အခန်း (၂၁၄-၂၁၇)
Vol. 15 Ch. 214-217
အပိုင်း(၂၁၄): အနှိုင်းမဲ့သုတ္တန် ၊ ချန်းကူကောင်းကင်ကိုယ်ထည်(ဂြိုလ်)
ထိုအခိုက်အတန့်တွင် ၊ စနစ်၏ အသံက ထပ်မံထွက်ပေါ်လာခဲ့သည်။
[ရွေးချယ်စရာ မစ်ရှင် -
ရွေးချယ်မှု : ၁ - ကျေးဇူးပြု၍ မရဏကမ္ဘာသို့ သွား၍ တစ္စေမျက်လုံးကို တစ္စေနတ်ဘုရားကျောင်းသို့ ပြန်ပို့ပါ
ဆုလာဘ် : နတ်တစ္စေကျမ်း
ရွေးချယ်စရာ :၂ - တစ္စေမျက်လုံးကို သင်္ချိုင်းဓားကိုးတောင်ဆီသို့ ယူဆောင်လာပါ
ဆုလာဘ် : ဓားသေတ္တာ ကိုးလက် ၊
ကျေးဇူးပြု၍ သတိပြုရန် - ဤလုပ်ဆောင်ချက်သည် တစ္စေနတ်ဘုရားကျောင်း၏ ရန်လိုမှုကို နှိုးဆွပေးနိုင်သောကြောင့် သင်၏ အသက်အန္တရာယ် ထိခိုက်နိုင်သည် 】
စနစ်၏ စကားသံကို ကြားလိုက်ရချိန်၊ စူးချန်ကဲ ခေါင်းတစ်ခုလုံး ထုံကျင်သွားသည်။
သင်္ချိုင်းဓားကိုးတောင်။
၎င်းသည် မရဏလေးပါးထဲက တစ်ခုဖြစ်သည်။
ထို့အပြင် ဤဓားသေတ္တာကိုးလက်သည် သင်္ချိုင်းဓားကိုးတောင်၏ ဒဏ္ဍာရီလာ ပစ္စည်းတစ်ခုပင် ဖြစ်သည်။
ထို့အပြင် ဤအရာသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးနေခဲ့သော ဒဏ္ဍာရီလာ ပစ္စည်းပင် ဖြစ်သည်။
မစ်ရှင်ကို အောင်မြင်အောင် လုပ်ဆောင်ခြင်းဖြင့် စနစ်ထံမှ တိုက်ရိုက် ရရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤအရာသည် တားမြစ်ထားသော ပစ္စည်းတစ်ခု ဆိုလည်း ဟုတ်ပေသည်။
မည်သို့ပင် ဖြစ်စေ ၊ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ပင်လျှင် သူ့ကို ပစ်မှတ်ထားနေပြီ ဖြစ်ရာ ၊ တစ္စေနတ်ဘုရားကျောင်း နောက်ထပ်တစ်ခု ပိုလာလည်း သူကတော့ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။
စူးချန်ကဲသည် တိ့ကျန့် ဧကရာဇ်မင်းအား ကျေးဇူးတင်ကြောင်း ဖော်ပြရန် ဟန်ပြင်လိုက်စဉ် ၊
ကြီးကျယ်ခမ်းနားသော အသံသည် ကွေးယွမ် သူတော်စင် နယ်မြေတစ်ခုလုံး၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“နယ်မြေပြင်ပစစ်မြေပြင်မှာ အပြောင်းအလဲတွေရှိတယ် ၊ ကွေးယွမ်ဘိုးဘေးမြေကို အမြန် လာခဲ့ ၊ အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးစရာ ရှိတယ် “
နဂိုက စည်ကားနေသော ခန်းမကြီးမှာ တိတ်ဆိတ်သွားသည်။
ဧကရာဇ်မင်းများအားလုံး လေးနက်နေပုံရသည်။
နယ်မြေပြင်ပစစ်မြေပြင်တွင် အပြောင်းအလဲ တစ်ခု ရှိခြင်းသည် ယိ့ မျိုးနွယ်စုတို့၏ နောက်ထပ် တိုက်ခိုက်မှုတစ်ခု ရှိနေပြီ ဟု ဆိုလိုနိုင်သည်။
ဒီတစ်ခါတော့ လှိုင်းဒဏ်အကြီးစား ဖြစ်မှာကို စိုးရပေသည်။
“ ချန်ကဲ ၊ မင်း ကောင်းကောင်း လေ့ကျင့်ပြီး ဧကရာဇ်မင်းမြတ် အမြန် ဖြစ်လာအောင် လုပ်ရမယ် “
တိ့ကျန့် ဧကရာဇ်မင်းက ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။
“နယ်မြေပြင်ပစစ်မြေပြင်မှာ မင်းနဲ့တွေ့ဖို့ မျှော်လင့်နေမယ်”
ထို့နောက်တွင်၊ ဧကရာဇ်မင်းမြတ်များသည် စူးချန်ကဲ အတွက် လက်ဆောင်အချို့ကို ပေးအပ်ခဲ့ပြီး ဘိုးဘွားပိုင် နယ်မြေဆီသို့ အမြန် သွားရောက်ခဲ့သည်။
ဧကရာဇ်မင်းများ ထွက်ခွာသွားပြီးနောက်မှသာလျှင် ၊ စူးချန်ကဲ၏ နောက်လိုက်များသည် ခန်းမထဲသို့ ရဲရဲဝံ့ဝံ့ ဝင်လာရဲသည်။
လျှို့ဝှက်ရတနာများစွာကို တပိုးတပိုက် သိမ်းပိုက်ထားသော စူးချန်ကဲကို ကြည့်ရင်း ၊ လူတိုင်း အားကျနေမိသည်။
သို့သော် စူးချန်ကဲအနေဖြင့် ထွေထွေထူးထူး ခံစားချက်မျိူး မရှိချေ။
ဤဧကရာဇ်လက်နက်များမှာ သူ့အတွက် အသုံးမဝင်သလို ၊ ကျင့်ကြံ အရင်းအမြစ်များမှာလည်း ပြတ်လပ်သွားသည် ဟူ၍ မရှိ။
သူသည် နောက်လိုက်များထံ ပစ္စည်းများကို ခွဲဝေပေးခဲ့ပြီးနောက် ၊ ကျင့်ကြံရန် ကွေးယွမ်ဘုရားကျောင်းသို့ အမြန် ပြန်သွားခဲ့သည်။
အလျင်စလို ထွက်ခွာသွားသော စူးချန်ကဲကို ကြည့်ရင်း ၊ သူတို့၏ ရင်ထဲ၌ စူးချန်ကဲသည် နက်ရှိုင်းစွာ နေရာယူထားခဲ့ပြီ ဖြစ်သည်။
“ ချန်ကဲ ဆက်ခံသူ က ဒီလောက်တောင် အစွမ်းထက်တာ ၊ ကျင့်ကြံဖို့ကို ဘယ်တော့မှ နောက်မဆုတ်တတ်ဘူး “
“ငါတို့လည်း သေချာ ကြိုးစားအားထုတ်ရမယ်!”
…..
ကွေးယွမ် ဘုရားကျောင်းအတွင်း ၊
အကာအကွယ်စည်း တည်ဆောက်ပြီးနောက်၊ စူးချန်ကဲသည် ကြေးဝါဗိမ္မာန်တွင် ရရှိခဲ့သော အနှိုင်းမဲ့သုတ္တန်ကို ထုတ်ယူလိုက်သည်။
လေဟာပြင်ထဲတွင် ရောင်စဉ်အလင်းတန်းများ ပြိုးပြိုးပျက်ပျက် တောက်ပနေ၏။
ထိုရောင်စဉ်အလင်းတန်းများကြားထဲက ရှေးဟောင်း စာအုပ်တစ်အုပ် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
အထူးသဖြင့် ထိုရှေးဟောင်းစာအုပ်ပေါ်တွင် ရိုးရှင်းသော အက္ခရာများဖြင့် ရေးထွင်းထားသည်။
“ အနှိုင်းမဲ့သုတ္တန်ကို အသုံးပြုမယ်”
စူးချန်ကဲ၏ ရေရွတ်သံအပြီးတွင် ၊
မူလက လေပေါ်တွင် ရှိနေသော ရှေးဟောင်းစာအုပ်သည် ရုတ်တရက် အလင်းစီးကြောင်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၊ စူးချန်ကဲ၏ နတ်အသိစိတ် ပင်လယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ၊သူ့စိတ်ထဲ၌ မက်ဆေ့ခ်ျတစ်ခု ထွက်ပေါ်လာခဲ့သည်။
[ အနှိုင်းမဲ့သုတ္တန် - ရှေးနတ်ဘုရားအဆောင်မှ တန်ခိုးအကြီးမားဆုံး အမတ မဟာဧကရာဇ်မင်း လေးပါးမှ ဖန်တီးခဲ့သည်။ လူလေးဦး၏ အတွေးအခေါ်များကို ပေါင်းစပ်၍ အရာခပ်သိမ်းကို ကောင်းကင် နှင့် မြေကြီးထံသို့ ရောက်နိုင်မည့် ကြီးမြတ်သော လမ်းစဉ်အဖြစ်သို့ ပြောင်းလဲပေးသည်။ သင်တွေးသမျှသည် အစစ်အမှန် ဖြစ်လာပေမည်]
[ အနှိုင်းမဲ့သုတ္တန်ကို ပထမပိုင်း နှင့် ဒုတိယပိုင်း ဟူ၍ ခွဲခြားထားသည် ။
[ ပထမပိုင်း - ကျင့်ကြံသူသည် ကမ္ဘာပေါ်ရှိ အရာခပ်သိမ်း၏ ရောင်ဝါကို အလိုအလျောက် တုပနိုင်ပြီး ၊ မိမိ၏ ရောင်ဝါကိုပင် ပြောင်းလဲစေနိုင်သည် ]
[ ဒုတိယပိုင်း - ကိုယ်ရော စိတ်ပါ တည်ငြိမ်စေပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်စေသည်၊ နေနှင့် လ၏ အနှစ်သာရဖြင့် လမ်းပြမှုအောက်တွင် သောင်းပေါင်းများစွာသော လမ်းစဉ်၏ သဘောတရားတို့ကို ကျင့်ကြံနိုင်သည်၊ သေမျိုးဘဝကို ပယ်၍ မသေမျိုး ခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်သည် ၊ (ဧကရာဇ်မင်းမြတ် အဖြစ် ကျင့်ကြံပြီးမှသာလျှင် နောက်အခန်းကို ဆက်လေ့လာနိုင်မည်) ]
ထိုအချက်အလက်ကို နားလည်သွားပြီးနောက် ၊ စူးချန်ကဲတစ်ယောက် တုန်လှုပ်သွားသည်။
“ မသေမျိုး ခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်တယ်? ဒါက အမတ တိုက်ရိုက် ဖြစ်လာနိုင်တယ် သဘောမဟုတ်လား?”
