← Chapters

အခန်း (၂၀၄-၂၀၈)

Vol. 15 Ch. 204-208

အခန်း (၂၀၄-၂၀၈)

Vol. 15 Ch. 204-208

အပိုင်း(၂၀၄): ဓားတချက်တည်းဖြင့် ရှေးဧကရာဇ်မင်းကျဆုံးရသည်

ထိုစကားသည် လူတိုင်းကို ထိတ်လန့်သွားစေသည်။

အထက်စီးဆန်တယ်!

သိပ်ကို အထက်စီးဆန်လွန်းတယ်!

ဒီစကားက သူတို့ ငါးကြင်း လေး‌ကောင်နဲ့တင် ရိုက်နိုင်လို့လား ဆိုတဲ့ သဘောမဟုတ်ပေဘူးလား!

နောက်ထပ် နှစ်ကောင်တောင် ပေါင်းလိုက်ဦးသတဲ့လား !

ထိုစကားသည် နေရာတွင် ရပ်နေသော စူးချန်ကဲကိုတောင် ဆွံ့အသွားစေသည်။

သူ့ကိုယ်သူ အထက်စီးဆန်လွန်းတယ်လို့ အောက်မေ့နေတာ ၊

ဘယ့်နှယ် ၊ သူထက်ဆိုးတဲ့သူ ရှိနေသကိုး !

“ ဒီအသံက ကျန့်ရှင်းဘိုးဘေးရဲ့ အသံလိုပဲ!”

“ ဒိဘိုးဘေးရဲ့ အမူအကျင့် လက်စသတ်တော့ ဒီလိုလား?”

ဤအခိုက်အတန့်တွင်၊ စူးချန်ကဲ တစ်ယောက် ပြန်လည်တုံ့ပြန်လာခဲ့ပြီ ဖြစ်သည်။

ထိုလေသံထဲတွင် ကျီစယ်မှု ၊ မိမိကိုယ်ကို စိတ်ကြီးဝင်မှု စသော သဘောတရားများ ပါဝင်သည်။

၎င်းသည် ထိုအချိန်က ထျန်းကျီ ကျွန်းသို့ ရောက်လာခဲ့သော ကျန့်ရှင်းဘိုးဘေးပင် မဟုတ်လား။

ဤရှေးလူအိုကြီး လေးဦးအတွက် သူ အနည်းငယ် သနားနေမိသည်။

၎င်းတို့အားလုံး ဇာတ်ခုံပေါ်တွင် ပေါ်ထွက်ပြီး သိပ်မကြာဘူး တန်းပြီး လက်စဖျောက်ခံလိုက်ရမည်ကို စိုးရိမ်မိသည်။

“ ကွေးယွမ် သူတော်စင် နယ်မြေ !!”

“ လူကို အရမ်း အနိုင်ကျင်လွန်းတယ် !”

“ ဒီလို စကား ပြောရဲရလောက်အောင် မင်းမှာ ဘာအရည်အချင်းမျိုးရှိလဲ ဆိုတာ ငါကြည့်ကြည့်လိုက်ဦးမယ် “

ထျန်းရှန်းဂိုဏ်း မှ ဇီကျင်း တာအိုသခင်က ဦးစွာ ငေါက်ငမ်းပြောဆိုလိုက်သည်။။

သူသည် မရေမတွက်နိုင်သည့်အထိ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သူ လူ့ဘီလူး တစ်ယောက် ဖြစ်သည်။

ကျန့်ရှင်းဘိုးဘေး စကားရဲ့ အဓိပ္ပာယ်ကို နားမလည်ဘဲ နေမလား?

သူသည်လည်း လူသောင်းပေါင်းများစွာ အထက်တွင် ရှိသော ပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်သည် ။ ခုလို နှိမ့်ချတာ ခံစရာလား?

ဇီကျင်း တာအိုသခင်သည် သူ့လက်ကို ‌မြှောက်တင်လိုက်သည်။

မူလက ကောင်းကင်တွင် ဆိုင်းငံ့ထားသော ခရမ်းရောင် စွမ်းအင်များသည် ဆင့်ခေါ်ခံလိုက်ရသကဲ့သို့ ဇီကျင်း တာအိုသခင်၏ လက်ဖဝါးဆီသို့ အရူးအမှူး စုဝေးသွားကြသည်။

သို့‌သော် သူ၏ စွမ်းအားများကို အပြည့်အ၀

မစုဆောင်းနိုင်သေးခင် ၊

ကွေးယွမ် သူတော်စင် နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းမှ ထိတ်လန့်ဖွယ်ရာ ကောင်းသော ဓားအလင်းတန်း တစ်ခုသည် ကောင်းကင်သို့ တဟုန်ထိုး မြင့်တတ်သွားခဲ့သည်။

ဤဓားအလင်းကို ကြည့်လျှင်ဖြင့် အလွန် ရိုးစင်းပြီး ၊ မည်သည့် မှော်သင်္ကေတများမှ လင်းလက်တောက်ပခြင်း ရှိမနေချေ။

မည်သည့်လမ်းစဉ်၏ ကာရံများ မရှိသည့်အတိုင်း။

သာမန် ထက်မြက်သော ဓားတစ်ချောင်း၏ ရောင်ပြန်ဟပ်နေသော အလင်းရောင်ကဲ့သို့ပင်။

သို့သော် ၎င်းသည် အလင်းတန်း တစ်ခုမျှသာ ဖြစ်သော်လည်း ၊ ဤတစ်လောကလုံးရှိ အရာအားလုံးသည် ထိုဓားအလင်းလောက်တောင် ကြီးမားကျယ်ပြန့်ခြင်း မရှိသည့်အတိုင်း ။

ဓားအလင်း ဖြတ်သန်းသွားလေရာ နေရာတိုင်း ၊ ဟင်းလင်းပြင်ကြီးမှာ တသိမ့်သိမ့် တုန်ခါသွားရသည်။

အင်အားကြီးမားသော ထိပ်တန်း ပုဂ္ဂိုလ် တချို့၏ မျက်နှာများမှာ ဆိုရင်ဖြင့် သိသိသာသာ ပြောင်းလဲကုန်၏။

တုန်ခါနေသော ဟင်းလင်းပြင်ကြီးမှာ ဆိုရင်ဖြင့် ဓားအလင်း၏ တိုက်ရိုက် ဖြတ်တောက်မှုကို ခံလိုက်ရသည် ။

ဒါတင်မက ဤအံ့မခန်းသော ဓားအလင်းသည် ကောင်းကင်မှဆင်းသက်လာ‌သော နတ်လက်နက်တစ်ခုကဲ့သို့ ဇီကျင်း တာအိုသခင်၏ ခန္ဓာကိုယ်ကို ဖြတ်တောက်သွားခဲ့သည်။

မူလက စွမ်းအားများ စုဆောင်းနေခဲ့သော ဇီကျင်း တာအိုသခင်သည် တစ်စုံတစ်ခု၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရပုံပေါ်သည်။

သေချာကြည့်မည်ဆိုပါက ဇီကျင်း တာအိုသခင်၏ မျက်ဝန်းများ တုန်လှုပ်နေသည်ကို တွေ့ရလိမ့်မည်။

ကြောက်စရာကောင်းသော အရာတစ်ခုကို မြင်လိုက်ရသလိုပင်။

သူ၏ စကားသံများက ထစ်အနေလေ၏။

“ မင်း...မင်း..”

ဘုန်း!

သူ စုဝေးထားခဲ့သော ခရမ်းစွမ်းအားများသည် ထိုဓားစွမ်းအင်၏ ဖြိုခွင်းခြင်းကို ခံလိုက်ရပြီး ပြိုကွဲသွားခဲ့သည်။

ယင်းအရာသည် ဤကမ္ဘာတစ်ဝှမ်းသို့ လေညင်းများသဖွယ် လွှင့်ပျံ့သွားလေ၏။

တချိန်တည်းမှာပင် ၊

ဓားအလင်းတန်းတစ်ခုသည် သူ့ခန္ဓာကိုယ်မျက်နှာပြင်အနှံ့ ရုတ်တရက် လင်းလက်သွားခဲ့ပြီး ခေါင်းမှ ခြေအဆုံး ဒေါင်လိုက် ဖြတ်တောက်သွားသည်။

ဤအရာအကုန်လုံးက လျှပ်တပြက်အတွင်း ဖြစ်ပွားခဲ့သည်။

လူတိုင်း၏ မျက်ဝန်းများမှာ တုန်လှုပ်နေလေ၏။

ဇီကျင်း တာအိုသခင်သည် တဖက်လူ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိဘဲ အလယ်မှ နှစ်ခြမ်းကွဲသွားသည်ကို မြင်လိုက်ရသည်။

ပို၍ ကြောက်စရာကောင်းသည်မှာ ဇီကျင်း တာအိုသခင်ထံမှ သွေးတစက်မှ ထွက်မလာခြင်းပင် ဖြစ်သည်။

ဇီကျင်း တာအိုသခင်က လူသားတစ်ယောက် မဟုတ်ဘူးလား?

အဲ့လိုလည်း မဟုတ်ဘူး !

အဘယ်ကြောင့်ဆိုသော် ဓား၏ အလင်းရောင်သည် အဆုံးစွန်ထိ ရောက်ရှိနေခဲ့ပြီး အလွန်ကို ပူပြင်း တောက်လောင်နေသောကြောင့်ပင် ဖြစ်သည်။

ဇီကျင်း တာအိုသခင်ကို သတ်ဖြတ်လိုက်သည့် အခိုက်အတန့်မှာပင် ၊ သူ့ခန္ဓာကိုယ်ထဲက သွေးများမှာ အငွေ့ပျံသွားခဲ့ပြီ ဖြစ်သည်။

လူတိုင်း၏ ကြောင်အမ်းနေသော အကြည့်များ အောက်တွင် ဇီကျင်း တာအိုသခင်၏ အလောင်းကိုယ်ထည်သည် ကောင်းကင်မှ အောက်သို့ ပြုတ်ကျလာခဲ့သည်။

အရှိန်ပြင်းစွာဖြင့် မြေပြင်ကို ထိမှန်လေရာ ၊ ဖုန်လုံးကြီး မြှောက်တတ်လာလေ၏။

ရှေးဧကရာဇ်မင်းတစ်ပါးမှာ ဤသို့ လွယ်လင့်တကူ သေဆုံးခဲ့ရသည်။

“ သေချင်နေတာပဲ ၊ မင်းဖခင် ဇီကျင်းဧကရာဇ်မင်းဆိုတောင် ငါ့ရှေ့မှာ ဝပ်တွားရမယ်”

“မင်းက ဘာကောင်မို့လို့လဲ ၊ ငါ့ရှေ့မှာ ဒီလောက်ထိ မောက်မောက်မာမာ လုပ်ရဲတယ်ပေါ့ “

ကျန့်ရှင်း ဘိုးဘေး၏ အနှိုင်းမဲ့ အေးစက်သော အသံကို လူတိုင်း ကြားခဲ့ရသည်။

ယင်းက လူကို ပို၍ တုန်လှုပ်သွားစေသည်။

ဒါ လူက ပြောတဲ့ စကားလား?

ဒါ လူရော ဟုတ်သေးရဲ့လား?

စူးချန်ကဲပင်လျှင် ဇဝေဇဝါဖြစ်နေ၏။

ထိုပုဂ္ဂိုလ် မည်မျှ သန်မာသည်ကို သူသိသည်။

သို့သော် ဤကဲ့သို့ တန်ခိုးကြီးမားသော ရှေးဧကရာဇ်မင်းပင်လျှင် ချက်ချင်း အသတ်ခံလိုက်ရသတဲ့လား?

ကောင်းကင်အလွန်ရှိ ဤမြင်ကွင်းကို ကြည့်နေသော ဝူတောက်ဧကရာဇ်မင်းကလည်း ဟွမ်ထျန်းဧကရာဇ်မင်းကို ထိတ်လန့်စွာ ကြည့်လိုက်ပြီး ဆိုလေသည်။

“မင်းရဲ့ ဆရာသခင်က တတိယအဆင့်ဆို?”

ဟွမ်ထျန်း ဧကရာဇ်မင်းသည် ခဏတာ တိတ်ဆိတ်သွားသည် ။

အချိန်အတော်ကြာပြီးနောက် ၊ သူသည် ဖြည်းညှင်းစွာ ပြောလာခဲ့သည်။

“ ဆရာသခင် ဒီအဘိုးကြီး ထပ်ပြီး အားကောင်းလာမယ်လို့ ထင်မထားဘူး”

ဝူတောက်ဧကရာဇ်မင်း:.....

ကိုယ့်ဆရာသခင်ကို အဘိုးကြီး ဟု ခေါ်ဝံ့သူအား ဒါ သူ ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ကြည့်ရတာ ဒီဆရာတပည့်နှစ်ယောက် သိပ် မပြေလည်ပုံရပေသည်။

…..

