← Chapters

အခန်း (၈၆၁-၈၆၂)

Vol. 52 Ch. 861-862

အခန်း (၈၆၁-၈၆၂)

Vol. 52 Ch. 861-862

အပိုင်း (၈၆၁)

“ရှင့်ရဲ့ ဆန္ဒအတိုင်းပါပဲ။”

ဒီဘိုရာက ပြောလိုက်၏။ “မြို့စားဒရွိုင်း... ရှင်က ကျွန်မရဲ့ နယ်စားပယ်စား တစ်ယောက်၊ ပြီးတော့ ရော့ဆိုမိသားစုဝင် တစ်ယောက် ဖြစ်ရက်နဲ့ သစ္စာဖောက်ဖို့ ကြံစည်တယ်။ ဒီတော့ ရှင့်ကို ကွပ်မျက်ရမယ်။ ကျန်တဲ့သူတွေကိုလည်း ခေါင်းဖြတ်သတ်သင့်တယ်။ ဘယ်လိုထင်လဲ။”

“ဒါက မျှတတဲ့ စီရင်ချက်ပါ။” ရှမ့်လန်က ဝင်ပြောသည်။

ဒီဘိုရာက ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် .. အလိုတော်အတိုင်းပါပဲ။”

ပိုင်တင်က ကျယ်လောင်စွာဖြင့် အမိန့်ပေးလိုက်၏။ “အမိန့်တော်အတိုင်း... ဒရွိုင်းရော့ဆိုကို ကွပ်မျက်ဖို့ အမိန့်ချမှတ်ခြင်း ပြီးဆုံးပါပြီ။”

ဒရွိုင်းရော့ဆိုက အသနားခံချင်သည် ဖြစ်စေ၊ ဒေါသတကြီး ဆဲရေးချင်သည် ဖြစ်စေ ဘာမှမလုပ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ လျှာက အဖြတ်ခံထားရသောကြောင့်ပင်။ ဘာပဲပြောပြော သူက ရော့ဆို မိသားစုဝင် တစ်ယောက် ဖြစ်နေမှတော့ နားထောင်၍မကောင်းသည့် အသံမျိုးကို မပြောသည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

အလွန်အမင်း ကြောက်လန့်မှုများဖြင့် သူက ကြိုးတစ်ချောင်းနှင့် ချည်နှောင်ခံထားရပြီး လေထဲတွင် တည့်မတ်စွာ ဆွဲတင်ခံရ၏။ သို့သော်ငြား သူ၏ မျက်လုံးများက အသနားခံချင်နေပုံ ရ၏။ သူက ကြောက်ရွံ့မှုများ၊ နောင်တ တရားများနှင့် ပြည့်နှက်နေ၏။

‘ကျုပ် အတင်းအကျပ် ခိုင်းစေခံရတာပါ။ ကျုပ် လှည့်စားခံရတာပါ။ ကျုပ်အစက ပုန်ကန်ချင်တာ မဟုတ်ဘူး။ ကျုပ်ကို အသက်ချမ်းသာပေးပါ။ ကျုပ်ကို အသက်ချမ်းသာပေးပါ။’ သူက ငိုကြွေးကာ အော်ဟစ် တောင်းပန်နေသည် ဆိုသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။

ပိုင်တင်က လက်ကို ဝှေ့ယမ်းလိုက်၏။ မြင်း ၅ ကောင် ရှေ့သို့ ဒုန်းဆိုင်းပြေးထွက်သွားပြီး ရုတ်တရက် ဒရွိုင်းရော့ဆို၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရ၏။ ရှမ့်လန်က မကြည့်ဘဲ နေလိုက်သော်လည်း ဒီဘိုရာကမူ ပျော်ရွှင်သည့် အမူအရာနှင့် ကြည့်ရှုနေသည်။

“စမယ်။” ပိုင်တင်က ထပ်မံကာ အမိန့်ပေး၏။

“ရွှပ်... ရွှပ်... ရွှပ်...” စစ်သည် ၁၀၀၀ ကျော်တို့က ဓားကို မြှောက်ပြီး ပုန်ကန်သူ ၁၀၀၀ ကျော်ကို ခေါင်းဖြတ်၏။ ရင်ပြင်တစ်ခုလုံး၌လည်း သွေးများဖြင့် ပြည့်နှက်သွားသည်။

ကွပ်မျက်မှုကို လာရောက်ကြည့်ရှုသည့် တချို့က ဘောင်းဘီများ ပူနွေးသွားသလို ခံစားလိုက်ရပြီး ချက်ချင်းပင် သေးများ ထွက်ကျလာ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ကလည်း ခေါင်းဖြတ်ခံရလုနီးပါး ဖြစ်သောကြောင့်ပင်။ ပုန်ကန်သူများက သူတို့ထံ အရင်လာခဲ့ကြသော်လည်း အကြောင်းကြောင်းမျိုးကြောင့် သူတို့က မပါဝင်ခဲ့ချေ။

နောက်ဆုံး ဗင်ချီ၏ အလှည့် ရောက်လာ၏။ သူက ပုန်ကန်မှုတွင် အရုပ်ဆိုးဆုံး၊ အကျည်းတန်ဆုံးနှင့် အကြမ်းတမ်းဆုံးလူပင်။ တခြား ပုန်ကန်သူများက တရားမျှတမှုအတွက် လုပ်ဆောင်ကောင်း လုပ်ဆောင်ခဲ့ပေ လိမ့်မည်။ သို့သော်ငြား ဗင်ချီတစ်ယောက်တည်းကတော့ သူ၏ အကျိုးစီးပွားအတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

သူက သူ၏ကျေးဇူးရှင် သူ့ယောက္ခထီးကို လုပ်ကြံခဲ့ပြီး ဒီဘိုရာကို ညစ်ညမ်းစေရန် ရည်ရွယ်ချက်ဖြင့် ဒူးလေးဖြင့် သူမ၏ဆီးခုံနေရာကို ဖောက်ထွင်း သတ်ဖြတ်ရန်ပင် ကြိုးစားခဲ့၏။ ဤအရာက လုံးဝ အရုပ်ဆိုး အကျည်းတန်သူ၊ ကယ်တင်၍ မရနိုင်လောက်အောင် ယုတ်မာသူ၊ အဆိပ်ပြင်းမြွေတစ်ကောင် ကဲ့သို့ပင်။

ကွပ်မျက်မှု မစတင်ခင်မှာပဲ သူက ကြောက်လွန်းသောကြောင့် ဘောင်းဘီထဲ သေးထွက်ကျနေ၏။ သူက အသည်းအသန် ဦးခိုက်ပြီး အသနားခံချင်သော်လည်း စကားမပြောနိုင်ပေ။ သူ၏ မျက်လုံးများက ပိုင်တင်ကို အသနားခံသလို ကြည့်ရှုနေပြီး ပိုင်တင်က အမှတ်တရများကို ပြန်လည် အောက်မေ့ကာဖြင့် သူ၏ အသက်ကို ချမ်းသာပေးလောက်စေရန် ကြိုးစားနေသည်။

“ကောင်းကင်က ကောင်းကင်၊ မြေပြင်က မြေပြင်၊ ငရဲက ငရဲပဲ။” ပိုင်တင်က ပြော၏။ ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်၏။

“အား...”

ယုတ်မာကောက်ကျစ်လွန်းသော ပိုင်တင်၏သမက် ပုန်ကန်သူ ဗင်ချီက နှိုင်းယှဉ်၍ မရအောင် နာကျင်သည့် အော်ဟစ်သံကြီးကို အော်ဟစ်လိုက်၏။ ကွပ်မျက်မှုက စတင်ခဲ့သည်။

.............

