← Chapters

အခန်း (၂၃၁-၂၃၅)

Vol. 17 Ch. 231-235

အခန်း (၂၃၁-၂၃၅)

Vol. 17 Ch. 231-235

အပိုင်း(၂၃၁): ဗျပ်သံစဉ် တစ်ပုဒ်သည် တစ္စေအုပ်ကြီးကို သုတ်သင်ပစ်ခဲ့သည်

ကျောက်တံခါးကြီးမှ ဖွင့်ထားသော ဤရှေးဟောင်းသီချင်းကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က တောင်တန်းစားဖွယ်စုံ ပိုင်ရှင်မှ သူ့ဆီသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။

သူ၏ ထူးကဲသော နားလည်မှုကြောင့် ၊ စူးချန်ကဲသည် ၎င်းအား လျင်မြန်စွာ နားလည်ပြီး တတ်မြောက်ခဲ့သည်။

“ မရဏကမ္ဘာရဲ့ မရဏတရားလေးပါးတဲ့လား?”

“ ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်”

စူးချန်ကဲသည် အနည်းငယ် ပြုံးရယ်လိုက်ပြီး ၊ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။

အလင်းတန်းများ တဖျပ်ဖျပ် ရိုက်ခတ်လာခဲ့ပြီး တေး‌ဂီတသင်္ကေတများက အတန်းလိုက် စူးချန်ကဲ၏ ရှေ့တွင် ထွက်ပေါ်လာသည်။

ထို့နောက် တေးဂီတသင်္ကေတများသည် မြူးကြွစွာ ကခုန်လျက် ပုံရိပ်ယောင် ဗျပ်စောင်းတစ်လက်ကို ဖန်တီးခဲ့သည်။

ဗျပ်စောင်းပေါ်တွင် အလင်းကြောင်းများ စီးဆင်းနေပြီး ၊ ဤအမှောင်ပတ်ဝန်းကျင်တွင် တောက်ပနေသည်။

ဗျပ်သံစဉ်မှာ စတင် ထွက်ပေါ်လို့ လာချေပြီ။စူးချန်ကဲသည် သူ၏ သွယ်လျသော လက်ချောင်းများဖြင့် ကြိုးများကို တီးခတ်လိုက်စဉ် ၊

ရောင်စဉ်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်မှာ အမှောင်ထု အားလုံးကို ဒီရေအလား ဝါးမျိုလိုက်သကဲ့သို့ အမှောင်ကမ္ဘာကြီး တစ်ခုလုံးကို အလင်းရောင်များဖြင့် ပြည့်နှက်သွားစေသည်။

ကျောက်တံခါးကြီးသည် ထိုစွမ်းအားများကြောင့် နိုးထလာပုံရပြီး၊ ၎င်းပေါ်ရှိ အက္ခရာတို့သည် ချက်ချင်းလက်ငင်း နီမြန်းလာခဲ့ပြီး ပြင်းထန်သော အနီရောင်စဉ်အဖြစ် ပေါက်ကွဲ ထွက်ပေါ်လာသည်။

အလွန်အစွမ်းထက်သော စွမ်းအားတစ်ခုကို ထုတ်လွှတ်နေပြီး ၊ တစ်ကမ္ဘာလုံးကို ဖြိုခွဲတော့မည့်အတိုင်းပင်။

ထိုအနီရဲရဲ ရောင်ဝါများ ထွက်ပေါ်လာသည်နှင့် ကြောက်စရာကောင်းသော တစ္စေခေါင်းများ နေရာအနှံ့ ထွက်ပေါ်လာသည်။

သူတို့စိတ်ထဲက မလိုလားသော ဒေါသများကို ပြောပြနေသကဲ့သို့ စူးရှကျယ်လောင်သော အသံများဖြင့် ဟစ်အော်နေလေ၏။

“ဘာလို့လဲ! ဘာလို့ ငါတို့ကို လာနှောင့်ယှက်နေတာလဲ?”

“ လူသေတာ မလုံလောက်သေးလို့လား!?”

“မင်းတို့ ငါတို့ရဲ့ သန့်စင် နယ်မြေကို လာပြီး မရမက ဖျက်ဆီးမှကို ဖြစ်မှာလား?”

“…”

အချို့သော တစ္စေ‌ဦိးခေါင်း၏ အသွင်အပြင်များနှင့်အတူ၊ တစ္ဆေအငွေ့အသက်များသည် ပို၍ အားကောင်းလာခဲ့သည်။

သရဲတစ္ဆေတို့၏ စူးရှသော အော်ဟစ်သံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေပြီး ၊ သရဲတစ္စေတို့၏ ငိုကြွေးသံများသည် ဗျပ်သံကို လွှမ်းမိုးစပြုနေသည်။

“ပြောမနေနဲ့!!”

ထိုစဉ် ပို၍ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထောင်ပေါင်းများစွာသော တစ္စေတို့သည် ဦးခေါင်းခွံကြီး အဖြစ်သို့ အသွင်ပြောင်းလဲသွားပြီး ပါးစပ်ကို အကျယ်ကြီး ဟ ကာ စူးချန်ကဲအား တိုက်ခိုက်လေသည်။

သို့သော် စူးချန်ကဲသည် သူ၏ မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး ၊ ဤအခိုက်အတန့်တွင် သူသည် ဗျပ်စောင်း သံစဉ်ကမ္ဘာထဲတွင် ငြိမ်သက်စွာ ရှိနေခဲ့သည်။

စူးချန်ကဲ၏ ညာလက်ငါးချောင်းသည် ကြိုးများကို အရှိန်အဟုန်ဖြင့် ချောမွေ့စွာ တီးခတ်နေသည်။

တီးခတ်လိုက်တိုင်း ၊ ကျယ်လောင်သော ဗျပ်စောင်းသံစဉ်တို့ ထွက်ပေါ်လာသည်။

မူလက လွပ်လပ်‌သော သာမာန်စည်းချက်များမှာ ရုတ်ချည်းဆိုသလို မိုးခြိမ်းသံကဲ့သို့ စူးရှလာပြီး ၊ ကြောက်စရာကောင်းသော သံစဉ်မုန်တိုင်းကြီးသည် ‌ပေါက်ကွဲမှုနှုန်းဖြင့် လေထဲသို့ ပျံ့လွှင့်သွားသည်။

သံစဉ်မုန်တိုင်း၏ အရှိန်သည် ပြင်းထန်လွန်းပေရာ ၊ တခဏချင်းမှာပင် ဦးခေါင်းခွံကြီးမှာ ကွဲအက်သွားပြီး အနက်ရောင် အငွေ့အသက်များ အဖြစ် ပြောင်းလဲကာ လွှင့်ပျံသွားသည်။

ထိုမြင်ကွင်းကို ကြည့်ရှုနေဆဲ ဖြစ်သော တောင်တန်းစားဖွယ်စုံပိုင်ရှင်၏ မျက်ဝန်းများမှာ ကျုံ့သွားသည်။

“ အတော် အားကောင်းတဲ့ နားလည်နိုင်စွမ်း!”

တကယ်တော့ သူမသည်လည်း ဤဂီတ၏ အနှစ်သာရကို နားလည် တတ်ကျွမ်းထားသူဖြစ်ပြီး ၊ ဤရှေးဟောင်းသီချင်းသည် မည်မျှခက်ခဲသည်ကို သူမ သိထားသည်။

သို့သော် စူးချန်ကဲသည် သုံးရက်တည်းနဲ့တင် သင်ယူတတ်မြောက်ခဲ့ပြီး ကျွမ်းကျင်စွာ တီးခတ်နိုင်ခဲ့သည်။ ဤကဲ့သို့သော နားလည်နိုင်စွမ်းရှိသည့် ပါရမီမျိုးကို သူမ တခါမှ မမြင်ဖူးမကြားဖူးပေ။

ဤတစ်ခေါက် စူးချန်ကဲ၏ လှုပ်ရှားမှုသည် တစ္စေတသိုက်၏ ဒေါသကို လုံးဝ ဆွခဲ့မိသည်။

၎င်းတို့အားလုံး ရှိုက်ကြီးတငင် အော်ဟစ်ကာ စူးချန်ကဲအား ပြင်းပြင်းထန်ထန် ကိုက်စားရန် ပြေးဝင်လာကြသည်။

သို့သော် စူးချန်ကဲသည် တချက်မှ မော့မကြည့်ဘဲ ဖြည်းညှင်းစွာ ဆက်လက် တီးခတ်နေဆဲပင် ဖြစ်ရာ ၊ ငြိမ့်ညောင်းသော တေးသံစဉ်သည် ဤနေရာရှိ နေရာကွက်လပ်များဆီသို့ ပျံ့နှံ့သွားသည်။

ဤသို့ဖြင့် တေးသံစဉ်များက နေရာတစ်ခုလုံးကို ဖြည်းဖြည်းချင်း လွှမ်းခြုံသွားခဲ့လေသည်။

စောင်းကြိုးများက တဆတ်ဆတ် တုန်ခါနေပြီး၊ တေးဂီတသင်္ကေတများက မြူးကြွစွာ ကခုန်နေသည်။ စူးချန်ကဲ၏ အလိုဆန္ဒများကို ဤသံစဉ်ထဲတွင် အပ်နှံထားသည့်အတိုင်း ငြိမ့်ညောင်းစွာ လွှင့်မျောနေပြီး ၊

တစ္စေအုပ်ကြီးကို တွန်းလှန်နေသည်။

သွေးအန်သံ ! !

ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး ၊ ထောင်ပေါင်းများစွာသော အမဲရောင် အမှုန်အငွေ့များအဖြစ်သို့ ပြောင်းလဲရချေပြီ။

“ဘာလို့ ငါတို့ကို အလွှတ်​မပေးရတာလဲ?!!”

ကျောက်တံခါးကြီးမှာ ဖြည်းဖြည်းချင်း ပွင့်ဟလာခဲ့သည်။

အထဲတွင် ပို၍ ကြောက်စရာကောင်းသော တစ္စေ အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး ၊ ၎င်းအငွေ့အသက်များသည် မရဏကမ္ဘာတွင် တွေ့ရသော အငွေ့အသက်များနှင့် လုံးဝ ကွဲပြားနေသည်။

မရေမတွက်နိုင်လောက်‌အောင် နှစ်ပေါင်းများစွာ အနည်ထိုင်လာခဲ့ပြီးနောက်မှာတော့ ၊ ဤတစ္စေအငွေ့အသက်များမှာ မူလနှင့်မတူတော့ဘဲ ပြောင်းလဲသွားခြင်း ဖြစ်နိုင်သည်။

ထိုအငွေ့အသက်များထဲတွင် အဆုံးမရှိသော နာကြည်းမှု၊ ဒေါသနှင့် ဝမ်းနည်းမှုတို့ ပါဝင်နေသည်။

“ဒီလောက်နှစ်အကြာကြီး နှိပ်ကွပ်ခံထားရတာကို မင်း သိရဲ့လား!? သိရဲ့လား!?”

“ငါက ဘာလို့ နှိပ်ကွပ်ခံရမှာလဲ၊ ငါက ဘာလို့ နှိပ်ကွပ်ခံရမှာလဲ!!”

“……”

အတွင်းမှ ဆိုးသွမ်းသော သရဲတစ္ဆေတို့၏ ကြွေးကြော်သံများမှာ အဆက်မပြတ် ထွက်ပေါ်လာသည်။

ကွေးဝူယာတို့အဖွဲ့သည် စူးချန်ကဲ နှင့် မနီးမဝေး အကွာအဝေးတွင် ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။

မူလက ရှုပ်ထွေးသော အခြေအနေကို အခွင့်ကောင်းယူကာ စူးချန်ကဲအား တိုက်ခိုက်ရန် ကြံစည်ထားခဲ့သော်လည်း ၊ သို့သော် ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကြောက်လန့်တကြားဖြင့် နေရာမှာတင် အေးခဲသွားသည်။

၎င်းတို့သည် သူတို့ မြင်ဖူးသော အသန့်စင်ဆုံး တစ္ဆေစွမ်းအင်များထက်ကို များစွာ သန့်စင်ပေသည်။

တစ္ဆေစွမ်းအင်များ ပို၍ အားကောင်းလာလေလေ နာကြည်းမှု ကြီးမားလေလေပင် ဖြစ်သည်။

ဤအားကောင်းသော တစ္စေစွမ်းအင်များသည် သူတို့လို ဒေသခံများကိုတောင် ခေါင်းကြီးသွားစေသည်။

“ လူသားမျိုးနွယ်စုက ဒီကောင်စုတ် ၊ မဟုတ်မှလွဲရော ချိတ်စည်းကို ချိုးဖြတ်ခဲ့တာလား!?”

