← Chapters

အခန်း (၂၂၈-၂၃၀)

Vol. 16 Ch. 228-230

အခန်း (၂၂၈-၂၃၀)

Vol. 16 Ch. 228-230

အပိုင်း(၂၂၈): ထိုတ်ထန်တစ္စေမြွေ,ထျန်းချီယန္တရားဂိုဏ်းကို ထပ်‌တွေ့ရခြင်း

“ဝါးဟားဟား...!”

သို့သော် ထိုအခိုက်အတန့်တွင် ၊ လူကို ရင်တုန်သွားစေသည့် တစ္စေတစ်ကောင်၏ ရယ်မောသံ ထွက်ပေါ်လာသည်။

ထို့နောက် ချက်ချင်းဆိုသလို လူကို ခေါင်းကျိန်းသွားစေသည့် စူးရှသော အသံသည် အရှေ့ဘက် တစ်နေရာမှ ထွက်ပေါ်လာခဲ့သည်။

“ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ၊ နောက်ဆုံးတော့ တစ်ယောက်ယောက်ရောက်လာခဲ့ပြီလား!”

“ဟားဟားဟား၊ ညီအစ်ကိုတို့၊ ဒီမှာ ခပ်ချောချော ကောင်လေးတစ်ယောက် ရောက်လာတယ်”

“ ငါ အရင်သွားမယ် ၊ ငါ အရင်စားမယ်!”

စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။သူ၏ ကျူးကျော်ဝင်ရောက်မှုသည် ဤနေရာရှိ တစ္ဆေစွမ်းအင်၏ ချိန်ခွင်လျှာကို ချိုးဖျက်လိုက်ပုံ ရသည်။

မိမိကို ဝါးမျိုချင်သည့် မကောင်းသောအရာအချို့ကို စွဲဆောင်မိခဲ့သည်။

“သတိထား!”

တောင်တန်းစားဖွယ်စုံ ပိုင်ရှင်အမျိုးသမီးက လှမ်းသတိပေးလိုက်သည်။သူမသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ထိ ရောက်ရှိခဲ့ပြီ ဖြစ်ရာ ၊ အကယ်၍ သူမ၏ လက်ရှိကျင့်ကြံမှုဖြင့် သင်္ချိုင်းဓားကိုးတောင်ထဲသို့ ဝင်ရောက်ခဲ့ပါက၊

သင်္ချိုင်းဓားကိုးတောင်တွင် ရုန်းရင်းဆန်ခတ်ဖြစ်သွားနိုင်သည်။ထို့ကြောင့် သူမသည် မိမိ၏ကျင့်ကြံအဆင့်ကို သူတော်စင် အဆင့်ထိ နှိပ်ကွပ်ထားခဲ့ရသည်။သို့မဟုတ်ပါက၊ သူမသည် သင်္ချိုင်းဓားကိုးတောင်ရှိ နိယာမများ၏ တိုက်ရိုက် ချေမှုန်းခြင်းကို ခံရမည် ဖြစ်သည်။

ထိုအချိန် ၊ အမှောင် မြူခိုးများထဲရှိ တစ္ဆေစွမ်းအင်များမှာ သိသိသာသာ တိုးလာခဲ့သည်။

ဧရာမ ဦးခေါင်းခွံကြီးသည် သူ၏ သွေးသံရဲရဲ ပါးစပ်ကို ဟ ကာ မြူခိုးများထဲမှ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မှိက်နေပြီး ၊ ထို့အပြင် ၎င်း၏ ထွက်ပေါ်မှုသည် ရုတ်ချည်း ဆန်လွန်းသည်။

၎င်း၏ ပါးစပ်သည် ကောင်းကင်တဝက်ကိုပင် ဖုံးအုပ်ထားနိုင်သည့် ပမာဏနည်းတူ ကျယ်ဝန်းပေသည်။

စူးချန်ကဲမှာမူ ၊ ၎င်း၏ ရှေ့မှောက်တွင် အလွန်ကို သေးငယ်သော ‌အင်းဆက်တစ်ကောင် ကဲ့သို့ပင်။

“ သေချင်နေတယ်ပေါ့”

ရုတ်တရက်ဆန်လွန်းသော အဖြစ်အပျက်များကို ကြည့်ရင်း ၊ စူးချန်ကဲသည် အေးစက်စွာဖြင့် ဓားကို ညွန်ကြားကာ ထိုအရာကို ပိုင်းဖြတ်ပစ်လိုက်သည်။

ရွှမ်း !

တောက်ပသော ဓားအလင်းတန်း ထွက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလို ၊ ထိုအကောင်ကြီးအား ဖြိုခွင်းလိုက်သည်။

သို့သော် ဓားစွမ်းအင်၏ ဖျက်စီးခြင်းကို ခံရပြီးနောက် ၊

ဝေါင်း!

နောက်ထပ် သားရဲတစ်ကောင်၏ အော်ဟစ်သံနှင့်အတူ ၊ ဧရာမ မြွေကြီးတစ်ကောင် ထွက်လာခဲ့သည်။

၎င်း၏ခန္ဓာကိုယ်ရှိ အကြေးခွံများသည် အရွယ်ရောက်ပြီးသူ အမျိုးသား ပမာ ကြီးမားလွန်းသည်။

“ထိုက်ထန် တစ္စေမြွေ၊ ဒါက မျိုးသုဉ်းသွားပြီ ဖြစ်တဲ့ သတ္တဝါမဟုတ်ဘူးလား!? “

ထိုက်ထန်တစ္စေမြွေသည်လည်း မရဏကမ္ဘာရှိ တစ္ဆေသားရဲများကြားတွင် အုပ်စိုးသူ တစ်ကောင် ဖြစ်ပြီး ၊ ၎င်း၏ ကာယကြံ့ခိုင်မှုသည် အစွမ်းထက်ဆုံး ထိပ်တန်း သူတော်စင်များကိုပင် ယှဉ်ပြိုင်နိုင်သည်။

သို့သော် ခေတ်အပြောင်းအလဲကြောင့် ဤမျိုးစိတ်များသည် အချိန်ကာလ၏ ရှည်လျားသော မြစ်ရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့ရသည်။

သို့သော် ယခုတွင်မူ ၊ ၎င်းသည် မည်ကဲ့သို့ ထွက်ပေါ်လာခဲ့သနည်း။

“မဖြစ်ဘူး! ငါ ဝင်မပါရင် ဒီသခင်လေး အန္တရာယ်ဖြစ်လိမ့်မယ်!”

“ဒါပေမယ့် ငါ့ရဲ့ ဧကရာဇ်တစ်ပိုင်း အဆင့်ကျင့်ကြံစွမ်းအားကို အသုံးပြုလိုက်ရင် ၊ သင်္ချိုင်းဓားကိုးတောင် နိယာမတရားရဲ့ တွန်းကန်မှုကို ခံရလိမ့်မယ်”

သူမ အကျပ်ရိုက်နေခဲ့သည်။ ဤတစ်ခေါက် ခရီးစဉ်သည် အောင်မြင်ဖို့ အနီးစပ်ဆုံးပင် ဖြစ်သည်။သူမအနေဖြင့် မည်သို့ စွန့်လွှတ်နိုင်မည်နည်း။

“မဟုတ်ဘူး၊ ဒီသခင်လေးက ငါ့ကို အများကြီးကူညီခဲ့တယ်၊ ငါ ကျေးဇူးကန်းလို့ မဖြစ်ဘူး!”