တစ်နာရီကျော် ကြာမြင့်ပြီးနောက် တောင်ထိပ် ရဲတိုက်ပေါ်ရှိ ခမ်းနားထည်ဝါသော အခန်း တစ်ခုထဲမှာတော့ ဒီဘိုရာနှင့် ရှမ့်လန်တို့က ရူးသွပ်စွာ လောင်ကျွမ်းနေ၏။ ဒီဘိုရာက သူမ၏ ကိုယ်ဝန်နှင့် ပတ်သက်သည့် ကတိစကားကို တည်ရန် ရှမ့်လန်ကို ဖိအားပေး၏။

ဤအမျိုးသမီးက နည်းနည်းများ မှားယွင်းနေသလားဟု ရှမ့်လန်က တွေးမိ၏။ သူမက ရက်စက် ကြမ်းကြုတ်သည့် ကွပ်မျက်မှုကို တွေ့လာခဲ့ပြီးတော့မှ ပိုမိုကာ စိတ်လှုပ်ရှားနေသလိုပင်။

“ငါ အရှုံးပေးပါတယ်။ အရှုံးပေးပါတယ် ဘရွတ်... ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါတော့။ ငါ သွားရတော့မယ်။”

ဒီဘိုရာက ခါးကို ကွေး၏။ ခြင်္သေ့မတစ်ကောင် ကဲ့သို့ပင် ရှမ့်လန်ကို စိုက်ကြည့်ပြီး ရှမ့်လန်၏ ပခုံးကို ခပ်ပြင်းပြင်း ကိုက်၏။

“ယောက်ျား... ကျေးဇူးပြုပြီး ဟယ်လင်မင်းသမီးဆီကို ကျွန်မရဲ့ ဂါရဝပြုမှုကို ပြောပေးပါ။ ပြီးတော့ ကျွန်မရဲ့ လက်ဆောင်ကိုလည်း ရှင် သေချာပေါက် ပို့ပေးရမယ်။”

ဒီဘိုရာက ပြောလိုက်သည်။ “ဟယ်လင်မင်းသမီးကို သွားပြီး ဂါရဝပြုဖို့ ကျွန်မကို ရှင်နဲ့အတူ လိုက်မလာ စေချင်တာ သေချာရဲ့လား။”

ရှမ့်လန်က ပြော၏။ “ဘရွတ်.. မင်းက အရမ်း အထက်စီးဆန်တာပဲ။”

ဒီဘိုရာက မထီမဲ့မြင် ပြောလိုက်သည်။ “လောကကြီးရဲ့ အဆင့်အတန်း ခွဲခြားမှုကို ထိန်းသိမ်းမယ့်သူ မရှိရင် ကမ္ဘာကြီးရဲ့ စည်းစနစ်တွေက ပျက်စီးသွားမှာပေါ့။ အထက်တန်းစား ဧကရာဇ် တစ်ယောက်အနေနဲ့ ရှင် ဒါကို သတိပြုမိသင့်တယ်။ ကျွန်မရဲ့ယောက်ျား.... ရှင်က အရိုင်းဆန်ပြီးတော့ ထိန်းချုပ်ရခက်တယ်။ အဲဒါက အရမ်း ဆွဲဆောင်မှု ရှိတယ်ဆိုပေမဲ့ ရှင်လိုလူမျိုးတွေ နည်းလေ ပိုကောင်းလေပဲ။”

ဒီဘိုရာ၏ နှုတ်မှ ထွက်သည့် စကားလုံးများက အမှားအယွင်း၊ ကျိုးကြောင်းဆီလျော်မှု သို့မဟုတ် မိစ္ဆာဝါဒ မည်သည့်အရာမှ မရှိဘဲ ဖြောင့်မတ် မှန်ကန်ပြီး သွေးအေးလွန်းရာကြ၏။

၂ နာရီ ကြာပြီးနောက် ရှမ့်လန်နှင့် တပ်မှူးကွီနင်တို့က အမေဇုန် တပ်ဖွဲ့ ၁၀၀၀ တို့၏ အကာအကွယ် အောက်မှာပဲ မူလန်မြို့ဆီသို့ မြင်းစီးပြီး ပြန်၏။ သူတို့ အဘယ်ကြောင့် နောက်တစ်နေ့မှ မထွက်ခွာရသနည်း။ အဘယ်ကြောင့် ၂ နာရီ နောက်ကျပြီးမှ ထွက်ခွာရသနည်း။ သူတို့ ထွက်ခွာမှ ဖြစ်ပေလိမ့်မည်။ သူတို့ ဆက်ပြီး နေလို့ မရတော့ချေ။

.............

မူလန်မြို့တွင် ရှမ့်လန်က မြို့စားအိမ်တော်ထဲသို့ ပြေးဝင်ပြီး အော်ဟစ်၏။ “ကျုပ် အစ်မ ဘယ်မှာလဲ။ အစ်မ ဘယ်မှာလဲ။”

ဒုန်း... ဒုန်း... ဒုန်း... အမျိုးသမီးတစ်ယောက်က ရုတ်တရက် ခြေထောက်နှင့်ကန်နေရာ ကျောက်တိုင် တစ်ဒါဇင်ကျော်က အပိုင်းပိုင်းအစစ ဖြစ်သွား၏။ နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသည့် အမျိုးသမီးတစ်ယောက်များလား။ ဤမျှ ထူသည့် ကျောက်တိုင်ကြီးကို ခြေထောက်နှင့် ကန်ချိုးနေသည်။

“ချစ်လှစွာသော မောင်လေး... နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီလား။ စောင့်နေတာ ကြာနေပြီ။” အမျိုးသမီးက ရှမ့်လန်ကို လှည့်ကြည့်၏။ ပြီးနောက် ရှမ့်လန်ကို ပွေ့ဖက်ပြီး အကြိမ် အနည်းငယ်လောက် လှည့်ပတ်လိုက်၏။ ပြီးနောက် သူမက ရှမ့်လန်၏ မျက်နှာကို ကိုင်ကာဖြင့် နဖူးနှင့် နှာခေါင်းကို အားရပါးရ နမ်း၏။

“ငါ့ရဲ့ ချစ်လှစွာသော မောင်လေး... မင်းက ငါထင်ထားတာထက် ပိုပြီး ခန့်ညားတာပဲ။ ယောက်ျား တစ်ယောက်ဖြစ်ပြီး မင်းက ငါထက်တောင် ပိုပြီး လှနေသေးတယ်။ ဒါ သင့်တော်တယ်လို့ ထင်လား။”

ရှမ့်လန်က သူမ၏ စိတ်အားထက်သန်မှုနှင့် ချစ်ခင်မြတ်နိုးမှုကို ခံရ၏။ အရိုင်းဆန်ပြီး လှပသည့် မျက်နှာသွင်ပြင်နှင့် အမျိုးသမီး တစ်ယောက်ပင်။ လှိုင်းတွန့်နေသည့် ဆံပင်နက်များနှင့် ခရမ်းရောင် မျက်လုံးများ ကို ပိုင်ဆိုင်ထားသည့် အရိုင်းဆန်သော အမျိုးသမီးကို ရှမ့်လန် တစ်ခါမှ မတွေ့ဖူးချေ။

“ဟယ်လင်လား။” ရှမ့်လန်က မေးမြန်းလိုက်၏။

“မောင်လေး... မင်း ငါ့နာမည်ကို မေးနေတာလား။”

ထိုအမျိုးသမီးက ပြောသည်။ “ငါက ဟယ်လင် မဟုတ်ဘူး။ ငါ့ရဲ့ အရှေ့တိုင်းနာမည်က ကျန်းမီ၊ အနောက်တိုင်း နာမည်ကတော့ ဟီလာတဲ့။”

“ဟီလာ ဟုတ်လား။ ဂရိ သေမင်းတမန် နတ်ဘုရားမ ဟီလာလား။”

ရှမ့်လန်က အံ့အားသင့် မှင်သက်သွား၏။ “ဟယ်လင် မဟုတ်ပေဘူးလား။”

သူ့၌ နောက်ထပ် အမတစ်ယောက် ရှိနေသေးသည်လား။ ဘာတွေ ဖြစ်ကုန်သနည်း။

“ဪ။ ဟုတ်သားပဲ။ ငါ့မှာ နောက်ထပ် အထောက်အထား တစ်ခု ရှိသေးတယ်။ ငါက ဦးခေါင်းခွံဂိုဏ်းရဲ့ တတိယမြောက် ခေါင်းဆောင်လေ။ ကြားဖူးမလား မသိဘူး။”

“ဟမ်။” ရှမ့်လန်က လုံးဝ ကြောင်အသွား၏။ သူ၏ရှေ့ရှိ အရိုင်းဆန်ပြီး အစွမ်းထက်သည့် အမျိုးသမီးကို သူက မယုံကြည်နိုင်သလို ကြည့်မိနေ၏။

.......................

