← Chapters

အခန်း (၂၃၆-၂၄၀)

Vol. 17 Ch. 236-240

အခန်း (၂၃၆-၂၄၀)

Vol. 17 Ch. 236-240

အပိုင်း(၂၃၆): ပေကျန့်အဘိုးအို ၊ ရှေးဟောင်းဓား မုန်တိုင်း

သို့သော် စူးချန်ကဲသည် ဘာမှမလုပ်သေးဘဲ ထပ်မံ အသေးစိတ် ကြည့်ရှုလိုက်သည်။

ခရက်စ်!

ဘောက်စ်ဖွင့်သံ တချက် ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။

ယင်းက စူးချန်ကဲ နောက်တွင်ရှိနေခဲ့သော ထန်ဝူအာကို ဖျော့တော့သွားစေသည်။

“သခင်လေး...အထဲမှာ ...တစ်ယောက်ယောက် ရှိနေတယ်...”

အငွေ့အသက်များအပေါ် သူမ၏ ခံစားနိုင်စွမ်းသည် အလွန်အကဲဆက်သည်။ထိုကြေးခေါင်းတလား ပွင့်လာခဲ့သည်နှင့် တပြိုင်နက် ၊ ထန်ဝူအာ တစ်ယောက် အလွန်ကြောက်စရာကောင်းသော အငွေ့အသက်ကို ခံစားခဲ့ရသည်။

ထိုအငွေ့အသက်သည် ဤကမ္ဘာပေါ်တွင် မတည်ရှိသင့်သော အငွေ့အသက်မျိုးပင်ဖြစ်သည်။

စူးချန်ကဲသည် ထိုကြေးခေါင်းတလားကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

ကိုယ်တိုင်ဖွင့် ခေါင်းတလား၏ အဟ နေရာမှ အနက်ရောင် မီးခိုးငွေ့များ ထွက်လာနေသည်ကို မြင်တွေ့ရသည်။ အထဲတွင် အဘိငရဲသို့ ဦးတည်သွားနေသော မှိန်ဖျော့ဖျော့ အလင်းရောင်များ ရှိနေသညိ။

ဝုန်း!

ထိုနေရာမှ ပြင်းထန်သော စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည် ။ အလေးချိန်စီးသော ကြေးခေါင်းအဖုံးမှာ ၎င်း၏ အရှိန်ကြောင့် တိုက်ရိုက် လွှင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ထိမှန်သွားခဲ့သည်။

ဖုန်မှုန့်များက တလိပ်လိပ် ထလျက်။

ထိုအချိန် ၊ ကြေးခေါင်းတလား၏ အထဲတွင် အချိန်အတော်ကြာ စုဆောင်းထားခဲ့သော သေခြင်းတရား၏ စွမ်းအားတို့သည် ဒလဟော ထွက်ချလာသည် ။

ယင်းအရာတို့သည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်သွားသော အနက်ရောင် အလင်းတန်းတစ်ခု အဖြစ်‌ ပြောင်းလဲသွားခဲ့သည်။

ထိုသေခြင်းတရား၏ စွမ်းအားများကြားတွင် မှုန်ဝါးဝါး ရုပ်သွင် တစ်သွင်သည် အခေါင်းထဲမှ ဖြည်းညှင်းစွာ ထထိုင်လာခဲ့ပုံရသည်။

သေခြင်းတရား၏ အငွေ့အသက်များ တဖြည်းဖြည်း လျော့ပါးသွားပြီးနောက်၊ ဖျော့တော့ ခြောက်သွေ့သော အသားအရေ နှင့် ရှေးကျသော အညိုရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးကို မြင်လိုက်ရသည်။

သူ့ခန္ဓာကိုယ်ထဲတွင် အသက်ဓာတ် ဟူ၍ တစ်စက်ကလေးမှ မရှိ ။ အေးစက်ပြီး ထူးဆန်းသော သေခြင်းစွမ်းအင်သာ ရှိ၏။

ရုတ်တရက် ၊ထိုအဘိုးအို၏ မျက်လုံးများ ပွင့်လာခဲ့သည်။

ဟူး——

အေးစက်သော လေတချက်သည် နေရာအနှံ့ ဝှေ့ခတ်သွားလေရာ ၊ တခဏအတွင်း တစ္ဆေ အော်သံနှင့် ဝံပုလွေတို့၏ အော်သံများက နေရာတိုင်းတွင် ထွက်ပေါ်လာသည်။

ကျယ်လောင်ပြီး ကြောက်စရာကောင်းသော အသံတို့သည် နေရာအနှံ့ ပဲ့တင်ထပ်လျက် ရှိသည်။

“နှစ်ပေါင်းထောင်ချီ ကြာခဲ့ပြီ “

အညိုရောင် ဝတ်ရုံနှင့် အဖိုးအိုသည် သူ့လက်များကို ကျစ်ကျစ် ဆုပ်ထားသည်။သူ၏ ဗလာကျင်းသော မျက်လုံးများတွင် ခံစားချက် ဟူ၍ မရှိ။

“ဟားဟား....”

“ငါ အဘိုးကြီး ပေကျန့် ၊ နေ့အလင်းရောင်ကို ပြန်မြင်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး “

၎င်းသည် စကားတချို့ကို ရေရွတ်လိုက်ပြီးနောက် ၊ ပေကျန့်အဘိုးကြီး ဟု အမည်ရသော အညိုရောင် ဝတ်ရုံနှင့် အဖိုးအိုသည် စူးချန်ကဲတို့ကို သတိပြုမိသွားသည်။

သူ၏ ဗလာကျင်းနေသော မျက်လုံးများက စူးချန်ကဲကို မြင်လိုက်သည့် အခိုက်တွင် အရသာရှိသော ဟင်းတစ်ခွက်ကို ရှာတွေ့လိုက်ရသလိုပင်။

“ ကောင်းလိုက်တဲ့ အကန့်သတ်မဲ့ သွေးချီစွမ်းအင်တွေပါ့လား”

“မဆိုးဘူး... မဆိုးဘူး... ခုမှ နိုးလာတာဆိုတော့ ငါ့ရဲ့ သွေးချီစွမ်းအင်တွေက ကုန်ခမ်းနေပြီ ၊ဒါ အကောင်းဆုံး ဖြည့်စွက်စာပဲ”

ပေကျန့်အဖိုးအိုသည် သူ့၏ တောင့်တင်းနေသော ခန္ဓာကိုယ်ကို ဆွဲထူလိုက်ကာ ၊ ကြေးခေါင်းတလားထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။

အချိန်ကာလ၏ တိုက်စားမှုကြောင့် သူ လှုပ်ရှားလိုက်တိုင်း အရိုးအက်သံများကို ကြားနေရသည်။

သို့သော် စူးချန်ကဲသည် သူ့ခန္ဓာကိုယ် ထလာပြီဆိုကတည်းက လှုပ်ရှားခဲ့ပြီး ဖြစ်သည်။

ဓားကို စေညွှန်သော သူ၏ လက်ချောင်းထိပ်ပေါ်တွင် အလွန် ပြင်းထန်သော ယန်စွမ်းအားများ ထွက်ပေါ်နေသည်။သူ၏ လက်ချောင်းထိပ်တွင် အလွန်သေးငယ်သော နေတစ်စင်းကို ဖွဲ့စည်းထားသကဲ့သို့ပင်။

“ဖြတ်!”

စူးချန်ကဲသည် တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် သူ့လက်‌ချောင်းများကို မြှောက်ကာ ပေကျန့် အဘိုးအို၏ ဦးတည်ရာသို့ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

အနီရောင် မီးလျှံများက လေထဲတွင် တဖျပ်ဖျပ် လက်ကာ စုဝေးသွားခဲ့ပြီး ၊ ရွှေရောင် ‌မျဉ်းဖြောင့် တစ်ကြောင်းအဖြစ်သို့ ပြောင်းလဲသွားကာ ပေကျန့်အဘိုးအို၏ တည်နေရာသို့ ထိမှန်ကျရောက်ခဲ့လေသည်။

ဘုန်း—

စူးချန်ကဲ၏ လက်ချောင်းများကြားတွင် စုဝေးဖြစ်တည်နေခဲ့သော နေအသေးစားလေးသည် လွန်စွာ ပူပြင်းတောက်လောင်သော နေမင်းကြီးကဲ့သို့ ထုတ်လွှတ်လိုက်သော အပူလှိုင်းငွေ့များသည် ဤကမ္ဘာပေါ်ရှိ အအေးဓာတ် အားလုံးကို မောင်းထုတ်ပစ်လိုက်သည်။

ဧရာမ ပေါက်ကွဲသံ ထွက်ပေါ်မှုအပြီးတွင် ၊ ရှေ့တွင် မီးခိုးငွေ့များ တလိပ်လိပ် ထလို့နေပေသည်။ လောင်ကျွမ်းနိုင်စွမ်းရှိသည့် အပူစွမ်းအားသည် ဤကမ္ဘာပေါ်ရှိ ကျောက်တုံးကျောက်ခဲများကိုပင် အရည်ပျော်ကျသွားစေသည်။

စူးချန်ကဲသည် ပေကျန့်အဘိုးအိုကို စိုက်ကြည့်နေဆဲပင် ဖြစ်သည်။

“ အလုပ်မဖြစ်ဘူးမလား?”

ပေကျန့် အဘိုးအိုသည် ဘယ်ချိန်ကမှန်း မသိ ထိုခေါင်းတလားထဲကနေ ထွက်လာခဲ့ပြီး ဖြစ်သည်။ထိုပူပြင်းတောက်လောင်သော ဓားစွမ်းအင်များမှာ အဖြူရောင် အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲခံလိုက်ရပြီး သူ့အား ဝန်းရံထားလေသည်။

စူးချန်ကဲ၏ ဓားချက်သည် သူ့ကို လုံးဝ မထိခိုက်ခဲ့ပေ။

“ ပြင်းထန်တဲ့ သွေးချီစွမ်းအင် ရှိရုံတင်မက ၊ ဓားရေးမှာရော ထိပ်တန်းအဆင့်ပဲ “

ပေကျန့် အဘိုးအို၏ တောင့်တင်းနေသော နှုတ်ခမ်းကြွက်သားများသည် ထူးဆန်းသော ပုံစံဖြင့် ကွေးညွှတ်သည်။

မျက်နှာပေါ်က အရေးအကြောင်းနှင့် ပေါင်းစပ်လိုက်မည် ဆိုပါက လူကို အနည်းငယ် လန့်အောင် ပြုစားနေသည်။

“ငါဆုံးဖြတ်​လိုက်​ပြီ​...မင်းကိုလိုချင်​တယ်​…”

“ငါ့ခန္ဓာကိုယ် အသစ်ဖြစ်ရမယ်”

လိုချင်တပ်မက်မှု ဆန္ဒများဖြင့် ပြည့်နှက်နေသော တစ်ဖက်လူ၏ အကြည့်များကို ခံစားလိုက်ရခြင်းသည် စူးချန်ကဲအား ပို၍ စက်ဆုပ်‌ရွှံ့ရှာသွားစေသည်။

အချို့သော ကျင့်ကြံသူအမျိုးသမီးလေးများ အနေဖြင့် သူ့ ခန္ဓာကိုယ်အား တောင့်တနေကြသည့်အပေါ် သူ လက်ခံနိုင်သေးသည်။ယခုတွင် ဘယ်ကတည်းက သေခဲ့မှန်း မသိသည့် အဘိုးအိုတစ်ဦး က သူ့ခန္ဓာကိုယ်ကို မျက်စိကျနေပြန်သည်။

“ သေလူတွေကို မြေကြီးထဲမှာ စနစ်တကျ မြှုပ်နှံ့ထားသင့်တယ်”

“ ဖန်ထျန်း လက်ဝါး “

စူးချန်ကဲသည် ရွှေဝါရောင် မှော်စွမ်းအားကို စုဝေးလိုက်ပြီး ၊ ဧရာမ လက်ဝါးရိပ်ကြီး အသွင်အဖြစ် ဖန်တီးပြီးနောက် ပေကျန့်အဘိုးအိုရှိရာ အရပ်ဆီသို့ တိုက်ရိုက် ရိုက်ချပစ်ခဲ့သည်။

ပေကျန့် အဘိုးအို၏ နှုတ်ခမ်းပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်။

“မင်း အရမ်း တက်ကြွနေတာပဲ ၊ ​​ငါ မင်းနဲ့ ကောင်းကောင်း ကစားပေးရတာပေါ့”