တောင်တန်းစားဖွယ်စုံ ပိုင်ရှင်အမျိုးသမီးသည် ကူညီဖို့ရန် ‌ဆုံးဖြတ်လိုက်သည်။

သို့သော် စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း။

“ကျွန်တော် တခြားသူကို ကတိပေးထားတဲ့ကိစ္စကို ကျွန်တော်တစ်ယောက်တည်းပဲ ဖြေရှင်းမယ်”

“ကျေးဇူးပြုပြီး တောင်တန်းစားဖွယ်စုံ ပိုင်ရှင်၊ ခဏစောင့်ပေးပါ “

ဝှီးး!

စူးချန်ကဲ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင် ခန္ဓာကိုယ် ရောင်ဝါများ အသက်ဝင်လာခဲ့ပြီး ၊ အဖြူရောင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ ‌ကောင်းကင်သို့ တဟုန်ထိုး ဆန်တတ်သွားသည်။

ထို့နောက် မှော်စွမ်းအားများကို ခြေထောက်တွင် ပို့လွှတ်လိုက်ကာ ၊ လေထုထဲရှိ မှော်သင်္ကေတများကို ပျဉ်ချပ်( လေထဲသို့ ကိုယ်ကို မြောက်တတ်သွားအောင် ခုန်နိုင်ရန် ပြန်ကန်အားရှိသည့်အရာ)သဖွယ် အသုံးပြုလိုက်ပြီး ခုန်တတ်လိုက်သည်။

သူ လေထဲသို့ ခုန်တတ်လိုက်သည်နှင့် တချိန်တည်းမှာပင် ၊ သူသည် လက်ညိုးနှင့် လက်ခလယ်ကို ပူးကပ်လိုက်ရာ စူးရှတောက်ပသော ဓားအလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဖြတ်စေ”

စူးချန်ကဲ၏ ရေရွတ်သံအဆုံးတွင် ၊ သူသည် ဓားအရှည်ကို မြှောက်တင်လိုက်ကာ ခုတ်ချလိုက်သည်။ဓားအလင်းသည် ကြွေကျလာသော ကြယ်တစ်ပွင့်ကဲ့သို့ လင်းလက်နေသည်။

ဓားစွမ်းအင်သည် အလွန်ထက်မြက်ပေရာ ၊ တခဏအတွင်းမှာပင် ထိုက်ထန်တစ္စေမြွေ၏ တစ္စေစွမ်းအင် အကာအကွယ်မှာ ဆုတ်ဖြဲခံလိုက်ရပြီး ၊ ၎င်း၏ အသွေးအသားများမှာလည်း တစ်စစီ ဆုတ်ဖြဲခံလိုက်ရသည်။

ထိုက်ထန် တစ္စေမြွေကြီးမှာ ကြီးမားသော နာကျင်မှုကို ခံစားခဲ့ရပြီး ၊ ၎င်း၏ ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် လူးလိမ့်လျက် စူးရှစွာ အော်ဟစ်နေသည်။

ထို့နောက်တွင်မူ၊ ၎င်းသည် အမှောင်တစ္စေမီးလျှံများဖြင့် စူးချန်ကဲထံ မှုတ်ထုတ်လိုက်သည်။

ဤ‌နေရာရှိ တစ္ဆေစွမ်းအင်လှိုင်းများမှာ ပိုသည်းထန်စွာ ရိုက်ခတ်လို့ လာချေပြီ။

သို့သော် မုန်တိုင်းထဲတွင် ရှိ‌နေဆဲဖြစ်သော စူးချန်ကဲသည် ရေစင်အလား ငြိမ်သက်နေပြီး တချက်ကလေးမှ လှိုင်းခတ်မသွားချေ။

သူသည် လက်သင်္ကေတ တစ်ခုကို ဖော်ဆောင်လိုက်သည်။

“ ဖောက်ခွဲစေ “

စူးချန်ကဲ၏ ထိန်းချုပ်မှုအောက်တွင် ၊ ဓားစွမ်းအင်သည် ထိုက်ထန် တစ္စေမြွေကြီး၏ ခန္ဓာကိုယ်အား ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ဘုန်း !

ပေါက်ကွဲမှုသည် အမှောင်ညတွင် ကြွေကျနေသော ကြယ်တစ်ပွင့်အလား တောက်ပနေသည်။

ဧရာမတောင်ကြီးအလား ထင်မှတ်ရသည့် ထိုက်ထန် တစ္ဆေမြွေကြီးမှာ အတွင်းပိုင်းမှ ‌အပြင်ပိုင်းသို့ တိုက်ရိုက် ပေါက်ကွဲသွားသည်။

တစ္စေစွမ်းအင်များဖြင့် ရောနှောနေသော ထိုက်ထန် ‌တစ္စေမြွေကြီး၏ အသွေးအသားများသည် မိုးရေများသဖွယ် လေထုထဲမှ ပြုတ်ကျလာခဲ့သည်

ဤနေရာတစ်ခုလုံး ပြင်းထန်သော သွေးညှီနံ့များ လှိုင်လှိုင်ထသွားသည်။

ထိုက်ထန် တစ္စေမြွေကြီး၏ သေဆုံးမှုသည် မူလက စူးချန်ကဲ၏ အသားကို ဝေမျှစားရန် ကြံစည်နေကြသော သရဲတစ္ဆေများကို အော်ဟစ်ကာ လန့်ပြေးသွားစေသည်။

စူးချန်ကဲသည် လှည့်စားရန် လွယ်ကူသော ကောင်ချောလေးတစ်ယောက်ဟု မှတ်ယူထားခဲ့သော်လည်း ၊ တကယ်တန်းတွင် သူသည် အသက်ရှင်နေသော ငရဲမင်းကြီး ဖြစ်နေခဲ့သည်။

စူးချန်ကဲသည် ဝေဟင်မှ မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်

သူ့တစ်ကိုယ်လုံး အနက်ရောင် အဝတ်အစားကို ၀တ်ဆင်ထားသည်မှာ အမှောင်မြူခိုးကြားထဲက သေမင်းနတ်ဘုရား အလား ထင်မှတ်ရသည်။

“ ထိပ်တန်း သူတော်စင် နယ်ပယ်အဆင့် ရှိတဲ့ ထိုက်ထန် တစ္စေမြွေကြီးက ဒီလိုနဲ့ သေသွားပြီလား”

တောင်တန်းစားဖွယ်စုံ ပိုင်ရှင် အမျိုးသမီး၏ မျက်ဝန်းများမှာ အံ့ဩမှု‌ပေါင်းများစွာဖြင့် ။ စူးချန်ကဲ၏ တိကျသော ကျင့်ကြံအဆင့်ကို သူမ နားမလည်ပေ။

သို့သော် စူးချန်ကဲသည် အသက် တစ်ရာတောင် မကျော်သေးသည့် ၊ ထိပ်တန်း သူတော်စင် တစ်ပါး ဆိုတာ သူမ သေချာသိသည်။

မည့်သို့ပင် ဆိုစေကာမူ ၊ ၎င်းသည် ထိပ်တန်း သူတော်စင် အဆင့်ရှိ တစ္စေသားရဲကောင်ကိုပင် သတ်ပစ်နိုင်သည်လော။

စူးချန်ကဲသည် အံ့ဩထိတ်လန့်နေသော တောင်တန်းစားဖွယ်စုံ ပိုင်ရှင် အမျိုးသမီးကို လျစ်လျူရှုရင်း ၊ သူသည် တစ်စစီ ပြန့်ကျဲနေသော အသားအစများကြားထဲက ထူးဆန်းသော သတ္တုအပိုင်းအစ တစ်ခုကို သတိပြုမိလိုက်သည်။