ကွေးယွမ် သူတော်စင် နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းမှ ၊

အဖြူရောင် ရောင်စဉ်ပြေးလမ်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊

လူတစ်ယောက်သည် ၎င်းအပေါ်မှ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

ဓားသွားကဲ့သို့ ‌ချွန်ထက် ဖြောင့်တန်းသော မျက်ခုံး ၊ ငွေဖြူရောင် ဆံနွယ်များ ရှိသည့် ထိုပုဂ္ဂိုလ်သည် သူ၏ လက်ကို နောက်ကိုပစ်ထားပြီး ထွက်ပေါ်လာခဲ့သည်။

သို့သော် သူ၏ အသွင်အပြင်သည် အနှစ်နှစ်ဆယ်လောက်သာ ရှိသေးသော လူငယ်တစ်ယောက်လိုပင်။

အထူးသဖြင့် လူကို လျစ်လျူရှုထားသော အကြည့်များသည် သူတကာနှင့်မတူ တမူ ထူးခြားသော အသွင်အပြင်ကို ဖော်ပြနေသည်။

လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

နတ်နဂါးကျွန်းစု၏ သခင်ဟောင်းပင်လျှင် မျက်လုံးများ ပြူးကျယ်သွားပြီ ထစ်အစွာ ပြောလိုက်သည်။

“ချူး ကျန့် ရှင်း ! !”

“ မင်း ဘယ်လိုလုပ် မသေသေးတာလဲ!?”

ချူးကျန့်ရှင်းက ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူ၏ လက်ချောင်းဖြင့် ဓားကို စေညွှန်လိုက်ပြီး နဂါးသခင်ဟောင်း ရှိရာ နေရာဆီသို့ ချိန်ရွယ်လိုက်သည်။

ရွှမ်း !

အလွန်တောက်ပသော ဓားစွမ်းအင်သည် လေထဲမှ ဖျက်ခနဲ့ ထွက်ပေါ်လာခဲ့ပြန်သည် ။

စေခိုင်းလိုက်ရုံဖြင့် ထွက်ပေါ်လာခဲ့သော ဓားစွမ်းအင်သည် စောနက သူ ထုတ်သုံးခဲ့သော ဓားစွမ်းအင်ထက် အားမနည်းပေ။

ဓားစွမ်းအင် ဖြတ်သန်းသွားလေရာ နေရာတိုင်း၊ ဤဓားစွမ်းအင်များ၏ ဖုံးလွှမ်းခြင်းကို ခံရလေသည်။

“ ချူးကျန့်ရှင်း!”

နဂါးသခင်ဟောင်းမှာ ကျန့်ရှင်းဘိုးဘေးသည် သူ့အား ယခုလို ချက်ချင်း တိုက်ခိုက်လိမ့်မည် ဟု မမျှော်လင့်ထားခဲ့ပေ ။

သူသည် နဂါးသွားအစစ်ပေါင်း ထောင်သောင်းချီ ပြုလုပ်ထားသော အနက်ရောင်ရွှေသွေးဓားတစ်လက်ဖြစ်သည့် သူ၏ ဧကရာဇ်မင်း လက်နက်ကို စတေးခဲ့ရသည်။

တဖက်လူ၏ ဓားစွမ်းအင်သည် အလွန် လျင်မြန်ပေရာ ၊ သူ၏ လက်နက်ကို အသက်သွင်းရန် အချိန်မရှိခဲ့ပေ။

ထိုဓားစွမ်းအင်သည် သူ၏ အနက်ရောင်ရွှေသွေးဓားနှင့် ထိမှန်ခဲ့သည်။

နဂါးသခင်ဟောင်းခမျာ အဝေးသို့ လွှင့်ထွက်သွားခဲ့သည်။

ဘုန်း !

“မင်းတို့လို အိုကြီးအိုမတွေတောင် မသေသေးတာ ၊ ငါက သေစရာလား “

ချူးကျန့်ရှင်းသည် အခြားနှစ်ယောက်ကို တချက် လှည့်ကြည့်ရင်း မထီမဲ့မြင်ဆိုလိုက်သည်။

“ပြော မင်းတို့‌ရော ဘယ်လိုသေချင်တုန်း “

သူ၏ အကြည့်သည် ရှီလျန် ဗုဒ္ဓနှင့် ဟွမ်ယန်အကြီးအကဲ ၏ မျက်နှာများကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

ချူးကျန့်ရှင်း မည်မျှသန်မာလာသည်ကို သူတို့သိထားကြသည်။

အမှန်တော့ ၎င်းတို့အားလုံးသည် ချုးကျန့်ရှင်းနှင့် ခေတ်တူသော ပုဂ္ဂိုလ်များပင် ဖြစ်သည်။

ထိုခေတ်ကို ကြုံတွေ့ဖူးသူတိုင်း ချူးကျန့်ရှင်း၏ လွှမ်းမိုးမှုကို ခံခဲ့ရဖူးသည်။

တစ်နည်းအားဖြင့် ဆိုရသော် ၊ ထိုခေတ်က ကွေးယွမ် သူတော်စင် နယ်မြေကို သင် သိမည် ဆိုပါက ၊ ဒါဆို ချူးကျန့်ရှင်းကိုလည်း သင် သေချာပေါက် သိလိမ့်မည် ။

ချူးကျန့်ရှင်းကို သင် သိရင်၊ ကွေးယွမ် သူတော်စင် နယ်မြေကို သင် သိပေမည်။

ထိုအချိန်က ချူးကျန့်ရှင်းသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ သင်္ကေတ ပြယုဒ်ပင် ဖြစ်သည်။

ချူးကျန့်ရှင်းကို သူတို့ သတ်ဖြတ်နိုင်ခဲ့ပြီ ဟု ထင်မှတ်ခဲ့သည်။

သူတို့သည် ဤနှစ်ထောင်ပေါင်းများစွာ ကာလအတွင်း မသေမျိုးဖြစ်မည့် နည်းလမ်းကို လေ့လာကာ ထိပ်တန်း ပုဂ္ဂိုလ်များစွာကို သတ်ပစ်ခဲ့သည်။

ဒါပေမဲ့ ချူးကျန့်ရှင်းက အသက်ရှင်နေသေးတယ်တဲ့လား!?

သူတို့ အနည်းငယ် တုန်လှုပ်သွားသည်။

ထိုစဉ် သူတို့၏ စိတ်ထဲ၌ လျှို့ဝှက်ဆန်းကြယ်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“စိတ်မပူနဲ့ ချ “

“ ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မင်းတို့အတွက် ကျောထောက်နောက်ခံ ဖြစ်ပေးဖို့ အသင့်ပဲ”

ထိုစကားသံသည် ဟွမ်ယန် အကြီးအကဲ နှင့် ရှီလျန် ဗုဒ္ဓ၏ နှလုံးသားများကိုပင် တုန်လှုပ်သွားစေခဲ့သည်။

ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က နောက်ဆုံးးမှာတော့ ဝင်ရောက် စွက်ဖက်ရန် ဆုံးဖြတ်ခဲ့လေသလော?

ထိုအချိန်တွင် ၊ ဟွမ်ယန် အကြီးအကဲ နှင့် ရှီလျန်ဗုဒ္ဓတို့၏ ကြောက်ရွံ့တို့သည် ပျောက်ကွယ်သွားခဲ့လေပြီ ။

သူတို့ နှစ်ယောက်လုံး တည်ငြိမ်သော အနေအထားသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ယခုမူ သူတို့မှာလည်း နောက်ခံရှိခဲ့လေပြီ။

ဘာကိုကြောက်နေရဦးမှာလဲ!?

အပိုင်း(၂၀၅): စစ်မှန်သော ဓားကျင့်ကြံသူ ၊

“ ချူးကျန့်ရှင်း! နင် နဲ့ငါ နှစ်ယောက်စလုံးက တစ်ခေတ်တည်းကပဲ!”

“ နင်တို့ ကွေးယွမ် သူတော်စင် နယ်မြေကိုက တရားမျှတမှု မရှိလို့ ငါတို့က ပြန်လည် တွန်းလှန်ခဲ့ရုံပဲ “

ဟွမ်ယန်အကြီးအကဲ၏ ဒေါသဖြစ်နေသော အသံကို နားထောင်ရင်း ချုးကျန့်ရှင်းက ရယ်လေသည်။

“ တရားမျှတမှု မရှိတာ ဟုတ်လား?”

“ မင်းတို့ အင်အားစုက သူတော်စင်အရှင်တွေ ငါ ကွေးယွမ်ရဲ့ ဆက်ခံသူကို အနိုင်ကျင့်ဖို့ စည်းလုံးခဲ့ကြတာ မဟုတ်လား?”

“နောက်ဆုံးတော့၊ ငါ သူတော်စင်နယ်မြေရဲ့ ဆက်ခံသူလက်ချက်နဲ့ အကုန် အသတ်ခံခဲ့ရတယ် ၊ခုကြမှ ငါ ကွေးယွမ် သူတော်စင် နယ်မြေက တရားမျှတမှု မရှိဘူး ဟုတ်လား?”

ချူးကျန့်ရှင်းက ဆို၏။

“ငါ နှစ်ပေါင်းများစွာ အသက်ရှင်လာလေလေ ၊ ငါ့ဘေးနား ခွေးမျိုးတွေ ရောက်လာလေလေပဲ “

“ ချူးကျန့်ရှင်း! နင့်ကို ကြောက်နေမယ်လို့ ထင်လို့လား!”

အမှန်တော့ သူမသည် ဖီးနစ်လှိုဏ်ဂူတွင် အသက်အကြီး‌ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ဒီလို စော်ကားတာကို ဘယ်တုန်းက ခံရဖူးလို့လဲ?

ဒီလောက် လူတွေအများကြီးရှေ့ သူမကို အရှက်ခွဲလို့ရမတဲ့လား?

ယင်းက သူမကို ပို၍ ဒေါသထွက်စေခဲ့သည်။

ဟွမ်ယန်အကြီးအကဲသည် သူမ၏ လက်များကို ဆန့်ထုတ်လိုက်သည်။ ယခုမူ ၊ သူမသည် ချူးကျန့်ရှင်းကို အပြိုင်တိုက်ခိုက်ဖို့ သတ္တိရှိခဲ့ပြီ ဖြစ်သည်။

သူမ မနိုင်ခဲ့တောင် ၊ အဆိုးဆုံးမှာ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ခေါ်ယူလိုက်ရုံပင်။

ဒါလေးတိုက်ရုံနဲ့ ၊ အသက်ခံရမတဲ့လား?

အပူငွေ့များသည် ကောင်းကင်နှင့် မြေကြီးကြားရှိ နေရာလပ်များကို ဖြတ်ကျော်ကာ ၊ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသော အငွေ့အသက်တို့သည် ကျယ်ပြောလှသော ဤနေရာတစ်ခုလုံးကို ဖုံးအုပ်ထားခဲ့လေသည်။

အဆုံးမရှိသော စွမ်းအားများသည် မီးလျှံများအဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏ ခန္ဓာကိုယ်အနှံ့ စီးဆင်းနေသည်။

ဟွမ်ယန်အကြီးအကဲ၏ ခန္ဓာကိုယ်သည် တဟုတ်ချင်း ပို၍ တောက်ပလာခဲ့ပြီး ၊ ရွှေရောင်မီးလျှံများက တဟူးဟူး အုံကြွလာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော အပူငွေ့များသည် ဖီးနစ်တစ်ကောင်၏ အသွင်အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းသွားခဲ့ပြီး ၊ တဖျပ်ဖျပ် ရိုက်ခက်‌လျက် ရှိသော တောင်ပံတစ်စုံသည် ကောင်းကင်ကြီးကိုတောင် ဖုံးလွှမ်းသွားပုံ ရသည်။

ဤအခင်းအကျင်းကို မြင်လိုက်ရသူတိုင်း အရမ်း တုန်လှုပ်သွားကြသည်။

ရှေးဧကရာဇ်မင်း၏ စွမ်းအားဆိုသည် ဤအရာပင်လော။

ဤပုဂ္ဂိုလ်များသည် ရှေးအစဉ်အလာ ခေတ်ကာလများ ကတည်းက ဆင်းသက်လာသူများ ဖြစ်သည့်အလျောက် ၊

၎င်းတို့၏ စွမ်းအားများမှာ ထိပ်တန်း အဆင့် လို့တောင် မှတ်ယူနိုင်သည်။

သို့သော် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများပင် ချူးကျန့်ရှင်း၏ မျက်လုံးထဲ၌ ရယ်စရာကောင်းနေပုံရသည်။

“နှစ်ပေါင်းများစွာ ကြာပြီးတာတောင် ၊ မင်းက ဒီလို ဆန်းပြားတဲ့ လှည့်ကွက်မျိုးတွေကို ကြိုက်တုန်းပဲ”

“ဟား...ချူးကျန့်ရှင်း နင် သန်မာတယ် ဆိုတာ ငါသိတယ် ဒါပေမယ့် နင်လုပ်ချင်သလို လုပ်လို့ရတယ်လို့ မဆိုလိုဘူး!”

