အခန်း (၂၀၉-၂၁၃)
Vol. 15 Ch. 209-213
အပိုင်း(၂၀၉): အချိန် မြစ်ရေစီးကြောင်းထဲက ငါးဖမ်းသမား
ကျန့်ရှင်းဘိုးဘေး၏ အဓိပ္ပါယ်ရှိသော လှောင်ပြောင်မှုကို မြင်တွေ့လိုက်ရသည်။
စူးချန်ကဲခမျာ တစ်ခေါင်းလုံး ထုံကျင်သွားသည်။
ကြည့်ရတာ နောက်ထပ်မုန်တိုင်းတစ်ခု စတင်တော့မယ့်ပုံပဲ !
“ ရွှမ်ယွီ ချန်ကဲကို ကောင်းကောင်း ကာကွယ် ၊ တကယ်လို့ သူ တစ်ခုခုဖြစ်သွားရင် မင်းနဲ့ငါ တွေ့မယ် “
စကားအဆုံးတွင် ၊ ကျန့်ရှင်းဘိုးဘေးသည် အလင်းနှုန်းကဲ့သို့ ပျံသန်း သွားခဲ့တော့သည်။
ချူးကျန့်ရှင်း ထွက်ခွာသွားသည့် လမ်းကြောင်းကို ငေးကြည့်ရင်း ရွှမ်ယွီ ဧကရီခမျာ သက်ပြင်းရှည်ကြီး ချနေမိသည်။
စူးချန်ကဲကလည်း သူမ၏ အမူအယာကို သတိထားမိပြီး မေးလိုက်သည် ။
“ ရွှမ်ယွီမမ ၊ မင်းက ကျန့်ရှင်းဘိုးဘေးကို အဲ့လောက်တောင် ကြောက်တာလား?”
“ ဒါပေါ့ ! မကြောက်ဘဲ ရှိမလား ?”
“ငါတို့ ဧကရာဇ်မင်း အဆင့်ထိ မအောင်မြင်ကတည်းက ကျန့်ရှင်းဘိုးဘေးရဲ့ လေ့ကျင့်သင်ကြားမှုကို ခံခဲ့ရတာလေ “
“ ဒါပေမဲ့ မမက မင်းကို သိပ်အားကျတာပဲ ၊ကျန့်ရှင်းဘိုးဘေးက မင်းအပေါ် အရမ်းကောင်းတယ်!”
“ တကယ်ကို မနာလိုစရာပဲ “
စူးချန်ကဲ တစ်ယောက် ရုတ်တရက် အတွေးပေါက်ကာ နောက်ပြောင်လိုက်သည်။
“ ရွှမ်ယွီမမ က ကျန့်ရှင်းဘိုးဘေး ကို ကြောက်တယ် ဆိုတော့ ၊ နောက်ဆို မမ ကျွန်တော်ကို ကောင်းကောင်းမဆက်ဆံရင် ၊ ကျွန်တော် သူနဲ့ တိုင်ပြောမယ် “
ရွှမ်ယွီဧကရီ ခမျာ ခဏမျှ အံ့အားသင့်သွားပြီးနောက် ၊ ပြုံးရယ်ကာ ဆိုလိုက်သည်။
“ချန်ကဲ မောင်လေး ကလည်း မင်း အဲ့လိုလုပ်ရင် ချစ်စရာ မကောင်းတော့ဘူးနော် ~ “
“အရင်က မင်းကို သဘောကျပေမယ့် ၊ ဒါပေမဲ့ မင်း ဒီလောက်ဆိုးမယ်လို့ ငါ မမျှော်လင့်ထားဘူး ၊ အခုတော့ ...”
“ငါ မင်းကို ပိုပြီး ကြိုက်သွားပြီ!”
စူးချန်ကဲ၏ အမူအရာမှာ သိသိသာသာပြောင်းလဲသွားပြီး ၊ သူ့အား ဖမ်းစားရန် ဟန်ပြင်နေသည့် ရွှမ်ယွီဧကရီကို အမြန် တားယူလိုက်သည်။
“ ဟေးဟေး ဘာမှမလုပ်နဲ့နော် !”
…..
တစ်ချိန်တည်းမှာပင် ၊ မှော်ဆန်သော နေရာတစ်ခု၌။
နတ်အလင်းရောင်များ အုံ့ဆိုင်းနေလျက် ၊ သက္ကတသံစဉ်တို့မှာ အဆုံးမရှိပေ။
ဤမြူခိုးကမ္ဘာတွင် ကောင်းကင်ဘုံ နန်းတော် ဆယ့်သုံးဆောင် ရှိသည်။
နဂါးငွေ့တန်းဂလက်ဆီကဲ့သို့ တောက်ပသောမြစ်တစ်စင်းသည် ဤနယ်မြေတစ်ခုလုံးကို ဝန်းရံထားသည်။
ရှေးကျသည့်အပြင် ထူးကဲလှသည်။
ပို၍ အံ့သြစရာကောင်းသည်မှာ နဂါးငွေ့တန်းဂလက်ဆီ အလား ရှည်လျားသော ဤမြစ်ထဲ၌ အချိန်၏ နိယာမတရားများ ပြည့်နှက်နေခြင်းပင် ဖြစ်သည်။
သို့သော် ဒဏ္ဍာရီထဲက ထိုအချိန်မြစ်ရေစီးကြောင်းနှင့် နှိုင်းယှဉ်ရရင် ၊ ၎င်းသည် အချိန်မြစ်ရေစီးကြောင်း၏ အကိုင်းအခက်တစ်ခုမျှသာ ဖြစ်သည်။
T/N - အချိန်မြစ်ရေစီးကြောင်း :
မြစ်ရေစီးကြောင်းအတိုင်း လိုက်ဆင်းရင် အနာဂတ်ကို ရောက်ရှိနိုင်ပြီး ၊ မြစ်ရေကို ဆန်တက်ရင် အတိတ်ကို ရောက်ရှိနိုင်တယ် ၊ အချိန်တံခါးကို ဖြတ်သန်းသွားနိုင်မှသာလျှင် အချိန်မြစ်ရေစီးကြောင်းကို ရှာတွေ့နိုင်မည် ၊ ကျင့်ကြံသူအဖို့ အချိန်တံခါး ဘယ်မှာရှိတယ် ဆိုတာ အတိအကျ မသိပါဘူးတဲ့ >
ဝါးဦးထုပ်နှင့် ဝတ်ရုံဖြူကို ၀တ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အမည်မသိ ပစ္စည်းဖြင့် ပြုလုပ်ထားသော ငါးမျှားတံကို ကိုင်ဆောင်ကာ ဤမြစ်ရှည်တွင် ငါးမျှားနေပုံ ပေါ်သည်။
“အကို သုံး ၊ ဒီမှာ ငါးဖမ်းနေတာ တော်ပါတော့ “
ထိုအချိန်တွင် ပြေပြစ်သော ခန္ဓာကိုယ် ၊ ချောမောလှပသော မျက်နှာသွင်ပြင် ရှိသည့် အစိမ်းရောင် ပိတ်စကတ်ကို ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် မြူငွေ့များထဲမှ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။
သူမသည် ကောင်းကင်လမ်းစဉ် ဆယ်သုံးဝိုင်းထဲမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၊ သူမမှာ အမည်နာမ မရှိပေ။ သူမ မွေးဖွားလာစဉ်က ကိုယ်စားပြု စကားလုံး “ ကျုံ “ ဆိုသည့် အမည် တစ်လုံးသာ ရှိခဲ့သည် ။
သူမ၏ လေသံမှာ အနည်းငယ်အေးစက်နေပြီး၊ ထိုလူအား တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ ရှီဆန်း သေပြီ “
“ ကွေးယွမ် သူတော်စင် နယ်မြေက ချူးကျန့်ရှင်း သတ်ပစ်ခဲ့တာ “
သူမက ဆက်ဆိုသည်။
“ ကျွန်မတို့အနေနဲ့ စွက်ဖက်ဖို့ နည်းလမ်းမရှိဘူး ၊ တကယ်လို့ အခု ကွေးယွမ် သူတော်စင် နယ်မြေနဲ့ စစ်ဖြစ်လိုက်ရင် ကျွန်မတို့ရဲ့ နောက်ဆက်တွဲ အစီအစဉ်တွေ အပေါ် သက်ရောက်မှု ရှိသွားနိုင်တယ် “
သို့သော် ထိုလူသည် အသံမထွက်ဘဲ ၊ ဂရုတစိုက် ငါးမျှားနေဆဲပင် ဖြစ်သည်။
သူ့အမူအရာသည် မှုန်ကုတ်နေပြီး ၊ မည်သည့်စကားမှ မကြားပုံ ပေါ်သည်။
သို့သော် ရုတ်တရက် သူ၏ မျက်လုံးများမှာ ဝင်းလက်တောက်ပသွားသည်။
“ငါးစာဟက်ပြီ! “
ထိုလူ၏ မျက်နှာသည် ရုတ်တရက် ရွှင်လန်းသွားသည်။
သူသည် အတင်းဆွဲတင်လိုက်သည်။
မူလတုန်းက တိတ်ဆိတ်နေခဲ့သော မြစ်ရေစီးကြောင်းတွင် ရုတ်တရက် ကြီးမားသော ဆူနာမီလှိုင်းကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။
တောက်ပသော အလင်းရောင်များနှင့်အတူ ဧရာမရုပ်သွင်ကြီး တစ်ခုသည် မြစ်ထဲမှ ခုန်ထွက်လာခဲ့သည်။
“ကြည့်ရတာ ငါ ကောင်းကောင်းကြီး မျှားနိုင်ခဲ့ပုံပဲ “
ယခင်က လျစ်လျူရှုခဲ့သည့် အသွင်အပြင်နှင့် လုံးဝမတူဘဲ ၊ ယခုအချိန်တွင် ထိုအမျိုးသား၏ အမူအရာမှာ အလွန် စိတ်လှုပ်ရှားနေပုံရသည်။
ဝုန်း!
နောက်ဆုံးတော့ သူ၏ စဉ်ဆက်မပြတ် ကြိုးစားမှုအောက်တွင် ၊
အလွန်ကြီးမားသော အလင်းငါးကြီးတစ်ကောင်သည် အချိန် အာကာသစီးကြောင်းမှ ဆွဲထုတ်ခံလိုက်ရသည် ။
ဤကြီးမားသော အလင်းငါးကြီး၏ ခန္ဓာပေါ်တွင် အချိန်၏ သဘောတရားများ ရှိပြီး ၊ အချိန် အာကာသအပိုင်းအစများ ကြွေကျလာခဲ့သည်။
“ဒီနေ့ ကံကောင်းတယ် ၊ ဒီလောက် ကြီးမားတဲ့ ငါးကြီး ၊ ဒီညတော့ ဟင်းကောင်းတစ်ခွက် ရပြီ!”
ထိုအခါမှ အမျိုးသားသည် ပြန်လည် တုံ့ပြန်လာခဲ့ပြီး အပြုံးဖြင့် သူ့နောက်က အမျိုးသမီးကို မေးလိုက်သည် ။
“ လောင်ကျုံ ပါ့လား ၊ ပြောစရာရှိလို့လား “
ကျုံ အမည်ရှိ အမျိုးသမီးမှာ မျက်လုံးပြူးသွားသည်။
“လက်စသတ်တော့ နင်က ရှီစန်းကို လုံးဝ ဂရုမစိုက်ပုံပဲ!”
ထိုလူ၏ အပြုံးမှာ မှေးမှိန်သွားပြီး ၊ သူ၏ လေသံမှာ အနည်းငယ် အေးစက်နေသည်။
“ မဟုတ်ဘူး...”
“ဒီကောင်လေး ရှီစန်း ၊ ငါ သူ့ကို တချိန်လုံး သတိပေးခဲ့သားပဲ ၊ ကွေးယွမ် သူတော်စင် နယ်မြေကို သွားပြီး ရန်မစပါနဲ့လို့ “
“ဒီကောင်လေးရဲ့ စရိုက်ကို မင်းလည်း သိတာပဲ ၊ ခုတော့ ကြည့်လေ ဘယ်လိုဖြစ်သွားလဲ “
“ငါ သူ့ကို ထပ်ခါ တလဲလဲ ပြောနေတာတောင်!”
ထိုအကြောင်းကို ပြောနေရင်း ၊ ၎င်းသည် ဒေါသထွက်သွားခဲ့သည်။
သူ့လက်ထဲ၌ အတိုင်းအဆမဲ့ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ရာ ကောင်းသော ဤစွမ်းအားသည် တိုက်မြေ သုံးထောင်မှ နားလည်နိုင်သည်ထက် ကျော်လွန်သည်။
ဧကရာဇ်မင်းမြတ် အထက် ၊ သာမာန်ထက် ထူးကဲသော ဖြစ်တည်မှုမျိုး ဖြစ်ပြီး ၊ အမတ တစ်ဝက် ဟု ဆိုနိုင်သည်။
သို့သော် ထိုအနှီလူမှာ ဒဏ္ဍာရီထဲက အမတ ဖြစ်တည်မှုမျိုး မဟုတ်ရင်တောင် ၊ သူ၏ ကျင့်ကြံစွမ်းအားသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်သည် ဟု ဆိုရမည်။
သူသည် မှော်စွမ်းအားများနှင့် အတူ လက်ကို မြှောက်တင်လိုက်ပြီး ၊ ကြုံသလို ဖောက်ခွဲပစ်လိုက်သည်။
ဒုန်း! !