မမြင်နိုင်သော ရက်စက်ကြမ်းတမ်းသော သဘောထားသည် ဓားစွမ်းအင် မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ဤကမ္ဘာအနှံ့ ပျံ့လွင့်သွားခဲ့သည်။

မူလက ဓားသင်္ချိုင်းကုန်းတွင် ရှိနေသည့် မရေမတွက်နိုင်သော ရှေးဟောင်း ဓားများသည် စွမ်းအားတစ်ခု၏ ဆင့်ခေါ်ခြင်းကို ခံလိုက်ရသကဲ့သို့ ဓားသွားသံများက အဆက်မပြတ် ညည်းတွားအော်မြည်လို့ နေကြသည်။

ပေကျန့်အဘိုးအိုသည် သူ့လက်ဖဝါးကို အပေါ်သို့ မြှောက်လိုက်သည်နှင့် မြေကြီးထဲတွင် စိုက်ဝင်နေသော ပုံစံအမျိုးမျိုး ရှိသော ရှေးဟောင်းဓားများသည် လေထဲသို့ မြှောက်တက်လာခဲ့သည်။

ထိုနောက် မရေမတွက်နိုင်သော ဆီးနှင်းခဲ ဓားအရိပ်အသွင် အဖြစ်သို့ ပြောင်းလဲသွားပြီး စူးချန်ကဲအား ချိန်ရွယ်ထားသည်။

“သွားစမ်း”

စူးချန်ကဲ၏ အသက်အရွယ်သည် သူ့ဘက်က ကြည့်လျှင်ဖြင့် ကလေးအရွယ်မျှသာ ဖြစ်သည်။ သို့သော် သူ၏ ပေါက်ကွဲနိုင်သော စွမ်းအားသည် ပေကျန့်အဘိုးအိုကိုတောင် သတိလက်မလွှတ်နိုင်စေတဲ့အထိ ဖြစ်သွားစေသည်။

ထို့အပြင် သူသည် စောနလေးကမှ နိုးထလာခဲ့ခြင်း ဖြစ်သည်။အကယ်၍ စူးချန်ကဲကို လျှော့တွက်မိပါက ၊ သူ ရှုံးနိမ့်သွားနိုင်သည်။

ကောင်းကင်ယံတွင် ပြည့်လျှံနေသော ဓားအရိပ်များသည် စူးရှအေးစက်သော အလင်းတန်း တစ်ခုအဖြစ် သတ်ဖြတ်ရန် ပြေးဝင်လာကြသည်။သူ၏အရှိန်နှုန်းသည် ဟင်းလင်းပြင်ကြီး တစ်ခုလုံးကိုတောင် တုန်ခါသွားစေသည်။

ဝုန်း !

ရှေးဟောင်းဓားများနှင့် စူးချန်ကဲ၏ ဧရာမ လက်ဝါးရိပ်တို့ ပြင်းထန်စွာ တိုက်မိသွားကြသည်။

သံတိုသံစများသည် နှင်းများသဖွယ် လေထဲမှ သူ့ဘာသာသူ ကျဆင်းလာခဲ့သည်။စူးချန်ကဲသည် မရေမတွက်နိုင်သော ရှေးဟောင်းဓားများကို ဖျက်ဆီးပစ်ခဲ့သည်။

ဓားသင်္ချိုင်းတွင် ရှေးဟောင်း ဓား မည်မျှ မြှုပ်နှံထားလည်း မသိ။

ထိုရှေးဟောင်းဓားများသည် စူးချန်ကဲ ဆီသို့ အဆက်မပြတ် ချီတက်နေကြသည်။ထို့အပြင် ဤရှေးဟောင်းဓားများသည် တစ်နှစ်ပတ်လုံး သေခြင်းတရား၏ စွမ်းအားများကို စုပ်ယူထားသောကြောင့် ၊ ဓားတချက် လျှက်ထိသွားရုံဖြင့် ထိုလူမှာ အဆိပ်တတ်ကာ သေရပေမည်။

“ ကောင်းကင်ဓား၊ အရေးယူဖို့ မင်းအလှည့်ရောက်ပြီ”

ဤတစ်ကြိမ်တွင် သူသည် ကောင်းကင်ဓားကို လေဟာပြင်ထဲမှ တိုက်ရိုက်ဆွဲထုတ်လိုက်သည်။ဓားသည် နဂါးတစ်ကောင်အလား ဟစ်ကြွေးနေပြီး ကြယ်တစ်စင်းအလား တောက်ပနေသည်။

စူးချန်ကဲသည် ကောင်းကင်ဓား ကို ဆုပ်ကိုင်လိုက်သည်နှင့် ၊ ဓားဆန္ဒတို့သည် စူးချန်ကဲ၏ ကိုယ်ထဲမှ တဟုန်ထိုး တတ်လာခဲ့သည်။

ကြောက်စရာကောင်းသော ဓားဆန္ဒ၏ ဟစ်ကြွေးသံသည် စူးချန်ကဲ၏ ဘေးနား တစ်ဝိုက်တွင် ဓားစွမ်းအင် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

အဆုံးမရှိသော ဓားစွမ်းအင်များသည် ကောင်းကင်ဓားပေါ်တွင် စုဝေးလာခဲ့ပြီး ၊ သူသည် ဓားကို လွှဲယမ်းလိုက်သည်။

တခဏချင်းမှာပင်၊ ငွေရောင် အလင်းတန်းတစ်ခုသည် ပေကျန့်အဖိုးအို ထိန်းချုပ်ထားသော ဓားမုန်တိုင်းကို တချက်တည်းဖြင့် ဖြတ်တောက်ပစ်လိုက်သည်။

ဓားအလင်းနဲ့တင် ရပ်တန့်မသွားချေ။

စူးချန်ကဲသည် သူ၏ ပြောင်‌မြောက်သော ကိုယ်ဖော့ပညာဖြင့် လေထဲတွင် ပျံသန်းနေသော ဓားပျံကို သူ၏ ခြေကုပ်အဖြစ် အသုံးပြုလိုက်သည်။

ပန်းတစ်ပွင့်သည် ဤဓားစွမ်းအင် မုန်တိုင်းကြီးကို အဆက်မပြတ် ဖြတ်ကျော်နေသလိုပင်။

စူးချန်ကဲသည် တခြားတစ်နေရာတွင် ထွက်ပေါ်လာလိုက် ၊ ရှေးဟောင်းဓားမုန်တိုင်းကို ဖြိုခွင်းလိုက်ဖြင့် ၊ စူးချန်ကဲ၏ ပုံစံကို ထန်ဝူအာ တစ်ယောက် ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။

အဆုံးမရှိသော ငွေရောင် အလင်းတန်း ထွက်ပေါ်လာသည်နှင့် တစ်ချိန်တည်းမှာပင် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာရသည်။

ယခုအခိုက်အတန့်တွင် ၊ စူးချန်ကဲ ဓား၏ အရှိန်နှုန်းသည် မည်မျှတောင် လျင်မြန်ပြီး ၊ ရှေးဟောင်းဓားပေါင်း မည်မျှ ဖျက်စီးခဲ့သည်ကို မည်သူမှ မသိနိုင်ချေ။

“ဒီကောင်လေး...”

ပေကျန့် အဖိုးအိုသည်လည်း မြင့်မားသော ဓားရေးစွမ်းအင်ကို ပိုင်ဆိုင်ထားသည်။

သို့ဖြစ်၍ သူသည် စူးချန်ကဲ၏ ဓားအသွားအလာကို ရှင်းရှင်းလင်းလင်း မြင်‌နိုင်ပေသည်။ စူးချန်ကဲသည် ဓားအစင်းပေါင်း များစွာ ထုတ်သုံးခဲ့ခြင်း မရှိ။

သူသည် အစမှအဆုံး ဓားတစ်ချောင်းတည်းကိုသာ အသုံးပြုခဲ့သည်။ဓားတစ်လက်သည် လွင့်မျောနေသော တိမ်တိုက်များနှင့် စီးဆင်းနေသော ရေစီးများကဲ့သို့ စည်းစနစ်ကျကျ လှုပ်ရှားနေခဲ့သည်။

“ဖြတ်!”

အေးစက်သော အမိန့်သံတချက် ထွက်ပေါ်လာသည်။

စူးချန်ကဲသည် ပေကျန့် အဘိုးအို ရှေ့သို့ တိုက်ရိုက် ဆင်းသက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် ဓားကို ဝှေ့ယမ်းလိုက်သည်။

ပြင်းထန်စွာ တိုက်ခတ်နေသော ဓားမုန်တိုင်း၏ အလယ်တွင် ရှိနေခဲ့သော ဓားစွမ်းအင်များသည် ငွေရောင်အလင်းတန်းများ အဖြစ် တဖျပ်ဖျပ် တောက်ပနေသည်။

နေရာအနှံ့ ပြန့်ကျဲနေသော ဓားစွမ်းအင်များသည် ဓားမုန်တိုင်းကြီးကို လုံးလုံးလျားလျား ဆုတ်ဖြဲပစ်ခဲ့လေပြီ။

သံတိုသံစများသည် နှင်းစက်များကဲ့သို့ ကျဆင်းလာနေသည်မှာ စူးချန်ကဲ၏ ဓားချက် အသွားအလာကို ပို၍ လှပသွားစေသည်။

အပိုင်း(၂၃၇): ပေကျန့်အဘိုးအို၏ မှတ်ညဏ်

ဒါတင်မက ထိုဓား၏ စွမ်းအားသည် အလွန်ကို ထူးကဲပေသည်။

ဓားသည် ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင်များကို သဲသဲမဲမဲ ထုတ်လွှတ်ပေးနေသည်။

တခဏချင်းမှာပင်၊ ရှေ့တွင် ၎င်းဓားစွမ်းအင်များဖြင့် အသွင်ပြောင်းလဲခဲ့ရသော တွင်းနက်ကြီး တစ်ခု ထွက်ပေါ်လာခဲ့သည် ။

ပေကျန့်အဘိုးအိုမှာ ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွားပြီး ၊ မြေပြင်ပေါ်တွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော တွင်းကြီး တစ်ခုသာ ကျန်ရှိခဲ့သည်။

ဒိုင်း! !

နောက်ထပ် ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ထိုအသံသည် ပေကျန့်အဘိုးအို တစ်ယောက် တောင် ဖြင့် ပြင်းပြင်းထန်ထန် ဝင်တိုက်မိသွားသော အသံပင် ဖြစ်သည်။

ကျောက်တုံးကျောက်ခဲများ အက်ကွဲကာ ၊ထိုတောင်ကြီး တစ်ခုလုံး ပြိုကျသွားခဲ့သည်။

သို့သော် စူးချန်ကဲသည် သတိလက်လွတ်မနေဘဲ ရှေ့တည့်တည့်ကိုသာ အာရုံစူးစိုက်ထားသည်။

ယုတ္တိနည်းကျကျ ဆိုရလျှင်ဖြင့် ၊ သူ၏ ဓားသွားသည် ရန်သူကို အဝေးသို့ လွှင့်ပျံသွားစေမည့်အစား၊ တခါတည်း ၎င်း၏ ခေါင်းကိုပင် ဖြတ်တောင်ပစ်နိုင်သည်။

“ဒါက စိတ်ကူးယဉ် ကမ္ဘာတစ်ခု ဖြစ်လျက်သားနဲ့ ၊ ဘယ့်နှယ် ..ဘာမှတောင် ခံနိုင်ရည်မရှိတဲ့ ဖုတ်ကောင် တစ်ကောင် ပေါ်လာရတယ်လို့”

အခိုးအငွေ့များ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်နှင့်အမျှ ၊ ပေကျန့် အဘိုးအိုသည် အပျက်အစီးများကြားက ဖြည်းညှင်းစွာ ကုန်းထလာသည်။

ဤအခိုက်အတန့်တွင်၊ ၊ သူ၏ လည်ပင်းတွင် တိမ်ဝင်နေသော ဓားဒဏ်ရာတစ်ခု ရှိနေပြီး အနက်ရောင်သွေးများက အဆက်မပြတ် စီးယိုကျလာနေသည်။

ပေကျန့်အဘိုးအိုသည် သူ့လည်ပင်းသူ ထိကိုင်ကြည့်လိုက်သည်။

“ဒါက သွေး...?”