သူသည် ထိုအရာကို ကောက်ယူလိုက်သည်။ ၎င်းပေါ်တွင် နားမလည်နိုင်သော ရှေးဟောင်းစကားလုံးအချို့ ရေးထွင်းထားသည်။

“ တောင်တန်းစားဖွယ်စုံ ပိုင်ရှင်၊ ခင်ဗျား ကြည့်ပါဦး ဒီအရာကို ဘယ်လိုထင်လဲ”

စူးချန်ကဲသည် ထိုထူးဆန်းသော သတ္တုအပိုင်းအစကို တောင်တန်းစားဖွယ်စုံ ပိုင်ရှင်ထံ ပေးလိုက်သည်။

ခဏလောက်ကြည့်ပြီးနောက်တွင် ၊ သူမက အနည်းငယ် မျက်မှောင်ကြုတ်လျက် ‌ဆိုလာခဲ့သည်။

“ဒါက မရဏ ကမ္ဘာရဲ့ ရှေးဟောင်း စာသားပဲ ၊ နှစ်ပေါင်း ဘယ်လောက်တောင် ကြာခဲ့ပြီလဲ မသိဘူး “

“ ဒီရှေးဟောင်းစာတွေက စစ်ပွဲကြီး မတိုင်ခင်က ထွန်းကားတယ်လို့ ပြောကြတယ် “

“အိုး... ကမ္ဘာ့ကပ်ဘေးစစ်ပွဲလား?”

တောင်တန်းစားဖွယ်စုံ ပိုင်ရှင်သည် စူးချန်ကဲတွင် ထူးခြားသော နောက်ခံရှိမည်ကို သိထားပေရာ ၊ ဤအရာများကို စူးချန်ကဲအနေဖြင့် သေချာပေါက် သိထားလိမ့်မည် ဖြစ်သည်။

“ဒါပေမယ့် ဒီအပေါ်မှာ ရေးထားတဲ့ ရှေးဟောင်း အက္ခရာတွေရဲ့ အဓိပ္ပာယ်ကို နားမလည်ဘူး”

“ ဒါကို ထျန်းချီ ယန္တရား ...စာလုံးတစ်လုံး ပျောက်နေသလိုပဲ “

“ဘယ်လို?”

ထိုနာမည်ကို ကြားလိုက်ရသည်နှင့် ၊စူးချန်ကဲ၏ မျက်လုံးများမှာ အနည်းငယ် ကျုံ့သွားသည်။

ထျန်းချီ ယန္တရားဂိုဏ်းသည် အခြားကမ္ဘာ တစ်ခု၏ ကျင့်ကြံမှုဆိုင်ရာ ခေတ်မီအဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

ဤကြေးဝါအပိုင်းအစ ပစ္စည်းသည် ထျန်းကျီ ကျွန်းတွင် သူ မြင်ခဲ့သော ကြေးသားရဲကောင်နှင့် အတိအကျ တူနေသည်။

တစ်နည်းအားဖြင့် ဆိုရသော် ၊ ၎င်းတို့အား တစ်ဂိုဏ်းတည်းကနေ ပြုလုပ်ထားခြင်းပင်။

“ဒါ​ပေမယ့်​ ဘာလို့ ဒီမှာ​ လာတွေ့ရတာလဲ”

“မရဏကမ္ဘာက မကောင်းတဲ့အရာတွေ ရှိ‌တဲ့ နေရာ မဟုတ်ဘူးလား”

“ မရဏကမ္ဘာမှာ ပြင်ပကမ္ဘာက ပြုလုပ်ထားတဲ့ အရာတွေရဲ့တည်ရှိမှုကို ခွင့်ပြုမထားဘူး ၊ ဒါပေမဲ့ ထျန်းချီယန္တရားဂိုဏ်းရဲ့ အရာက ဘာလို့ မရဏကမ္ဘာမှာ ပေါ်ထွက်လာရတာတုန်း”

အပိုင်း(၂၂၉): လူဝင်စား ပင့်ကူခတ္တာပန်း ၊ ဖန်တီးထားသော အရာ

“ ကြည့်ရတာ ဒီသင်္ချိုင်းဓားကိုးတောင်မှာ ရှိတဲ့ လျှို့ဝှက်ချက်တွေက ထင်ထားတာထက် များနေမယ့်ပုံပဲ “

“သွားကြစို့ ၊ ကျွန်တော်တို့ ဆက်သွားကြည့်ရအောင် တောင်တန်းစားဖွယ်စုံ ပိုင်ရှင် “

……

စူးချန်ကဲတို့အဖွဲ့ ထွက်သွားပြီး ၊ သိပ်မကြာခင်

သင်္ချိုင်းဓားကိုးတောင်၏ ရှေ့တွင် လူများစွာ ရောက်ရှိလာသည်။

ထိုလူအုပ်ကြီးထဲက ခေါငိးဆောင်နှစ်ဦးသည် စူးချန်ကဲ၏ “ အသိကျွမ်းဟောင်း” ဟု ဆိုရပေမည်။

“ မေဟွိမ်းနွီ ၊မင်း အဲဒီလူရဲ့ အနှစ်သာရကို ရဖို့ အတော်ကြိုးစားထားတာပဲလား “

ကွေးဝူယာ ခမျာ စကားပြောတိုင်း နာကျင်မှုကြောင့် မဲ့ရှုံ့သွားတတ်သည်။

“ ဗျပ်စောင်းအရာမှာ ကျွမ်းကျင်တဲ့သူ တစ်ယောက်က ကိုယ်ခံပညာမှာ‌ရော ဘယ်လောက်တောင် အစွမ်းထက်နိုင်မှာတုန်း “

“ဟွန်း ...နင်နဲ့ ယှဉ်ရင် သူက နင့်ထက် ပိုသန်မာတယ် ၊ ဦီးနှောက်ကို မရှိဘူး “

မေဟွိမ်းနွီ၏ နှုတ်ခမ်းသားတို့မှာ အနည်းငယ် ကွေးကောက်သွားပြီး ထပ်ဆိုလိုက်သည်။

“ နင်ပြောသလို သူက တကယ်ပဲ အသုံးမကျတဲ့ကောင်ဆိုရင် ငါ နင့်ကို လာရှာပါ့မလား”

“ဟား ၊ မင်းပြောနေတဲ့ ဒီအသုံးမကျတဲ့ ဟာလေးက ဘယ်လောက်တောင် အစွမ်းထက်လဲ ဆိုတာ ငါကြည့်ချင်သေးတယ်!”

ကွေးဝူယာ၏ မျက်လုံးများမှာ လူသတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ လူသားတစ်ယောက်ကြောင့် သူသည် အများရှေ့တွင် ပါးရိုက်ခံခဲ့ရသည်။

“ဒါကိုမှ ငါ လက်စားမချေနိုင်ရင် တစ္စေတောင် မလုပ်ဘူး !”

….