ထိုအချိန်မှာတော့ ရှမ့်လန်၏ စိတ်ထဲတွင်တော့ မေးခွန်းပေါင်းများစွာနှင့် ပြည့်နှက်နေ၏။ ပထမအချက်က သူက ဘာကြောင့် အစ်မတစ်ယောက် ထပ်ရှိနေရသနည်း။ ဦးခေါင်းခွံ ပင်လယ်ဓားပြတပ်၏ တတိယ ခေါင်းဆောင်လား။ သူ့အဖေ ကျန်းလီက အနောက်တိုင်းတွင် မိန်းမ ဘယ်နှစ်ယောက်နှင့် အိပ်စက်ခဲ့သနည်း။ ဦးခေါင်းခွံ ပင်လယ်ဓားပြတပ်နှင့် မည်သို့ ပတ်သက်ခဲ့သနည်း။

ဒုတိယအချက်က ဦးခေါင်းခွံ ပင်လယ်ဓားပြတပ် ပျောက်ကွယ်သွားခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော် ကြာပြီ မဟုတ်ပါလား။ သူတို့က စွန်စားခန်း ဖွင့်ရန် တောင်ဘက်သို့ သွားရောက်ခဲ့ကြသည်ဆိုလျှင် အဘယ်ကြောင့် ယခုပြန်လာရသနည်း။ ထို့အပြင် ဤဟီလာက မူလန်မြို့ကို မည်သို့ ရှာတွေ့ခဲ့သနည်း။ ရှမ့်လန်က သူ၏ မောင်ဖြစ်ကြောင်း မည်သို့ သိရှိရသနည်း။

ထို့အပြင် သူမ၏အမည်ကလည်း ကျပန်းပေးထားခြင်း မဟုတ်ချေ။ ဟီလာဆိုသည်က ရှေးဟောင်း ဒဏ္ဍာရီလာ ဇာတ်ကောင် တစ်ဦး ဖြစ်ပြီး ဟီလာက အနောက်ဒဏ္ဍာရီလာ သေမင်းတမန် နတ်ဘုရားမ ဖြစ်၏။ အလွန်တရာ အစွမ်းထက်သည့် ပုဂ္ဂိုလ်များကိုသာ ထိုကဲ့သို့ အမည်မျိုး ပေးလေ့ရှိသည်။

ဟီလာက ရှမ့်လန်၏ လက်မောင်းကို ဆွဲဆိတ်ပြီး ရင်ဘတ်ကို ပုတ်၏။ “ငါ့ရဲ့ မောင်လေး... ဘာလို့ ဒီလောက် အားနည်းနေရတာလဲ။”

သူမက ရိုင်းစိုင်းပြီး ဆွဲဆောင်မှုရှိသည့် နှုတ်ခမ်းများကို ထော်လိုက်သည်။ “ငါတို့ရဲ့ အစွမ်းထက်တဲ့ အဖေက မင်းလို ယောက်ျားလှလှလေး မွေးထားလိမ့်မယ်လို့ မထင်မိဘူး။ ဒါပေမဲ့ ကိစ္စ မရှိပါဘူး။ နောက်ကျရင် ဒီအစ်မကြီးက မင်းကို ကာကွယ်ပေးမှာပဲ။”

ပြီးနောက် သူမက ရုတ်တရက် ပြော၏။ “မင်း ဟယ်လင်လို့ ပြောလိုက်တာလား။ ဘုရင်မမြို့တော်က မင်းသမီး ဟယ်လင်လား။ သူကလည်း အဖေ့သမီးပဲလား။”

‘ဒါနဲ့ ခင်ဗျားရဲ့ အာရုံကြောတွေက ဒီလောက်တောင် ဘာလို့ ထူထဲပြီး လေးလံနေရတာလဲ။ ဒီကိစ္စကို ဘာလို့ အခုမှ မေးရတာလဲ။’

ရှမ့်လန်က ပြန်မေးလိုက်သည်။ “ဒီကိစ္စကို ခင်ဗျား မသိဘူးလား။”

ဟီလာက ပြန်ဖြေ၏။ “ငါ ဘယ်လိုလုပ် သိမှာလဲ။ အဖေက အရမ်းကို တည်ကြည်လေးနက်တဲ့ လူတစ်ယောက် လေ။ သူ တခြားသောသူတွေနဲ့ အိပ်ခဲ့တယ် ဆိုတာ ငါဘယ်လိုလုပ် သိနိုင်မှာလဲ။”

ရှမ့်လန်က သူမနှင့် တူ ၊ မတူ သိရှိနိုင်ရန်အတွက် သူမ၏ မျက်နှာကို သေချာစွာ စိုက်ကြည့်၏။ နောက်ဆုံးမှာတော့ သူမက သူ ရှမ့်လန်နှင့် မတူဘဲ ကျန်းလီနှင့် အလွန်တူကြောင်း၊ အထူးသဖြင့် သူမ၏ မျက်လုံးနှင့် နှာခေါင်းတို့က တူညီကြောင်း တွေ့ရှိလိုက်ရ၏။ ထို့အပြင် သူမက အရပ်အလွန်ရှည်၏။ အနည်းဆုံး ၁.၉ မီတာခန့် ရှိပေလိမ့်မည်။ စောဏတုန်းကတင် သူမက ရှမ့်လန်ကို မြေကြီးပေါ်မှ အလွယ်တကူ မတင်ခဲ့သေးသည်။

ဟီလာက တကယ့်ကို လှပပြီး ရိုင်းစိုင်းသည့် အလှတရား ရှိ၏။ သူမ၏ မျက်နှာ တစ်ခုလုံးက အရှေ့တိုင်း ဆန်သော်လည်း သူမ၏ မျက်လုံးများက ခရမ်းရောင် ဖြစ်နေ၏။ နှုတ်ခမ်းများက အနောက်တိုင်း အမျိုးသမီးများကဲ့သို့ ဆွဲဆောင်မှု ရှိပြီး အရှေ့တိုင်း အမျိုးသမီးများထက် အနည်းငယ် ပိုထူ၏။ ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီနှင့်ပင် နှုတ်ခမ်းများက ဆင်တူ၏။

ရှမ့်လန်က သူမကို ထိုသို့ ကြည့်နေကြောင်း မြင်ချိန်မှာတော့ ဟီလာ၏ မျက်လုံးများတွင် ညစ်ကျယ်ကျယ် အရိပ်အယောင်များ ယှက်သန်းလာ၏။ ရှမ့်လန်၏ အကြည့်က သူမ၏ နှုတ်ခမ်းပေါ် ရောက်နေသည်ကို မြင်ချိန်မှာတော့ သူမက နှုတ်ခမ်းကို ထော်ကာဖြင့် ရှမ့်လန်၏ ပါးပြင်ကို နမ်း၏။ ပြီးနောက် ပြုံးကာ ပြောလိုက်၏။ “အစ်မကြီးရဲ့ နှုတ်ခမ်းတွေက အရမ်း စွမ်းဆောင်မှု ရှိနေတာလား။ ဟား ဟား ဟား...”

သူမက ရှမ့်လန်ထက်စာလျှင် ကျန်းလီ၏မျိုးဆက်နှင့် ပိုတူပေလိမ့်မည်။

ရှမ့်လန်က ပြော၏။ “သွားကြစို့။ ကျုပ် အစ်မကို မေးစရာတွေ ရှိသေးတယ်။”

ပြီးနောက် ရှမ့်လန်က သူမကို စာကြည့်ခန်းထဲသို့ ခေါ်ဆောင်လာ၏။ စာကြည့်ခန်းထဲသို့ ရောက်ပြီးနောက် ဟီလာက ငြိမ်ငြိမ်ထိုင်မနေချေ။ “ငါ စာကြည့်ခန်းတွေကို အမုန်းဆုံးပဲ။”

ဓားတစ်လက်ကို မြင်ချိန်မှာတော့ မနေနိုင်ဘဲ ကောက်ယူကာ ဆော့ကစားနေ၏။ ထိုအရာက ရှမ့်လန် အပျော်တမ်း သွန်းလုပ်ထားသည့် ရွှေရောင် ဓားရတနာတစ်လက် ဖြစ်ပြီး စုစုပေါင်း အလေးချိန် ၁၅ ကီလိုဂရမ် ထက်မပိုပေ။

ရှမ့်လန်ဖို့ ထိုအရာက အလွန့်ကို လေးလံလွန်း၏။ ဟီလာက ဓားရိုးကို ဆုပ်လိုက်လေရာ ဓားမှ အလင်းရောင်များ ဖြာထွက်လာ၏။ သူမ၏ တိုက်ပွဲဝင်စွမ်းရည်က တကယ့်ကို ပြင်းထန်နေ၏။ ရွှေရောင်ဓား က ချက်ချင်း ကွေးပြီး ဓားလက်ကိုင်ရိုးက ပုံပျက်သွား၏။

ဖောက်...