ထိုသွေးနံ့များက ထုံကျင်နေသော သူ၏ အာရုံကြောများကို အဆက်မပြတ် လှုံ့ဆော်နေသည်။

မှတ်ဉာဏ်အပိုင်းအစများက အမှောင်ကျနေသော သူ၏ နတ်အသိစိတ်ထဲသို့ တချက် တချက် လင်းလက်သွားသည်။

“တစ္စေဓားအမတရှင် လူကြီးမင်း...ခင်ဗျား ဒီထိ ဖြစ်လာဖို့ဆိုတာ လွယ်ခဲ့တာ မဟုတ်ဘူး..ဒီလိုပဲ သေတော့မှာလား?”

သူ့ရှေ့တွင် မှုန်ဝါးဝါး ရုပ်သဏ္ဍာန် တစ်ခု ရှိနေခဲ့သည်။ သူသည် ထိုနေရာတွင် ရပ်နေမှန်း သိသာထင်ရှားလှသော်လည်း အမှောင်ဓားစွမ်းအင်တို့သည် အနှစ်သာရ တစ်ခုအဖြစ် ပြောင်းလဲကာ ဖြည်းဖြည်းချင်း ပြည့်လျှံသွားသည်။

“ဓား ဆိုတာက ရှေ့ကို ဆက်သွားဖို့ပဲ”

“ဒီတိုက်ပွဲကနေ ငါ ထွက်ပြေးရင် ၊ ဓားရဲ့နှလုံးသားဟာ မြေမှုန့်တွေနဲ့ ဖုံးလွှမ်းသွားလိမ့်မယ် “

{T/N- မြေမှုန့်တွေနဲ့ ဖုံးလွှမ်းသွားလိမ့်မယ် - လှပသော အရာသည် မြေမှုန့်များကြောင့် ကွယ်ပျောက်ရပေမည်}

“တစ်ခါသေပြီးပြီ ၊ နောက်တစ်ခါ ဘာလို့ မသေရဲရမှာလဲ”

….

ပေကျန့်အဘိုးအို ငယ်ရွယ်စဉ်က သူသည် ကောင်းကင်ယံမှ ဆင်းသက်လာသော တစ္စေဓားအမတရှင်ကို မြင်ခဲ့ဖူးသည်။

သူ့ခန္ဓာကိုယ် တစ်ခုလုံး ကျိုးပဲ့နေပြီး ၊ အသက်ရှုသံများမှာ တည်ငြိမ်မှု မရှိတော့ချေ။တစ္စေလမ်းစဉ်ကို အောင်မြင်ခဲ့သည် ဝ်ိညာဉ်ပင်လျှင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဓားသေတ္တာ ကိုးလက်မှာ တိုက်ရိုက် ကွဲအက်သွားပြီး ၊ ဓားသေတ္တာထဲတွင် ရှိသော ဓားကိုးလတ်သည် အောက်သို့ ပြုတ်ကျလာခဲ့သည်။

တောက်ပသော ဥက္ကာပျံ ကိုးလုံးသည် ညတွင် ဖြတ်ပြေးသွားခဲ့သလိုမျိုး ၊ ဓားကိုးစင်းသည် ကြွေးကြော်သံနှင့်အတူ မြေကြီးထဲသို့ တိုက်ရိုက် နစ်ဝင်သွားခဲ့သည်.....

…..

ပေကျန့်အဘိုးအိုသည် သူ့လက်ထဲက မည်းနက်နေသော သွေးများကို ကြည့်နေသည်။

၎င်း၏ ဗလာကျင်းနေသော မျက်လုံးများမှာ လှိုင်းအနည်းငယ် ရိုက်ခတ်နေသည်။

“ဓားသမား တစ်ယောက်ရဲ့ သွေး... မအေးစက်သင့်ဘူး...”

“ယင်း ယန် ဓား”

ထိုအချိန်တွင် စူးချန်ကဲသည် လျင်မြန်စွာ လှုပ်ရှားခဲ့ပြီး ပေကျန့်အဘိုးအို၏ အပေါ်ဘက်မှ နေ၍ သူ့ဓားဖြင့် တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

အလွန် အေးစက်သော အအေးဓာတ် နှင့် အလွန်ပူပြင်းသော အပူဓာတ်တို့ ရောစပ်နေသော ရေတံခွန်သည် အရှိန်ဖြင့် စီးကျလာသည့်အတိုင်း အလွန် လှပသော်လည်း ပျက်စီးခြင်း၏ အရောင်အသွေးများနှင့် ပြည့်နှက်နေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့် ပေကျန့်အဘိုးအို၏ မျက်လုံးများမှာ လှိုင်းများ တစ်ဖန် ရိုက်ခတ်သွားသည်။သူ အရာအားလုံးကို သတိရသွားခဲ့ပြီ ဖြစ်သည်။

သူ ဆိုသည့် လူသည် ဤမရဏကမ္ဘာရှိ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် တစ္စေဓားအမတရှင် ၏ တပည့်လေး တစ်ယောက်ပင် ဖြစ်သည်။

( T/N - တပည့်လေး - ငယ်ကတည်းကနေ ကြီးသည့်အထိ သင်ယူလေ့လာခဲ့သော သူ)

“ဓားသမားတစ်ယောက်ရဲ့ သွေးဟာ အမြဲတမ်း ပူနွေးနေရမယ် “

ချက်ချင်းဆိုသလိုပင် ၊ သူ လက်ဖဝါးကို မြှောက်တင်လိုက်သည်နှင့် တောင်ပေါ်တွင် နစ်ဝင်နေခဲ့သော ရှေးဟောင်းဓားတစ်လက်သည် သူ့လက်ထဲသို့ တိုက်ရိုက် ပျံသန်းလာခဲ့သည်။

စူးရှသော ဓားသွားသံများနှင့်အတူ ၊

ဤရှေးဟောင်းဓားပေါ်တွင် တဖျပ်ဖျပ် တောက်ပနေသည့် ရေးထွင်းထားသော စာလုံးများ ရှိပြီး ၊ ၎င်းသည် ရှေးဟောင်းဓား တစ်လက်နှင့် တူသော်လည်း ယခုအခါတွင် သူသည် မှော်လက်နက်တစ်ခုနှင့် ပို၍ တူသည်။

ဓားစွမ်းအားများ ပေါက်ကွဲကာ ၊ ဓားတစ်ကိုယ်လုံး ပူပြင်းတောက်လောင်လာခဲ့သည်။

“ တစ္စေ သွေးသောက်!”

ခွင်း —

အလားတူ ကြောက်မက်ဖွယ်ရာ ကောင်းသော အမှောင် ဓားစွမ်းအင်ကို ထိုရှေးဟောင်းဓားမှ ထုတ်လွှတ်ခဲ့လေသည်။

ထိုဓားစွမ်းအင်တို့သည် သွေးထွက်သံယို မုန်တိုင်းတစ်ခုကို ထပ်မံပြီး ဖန်တီးခဲ့လေသည်။

ဝုန်း! !

လုံးဝ ကွဲပြားခြားနားသော ဓားစွမ်းအင် နှစ်ခု ထိပ်တိုက် ဆုံတွေ့ခဲ့လေရာ ဓားစွမ်းအင်မုန်တိုင်းများ ပေါက်ကွဲ ထွက်ပေါ်လာသည်။

ဓားစွမ်းအင်များ လွှမ်းမိုးရောက်ရှိသွားလေသည့် နေရာတိုင်း ၊ မြေထဲတွင် မည်မျှကြာကြာ နစ်မြုပ်နေခဲ့မှန်း မသိနိုင်သည့် ရှေးဟောင်းဓားများသည် ဓားသွားသံများကို ထုတ်လွှတ်ပေးနေသည်။

ထိုမြင်ကွင်းကို ကြည့်နေခဲ့သော စူးချန်ကဲ၏ အမူအရာမှာ လေးနက်နေသည်။

အဘယ့်ကြောင့်ဆိုသော် ပေကျန့်အဘိုးအို၏ ရောင်ဝါတို့မှာ ပြောင်းလဲလာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

“ဟားဟား !”

“ ကောင်လေး ၊ မင်းက ငါ့ရဲ့ တကယ့်အစစ်အမှန်ကို နှိုးဆော်နိုင်ခဲ့ပေမဲ့ ၊ ငါ့ဓားကို မင်း မတားနိုင်စီးရင် မင်း သေချာပေါက် သေရလိမ့်မယ်”

“တစ္စေသတ်ရိပ် !”

ပေကျန့်အဘိုးအို၏ ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရပြီး ၊သူ့ လက်ထဲက ရှေးဟောင်းဓားသည် ကြယ်ပွင့်များသဖွယ် တောက်ပနေသည်။

“မင်း စမ်းကြည့်လိုက်ရင် သိလိမ့်မယ် “

စူးချန်ကဲ၏ အမူအရာမှာ အနည်းငယ်ဖျော့တော့နေသည်။ အဖိုးအို၏ ပြောင်းလဲနေသော အပြုအမူများက သူ့ကို ပိုလို့တောင် ထူးဆန်းစေသည် ။

စောနလေးကမှ နိုးထလာခဲ့ပြီး ၊ ကျင့်ကြံမှု စွမ်းအားကိုပင် မရှိသေးသည့် ထိုအဘိုးအိုသည် သူနှင့် တန်းတူ တိုက်ပွဲဝင်နိုင်ခဲ့သည်။

စူးချန်ကဲသည် သူ၏ ဓားနှင့်အတူ လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

ဓားနှစ်လက် ထိပ်တိုက် ဆုံတွေ့ခဲ့လေသည်။

ဓားနှစ်လက် တိုက်ပွဲကြားက ကျန်ရှိသော နောက်ဆက်တွဲ ပုံရိပ်များအဖြစ် မီးပွားများကိုသာ မြင်တွေ့ရပေမည်။

ပို၍ ကြောက်စရာကောင်းသည်မှာ ထိုမီးပွားများ ပွင့်ထွက်လာလေတိုင်း ၊ ကြောက်စရာကောင်းသော ဓားစွမ်းအင်များ ထွက်ပေါ်လာသည်။

သူတို့နှစ်ဦး တိုက်ခိုက်နေကြသော ဧရိယာအတွင်း ဓားစွမ်းအင်များက တဟုန်းဟုန်း မြည်လျက် ၊ မြေအစိုင်အခဲများမှာ အက်ကွဲခဲ့ရသည်။

“ ချွင် ချွင် ချွင် !!!!!”

“ တင်း တင်း !!”

ဓားများသည် မိုးများရွာသွန်းနေသကဲ့သို့ ကျဆင်းလာပြီး ၊ စူးချန်ကဲ၏ လက်ထဲက ဓားသည် မြန်မြန်ဆန်ဆန် ခုတ်ပိုင်းနေသည်။ဓားစွမ်းအင်များမှာလည်း ပိုပို၍ အားကောင်းလာသည်။

ပေကျန့်အဘိုးအိုမှာ နောက်ကိုသာ အဆက်မပြတ် ဆုတ်ခွာနေရပြီး ၊ဤအခိုက်အတန့်တွင် ပေကျန့်အဘိုးအိုမှာ သူ၏ ငယ်ရွယ်စဉ်တုန်းက နုပျိုမှုကို တစ်ဖန် ပြန်လည်ခံစားနေမိသည်။

သူ၏ ဆရာသခင် ဖြစ်သူ တစ္စေဓားအမတရှင်နှင့် ပြန်လည် တွေ့ဆုံခဲ့ရသလိုမျိုး ခံစားခဲ့ရသည်။

မူလက သူ့တစ်ကိုယ်လုံး အေးစက် နံစော်နေခဲ့သော သွေးများသည် ယခုအချိန်တွင် ပူနွေးလာခဲ့ပြီး ပွက်ပွက်ဆူလာပုံ ရသည်။

တိုက်ခိုက်မှုတိုင်းက သူ ရင်းနှီးခဲ့သည့် မြင်ကွင်းများကို ပြန်ပြီး သတိရစေသည်။

ကောင်းကင်ဓားသည် အလွန် ထက်မြက်သော ဓားတစ်လက် ဖြစ်သည့်အပြင် ကောင်းကင်လမ်းစဉ်၏ ကောင်းချီးပေးမှုနှင့်အတူ စူးချန်ကဲ၏ ဓားအသွားအလာ တိုက်ခိုက်မှုသည် ပို၍ လျင်မြန်လာသည်။

“ဒီကောင်လေး.....လူငယ်အရွယ် တစ္စေဓားအမတရှင် လူကြီးမင်းတောင်မှ ကြောက်လန့်သွားလိမ့်မယ် ..”