ထိုစဉ် ချူးကျန့်ရှင်းသည် ဓားအလင်းကို တဖက်လူထံသို့ စေလွှတ်‌လိုက်သည်။

ဟွမ်ယန်အကြီးအကဲသည် သူမနောက်က ဖီးနစ်အသွင်ပုံရိပ်ကို လှုပ်ရှားစေခဲ့ရာ ၊ ဟင်းလင်းပြင်တစ်ခုလုံး တုန်လှုပ်သွားစေခဲ့သည်။

ဖီးနစ်ဌက် အော်သံနှင့်အတူ ၊ အလွန်ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး၊ ပင့်ကူမျှင်များကဲ့သို့ အဆုံးမရှိသော အက်ကွဲကြောင်းများသည် ကောင်းကင်ပြင် နေရာအနှံ့ ပျံ့နှံ့သွားသည်။

ကျယ်လောင်သော ဆူညံသံ နှင့်အတူ ၊ ကောင်းကင်ကို လွှမ်းခြုံထားခဲ့သော မီးတောက်မီးလျှံများက ရုတ်ခြည်းဆိုသလို ပွင့်လန်းလာခဲ့သည်။

“ ယန်ယန် ၊ ရန်သူကို ဖျက်ဆီးခြင်း !”

“ တောက်ပြောင်သော်လည်း အနှစ်သာရ မရှိလေတယ် “

“ ဝူယင် ! “

ချူးကျန့်ရှင်းက အေးစက်စွာ ရွတ်ဆိုလိုက်သည်။

သူ၏ စကားအဆုံးတွင် ၊ ချုးကျန့်ရှင်း၏ ပတ်ပတ်လည်ရှိ ဓားစွမ်းအင်တို့သည် ပို၍ အားကောင်းလာပြီး ၊ တောက်ပသော ဓားအလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုဓားအလင်းတန်းများသည် ဤနေရာတစ်ခုလုံးကို ဖုံးအုပ်ထားသည့်အတိုင်း ကောင်းကင်ယံတွင် ပြည့်နှက်နေသည်။

ဓားစွမ်းအင်များသည် ပင်လယ်သမုဒ္ဒရာပမာ ရှိနေသည်မှာ ဓား ကျင့်ကြံလောက အလား ထင်မှတ်ရသည်။

တဟုန်းဟုန်း တောက်လောက်နေသော မီးလျှံစွမ်းအားများနှင့် ထိုဓားစွမ်းအင်တို့ ထိပ်တိုက် ဆုံတွေ့လေရာ ၊

ပြင်းထန်သော ဓားစွမ်းအင်သည် အရာအားလုံးကို တိုက်ရိုက် ဖျက်ဆီးပစ်ခဲ့ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။

ဟွမ်ယန် အကြီးအကဲ၏ တိုက်ခိုက်မှုသည် တစ်စစီ ဖြိုခွင်းခံလိုက်ရစဉ် ၊ ချူးကျန့်ရှင်းသည် ပေါ့ပေါ့ပါးပါး ထပ်မံ လှုပ်ရှားခဲ့လေရာ ဓားအလင်းတန်း တစ်ခုက လေဟာပြင်ကို ထိုးဖောက်သွားခဲ့သည်။

မရေမတွက်နိုင်သော အကြည့်များအောက်တွင် ချူးကျန့်ရှင်း၏ ဓားအရှိန်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။

ပြတ်သားသော အသံတစ်ခုကိုသာ ကြားလိုက်ရသည်။

ဤကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားပုံရသည်။

ကောင်းကင်တစ်ခွင် လောင်မြိုက်နေခဲ့သော မီးလျှံစွမ်းအင်များသည် ထိုဓားစွမ်းအင်ကြောင့် ပျောက်ကွယ်သွားခဲ့ရသည်။

လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့် အခိုက်အတန့်တွင်မူ ၊

မည်သည့်အချိန်က ပေါ်လာမှန်း မသိသည့် ရှီလျန် ဗုဒ္ဓသည် ဟွမ်ထျန်း အကြီးအကဲ၏ ရှေ့တွင် ရှိနေသည်ကို မြင်လိုက်ရသည်။

ဗုဒ္ဓရောင်ခြည်တော်များဖြင့် ထွန်းလင်းတောက်ပနေသော ဧရာမ ရွှေခေါင်းလောင်းကြီးသည် သူတို့နှစ်ဦးအား ဖုံးအုပ်ထားလေသည်။

“ ဗုဒ္ဓ ဝရဇိန်အကာအကွယ် ?”

ရှေးလူအိုကြီး တစ်ယောက်က ရှီလျန် ဗုဒ္ဓ အသုံးပြုခဲ့သော မှော်စွမ်းအားကို အသိအမှတ် ပြုနိုင်ခဲ့သည်။

သူက ရှင်းပြလေသည်။

“ဒါက ရှောင်ရှီထျန်းရဲ့ လျှို့ဝှက်မှော်ပညာရပ်ပဲ ၊ ဒါကို ရှီလျန် ဗုဒ္ဓ က ဖန်တီးခဲ့တာ ဖြစ်ပြီး ၊ ကောင်းကင်ရဲ့ နိယာမ အားလုံးကို ခုခံနိုင်တယ်လို့ ဆိုကြတယ်”

“ဒါပေမယ့် သူတို့ကို ကြည့်ရတာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားသလိုပဲ ၊ ဘယ်လိုဖြစ်တာတုန်း”

ဟွမ်ယန် အကြီးအကဲ၏ နှုတ်ခမ်းထောင့်တွင် သွေးများ စွန်းထင်းနေခဲ့သည်။

အလွန် ကြောက်စရာကောင်းသော တုံ့ပြန်မှုကို ခံခဲ့ရသည့်အတိုင်း။

ရှီလျန် ဗုဒ္ဓ၏ မျက်နှာမှာလည်း ထိုနည်းတူစွာပင်။

သူသည် ဆက်လက် အောင့်အည်းထားနိုင်ခြင်း မရှိတော့ဘဲ သူ၏ ပါးစပ်ထဲက သွေးများကို အန်ထုတ်ပစ်ခဲ့သည်။

ချူးကျန့်ရှင်းက မျက်ခုံးပင့်လိုက်သည်။

“မင်း ငပြောင်မြည်းကို ငါ မေ့သွားတယ် ၊ မင်းက ငါ့ဓားချက်ကို တားယူတယ်ပေါ့ “

“မင်း ဒီလိုလုပ်တာ ငါ့စိတ်ထဲ မသက်မသာ ဖြစ်စေတယ် “

ချူးကျန့်ရှင်းက အေးစက်စွာ ပြုံးလိုက်သည်။

သူသည် ကောင်းကင်ကို သူ၏ လက်ချောင်းဖြင့် ချိန်ရွှယ်လိုက်သည်။

ဤအခိုက်အတန့်တွင်၊ အဆုံးမရှိသော ဓားစွမ်းအင်တို့သည် ကောင်းကင် နှင့် နေကို ဖုံးလွှမ်းသွားခဲ့ပြီး၊ ဤတိုက်မြေ သုံးထောင် တစ်ခုလုံးကိုပါ လွှမ်းခြုံထားတော့မည်အတိုင်း။

ဓားစွမ်းအင် ဖြတ်သန်းသွားလေရာ နေရာတိုင်း၊ဤအခိုက်အတန့်သည် ကမ္ဘာကြီး၏ အဆုံးသတ် အလား ခံစားရသည်။

“ ဒါ ဘယ်ကျင့်ကြံ အဆင့်ထိကို ရောက်နေပြီလဲ “

စူးချန်ကဲလည်း ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး ရင်တဒိတ်ဒိတ်ဖြင့် ကြည့်ရှုနေခဲ့သည် ။

သူသည်လည်း ဓားစွမ်းအင်ကို အသုံးပြုလေ့ရှိပြီး ၊သူ ဖွဲ့စည်းထားသော ဓားနယ်ပယ်သည် အကန့်အသတ် ရှိသည်။

သို့သော် ချူကျန့်ရှင်း၏ ဓားနယ်ပယ်သည် အကန့်အသတ် မရှိပေ။

၎င်းသည် ပေမင်တိုက်ကြီး တစ်ခုလုံးကို အကျိုးသက်ရောက်စေသည်ဟု ပြောရင်တောင် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

ဤကဲ့သို့ ဓားစွမ်းအင်မျိုးကို ထိန်းချုပ်နိုင်ရန် သင်အနေဖြင့် မည်မျှထိတောင် ကျွမ်းကျင်ဖို့ လိုအပ်မည်နည်း။

ဓားစွမ်းအင်များက အဆက်မပြတ် တုန်ခါနေသည်မှာ အဆုံးသတ် ရောက်လာတော့မည့် အတိုင်း လူတိုင်း ခံစားလိုက်ရသည်။

ချူးကျန့်ရှင်းသာ ဤအရာကို သတိရှိရှိ ထိန်းချုပ်မထားပါက ၊ ၎င်းအရာမှ ထုတ်လွှတ်လိုက်သော ရောင်ဝါတို့ကြောင့် သူတို့၏ စိတ်ဝိညာဉ်များပင်လျှင် တခဏချင်း ကွဲအက်သွားမည်ကို စိုးရိမ်ရသည် ။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ဟွမ်ယန်အကြီးအကဲနှင့် ရှီလျန် ဗုဒ္ဓ တို့၏ မျက်နှာများမှာ ဖျော့တော့သွားခဲ့သည်။

“ ချီးပဲ ၊ ပြောတော့ ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဝင်ပြီး စွက်ဖက်ပေးမယ်လို့ ကတိပေးခဲ့တာ မဟုတ်ဘူးလား!”

“ဒီအဆင့်ကိုတောင် ရောက်နေပြီ၊ ဘာလို့ ငြိမ်နေသေးတာလဲ”

နှစ်ယောက်လုံး စိတ်ထဲတွင် တီးတိုး ကြိမ်ဆဲလိုက်သည်။

ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မဦးဆောင်ခဲ့ပါက ၊ သူတို့သည်လည်း ဤကိစ္စထဲ ဘယ်သောအခါမှ ဝင်ပါလိမ့်မည် မဟုတ်ပေ။

ရုတ်တရက် ချူးကျန့်ရှင်းက တစ်စုံတစ်ခုကို တွေးနေပုံရသည်။

သူသည် စူးချန်ကဲ ကို အဓိပ္ပါယ်ရှိစွာ စိုက်ကြည့်လိုက်သည်။

“ ချန်ကဲ ရဲ့ အစွမ်းအစကို ပြသနိုင်မယ့် အခွင့်အရေး ထပ်ပြီး ပေးလိုက်ရင် မကောင်းပေဘူးလား “

စူးချန်ကဲသည်လည်း ကျန့်ရှင်းဘိုးဘေး၏ အကြည့်ကို ခံစားမိသည်။

သူသည် ခဏတာ ထိတ်လန့်သွားပြီး ၊ ထူးဆန်းသော ခံစားချက်တစ်ခုက သူ့စိတ်ထဲသို့ ရုတ်ချည်း ဝင်ရောက်လာသည်။

တစ်စုံတစ်ယောက်၏ စီစဉ်မှုကို နာခံရတော့မည့်အတိုင်း။

ထိုအချိန်၊ ချူးကျန့်ရှင်းသည် သူ့လက်ထဲက ဓားစွမ်းအင်ကို အသက်သွင်းလိုက်သည်။

ဤအခိုက်အတန့်မှာပင် ၊ ကောင်းကင်ကြီးတစ်ခုလုံး အရောင်ပြောင်းလဲသွားပြီး ဓားရိပ်များစွာသည် တစ်သားတည်း ဖြစ်သွားလေသည်။

ထို့နောက် နတ်ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားပြီး လေကို ခွင်းလျက် သူတို့နှစ်ဦးဆီသို့ ဦးတည်သွားခဲ့သည်။

ယန်ဟွမ်အကြီးအကဲနှင့် ရှီလျန် ဗုဒ္ဓတို့ ထံ ဆိုးရွားမှု တစ်ခုခု ဖြစ်တော့မည်ကို ခံစားလိုက်ရသောကြောင့် ထွက်ပြေးရန် ကြံစည်ခဲ့လေသော နဂါးသခင်ဟောင်းပင်လျှင် ၎င်းဓားစွမ်းအင်၏ ထိုးနှက်မှုကို ခံလိုက်ရသည်။