ရှမ့်လန်က ပြောစရာ စကားပင် မရှိတော့ချေ။ ဤသည်က ရွှေစစ်စစ် မဟုတ်သော်လည်း ရွှေ ၅၀ ရာခိုင်နှုန်း ပါဝင်သည်။

‘ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်လိုက်ရုံနဲ့ ကွေးသွားရလောက်အောင် အစ်မက ဘာဖြစ်လို့ ဒီလောက်ကြီး အားသန်နေရတာလဲ။’

ဟီလာက လျှာကို ထုတ်ပြလိုက်၏။ “တောင်းပန်ပါတယ်။”

ပြီးနောက် သူမက စားပွဲပေါ်ရှိ ကြည်လင်နေသည့် ကျောက်သလင်းလေး တစ်ခုကို ကောယ်ယူကာ ဆော့ကစား နေ၏။ သူမက ငြင်ငြင်သာသာဖြင့် လက်ထဲတွင် ညှစ်ကြည့်၏။ ကျောက်သတင်းက လက်ထဲတွင် ကြေမွသွားသည်။

“ဖောက်” ဤမျှ မာကျောသည့် ကျောက်သလင်းကို မည်ကဲ့သို့ ညှစ်ချေခဲ့သနည်း။

ဟီလာက လက်မြှောက်ကာ ပြောလိုက်၏။ “တောင်းပန်ပါတယ်။ ငါ နောက်ထပ် ဘာကိုမှ မထိတော့ဘူးလို့ ကတိပေးတယ်။ တကယ့်ကို မထိန်းနိုင်လို့ပါ။ ငါ့လက်ထဲ ရောက်လာတဲ့ဟာ မှန်သမျှ ချေမွပစ်ချင်နေတယ်။”

ဟီလာက ဆက်ပြောသည်။ “မောင်လေး.. ငါ သတိရသွားပြီ။ မင်းပြောတဲ့ မင်းသမီးဟယ်လင် ဆိုတာလေ ငါ သူ့ကို မြင်ဖူးတယ်။ ငါတို့ တစ်ခါ တိုက်ခိုက်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကပေါ့။”

ရှမ့်လန်က မေးလိုက်၏။ “ဘာလို့ တိုက်ခိုက်တာလဲ။”

ဟီလာက အနည်းငယ် ရှက်ရွံ့သွားသည်။ “သူက အရမ်းလှလို့လေ။ လူအစစ်နဲ့တောင် မတူဘူး။ ဒီလောက်လှတဲ့ မိန်းမမျိုး တွေ့ရခဲတာနဲ့ ငါ လိုက်ပြီး ပိုးပန်းကြည့်တာ။ သူက ငြင်းလွှတ်တယ်လေ။ အဲဒါနဲ့ ငါလည်း သူ့ကို စကားနဲ့ လျှောက်နောက်တာပေါ့။ ပြီးတော့ တိုက်ခိုက်ကြတာပဲ။”

ရှမ့်လန်က ပြော၏။ “နေပါအုံး။ အဲဒါက နည်းနည်းများသွားပြီ။ အစ်မ သူ့ကို သွားပြီး ပိုးပန်းခဲ့တယ် ဟုတ်လား။”

ဟီလာက ပြောလိုက်သည်။ “အဲဒီ အချိန်တုန်းက သူက ငါ့ရဲ့ညီမမှန်း ငါမှ မသိတာ။ ငါတို့က ရုပ်ချင်း လုံးဝ မတူဘူးလေ။”

ရှမ့်လန်က မေးလိုက်၏။ “ဒါပေမဲ့ သူက မိန်းကလေး ၊ အစ်မကလည်း မိန်းကလေး မဟုတ်ဘူးလား။”

ဟီလာက ပြန်မေးသည်။ “ဘာဖြစ်လဲ။ မရဘူးလား။ ငါ့ရဲ့ မောင်လေး။ မင်းရဲ့ တွေးခေါ်မှုတွေက ရှေးရိုး ဆန်လွန်းနေပြီ။”

“အင်း... ဟုတ်သားပဲ။”

ရှမ့်လန်က မေးလိုက်သည်။ “ဟီလာ... အစ်မ အသက် ဘယ်လောက်ရှိပြီလဲ။”

ဟီလာက မျက်လုံးကို ပြူးပြီး ရှမ့်လန်ကို စွဲဆောင်မှုရှိသည့် အကြည့်ဖြင့် ကြည့်၏။ သူမ၏ မျက်လုံးထဲတွင်တော့ မောင်ငယ်လေး တစ်ယောက်ကို အလွန်ပင် ချစ်မြတ်နိုးသည့် အကြည့်များ ထင်ပေါ်နေ၏။ “မောင်လေး... ခန့်မှန်းကြည့်လိုက်လေ။”

အပိုင်း (၈၆၂)

ရှမ့်လန်က ပြော၏။ “၃၂”

ဟီလာက မြားတစ်စင်းဖြင့် ပစ်ခတ်လိုက်သကဲ့သို့ပင် ရင်ဘတ်ကို ချက်ချင်း ဖိသည်။ “ချစ်လှစွာသော မောင်လေး... မင်းရဲ့စိတ်ထဲမှာ ငါက အဲလောက်တောင် အိုနေပြီလား။”

ရှမ့်လန်က ပြန်ပြော၏။ “မဟုတ်ပါဘူး။ အစ်မ ရုပ်က ၂၅ နှစ်လောက်ပဲ ရှိတယ်ဆိုပေမဲ့ အစ်မရဲ့ စရိုက်၊ ဆွဲဆောင်မှုက ၂၈ နှစ်လောက် ရှိတယ်။ ဒါပေမဲ့ မင်းသမီးဟယ်လင်က ၃၃ နှစ် ရှိပြီ။ အစ်မက သူ့ထက် ငယ်စရာ အကြောင်းမရှိဘူး မဟုတ်လား။”

ဟီလာက ရှေ့ကိုတိုးပြီး ရှမ့်လန်ကို ထပ်မံ နမ်းလိုက်ပြန်သည်။ “ငါ့ရဲ့ မောင်လေး... မင်းရဲ့ စကားလုံးတွေက ချိုသာနေတာပဲ။ ငါ မင်းကို သဘောကျသွားပြီ။”

ပြီးနောက် သူမက နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ကာ ပြောလိုက်၏။ “ငါ့ရဲ့ အသက်အစစ်အမှန်ကတော့ လျှို့ဝှက်ချက်ပဲ။ မောင်လေးကရော အသက် ဘယ်လောက်လဲ။”

ရှမ့်လန်က ဖြေလိုက်သည်။ “၂၅ နှစ် ပြည့်ကာနီးနေပြီ။”

ဟီလာက ပြော၏။ “ဒါဆို ငါ ၂၅ နှစ်ပဲ လုပ်လိုက်မယ်။ မင်းထက် တစ်လလောက်ပဲ ကြီးပြီး အစ်မဆိုတဲ့ ခေါင်းစဉ်ကို ဆက်ယူထားလိုက်မယ်။”

“ဟာ။ မဖြစ်နိုင်ဘူး။”

ဤဟီလာက မင်းသမီးဟယ်လင်ထက် သေချာပေါက် ကြီးလိမ့်မည်ဟု ရှမ့်လန် သိနေ၏။ ရှမ့်လန်က မေးမြန်းလိုက်၏။ “ဒါနဲ့ဟီလာ.. အစ်မနဲ့ ဟယ်လင် တိုက်ခိုက်တုန်းက ဘယ်သူနိုင်လဲ။”

ဟီလာက မျက်နှာလွှဲသည်။ “ငါ ဒီအကြောင်းကို မပြောချင်ဘူး။”

“ဟမ်...” ရှမ့်လန်က အံ့အားသင့်သွား၏။ မင်းသမီး ဟယ်လင်က ဤမျှလောက် သန်မာနေလေသည်လား။ ထိုအချိန်တုန်းက သူမအသက်က အလွန်ဆုံးရှိမှ ၁၇ လောက်ပဲ ရှိဦးမည်။ ဟီလာက သူမထက် အများကြီး ပိုကြီးသင့်၏။ ယခု ဟီလာက ဤမျှလောက် သန်မာနေသည် ဖြစ်သောကြောင့် ဟယ်လင်က ပို၍ သန်မာနေမည် မဟုတ်ပါလား။