အခြားသူများသည် ဧကရာဇ်မင်းမြတ် အဆင့်ကို အောင်မြင်ပြီးနောက် ၊ သူတို့သည် အမတ ဖြစ်လာရန် နည်းလမ်းများကို ဆက်လက် ရှာဖွေရဦးမည် ဖြစ်သည်။
သူကတော့ ကောင်းရော ၊ ဘာနည်းလမ်းမှကို ရှာစရာ မလိုဘူး ၊ အနှိုင်းမဲ့သုတ္တန်ကို ကျင့်ကြံလိုက်ရုံနဲ့ အမတ တန်းဖြစ်မယ်တဲ့လား!?
သူ ထင်ထားသည့်အတိုင်း ၊ စနစ်ရှိရုံဖြင့် အရာအားလုံး ချောမွေသွားပေတော့မည်။
စူးချန်ကဲသည် မတွန့်ဆုတ်ဝံ့ဘဲ ဤကမ္ဘာမြေကြီးရှိ စွမ်းအားများကို စတင် စုဝေးလိုက်သည်။
များစွာသော သူတော်စင် ခန္ဓာကိုယ်၏ ကောင်းချီးများနှင့်အတူ ၊ မိုင်ရာချီ ပတ်ဝန်းကျင်မှ မှော်စွမ်းအားများသည် ဤနေရာဆီသို့ အရူးအမူး စုဝေးလာကြသည်။
စူးချန်ကဲသည် နတ်အလင်းရောင်များဖြင့် ရေချိုးနေသော နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။
……..
တစ်လခွဲကျော်ကြာပြီးနောက် ၊
ဤနေ့တွင် ၊
ငြိမ်သက်နေခဲ့သော ကွေးယွမ် ဘုရားကျောင်းအတွင်း၌ ဝိညာဉ်စွမ်းအင်များက ရုတ်တရက် မြင့်တက်လာခဲ့သည်။
ရှေးဆန်သော ထာဝရရောင်ဝါတစ်ခု လွှမ်းခြုံထားသည့် စွမ်းအားတစ်ခုက ပျံ့လွှင့်လာခဲ့သည်။
ဆိတ်ကွယ်ရာအရပ်၌ ကျင့်ကြံနေကြသော ဘိုးဘေးအချို့ပင်လျှင် ၎င်း၏ ရောင်ဝါကြောင့် နိုးကြားလာခဲ့ကြသည်။
သူတို့အားလုံးသည် ကွေးယွမ် ဘုရားကျောင်းဦးတည်ရာဘက်သို့ ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။
“ဒီရောင်ဝါက... ချန်ကဲရဲ့ ကိုယ်ထည်အသစ် နိုးထလာတာလား?”
“ဒါပေမဲ့ ထူးဆန်းတယ် ၊ ဒီထဲမှာ ကောင်းကင်ဘုံ အာဏာရှင် ခန္ဓာကိုယ်ရဲ့ ရောင်ဝါ ဘာလို့ ရှိနေတာလဲ ၊ ဒါပေမဲ့ ဒီရဲ့ ရောင်ဝါက ကောင်းကင်ဘုံ အာဏာရှင် ကိုယ်ထည် ထက် ပိုပြီး အားပြင်းတယ် “
ဘုန်း —
ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘိုးဘေးပေါင်းများစွာ ဆွေးနွေးနေစဉ် ၊
ကောင်းကင်ယံမှ မိုးခြိမ်းပစ်သံ တစ်ချက် ထွက်ပေါ်ခဲ့သည်။
ကောင်းကင်လမ်းစဉ်၏ စွမ်းအားတို့သည် ဤနေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ထိုစဉ် ကွေးယွမ် သူတော်စင် နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းမှ အေးစက်သော နှာမှုတ်သံ တစ်ချက် ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလို ၊ အလင်းတန်းတစ်ခုက ကွေးယွမ် သူတော်စင် နယ်မြေတစ်ခုလုံးကို ဖုံးအုပ်ပစ်ခဲ့သည်။
ဤနေရာရှိ လျှို့ဝှက်ချက်များကို အပြင်လူများ မသိအောင် ဘိုးဘေးများက အပြီးတိုင် ဖြတ်တောက်ခဲ့လေပြီ။
…….
ကောင်းကင်လမ်းစဉ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ တည်ရှိရာ နေရာ၌ ၊
“ ဒီကောင် စူးချန်ကဲ ဘာထလုပ်ပြန်ပြီလဲ!?”
“ ငါ စောနက ဒီကမ္ဘာကြီးနဲ့ မသက်ဆိုင်တဲ့ စွမ်းအားတစ်ခုကို ခံစားမိလိုက်တယ် ‘
“ လောင်စစ် ၊ မင်း ဘာခံစားမိလို့လဲ?”
အချိန်စီးကြောင်း မြစ်ထဲတွင် ငါးမျှားနေခဲ့သော ထိုလူက သံလိုက်အိမ်မြှောင်ကို အသုံးပြုနေသော အဖိုးအိုကို မေးလိုက်သည်။
ဤမုတ်ဆိတ်မွှေးဖြူ တာအိုဆရာကြီး၏ ကိုယ်စားပြု အမည်မှာ စစ် ဖြစ်သည်။
ထိုမုတ်ဆိတ်မွှေးဖြူ တာအိုဆရာကြီးသည် ဤအခိုက်အတန့်တွင် လေးနက်သော မျက်နှာထားဖြင့် ရှိနေပြီး ၊ သူ၏ သံလိုက်အိမ်မြှောင်ဖြင့် တစ်စုံတစ်ရာကို အဆက်မပြတ် တွက်ချက်နေလေ၏။
ရုတ်တရက်၊ သံလိုက်အိမ်မြှောင်သည် တစ်နေရာကို ညွှန်ပြလိုက်သည့် အခိုက်အတန့်တွင် သူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
“အဟွတ်....”
သူ့ ပါးစပ်ထဲမှ သွေးများစွာ အန်ထွက်လာခဲ့သည်။
လူတစ်ကိုယ်လုံး ကြီးမားသော တုံ့ပြန်မှုကို ခံစားလိုက်ရသကဲ့သို့ ဖြူဖျော့သွားကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ဘေးနားရှိ ကျုံ သည် အဘိုးကြီးကို အမြန် ထူလိုက်ပြီး စိုးရိမ်ကြီးစွာ မေးမြန်းလိုက်သည်။
“ အစ်ကို လေး ၊ ဘာမြင်လိုက်လို့လဲ”
သူမ၏ အစ်ကိုလေးသည် သံလိုက်အိမ်မြှောင် တွက်ချက်ရာတွင် အတော်ဆုံး ဖြစ်ပြီး ၊ ကောင်းကင်လမ်းစဉ် အနေဖြင့် မြင်ရသော မြင်ကွင်းကို အခြေခံကာ အနာဂတ်ကို ခန့်မှန်းနိုင်သည်။
သို့သော် အဘိုးအိုသည် ကျုံ ၏ အမေးကို လုံးဝ မကြားပုံရသည်။
သူ၏ နှုတ်ခမ်းသားများက တုန်ရီနေပြီး ၊
အချိန်အကြာကြီး တိတ်တိတ်နေခဲ့သည်။
စန်း ဟု အမည်ရသည့် အမျိုးသားတစ်ဦးက သူ၏ လက်ဝါးဖြင့် ထိုအဘိုးအို၏ ခန္ဓာကိုယ်ထဲသို့ မှော်စွမ်းအား အနည်းငယ် ထည့်ပေးလိုက်မှသာလျှင် ၊ ၎င်းမှာ ပြန်လည် တုံ့ပြန်လာခဲ့သည်။
သူ၏ အသံသည် တုန်လှုပ်နေသည်။
“ငါ စောနက...”
“ ငါ စောနက....နေထက် ပိုကြီးတဲ့ ကောင်းကင်ကိုယ်ထည်(ဂြိုလ်) တစ်ခုကို ငါ မြင်လိုက်ရတယ်...”
“ ကောင်းကင်ကိုယ်ထည်(ဂြိုဟ်)?”
ကျုံ သည် ဇဝေဇဝါဖြစ်သွားပြီး ၊ ထပ်ပြီး မေးရန် ဟန်ပြင်လိုက်စဉ် စန်းက ဖြတ်ဆိုလိုက်သည်။
“ လောင်စစ်ရဲ့ အခြေအနေမကောင်းဘူး၊ သူ့ကိုမနှောင့်ယှက်နဲ့”
အဘိုးအိုက ဆက်ဆိုလေသည်။
“ အဲ့ဒါက ငါ့အသိဥာဏ်ထက် သာလွန်တဲ့ စွမ်းအားတွေကို ထုတ်လွှတ်ပေးနေတယ်...”
“ သူ့ကို...ချန်း...ကူ..ကောင်းကင်ကိုယ်ထည်လို့ခေါ်ပုံရတယ်…”
သို့သော် သူ့စကားမဆုံးခင် တန်ပြန်တိုက်ခိုက်သည့် စွမ်းအားကြောင့် ၊
အဘိုးအို၏ ပါးစပ်ထဲမှ သွေးများစွာ အန်ထွက်လာခဲ့ပြန်သည်။
ဒီတစ်ခါတော့ ၎င်းမှာ မူးမေ့သွားခဲ့ပြီပင်။
ဤရုတ်တရက်ဆန်လွန်းသော မြင်ကွင်းသည် စန်း နှင့် ကျုံ တို့ကို လေးနက်သွားစေသည်။
အချိန်အတော်ကြာပြီးနောက်မှသာလျှင် ၊သူတို့၏ စိတ်များ တည်ငြိမ်မှု ရခဲ့သည်။
“စစ်”သည် ဘာကိုမြင်ခဲ့မှန်း သူတို့ မသိပေမယ့်။
သို့သော် သူတို့အနေဖြင့် အတပ် ပြောနိုင်သော အရာမှာ စူးချန်ကဲသည် အလွန် အံ့သြစရာကောင်းသော အရာတစ်ခုကို ထပ်မံ တွေ့ရှိခဲ့ပြီဆိုတာ သေချာသည်။
“ဟင့်အင်း! ဒီတိုင်းဆက်သွားလို့ မဖြစ်တော့ဘူး!”
