ၏ ။

“သူ တကယ်ပဲ စူးချန်ကဲ မဟုတ်ဘူးလား”

လုံးဝ ပြောင်းလဲမသွားသော တဖက်လူ၏ အမူအယာကို မြင်တော့မှ လော့ရန်ယွီသည် သူမ၏ သံသယကို လွှတ်ချလိုက်သည်။

ရွှေခေတ်ဆိုသည့်အတိုင်း ၊ စူးချန်ကဲ ကဲ့သို့သော ထက်မြက်သော လူတစ်ဦးနှင့် သူမ ဆုံတွေ့ခဲ့ရသည်။

တခြားတဖက်ရှိ ထန်ဝူအာမှာ မျက်မှောင်ကြုတ်လို့ နေသည်။ဤလူနှစ်ယောက်၏ စကားဝိုင်းထဲတွင် တစ်စုံတစ်ခု ရှိနေမှန်း သူမ ခံစားမိသည်။

“သခင်‌လေး၊ ရှေ့မှာ သင်္ချိုင်းမြေရဲ့ အကြီးဆုံးမြို့ ကို ရောက်လာပြီ “

“ နာမည်က ကိုးသင်္ချိုင်းမြို့ တဲ့ “

ထိုစဉ် ၊ ကွေးယာဘိုးဘေး၏ အသံ ထွက်ပေါ်လာခဲ့သည်။

“သိပြီ “

ကိုးသင်္ချိုင်းမြို့အကြောင်း သူ သိထားသည်။

မရဏကမ္ဘာသည် အခြားကမ္ဘာများနှင့်မတူဘဲ ၊ တစ္ဆေစွမ်းအင်နှင့် ယင်စွမ်းအင်တို့က တစ်နှစ်ပတ်လုံး ဖုံးလွှမ်းထားသည်။

မြို့ ပိုကြီးလေ၊ ထိုဒေသရှိ တစ္ဆေ စွမ်းအင် နှင့် ယင်စွမ်းအင်များမှာ ပို၍ အားကောင်းလေပင် ဖြစ်သည်။

ကိုးသင်္ချိုင်းမြို့သည် သင်္ချိုင်းမြေ၏ အကြီးဆုံးမြို့ ဖြစ်လာရခြင်း အကြောင်းရင်းမှာ ထိုနေရာကြောင့်ပင် ဖြစ်သည်။

သင်္ချိုင်းဓားကိုးတောင်။

ထိုနေရာသည် မရဏလေးပါးထဲက တစ်နေရာဟု အမည်တွင်သော်လည်း ၊

သို့သော် သင်္ချိုင်းဓားကိုးတောင်တွင် များစွာသော အခွင့်အလမ်းများ ရှိပေသည်။ကျင့်ကြံသူများ အနေဖြင့် စွန့်စားသွားလာရဲပါက ၊ ရလာနိုင်မည့် အခွင့်အရေးမှာ မနည်းမနှောပင်။

ကျန့်ထု တော်ဝင်မိသားစု၏ အမှတ်သား ပါဝင်သောကြောင့် ၊ အဆိုပါ သင်္ဘောသည် မည်သည့် တားဆီးခြင်းကိုမှ မခံရဘဲ ကိုးသင်္ချိုင်းမြို့ထဲသို့ တိုက်ရိုက် ပျံသန်းနိုင်ခဲ့သည်။

သို့သော် ကိုးသင်္ချိုင်းမြို့၏ အလယ်ပိုင်းဧရိယာသည် ပျံသန်းခြင်းမပြုရန် တားမြစ်ထားသောကြောင့် ၊ စီးတော်ယာဉ် လှေအား ပြင်ပ ဧရိယာတွင်သာ ရပ်ထားခဲ့ကြသည်။

“သခင်လေး ၊ ဒီ ပုဂ္ဂလိက စီးတော်ယာဉ်က ကျွန်တာ်တို့ ကျန့်ထု တော်ဝင်မိသားစုက ပြင်ဆင်ထားတာပါ “

ကွေးယာဘိုးဘေးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

အနက်ရောင် မီးလျှံများ တဟုန်းဟုန်း တောက်လောင်နေသော အရိုးဖြူနဂါးကိုးကောင်သည် အနက်ရောင် လှည်းတစ်စင်းကို ဆွဲကာ စူးချန်ကဲ၏ ရှေ့တွင် ပေါ်ထွက်လာသည်။

စူးချန်ကဲ မျက်ခုံးပင့်လိုက်သည်။ နဂါးကိုးကောင် စီးတော်ယာဉ်လှည်း ၊ ဤကဲ့သို့ ပြင်ဆင်ထားခြင်းသည် သူ့အား အလွန် အပစားပေးသည်ဟု မှတ်ယူရပေမည်။

“ တကယ်ကို စိထ်ထည့်ထားတာပဲ “

ကွေးယာ ဘိုးဘေးက လက်နှစ်ဖက်ကို လျှက်ကာ ‌‌ တလေးတစား ဖြေကြားလိုက်သည်။

“ သခင်လေး ကျေနပ်ရင်ကို ရပါပြီ “

သူသည် စောနက ဖြစ်ပျက်ခဲ့သမျှကို သူ၏ မျိုးနွယ်စုထံ အစီရင်ခံခဲ့သည်။

ကျန့်ထု တော်ဝင်မိသားစုသည် စူးချန်ကဲကို အလွန် အလေးထားခဲ့သည်။တခြားဘိုးဘေးများစွာသည်လည်း စူးချန်ကဲနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်။

ယင်းက ကျန့်ထုတော်ဝင်မိသားစုအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်သွားနိုင်သည်။

စီးတော်ယာဉ်လှည်းပေါ် ပြောင်းတက်ပြီးနောက်၊ သူတို့အားလုံး ကိုးသင်္ချိုင်းမြို့တော်ဆီသို့ ရောက်ရှိလာခဲ့သည်။

၎င်းသည် သာယာဝပြောသော တိုက်မြေသုံးထောင်နှင့် ကွဲပြားသည်။

လမ်းတစ်လျှောက်လုံး သွားလာလှုပ်ရှားနေသော သရဲတစ္စေများကို တွေ့ခဲ့ရသည်။

တစ္စေမီးလျှံများကို မီးပုံများသဖွယ် ထွန်းညှိထားပြီး ၊ တစ္စေစွမ်းအင်များဖြင် အုံ့ဆိုင်းနေသည်မှာ စည်ကားသက်ဝင်သော်လည်း အနည်းငယ် ထူးဆန်းနေပြန်သည်။

“လတ်လတ်ဆတ်ဆတ် ခြေကိုးချောင်း တစ္စေပိုးကောင် ၊ အစွမ်းထက်တဲ့ ဆေးစွမ်းကောင်းတွေ တစ်ခုမှ တစ္စေကျောက် ဆယ်လုံးပဲနော် “

“ကောက်ညှင်းတွေ ရမယ် ၊ ကောက်ညှင်းတွေ ရမယ်နော် “

“ မေမေ! တစ္ဆေဖရဲသီးကင် စားချင်တယ် ၊ အတုံးကြီးကြီး စားချင်တယ် “

“…..”

လမ်းမပေါ်တွင် အသံမျိုးစုံဖြင့် စည်ကားနေသည်။

သူတို့အားလုံးသည် မရဏကမ္ဘာရှိ သက်ရှိများ ဖြစ်ပေရာ ထူးဆန်းသော အသွင်အပြင်များ ရှိသည့်အလျောက် ၊ သူတို့၏ အသံများမှာလည်း အနည်းငယ် ကြောက်စရာကောင်းသည်။

စူးချန်ကဲမှာမူ ဂရုမစိုက်‌ချေ။

သို့သော် ၊ သူသည် ပူးကပ်နေသော မိန်းကလေးနှစ်ယောက်ကို အပြုံးမပျက် ကြည့်နေသည်။

“ငါတို့ အခု ဘယ်မှာလဲ၊ ငါတို့ မရဏကမ္ဘာရဲ့ ဗဟိုကို မရောက်သေးဘူးလား “

“ ဗဟိုဖြစ်တဲ့ ဟွမ်ချွမ်ကုန်းမြေက ဒီထက် ပိုကြောက်စရာကောင်းတယ် ၊ အထူးသဖြင့် အဲ့က လူတချို့က ပိန်ပိန်ပါးပါးနဲ့ ကျင့်ကြံသူ အမျိုးသမီးလေးတွေကို ဖမ်းစားရတာ အရမ်း ကြိုက်ကြတယ်ဆိုပဲ “

စူးချန်ကဲ၏ စကားများသည် လော့ရန်ယွီကို ပို၍ တုန်လှုပ်သွားစေခဲ့သည်။

“စူးဝေ! နင် လူကို မခြောက်လို့မရဘူးလား”

“ သခင်လေး “

“ တောင်တန်းစားဖွယ်ရာကို ရောက်ပြီ “

ကွေးယာဘိုးဘေးသည် စီးတော်ယာဉ် လှည်းကို ရပ်လိုက်ပြီးနောက် ၊ ထပ်မံ ဆိုခဲ့သည်။

“ဒီတောင်တန်းစားဖွယ်ရာ အဆောက်အအုံက ကျွန်တော်တို့ ကိုးသင်္ချိုင်းမြို့ရဲ့ အကြီးဆုံးစားသောက်ဆိုင်ပဲ ၊ အရသာကတော့ လုံးဝ ပြိုင်ဘက်ကင်းပဲ “

စီးတော်ယာဉ် လှည်းပေါ်မှ ဆင်းသက်ခဲ့ပြီးနောက်တွင် ၊ စူးချန်ကဲသည် ကြီးမားပြီး ခမ်းနားထည်ဝါသော အထပ်မြင့် အဆောက်အအုံကြီးကို မြင်လိုက်ရသည်။

ဤအဆောက်အအုံ တစ်ခုလုံးကို အနီရောင်ဖြင့် အလှဆင်ထားပြီး ၊ မီးပုံးများစွာ တွဲလောင်းချိတ်ထားသည်။

ထိုအပေါ်တွင် အမျိုးမျိုးသော ရောင်စုံ တစ္စေမီးတောက်များ တောက်လောင်နေပြီး ၊အဆောက်အဦးကြီးမှာ အလွန် စည်ကားနေသည်။ဆိုင်အတွင်းထဲ၌ သောက်ကြ‌ဆိုကြ ပြောဆိုနေကြသော လူများစွာ ရှိသည်။

အဆောက်အဦးရှေ့တွင် ရပ်နေသော စားပွဲထိုးများမှာ စက္ကူရုပ် လူသားများပင် ဖြစ်သည်။၎င်းတို့သည် လူသေကောင်များအား ပြင်ဆင်ခြယ်သရာတွင် ဝတ်ဆင်ပေးရသော အဝတ်အစားများ နည်းတူ ဝတ်ဆင်ထားပြီး ရယ်ပြနေသည်။

သို့သော် ထိုအရာများထက် စူးချန်ကဲကို စွဲဆောင်နိုင်သည့်အရာမှာ နဖူးစည်းစာတမ်းပင် ဖြစ်သည်။

“ ဗျပ်စောင်းပြိုင်ပွဲ”

“ဟားဟား~ ဒီသခင်လေးက ဗျပ်စောင်းနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”

ထိုအချိန်တွင် ၊ စူးချန်ကဲ၏ နောက်ကွယ်မှ ရွဲ့‌စောင်းသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

အနက်ရောင် ဘရိုကိတ် ၀တ်စဖြင့် ချုပ်လုပ်ထားသော စက္ကူကဲ့သို့ ဖြူဖျော့သော အသားအရည်ရှိသည့် အမျိုးသားတစ်ဦးပင် ဖြစ်သည်။

ကျန့်ဝူရှန်၏ မျက်နှာသည် တင်းမာနေပြီး ၊ သူ၏ အမူအရာမှာ သတိအပြည့်ရှိနေသည်။

“ ကွေးဝူယာ၊ မင်း တစ္စေတောင်မှာ မနေဘဲ ဒီကို ဘာလာလုပ်တာလဲ”

အပိုင်း(၂၂၄): အင်အားအတောင့်ဆုံး အဆက်အသွယ် ရှိသူ စူးချန်ကဲ

“ တစ္စေတောင် “

ဤအကြောင်းအရာနဲ့ပတ်သက်၍ မှတ်တမ်းတင်ထားသည်။

သို့သော် စာတစ်ကြောင်းတည်းသာပင်။

သင်္ချိုင်းမြေ၏ ထိပ်တန်း အင်အားစု လေးဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်ပြီး ၊၎င်းတို့သည် ကျန့်ထု တော်ဝင်မိသားစုပြီးလျှင် ဒုတိယ ဖြစ်သည်။

ထို့အပြင် ဤကွေးဝူယာသည် တစ္စေတောင်၏ အမွေဆက်ခံသူပင် ဖြစ်သည်။

“ ကျန့်ဝူရှန် ၊ ဒီဆိုင်က မင်းမိသားစုက ဖွင့်ထားတာလား ?”