ကွေးဝူယာ၏ ထိတ်လန့်နေ‌သော မျက်နှာပေါ်တွင် ဒေါသအရိတ်အမြွက်များ ရှိနေသည်။

“ သေသင့်တဲ့ကောင် ၊ တကယ်လို့ သူသာ မတားစီးနိုင်ရင် ၊ ငါတို့လည်း သေသွားနိုင်တယ်”

ထိုတစ္ဆေများ၏ ရူးသွပ်မှုကို လူတိုင်း ကြောက်လန့်နေကြသည်။

သို့သော် စူးချန်ကဲသည် ရေပြင်ညီအလား တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါတို့မှာ ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့သည်။

ဗျပ်စောင်း တီးခတ်သံမှာ အဆက်မပြတ် ထွက်ပေါ်နေသည်နှင့် အမျှ ၊ တေးဂီတသံစဉ်တို့သည် လှံနှင့် ဓားများကို ကိုင်ဆောင်ထားသည့် ထောင်ပေါင်းများစွာသော စစ်သည်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သလိုပင်။

၎င်းတို့သည် စူးချန်ကဲကို တိုက်ခိုက်နေကြသော တစ္စေများနှင့် အပြင်းအထန် တိုက်ပွဲဝင်လို့ နေသည်။

စူးချန်ကဲသည် စစ်သည်ထောင်ပေါင်းများစွာကို ကွပ်ကဲနေသော ဧကရာဇ်မင်း(နိုင်ငံဘုရင်)တစ်ပါးအလား ထင်မှတ်ရသည်။

တီးခတ်နေသော သံစဉ်များကြားထဲတွင် မရေမတွက်နိုင်သော စစ်သည်တို့သည် သူ၏ အမိန့်ကိုသာလျှင် နားထောင်နေပုံရပေသည်။

ဤအခိုက်အတန့်တွင်၊ဗျပ်စောင်း တေးသံစဉ် နှင့် ထောင်ပေါင်များစွာသော တစ္စေတို့ကြားက တိုက်ပွဲကြီးသည် အပြင်းထန်ဆုံး အဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။

ထောင်ပေါင်များစွာသော တစ္ဆေတို့သည် သံစဉ်၏ ထိုးနှက်မှုကြောင့် ကျိုးပဲ့ပျက်စီးနေပြီ ဖြစ်သော ခန္ဓာကိုယ်ကိုပင် လျစ်လျူရှုလျက် ပို၍ ရူးသွပ်လာကြသည်။

၎င်းတို့သည် မဲမှောင်နေသော အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲသွားပြီး ၊မယုံနိုင်လောက်အောင် လျင်မြန်သော အရှိန်နှုန်းဖြင့် လေကို ခွင်းကာ စူးချန်ကဲထံ ပြေးဝင်သွားသည်။

သို့သော် စူးချန်ကဲသည် တချက်မှ မော့မကြည့်ဘဲ တူရိယာကြိုးများကို တည်ငြိမ်စွာဖြင့် တီးခတ်နေ‌ဆဲပင် ဖြစ်သည်။

တေးဂီတ မုန်တိုင်း လွှင့်ပျံနေသည်နှင့် အမျှ ၊ အမှောင်အလင်းတန်းသည် ချက်ချင်းဆိုသလို ပျက်သုဉ်းသွားခဲ့ရပြန်သည်။

ထို့နောက်တွင် ဗျပ်စောင်း တီးခတ်သံသည် ပို၍ မာန်ပါလာခဲ့ပြီး ၊ စည်းချက်တို့သည် လေထဲတွင် အဆက်မပြတ် စီးဆင်းမျောပါနေသည်။

ထိုစည်းချက်များသည် အရာအားလုံးကို ပျက်စီးကိန်းစိုက်ရသလို ၊ အရာအားလုံးကို ပြိုလဲအောင် ပြုစားနေသည့်အတိုင်း။

ဤအခိုက်အတန့်တွင်၊ စူးချန်ကဲသည် ကောင်းကင်ဘုံကိုးပါး အထက်တွင် ရှိနေပြီး ကမ္ဘာမြေကြီးကို အပေါ်စီးမှ ကြည့်နေသည့်အတိုင်း သူ့ကို မည်သည့်အရာကမှ ခုခံနိုင်စွမ်း မရှိခဲ့ချေ။

စိတ်လှုပ်ရှားစရာကောင်းသော တီးခတ်မှုအပြီးတွင် ငြိမ်ချမ်းမှုသည် ဘယ်အချိန်ကတည်းက ပြန်ရလာမှန်း မသိ။

လူတိုင်း ဤမြင်ကွင်းကို တငေးတမော စိုက်ကြည့်နေကြသည်။

စူးချန်ကဲကို ထပ်ကြည့်လိုက်ချိန်တွင် ၊ သူ၏ သွယ်လျသော လက်ချောင်းများမှာ ထပ်မံ လှုပ်ရှားခြင်း မရှိတော့ချေ။

သို့သော် သူ့မျက်နှာသည် တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်နေပြီး ၊ ဤဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် လူတိုင်း၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ခဲ့သည့်အတိုင်းပင်။

ကျောက်တံခါးကြီးမှာ ဘယ်အချိန်ကတည်းက လုံးတ အပြီးတိုင် ပွင့်နေခဲ့လဲ မသိ ။

အထဲတွင် မည်သည့် ထူးဆန်း‌သော အငွေ့အသက်များလည်း မရှိတော့သလို ၊ တစ္စေများလည်း ထွက်မလာတော့ချေ။

အေးစက်သော လေညှင်းတချက် ဝှေ့ယမ်းသွားလေရာ စူးချန်ကဲ၏ ဆံနွယ်မျှင်တို့မှာ အနည်းငယ် လှုပ်ခတ်သွားသည်။

သို့သော် ဗျပ်စောင်း၏ နှိပ်ကွပ်မှု တီးခတ်သံကို ကြားလိုက်ရသော ကွေးဝူယာတို့အဖွဲ့မှာ ချွေးများ တဒီးဒီး စီးကျနေပြီး ခန္ဓာကိုယ်တစ်ခုလုံး စိုစွတ်နေသည်။

“ဒီ... ဗျပ်စောင်းကို ဒီလိုမျိုး တီးခတ်လို့ ရတာလား”

ဤအားကောင်းသော တီးခတ်မှုသည် စိတ်ပိုင်းဆိုင်ရာ နှိပ်ကွပ်မှု တစ်ခု ဖြစ်စေသည်။သူတို့ ‌ရောက်ရှိနေသော နေရာနှင့် အဝေး‌ဆုံးဖြစ်သော်ငြားလည်း ၊ သူတို့အားလုံး ဤစိတ်ပိုင်းဆိုင်ရာ နှိပ်ကွက်မှုကို ခံစားခဲ့ရသည်။

အကယ်၍ စူးချန်ကဲ နှင့် ဒီထက် နီးစပ်ခဲ့မည် ဆိုပါက ၊စောနက တေးဂီတသည် သူတို့၏ စိတ်ဝိညာဉ်ကို နှိပ်စက်သွားပေလိမ့်မည်။

အမှောင်ထဲတွင် ပုန်းနေသော လန်ရှင်းပင်လျှင် အလားတူ ကြည့်ရဆိုးနေသည်။ကျောက်တံခါးကြီးကနေ ထွက်လာသော တစ္စေများသည် မည်မျှတောင် ကြောက်စရာကောင်းသည်ကို သူမ သိသည်။

သို့သော် ဤမျှကြောက်စရာကောင်း‌သော တစ္ဆေအုပ်စုကြီးမှာ ထိုအနှီသူ၏ သီချင်းကြောင့် လုံးဝ ပျက်ဆီးသွားခဲ့ရသည်

ထိုအနှီသူမှာ သာမာန်လူတစ်ယောက် မဟုတ်နိုင်ပေ !

“တစ္ဆေနတ်ဘုရားရဲ့ အမွေအနှစ်ကို ရသွားခဲ့တာ သူလား ၊ ဒါဆို ကိစ္စက ဖြေရှင်းရခက်ပြီ...”

သို့သော် ဖျော်‌ဖြေမှုကြီး ပြီးဆုံးသွားသည့်တိုင် ၊ စူးချန်ကဲသည် သူ၏ ဗျပ်စောင်းကို ပြန်လည် မသိမ်းခဲ့သေးပေ။

ထိုအစား ပုန်းနေကြသော လူတသိုက်ဘက်သို့ လှည့်ကြည့်ကာ ‌ဆိုလိုက်သည်။

“မင်းတို့ ဘာလို့ အမှောင်ထဲမှာ ပုန်းနေကြမှာတုန်း?”

“ အဲ့အစား ထွက်လာပြီး ကျွန်တော်ကို လာတွေ့ပါ့လား ၊ ကျွန်တော် စူးမျိုးနွယ် အားလုံးအတွက် သီချင်းတစ်ပုဒ် ဖျော်ဖြေပေးမယ်လေ”

အပိုင်း(၂၃၂): ကွေးဝူယာကို သတ်ဖြတ်ခြင်း

“တွေ့သွားပြီလား?”

ပုန်းအောင်းနေကြသော ကွေးဝူယာတို့အုပ်စု၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။

သူတို့သည် ဤလမ်းတစ်လျှောက်လုံး အကွာအဝေးကို ထိန်းကာ လိုက်လာခဲ့ကြပြီး ၊ထို့အပြင် ၎င်းတို့၏ ရောင်ဝါကို လျှော့ချနိုင်ရန်အတွက် လျှို့ဝှက်ပညာရပ်များကိုပင် အသုံးပြုခဲ့ကြသည်။

ထိပ်တန်း သူတော်စင်တစ်ယောက်၏ အာရုံခံပင် သူတို့ကို ရှာဖွေဖို့ရာ ခက်ခဲပေလိမ့်မည်။သို့သော် စူးချန်ကဲသည် သူတို့ကို အဘယ်ကြောင့် ရှာဖွေတွေ့ရှိခဲ့လေသနည်း။

ယင်းက သူတို့ကို ခိုက်ခိုက်တုန်သွားစေသည့်အထိပင်။သို့မဟုတ် သူတို့သည် စူးချန်ကဲ၏ ကြောက်စရာကောင်းမှုကို လျော့တွက်ခဲ့မိတာလည်း ဖြစ်နိုင်ပေသည်။

သို့သော် သူတို့အားလုံး ဘာမှတောင် မတွေးရသေးခင် ၊

ဒင် —

စူးရှသော ဗျပ်စောင်းသံ ထွက်ပေါ်လာသည်။ တေးဂီတ၏ အနှစ်သာရသည် ကောင်းကင်တခွင် ပျံ့နှံ့သွားပြီး အေးစက်သော အလင်းရောင်တစ်ခုအဖြစ် ပြောင်းလဲကာ ၎င်းတို့ ပုန်းခိုရာ နေရာသို့ တိုက်ရိုက် ဖောက်ခွဲပစ်ခဲ့သည်။

ဘုန်း!

တခဏချင်းမှာပင် ၊ အလင်းတန်းကြီး ပေါက်ကွဲ ထွက်သွားပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

အားနည်းသူအချို့မှာ စူးချန်ကဲ၏ ဗျပ်စောင်းသံရှေ့တွင် ပြန်လည်တိုက်ခိုက်ရန် အင်အား မရှိခဲ့လေရာ ၊

ပေါက်ကွဲမှုနှင့်အတူ အဝေးသို့ လွှင့်ထွက်သွားပြီး ကျောက်နံရံနှင့် ပြင်းထန်စွာ ဝင်တိုက်ခဲ့သည် ။

“ ကောင်စုတ်လေး ၊ မင်းကများ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဝံ့တယ်ပေါ့!?”

ကွေးဝူယာက ဒေါသတကြီး အော်ဟစ် ပြောဆိုလိုက်သည်။

“ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာလား?”

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း တူရိယာကြိုးကို နောက်တစ်ကြိမ် တီးခတ်လိုက်လေရာ စည်းချက်များဖြင့် စုဝေးထားသော ပုဆိန်တစ်လက် ထွက်ပေါ်လာသည်။

ဝုန်း!!

ထိုပုဆိန်၏ စွမ်းအားသည် အလွန် အားကောင်းပြီး ၊ ကွေးဝူယာ နည်းတူ အားကောင်းသော လူနည်းစု တချို့တောင် ထိုအရာကို ခုခံနိုင်စွမ်း မရှိခဲ့ချေ။

၎င်းတို့အားလုံး ထိုပုဆိန်၏ လက်ချက်ဖြင့် အသားများ ဆုတ်ဖြဲခံလိုက်ရသည်။

“မင်း သေချင်နေတာလား?”

ကွေးဝူယာ တစ်ယောက် အလွန် ဒေါသဖြစ်နေခဲ့သည်။ဤလူသား၏ လုပ်ရပ်သည် အတော့်ကို ဒေါသထွက်စရာ ကောင်းပေသည်။

ပြိုင်ဘက်သည် အလွန်အားကောင်းသော်လည်း၊ မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် သူ့ပိုင်နက်ပင် ဖြစ်သည်။

တစ္စေအငွေ့အသက်များက သူ၏ ခန္ဓာကိုယ်ကို တလိပ်လိပ် ရစ်ပတ်ထားပြီး ၊ အနက်ရောင် လျှပ်စစ်မိုးကြိုးအဖြစ်သို့ ပြောင်းလဲသွားသည်။ထို့နောက်တွင် နက်မှောင်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကွေးဝူယာသည် ထိုနက်မှောင်သော အလင်းတန်းကို ပစ်လွှတ်လိုက်သည့် တချိန်တည်းမှာပင် သူ့လက်ထဲတွင် ဓားရှည်တစ်ချောင်း ထွက်ပေါ်လာခဲ့သည်။

ထိုဓားရှည်သည် လျင်မြန်သော အရှိန်နှုန်းဖြင့် လေကို ခွင်းကာ ပြေးထွက်သွားသည်။

“ သခင်လေး သတိထား!”