ပေကျန့် အဘိုးအိုသည် စူးချန်ကဲ၏ ဓားရေးတိုက်ခိုက်မှုအပေါ် ရှောင်ရန် အခက်တွေ့နေခဲ့ပြီဖြစ်သည်။

သူသည် တစ္စေဓားအမတရှင် ထံမှ ဓားပညာကို နှစ်ထောင်ပေါင်းများစွာကြာအောင် လေ့လာသင်ယူခဲ့သည်။ ထို့ကြောင့် ဓားရေးတွင် သူ့ကိုယ်သူ ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦး ဖြစ်နေပြီဟု ထင်ခဲ့မိသည်။

သို့သော် စူးချန်ကဲ၏ ရှေ့မှောက်တွင် သူသည် ခုခံဖို့ကိုပင် ခက်ခဲနေခဲ့သည်။

ဝုန်း!!

ကောင်းကင်ဓားမှ ပိုမိုအားကောင်းသော ရောင်ဝါတစ်ခု ထုတ်လွှတ်ခဲ့လေရာ ၊အလွန် အားကောင်းသော ဓားစွမ်းအင်သည် ပေကျန့်အဘိုးအိုကို လွင့်ထွက်သွားစေသည်။

သို့သော် စူးချန်ကဲမှ နောက်တစ်ကွက် မထုတ်‌သုံးသေးခင် ၊

သူ့အမူအရာသည် ရုတ်ချည်းဆိုသလို အလွန်လေးနက်သွားသည်။

နတ်အလင်းတန်းကဲ့သို့ ပစ်လွှတ်လိုက်သော စွမ်းအားတစ်ခုသည် ကြည့်ရှုနေသော ထန်ဝူအာဆီသို့ ကျရောက်သွားခဲ့သည်။

စူးချန်ကဲသည် အမှောင်ထောင့် နေရာတစ်ခုဆီသို့ ဓားဖြင့် ခုတ်လိုက်သည်။

ရွှမ်း—

ဓားအလင်းသည် အေးစက်သော လသော်တာကဲ့သို့ ထိုနေရာဆီသို့ တည့်တည့် ကျရောက်သွားလေသည်။

ပေါက်ကွဲမှုများသည် ထိုဧရိယာတစ်ဝိုက်ကို ပျက်စီးသွားစေခဲ့သည်။

မီးခိုးငွေ့များ တဖြည်းဖြည်း ပြန့်ကျဲသွားသည်နှင့် အမျှ ၊ အနက်ရောင် လှံတစ်ချောင်းကို ကိုင်ဆောင်ထားသော လူတစ်ယောက်သည် ထိုမီးခိုးငွေ့များထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

ထိုအနှီလူသည် ရှေးဟောင်းမျက်နှာဖုံးတစ်ခုကိုဝတ်ဆင်ထားပြီး ၊ သူ၏ အသွင်အပြင်ကိုမမြင်နိုင်သော်လည်း သူ့အသံသည် လွန်စွာ အေးစက်ပေသည်။

“ လန်ရှင်း မင်းလက်ထဲမှာ သေခဲ့ရတာ မတရားဘူး”

“ စောနက ဓားချက်ကို ကြည့်ရင် မင်းကို မျိုးဆက်သစ် လူငယ်တစ်ယောက်အနေနဲ့ ဆက်ဆံလို့ မဖြစ်ဘူး ...”

သို့သော် ထိုလူမှ စကားမဆုံးသေးခင် ၊ စူးချန်ကဲသည် လေပေါ်သို့ ပျံတတ်လိုက်သည်။

သူသည် အနီးကပ် ရှောင်တိမ်းနိုင်ခဲ့သည်။

မူလက စူးချန်ကဲ ရပ်နေခဲ့သော နေရာတွင် အလွန် မဲနက်သော ဆူးပင်တစ်ခု ရှိနေခဲ့သည်။

လေထဲတွင် ရပ်နေသော စူးချန်ကဲသည် တုံ့ဆိုင်းခြင်းမရှိ သူ့ ဓားကို မြှောက်ကာ ရှေ့မျက်နှာစာကို ခုတ်ပိုင်းပစ်လိုက်သည်။

ရွှမ်း ——

လေကို ခွင်းကာ ဖောက်ထွက်လာခဲ့သော အနက်ရောင် အလင်းတန်းတစ်ခုနှင့် ပြင်းထန်စွာ ဆုံတွေ့ခဲ့ပြီး ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

စူးချန်ကဲ၏ နောက်တွင် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရှိနေပြီး ၊သူမသည် လေးကိုကွေးကာ မီတာထောင်ပေါင်းများစွာ အကွာကနေ မြှားတစ်စင်းကို ပစ်လွှတ်လိုက်သည်။

“ မင်း ဒီတစ်ခါ ဘယ်လိုရှောင်ပြေးနိုင်ဦးမလဲ?”

ထိုစဉ် လှောင်ပြောင်သံ တချက် ထွက်ပေါ်လာခဲ့သည်။

အပိုင်း(၂၃၈): ငါသည် ပိုးပျံကောင်! ဓားသည် ထျန်းဟုန်း !

စူးချန်ကဲ၏ နောက်ကွယ်တွင် အမှောင် ပုံရိပ်တစ်ခု ဘယ်ချိန်ကမှန်းမသိ ထွက်ပေါ်လာခဲ့သည်။

စကားအဆုံးတွင် ၊ သူ့လက်ထဲက ဓားမြှောင်ကို စူးချန်ကဲ၏ ရင်ဘတ်ဆီသို့ တည့်တည့် ပစ်လွှတ်လိုက်သည်။

သို့သော် ဤကဲ့သို့ အရေးကြီးသောအခိုက်အတန့်တွင်ပင် စူးချန်ကဲသည် လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှုထားသည်။

ချွင်!

စူးရှသော သတ္တုသံနှင့်အတူ ၊

ဓားမြှောင်သည် စူးချန်ကဲ၏ အရေပြားကို ထိုးဖောက်ဝင်ရောက်တော့မည့် အချိန် ရုတ်ချည်းဆိုသလို တောက်ပစွာ လင်းလက်သွားသည်။ ယင်းအရာသည် စူးချန်ကဲအား တစက်ကလေးမှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

“ဘယ်လိုဖြစ်ပြီး...”

ဝတ်ရုံနက် ဝတ်ဆင်ထားသော အမျိုးသား၏ ပြန်လည် တုံ့ပြန်လာမှုကို မစောင့်တော့ဘဲ ၊ စူးချန်ကဲသည် ထန်ဝူအာကို လေထဲသို့ ပစ်တင်လိုက်သည်။

“ ဝိညာဉ်သားရဲကို မင်းကိုယ်တိုင် ခေါ်လိုက်”

ထို့နောက် စူးချန်ကဲသည် ဝတ်ရုံနက်ဖြင့် ထိုလူအား ထိုးသတ်ရန် သူ၏ ဘယ်လက်သီးကို မြှောက်တင်လိုက်သည်။

ဘုန်း!

ကြယ်အစုအဝေးကြီး ပေါက်ကွဲသွားသည့်အတိုင်း ပူပြင်းတောက်လောင်နေသော နတ်အလင်းရောင်များ ဖြစ်ပေါ်ကာ ၊ ဟာရီကိန်းသည် လေပြင်းများနှင့်အတူ သဲများနှင့် ကျောက်ဆောင် ကျောက်ခဲများကို သယ်ဆောင်လာလေသည်။

ထန်ဝူအာသည်လည်း လက်မနှေးခဲ့ပေ။သူမသည် ချက်ချင်းလက်ငင်း သွေးနတ်ဆိုး နဂါးကို ဆင့်ခေါ်ကာ သွေးနဂါး အငွေ့အသက်များကို ချက်ချင်း လွှင့်ထုတ်ရန် အမိန့်ပေးခဲ့သည်။

ဝုန်း ဝုန်း --

နောက်ထပ် နီမြန်းသော အလင်းတန်း တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ လုံးဝ ခြားနားသော အလင်းတန်းနှစ်ခုက ဤအမှောင်ကမ္ဘာကြီးကို ချက်ချင်းလင်းထိန်သွားစေခဲ့သည် ။

သို့သော် နောက်အခိုက်အတန့်တွင် ထန်ဝူအာ၏ မျက်ဝန်းများမှာ ပြူးကျယ်နေပြီး အံ့ဩထိတ်လန့်နေသည်။

“လူတွေအများကြီးပါ့လား?”

သူမ မြင်ခဲ့ရသည်မှာ အနက်ရောင်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော စစ်သည်များပင် ဖြစ်သည်။

စူးချန်ကဲ နှင့် ထန်ဝူအာသည် မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာခဲ့သည်။

အနက်ရောင်လှံကို ကိုင်ထားသော အမျိုးသားက လက်ခုပ်တီးကာ ‌ဆိုလေသည်။

“မဆိုးဘူး မဆိုးဘူး၊ မင်းရဲ့ အရည်အချင်းက အတော်လေး ပြောင်မြောက်ပါပေတယ် “

“ အရင်က မင်းတို့လက်ထဲမှာ လန်ရှင်း သေခဲ့ရတာ မတရားဘူးလို့ ငါပြောခဲ့မိမယ်ဆိုရင် ၊ အခု ပြန်ပြောမယ် သူမနဲ့ထိုက်တန်တယ်”

“ ခင်ဗျားကလည်း တစ္စေနတ်ဘုရားကျောင်း ကလား?”

စူးချန်ကဲမှာ မျက်မှောင်ကြုတ်သွားခဲ့သည်။သူသည် အရေးပေါ် အခြေအနေအတွက် လန်ရှင်း၏ ဝိညာဉ်ကို အပြီးတိုင် သုတ်သင်ပစ်ခဲ့သည်။

သို့သော် မထင်မှတ်ပဲ ၊ တစ်ဖက်လူသည် သတင်းအချက်အလက် ပေးပို့ခဲ့လေရာ ၊ ယင်းက သူ့ကို ခေါင်းကိုက်သွားစေသည်။

လှံတံကို ကိုင်ထားသော အမျိုးသားက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ဒါဆို မင်း သေချာနားထောင်၊ ငါ့နာမည်က ကျုံယွမ် ၊ တစ္စေနတ်ဘုရားကျောင်း ပဲ့ကိုင်ခေါင်းဆောင် ငါးယောက်ထဲက တစ်ယောက်ပဲ၊ ဒီတစ်ခါ တစ္စေနတ်ဘုရား‌ကျောင်းရဲ့ အရှင်သခင်ရဲ့ အမိန့်‌ကြောင့် တိုက်ခိုက်ဖို့ ဒီကို ရောက်လာခဲ့တာ “

တစ်ဖန် ကျုံယွမ်၏ ဘေးတွင် နောက်ထပ် လူအနည်းငယ် ရောက်ချလာသည်။

မှော်ဖန်လုံးကို ကိုင်ထားသော အမျိုးသမီး တစ်ဦး ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။

“ ငါက တစ္စေနတ်ဘုရားကျောင်းရဲ့ ပဲ့ကိုင်ခေါင်းဆောင် ငါးဦးထဲက ပိုင်ချီ “

“ ထျန်းယွီ “

စကားပြောရင်းတန်းလန်း ရောက်ချလာသူမှာ အနက်ရောင်လေးနှင့် မြှားကို ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။

“ အန့်ရှင်း “

ထိုသူမှာ စူးချန်ကဲအား ဓားမြှောင်ဖြင့် တိုက်ခိုက်ခဲ့သော အမျိုးသားတစ်ယောက်ပင် ဖြစ်သည်။

စူးချန်ကဲ ၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွှတ်သွားသည်။

“ တစ္စေနတ်ဘုရားကျောင်းက ကျုပ်ကို အတော်လေး အထင်ကြီးပုံရတယ် ၊ ဒီလို ခေါင်းဆောင်တွေ အများကြီးကို စေလွှတ်ရုံတင်မကဘူး ကျူပ်ကို ဝိုင်းပြီး နှိမ်နှင်းဖို့ တပ်ဖွဲ့လိုက် ရောက်ချလာတာပဲ”

“ကျုပ် စူးမျိုးနွယ် တကယ်ကို ဂုဏ်ယူမိပါတယ် “

ကျုံယွမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ခြင်္သေ့က ယုန်ကို အစွမ်းကုန် တိုက်ခိုက်တာ ဒါက မင်းလို ယုန်ပေါက်လေးအတွက် တကယ့်ကို ဂုဏ်ယူစရာပဲ”

“သွားစမ်း ၊ ဒီလူသားမျိုးနွယ်ကို...”