လူတိုင်း အံ့အားသင့်လျက်။

အင်အားကြီးမားသော ဤ ရှေးပုဂ္ဂိုလ် သုံးဦးသည် ချူးကျန့်ရှင်း၏ ရှေ့မှောက်၌ ပြန်လည်တိုက်ခိုက်နိုင်သည့် စွမ်းအားမျိုး မရှိခဲ့ပေ။

ဤကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည် ။

တောင်ကမ်းပါး ၊ မြစ်ချောင်း ပြိုကျလျက် ၊ ကောင်းကင်ကြီးလည်း အက်ကွဲခဲ့ရပြီး နိယာမတရားများပင်လျှင် ကျိုးပဲ့သွားခဲ့သည်။

၎င်းတို့ သုံးယောက်၏ တိုက်ခိုက်မှုများက မည်သည့် အကျိုးသက်ရောက်မှုမှ မဖြစ်ခဲ့ပုံ ရသည်။

ချုးကျန့်ရှင်းသည် သူတို့သုံးဦးကို အလွယ်တကူ ကိုင်တွယ်ပြခဲ့သည်။

ထိုဓားစွမ်းအင်သည် ၎င်းတို့သုံးဦးကို နှိပ်ကွပ်လိုက်သည်မှာ မြေပြင်၏ ဟိုးအနက်ရှိုင်းဆုံး နေရာအထိ ဖောက်ထွင်းသွားခဲ့သည်။

အဆုံးမဲ့ ဓားစွမ်းအင်များက မိုးရေစက်များသဖွယ် ဧရာမ မြေကျင်း သုံးကျင်းကို နှိပ်ကွပ်ထားသည် ။

ထိုပုဂ္ဂိုလ် သုံးပါး၏ ပေါ်ထွက်လာမှုသည် အထင်ကြီးစရာ ကောင်းသလောက် ၊ ယခုအချိန်မှာတော့ အတော်လေး ဆိုးဆိုးဝါးဝါး အရိုက်ခံထားရသည်။

ဤပွဲကြီးကို အစမှ အဆုံး မကြည့်မိပါက ၊ တန်ခိုးကြီးမားသော ဤပုဂ္ဂိုလ်သုံးပါးအား ယခုလို ပေါ့ပေါ့ဆဆ ခြယ်လှယ်နိုင်မည်ဟု သင် မည်သို့ ယုံကြည်နိုင်မည်နည်း။

ဓားစွမ်းအင်များ တဖြည်းဖြည်း လျော့ပါးသွားပြီးနောက် ၊ ထိုလူသုံးယောက်၏ ခုခံနိုင်စွမ်းမှာလည်း လုံးဝ ပျောက်ကွယ်ခဲ့ပြီ ဖြစ်သည်။

ခဏလေးအတွင်းမှာပင် ချူးကျန့်ရှင်းသည် ထိုလူသုံးယောက်ကို အေးအေးလူလူ နှိပ်ကွပ်ခဲ့သည်။

သို့သော် ဆက်လက်ပြီး အားလုံးကို အမြင်ကျယ်သွားစေမည့် အရာတစ်ခု ရှိနေပြန်သေးသည်။

ချူးကျန့်ရှင်းသည် စူးချန်ကဲ ရှိရာ ဦးတည်ရာဘက်သို့ လှမ်းကြည့်လိုက်သည်။

“လာလေ၊ ဒီလူအိုကြီး သုံးယောက်က အသက်ကြီးတာကို အခွင့်ကောင်းယူဖို့ပဲ ကြိုးစားနေတာ “

“သူတို့ကို သတ်နိုင်မယ့် အခွင့်အရေးကို မင်းကို ပေးမယ် “

“သွား၊ သူတို့ခေါင်းကို ဖြတ်လိုက် “

အပိုင်း(၂၀၆): ကွေးယွမ် သူတော်စင် နယ်မြေကို ပစ်မှားဝံ့သူတိုင်း ခေါင်းဖြတ်သတ်မယ်

ရုတ်ချည်း ချမှတ်လိုက်သော ဤစီရင်ချက် ကို ကြားလိုက်ရသည်နှင့် ၊ စိတ်တစ်ခုလုံး အေးခဲသွားခဲ့သည်။

သူတို့ နားကြားများမှားလေသလား?

စူးချန်ကဲပင်လျှင် ဆွံ့အသွားသည်။

“ ကျန့်ရှင်း ဘိုးဘေး ၊ ကျွန်တော်...?”

“စိတ်မပူနဲ့ ဒီလူသုံးယောက်လုံးကို ငါ့ရဲ့ဓားစွမ်းအင်နဲ့ နှိပ်ကွပ်ပြီးပြီ “

ချူးကျန့်ရှင်းက ပြုံးပြီး ပြန်ဖြေသည်။

“ဒါက မင်း ကျော်ကြားဖို့အတွက် ဘိုးဘေး မင်းကို အထူးချန်ထားပေးထားတာပဲ “

“မင်းက ဧကရာဇ်မဖြစ်သေးဘူး ဆိုပေမဲ့ ဒါပေမဲ့ ခုလို ရှေးဧကရာဇ်မင်း တချို့ကို သတ်ရတာလည်း အတွေ့အကြုံသစ် ရတာပေါ့ “

ဤစကားများသည် လူတိုင်း၏ နှလုံးသားထဲတွင် မိုးခြိမ်းသံကဲ့သို့ပင်။

သူတို့ သုံးယောက်က ဘယ်သူတွေတုန်း?

ဟွမ်ယန် အကြီးအကဲ ၊

နတ်နဂါးကျွန်းစု၏ နဂါးသခင်ဟောင်း ၊

ရှောင်ရှီထျန်း ၏ ရှီလျန် ဗုဒ္ဓ ပင်။

၎င်းတို့သည် ဧကရာဇ်မင်းမြတ် ထက် ပို၍ အင်အားကြီးမားသော ဖြစ်တည်မှု ဖြစ်သည်။

ယခု ကွေးယွမ်ရဲ့ အငယ်တန်းလေးကို သူတို့ခေါင်းကို ဖြတ်ဖို့ စေခိုင်းသတဲ့လား?

ဒါ လူသတ်ရုံနဲ့တင် ရိုးရှင်းတဲ့ ကိစ္စ မဟုတ်ဘူး!

ဒါ စော်ကားလွန်းတာပဲ !

“ချူးကျန့်ရှင်း !!”

သုံးယောက်သား တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

သူတို့အားလုံးသည် ရှေးခေတ်ကတည်း အသက်ရှင်နေထိုင်လာခဲ့ကြသော လူ့ဘီလူးကြီးများ ဖြစ်ရာ ၊ အကယ်၍ သူတို့အားလုံးသည် ချူးကျန့်ရှင်း၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရသည်တောင် ဒါဟာ ရှက်စရာလို့ မဆိုနိုင်ချေ။

သို့သော် ယခုတွင်မူ ချူးကျန့်ရှင်းက အမွှေးမစုံသေးတဲ့ ကောင်လေးတစ်ယောက်ကို သူတို့ကို သတ်ပစ်ဖို့ စေခိုင်းသတဲ့လား?

“ နားငြီးတယ်”

ချူးကျန့်ရှင်း‌၏ လေသံသည် အလွန်ကို အေးစက်နေပြီး ၊ အပေါ်သို့ ချိန်ရွယ်ထားသော သူ၏ လက်ညှိုးကို အောက်သို့ ပြောင်းချိန်လိုက်သည်။

ဓားစွမ်းအင်များဖြင့် ပြည့်နှက်နေသော ကောင်းကင်ယံမှ ဓားပျံများ သက်ဆင်းလာခဲ့သည်။

ဘုန်း !

ဓားစွမ်းအင်များ စုဝေးဖြစ်တည်ရာမှ ဖြစ်ပေါ်လာခဲ့သော ဓားအလင်းများသည် ၎င်းတို့ သုံးဦး၏ ခြေလက်များကို ဖောက်ထွင်းဝင်ရောက်ခဲ့လေသည်။

ထို့နောက် ချက်ခြင်းဆိုသလို၊ တဟုန်းဟုန်း တောက်လောက်နေသော ဓားစွမ်းအင် တစ်ခု ထွက်ပေါ်လာပြီး ၊ ၎င်းတို့ သုံးယောက်၏ သွေးကြောများကို တိုက်ရိုက် ပိတ်ဆို့ပစ်လိုက်သည်။

“ကဲ ငါ အခု သူတို့သုံးယောက်ရဲ့ သွေးကြောတွေကို ပိတ်ဆို့ထားတယ် “

ချူးကျန့်ရှင်းက စူးချန်ကဲအား အေးအေးလူလူ ဆိုလိုက်သည်။

“ မင်း အခု သူတို့သုံးယောက်ရဲ့ ခေါင်းတွေကို အေးအေးဆေးဆေး ဖြတ်ပစ်လိုက်ရုံပေါ့ “

စူးချန်ကဲ ကြောင်အမ်းနေမိသည်။ဤဘိုးဘေးသည် သူနှင့် အတူ တကယ်ကြီး ဆော့ကစားနေပုံရသည်။

သို့သော် ဤကိစ္စကို စူးချန်ကဲ စိတ်ထဲမထားချေ။ ဤသို့ ဖြစ်ရခြင်း အကြောင်းရင်းမှာ ထာဝရ အင်အားစုများက သူ့ကိုသတ်ရန် လက်တွဲခဲ့‌ခြင်းကြောင့် ဖြစ်သည်။

ရလဒ်အနေဖြင့် ၎င်းတို့ အကုန်လုံး ရှုံးနိမ့်ခဲ့ရပြီး ၊ နောက်ဆုံးတွင် သူ့လက်ချက်ဖြင့် အကုန် အသတ်ခံလိုက်ရသည်။ယခုချိန်ထိ ယင်းဖြစ်ရပ်အတွက် သူ့ကို အပြစ်လွှဲချနေဆဲပင် ဖြစ်သည်။

“ ဒါဆို ချန်ကဲကပဲ လူကြီးမင်း သုံးဦးကို လိုက်ပါပို့ဆောင်ပေးပါ့မယ် “

စူးချန်ကဲ ၏ နှုတ်ခမ်းတွင် ဖော်ရွှေသော အပြုံးတစ်ခု လှစ်ဟသွားသည်။

သူသည် ကောင်းကင်ဓားကို ‌လေဟာပြင်ထဲမှ ဆွဲထုတ်လိုက်သည်။

ဓားတစ်လက် ကိုင်ဆောင်ထားသော လူငယ်လေးသည် ​ နှိပ်ကွပ်​ခံထားရသော ပုဂ္ဂိုလ်သုံးဦးဆီသို့ ဖြည်းညှင်းစွာ ​လျှောက်​လှမ်းလာသည်​။

ဤအချင်းအရာသည် ကြည့်ရှုသူများကို ရင်တထိတ်ထိတ် ဖြစ်စေသည်။

သူတို့သည် ရှေးဧကရာဇ်မင်းတစ်ပါး အဖြစ် အချိန်အတော်ကြာကြီး အသက်ရှင် ကျန်ရစ်နိုင်ခဲ့သည့် အပြင် ကောင်းကင်လမ်းစဉ်နှင့်ပင်လျှင် ဆက်ဆံရေးတချို့ရှိခဲ့သည်။

လုံလောက်သော ကျင့်ကြံအဆင့် မရှိပါက ၊ဤ ကျူးလွန်မှုကြီးသည် ကြီးမားသော တုံ့ပြန်မှုကို ဖြစ်စေနိုင်သည်။

စူးချန်ကဲ တစ်ယောက် ဒီလူသုံးယောက်ကို သူ့ဓားနဲ့ သတ်ဖို့ တကယ်ပဲ အဆင်သင့် ဖြစ်နေပြီလား!?

ထို့အပြင် ကျန့်ရှင်း ဘိုးဘေးသည် စိတ်ကြီးသူ တစ်ယောက်လည်း ဖြစ်သည်။

ထိုပုဂ္ဂိုလ် သုံးဦး၏ အမူအရာများမှာလည်း သိသိသာသာ ပြောင်းလဲကုန်၏။ သူတို့၏ သွေးကြောများမှာဖြင့် ပိတ်ခံထားရသောကြောင့် စကားပင်မပြောနိုင်ပေ။

မျက်နှာတစ်ခုလုံး ပြာနှမ်းနေလေ၏။

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ဘိုးဘေး မျိုးဆက် တစ်ဆယ့်ရှစ်ပါးစလုံးကိုတောင် မေတ္တာပို့မိသည်။

ဒီသကောင့်သားတွေကြောင့်သာ မဟုတ်ရင် ၊ သူတို့ ဝင်ပါမှာ မဟုတ်ဘူး!