“ ငါ သွားမယ့်နေရာကို မင်းကို သတင်းပို့နေရဦးမှာလား “

ကွေ့ဝူယာ၏ ပမာမခန့် လေသံကို နားထောင်ရင်း ၊ ကျန့်ဝူရှန်က လှောင်ပြောင်လိုက်သည်။

“ သင်္ချိုင်းဓားကိုး‌တောင် ရဲ့ မြေပုံအဖျားပိုင်းကို လိုချင်တာ မဟုတ်လား?”

“ လူသတ်ဖို့ပဲသိတဲ့ကောင်က ဂီတပညာရှင် ဒီဇိုင်း လာလုပ်ပြနေတယ် ၊ လှောင်ရယ်ခံရမှာကို မကြောက်ဘူးပဲ”

“ သင်္ချိုင်းဓားကိုးတောင်ရဲ့ မြေပုံအဖျားပိုင်း?”

စူးချန်ကဲ စိတ်ဝင်စားသွားသည်။ ထိုနေရာသည် သူ သွားရောက်ရမည့် နေရာပင် ဖြစ်သည်။

ဒါ တိုက်ဆိုင်လွန်းတယ် မဟုတ်လား?

“သခင်လေး၊ ဒီတေးဂီတပွဲစဉ်ကို စိတ်ဝင်စားနေတာလား “

စူးချန်ကဲ၏ စူးစမ်းလိုသော အမူအယာကို တွေ့မြင်လိုက်ရသော ကွေးယာဘိုးဘေးက တိုးတိုးလေး မေးလိုက်သည်။

သို့သော် စူးချန်ကဲတောင် ဘာမှမဖြေရသေးခင်၊

ကွေးဝူယာက ပြုံးပြီး ဖြတ်ဆိုလိုက်သည်။

“ဒီသခင်လေးကို ကြည့်ရတာ ပါဝင်မယ်လို့ မထင်ဘူး”

“ ဒီတေးဂီတ ပွဲစဉ်မှာ ဗျပ်သံစဉ်က အဓိကပဲဗျ ၊ သခင်လေးက မောင်းမတော် မိန်းကလေး နှစ်ယောက်နဲ့ အပြင်ထွက်လာတာဆိုတော့ “

“ဒီလို ပွဲအခမ်းအနားမှာ သခင်လေးလို လူဘောကြော့ တစ်ယောက်အတွက် မသင့်တော်မှာကို ကျွန်တော် စိုးမိတယ် “

ကွေးဝူယာသည် သူ့လက်ကို နောက်ပစ်ထားကာ ပမာမခန့် ဒီဇိုင်းဖြင့် ရပ်နေပြီး ၊ စူးချန်ကဲအား လှောင်ပြောင်ပြောဆိုလိုက်သည်။

တကယ်တော့ သူသည် လော့ရန်ယွီ နှင့် ထန်ဝူအာ တို့ နှစ်ယောက်ကို မြင်လိုက်ရချိန် ခဏတာ အံ့အားသင့်ခဲ့မိသည်။

သူသည် ဤမရဏကမ္ဘာရှိ အကျည်းတန်သည့်အရာအားလုံးကို မြင်တွေ့ဖူးသည်။ထိုမိန်းကလေး နှစ်ဦးကို ပထမဆုံး စတွေ့လိုက်ကတည်းက သူမတို့ နှစ်ဦးသည် ဤအောက်ကမ္ဘာက သူ မဟုတ်မှန်း သူ ကောက်ချက်ချခဲ့သည်။

၎င်း၏ စကားများသည် လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့ရုံတင်မက ၊

မူလက ကွေးဝူယာကို လှောင်ပြောင်ပြောဆိုရန် ဟန်ပြင်နေခဲ့သည့် ကျန့်ဝူရှန်ကိုတောင် ဆွံ့အသွားစေသည်။

အခုတော့ ကောင်းရော ၊သူတောင် ဘာမှလုပ်စရာ မလိုဘူး ၊ ကွေးဝူယာတစ်ယောက် သူ့လမ်းသူ ဖောက်သွားပြီပဲ !

“ ဘာပြောတယ် ! ဘယ်သူက သူ့ မောင်းမလဲ!?”

“ကောင်လေး! အတင့်ရဲလိုက်တာ ၊ ဒီသခင်လေးက ဘယ်သူလဲဆိုတာ မင်းသိလား!”

ကွေးယာဘိုးဘေး နှင့် လော့ရန်ယွီတို့သည် တစ်ချိန်တည်းမှာပင် ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်သည်။

သို့သော် စူးချန်ကဲမှာမူ ၊ ထိုမြင်ကွင်းကို ကြည့်ရင်း ပြုံးရယ်လိုက်သည်။

တစ်ဖက်သား၏ မျက်လုံးထဲက မနာလိုမှုအရိပ်အမြွက်များကို သူ မြင်နေရသည်။

ခန့်မှန်းစရာတောင် မလိုဘူး၊ ဒါ တစ်ဖက်လူက သူ့ရဲ့ ချောမောတဲ့ ရုပ်ရည်ကို မနာလိုဖြစ်နေတာပဲ မဟုတ်လား ?

ဒါတင်မက ၊ သူ့ဘေးနားတွင် အမျိုးသမီးလေး နှစ်ယောက်လည်း ရှိနေပြန်သေးသည်။

“မင်းက ဘာကောင်မို့လို့လဲ ၊ ငါနဲ့ ပြောရအောင် တန်လို့လား ?”

“မင်း ငါနဲ့ ရင်းနှီးလို့လား?”

စူးချန်ကဲလည်း မယဉ်ကျေးတော့ဘဲ ရွဲ့စောင်းပြောဆိုလိုက်သည်။တစ်ပါးသူအပေါ် မနာလိုဝန်တိုတတ်သည့် လူများကို သူ အမုန်းပင် ဖြစ်သည်။

တစ်ဖက်လူသည် ယဉ်ကျေးမှုမရှိဘဲ သူ့နဲ့ လိုက်ကပ်တွယ်နေမည် ဆိုပါက ၊ ဒါဆို သူသည် ထိုလူအား ဂရုဏာကြီးမားစွာဖြင့် မြေမြုပ်ပေးလိုက်မည် ဖြစ်သည်။

“ ကျန့်ဝူရှန် ၊ လမ်းပြ အဲ့ကို သွားကြမယ် “

“ဟုတ်ကဲ့ပါ...သခင်လေး”

ကွေးဝူယာသည် ထွက်ခွာသွားပြီ ဖြစ်သော စူးချန်ကဲ၏ ကျောပြင်ကို ကြည့်ရင်း မှုန်ကုတ်နေလေ၏။

ကျန့်တုတော်ဝင်မိသားစုကသာ စူးချန်ကဲအား အပစားမပေးခဲ့ပါက ၊

သူ့အား ဤကဲ့သို့ ပြောဆိုဝံ့‌သော သူတစ်ယောက်ကို အစောကြီးကတည်းက ဖျက်စီးပစ်ခဲ့ပြီးပြီ ဖြစ်သည်။

“ကောင်စုတ်လေး ငါစောင့်ကြည့်လိုက်ဦးမယ်၊ ငါ့ကို ဒီလိုစကားမျိုး ပြောရဲရအောင် မင်းမှာ အဲ့လို အရည်အချင်းမျိုး ရှိလို့လား “

တောင်တန်းစားသောက်ဖွယ် အဆောက်အဦး အတွင်း၌ ၊ ဇိမ်ခံပစ္စည်းများနှင့် စည်ကားသိုက်မြိုက်နေသည်။

အနည်းဆုံး လူထောင်ပေါင်းများစွာ တည်းခိုနိုင်သော ခန်းမကြီးတစ်ခု အဖြစ် ဖွဲ့စည်းတည်ဆောက်ထားသည်။

ဘယ်နေရာပင်ကြည့်ကြည့် ၊ အချင်းချင်း ပြောဆိုဆက်ဆံနေကြသော မရဏကမ္ဘာရှိ ငယ်ရွယ်သူများကို မြင်တွေ့နိုင်သည်။

အထူးသဖြင့်၊ ဤခန်းမကြီး၏ အလယ်တွင် စင်မြင့်တစ်ခု ရှိသည်။၎င်းအပေါ်တွင် “ချွီးတောက်ထိုင် “ဟု စာလုံးကြီး သုံးလုံးကို ရေးထွင်းထားသည့် ဆိုင်းဘုတ်ကြီး တစ်ခုကို ချိတ်ဆွဲထားသည်။

T/N - ချွီးတောက်ထိုင် - တေးဂီတ ပွဲစင်

ချွီးထောက်တိုင်၏ ရှေ့တွင်၊ လူငယ်တစ်စု ဝိုင်းဖွဲ့ထိုင်နေပြီး ၊ အပြင်က မရဏလောကသားများကဲ့သို့ ထူးဆန်းသောအသွင်အပြင်မျိုး မရှိကြပေ။

ထို့အစား ခပ်ချောချော ၊ ခပ်ဖြောင့်ဖြောင့် လူငယ်လေးများဟု ဆိုရပေမည်။

“ကြည့်စမ်း ဟိုမှာ ကောင်ချောလေးတစ်ယောက်ပဲ!”

ရုတ်တရက် ၊ လူတစ်ဦးက စူးချန်ကဲ ကို တွေ့ရှိသွားပြီး ခပ်တိုးတိုးလေး ဆိုလိုက်သည်။

ဝိုင်းထိုင်နေကြသော လူငယ်တွေ အားလုံး စူးချန်ကဲဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

“ဟေ... သိပ်လှတဲ့ မိန်းကလေးတွေပါ့လား!”

“ ထောက်ခံတယ် ၊ နတ်မိမယ်တွေ ဆင်းသက်လာသလိုပဲ “

“ ကြည့်ရတာ မရဏက လူသားတွေ မဟုတ်လောက်ဘူး ၊ ငါတို့ စကားစမြည်ပြောသင့်လား”

“မင်းရူးနေလား? ကျန့်ထု တော်ဝင်မိသားစုရဲ့ ဒုတိယမင်းသားကို မတွေ့ဘူးလား၊ သူ့မိန်းမ ဖြစ်နေနိုင်တယ် !”

“……”

တစ်ယောက်တစ်ပေါက် ပြောဆိုကြရင်း၊ထိုလူများ၏ အမူအယာတို့မှာ မျိုးစုံ ပြောင်းလဲနေလေ၏။

“သခင်လေး... ဒီဘက်ကို ကြွပါ၊ ဖြေးဖြေးချင်း တတ်လှမ်းပါ ၊ သတိထားပါ...”

အထူးသဖြင့် ကျန့်ထု တော်ဝင်မိသားစု၏ ဒုတိယမင်းသားသည် စူးချန်ကဲအတွက် လမ်းပြပေးနေသည်ကို မြင်လိုက်ရချိန်တွင် ၊ သူတို့၏ ရင်ထဲ၌ လှိုင်းတံပိုးများ ရိုက်ခတ်သွားကြသည်။

ကျန့်ဝူရှန် ဆိုသည့် ကျန့်ထု တော်ဝင်မိသားစု၏ သခင်လေးကို မည်သူများ မသိရှိမည်နည်း။

တခြားသူအပေါ် ချေချေငံငံ ဆက်ဆံတဲ့ လူတစ်ယောက်က တစ်စုံတစ်ယောက်ရဲ့ လမ်းပြတဲ့လား!?

ထို့အပြင် ၎င်းတို့ တတ်သွားသည့် အထပ်မှာ တောင်တန်းစားဖွယ်ဆိုင်၏ အမြင့်ဆုံး အထပ်ပင် ဖြစ်သည်။

ဤနေရာရှိ လှပသော မိန်းမပျိုတစ်ဦးကို စူးချန်ကဲ သတိထားမိသည်။

သူမသည် ယခုအချိန်တွင် လိုက်ကာ၏ နောက်ကွယ် အတွင်းဘက်ခြမ်း၌ အနားယူနေပြီး ၊ တောင်တန်းစားဖွယ်စုံ ဆိုင်အတွင်း ရှိ အရာအားလုံးသည် သူမ၏ စောင့်ကြည့်မှုအောက်တွင် ရှိသည်။

“ကောင်ချောလေးပဲ ၊ ကြည့်ရတာ မရဏပြည်က မဟုတ်လောက်ဘူး....”

“ အို...ဒီရောင်ဝါက သိပ်ဆန်းကြယ်တယ်...ဘာလို့ ငါတောင် မမြင်နိုင်ရတာလဲ”

တောင်တန်းစားဖွယ်စုံ ပိုင်ရှင်၏ ပင်ကိုယ်မှော်စွမ်းအားသည် အရာအားလုံးကို ဖောက်ထွင်း မြင်နိုင်စွမ်းရှိသော်လည်း ၊ စူးချန်ကဲကိုတော့ သူမ ဖောက်ထွင်းမမြင်နိုင်ခဲ့ပေ။

စူးချန်ကဲ၏ ကိုယ်ပေါ်၌ ကောင်းချီးပေးခံထားရသော အလွန်ကြောက်စရာကောင်းသည့် နိယာမတရားများ ရှိနေသည် ဟု ‌ဆိုနိုင်ပြီး ၊ ထိုစွမ်းအားတို့သည် သူမ၏ မှော်စွမ်းအားများကို တိုက်ရိုက် ပိတ်ဆို့ထားသည်။

ဤအရာက စူးချန်ကဲသည် မည်သူဖြစ်သည်ကို သူမအား ပို၍ပင် သံသယဖြစ်စေခဲ့သည်။

“သူသွားနေတဲ့ဘက်က တေးဂီတ ဖျော်ဖြေတဲ့ဘက်ပဲ...?”