ရှမ့်လန်က မေးလိုက်၏။ “ဟီလာ... အစ်မ ကျုပ်ကို ဘယ်လိုလုပ် ရှာတွေ့တာလဲ။ ကျုပ်က ကျန်းလီရဲ့ သားဖြစ်ကြောင်း ဘယ်လို သိရတာလဲ။”

မင်းသမီးဟီလာက ပြောသည်။ “ဇာတ်လမ်းက ရှည်တယ်။ ဒီကို အလျင်စလိုနဲ့ ပြန်လာရတာက ပွဲတော်ကြီးတစ်ခုကို မှီဖို့ပဲ။ အဲဒါက အမေဇုန်ဘုရင်မရဲ့ မျိုးဆက်ပွား အခမ်းအနားပဲ။ မျိုးစေ့ကျွန်းကို ရောက်တဲ့အချိန်မှာ ငါ့ကို ခေါင်းမဖော်နိုင်အောင် ဖြစ်စေတဲ့ လှပတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့ခဲ့တယ်။”

“နေပါအုံး။ နေပါအုံး။” ရှမ့်လန်က ဦးရေပြားများ ထုံကျဉ်သွားခဲ့၏။ မျိုးဆက်ပွားအခမ်းအနား ဆိုသည်က ရင်သွေးရယူရန် ဖြစ်၏။ အမျိုးသမီးတစ်ယောက်က အဘယ်ကြောင့် ဤနေရာဆီသို့ သွားရသနည်း။

ဟီလာက ပြော၏။ “ဘာဖြစ်လို့လဲ။ မရဘူးလား။ မင်းတို့က အရမ်း အကျိုးလိုလားလွန်းတယ်။ မျိုးဆက်ပွား အခမ်းအနားက ကလေးမွေးဖို့ သက်သက်မှ မဟုတ်တာ။ အချစ်နဲ့ ပျော်ရွှင်မှုကို ရှာဖွေဖို့က အရေးကြီးဆုံးပဲ မဟုတ်လား။”

“ကောင်းပါပြီ။ အစ်မ ပြောသလိုပဲ ထားလိုက်ပါတော့။”

ဟီလာက ဆက်ပြောသည်။ “နောက်ဆုံးကျတော့ အဲဒီမိန်းမက ဘုရင်မ ဖြစ်နေပြီး ငါက သူ့ကို ပိုပြီး ပြင်းပြင်းထန်ထန် လိုက်ပိုးပန်းခဲ့တယ်။ ဒါပေမဲ့ သူက အရမ်းအေးစက်နေတုန်းပဲ။ သူက ငါ့ရဲ့ နိမ့်ပါးတဲ့ မျိုးရိုးကို အထင်သေးတယ်ထင်လို့ ငါက ပင်လယ်ဓားပြ ဖြစ်တယ်ဆိုပေမဲ့ ငါ့အဖေရဲ့ ဂုဏ်ဒြပ်က အရမ်းကို ကြီးကျယ် မြင့်မြတ်ကြောင်း သူက အရှေ့တိုင်းဧကရာဇ်တစ်ပါး ဖြစ်ကြောင်း ပြောလိုက်တယ်။

နောက်ဆုံးတော့ ဘုရင်မကြီးက ငါ့အဖေ ဘယ်သူလဲလို့ မေးတယ်။ ငါက မပြောခဲ့သင့်ဘူး။ ဒါပေမဲ့ သူက အရမ်းလှလွန်းတော့ မနေနိုင်ဘဲ အဖေ့နာမည်ကို ပြောလိုက်မိတယ်။ အဲဒီမှာတင် သူက အရမ်းကို စိတ်လှုပ်ရှားသွားတယ်။ ငါတော့ သူ စိတ်ကူးယဉ်ပြီးတော့ ငါ့အပေါ် မျောပါသွားပြီ ထင်နေတာ။ ဒါပေမဲ့ ကျောက်စိမ်းလှိုင်းကျွန်းဆွယ်မှာ ငါ့မောင်လေး ရှိနေတယ်လို့ သူက ပြောလာခဲ့တယ်။”

ရှမ့်လန်က ဟီလာကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေ၏။ ဟီလာက ပုလဲနက်ကို တွေ့ရှိခဲ့ပြီး ပုလဲနက်က သူမကို ပြောပြခဲ့သည်ဟု တွေးထင်ခဲ့၏။ ပုလဲနက်က ဦးခေါင်းခွံအဖွဲ့၏ မျိုးဆက်ဖြစ်သည် မဟုတ်ပါလား။ သို့ပေမည့် အီဒါဘုရင်မ ဆီမှ သိရှိခဲ့ရသည်ဟု လုံးဝ မထင်မှတ်ခဲ့ချေ။ တကယ်ကို ထူးဆန်းလွန်းလှ၏။

ရှမ့်လန်က မေးလိုက်သည်။ “ဟီလာ... အဖေက ဦးခေါင်းခွံအဖွဲ့နဲ့ ဘယ်လိုပတ်သက်ခဲ့တာလဲ။”

ဟီလာက အံ့အားသင့်သွား၏။ “ပတ်သက်ဆိုတာ ဘာသဘောလဲ။ အဖေက ဦးခေါင်းခွံအဖွဲ့ရဲ့ ပထမဦးဆုံး ခေါင်းဆောင်လေ။”

ရှမ့်လန်က ထပ်မံက အံ့အားသင့်သွားခဲ့၏။ အတန်ကြာမှ သူက မေးသည်။ “ဦးခေါင်းခွံအဖွဲ့ရဲ့ ပထမဦးဆုံး ခေါင်းဆောင်နာမည်က 'လိုကီ' မဟုတ်ဘူးလား။”

ရှမ့်လန်က ကောင်းစွာမှတ်မိနေသေး၏။ အဘယ်ကြောင့် ဆိုသော် ထိုနာမည်က နော့ဒဏ္ဍာရီလာ မကောင်းဆိုးဝါး နတ်ဘုရား၏ အမည်ဖြစ်သောကြောင့်ပင်။

ဟီလာက ပြုံးလိုက်၏။ “အဖေက အနောက်တိုင်း နာမည်သုံးလို့ မရဘူးလား။ ပြီးတော့ ဒီနာမည်ကို ငါ့အမေ ပေးထားတာ။”

ရှမ့်လန်က မေးသည်။ “ဒါဆိုရင် အစ်မအမေက ဘယ်သူလဲ။”

ဟီလာက ပြော၏။ “အိန်ဂျလာ လို့ ခေါ်တယ်။ အစွမ်းထက်တဲ့ ပင်လယ်ဓားပြ အမျိုးသမီးတစ်ယောက်ပေါ့။ သူက အဖေ့ထက် ရှစ်နှစ်ကြီးပေမဲ့ အဖေ့ရဲ့ လှည့်ဖျားမှုကို ခံရပြီး တစ်သက်လုံး စွဲလမ်းသွားခဲ့ရှာတယ်။”

ရှမ့်လန်က မေးသည်။ “ဒါဆိုရင် အစ်မရဲ့အမေက အခုဘယ်မှာလဲ။”

ဟီလာက ပြော၏။ “သေသွားပြီ။ ဦးခေါင်းခွံ ပင်လယ်ဓားပြအဖွဲ့က မူလတုန်းက အနောက်တိုင်းမှာ ဗိုလ်ကျစိုးမိုးခဲ့တာ။ ဒါပေမဲ့ အဖေက အရှေ့တိုင်းမှာ ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ သတင်းကြားတယ်။ ဒါကြောင့် သူက ပျောက်ဆုံးသွားတဲ့နိုင်ငံရဲ့ ထိပ်တန်း လျှို့ဝှက်လက်နက်တွေကို ရှာဖွေပြီး အရှေ့တိုင်းကို သွားမယ်။ အဖေ့အတွက် လက်စားချေမယ်ဆိုပြီး ပြင်ဆင်ခဲ့တာပဲ။ သူက ဦးခေါင်းခွံစစ်သည်ကို ဦးစီးပြီး တောင်ဘက်ကို ထွက်ခွာခဲ့တယ်။ နောက်ဆုံး သူကိုယ်တိုင် ကျဆုံးပြီး သေဆုံးခဲ့ရတာပဲ။”

ရှမ့်လန်က တိတ်ဆိတ်သွား၏။ အမှန်တရားက ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ သူက မူလက အလွန်သိချင်ခဲ့၏။ ဤမျှ အစွမ်းထက်သည့် ဦးခေါင်းခွံတပ်မတော်က အနောက်တိုင်းတစ်ခုလုံးကို လွှမ်းမိုးထားပြီးမှ အဘယ်ကြောင့် အကြောင်းမဲ့ တောင်ဘက်သို့ သွားရောက်ခဲ့ရသနည်း။