အလွန် ကြီးမားသော အလင်းငါးကြီးပင်လျှင် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့သည်။
အချိန် အာကာသအပိုင်းအစများမှာ နေရာအနှံ့ ပြန့်ကျဲသွားသည်။
သူ၏ အကြည့်များမှာ အေးစက်နေပြီး ၊ လူသတ်လိုစိတ်များကို အတိုင်းသား မြင်တွေ့နေရသည်။
“ဒါပေမယ့် ဒီကောင်လေး ရှီစန်း က မဆင်မခြင် လုပ်ခဲ့တယ်ဆိုတောင် ၊ သူက ငါ့ရဲ့ ကောင်းကင်လမ်းစဉ် ဆယ့်သုံးဝိုင်းထဲက တစ်ယောက်ပဲလေ...”
“ ကွေးယွမ် သူတော်စင် နယ်မြေ ရဲ့ ဒီအပြုအမှုက ငါတို့ ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို မျက်လုံးထဲ မထည့်ထားဘူးဆိုတာ ပြနေတာပဲ !”
ထိုလူသည် ပြောရင်းဆိုရင်း လက်ဝါးတချက် ရိုက်ထုတ်လိုက်သည်။
ကြီးမားသော ဆူနာမီ လှိုင်းလုံးကြီး တဖန် ဖြစ်ပေါ်ခဲ့သည်။
ဤကြောက်မက်ဖွယ်ကောင်းသော အချိန်ကာလ၏ စွမ်းအားသည် ထောင်ပေါင်းများစွာသော သတ္တဝါများကို သဲမှုန်များသဖွယ် ပျောက်ကွယ်သွားစေသည်။
သို့သော် အမျိုးသမီးသည် မထူးခြားဟန်ဖြင့် ရှိနေပြီး ၊ ၎င်း၏ အပြုအမူကို ကျင့်သားရနေပုံပေါ်သည်။
“ အစ်ကို သုံး ၊ နင် ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ သင်ယူသင့်တယ် လို့ ငါထင်တယ်၊ နင် ဒေါသထွက်လိုက်တိုင်း ကိုယ့်ရဲ့ စိတ်ခံစားချက်ကိုတောင် မထိန်းချုပ်နိုင်တော့ဘူး”
“ပြီးတော့ ကိစ္စက ဖြစ်ပြီးသွားပြီ ၊ ခုမှ စိတ်ပူနေလည်း ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး “
“အခုအချိန် တန်ပြီ ၊ ကောင်းကင်ဘုံရဲ့ သားတော် လေးပါး ပေါ်လာဖို့ အချိန်တန်ပြီ မဟုတ်လား”
ထိုစကားကို ကြားပြီးနောက် ထိုလူသည် အံ့အားသင့်သွားသည်။
သူသည် တခဏ ပြန်တွေးလိုက်သည်။
“ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ က ပိုပြီး အားကောင်းလာပုံရတယ်၊ သူတို့လေးယောက်ဆိုတောင် မလုံလောက်သေးဘူး”
“ ငါတို့ ကောင်းကင်လမ်းစဉ်ရဲ့ စစ်မှန်တဲ့ အမွေဆက်ခံသူကို ရှာရမယ် ၊ ဒီလိုမှသာ ငါတို့ ၁၀၀% သေချာနိုင်တယ် “
“ ကောင်းကင်လမ်းစဉ်ရဲ့ အမွေဆက်ခံသူ?”
“ ဒါပေမဲ့....”
ကျုံ သည် စကားကို ရပ်တန့်လိုက်သည်။
သူတို့ တိုက်မြေသုံးထောင်ရှိ ကောင်းကင်လမ်းစဉ်မှာ နှစ်ထောင်ပေါင်းများစွာ ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည် ။
ထိုစစ်ပွဲကြီး အပြီး ၊ ကောင်းကင်လမ်းစဉ်သည် ထူးထူးခြားခြား ပျောက်ကွယ်သွားခဲ့သည်။
ယင်းနောက်တွင် ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှာလည်း တသီးတခြားစီ ပြိုကွဲသွားခဲ့သည်။
တကယ်တော့ သူတို့၏ လက်ရှိအင်အားသည် ယခင်ကထက် အင်အားမတောင့်ပေ။
ကောင်းကင်လမ်းစဉ် ဆယ့်သုံးဝိုင်း ဆိုသည်မှာ ထိုတုန်းက အသက်ရှင်ကျန်ရစ်သူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
လက်ရှိ အင်အားသည် မူလ အင်အား၏ ၃၀% အောက်သာ ရှိသည်။
ကောင်းကင်လမ်းစဉ်၏ အမွေဆက်ခံသူ ထွက်ပေါ်လာဖို့ဆို ကောင်းကင်လမ်းစဉ်၏ ခွင့်ပြုချက် ရှိရမည် ဖြစ်သည်။
သို့သော် သူတို့တွင် ဤကဲ့သို့ စွမ်းရည်မျိုး လုံးဝ မရှိချေ။
ထိုအနှီလူက ထိုစကားကို ကြားလိုက်သည်နှင့် ပေါ့ပါးစွာ ပြုံးလိုက်ပြီး
“စိတ်မပူနဲ့”
“ ကျုံယုံ ခဏနေ နိုးလာလိမ့်မယ်”
“ အဲ့ကြရင် ပြန်လည်ဝင်စားခြင်း သွားရာလမ်းကြောင်း သေချာပေါက် ပေါ်လာလိမ့်မယ် “
“ ပြန်လည်ဝင်စားခြင်း သွားရာလမ်းကြောင်းရဲ့ လူဝင်စားမြစ်ထဲမှာ တစ်ချိန်က ကျန်ရှိနေခဲ့တဲ့ ကောင်းကင်လမ်းစဉ်ရဲ့ အပိုင်းအစကို ငါတို့ ဘယ်လိုယူမလဲဆိုတာ နည်းလမ်းရှာရမယ်”
“ အဲ့လိုသာဆို ငါတို့ ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ကောင်းကင်လမ်းစဉ် ရေကန် ကနေ တဆင့် ကောင်းကင်လမ်းစဉ်ရဲ့ ဆန္ဒရောင်ခြည်ကို ပေါင်းစည်းဖို့ မခက်ဘူး”
အပိုင်း(၂၁၀): မကောင်းဆိုးဝါး တောင်တန်း တစ်ဖန် ထွက်ပေါ်လာခြင်း
ကျုံ အမည်ရှိ အမျိုးသမီးလေးက သက်ပြင်းရှည်ချလိုက်သည်။
ဤကောင်းကင်လမ်းစဉ် ရေကန်သည် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၏ ရတနာတစ်ခုပင် ဖြစ်သည်။
ရေကန်ရှိ သဘာဝတရားထဲတွင် ကောင်းကင်လမ်းစဉ်၏ ရည်ရွယ်ချက်များ ပါရှိသည်။
ထိုအရာနှင့် ကျင့်ကြံသူသည် အနှစ်တစ်ထောင် အရှုံးသမားဆိုတောင် ကံကြမ္မာ၏ သားတော်တစ်ပါး ဖြစ်သွားနိုင်သည်။
ထိုရတနာကို အသုံးပြု၍ ကောင်းကင်လမ်းစဉ်၏ အလိုဆန္ဒကို ဖွဲ့စည်းကာ ဤလူငယ်အား ရင်ဆိုင်ပေမည်။
ထိုကဲ့သို့သော အရာဖြင့် ဆက်ဆံခံရသူမှာ ဤကမ္ဘာပေါ်တွင် စူးချန်ကဲ တစ်ယောက်တည်းသာ ရှိသည်။
“နောက်တစ်ခု ရှိသေးတယ် ၊ဒီဘဝ ကံကြမ္မာနဲ့ပတ်သက်ပြီး ကျွန်မတို့ ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှာ ကံကြမ္မာအလိုဆန္ဒ လေးခုသာ ကျန်တော့တယ်”
“ စူးချန်ကဲကို သတ်နိုင်တဲ့ သူအတွက် ဆုလာဘ်အဖြစ် ဒီကံကြမ္မာကို ဖယ်ထုတ်လိုက်ရင် ..”
“အစ်ကိုကြီးနဲ့ အစ်ကို နှစ် ၊ ပြန်လာတဲ့အခါ ကျွန်မတို့ကို အပြစ်တင်မှာကို စိုးရိမ်မိတယ် “
ထိုလူသည် သူမ၏ စကားကို ကြားပြီးတောင် ဂရုမစိုက်ပေ။
“ စိတ်ချ”
“ တိုက်မြေသုံးထောင်မှာ အထွပ်အထိပ် ဖြစ်တည်မှုမျိုး နိယာမစည်းမျဉ်း ရှိနေမှာကို ခွင့်မပြုဖို့ ငါတို့ အားလုံး တညီတညွတ်တည်း အတည်ပြုထားတယ် “
“ အခု ကွေးယွမ် သူတော်စင် နယ်မြေ က ငါတို့ရဲ့ အခြေခံမူတွေကို ထိပါးခဲ့တယ်”
ထိုလူသည် ငါးမျှားတံကို ထပ်မံ ပစ်ချလိုက်သည်။
အချိန် မြစ်ရေစီးကြောင်းအတွင်း လှိုင်းဂယက်များ ရိုက်ခတ်သွားပြန်သည်။
“ငါတို့ ကွေးယွမ် သူတော်စင် နယ်မြေကို ဘက်ပေါင်းစုံကနေ အနိုင်ယူဖို့ပဲ”
“ သူတို့ရဲ့ အင်အားတင်မကဘူး သူတို့ရဲ့ မျိုးဆက်သစ် ၊ အထူးသဖြင့် စူးချန်ကဲကို ငါတို့ သတ်ပစ်ရမယ် “
“မဟုတ်ရင် ဒီကျောက်စရစ်ခဲ ကြီးသထက် ကြီးလာပြီး ၊ ကြီးမားတဲ့ တောင်ထွပ်ကြီး ဖြစ်သွားခဲ့ရင် ငါတို့ရဲ့ အကြံအစည်တွေ အားလုံး အချည်းနှီး ဖြစ်သွားလိမ့်မယ်”
….
တခြားတဖက်တွင် ၊
ကွေးယွမ် သူတော်စင် နယ်မြေ၏ တပ်ဖွဲ့ကြီးသည် အဖွဲ့လေးဖွဲ့ ခွဲ၍ ထာဝရ အင်အားစု တပ်ဖွဲ့များ တည်ရှိရာ တိုက်နယ်မြေဆီသို့ ချီတက်ခဲ့ကြသည်။
တိ့ကျန့် ဧကရာဇ်မင်းသည် တခြား ဧကရာဇ်မင်း သုံးပါး နှင့်အတူ ၊ မြင်းတပ်သား တစ်သန်း ကို ဦးဆောင်၍ ရှောင်ရှီထျန်းကို ချီတတ်ခဲ့သည်။
ထိုနေရာတွင် ဗုဒ္ဓဘာသာ နှင့် တာအိုဂိုဏ်းကြီး နှစ်ခု ရှိပေရာ ၊ တိ့ကျန့်ဧကရာဇ်မင်းသာလျှင် အကောင်းဆုံး အဟန့်အတား ဖြစ်ပေလိမ့်မည်။
ထျန်းရှန်းဂိုဏ်း တည်ရှိရာ နေရာအား ပိုင်ကျန့် ဧကရာဇ်မင်းသည် တခြား ဧကရာဇ်မင်း ခြောက်ပါးနှင့်အတူ ချီတတ်ခဲ့သည်။
နတ်နဂါးကျွန်းစု နှင့် ဖီးနစ်လှိုဏ်ဂူ တို့သည် အနည်းငယ် အလုပ်ရှုပ်သော နေရာများ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မကောင်းဆိုးဝါး ကမ္ဘာ၏ ယောက်ရွှီတိုက်မြေတွင် တည်ရှိသောကြောင့် ဖြစ်သည်။
၎င်းကို ဟွမ်ထျန်း ဧကရာဇ်မင်း ၊ ဖော့ကျွင်းဘိုးဘေး ၊ ပါ့ချန်ဘိုးဘေးနှင့် ကွေးယွမ်ကို ပြန်ရောက်လာသော တခြား ဧကရာဇ်မင်းတို့နှင့် အတူ ချီတတ်ခဲ့ကြသည်။
နတ်ဆိုးချောက်နက် နှင့် နတ်ဘုရားအချုပ်ထောင် နန်းတော်အတွက် ကျန့်ရှင်းဘိုးဘေး ကိုယ်တိုင် သွားရောက်ခဲ့သည်။
….
ကွေးယွမ် တပ်ဖွဲ့ကြီးသည် အင်အားတောင့်တင်စွာဖြင့် လိုက်လံနှိမ်နင်းခဲ့သည်။
ထာဝရ အင်အားစု၏ တပ်ဖွဲ့ဝင်များ အားလုံး ရှုံးနိမ့်ခဲ့ရပြီး ၊ ထွက်ပြေးသွားကြသည်။
သူတို့၏ ဝှက်ဖဲများကို ကွေးယွမ်က လုံးဝ သုတ်သင်လိုက်ပြီ ဖြစ်သည်။
ဧကရာဇ်မင်းများလည်း ကျဆုံးခဲ့ရသလို ၊
ကံကြမ္မာ ဧကရာဇ်လက်နက်မှာလည်း တစစီ ကွဲကြေသွားပြီ ဖြစ်သည်။
လွန်စွာ အစွမ်းထက်သော ရှေးဧကရာဇ်မင်းများ ပင်လျှင် နှိပ်ကွပ်ခံရပြီး အဆိုးရွားဆုံး နည်းလမ်းဖြင့် သေဆုံးသွားခဲ့သည်။
ကြည့်ရှုသူများက ဤစစ်ပွဲကြီးနှင့် ပတ်သတ်၍ ထင်ကြေးမျိုးစုံ ပေးခဲ့ကြသည်။
“ဒီတစ်ခေါက် စစ်ပွဲကို ကွေးယွမ်က ပြင်းပြင်းထန်ထန် ဖြိုခွင်းပြီး ဒီလိုမျိုး အဆုံးသတ် သွားရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
“ဟုတ်တယ်! ဒီရွှေခေတ်မှာ ရှေးကျတဲ့ အင်အားစုတွေ ပေါ်ပေါက်လာတာနဲ့ အမျှ ၊ ကွေးယွမ်ရဲ့ ဂုဏ်ပုဒ်ကလည်း ကျိန်းသေ ချုပ်ငြိမ်းသွားလိမ့်မယ်လို့ ငါ ထင်ခဲ့တယ်”
“ဒါပေမယ့် အခုတော့ မထင်ထားဘူး...”