စူးချန်ကဲသည် ဓားတဝင့်ဝင် နှင့် သူတို့ထံသို့ ချဉ်းကပ်လာသည်ကို ရပ်ကြည့်နေရုံမှ တပါး မတတ်နိုင်ချေ။

ထိုစဉ် ၊

ကောင်းကင်ယံ၌ တိမ်စိုင်တိမ်မဲများ စုဝေးရောက်ရှိလာပြီး အသံတစ်ခု ထွက်ပေါ်လာသည်။

“ ကွေးယွမ် သူတော်စင် နယ်မြေ ၊ ဘယ်သူမဆို အမှားလုပ်မိကြတာပဲ”

ထိုစကားကို ကြားတော့ ချူးကျန့်ရှင်း၏ မျက်ခုံးတို့မှာ တချက် တွန့်သွားလေ၏။

“ ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကောင်တွေ သည်းမခံနိုင်တော့ဘူးပေါ့?”

တိမ်စိုင်တိမ်ခဲများ စုဝေးလာခဲ့ပြီး ၊ အလယ်ကနေ တိုက်ရိုက် ကွဲထွက်သွားသည်။

ဝိညာဉ်စွမ်းအင်များက အကန့်အသတ်မဲ့ စုဝေးနေပြီး ၊ ဖြည်းဖြည်းချင်း ကြီးကျယ်ခမ်းနားသော နတ်ဘုရား အသွင်ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။

“အို?ဒါက ကောင်းကင်လမ်းစဉ်ရဲ့ ဆယ်သုံးဝိုင်းထဲက ဘယ်နှစ်ခုမြောက်တုန်း “

ချူးကျန့်ရှင်းသည် ရယ်ချင်စရာ ကောင်းသော အမူအရာဖြင့် ကောင်းကင်ပေါ်တွင် ဖြစ်ပျက်နေသော အပြောင်းအလဲများကို ကြည့်လိုက်သည်။

ကောင်းကင်လမ်းစဉ်၏ ဆယ့်သုံးဝိုင်းသည် ယနေ့ ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွင် အမြင့်ဆုံး အာဏာပိုင်များပင် ဖြစ်သည်။

ဤလူပုဂ္ဂိုလ် ဆယ့်သုံးယောက်၏ နောက်ကွယ်တွင် တစ်ဦးတစ်ယောက် ရှိနေသေးသည်ကို သူ သိသည်။

သို့သော် ဤ လူပုဂ္ဂိုလ် ဆယ့်သုံးယောက်လုံး၏ ကျင့်ကြံစွမ်းရည်နှင့် ပတ်သတ်ပြီး ၊ သူတို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းက ရိုးရှင်း လွယ်ကူသော သာမာန် လူ့ဘီလူးများ မဟုတ်ပေ။

ကောင်းကင်ယံထက်ရှိ နတ်ဘုရား အသွင်ပုံရိပ်သည် ပို၍ ထင်ရှားလာခဲ့ပြီး ၊ ရှေးအငွေ့အသက်များ ရှ်ိနေသည့် မြင့်မြတ်သော ‌ရောင်ခြည်တော်များကို ထုတ်ဖော်ပြသခဲ့သည်။

တကယ့် နတ်ဘုရားအလား ထင်မှတ်ရသည့် ထိုအသွင်ပုံရိပ်၏ မျက်ဝန်းတစ်စုံထဲတွင် ဤကမ္ဘာကြီးကို အလိုမကျသည့် စိတ်ဆန္ဒများ ရှိနေသည်။

ဤ ရုတ်ချည်းဆန်သော ပြောင်းလဲမှုကြီးသည် အမှန်တရားကို နားမလည်နိုင်သော လူတချို့အဖို့ ပို၍ ကြောက်ဖို့ကောင်းနေခဲ့သည်။

ယင်းအရာသည် အသွင်ပုံရိပ်တစ်ခုမျှသာ ဖြစ်သော်လည်း၊

ကောင်းကင်ဘုံ၏ တုန်လှုပ်ချောက်ချားစရာ ကောင်းသော စွမ်းအားတို့သည် သူတို့ကို နှိပ်ကွပ်ရန် သက်ဆင်းလာခဲ့သည်။

“ဘုရားရေ ! နောက်ထပ် ရှေးခေတ်က စွမ်းအားရှင် ပုဂ္ဂိုလ်တစ်ဦး ရောက်လာပြန်တာလား?”

“မဟုတ်သေးဘူး! နတ်ဆိုးချောက်နက် နဲ့ နတ်ဘုရားအချုပ်ထောင် နန်းတော်က အပြေးတော်ကြတယ် မဟုတ်လား ? ဒီရှေးဧကရာဇ်မင်း သုံးပါးကို စေလွှတ်တာကလွဲပြီး တပ်ဖွဲ့စုကြီး စေလွှတ်တာတောင် မရှိခဲ့ဘူး “

“ မဟုတ်မှလွဲရော ၊ ရှေးအကျဆုံး ဖြစ်တည်မှု ဖြစ်တဲ့ တစ်စုံတစ်ယောက်ကများ ဝင်စွက်ဖက်ခဲ့တာလား?”

အနည်းငယ် ထိတ်လန့်နေပုံရသော ရှေးလူကြီးတစ်ယောက်က ဖြတ်ဆိုလိုက်သည်။

“ မဟုတ်မှလွဲရော ၊ အဲ့ဒီအင်အားစုက ဝင်ပါခဲ့ပြီလား?”

“လူကြီးမင်း၊ ခင်ဗျားပြောတဲ့ အင်အားစု ဆိုတာ ဘာလဲ “

လူတစ်​​ယောက်​က သိချင်စိတ်ဖြင့် မေးလိုက်သည်။

သူသည် ဤရှေးလူအိုကြီး နှင့် ပတ်သတ်၍ အနည်းအကျဉ်းမျှ သိထားသည်။၎င်း၏ ကျင့်ကြံအဆင့်မှာ နိမ့်ပါးသော်လည်း ၊ သူသည် နှစ်ကာလပေါင်းများစွာ နေထိုင်လာခဲ့သူ ဖြစ်သည်။

“ သေချာတယ် ၊ ဒါက ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ပဲ “

“ဘယ်လို? ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့?”

ထိုစကားကို ကြားလိုက်ရသူတိုင်း ဖျော့တော့သွားကြသည်။ ၎င်းတို့သည် တိုက်မြေ သုံးထောင်၏ ကောင်းကင်လမ်းစဉ်ကို ကြီးကြပ်ကွပ်ကဲသူများ ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရသော်၊ လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုတစ်ခု ဖြစ်ပေသည်။

ထိုစဉ် ၊ ကောင်းကင်ယံမှ ကြေးခေါင်းလောင်းသံ သဖွယ် အသံတစ်သံ ပဲ့တင်ထပ်သွားခဲ့လေသည်။

“ တိုက်မြေ သုံးထောင် တည်ငြိမ်အေးချမ်းရေးအတွက် မင်း ဒီလူသုံးယောက်ကို သတ်လို့မရဘူး”

“ဒီမှာပဲ အဆုံးသတ်လိုက်ပါ”

ထိုအသံသည် အထက်စီးဆန်ပြီး ၊

အမိန့်ပေးနေသည်နှင့် တူသည်။

ဤအခြေအနေကို နားမလည်သော လူတချို့မှာဖြင့် ရင်တဒိတ်ဒိတ် ဖြစ်နေရသည်။

ရက်စက်တဲ့လူ!

နောက်ထပ် ရက်စက်တဲ့လူ ရောက်လာပြန်ပြီ!

ချူးကျန့်ရှင်း မည်မျှ ရက်စက်ကြမ်းကြုတ်သည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း သိကြသည်။

သူသည် ဤရှေးဧကရာဇ်မင်း သုံးပါးကို ကြက်ပေါက်စလေးများကဲ့သို့ ‌အေးအေးဆေးဆေး အုပ်ချုပ်ခြယ်လှယ်ခဲ့သည်။

အခု ဒီလူက ချုးကျန့်ရှင်းလို လူမျိုးကို ဒီလို အမိန့်ပေးရဲတယ်ပေါ့??

စူးချန်ကဲပင်လျှင် သူ့ကို စစ်ဆေးနေသလား အောက်မေ့ရသည့်အထိ ဖိအားများ သူ့အပေါ်သို့ ကျရောက်နေသည်။

ဤသည်မှာ ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ဒုတိယအကြိမ်မြောက် ဝင်‌ရောက်စွက်ဖက်ခြင်း ဖြစ်သည်။

၎င်းတို့သည် ကွေးယွမ် သူတော်စင် နယ်မြေအား ထပ်ခါထပ်ခါ ခြိမ်းခြောက်မှုများကို ပြုလုပ်ခဲ့သည်။

အခုလည်း လာပြန်ပြီလား?

စူးချန်ကဲသည် အေးစက်စွာ ပြုံးလိုက်ပြီး၊ သူ၏ ကောင်းကင်ဓားနှင့်အတူ ထိုပုဂ္ဂိုလ် သုံးဦးထံသို့ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။

ဓားအလင်းသည် လွန်စွာ စူးရှပြီး အေးစက်သော လသော်တာ ပမာ ရောင်ပြန်ဟပ်နေသည်။

“ စူးချန်ကဲ မင်းဘာလုပ်နေတာလဲ”

“ဒီအမူအရာကို ကြည့်ရတာ၊ မဟုတ်မှလွဲရော..”

စူးချန်ကဲ၏ လှုပ်ရှားမှုသည် လူတိုင်း၏ အာရုံကို သူ့အပေါ်သို့ တဖန် ကျရောက်လာစေခဲ့သည်။

“အမ်?”

ကောင်းကင်ယံထက်က ထိုရွှေရောင် အသွင်ပုံရိပ်သည်လည်း ဤမြင်ကွင်းကို သတိထားမိပုံ ရသည်။

ကြီးကျယ်ခမ်းနားသော အသံသည် ပြန်လည် ထွက်ပေါ်လာပြန်သည်။

“ ကောင်လေး၊ မင်း ဘာကိုဆိုလိုတာလဲ”

ထိုအသံကို ကြားပြီးနောက်မှာတောင် စူးချန်ကဲဘက်မှ တုံ့ပြန်မှု မရှိသေးပေ။

သူသည် ဓားကို ကိုင်ဆောင်ကာ ဆက်လက် လျှောက်လှမ်းနေဆဲပင် ဖြစ်သည်။

ကျန့်ရှင်းဘိုးဘေးက သူ့ကို သတ်ခိုင်းမှတော့ သတ်ရုံပေါ့ !

ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဆိုတောင် ဘာဖြစ်တုန်း!?

ဤနေရာသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ ပိုင်နက်ပင် ဖြစ်သည်။

“ဘာကိုဆိုလိုရမှာလဲ?”

စူးချန်ကဲ က အေးစက်စွာပြုံးလိုက်သည်။

“ကျုပ် ကွေးယွမ် သူတော်စင် နယ်မြေကို ပစ်မှားဝံ့သူတိုင်း “

“ခေါင်းဖြတ် သတ်စေ “

အပိုင်း(၂၀၇): ဓားအိမ်မရှိသော ဓား ကောင်းကင်ကြီးကို ဒဏ်ခတ်မည်

ကောင်းကင်ဓား၏ ခုတ်သံနှင့်အတူ ၊

ဓားစွမ်းအင်သည် အေးစက်သော လသော်တာကဲ့သို့ တောက်ပနေသည်။

စူးချန်ကဲသည် သူ့ဓားကို ကိုင်မြှောက်လျက် ထိုလူသုံးဦးအား ခုတ်ချလိုက်သည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။

“ ကောင်လေး!မင်း လုပ်ရဲလား!?”

ကောင်းကင်ယံထက်က ရွှေဝါရောင် နတ်ဘုရားအသွင်ပုံရိပ်သည် ဤကိစ္စကို သတိပြုမိခဲ့သည်။

သို့ဖြစ်၍ သူသည် ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

သို့သော် စူးချန်ကဲသည် သူ့ကို လုံးဝ လျစ်လျူရှူထားပြီး ၊ သူ၏ မျက်ဝန်းများမှာ အလွန် အေးစက်နေသည်။

ရန်သူကို ခုတ်ပိုင်းပစ်ခဲ့သော ဓားစွမ်းအင်တို့သည် ကူးခတ်နေသော နဂါးတစ်ကောင်ကဲ့သို့ပင်။

“ မလုပ်နဲ့ !!”

ချူးကျန့်ရှင်း၏ ဓားစွမ်းအင်ကြောင့် ဖိနှိပ်ခံထားရသော လူသုံးဦးသည် ယခုအချိန်တွင်မူ ပြန်လည်ခုခံနိုင်စွမ်း မရှိပေ။

အော်ဟစ် ငိုကြွေးသံနှင့် ဓားသွားသံများကြား ရှေးဧကရာဇ်မင်း သုံးပါး၏ ဦးခေါင်းများသည် လေပေါ်သို့ မြှောက်တတ်သွားခဲ့ပြီ ဖြစ်သည်။

သွေးများက လေထဲတွင် ပန်းထွက်လျက်။

လူတိုင်း ဆွံ့အစွာဖြင့် ရပ်‌ကြည့်နေမိသည်။

စူးချန်ကဲ၏ ရဲစွမ်းသတ္တိသည် သူတို့၏ နားလည်မှုကို တစ်ဖန် ပြန်လည်ဆန်းသစ်စေခဲ့သည် ။

ဒင်းက ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကိုတောင် မျက်နှာမပေးဘူးတဲ့လား !