သင်္ချိုင်းဓားကိုးတောင်၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ သွားရောက်သော ရှေးဟောင်းလမ်းတစ်နေရာတွင် ၊

မြေတွင် ဇောက်ထိုးစိုက်နေသည့် ဓားကိုးလက်သဖွယ် ဓားကိုးတောင်တွင် မူလအမှောင်ပတ်ဝန်းကျင်ကို ပိုလို့တောင် မှောင်မဲသွားစေသည့် မှော်စွမ်းအား တစ်ခု ရှိနေပုံရသည်။

လေထုထဲတွင် စိုစွတ်ပြီး ပုပ်စော်နံသည့် ရနံ့များ ရှိနေပြီး ၊ လူကို ကြက်သီးမွှေးထစေသည်။

အထူးသဖြင့် တစ္ဆေရယ်မောသံများက လူကို ပို၍ ခြောက်ခြားစေသည်။

စူးချန်ကဲ ဝင်ရောက်လာခဲ့သည့် လမ်းတစ်လျှောက် ၊သူတို့အားလုံး တစ္ဆေများစွာ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

“ ဒီလိုဝတ်စုံ ငါဘာလို့ တစ်ခါမှ မမြင်ဖူးတာလဲ”

စူးချန်ကဲ ချုပ်ကိုင်ထားသော လက်ထဲတွင် စူးစူးဝါးဝါး အော်ဟစ်နေသော တစ္စေတစ်ကောင် ရှိနေသည်။

ဤတစ္စေဝတ်ထားသော ၀တ်စုံသည် အလွန်ထူးဆန်းနေသည်။၎င်းပေါ်ရှိ ပုံနှိပ်ထားသော သင်္ကေတသည် ဂီယာတစ်ခု နှင့် တူပြီး ၊ တိုက်မြေ သုံးထောင်တွင် တစ်ခါမှ မမြင်ဖူးသော ဂီယာပုံစံ တစ်ခုပင် ဖြစ်သည်။

သူသည် ထိုတစ္စေကောင်ကို လွယ်လွယ်ကူကူ ညှစ်သတ်ပြီးနောက် ၊ အခြားသူများနည်းတူ ရှေ့ကို ဆက်သွားခဲ့သည်။

“သခင်လေး... ရှေ့မှာ ရှိတဲ့ တစ္ဆေစွမ်းအင်တွေက ပိုပြင်းထန်လာသလိုပဲ..”

ထန်ဝူအာသည် စူးချန်ကဲ အား တိုးတိုးလေး ဆိုလိုက်သည်။ သူမသည် အငွေ့အသက်များအပေါ် ခံစားနိုင်စွမ်းသည် အလွန် အကဲဆက်နေခဲ့ပြီး ၊ မူမမှန်သော အရာတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။

ဝူး--

ထိုအချိန်တွင် ၊ အရှေ့မှ လေပြင်းများ ရုတ်တရက် တိုက်ခတ်လာသည်။

အအေးဓာတ်များက ဆက်လက် ပျံ့နှံ့လာနေပြီး ၊ အထဲတွင် ပြင်းထန်သော သွေးညှီနံ့များ ရောထွေးကာ ပါဝင်နေသည်။

ယခုအချိန်တွင် ၊ သူတို့သည် ချိုင့်ဝှမ်းတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။

စူးချန်ကဲကို အံ့သြသွားစေခဲ့သည့် အရာမှာ ဤချိုင့်ဝှမ်းတွင် အလောင်းများ သောင်းနှင့်ချီ ရှိနေခြင်းပင် ဖြစ်သည်။

ဤအလောင်းများ၏ ပုံပန်းသဏ္ဌာန်သည် ကွဲပြားနေသည်။ တချို့မှာ မသေဆုံးမီ အလွန်ကြောက်စရာကောင်းသော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်သော အမူအယာ ဖြစ်နေပြီး ၊

လူအချို့မှာမူ ၊ မိမိ၏ သေဆုံးချိန်ကိုတောင် မသိလိုက်သကဲ့သို့ ရှုပ်ထွေးသော အကြည့်များ ရှိနေသည်။၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် တိုက်ခိုက်ထားသော အရိပ်အမြွက်များ ရှိမနေချေ။

“ ဒီလူတွေရဲ့အဝတ်အစားတွေက အရင်က တွေ့ခဲ့တဲ့လူတွေနဲ့ ဘာလို့ တူနေတာလဲ”

စူးချန်ကဲက တောင်တန်းစားဖွယ်စုံ ပိုင်ရှင်အား လှမ်းမေးလိုက်သည်။

“တောင်တန်းစားဖွယ်စုံ ပိုင်ရှင် ၊ ခင်ဗျား ကြည့်ပါဦး ဒီလူတွေရဲ့ အဝတ်အစားတွေမှာ ရေးထားတာက ထျန်းချီယန္တရားဂိုဏ်း မလား?”

“ဟုတ်တယ်၊ အပေါ်မှာ ရေးထားတဲ့ အက္ခရာတွေက သေချာပေါက် ထျန်းချီယန္တရားဂိုဏ်းပဲ...”

ဤအခိုက်အတန့်တွင်၊ သူမ၏ အမူအရာမှာ ထိတ်လန့်မှု အပြည့်ဖြင့် ရှိနေသည်။ သင်္ချိုင်းဓားကိုးတောင်နှင့် ပတ်သတ်သည့် ဤသို့သောလျှို့ဝှက်ချက်များကို သူမ တစ်ခါမှ မကြားဖူးခဲ့ပေ။

ဝီ —

ရုတ်​တရက်​ ၊ ရှေ့တွင် နီမြန်းသော ရောင်စဉ်တန်း တစ်ခု ထွက်ပေါ်လာသည်။

ဘုန်း!

ရှေ့တွင် တောင်သဖွယ် စုပုံနေသော လူသေတောင်ကြီးမှာ ရုတ်တရက် ပြိုကျလာခဲ့ပြီး ၊ တောက်ပသော အနီရောင် ပန်းပွင့် တစ်ပွင့် ထွက်ပေါ်လာခဲ့သည်။

ထိုအနီရောင်ပန်းပွင့်မှာ အလွန် ထူးဆန်းသည်။၎င်းအား အထူးကြေးဝါဖြင့် ပြုလုပ်ထားပြီး ၊ ပွင့်ချပ်တစ်ခုစီတိုင်းကို ဂရုတစိုက် ပွတ်တိုက်ထားသည်။

မူလက ကြေးဝါရောင် သန်းနေခဲ့သည့် ပန်းပွင့်ကြီးမှာ သွေးနီရောင် အဖြစ် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။အကြောင်းမှာ ၎င်းသည် တစ်နှစ်ပတ်လုံး သွေးသောက်နေခဲ့ရသောကြောင့် ဖြစ်နိုင်သည်။

“လူဝင်စား ပင့်ကူခတ္တာပန်း?”

စူးချန်ကဲ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဤပန်း၏ပုံစံသည် မရဏကမ္ဘာရှိ ဒဏ္ဍာရီထဲက လူဝင်စားပန်းပွင့်နှင့် အလွန်ဆင်တူသည်။

သို့သော် လွန်ခဲ့သောနှစ်ပေါင်းများစွာက စစ်ပွဲကြီးသည် မရဏကမ္ဘာ၏ ပတ်ဝန်းကျင်အား ပြင်းထန်သော အပြောင်းအလဲများ ဖြစ်ပေါ်‌စေခဲ့ကာ ၊ ဤမျိုးစိတ်များသည်လည်း အချိန်ကာလ၏ ရှည်ကြာမှုတွင် ပျောက်ကွယ်သွားရခဲ့သည်။

ခရက်ခ်!ခရက်ခ်!

စက်ယန္တရားများ လည်ပတ်သံနှင့်အတူ ၊ လူဝင်စား ပင့်ကူခတ္တာမှာ ဖြည်းဖြည်းချင်း ပွင့်လန်းလာသည် ။

ပန်းပွင့်လာသည်နှင့် တစ်ပြိုင်နက်၊အဆုံးမဲ့ သွေးထွက်သံယိုမုန်တိုင်းကြီး တစ်ခု ဝင်ရောက်လာခဲ့သည်။

“လူသား...?”