ကွေးယွမ် သူတော်စင် နယ်မြေ ၏ အင်အားသည် ၎င်းတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။
ဤကဲ့သို့ ခိုင်မာလှသော အခြေခံအုတ်မြစ်ကြီး တစ်ခု ဖြစ်သည့် အပြင် ၊
စူးချန်ကဲ ကဲ့သို့သော ကြောက်စရာကောင်းသော မျိုးဆက်သစ်လူငယ်များလည်း ရှိနေသေးသည်။
ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘုန်းကျက်သရေသည် ဘယ်တော့မှ ရပ်တန့်သွားလိမ့်မည် မဟုတ်ချေ။
သိပ်မဝေးတော့မည့် အနာဂတ်တွင် ကွေးယွမ် သူတော်စင် နယ်မြေ၏ ရောင်ဝါသည် တိုက်မြေ သုံးထောင်တစ်ခုလုံးကိုတောင် လွှမ်းခြုံသွားမည်ကို စိုးရသည်။
ထိုအချိန် ၊ ယောက်ရွှီ တိုက်မြေမှ ကြီးကျယ်ခမ်းနားသော အသံနှစ်သံ ထွက်ပေါ်လာခဲ့သည်။
“ ကွေးယွမ် သူတော်စင် နယ်မြေ ဒီလောက်နဲ့တင် မလုံလောက်နိုင်ဘူးလား?!”
“ နတ်နဂါးကျွန်းစု နဲ့ ဖီးနစ်လှိုဏ်ဂူက လုံး၀ ရှုံးနိမ့်သွားပြီးပြီ ၊ ဒါနဲ့တင် မကျေနပ်သေးဘဲ ကွေးယွမ်ကဟာတွေက ငါတို့ ယောက်ရွှီ တိုက်မြေကို လာပြီး ငါတို့ မကောင်းဆိုးဝါး ဂိုဏ်းနှစ်ဂိုဏ်းကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ချင်နေသေးတာလား!?”
အသွင်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊ လူတိုင်း၏ အာရုံကို ဆွဲဆောင်ခဲ့သည်။
နတ်နဂါးကျွန်းစု နှင့် ဖီးနစ်လှိုဏ်ဂူတို့မှ ထွက်ပြေးလာကြသော မကောင်းဆိုးဝါး ဂိုဏ်းဝင်အချို့အတွက် ထိုအသံကို ကြားလိုက်ရခြင်းသည် မှောင်မိုက်သော ညတွင် တစ်ခုတည်းသော အလင်းရောင်ကို မြင်လိုက်ရသလိုပင်။
“ဒါက ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းက အကြီးအကဲပဲ !”
“ အရမ်း ကောင်းတာပဲ ၊ ငါတို့ ကယ်တင်ခံရပြီ!!”
ယောက်ရွှီတိုက်မြေတွင် ယခုထက်ထိ ချိတ်ပိတ်ထားဆဲ ဖြစ်သော ရှေးခေတ် အင်အားစုများစွာ ရှိသည်။
သို့သော် အကြောင်းအမျိုးမျိုးကြောင့် သူတို့သည် အဆုံးမဲ့ အချိန်စီးကြောင်းမြစ်ထဲသို့ ရောက်ရှိလာမည့် အခွင့်အရေးကိုသာ စောင့်ဆိုင်းရန်သာ တတ်နိုင်သည်။
ထို့အပြင် ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်း ၊ ရှေးနဂါးမျိုးနွယ်စု နှင့် ရှေးဖီးနစ်မျိုးနွယ်စုတို့သည် ထိုကဲ့သို့သော အင်အားစုများ ဖြစ်သည်။
“ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းက ဒီလိုစကားမျိုး ပြောလာတယ် ဆိုတော့ ၊ ရှေးနဂါးမျိုးနွယ်စုနဲ့ ရှေးဖီးနစ်မျိုးနွယ်စုတို့ကို မျက်နှာသာပေးတာ ဖြစ်နိုင်တယ် “
“ လူကြီးမင်း ၊ အဲ့ဒါက ဘာကိုဆိုလိုတာလဲ၊ ရှေးနဂါးမျိုးနွယ်စု နဲ့ ရှေးဖီးနစ်မျိုးနွယ်စု ဆိုတာ ဘာကိုလဲ “
စိတ်ရှုပ်သွားပုံရသော လူငယ်လေးတစ်ယောက်သည် နယ်ပယ်စုံသော အဘိုးအိုကို မေးလိုက်သည်။
အဖိုးအိုက သက်ပြင်းရှည်ကြီး ချလိုက်သည်။
“ မကောင်းဆိုးဝါး မျိုးနွယ်စုရဲ့ သမိုင်းကို မင်းရော ငါရော သိတယ်၊ တစ်ချိန်က သူတို့ မကောင်းဆိုးဝါး မျိုးနွယ်စုက တိုက်မြေ သုံးထောင်ရဲ ရှစ်ဆယ်ရာခိုင်နှုန်းကို အုပ်ချုပ်ခဲ့တာလေ “
“ သူတို့အထဲမှာ အစွမ်းထက်ဆုံးနှင့် အကျော်ကြားဆုံးသော အင်အားစုက ထိပ်တန်း မကောင်းဆိုးဝါး အင်အားစုများစွာ ပါဝင်တဲ့ မကောင်းဆိုးဝါး တရားစီရင်ရေးပဲ “
“ဒီကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်း ဆိုတာကလည်း အဲ့တုန်းက ကျန်ရှိနေခဲ့တဲ့ ရှေးနဂါး ၊ ရှေးဖီးနစ် မျိုးနွယ်စုတွေပဲ “
“ ပြီးတော့ မကောင်းဆိုးဝါး တရားစီရင်ရေး နဲ့ ကွေးယွမ် သူတော်စင် နယ်မြေကလည်း နက်နဲတဲ့ ဆက်ဆံရေးတွေ ရှိတယ် ၊ နောက်ဆုံးတော့ မကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့က ကွေးယွမ်ရဲ့ လက်ချက်နဲ့ အဖွဲ့ကွဲသွားခဲ့တယ် “
အဘိုးအို၏ စကားသံတွင် အဆုံးမရှိသော အမှတ်ရစရာများနှင့် ပြည့်နှက်နေသည်။
သူသည် လူသား- မကောင်းဆိုးဝါး စစ်ပွဲကြီးကို တစ်ဖန် ပြန်မြင်ရသည့်အတိုင်း ။
ယခုအချိန်တွင်မူ ၊ မကောင်းဆိုးဝါး အင်အားစုမျိုးနွယ်များ မည်မျှတောင် နိုးထလာသည်ကို မသိ။
လူသား-မကောင်းဆိုးဝါး ဒုတိယ စစ်ပွဲကြီး နောက်တစ်ဖန် စတင် ဖြစ်ပွားတော့မှာလား?
အကယ်၍ လူသား-မကောင်းဆိုးဝါး ဒုတိယ စစ်ပွဲကြီး အမှန်တကယ်ဖြစ်ခဲ့ပါက ၊ တိုက်မြေ သုံးထောင်သည် မည်သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရမည်နည်း။
….
စူးချန်ကဲ သည်လည်း ယောက်ရွှီတိုက်မြေ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် ဧရာမ ခွင်းဖိန်ကြီး ရှိနေသည်။
T/N - ခွင်းဖိန် - ဌက်နှင့် ငါး ပေါင်းစပ်ထားသော ဒဏ္ဍာရီလာ ဧရာမ သားရဲကောင်
၎င်း၏ ကြီးမားသော အတောင်ပံများသည် ကောင်းကင်နှင့် နေကို ဖုံးအုပ်ထားပြီး ၊ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ၎င်း၏ ရှေးဆန်သော အငွေ့အသက်ကို ခံစားမိသည်။
ကောင်းကင်ယံထက်တွင် ဝက်ဝံနက်ကြီး နှင့် တူသော နောက်တစ်ယောက်လည်း ရှိသေးသည်။
ပါးစပ်တစ်ချက် ‘ဟ’ ရုံဖြင့် တစ်လောကလုံးကို မျိုချနိုင်သည့်အတိုင်း ၊ သူ၏ အဆုံးစွန်သော ရုပ်ပိုင်းဆိုင်ရာ ရောင်ဝါသည် အနိုင်ယူဖို့ မဖြစ်နိုင်မှန်း ထုတ်ဖော်ပြသနေ၏။
စူးချန်ကဲသည် ဤအကျွမ်းတဝင်ရှိသော အရိပ်နှစ်ခုကို မြင်လိုက်ရသည်နှင့် ၊ ရုတ်တရက် တစ်စုံတစ်ယောက် အကြောင်း တွေးလိုက်မိသည်။
“ခွင်ဖိန်ဇီ?”
“ ရှုံးချီ ?”
ခွင်းလွင် တောင်တွင် ဖြစ်ခဲ့သော အရာများကို သူ ချက်ချင်းလက်ငင်း တွေးမိလိုက်သည်။
ထိုအချိန်က သူသည် ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းမှ ပါရမီရှင် နှစ်ဦးကို ကြုံသလို သတ်ပစ်ခဲ့သည်။
၎င်းတို့နှစ်ယောက်တွင် တစ်ယောက်က အသတ်ခံလိုက်ရပြီး ၊ နောက်တစ်ယောက်မှာ ဒုက္ခိတ ဖြစ်သွားခဲ့သည်။
ယခုတွင်မူ ၊ လတ်တလော စစ်ပွဲကြောင့်
ဤအင်အားစု နှစ်စုသည် နတ်နဂါးကျွန်းစု ကျွန်းနှင့် ဖီးနစ်လှိုဏ်ဂူတို့ ကိုယ်စား အရေးယူရန် ဆန္ဒရှိနေကြသည်။
ယင်းသည် အနည်းငယ် ဆန်းကြယ်ပေသည်။
စူးချန်ကဲတစ်ယောက် သတိပြုမိသည်။
ထို့အတူ ထိုရုပ်သွင် နှစ်ဦးလည်း သတိထားမိသည်။
၎င်းတို့ နှစ်ဦး၏ ကျင့်ကြံစွမ်းအားသည် အလွန်အားကောင်းပြီး ၊တစ်ချက်ကြည့်လိုက်ရုံဖြင့် အဆုံးမရှိသော နေရာပေါင်းစုံကို ဖြတ်ကျော်နိုင်ပေရာ ၊ စူးချန်ကဲ၏ တည်နေရာကို တချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်စွမ်း ရှိခဲ့သည်။
“ ငါ့အမွေဆက်ခံသူကို သတ်လိုက်တာ ဒီကောင်လေးလား!”
“ဒီကောင်က ငါ့သား ခွင်ဖိန်ဇီကို ဒုက္ခိတ ဖြစ်စေခဲ့တဲ့ ကောင်ပဲ!”
တစ်ချိန်တည်းမှာပင် ၊ ၎င်းတို့ နှစ်ဦး၏ ဒေါသများက တဟုန်းထိုး ထကြွလာခဲ့သည်။
၎င်းတို့၏ မျက်လုံးများသည် အပြင်းအထန် လူသတ်လိုသော ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
မူလက သူတို့ မျိုးနွယ်စု နှစ်စုသည် ဤထာဝရ တိုက်ပွဲတွင် ပါဝင်ရန် ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းတွင် လျှောက်ထားလိုခဲ့ကြသည်။
သို့သော်၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်း၏ အကြီးအကဲ ပုဂ္ဂိုလ်အများစုက ဤကိစ္စကို ငြင်းဆိုခဲ့သည်။ သူတို့၏ လက်စားချေလိုသောဆန္ဒမှာ အချည်းနှီးသာဖြစ်ခဲ့ရသည်။
ယခုတွင် ၊ သူတို့၏ အမွေဆက်ခံသူကို သတ်ခဲ့သော စူးချန်ကဲကို မြင်လိုက်သည့် အခါတွင် ၎င်းတို့၏ ဒေါသမှာ ပို၍ ကြီးထွားလာခဲ့သည်။
သို့ဆိုတောင် သူတို့ စူးချန်ကဲကို ဘာမှ မလုပ်ဝံ့ပေ။
ထိုစဉ် ၊ ချူးကျန့်ရှင်း၏ သတိပေးသံကို အားလုံးကြားလိုက်ရသည်။
ကွေးယွမ် သူတော်စင် နယ်မြေတွင် အရာများစွာမရှိသော်လည်း ၊ ဘိုးဘေးများစွာ ရှိသည်။
ကွေးယွမ် သူတော်စင် နယ်မြေတွင် မသေနိုင်သေးသော လူအိုကြီးတွေ မည်မျှရှိသည်ကို မည်သူများ သိနိုင်မည်နည်း။
စူးချန်ကဲသည်လည်း ၎င်းတို့ နှစ်ဦး၏ ကြောက်ရွံ့မှုကို ခံစားမိသည်။
သူသည် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုဖြင့် ၊ လက်ကို နောက်ကိုပစ်လျက် ထိုလူနှစ်ဦးအား တိုက်ရိုက် ပြန်ကြည့်သည်။
ထို့နောက် ဆို၏။
“ငါကိုယ်တော်ရဲ့ ကျန်းမာရေးက မကောင်းဘူး”
“ ခင်ဗျားတို့ လူကြီးနှစ်ယောက်က ကျုပ်ကို အကြာကြီး စိုက်ကြည့်နေရင် ၊ ကျုပ် မတော်တဆ မူးလဲသွားနိုင်တယ်”
“အိုင်ယား...”