တောင်တန်းစားဖွယ်စုံ ပိုင်ရှင်က အလျင်အမြန် သတိပေးလိုက်သည်။

စူးချန်ကဲသာ ရှုံးနိမ့်ခဲ့မည်ဆိုပါက ဤသင်္ချိုင်းဓားကိုးတောင် ရှိ နိယာစည်းမျဉ်းများ၏ ဖိနှိပ်ခြင်းကို ခံရလျှင်တောင် ၊ သူမသည် ဤတိုက်ပွဲတွင် ဝင်စွက်ဖက်တော့မည် ဖြစ်သည်။

ယခင်က အမုန်းတရားများနှင့် လက်ရှိ ‌အမျက်ဒေါသတို့သည် သူ့ခန္ဓာကိုယ်အား ဝန်းရံထားသော အနက်ရောင် လျှပ်စီးမိုးကြိုးကို ပို၍ ပြင်းထန်သွားစေသည်။

ကွေးဝူယာတစ်ယောက် သူ့အား အကြိမ်ကြိမ် စော်ကားခဲ့သော ဤလူသားမျိုးနွယ်ကို အပိုင်းပိုင်း သတ်ဖြတ်ချင်မိသည်။

“ တစ္စေအဖျက်စွမ်းအား!”

တဖျက်ဖျက် လက်နေသော အနက်ရောင် အလင်းတန်းနှင့်အတူ ကွေးဝူယာသည် စူးချန်ကဲ၏ ခေါင်းပေါ်သို့ ရောက်ရှ်ိနေပြီ ဖြစ်ပြီး ၊ သူကိုင်ဆောင်ထားသော ဓားနှင့်အတူ ‌စူးချန်ကဲအား တည့်တည့် ထိုးရန် ဆင်းသက်လာခဲ့သည်။

လေထုထဲတွင် တစ္ဆေစွမ်းအင်များ တဟုန်ထိုး မြင့်တက်လာနေပြီး ၊ တစ္ဆေစွမ်းအင်လှိုင်းများပင် ဖြစ်ပေါ်ခဲ့ရသည်။

ကွေးဝူယာတို့ အုပ်စုထဲတွင် ရက်စက်ကြမ်းကြုတ်သော တစ္စေများလည်း ရှိပေရာ ၊၎င်းတို့သည် စူးချန်ကဲအား သတ်ဖြတ်စားသောက်ရန် ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်လျက် ပြေးဝင်လာကြသည်။

သို့သော် စူးချန်ကဲ၏ မျက်ဝန်းများသည် အရာအားလုံးကို လျစ်လျူရှုထားသည့်အတိုင်း အေးစက်စွာဖြင့် ရှိနေသည်။

သူသည် ခေါင်းကို အနည်းငယ်မော့ကာ ကွေးဝူယာ၏ မျက်လုံးများကို တိုက်ရိုက် စိုက်ကြည့်လိုက်သည်။ထိုအကြည့်တချက်က ကွေးဝူယာ၏ တစ်ကိုယ်လုံးကို အေးခဲသွားစေခဲ့သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

စူးချန်ကဲသည် သူ့အား ပြိုင်ဘက် တစ်ယောက် အဖြစ် ဘယ်တုန်းကမှ မမှတ်ယူခဲ့သည်ကို ဤအချိန်တွင် သူ သိလိုက်ရသည်။

ထိုမျက်ဝန်းတစ်စုံတွင် ကွေးဝူယာ ‌‌ဆိုသည့် ဖြစ်တည်မှုမျိုး တခါလေးမှ ရှိမနေခဲ့ချေ။

မုန်းတီးမှု၊ အရှက်တရား၊ သူ့ကိုယ်သူ အထင်ကြီး လေးစားမှုတို့သည် သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲရာမှ ဆင်းသက်လာသော အရာများသာ ဖြစ်ပြီး ၊ သူသည် မိမိစွမ်းရည်ထက် ကျော်လွန်သော စိန်ခေါ်မှုမျိုးကို ပြုလုပ်မိခဲ့သည်။

“ဖြတ်တောက်စေ!”

ထိုစဉ် အေးစက်သော အမိန့်သံ တချက် ထွက်ပေါ်လာသည်။ သေခြင်း၏ အကြောက်တရားတို့သည် သူ့စိတ်နှလုံးသားတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းပစ်လိုက်သည်။

အစမှ အဆုံး ၊ သူ ဆိုသည့် ကွေးဝူယာသည် တစ်ဖက်လူ၏ မျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေခဲ့သည် ။

ရွှမ်း!

သွေးအန်သံ!

ဓားစွမ်းအင်၏ မြည်ကြွေးသံနှင့်အတူ အသွေးအသားများ စုတ်ပြဲသွားသော အသံသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။

သွေးပန်းထွက်သံ !

သွေးများမှာ နေရာအနှံ့ ပြန့်ကျဲလျက် ၊ ‌ကွေးဝူယာ၏ ဦးခေါင်းသည် လေပေါ်သို့ မြောက်တတ်သွားပြီး မြေပေါ်သို့ ပြန်ပြုတ်ကျလာခဲ့သည်။

​မြေပြင်​​ပေါ်တွင် သွေးစက်များ ပြန့်ကျဲနေသည်။

“ကွေ...သခင်လေး ကွေးဝူယာ...သေပြီ...?”

ထိုလူ၏ နှုတ်ခမ်းသားများမှာ တုန်ရီနေသည်။

ကွေးဝူယာက တစ္စေတောင်ရဲ့ ဆက်ခံသူလေ!

ဒီလိုနဲ့ သေသွားပြီတဲ့လား!?

သို့သော် သူတို့အားလုံး ဘာမှ စဉ်းစားခွင့်တောင် မရလိုက်ဘဲ ၊

ဖျက်ခနဲ့ ဝင်းလက်သွားသော အလင်းတန်းကိုသာ မြင်‌တွေ့လိုက်ရသည်။

ရွှမ်း ရွှမ်း ရွှမ်း!

မသေခင် အကြောက်တရားနှင့် ဆုံ‌တွေ့ခဲ့ရသော အမူအယာများဖြင့် ပြည့်နှက်နေခဲ့သော ဦးခေါင်းပေါင်းများစွာမှာ လေပေါ်သို့ ပျံဝဲသွားခဲ့လေသည်။

စူးချန်ကဲသည် ထိုမြင်ကွင်းအား တည်ငြိမ်သော အမူအရာဖြင့် အေးအေး‌ဆေးဆေး ကြည့်နေသည်။

မူလက သူသည် လမ်းကြောင်းများကို စူးစမ်းလေ့လာရန် ထိုကြွက်ငယ်များကို အသုံးပြုချင်ခဲ့သည်။သို့သော် ၎င်းတို့သည့် အငြိမ်မနေဘဲ ဤလမ်းတစ်လျှောက်လုံး သူ့ကို တိုက်ခိုက်ရန် ချောင်းမြောင်းနေခဲ့သည်။

အငြိမ်မနေမှတော့ သတ်ပစ်ရုံပေါ့!

“ငါပြောလိုက်မယ် ၊ မင်းတို့ ငါ့ရှေ့မှာ ထပ်ပြီး ပေါ်လာရဲရင် သတ်ပစ်မယ် !”

စူးချန်ကဲသည် ထိတ်လန့်တုန်လှုပ်နေသော မေဟွိမ်းနွီကို တချက်ကြည့်လိုက်သည်။

“မင်းမှာ နောက်ဆုံး ချန်ထားချင်တဲ့ စကား ရှိသေးလား?”

မေဟွိမ်းနွီမှာ ထိုစကားကို ကြားသည်နှင့် ကြီးမားသော ထိတ်လန့်မှုကို ကြုံတွေ့ခဲ့ရာမှ အသိစိတ် ပြန်ကပ်လာသကဲ့သို့ သူမ၏ မျက်ဝန်းများမှာ တုန်လှုပ်သွားသည်။

“ဟင့်အင်း...မလုပ်နဲ့...”

“ငါက သုံ့ဟွင်ချောက်နက်က ဆက်ခံသူပဲ ၊ နင် ငါ့ကို ဒီလိုလုပ်လို့မရဘူး...”

[T/N - သုံ့လော့ချောက်နက်ကို သုံ့ဟွင်ချောက်နက်လို့ ပြင်ပါရစေ ၊ စာရေးဆရာ အရှေ့ပိုင်းမှာ 堕落 သုံ့လော့ လို့ရေးပြီး နောက်ပိုင်းမှာ

堕魂 သုံ့ဟွင် ‌ဆိုပြီး ဖြစ်သွားပါတယ် ၊ ခေါင်းထဲမှာ စဉ်းစားတဲ့အရာနဲ့ ချရေးလိုက်တဲ့အရာ မတူဘဲ ဖြစ်သွားပုံပါပဲ (˃ ⌑ ˂ഃ ) ရည်းစားပစ်ခံလိုက်ရလို့လားတော့ မသိပေမဲ့ ]

သူမသည် စကားပြောရင်းတန်းလန်း ၊ မျက်နှာမှာ လုံးဝ ဖြူဖျော့သွားပြီး တစ်ချိန်တည်းမှာပင် သူမ၏ ခြေထောက်များက နောက်သို့ ဆုတ်ခွာနေခဲ့သည်။

“နင့်မှာ အင်အားတောင့်တဲ့ နောက်ခံရှိတယ်ဆိုတာ ငါ သိတယ် ...ဒါပေမယ့် သုံ့ဟွင်ချောက်နက်က...”

သို့သော် သူမ စကားမဆုံးသေးခင်မှာပဲ ၊

စူးချန်ကဲသည် သူ၏ လက်ချောင်းထိပ်များကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ဓားစွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့သည်။

အေးမြသော လရောင်သည် ဖျက်ခနဲ့ ထွန်းလင်းတောက်ပသွားသည်။

“ သုံ့ဟွင်ချောက်နက်? အဲ့လောက် အင်အားတောင့်သလား?”

စူးချန်ကဲ၏ နှုတ်ခမ်းသားများပေါ်တွင် အထင်အမြင်သေးသော အရိပ်အမြွက်များ လှစ်ဟသွားသည်။

“ ငါကလည်း ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူပဲ!”

မေဟွိမ်းနွီသည် တစ်စုံတစ်ခုကို ပြောရန် ဆန္ဒရှိသော်လည်း ၊ သူမမြင်တွေ့နေရသော ဤကမ္ဘာကြီးမှာ ချာလပတ်ရမ်းနေသည်။

ထို့အပြင် သူမအနေဖြင့် အလွန် ရင်းနှီးသော ရုပ်သွင်ကို မြင်လိုက်ရသည်။

“အဲဒါ...ငါ့ခန္ဓာကိုယ်လား...?”

“ဘာလို့ ငါ့ခေါင်းက..”

ပြုတ်ကျသံ—

ခုခံနိုင်စွမ်း မရှိခဲ့သော အရင်လူများနည်းတူ သူမ၏ အေးစက်သော အလောင်းကိုယ်ထည်ကြီးသည် မြေပြင်ပေါ် လဲကျသွားခဲ့သည်။

စူးချန်ကဲသည် ထိုင်နေရာမှ ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်ပြီး ၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ အမှုန်အမွှားများကို ခါချလိုက်သည်။

သူ့အတွက်တော့ အရေးမကြီးသော ပိုးကောင်တချို့ကို သတ်လိုက်ရသလိုပင်။

“သွားကြရအောင်”

“ဟမ်...ကောင်းပြီ...”

တောင်တန်းစားဖွယ်စုံ ပိုင်ရှင်မှာ သွေးအိုင်ထဲတွင် လဲလျောင်းနေသော အလောင်းများကို အစစ်အမှန် မဟုတ်သည့်အတိုင်း စိုက်ကြည့်နေမိသည်။

သင်္ချိုင်းမြေရှိ ကွေးဝူယာပင် ဖြစ်စေ ၊ မေဟွိမ်းနွီပင် ဖြစ်စေ သူတို့အားလုံးသည် ပါရမီရှင်များအဖြစ် အဆင့်သတ်မှတ်ခြင်းကို ခံထိုက်သော လူငယ်များ ဟု ဆိုနိုင်သည်။

သူတို့သည် ပြိုင်ပွဲကြီးများစွာတွင် ကောင်းမွန်သော ရလဒ်များကို အောင်မြင်ခဲ့နိုင်သူများ ဖြစ်သည်။

သို့သော် ဤလူနှစ်ယောက်လုံး ခုခံနိုင်စွမ်း မရှိခဲ့သလို ၊ စူးချန်ကဲအား တချက်ကလေးမှ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ချေ။

မျက်နှာချင်းဆိုင်လိုက်ရုံဖြင့် ၊ ဤလူများအားလုံး သေကြေခဲ့ရလေပြီ။

တောင်တန်းစားဖွယ်စုံ ပိုင်ရှင်မှာ စဉ်းစားရုံဖြင့် ကြောက်လန့်နေမိသည်။

“ ကြည့်ရတဲ့ ငါ့ရဲ့ ဒီဘဝ ဧကရာဇ်မင်း လမ်းစဉ်ကတော့ အတော်လေးကို ခက်ထန်မှာပဲ....”