“စိတ်ဝင်စားဖို့ ကောင်းတယ် ၊ သူကရော ဂီတအကြောင်း နားလည်တယ်ပေါ့?”

ဤအမျိုးသမီးသည် တောင်တန်း စားဖွယ်ရာ အဆောက်အဦး ပိုင်ရှင်ဖြစ်ပြီး ၊ သူမ၏ အမည်မှာ ချင်ရွှယ်ယွမ်ပင် ဖြစ်သည်။

သူမသည် သင်္ချိုင်းမြေ အောက်ကမ္ဘာ တစ်ခုလုံး၏ ဘုရင်ဟု ဆိုနိုင်သည်။ သို့သော် ဤမြေအောက်ကမ္ဘာ၏ ဘုရင်ဖြစ်သော်လည်း ၊

လောကီဂုဏ်နှင့် ဥစ္စာကို ငြီးငွေ့နေသူ တစ်ယောက် ဟု ‌ဆိုရပေမည်။ထို့ကြောင့် သူမသည် ဤတေးဂီတပွဲကို ကျင်းပကာ သူမနှလုံးသားထဲက ဝမ်းနည်းမှုများကို ဖြေဖျောက်စေသည်။

ထိုအချိန်တွင်၊ စူးချန်ကဲ သည် တေးဂီတ စင်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ဒီတေးဂီတပွဲမှာ ဘယ်လိုပါဝင်ရမလဲ?”

ရုတ်တရက် အမေးကြောင့် ၊ တစ်ယောက်တစ်ယောက် ပြောနေကြသူတိုင်း ရပ်တန့်သွားကြသည်။

ဒီအမျိုးသားကလည်း တေးဂီတပွဲမှာ ပါဝင်ဖို့ လာခဲ့တာလား?

“ဒီလူ စည်းကမ်းတွေကို မသိဘူးပဲ၊ တေးဂီတပွဲကို ပါဝင်ချင်ရင် ကြိုတင်တတ်ရောက်ရတယ်”

“ဟုတ်တယ် ၊ ဂီတကို ကျွမ်းကျင်တဲ့ သူမှသာလျှင် ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီတယ် ၊ ဒီကောင်လေးက ဘာ အရည်အချင်းများ ရှိလို့တုန်း “

“စည်းကမ်းဖောက်ဖျက်သူတွေက တကယ်ကို အရှက်မရှိတဲ့သူတွေပဲ “

“…..”

ပတ်ဝန်းကျင်က ဆွေးနွေးချက်များကို နားထောင်ရင်း ၊ စူးချန်ကဲ အနည်းငယ် မျက်မှောင်ကြုတ်သွားသည် ။

“ဒါဆို ပါဝင်ဖို့ မဖြစ်နိုင်တော့ဘူးလား?”

ထိုမြင်ကွင်းကို မြင်ပြီးနောက်၊ ကွေးယာဘိုးဘေးသည် ရှေ့သို့ ထွက်လာကာ ဆိုလိုက်သည်။

“ ဒီက အဆောက်အဉီးပိုင်ရှင်ကို အကြောင်းကြားပေးနိုင်မလား ၊ ကျုပ်က ကျန့်ထု တော်ဝင်မိသားစုရဲ့ ဘိုးဘေးပါ “

စင်ပေါ်ရှိ ဆိုင်တာဝန်ခံမှာ ခဏတာ အံ့အားသင့်သွားပြီး ၊ သိပ်သဘောမကျပုံရသည်။

“စည်းကမ်းက စည်းကမ်းပဲ၊ ခင်ဗျားဘာသာ ကျန့်ထု တော်ဝင်မိသားစုရဲ့ ဘိုးဘေး မပြောနဲ့ ၊ ဘိုးဘေးအကုန်လာတောင် မရဘူး “

“ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာ ဆွေးနွေးစရာမှ မရှိဘူး “

“မင်း....”

ထိုအမျိုးသား၏ ရိုင်းစိုင်းသော ပုတ်ခတ်ပြောဆိုမှုသည် ကွေးယာဘိုးဘေးကို ဒေါသထွက်စေခဲ့သည်။

စာရေးအဆင့်ကများ သူ့ကို စော်ကားဝံ့တယ်ပေါ့!?

“ဘာလဲ?”

“လက်ပါချင်တာလား”

“ဒါက တောင်တန်း စားဖွယ်ရာ အဆောက်အဦးကြီးပဲ ၊ဒီက ပိုင်ရှင်ကို အပြစ်ပြုဝံ့ရင်...”

ထိုလူ၏ လေသံမှာ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေပြီး ၊ အကြောက်အလန့် မရှိပေ။

သူအမုန်းဆုံးက နောက်ခံဖြင့် ဝင်လာသူများပင် ဖြစ်သည်။

ကွေးယာဘိုးဘေး ၏ အမူအရာမှာ ပို၍ ကြည့်ရဆိုးလာသည် ။တောင်တန်း စားဖွယ်စုံ ပိုင်ရှင်သည် သင်္ချိုင်းမြေ အောက်ကမ္ဘာ၏ ဘုရင်အဖြစ် အသိအမှတ်ပြုထားခံရသူ ဖြစ်သည်။

အကယ်၍ တောင်တန်းစားဖွယ်စုံ အဆောက်အဦး၏ သခင်သာ စိတ်ကွက်သွားမည် ‌ဆိုပါက ၊ ကျန့်တု တော်ဝင်မိသားစု တစ်စုလုံး ဒုက္ခတွေ့သွားနိုင်သည်။

သို့သော် စူးချန်ကဲသည်လည်း သူတို့အတွက် ထပ်တူထပ်မျှ အရေးပါအရာရောက် ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်။

“အမှန်တရားကို ဒီလောက်နဲ့ပဲ အသိအမှတ်ပြုရင် ပိုကောင်းမယ်၊ ကျုပ် ဒီကိစ္စကို ပိုင်ရှင်ထံ အကြောင်းကြားလိုက်ရင်...”

ထိုလူ၏ သဘောထား တင်းမာမှုသည် ကွေးယာဘိုးဘေးအား ဘာမှမပြောနိုင် ဖြစ်သွားစေသည်။

“ဟုတ်တယ် ၊ အဆက်အသွယ်သုံးပြီး ဝင်ချင်တာလား?”

“စည်းကမ်းက စည်းကမ်းပဲ၊ စည်းကမ်းကို ဖောက်ဖျက်စရာလား “

“ ဒီက ပိုင်ရှင်က ဖြောင့်မတ်မှုကို လိုလားတယ်၊ ဒီလို အဆက်အသွယ်သုံးပြီး ဝင်တာမျိုးကို လက်မခံနိုင်ဘူး “

ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုသူတချို့က ထောက်ခံလိုက်ကြသည်။

စူးချန်ကဲ၏ ရုပ်ရည်သည် အတော်လေးကို ချောမောလှပေသည်။ အထူးသဖြင့် ၊ သူ့ဘေးနားက နတ်မိမယ်အလား ချောမောလှပသော မိန်းကလေးနှစ်ဦးနှင့် အတော်လေး လိုက်ဖက် နေပြန်သည်။

ယင်းက သူတို့ကို ပိုလို့တောင် မနာလိုဖြစ်စေပြီး၊ စူးချန်ကဲကို အနိုင်ကျင့်နိုင်မည့် အကွက်ကို သူတို့တွေ ချောင်းနေခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ထိုအချိန်တွင် အပေါ်တစ်နေရာမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“သူ့ကို ပါဝင်ခွင့်ပေးလိုက်ပါ”

ယင်းကြောင့် မူလက ဟစ်အော်နေကြသော လူအုပ်ကြီး၏ အမူအရာများမှာ အေးခဲသွားစေသည်။

ဤအသံသည် တောင်တန်း စားဖွယ်စုံ အဆောက်အဦး ပိုင်ရှင် ချင်ရွှယ်ယွမ် မှ လွဲ၍ အခြားမရှိသောကြောင့်ပင် ဖြစ်သည်။

ယင်းက သူတို့ကို ပိုပြီး ခံရခက်စေသည်။အဆက်အသွယ်နဲ့ ဝင်လာတဲ့ သူတွေကို တိုက်ထုတ်ပစ်မယ်လို့ စောနကပဲ လေကျယ်ခဲ့တာလေ!

ဒါပေမဲ့ ပိုင်ရှင်ကိုယ်တိုင်က ခွင့်ပြုလိုက်သတဲ့လား ? ဒါ ဘာလုပ်တန်းကစားနေတာတုန်း?

ဆိုင်တာဝန်ခံ၏ အမူအယာသည် ချက်ချင်းလက်ငင်း ပြောင်းလဲသွားခဲ့ပြီး‌ ဆိုလိုက်သည်။

“အစ်ကိုကြီး...”

“ စောနက ညီလေးက အပြစ်ပြုမိတာ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့‌ နော်~~”

အပိုင်း(၂၂၅): ဗျပ်စောင်းသံစဉ်ထဲက ဆန္ဒ ၊ အနာဂတ်က မင်းနဲ့ငါ

ဤမြင်ကွင်းကို တခြားကြည့်ရှုသူများတင်မက ကျန့်ဝူရှန် နှင့် ကွေးယာဘိုးဘေးတို့သည်လည်း ကြည့်ရှုနေခဲ့သည် ဖြစ်ရာ ၊

ကျန့်ဝူရှန် နှင့် ကွေးယာ ဘိုးဘေးမှာ မယုံကြည်နိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ထို့နောက် ချက်ချင်း နားလည်သွားသည်။

“ ဘုရားရေ ! သခင်လေးက တကယ့် ပုဂ္ဂိုလ်ဆိုတဲ့ အတိုင်းပဲ ! “

သူသည် စူးချန်ကဲ၏ ကြောက်စရာကောင်းသော အရည်အချင်းကို လျှော့တွက်ခဲ့ပုံရသည်။ တောင်တန်း စားဖွယ်စုံ၏ သခင်ဖြစ်သူပင်လျှင် မျက်နှာသာပေးနေပြီ ဆိုမှတော့ ၊ သူ့အနေဖြင့် စူးချန်ကဲ အတွက် ကြီးမားသော အားထုတ်မှုမျိုး လုပ်တာ အကြောင်းပြချက် လိုသေးလို့လား?

“သခင်လေး...”

ထိုစဉ် ဆိုင်တာဝန်ခံက ထပ်ဆိုလိုက်သည်။

“ဘယ်အချိန်စမှာလဲ...?”

“အောင်ပွဲ (ဒါမှမဟုတ်) ရှုံးနိမ့်မှုကို ဘယ်လိုဆုံးဖြတ်တာလဲ “

“သခင်လေးရဲ့ ဖျော်ဖြေမှုက ပိုင်ရှင်ရဲ့ အသိအမှတ်ပြုခြင်းကို ရယူနိုင်ရင် ၊ဆန်ကာတင်စာရင်းထဲ ပါဝင်နိုင်တယ်....”

ဆိုင်တာဝန်ခံက ထပ်ရှင်းပြသည်။

“ဒါပေမဲ့ လူနည်းစုသာ အသိအမှတ်ပြုခံရတာ ဖြစ်ပြီး ၊ အကောင်းဆုံး ဖျော်ဖြေနိုင်တဲ့သူက နောက်ဆုံး အောင်ပွဲကို ရယူနိုင်လိမ့်မယ်”

စူးချန်ကဲက ခေါင်းညိတ်လိုက်သည်။

“အခု တက်လို့ရပြီမလား?”

“ဒါပေါ့...”

“သခင်လေး ကြွပါ...”

အောက်က လူများမှာ စင်မြင့်ပေါ်သို့ တက်သွားသော စူးချန်ကဲအား အကျည်းတန်သော အမူအရာများဖြင့် ကြည့်ရှုနေကြသည်။

“ဟွန်း ၊ နောက်ခံအဆက်အသွယ်ကို သုံးပြီး စည်းကမ်းချိုးဖောက်တာ ဘာအရည်အချင်းရှိမှာလဲ”

“မှန်တယ် ၊ ငါ့အမြင်အရတော့ ဒီလူ ဘာသီချင်းမှ ကောင်းကောင်း တီးတတ်မှာ မဟုတ်ဘူး”

“အဲလို မပြောပါနဲ့၊ ဒီသခင်လေးက အရမ်း ထူးခြားတဲ့ ဂီတကို ပေးစွမ်းနိုင်လိမ့်မယ် ၊ ပြောရရင် အတော် နားထောင်ရ‌ဆိုးတဲ့ ဂီတမျိုးပေါ့ကွာ!”

“ဟားဟားဟား၊ ဒီက ညီအစ်ကို၊ ငါ မင်းကို စကားအများကြီး မပြောဖို့ အကြံပေးချင်တယ်၊ တော်ကြာ ဒီသခင်လေး ကြားလို့ စိတ်ဆိုးသွားရင် မင်း အသတ်ခံရလိမ့်မယ်!”