စူးချန်ကဲ၏ ဤအပြုအမှုသည် ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ဖိအားပေးမှုကို မထီမဲ့မြင်ပြုမှုလိုက်သလိုပင်။

“ ကောင်စုတ်လေး!သေချင်နေတယ်ပေါ့!”

ကောင်းကင်ယံပေါ်မှ ရွှေရောင် နတ်ဘုရားအသွင်ပုံရိပ်မှာ ဒေါသတကြီး တုံ့ပြန်လာခဲ့လေပြီ။

သူသည် ကောင်းကင်လမ်းစဉ်၏ ဆယ်သုံးယောက်မြောက် ဖြစ်သော်လည်း ၊ သို့သော် ဒီလက်တောက်လောက်က သူ့ကို ရန်စရဲသတဲ့လား?

ဤဒေါသသည် သူ့အား အထိန်းအကွပ်မဲ့ ဖြစ်စေခဲ့ပြီး ၊ သူသည် ဖိနှိပ်စွမ်းအားများကို ဒရဟော ထုတ်လွှတ်လေ၏။

၎င်း၏ ဖိနှိပ်စွမ်းအားများသည် စူးချန်ကဲထံသို့ တိုက်ရိုက် စီးဆင်းသွားသည်။

သို့သော် ၎င်း၏ ဖိနှိပ်စွမ်းအားများ စူးချန်ကဲထံသို့ မကျရောက်မီ ၊

ချူးကျန့်ရှင်းမှ အရင် လက်ဦးမှု ယူခဲ့ပြီး ဖြစ်သည်။

သူ၏ အားရကျေနပ်နေသော အပြုံးကို ကြားနေရသည်။

“ဟာဟားဟား ၊ ဒီလိုသတ္တိမျိုးက ငါ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူမှာ ရှိသင့်တဲ့အရာပဲ!”

“စိတ်မပူနဲ့ ဒီလူအိုကြီးတွေကို ငါ့ဆီ အပ်လိုက် ၊ ငါ့ရှေ့မှာ ဘယ်သူမှ မင်းကို အနိုင်မကျင့်စေရဘူး”

ချုးကျန့်ရှင်း၏ ဘေးပတ်ပတ်လည်တွင် ဓားစွမ်းအင်များ တစ်ဖန် ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားလှိုင်းများက တဟုန်ထိုး မြင့်တတ်လာခဲ့သည်။

ချူးကျန့်ရှင်းသည် သူ့လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်သည်နှင့် ပြင်းထန်သော ဓားစွမ်းအင်များ ထွက်ပေါ်လာလေသည်။

ထိုဓားစွမ်းအင်များသည် အတားအစီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ၊ ကွေးယွမ် သူတော်စင် နယ်မြေ ရှိ လူတိုင်းကို လွှမ်းခြုံထားသည်။

“ငါ့ရဲ့ ကွေးယွမ် သူတော်စင် နယ်မြေက မဟုတ်တဲ့သူတွေ မြန်မြန်ထွက်သွားကြ ၊ မဟုတ်ရင် ငါ့ဓားစွမ်းအင်နဲ့ အသတ်ခံရလိမ့်မယ် “

“အဲ့ကြမှ ငါ့ကို အပြစ်မတင်နဲ့”

ချူးကျန့်ရှင်း၏ စကားများသည် လူတိုင်းကို ထိတ်လန့်ကာ ဖြူဖပ်သွားစေသည်။

ဤပုဂ္ဂိုလ်သည် မည်မျှ ရက်စက်ကြမ်းကြုတ်သည်ကို စောနက သူတို့ မြင်တွေ့ခဲ့သည်။

လွန်စွာ အစွမ်းထက်သော ပုဂ္ဂိုလ်များသာလျှင် မြင့်မြတ်သော လမ်းစဉ်၏ နိယာမများကို အသက်သွင်းကာ အကာအရံတစ်ခုကို တည်ဆောက်န်ိုင်သည်။

တကယ်တော့ ဤမြင်ကွင်းမျိုးသည် တကယ့်ကို ရှားပါးပေသည်။

ချူးကျန့်ရှင်း၏ လက်ထဲတွင် ဘယ်အချိန်ကတည်းက ထွက်ပေါ်လာမှန်း မသိသော ရှေးဟောင်းဓားရှည် တစ်လက် ရှိနေခဲ့သည်။

ထိုဓားရှည်သည် မည်သည့် အဆင်တန်ဆာမှ ခြည်သမထားဘဲ အလွန်ရိုးရှင်းသော ဓားရှည်တစ်လက် ဖြစ်သည်။

ရှေးခေတ် စွမ်းအားရှင်တချို့မှာ ထိုဓားကို မြင်သည်နှင့် ၊ သူတို့၏ မျက်နှာများမှာ ဖြူဖျော့သွားကြသည်။

“ဖန်ဓား!?”

သူတို့သည် ကြောက်မက်ဖွယ်ရာ ကောင်းသော မှတ်ဉာဏ်အချို့ကို ပြန်သတိရသွားပုံ ပေါ်သည်။

မှန်၏ ။ တစ်ချိန်က ဤဓားဖြင့် ခြယ်လှယ်အုပ်စိုးခဲ့သည့် ထိုခေတ်ကို သူတို့ မှတ်မိသေးသည်။

ဖန်ဓားထွက်ပေါ်လာသည်နှင့် ၊ မည်သူကများ ဆန့်ကျင်နိုင်ဦးမည်နည်း။

ဓားသွားလေရာ နေရာတိုင်း ၊ ကောင်းကင်ဘုံကတောင် အရှုံးပေးရစမြဲပင်။

ဤသည်မှာ ချူးကျန့်ရှင်း မကြာခဏ ပြောလေ့ရှိသော စကားပင် ဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက်၊ မထင်မှတ်ဘဲ သူတို့သည် ဤဓားကို ထပ်မံ တွေ့လိုက်ရပြန်သည်။

ထို့အပြင် ကောင်းကင်ယံထက် ထိုအနှီ ပုဂ္ဂိုလ်ကြီးသည်လည်း တိတ်ဆိတ်နေလေ၏။

ဤဓား၏ ကြောက်စရာ ကောင်းမှုကို သူမည်သို့ မသိ ရှိမည်နည်း။

သို့သော် သူတို့လို အင်အားကြီးမားသော ပုဂ္ဂိုလ်များသည် ဂုဏ်သိက္ခာကို အလေးထားဆုံးပင် ဖြစ်သည်။

အကယ်၍ သူသည် စကား တခွန်းမှ မပြောဘဲ ပြန်ဆုတ်သွားမည် ဆိုပါက ၊

ကောင်းကင်လမ်းစဉ် ဆယ်သုံးဝိုင်း၏ ဆယ်သုံးခုံမြောက် နေရာဟူသည် အဘယ့်ကြောင့် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထဲတွင် ရှိနေနိုင်ဦးမည်နည်း။

“ ချူးကျန့်ရှင်း ! မင်း အရမ်း အနိုင်ကျင့်လွန်းတယ် !”

“အနိုင်ကျင့်လွန်းတယ် ဟုတ်လား၊ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ လူအိုကြီးက အငယ် တစ်ယောက်ကိုကြ ခုလို လက်ပါဝံ့တယ်ပေါ့ “

ချူးကျန့်ရှင်း၏ လေသံသည် အလွန် အေးစက်နေသည် -

“မင်းက ငါ့ ကွေးယွမ် သူတော်စင် နယ်မြေကို ဆန့်ကျင်ဖို့ ရွေးချယ်လိုက်မှတော့ အဲ့အတွက် မင်း ပြန်ပေးဆပ်ရမယ် !”

“ဒီနေ့ကစပြီး၊ ကောင်းကင်လမ်းစဉ် ဆယ်သုံးဝိုင်းက ဆယ့်နှစ်ဝိုင်း ဖြစ်လာရလိမ့်မယ် “

ချူးကျန့်ရှင်း၏ ဆံနွယ်များသည် လေနှင့်အတူ ကခုန် နေပြီး ၊ ဤကမ္ဘာတစ်ဝှမ်းကို ဖြတ်တိုက်သွားသော လေအေးများပင်လျှင် ပို၍ ပြတ်သားလာသည်။

သူသည် ဓားကို ကောင်းကင်သို့ တိုက်ရိုက် ချိန်ရွယ်လိုက်ပြီး ၊ အဆုံးမရှိသော ဓားစွမ်းအင်များကို ဆင့်ခေါ်လိုက်သည်။

ထို့နောက် ဓားစွမ်းအင်များသည် ဒေါင်လိုက်၊ အလျားလိုက် ဖြတ်တောက်ခဲ့လေသည်။

ကောင်းကင်ယံရှိ ထိုအနှီ ပုဂ္ဂိုလ်မှာ ဒေါကြီးမောကြီး ကြိမ်းဝါးလိုက်သည်။

“ ကောင်းလိုက်တဲ့ ချူးကျန့်ရှင်း !”

“မင်းတိုက်ချင် နေတယ်ဆိုလည်း လာလိုက်စမ်းပါ!”

ထိုအနှီ ပုဂ္ဂိုလ်၏ ဒေါသမှာ အဆုံးစွန်ထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဒီထိရောက်လာခဲ့ပြီ ဖြစ်ရာ ၊ နောက်ကြောင်းပြန်ဆုတ်မည် ဆိုပါက သူ့အနေဖြင့် သိက္ခာကျပေတော့မည် ။ အဲ့အစား တိုက်‌ဆိုလည်း တိုက်ရုံပေါ့ !

ဤတိုက်ပွဲအပြီးတွင် ၊ ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၌ သူ့အတွက် နေရာတစ်နေရာ ကျန်ဦးမည်လော။

ဘုန်း!

ရွှေရောင် နတ်ဘုရားအသွင်ပုံရိပ်၏ ဘေးပတ်ပတ်လည် တစ်လျှောက် ရောင်စဉ် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

၎င်း၏ ပတ်ဝန်းကျင် ရှိ ရွှေရောင် မှော်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး ‌ဝင်ရောက်စီးဆင်းသွားသည်နှင့် သူ၏ ကိုယ်ပိုင် စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်သည် အဆက်မပြတ် ကြီးသထက် ကြီးမားလာသည်။

တကယ့် နတ်ဘုရားတစ်ပါး ရောက်ရှိလာသလိုပင်။

ထိုဧရာမ အသွင်ပုံရိပ်ကြီးကို ပေမင်တိုက်ကြီး တစ်ခုလုံးသာမက ၊ တခြားတိုက်ကြီးများပင် မြင်တွေ့ခဲ့ရသည်။

မရေမတွက်နိုင်သော သက်ရှိသတ္တဝါများမှာဖြင့် အသက်ပင် ဝအောင် မရှုဝံ့ပေ ။

ဤထာဝရတိုက်ပွဲကြီးတွင် အဆုံးစွန်သော ပြိုင်ဆိုင်မှုကြီး စတင်နေပြီ ဖြစ်ကြောင်း သူတို့အားလုံး သိလိုက်သည်။

ဒုန်း! ဒုန်း! ဒုန်း!