“မဝေးတော့တဲ့ အနာဂတ်မှာ ကောင်းကင်လမ်းစဉ်ရဲ့ သားတော်ကို ငါတို့ ရွေးချယ်မှ ရတော့မယ်။”
“မဟုတ်ရင် စူးချန်ကဲ အင်အားကြီးမားလာတာနဲ့အမျှ ၊ ငါတို့ ထိန်းသိမ်းထားတဲ့ စည်းကမ်းတွေ ပျောက်ကွယ်သွားရလိမ့်မယ်”
အပိုင်း(၂၁၅): ဝူကျီအောက်ထျန်း၏ လျို့ဝှက်စာအုပ် ၊မရဏကမ္ဘာသို့ ထွက်ခွာခြင်း
ဤနေရာ၌ ဖြစ်ပေါ်နေသော ကြီးမားသော အပြောင်းအလဲကြီးသည် အခြားအင်အားစုများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
ယခုမူ စူးချန်ကဲ၏ ဂုဏ်သတင်းသည် အလွန်မြင့်မားနေခဲ့ပြီ ဖြစ်သည်။ ပြင်ပလောကအထိ ဤခေတ်၏ ဇာတ်ကောင်မှာ စူးချန်ကဲ ဟူသော ကောလဟာလများ ထွက်ပေါ်လျက် ရှိသည်။
သို့သော် တချို့သော အင်အားစုများက လက်မခံချင်ပုံ ရသည်။
“ဟွန် ! စူးချန်ကဲ က အစွမ်းထက်ပေမယ့် ဒါပေမဲ့ ရှေးဟောင်း လူ့ဘီလူးတွေ အပြည့်အဝ မနိုးထလာသေးဘူး “
“စောင့်ကြည့်နေ ၊ အဲ့ဒီလူတွေက စူးချန်ကဲကို ယဇ်ပလ္လင်ပေါ်ကနေ သေချာပေါက် ဆွဲချပြလိမ့်မယ် “
“ညီအစ်ကို ပြောတာတွေက ကျိုးကြောင်းဆီလျော်တယ်လို့ ကျွန်တော် ထင်တယ်၊ ဒီကမ္ဘာကြီးက ဘယ်လောက်တောင် ကျယ်ပြောလိုက်သလဲ၊ ဥပမာ ယောင်ချီသူတော်စင် နယ်မြေက နတ်မိမယ်ကလည်း လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ မဟာ သူတော်စင်အရှင် အဆင့်ကို ချိုးဖြတ်နိုင်ခဲ့ပြီ “
“ဒါကိုပဲ ကြည့်လေ ၊ ထပ်ပြောရရင် စူးချန်ကဲက ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ဘူးဆိုတာပဲ “
“……”
ပြင်ပလောကတွင် စူးချန်ကဲ နှင့် ပတ်သတ်၍ အပြိုင်အဆိုင် ဆွေးနွေးနေလေ၏။
လော့ဟယ်ဓားဂိုဏ်းမှာမူ အတော်လေး စိတ်အေးလက်အေး ရှိကြသည်။
လော့ဟယ်ဓားတောင်ခြေရင်း၌ ၊
“ ဆရာတူဦးလေး ဖြစ်တဲ့ငါ ၊ အောက်ထျန်း တူလေးရဲ့ ပါးနပ်မှုကို ဘယ်လိုလုပ်ပြီး အခုမှ သိမိပါလိမ့်?”
လော့ဟယ်ဓားဂိုဏ်း၏ ဓားသခင်လေးဦးသည် ဤအခိုက်အတန့်တွင် ဝူကျီ အောက်ထျန်း နှင့်အတူ အေးအေးလူလူ လက်ဖက်ရည် သောက်လို့နေသည်။
“အခု ဘယ်နေရာမဆို စူးချန်ကဲအကြောင်းပဲ ၊ နေရာတိုင်းလိုလို ဗြောင်းဆန်နေကြပြီ ၊ ငါတို့ သူ့ကို မယှဉ်နိုင်သလို ၊ အနိုင်လည်း မယူနိုင်ဘူး “
“အဲ့လိုဆိုမှတော့ ကျွန်တော်တို့ ဒီမှာ လဲလျောင်းရင်း အေးအေးလူလူ ရှင်သန်ရုံပေါ့၊ ဆရာတူ ဦးလေး ကျွန်တော်ပြောမယ် ၊ ကျွန်တော်တို့ အနေနဲ့ လော့ဟယ်ဓားဂိုဏ်းရဲ့ အင်အားကို ထိန်းသိမ်းထားရင်းနဲ့ “
“ တိုးတတ်သွားအောင် လုပ်ရုံပဲ ၊ စူးချန်ကဲလို လူ့ဘီလူးတွေထက် ကျွန်တော်တို့ ရှင်သန်ကျန်ရစ်နိုင်ခဲ့ရင် အဲ့တာ အနိုင်ပဲ မဟုတ်လား?”
ဟုန်ချန်ဓားက တဝါးဝါး ရယ်မောလိုက်ရင်း ၊ ဝူကျီအောက်ထျန်း၏ ပုခုံးကို ပုတ်လိုက်သည်။
“ဒီကောင်လေးရဲ့ အမြင် အတော်လေး ထူးခြားမယ်လို့ မထင်ထားဘူး “
“ မဆိုးဘူး ၊ မဆိုးဘူး ဆရာတူဉီးလေး ဖြစ်တဲ့ ငါက အခုကစပြီး မင်းဘက်ကနေ ထောက်ခံပေးမယ်”
ဟုန်ချန်ဓားက အပြုံးမပျက် ထပ်ပြောပြန်သည်။
“ဒါပေမယ့် ငါ ပြောမယ် ဝူကျီအောက်ထျန်း ၊ မင်းက ထစ်ခနဲ့ဆို အရှုံးပေးချင်စိတ် အရှိဆုံးသူ မဟုတ်ဘူးလား?”
“ အဲဒီတုန်းက ခွင်းလွင်တောင်မှာ ၊ မင်း စူးချန်ကဲနဲ့ ဓားရေးဖလှယ်ဖို့ စိတ်ကူးထားတာ မဟုတ်ဘူးလား ၊ အခုကြ ဘာလို့ ဒီမှာထိုင်ပြီး ရေနွေးကြမ်း လာသောက်နေတာတုန်း?”
ဝမ်ချွမ်ဓား၏ မျက်လုံးများမှာ ဝင်းလက်နေပြီး ၊ သူသည် လက်ဖက်ရည် တကျိုက် မော့လိုက်သည်။
“ ကျွန်တော် သူ့ကို တိုက်လည်း နိုင်မှမနိုင်တာ ၊ဘာလို့ တိုက်နေရဦးမှာလဲ?”
“ငါ့ အထင်တော့...”
ဝမ်ချွမ်ဓားမှာ စကားကို ခေတ္တရပ်လိုက်ပြီး ၊ ထပ်ဆိုလိုက်သည်။
“ ဆရာတူညီလေး အောက်ထျန်း ပြောတာ အဓိပ္ပာယ်ရှိတယ်...”
ထိုစကားကို ကြားတော့ ဟုန်ချန်ဓား၏ နှုတ်ခမ်းသားများမှာ ကွေးညွှတ်သွားသည်။
သို့သော် သူသည် စကားအများကြီး မပြောခဲ့ပေ။
စူးချန်ကဲ၏ အရည်အချင်းသည် တကယ်ကို အစွမ်းထက်လွန်းသည်။ မူလက ကွေးယွမ် သူတော်စင် နယ်မြေတွင် ချူးကျန့်ရှင်း နှင့် ဟွမ်ထျန်း ဧကရာဇ်မင်းတို့ ရှိခဲ့သည်။
အခု စူးချန်ကဲ ဆိုသူ တစ်ယောက် ထွက်ပေါ်လာပြန်ပြီ။
နောက်အနာဂတ်တွင် ဓားလမ်းစဉ် သူတော်စင် နယ်မြေအား ကွေးယွမ် သူတော်စင် နယ်မြေဖြင့် အစားထိုးခြင်း ခံလိုက်ရမည်ကို စိုးရသည်။
“ကဲ ကဲ ကဲ.....”
“ တကယ်တော့ တူလေးက ဆရာတူဦးလေးတွေ အတွက် လျှို့ဝှက်စာအုပ် တစ်အုပ်ကို အသင့်ပြင်ပေးထားတယ်...”
“ ခင်ဗျားတို့အားလုံး ဒီလျှို့ဝှက်စာအုပ်ထဲက အကြောင်းအရာကို သင်ယူနိုင်သရွေ့ ၊ စူးချန်ကဲ ဆိုတောင် ကျွန်တော််တို့ အနိုင်ရလိမ့်မယ်!”
ဝူကျီအောက်ထျန်းသည် ပြုံးစိစိဖြင့် သူ့ရင်ဘက်ထဲက စာအုပ်တချို့ကို ထုတ်ယူလိုက်သည်။
စာအုပ်၏ အပေါ်တွင် ရေးသားထားသည်မှာ : “ကုံ ကျမ်းစာအုပ် “
T/N - ကုံ ဆိုတဲ့အဓိပ္ပာယ်က ၊ အင်တာနက်ဘန်းစကားအရ ဂိမ်းပြီးဆုံးချိန်အထိ အသက်ရှင်ကျန်ရစ်ပြီး ဖိုင်နယ်ထိ လုံခြုံစွာ ဝင်ရောက်နိုင်ခြင်းကို ပြောတာပါ ၊
ဓားသခင်လေးဦးမှာ ထိုစာအုပ်ကို ဖတ်ပြီးနောက်တွင် ၊ ကမ္ဘာသစ်၏ တံခါးကို တီးခေါက်မိလိုက်သလိုပင်။
ဤသို့ဖြင့် လော့ဟယ်ဓားဂိုဏ်း၏ ဂိုဏ်းတွင်းပုံစံမှာ ပြောင်းလဲသွားခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက်တွင်၊ တိုက်မြေ သုံးထောင်တွင် ဆဋ္ဌမ ဂိုဏ်းဟောင်းတစ်ခု ထွက်ပေါ်လာသည်။
ဂိုဏ်းနာမည်မှာ - လော့ဟယ်ဓားဂိုဏ်းပင်။
ထိုထူးဆန်းသော ဂိုဏ်းသည် ဓားကျင့်ကြံလောကကို ပြောင်းလဲသွားစေခဲ့သည်။
နိုင်ရင် တိုက် ! မနိုင်ရင် ပြေး !
ငါ့ကို လိုက်သတ်မယ်? အဲ့တာဆိုလည်း ပုန်းနေရုံပေါ့ !
……..