သို့သော် ကျုံယွမ်၏ စကားမဆုံးခင် ၊

ပေကျန့် အဘိုးအို၏ အသံ ထွက်ပေါ်လာခဲ့သည်။

“ ငါ့နယ်မြေမှာ မင်းတိုကောင်တွေ လာကျူးကျော်ဝံ့တယ်ပေါ့ “

ကျုံယွမ်သည် ထိုစကားကို ကြားပြီးနောက် အနည်းငယ် မျက်နှာပျက်သွားပြီး အသံလားရာကို တချက် လှည့်ကြည့်လိုက်သည်။

အရင်က တစ်ခေါင်းလုံး ဖြူဖွေးနေခဲ့သည် ပေကျန့်အဘိုးအို၏ ဆံပင်တို့သည် ယခုအခိုက်အတန့်တွင် အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူ၏ အသွင်အပြင်မှာ ယခင်ကထက် ပို၍ နုပျိုလာသည်။ဤသည်မှာ စူးချန်ကဲ နှင့် တိုက်ပွဲတွင် သူ့အား ဓားသမားတစ်ယောက်၏ သွေးများကို ပြန်လည် ပူနွေးလာစေခဲ့သောကြောင့် ဖြစ်သည်။

“ခင်ဗျားက ဘယ်သူလဲ?”

“တစ္စေနတ်ဘုရားကျောင်းရဲ့ ကိစ္စ မဆိုင်တဲ့သူ ဘေးဖယ် ၊ ဒီကနေ မြန်မြန် လစ်စမ်း!”

ကျုံယွမ်သည် တဖက်လူအား မမူသော လေသံဖြင့် ဆိုလိုက်သည်။

“ မင်းကို မတော်တဆ သတ်မိရင် ငါ့ကို လာပြီး အပြစ်မတင်နဲ့၊ တစ္စေနတ်ဘုရားကျောင်းက မျက်နှာသာ မပေးဘူး “

“တစ္ဆေနတ်ဘုရားကျောင်း?”

ပေကျန့် အဘိုးအိုက ရွဲ့စောင်းသော မျက်နှာထားဖြင့် ဆိုလေသည်။

“သန်မာတဲ့ သူရဲကောင်းအပေါင်းက စစ်မြေပြင်မှာ ကျဆုံးနေချိန် ၊ စစ်မြေပြင်ကနေ ထွက်ပြေးလာတဲ့ သူရဲဘောကြောင်တဲ့ ကောင်တစ်ကောင်က ဒါကို အခွင့်ကောင်းယူပြီး ရယ်စရာကောင်းတဲ့ တိုင်းပြည်ကို တည်ဆောက်ခဲ့တယ်”

“ဒီလို လူရွှင်တော် တစ်သိုက်က ခုလို အတင့်ရဲတယ်ပေါ့!?”

ထိုစကားကို ကြားသည်နှင့် ကျုံယွမ်၏ အမူအရာသည် ပို၍ အေးစက်လာကာ ၊သူသည် ပေကျန့်အဘိုးအိုအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

“ အစကတော့ ခင်ဗျားမှာ အသက်ရှင်ဖို့ အခွင့်အလမ်းရှိသေးတယ်”

“ဒါပေမယ့် ကျုပ်ရဲ့ တစ္ဆေနတ်ဘုရားကျောင်းကို စော်ကားဝံ့မှတော့ သေပေတော့”

ကျုံယွမ်သည် ‌အေးစက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။

“ သွားစမ်း ၊ ဒီအဘိုးကြီးကို သွားသတ်၊ ဒီလူသားမျိုးနွယ်ကို အရှင်လတ်လတ် ရအောင်ဖမ်းခဲ့ “

တစ္ဆေစစ်သား သုံးသောင်းသည် မှော်လက်နက်မျိုးစုံကို ကိုင်ဆောင်ထားသည်။ ၎င်းတို့သည် ကွေးယွမ် သူတော်စင် နယ်မြေ၏ တပ်ဖွဲ့နှင့် နှိုင်းယှဉ်ရမည်‌ဆိုပါက မိုးနှင့် မြေကြီးပင်။

ယင်းတို့အုပ်စုထဲတွင် ကျင့်ကြံအဆင့် အနိမ့်ဆုံးမှာ သူတော်စင် ပညာရှိ နယ်ပယ်အဆင့်ပင် ဖြစ်သည်။

ဒါကိုမြင်တော့ ပေကျန့်အဘိုးအိုက ထရယ်လေသည်။

စူးချန်ကဲ သူ့ကို အထင်သေးတာ ၊ အဲ့ကောင် စူးချန်ကဲက အတော်လေး အရည်အချင်းရှိသကိုး၊ အဲ့လိုဆိုတောင် ဒီအရှုံးသမားတသိုက်က သူ့ကို နှိမ့်ချဝံ့သလား!?

“သေချင်နေတဲ့ကောင်တွေ “

ပေကျန့် အဖိုးအိုသည် လက်သင်္ကေတဖြင့် ဓားအစီအရင်ကို အသက်သွင်းလိုက်ပြီး ကောင်းကင်ကို ချိန်ရွယ်လိုက်သည်။

ဓားတစ်လက်၏ ပြင်းပြသော ဓားဆန္ဒများ အလိုအလျောက် ထွက်ပေါ်လာခဲ့ပြီး ၊ အာကာသထဲမှ ပြိုင်ဘက်ကင်းသော ဓားအလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့သည်။

စူးရှကြမ်းတမ်းသော အသံတစ်ခုကို ကြားလိုက်ရပြီး ၊ တောင်တန်းများပေါ်တွင် ထိုးစိုက်နေခဲ့သည့် မရေတွက်နိုင်သော ဓားရှည်များသည် တရွေ့ရွေ့ ဖြင့် လှုပ်ယမ်းလာခဲ့သည်ကို လူတိုင်း မြင်လိုက်ရသည်။

ဓားများသည် ပြိုးပြိုးပျက်ပျက် တောက်ပလျက် ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြီး ၊ မရေမတွက်နိုင်သော ဓားအရိပ်များသည် ကောင်းကင်တွင် ရောင်ပြန်ဟပ်လို့ နေကာ တစ္စေနတ်ဘုရားကျောင်းရှိ လူများဆီသို့ တိုက်ရိုက် ချိန်ရွယ်ထားသည်။

“သတ်”

ထိုအခါ ဝေဟင်ပေါ်ရှိ ငွေဓားများသည် လှုပ်ခါသွားပြီး ၊ မျက်စိတမှိတ်အတွင်းမှာပင် အဆုံးမဲ့ ဓားအရိပ်များသည် ကြောက်မက်ဖွယ်ရာ ကောင်းသော ငွေရောင်အလင်းတန်းများနှင့်အတူ ထွက်ပေါ်လာသည်။

၎င်းတို့သည် အောက်ခြေက လူအုပ်ကြီးဆီသို့ တည့်တည့်မတ်မတ် ထိုးဆင်းသွားခဲ့သည်။

ရွှမ်း ရွမ်း ရွမ်း!

သွေးအန်သံ !!

လေကိုခွင်းလျက် အသွေးအသားများကို ဆုတ်ဖြဲပစ်သော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ဓားအလင်းတစ်ချက်တည်းဖြင့် တစ္စေတပ်ဖွဲ့ကြီးမှာ ထိုးဖောက် သတ်ဖြတ်ခံခဲ့သည်။

တစ္စေနတ်ဘုရားကျောင်း၏ ခေါင်းဆောင် လေးယောက်လုံး ဤကဲ့သို့ ဆိုးရွားသော အခြေအနေမျိုးကို မြင်လိုက်ရချိန်တွင် ဒေါသတကြီး ဖြစ်ခဲ့ကြသည်။

ဤတစ္ဆေစစ်သား သုံးသောင်း သည် ၎င်းတို့ တစ္ဆေနတ်ဘုရားကျောင်း၏ ထိပ်တန်း လက်ရွေးစင်များဟု ယူဆနိုင်သော်လည်း ၊ အများစုမှာ ယခုလို ကျပန်းသေဆုံးခဲ့ရသည်။

သူတို့ ပြန်သွားသောအခါ တစ္စေနတ်ဘုရားကျောင်း၏ အရှင်သခင် ဖြစ်သူအား မည်ကဲ့သို့ ရှင်းပြရမည်နည်း။

“အဘိုးကြီး၊ ကိုယ့်သေလမ်းကို ရှာနေတာပဲ!”

အန့်ရှင်း ဆိုသူသည် အနက်ရောင် အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ၊ သူ၏ ဓားမြှောင်သည် ကြယ်တစ်စင်းကဲ့သို့ လေကို ခွင်းလျက် ပျံသန်းသွားသည်။

သို့သော် သူသည် သတ်မှတ်ထားသော အကွာအဝေး တစ်နေရာဆီသို့ ပျံသန်းနေတုန်းမှာပဲ ၊

ဟင်းလင်ပြင် ကွက်လပ်တွင် ဝှီးခနဲ မြည်၍ ဖြတ်သန်းသွားသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဖြန်း!

အသွေးအသားများ ပြန့်ကျဲလျက် ၊ ဦိးခေါင်းတစ်လုံးသည် လေထဲသို့ ပျံတက်သွားခဲ့သည်။

စူးချန်ကဲသည် ဘယ်ချိန်ကမှန်းမသိ အန့်ရှင်း၏ နောက်တွင် ဓားတစ်လက်ဖြင့် ရောက်ရှိနေခဲ့သည်။

“ မင်း အရင်က ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တဲ့ အပေါ် ငါ မင်းကို အစားပြန်ပေးတာ”

သူသာလျှင် တခြားလူကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မည် ။

တခြားလူက သူ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်စရာလား!?

ရလဒ်အနေဖြင့် ၊ ခုလို အဆုံးသတ်ရပေမည်။

“အန့်ရှင်း!!”

ကျုံယွမ် နှင့် အခြားသူများ အားလုံးအလွန်အမင်း ဒေါသထွက်သွားကြသည်။

စစချင်းမှာပင် ၊ သူတို့ဘက်က တစ္စေစစ်သည်တော် အများအပြား သေဆုံးခဲ့ရပြီး၊ တစ္စေခေါင်းဆောင်တစ်ဦးလည်း ဆုံးရှုံးခဲ့ရသည်။

“တစ္ဆေလှံ!”

နောက်အခိုက်အတန့်တွင် ကျုံယွမ်သည် သူ၏ လှံတံကို ရှေ့သို့ တည့်တည့်မတ်မတ် ပစ်ခွင်းလိုက်သည်။ လှံတံ၏ ထိပ်ဖျားတွင် အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသော တစ္ဆေစွမ်းအင်များ ပွင့်ထွက်လာခဲ့သည်။

ဆိုးသွမ်းသော တစ္စေ၏ စူးစူးဝါးဝါး ဟောက်သံများ ထွက်ပေါ်လာခဲ့ပြီး ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများသည် လှံတံ၏ ဓားသွားပေါ်တွင် စုဝေးနေသည်။

အမျက်ဒေါသ ထွက်နေခဲ့ပြီ ဖြစ်သော ကျုံယွမ်သည် စူးချန်ကဲကို တစ်ရှိန်ထိုး ထိုးဖောက်ဝင်ရောက်ရန် အပြင်းထန်ဆုံးသော စွမ်းအားကို အသုံးပြုခဲ့သည်။

သို့သော် စူးချန်ကဲသည် အစမှအဆုံး ငြိမ်သက်စွာဖြင့် ရှိနေပြီး၊ သူသည် ဓားကို တချက် ဝှေ့ယမ်းလိုက်သည်။

ဝုန်း!

ဓားစွမ်းအင်နှင့် လှံ စွမ်းအားတို့သည် တခဏချင်း ပျက်ပြယ်သွားသည်။

ဝှစ် ဝှစ် ဝှစ် !!

ထိုအခိုက်အတန့်တွင် တစ်ဖက်ခြမ်းတွင် ကြောက်စရာကောင်းသော မြှားများ ပေါ်ထွက်လာခဲ့ပြီး ၊ မြှားများဝန်းရံထားသော တိုက်ပွဲမုန်တိုင်း တစ်ခု ထပ်မံ ပေါက်ဖွားလာခဲ့သည်။

တစ်ဖန် သူ၏ ခြေဖဝါးအောက်တွင် အမှောင်မှော်စွမ်းအားတစ်ခု ရှိနေပြီး ၊ လူးလွန့်နေသော ဆူးပင်များ မြေပြင်မှ ဖောက်ထွက်လာသည့်အတိုင်းပင်။

စူးချန်ကဲ က လှောင်ပြောင်သော အပြုံးဖြင့် ပြုံးရယ်လိုက်သည်။

အလားတူ တိုက်ကွက်မျိုး သူ့အပေါ် ထပ်သုံးလို့ရမယ်ထင်လား ?