“ အဲ့ကြရင် ကျုပ်ရဲ့ ဘိုးဘေးတွေကို သေသေချာချာ ရှင်းပြမှ ဖြစ်တော့မယ်”
အပိုင်း(၂၁၁): မုန်တိုင်းကြီး ပြီးဆုံးသွားသော်လည်း သိပ်မကြာမီ ပြန်စလေသည်
သူတို့နှစ်ဦးသည်လည်း ပြိုင်ဘက်ကင်း စွမ်းအားရှင်များ ဖြစ်သည်။
ဒီလောက်အကွာအဝေးမှာတောင် ၊ စူးချန်ကဲ၏ စကားကို ကြားရသလို ၊ သူ၏ ဆိုလိုရင်းကိုလည်း ချက်ခြင်း နားလည်ခဲ့သည်။
ဒါဟာ သူတို့နှစ်ယောက်ရဲ့ ဒေါသကို တိုက်ရိုက် နှိုးဆွလိုက်ခြင်း ဖြစ်သည်။
ပို၍ မုန်းစရာကောင်းသည်မှာ သူတို့ စူးချန်ကဲကို တကယ် ကြောက်နေရခြင်းပင်။
အကယ်၍ ကွေးယွမ် သူတော်စင် နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းမှ နောက်ထပ် ဘိုးဘေးတစ်ဦး ထွက်ပေါ်လာရင်ဖြင့် ။
သူတို့၏ ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းသည် အပြည့်အဝ ပြန်မထနိုင်သေးသည် ဖြစ်ရာ ၊ ပို၍ အခက်ကြုံတွေ့သွားနိုင်သည်။
“စိတ်လျှော့! စိတ်လျှော့!”
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် နှစ်သိမ့်ပေးရင်း ၊ သူတို့၏ ဒေါသစိတ်များမှာတဖြည်းဖြည်း ငြိမ်သက်သွားသည် ။
စူးချန်ကဲ အနားရှိ ရွှမ်ယွီဧကရီသည်လည်း ဤမြင်ကွင်းကို သတိထားမိသည်။
သူမက တခစ်ခစ်ရယ်လိုက်ရင်း ၊
“ ချန်ကဲ မောင်လေး ၊ မင်း တကယ့်ကို လူဆိုးပဲ”
“မမ၊ မင်းကို ပိုပိုပြီး သဘောကျလာပြီ”
စောနက စူးချန်ကဲစကားကို သူမလည်း ရှင်းရှင်းလင်းလင်း နားထောင်လိုက်ရသည်။
စူးချန်ကဲ၏ ဤစကားများသည် လူကို အတော်လေး ဖိနှိပ်ချူပ်ချယ်နိုင်သည် ဟု ဆိုရပေမည်။
ယခု စူးချန်ကဲသည် သူမတို့ ကွေးယွမ် သူတော်စင် နယ်မြေ၏ အဖိုးတန် ရတနာ တစ်ခုဟု ဆိုနိုင်သည်။
တစ်ယောက်ယောက်ကသာ စူးချန်ကဲကို ထိမည်ဆိုပါက ၊
သူမတို့ တခါမှ မမြင်ဖူးသည့် ဘိုးဘေးများပင်လျှင် တွားထွက်လာမည်ကို စိုးရသည်။
ကွေးယွမ် သူတော်စင် နယ်မြေတွင် စူးချန်ကဲသာလျှင် ထိုကဲ့သို့သော ဆက်ဆံမှုကို ခံယူနိုင်သည်။
“ အားကျလိုက်တာ ၊ အားကျလိုက်တာ ...”
…….
စစ်တပ်ကို ဦးဆောင်ထားသည့် ဟွမ်ထျန်း ဧကရာဇ်မင်းသည် အေးစက်သော မျက်နှာထား ၊ ဘာကိုမှ ဂရုမစိုက်သော လေသံဖြင့် ဆိုလိုက်သည်။
“ကောင်းကင်ဘုံ မကောင်းဆ်ိုးဝါး တောင်တန်းက ဒီတိုင်း ရှုံးနိမ့်ပြီးသား အုပ်စုပဲလေ “
“မင်းတို့ ငါ့ကိုတားရဲရင် ငါတို့ ကွေးယွမ် သူတော်စင် နယ်မြေကလည်း မင်းတို့နဲ့ ထပ်တိုက်ရမှာကို ကြောက်နေမှာ မဟုတ်ဘူး “
“ ဟွမ်ထျန်း! မင်းရဲ့ ဒီစကားက ငါတို့ ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းကို ရန်စနေတာလား “
“အတင့်ရဲတာ! ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းက မင်းရဲ့ စော်ကားမှုကို သည်းခံစရာလား!?”
ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းက လူနှစ်ယောက်သည် စောနလေးကတင် စူးချန်ကဲ၏ နှိမ့်ချခြင်းကို ခံခဲ့ရသည်။
ဤအခိုက်အတန့်တွင် သူတို့သည် ဒေါသကို ဖြေဖျောက်ရန် ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားသကဲ့သို့ ဟွမ်ထျန်း ဧကရာဇ်မင်းထံသို့ ပုံချလိုက်သည်။
ဤလူနှစ်ဦးသည် ဟွမ်ထျန်း ဧကရာဇ်မင်းထက် စီနီယာကျသော်လည်း ၊
သို့သော် ဟွမ်ထျန်ဧကရာဇ်မင်းသည်လည်း ဒီကိစ္စကို စိတ်ထဲ ထည့်ထားမည့်သူ မဟုတ်ချေ။
၎င်းတို့ နှစ်ယောက်၏ တွန်းအားပေးမှုကို လုံးဝ မျက်ကွယ် ပြုထားပုံရသည်။
“ ထာဝရ စစ်ပွဲလောက်များ ကျုပ်တို့ ကွေးယွမ် သူတော်စင် နယ်မြေက ချဆို ချရုံပေါ့ “
ပြောရင်းဆိုရင်း ၊ ဟွမ်ထျန်းဧကရာဇ်မင်းသည် သူ့နောက်ကျောတွင် ပိုးထားသော ဓားရှည်ကို တိုက်ရိုက် ဆွဲထုတ်လိုက်သည်။
အေးစက်သော ဓားကိုယ်ထည်သည် ၎င်း၏ ထက်မြက်မှုကို ပြသနေသည်။
“ငါ မင်းတို့ကို ရွေးချယ်စရာ နှစ်ခုပေးမယ် ၊ ပထမ၊ ဒီကနေ ထွက်သွား”
“ဒုတိယ၊ တိုက်မယ် “
ဤလုပ်ရပ်သည် ကြည့်ရှုသူတိုင်းကို ခေါင်းနားပန်းကြီးသွားစေသည်။
“ ဘုရားရေ ! ကွေးယွမ်က လူတွေ ဒီလောက်တောင် ကြမ်းကြတာလား ၊ စောနလေးကတင် ထာဝရ စစ်ပွဲကြီး ပြီးဆုံးခဲ့တာလေ “
“ အခု ဒုတိယပွဲကြီး စတော့မလို့လား?”
“အိုင်း ... ကွေးယွမ် မှာ မာနအကြီးဆုံးလူက စူးချန်ကဲ လို့ ငါထင်ခဲ့တယ်၊ ဒါပေမယ့် ကွေးယွမ်က လူတိုင်း ဒီလောက်ထိ မာနကြီးကြလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး!”
“……”
ပွဲကြည့်သူတိုင်း ထင်ကြေးပေးနေကြပြီး ၊ စိတ်ထဲမှာတော့ စောင့်မျှော်နေကြသည်။
အကယ်၍ ကွေးယွမ် သူတော်စင် နယ်မြေသာ ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းကို နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့မည် ဆိုပါက ၊
ဤပွဲကြီးသည် ပွဲကြီးပွဲကောင်း ဖြစ်မည်ဟု ဆိုရပေမည်။
“ ဟွမ်ထျန်း !!”
ခွင်းဖင်မျိုးနွယ်စုမှ ပုဂ္ဂိုလ်သည် ဒေါသထွက်နေပုံရသည်။
သူ တာအိုဘာသာကို ကျင့်ကြံနေချိန် ၊ ဤဟွမ်ထျန်းသည် ကလေးတစ်ယောက်သာသာပင် ရှိဦးမည်။
ဟွမ်ထျန်းသည် သူ၏ ပါရမီပါသော အရည်အချင်းများဖြင့် ယခုလို အဆင့်အတန်းမျိုးကို ရလာခဲ့ပြီး ၊ ယခုတွင်မူ ၎င်းသည် သူနှင့် တန်းတူညီတူ စကားပြောနေသည်။
ယင်းက သူ့ကို ပိုလို့တောင် ဒေါသထွက်စေသည်။
သို့သော် သူ့အနေဖြင့် ဘာမျှ မတတ်နိုင်ချေ။အကယ်၍ ကွေးယွမ် သူတော်စင် နယ်မြေနှင့် တကယ်တန်း တိုက်ခိုက်ခဲ့ပါက ၊
ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းသည် သူတို့ ခွင်းဖိန်မျိုးနွယ်စုအား ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းမှ နှင်ထုတ်မည်ကို စိုးရသည်။
“ ကောင်းလိုက်တဲ့ ကွေးယွမ် သူတော်စင် နယ်မြေ ၊ မင်းတို့ အနာဂတ်မှာရော ခုလို မောက်မာနိုင်မလား ငါ စောင့်ကြည့်ချင်သေးတယ် !”
ခွင်းဖိန်မျိုးနွယ်စုမှ ပုဂ္ဂိုလ်သည် ကြမ်းတမ်းသော စကားလုံးများကို ဆိုပြီးနောက် ၊ စူးချန်ကဲကို ထပ်မံ ကြည့်ရှုလိုက်သည်။
ထို့နောက် ဝက်ဝံမျိုးနွယ်စုက ပုဂ္ဂိုလ်သည်လည်း မီးခိုးသဖွယ် ပျောက်ကွယ်သွားခဲ့တော့သည်။
ရုတ်တရက်ဆန်သော ဤအပြုအမူသည် နတ်နဂါးကျွန်းစု နှင့် ဖီးနစ်လှိုဏ်ဂူမှ အဖွဲ့ဝင်များကို ဆွံ့အသွားစေသည်။
ဤလူကြီးနှစ်ယောက်သည် သူတို့အား ကယ်တင်ရန် ရောက်ရှိလာသည်ဟု ထင်မှတ်ခဲ့သည်။
အဆုံးတွင်၊ သူတို့က ဒီလိုပဲ ရောင်းစားခဲ့တာလား?
ယခုတွင်မူ ၊ သူတို့ကို တားစီးမည့်သူ မည်သူမှ မရှိတော့ချေ။
ကွေးယွမ် တပ်ဖွဲ့သည် ဖီးနစ်လှိုဏ်ဂူ နှင့် နတ်နဂါးကျွန်းစု တည်ရှိရာ နယ်မြေထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။
ကွေးယွမ် ဧကရာဇ်မင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၊
ဘက်ပေါင်းစုံမှ လက်ကျန်အင်အားစုများကို လျင်မြန်စွာ ချေမှုန်းပစ်နိုင်ခဲ့သည်။
၎င်းတို့၏ ရတနာပစ္စည်းများ၊ ဆေးဝါးများ အပြင် ကျင့်ကြံအရင်းအမြစ် ပစ္စည်းအားလုံးကို ကွေးယွမ် သူတော်စင် နယ်မြေက သိမ်းယူသွားခဲ့သည်။
ကွေးယွမ်၏ လက်အောက်တွင် မည်သူမျှ ဖျက်ဆီးခြင်း၏ အဆုံးသတ်မှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
အချိန်အတိုင်းအတာတစ်ခုအထိ၊ သွေးချောင်းများ စီးခဲ့ရသည်။
…..
ရှောင်ရှီထျန်းဘက်တွင် အံ့ဩစရာ ကောင်းလောက်အောင် ငြိမ်သက်နေပြီး ၊ မည်သည့်အင်အားစုမှ ပါဝင်စွက်ဖက်ခြင်းမျိုး မရှိခဲ့ပေ။
ရွှမ်ခုန်း နတ်ဘုရားကျောင်း နှင့် ကျုံထျန်း တုအဲ့ စာသင်ကျောင်းတို့သည်လည်း တိတ်ဆိတ်စွာပင် ရပ်ကြည့်နေခဲ့ကြသည်။
“ ကွေးယွမ်ကဟာတွေ တကယ်ကို ရူးသွပ်သွားပါပြီပဲ ၊ ဒီရှောင်ရှီထျန်းက ရှီထျန်းသင်ကြားရေးဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုပဲ “
“ နောက်ကြရင် ရှီထျန်းကသူတွေ နိုးထလာပြီး လက်စားလာချေမှာကို ကွေးယွမ်ကကောင်တွေ မကြောက်ကြဘူးလား?”