ကွေးယွမ် ဘုရားကျောင်းအတွင်း၌။
စူးချန်ကဲသည် တောက်ပနေသော ရောင်စဉ်အလင်းတန်းများကြားထဲတွင် ရှိနေသည်။
အထူးသဖြင့် သူ၏ ခန္ဓာကိုယ် မှ ရှေးအငွေ့အသက်ဆန်သော ရောင်ဝါလှိုင်းများ ဖြာထွက်နေသည်။
အချိန်အတော်တန် ကြာပြီးနောက် ၊အရာအားလုံး ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။
စူးချန်ကဲသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
စောနက သူ့အသိစိတ်ကမ္ဘာတွင် အလွန် ထိတ်လန့် တုန်လှုပ်စရာကောင်းသော ပုံရိပ်တစ်ခုကို သူ တွေ့ခဲ့ရသည် ။
အဆုံးမရှိ ကြယ်ရောင်စုံသော ကောင်းကင်ကြီး၏ အနက်ရှိုင်းဆုံး နေရာတွင် အနီရောင်အလင်းတန်းများ ဖြာထွက်နေသော ကောင်းကင်ကိုယ်ထည်(ဂြိုလ်)ကြီး တစ်ခု ရှိနေခဲ့သည်။
ထိုကောင်းကင်ကိုယ်ထည်ကြီးသည် လွန်စွာ ကြီးမားလွန်းတာကြောင့် ၊ နေမင်းကြီးပင်လျှင် သူ၏ ရှေ့မှောက်၌ သေးငယ်သော ဖြစ်တည်မှု အဖြစ် ရှိခဲ့ရသည်။
စူးချန်ကဲ ဆွံ့အသွားစေသည့် အရာမှာ ယင်းအရာမှ ထွက်ပေါ်လာသော အသံကြောင့်ပင် ဖြစ်သည်။
ထိုအသံကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး ၊ စူးချန်ကဲ၏ နှုတ်ခမ်းသားများက ယောင်ဝါးဝါး လိုက်ပြောနေမိသည်။
“ဘိုးဘေးကြယ်ရဲ့ လေ တိုးဝှေ့လာပြီ...အိပ်စက်ခြင်းအလံကို သွားမှုတ်ပေတော့မည်...”
“ဒါဘာကိုဆိုလိုတာလဲ?”
စူးချန်ကဲ စိတ်ထဲ ရှုပ်ထွေးနေသည်။သူသည် လဝက်ကြာအောင် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက်တွင် အနှိုင်းမဲ့သုတ္တန်၏ ပထမ အပိုငိးကို အောင်မြင်စွာ သင်ယူနိုင်ခဲ့သည်။
သူသည် ကောင်းကင်ဘုံ ကိုယ်ထည်နှင့် ကောင်းကင်ဘုံ အာဏာရှင် နဂါး၏ အသွေးအသားများကို အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့သည်။
သို့သော် စောနက သူ မြင်ခဲ့ရသော ထူးဆန်းသော ထိုပုံရိပ်က သူ့ကို နည်းနည်း စိတ်ရှုပ်စေခဲ့သည်။
ထိုစဉ် ၊ သူ့စိတ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာ၏။
ထိုအသံသည် အလွန်ရှေးကျပြီး နက်နဲသိမ်မွေ့ပေသည်။
“ ရှေးကောင်းကင်ဘုံ အာဏာရှင် နတ်ဘုရားကိုယ်ထည်ရဲ့ ဆက်ခံသူ....”
“ငါ မင်းကို စောင့်နေခဲ့တာ...”
စူးချန်ကဲ အံ့သြသွားသည်။
“ဒါ ဘယ်လိုကိုယ်ထည်တုန်း ၊ ကောင်းကင်ဘုံ ကိုယ်ထည်ရဲ့ နောက်ထပ် အကိုင်းအခက်တစ်ခုလား?”
ကောင်းကင်ဘုံ ကိုယ်ထည်နှင့် ကောင်းကင်ဘုံ အာဏာရှင် နဂါး၏ အသွေးအသားတို့သည် တူညီသောအရင်းအမြစ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ယခု သူသည် ထိုနှစ်ခုကို ပေါင်းစပ်လိုက်ပြီ ဖြစ်သောကြောင့် ၊ ရှေးဟောင်း ကိုယ်ထည်တစ်ခု နိုးထလာမည်ကို စိုးရသည်။
【ဒင်း! ရွေးချယ်စရာ မစ်ရှင်အသစ်တစ်ခု :
ရွေးချယ်မှု - ၁ : ရှေးလူမျိုးစု၏ ဘိုးဘွားပိုင် နယ်မြေကို သွား၍ ရှေးကောင်းကင်ဘုံ အာဏာရှင် နတ်ဘုရားကိုယ်ထည်ကို ဖယ်ရှားမည် ၊
ဆုလာဘ် : ရှေးခေတ်အာဏာရှင် တိုက်ပွဲနည်းစနစ်။ (အပိုဆုကြေး- ရှေးလူမျိုးစု၏ ခင်မင်ရင်းနှီးမှုကို ရရှိစေမည် )
ရွေးချယ်မှု - 2 : ချန်းကူ ကောင်းကင်ကိုယ်ထည်သို့ သွားရောက်၍ ရှေးကောင်းကင်ဘုံ အာဏာရှင် နတ်ဘုရားကိုယ်ထည်ကို အပြည့်အဝ နှိုးဆော်မည်
ဆုလာဘ်- ကောင်းကင်ဘုံ နတ်ဘုရား ကျုံတန့်ထျန်း
(အပိုဆုကြေး- စုန်းမျိုးနွယ်စု၏ ခင်မင်ရင်းနှီးမှုကို ရရှိမည်)]
“ လာပြန်ပြီ နောက်ထပ်”
စူးချန်ကဲ တစ်ယောက် မျက်ခုံးတချက် ပင့်တင်လိုက်သည်။
ဤသည်မှာ ယနေ့တွင် သူရရှိထားသော ဒုတိယမြောက် စနစ်တာဝန်ပင် ဖြစ်သည်။
“ အလုပ်တာဝန် မျက်နှာစာကို ဖွင့်ပါ “
[အဆုံးမဲ့ အရိုးဖြူ ပင်လယ်—အရိုးဖြူပင်လယ် ဘုရင်မ ( စည်းတံဆိပ် သို့မဟုတ် အကူအညီ)
သင်္ချိုင်းဓားကိုးတောင် - တစ္စေနတ်ဘုရားကျောင်း ။
ချန်းကူ ကောင်းကင်ကိုယ်ထည် မှ ဆင့်ခေါ်မှု — ရှေးကောင်းကင်ဘုံ အာဏာရှင် နတ်ဘုရားကိုယ်ထည်ကို နှိုးဆော်မည်】
စူးချန်ကဲတစ်ယောက် သက်ပြင်းချလိုက်ပြီး ၊ ခေါင်းခါနေမိသည်။
ဤတာဝန်များသည် တစ်ခုမှ မလွယ်ကူသော်လည်း ၊ ယခုတွင်မူ သူသည် ဧကရာဇ်လမ်းစဉ်ကို ဖွင့်ပေတော့မည်။
ဤအချိန်တွင် စူးချန်ကဲသည် တခြား လူထူးဆန်း တစ်ယောက်အကြောင်းကို သွားတွေးမိသည် ။
ဤလောကရှိ ပါရမီရှင် တစ်ဦးချင်းစီတိုင်းက ထွန်းလင်းတောက်ပစွာ ထွက်ပေါ်လာကြသည် ။ သို့သော် ထိုပုဂ္ဂိုလ်၏ ခံယူချက်သည် မတူညီဘဲ ကွဲပြားပေသည် ။
“ ဝူကျီအောက်ထျန်း ၊ ငါ ဒီကောင်လေးကို မတွေ့ရတာတောင် ကြာပြီ “
စူးချန်ကဲ တစ်ယောက် ဝူကျီအောက်ထျန်း၏ စရိုက်အပေါ် လေးလေးနက်နက် စွဲလမ်းနေမိသည်။
သူ့လို လူမျိုးကို ဒါ ပထမဆုံး အကြိမ်အဖြစ် မြင်ဖူးခြင်းပင် ဖြစ်သည်။
နှမြောစရာ ကောင်းသည်မှာ ၊ သူ့နှင့်အတူ တိုက်ခိုက်နိုင်မည့် အခွင့်အရေး တစ်ခု ဘယ်တော့မှ မဆုံနိုင်ခြင်းပင် ဖြစ်သည်။
…
ရက်အနည်းငယ်ကြာပြီးနောက် ၊
စကြဝဠာရှိ ကြယ်ရောင်စုံသော ကောင်းကင်ယံထက်က အနက်ရှိုင်းဆုံး အရပ်တစ်နေရာတွင် တောက်ပသော နတ်အလင်းရောင်တစ်ခု ဖြတ်သန်းသွားလေသည်။
အနီးကပ်ကြည့်မည်ဆိုပါက ၊ အလွန်လျင်မြန်သော ယာဉ်ပျံတစ်စင်းကို တွေ့ရပေလိမ့်မည်။
ယင်းသည် ဟင်းလင်းပြင်ကို ကွဲအက်သွားစေပြီး လှိုင်းဂယက်များ ဖြစ်ပေါ်စေသည်။
ထို့အပြင် ၎င်းယာဉ်ပျံသည် မိုင်ထောင်ပေါင်းများစွာ သွားရမည့် အကွာအဝေးကို တခဏအတွင်း ဖြတ်သွားနိုင်သည့် အာကာသလွန်းပျံယာဉ် ဟု ခေါ်ဆိုသည့် ဧကရာဇ်လက်နက် တစ်ခုပင် ဖြစ်သည်။
စူးချန်ကဲသည် မရဏကမ္ဘာကို သွားမည့်အကြောင်း လျှောက်တင်ပြီးသည်နှင့် ၊ ဘိုးဘေးများက ၎င်းအရာအား စူးချန်ကဲထံသို့ ပေးအပ်ခဲ့သည်။
ဒါတင်မက တခြား မှော်လက်နက်များစွာကိုလည်း ပေးအပ်ခဲ့သည်။
သူ့ကိုကာကွယ်ပေးမည့် တုနှိုင်းမဲ့ ရတနာများစွာ ရှိသည်။
သို့သော် ဤစကားကိုတော့ သူ မေ့မရခဲ့ပေ။
“ ချန်ကဲ ၊ မင်းစိတ်ချလက်ချသာ သွား၊ တိုက်မြေ သုံးထောင် တစ်ခုလုံး သွားကြည့်ချင်တယ် ဆိုတောင်”
“ ကွေးယွမ် သူတော်စင် နယ်မြေက မင်းအတွက် ခိုင်မာတဲ့ ကျောထောက်နောက်ခံ တစ်ခု အဖြစ် အမြဲတမ်း ရှိနေပေးမယ်”
ထိုအကြောင်းအရာကို တွေးလိုက်တိုင်း ၊ စူးချန်ကဲ ရင်ထဲ နွေးထွေးသွားမိသည်။ ကွေးယွမ် သူတော်စင် နယ်မြေသည် သူ့အတွက် များစွာ လုပ်ပေးခဲ့သည်။
ထို့ကြောင့် သူ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူသည် ဆက်လက် အားကောင်းလာပြီး တုနှိုင်းမဲ့ ဧကရာဇ်မင်း တစ်ပါး ဖြစ်လာရမည် ဖြစ်သည်။
အာကာသလွန်းပျံယာဉ်သည် မြောက်ဘက်သို့ ဦးတည်သွားနေပြီး ၊ လမ်းတစ်လျှောက် အဆုံးမရှိသော ဗလာပြင်ကြီးကိုသာ တွေ့မြင်ခဲ့ရသည်။
စကြဝဠာကြီး၏ ကျယ်ပြောမှုနှင့် ကောင်းကင်နှင့်မြေကြီး၏ ကျယ်ပြောမှုကို သူ ခံစားနေမိသည်။
“ ငါက ဒီကမ္ဘာကြီးနဲ့ ယှဉ်ရင် တစ်စိတ်တစ်ပိုင်းသာ ရှိသေးတယ်လို့ လူတွေ အမြဲပြောကြတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ “
နောက်ဆုံးတွင် ၊ သူသည် နဂါးငွေ့တန်း ဂလက်ဆီသို့ ရောက်လာခဲ့သည်။
ဤနဂါးငွေ့တန်း ဂလက်ဆီတွင် အနက်ရောင် စွမ်းအင်များ ကြွယ်ဝစွာ ရှိနေပြီး ၊ ၎င်းအထဲတွင် တစ္စေစွမ်းအင်များ လှိုက်စားနေသည်။
ဤနေရာကို မရဏကမ္ဘာရှိ တစ္စေမြစ်က ဝန်းရံထားသောကြောင့် ၊ဤတစ္ဆေမြစ်ကို ရှေးဟောင်း မရဏမြစ်၏ အကြွင်းအကျန်ဟု ဆိုကြသည်။
အဘယ့်ကြောင့်ဆိုသော် ကြီးမားသော ပြောင်းလဲမှုကြီး တစ်ခု ဖြစ်ခဲ့ရင်းက မရဏမြစ်၏ ရေများ ခန်းခြောက်သွားခဲ့ရပြီး တစ္စေမြစ်ဟူ၍ ကျန်ရှိခဲ့ခြင်း ဖြစ်သည်။
အပိုင်း(၂၁၆): မရဏကမ္ဘာ၏ ငါးနေရာ,ရင်းနှီးတဲ့ အအငွေ့အသက်?