စူးချန်ကဲသည် သူ့လက်ထဲက ကောင်းကင်ဓားကို သူ့နှလုံးသားနှင့် ပေါင်းစပ် ခံစားလိုက်သည်။ဤအခိုက်အတန့်တွင်၊ ကောင်းကင်ဓားသည် စူးချန်ကဲနှင့် လုံးဝ တစ်သားတည်းကျသွားခဲ့ပုံ ရသည်။

အားကောင်းသော ဓားစွမ်းအင်သည် စူးချန်ကဲ၏ ခန္ဓာကိုယ်ကနေ ဖြည်းဖြည်းချင်း လျှံထွက်လာခဲ့သည်။

“ငါသည် ပိုးပျံကောင်!

“ဓားသည် ထျန်းဟုန်း !”

T/N- ပိုးပျံကောင် - မာနကြီးသော သူများအတွက် ဥပစာ (ဘဝသည် တိုတောင်းသည် ၊အလွယ်လမ်း မလိုက်နှင့်)

ထျန်းဟုန်း - ကောင်းကင်တွင် ပျံသန်းနေသော ငန်း

စူးချန်ကဲ မှ တိုးတိုးလေး ရေရွတ်လိုက်သည့် အခိုက်အတန့်မှာပင် ဓားသည် သူ့ရှေ့သို့ လှလှပပ ဖြတ်သန်းသွားသည်။

ဤဓားတွင် စိတ်ဝိညာဉ် ရေးထွင်းထားပြီးသကဲ့သို့ ပြတ်သားပြီး စနစ်ကျပေသည်။

အခြားသူများ၏အမြင်တွင် စူးချန်ကဲ သူသည် ဓား ၊ ဓားသည် သူ ပင်ဖြစ်သည်။

စူးချန်ကဲမှ သူ့ဓားကို ဆွဲထုတ်လိုက်သည်နှင့် ဓား၏ အလင်းရောင်သည် မှောင်မိုက်သော ညတွင် လရောင်သဖွယ် လင်းလက်သွားသည်။

မူလက အံ့အားသင့်စရာ ကောင်းသောတိုက်ခိုက်မှုကို အစချီခဲ့သော ကျုံယွမ်၏ လက်ထဲတွင် ရှိနေခဲ့သည့် လှံသည် ဤအခိုက်အတန့်တွင် အရောင်များ ပျံ့လွှင့်သွားခဲ့ချေပြီ။

ဓားသည် သူ့အပေါ်သို့ ဖြတ်သွားသည်နှင့် ၊သူ၏ လှုပ်ရှားမှုတို့သည် ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။

နေရာမှာတင် ကျောက်ရုပ်သဖွယ် ရပ်နေမိသည်။

ထို့နောက် သူ့ရင်ဘတ်သူ စိုက်ကြည့်လိုက်ရာ ၊ အနီစက် တစ်ခု ဘယ်အချိန်ကမှန်း မသိ ထွက်ပေါ်နေခဲ့သည် ။

ရုတ်တရက်!

ဤအနီစက်သည် သူ၏ အသွေးအသားများကို စုတ်ဖြဲသွားခဲ့ပြီး ၊ သွေးများ ဖြန်းခနဲ့ ပြန့်ကျဲသွားသည်။

ပတ်ဝန်းကျင်က လူတိုင်း ထိုအသွေးအသားများ စုတ်ဖြဲသွားသည့်အသံကို ကြားလိုက်ရပြီး နေရာမှာတင် အေးခဲသွားကြသည်။

အပိုင်း(၂၃၉): တပ်ဖွဲ့ကြီးမှာ ပျက်သုန်းခဲ့လေပြီ

“ သွေးအန်သံ....”

အားကောင်းသော ထိုဓားစွမ်းအင်သည် ကျုံယွမ်၏ ခုခံမှုကို ဖြိုခွင်းပစ်ခဲ့သည်။

သူ၏ ပါးစပ်ထဲမှ သွေးများ စီးကျလာသည်။

သူသည် တစ္စေနတ်ဘုရားကျောင်း၏ ပဲ့ကိုင် ခေါင်းဆောင် ငါးယောက်ထဲက တစ်ယောက် ဖြစ်ပြီး ၊ သူတော်စင် အထွက်အထိပ် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ထိုကဲ့သို့သော လူတစ်ယောက်က ဤဓားချက်ကိုပင် ခံနိုင်ရည် မရှိလေသလော?

“ သေချင်နေတာပဲ!”

“ကျုံယွမ် လူကြီးမင်းကို ထိခိုက်အောင် လုပ်ရဲတယ် ၊ သူ့ကို သတ်ကြ !”

ပိုင်ချီ နှင့် ထျန်းယွီတို့နှစ်ဦးစလုံး ပြန်လည် တုံ့ပြန်လာကြသည်။၎င်းတို့သည် ကျန်ရှိ တစ္စေစစ်သည်များကို ဦးဆောင်၍ စူးချန်ကဲအား တိုက်ခိုက်ရန် ချီတတ်လာကြသည်။

“မင်းတို့ ငါ့ကို တကယ် အလေးအနက် မထားကြဘူးပဲ “

ပေကျန့် အဘိုးအိုသည် အေးစက်စွာ နှာမှုတ်လိုက်သည်။သူသည် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ဟန်ပြင်လိုက်သော်လည်း စူးချန်ကဲ၏ တားစီးခြင်းကို ခံလိုက်ရသည်။

“မလိုဘူး၊ ဒီငါးတသိုက်ကို ကျုပ်ကိုယ်တိုင် ဖြေရှင်းမယ်”

တဟုန်ထိုး ပြေးဝင်လာကြသော လူအုပ်ကြီးကို ကြည့်ရင်း စူးချန်ကဲသည် လုံးဝ မမူဟန်ဖြင့် ရပ်ကြည့်နေသည်။

၎င်းတို့အားလုံးသည် မိမိ ဓားသိုင်းလေ့ကျင့်မှုအတွက် ပစ်မှတ်များသာ ဖြစ်သည်။ တခြားသူလက်ထဲ အဘယ့်ကြောင့် ထည့်ရမည်နည်း။

“ တိုက်ကွက် ဖွဲ့စည်းခြင်း!”

“မရဏ ဖယောင်းနဂါး ဖွဲ့စည်းခြင်း!”

ကျန်ရှိသော တစ္ဆေစစ်သည်များသည် ထူးဆန်းသော မန္တာန်များကို ရွတ်ဆိုနေကြသည်။၎င်းတို့ရှေ့ရှိ ဟင်းလင်းပြင် ကွက်လပ်မှ လှိုင်းဂယက်များ ဖြစ်ပေါ်ကာ တဖျပ်ဖျပ် ရိုက်ခတ်နေသည့် အနက်ရောင် မှော်သင်္ကေတများ ထွက်ပေါ်လာခဲ့သည်။

ဟူး——

တခဏချင်းမှာပင် ၊ အရှေ့ရှိ ဟင်းလင်းပြင်ကွက်လပ် နေရာမှ ထွက်ပေါ်လာခဲ့သော နဂါး၏ ဟောက်ဟိန်းသံသည် ကောင်းကင်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။တသိမ့်သိမ့် ရိုက်ခတ်နေသော တစ္စေစွမ်းအင်များကြား အနက်ရောင် နဂါးများ အမှန်တကယ် ထွက်ပေါ်လာခဲ့သည်။

စူးချန်ကဲ၏ အင်အားကို လျှော့မတွက်သင့်မှန်း သူတို့ အားလုံး သိထားသည်။ထို့ကြောင့် စူးချန်ကဲအား တစ်ရှိန်ထိုး သတ်ပစ်နိုင်စေရန် ပေါင်းစပ်တိုက်ခိုက်နည်းကို အသုံးပြုခဲ့သည်။

နဂါးများ အားလုံး ဟောက်ဟိန်း နေကြပြီး ၊ ဆင့်ခေါ်ခံလိုက်ရသော အနက်ရောင် နဂါးများသည် စူးချန်ကဲဆီသို့ ပြေးဝင်လာကြသည်။

လှံသည် တလက်လက် တောက်ပလို့နေကာ အနက်ရောင် နဂါးများက လူးလိမ့်ပျံသန်းနေသည်။တစ္စေဟောက်သံများ ဆူညံလျက် ၊ တစ္စေစွမ်းအင်များလည်း တဟုန်ထိုး တိုးလာခဲ့သည်။

အမျိုးမျိုးသော ထူးဆန်းသည့် အငွေ့အသက်များသည် ကြောက်မက်ဖွယ်ရာ ကောင်းသော မြင်ကွင်းတစ်ခုအဖြစ် ရောယှက်နေပေသည်။

သို့သော် စူးချန်ကဲသည် သူ့ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ကောင်းကင်ကို တည့်တည့် ချိန်ရွယ်ထားသည်။ဤတစ်ကြိမ်တွင် သူ၏ ဓားပညာရပ်သည် အနည်းငယ် နှေးကွေးသွားပုံရပြီး ၊ တစ်စုံတစ်ခုကို ဆင့်ခေါ်ရန် ကြိုးစားနေသကဲ့သို့ ဓားသည် တဖျပ်ဖျပ် လက်ကာ တောက်ပနေသည်။

“ နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း ၊ ဓားတစ်သောင်း မူလဆီသို့ ပြန်သွားခြင်း!”

စူးချန်ကဲ၏ ရေရွတ်အပြီးတွင် ၊ဤဓားသင်္ချိုင်း တစ်ခုလုံးရှိ ရှေးဟောင်းဓားများသည် ဓားသံ တချွင်ချွင်ဖြင့် ဆက်တိုက် ထွက်ပေါ်လာသည်။

ထို့နောက် မိုးကောင်းကင်ကို အုပ်မိုး၍ မြေကြီးကို ဖုံးအုပ်ထားသော ဓားအရိပ်များ ထွက်ပေါ်လာခဲ့သည်။အေးစက်သော ဓားအလင်းများသည် ကြယ်အစက်လေးများဖြင့် ဖွဲ့စည်းထားသော ပြိုးပြိုးပြက်ပြက် တောက်ပနေသည့် နဂါးငွေ့တန်းဂလက်ဆီအလား မှတ်ယူရသည်။

“သွား”

ကောင်းကင်ဓားသည် စူးချန်ကဲ၏ လက်ထဲတွင် ကခုန်နေသကဲ့သို့ ၊ ဤဂလက်ဆီ ဓားသွားသည် လွန်စွာ တတ်ကြွနေပုံရသည် ။

ကူးခတ်နေသော နဂါး တစ်ကောင်ကဲ့သို့ သူ၏ ရှေ့က တစ္စေတပ်ဖွဲ့ဆီသို့ ပြေးသွားခဲ့လေသည် ။

အန်!!!!!

တဖက်လူသည် စူးချန်ကဲ၏ အလွန်အားကောင်းသော ဓားစွမ်းအင်ကို ခံစားမိပုံရကာ ၊ သေးငယ်သော အနက်ရောင် နဂါးများမှ အလွန် ကြီးမားသော နဂါးနက်ကြီး တစ်ကောင်အဖြစ် ဖန်ဆင်းခဲ့သည် ။

အနက်ရောင် လေသည် ရိုက်ခတ်လှုပ်ရှား ထကြွနေသည်။

ပြင်းထန်သော တစ္ဆေစွမ်းအင်များက စုဝေးလို့ နေချေပြီ။

ထိုနဂါးနက်ကြီးသည် ၎င်း၏ သွေးသံရဲရဲ ပါးစပ်ကြီးကို ဖွင့်ကာ ၊ စူးချန်ကဲ မှ ပစ်လွှတ်လိုက်သော ဓားများကို ဝါးမျိုရန် ကြိုးပမ်းနေသည်။

သို့သော် တဖက်လူ၏ အယူအဆသည် အနည်းငယ် ဆန်းကြယ်ပေသည်။

“ ထျန်းဟုန် မတိုင်ခင် ၊ အရာအားလုံးက ပိုးပျံကောင် သာသာပဲ!”