“ဒါက ခက်လိမ့်မယ် ၊ ရှီထျန်းသင်ကြားရေးဂိုဏ်းက အဲဒီခေတ်တုန်းက ကွေးယွမ် သူတော်စင် နယ်မြေအပေါ် ကြီးမားတဲ့ ကျေးဇူးကြွေး တင်ခဲ့ဖူးတယ် “
“……..”
အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်နှစ်ဦးသည် စိတ်ထဲကနေတဆင့် လျှို့ဝှက်စွာ ပြောဆိုနေကြသည်။
ဤထာဝရစစ်ပွဲ၏ သက်ရောက်မှု အတိုင်းအတာသည် အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။
ပျက်စီးသွားသော ဤအင်အားစုကြီး လေးစုကို မည်သူမျှ မကိုင်တွယ်နိုင်ပေ။
သို့သော် ကိုက်ရခက်သော ဤအရိုးကြီး လေးချောင်းကို ကွေးယွမ် သူတော်စင် နယ်မြေက ဖြေရှင်းပြသွားခဲ့သည်။
…
ကျန့်ရှင်း ဘိုးဘေးသည်လည်း အလားတူ သူ၏ ကြီးမားသော တန်ခိုးစွမ်းအားကို ပြသခဲ့သည်။
နောက်ပိုင်းတွင် ကျန့်ရှင်းဘိုးဘေးသည် သူ တစ်ဦးတည်းဖြင့် မရဏကမ္ဘာ နှင့် နတ်ဆိုးကမ္ဘာက သူတွေကို တွေ့ဆုံဖြေရှင်းခဲ့သည် ဟု ကောလဟာလ ထွက်ပေါ်ခဲ့သည်။
သို့သော် ဤကိစ္စ၏ အတိအကျကိုတော့ မည်သူမှ မသိချေ။
ချူးကျန့်ရှင်းသည် ထိုအင်အားစု နှစ်စုထဲသို့ ဝင်ရောက်ကာ ဒုတိယစစ်ပွဲကြီး ထပ်မံ ဖြစ်ပွားခဲ့ကြောင်း လူများကြားသိခဲ့ရသည်။
ဤစစ်ပွဲ၏ ရလဒ်အနေဖြင့် ထိုအင်အားစု နှစ်စု၏ ဘိုးဘွားပိုင် နယ်မြေ အများစု ပျက်စီးသွားခဲ့ရသည်။
သို့သော် ထိုစစ်ပွဲတွင် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုတစ်စုကသာ ပါဝင်စွက်ဖက်ခြင်း မရှိခဲ့ပါက၊ ထိုအင်အားစုကြီး နှစ်စုလုံး ပျက်စီးသွားနိုင်ကြောင်း ကြားသိခဲ့ရသည်။
နတ်ဘုရားအချုပ်ထောင် နန်းတော် နှင့် နတ်ဆိုးနတ်ဆိုးချောက်နက်တို့၏ အစွယ်များကို ရိုက်ချိုးပစ်ခဲ့ရုံသာမက ၊
ကျင့်ကြံ အရင်းအမြစ်များနှင့် ဧကရာဇ်လက်နက် အများအပြားကိုလည်း ကွေးယွမ်အား လျော်ကြေးအဖြစ် ပြန်လည်ပေးဆောင်ခဲ့ရသည်။
….
ဒုတိယတိုက်ပွဲကြီး ပြီးဆုံးသွားပြီးနောက်မှာတော့ ၊
တိုက်မြေ အသီးသီးက ဤစစ်ပွဲကြီးနှင့် ပတ်သတ်သော အသေးစိတ် အချက်အလက်များကို အပြင်းအထန် ဆွေးနွေးနေကြသည်။
ဤစစ်ပွဲတွင် ရေပန်းစားခဲ့သော ပုဂ္ဂိုလ်များမှာ ဒဏ္ဍာရီလာ ဧကရာဇ်မင်းမြတ်များ မဟုတ်ခဲ့ချေ။
ကွေးယွမ်သို့ ပြန်လည်ရောက်ရှိလာခဲ့သော ဆက်ခံသူ ဖြစ်သည့် စူးချန်ကဲသာပင်။
“ ကွေးယွမ်ရဲ့ ဆက်ခံသူ စူးချန်ကဲက ခွင်းလွင်တောင်ပေါ်မှာ ထောင်ပေါင်းများစွာသော သူတော်စင် အရှင် အဆင့် ပုဂ္ဂိုလ်အများကြီးကို သူ တစ်ယောက်တည်း တိုက်ခိုက်ခဲ့တယ်တဲ့ ၊ တကယ်ကို ကြောက်စရာကောင်းတာပဲ!”
“ ကွေးယွမ်ကနေ တိ့ထျန်း လို့ အမည်ပေးထားတဲ့ ဧကရာဇ်မင်း တစ်ပါး ထွက်ပေါ်ဖူးတယ် မဟုတ်လား”
“ ဒီအကြောင်းကို ငါသိတယ်! တိ့ထျန်း ဧကရာဇ်မင်း သူတော်စင် အရှင် ဖြစ်လာတုန်းကလည်း သူတော်စင်အရှင် တစ်ထောင်ကျော်ကို တစ်ယောက်တည်းနဲ့ အနိုင်ယူနိုင်ခဲ့တယ်”
“ အခု စူးချန်ကဲ သတ်ပစ်ခဲ့တဲ့ သူတော်စင် အရှင် ပုဂ္ဂိုလ်တွေက တိ့ထျန်းဧကရာဇ်မင်းထက် အဆများစွာ များပြားလွန်းတယ် ၊ သူရဲ့ အောင်မြင်မှုက အကန့်အသတ်မရှိဘူးပဲ!”
“……”
ယခုတစ်ခေါက် တိုက်ပွဲကြီးသည် တကယ့်ကို ပြင်းထန်ပြီး ရက်စက်ပေသည် ။ဤတိုက်ပွဲတွင် အစွမ်းထက်သော ဧကရာဇ်မင်းများစွာ ပါဝင်ဆင်နွဲခဲ့သည်။
ဒါတင်မက နောက်ဆုံးတွင်၊ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကတောင် လူကိုယ်တိုင် ထွက်ပေါ်လာခဲ့သည်။
သို့သော် ဒဏ္ဍာရီလာ အင်အားစု ဖြစ်ပါစေဦးတော့ ၊ ကွေးယွမ် သူတော်စင် နယ်မြေသည် ထိုလူကိုပင် သတ်ပစ်ခဲ့သည်မှာ အတော်လေး ရယ်စရာကောင်းပေသည်။
သို့သော် ပို၍ ကြောက်စရာ အကောင်းဆုံးအရာမှာ စူးချန်ကဲ သာပင်။
သူသည် ခွင်းလွင်တောင်တွင် ထောင်ပေါင်းများစွာသော သူတော်စင်အရှင် ပုဂ္ဂိုလ်များစွာကို သတ်ဖြတ်ခဲ့သည်။
အဆုံးတွင်၊ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကတောင် သူ့ကို တည်ရှိခွင့် ပေးလို့မရသော ထာဝရ ထူးခြားချက် ဟု ခေါ်ဝေါ်ခဲ့သည်။
ယနေ့ မျိုးဆက်သစ် လူငယ်များကြားတွင် တစ်ခုတည်းသော တားမြစ်ချက်မှာ စူးချန်ကဲပင် ဖြစ်သည်။
သို့သော် သူတို့သည် ဤရွှေခေတ်၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း မျှော်လင့်နေကြသည်။
ကြောက်စရာကောင်းသော အင်အားစုများ ပိုမို များပြားလာနေပြီး ၊
သူတို့ မကြားဖူးတာတွေတောင် ရှိနေခဲ့သည်။
စူးချန်ကဲ တစ်ယောက် ဤဒဏ္ဍာရီ မှတ်တမ်းကို ဆက်လက် ထိန်းသိမ်းထားနိုင်မလား ဆိုတာတော့ မည်သူမျှ မသိချေ။
အပိုင်း(၂၁၂): ပျက်သုန်းခြင်းသည် အသစ်အသစ်သော အရာများ ဖြစ်ပေါ်ခြင်း၏ အစပေတည်း
ဤသို့ဖြင့် ထာဝရ စစ်ပွဲကြီးသည် အဆုံးသတ်သို့ ရောက်ရှိလာခဲ့ချေပြီ။
ကွေးယွမ်၏ နှိမ်နင်းချေမှုန်းမှုက လူတိုင်း ကို ကြောက်ရွံ့သွားစေခဲ့သည်။
နတ်နဂါးကျွန်းစု နှင့် ဖီးနစ်လှိုဏ်ဂူတို့သည် ရှေးနဂါးမျိုးနွယ်စု နှင့် ရှေးဖီးနစ်မျိုးနွယ်စုတို့၏ ပင်မ အကိုင်းအခက်များပင် ဖြစ်သည်။
ကွေးယွမ် သူတော်စင် နယ်မြေသည် ဤပင်မ အင်အားစုနှစ်စု၏ ဘိုးဘွားပိုင် နယ်မြေများကိုဖျက်ဆီးပစ်တော့မည် ဖြစ်သည်။
အဆုံးတွင်၊ ၎င်းတို့သည် ဖိအားကို ခံနိုင်ရည် မရှိတော့ဘဲ ၊ ရှေးနဂါး မျိုးနွယ်စု နှင့် ရှေးဖီးနစ်မျိုးနွယ်စုများမှ လွန်စွာ အင်အားကြီးမားသော စွမ်းအားရှင်များကို ဆင့်ခေါ်ခဲ့ရသည်။
ထို့အပြင် ဤအင်အားစုကြီး နှစ်စုသည် လောကထဲသို့ မပေါ်ထွက်ခင်ကတည်းက ၊ ရက်စက်ကြမ်းကြုတ် မောက်မာသော အင်အားစု ဟု ဆိုရပေမည်။
၎င်းတို့သည် ကွေးယွမ် သူတော်စင် နယ်မြေ၏ လုပ်ရပ်များကို ဒီမှာတင် ရပ်တန့်ရန် ကြိမ်းမောင်းပြောဆိုခဲ့သည်။
သို့မဟုတ်ပါက ၊ သူတို့မျိုးနွယ်စု လုံးဝ နိုးထလာသည်နှင့် ၊ ကွေးယွမ် သူတော်စင် နယ်မြေအနေဖြင့် အခက်တွေ့နိုင်မည် ဖြစ်ကြောင်းကို ပြောဆိုခဲ့သည်။
သို့သော် ဟွမ်ထျန်း ဧကရာဇ်မင်း၏ ရက်စက်မှုက လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
“အခက်တွေ့နိုင်တယ်? အာ့ဆိုလည်း အခက်တွေ့အောင် လုပ်မနေနဲ့ပေါ့ “
ဟွမ်ထျန်း ဧကရာဇ်မင်းသည် မိမိနားလည်ထားသော ဧကရာဇ်မင်းတို့၏ နိယာမတရားကို အသုံးပြုကာ ရန်သူကို ဖျက်စီးပစ်ခဲ့သည်။
ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင်သည် အင်အားစုကြီး နှစ်စုပေါ်သို့ ကျရောက်သွားခဲ့သည်။
နတ်နဂါးကျွန်းစုသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ကွဲကြေခဲ့ရပြီး ၊ အဆုံးမဲ့ နက်ရှိုင်းသော ပင်လယ်ပြင်ထဲသို့ နစ်မြုပ်သွားခဲ့ရသည်။
ဖီးနစ်လှိုဏ်ဂူမှာလည်း ထိုဓားစွမ်းအင်၏ တိုက်ရိုက် ချေမှုန်းခြင်းကို ခံလိုက်ရပြီး ၊ အမှုန့်များ အဖြစ်သို့ ပြောင်းလဲကာ ဤကမ္ဘာလောကကြီးထဲသို့ ပျံ့လွင့်သွားခဲ့တော့သည်။
ဟွမ်ထျန်းဧကရာဇ်မင်း၏ ဤတိုက်ခိုက်မှုကြောင့် ရှေးဖီးနစ်မျိုးနွယ်စု ၊ ရှေးနဂါးမျိုးနွယ်စုတို့နှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။
မကောင်းဆိုးဝါး တောင်တန်းကိုပါ ထပ်ပြီး ပေါင်းထည့်လိုက်မည် ဆိုပါက ၊ ဤအင်အားစုကြီး သုံးစုသည် လောကထဲသို့ မထွက်ပေါ်မီ ၊ ကွေးယွမ် သူတော်စင် နယ်မြေနှင့် ရန်ငြိုးများ ရှိနေပြီဟု ဆိုရပေမည်။
သို့သော် ကွေးယွမ် သူတော်စင် နယ်မြေကလည်း ဤကိစ္စအပေါ် ဂရုမစိုက်မှန်း သိသာထင်ရှားသည်။
ထိုအင်အားစုအချို့သည် ဧကရာဇ်မင်းထက်ကျော်လွန်သော တည်ရှိမှုများ ဖြစ်သော်လည်း ၊
သူတို့ ကွေးယွမ် သူတော်စင် နယ်မြေမှာလည်း မရှိတာကြလို့ !