သူမသည် ဧကရာဇ်တစ်ပိုင်းအဆင့်ထိသာ ရောက်ရှိသေးသည်။အကယ်၍ ပြီးပြည့်စုံသော ဧကရာဇ်မင်းတစ်ပါး ဖြစ်လိုပါက ဧကရာဇ်လမ်းစဉ်ကို သွားရန် လိုအပ်သည်။သို့မဟုတ် ထူးခြားသောနည်းလမ်းကို အသုံးပြုရပေမည် ဖြစ်သည်။

သို့သော် ဧကရာဇ်လမ်းစဉ်သည် အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်မှာ သံသယဝင်စရာတောင် မလိုချေ။သို့သော် သူမ၏ ပါရမီသည် လုံလောက်ခြင်းမရှိပေရာ ဤကဲ့သို့ ‌ဧကရာဇ်လမ်းစဉ်ကို သွားခြင်းသည် သေလမ်းကို သွားရာရောက်ပေလိမ့်မည်။

ယခုတွင်မူ ၊ သူမအနေဖြင့် စူးချန်ကဲ ကို မြင်လိုက်ရခြင်းသည် နောင်အနာဂတ်တွင် ဒဏ္ဍာရီဆန်ဆန် မွေးဖွားလာမည့် ဧကရာဇ်မင်းတစ်ပါးကို မြင်တွေ့လိုက်ရသလိုပင်။

……

စူးချန်ကဲတို့ ထွက်ခွာသွားသည်နှင့် ၊ တစ္စေနတ်ဘုရားကျောင်း၏ ပဲ့ကိုင်ခေါင်းဆောင် လန်ရှင်းသည် အမှောင်ထုထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

သူမ၏ လှပသော မျက်လုံးများသည် အလွန် လေးနက်နေပြီး ၊ တစ္စေအိမ်မြှောင်၏ နိယာမစွမ်းအားကသာ သူမကို ဖုံးကွယ်ပေးမထားပါက၊

စူးချန်ကဲသည် သူမကို ရှာတွေ့သွားနိုင်သည်။

မြေပြင်ပေါ်ရှိ သွေးအိုင်ထဲတွင် လဲလျောင်းနေကြသော အလောင်းများကို ကြည့်ရင်း လန်ရှင်းတစ်ယောက် လှောင်ပြောင်ပြုံးရယ်လိုက်သည်။

“မင်း သူတို့ဝိညာဉ်ကို လုံးလုံးလျားလျား သုတ်သင်ပစ်လိုက်ရုံနဲ့ သူတို့ ဂိုဏ်းကို ဘာသတင်းမှ မပို့နိုင်တော့ဘူးလို့ ထင်နေတာလား”

လန်ရှင်းသည် လက်သင်္ကေတတစ်ခုကို ပုံဖော်လိုက်သည်နှင့် ၊ ထိုအလောင်းများ၏ ကိုယ်ထဲမှ အမှောင် တစ္စေအငွေ့အသက်များ ထွက်ပေါ်လာသည်။

ထို့နောက် ယင်းအရာများမှာ အရပ်မျက်ရှစ်မျက်နှာဆီသို့ ပြန့်ကျဲသွားခဲ့သည်။

ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လန်ရှင်းသည် ရယ်မောလိုက်သည်။

“မင်းငါ့ကို အပြစ်တင်ချင်ရင် ငါ့ တစ္စေနတ်ဘုရားရဲ့ အမွေအနှစ်ကို ယူသွားတဲ့ မင်းကိုယ်မင်းသာ အပြစ်တင်လိုက်တော့!”

“ငါမင်းကို မသတ်နိုင်ရင်တောင် ၊ မင်းကိုသတ်ဖို့ လူတွေရောက်လာလိမ့်မယ် “

အပိုင်း(၂၃၃): တစ်ယောက်သော သူကတော့ ဒီဇာတ်လမ်းကို သိထားသည်

တစ်ချိန်တည်းမှာပင် ၊

မရဏ ကမ္ဘာ၊ သင်္ချိုင်းမြေ၊ တစ္စေတောင်။

“ တောက် ! ငါ့တစ္ဆေတောင်ရဲ့ဆက်ခံသူကိုသတ်တာ ဘယ်သူလဲ?”

“ အဲ့လူကို ငါ့တစ္ဆေတောင်ရဲ့ဆက်ခံသူနဲ့အတူ သင်္ဂြိုဟ်ခွင့်ပေးရမှာပေါ့!”

မှောင်မည်းနေ‌သော တောင်နံရံကြားဆီကနေ ‌ကျိန်ဆဲသံတချက် ထွက်ပေါ်လာခဲ့သည်။

တခဏချင်းမှာပင် ၊ တစ္ဆေစွမ်းအင်များသည် မိုင်ထောင်ပေါင်းများစွာ ပျံ့နှံ့သွားသည်။

ဤကျိန်ဆဲသံကြောင့် မရေမတွက်နိုင်သော သရဲတစ္ဆေများမှာ တုန်လှုပ်သွားကြသည်။

…….

သုံ့ဟွင်ချောက်နက်ရှိ ခန်းမတစ်ခုတွင် အလားတူ ဒေါသသံများဖြင့် ပြည့်နှက်နေသည်။

“ မေဟွိမ်းနွီ သေပြီ!သေမှာကိုမကြောက်တဲ့ဘယ်ကောင်ကများ ငါ့ရဲ့သုံ့ဟွင်ချောက်နက်ကို စော်ကားရဲတာလဲ?”

“လာကြစမ်း!”

“ ချောက်နက်သခင် အမိန့်ရှိပါ”

ထိုပုဂ္ဂိုလ်၏ ဟောက်သံကို ကြားလိုက်ရုံနှင့်ပင်၊ တစ္ဆေများ လေဟာပြင်မှ ရုတ်ချည်း ထွက်ပေါ်လာကြသည်။

“သွား၊ သုံ့ဟွင်ချောက်နက်ရဲ့ ဆက်ခံသူကို သတ်ရဲတဲ့လူအကြောင်း အသေးစိတ်စုံစမ်းချည်!”

အဓိက အင်အားစု နှစ်ဖွဲ့၏ ဆက်ခံသူများ သေဆုံးသွားခဲ့သည့် သတင်းသည် သင်္ချိုင်းမြေ နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

စားသောက်ဆိုင်တစ်ခုတွင် ၊

သူသူကိုယ်ကိုယ် ပြောဆိုနေကြကာ ၊ထင်ကြေးမျိုးစုံပေးနေကြသည်။

“ ဒါကို မင်းကြားမိလား? တစ္စေတောင်နဲ့ ‌သုံ့ယွင်ချောက်နက် က ဆက်ခံသူတွေ အသတ်ခံလိုက်ရတယ်တဲ့ !”

“ငါလည်း ဒီကိစ္စကို သိထားတယ် ၊ အခု အတော်လေး တုန်လှုပ်နေကြတယ် ၊ ကျန့်ထု တော်ဝင်မိသားစုက ဒီကိစ္စနဲ့ပတ်သက်ပြီး သိထားတယ်လို့ ကြားတယ် ၊ အင်အားစု နှစ်ဖွဲ့က ကျန့်ထုတော်ဝင်မိသားစုကို မျက်နှာချင်းဆိုင် ရင်ဆိုင်ဖို့ သွားရှာခဲ့ပြီးပြီ “

“မင်းတို့ ဒါကို မသိသေးဘူးမလား၊ ကျန့်ထု တော်ဝင်မိသားစုက အဲဒီလူနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုပဲ ၊ အဲဒီလူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူတို့ မပြောပြရုံတင် မကဘူး ၊ သူ့ကို မစော်ကားဖို့ အင်အားစု နှစ်ဖွဲ့ကိုပါ အကြံပေးခဲ့သေးတယ်!”

သို့သော်လည်း ထိုစကားအပေါ် လှောင်ပြောင်ရယ်မောကြသူများလည်း ရှိသည်။

“ ငါအထင်‌တော့ ကျန့်ထု တော်ဝင်မိသားစုက တမင်သက်သက် လုပ်တယ်ထင်တာပဲ ၊ ဒီလို အခြေအမြစ်မရှိတဲ့ စကားတွေကို ပြောရတယ်လို့ကွာ “

“ ဟုတ်ပါ့ ၊ ကျန့်ထု တော်ဝင်မိသားစုက တဖက်လူရဲ့ သရုပ်မှန် နဲ့ နောက်ခံက အလွန်ကြောက်စရာကောင်းတယ်လို့ အခိုင်အမာ ဆိုထားတာ ၊ လူတိုင်းက သူ့ကို တိုက်မြေသုံးထောင်ရဲ့ ကျောထောက်နောက်ခံ ဘုရင်လေး စူးချန်ကဲလို့ ထင်နေကြတယ် “

“ဟာဟာဟား၊ ညီအစ်ကို မင်းပြောတာက ရယ်စရာကောင်းတယ် ၊ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူက ငါတို့လိုနေရာမျိုးကို ဘယ်လိုလုပ် လာမှာလဲ?”

“ဒီရဲ့ ဖြစ်နိုင်ခြေက ကမ္ဘာပေါ်မှာ ပြန်ပေါ်လာပြီ ‌ဆိုတဲ့ ဓားသေတ္တာ ကိုးလက်ထက် ဖြစ်နိုင်ချေနည်းသေးတယ် “

သို့သော် ထောင့်စွန်းတစ်နေရာတွင် တစ်ကိုယ်လုံး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာကို တင်းကြပ်စွာအုပ်ထားသော လော့ရန်ယွီသည် ဤအရာအားလုံးကို ဂရုတစိုက်နားထောင်နေခဲ့သည်။

“ မေဟွိမ်းနွီ..?”

“ ကွေးဝူယာ... ဒီလူနှစ်ယောက်က သတ်တာ စူးဝေ မဟုတ်လား?”

လော့ရန်ယွီသည် မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် သခင်ဖြစ်သူ အမိန့်ပေးထားသည့်အတိုင်း ဆေးဖက်ဝင်ပစ္စည်းများကို စုဆောင်းကာ တိုက်မြေ သုံးထောင်သို့ ပြန်သွားရန် ပြင်ဆင်နေခဲ့သည်။

သို့သော် ထိုစကားများကို ကြားလိုက်ရချိန်တွင် သူမ အနည်းငယ် ‌ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

အမှန်အတိုင်းပြောရလျှင်ဖြင့် ၊ သူမသည် ဤပြသနာရပ်ထဲသို့ ပါဝင်လိုချင်စိတ်မရှိခဲ့ပေ။။

“ဒါပေမယ့် အဲဒီလူ စူးဝေ က စူးချန်ကဲ ကိုတောင် ယှဉ်နိုင်တယ်ဆိုရင်..”

“စူးချန်ကဲကို အနိုင်မယူနိုင်ဘူးဆိုတောင် ...စူးဝေကိုတော့ အနိုင်ယူလို့ရနိုင်တယ် မဟုတ်လား?”

သူမသည် ထိုအချက်ကိုစဉ်းစားပြီး စူးဝေကို ကူညီရန် စိတ်ပိုင်းဖြတ်လိုက်သည်။

ပြိုင်ဘက်ကို အနိုင်မယူနိုင်ရင်တောင်မှ သူ့အပေါ် ကျန်ရှိနေသော ကျေးဇူးကြွေးကို ပြန်ဆပ်ရပေမည် ဖြစ်သည်။

……

ကျောက်တံခါးထဲသို့ ဝင်ရောက်လာခဲ့ပြီးနောက် ၊

ထပ်ပြီးခရီးဆက်ခဲ့သည်။

ဤကျောက်တံခါးနောက်ကွယ်ရှိ နယ်မြေသည် ပိုလို့တောင် ထူးဆန်းပေသည်။ ကျောက်တုံးကြီးများသည် တစ္စေရုပ်သွင်များကဲ့သို့ ထူးဆန်းသော သွင်ပြင်မျိုးစုံ ရှိနေသည်။

အထူးသဖြင့်၊ ဤကျောက်တုံးများပေါ်တွင် လူသားအင်္ဂါများနှင့် တူသော အပင်အချို့ရှိနေပြီး ၊ အချိန်ကြာလာသည်နှင့်အမျှ အပုပ်အနံ့များ စုပုံလာသကဲ့သို့ ထုတ်လွှတ်နေသော အငွေ့အသက်များသည် လူကိုအော့အန်စေသည်။

သို့သော် ယခုအချိန်တွင် စူးချန်ကဲ၏ ခြေလှမ်းများမှာ ရပ်တန့်နေသည်။

သူသည် ရှေ့ကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး ၊ ရှေ့တွင် ခပ်ဝါးဝါး အသွင်အပြင် တစ်ခုကို သူ မြင်လိုက်ရသည်။

၎င်းသည် မြေကြီးပေါ်တွင် ဒူးထောက်ထိုင်နေပုံ ရသည်။

“ဒါက....”

သို့သော် စူးချန်ကဲတောင် အသေးစိတ် မစစ်ဆေးရသေးခင် ၊ သူ့ဘေးနားတွင်ရှိနေခဲ့သော တောင်တန်းစားဖွယ်စုံ ပိုင်ရှင်သည် မိမိ၏ ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ထိုမှုန်ဝါးဝါး ပုံသဏ္ဍာန်ဆီသို့ ပြေးသွားခဲ့လေသည်။

“ယွီကျွင်း!”