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း။

“ ဒီဓားကို မင်းတို့ကောင်းကောင်းကြီး လက်ခံပေတော့”

ဘေးကနေ ကြည့်နေသော ပေကျန့် အဘိုးအို၏ မျက်လုံးများ တောက်ပနေပြီး ၊ သူသည် စူးချန်ကဲအား ဗြောင်ကျကျ စိုက်ကြည့်နေမိသည်။

တစ်ချိန်က ခမ်းနားထည်ဝါသော ပုံရိပ်လွှာကို သူ ထပ်ပြီး မြင်လိုက်ရသလိုပင်။

“ တစ္စေဓားအမတရှင် လူကြီးမင်း...”

စူးချန်ကဲ၏ ထိန်းချုပ်မှုအောက်တွင် မရေမတွက်နိုင်သော ရှေးဟောင်းဓားများ စုဝေးသွားခဲ့ပြီး ဧရာမဓားကြီး အသွင်အဖြစ် ပေါင်းစည်းသွားသည်ကို မြင်လိုက်ရသည်။

ကောင်းကင်ယံထက်တွင် အလွန် ကြီးမားသော တောင် အရိပ်ကြီး တစ်ခု ထွက်ပေါ်လာသည့်အတိုင်းပင်။

ဓားအရိပ်များသည် တောင်ထွပ်သဖွယ် ရှိနေပြီး၊ အရှိန်သည် ကြောက်ဖို့ကောင်းပေသည်။

စူးချန်ကဲသည် သူ့ဓားကို နှိမ့်ချလိုက်သည်နှင့် ကောင်းကင်ယံထက်တွင် ဓားစွမ်းအင်များဖြင့် ပေါင်းစပ်ထားသော တောင်ထွပ်သဖွယ် ဓားများသည် ဝရဇိန်ကဲ့သို့ ခုတ်လွှဲလေသည်။

ဝုန်း--

ပေါက်ကွဲသံများကြားတွင် ၊ ဓားရိပ်များသည် တည့်တည့် မတ်မတ် ကျဆင်းလာခဲ့ပြီး နဂါးနက်ကြီးအား ချေမှုန်းခဲ့လေရာ ၊ ၎င်းမှာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။

တဟုန်းဟုန်း တောက်နေသော ဓားစွမ်းအင်များသည် နဂါးနက်ကြီးအား အနက်ရောင် အခိုးအငွေ့များ အဖြစ်သို့ ချက်ချင်း ချေမှုန်းပစ်ခဲ့လေပြီ။

စူးချန်ကဲကို ရန်ပြုခဲ့ကြသော တစ္စေစစ်သားများသည်လည်း ဓားစွမ်းအင်၏ တိုက်ရိုက် သုတ်သင်ခြင်းကို ခံလိုက်ရသည်။၎င်းတို့အားလုံး ဘာမှ တုံ့ပြန်ချိန် မရလိုက်ဘဲ သွေးအမှုန်အမွှားအဖြစ် ကြေမွသွားခဲ့သည်။

“ သေသင့်တဲ့ လူသား၊ သေစမ်း!!”

ပြန်လည် သက်သာနေခဲ့ပြီ ဖြစ်သော ကျုံယွမ်သည် ၎င်း၏လှံတံကို တစ်ဖန် မြှောက်တင်လိုက်သည်။

“ဖော့ရွှီ ကြယ်ကိုးသွယ်!”

သို့သော် ယခုတစ်ကြိမ်တွင် ပိုင်ချီ နှင့် ထျန်းယွီ တို့သည်လည်း မိမိ၏ အဆုံးစွန်သော လှုပ်ရှားမှုကို အသုံးပြုကာ ကျုံယွမ် နှင့် ပူးပေါင်းခဲ့သည်။

အနက်ရောင် မြှားကိုးစင်း ထွက်လာပြီး ၊ ကျုံယွမ်ကို ဝန်းရံထားလေရာ ၎င်း၏ ရောင်ဝါသည် ပိုကြောက်စရာကောင်းလာသည်။

မြေပြင်ပေါ်တွင် ဆူးနက်များ ရှိနေပြီး ၊ ၎င်းတို့သည် မြေပြင်ကို ဖောက်ထွင်းဝင်ရောက်ကာ စူးချန်ကဲ ဆီသို့ ဦးတည်လာကြသည်။

“သခင်လေး!”

ထန်ဝူအာ၏ အမူအရာမှာ ပြောင်းလဲသွားသည်။သူမသည် စူးချန်ကဲအား မထိခိုက်စေရန် သွေးနတ်ဆိုးနဂါးကို စည်းရုံးလိုက်သည်။

“ မင်း ဝင်ပါစရာမလိုဘူး”

စူးချန်ကဲက ‌ဆိုလိုက်သည်။

“ငါ တစ်ယောက်တည်းနဲ့တင် လုံလောက်တယ်”

“ဒါက ဒုတိယမြောက် ဓားချက်ပဲ”

စူးချန်ကဲသည် ကောင်းကင်ဓားကို စေခိုင်းလိုက်သည်။

သူ၏နက်ရှိုင်းသော မျက်ဝန်းတစ်စုံမှ အဆုံးစွန်သော ဓားဆန္ဒများ ထွက်ပေါ်လာခဲ့သည်။

အဆုံးမရှိ သတ်လိုသော ဆန္ဒတစ်စုံသည် ဓားနယ်ပယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း ၊ လောကကို ဖွင့်လှစ်မည့် ဓား !”

စူးချန်ကဲသည် ဓားကို ‌မြှောက်ကိုင်ထားရာမှ ရုတ်တရက် ခုတ်ချလိုက်သည်။ ဤတစ်ကြိမ်တွင်မူ ဓားကိုးတောင် တစ်ခုလုံး ကူကယ်ရာမဲ့စွာ တုန်လှုပ်သွားခဲ့သည်။

“ဒါက....”

ပေကျန့်အဘိုးအိုသည် ထိုပြောင်းလဲမှုကို သတိပြုမိသည်။စူးချန်ကဲ ဓားကို မြှောက်ကာ ခုတ်ချလိုက်သည့် အခိုက်အတန့်မှာပင် ဤနေရာတွင် ရှိနေခဲ့သော နိယာမစည်းမျဉ်းများ အားလုံး ဖယ်ရှားခံလိုက်ရသည်။

ချက်ခြင်းပင်လျှင် ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားခွင်းသံ တစ်ခု ထွက်ပေါ်လာပြီး ၊အလွန်တောက်လောင်သော ဓားအလင်းအဖြစ်သို့ ပြောင်းလဲသွားပြီး တည့်တည့် ဖြတ်တောက်ပစ်လိုက်သည်။

“ လှံကိုးသွယ် “

တစ်ချိန်တည်းမှာပင် ၊ ကျုံယွင်သည် ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။စူးချန်ကဲ၏ ဓားသည် အလွန် အားကောင်းသည်ကို သူ သိပေသည်။

သူသည် တစ္စေနတ်ဘုရားကျောင်း၏ ခေါင်းဆောင်တစ်ယောက် အနေဖြင့် အရှုံးကို မလိုလားသည်မှာ သဘာဝကျပေသည်။

သူ၏ အစွမ်းအစများကို အစွမ်းကုန် ပေါက်ကွဲလိုက်ပြီး ၊ စူးချန်ကဲနှင့် သေသည်အထိ တိုက်ဖို့ ပြင်ဆင်ထားသည်။

ဝုန်း—

လွန်စွာ တောက်ပသော အဖြူရောင် အလင်းသည် အရာအားလုံးကို ဝါးမျိုပစ်လိုက်ပုံ ရသည်။

ဤကမ္ဘာကြီး တစ်ခုလုံး အဖြူထည်အဖြစ် ဆေးဆိုးခံလိုက်ရလေပြီ။

……..

စူးရှစွာ တောက်ပသော အလင်းရောင်သည် ဖြည်းဖြည်းချင်း ပျက်ပြယ်သွားပြီးနောက် ၊

ချွမ်!

စူးရှသော အသံတချက် ကြားလိုက်ရသည်။

ကျုံယွမ်မှာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့ပြီး သူ့လက်ထဲက လှံတံသည်လည်း အောက်သို့ ပြုတ်ကျသွားခဲ့သည်။

“ငါ ရှုံးပြီ...?”

သူ့လက်ထဲက ကျိုးပဲ့သွားပြီ ဖြစ်သော လှံကို ဆွံ့အစွာဖြင့် စိုက်ကြည့်နေမိသည်။

“အဟွတ်....”

သူ၏ ပါးစပ်ထဲက သွေးများ စီးယိုကျလာခဲ့သည်။သူသည် ထပ်မံ တိုက်ခိုက်ချင်ပါသော်လည်း ၊

သို့သော် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေပြီး ၊ သူ့ခန္ဓာကိုယ်အပေါ်ပိုင်း လစ်ဟာသွားသလိုမျိုး ခံစားလိုက်ရသည်။

“မင်း....”

ကျုံယွမ်သည် တစ်စုံတစ်ခုကို ပြောရန် ဆန္ဒရှိပါသော်လည်း ၊ ဤအခိုက်အတန့်တွင်မူ သူ့ခန္ဓာကိုယ်တစ်ခုလုံး လုံးဝ ဖျက်စီးခံလိုက်ရချေပြီ။

ဘုန်း!

ကျုံယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။မဲနက်နေသော သွေးများက သူရင်ဘတ်မှ ထွက်ကျနေပြီး ၊ မြေပေါ်သို့ အနီရောင် သွေးစက်များ အဖြစ် စွန်းထင်သွားခဲ့လေသည်။

မသေခင် တွန့်ဆုတ်မှုများ ကျန်ရှိနေသကဲ့သို့ ၊သူ၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်နေခဲ့သည်။

သွေးအန်သံ!

တခြားတစ်ဖက်တွင် ၊ ပိုင်ချီ နှင့် ထျန်းယွီတို့သည်လည်း သွေးအန်ကာ မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည်။

သူတို့သည် ဓားစွမ်းအင်နှင့် ဝေးကွာလွန်းသော နေရာတွင် ရှိနေခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့နှစ်ယောက်လုံး ဒဏ်ရာ မပြင်းထန်သော်လည်း သို့သော် ၎င်းတို့၏ ရင်ဘတ်တွင် အလားတူ သွေးကွက် တစ်ကွက် ရှိနေခဲ့သည် ။

ရွှမ်း!

ဓားအလင်းတချက် ဝင်းလက်သွားခဲ့ပုံ ရသည်။

ထိုနေရာတွင် ရှိနေကြသော တစ္စေစစ်သည်များ၏ မျက်နှာများမှာ မှုန်မှိုင်းသွားကြသည်။

အလားတူ ၎င်းတို့၏ လည်ပင်းများမှ သွေးများ စိမ့်ထွက်လာသည်။

ထို့နောက်တွင် ၎င်းတို့၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်မှာ တခြားစီ ဖြစ်ခဲ့ရလေပြီ။

ဘုန်း ဘုန်း!!

ခေါင်းများ အချွတ်ခံလိုက်ရပြီးနောက် ၊ ၎င်းတို့၏ အသက်ဓာတ်တို့မှာ လုံးဝ ဆုံးရှုံးသွားပြီ ဖြစ်ရာ မြေပြင်ပေါ်သို့ ဘုန်းခနဲ့ လဲကျသွားခဲ့သည်။

တထောင်းထောင်း ထနေသော သွေးညှော်နံ့များကို လူတိုင်းကို တုန်လှုပ်သွားစေသည်။

တစ်ချိန်တည်းမှာပင်၊ စိတ်ဝ်ိညာဉ်တစ်ခုလုံး အေးခဲသွားသလိုမျိုး ခံစားလိုက်ရသည်။

ဓားနှစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့်၊ ဤမျှ အင်အားတောင့်သော တပ်ဖွဲ့ကြီးမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံလိုက်ရသည်။

ဘယ်အရပ်ဆီက ထွက်ပေါ်လာမှန်း မသိ‌သော လေအေး တချက် ဝှေ့ယမ်းတိုက်ခတ်သွားလေရာ စူးချန်ကဲ၏ ဝတ်ရုံတို့သည် ဖြည်းညှင်းစွာ မျှောလွှင့်လို့ နေသည်။

စူးချန်ကဲကို ကြည့်လိုက်ရင်ဖြင့် ၊ ဤကိစ္စများကို သူ မလုပ်ခဲ့သည့်အတိုင်း နေရာမှာတင် ငြိမ်သက်စွာ ရပ်နေသည်ကို မြင်ရပေမည်။

အပိုင်း(၂၄၀): ကျုပ် စူးချန်ကဲနဲ့ ဘာဆိုင်လို့တုန်း?