“ချန်ကဲ ဆက်ခံသူ ... ဝူအာကို ခေါ်လာတာ... ဝန်ထုပ်ဝန်ပိုး မဖြစ်ဘူးလား..”
စူးချန်ကဲ နောက်ကို လိုက်လာသော ထန်ဝူအာမှာ အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
မူလက သူမသည် ကွေးယွမ် သူတော်စင် နယ်မြေသို့ ဝင်လာခဲ့ပြီးနောက် ကောင်းကောင်း ကျင့်ကြံအားထုတ်ရန် စဉ်းစားထားခဲ့သည်။
ထိုမှသာလျှင် သူမသည် ဘိုးဘေးများကို မျက်နှာရစေမည်။
သို့သော် တစ်လမပြည့်ခင်မှာပင် ၊ စူးချန်ကဲသည် သူမအား ဤတစ္စေတောအုပ်ရှိရာ အရပ်သို့ ခေါ်ဆောင်လာခဲ့သည်။
ငယ်စဉ်ကတည်းက သရဲတစ္ဆေကို ကြောက်ရွံ့ခဲ့သော ထန်ဝူအာ အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အနည်းငယ် ဖြစ်စေခဲ့သည်။
“ငါ့ကို ချန်ကဲ ဆက်ခံသူ လို့ မခေါ်နဲ့ ၊ အခုကစပြီး မင်း ငါ့ကို စူးဝေသခင်လေးလို့ ခေါ်”
ယခုအချိန်တွင် စူးချန်ကဲ၏ အသွင်အပြင်သည် ယခင်ကနှင့်အတူ လုံးဝ ပြောင်းလဲသွားသည်။
သူ၏ ဆံပင်ကို အနက်ရောင် ပိတ်စဖြင့် ချည်နှောင်ထားပြီး ၊ ယပ်တောင်ကို ညင်သာစွာ ဝှေ့ယမ်းနေ၏။
ယခင်က ရုပ်ရည်ချောမောပြီး ကျက်သရေရှိသော သခင်လေးနဲ့ စာရင် ၊ ယခုအခိုက်အတန့်ရှိ စူးချန်ကဲမှာမူ လျှို့ဝှက်ဆန်းကြယ်ပြီး အန္တရာယ်များသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
ဒါဟာလည်း ကွေးယွမ် သူတော်စင် နယ်မြေရှိ လျှို့ဝှက်ရတနာ ဖြစ်သည့် လှည့်စားခြင်း ပုတီးစေ့ ကြောင့်လည်း ဖြစ်နိုင်သည်။
ဝတ်ဆင်သူသည် မိမိကိုယ်ပိုင် ရောင်ဝါကို ပြောင်းလဲပစ်နိုင်ပြီး ၊ နတ်ဆိုး သို့မဟုတ် တစ္စေစွမ်းအင်မျိုးကို တုပနိုင်သည်။
စူးချန်ကဲ၏ ကျင့်ကြံစွမ်းအားနှင့် အတူ အနှိုင်းမဲ့သုတ္တန်၏ ပထမပိုင်း အောင်မြင်ပြီးသား သူ တစ်ယောက်အနေဖြင့် ၊ သူ့ဘက်က ထုတ်ပြောဖို့ မလိုလားသရွေ့၊
သူ၏ မူလရုပ်သွင်ကို မည်သူမှ မြင်ရလိမ့်မည် မဟုတ်ချေ။
ထန်ဝူအာ ကိုယ်တိုင်ကမူ ရှေးဟောင်းကမ္ဘာမှဖြစ်ပြီး ၊ သူမ၏ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်သည်။
ထို့အပြင်၊ သွေးနဂါး နှင့် စာချုပ် ချုပ်ဆိုထားခြင်းဖြင့်၊ တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်အသွင်အပြင်ကိုလည်း ပြောင်းလဲပစ်နိုင်သည်။
“စူးဝေသခင်လေး...”
ထန်ဝူအာ တိုးတိုးလေး ဆိုလေသည်။စူးချန်ကဲသည် သူမလို အသုံးမဝင်တဲ့ သူတစ်ယောက်ကို အဘယ့်ကြောင့် ခေါ်လာခဲ့မှန်း ယခုထက်ထိ နားမလည်နိုင်ပေ။
တကယ်တော့ စူးချန်ကဲသည် ထန်ဝူအာ အား လူသား သန့်စင်ဆေးအဖြစ် အသုံးပြုရန်ပင် ဖြစ်သည်။
ဒါတင်မက မရဏကမ္ဘာသည် ထူးဆန်းသော နေရာတစ်ခု ဖြစ်သည်။ နည်းလမ်းတစ်ခု လိုလိုပိုပို ဆောင်ထားခြင်းသည် အန္တရာယ်တစ်ခု လျော့သွားစေနိုင်သည် မဟုတ်လော။
ထို့အပြင်၊ ထာဝရစစ်ပွဲသည် မကြာခင်ကမှ ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။ သူ၏ မူလပုံစံဖြင့် မရဏကမ္ဘာတွင် ကျင်လည်နေမည်ဆိုပါက၊ အန္တရာယ် အလွန်များပေသည်။
…..
ယခုအချိန်တွင်၊ စူးချန်ကဲ နှင့် ထန်ဝူအာတို့သည် မရဏကမ္ဘာ ၏ အဝင်ပေါက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကျိုးပဲ့နေသော ဧရာမ ကျောက်တံခါးကြီးထဲတွင် မည်းမှောင်နေသော ရေဝဲများ လည်ပတ်စီးဆင်းနေသည်။
ထိုအထဲတွင် သေခြင်းတရား၏ ရောင်ဝါများ ကြွယ်ဝစွာ ရှိနေသည်။
ကျိုးပဲ့နေသော ကျောက်တံခါးကြီး ဖြစ်သော်လည်း ၊အတော်လေး သက်တမ်းရင့်ပုံပေါ်သည်။
စူးချန်ကဲသည် အထဲသို့ ဝင်ရန် ဟန်ပြင်လိုက်ချိန် ၊
“ငါ့မရဏကမ္ဘာထဲကို ဘယ်သူ ဖောက်ဝင်ရဲတာလဲ!?”
လေဟာပြင်ထဲမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
၎င်း၏ အေးစက်သော အသံသည် လူကို အဆုံးစွန်ထိ အေးခဲသွားစေသည်။
စူးချန်ကဲသည် မျက်ခုံးပင့်လိုက်သည်။သူသည် အသံလားရာကို တချက် ကြည့်လိုက်ရာ အာကာသအတွင်းမှ နက်မှောင်သော မျက်ဝန်းတစ်စုံသည် သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ နယ်နိမိတ်စောင့်သူ?”
စူးချန်ကဲ၏ လေသံသည် တည်ငြိမ်နေပြီး ၊သူသည် ထိုလူရဲ့ အထောက်အထား သရုပ်မှန်ကို ချက်ချင်း အသိအမှတ်ပြုနိုင်ခဲ့သည်။
“ ဂျူနီယာလေး ၊ ဒါက ငါ့မရဏဘုံရဲ့ တံခါးဝပဲ၊ ငါ့ မရဏကမ္ဘာကလူ မဟုတ်တဲ့ ဘယ်သူမဆို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခွင့်မရှိဘူး “
စူးချန်ကဲက မဲ့ပြုံးပြုံးလေသည်။
နယ်နိမိတ်စောင့်သူ ဆိုတာ အပွင့်လင်းဆုံး ပြောရရင် တံခါးစောင့်အဆင့်ပဲလေ !
တစ်ခုတည်းသော ကောင်းကျိုးဆိုလို့ ပြင်ပလူထံမှ လာဘ်ထိုးငွေ ရရှိခြင်းပင် ဖြစ်သည်။
ဒါပေမဲ့ စူးချန်ကဲလို လူမျိုးကို သူက ထိနိုင်မတဲ့လား?