ယခုတော့ အမှန်တရားက ပေါ်ပေါက်လာခဲ့၏။ အဖေ့အတွက် လက်စားချေချင်သူက ရှမ့်လန် တစ်ယောက်တည်း မဟုတ်ဘဲ အနောက်တိုင်းမှ အဖေ့အမျိုးသမီးပါ ပါဝင်နေခြင်းပင်။ ရှမ့်လန်က သက်ပြင်း ချလိုက်၏။ “ကျုပ် အရမ်းကို စိတ်မကောင်းပါဘူး။”

ဟီလာက ပခုံးကို တွန့်၏။ “ကိစ္စမရှိဘူး။ ပင်လယ်ဓားပြတွေက မကောင်းမှုလုပ်ကြတော့ နေ့တိုင်း သေနေကြတာပဲ မဟုတ်လား။ ဒါကြောင့် ငါတို့အားလုံး ပျော်ပျော်နေကြတာပေါ့။”

ရှမ့်လန်က မေးလိုက်သည်။ “ဒါဆိုရင် ပျောက်ဆုံးသွားတဲ့နိုင်ငံတွေဆိုတာ ဘာလဲ။”

ဟီလာက ပြော၏။ “အနောက်တိုင်းက တားမြစ်နယ်မြေတစ်ခုပေါ့။ ဒဏ္ဍာရီတွေအရ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာတုန်းက တိုက်သစ်ကြီးရဲ့ တောင်ဘက် ပင်လယ်ပြင်မှာ အစွမ်းထက်တဲ့ အင်ပါယာ တစ်ခု ရှိခဲ့တယ်။ အကြောင်းတစ်ခုခုကြောင့် တစ်ညတည်းနဲ့ ပျက်စီးသွားခဲ့တယ်။ ဒါပေမဲ့ အဲဒီ ပျောက်ဆုံးသွားတဲ့ နိုင်ငံမှာ ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ အစွမ်းထက် လျှို့ဝှက်လက်နက် တစ်ခုကို ဝှက်ထားတယ်။

ဒါကြောင့် မရေတွက်နိုင်တဲ့ ပင်လယ်ဓားပြတွေက အဲဒီ ပျောက်ဆုံးသွားတဲ့ နိုင်ငံကို ရှာဖွေဖို့ တောင်ဘက်ကို သွားခဲ့ကြပေမဲ့ အားလုံး ကျဆုံးခဲ့ကြတာပဲ။ အမေက အဖေ သေဆုံးသွားခဲ့တဲ့ သတင်းကို ကြားပြီးတဲ့နောက်မှာ အဲဒီ လျှို့ဝှက်လက်နက်ကို ရှာဖွေပြီး အရှေ့တိုင်းကို သွားဖို့ ပြင်ဆင်ခဲ့တာပဲ။”

ရှမ့်လန်က မေးလိုက်၏။ “ဒါဆိုရင် အစ်မတို့ ဒီပျောက်ဆုံးသွားတဲ့ နိုင်ငံကို တွေ့ခဲ့တာလား။”

ဟီလာက ခေါင်းညိတ်သည်။ “ငါးနှစ်ကြာပြီး လူပေါင်းများစွာ သေဆုံးပြီးတဲ့နောက်မှာမှ ငါတို့ တွေ့ခဲ့တာပဲ။”

ရှမ့်လန်က မေး၏။ “ပြီးတော့ရော။”

ဟီလာက ပြောသည်။ “ဒါပေမဲ့ အဲဒီ ပျောက်ဆုံးသွားတဲ့ နိုင်ငံကို တစ်စုံတစ်ယောက်က သိမ်းပိုက်ထားပြီးသား ဖြစ်နေတယ်။”

ရှမ့်လန်က မေး၏။ “ဘယ်သူလဲ။”

ဟီလာက ဖြေသည်။ “ငါမသိဘူး။ အဲဒါက အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်တဲ့ အင်အားစု တစ်ခုပဲ။”

ရှမ့်လန်က မေးလိုက်၏။ “ဒါဆိုရင် ခင်ဗျားတို့ အဲဒီအင်အားစုနဲ့ စစ်ဖြစ်ခဲ့တာလား။”

ဟီလာက ပြောသည်။ “မဖြစ်ပါဘူး။ သူတို့က အရမ်းကို မောက်မာပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုပဲ။ သူတို့က ပျောက်ဆုံးသွားတဲ့ နိုင်ငံကို သိမ်းပိုက်ထားပြီး ဖြစ်ပေမဲ့ ငါတို့ ကမ်းကပ်တာကို မတားဆီးထားဘူး။ ငါတို့ စူးစမ်းရှာဖွေတာကိုလည်း မတားဆီးဘူး။ ပျောက်ဆုံးသွားတဲ့ နိုင်ငံထဲကို ရောက်နေတာတောင် ငါတို့ သူတို့ကို မတွေ့ခဲ့ဘူး။ သူတို့ ရှိနေတာကို ခံစားလို့ရပေမဲ့ မမြင်ရဘူး။ သူတို့က သက်ရှိ သတ္တဝါ အားလုံးကို အထင်သေးပြီး ငုံ့မိုးကြည့်နေတဲ့ မြင့်မြတ်တဲ့ လူတွေလိုပဲ။”

ရှမ့်လန်က မေး၏။ “ပြီးတော့ရော။”

ဟီလာက ဆက်ပြောသည်။ “ပြီးတော့ ငါတို့က ဒဏ္ဍာရီလာ အစွမ်းထက် လျှို့ဝှက်လက်နက်ကို တွေ့လိုတွေ့ငြားနဲ့ ပျောက်ဆုံးသွားတဲ့ နိုင်ငံကို စူးစမ်းရှာဖွေခဲ့ကြတယ်။ ငါတို့က အရာများစွာကို တွေ့ရှိခဲ့တယ်။ တချို့အရာတွေက အရမ်းကို လျှို့ဝှက်ဆန်းကြယ်တယ်။ ဒါပေမဲ့ ကောင်းကင်နဲ့ မြေပြင်ကို ဖျက်ဆီးပစ်နိုင်တဲ့ လျှို့ဝှက်လက်နက်ကိုတော့ မတွေ့ခဲ့ရဘူး။ အဲဒီ လျှို့ဝှက်လက်နက်တွေကို လျှို့ဝှက် ဆန်းကြယ်တဲ့ အင်အားစုက ယူဆောင် သွားခဲ့ပြီလို့ ထင်တယ်။”

ကြည့်ရသည်မှာ ဤပျောက်ဆုံးနေသည့် နိုင်ငံက ရှေးဟောင်းအင်ပါယာ မဟုတ်ဘဲ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက တည်ရှိခဲ့သည့် ဤလောကကြီး၏ ယဉ်ကျေးမှုတစ်ခု ဖြစ်ပုံရ၏။ ထိုသူတို့က ရှေးဟောင်းယဉ်ကျေးမှု၏ ခြေရာများကို မတော်တဆ တွေ့ရှိခဲ့ရသောကြောင့် ချက်ချင်း အစွမ်းထက် လာခဲ့ခြင်းလည်း ဖြစ်ပေမည်။

သို့သော်ငြား သူတို့ အဘယ်ကြောင့် ပျက်စီးသွားရသနည်း။ ဤသည်ကို မည်သူမှ မသိချေ။ ရှမ့်လန်ကလည်း ဤပျောက်ဆုံးနေသည့် နိုင်ငံ ရှိကြောင်း လုံးဝ မသိရှိခဲ့သလို ဒီဘိုရာ၏ စာကြည့်တိုက်တွင်လည်း ဤအကြောင်း ကို မှတ်တမ်းတင်ထားခြင်း မတွေ့ခဲ့ရချေ။

ရှမ့်လန်က မေး၏။ “ပြီးတော့ရော။”

ဟီလာက ပြောသည်။ “အဲဒီနောက်မှာတော့ ငါတို့ ပျောက်ဆုံးသွားတဲ့နိုင်ငံမှာ ပိတ်မိသွားခဲ့တာပဲ။”

ရှမ့်လန်က မေး၏။ “ဒါက ဘာကိုဆိုလိုတာလဲ။”