ကံကောင်းထောက်မစွာဖြင့် ၊ ဤလမ်းတစ်လျှောက်လုံး ဘာမှမဖြစ်ခဲ့ပေ။ တောင်တန်းစားဖွယ်စုံ ပိုင်ရှင် အမျိုးသမီးသည် ခြောက်သွေ့နေပြီ ဖြစ်သော အရိုးစုဆီသို့ တိုက်ရိုက် ပြေးသွားကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

သူမအနေဖြင့် တစ်နေ့ပြီး တစ်နေ့ စုစည်းထားသော လွမ်းမောတောင့်တမှုသည် ဤအခိုက်အတန့်တွင် ပြည့်ဝသွားပုံရသည်။

အေးစက်နေပြီ ဖြစ်သော အရိုးစုပေါ်သို့ မျက်ရည်များက မိုးစက်သဖွယ် စီးကျလာလေသည်။

သို့သော် သူမ ဘယ်လောက်ပဲ ငိုငို ၊ တစ်ယောက်သောသူသည် ထာဝရ အိပ်စက်နေခဲ့ပြီ ဖြစ်သည်။

စူးချန်ကဲသည်လည်း သူမ၏ ဘေးနားသို့ ရောက်ရှိလာခဲ့သည်။အဘယ်ကြောင့်ဆိုသော် တစ်နှစ်ပတ်လုံး စိုစွတ်သော ပတ်ဝန်းကျင်ဖြစ်ပေရာ ၊ ထို့အပြင် တစ္စေစွမ်းအင်များလည်း ရှိနေခဲ့သည်။

ဤရုပ်အလောင်းသည် မူရင်း ပုံပန်းသဏ္ဍာန်ထက်ကို ကျော်လွန်၍ ဆွေးမြေ့နေခဲ့ပြီ ဖြစ်သည်။ ထိုအနှီလူ၏ အငွေ့အသက်သည် တောင်တန်းစားဖွယ်စုံ ပိုင်ရှင်၏ မှတ်ညဏ်ထဲတွင် အမြဲတမ်း နေရာယူထားခဲ့သောကြောင့် သူမတွေ့ပြီးချင်းပင် ၊ ဤလူသည် သူမ လွမ်းဆွတ်ခဲ့ရသူ ဖြစ်မှန်း တန်းသိခဲ့တာလည်း ဖြစ်နိုင်သည်။

သို့သော် ထိုအရိုးစု၏ ရှေ့တွင် ထွင်းထုထားသော စာသားတစ်ကြောင်းက စူးချန်ကဲ၏ အာရုံကို စွဲဆောင်နိုင်ခဲ့သည်။

ဤလက်ရေးလက်သားမှာ အလွန်အားနည်းသော အခြေအနေတစ်ခုတွင် ရေးသားထားပုံ ပေါ်သည်။

“ တောင်းပန်ပါတယ်၊ ဇီးသီးပွင့်..ကိုယ် ချိန်းဆိုမှုကို ပျက်ကွက်ခဲ့တယ်”

“ကိုယ်တို့ရဲ့ သဘောတူညီချက်ကို မဖြည့်ဆည်းနိုင်ခဲ့တဲ့ အတွက် တကယ်ကို တောင်းပန်ပါတယ် ၊ ဒီ ဇီသီးပွင့်နှင့် ပျံလွှားဌက် တေးသီချင်းက ကိုယ့်ရဲ့ နောက်ဆုံး...”

ဤစာသားသည် ရုတ်ခြည်း အဆုံးသတ်သွားသည်၊၊ ထိုအနှီသူသည် ကျန်စကားလုံးများကို အပြီးသတ်ရေးရန် အလွန်အားနည်းနေခဲ့ပြီ ဖြစ်သည်။

စူးချန်ကဲသည် အခြားတစ်နေရာကို တစ်ချက်ကြည့်လိုက်သည်။ မြေပြင်ပေါ်တွင် ကျောက်စိမ်းပုရပိုက်တခုနှင့် ကြေးဝါအိမ်မြှောင် တစ်ခု ရှိနေသည်။

ဤကျောက်စိမ်းပုရပိုက်သည် သူ မသေခင်က ရေးသားခဲ့သော ဇီသီးပွင့်နှင့် ပျံလွှားဌက်တေးသီချင်း ဖြစ်နိုင်သည်။

သို့သော်၊ ဤကြေးဝါအိမ်မြှောင်သည် စူးချန်ကဲ ကို ပဟေဋ္ဌိဖြစ်သွားစေသည်။

၎င်းပေါ်တွင် သေခြင်းတရား၏ ပြင်းထန်သော အငွေ့အသက်များရှိနေပြီး ၊ ၎င်းသည် သင်္ချိုင်းဓားကိုးတောင်ထဲက ပစ္စည်းတခုဖြစ်နိုင်သည်။

…

အချိန်အတော်ကြာပြီးနောက် တောင်တန်းစားဖွယ်စုံ ပိုင်ရှင်၏ ငိုကြွေးမှုမှာ တဖြေးဖြေး ရပ်တန့်လာခဲ့ပြီ ဖြစ်သည်။

“မင်းမှာ ဘာအစီအစဉ်ရှိလဲ”

စူးချန်ကဲက အေးအေး‌ဆေးဆေး ‌ဆိုလိုက်သည်။

“ဒီထက်ဆက်သွားရင် အဲ့မှာ အခွင့်အရေးမျိုးစုံ ရနိင်တယ် “

သို့သော် သူမက ခေါင်းအနည်းငယ်ခါယမ်းလိုက်သည်။

“ ကျွန်မရဲ့ ဆန္ဒက ပြည့်ဝသွားပြီ၊ ကျွန်မ သူ့ကို တွေ့.ခွင့်ရခဲ့ပြီ...”

တောင်တန်းစားဖွယ်စုံ ပိုင်ရှင်သည် အရိုးစုကို ပွေ့ဖက်ထားဆဲပင် ဖြစ်သည်။ သူမ မြတ်နိုးရသော ဤလူအား နောက်တစ်ကြိမ် ဆုံးရှုံးရမည်ကို စိုးရိမ်နေပုံရပေသည်။

စူးချန်ကဲသည် ခေါင်းညိတ်လိုက်ပြီး အနည်းငယ် ဝမ်းနည်းနေသော ထန်ဝူအာနှင့်အတူ ရှေ့ကို ခရီးဆက်ကို ဟန်ပြင်လိုက်သည်။

“ခဏစောင့်ပါဦး...”

ထိုအချိန်တွင် တောင်တန်းစားဖွယ်စုံ ပိုင်ရှင်သည် စူးချန်ကဲကို လှမ်းခေါ်လိုက်သည်။ သူမသည် ကြေးဝါအိမ်မြှောင်နှင့် ရွှေဝါရောင် အမိန့်ပြားတစ်ခုကို စူးချန်ကဲလက်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။

“ဒီရွှေရောင် အမိန့်ပြားက တောင်တန်းစားဖွယ်စုံ ပိုင်ရှင်ရဲ့ အမိန့်ပဲ ၊ သခင်လေးအနေနဲ့ ဒီအမိန့်ပြားကို ကိုင်ထားသရွေ့ တောင်တန်းစားဖွယ်စုံက သခင်‌လေးရဲ့ အမိန့်ကို ခြွင်းချက်မရှိ နာခံလိမ့်မယ် “

“ဒီကြေးဝါသံလိုက်အိမ်မြှောင်ကတော့ မင်းအတွက် အထောက်အကူဖြစ်မယ်လို့ ငါထင်တယ်၊ ဒါကြောင့် သခင်လေးပဲ လက်ခံပေးပါ...”

“ဒါပေမယ့် မင်းရဲ့ချစ်သူက ဒီကြေးဝါအိမ်မြှောင်ကို သေသည်အထိ ယူဆောင်ထားခဲ့တာ ၊ မင်း ငါ့ကို ဒီတိုင်း ပေးလိုက်တော့မှာလား”

ယခုအချိန်တွင် သူမ၏ အသံမှာ ဆို့နင်နေသည်။

“ သူ့ဘာသာသူ အခွင့်အရေးပဲ ဖြစ်ဖြစ် မဖြစ်ဖြစ် ၊ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာဟုတ်ဟုတ် မဟုတ်ဟုတ် ကိစ္စမရှိဘူး...”

သူမသည် သူမ၏ ရင်ခွင်ထဲက အရိုးစုများကိုညင်သာစွာ ထိတွေ့လိုက်ရင်း ဆိုလိုက်သည်။

“ သူ ရှိတဲ့ ကမ္ဘာကြီးကသာလျှင် အဓိပ္ပါယ်ရှိတယ်”

စူးချန်ကဲသည် ထိုပစ္စည်းနှစ်ခုကို လက်ခံလိုက်သည်။ထို့နောက် တောင်တန်းစားဖွယ်စုံ ပိုင်ရှင်အမျိုးသမီးကို တချက် ပြန်ကြည့်ပြီးနောက် ရှေ့ဆက်ခရီးထွက်လာခဲ့သည်။

“သေသူသည် လေနှင့်အတူ မျှောပါရင်း ၊ ကျန်ရစ်သူသည် တရွေ့ရွေ့နှင့် ရှင်သန်ရပေဦးမည် “

သူမသည် ထိုစကားကို ကြားပြီးနောက် ခဏ တုံ့ဆိုင်းသွားသော်လည်း ၊ နာကျင်စွာ ပြုံးရယ်လိုက်သည်။

သူမသည် ရှေးဟောင်းပုလွေတစ်ခုကို ရင်ဘက်ထဲကနေ ထုတ်ယူလိုက်သည်။

ဤပစ္စည်းသည် ယွီကျွင်းမှ သူမအတွက် လုပ်ပေးခဲ့သော အရာပင်ဖြစ်သည်။ ယွီကျွင်းနှင့် ပြန်မဆုံသရွေ့ ပုလွေ မတီးမှုတ်ဘူး ဟု သူမ ကျိန်‌ဆိုထားခဲ့သည်။

နောက်ဆုံးမှာတော့ သူမသည် ဤရှေးဟောင်းပုလွေကို တီးမှုတ်ကာ ပြန်လည် ဆိုညည်းနိုင်ပေတော့မည်။

သာယာငြိမ့်ညောင်းသော ပုလွေသံသည် နားထောင်ရင်းမှ တဆင့် ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့သည်။ ဤတေးသွားသံသည် ပိုမို နက်ရှိုင်းလာခဲ့ပြီး ဝမ်းနည်းမှုကို ဆောင်ယူပေးနေခဲ့သည်။ ချစ်ခြင်းမေတ္တာ၏ အလှကို ဖော်ပြနေသော်လည်း ယင်နှင့်ယန် ကွဲကွာခြင်း၏ ဝမ်းနည်းမှုခံစားချက်ကို ပေးစွမ်းနေသည်။

ပုလွေသံများ စဉ်ဆက်မပြတ် ထွက်ပေါ်နေပြီး ၊ တေးဂီတသံစဉ်များသည် ဤပတ်ဝန်းကျင် တစ်ခုလုံးကို ငွေနှင်းဖြူများ အဖြစ်သို့ တဖြေးဖြေး ပြောင်းလဲပေးနေခဲ့သည်။

တောင်တန်းစားဖွယ်စုံ ‌ ပိုင်ရှင်သည် သူမ၏ မူလ မှတ်ဥာဏ်များဆီသို့ တစ်ဖန် ပြန်သွားခဲ့ပုံရသည်။

နှင်းပွင့်များသည် လေထဲတွင် ကခုန်မျောလွှင့်နေပြီး ၊ ပုလွေသံသည် အချိန်နှင့် နေရာကို ဖြတ်ကျော်သွားခဲ့ပုံရသည်။

“ဇီသီးပန်း “

နှင်းများ ဖြူဖွေးစွာ ကျနေသော မြင်ကွင်းအလယ်တွင် ခမ်းနားထည်ဝါသော အမျိုးသားတစ်ဦးသည် နူးညံ့သောအပြုံးနှင့်အတူ လျှောက်လှမ်းလာသည်။

ပုလွေတီးမှုတ်နေသော တောင်တန်းစားဖွယ်စုံ ပိုင်ရှင်မှာ ခဏ တုံ့ဆိုင်းသွားပြီး ၊ သူမ၏ မျက်ဝန်းများထဲတွင် စုဝေးလာခဲ့သော မှုန်ရီရီ ရေငွေ့များသည် မျက်ရည်များ အဖြစ်သို့ ပြောင်းလဲကာ တားစီးမနိုင်သည့်အထိ စီးကျလာသည်။

သူမက ရုတ်တရက် ပြုံးလိုက်ပြီး ဆိုလိုက်သည်။

“ ယွီကျွင်း ၊ ရှင် လာပြီလား “

T/N - ˚‧º·(˚ ˃̣̣̥᷄⌓˂̣̣̥᷅ )‧º·˚

ပလွေသံသည် အစပိုင်းတွင် ရုန်းကန်မှု ၊ နာကျင်မှုများဖြင့် စီးမျောလိုက်ပါရင်းက ပျော်ရွှင်မှု အဖြစ်သို့ ဖြည်းဖြည်းချင်း ဆောင်ကျဉ်းသွားခဲ့သည်။

အ‌‌ဆုံးတွင် သူမ၏ စိတ်နှလုံးသားသည် ရေပြင်ညီကဲ့သို့ အေးချမ်းမှုကို ပြန်လည်ရရှိခဲ့ပြီ ဖြစ်သည် ။

ကျဆင်းနေသော နှင်းများအလယ်တွင် ဇီးသီးပွင့် အကိုင်းအခက်လေးပေါ်တွင် ပျံလွှားဌက်ကလေးတစ်ကောင် နားခိုနေခဲ့သည်။

နှင်းများသည် ကောင်းကင်ယံမှ ထူထဲစွာ ကျဆင်း‌‌နေသော‌ကြောင့် ဤမြင်ကွင်းမှာ ဖြေးဖြေးချင်း ကွယ်ပျောက်ခဲ့လေပြီ။

ဤဇာတ်လမ်းတွင် ပရိသတ်များ သိပ်မရှိသော်လည်း ၊

သို့သော် စူးချန်ကဲကတော့ ဤဇာတ်လမ်းကို သိထားသည်။

ဤသည်မှာ ဇီးသီးပွင့် နှင့် ပျံလွှားဌက်တို့၏ အချစ်ဇာတ်လမ်းပေတည်း။

အပိုင်း(၂၃၄): ဓားသင်္ချိုင်းမြေ ၊ မြေခွေးအမြီးမှန်း သိသာထင်ရှားပေတယ်

ပုလွေသံသည် ဖြေးဖြေးချင်း ပျောက်ကွယ်သွားပြီးနောက်မှာတော့ စူးချန်ကဲသည် သက်ပြင်းရှည်ကြီး ချလိုက်သည်။

“ လမ်းစဉ်တွေထဲမှာ အချစ်လမ်းခရီးက အခက်ခဲဆုံးပဲ”

တောင်တန်းစားဖွယ်စုံပိုင်ရှင်၏ အပြုအမူသည် ဤရွှေခေတ်တွင် အလွန်ရှားပါးသည်။

ချစ်ရသူအတွက် ကိုယ့်ကိုယ်ကို အသေခံခဲ့ခြင်းသည် ရှားပါးသော စရိုက်လက္ခဏာ ဟုဆိုရပေမည်။

သို့‌သော် သူတို့လျှောက်လှမ်းသော လမ်းမှာ မတူညီပေ ။ စူးချန်ကဲအမြင်အရ ဤသို့သော အန္တရာယ်များကို အတတ်နိုင်ဆုံး ရှောင်ရှားမည်။

ပြိုင်ဘက်ကင်းသူ အဖြစ် အောင်မြင်ကာ အထွတ်အထိပ်ကို ရောက်နိုင်မှသာလျှင် သူ့အတွက် နောင်တဆိုတာမျိုး ရှိလိမ့်မည် မဟုတ်ချေ။

အချိန်အတော်ကြာ လျှောက်လာခဲ့ပြီးနောက် ၊ မြင်ကွင်းများမှာ နောက်တစ်ကြိမ် ထပ်မံ ပြောင်းလဲသွားခဲ့သည်။

“သခင်လေး၊ ဒါက...”