“ ဒီတေးဂီတ ပြိုင်ပွဲကို လာရောက်သူ အကုန်လုံးက ပညာရှင်တွေချည်းပဲ ၊ဒီလူရဲ့ မယဉ်ကျေးတဲ့အပြုအမူကို ကျုပ်ဘဝနဲ့ ရင်းပြီး သင်ပေးနိုင်ရင်ကို ကျေနပ်ပါပြီ “

“…….”

စူးချန်ကဲ၏ သိမ်မွေ့သော ဟန်ပန် ၊ ချောမောပြေပြစ်သော အမူအယာကို ကြည့်ရင်း၊

ဤကဲ့သို့အဆင့်အတန်း နှင့် နောက်ခံရှိသော လူတစ်ယောက်က မည်သို့သော သီချင်းမျိုးကို တီးခတ်နိုင်မည်နည်း။

သူတို့အမြင်မှာတော့ စူးချန်ကဲသည် အပျော်သဘော သက်သက်ဖြင့် ရည်ရွယ်ချက် ရှိရှိ ပါဝင်ချင်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သည် ဟု ယူဆကြသည်။

စူးချန်ကဲသည် သူ့ပတ်ဝန်းကျင်က လှောင်ပြောင်မှုများကို လျစ်လျူရှုထားသည်။

အပြင်မှာရော စစ်မြေပြင်မှာရော ၊ဤကဲ့သို့သော လူမျိုးများနှင့် တွေ့ကြုံရပါက ၊ သူသည် အားလုံးကို မြေမြှုပ်ပစ်ပေမည်။

သို့သော် ဤကဲ့သို့ ဂီတပြိုင်ပွဲတွင်မူ ၊ ဤမျက်မမြင် ကောင်များကို ချုပ်တည်းဖို့ရန်မှာ ဂီတဖြင့် အသုံးပြုရပေမည်။

“ကောင်းလိုက်တဲ့ ဗျပ်စောင်း”

သူသည် သူ့မျက်စိရှေ့က ရှေးဟောင်း ဗျပ်စောင်းတစ်ခုကို စိုက်ကြည့်လိုက်သည်။၎င်းအား အမည်မသိ ရှားပါးသစ်သားဖြင့် ထွင်းထုထားသည့်မှာ ရိုးရှင်းသော ကျက်သရေကို ထင်ရှားပေါ်လွင်စေသည်။

ကြိုးများပေါ်တွင် အလင်းနှင့် ကာရန်များ စီးဆင်းနေပြီး၊ ဂီတသင်္ကေတများက တူရိယာ ကြိုးလမ်းတစ်လျှောက် စည်းချက်ညီစွာ ပြုမှုနေသည်ကို မြင်ရပေမည်။

စူးချန်ကဲသည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။ထိုတုန်းက အမတ လူကြီးမင်း၏ အမွေအနှစ်များက သူ့စိတ်ထဲတွင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။

ဂီတနုတ်များက သူ့အား လွှမ်းခြုံထားသကဲ့သို့ ၊ ယခုအချိန်တွင် သူသည် ဗျပ်စောင်းကမ္ဘာထဲသို့ ပေါင်းစည်းသွားပုံ ရသည်။

တေးဂီတ စည်းချက်များက စူးချန်ကဲ၏ စိတ်ထဲတွင် သံစဉ်တစ်ပုဒ်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ၊ ယခုအခိုက်အတန့်တွင် သူ့တွင် ထင်ယောင်ထင်မှား အရာတစ်ခုကို ဖန်တီးလိုက်ပုံ ရသည်။

အချိန် နှင့် နေရာ ၊ ထာဝရကာလကို ဖြတ်ကျော်လာခဲ့သလိုမျိုး အနာဂတ်က သူကိုယ်သူ ပြန်တွေ့နေရသည်။

ပါရမီရှင်များကို သုတ်သင်ရှင်းလင်းပြီး ၊ ဧကရာဇ်မင်းမြတ် လမ်းစဉ်ကို လျှောက်လှမ်းစေ ၊ တုနှိုင်းမဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာကာ အမတလမ်းစဉ်ကို ရှဖွေစေ ။

သူ၏ ခံယူချက်အောက်တွင်၊ သူ့စိတ်ထဲက ပုံရိပ်မြင်ကွင်းမှာ ပို၍ ထင်ရှားလာသည်။မရေမတွက်နိုင်သော ပါရမီရှင်များသည် သူ့ခြေရင်း၌ ကျဆုံးခဲ့ရပြီး ကမ္ဘာပေါ်တွင် ‌သူ့ခြေရာမှ တစ်ပါး တခြားသောအရာ မရှိ။

“ကြိုးစားအားထုတ်မှု အားလုံးသည် အနှိုင်းမဲ့ လမ်းစဉ်ကို အောင်မြင်ရန်သာ ဖြစ်သည်”

“ အနှိုင်းမဲ့ လမ်းစဉ်အောင်မြင်ပြီးနောက် ၊ ပိုမိုကောင်းမွန်‌သော လွတ်လပ်မှုကို ဦိးတည်နိုင်မည်လော “

စူးချန်ကဲ သည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ၊ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု လှစ်ဟသွားသည်။

စူးချန်ကဲသည် ရှေးဟောင်း ဗျပ်စောင်း ရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ ကြိုးများကို စတင် တီးခတ်လိုက်သည်။

စည်းချက်ညီညီ ရိုက်ခတ်နေသော တေးဂီတနုတ်များကြား သာယာငြိမ့်ညောင်းသော တေးသံစဉ်များ ထွက်ပေါ်လာသည်။

ဤတေးသံစဉ်သည် သာယာငြိမ့်‌ညောင်းပြီး အထိန်းအကွပ် မရှိ ပျံ့လွှင့်နေသည်။ထိုသံစဉ်များသည် ကျင့်ကြံသူ လူငယ်တစ်ဦး၏ ရည်မှန်းချက်ကို ခံစားမိနိုင်သည်။

သူသည် မရေမတွက်နိုင်သော တိုက်ပွဲများကို တွေ့ကြုံခဲ့ရသလို မရေမတွက်နိုင်သော ပါရမီရှင်များနှင့်လည်း ကြုံတွေ့ခဲ့ရသည်။သို့သော် ကျင့်ကြံသူ လူငယ်လေး၏ လျှောက်လှမ်းခရီးကို မည်သည့်အရာကမှ တားစီးနိုင်စွမ်း မရှိခဲ့ချေ။

ငြိမ့်ညောင်းပြီး သာလွန်ကောင်းမွန်သော ဗျပ်စောင်းသံများက ပိုမို ကျယ်လောင်လာကာ ရက်စက်ကြမ်းကြုတ်မှုကို ဖော်ဆောင်နေပြီး၊ လွတ်လပ်ပြီး ယုံကြည်မှု အပြည့်ရှိသော အနုပညာသန္ဓေသည် သွေးများဖြင့် စွန်းထင်းနေပုံရသည်။

ဤအနုပညာပဋိသန္ဓေ၌ မရေမတွက်နိုင်သော သက်ရှိသတ္တဝါများသည် ကြီးစွာသော တိုက်ပွဲကြီးတစ်ခုတွင် ပျက်သုန်းသွားခဲ့သလိုမျိုး ၊ အဆုံးမရှိ သတ်ဖြတ်ခြင်း၊ ဒေါသနှင့် ငိုကြွေးသံများက ရောယှက်ကာ ထွက်ပေါ်လာသည်။

ဤနေရာရှိ ကောင်းကင်နှင့်မြေကြီး၏ နိယာမများသည် ဂီတ၏ အေးစက်သော အဓိပ္ပါယ်ကို ခံစား‌မိပုံရပေကာ ပို၍ ပြင်းထန်လာသည်။

လူတိုင်း၏ မျက်လုံးထဲတွင် တိုက်ပွဲ မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။

မြင်းတပ် ၊ သံချပ်ကာ တပ်ဖွဲ့များက ဓားသံ တချွင်ချွင်ဖြင့် တိုက်ခိုက်နေကြသည်။

မြင်းတပ် စစ်သည်များ ဖြတ်သန်းသွားလေရာ နေရာတိုင်း သက်ရှိအပေါင်းတို့ သေကြေပျက်စီးရသည်။

စကြဝဠာကြီး တစ်ခုလုံး ကွဲကြေသွားသကဲ့သို့ ကောင်းကင်ယံထက်တွင် ပေါက်ကွဲမှု မျိုးစုံ ဖြစ်ပေါ်လျက် ရှိသည်။

ကြည့်ရှုသူများမှာ ဤကြေကွဲဖွယ်ရာ တိုက်ပွဲကြီးတွင် အမှန်တကယ် ပါဝင်နေသကဲ့သို့ နေရာတွင် ငေးမောစွာ ကြည့်နေကြသည်။

ဗျပ်စောင်းသံသည် တဖြေးဖြေး ပြတ်သားလာသည်နှင့် အမျှ ၊ ဤကမ္ဘာကြီးကို ကျယ်လောင်စွာ ဟစ်ကြွေးနေချင်ခဲ့ပုံ ရသည်။

စစ်မြေပြင်အလယ်တွင် ဗျပ်စောင်းသံနှင့် တပ်ဖွဲ့ကြီးကို ကွပ်ကဲနေကြသော လူငယ်တစ်ယောက်ကို သူတို့ တွေ့လိုက်ရသည်။

‌ဓားများ လေထဲတွင် ဝဲပျံလျက် ၊အဆုံးမရှိသော ဝိညာဉ်စွမ်းအင်များက လှံအဖြစ်သို့ ပြောင်းလဲကာ ထွက်ပေါ်လာသည်။

ဗျပ်စောင်းသံ၏ ကွပ်ကဲမှုအောက်တွင် ၊ ဂီတသံစဉ်ဖြင့် ပြုလုပ်ထားသော လှံ နှင့် ဓားတို့သည် လေကို ခွင်းကာ ထွက်ပေါ်လာခဲ့ပြီး နေရာတစ်ခုလုံး သွေးများ စွန်းထင်းသွားစေသည်။

သို့သော် ဗျပ်စောင်းကို တီးခတ်နေသော လူငယ်လေးသည် ဧကရာဇ်မင်း(နိုင်ငံ၏ ဘုရင်)တစ်ပါးကဲ့သို့ ဘာမှ ထူးခြားမသွားဟန်ဖြင့် ရှိနေသည်။

ဗျပ်စောင်းသံသည် လူငယ်လေး၏ ထူးခြားသော ဇာတ်ကြောင်းကို ပြောပြနေသလိုမျိုး ၊ ဒါတင်မက သူသည် မရေမတွက်နိုင်သော တိုက်ပွဲများကို အရှုံးမပေးဘဲ ဆင်နွှဲခဲ့ကြောင်းကို ကမ္ဘာကသိအောင် ပြောပြနေသကဲ့သို့ လူကို ပိုပြီး စိတ်လှုပ်ရှားလာစေသည်။

သို့သော် စူးချန်ကဲသည် နေရာတွင် ရှိနေဆဲအတိုင်းသာ ဖြစ်ပြီး ၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ စူးရှတောက်ပသော အလင်းရောင်တို့သည် ပို၍ ပြင်းထန်လာပြီး ဤတောင်တန်း စားဖွယ်စုံရှိ လူတိုင်း၏ အကြည့်များကို ဆွဲငင်နေခဲ့သည်။

မရေမတွက်နိုင်သော ဒဏ္ဍာရီများကို ဖန်တီးခဲ့ကြောင်း လူတိုင်းကို ပြောပြနေသကဲ့သို့ အားမာန်ပါလွန်းသည်။

သို့သော် ထိုလူငယ်လေးသည် အတိတ်က ဒဏ္ဍာရီတင် မဟုတ် ၊ လက်ရှိ ကမ္ဘာ့ဇာတ်ခုံမှာလည်း လွှမ်းမိုးထားဆဲပင် ဖြစ်သည်။

ဒင် ——

နောက်ဆုံးသံစဉ် ဖြစ်သော ဗျပ်စောင်းသံ ထွက်ပေါ်လာပြီးသည်နှင့် ၊ တီးခတ်နေသော စူးချန်ကဲ၏ လက်များမှာ ရပ်တန့်သွားသည်။

စူးချန်ကဲ၏ အမြင်အာရုံထဲတွင် သူသည် အနာဂတ်ကို မြင်ခဲ့ရပုံရပြီး ၊ ကြီးကျယ်ခမ်းနားသော အသွင်အပြင် တစ်ခုက သူ့ကို ပြန်ကြည့်နေသည်။

ထိုအနှီသူ၏ နောက်တွင် မရေမတွက်နိုင်သော သက်ရှိအပေါင်းအပါများ ရှိနေပြီး ၊ခမ်းနားထည်ဝါသော ဝတ်ရုံဖြူ အသွင်ပုံရိပ်သည် အပြုံးမပျက် ပြုံးပြနေသည်။

ထိုသို့သော တည်ငြိမ်မှု ၊ အကြွင်းမဲ့ ယုံကြည်မှုမျိုးကို သူ အလွန် ရင်းနှီးနေခဲ့သည်။

“ငါတို့ပြန်တွေ့ကြမယ်”

…….