“ထပ်ပြီး အဲ့ဂိုဏ်းက လူတွေ လာပြန်ပြီလား”

ထူးဆန်းသောအသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။

“ငါ့ကို ဖန်ဆင်းခဲ့တာ မင်းတို့ပဲလေ၊ ဒါကို ငါ့ကို ဘာလို့ အမြဲသတ်ချင်နေရတာလဲ”

“ဖန်ဆင်းရှင် ဆိုတိုင်း ၊ သက်ရှိသတ္တဝါအပေါ် အရုပ်အဖြစ် ဆက်ဆံလို့ရကြေးလား?”

သွေးအခိုးအငွေ့များ ဖြေးဖြေးချင်း စိမ့်ထွက်လာခဲ့ပြီး စုဝေးသွားလေရာ အမျိုးသမီးတစ်ယောက်၏ သွင်ပြင် ဖြစ်ပေါ်လာခဲ့သည်။

ထိုအမျိုးသမီးအား စကားလုံး တစ်လုံးတည်းဖြင့် ဖော်ပြရမည်ဆိုပါက “ အနီရောင် “ပင်!

သူမ၏ နီမြန်းသောဆံပင်များသည် ရေတံခွန်အလား ပြေပြစ်စွာ တွဲလျားကျနေပြီး ၊သူမခန္ဓာကိုယ်သည် သေးငယ်လွန်းလှသော်လည်း ဂါဝန်ရှည်ကို ၀တ်ဆင်ထားသည်။

အထူးသဖြင့် ၊ သူမ၏ အနီရောင် မျက်ဝန်းများက ဆိုးသွမ်းသော ခံစားမှုကို ပေးစွမ်းနေသည်။

“အပြင်ကလူတွေကို မကြိုဆိုဘူး “

အနီရောင် မိန်းမပျိုလေး၏ လေသံသည် အေးစက်နေပြီး၊ စူးချန်ကဲအား ဉီးတည်၍ သူမ၏ လက်များကို ဆန့်ထုတ်လိုက်သည်။

နောက်ထပ် လေပြင်းများ တိုက်ခတ်လာပြီး၊ အနီရောင် ပင့်ကူခေတ္တာပန်းများ ထွက်ပေါ်လာသည်။

ပန်းပွင့်များဖြင့် ဖုံးအုပ်ခံထားရသော အလောင်းတချို့သည် အရိုးများ ‘ကျွတ်ခနဲ့’ မြည်တမ်းသွားပြီး အလွန်ထူးဆန်းသော ကိုယ်ဟန်အနေအထားဖြင့် ဖြည်းဖြည်းချင်း ထလာကြသည်။

ထိုအလောင်းများ၏ မျက်တွင်းများမှာ နီမြန်းသော အလင်းရောင်များဖြင့် တောက်ပနေပြီး ဂျိုကာသဖွယ် အစွမ်းကုန် ပြုံးပြနေသည်။

ဝေါင်း!

ပထမ ထွက်ပေါ်လာသော အလောင်း၏ စူးရှသော အော်ဟစ်သံနှင့်အတူ ၊ ထိုအခိုက်အတန့်တွင် ထောင်သောင်းချီသော အလောင်းများအားလုံး အသက်ပြန်ရှင်လာကြသည်။

“သူတို့ကို သတ်စမ်း”

အနီရောင် မိန်းမပျိုလေးသည် အေးစက်စွာ အမိန့်ပေးလိုက်သည်။

မူလက တိတ်ဆိတ်ငြိမ်သက်နေခဲ့သော သင်္ချိုင်းဓားကိုးတောင်တွင် စူးရှသော အော်ဟစ်သံများဖြင့် ‌ဆူညံသွားသည်။

အသံသည် နက်ရှိုင်းသော ချိုင့်ဝှမ်းတစ်လျှောက် ပျံ့နှံ့သွားသည်နှင့်အမျှ ၊ ပိုပို၍ ကြောက်စရာကောင်းလာသည်။

နောက်ကနေ အပြေးဝင်လာကြသော ကွေးဝူယာတို့ အဖွဲ့သည်ပင် ထိုအသံများကို ကြားလိုက်ရသည်နှင့် တပြိုက်နက် ၊ တစ်ခေါင်းလုံး အေးခဲသွားသည်။

“လူသားမျိုးနွယ်က အဲ့ကောင်စုတ်လေး သင်္ချိုင်းဓားကိုးတောင်ရဲ့ ကန့်သတ်ချက်ကို အသက်သွင်းမိသွားတာလား”

“အစ်ကိုကြီး ကျွန်တော်တို့...”

“မရဘူး!”

ကွေ့ဝူယာက ဒေါသတကြီး ဟောက်ငမ်းလိုက်ရာ နောက်ပြန်ဆုတ်ရန် ဟန်ပြင်နေသောလူမှာ ချက်ချင်း ရပ်တန့်သွားသည်။

“ အဲ့ကောင်သေတာကို ငါကိုယ်တိုင် တွေ့ရမှ ၊ ငါစိတ်သက်သာရာ ရနိုင်မယ်!”

“ ပြီးတော့ အဲ့ကောင်စုတ်လေး မသေဘူးဆိုရင် ၊ သင်္ချိုင်းဓားကိုးတောင်ရဲ့ အနက်ရှိုင်းဆုံး နေရာကို ဝင်ရောက်သွားလိမ့်မယ် “

ကွေးဝူယာက အားရပါးရ ရယ်မောလိုက်သည်။

“ အဲ့မှာ ရှိနေတဲ့ အခွင့်အလမ်းတွေ ဘယ်လောက်တောင်လဲဆိုတာ မင်းတို့ စဉ်းစားကြည့်စမ်း “

“အချိန်တန်ရင် ၊ ငါတို့အနေနဲ့ အသာလေး ကောက်သိမ်းလိုက်ရုံပဲ “

“ဟွန်း...အဲမှာရှိတဲ့ အရာအားလုံး ငါတို့ပိုင်တယ်!”

ကွေးဝူယာ၏ စကားကို နားထောင်ရင်း ၊ လူတိုင်း၏ မျက်လုံးများမှာ ချက်ချင်း တောက်ပသွားသည်။

မှန်၏ ! သင်္ချိုင်းဓားကိုးတောင်တန်းတွင် တစ္စေဓား အမတရှင်၏ ဓားသေတ္တာ ကိုးလက် အပြင် မရဏကမ္ဘာရှိ နာမည်ကြီး တေးသီချင်း ဖြစ်သည့် ဓားကိုးချောင်း ဝိညာဉ်တေးသွားလည်း ရှိသေးသည်။

တစ်ခုလောက် ရရုံဖြင့် ၊သူတို့သည် ဤမရဏကမ္ဘာတွင် ကျော်ကြားလာပေတော့မည်။

သူတို့ မသိခဲ့သည်မှာ သူတို့နောက်တွင် တစ်စုံတစ်ယောက် ရှိနေခဲ့ခြင်းပင် ဖြစ်သည်။

“ တစ္စေတောင်နဲ့ သုံ့လော့ချောက်နက်က လူတွေက ဘယ်လိုဖြစ်ပြီး သင်္ချိုင်းဓားကိုးတောင်ကို ရောက်နေတာလဲ?”