……
ရှီးကျီတိုက်မြေ ၊
ကွေးယွမ် တပ်ဖွဲ့ကြီး ရောက်ရှိလာသည်နှင့် တိ့ကျန့်ဧကရာဇ်မင်းသည် ဦးစွာ အရေးယူခဲ့သည်။
ယင်းက တိ့ကျန့်ဧကရာဇ်မင်းအပေါ် သိရှိထားကြသည့် လူတိုင်း၏ နားလည်မှုကို ဆန်းသစ်စေခဲ့သည်။
ရှောင်ရှီထျန်းတွင် ဝမ်လီရွှေခေါင်းလောင်း ဟူသော ရတနာတစ်ခုရှိသည်။
အခြားသူ၏ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ရန် ဗုဒ္ဓရောင်ခြည်ကို အတားအဆီးအဖြစ် အသုံးပြုနိုင်သော ရတနာပင် ဖြစ်သည်။
ရှောင်ရှီထျန်း၏ ဝမ်လီရွှေခေါင်းလောင်းသည် အချိန်အတိုင်းအတာ တစ်ခုအထိ ထိန်းထားနိုင်မည်ဟု လူတိုင်း ထင်မှတ်ထားခဲ့ကြသော်လည်း ၊ သို့သော် ဝမ်လီရွှေခေါင်းလောင်းသည် တိ့ကျန့်ဧကရာဇ်မင်း လက်သီး၏ ထိုးနှက်မှုကို ခံလိုက်ရသည်။
ဤသို့ဖြင့် ရှောင်ရှီထျန်းသည် ကွေးယွမ် တပ်ဖွဲ့ကြီး၏ ချေမှုန်းခြင်းကို ခံခဲ့ရသည်။
“ ကွေးယွမ် သူတော်စင် နယ်မြေကဟာတွေ ၊ ငါတို့ ရှောင်ရှီထျန်းက ရှီထျန်းသင်ကြားရေးဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုပဲ “
“မင်း ငါတို့ကို ဒီလို ဆက်ဆံနေတာ၊ အနာဂတ်မှာ မင်းတို့ကို ပြန်ပြီး လက်စားချေမှာကို မကြောက်ဖူးလား”
ဝေဟင်ပေါ်က တိ့ကျန့်ဧကရာဇ်မင်းက မခိုးမခန့် ပြုံးလိုက်သည်။
“ရှီထျန်းသင်ကြားရေးဂိုဏ်း?”
“ စိတ်မပူနဲ့ ၊ သူတို့လည်း မင်းတို့လို မျက်ကန်းတွေဆိုရင် “
“သူတို့လည်း မင်းတို့ ခြေရာအတိုင်း လိုက်သွားစေရမယ် “
“သူတို့ အားလုံးကို သတ်၊ မီးရှို့ပစ် ၊ ရှိသမျှ ပစ္စည်း အကုန်သိမ်း ၊ အကယ်၍ တစ်စုံတစ်ယောက်ကများ ရှောင်ရှီထျန်းက လူတစ်ယောက်ယောက်ကို အသက်ရှင်ခွင့်ပေးခဲ့ရင် ငါကိုယ်တိုင် သူ့ကို သေချာပေါက် သတ်ပစ်မယ် “
တိ့ကျန့် ဧကရာဇ်မင်း၏ ဦးဆောင်မှု အောက်တွင်။
ဤနေ့တွင် အနောက်သုခဘုံ၏ သန့်ရှင်းစင်ကြယ်သောမြေများထဲမှ တစ်ခု ဟု လူသိများသော ရှောင်ရှီထျန်းသည် အဆုံးမသတ်နိုင်သော သွေးများဖြင့် ဆေးကြောခံခဲ့ရသည်။
ငိုကြွေးသံများက နေရာအနှံ့ ပဲ့တင်ထပ်လျက် ၊ သက်ရှိသတ္တဝါအပေါင်း သေကြေပျက်စီးခဲ့ရသည်။
…..
ထျန်းရှန်းဂိုဏ်းသည် လွန်ခဲ့သော နှစ်တစ်ထောင်က ပေါ်ပေါက်လာခဲ့သည့် အင်အားစုအသစ်တစ်ခုမျှသာ ဖြစ်သည်။
မူလ တည်ထောင်သူမှာ ဇီကျင်းဧကရာဇ်မင်းပင် ဖြစ်သည်။
နောက်ဆုံးတွင်မူ ၊ ထျန်းရှန်းဂိုဏ်း၏ ဘိုးဘေးများအနေဖြင့် မူရင်း တည်ထောင်ခဲ့သူ ဇီကျင်းဧကရာဇ်မင်း၏ နောက်ဆုံး လက်ကျန် ဝိညာဉ်ကို အစားထိုး အသုံးပြုရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပေ။
သူ၏ ထျန်းရှန်းဂိုဏ်းကို ဖျက်စီးပစ်နေသည့် မြင်ကွင်းကို မြင်လိုက်ရချိန်တွင် ဇီကျင်းဧကရာဇ်မင်းမှာ အလွန် ဒေါသထွက်ခဲ့ရသည်။
သိူ့သော် လက်သည်မှာ ကွေးယွမ် သူတော်စင် နယ်မြေမှန်း သိလိုက်ရသည်နှင့် ၊ ချက်ချင်း စိတ်ဓာတ်ကျသွားပြီး ၊ တကယ်ကို စိတ်မကောင်းဖြစ်မိမှန်း ဆိုခဲ့လေသည်။
“ဒါတွေ အားလုံးက ကံတရားပဲ...”
“ဒါတွေ အားလုံးက ကံတရားပဲ.....”
ထိုစကားများကို ရေရွတ်ရင်းဖြင့် ၊ ဇီကျင်းဧကရာဇ်မင်းသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ ဦးတည်ရာဘက်သို့ ဒူးထောက်ထိုင်ချလိုက်သည်။
နောက်ဆုံးတွင် သူသည် လူတိုင်းကို ထိတ်လန့်သွားစေသည့် ဤစကားတစ်ခွန်းကို ပြောခဲ့သည်။
“ တပည့်ရဲ့ နောင်လာနောင်သားတွေက ဆရာ့ကို စော်ကားမိပါတယ်၊ ဆရာ အပြစ်ပေးမယ်ဆိုတောင် တပည့်မှာ ဘာမှ ပြောစရာစကားမရှိပါဘူး...”
“အရင်က ခင်မင်ရင်းနှီးမှုတွေကို ထောက်ထားပြီး ၊ ကျွန်တော် ထျန်းရှန်းဂိုဏ်းရဲ့ နောက်ဆုံးလက်ကျန်ကို ချန်ထားပေးဖို့ တောင်းဆိုပါရစေ ...”
“ ခွင့်ပြုတယ်”
ကွေးယွမ် သူတော်စင် နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းမှ ကြီးကျယ်ခမ်းနားပြီး လွန်စွာ အားကြီးမားသော အသံ တစ်သံ ထွက်ပေါ်လာခဲ့ပြီး ၊ ဤအသံကို တစ်လောကလုံး ကြားခဲ့ရသည် ။
လူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်သော မှော်စွမ်းအား တစ်ခုသည် ထျန်းရှန်းတောင်၏ အထက်တွင် စုဝေးလာခဲ့သည်။
အဆုံးမရှိသော ဖရိုဖရဲ အလင်းတန်းများ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ၊ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် လက်ဝါးရိပ်ကြီး တစ်ခု အဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့သည်။
သို့သော် အလွန် လျှို့ဝှက်ဆန်းကြယ်သော ဤမှော်စွမ်းအားသည် ဇီကျင်း ဧကရာဇ်မင်း၏ တိုက်ရိုက် သားမြေးများမှလွဲ၍ ၊ ကျန်လူများအားလုံး ရုတ်ချည်း သေဆုံးစေခဲ့သည်။
“ကျေးဇူးတင်ပါတယ် ဆရာသခင်...”
ထိတ်လန့်အံ့ဩနေကြသော လူတိုင်း၏ အကြည့်များ အောက်တွင် ၊ ဒဏ္ဍာရီလာ ဧကရာဇ်မင်းဟု သိကြသော ဇီကျင်း ဧကရာဇ်မင်းသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ ဦးတည်ရာဘက်သို့ ထပ်မံ ဦီးညွှတ်ခဲ့လေသည်။
ဝမ်းနည်းပူဆွေးသံများကြား ခရမ်းရောင် စွမ်းအင်များမှာလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
ဇီကျင်းဧကရာဇ်မင်း၏ ဤအပြုအမူသည် တစ်လောကလုံးကို ဆွံ့အသွားစေခဲ့သည်။
“ကွေးယွမ်သူတော်စင် နယ်မြေ ...”
“ သူတို့ရဲ့ ရာဇဝင် ဘယ်လောက်ထိတောင် နက်ရှိုင်းမှု ရှိနေတာလဲ ...?”
…….
ဤထာဝရစစ်ပွဲ၏ အဆုံးသတ်သည် တိုက်မြေ သုံးထောင်၏သမိုင်းကို ကိုယ်စားပြုပြီး ၊ ခေတ်သစ်တစ်ခုဆီသို့ ဝင်ရောက်ပြီ ဟု ဆိုရပေမည်။
ပျက်သုန်းခြင်းသည် အသစ်အသစ်သော အရာများ ဖြစ်ပေါ်ခြင်း၏ အစပေတည်း။
ကျန်ရှိ အင်အားစု နှစ်စုဖြစ်သည့် နတ်ဘုရားအချုပ်ထောင် နန်းတော် နှင့် နတ်ဆိုးချောက်နက် တို့၏ အခြေအနေမှာလည်း အလားတူပင် ဖြစ်သည်။
မရဏကမ္ဘာတွင်မူ ၊
မရဏကမ္ဘာ ၊ နတ်ဆိုးကမ္ဘာ နှင့် ငရဲကိုးထပ် စသည့် ဤနယ်ပယ်သုံးခုသည် တိုက်မြေ သုံးထောင်၏ နယ်မြေ ၃၀%ကို ပိုင်ဆိုင်ထားသည်။
ထိုနယ်ပယ်သုံးခုကို တိုက်မြေ ဟု မယူဆဘဲ ၊ သီးခြားနယ်မြေတစ်ခု ဖြစ်သည်ဟု ယူဆရပေမည်။
မရဏကမ္ဘာသည် အလွန် ကြောက်စရာကောင်းပြီး ၊ သွားလာလှုပ်ရှားနေကြသော ပုံပျက်ပန်းပျက် သရဲတစ္စေများသည် ဤနေရာ၏ ဆိုးသွမ်းမှုကို ဖော်ပြနေသည်။
အဆုံးမရှိသော တစ္ဆေစွမ်းအင်များစွာ ရှိနေပြီး ၊ ဤနေရာ၌ အခြားသူများ ကျူးကျော်ဝင်ရောက်လာခဲ့ပါက ၊ ၎င်းတို့သည် ဤတစ္ဆေစွမ်းအင်၏ တိုက်ရိုက် ဝါးမျိုခြင်းကို ခံရပေလိမ့်မည်။
မှောင်မိုက်သော ရှေးနန်းဆောင်ကြီး အတွင်းမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအသံသည် အရပ်လေးမျက်နှာ လှည့်ပတ်သွားလာနေကြသော တစ္စေတချို့ကိုပင် တိုက်ရိုက် သေဆုံးသွားစေသည်။
“ ကောင်းလိုက်တဲ့ ကွေးယွမ် သူတော်စင် နယ်မြေ ! ကောင်းလိုက်တဲ့ ချူးကျန့်ရှင်း!”
“ငါ့ နတ်ဘုရားအချုပ်ထောင် နန်းတော်က ဧကရာဇ်မင်း သုံးပါးကို သတ်လိုက်တဲ့အပြင် ငါ့ဘိုးဘွားပိုင် နယ်မြေကိုပါ ဖျက်ဆီးပစ်တယ်!”
“ဒီ့အတွက်မှ လက်စားမချေရရင် ၊ ငါ ဒီတသက် မကျေဘူး !!”
အသံပိုင်ရှင်မှာ အနက်ရောင် ဝတ်လုံတော်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးပင် ဖြစ်သည်။
ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်သည် အပြင်းအထန် ဒဏ်ရာရနေပုံ ပေါ်ပြီး ၊ အသက်ရှုသံမှာ တည်ငြိမ်မှု မရှိချေ။
သူသည် ဤနတ်ဘုရားအချုပ်ထောင် နန်းတော်၏ အရှင်သခင်ပင် ဖြစ်သည်။
ချူးကျန့်ရှင်းသည် သူ၏ နတ်ဘုရားအချုပ်ထောင် နန်းတော်ထံသို့ ဓားတစ်လက်ဖြင့် ရောက်ချလာခဲ့ပြီး ၊ ၎င်းတို့၏ ဘိုးဘွားပိုင် နယ်မြေအများစုကို ဖျက်စီးပစ်ခဲ့ပြီး ဘိုးဘေးပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။
အကယ်၍ မရဏကမ္ဘာ၏ ငရဲနန်းတော်နှင့် မြေအောက် ကမ္ဘာသာ ဝင်စွက်ဖက်ခြင်း မပြုခဲ့ပါက ၊
သူတို့ နယ်မြေတစ်ခုလုံး ချူးကျန့်ရှင်း၏ ပစ်မှတ် ဖြစ်သွားနိုင်သည်။
“နန်းတော်သခင်... ဒီ့အတွက် ဘာမှ မတတ်နိုင်တဲ့ အခြေအနေတစ်ခုပဲ “
ခပ်ပိန်ပိန် အဘိုးကြီးတစ်ဦးက ဆိုလိုက်သည်။
“အခု ငရဲနန်းတော်နဲ့ မြေအောက်ကမ္ဘာက ကွေးယွမ် သူတော်စင် နယ်မြေကို အရေးယူဖို့ ဆုံးဖြတ်လိုက်ပြီ “
“ ဒီလိုသာဆို ကျွန်တော်တို့ နတ်ဘုရားအချုပ်ထောင် နန်းတော်က အခွင့်အရေး ရှိနိုင်တယ် ..”