အောက်က လူတွေအားလုံး စူးချန်ကဲကို ဗြောင်ကျကျ စိုက်ကြည့်နေကြပြီး အနည်းငယ် မှုန်သုန်နေသည်။

ယခုလေးတင် ဖော်ပြသွားခဲ့သော စူးချန်ကဲ၏ ဗျပ်စောင်းသံစဉ်က ၊

ဒဏ္ဍာရီဆန်သော လူတစ်ယောက်၏ ကမ္ဘာကို မြင်ယောင်လာစေသည်။

ထိုအနှီသူသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး မရေမတွက်နိုင်သော တိုက်ပွဲများကို ရှုံးပွဲမရှိ ဆင်နွဲခဲ့သည်။

စူးချန်ကဲ၏ နှလုံးသားထဲက အနက်ရှိုင်းဆုံးသော ဆန္ဒကို သူတို့ မြင်တွေ့ခဲ့ရပုံပေါ်သည်။

ထိုအချိန်က ဤကမ္ဘာပေါ်ရှိ အထူးချွန်ဆုံး လူငယ်တစ်ဦးကို မြင်တွေ့လိုက်ရသလိုပင်။

အထူးသဖြင့် ဤအနုပညာဖန်တီးမှုသည် သူတို့ကို နစ်မြောသွားစေသည်။

အထူးသဖြင့် ၊ ဤအရာများသည် စူးချန်ကဲတွင် တကယ်ပဲ ဖြစ်ပျက်ခဲ့သည် ဟုတောင် ဆိုရနိုင်သည်။

သူတို့ရှေ့က ဤလူငယ်သည် သေချာပေါက် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်ရမည်။

လော့ရန်ယွီ၏ လှပသော မျက်ဝန်းများသည် စူးချန်ကဲကို စိုက်ကြည့်နေသည်။

“ဒီလူရဲ့ သတ္တိနဲ့ စရိုက်က စူးချန်ကဲ နောက်တစ်ယောက်ပဲ “

တောင်တန်း စားဖွယ်စုံ အဆောက်အဦးပိုင်ရှင်သည် လှပသော မျက်ဝန်းများဖြင့် စူးချန်ကဲအား စိုက်ကြည့်နေသည်။

နောက်ဆုံးတွင်မူ ၊ သူမသည် ဖြည်းဖြည်းချင်း လှုပ်ရှားပြုမှုလာခဲ့ချေပြီ ။သူမသည် စူးချန်ကဲအား ထိတွေ့လိုရန်အတွက် သူမ၏ နူးညံ့သော လက်များကို ဆန့်တန်းလိုက်သည်။

သူမ၏ မျက်လုံးများထဲတွင် မူလက မေ့ပျောက်နေခဲ့သည့် တစ်စုံတစ်ယောက်ကို ပြန်မြင်ယောင်လာသကဲ့သို့ မျက်ရည်များ ဝဲလာသည်။

တစ်ချိန်က ဗျပ်စောင်းကို လွယ်ကာ သင်္ချိုင်းဓားကိုးတောင် ထဲသို့ တစ်ကိုယ်တည်း ဝင်သွားခဲ့သူ ၊ ထိုအနှီသူ၏ သတင်းကို သူမ ဘယ်သောအခါမှ ထပ်မကြားရခဲ့တော့ပေ...။

သူမကိုယ်တိုင်တောင် မသိလိုက်ဘဲ ၊ မျက်ရည်များက သူမ၏ ပါးပြင်ပေါ်သို့ စီးဆင်းလာခဲ့သည်။

“ယွီကျွင်း...”

တောင်တန်း စားဖွယ်စုံ အဆောက်အဦး၏ ပိုင်ရှင်သည် ဤတေးဂီတပြိုင်ပွဲကို ကျင်းပရခြင်း အကြောင်းရင်းမှာ အတိအကျအားဖြင့် သူမသည် သင်္ချိုင်းဓားကိုးတောင်၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဝင်ရောက်လိုသောကြောင့် ဖြစ်သည်။

အနက်ရှိုင်းဆုံး အပိုင်းထဲသို့ဝင်ရောက်ရန် ၊ ရှေးစည်းတံဆိပ်ကို ချိုးဖြတ်နိုင်ရန်အတွက် ဗျပ်စောင်းကို ကျွမ်းကျင်စွာ တီးခတ်နိုင်မည့် ပုဂ္ဂိုလ်တစ်ဦး လိုအပ်ပေသည်။။

သူမအား သင်္ချိုင်းဓားကိုးတောင်သို့ ပို့ဆောင်ပေးနိုင်မည့်သူကို ရှာဖွေနေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီပင်။

သူမသည် နေ့ရောညပါ သင်္ချိုင်းဓားကိုးတောင်၏ ချိတ်စည်းကို ချိုးဖျတ်နိုင်မည့် နည်းလမ်းကို အဆက်မပြတ် စဉ်းစားနေခဲ့သည်။

သို့သော် သူမ ချစ်ခင်မြတ်နိုးရသူမှာ သေသွားတာ ကြာခဲ့ပြီမှန်း သူမ သိသည်။

ယခု သူမတွင် အလွန် ကြီးမားသော မျှော်လင့်ချက်များ မရှိပေ။ သူမ ချစ်ရဆုံးသူနှင့် အတူတူ မြှုပ်နှံချင်သည့် ဆန္ဒတစ်ခုတည်းသာ ရှိသည်။

“ကျွန်မ ရှင့်ကို အဖော်ပြုပေးနိုင်ပြီ ထင်တယ်​…”

အပိုင်း(၂၂၆): ဇီးသီးပွင့် နှင့် ပျံလွှားဌက်ကလေး

“ဒီသခင်လေးကို ငါနေတဲ့ အထပ်ဆီ ခေါ်လာခဲ့ပေး”

ထိုစဉ် ၊ တောင်တန်း စားဖွယ်စုံ ပိုင်ရှင်မှ အသံပြုလိုက်သည့် အခါမှသာလျှင် လူတိုင်း ပြန်လည် တုံ့ပြန်လာကြသည်။

ဒါတွေဟာ အစစ်အမှန် မဟုတ်သည့်အတိုင်း ကိုယ့်တံတွေးကို မျိုချနေမိသည်။

သူတို့ မည်သို့ချေပရမည်နည်း။ စောနက ဖန်တီးခဲ့သော အနုပညာလက်ရာမှ တဆင့် စူးချန်ကဲသည် ဗျပ်စောင်း အရာတွင် အလွန် ကျွမ်းကျင်နေပြီမှန်း သိနိုင်ပေသည်။

“ သင်္ချိုင်းဓားကိုးတောင်က အလွန်အန္တရာယ်များတဲ့ နေရာတစ်ခုပဲ ၊ ဒီသခင်လေးက ဂီတအရာမှာ ကျွမ်းကျင်ပေမဲ့ ကိုယ်ခံပညာမှာ အများကြီး ကွာခြားသွားမှာကို ကျွန်တော် ကြောက်မိတယ် “

ကွေးဝူယာသည် ပင်မခန်းမထဲသို့ ဘယ်ကတည်းကများ ရောက်လာခဲ့လည်း မသိ။

သူသည် ပေါ့ပေါ့ပါးပါး ပြုံးကာ ထပ်ဆိုလိုက်ပြန်သည်။

“ သခင်လေး ဆန္ဒရှိမယ်ဆိုရင် တစ္စေ တောင်ရဲ့ အမွေဆက်ခံသူ ဖြစ်တဲ့ ကျွန်တော် ကိုယ်တိုင်ကာကွယ်ပေးမယ် “

“သခင်လေးအနေနဲ့ သင်္ချိုင်းဓားကိုးတောင်မှာ အသက်အန္တရာယ် လုံးဝမှ မဖြစ်စေရဘူးလို့ ကျွန်တော် အာမခံတယ် “

ကွေးဝူယာမှာ မိမိသည် သူတော်စင်အရှင် အထွတ်အထိပ် နယ်ပယ်အဆင့် ဖြစ်ကြောင်း အရိပ်အယောင်ပြခဲ့သည်။

စူးချန်ကဲ၏ ကျင့်ကြံအဆင့်ကို သူ ခန့်မှန်းမရသော်လည်း ၊သို့သော် ဖျော်ဖြေပွဲကြီးမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကျန့်ထု တော်ဝင်မိသားစုသည် သင်္ချိုင်းဓားကိုးတောင်၏ မြေပုံကို သိမ်းပိုက်ရန် အတွက် ဂီတပညာရှင် စူးချန်ကဲကို အထူးဖိတ်ကြားထားသည် ဟု သူ ယူဆထားသည်။

“‌ ကွေးဝူယာ၊ မင်း သေချင်တာလား!?”

“သခင်လေး အပေါ်ကို ဒီလိုပြောဝံ့ရဲတယ်ပေါ့!?”

ကျန့်ဝူရှန်၏ မျက်နှာမှာ ညိုမှိုင်းနေပြီး၊ တစ္စေစွမ်းအင်များက သူ့ခန္ဓာကိုယ်မှ တလိပ်လိပ် အုံကြွထွက်ပေါ်လာသည်။

ကွေးဝူယာသည် လုံးဝ ကြောက်လန့်မသွားဘဲ ဂရုမစိုက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

“ ကျန့်ဝူရှန် ၊ တခြားလူရဲ့ ကိစ္စမှာ ဝင်ရောက်မစွက်ဖက်ချင်နဲ့ ၊ ဒါက ဒီသခင်လေးရဲ့ လုံခြုံရေးနဲ့ ဆိုင်တဲ့ကိစ္စပဲ “

ကွေးဝူယာက စူးချန်ကဲအား ပြုံးပြပြီး ထပ်ဆိုပြန်သည်။

“ ကျွန်တော်က တစ္စေတောင်ရဲ့ အမွေဆက်ခံသူပါ ၊ တကယ်လို့ ခင်ဗျား..”

သူ စကားမဆုံးသေးခင် ၊

တောင်တန်း စားဖွယ်စုံ ပိုင်ရှင်တည်ရှိရာ မဏ္ဍပ်မှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

“ လာစမ်း ၊ ဒီမျက်မမြင်ကောင်ကို ဆွဲခေါ်သွားစမ်း “

“အခုချိန်ကစပြီး၊ တစ္စေ တောင်က လူတွေ တောင်တန်း စားဖွယ်စုံကို ဘယ်တော့မှ ဝင်ခွင့်မပေးနဲ့ !”

ရုတ်တရက် ထွက်ပေါ်လာသော စကားများက မူလက မေးငေါ့ကာ လှောင်ပြောင်ပြောဆိုနေခဲ့သော ကွေးဝူယာကို အေးခဲသွားစေသည်။

နောက်ဆုံးတွင်မူ ၊ ကွေးဝူယာ တစ်ယောက်ထိတ်လန့်စွာ ဆိုလေသည်။

“ သခင် ၊ ကျွန်တော် တောင်တန်းစားဖွယ်စုံရဲ့ စည်းကမ်းတွေကို မချိုးဖောက်ခဲ့ဘူး!”

“မင်း မချိုးဖောက်ခဲ့ဘူး ၊ ဒါပေမဲ့ စောနကပဲ ငါ စည်းကမ်းအသစ်ကို ချမှတ်ခဲ့တယ်”

“ဒီသခင်လေးကို စော်ကားတဲ့သူ ဘယ်သူမဆို ငါ တောင်တန်းစားဖွယ်စုံရဲ့ ရန်သူပဲ “

တောင်တန်း စားဖွယ်စုံ အဆောက်အဦး ပိုင်ရှင်အမျိုးသမီးက ဒေါသတကြီးဖြင့် ထပ်မံ ‌အမိန့်ပေးလိုက်သည်။

“လာစမ်း ၊ အကြိမ်တစ်ထောင် ပါးရိုက်ပြီး တောင်တန်းစားဖွယ်စုံ အဆောက်အဦးကနေ နှင်ထုတ်စေ!”

“ဟုတ်!”

ထွားကြိုင်းသော အမျိုးသားများစွာ ထွက်လာခဲ့ပြီး ၊ သူမ၏ အမိန့်ကို ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ထိတ်လန့်တုန်လှုပ်နေသော ကွေးဝူယာအား အ‌ဆောက်အဦး အပြင်ဘက်သို့ ဆွဲခေါ်သွားကြသည်။

“မဟုတ်ဘူး! မင်းတို့ ငါ့ကိုဒီလိုလုပ်လို့မရဘူး!”

“ငါက တစ္စေတောင်ရဲ့ အမွေဆက်ခံသူပဲ!”

ကွေးဝူယာ၏ ထိတ်လန့်တုန်လှုပ်နေသော အသံ၌ အမျက်ဒေါသများ ပါဝင်နေသည် ။

“လူသားတစ်ယောက်အတွက်နဲ့ ငါ့ကို ဒီလိုဆက်‌ဆံရဲတယ်ပေါ့!?”

“ဟွန်း! မင်းဟာမင်း အမွေဆက်ခံသူမကလို့ ဘာဖြစ်ဖြစ် ၊ တစ္စေတောင်ရဲ့ သခင် ရောက်လာရင်တောင် မမူဘူး”

“ ဘယ်သောအခါမှ စော်ကားလို့မဖြစ်တဲ့ ပုဂ္ဂိုလ်တွေဆိုတာ ရှိတယ်”

“ သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ကြစမ်း!”

ဖြန်း ဖြန်း ဖြန်း !