ဟီလာက ပြောသည်။ “အဲဒါက အရမ်းကို ထူးဆန်းပြီး ခန့်မှန်းလို့မရတဲ့ လောကတစ်ခုပဲ။ အဲဒီမှာ အရပ်မျက်နှာတွေက အမြဲပြောင်းလဲနေတယ်။ အိပ်ရာက နိုးတဲ့အချိန်မှာ အရှေ့က အရှေ့မဟုတ်တော့သလို အနောက်ကလည်း အနောက် မဟုတ်တော့ဘူး။

ငါတို့ရဲ့ ရေယာဉ်စုတွေက ပင်လယ်ပြင်မှာ ဆက်လက် ရွက်လွှင့်ခဲ့တယ်။ မိုင်ပေါင်းသောင်းချီ ခရီးနှင်ခဲ့ပြီလို့ ထင်ရပေမဲ့ နောက်ဆုံး ငါတို့က နေရာဟောင်း တဝိုက်မှာ လည်နေတာပဲ။ မာန်နတ်ရဲ့ ရေဝဲလိုမျိုးပဲ။ ဘယ်တော့မှ လွတ်မြောက်မသွားဘူး။

ပြီးတော့ ပင်လယ်ထဲမှာ မရေတွက်နိုင်တဲ့ ပင်လယ်သားရဲတွေက ရှိသေးတယ်။ ငါတို့ နေ့တိုင်း တိုက်ခိုက် ခဲ့ရတယ်။ ထိခိုက်သေဆုံးမှုတွေကလည်း မရေတွက်နိုင်အောင် ဖြစ်ခဲ့တယ်။ နောက်ဆုံးမှာတော့ ငါတို့ အဲဒီ ထူးဆန်းပြီး ပျက်စီးနေတဲ့ နိုင်ငံမှာ ပိတ်မိနေခဲ့တယ်။ ငါတို့ ထွက်လာဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ကျရှုံးခဲ့တယ်။”

“ဘာဖြစ်လို့လဲ။ ပင်လယ်ပြင်ပေါ်မှာ အရပ်မျက်နှာတွေက အမြဲပြောင်းလဲနေတယ်။ ဟုတ်လား။” ကောင်းကင်ပေါ်က နေကို ကြည့်လို့ရသလို ကြယ်တွေကိုလည်း ကြည့်လို့ရသည် မဟုတ်ပါလား။

ဟီလာက ဆက်ပြောသည်။ “ငါတို့ ဆယ်နှစ်လောက်လုံး ကြိုးစားခဲ့ပေမဲ့ အဲဒီ ပင်လယ်ကနေ ဘယ်တော့မှ မလွတ်မြောက်ခဲ့ဘူး။ ဘယ်အရပ်ကိုသွားသွား စမှတ်ကိုပဲ ပြန်ရောက်တယ်။ ရေယာဉ်စုက ပင်လယ်ထဲကို ရောက်တာနဲ့ ပင်လယ်သားရဲတွေရဲ့ တိုက်ခိုက်တာကို ခံရတယ်။

ငါတို့က အနောက်တိုင်းရဲ့ အသန်မာဆုံး ပင်လယ်ဓားပြတွေလေ။ ဘယ်လို ဘီလူးသရဲကိုမှ ကြောက်ခဲ့တာ မဟုတ်ဘူး။ ဒီတော့ ငါတို့ ဆက်တိုက်ခိုက်တယ်။ တိုက်ခိုက်တယ်။ ဒီနှစ်တွေအတွင်းမှာ ငါတို့ ဦးခေါင်းခွံ ပင်လယ်ဓားပြ ရေယာဉ်စုက ပိုပြီး သန်မာလာခဲ့တယ်။ ဒါပေမဲ့ ငါတို့က ကျိန်စာသင့်နေသလိုပဲ။ ပြန်ထွက်လို့ မရနိုင်တော့ဘူး။”

ရှမ့်လန်က မေး၏။ “အဲဒီနောက် ဘာဆက်ဖြစ်သလဲ။”

ဟီလာက ပြောသည်။ “အဖေ ထွက်သွားပြီးနောက်မှာ ငါ့အမေ အိန်ဂျလာက ဦးခေါင်းခွံအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာတယ်။ ဒါပေမဲ့ ပျောက်ဆုံးသွားတဲ့နိုင်ငံမှာ နှစ်ပေါင်းများစွာ ပိတ်မိပြီးတဲ့နောက် အရာရာ ပြောင်းလဲကုန် တာပဲ။”

ရှမ့်လန်က မေး၏။ “တစ်ယောက်ယောက်က ပုန်ကန်တာလား။”

ဟီလာက ပြော၏၏သည်။ “အမေ့ရဲ့ လက်ရုံးဖြစ်တဲ့ ဆလွန်းဘားစ် လေ။ ဦးခေါင်းခွံဂိုဏ်း ဒီလိုအခြေအနေဆိုး ရောက်နေတာ ပင်လယ်နတ်ဘုရား ပိုဆိုင်ဒွန်ကို အမျက်ဒေါသထွက်စေတာကြောင့် ဖြစ်တာလို့ သူ ပြောတယ်။”

ရှမ့်လန်က ပိုဆိုင်ဒွန်အကြောင်းကို ကောင်းစွာသိ၏။ အနောက်တိုင်း ရှေးဟောင်းဒဏ္ဍာရီများထဲတွင် သူသည် ကလည်း အနောက်တိုင်း၏ ရှေးဟောင်းနတ်ဘုရား ဖြစ်၏။ သို့သော်ငြား ဤကိစ္စနှင့် ပိုဆိုင်ဒွန်က မည်သို့ သက်ဆိုင်နေသနည်း။

ဟီလာက ပြောသည်။ “ပင်လယ်နတ်ဘုရားရဲ့ သင်္ချိုင်းဂူက ပျောက်ဆုံးသွားတဲ့ နိုင်ငံမှာ ရှိတယ်ဆိုတဲ့ ဒဏ္ဍာရီ ရှိတယ်။ အဲဒါက ပင်လယ်ဓားပြတွေရဲ့ နောက်ဆုံး နားခိုရာနေရာပဲ။”

ရှမ့်လန်က မေး၏။ “ပြီးတော့ရော။”

ဟီလာက ဆက်ပြောသည်။ “ဦးခေါင်းခွံဂိုဏ်းရဲ့ ဆလွန်းဘားစ်က ငါ့ရဲ့အမေ အိန်ဂျလာက ပင်လယ်နတ်ဘုရား ပိုဆိုင်ဒွန်ကို အမျက်ဒေါသ ထွက်စေခဲ့တယ်။ ဒါကြောင့် ပျောက်ဆုံးသွားတဲ့ နိုင်ငံမှာ ပိတ်မိပြီး ထွက်မရ ဖြစ်နေတာလို့ သတင်းတွေ ဆက်တိုက်ဖြန့်တာပေါ့။ ပင်လယ်နတ်ဘုရား ပိုဆိုင်ဒွန်အတွက် ယဇ်ကောင်အဖြစ် အမေ့ကို ပင်လယ်ထဲမှာ မြှုပ်နှံစေချင်တယ်။ အဲဒါမှ ငါတို့ ဒီပင်လယ်က ထွက်ခွာနိုင်မှာတဲ့။”

ရှမ့်လန်က မေး၏။ “ပြီးတော့ အစ်မ အမေက ပင်လယ်ထဲမှာ မြှုပ်နှံခံလိုက်ရတာလား။”

ဟီလာက ဆက်ပြောသည်။ “အဲဒီအချိန်တုန်းက လူပေါင်းများစွာတို့က စိတ်ပျက်အားငယ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ပျောက်ဆုံးသွားတဲ့ နိုင်ငံမှာ အစားအသောက် မပြတ်လပ်ပေမဲ့ တခြားဘာမှ မရှိဘူးလေ။ လူပေါင်းများစွာတို့က ကိုယ့်ရဲ့ဇာတိမြေကို ပြန်ချင်ကြတယ်။ ပင်လယ်ပြင် စစ်မြေပြင်ဆီကို ပြန်ချင်ကြတယ်။ နှစ်ထောင်ချီ ကြာမြင့်နေပြီဖြစ်တဲ့ သင်္ချိုင်းဂူ အပျက်အစီးကြီးထဲမှာ မပိတ်မိချင်ကြ တော့ဘူး။