အဘိုးအို၏ စကားကိုကြားပြီးနောက် ၊ မူလက ဒေါသထွက်နေခဲ့သော နန်းတော်သခင်၏ စိတ်အခြေအနေမှာ ဖြည်းဖြည်းချင်း စိတ်ငြိမ်သက်သွားသည်။
“ ကွေးယွမ် သူတော်စင် နယ်မြေက စူးချန်ကဲအတွက် မျိုးဆက်သစ် လူငယ်တွေက ဓားသွေးကျောက် အဖြစ် အသုံးချရတာ သဘောကျမှတော့ အဲ့ဒီဓား ဘယ်လောက်တောင် ထက်လဲ ဆိုတာ ငါ သိချင်သေးရဲ့ “
“ မင်ထျန်းဇီ ၊ ယင်ထျန်းဇီရဲ့ ကိုယ်ရည်ကိုယ်သွေးကို မွမ်းမံဖို့ ချောက်နက်ရေကန်ကို ဖွင့်စေ “
နန်းတော်သခင်၏ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်မှု အရိပ်အမြွက်များဖြင့် ပြည့်နှက်နေသည်။
ကျန့်ရှင်းဘိုးဘေးသည် ၎င်းတို့၏ နတ်ဘုရားအချုပ်ထောင် နန်းတော်ကို အဘယ့်ကြောင့် လုံးလုံးလျားလျား မဖျက်ဆီးခဲ့မှန်းကို သူ နားလည်သည်။
သူတို့သည် စူးချန်ကဲအတွက် ဓားသွေးကျောက် အဆင့်ထက် မပိုချေ။
နတ်ဆိုးချောက်နက်တွင်လည်း အလားတူ အခြေအနေမျိုးပင် ဖြစ်သည်။
နတ်ဆိုးကမ္ဘာရှိ ရှေးခေတ် အင်အားစုများစွာ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် သူတို့ကို ဖျက်စီးခံရတော့မည့် ကိန်းမှ ပြန်လည် ကယ်တင်နိုင်ခဲ့သည်။
သို့သော် သူတို့သည်လည်း နတ်ဘုရားအချုပ်ထောင် နန်းတော်ကဲ့သို့ ၊ အေးအေးဆေးဆေး ထိုင်ကြည့်နေကြမည့် သူတွေ မဟုတ်မှန်း သိသာပေသည်။
…..
နတ်ဆိုးကမ္ဘာ ၊ နတ်ဆိုးချောက်နက်
နတ်ဆိုးချောက်နက် တည်ရှိရာ ချောက်နက်ထဲ၌ ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင် လှိုင်းများ ရှိနေသည်။
ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင် မုန်တိုင်းကြီးသည် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ပြုလုပ်ပြီးနောက်တွင် ပြီးဆုံးသွားခဲ့ပုံရသည်။
နတ်ဆိုးချောက်နက်၏ ဘိုးဘွားပိုင် နယ်မြေ ထက်ဝက်ကျော်မှာ ကျန့်ရှင်းဘိုးဘေး၏ ဖျက်စီးခြင်းကို ခံခဲ့ရသည်။
နတ်ဆိုးချောက်နက်၏ လက်ကျန် အဆင့်မြင့်အရာရှိအနည်းငယ်မှာ ယခုအချိန်တွင် ပြာနှမ်းနေကြပြီး ၊ အပြင်းအထန် ဒဏ်ရာရနေပုံ ပေါ်သည်။
ပလ္လင်ပေါ်ရှိ ချောက်နက်အရှင်သခင်၏ မျက်နှာအမူအယာမှာလည်း ကြည့်ရဆိုးနေသည်။
“ ကွေးယွမ်ကဟာတွေ အရမ်း အနိုင်ကျင့်လွန်းတယ် “
“ နတ်ဆိုးချောက်နက်ရဲ့ ပထမမျိုးဆက် သခင်သာ အဆုံးမဲ့ အရိုးဖြူပင်လယ်ထဲမှာ ပိတ်မိမနေခဲ့ရင် ၊ ခုလို စော်ကားခံရမှာတဲ့လား!?”
ဤအခိုက်အတန့်တွင်မူ ၊ ချောက်နက် အရှင်သခင်၏ ဒေါသမှာ အထွပ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ချူးကျန့်ရှင်းသည် သူတို့၏ ဘိုးဘွားပိုင် နယ်မြေကို ထိပါးခဲ့သည်။
“ဒါပေမယ့် ချောက်နက် အရှင်သခင်... ဒီတစ်ခေါက် အဆုံးမဲ့ နတ်ဆိုးဂူက လာပြီး ကူညီမယ့်အပေါ်... သူ့မှာ တခြား အကြံ ရှိမှာကို စိုးမိတယ်!”
အဘိုးကြီးတစ်ယောက်က တုန်လှုပ်စွာဖြင့် လျှောက်တင်လိုက်သည်။
အဆုံးမဲ့ နတ်ဆိုးဂူသည် သူတို့ နတ်ဆိုးကမ္ဘာ၏ အခြားရှေးဟောင်း အင်အားစု တစ်စုပင် ဖြစ်သည်။
အပိုင်း(၂၁၃): တစ္စေမျက်လုံး
“အို....”
“အဆုံးမဲ့ နတ်ဆိုးဂူက အဆုံးမဲ့ အရိုးဖြူပင်လယ်အကြောင်းကို သိချင်နေလို့ပဲ မဟုတ်လား?”
ချောက်နက်သခင် က ကဲ့ရဲ့ရှုတ်ချလိုက်သည်။
မူလက နတ်ဆိုးကမ္ဘာ နှင့် မရဏကမ္ဘာသည် နယ်ပယ်တစ်ခုတည်း ဖြစ်ခဲ့သည်။
သို့သော် အတိတ်တွင် ကြီးမားသော အပြောင်းအလဲကြီး တစ်ခု ဖြစ်ပျက်ခဲ့ရင်းက ဤကမ္ဘာနှစ်ခုသည် တစ်နေရာစီ ကွဲကွာခဲ့ကြသည်။
သူတို့၏ ဘိုးဘေးများသည် နတ်ဆိုးကမ္ဘာနှင့်သက်ဆိုင်သော အရာတစ်ခုကို ရယူရန် အဆုံးမဲ့အရိုးဖြူ ပင်လယ်ထဲသို့ သွားရောက်ခဲ့သည်။
သို့သော် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပျက်ခဲ့ပြီး ၊ သူတို့အားလုံး အထဲမှာတင် ပိတ်မိသွားခဲ့သည်။
ဤထာဝရတိုက်ပွဲကြီး မဖြစ်ခင်ကတည်းက ၊
နတ်ဘုရားအချုပ်ထောင် နန်းတော်သည် အဆုံးမဲ့ အရိုးဖြူပင်လယ်နှင့် ပတ်သက်သော သဲလွန်စအချို့ကို ရရှိထားမှန်း သူတို့အားလုံး သိထားကြသည်။
အရိုးပင်လယ် မှော်ပုလွေ။
သို့သော် ဤဒဏ္ဍာရီပစ္စည်းမှာ ကွေးယွမ် သူတော်စင် နယ်မြေမှ စူးချန်ကဲ၏ သိမ်းယူခြင်းကို ခံလိုက်ရသည်။
မူလက သူတို့သည် ဤထာဝရစစ်ပွဲကို အသုံးချ၍ ကွေးယွမ် သူတော်စင် နယ်မြေမှ ထိုအရိုးပင်လယ် မှော်ပုလွေအား လွှဲပြောင်းပေးရန် ဖိအားပေးဖို့ ကြံစည်ခဲ့သည်။
ရလဒ်အနေဖြင့် ၊ ဘာမှ မရရှိခဲ့ရုံသာမက ကြီးမားသော တန်ကြေးကို ပေးဆောင်ခဲ့ရသည်။
ထိုအချင်းအရာကို တွေးလိုက်တိုင်း၊ နတ်ဆိုးချောက်နက်၏ အရှင်သခင်မှာ ပို၍ ဒေါသထွက်ရသည်။
ရုတ်တရက် သူသည် တစ်စုံတစ်ခုကို တွေးမိလိုက်ပုံရပြီး ၊ သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု လှစ်ဟသွားလေသည်။
“အဆုံးမဲ့ နတ်ဆိုးဂူ က အဆုံးမဲ့ အရိုးဖြူ ပင်လယ်ထဲကို သွားချင်နေတာ မဟုတ်လား?”
“ အဲ့တာဆိုလည်း ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူလက်ထဲ အရိုးပင်လယ် မှော်ပုလွေ ရထားကြောင်း သူတို့ကို ပြောပြလိုက် ၊ ငါ နတ်ဆိုးချောက်နက်ကလည်း သူတို့နဲ့ အသေးစိတ် ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ပြောလိုက် “
ထိုစကားကို ကြားလိုက်ရသော လက်အောက်ငယ်သား အရာရှိများမှာ အံ့ဩသွားကြသည်။
“ ချောက်နက်အရှင်သခင် သဘောက...”
ချောက်နက်အရှင်သခင်သည် အေးစက်စွာ ပြုံးရယ်လိုက်သည်။
“ လောင်နေတဲ့မီး ယက်ခပ်ပေးရုံပေါ့ “
“ စူးချန်ကဲမှာ အရိုးပင်လယ် မှော်ပုလွေ ရှိနေမှတော့ မရဏကမ္ဘာရဲ့ အဆုံးမဲ့ အရိုးဖြူပင်လယ်ကို သေချာပေါက် သွားလိမ့်မယ် “
“ ငါတို့ဘက်က လူတိုင်းသိအောင် ဖြန့်ပေးလိုက်ရုံနဲ့ တစ်စုံတစ်ယောက်က ငါတို့အတွက် သဘာဝကျကျ ဖြေရှင်းပေးလိမ့်မယ်”
ထိုအကြောင်းနှင့်စပ်လျဉ်း၍ ၊ ချောက်နက်အရှင်သခင်က ထပ်မံ ဆိုလိုက်သည်။
“ ငါ နတ်ဆိုးချောက်နက်ရဲ့ ဧကရာဇ်သားတော် နိုးထလာတော့မယ် ၊ အချိန်ကျတာနဲ့ စူးချန်ကဲကို တားစီးဖို့ မရဏကမ္ဘာကို စေလွှတ်လိုက်မယ်”
“ စူးချန်ကဲ ၊ မင်း အဆုံးမဲ့ အရိုးဖြူပင်လယ်ကို အေးအေးလူလူ သွားရမယ် ထင်လား ၊ အိမ်မက် မက်နေလိုက် !”
…..
ထာဝရ အင်အားစုများ၏ အရင်းအမြစ်များကို ကွေးယွမ် သူတော်စင် နယ်မြေသည် ၎င်းတို့၏ လက်အောက်ခံများထံ ခွဲဝေပေးခဲ့သည်။
ကျန်ရှိသော ဧကရာဇ်လက်နက်အချို့မှာလည်း အလားတူ ကွေးယွမ် သူတော်စင် နယ်မြေ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။
ထိုအရင်းအမြစ်များအတွက်၊ ကွေးယွမ် သူတော်စင် နယ်မြေသည် အလားတူ တွဲဘက်တပ်ဖွဲ့များထံသို့ ဖြန့်ဝေပေးခဲ့သည်။
ထာဝရ တိုက်ပွဲ နှစ်ပွဲလုံးတွင် ဤဆက်စပ် တပ်ဖွဲ့များ အနေဖြင့် များစွာ ကြိုးပမ်းအားထုတ်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ၊ ကွေးယွမ် သူတော်စင် နယ်မြေ၏ ပင်မခန်းမဆောင်အတွင်း၌
နယ်မြေပြင်ပစစ်မြေပြင် မှ ပြန်လာကြသော ဧကရာဇ်မင်းများ အားလုံး ဤနေရာတွင် စုဝေးရောက်ရှိနေကြသည်။
စူးချန်ကဲခမျာ ရှားပါးတိရိစ္ဆာန်ကဲ့သို့ ဧကရာဇ်မင်းများစွာ၏ စောင့်ကြည့်ခြင်းကို ခံနေရသည်။
အထူးသဖြင့် စူးချန်ကဲကို စိုက်ကြည့်နေသော ဧကရီများစွာ၏ မျက်ဝန်းအကြည့်များက ပို၍ ဝင်းလက်တောက်ပနေသည်။
သူ၏ ချောမောသော မျက်နှာထား ၊ ကိုယ်ရည်ကိုယ်သွေးတို့က သေမျိုးလောကထဲက အချောတကာ့ အချောဆုံး သခင်လေး တစ်ယောက်လိုပင်။
“မဆိုးဘူး ၊ချောလွန်းတယ် ၊ အနာဂတ်မှာ ဧကရာဇ်မင်းမြတ် အဆင့်ကို ရောက်လာခဲ့ရင် ဒီ့ထက် ပိုချောလာဦးမှာ “
“ဒီည လကို ရှုစားရအောင် မမ နဲ့ လိုက်ခဲ့ပါ့လား ၊ မမ မင်းကို ဧကရာဇ်လက်နက် ပေးမယ်လေ ဘယ်လိုလဲ?”
“မုရှင်း ၊ အားတိုင်း ချောင်းနေတဲ့ ဧကရီမ ၊လကို ရှုစားဖို့ ကြံနေသေးတယ်ပေါ့လေ?”
နောက်ထပ် ဧကရီတစ်ပါးက စူးချန်ကဲကို ကြည့်ရင်း ဆိုလိုက်သည်။
“ ချန်ကဲ မောင်လေး ၊ ဒီည မမနဲ့ တချို့အရာလေးတွေ စူးစမ်းရအောင်လား?”
“ မမလည်း မင်းကို ဧကရာဇ်လက်နက် ပေးမယ်လေနော် “
စူးချန်ကဲ ခမျာ မှုန်ကုတ်နေလေ၏။ သူတို့အကုန်လုံးက ဧကရီအဆင့်တွေလေ !!