ဟာသပဲ !
“ ထွက်သွားစမ်း “
စူးချန်ကဲသည် ထိုစကားပြောပြီးနောက် ၊ သူ၏ ဓားဖြင့် ထိုလူအား အသာယာ လှမ်းခုတ်လိုက်သည်။
ရွှမ်း !
ဓားအလင်းတန်း တစ်ခုသည် ဖျက်ခနဲ့ လင်းလက်သွားသည်။
“အတင့်ရဲလိုက်တာ!”
ထိုလူသည် ဒေါသထွက်သွားပုံရသည်။
ဒီကောင်လေး ကြည့်ရတာ မဟာ သူတော်စင် အရှင် အဆင့်လောက်နဲ့ သူ့အပေါ် လက်ပါရဲတယ်ပေါ့လေ!?
သို့သော် ထိုလူသည် စူးချန်ကဲ၏ ဓားစွမ်းအင်ကို လျှော့တွက်ခဲ့မိသည်။
ဓားစွမ်းအင်များ ကျယ်လောင်စွာ မြည်ကြွေးလျက် ၊ ထိုလူထံသို့ ပြေးဝင်သွားခဲ့သည်။ ၎င်းမှာ ကြိုးပျက်သွားသော စွန် ကဲ့သို့ သေးငယ်သော ဥက္ခာခဲတစ်လုံးဖြင့် ထိမှန်သွားခဲ့သည်။
နယ်နိမိတ်စောင့်သူမှာ ဒေါသတကြီးဖြင့်။
သူသည် တဖက်လူထံမှ ထိုးနှက်မှုမှ လွဲ၍ ဘာမှ မရရှိခဲ့သောကြောင့် အနည်းငယ် ဒေါသထွက်နေ ပုံရသည်။
သို့သော် သူတောင် ဘာမှ ပြန်မတိုက်ခိုက်ရသေးခင် ၊
စူးချန်ကဲ၏ အေးစက်သော အသံသည် တစ်ဖန် ထွက်ပေါ်လာခဲ့ပြန်သည်။
“မင်း ဒီမှာပဲ အေးအေးဆေးဆေး နေပြီး မင်းအလုပ် မင်း ဆက်လုပ်နေတာ ပိုကောင်းမယ်၊ နောက်ထပ်မေးခွန်းတွေ မေးနေဦးမယ်ဆိုရင် “
“ နောက် ဓားတစ်ချက်က ၊ မင်းအသက်ကို သေချာပေါက် နှုတ်ယူပစ်လိမ့်မယ် “
စူးချန်ကဲ၏ ဤစကားသည် ထိုအနှီလူကို ခေါင်းနားပန်းကြီးသွားစေသည်။
အကယ်၍ မဟာ သူတော်စင် အရှင် အဆင့်ရှိ တခြားလူတစ်ယောက်သာ ဤစကားမျိုး ပြောခဲ့မည် ဆိုပါက ၊ ထိုလူသည် ပါးရိုက်ခံရမည်မှာ သေချာသည်။
သို့သော် သူ့ရှေ့က ဤပုဂ္ဂိုလ်သည် အလွန်အန္တရာယ်ရှိသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
အဆုံးမှာတော့ ၊ သူသည် ဘာမှ ပြန်မလုပ်ဘဲ မရဏတံခါးပေါက်ထဲသို့ ဝင်သွားသော စူးချန်ကဲ၏ ပုံရိပ်ကို ခပ်ဝေးဝေးကနေသာ လှမ်းကြည့်နေလိုက်သည်။
“ ဟွန်း ... ဒီတစ်ခေါက် ထာဝရ စစ်ပွဲမှာ ပုံမှန်မဟုတ်တဲ့ အင်အားစုတွေ အများကြီး ပေါ်လာခဲ့ပုံ ရတယ်...”
“ဒီအင်အားစုတွေရဲ့ အမွေဆက်ခံသူတွေက ဒီလောက်အစွမ်းထက်အောင် ဘယ်လိုတွေတောင် ကျင့်ကြံခဲ့ကြလဲ မသိဘူး”
“နယ်နိမိတ် စောင့်ရတဲ့ ငါ့အတွက် တကယ်ကို စိတ်ပျက်စရာပဲ!”
တကယ်တော့ မနေ့ညက သူသည် အမျိုးသမီး တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။
သူမသည်လည်း အလားတူ မဟာ သူတော်စင်အရှင် အဆင့်ကို အောင်မြင်ပြီးသား လူတစ်ယောက်ပင် ဖြစ်သည်။
အမြတ်ထုတ်ရန် ကြိုးစားခဲ့သော်လည်း အရိုက်သာ ခံလိုက်ရသည်။
ယနေ့တွင်မူ ၊ သူသည် ချောမောလှပသော ကောင်လေးတစ်ယောက်နှင့် ထပ်ဆုံခဲ့ပြန်သည်။မူလက သူသည် ထိုကောင်လေးအား လှည့်စားရန် ကြံစည်ခဲ့သော်လည်း မမျှော်လင့်ဘဲ ထပ်အရိုက်ခံလိုက်ရသည်။
“ ဒီရွှေခေတ်မှာ ငါ ကျင့်ကြံခဲ့တဲ့ နှစ်ကာလတွေက အချည်းနှီး ဖြစ်သွားမှာကို စိုးရတယ် “
.......
စူးချန်ကဲသည် မရဏကမ္ဘာထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မရဏကမ္ဘာရှိ လေထုတစ်ခုလုံး ပြင်းထန်သော သေခြင်းတရား၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
ကံကောင်းထောက်မစွာဖြင့် ၊ သူ့တွင် သူတော်စင် ခန္ဓာကိုယ်၏ အသွေးအသားတို့ကို သန့်စင်ပေးနိုင်သည့် လူသားစက်ပစ္စည်း ထန်ဝူအာ ရှိနေခဲ့သည်။
သူသည် လေပေါ်တွင် သွားလာလှုပ်ရှားနေတောင် ဤသေခြင်းတရား၏ စွမ်းအားများသည် သူ့အပေါ်သို့ သက်ရောက်မှု ရှိလိမ့်မည်မဟုတ်ပေ။
ဤမရဏကမ္ဘာကြီး တစ်ခုလုံး လွန်စွာ တိတ်ဆိတ်နေလေ၏။
ကောင်းကင်ကြီးမှာ မှောင်ရိပ်သန်းနေပြီး ၊ နေရောင်ကိုပင် မဆိုနှင့် ကြယ်တစ်ပွင့်မျှတောင် မမြင်ရချေ။
ဤနေရာသို့ ဝင်လိုက်ရုံဖြင့် လူကို မမြင်နိုင်သော ဖိအားတစ်ခုကို ပေးစွမ်းနေလေ၏။ဤနေရာသို့ ဝင်ပြီး မကြာခင်မှာပင် ၊ လူ၏ ခံစားချက်ကို ချိုးနှိပ်ပစ်နိုင်သည်။
စူးချန်ကဲသည် ဘိုးဘေးပေးထားသော ကျောက်စိမ်း ပုရပိုက်ကို တစ်ဖန် ထုတ်ယူလိုက်ပြီး စစ်ဆေးလိုက်သည်။
“မရဏပြည်မှာ နေရာ ငါးနေရာ ရှိတယ်။”
“ဗဟို ဖြစ်တဲ့ ဟွမ်ချွမ် ကုန်းမြေ “
“မြောက်ဘက်ပိုင်းက ပင်လယ်သေ”
“အနောက်ဘက်ပိုင်းက တစ္ဆေချောက် “
“အရှေ့ဘက်အပိုင်းကို သင်္ချိုင်းမြေ “
“တောင်ဘက်ပိုင်းကို ဝိညာဉ်ချရာမြေ “
စူးချန်ကဲသည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“အဆုံးမဲ့ အရိုးဖြူပင်လယ်က ပင်လယ်သေမှာပဲ ဖြစ်ရမယ်”
“သင်္ချိုင်းဓားကိုးတောင်က အရှေ့ဘက်က သင်္ချိုင်းမြေ ဖြစ်မယ် “
စူးချန်ကဲတစ်ယောက် ခေါင်းကိုက်နေမိသည်။ ဤနေရာ နှစ်ခု၏ ဦးတည်ရာသည် ဆန့်ကျင်ဘက် ဖြစ်သည်။
ဘယ်နေရာကိုပဲ သွားသွား ၊ သူသည် အချိန်အတိုင်းအတာတစ်ခု ယူရပေလိမ့်မည်။
ထို့အပြင် ပိုပြီး ခေါင်းကိုက်ရမည့် ကိစ္စမှာ တစ္စေနတ်ဘုရားကျောင်းပင် ဖြစ်သည်။ကွေးယွမ်တွင် ထိုအကြောင်းအရာနှင့် ပတ်သတ်၍ ဖော်ပြထားသည်မှာ များများစားစား မရှိပေ။
၎င်းသည် ဟွမ်ချွမ်ကုန်းမြေရှိ ရှေးကျသော အင်အားစုတစ်ခု ဖြစ်ပုံရသည်။
“ ထားပါတော့ ၊ သင်္ချိုင်းမြေကိုပဲ အရင်သွားကြည့်မယ် “
သူသည် ဤတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါက၊
တားမြစ်ပစ္စည်းကို ဆုလာဘ်အဖြစ် ရယူနိုင်မည် ဖြစ်သည်။
ဒါမှသာလျှင် မရဏကမ္ဘာတွင် သွားလာလှုပ်ရှားဖို့ လွယ်ကူစေမည် ဖြစ်သည်။
ထို့အပြင် သူ၏ဘေးတွင် လူသား သန့်စင်ဆေး ထန်ဝူအာလည်း ရှိနေသည်။
မရဏ ကမ္ဘာထဲရှိ စူးစူးဝါးဝါး အော်ဟစ်သံများကြား ဖြတ်သန်းသွားလာနေပေမဲ့ ၊ စူးချန်ကဲမှာမူ သက်တောင့်သက်သာ ရှိလွန်းလှသည်။
ဤနေရာတွင် အတောမသတ်နိုင်သော အနက်ရောင်တောင်တန်းများ တည်ရှိနေပြီး ၊ မြေဆီလွှာ သို့မဟုတ် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော တောင်ပုံသဏ္ဍာန် အုတ်ဂူများ ရှိသည်။
ထူးဆန်းသော သရဲတစ္စေတို့သည် ဤနေရာတွင် ကျက်စားလျက် ရှိသည်။
အချို့သော တစ္စေများမှာဖြင့် မိမိတို့၏ အပေါင်းအဖော်များကိုပင် ကိုက်စားနေကြသည်။
ဤထူးဆန်းသော မြင်ကွင်းများက စူးချန်ကဲကို မျက်မှောက်ကြုတ်သွားစေသည်။ ရှေးမှတ်တမ်းများအရ ဤလှည့်လည်ကျက်စား နေကြသော တစ္စေများသည် ကျင့်ကြံသူများအဖြစ်မှ ယခုလို အသွင်းပြောင်းခဲ့ခြင်း ဖြစ်သည် ဟု ရေးမှတ်ထားသည်။
၎င်းတို့သည် မရဏနိုင်ငံရှိ အထူး အဖွဲ့အစည်းတစ်ခုတွင် အကျဉ်းချခံရသင့်သော်လည်း ၊ ယခုတွင် ၎င်းတို့သည် အပြင်ဘက်၌ လှည့်လည်ကျက်စားနေကြသည်။
ထိုအရာကို ကြည့်ခြင်းအားဖြင့် မရဏကမ္ဘာ၏ အခြေအနေသည် အချိန်အတော်ကြာ မတည်မငြိမ် ဖြစ်နေခဲ့မှန်း သိရှိနိုင်သည်။
ဘုန်း —
ထိုအချိန်တွင် ၊ အဝေးက မိုးကုတ်စက်ဝိုင်း တစ်နေရာမှ ကြီးမားသော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
တစ္ဆေရောင်ဝါလှိုင်းများက စူးချန်ကဲတို့ နှစ်ယောက်ဆီသို့ တခဲနက် ဝင်ရောက်လာခဲ့သည်။
ထိုမှတဆင့် ပြင်းထန်သော သေခြင်းတရား၏ စွမ်းအင် မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
“သခင်လေး ! ရှေ့မှာ အလွန် သန့်စင်တဲ့ တစ္ဆေစွမ်းအင်ကို ခံစားရတယ်”
ထန်ဝူအာက ရုတ်တရက် အော်လိုက်သည်။ သူမသည် ဤအအငွေ့အသက်အပေါ် အလွန်အမင်း အာရုံခံစားမှု ဖြစ်ပေါ်နေခဲ့သည်။
ဝုန်း —
အရှေ့ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။ယခုတစ်ကြိမ်တွင် တစ္ဆေ စွမ်းအင်များက ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းလာသည်။
ဒီတစ်ခါတော့ စူးချန်ကဲလည်း သတိထားမိသည်။
“တစ်ယောက်ယောက် ရန်ဖြစ်နေပုံရတယ် “
“ ဒါပေမဲ့ ဒီအငွေ့အသက်ကို ငါ ဘာလို့ ရင်းနှီးနေပါလိမ့်?”