မူလက စိတ်ဓာတ်ကျနေသော ထန်ဝူအာ၏ လေသံသည် အနည်းငယ် ထိတ်လန့်နေခဲ့သည်။

ရှေ့က မြင်ကွင်းသည် သူမကို တုန်လှုပ်စေခဲ့ပုံ ရသည်။

“ကြည့်ရတာ ငါတို့ သင်္ချိုင်းဓားကိုးတောင်ရဲ့ အလယ်ပိုင်းကို ရောက်လာခဲ့ပုံပဲ “

စူးချန်ကဲ၏ မြင်ကွင်းထဲ၌ ၊

အရှေ့က ကျယ်ဝန်းသော ဧရိယာထဲတွင် မြင့်မားသော အနက်ရောင် တောင်တန်းကြီးများ တစ်ခုပြီး တစ်ခု ရှိနေသည်။

ပို၍ အံ့သြစရာကောင်းသည်မှာ ထိုမြင့်မားသော တောင်များပေါ်တွင် ရှေးဟောင်းဓားများ စိုက်ထူထားခြင်းဖြစ်သည်။

မရေမတွက်နိုင်သော ရှေးဟောင်းဓားများသည် အမှောင်ညတွင် လင်းလက်နေသော ကြယ်ပွင့်များကဲ့သို့ လူ၏ နှလုံးကို ခုန်စေသည့် အေးစက်သော အလင်းရောင်များဖြင့် ပွင့်လန်းနေသည်။

သေခြင်းတရား၏ စွမ်းအင်နှင့် ဓားစွမ်းအင်တို့သည် ဤဧရိယာတဝိုက်တွင် ပျံ့လွှင့်နေသည်။

ပုံစံကို ကြည့်ရလျှင်ဖြင့် ၊ ဤနေရာသည် ဓားသင်္ချိုင်း ဆိုတာ သေချာပေသည်။

ရှည်လျားသော အချိန်ကာလ၏ ပေါင်းစပ်မှု တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေရာ ၊ ဤနေရာရှိ သေခြင်းစွမ်းအား နှင့် ဓားစွမ်းအင် တို့မှာ ပေါင်းစပ်ရောနှောနေခဲ့ပြီ ဖြစ်သည်။

ရံဖန်ရံခါ ထွက်ပေါ်လာသော ဓားသွားသံများက လူကို ရင်သပ်ရှုမောဖွယ် ဖြစ်စေသည်။

“ရှေ့ဆက်သွားဖို့ လမ်းမရှိလောက်တော့ဘူး ၊ ဒီနေရာက သင်္ချိုင်းဓားကိုးတောင်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းဖြစ်ပုံရတယ်”

သူသည် ပတ်ပတ်လည်ကို တချက်ကြည့်လိုက်ရာ ထူးဆန်းသောအရာ ဟူ၍ ရှိမနေခဲ့ချေ။။

ကူကယ်ရာမဲ့စွာဖြင့် စူးချန်ကဲ သည် စနစ်ထံသို့ မက်ဆေ့ချ်ပေးပို့လိုက်သည်။

“ ဘယ်လိုလုပ်မှ စနစ်ရဲ့ တာဝန်ကို ပြီးမြောက်နိုင်မှာလဲ?”

【 တင်း ! သင့်အနေဖြင့် နတ်တစ္ဆေမျက်လုံးကို အဲ့က ရှေးရေတွင်းထဲ ပစ်ချလိုက်ရုံပါပဲ ]

“ရှေးရေတွင်း?”

စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး တချက် ရှာဖွေကြည့်လိုက်သည်။

နောက်ဆုံးတွင် သူသည် တောင်တန်းများစွာ၏ လမ်းအဆုံးတွင် ရှေး‌ရေတွင်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

မရေမတွက်နိုင်သော ရှေးဟောင်းဓားများဖြင့် ဖုံးကွယ်ထားပုံရပြီး ၊ သေချာကြည့်မည်‌ဆိုပါက ရှာတွေ့ရန် မခက်ခဲချေ။

“ဒါပေမယ့် အဲ့မတိုင်ခင် ၊ ငါအတည်ပြုစရာတစ်ခုရှိတယ် “

စူးချန်ကဲသည် အေးစက်စွာ ပြုံးရယ်လိုက်ပြီး သူ့ရင်ဘက်ထဲက နတ်တစ္စေ မျက်လုံးကို ထုတ်ယူလိုက်သည်။

နီမြန်းသော အလင်းရောင်သည် ဤနေရာတစ်ခုလုံးကို ချက်ချင်းလက်ငင်း လင်းထိန်သွားစေသည်။

နတ်တစ္ဆေမျက်လုံး ပေါ်လာသည်နှင့် ၊ မူလက လေထုထဲတွင် ပျံ့နှံ့နေသော တစ္ဆေစွမ်းအင်များသည် ဆင့်ခေါ်ခံလိုက်ရသကဲ့သို့ နတ်တစ္စေမျက်လုံးဆီသို့ အရူးအမူး စုဝေးလာကြသည်။

“ မြေခွေး တစ်ကောင်ရဲ့ အမြီး နောက်ဆုံးတော့ ထွက်ပေါ်လာပြီပဲ “

စူးချန်ကဲသည် နောက်ပြန်ကြည့်လိုက်သည်။ထို့နောက် မည်သည့် သတိပေးချက်မှ မရှိဘဲ ဓားစွမ်းအင်ဖြင့် ထိုးနှက်လိုက်သည်။

ဝုန်း!

ဓားစွမ်းအင် ကျရောက်သွားသော ဧရိယာတွင် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ရသည်။

ထိုဓားစွမ်းအင် ပေါက်ကွဲသွားသည့် တချိန်တည်းမှာပင် အနက်ရောင် ပုံရိပ်တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

ထိုအနှီသူ၏ ခြေချောင်းများက လေပေါ်တွင် အသာလေး ကြွလှမ်းလာကာ ရှေးဟောင်းဓားတစ်လက်ပေါ်တွင် ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။

လန်ရှင်းက ပြုံးလိုက်သည်။

“စိတ်ဝင်စားဖို့ ကောင်းသားပဲ၊ မင်း ငါ့ကို ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ?”

“မင်း ဘယ်လောက်ပဲ ဖုံးကွယ်ထားထား ၊ မင်းရဲ့ ခန္ဓာကိုယ်က မြေခွေး အနံ့ကို မဖုံးကွယ်နိုင်ဘူး “

စူးချန်ကဲသည် သူ့လက်ထဲက နတ်တစ္ဆေမျက်လုံးကို လှုပ်ယမ်းရင်း ဆိုလိုက်သည်။

“ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင် မင်း ဒီကို ရောက်နေတာ ငါ့လက်ထဲက ပစ္စည်းကြောင့်မလား?”

“လူသား၊ ဒါက ငါ့ တစ္ဆေနတ်ဘုရားကျောင်းရဲ့ အကြီးမြတ်ဆုံး သခင်ဖြစ်တဲ့ တစ္စေနတ်ဘုရားရဲ့ အမွေအနှစ်ပဲ “

လန်ရှင်း ၏ မျက်နှာသည် အေးစက်နေပြီး သူမက ထပ်ဆိုလိုက်သည်။

“ ငါ မင်းကို အကြံပေးလိုက်မယ် ၊ ဒါကို ငါတို့ဆီ ပြန်ပေးရင် ကိစ္စက ဒီမှာပဲပြီးမယ် “

“မဟုတ်ရင်...”

စကားပြောရင်းတန်းလန်း ၊ သူမ၏ ခန္ဓာကိုယ်မှ အားကောင်းသော သေခြင်းတရား၏ စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။

ဤသင်္ချိုင်းဓားကိုးတောင်တွင် ခွင့်ပြုထား‌သော အမြင့်ဆုံးတည်ရှိမှုမှာ သူတော်စင် အထွပ်အထိပ် အဆင့်ထိသာ ဖြစ်သည်။

သူတော်စင် အထွပ်အထိပ်ထက် မြင့်မားသော ရောင်ဝါကို ထုတ်လွှတ်ရဲပါက ၊ ဤနေရာရှိ နိယာမစည်းမျဉ်းများက ညှာတာမှုကင်းမဲ့စွာ ချေမှုန်းလိမ့်မည် ဖြစ်သည်။

ယခုတွင်မူ ၊ စူးချန်ကဲသည် တောင်တန်းစားဖွယ်စုံပိုင်ရှင် နှင့် လမ်းခွဲခဲ့ပြီ ဖြစ်သည်။

တဖက်လူသည် မိမိအား မည်သို့ တိုက်ခိုက်နိုင်မည်နည်း။

“ သူတော်စင် အထွတ်အထိပ်?”

စူးချန်ကဲသည် သူ့လက်ထဲက နတ်တစ္စေမျက်လုံးကို ပေါ့ပေါ့ပါးပါး ကစားလိုက်ရင်း ဆိုလိုက်သည်။

“ဒါက မင်းရဲ့ အားကိုးလား?”

“လူသား၊ ငါ့ကို အဲဒီအရှုံးသမားနှစ်ယောက်နဲ့ မနှိုင်းယှဉ်နဲ့ “

လန်ရှင်းက အေးစက်စွာ ဆိုပြန်သည်။

“ငါက တစ္စေနတ်ဘုရားကျောင်းရဲ့ ပဲ့ကိုင်ရှင် ခေါင်းဆောင် ငါးဦးထဲက တစ်ဦးပဲ ၊အကယ်၍...”

ဝုန်း!

ထိုအခိုက်အတန့်တွင် ၊ လေထဲ၌ ဆူညံသံ ထွက်ပေါ်လာခဲ့သည်။

ထို့အပြင် စူးချန်ကဲ တစ်ကိုယ်လုံး ဥက္ကာပျံ တစ်ခုကဲ့သို့ တဖျပ်ဖျပ် တောက်ပနေခဲ့ပြီး ၊ သူ့ခြေဖဝါးအောက်တွင် အားကောင်းသော နိယာမစွမ်းအားများကို ဖြည်းညှင်းစွာ စုဝေးထားသည်။

ပေါက်ကွဲသံ ထွက်ပေါ်လာသည့် တစ်ချိန်ထဲမှာပင် စူးချန်ကဲသည် လန်ရှင်းအား သူ၏ လက်သီးဖြင့် အပြင်းအထန် ထိုးနှက်လိုက်သည်။

ဘုန်း ——

ပေါက်ကွဲမှု စွမ်းအားသည် မရေမတွက်နိုင်သော ရှေးဟောင်းဓားများကို တိုက်ရိုက် ချိုးဖျက်ပစ်ခဲ့ပြီး သံတိုသံစများ အဖြစ်သို့ လေထဲတွင် ပျံ့လွင့်သွားစေခဲ့သည်။

“တစ္ဆေနတ်ဘုရားကျောင်းဆိုရင်ရော ဘာဖြစ်လဲ?”

စူးချန်ကဲသည် တစ်ဖက်သို့ ရှောင်လိုက်သော လန်ရှင်းအား လက်ဝါးဖြင့် ထပ်မံ ရိုက်ချလိုက်သည်။

ရွှေဝါရောင် နိယာမတရား၏ စွမ်းအားများသည် ဆက်လက် စုဝေးနေပြီး ၊အလွန် ကြီးမားသော လက်ဝါးရိပ်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ချက်ချင်းဆိုသလို ရိုက်ချလိုက်သည်။

အပြာရောင် ကောင်းကင်ကြီး တစ်ခုလုံး ပြိုကျလာခဲ့သည့်အတိုင်း လုံးဝ ရှောင်လွှဲဖို့ရန် မဖြစ်နိုင်ခဲ့ချေ။

လန်ရှင်း၏ မျက်နှာအမူအယာမှာ အမျက်ဒေါသများဖြင့် ပြည့်နှက်နေသည်။သူမတို့ တစ္ဆေနတ်ဘုရားကျောင်း၏ ဂုဏ်သတင်းသည် အရင်လို မဟုတ်သော်လည်း ၊

သို့သော် ဆင်ပိန် ကျွဲလောက် ဟူသည့် စကားအတိုင်း ၊ လူသားမျိုးနွယ် အဆင့်အတန်းက သူတို့အား အဘယ့်ကြောင့် အထင်အမြင်သေးဝံ့သနည်း။

လန်ရှင်းသည် စူးချန်ကဲ၏ တိုက်ခိုက်မှုကို လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး ၊ သူမ၏ လက်ထဲတွင် စုစည်းထားသော တစ္ဆေစွမ်းအင်များကို မှော်တောင်ဝှေးအဖြစ် ပြောင်းလဲကာ နှုတ်မှ မန္တာန်များကို ရွတ်ဆိုလိုက်သည်။

“ အမြင့်မြတ်ဆုံးသခင် တစ္ဆေ နတ်ဘုရား၊ မျိုးနွယ်စုဝင်ရဲ့ ဆန္ဒကို နားထောင်ပေးပါ....”