ပါးရိုက်သံများက အပြင်ဘက်တွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး ၊ အော်ဟစ်ညည်းညူသံများကိုပါ ကြားနေရသည်။

ယင်းက ကြည့်ရှုသူများ ငြိမ်သက်သွားစေခဲ့သည်။

သူတို့အားလုံး အနေဖြင့် သိလိုက်ရသည်မှာ ယခင်က စူးချန်ကဲ၏ အကြည့်သည် အထင်မြင်သေးမှု အရိပ်အယောင်များ ပြခဲ့သည် ဟု ဆိုရင်တောင်မှ ၊ ယခုတွင်မူ စူးချန်ကဲ၏ အကြည့်များက ကြောက်စရာကောင်းသော အရာ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဟု ဆိုရမည်။

တောင်တန်းစားဖွယ်စုံကို ဒါဘယ်ကလာ ရိုးရိုးတန်းတန် တတ်ခွင့်ရတာ ဖြစ်မတုန်း!?

စူးချန်ကဲသည် တောင်တန်းစားဖွယ်စုံ အဆောက်အဦး ပိုင်ရှင်အမျိုးသမီး၏ တရားမ၀င်သား ဖြစ်မည်ဟု အားလုံးက ယုံကြည်နေကြသည်။

“သခင်လေးကို ခေါ်လာခဲ့ ၊ ငါ သူနဲ့ စကားပြောစရာရှိတယ် “

တောင်တန်းစားဖွယ်စုံ အဆောက်အဦး ပိုင်ရှင်အမျိုးသမီး၏ အသံသည် ထပ်မံ ထွက်ပေါ်လာခဲ့သည်။ထိုမှသာလျှင် ဆိုင်တာဝန်ခံမှာ ကြောင်အမ်းနေရာမှ ပြန်တုံ့ပြန်လာခဲ့သည်။

သူ့နဖူးမှ အေးစက်သော ချွေးများကို သုတ်လိုက်ပြီး ၊ အရိုအသေပေးသော အကြည့်ဖြင့် စူးချန်ကဲအား လမ်းပြလိုက်သည်။

“သခင်​​လေး ဒီဘက်​ကို ကြွပါ...”

စူးချန်ကဲမှာမူ ၊ ဤအရာအားလုံးကို ဂရုမစိုက်ဟန်ဖြင့် ရှိနေသည်။

တောင်တန်းစားဖွယ်စုံ ပိုင်ရှင်၏ အကူအညီကို မရခဲ့ရင်တောင်မှ ၊ သူ့အနေဖြင့် ဤကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းရှိသေးသည်။

သို့သော် သူ့အပေါ်သို့ ဆက်ဆံသော တောင်တန်းစားဖွယ်စုံ ပိုင်ရှင်၏ အပြုအမှုကို ကြည့်ခြင်းအားဖြင့် သူမသည် သူ၏ အကူအညီကို လိုအပ်နေသည် ဟု ‌ဆိုရမည်။

…….

မြွေလိမ်မြွေကောက် လှေကားအထစ်များကို ကျော်ဖြတ်လာခဲ့ပြီးနောက် ၊

စူးချန်ကဲတို့ အဖွဲ့သည် ကြီးမားသော သစ်သားတံခါးမကြီး၏ ရှေ့တည့်တည့်သို့ ရောက်လာခဲ့ကြသည်။

သူတို့ တတ်လာသည့် လမ်းတစ်လျှောက် ဇိမ်ခံပစ္စည်းများစွာကို တွေ့ခဲ့ရသည်။

စင်္ကြံတစ်လျှောက် ၊ ရွှေချည်များဖြင့် ရက်လုပ်ထားသော မီးပုံးများကို ချိတ်ဆွဲထားပြီး ၊ မရေမတွက်နိုင်သော အစောင့်များနှင့် အိမ်ဖော်များ စွာ ရှိသည်။

အထူးသဖြင့် သစ်သားတိုင်များကို နံရံဆေးရေးပန်းချီများ ၊ ရုပ်လုံးရုပ်ကြွများဖြင့် အလှဆင်ထားရုံသာမက ဂရုတစိုက် ပွတ်တိုက်ထားသည်။

ရွှေငွေ လက်ဝတ်ရတနာ အမျိုးမျိုး ၊ အရည်အသွေးမြင့် ဝိညာဉ်ကျောက်များဖြင့် အလှဆင်ထားသည်မှာ မြို့တစ်မြို့ကို ဝယ်ဖို့ လုံလောက်ပေသည်။

သို့သော် ဤသစ်သားတံခါးကြီးသည် တခြားအရာများထက် တန်ဖိုးနိမ့်ကျပုံပေါ်ပြီး ၊ တံခါး၏ ဘယ်ဘက်ခြမ်းတွင် အဖြူရောင် ဇီးသီးပွင့်ကို ရေးထွင်းထားပြီး တံခါး၏ညာဘက်ခြမ်းတွင် ပျံသန်းနေသော ငှက်တစ်ကောင်ကို ထွင်းထုထားသည်။

“သခင်မ ၊ လူ ရောက်ပါပြီ “

“ငါ သိပြီ၊ သခင်လေးကလွဲလို့ တခြားသူတွေ အပြင်မှာ ခဏလောက်စောင့်ခိုင်းလိုက် “

ကျွီ——

တံခါးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်နှင့် မွှေးရနံ့များ ထွက်ပေါ်လာပြီး အနည်းငယ် ဆန်းကြယ်သော မြူခိုးငွေ့များလည်း ရှိနေသည်။

တံခါးမကြီးနှင့် တံခါးအတွင်းပိုင်း၏ အပြောင်းအလဲများကို နှိုင်းယှဉ်ရမည် ဆိုပါက၊ သူသည် တံခါးအထက်ရှိ ပျံလွှားငှက်နှင့် ဇီးသီးပွင့်၏ အပြောင်းအလဲကို သတိပြုမိခဲ့သည်။

မူလက ပွင့်နေသော ဇီးသီးပွင့်များသည် တံခါးဖွင့်လိုက်သည်နှင့် ညှိုးနွမ်းသွားကြပြီး ၊

ပျံလွှားဌက်သည် ပျောက်ဆုံးနေပြီး ၊ ၎င်း၏ ဌက်မွှေးတစ်မျှင်သာ ကျန်ရစ်နေသည်။

ဤအရာထဲတွင် ဝမ်းနည်းစရာကောင်းသော အဓိပ္ပါယ်များ ရှိနေသည်။

“သခင်လေး ကြွပါ”

စူးချန်ကဲသည် ခေါင်းညိတ်ပြလိုက်သည်။သူသည် အခြားသူများကို အပြင်တွင် စောင့်စေကာ အထဲသို့ ဝင်လာခဲ့သည် ။

ခရက် ခရက်...ဘန်း....

တံခါး ပိတ်သွားသည်နှင့် ၊ မူလက မှောင်မိုက်သော နေရာကြီးသည် တားမြစ်ချက် ခလုပ်ကို အသက်သွင်းလိုက်ပုံရသည်။

မှော်အက္ခရာ စက်ဝိုင်းများ တစ်ဝိုင်းပြီး တစ်ဝိုင်း တောက်ပလာပြီး ၊ ဤနေရာတစ်ခုလုံးကို ပွင့်လင်းမြင်သာစေသည့်အထိ လင်းထိန်သွားသည်။

စူးချန်ကဲ၏ ရှေ့တည့်တည့် မနီးမဝေးနေရာတွင် ဇီးသီးပွင့် ဒီဇိုင်းကို ရက်လုပ်ထားသောလိုက်ကာ၏ နောက်တွင် အမျိုးသမီးတစ်ဦး ထိုင်နေသည်။

“သခင်လေး တံခါးဖွင့်လိုက်တုန်းက အပြောင်းအလဲကို သတိထားမိလား?”

“ဘယ်လိုခံစားရလဲ သခင်လေး “

တောင်တန်းစားဖွယ်စုံ ပိုင်ရှင်အမျိုးသမီး၏ မေးခွန်းကြောင့် စူးချန်ကဲ အံ့အားသင့်မိသော်လည်း အေးအေးလူလူ ပြန်ဖြေခဲ့သည်။

“ဇီးသီးပွင့် နဲ့ ပျံလွှားငှက်လေးဟာ မူလက ကမ်းတစ်ဖက်မှာ မျက်နှာချင်းဆိုင်နေတယ်”

“ ဒါဟာ လွမ်းဆွတ်တဲ့ ခံစားချက် ၊မရနိုင်တော့တဲ့ နောင်တ ကို ဖော်ညွှန်းတယ်”

“တံခါးဖွင့်လိုက်တာဟာ လူနှစ်ယောက်ကို ကွဲကွာသွားစေတဲ့ သတင်းဆိုးတစ်ခုလိုပဲ ၊ ပျံလွှားဌက် အမွေးတစ်မျှင်ပဲ ကျန်ခဲ့တယ် ၊ ဆိုလိုတာက ပျံလွှားဌက်လေးဟာ မတော်တဆ ဖြစ်ပျက်မှုတစ်ခုကြောင့် ဒီကမ္ဘာမှာ မရှိတော့ဘူးလို့ ဆိုလိုတာပဲ “

“ဇီးသီးပွင့်တွေ ညှိုးနွမ်းနေပြီ၊ ဆိုလိုတာက ဇီးသီးပွင့်တွေကို ကိုယ်စားပြုတဲ့လူဟာ နေ့ရောညပါ စိတ်ပိုင်းဆိုင်ရာ ဝေဒနာကို ပြင်းထန်စွာ ခံစားနေရတယ် ဆိုတဲ့ သဘောပဲ”

စူးချန်ကဲက ခေါင်းစဉ်ပြောင်းလိုက်ပြီး ဆိုလိုက်သည်။

“ ဒါက ကျွန်တော် နားလည်ရသလောက်ပါ ၊ ပိုင်ရှင်မှာ တခြားအကြံဥာဏ်တွေရှိရင် ရှင်းပြပေးပါဦး”

သို့သော် တောင်တန်းစားဖွယ်စုံ ပိုင်ရှင်သည် စူးချန်ကဲ၏ ဖြေရှင်းချက်ကို ကြားပြီးနောက် အကြာကြီး တိတ်ဆိတ်နေခဲ့သည်။

အကယ်၍ လိုက်ကာ၏ နောက်ကွယ်က ပုံစံကို မြင်နိုင်မည် ဆိုပါက ၊ သူမ၏ ခံစားချက်ကို မြင်ရပေလိမ့်မည်။

ဤအခိုက်အတန့်တွင်၊ တောင်တန်းစားဖွယ်စုံ ပိုင်ရှင် အမျိုးသမီး၏ လှပသော မျက်ဝန်းအစုံမှ မျက်ရည်များသည် အထိန်းအကွပ်မဲ့စွာ စီးကျလာနေသည်။

“မဟုတ်ဘူး...မင်းပြောတာ မှန်တယ်...”

သူမအသံသည် တုန်လှုပ်နေသည်။

“ဒါက ငါပြောချင်တာနဲ့ အတိအကျပဲ...”

“ ဒီလောက်နှစ်တွေ အကြာကြီး ၊ ဒီသစ်သားတံခါးကို ဖြတ်ပြီး များပြားလှတဲ့ လူတွေ ဒီကိုလာခဲ့ကြပေမယ့် ၊ သူ့အဓိပ္ပါယ်ကို ဘယ်သူမှ နားမလည်ကြဘူး”

“သခင်လေးက ပထမဆုံးပဲ “

“အမှန်တိုင်း ပြောရရင် ၊ ဒီဂီတပြိုင်ပွဲကို ကျင်းပရတဲ့ အကြောင်းရင်းက သင်္ချိုင်းဓားကိုးတောင်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းကို သွားရောက်ဖို့ ကျွန်မကို ကူညီပေးနိုင်မယ့် အရည်အချင်းရှိသူကို ရှာဖို့ပဲ “

“အို?”