အပိုင်း(၂၁၇): ကောင်းကင်တောင် နတ်ဓားဂိုဏ်းက စူးဝေ
ရှေ့တစ်နေရာတွင် ၊
တစ္ဆေစွမ်းအင်များ တိုးလာသည်နှင့်အမျှ ၊ လူနှစ်ယောက်သည် အပြင်းအထန် တိုက်ခိုက် နေကြသည်။
အဆုံးမရှိသော ဖရိုဖရဲရောင်စဉ် အလင်းတန်းများကြား လှပသော ပုံရိပ်တစ်ခုသည် သူမမျက်စိရှေ့က လူကို တိုက်ခိုက်နေသည်။
သူမ၏ နောက်တွင် နေနှင့်လတို့၏ တောက်ပမှုကဲ့သို့ အလင်းများဖြာထွက်လျက် ၊ မြင့်မြတ်သော နတ်မိမယ်အလား ထင်မှတ်ရသည်။
ဤလူသည် ယောင်ချီ သူတော်စင်နယ်မြေ မှ လော့ရန်ယွီသာပင်။
သူမနှင့် တိုက်ခိုက်နေသူမှာ ဖြူဖျော့သော မျက်နှာထား ၊ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော မျဉ်းကြောင်းများကို ရေးထိုးထားသည့် ယောကျာ်းတစ်ဦးပင် ဖြစ်သည်။
ဤလူ၏ ကျင့်ကြံအဆင့်သည် အလွန်အစွမ်းထက်ပုံ ရသည်။၎င်းသည် အထွတ်အထိပ် သူတော်စင်အရှင် အဆင့် ရှိပုံရသော်လည်း သို့သော် မဟာ သူတော်စင်အရှင် အဆင့်ရှိ လော့ရန်ယွီနှင့် တိုက်ခိုက်နေလေ၏။
"မဆိုးဘူး၊ မင်းက ငါကြုံဖူးသမျှထဲမှာ အသန်မာဆုံး လူသားပဲ!"
"မင်းက တိုက်မြေသုံးထောင်က ဖြစ်ရမယ် ဟုတ်တယ် မလား ၊ မင်းနဲ့ငါ မျိုးနွယ်စုကို မပြန်ဘဲ နှလုံးသားချင်း စကားပြောရအောင်လား"
" ငါရဲ့ အထောက်အထားနဲ့ မင်းကို ကူညီကောင်းကူညီနိုင်တာလည်း ဖြစ်နိုင်တာပဲ "
ထိုလူသည် လေ့ကျင့်ရေး ဆင်းနေခဲ့သော ကျန့်ထု တော်ဝင်မိသားစု၏ ဒုတိယမင်းသား ကျန့်ဝူရှိန် ပင် ဖြစ်သည်။
သူသည် ဆေးဝါးစုဆောင်းရန် မရဏကမ္ဘာသို့ ရောက်လာခဲ့သော လော့ရန်ယွီနှင့် တွေ့ဆုံခဲ့ရပြီး ၊ သူမ၏ ထူးကဲသော အရည်အချင်းများကို မြင်တွေ့ခဲ့ရသည်။
သူ့အနေဖြင့် သူမနှင့် ကောင်းကောင်း ဖလှယ်ကြည့်ချင်ခဲ့သည်။
" ထွက်သွားစမ်း!"
လော့ရန်ယွီသည် ဤအခိုက်အတန့်တွင် အလွန် ဒေါသထွက်နေပုံရသည်။ သူမလည်း ဤနေရာသို့ မလာရောက်ချင်ခဲ့ပေ။
သို့သော် သူမ၏ ဆရာသခင်ဖြစ်သူမှာ ဤနေရာသို့ သွားရောက်၍ ဆေးစုဆောင်းရန် တချိန်လုံး ပြောနေခဲ့သည်။
သူမ ထွက်မလာခင်က " နင် တွေးနေတာ ငါ သိတယ် " ဆိုတဲ့ အမူအယာဖြင့် မဟုတ်တဲ့စကားတွေ ပြောခဲ့တဲ့ ဆရာဖြစ်သူ၏ စကားကို သူမ ကောင်းကောင်းကြီး မှတ်မိနေသေးသည်။
"ရန်ယွီ ၊ မင်း ခွင်းလွင် တောင်ကနေ ပြန်လာကတည်းက တစ်စုံတစ်ယောက် အကြောင်း အမြဲ တွေးနေတယ်ဆိုတာ ဆရာသိတယ် "
" ဒီလိုလုပ်ရအောင် ၊ ဆရာဖော်မယ့် ဆေးရဲ့ ပါဝင်ပစ္စည်းက မရဏကမ္ဘာမှာ ရှိတယ် "
" နင် ငါ့အတွက် သွားရှာပေး ၊ မတော်တဆ အံ့ဩဖို့ ကောင်းတဲ့အရာနဲ့ တွေ့ကောင်းတွေ့ နေနိုင်တာပဲလေ ၊ ဒီအဝတ်အစားကို ဝတ်ထားလိုက် ..သူက မင်းရဲ့ အငွေ့အသက်ကို ပြောင်းပေးလဲနိုင်တယ် "
"လမ်းက ရှာရခက်တယ် ၊ ယောင်ချီ သူတော်စင်နယ်မြေမှာ ရှိတဲ့ ငါတို့ဘိုးဘေးတွေ အကုန်လုံးက အပျိုဟိုင်းကြီးတွေဆိုပေမဲ့ ဆရာကတော့ မင်း လုပ်ချင်တာမှန်သမျှ ပံ့ပိုးပေးမယ် ..."
.....
ထိုအကြောင်းကို တွေးလိုက်တိုင်း ၊ လော့ရန်ယွီတစ်ယောက် ပိုလို့တောင် ဒေါသဖြစ်နေမိသည်။
"ဘာတွေ လျောက်တွေးနေလဲ မသိဘူး?!"
" ဆရာ ငါ့ကို တမင်သက်သက် ခိုင်းလိုက်တာမလား!?"
လော့ရန်ယွီသည် သူမ၏လက်ကို မြှောက်တင်လိုက်သည်နှင့် ကြာပန်း တစ်ပွင့် ပွင့်လန်းလာပြီး ၊ ဖြူစင်သော ကြာပန်းဖြင့် ပစ်လွှတ်လိုက်သည်။
၎င်း၏ အရှိန်နှုန်းသည် ကြောက်စရာကောင်းသော လှိုင်းတံပိုးများ ရိုက်ခတ်သွားစေသည်။
" ခေါင်းမာတဲ့ မိန်းမပဲ!"
ကျန့်ဝူရှန်းသည် အနည်းငယ် ပြုံးလိုက်ပြီး
"ဒါပေမယ့် ငါ မင်းသားကလည်း ဒါမျိုးလေးကိုမှ သဘောကျတာ!"
နှစ်ယောက်သား တိုက်ခိုက်လို့ မပြီးဆုံးခင်၊
လှောင်ပြောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
" မင်းတို့ နှစ်ယောက်ရဲ့ တိုက်ပွဲမှာ ကျုပ် စူး မျိုးနွယ်ကိုပါ ပါဝင်ခွင့်ပြုလိုက်ပါ့လား "
တဖက်လူကို တိုက်ခိုက်ရန် လက်ရွယ်နေသည့် လော့ရန်ယွီမှာ ထိတ်လန့်သွားသည်။
"စူး ? မဟုတ်မှလွဲရော အဲ့အကောင် စူးချန်ကဲ!?"
"ဘယ်သူလဲ!?"