စူးချန်ကဲမှ ထပ်မံတိုက်ခိုက်လာခဲ့သော လက်ဝါးသည် သူမနှင့် နီးကပ်လာသည်ကို ခံစားလိုက်ရသည်။ ဤမျှအားပြင်းသော ဖိနှိပ်စွမ်းအားသည် သူမကို ချွေးအေးများ စီးကျလာစေသည်။

“တစ္ဆေနတ်ဘုရားလက်!”

နောက်ဆုံးမှာတော့ သူမ၏ ရွတ်ဆိုမှု ပြီးမြောက်သွားခဲ့သည်။

အနက်ရောင် မှော်သင်္ကေတများ တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး လေထုထဲတွင် မှော်စက်ဝိုင်းကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။

လေထုထဲရှိ မှော်စက်ဝိုင်းကွင်းသည် ရုတ်တရက် ပွင့်ဟလာခဲ့ပြီး ၊အထဲမှ လက်မည်းကြီး ထွက်လာခဲ့သည်။

တစ္ဆေစွမ်းအင်များဖြင့် ပြည့်နှက်နေသော ထို တစ္စေလက်ကြီး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဤနေရာရှိ တစ္ဆေစွမ်းအင်များသည် ထိုတစ္စေလက်ကြီးပေါ်သို့ အရူးအမူး သွားတွယ်ကပ်ကြသည်။

ရွှေလက်ဝါး နှင့်တစ္ဆေလက်တို့ ပြင်းထန်စွာ ထိပ်တိုက် ဆုံတွေ့ခဲ့ကြသည်။

ရွှေဝါရောင် မှော်သင်္ကေတများသည် ပြိုးပြိုးပျက်ပျက် တောက်ပနေသည့် အလျောက် ၊ အနက်ရောင် မှော်သင်္ကေတ များသည်လည်း ထူးခြားဆန်းကြယ်ကာ အေးစက်ပေသည်။

မတူညီသော စွမ်းအားနှစ်မျိုး ထိပ်တိုက် ‌ဆုံတွေ့ခဲ့‌‌လေရာ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

ဝုန်း ဝုန်း ဝုန်း!!

ပြင်းထန်သော ထိပ်တိုက် ရင်ဆိုင်မှုအောက်တွင် ၊ စွမ်းအားနှစ်မျိုးသည် တိုက်ရိုက် ပေါက်ကွဲသွားပြီး ပြင်းထန်သော လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်စေကာ မရေမတွက်နိုင်သော ရှေးဟောင်းဓားများကို ဖောက်ခွဲပစ်ခဲ့သည်။

“ဒါဆို ဒီလက်သီးကိုရော မင်း ဘယ်လိုရှောင်မလဲ?”

“ဘယ်လို?”

ထိုအေးစက်သောအသံသည် လန်ရှင်း၏ မျက်နှာကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

စူးချန်ကဲသည် သူမ၏ အနောက်တွင် ဘယ်ချိန်ကတည်း ရှိနေခဲ့လဲ မသိချေ။

နတ်အလင်းရောင်များက တဖျပ်ဖျပ် ရိုက်ခတ်လာသည်နှင့် အမျှ ၊ စွမ်းအားများသည် သူ၏ လက်သီးထိပ်တွင် စုဝေးပြီးခဲ့ပြီ ဖြစ်သည်။

တဖက်လူ၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော သွေးချီ စွမ်းအားများက သူမကို ဆွံ့အသွားစေသည်။

သူမသည် မူလက စူးချန်ကဲ၏ ဓားစွမ်းအင်ကိုတွန်းလှန်ရန် မှော်အကွက်များစွာကို ပြင်ဆင်ထားခဲ့သော်လည်း ၊ သို့သော် စူးချန်ကဲသည် စည်းမျဉ်းများကို လိုက်နာခြင်းမရှိဘဲ အခုလိုအကွက်မျိုး ထုတ်သုံးခဲ့လိမ့်မည် ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

သူသည် သွေးချီ စွမ်းအားကို သုံးကာ တိုက်ခိုက်ခဲ့သည် ။

“ ကောင်းကင်ကို ဖြိုခွင်းခြင်း လက်သီး!”

ဝေါင်း !

ဒါတင်မက ရန်သူကို လက်သီးတစ်ချက်တည်းဖြင့် သတ်နိုင်ရန် စူးချန်ကဲသည် သူ၏ လက်သီးထဲတွင် နဂါးစွမ်းအင်ကိုတောင် ထည့်သွင်းထားခဲ့သည်။

ဧရာမ ရွှေနဂါးခေါင်းကြီးသည် သူ၏ ပါးစပ်ကို ဖွင့်ကာ လန်ရှင်း ဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

အခြားရွေးချယ်စရာမရှိတော့သဖြင့် သူမ အနေဖြင့် ‌ရှောင်နိုင်ရုံသာ တတ်နိုင်ခဲ့သည်။

သူမသည် မှော်တောင်‌ဝှေးကို ကိုင်ဆောင်ထားကာ မန္တာန်ကို ရွတ်ဆိုလိုက်ပြီး တစ္ဆေစွမ်းအင်များကို စုစည်းလိုက်သည်။

“လူသားမျိုးနွယ် အဆင့်ကများ!”

“ သတ္တိရှိနေတယ်ပေါ့လေ!?”

အပိုင်း(၂၃၅): ကြေးခေါင်းတလား

“ မရဏမျက်ဝန်း ၊ ဖွင့်​စမ်း!”

တစ်ချိန်တည်းမှာပင် လန်ရှင်း၏ ရောင်ဝါတို့သည် ရုတ်ချည်း မြင့်တက်လာခဲ့သည်။

သူမ၏ မျက်စံများသည် မဲနက်သွားပြီး အလွန် ဆိုးညစ်သော အရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်

နောက်အခိုက်အတန့်တွင် ၊ အလွန်ကြောက်စရာကောင်းသော စိတ်စွမ်းအားသည် ကျယ်‌ပြောလှသော ဟင်းလင်းပြင် တစ်ခွင်လုံးကို ချက်ချင်းလက်ငင်း ဖုံးလွှမ်းပစ်ခဲ့သည်။

ဤနေရာတစ်ခုလုံး အမှောင်ကျသွားခဲ့သည်။

ထိုစိတ်စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် တစ္ဆေစွမ်းအင်များ တဟုန်ထိုးတက်လာသည်။

“ တစ္စေနတ်ဘုရား ကြွမြန်းခြင်း!”

လန်ရှင်းသည် မှော်တောင်ဝှေးကို သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်နှင့် မှော်စက်ဝိုင်းထဲမှ အနက်ရောင် မှော်သင်္ကေတများ ပြေးထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ၊ အမှောင်ကျနေသော ကမ္ဘာကြီးထဲတွင်

လက်မဲကြီးသည် ထပ်မံ ထွက်ပေါ်လာခဲ့ပြီး ၊ စူးချန်ကဲ၏ လက်သီးကို နှိပ်ကွပ်လိုက်သည်။

ဘုန်း ဘုန်း ——

တခဏချင်းမှာပင် ၊ စွမ်းအားနှစ်ခု ထပ်မံ တိုက်ခိုက်ခဲ့လေရာ ၊ ပေါက်ကွဲမှုများသည် ဟင်းလင်းပြင်ကို တုန်ခါသွားစေသည်။

ထိုစွမ်းအားသည် အလွန်ကို ထူးဆန်းပေသည်။၎င်းသည် စူးချန်ကဲ၏ စွမ်းအားအများစုကို ဝါးမျိုပစ်ခဲ့သည်။

အကန့်အသတ်မဲ့ တစ္ဆေစွမ်းအင်များသည် စူးချန်ကဲ၏ ဦးတည်ရာဆီသို့ ရွေ့လျားသွားပြီး ၊ စက်ဆုပ်ဖွယ်ရာကောင်းသော တစ္ဆေများ ထွက်ပေါ်လာခဲ့ရာ ၎င်းတို့သည် လှိုင်းတံပိုးသဖွယ် အရှုးအမှုး လေတွင် ပျံဝဲနေကြသည်။

သို့‌သော် ထိုတစ္ဆေလှိုင်းသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ကို ထိကိုင်၍ မရလေရာ ၊ သူ့ဘေးနားတွင်သာ ဖြတ်သန်းသွားလာနေကြသည်။

စူးချန်ကဲသည် မုန်တိုင်းဗဟိုတွင် ရှိနေသည့်တိုင် မလှုပ်မယှက်ဘဲ ငြိမ်သက်စွာ ရပ်နေခဲ့သည်။

“စိတ်ဝင်စားဖို့ ကောင်းတယ် “

စူးချန်ကဲ က တည်ငြိမ်စွာဆိုလိုက်သည်။ ထို့နောက်တွင် ၊ သူသည် သူတော်စင် ခန္ဓာကိုယ်၏ အသွေးအသားများကို စတင် လှုံ့ဆော်လိုက်သည်။

ဤနေရာတွင် ရှိသော တခြားအရာများထက် အလွန် အားကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လို့ လာခဲ့ချေပြီ။

လန်ရှင်း ဆင့်ခေါ်ထားခဲ့သော တစ္စေလှိုင်းများမှာ အကုန် လွင့်ထွက်သွားခဲ့သည်။

“ဘယ်လိုလုပ်ပြီး...?”

လန်ရှင်း၏ မျက်နှာမှာ ဖြူဖျော့နေသည်။စောနက သူမ အသုံးပြုခဲ့သည်မှာ သူမ၏ ကိုယ်ပိုင်မျက်လုံး စွမ်းအားပင် ဖြစ်သည်။

မရဏမျက်လုံးသည် သူတော်စင် ခန္ဓာကိုယ်လောက် မဟုတ်သော်လည်း ၊၎င်းသည် ထိပ်တန်း ကိုယ်ထည် တစ်ခု ဖြစ်နေဆဲပင် ဖြစ်သည်။

မရဏ မျက်လုံးကိုဖွင့်လိုက်သည်နှင့် ၊ထောင်ပေါင်းချီသော တစ္စေများ လက်နက်ချကာ သူမတစ်ယောက်တည်းကိုသာ ကိုးကွယ်ကြလိမ့်မည် ဖြစ်သည်။

အထူးသဖြင့် တစ္ဆေစွမ်းအင်များ ကြွယ်ဝသော မြေအောက်ကမ္ဘာတွင်၊ မရဏမျက်လုံး စွမ်းအားသည် အလွန် ကြောက်စရာကောင်းပေလိမ့်မည်။

“ဒါပေမဲ့ ငါ့ရဲ့ မရဏမျက်လုံးစွမ်းအားတွေက ဘာလို့ ကန့်သတ်ချုပ်ချယ်ခံလိုက်ရတာလဲ”

ဤအရာက လန်ရှင်းကို ပို၍ပင် လက်မခံနိုင်အောင် ဖြစ်ခဲ့ရသည်။

မဟုတ်မှလွဲရော ဒီလူမှာ သူတော်စင် ခန္ဓာကိုယ်ရှိနေတာလား?

သူတော်စင် ခန္ဓာကိုယ် ဆိုတာ ဂေါ်ဖီထုပ်မှ မဟုတ်တာ ၊ ဘယ်လိုလုပ်ပြီး ပြောရင်းဆိုရင်း ထတွေ့နိုင်မှာတုန်း!?

လန်ရှင်း၏ အတွေးများကို ဖတ်လိုက်ရသကဲ့သို့ စူးချန်ကဲသည် ပေါ့ပေါ့ပါးပါး ပြုံးကာ ဆိုလိုက်သည်။

“မင်းအတွက် ဂုဏ်ယူရဆုံးအရာက ငါ့အတွက်တော့ တန်ဖိုးမရှိဘူး”

ဘုန်း--

ပြောပြီးပြီးချင်းမှာပင် ၊ စူးချန်ကဲ ကိုယ်ပေါ်မှ လာသော အလွန်ပြင်းထန်သော စွမ်းအားတစ်ခုသည် လေထဲတွင် ပျံ့နှံ့သွားသည်။

စူးချန်ကဲ၏ ဘေးပတ်ပတ်လည်တွင် ရှိနေခဲ့သော တစ္စေအငွေ့အသက်များသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် အငွေ့ပျံသွားသည်။

“ ဝက်ဟန်ဆောင်ပြီး ကျားကို စားဖို့ ကြံရွယ်တယ်ပေါ့လေ!?”

လန်ရှင်း မှာ ထိတ်လန့်နေပုံရသည်။စူးချန်ကဲသည် ဒဏ္ဍာရီလာ သူတော်စင် ခန္ဓာကိုယ်မှန်း သူမ သေချာခဲ့ပြီ ဖြစ်သည်။

ဒီကောင်က တစ်ချိန်လုံး ပုန်းနေတာပဲ!