ချူးကျန့်ရှင်း သည် ဖန်ဓားကို ဆုပ်ကိုင်လျက် တစ်လှမ်းချင်း လျောက်လှမ်းလာခဲ့သည်။

ဤကမ္ဘာပေါ်ရှိ အရာအားလုံးသည် သူ၏ ခြေအောက်တွင် ဝပ်တွားနေကြသည့်အတိုင်း။

မြေပြင်ပေါ်တွင် လျောက်လှမ်းသော သာမန် ခြေလှမ်းမျှသာ ဖြစ်သော်လည်း ၊ သူ ထုတ်လွှတ်လိုက်သော ဖိနှိပ်စွမ်းအားသည်လည်း ကောင်းကင်ယံထက်က ထိုအနှီပုံရိပ်ထက် အင်အားမနည်းပေ။

ချူးကျန့်ရှင်း၏ ကျယ်လောင်သော အသံကို ကမ္ဘာတစ်ဝှမ်းလုံး ကြားနေရသည်။

“ ချန်ကဲ ၊ မင်း ဓားရေးလေ့ကျင့်တာကို ငါသိတယ်”

“ဒီနေ့ ငါ မင်းကို အမှန်အတိုင်းပြောမယ် ၊ ဓားသမား တစ်ယောက်အနေနဲ့ မင်း သတ္တိရှိရှိ ရှေ့ကိုပဲ ဆက်သွားသင့်တယ်”

ချူးကျန့်ရှင်းက ဖြည်းညှင်းစွာ ဆိုလေသည်။

“ ဒီကမ္ဘာပေါ်မှာ အင်အားအကြီး‌မားဆုံးသူ ဆိုတောင် ဘာဖြစ်လဲ ၊ မင်းလက်ထဲမှာ ဓားတစ်လက် ရှိနေသရွေ့ မင်းမှာ အရာအားလုံးကို ဖြတ်ကျော်နိုင်စွမ်း ရှိတယ်”

“ဓားသမား တစ်ယောက်အနေနဲ့ ၊ ဓားကို ထုတ်လိုက်ပြီ ဆိုတာနဲ့ ကောင်းကင်ကိုတောင် ဒဏ်ခတ်နိုင်ရမယ် “

“ဟားဟား ! ကောင်းလိုက်တဲ့ ချူးကျန့်ရှင်း ၊ ချူးကျန့်ရှင်း! “

“ ဒီနှစ်တွေမှာ မင်းတစ်ယောက်ထဲ ပိုပြီး သန်မာလာတယ်လို့ မင်းတကယ်ကြီး ထင်နေတာလား”

“ဒီပုပ်နေတဲ့ဓားနဲ့ မင်း ဘယ်လိုလုပ်မလဲဆိုတာ ငါကြည့်ချင်သေးတယ်!”

“ ကောင်းကင်ဘုံ၏ ပြစ်ဒဏ် ၊ ဖျက်ဆီးခြင်း !”

ကောင်းကင်ယံထက်က ရွှေရောင်အသွင်ပုံရိပ်သည် ဟောက်ဟိန်းလိုက်သည်။

ခမ်းနားထည်ဝါ တောက်ပသော ၎င်း၏ ခန္ဓာကိုယ်သည် ပို၍ စူးရှတောက်ပလာသည်။

ထိုဧရာမ အသွင်ပုံရိပ်ကြီးသည် အေးစက်သော မျက်လုံးကြီးများဖြင့် ချူးကျန့်ရှင်းကို လေးနက်စွာ ကြည့်နေသည်ကို မြင်တွေ့နေရသည်။

ဤအခိုက်အတန့်တွင်မူ ၊ လူတိုင်း ပို၍ ကြောက်စရာကောင်း‌သော ဖိအားကို ခံစားနေရသည်။

ထိုစဉ် ကောင်းကင်ယံမှ ဧရာမ လက်ဖဝါးပုံရိပ်ကြီး ဆင်းသက်လာခဲ့ပြီး၊ ၎င်းသည် တဖက်လူ၏ ရောင်ဝါများကို ဖြိုခွင်းလိုက်သည်။

ဤစွမ်းအားကြောင့် ပေမင်တိုက်ကြီး တစ်ခုလုံး တုန်ခါသွားခဲ့ရသည်။

ချူးကျန့်ရှင်းသည် ဤတိုက်ခိုက်မှု၏ ရှေ့မှောက်တွင် အလွန်သေးငယ်သော ဖြစ်တည်မှု တစ်ခုလိုပင်။

အံ့အားသင့်နေကြသော လူတိုင်း၏ အကြည့်များ အောက်တွင်

ချူးကျန့်ရှင်းသည် ဓားကို ဖြည်းညှင်းစွာ မြှောက်တင်လိုက်သည်။

လူတိုင်း ရင်တဒိတ်ဒိတ်ဖြင့် ။

ဖိနှိပ်စွမ်းအား တစ်ခုတည်းကိုသာ ကြည့်လိုက်ရင်ဖြင့် ၊ ချူးကျန့်ရှင်း ထုတ်လွှတ်လိုက်သော ဖိနှိပ်စွမ်းအားသည် ထိုဧရာမ အသွင်ပုံရိပ်ထက် များစွာ နိမ့်ကျနေပုံရသည်။

သို့သော် ချူးကျန့်ရှင်းခေတ်ကို မှီခဲ့သော ရှေးခေတ်ပုဂ္ဂိုလ်တချို့မှာဖြင့် ၊ သူတို့၏ ဒေါသကို မထုတ်ဝံ့ရဲ‌ပေ။

မရေမတွက်နိုင်သော ခေတ်ကာလများအတွင်း ကွယ်ပျောက်သွားခဲ့တဲ့ ဓားတစ်လက်က နောက်ဆုံးတော့ ထွက်ပေါ်လာခဲ့ပြီလား?

“ကောင်းကင်ကြီးကို ဒဏ်ခတ်ဖို့ရာ ! “

“ ဓားအိမ် ကနေ ထွက်လာခဲ့လေပြီ !”

အပိုင်း(၂၀၈): ဒုစရိုက် အင်အားစုက လက်စသတ်တော့ ငါ့ဆီက ဖြစ်နေတာပဲ

ဤအခိုက်အတန့်တွင် ၊

မရေမတွက်နိုင်သော ဓားအလင်းများသည် ချူးကျန့်ရှင်း၏ စိတ်ထဲက ဆင့်ခေါ်မှုကြောင့် ရောက်ရှိလာသည့်အတိုင်း ၊ ကျယ်ပြောလှသော ဤကမ္ဘာမြေကြီးထဲသို့ ကျရောက်လာခဲ့သည်။

ချူးကျန့်ရှင်း၏ ယခုပုံရိပ်သည် ယခင်က ချူးကျန့်ရှင်း ကြီးစိုးခဲ့သည့် ခေတ်ကို ပြန်သတိရမိစေသည်။

တစ်ချိန်က တိုက်မြေသုံးထောင်တွင် နံပါတ်တစ် ဓားသမားအဖြစ် ချီးမြှောက်ခံခဲ့ရသော ဓားသမားသည် ပြန်လည်ရောက်ရှိလာပုံရသည်။

ကမ္ဘာကြီး တစ်ခုလုံး တိတ်ဆိတ်နေပြီး ၊ လူတိုင်း မျက်တောင်မခတ် စိုက်ကြည့်နေကြသည်။

ချူးကျန့်ရှင်းသည် သူ့ညာလက်ကို ဖြည်းညှင်းစွာ မြှောက်တင်လိုက်သည်နှင့် ၊ သူ့လက်ထဲက ဖန်ဓားသည် စူးရှသော ဓားစွမ်းအင်များနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာသည်။

ချူးကျန့်ရှင်း၏ အထက်တွင်မူ ၊ ကောင်းကင်နှင့် နေမင်းကြီးကို ဖုံးအုပ်ထားသော ဧရာမ ရွှေရောင် အသွင်ပုံရိပ်ကြီး ရှိနေသည်။

၎င်းသည် နတ်အလင်းများဖြင့် ပြိုးပြိုးပျက်ပျက် တောက်ပနေပြီး ၊ အနန္တရွှေရောင် ၊ နတ်ဘုရား ရောင်ခြည်တော်များက ထွန်းလင်း တောက်ပနေသည် ။ ယင်းသည် လမ်းစဉ် ၏ စည်းချက်ပင် ဖြစ်သည်။

ဤတန်ခိုးသည် ဧကရာဇ်မင်း နယ်ပယ်အဆင့်ကိုပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

လူတိုင်းအတွက် ကြောက်စရာကောင်းနေပါသော်လည်း ၊ ချူးကျန့်ရှင်း၏ မျက်ဝန်းထဲ၌ အရေးမပါသလိုပင်။

သူ၏ မျက်လုံးများမှာ လျစ်လျူရှုမှုနှင့် လှောင်ပြောင်မှု အရိပ်အယောင်များ ရှိနေသည်။

“ ချန်ကဲ ၊ မင်း ဒီဓားကို သေချာကြည့်ထား”

“ ဒီအခြေအနေထိတောင် ရောက်နေပြီ ၊ ခုထိ လေကြီးတုန်းပဲလား!?”

“သေစမ်း!!”

ချူးကျန့်ရှင်း၏ အပြုအမှုသည် ကောင်းကင်လမ်းစဉ် ဆယ့်သုံးဝိုင်းက ပုဂ္ဂိုလ်ကို ပို၍ ဒေါသဖြစ်စေခဲ့သည်။

တိုက်မြေသုံးထောင်၏ ကောင်းကင်လမ်းစဉ်ကို ထိန်းသိမ်းစောင့်ရှောက်သူအား အဘယ်ကြောင့် ဤမျှလောက် မထီမဲ့မြင်ပြုဝံ့သနည်း။

ချူးကျန့်ရှင်းကိုယ်ပေါ်က ဓားဆန္ဒတို့သည် ကြောက်ခမန်းလိလိ ထွက်ပေါ်လာပြီး ၊ ဓားစွမ်းအင်တို့သည် ဖန်ဓားထဲသို့ အရူးအမူး စိမ့်ဝင်လေသည် ။

“ ဝူယင် ! “

ဓား ထွက်ပေါ်လာသည်နှင့် ၊ အဆုံးမဲ့ နတ်အလင်းများ ပေါ်ထွက်လာပြီး ဤကမ္ဘာကြီးကို ဖြိုခွင်းလေသည်။

ချွင်——

ထိုစဉ် ၊ ကျယ်လောင်သော ဓားသွားသံကို ကြားလိုက်ရသည်။

ဓားစွမ်းအင်နှင့် ရွှေရောင် အသွင်ပုံရိပ်တို့ တစ်ယောက်နှင့် တစ်ယောက် ထိပ်တိုက် ဆုံတွေ့လေရာ ၊ အနီးနား ပတ်ဝန်းကျင်ရှိ နေရာများမှာ ဗြောင်းဆန်သွားသည်။

၎င်းတို့ ထိပ်တိုက်‌ဆုံတွေ့မှု မှ ပေါက်ကွဲထွက်‌ပေါ်လာသော နတ်အလင်းရောင်သည် လွန်စွာ စူးရှ‌ပေသည်။

လူတိုင်း မိမိ၏ မှော်စွမ်းအားများကို အသုံးပြု၍ အကာအကွယ် တစ်ခု တည်ဆောက်ခဲ့ရသည်။သို့မဟုတ်ပါက ဤမျှ ပူပြင်းတောက်လောင်သော အလင်းရောင်ကြောင့် ၎င်းတို့၏ မျက်လုံးများမှာ အလွယ်တကူ လောင်ကျွမ်းသွားနိုင်သည်။

သို့သော် ချူးကျန့်ရှင်း၏ ဓားစွမ်းအင်သည် ထင်သလောက် မရိုးရှင်းပေ။

ထိုဓားစွမ်းအင်၏ အောက်တွင်၊ ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားဆန္ဒများ ရှိနေသည်။

ဓားဆန္ဒ၏ ပေါက်ကွဲသံနှင့်အတူ ၊ ကောင်းကင်ယံပေါ်ရှိ ရွှေရောင် အသွင်ပုံရိပ်မှာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည် ။

“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?”

ကောင်းကင်ဘုံပေါ်မှ အာမေဋိတ်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအသွင်ပုံရိပ်သည် ဓားစွမ်းအင်ကြောင့် ကွဲကြေသွားသည်ကို လူတိုင်း တွေ့မြင်ခဲ့ရသည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော အသံ နှင့် ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားအလင်းတန်းသည် ကောင်းကင်‌‌ဘုံအား တိုက်ရိုက် ဖြိုခွင်းလိုက်ပြန်သည်။

အလွန် ပြောင်မြောက်သော ဓားတစ်လက်သည် ၎င်း၏ ဓားစွမ်းအင်နှင့်အတူ ဖောက်ခွဲဖျက်စီးခဲ့ရာ ကောင်းကင်ဘုံမှ အပျက်အစီးများ အောက်သို့ ပြုတ်ကျလာခဲ့သည်။

ရွှေဝါရောင် အသွင်ပုံရိပ်သည် ဓားစွမ်းအင်ကြောင့် ချက်ခြင်းလက်ငင်း ပျက်သုဉ်းသွားခဲ့ရပြီး ၊ မည်သည့်လှုပ်ရှားမှုမှ ထပ်မရှိခဲ့ပေ ။

“မင်းကများ ထွက်ပြေးနိုင်မှာတဲ့လား”

ချူးကျန့်ရှင်း၏ လေသံမှာ အေးစက်နေသည်။

သူသည် လေပေါ်သို့ ပျံတတ်သွားပြီး ၊ ဓားကို သူ့ ခေါင်းထက်တွင် မြှောက်တင်ထားသည်။

“ လေဟာနယ်ကို ဖြိုခွဲခြင်း”

ထို့နောက် သူသည် ထိုအနှီအရိပ် ပျောက်ကွယ်သွားသည့် နေရာဆီသို့ တိုက်ရိုက် ခုတ်ပိုင်းပစ်လိုက်သည်။

ကောင်းကင်ထက်ဝယ် ဓားစွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး တိမ်စိုင်တိမ်ခဲများ တဖျပ်ဖျပ် တောက်ပနေသည်မှာ နဂါးငွေ့တန်း အလား ထင်မှတ်ရသည်။

ဓားစွမ်းအင်များသည် အနန္တ အာကာသပြင်ကြီးကို လွှမ်းခြုံထားပြီး ၊ ဖြာထွက်နေသော ဓားစွမ်းအင်များထဲက တစ်ဆုပ်စာသည် တိုက်မြေသုံးထောင်ရှိ ရှေးဟောင်း တောင်ထွပ်ကြီး ပမာဏလောက် ရှိသည်။

“ချူးကျန့်ရှင်း! မင်းက ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ရန်သူဖြစ်ချင်တာလား!”