တစ္စေဘုရားကျောင်း၏ ခေါင်းဆောင်ဖြစ်သူ လန်ရှင်းသည်လည်း တစ္ဆေအိမ်မြှောင်၏ လမ်းညွှန်ချက်အတိုင်း ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

“ တစ္စေနတ်ဘုရားရဲ့ ရုပ်ကြွင်းကို ကိုင်ဆောင်ထားတဲ့ ကောင်က သင်္ချိုင်းဓားကိုးတောင်ရဲ့ အတွင်းပိုင်းထဲထိ ရောက်နေပြီပဲ”

“သူတို့အားလုံးကို သတ်လိုက်သင့်သလား”

အပိုင်း(၂၃၀): ပိုပို၍ ရှုပ်ထွေး ထူးဆန်းလာသော သင်္ချိုင်းဓားကိုးတောင်

တခြား တစ်ဖက်တွင်မူ ၊

ထောင်ပေါင်းများစွာသော လူသေအလောင်းများသည် သွေးရူးတန်းရူး အော်ဟစ်ကာ စူးချန်ကဲတို့ အုပ်စုထံသို့ ပြေးဝင်လာကြသည် ။

“ လူသေကောင်ကို ကျွန်ပြုတာက သေးငယ်တဲ့ လှည့်ကွက်တစ်ခုမျှသာပဲ “

ထိုမြင်ကွင်းကို ကြည့်နေသော စူးချန်ကဲ က အေးစက်စွာ နှာမှုတ်လိုက်သည်။ ထို့နောက် လူသေကောင်အုပ်စုကြီးကို ခုတ်ပိုင်းရန် ဓားကို စေခိုင်းလိုက်သည်။

ရွှမ်း!

ဗြောင်းဆန်နေသော အသံများနှင့်အတူ ၊ လမင်းသဖွယ် အေးစက်သော ဓားအလင်းသည် အရာအားလုံးကို ချေမှုန်းပစ်ခဲ့သည်။

ဓားစွမ်းအင် ရောက်ရှိသွား‌လေရာ နေရာတိုင်း၊ တစ်စစီ ချေမှုန်းခံရမည် ဖြစ်သည်။

ဓားတစ်လက်သည် လူသေကောင် အုပ်စုကြီးအား အမှုန့်များ အဖြစ်သို့ ပြောင်းလဲပေးလိုက်သည်။

သို့သော် စူးချန်ကဲ၏ လှုပ်ရှားမှုမှာ ဒါနဲ့တင် ရပ်တန့်မသွားချေ။သူ၏ လက်သီးဖြင့် ထပ်မံ တိုက်ခိုက်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော လက်သီးအလင်းသည် ဥက္ခာခဲကြီး တစ်လုံး ပေါက်ကွဲသွားသည့်အတိုင်း ဤနေရာတစ်ခုလုံးကို နေ့အလင်းရောင် အဖြစ်သို့ ဖျက်ခနဲ့ ဝင်းလက်သွားစေခဲ့သည်။

အဖြူရောင် ဓားအလင်းတန်းများ ဖြည်းဖြည်းချင်း လျော့ပါးသွားသည်နှင့် အမျှ ၊ လူသေကောင် အုပ်စုကြီး ရှိရာ နေရာ၌ မီးခိုးဖြူများဖြင့် ပြည့်နှက်နေသော တွင်းကြီး တစ်ခုသာ ကျန်တော့သည်။

လူသေကောင် အုပ်စုကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“စိတ်ဝင်စားဖို့ ကောင်းတယ်”

စူးချန်ကဲ၏ အမူအရာသည် တောက်ပသော ကြယ်တစ်ပွင့်သဖွယ် အေးစက်နေသည်။

ခဏအကြာတွင် ၊ အနီရောင် မိန်းမပျိုလေးသည် သူရှေ့သို့ ရောက်လာခဲ့သည်။

အနီရောင်မိန်းမပျိုသည် သူ့အား ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။သူမသည် ဤကမ္ဘာပေါ်တွင် မရှိသင့်သည့် ထုတ်ကုန်တစ်ခုလိုပင်။

ယခုတစ်ကြိမ်တွင် စူးချန်ကဲသည် သူတော်စင် ခန္ဓာကိုယ် ရောင်ဝါကို အသက်သွင်းခဲ့ပြီး ၊ ထိုအနီရောင် မိန်းမပျိုအား တချက်တည်းဖြင့် သတ်ရန် ကြံရွယ်လိုက်သည်။

“ ဖွဲ့!”

အမှောင်ကျနေသော ပတ်ဝန်းကျင်ထဲတွင် စူးချန်ကဲ၏ လက်သီးထိပ်၌ အလင်းမှုန်များ စုဝေးလာသည်။

မရေမတွက်နိုင်သော လုံရှန့်အမှုန်အမွှားများသည် သွေးချီစွမ်းအင်များကို တဟုန်ထိုး လှုံ့ဆော်ပေးနေပြီး ၊ ရောင်ဝါများကို စုစည်းလိုက်ရုံဖြင့် ဤနေရာတွင် ရှိနေသော တစ္ဆေစွမ်းအင်များကို ချက်ခြင်းဆိုသလို အငွေ့ပျံသွားစေနိုင်သည်။

“ လုံရှန့်ပါ့ထျန်း လက်သီး “

စူးချန်ကဲ၏ လက်သီးထိပ်၌ စုဝေးလာခဲ့သော မှော်စွမ်းအားများသည် ဒလဟော ပေါက်ကွဲထွက်သွားသည်။

ပြိုးပြိုး ပြက်ပြက် တောက်ပသွားသော ရောင်စဉ်အလင်းတန်းများ ကြားထဲတွင် သက်ဝင်လှုပ်ရှား‌နေသော ထောင်ပေါင်များစွာသော နဂါးများရှိနေကြသလိုပင်။

ထိုကဲ့သို့ ပြင်းထန်သော စွမ်းအားကို မြင်လိုက်ရသော အနီရောင် မိန်းမပျိုသည် ငြိမ်သက်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။

သူမ၏ ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်နှင့် မူလက ပွင့်လန်းနေသော ပင့်ကူခေတ္တာ ပန်းပွင့်ချပ်များသည် အနီရောင် အကာရံတစ်ခု အဖြစ် လျင်မြန်စွာ အသွင်ပြောင်းသွားခဲ့သည်။

ဘုန်း!

ကြယ်စင်များသဖွယ် ကြွေကျလာသော လက်သီးအလင်းသည် ထိုအကာရံနှင့် ထိတွေ့ကာ ပေါက်ကွဲသွားသည်။

ပေါက်ကွဲသံနှင့်အတူ ၊ လေလှိုင်းများ ရိုက်ခတ်သွားခဲ့ပြီး ၊ အမည်မသိ မှော်သင်္ကေတ အစီအရင်မှာ စူးချန်ကဲ လက်သီးကြောင့် တိုက်ရိုက်‌ ကွဲကြေသွားခဲ့သည်။

လွှင့်မျောနေသော အပိုင်းအစများကြားတွင် ၊စူးချန်ကဲသည် သူ၏ လက်သီး စွမ်းအားကို အရှိန်မလျော့ခဲ့ပေ။

သူသည် ထို အနီရောင် မိန်းမပျိုအား တချက်တည်းဖြင့် သတ်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် သူမ၏ အမူအယာမှာ ဘာမှမထူးခြားဟန်ဖြင့် ၊ ခံစားချက် ကင်းမဲ့နေပုံပေါက်သည်။

သူမသည် စက်ပစ္စည်း တစ်ခုကဲ့သို့ အေးစက်သော လေသံဖြင့် ဆိုလာခဲ့သည်။

“လူသားတွေဟာ သူတို့ရဲ့ အမှားတွေအတွက် နောက်ဆုံးမှာ ပေးဆပ်ရလိမ့်မယ် “

“မင်းမေ့သွားတဲ့အရာက နောက်ဆုံးမှာ မင်းကို လက်စားချေဖို့ လာရှာလိမ့်မယ်”

ထိုအခိုက်အတန့်တွင် ၊ ပူပြင်းတောက်လောင်သော ရောင်စဉ်အလင်းတန်းတစ်ခု ပေါက်ကွဲသွားခဲ့သည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ ၊ မှော်သင်္ကေတ လှိုင်းတံပိုးများ၏ ရိုက်ခတ်မှုသည် ဤနေရာတစ်ခုလုံးကို ချက်ချင်းလက်ငင်း တုန်လှုပ်သွားစေသည်။

အချိန်အတော်ကြာပြီးနောက်မှသာလျှင် ၊ အရာအားလုံး ဖြည်းဖြည်းချင်း ငြိမ်သက်သွားတော့သည်။

“ ထွက်ပြေးသွားပြီပေါ့?”