အချင်းချင်း တိုက်ခိုက်နေခဲ့ကြသော လူနှစ်ယောက်သည် စူးချန်ကဲ ဦးတည်ရာဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ဦး၏ မျက်လုံးထဲတွင် စူးချန်ကဲသည် အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ထားသည့် အနည်းငယ် ထူးဆန်းပုံရသော အမျိုးသားတစ်ယောက်နှင့် တူသည်။
လော့ရန်ယွီ တစ်ယောက် စိတ်ပျက်သွားသည်။သူမသည် စူးချန်ကဲကို တကယ်ကြီး ပြန်တွေ့ရပြီ ဟု ထင်မှတ်ခဲ့သည်။
ကျန့်ဝူရှိန်မှာမူ မျက်မှောင်ကြုတ်လျက် ၊ စူးချန်ကဲအား အနည်းငယ် ကြောက်ရွံ့နေသော အမူအရာဖြင့် ကြည့်နေသည်။
စူးချန်ကဲ၏ ထွက်ပေါ်လာမှုသည် အလွန်ထူးဆန်းပေသည်။တစ္စေကိုယ်ထည်အပိုပါသော သူတောင်မှ သတိမပြုမိခဲ့ပေ။
လေဟာပြင်ထဲကနေ ရုတ်ချည်း ထွက်ပေါ်လာသည့်အတိုင်း ။
"အသင်ကရော ဘယ်သူလဲ"
" ငါက ကျန့်ထု တော်ဝင်မိသားစုရဲ့ ဒုတိယမင်းသား ကျန့်ဝူရှိန် "
"မင်းမှာ တခြားလုပ်စရာမရှိရင်လည်း ဒီကနေ ထွက်သွားတော့ ၊ မဟုတ်ရင် ဓားမှာ မျက်စိမပါဘူး မင်းကို ထိခိုက်မိမယ် !"
၎င်း၏လေသံမှာ အထက်စီးဆန်လွန်းသည်။
စူးချန်ကဲသည် ယပ်တောင်ကို ညင်သာစွာ ဝေ့ရမ်းရင်း ဂရုမစိုက်ဟန်ဖြင့် ရပ်နေသည်။
မရဏကမ္ဘာ၏ ဝိညာဉ်ချရာမြေတွင် အင်အားစုကြီး လေးစု ရှိသည်။
ကျန့်ထု တော်ဝင်မိသားစု ၊
တစ္စေတောင် ။
သုံ့လော့ချောက်နက်။
ယိ့ကွေဂိုဏ်း။
အဲ့လိုဆိုတောင် စူးချန်ကဲ သူ နဲ့ ဘာဆိုင်လို့တုန်း ?
တိုက်မြေ သုံးထောင်က ဘယ်သူကများ သူ့ကို နိုင်မယ့်သူ ရှိလို့လား?
"ဝူအာ၊ မတ်မတ်နေစမ်း "
"ဝူအာ?"
စူးချန်ကဲတွင် ဝူအာ ဆိုသည့် နောက်လိုက် မိန်းကလေး တစ်ယောက်ရှိကြောင်း သူမ သိထားသည်။
သို့သော် အသွင်အပြင်နှင့် အငွေ့အသက်သည် လုံးဝ ကွဲပြားနေသည်။
စူးချန်ကဲ သည် ဒီကို မလာခင်ကတည်းက ထန်ဝူအာ၏ အငွေ့အသက်ကို ပြောင်းလဲပြီးပြီ ဟု ဆိုရပေမည်။တစ်နည်းအားဖြင့် ဆိုရသော် ၊ သူတို့ နှစ်ယောက် ဤနေရာသို့ လာရောက်သည့်အပေါ် မည်သူမျှ မသိချေ။
စောနက အငွေ့အသက်ကို သူ အရမ်း ရင်းနှီးနေသည် ဟု ခံစားမိရင်း ရောက်ချလာခဲ့ရာ ၊ သူ ထင်ထားသည့်အတိုင်း လော့ရန်ယွီ ဖြစ်နေခဲ့သည်။။
သူ၏ မူလခန္ဓာကိုယ်သည် သူတော်စင် ခန္ဓာကိုယ် ဖြစ်သည့်အလျောက် ၊ သူသည် အနှိုင်းမဲ့သုတ္တန်၏ ပထမအပိုင်းကို အောင်မြင်ခဲ့ပြီး ဖြစ်ရာ တခြားသူများအနေဖြင့် သူ့ကိုဖောက်ထွင်း မမြင်နိုင်သော်လည်း ၊ သူကတော့ တခြားလူကို ဖောက်ထွင်းမြင်နိုင်သည်။
ယင်းသည် အနှိုင်းမဲ့သုတ္တန်၏ ကြောက်စရာကောင်းသော ကောင်းကျိုးပေတည်း။
ကျန့်ဝူရှိန်သည် စူးချန်ကဲအား မျက်မှောင်ကြုတ်စွာဖြင့် ကြည့်နေသည်။
တဖက်လူသည် သူ၏စကားကို လုံးဝ လျစ်လျူရှုနေသည်။
သူ့မိသားစု အခြေအနေကို ဖော်ပြထားတာတောင် တစ်ဖက်လူသည် မျက်ကွယ်ပြုထားဆဲပင် ဖြစ်သည်။
သူ ဆိုသော လူသည် ဤမရဏကမ္ဘာရှိ ကျန့်ထု သခင်လေး အဖြစ် လူသိများသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
ဒီလိုစော်ကားတာကို ခံစရာလား !?
ကျန့်ဝူရှန်၏ လေသံသည် ဤအခိုက်အတန့်တွင် အေးစက်နေပြီး ၊ လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည် ။
"ငါ မင်းကို ထပ်ပြောမယ် ၊ ဒီကနေ ထွက်သွား ငါ သခင်လေးရဲ့ ကိစ္စကောင်းကို လာမဖျက်ဆီးနဲ့"
"မဟုတ်ရင်..."
သို့သော် သူစကားမဆုံးခင် စူးချန်ကဲက ဓားအလင်းကို စေလွှတ်လိုက်သည်။
ဤအခိုက်အတန့်တွင် ၊ ပြင်းထန်သော ဓားအလင်းတန်းတစ်ခုသည် လေကို ခွင်းကာ ထွက်ပေါ်လာခဲ့ပြီး ၊ ဤမှောင်မိုက်နေသော မရဏကမ္ဘာကြီးထဲကို ပြိုးပြိုးပြက်ပြက် တောက်ပသွားစေသည်။
ဓားဆန္ဒများက စူးရှစွာ အော်ဟစ်နေပြီး ၊ ရိုက်ခတ် လှုပ်ရှားထကြွနေသော တစ္စေစွမ်းအင်များကိုပင် အလိုအလျောက် ဆုတ်ဖြဲပစ်လိုက်သည်။
ထိုဓားအလင်းသည် ကျန့်ဝူရှန် ဆီသို့ တမင်တကာ မကျရောက်ခဲ့ပေ။
ထိုအစား၊ သူနှင့် ဆယ်ပေအကွာတွင် ကျရောက်ခဲ့သည်။
သို့ပေမယ့်လည်း ဓားစွမ်းအင်၏ အရှိန်သည် ကျန့်ဝူရှန် တစ်ခေါင်းလုံးကို ထုံထှိုင်းသွားစေသည်။
ဆယ်ပေအကွာ ကျရောက်သွားသော ဓားစွမ်းအင်သည် ကြယ်တစ်စင်း ပြုတ်ကျလာသည့်အတိုင်း တခဏချင်း ထိန်လင်းသွားခဲ့သည်
တောက်ပသော အလင်းတန်းများက ဤအမှောင်ကမ္ဘာထဲတွင် မျက်စိစူးရှလောက်သည့်အထိ ထိန်လင်းနေသည်။
မရဏကမ္ဘာက လူ့ဘီလူးများပင်လျှင် ယင်းကို သတိထားမိသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဓားစွမ်းအင်လဲ!"
"ဒါ ဘယ်လူကြီးမင်း လက်ချက်လဲ?"
"မဟုတ်ဘူး၊ ဒီအငွေ့အသက်ထဲမှာ ယိုယွင်းမှုလက္ခဏာ မရှိဘူး ၊ ဒီဓားစွမ်းအင်ကို အသုံးပြုတဲ့သူက လူငယ်တစ်ယောက် ဖြစ်မယ် ! "
"တွေ့ပြီ! သင်္ချိုင်းတောင်တန်းဘက်ကပဲ"
"......"
မရေမတွက်နိုင်သော လူများသည် ၎င်းတို့၏ အကြားအမြင်အာရုံဖြင့် စူးချန်ကဲ၏ တည်နေရာကို အပြင်းအထန် ရှာဖွေနေကြသည်။
ဤမျှလောက် အစွမ်းထက်သော ဓားစွမ်းအင်ကို သုံးနိုင်သည့် ပိုင်ရှင်အား သူတို့အားလုံး မြင်ချင်ကြသည်။
စူးချန်ကဲသည် ဤကဲ့သို့ ပြုလုပ်ခဲ့သည့် အကြောင်းရင်းမှာ ဤနေရာကို လူတချို့ အာရုံစိုက်လာအောင်ပင် ဖြစ်သည်။
ထူးခြားသော ဇာတ်ကောင်တစ်ကောင်၏ ရုတ်ချည်း ထွက်ပေါ်လာမှုသည် အားလုံး၏ အာရုံစူးစိုက်မှုကို ရရှိစေမည် ဖြစ်သည်။
သူ့ကိုယ်တိုင်ကနေ ဦိးစွာ လှုပ်ရှားပြီး ၊ထို့နောက် မှားယွင်းသော အထောက်အထားတစ်ခုကို တည်ဆောက်မည် ဖြစ်သည်။
အတုအယောင် နှင့် အစစ်အမှန် ပေါင်းစပ်ခြင်းသည် နားလည်မှုလွဲရန် အလွယ်ဆုံးနည်းလမ်းပင် ဖြစ်သည်။
ဤလှုပ်ရှားမှုသည် ကိုယ်ပိုင်လက္ခဏာကို ပိုမိုကောင်းမွန်စွာ ဖုံးကွယ်နိုင်ရုံသာမက ၊ ဂုဏ်သိက္ခာတစ်ခုကိုလည်း ထူထောင်နိုင်ပြီး မိမိကိုယ်ကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်နိုင်စေသည်။
ယခုအချိန်တွင် ကျန့်ဝူရှန်ခမျာ ဖြူဖျော့နေပြီး ၊ သူ၏ နှုတ်ခမ်းသားများမှာ အနည်းငယ် တုန်ခါ နေသည်။
"မင်း ဘယ်သူလဲ!?"
စူးချန်ကဲ၏ နှုတ်ခမ်းသားတို့မှာ ကွေးညွှတ်သွားသည်။
"ငါက ကောင်းကင်တောင် နတ်ဓားဂိုဏ်းရဲ့ ပထမဆုံးသော ဆက်ခံသူ "
"စူးဝေ"