ဒီကောလာဟလတွေက လူတွေကို လှုပ်ခတ်စေတယ်။ ငါ့အမေကြောင့်ပဲ ငါတို့ ဦးခေါင်းခွံ ရေယာဉ်စုက ကျိန်စာသင့်နေတာလို့ လူအများ ခံစားလာခဲ့ကြတယ်။ ဒါကြောင့် အမေက ဆလွန်းဘားစ်ကို အနိုင်တိုက်ပြီးတော့ အပြီးအပိုင် နှင်ထုတ်လိုက်ခဲ့တယ်။”

ကြည့်ရသည်မှာ သူမ၏အဖေနှင့် ပတ်သက်သော ထိုအမျိုးသမီးက သဘောကောင်းသည့်သူ ဟုတ်ပုံ မပေါ်ချေ။

ဟီလာက ဆက်ပြော၏။ “ဦးခေါင်းခွံဂိုဏ်းရဲ့ ဆလွန်းဘားစ်ကို နှင်ထုတ်ပြီးတဲ့နောက်မှာ အမေက ပင်လယ်ထဲမှာ မြှုပ်နှံခံရဖို့ ရွေးချယ်လိုက်ပြီ။ ပြီးတော့ ဆုံးပါးသွားခဲ့တယ်။”

သူမရဲ့ လေသံက တကယ်ကို တည်ငြိမ်နေသော်လည်း မျက်နှာ ဝမ်းနည်းပူဆွေးနေကြောင်း ရှမ့်လန်က ခံစားမိ၏။ မနေနိုင်ဘဲ ရှေ့ကိုတိုးကာဖြင့် သူမ၏ပခုံးကို ပုတ်ပေးလိုက်သည်။

ဟီလာက ရှမ့်လန်ကို ဖက်ထားလိုက်၏။ သူ့ထံမှ မိသားစု၏ အနွေးဓာတ်ကို ရရှိသလို လောဘကြီးစွာ ရှူရှိုက်နေ၏။

ဟီလာက သက်ပြင်းချလိုက်သည်။ “ဒါပေမဲ့ အမေ အိန်ဂျလာက ပင်လယ်ထဲမှာ မြှုပ်နှံခံရဖို့ ကိုယ်တိုင် ဆန္ဒပြုခဲ့ပေမဲ့ ပင်လယ်နတ်ဘုရား ပိုဆိုင်ဒွန်က ဦးခေါင်းခွံစစ်တပ်ကို မကယ်တင်နိုင်ခဲ့ဘူး။ အမေ ပင်လယ်ထဲမှာ မြှုပ်နှံခံရတဲ့ နေ့တုန်းက တကယ်ကို ပင်လယ်နတ်ဘုရား ကိုယ်ထင်ပြသလိုပဲ။

အဲဒီတုန်းက မြင်ကွင်းကို မင်း စိတ်ကူးယဉ်ကြည့်လို့တောင် ရမှာမဟုတ်ဘူး။ မီတာ ၁၀၀ ကျော်လောက် မြင့်တဲ့ လှိုင်းလုံးကြီးတွေ ပေါ်လာတယ်။ ပြီးတော့ အရမ်းကို ကြီးမားတဲ့ ရေဘဝဲကြီး တစ်ကောင်က အမေ့ကို မျိုချလိုက်တယ်။ အဲဒီ ရေဘဝဲက ရဲတိုက်ကြီးလောက် ကြီးတယ်။ ပြီးတော့ တခြားရေဘဝဲတွေမှာ သွားမရှိပေမဲ့ အဲဒီ ရေဘူဝဲရဲ့ ပါးစပ်ထဲမှာတော့ သွားတွေနဲ့ ပြည့်နှက်နေတယ်။”

ရှမ့်လန်က တုန်လှုပ်သွား၏။ “ရဲတိုက်ကြီးလောက်ကြီးသည့် ရေဘဝဲကြီး ဟုတ်လား။”

ပို၍ အရေးကြီးသည်က မည်ကဲ့သို့ ရဲတိုက်မျိုးနည်း။

ဟီလာက လှောင်ပြောင်လိုက်၏။ “အဲဒီတုန်းက ငါတို့အားလုံးက ပင်လယ်နတ်ဘုရား ကိုယ်ထင်ပြတာလို့ ထင်ခဲ့တယ်။ ဦးခေါင်းခွံ ရေယာဉ်စုကို ဦးဆောင်ပြီး ပျောက်ဆုံးသွားတဲ့ နိုင်ငံ ကနေ ချက်ချင်းထွက်ခွာတယ်။ ရလဒ်ကတော့ အတူတူပါပဲ။ ငါတို့ ရက်ပေါင်းများစွာ ရွက်လွှင့်နေပေမဲ့ စမှတ်ကိုပဲ ပြန်ရောက်လာခဲ့တာပဲ။ ငါတို့ ကျိန်စာသင့်နေဆဲပဲ။ အဲဒီ ပင်လယ်ပြင်ကနေပြီး ဘယ်တော့မှ မခွာနိုင်ဘူး။”

“မောင်လေး... အဲဒီ ပင်လယ်ပြင် ဧရိယာက ဘယ်လောက်တောင် ကြီးမားလဲဆိုတာ မင်း မသိဘူး။ ပြီးတော့ အရမ်းကို ငြိမ်းချမ်းတဲ့ပုံစံ ပေါ်တယ်။ ကျောက်ဆောင်တွေကလည်း မရှိဘူး။ အန္တရာယ်ရှိတဲ့ သဲသောင် တွေလည်း မရှိဘူး။ အဆုံးစမဲ့ ပင်လယ်ပြင်ကြီး သက်သက်ပဲ။ အလွယ်တကူ ထွက်ခွာသွားလို့ ရမလိုလိုပဲ။ ဒါပေမဲ့ ငါတို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ မိုင်ပေါင်းသိန်းချီ ရွက်လွှင့်ခဲ့တယ်။ ဘယ်တော့မှ ထွက်မရခဲ့ဘူး။”

ရှမ့်လန်က မေး၏။ “ပြီးတော့ရော ....။”

ဟီလာက ပြောသည်။ အမေ ပင်လယ်ထဲမှာ မြှုပ်နှံခံရပြီးတဲ့နောက်မှာ ငါ့ရင်တွေ အရမ်းနာကျင်တယ်။ ဦးခေါင်းခွံဂိုဏ်းတစ်ခုလုံးကလည်း နာကျင်နေခဲ့တယ်။ သူတို့ရဲ့စိတ်ထဲမှာ အပြစ်ရှိသလို ခံစားခဲ့ရတယ်။ လူအများအပြားက ငါ့ကို တောင်းပန်ချင်နေကြမှန်း ငါသိတယ်။ ဒါပေမဲ့ မလိုအပ်ဘူး။ ငါ အဲဒီမှာ ဆက် မနေနိုင်တော့ဘူး။ ဒါကြောင့် ထွက်ခွာဖို့ ရွေးချယ်ခဲ့တယ်။ ရွက်လှေတစ်စင်းကို ယူပြီး ထွက်လာခဲ့တယ်။”

ရှမ့်လန်က ပြောသည်။ “ဒါပေမဲ့ အစ်မလည်း ထွက်ခွာလို့ မရလောက်ဘူး။ ခင်ဗျားလည်း အဲဒီမှာ ပိတ်မိနေမှာပဲ။”

ဟီလာက ပြော၏။ “ဟုတ်တယ်။ ငါလည်း ထွက်လို့ မရခဲ့ဘူး။ ငါလည်း အဲဒီမှာ ပိတ်မိနေခဲ့တယ်။ ဒါပေမဲ့ ငါ ပျောက်ဆုံးသွားတဲ့နိုင်ငံမှာ နေမယ့်အစား သေတာကမှ ပိုကောင်းအုံးမယ်လို့ တွေးခဲ့တယ် မောင်လေး။ မင်း အဲလို မျှော်လင့်ချက်မဲ့မှုကို ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး။”

ရှမ့်လန်က နားမလည်နိုင်သော်လည်း စိတ်ကူးကြည့်၍တော့ရ၏။ ပျောက်ဆုံးနေသည့် နိုင်ငံတွင် ဘာမှ မရှိသလို လူနေထိုင်သည့် လက္ခဏာလည်း မရှိသလောက်ပင်။ လျှို့ဝှက်ဆန်းကြယ်သည့် အင်အားစုကြီး တစ်ခုသာ ရှိနေပြီး ဘယ်တော့မှလည်း မတွေ့ရချေ။ ဘယ်သူမှ မရှိသည့် ဤဗလာသက်သက် အပျက်အစီး တည်နေရာထဲတွင် နေထိုင်ရင်း ရူးသွပ်သွားနိုင်သည်။

All Chapters