စောနက သူသည် ထိုအနီရောင် မိန်းမပျိုအား လက်သီးဖြင့် ထိုးခံနီးအလိုတွင် ၊

မယုံနိုင်စရာကောင်းသော မြင်ကွင်းတစ်ခုကို သူမြင်လိုက်ရသည်။ထိုအမျိုးသမီး၏ မျက်လုံးထဲ၌ စက်ဂီယာများ ရှိနေခဲ့ခြင်း ဖြစ်သည်။

သူ့ကို ပိုထူးဆန်းစေခဲ့သော အရာမှာ ဂီယာပေါ်တွင် ရေးထွင်းထားသော သင်္ကေတ တစ်ခု ရှိနေခဲ့သည်။

“ မဟုတ်မှလွဲ‌ရော ဒါက နံပါတ်တစ်ခု ဖြစ်နေမလား?”

စူးချန်ကဲ စိတ်ထဲတွင် ရှုပ်ထွေးသွားခဲ့သည်။မူလက သင်္ချိုင်းဓားကိုးတောင်ရှိ ဒဏ္ဍာရီထဲက တစ္စေဓား အမတရှင်သည် အန္တရာယ်များသော အရာ ဖြစ်သည် ဟု သူ ယူဆခဲ့သည်။

ယခုတွင်မူ ၊ ထျန်းချီယန္တရားဂိုဏ်းကို တွေ့ရပြန်သည်။ဤတစ်ခေါက် သင်္ချိုင်းဓားကိုးတောင်၏ ခရီးစဉ်မှာ ထူးဆန်းမှုများဖြင့် ပြည့်နှက်နေသည်။

“သခင်​‌လေး ၊ ကြည့်ရတာ..”

“ကျွန်တော် သိတယ် “

စူးချန်ကဲသည် တောင်တန်းစားဖွယ်စုံ ပိုင်ရှင်၏ စကားကို ဖြတ်ချလိုက်သည်။

၎င်းတို့သည် အမှောင်ထဲက ကြွက်များထက် ဘာမှမပိုချေ။

သူသည် အနီရောင် မိန်းမပျိုနှင့် တိုက်ခိုက်နေစဉ် အတွင်းမှာပင် ရိပ်မိခဲ့သည်။

တချို့သော အငွေ့အသက်များကို သူ ရင်းနှီးသည်။ဆိုလိုသည်မှာ ၎င်းတို့သည် မရဏကမ္ဘာရှိ သူ၏ အသိအကျွမ်းဟောင်းများ ဟု ဆိုရပေမည်။

“ဆက်သွားမယ်၊ ဒီကြွက်တွေက နောက်ဆို အသုံးတည့်လာလိမ့်မယ် “

စူးချန်ကဲသည် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ထို့နောက် သင်္ချိုင်းဓားကိုးတောင်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ဦးတည်ကာ ဆက်ဝင်သွားခဲ့သည်။

တိုက်ပွဲကြီး ပြီး‌ဆုံးသွားပြီးနောက် ၊ လမ်းတစ်လျှောက်လုံး အေးအေးချမ်းချမ်းပင် ဖြစ်သည်။

ပို၍ အံ့သြစရာကောင်းသည်မှာ စူးချန်ကဲတို့ အဖွဲ့အား မည်သည့် တစ္စေတစ်ကောင်မှ မနှောင့်ယှက်ခဲ့ခြင်းပင် ။

ရက်စက်ကြမ်းကြုတ်သော သူများအား ဇာတ်လမ်းသွားမရှုပ်ရန် ဤတစ္စေများတောင် သိပေသည်။တချို့လူများမှာ ရယ်စရာကောင်းသော လုပ်ရပ်ကို လုပ်နေဆဲပင် ဖြစ်သည်။

အမှောင် တစ်နေရာတွင် ၊

ကြီးမားသော ကျောက်တုံးကြီး နောက်ကွယ်တွင် ပုန်းအောင်းနေခဲ့ကြသော ကွေးဝူယာတို့ အဖွဲ့မှာ တုန်လှုပ်နေကြသည်။

စူးချန်ကဲ၏ ပြင်းထန်သော တိုက်ပွဲကို သူတို့အားလုံး မြင်လိုက်ရသည်။

စူးချန်ကဲအား စကားလုံး တစ်လုံးတည်းဖြင့် ဖော်ပြရမည် ဆိုပါက “ လူ့ဘီလူး” ပင်။

“ဒါ လူ ရော ဟုတ်ရဲ့လား?”

ကွေ့ဝူယာသည် ထိုစကားများကို မသိလိုက် မသိဘာသာ ပြောထွက်လိုက်သည်။သူ၏ တုန်ရီနေသော နှလုံးသားများမှာ ယခုတွင်မူ ဖြည်းဖြည်းချင်း ငြိမ်သက်လာခဲ့ပြီ ဖြစ်သည်။

စောနက သူ ချေမှုန်းခဲ့သော သောင်းနှင့်ချီသော အလောင်းကောင် အုပ်စုကြီးထဲတွင် သူတော်စင် နယ်ပယ်အဆင့်ကို အောင်မြင်ပြီးသားသူများလည်း ပါဝင်ပေသည်။

သေခဲ့ပြီးသည်မှာ နှစ်အတော်ကြာခဲ့သော်လည်း ၎င်းတို့၏ ရုပ်ခန္ဓာမှာ အရမ်း အားကောင်းနေဆဲပင် ဖြစ်သည်။သို့သော် စူးချန်ကဲ၏ ကျပန်း တိုက်ခိုက်မှု နှစ်ခုကြောင့် လုံးဝ ပျက်သုန်းသွားခဲ့ရသည်။

အထူးသဖြင့် ၊ စူးချန်ကဲ နောက်ဆုံးတိုက်ခိုက်ခဲ့သော လက်သီးချက်ကို ခံယူရမည့်သူမှာ သူ ဖြစ်နေခဲ့ပါက ၊ အလောင်းကိုတောင် ပြန်ကောက်ယူနိုင်လိမ့်မည် မဟုတ်ပေ။

“ဘာလဲ? ကြောက်နေပြီလား “

မေဟွိမ်းနွီက တခစ်ခစ် ဖြင့် ရယ်ကာ ဆိုလိုက်သည်။

“ဒီမှာ တားမြစ်ထားတဲ့ နိယာမစည်းမျဉ်းတွေ ရှိလို့ တောင်တန်းစားဖွယ်စုံ ပိုင်ရှင် အနေနဲ့ ဝင်စွက်ဖက်ဖို့ မဖြစ်နိုင်ဘူး “

“ဒီမှာ ငါတို့မှာ ပါရမီရှင် တစ်ဒါဇင်ကျော် ရှိနေတာပဲ ၊ ပြီးတော့ သူတို့က အလင်း ငါတို့က အမှောင်ထဲမှာ ဘာကိုကြောက်စရာရှိလဲ”

သူမသည် အရင်ကတည်းက စူးချန်ကဲ၏ အနှစ်သာရ စွမ်းအင်အပေါ် မျက်စိကျနေပြီ ဖြစ်သော်လည်း ၊ ယခုလို စူးချန်ကဲ၏ ခွန်အားကို မြင်လိုက်ရချိန်မှာတော့ သူမ၏ လောဘမှာ ပို၍ ကြီးထွားလာသည်။

ပြောရင်းတန်းလန်း ၊ မေဟွိမ်းနွီ၏ မျက်နှာထက်ဝယ် နီမြန်းမှု တစ်ခု ဖြစ်ပေါ်လာသည်။

“ ငါသာ သူ့ရဲ့ အနှစ်သာရကို စုပ်ယူနိုင်ခဲ့ရင် ၊ ငါ တကယ်ပဲ ....