သူ့ခမျာ နိုင်အောင်လည်း မတိုက်နိုင်သလို ၊ စော်ကားလို့လည်း မဖြစ်ချေ။
ရွှမ်ယွီဧကရီသည် အခက်တွေ့နေသော စူးချန်ကဲကို သတိပြုမိပုံရကာ ကြားဖျတ်ဆိုလိုက်သည်။
“ ကဲ တော်ပါတော့ ၊ ချန်ကဲ မောင်လေးကို စနေတာ ရပ်ကြတော့ “
ရွှမ်ယွီ ဧကရီသည် စူးချန်ကဲကို သူမဘေးနားသို့ ဆွဲခေါ်လိုက်သည်။တကယ်တော့ သူမသည် ကိုယ့်အစာကို ပြန်ကာကွယ်လိုက်ပုံရသည်။
“အန္တရာယ်မှ လွှတ်ပြီ “ဟု ထင်ထားသော စူးချန်ကဲခမျာ တစ်ဖန် ငိုချင်သွားသည်။
ဝံပုလွေတွင်းကနေ လွှတ်ပြီးကာမှ ၊ ကျားပါးစပ်ထဲ ပြန်ဝင်သွားသလိုပင်။
ထိုစဉ် ၊ ပိုင်ကျန့်ဧကရာဇ်မင်းက စူးချန်ကဲအား မေးလာခဲ့သည်။
“ ချန်ကဲ ၊ ငါ့ရဲ့ ဖန်ထျန်းလက်ဝါး ကို မင်း ဘယ်ကနေ သင်လာတာလဲ?”
“ ငါ မှတ်မိသလောက် ငါ မင်းကို ဒီအကွက် မသင်ပေးဖူးပါဘူး”
ပိုင်ကျန့် ဧကရာဇ်မင်းထံမှ ထိုစကားကို ရုတ်တရက် ကြားလိုက်ရသည်။
စူးချန်ကဲ တုံ့ဆိုင်းသွားသည်။ဤအရာကို စနစ်ရွေးချယ်မှုများမှ တစ်ဆင့် ရလာကြောင်း တဖက်လူကို သူ မည်သို့ ပြောပြရမည်နည်း။
သူ ရှင်းပြရန် ဟန်ပြင်လိုက်စဉ် ၊ ဟွမ်ထျန်း ဧကရာဇ်မင်းက ကြားဖျက်ဆိုလိုက်သည်။
“ ပိုင်ကျန့် ၊ မင်း ကြိတ်ပျော်နေတာမလား ၊ ချန်ကဲက မင်းရဲ့ ဖန်ထျန်းလက်ဝါးကို တတ်မြောက်ခဲ့ပြီ ဆိုမှတော့ မင်းရဲ့ အမွေဆက်ခံသူ ပေါ်လာပြီ ဆိုတဲ့ သဘောမလား “
ပိုင်ကျန့်ဧကရာဇ်မင်းက ထိုစကားကို ကြားတော့ ခေါင်းတယမ်းယမ်းဖြင့် ပြုံးလိုက်သည် ။တကယ်တော့ သူသည် နောက်ထပ် မေးခွန်းများ မေးရန် အဆင်သင့် မဖြစ်သေးပေ။မည်သို့ပင် ဆိုစေကာမူ ၊ လူတိုင်း လျို့ဝှက်ချက်ကိုယ်စီ ရှိတတ်ကြသည်။
အထူးသဖြင့် ၊ စူးချန်ကဲလို ဘက်ပေါင်းစုံ ထူးချွန်သော သူတစ်ယောက်တွင် လျို့ဝှက်ချက်များစွာ ရှိတတ်ကြသည်။
မည်သို့ပင်ဖြစ်စေ ၊ စူးချန်ကဲသည် သူတို့ ကွေးယွမ် သူတော်စင် နယ်မြေ၏ ဆက်ခံသူ တစ်ယောက် ဖြစ်သည်။သူတို့အနေဖြင့် မေးခွန်းတွေ အများကြီး မေးဖို့ ဘာအကြောင်းမှ မရှိ။
“ ထောင်ချီ ကြားနေရတာထက် စာရင် တစ်ခါ မြင်လိုက်ရတာက ပိုကောင်းတယ် “
ထိုအချိန် ၊ခန်းမ အပြင်ဘက်မှ ပြုံးရယ်နေသော အမျိုးသား တစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
“ တိ့ကျန့် ၊ မင်းပြန်လာတာ နှေးတယ် ၊ ရှောင်ရှီထျန်းဘက်က ဖြေရှင်းပြီးပြီလား”
တိ့ကျန့်က ဖြေသည်။
“လမ်းတစ်လျှောက် ပြဿနာ နည်းနည်း ရှိသေးတာနဲ့ ကြာသွားတယ် ၊ ရှီထျန်းသင်ကြားရေးဂိုဏ်းက ကျန်ရှိ စိတ်ဝိညာဉ်တွေက ဝင်ရောက်စွက်ဖက်နေလို့ ၊ သူတို့ကို ငါ ရှင်းပစ်လိုက်တယ်”
“ရှီထျန်းသင်ကြားရေးဂိုဏ်း?”
စူးချန်ကဲ အနည်းငယ် စိတ်ရှုပ်သွားသည်။သူသည် ဤကမ္ဘာပေါ်ရှိ အင်အားစု အချို့နှင့် ပတ်သတ်၍ နားမလည်သေးသော အရာတစ်ချို့ ရှိနေသးသည်။
ဤကြီးကျယ်ခမ်းနားသော တိုက်ပွဲကြီး ပြီးဆုံးပြီးနောက်တွင် ၊ ကောင်းကောင်းမွန်မွန် ဖြတ်သန်းဖို့ဆိုတာ မဖြစ်နိုင်တော့ချေ။
“ဒီကောင်လေးက စူးချန်ကဲ ဖြစ်ရမယ်”
တိ့ကျန့် ဧကရာဇ်မင်းသည် စူးချန်ကဲကို ကြည့်ရင်း ကျေနပ်အားရမှုအပြည့်ဖြင့် ဆိုလိုက်သည်။
“ မဆိုးဘူး ၊ လူတွေကြားထဲမှာတောင် ထင်ပေါ်တယ် “
စူးချန်ကဲ၏ မသိစိတ်က တိ့ကျန့်ဧကရာဇ်မင်းကို ကြည့်နေမိသည်။
တစ်ယောက် နှင့်တစ်ယောက် အကြည့်ချင်း တိုက်ဆိုင်ခဲ့လေရာ ၊ လူကို ရင်သပ်ရှုမောဖွယ်ရာ ဖြစ်စေသော ဖိအားတစ်ခုကို သူ ခံစားလိုက်ရသည်။
ယခုအချိန်တွင် သူ့ကိုယ်သူ အရေးမပါသော ဖြစ်တည်မှု အဖြစ် ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။
“အရမ်း သန်မာလွန်းတယ်”
ဤတိ့ကျန့်ဧကရာဇ်မင်းသည် ယခုလက်ရှိ ဧကရာဇ်များကြားထဲတွင် အလုံးစုံသော အစွမ်းသတ္တိဖြင့် ပြည့်စုံပြီး ၊ အားအသန်ဆုံးသော ဧကရာဇ်မင်းတစ်ပါးပင် ဖြစ်သည်။
မူလက အားအသန်ဆုံး ဧကရာဇ်မင်းမှာ ဟွမ်ထျန်း ဧကရာဇ်မင်း ဖြစ်သည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ၊ ယခုလို တိ့ကျန့်ဧကရာဇ်မင်းကို မြင်လိုက်ရချိန်မှာတော့ ကွေးယွမ် သူတော်စင် နယ်မြေ၏ နက်နဲမှုကို သူကိုယ်တိုင်ပင် နားမလည်နိုင်တော့ပေ။
စူးချန်ကဲ၏ အတွေးကို တစ်ဖက်လူက နားလည်ပုံရပေသည်။
တိ့ကျန့် ဧကရာဇ်မင်းက ပြုံးကာ ဆိုလိုက်သည်။
“ မင်း အဲ့လောက်ထိ ဖိအားများနေစရာ မလိုဘူး ၊ ငါ မင်းကို မြင်နိုင်တယ် “
“မင်းအနာဂတ်မှာ ဧကရာဇ်မင်းမြတ် တစ်ပါးဖြစ်လာရင် ၊ မင်းငါ့ကို မရှုံးမှာ သေချာတယ် ၊ ငါ့ထက်တောင် သာလွန်နေဦးမှာ “
“ တိ့ကျန့် ၊ အဲ့တာတွေ ပြောနေလို့ ဘာထူးမှာလဲ ၊ ချန်ကဲ မောင်လေးနဲ့တွေ့ဖို့က လွယ်တာ မဟုတ်ဘူး ၊ နင့်ရဲ့ ဒီလောက်များတဲ့ ရတနာတွေကို နည်းနည်းလောက်တောင် ထုတ်မပေးတော့ဘူးလား?”
ရွှမ်ယွီဧကရီ၏ ကဲ့ရဲ့သံကို နားထောင်ရင်း ၊ တိ့ကျန့် ဧကရာဇ်မင်းက အနည်းငယ် ပြုံးလိုက်သည်။
“အဲ့လိုဆိုမှတော့ ၊ ငါ့မှာ ပစ္စည်းကောင်း တစ်ခုရှိတယ်”
သူသည် ပစ္စည်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။
အနီရောင် ပမာ တောက်ပနေသော ရတနာတစ်ခုသည် သူ ဖွင့်ထားသော အာကာသ အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာခဲ့သည်။
ယင်းအရာသည် စူးချန်ကဲ အနားသို့ ရောက်ရှိလာခဲ့ချိန်၌ ၊ ထိုမှသာလျှင် သူသည် ထိုပစ္စည်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထိုပစ္စည်းသည် မျက်လုံးတစ်လုံးလို ဖြစ်ပြီး ၊ ယင်းအပေါ်၌ ပြင်းထန်သော တစ္ဆေစွမ်းအင်များက ဝန်းရံထားသည်။
ယင်းအရာမှ ထုတ်လွှတ်နေသော ရောင်ဝါသည် ပတ်ဝန်းကျင်တစ်ခုလုံး၏ အပူချိန်ကို သိသိသာသာ ကျဆင်းသွားစေသည်။
“ တိ့ကျန့် ၊ နင်က ဒီလိုပစ္စည်းကောင်းကို ချန်ကဲကို တကယ်ကြီး ပေးတာလား?”
ရွှမ်ယွီ ဧကရီသည် လေးနက်စွာဖြင့် ကြည့်ရှုနေသည်။
“ဒါ နင် နယ်မြေပြင်ပစစ်မြေပြင်မှာ ရခဲ့တဲ့ တစ္ဆေမျက်လုံးပဲ မဟုတ်လား၊ ဒါကို စူးချန်ကဲကို ပေးတယ်၊ နင် သူ့ကို သတ်ချင်နေတာလား”
“ တစ္စေမျက်လုံး” ဟူသော စကားကို ကြားလိုက်ရသော အခါတွင် စူးချန်ကဲတစ်ယောက် အံ့အားသင့်သွားသည်။
နတ်တစ္စေသွေးကို သူသိသည် ။ သို့သော် ဤတစ္စေမျက်လုံးကား အဘယ်နည်း။
စူးချန်ကဲ၏ သံသယကို မြင်တွေ့နေပုံရသော တိ့ကျန့် ဧကရာဇ်မင်းက ရှင်းပြလိုက်သည်။
“ နတ်တစ္စေကို မင်း သိမှာပါ ၊ လွန်ခဲ့တဲ့ မရေမတွက်နိုင်တဲ့ ခေတ်ကာလတုန်းက မရဏကမ္ဘာကို ပေါင်းစည်းခဲ့တဲ့ ပုဂ္ဂိုလ်ပဲ “
“ဒီမျက်လုံးက သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ ဘာလို့လဲဆိုတော့ ငါ မင်းဆီကနေ နားမလည်နိုင်တဲ့ အငွေ့အသက်ကို ခံစားမိတယ်”
“မင်းရဲ့ ရင်ဘတ်မှာ ရှိနေတဲ့ အရာမှာ တစ္စေစွမ်းအင် အငွေ့အသက်တွေ ရှိနေတယ် ၊ ဒီအရာက ရှားပေမယ့် ငါ့အတွက် အသုံးမဝင်ဘူး”
“ဆိုတော့ ငါ မင်းကို ပေးလိုက်မယ်”
စူးချန်ကဲသည် တိ့ကျန့် ဧကရာဇ်မင်း၏ ရှင်းပြမှုကို နားထောင်ပြီး အနည်းငယ် ထိတ်လန့်သွားသည်။
တစ်ဖက်လူသည် သူ့ခန္ဓာကိုယ်ထဲက ချန်ရှန်းအရိုးကို ချက်ခြင်းသတိပြုမိပုံရသည်။
သို့ရာတွင်၊ ဤတစ္စေမျက်လုံးသည် မရဏကမ္ဘာနှင့် ခွဲ၍မရသောဆက်ဆံရေးရှိသည်။
မူလက သူသည် မရဏကမ္ဘာရှိ အဆုံးမဲ့ အရိုးဖြူ ပင်လယ်ထဲသို့ သွားရောက်ရာတွင် လူသားသန့်စင်ဆေး ဖြစ်သည့် ထန်ဝူအာ တစ်ယောက်တည်းနဲ့တင် လုံလောက်ပါ့မလားဟု တွေးနေခဲ့သည်။
အခုတော့ သူ လိုချင်နေခဲ့တဲ့ တကယ့် အရာ ရခဲ့ပြီလေ!