“ ကျား ?”

စူးချန်ကဲသည် ခေါင်းတယမ်းယမ်းဖြင့် ပြုံးလေသည်။သူ၏ မျက်လုံးထဲ၌ လန်ရှင်း ဆိုသူကို လုံးဝ ထည့်မထားသည့်အတိုင်း၊ တစ်နည်းအားဖြင့်ဆိုရသော် သူသည် အစမှ အဆုံး တစ္ဆေနတ်ဘုရားကျောင်း၏ ပဲ့ကိုင်ခေါင်းဆောင် လန်ရှင်းအား အာရုံထဲ ထည့်မထားခဲ့ပေ။

စူးချန်ကဲသည် သူ့လက်ချောင်းကို ညင်သာစွာ မြှောက်လိုက်ပြီး ရှေ့ကို ဖြတ်တောက်ပစ်ရန် ဓားကို စေခိုင်းလိုက်သည်။

ရွှမ်း !

သူတော်စင် ခန္ဓာကိုယ်၏ ကောင်းချီးပေးမှုကို ခံယူထားသော ဓားစွမ်းအင်သည် ပို၍ပင် ကြောက်စရာကောင်းလာခဲ့သည်။

လန်ရှင်းသည် အေးအေးလူလူ သေဆုံးဖို့ အသင့်မဖြစ်သေးသလို သူမ၏ မရဏမျက်လုံးဖြင့် တွန်းလှန်ရန် ကြံစည်ခဲ့သည်။

လွှဲချော်မှု မရှိစေရန် လန်ရှင်းသည် တစ္ဆေအိမ်မြှောင်ကိုပါ အတူတကွ အသက်သွင်းလိုက်သည်။

“ကောင်းကင်နဲ့မြေကြီး ၊ ငါ့အမိန့်ကို နာခံလေစမ်း....”

သို့သော် နောက်အခိုက်အတန့်တွင်မူ ၊ သူမကို အဆုံးစွန်ထိ ကြောက်လန့်သွားစေသောမြင်ကွင်းတစ်ခု ပေါ်လာခဲ့သည် ။

တစ္ဆေစွမ်းအင်များ အားလုံး လုံးလုံးလျားလျား အငွေ့ပျံသွားခဲ့ပြီး ၊ မူလက သူမ စုဆောင်းထားခဲ့သော တစ္ဆေစွမ်းအင်များသည် အမည်မသိ စွမ်းအားတစ်ခုရဲ့ ဝါးမျိုးခြင်းကို ခံလိုက်ရသည်။

“ ခွေးမ နင်ပဲ !”

ဘယ်ချိန်ကမှန်းမသိ ၊ တန်ဝူအာ၏ ခန္ဓာကိုယ်မှ တောက်ပသော ရောင်စဉ် အလင်းရောင်များကို ထုတ်လွှတ်နေခဲ့သည်။

ဤနေရာတွင် စုဝေးနေခဲ့သော တစ္ဆေစွမ်းအင်များကို ထန်ဝူအာ မှ စုပ်ယူသန့်စင်ခဲ့ပြီး၊ နေရာတစ်ခုလုံးကို ချက်ချင်းလက်ငင်း ရှင်းလင်းပစ်ခဲ့သည်။

“သန့်စင်စွမ်းအား...!?”

လန်ရှင်း၏ အမူအရာသည် တစ်ဖန် ပြောင်းလဲသွားသည်။ သူမ နားလည်နိုင်စွမ်းထက် ကျော်လွန်သော နောက်ထပ်ဖြစ်တည်မှု တစ်ခု ရှိနေခဲ့ပြန်သည်

“ဖြတ်တောက်စေ!”

ဤအေးစက်သောအသံသည် သူမကို အတွေးထဲမှ လက်တွေ့ဘဝထဲသို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်။

တောက်ပသော ဓားစွမ်းအင်သည် သူမနှင့် နီးကပ်လာခဲ့ပြီ ဖြစ်ရာ ၊ သူမ အနေဖြင့် ရှောင်လွှဲဖို့ရန် မဖြစ်နိုင်တော့ချေ။

“ ငါ သေသွားရင်တောင် နင် ကောင်းကောင်း ဖြတ်သန်းရမယ် မထင်နဲ့!”

ဓားစွမ်းအင်မှ ချေမှုန်းလာသည့်အခိုက်တန့်တွင်၊ လန်ရှင်းသည် တစ္စေအိမ်မြှောင်အား သတ်မှတ်ထားသော ဦးတည်ရာ နေရာဆီသို့ ပစ်ချလိုက်သည်။

ဘုန်း—

စူးချန်ကဲ၏ ဓားစွမ်းအင်သည် လန်ရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားပြီး ၊ ဤတန်ခိုးစွမ်းအားသည် လန်ရှင်း အား အကာအကွယ်မဲ့သွားစေသည်။

ပြင်းထန်သော ဓားစွမ်းအင်၏ ပေါက်ကွဲသံနှင့်အတူ သူမ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း ကွဲအက်သွားခဲ့ချေပြီ ။

“တစ္ဆေနတ်ဘုရားကို စော်ကားတာ..”

“ တစ္ဆေနတ်ဘုရားကျောင်းက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး...”

နောက်ဆုံး အနေဖြင့် နာကြည်းသံကို ချန်ထားခဲ့ပြီးနောက် ၊ လန်ရှင်းသည် အနက်ရောင် အခိုးအငွေ့များ အဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့သည်။

……

တစ်ချိန်တည်းမှာပင် တစ္စေနတ်ဘုရားကျောင်း၊

မျက်လုံးမှိတ်ထားသည့် တစ္စေနတ်ဘုရားကျောင်း၏ အရှင်သခင်သည် ရုတ်ချည်း မျက်လုံးပွင့်လာသည်။

“လန်ရှင်း သေပြီလား?”

သူ၏ အေးစက်သော လေသံတွင် မယုံကြည်နိုင်သော အရိပ်အမြွက်များ ရှိနေသည်။

လန်ရှင်း၏ ကျင့်ကြံမှု အဆင့်သည် အထွပ်အထိပ် သူတော်စင် နယ်ပယ်အဆင့်ထဲသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သည့်အပြင် သူမအား တစ္ဆေ သံလိုက်အိမ်မြှောင်မှ ကာကွယ်ထားသည်။

တစ္စေနတ်ဘုရားကျောင်း၏ အရှင်သခင်သည် လက်သင်္ကေတ တစ်ခုကို‌ အသက်သွင်းလိုက်ရာ ၊ ထူးဆန်းသော ခံစားချက်တစ်ခုက လစ်လပ်နေခဲ့သည်။

“ဘာလို့ ဝိညာဉ်ဆုံတွေ့ခြင်း မှော်အစီအရင်က အလုပ်မဖြစ်တာလဲ?”

ဝိညာဉ်ဆုံတွေ့ခြင်း မှော်အစီအရင်သည် လူသေများနှင့် ဆက်သွယ်နိုင်သော သူတို့ တစ္ဆေနတ်ဘုရားကျောင်း၏ လျှို့ဝှက်နည်းလမ်းပင် ဖြစ်သည်။

ယခုတွင်မူ ၊ ဤလျှို့ဝှက်နည်းလမ်းမှာ အလုပ်မဖြစ်ခဲ့‌ပေ။ ဆိုလိုသည်မှာ လန်ရှင်းကို သတ်ခဲ့သူသည် အလွန်အစွမ်းထက်ပြီး သူမ၏ ဝိညာဉ်ကို လုံးလုံးလျားလျား ချေဖျက်သွားခဲ့သည်ဟု ဆိုရမည်။

အချိန်အတိုင်းအတာတစ်ခုအထိ တွက်ချက်ပြီးနောက်၊ တစ္စေနတ်ဘုရားကျောင်း၏ အရှင်သခင်သည် နောက်ဆုံးတွင် သဲလွန်စတချို့ကို ဖမ်းယူနိုင်ခဲ့သည်။

ပြတ်တောင်း ပြတ်တောင်း ဖြစ်နေသော စကားလုံးအနည်းငယ်မျှသာပင် ။

“ သင်္ချိုင်းဓားကိုးတောင်...”

“ဝတ်ရုံနက် အမျိုးသားက....ကွေးဝူယာနဲ့ မေဟွိမ်းနွီကို သတ်ခဲ့တယ်......”

တစ္စေနတ်ဘုရားကျောင်း၏ အရှင်သခင်သည် ပလ္လင်၏ လက်ယမ်းကို အသာအယာပုတ်လိုက်သည်။

ထို့နောက် အေးစက်သော မျက်နှာပေါ်တွင် ရယ်သံတချက် ထွက်ပေါ်လာခဲ့သည်။

“ လာကြစမ်း!”

အမှောင်တစ်နေရာ၌ လှိုင်းများ ရိုက်ခတ်သွားခဲ့ပြီး ၊ အနက်ရောင်သွင်ပြင် အရိပ် တစ်ခု ထွက်ပေါ်လာခဲ့သည်။

“အမိန့်ရှိပါ !”

“ အမိန့်ထုတ်လိုက် ၊ မင်ကျုံယွမ် ၊ပိုင်ချီ ၊ အန့်ရှန်း နဲ့ ထျန်းယွီရဲ့ ခေါင်းဆောင်‌တွေ တစ္ဆေတပ်သား သုံးသောင်း ကို ဦးဆောင်ပြီး သင်္ချိုင်းဓားကိုးတောင်ကို ဝန်းရံစေ!”

ထိုအနှီလက်အောက်ငယ်သားမှာ အံ့ဩသွားသည်။သူတို့၏ သခင်ဖြစ်သူအား မည်သူကများ ဤမျှ ကြမ်းတမ်းစေခဲ့သနည်း။

ဌာနခွဲ ၄ ခု၏ ပဲ့ကိုင်ခေါင်းဆောင်များတင်မက ၊ တစ္ဆေ တပ်သား သုံးသောင်းတောင်!?

ထိုလက်အောက်ငယ်သား ထွက်ခွာသွားပြီးနောက် ၊ အရှင်သခင်ဖြစ်သူမှာ မဲ့ရွဲ့ကာ ပြုံးရယ်လိုက်သည်။

“ ငါ တစ္စေနတ်ဘုရားကျောင်းကို စော်ကားဝံ့သူတိုင်း သင်္ချိုင်းမြေမှာ ဧကန်မုချ သေရစေ့မယ်”

တစ္ဆေစစ်သား သုံးသောင်းကို စေလွှတ်ရခြင်းအကြောင်းရင်းမှာ တစ္စေ တောင်နှင့် သုံ့ဟွင်ချောက်နက်ကို အဓိက ကာကွယ်ရန်ဖြစ်သည်။

စူးချန်ကဲသည် ၎င်းတို့၏ ဆက်ခံသူများကို သတ်ဖြတ်ရုံသာမက ၊ တစ္ဆေနတ်ဘုရားကျောင်း၏ ခေါင်းဆောင် တစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သည်။

သူ၏ အမြင်အရ စူးချန်ကဲတွင် လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေရပေမည်။

“ ငါတို့ တစ္စေနတ်ဘုရားကျောင်း ဒီအခွင့်အရေးမှာ ပြန်လည် နာမည်ကြီးလာနိုင်လိမ့်မယ် “

….

တစ်ချိန်တည်းမှာပင် သင်္ချိုင်းဓားကိုးတောင်၌ ၊

မူလက တိတ်ဆိတ်နေခဲ့သော ဓားသင်္ချိုင်းတွင် ကြီးမားသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။

လန်ရှင်း မသေခင်က ပစ်ချခဲ့သော တစ္ဆေအိမ်မြှောင်သည် လုံးလုံးလျားလျား ကွဲကြေသွားခဲ့ပြီ ဖြစ်သည်။

အထဲမှ အကန့်အသတ်မဲ့ တစ္ဆေစွမ်းအင်များ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ တစ္ဆေစွမ်းအင်များ အဆက်မပြတ် တိုက်စားခဲ့ခြင်းကြောင့် တောင်တန်းများမှာ အရှိန်ပြင်းပြင်းဖြင့် ရုတ်တရက် ပြိုကျလာခဲ့သည်။

အခိုးအငွေ့နှင့် ဖုန်မှုန့်များ လှိုက်လှိုင်ထသွားပြီးနောက် ၊ စတုဂံသေတ္တာပုံးတစ်လုံး ထွက်ပေါ်လာခဲ့သည်။

အခိုးအငွေ့များ တဖြည်းဖြည်း ငြိမ်ကျသွားခဲ့ပြီးနောက် ၊

စူးချန်ကဲသည် ထိုစတုဂံ သေတ္တာပုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

၎င်းအပေါ်တွင် ရှေးကမ္ပည်းစာများအပြင် ငှက်များ၊ တိရိစ္ဆာန်များနှင့် ရှေးဟောင်းဓားပုံစံ အမျိုးမျိုးတို့၏ ရုပ်လုံးရုပ်ကြွပုံများကို ထွင်းထုထားသည်။

မရေမတွက်နိုင်အောင် ကြာရှည်ခဲ့သော နှစ်ကာလ၏ တိုက်စားမှုကြောင့် ထိုကြေးသေတ္တာပုံးထဲမှ ပုပ်သိုးနေသော အနံ့အသက်များ စိမ့်ထွက်လာခဲ့ရာ စူးချန်ကဲ မျက်မှောင်ကြုတ်သွားခဲ့သည်။

“ကြေးခေါင်းတလား?”

All Chapters