ဓားစွမ်းအင်၏ အရှိန်အဝါကို ကြောက်လန့်နေသလား မသိသော်လည်း ၊ ထိုရွှေရောင် အသွင်ပုံရိပ်သည် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

သို့သော် ချူးကျန့်ရှင်းသည် ထိုအသံကို လျစ်လျူရှုထားသည်။

သူသည် ဖန်ဓားကို ဓားအိမ်ထဲသို့ ဖြေးဖြေးချင်း ပြန်သိမ်းထည့်လိုက်သည်။

“ ငါပြောမယ် ဒီနေ့ကစပြီး “

“ ကောင်းကင်လမ်းစဉ်ရဲ့ ဆယ်သုံးဝိုင်းက အခုအချိန်မှစပြီး အမည်ပြောင်းသွားပြီ “

ဘုန်း! !

သူ စကားဆုံးသည်နှင့် တပြိုင်နက် ၊ အဝေးက မိုးကုတ်စက်ဝိုင်း တစ်နေရာမှ နတ်အလင်းရောင် တစ်ခု ပေါ်ထွက်လာသည်။

ကြယ်တစ်ပွင့် တောက်ပနေသည့်အလား။

ဓားစွမ်းအင်လှိုင်းလုံးကြီးသည် တိုက်မြေ သုံးထောင် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သူတော်စင် ဧကရာဇ်အဆင့်ရှိ ပုဂ္ဂိုလ်များပင်လျှင် ထိုဓားစွမ်းအင်၏ အရှိန်အဝါကို မခံနိုင်ဘဲ အဝေးသို့ လွှင့်ထွက်သွားသည်။

ကောင်းကင်အလွန်တွင် ရှိနေခဲ့ကြသော ကွေးယွမ်၏ ဧကရာဇ်များပင်လျှင် မိမိ၏ စွမ်းအားကို အသုံးပြုကာ အလင်းကန့်လန့်ကာ တစ်ခု ပြုလုပ်ခဲ့ရသည်။ထိုမှသာလျှင် ဤကြောက်မက်ဖွယ်ရာ ကောင်းသော ရောင်ဝါကို တားစီးနိုင်ပေလိမ့်မည် ။

ဤဓားစွမ်းအင်၏ ရိုက်ခတ်မှုသည် ဆယ်စက္ကန့်စာ အချိန်ကြာမြင့်ခဲ့သည်။

ဓားစွမ်းအင်များ ပြန်လည် ငြိမ်သက်သွားပြီး နောက်မှာတော့ ၊

ကောင်းကင်ယံတွင် လွင့်မျောနေသော ကြယ်အပိုင်းအစများနှင့် အတူ ဖရိုဖရဲဖြစ်နေသော စကြာဝဠာကြီးကို မြင်တွေ့လိုက်ရသည် ။

ဤမြင်ကွင်းသည် ကွေးယွမ်၏ ဧကရာဇ်မင်းများကိုပါ ဆွံ့အသွားစေသည်။

“ ကျန့်ရှင်းဘိုးဘေး က အရင်အတိုင်းပဲ ၊ ရက်စက်လွန်းတယ်!”

“အိုင်း ၊ မင်းလည်း ကျန့်ရှင်းဘိုးဘေးရဲ့ ဒေါသကို သိမှာပါ ၊ အဲ့လူက ကျန့်ရှင်းဘိုးဘေးကိုမှ သွားပြီး စော်ကားမိတာလေ “

“အခုဆို နားကိုအေးနေတာပဲ ၊ ခန္ဓာကိုယ်တောင် ပြန်မရလိုက်ဘူး”

ဧကရာဇ်မင်းများ၏ စကားဝိုင်းတွင် ရန်သူအပေါ် စာနာသော စိတ်ထားများကို တွေ့နေရသည်။

ဤဓားစွမ်းအင် ပေါက်ကွဲမှုသည် ခန္ဓာကိုယ်ကိုပင် မဆိုနှင့် ၊ ပြာတောင် မကျန်တော့မည်ကို စိုးရသည်။

သူတို့သည် တာအိုဘာသာ(လမ်းစဉ်)ကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့်အလျောက် ၊ ကျန့်ရှင်း ဘိုးဘေး၏ ကြောက်ခမန်းလိလိ အပြုအမူကို အများကြီး မြင်တွေ့ဖူးသည်။

အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ သူတို့‌ ‌အားလုံး ယခုလို ဧကရာဇ်မင်း အဆင့်ထိ အောင်မြင်ရန် ဘိုးဘေးများစွာက လေ့ကျင့်သင်ကြားပေးခဲ့သည်။

အထူးသဖြင့် ကျန့်ရှင်း၏ ဘိုးဘေးသည် တိုက်ခိုက်ရာတွင် အလွန်ရက်စက် ကြမ်းကြုတ်လှသည်။

သူတို့အမြင်အရ ၊ ဤတိုက်ပွဲသည် အစကတည်းက ‌ကြိုပြီး အဖြေရှိနှင့်နေပြီး ဖြစ်သည်။

ကောင်းကင်လမ်းစဉ် ဆယ့်သုံးဝိုင်း အကြောင်းကို သူတို့လည်း ကြားဖူးသည်။

ထိုင်ခုံ တစ်ဆင့်မြင့်လေ ကောင်းကင်ဘုံ အလွှာ ပိုမြင့်လေပင်။

ဤဆယ့်သုံးခုံမြောက် ထိုင်ခုံသည် ကျန့်ရှင်းဘိုးဘေး၏ ရှေ့တွင် အနည်းငယ် အားနည်းနေပုံရသည်။

ဖန်ဓားကို ဓားအိမ်ထဲသို့ ထည့်လိုက်သည်နှင့် ၊ ပုံမှန်အခြေအနေသို့ ရောက်ရှိလာပြီမှန်း ခံစားလိုက်ရသည်။

အကယ်၍ လူတိုင်း ဤဓား၏ ကြောက်ခမန်းလိလိ အစွမ်းကို မမြင်ဖူးခဲ့ပါက ၊

ချူးကျန့်ရှင်းကို ငါးကြင်းတစ်ကောင် အဖြစ် မှတ်ယူနေမည့် အမြင်ကျဉ်းမြောင်းသူများ ရှိမည်ကို စိုးရသည်။

“ ချန်ကဲ မင်းမြင်ပြီလား”

“ မင်းယုံကြည်ချက်ရှိရှိနဲ့သာ လျှောက်လှမ်း ၊ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ မင်းကို အနိုင်မကျင့်စေရဘူး “

“ အနိုင်ကျင့်ရဲတဲ့ လူကြီးတစ်ယောက်ရှိရင် ၊ မင်းအတွက် ငါ ရပ်တည်ပေးမယ် ၊ ငါ မတိုက်နိုင်ရင်တောင် ဘာမှမဖြစ်ဘူး ငါတို့ ကွေးယွမ် သူတော်စင် နယ်မြေမှာ ဘ်ိုဘေးတွေ အများကြီး ရှိသေးတယ်”

ထိုစကားကို ကြားတော့ ၊ စူးချန်ကဲခမျာ အားကိုးရာမဲ့စွာ ပြုံးလိုက်သည်။

ဒီတိုက်မြေ သုံးထောင်ရဲ့ ဒုစရိုက် အင်အားစုက လတ်စသတ်တော့ ငါ့ဆီက ဖြစ်နေတာလား?

ထိုအချိန် ချူးကျန့်ရှင်းက ဆက်ဆိုလိုက်သည်။ “ တပ်ဖွဲ့တွေ ဆက်လက် ချီတတ် ၊ ထျန်းရှန်းဂိုဏ်း ၊ ရှောင်ရှီထျန်း ၊ ဖီးနစ်လှိုဏ်ဂူ နဲ့ နတ်နဂါးကျွန်းစုက အဖိုးတန်ပစ္စည်းမှန်သမျှ အကုန်သိမ်း”

“တစ်စုံတစ်ယောက်လက်ချက်နဲ့ အပ်တစ်ချောင်း ကြိုးတစ်ချောင်း ကျန်ခဲ့မယ်ဆိုရင် ...”

ချူးကျန့်ရှင်း၏ လေသံသည် ပို၍ အေးစက်လာခဲ့သည်။

“ဟုတ်၊ ကျွန်တော်တို့ ဘိုးဘေးရဲ့ အမိန့်အတိုင်း ဆောင်ရွက်ပါမယ် “

ကွေးယွမ်၏ တပ်ဖွဲ့ဝင်များအားလုံး ထာဝရ အင်အားစုများ၏ နယ်မြေဆီသို့ ဆက်လက် ချီတတ်ခဲ့ကြသည်။

ချူးကျန့်ရှင်းက ကောင်းကင်ကို မော့ကြည့်ရင်း လှမ်းအော်လိုက်သည်။

“ ကောင်းကင်အလွန်က ဟာတွေ ၊ မင်းတို့ရဲ့ ဧကရာဇ် တိုက်ပွဲပြီးသွားရင် ကျန်တာ ဘာမှ မလုပ်တော့ဘူးလား “

“သွား ငါ့အစား လုပ်ပေးစမ်း !”

ကွေးယွမ်သို့ ပြန်ရောက်လာခဲ့ကြသော ဧကရာဇ်မင်းများ၏ အမူအယာများမှာ ရုတ်တရက် ပြောင်းလဲသွားကြသည်။

ပွဲကြီးပွဲကောင်း ကြည့်ပြီးကာမှ ၊မြှားဦး သူတို့ထံသို့ လှည့်လာခဲ့လေပြီ !

သူတို့အကုန်လုံး လူခွဲကာ တခြား အင်အားစု၏ ဘိုးဘွားပိုင် နယ်မြေဆီသို့ ဦးတည်လိုက်ကြသည်။

ဘေးက ရွှမ်ယွီဧကရီမှာမူ စူးချန်ကဲ၏ လက်ကို အမြန် ကောက်ကိုင်လိုက်သည်။

“ ကျန့်ရှင်း ဘိုးဘေး ၊ စူးချန်ကဲ ရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ကျွန်မ တာဝန်ယူမယ်!”

“စိတ်ချထားလိုက်!”

ထိုမှသာလျှင် ချူးကျန့်ရှင်းသည် သူ၏ အေးစက်သော အကြည့်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

“ ချန်ကဲခေါင်းက ဆံပင်တစ်မွှေး လျော့တာနဲ့ နင်နဲ့ငါ တွေ့မယ် “

“ကဲ ငါ အခု နတ်ဆိုးချောက်နက် နဲ့ နတ်ဘုရားအချုပ်ထောင် နန်းတော်ကို သွားကြည့်လိုက်ဦးမယ် “

“ဘိုးဘေး ဘာလို့လဲ?”

စူးချန်ကဲက သံသယစိတ်ဖြင့် မေးလိုက်သည်။

သူတို့ထံသို့ တပ်ဖွဲ့ စေလွှတ်၍ အဘယ်ကြောင့် မနှိပ်ကွပ်ခိုင်းရသနည်း။

“ နတ်ဘုရားအချုပ်ထောင် နန်းတော် နဲ့ နတ်ဆိုးချောက်နက် က နတ်ဆိုးကမ္ဘာနဲ့ မရဏကမ္ဘာကပဲ ၊ အဲ့က အခြေအနေက ပိုပြီး ရှုပ်ထွေးတယ် “

“ငါတို့စစ်တပ်ကို အဲ့ကို စေလွှတ်လိုက်ရင် ၊ နောက်ထပ်ရှေးကျတဲ့ တည်ရှိမှုတချို့ နိုးထလာနိုင်တယ် “

ချူးကျန့်ရှင်း က ပြုံးရယ်လိုက်ရင်း ၊

“ဒါပေမယ့်၊ ဒီနေ့ အဖြစ်အပျက်အတွက် သူတို့ ပြန်ပေးဆပ်စရာ မလိုဘူးလို့ မဆိုလိုဘူးလေ”

“ အဲ့တော့ သူတို့ ဘိုးဘွားပိုင် နယ်မြေကို ငါကိုယ်တိုင် သွားမယ် “

All Chapters