စူးချန်ကဲ မျက်ခုံးများမှာ အပေါ်သို့ အသာလေး ပင့်တင်သွားရင်း ၊

“ ပိုင်ရှင်က အဲ့မှာရှိတဲ့ အခွင့်အလမ်းတွေကို ရှာဖို့ ဝင်ချင်တာလား “

စူးချန်ကဲသည် တားမြစ်ပစ္စည်းနှင့် ပတ်သတ်ပြီး တိုက်ရိုက် မဆိုသော်လည်း ၊ သူသည်သင်္ချိုင်းဓားကိုးတောင်တွင် ရှိသော ဓားသေတ္တာ ကိုးလက်ကို စဉ်းစားမိလိုက်သည်။

“မဟုတ်ဘူး၊ ငါတောင်းချင်ဆိုတာ တစ်ခုပဲ ရှိတယ် “

တောင်တန်းစားဖွယ်စုံ ပိုင်ရှင် အမျိုးသမီးက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ဆိုလိုက်သည်။

“ ငါ လူတစ်ယောက်ကို ရှာချင်တယ်၊ ငါအရမ်းလွမ်းရတဲ့လူ”

“မင်း သူ့ကို ရှာတွေ့အောင် ကူညီပေးနိုင်ရင် ၊ ငါ ဒီတောင်တန်း စားဖွယ်စုံ အ‌ဆောက်အဦီးတစ်ခုလုံးကိုတောင် စွန့်လွှတ်ပေးနိုင်တယ်”

အပိုင်း(၂၂၇): မင်းမရှိတဲ့ကမ္ဘာ ၊ ဘာအဓိပ္ပါယ်ရှိမှာလဲ ၊ သင်္ချိုင်းဓားကိုးတောင်၏ လျို့ဝှက်ချက်

“တောင်တန်းစားဖွယ်စုံ အဆောက်အဦိး တစ်ခုလုံးနဲ့ ကမ်းလှမ်းတာလား “

ဤအဆောက်အဦးကြီးသည် နှစ်ကာလပေါင်းများစွာ ဖြတ်သန်းခဲ့သည့် အမွေအနှစ်တစ်ခု ဟု ဆိုနိုင်ပြီး ၊ ထို့အပြင် မရဏကမ္ဘာတွင် သင်္ချိုင်း မြေ၏ အထင်ကရ နေရာတစ်ခုအဖြစ် အလွန်ကျော်ကြားသည်။

ယခုအခါတွင် သူမသည် တစ်စုံတစ်ယောက်ကို ရှာတွေ့အောင် ကူညီပေးရုံဖြင့် သူ့အား ဤအဆောက်အဉီး တစ်ခုလုံးကို ပေးရန် ကမ်းလှမ်းနေသည်။

“ တောင်တန်းစားဖွယ်စုံ ပိုင်ရှင် လိုက်ရှာနေတဲ့လူက သာမာန်လူမဟုတ်ဘူးလို့ ကျွန်တော် ထင်တယ် ဟုတ်တယ်မလား?”

စူးချန်ကဲ၏ မေးခွန်းကိုကြားပြီးနောက် ၊ တောင်တန်းစားဖွယ်စုံ ပိုင်ရှင်မှာ ခေတ္တတိတ်ဆိတ်သွားသည်။

သူမသည် အချိန်အတော်ကြာအောင် မြှုပ်နှံထားခဲ့သော အရာတစ်ခုကို ပြန်အမှတ်ရလိုက်သလိုပင်။

“သူက ငါ့အတွက် အရေးပါဆုံး‌ သူတစ်ယောက်ပဲ ၊ တကယ်တော့ အအေးဓာတ်လွန်ကဲပြီး သေရမယ့် ဇီးသီးပွင့်တွေကို ပျံလွှားဌက်လေးက ကယ်တင်ပေးခဲ့တာပဲ ၊သူ့ကြောင့် ဘဝအသစ်တစ်ခုကို ရရှိခဲ့တယ် “

“ဒါပေမယ့် ပျံလွှားငှက်ကလေးက လွတ်လပ်မှုကို လိုလာပြီး ဂီတကို ချစ်မြတ်နိုးတယ်၊ သင်္ချိုင်းဓားကိုးတောင်မှာ နှစ်ပေါင်းများစွာ မြှုပ်နှံထားတဲ့ ဓားကိုးချောင်း ဝိညာဉ်တေးသွား ရှိတယ်ဆိုတဲ့ သတင်းကို သူ ကြားတဲ့အခါ၊ အဲ့ဌက်လေးက မဆိုင်းမတွ ပြေးဝင်သွားခဲ့တယ်”

“ ဇီးပန်းပွင့်ကို သုံးနှစ်မတိုင်ခင် ပြန်လာမယ်လို့ သူ ကတိပေးခဲ့တယ် ၊ ဒါပေမဲ့ ဇီးပန်းပွင့်ကတော့ တစ်နှစ်ပြီး တစ်နှစ် စောင့်ဆိုင်းခဲ့ရင်းက နောက်ဆုံး နှစ်ပေါင်းရာနဲ့ချီ သွားခဲ့တယ်”

“အဲဒီနောက်မှာတော့ ပျံလွှားဌက်လေးဟာ ဇီးပန်းပွင့်ရဲ့ ကမ္ဘာထဲကနေ လုံးဝ ပျောက်ကွယ်သွားခဲ့တယ် ၊ သူ့ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြိုးစား ရှာ‌ဖွေခဲ့ပေမယ့်လည်း ရှုံးနိမ့်မှုနဲ့ပဲ ကြုံတွေ့ခဲ့ရတယ် “

“အခုတော့ ဒီအခွင့်အရေးကို ပေးနိုင်မယ့်လူကို ငါ တွေ့ခဲ့ပြီ ၊ အဲ့ဒါက မင်းပဲ”

စူးချန်ကဲက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရင်း ပြန်မေးလိုက်သည်။

“ဒါဆို ပျံလွှားဌက် တစ်ကောင်အတွက်နဲ့ မင်းမှာ ရှိသမျှ အရာအားလုံးကို အပ်နှံဖို့ ဆန္ဒရှိတယ်ပေါ့ “

“ ဒါပေါ့ “

တောင်တန်းစားဖွယ်စုံ ပိုင်ရှင် အမျိုးသမီးက ဆက်ဖြေလိုက်သည်။

“သူ မရှိတဲ့ ကမ္ဘာကြီးက ဘာအဓိပ္ပါယ် ရှိမှာလဲ”

ထိုစကားများက စူးချန်ကဲကို ဟက်ထိသွားစေသည်။

ဤအရာမျိုးသည် မရဏ ကမ္ဘာပင် မဆိုနှင့် ၊ တိုက်မြေ သုံးထောင်၌ပင် ရှားပါးပေသည်။

သို့သော် သူသည် စောစီးစွာ ကောက်ချက်မချဘဲ အရင် စောင့်ကြည့်ဦိးမည်ပင်။

“ တောင်တန်းစားဖွယ်စုံ ပိုင်ရှင်က ကျွန်တော်ကို သင်္ချိုင်းဓားကိုးတောင်ပေါ် ခေါ်သွားချင်တယ် ဆိုရင် ၊ ဒါဆို မင်းရဲ့ နတ်အသိစိတ် ပင်လယ်ထဲမှာ အမှတ်အသား စိုက်ထူရလိမ့်မယ်”

“မဟုတ်ရင် ဒီကိစ္စကို မညှိနှိုင်းဘူး”

စူးချန်ကဲ၏ လေသံသည် ပုံမှန်လေသံအတိုင်း တည်ငြိမ်ပေသည်။

နတ်အသိစိတ် ပင်လယ်ထဲတွင် အမှတ်အသားစိုက်ထူခြင်းမှာ တခြားသူ၏ အတွေးများကို ထိန်းချုပ်ထားခြင်း ဖြစ်ပြီး သေခြင်း နှင့် ရှင်ခြင်းသည် သူ့လက်ထဲတွင် ရှိသည်ဟု ဆိုရပေမည်။

တောင်တန်းစားဖွယ်စုံ ပိုင်ရှင်သည် ထိုစကားကို မျက်တောင်တချက်မှ မခတ်ဘဲ ‌ပြန်ဖြေ‌ဆိုခဲ့သည်။

“ကောင်းပြီ၊ ငါမင်းကို ကတိပေးတယ်”

ထိုစကားသည် စူးချန်ကဲကို လုံးဝ အံ့ဩသွားစေသည်။

ဒါက သေရေးရှင်ရေးကိစ္စလေ !

“ငါ ပြောခဲ့ပြီးပြီ၊ မင်း ငါ့ကို ခေါ်ပြီး သူ့ကို တွေ့အောင်ရှာနိုင်ရင် ၊ မင်းခိုင်းသမျှ ငါ အကုန်လုပ်ပေးမယ်”

တောင်တန်းစားဖွယ်စုံ ပိုင်ရှင်အမျိုးသမီးသည် လုံးဝ စိတ်ပိုင်းဖြတ်ထားသော အသံဖြင့် ထပ်ဆိုလိုက်သည်။

စူးချန်ကဲသည် ခဏလောက်စဉ်းစားပြီး ၊ ထိုကိစ္စကို လက်ခံဖို့ ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ၊ သင်္ချိုင်းဓားကိုးတောင်၏ မြေပုံသည် တောင်တန်းစားဖွယ်စုံ ပိုင်ရှင် အမျိုးသမီး၏ လက်ထဲတွင် ရှိနေသောကြောင့် မိမိသည်လည်း သူမ၏ အကူအညီကို လိုအပ်ပေသည်။

“ကောင်းပြီ၊ ဒီလိုဆိုမှတော့ အခုပဲ ကျွန်တော်ရဲ့ အမှတ်အသား စိုက်ထူပြီးတာနဲ့ ချက်ချင်းတန်းထွက်ကြမယ် “

“ကောင်းပြီ၊ ဒါဆိုလည်း စလိုက်ရအောင် “

ချက်ချင်းဆိုသလို ၊မူလက တောင်တန်းစားဖွယ်စုံ ပိုင်ရှင်အမျိုးသမီး၏ ရုပ်သွင်ကို ဖုံးထားခဲ့သော လိုက်ကာမှာ ဖြေးဖြေးချင်း ကွာကျလာခဲ့သည်။

နောက်ဆုံးတွင်မူ ၊ တောင်တန်းစားဖွယ်စုံ ပိုင်ရှင် အမျိုးသမီး၏ ရုပ်ရည်သွင်ပြင်မှာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

သူမသည် အဖြူရောင် ပိတ်စ စကတ်ကို ၀တ်ထားသည်ကလွဲ၍ ၊ သာမန် လူသားမျိုးနွယ်စုအမျိုးသမီးများ နည်းတူ ဖြစ်ပြီး အသားအရေမှာ ပို၍ ဖြူစင်ဝင်းပပေသည်။

မူလက စူးချန်ကဲသည် တောင်တန်းစားဖွယ်စုံ ပိုင်ရှင် သည် အလွန်သန်မာသော အမျိုးသမီးတစ်ဦးဟု ဖြစ်မည်ဟု ထင်ခဲ့သည်။

ယခုလို တွေ့လိုက်ရချိန်မှာတော့ ၊ မိုးမခပင်များကို တိုက်ခတ်လာသော လေပြေများကဲ့သို့ လွန်စွာ နူးညံ့လွန်းပေသည်။

“ဒါဆို သခင်လေးရဲ့ နတ်အသိစိတ်ကို ထုတ်လွှတ်လိုက်ပါတော့ “

တောင်တန်းစားဖွယ်စုံ ပိုင်ရှင်သည် စူးချန်ကဲ၏ မျက်လုံးများကို ကြည့်ရှုလိုက်သည်။

ဤကဲ့သို့ အနီးကပ်တွေ့ဆုံမှုမျိုးမှာတောင် ၊ သူမသည် စူးချန်ကဲ၏ တမူထူးခြားမှုကို ခံစားမိသည်။

ဤတစ်ခေါက်ခရီးစဉ်တွင် သူမ၏ ပျံလွှားငှက်‌လေးကို ရှာတွေ့ကောင်း ရှာတွေ့နိုင်ပေတော့မည်။

…..

ရက်အနည်းငယ်ကြာပြီးနောက်၊

ကျောက်စိမ်းဖြူ စီးတော်ယာဉ်လှေ တစ်စင်းသည် တောင်တန်းစားဖွယ်စုံ အဆောက်အဦးထဲမှ ပျံထွက်လာသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ၊ စူးချန်ကဲသည် ထန်ဝူအာ နှင့် တောင်တန်းစားဖွယ်စုံ ပိုင်ရှင် အမျိုးသမီးကိုသာ ခေါ်ဆောင်လာခဲ့သည်။

လော့ရန်ယွီသည် သူမ၏ အရေးကြီး ကိစ္စများ ဆောင်ရွက်ရန် အရင် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

ကျန့်တု တော်ဝင်မိသားစုသည် ကျန့်တုသင်္ကေတ တိုကင်ပြားကို စူးချန်ကဲအား ပေးအပ်ခဲ့ပြီး၊ မည့်သည့်အနှောက်အယှက်မှ မပေးဘဲ နှုတ်ဆက်ကာ ထွက်သွားခဲ့သည်။

လိုက်လျောညီထွေစွာ ဆက်ဆံခြင်းသည် တဖက်လူအပေါ် အကောင်းဆုံး ပုံရိပ်ကို ချန်ထားနိုင်ပေမည်။

စူးချန်ကဲကို ဒေါသထွက်စေမည့် မလိုလားအပ်သော လှုပ်ရှားမှုမျိုး ပြုလုပ်ခဲ့ပါက ၊ သူတို့အတွက် အကျိုးရှိလိမ့်မည် မဟုတ်ပေ ။

……

တစ်ချိန်တည်းမှာပင် ၊ မရဏကမ္ဘာ တစ္စေနတ်ဘုရားကျောင်း၌ ။

အလယ်ဗဟိုရှိ ပင်မခန်းမကြီးသည် ကောင်းကင်နှင့် ချိတ်ဆက်ထားသကဲ့သို့ တိမ်တိုက်တွေထဲ တိုးဝင်ကာ မားမားမတ်မတ် ရှိနေသည်။

ထူထပ်သော တိမ်တိုက်များသည် ဖြည်းညှင်းစွာ ပျံလွှင့်စီးဆင်းနေပြီး ၊ ၎င်းအပေါ်တွင် အလွန် ပြင်းထန်သော တစ္စေစွမ်းအားများက သက်ဝင်လှုပ်ရှားနေသည်။

ဝုန်း!