သူမ၏ ညာလက်ညိုးကို ပါးစပ်ထဲသို့ ထည့်စုပ်လိုက်သည်မှာ အလွန်ကို ဆွဲဆောင်မှု ရှိသည့် ရူးသွပ်နေသော အမျိုးသမီးတစ်ယောက်လိုပင်။

ရူးသွပ်နေသော မေဟွိမ်းနွီကို လျစ်လျူရှုထားသော ကွေးဝူယာသည် ဤအခိုက်အတန့်တွင် လေးနက်နေသည်။

“ငါတို့ ခိုးဝင်ဖို့ နည်းလမ်းရှာရမယ် ၊ ပြီးမှ ဒီကောင်စုတ်ကို တချက်တည်းနဲ့ သေစေနိုင်မယ့် ထိုးနှက်ချက် နဲ့ တိုက်ခိုက်ရမယ် “

“မဟုတ်ရင် ငါတို့က သူ့အတွက် ပြိုင်ဘက် မဟုတ်ဘူး “

ဤရက်များအတွင်း သူသည် စူးချန်ကဲ၏ ထူးခြားသောဇစ်မြစ် အကြောင်းကို အနည်းငယ် မှန်းဆနိုင်ခဲ့သည်။

ဒါပေမဲ့ သင်္ချိုင်းဓားကိုးတောင်က စူးချန်ကဲရဲ့ အခေါင်းချရာ နေရာ ဆိုရင် ၊ သူ့ရဲ့ သေဆုံးမှုက ကျုပ် ကွေးဝူယာရဲ့ လက်ချက်လို့ ဘယ်သူက သိမှာတဲ့တုန်း?

…..

အချိန်အတော်ကြာ ခရီးထွက်လာခဲ့ပြီးနောက်တွင် ၊ အမှောင်ချိုင့်ဝှမ်း၏ အဆုံးသို့ ရောက်ရှိလာခဲ့ရာ ထိုနေရာတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ရှိနေခဲ့သည်။

ထိုနေရာတွင် မျှောလွှင့်နေသော စိမ်းစိမ်းဖန်ဖန် တစ္စေမီးလျှံများ ရှိနေသည်။

ထိုတစ္စေမီးလျှံများ၏ ရောင်ပြန်ဟပ်မှုအောက်တွင်၊ ကြီးမားသော ကျောက်တံခါးကြီးသည် လူတိုင်း၏ မျက်စိရှေ့တွင် ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။

“​နောက်​ဆုံး​တော့ ဒီကို ရောက်လာခဲ့ပြန်​ပြီ...”

ထိုကျောက်တံခါးကြီးကို ကြည့်ရင်း၊ တောင်တန်းစားဖွယ်စုံ ပိုင်ရှင်အမျိုးသမီး၏ မျက်ဝန်းတို့မှာ အနည်းငယ် စိုစွတ်နေခဲ့သည်။

သူမ အလွမ်းဆုံး ချစ်ရသူသည် ဤကျောက်တံခါးကြီး၏ နောက်တွင် ရှိနေသည်။

ဤကျောက်တံခါးထဲသို့ ဝင်ပြီးသည်နှင့် သင်သည် သင်္ချိုင်းဓားကိုးတောင်၏ အတွင်းပိုင်းထဲသို့ လုံးလုံးလျားလျား ၀င်ရောက်သွားပေမည်။

“ နည်းနည်းတော့ ကံမကောင်းခဲ့ပေမယ့် ၊ ဒါပေမဲ့လည်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ”

စူးချန်ကဲသည် သူ့စိတ်ထဲကနေ ညည်းတွားလိုက်သည်။

ကံမကောင်းဘူး ဟု ဆိုရသည့် အကြောင်းရင်းမှာ သင်္ချိုင်းဓားကိုးတောင်သို့ ဝင်ရန်လမ်းသည် နှစ်စဉ်နှစ်တိုင်း မတူသောကြောင့်ပင် ဖြစ်သည်။

ဒါ့အပြင် အလောင်းကောင် အုပ်စုကို တွေ့လိုက်ရသည် ဖြစ်သောကြောင့် အတော်လေး ကံဆိုးသည် ဟု ဆိုရပေမည်။

သူသည် ကျောက်တံခါးကြီးကို တစ်ချက် ပြန်ကြည့်လိုက်ရာ ၊ ၎င်းပေါ်တွင် ထူးဆန်းသော ပုံစံတစ်ခုကို ထွင်းထုထားသည်။

ထူးဆန်းသော တေးဂီတနုတ်တစ်ခုကဲ့သို့ပင်။

စူးချန်ကဲက မဲ့ရွဲ့ကာ ပြုံးရယ်လိုက်သည်။

“ ဒီသင်္ချိုင်းဓားကိုးတောင်က စည်းမျဉ်းစည်းကမ်းနဲ့ မညီဘူးလို့ ပြောရမယ်”

ဤကျောက်တံခါးကို ဖွင့်ရန် ၊ သင်သည် ဂီတကျွမ်းကျင်သူ တစ်ဦး ဖြစ်ရမည်။

ထို့အပြင် ရှေးဟောင်းသီချင်းကို တိတိကျကျ တီးခတ်ရမည် ဖြစ်သည်။ မဟုတ်ပါက ဖွင့်ရန် မဖြစ်နိုင်ချေ။

သို့ရာတွင်၊ ဤသင်္ချိုင်းဓားကိုးတောင်၏ အစွန်အဖျားသည် တစ္စေအုပ်စု ကျက်စားရာနေရာပင် ဖြစ်သည်။

တီးခတ်သူသည် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းမရှိပါက ၊ တစ္စေများ၏ စားသောက်ခြင်းကို ခံရနိုင်သည်။

အရည်အချင်းရှိသော လူတချို့သည် ဤနေရာထိ ရောက်လာနိုင်ခဲ့သော်လည်း ၊ ရလဒ်အနေဖြင့် ဂီတကို ကောင်းအောင် မတီးခတ်နိုင်ခဲ့ပေ ။

အိမ်ပြန်တော့မည် ဆိုတောင် ၊ သင်သည် အပြန်လမ်းတွင် မမျှော်လင့်ထားသော အရာတစ်ခုကို အလွယ်တကူ ကြုံတွေ့ရနိုင်ပြီး ၊ နောက်ဆုံးတွင် ဤသင်္ချိုင်းဓားကိုးတောင်၌ ကြာရှည်စွာ အိပ်ပျော်သွားပေလိမ့်မည်။

“ဒါ​ပေမယ့်​ ဒီတစ်​ခါတော့ ၊ မင်း အမှားလုပ်မိပြီ”

All Chapters