မိုးခြိမ်းသံ တချက် ထွက်ပေါ်လာသည်။

အမှောင်ထု ပလ္လင်ပေါ်တွင် ထိုင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ မျက်ဝန်းအစုံတို့သည် ရုတ်ချည်း ပွင့်လာခဲ့သည်။

“ ရှေးဘိုးဘေးရဲ့ အငွေ့အသက်ကို ခံစားရတယ်…”

“နတ်တစ္စေသွေး... မဟုတ်ဘူး... နတ်တစ္စေသွေးထက် ပိုသန့်စင်တဲ့အရာ...”

“ မဟုတ်မှလွဲရော ဒါဟာ ဘိုးဘေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်မလား”

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် ခေတ်ပြိုင် တစ္ဆေနတ်ဘုရားကျောင်း၏ အရှင်သခင်ပင် ဖြစ်သည်။

သူတို့၏ တစ္စေနတ်ဘုရားများ ကွယ်လွန်ခဲ့ချိန်မှစ၍ ၎င်းတို့၏ တစ္ဆေနတ်ဘုရားကျောင်းသည် နှစ်ပေါင်းသောင်းနှင့်ချီ၍ ဆုတ်ယုတ်လာခဲ့သည်။ယခုတွင်မူ သူတို့သည် မရဏကမ္ဘာရှိ ထိပ်တန်းအင်အားစုများ၏ အကြွင်းအကျန် တစ်ခုအဖြစ်သာ မှတ်ယူရပေမည်။

ယခုတွင် သူသည် ဘိုးဘေးဖြစ်သူ၏ အငွေ့အသက်ကို ခံစားခဲ့ရသည်။ ဤအရာသည် သူတို့၏ တစ္ဆေနတ်ဘုရားကျောင်းကို ပြန်လည် သက်ဝင်လာစေရန် ကူညီပေးနိုင်ဖွယ်ရှိသည်။

“လန်ရှင်း”

ထိုအမျိုးသား၏ အော်ခေါ်သံအပြီးတွင်၊ အနက်ရောင် ၀တ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ပေါ်ထွက်လာခဲ့သည်။

“ သခင် မိန့်တော်မူပါ”

ထိုအမျိုးသမီး၏ ရောင်ဝါသည် အလွန် ပြင်းထန်ပြီး ထိပ်တန်း သူတော်စင်အဆင့်ကို ရောက်ရှိနေပြီမှန်း သိနိုင်သည်။

ဤအမျိုးသမီးသည် တစ္စေနတ်ဘုရားကျောင်း၏ ပဲ့ကိုင်ငါးလက် မှ နောက်ဆုံးတစ်လက်ဟု လူသိများသည့် လန်ရှင်း ပင်။

“ ရှေးဘိုးဘေးရဲ့ အငွေ့အသက်ကို ငါ ခံစားရတယ်၊ ရှေးဘိုးဘေးရဲ့ ကျန်ခဲ့တဲ့ အရာတွေကို ရှာဖို့ ဒီတစ္ဆေအိမ်မြှောင်ကို မင်း ယူထားလိုက်”

တစ္စေနတ်ဘုရားကျောင်း၏ သခင်ဖြစ်သူသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အိမ်မြှောင် တစ်ခု ထွက်ပေါ်လာပြီး ၊ လန်ရှင်း၏ လက်ပေါ်သို့ ဖြည်းညှင်းစွာ ကျရောက်လာသည်။

“ဟုတ် လန်ရှင်း ၊ သခင်ရဲ့ အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါမယ် “

ထိုစကားကို ပြောပြီးနောက် ၊ သူမသည် တန်းပြီး ပျောက်ကွယ်သွားခဲ့သည်။

တစ္စေနတ်ဘုရားကျောင်း၏ အရှင်သခင်သည် အဝေး တစ်နေရာကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲ၌ အရိပ်အမြွက်တစ်ခု ရှိနေခဲ့သည်။

“ ရှေးဘိုးဘေး ထားခဲ့တဲ့ အရာတစ်ခုက ဖြည်းညှင်းစွာ ရွေ့လျားနေတာကို ငါ ခံစားမိတယ် ၊ သေမှာကို မကြောက်တဲ့ ဘယ်ကောင်ကများ ငါ တ‌စ္စေနတ်ဘုရားရဲ့ ရုပ်ကြွင်းကို ထိဝံ့သလဲ “

…..

ဤအခိုက်အတန့်တွင်၊ စူးချန်ကဲတို့ အဖွဲ့သည် သင်္ချိုင်းဓားကိုးတောင်၏ ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။

“ဒါက သင်္ချိုင်းဓားကိုးတောင်လား?”

“ဘာလို့ ဓားကိုးလက် သဏ္ဍာန်လို တူနေတာလဲ”

သင်္ချိုင်းဓားကိုးတောင်သည် သူထင်ထားသည်ထက် ထူးဆန်းနေသည်။

အရှေ့ဘက် ကြီးမားကျယ်ပြန့်သော ဧရိယာထဲတွင် အနက်ရောင် ဓားကိုးလက်သည် မြေကြီးထဲသို့ စိုက်ဝင်နေသည့် ပုံစံပင် ဖြစ်သည်။

ထူးဆန်းသော သေခြင်းတရား၏ ရောင်ဝါများက တောင်ကိုးတောင်ကို လွှမ်းခြုံထားသော်လည်း ၊ သို့သော် ယင်းက မထူးဆန်းပေ။

ဤကဲ့သို့ ပြင်းထန်သော သေခြင်းတရား၏ ရောင်ဝါများ လွှမ်းခြုံထားသည့်တိုင် ၊ သို့သော် ထိုသေခြင်းတရား၏ ရောင်ဝါများထဲတွင် လူကို နှလုံးရပ်သွားစေနိုင်လောက်သော ဓားစွမ်းအင်များလည်း ရှိနေသည်။

“ တကယ်တော့ သင်္ချိုင်းဓားကိုးတောင် နဲ့ ပတ်သက်တဲ့ နောက်ထပ် သီအိုရီ တစ်ခု ရှိသေးတယ် “

ထိုအချိန်တွင်၊ ဘေးနားတွင် ရှိနေခဲ့သော တောင်တန်းစားဖွယ်စုံ ပိုင်ရှင်က ဆိုလိုက်သည်။

“လွန်ခဲ့တဲ့ မရေတွက်နိုင်တဲ့ နှစ်ကာလတွေတုန်းက အံ့သြစရာ ကောင်းလောက်အောင် ထက်မြက်တဲ့ ဓားသမားတစ်ဦး မရဏကမ္ဘာမှာ ပေါ်ထွက်လာခဲ့ဖူးတယ် ၊ ပြောသံကြားတာတော့ သူ့ရှေ့မှာ ထိပ်တန်း ဓားသမားတစ်ယောက်ရှိခဲ့တယ် “

“သေပြီးနောက်မှာတောင် ဓားရဲ့ စွဲလမ်းမှုကို မစွန့်လွှတ်နိုင်ခဲ့လို့ ၊ နောက်ဆုံးမှာတော့ ကောင်းကင်ရဲ့ အလိုဆန္ဒကို ဆန့်ကျင်ပြီး တစ္ဆေစွမ်းအင်ကို ဓားစွမ်းအင်အဖြစ် ပြောင်းလဲပြီး မရဏကမ္ဘာရဲ့ ပထမဆုံးသော တစ္စေဓားအမတရှင် ဖြစ်လာခဲ့တယ်တဲ့ “

“ဒါပေမယ့် အဲဒီတိုက်ပွဲမှာ တစ္စေဓား အမတရှင် သေဆုံးသွားခဲ့ပြီး ၊ ဓားကိုးလက် ဒီဧရိယာမှာ ပြုတ်ကျလာခဲ့ပြီး လက်ရှိ သင်္ချိုင်းဓားကိုးတောင် ဆိုပြီး ဖြစ်လာခဲ့တယ်”

“ဒီ တစ္စေဓားအမတရှင်က ဂီတမှာလည်း တဖက်ကမ်း ကျွမ်းကျင်တယ် ၊ သူက မရဏကမ္ဘာကိုတောင် ကျော်ဖြတ်ပြီး နာမည်ကြီးသီချင်းတစ်ပုဒ်ကိုလည်း ရေးစပ်ခဲ့တယ် ၊ အဲ့တာက ဓားကိုးချောင်း ဝိညာဉ်တေးသွားပဲ “

တောင်တန်းစားဖွယ်စုံ ပိုင်ရှင် အမျိုးသမီး၏ ရှင်းပြချက်ကို နားထောင်ရင်း စူးချန်ကဲ က အနည်းငယ် ခေါင်းညိတ်လိုက်ရင်း ဆိုလိုက်သည်။

“ဝင်ပေါက်က တတိယမြောက်တောင်နဲ့ စတုတ္ထတောင်ကြားမှာ ရှိတယ် ၊အဆင်သင့်ဖြစ်ပြီ ဆို အခုပဲ ဝင်ကြစို့ “

တောင်တန်းစားဖွယ်စုံ ပိုင်ရှင် အမျိုးသမီးမှာ အံ့အားသင့်သွားသည်။

“ဒါပေမယ့် အထဲကို ဝင်ချင်ရင် ဓားစွမ်းအင်ရဲ့ အကူအညီ လိုအပ်တယ်”

“ခဏစောင့်ဦး၊ ငါ့မှာ ရှေးဟောင်း ဓားအစီအရင် သုံးသွယ် ရှိတယ် ၊ ငါတို့ ဒီဓားအစီအရင်နဲ့ ဖြတ်ကျော်နိုင်လောက်တယ်..”

ထိုစဉ် ထန်ဝူအာက အပြုံးမပျက် ကြားဖြတ်ဆိုလိုက်သည်။

“စိတ်မပူနဲ့၊ ဓားရေးမှာ သခင်လေးက အကောင်းဆုံးပဲ “

“ဒီသခင်လေးက ဗျပ်စောင်းတီးခတ်ရာမှာပဲ အကောင်းဆုံး မဟုတ်ဘူးလား?”

သူမ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ဓားလမ်းစဉ်နှင့် ဗျပ်စောင်း လမ်းစဉ်သည် လုံးဝ မတူညီသော လမ်းစဉ်များပင် ဖြစ်သည်။

ဗျပ်စောင်းသည် နူးညံ့သိမ်မွေ့မှုကို အလေးထားပြီး ၊ ဓားသည် သတ်ဖြတ်ခြင်းကို အလေးထားသည်။

ဗျပ်စောင်းကို ကျွမ်းကျင်စွာ တီးခတ်တတ်သူသည် တချိန်တည်းမှာပင် ဓားကို မည်သို့ ကျွမ်းကျင်စွာ အသုံးချနိုင်မည်နည်း။

သို့သော် သူမ၏ သံသယများ မပြီးဆုံးခင်။

ချွင်——

နဂါးတစ်‌ကောင်၏ ဟောက်သံကဲ့သို့ ဓားကြွေးကြော်သံသည် ဤနေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။

ဝုန်း!

ထိတ်လန့်ဖွယ်‌ ကောင်းသော ပေါက်ကွဲသံအဆုံးတွင် ၊ ပြင်းထန်သော ဓားစွမ်းအင်များ ထွက်ပေါ်လာသည်။

တောင်တန်းစားဖွယ်စုံ ပိုင်ရှင်အမျိုးသမီးမှာ စူးချန်ကဲ အား ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေသည်။

စူးချန်ကဲ၏ ဓားစွမ်းအင်သည် နှစ်ပေါင်းများစွာ တည်ရှိလာခဲ့သော သေခြင်းတရား၏ စွမ်းအားများဖြင့် စီမံထားသော အတားအဆီးကို ဖြိုခွဲပစ်ခဲ့သည်။

ကြီးမားသော အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူမကို ပို၍ ထိတ်လန့်သွားစေခဲ့သည်မှာ ဤဓားစွမ်းအင်တွင်ပါရှိသော ယန်စွမ်းအားသည် ကျိုးပေါက်သွားခဲ့ပြီ ဖြစ်သော ဤနေရာရှိ တစ္စေစွမ်းအင်များကို ပြန်လည် ကုစားဖို့ရန် မဖြစ်နိုင်တော့ချေ။

ဤသို့ အောင်မြင်ဖို့ရန်မှာ ဓားစွမ်းအင်သည် မည်မျှပင် အစွမ်းထက်ရန် လိုအပ်လေသနည်း။

“အိုး? ကျွန်တော် တောင်တန်းစားဖွယ်စုံ ပိုင်ရှင်ကို မပြောမိဘူးလား”

“ ကျွန်တော်ရဲ့ ကိုယ်ခံပညာ မဆိုးဘူးမလား?”

သူမအနေဖြင့် စူးချန်ကဲသည် ဤမျှ အားကောင်းလိမ့်မည်ဟု မထင်ထားမိပေ။

သို့သော် သူမ ရင်ထဲက လေးလံမှုကြီးသည် နောက်ဆုံးတွင် ပြုတ်ကျသွားခဲ့ပြီ ဟု ဆိုရပေမည်။

“ယွီကျွင်း...နောက်ဆုံးတော့ ကျွန်မ ရှင့်နောက် လိုက်ခဲ့လို့ ရပြီ ....”

All Chapters