ပေါ့ပေါ့ပါးပါး လွှဲယမ်းခဲ့သော သူ၏ ဓားချက်သည် လူများစွာကို ထိတ်လန့်သွားစေခဲ့သည်။

“ဒီကောင်...လူ့ ဘီလူးဆိုတဲ့ စကားနဲ့တင် ဖော်ပြဖို့ မဖြစ်နိင်ဘူး ၊သူ့ရဲ့ ကြောက်စရာကောင်းမှုကို ဖော်ပြဖို့ စကားလုံး မရှိမှာကိုတောင် စိုးရတယ်...”

ပေကျန့် အဖိုးအိုသည် အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။စောနက စူးချန်ကဲ ဆင်နွဲခဲ့သော တိုက်ပွဲကို ကြည့်ရင်း သူ ခံစားမိသည်မှာ တဖက်လူ(စူးချန်ကဲ)သည် သူ၏ ဓားစွမ်းရည်ကို တိုးတတ်အောင် အဆက်မပြတ် လေ့ကျင့်နေခဲ့ခြင်းပင်။

သို့သော် ဤမျှ ကြောက်ဖို့ကောင်းလိမ်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

“ထင်ထားသလို ဟုတ်မနေဘူး..”

သေမင်း၏လက်မှ လွတ်မြောက်လာခဲ့သော အကြောက်တရားသည် ပိုင်ချီ နှင့် ထျန်းယွီတို့၏ ဦးရေပြားများကို ထုံကျင်သွားစေသည်။

သူတို့၏ အမြင်တွင် ၊တစ္စေနတ်ဘုရားကျောင်း၏ အရှင်သခင်သည် လူသားတစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းရန် တပ်ဖွဲ့ဝင်များစွာ စေလွှတ်ခဲ့သည့်အပေါ် ဇာချဲ့လွန်းသည် ဟု ထင်ခဲ့ကြသည်။

ယခုတွင်မူ ၊ အရာအားလုံး သူမတို့ ‌မှားယွင်းစွာ ယူဆခဲ့မှန်း သိလိုက်ရချေပြီ။

“ပြေး!”

နှစ်ယောက်သား နောက်ဆုံး ခွန်အားကို အသုံးချကာ အမှောင်အလင်းတန်းအဖြစ် အသွင်ပြောင်း၍ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။

သို့သော် စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ့လက်ချောင်းများကို ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် ၊သူမတို့၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသေးသော ဓားစွမ်းအင်များက ရုတ်တရက် သက်ဝင်လှုပ်ရှားလာခဲ့သည်။

သွေးအန်သံ !

တစ္စေနတ်ဘုရားကျောင်း၏ နောက်ဆုံး ကျန်ရှိသည့် ပဲ့ကိုင် ခေါင်းဆောင် နှစ်ဦးလုံး ခုခံနိုင်စွမ်း မရှိခဲ့လေရာ သွေးမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင်သာ လွှင့်မျောသွားခဲ့ရသည်။

“ ခေါင်းဆောင်တွေ သေပြီ​…”

ကျန်ရှိနေ‌သေးသော တစ္စေစစ်သည်များမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် အလွန်တုန်လှုပ်သွားကြသည်။

ဤတစ်ခေါက် လုပ်ငန်းစဉ်သည် လျင်မြန်စွာ အဆုံးသတ်နိုင်လိမ့်မည် ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။ သူတို့ထင်ထားသည့်အတိုင်းလည်း တကယ်လည်း ဖြစ်လာခဲ့သည်။

အပြတ်အသတ် ရှုံးနိမ့်မှုဖြင့် အဆုံးသတ်ခဲ့ရသူမှာ သူတို့သာပင်။

“ဝူအာ၊ ကျန်တဲ့ ငါးတသိုက်ကို မင်းအတွက်ထားခဲ့မယ် “

ထို့နောက် ချက်ခြင်းပင်၊စူးချန်ကဲသည် ပေကျန့် အဘိုးအိုကို တချက်ကြည့်လိုက်သည်။

“ ထပ်တိုက်ဦးမှာလား?”

ပေကျန့် အဖိုးအိုမှာ ခေတ္တတုံ့ဆိုင်းသွားပြီး ၊ မျက်မှောင်ကြုတ်လိုက်သည်။

စောနကမှ တိုက်ပွဲကြီး တစ်ခု ဆင်နွှဲပြီးတာကို အခု သူနဲ့ ထပ်တိုက်ဦးမယ်တဲ့လား?

ဒီကောင်လေး လူသတ်ရတာကို စွဲလမ်းနေတာတော့ မဟုတ်ဘူးမလား?

သို့သော် ထိုအခိုက်အတန့်တွင် သူသည် ထူးဆန်းသော အငွေ့အသက်ကို ခံစားမိလိုက်ည်။

“နှစ်ပေါင်းမရေမတွက်နိုင်အောင် တိတ်ဆိတ်နေခဲ့တဲ့ သင်္ချိုင်းဓားကိုးတောင်ကြီးက ဒီနေ့တော့ အသက်ဝင်လာခဲ့ပုံပဲ “

တစ်ကိုယ်တည်း ရေရွတ်လိုက်ရင်း ၊ပေကျန့် အဖိုးအိုသည် စူးချန်ကဲအား တစ်ဖန် ပြန်ကြည့်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ဆိုလိုက်သည်။

“မင်း ဒုတိယအကြိမ်ထိ ဆက်ပြီး တောင့်ခံနိုင်သေးရင် ၊ ငါ မင်းနဲ့ တတိယအကြိမ် ဆင်နွဲပေးရမှာပေါ့ “

“ဒုတိယ အကြိမ်?”

စူးချန်ကဲ စဉ်းစားဖို့တောင် အချိန်ရလိုက်ခင်မှာပဲ ၊

သင်္ချိုင်းဓားကိုးတောင်ပြင်မှ ခေါင်းလောင်းသံကဲ့သို့ ပျော့ပျောင်းသော အသံတချက်ကို ကြားလိုက်ရသည်။

အထူးမှော်စက်ဝိုင်းတစ်ခုကို ဖြန့်ကျက်လိုက်သကဲ့သို့ ၊ ထိုအသံသည် သင်္ချိုင်းဓားကိုးတောင်၏ အထူးနိယာမ စည်းမျဉ်းများကို နှိပ်ကွပ်ထားလေသည်။

ထိုစဉ် စူးချန်ကဲနားထဲသို့ အသံတစ်သံ ဝင်ရောက်လာခဲ့သည်။

“ စူးဝေ ၊ ငါ မင်းကို အမွှေးတိုင်တစ်ဝက်စာ အချိန် ပေးတယ်၊ မင်း သင်္ချိုင်းဓားကိုးတောင်ကနေ ထွက်လာဖို့ အချိန်တန်ပြီ!”

“ဒီနေရာကို တစ္စေတောင်နဲ့ သုံ့ဟွင်ချောက်နက်က စစ်တပ်‌တွေ ဝိုင်းထားပြီးပြီ ၊ ဒါကိုမှ မင်းက တိုက်ချင်သေးရင် ငါတို့ မင်းကို မြန်မြန် အဆုံးသတ်ပေးမယ်!”

တစ္စေ တောင်နှင့် သုံ့ဟွင်ချောက်နက်တို့ဘက်မှ စူးချန်ကဲနှင့် ပတ်သတ်သော အကြောင်းအရာများကို နည်းမျိုးစုံဖြင့် ရှာဖွေခဲ့ကြသည်။

အဆင့်ဆင့် ရှာဖွေခဲ့ပြီးနောက်မှာတော့ ၊ ၎င်းတို့၏ သေဆုံးသွားပြီ ဖြစ်သော ဆက်ခံသူများ၏ ကျန်ရှိဝိညာဉ် စွမ်းအားများကို လျို့ဝှက်နည်းလမ်းဖြင့် အသုံးပြုကာ အဆုံးတွင် ကောက်ချက်ချနိုင်ခဲ့သည်။

နောက်ဆုံးအချက်မှာ စူးချန်ကဲသည် သင်္ချိုင်းဓားကိုးတောင်တွင် ပိတ်လှောင်ခံနေပြီ ဟူသော အချက်ပင်တည်း။

ဤနေရာ၌ ဖြစ်ပျက်ခဲ့သော အပြောင်းအလဲများက သင်္ချိုင်းမြေရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

“ စူးဝေက ဘယ်သူလဲ? တစ္စေတောင်ရဲ့ မျဲ့ရှင်းဘိုးဘေးကိုတောင် ဆွဲဆောင်နိုင်ခဲ့တာ”

“ မျဲ့ရှင်း ဘိုးဘေးရဲ့ မြေး ကွေးဝူယာနဲ့ သုံ့ဟွင်ချောက်နက်က မေဟွိမ်းနွီတို့ကို စူးဝေ ဆိုတဲ့လူက သတ်ပစ်လိုက်တယ်‌ဆိုပဲ ၊အဲ့ဒါကြောင့် နှစ်ဖက်တပ်တွေ ရောက်ချလာတာ ဖြစ်မယ် “

“ဒါဆို သူတို့က ဘာလို့ အဝေးကနေ နေနေတာတုန်း?”

တစ်စုံတစ်ယောက်က သံသယဖြင့် မေးလိုက်သည်။

“ ပြီးတော့ သူတို့တွေ စူးဝေကို ခုလို ကြီးကြီးကျယ်ကျယ် ခြိမ်းခြောက်နေတာ ၊ စူးဝေဆိုတဲ့တစ်ယောက် ထွက်ပြေးမှာကို မကြောက်ဘူးလား?”

“ သင်္ချိုင်းဓားကိုးတောင်က ဘယ်လိုနေရာလဲ? အဲဒါက ငါတို့ မရဏကမ္ဘာရဲ့ အလွန်အံ့ဩဖို့ကောင်းတဲ့ မရဏလေးပါးထဲက တစ်ပါးလေ ၊ ပြီးတော့ ဒီလောက် ရာနဲ့ချီအားကောင်းတဲ့ တပ်ဖွဲ့ကြီး “

“ သူတို့အားလုံး အထဲကို ဝင်ချလာလို့ အဲ့ဒီထဲမှာ ရှိတဲ့ နိယာမစည်းမျဉ်းတွေ အသက်ဝင်လာခဲ့ရင် ၊သူတို့အားလုံး သနားစရာကောင်းလောက်အောင် သေသွားမှာကို စိုးရတယ် “

မျဲ့ရှင်းဘိုးဘေးမှာမူ ကိုယ့်အံသွားကိုပင် ကိုက်လုမတတ် အလွန် ဒေါသထွက်နေလေ၏။

မြေးဖြစ်သူကို သတ်ခဲ့သော တရားခံသည် အထဲမှာ ရှိနေသော်ငြားလည်း ၊ သူ့အနေဖြင့် အပြင်ကနေ ကြည့်ရုံမျှသာ တတ်နိုင်သည်။

“ မျဲ့ရှင်းဘိုးဘေး ၊ ဒီသင်္ချိုင်းဓားကိုးတောင်ထဲကို သူတော်စင် အထွပ်အထိပ်အဆင့် ရှိသူသာ ဝင်ရောက်နိုင်တယ် ၊ တပည့် ဘိုးဘေးအတွက် အပြစ်သားကို ဖမ်းဆီးဖို့ ဆန္ဒရှိပါတယ်!”

ထိုအချိန်တွင်၊ သူတော်စင် အထွက်အထိပ် အဆင့်ရှိသူ အကြီးအကဲတစ်ဦးက မျဲ့ရှင်းဘိုးဘေးအား တောင်း‌ဆိုလိုက်သည်။

မျဲ့ရှင်းဘိုးဘေးသည် တန်ခိုးကြီးမားသော ဧကရာဇ်တစ်ပိုင်း အဆင့် ဖြစ်နေသည်။အကယ်၍ သူသာ ဤအခွင်အရေးကို အသုံးချ၍ မျဲ့ရှင်းဘိုးဘေးအား စိတ်ကျေနပ်စေခဲ့ပါက ၊ ယခုမှစ၍ တစ္စေတောင်တွင် သူ့အဖို့ အစားအသောက်နှင့် အဝတ်အစားအတွက် စိတ်ပူစရာ မလိုတော့ချေ။

ထိုစကားကိုကြားတော့ မျဲ့ရှင်း ဘိုးဘေး၏ မျက်လုံးများမှာ တောက်ပသွားသည်။သူသည် ထိုကိစ္စနှင့် ပတ်သတ်၍ စိုးရိမ်နေခဲ့သည်။

ယခုတွင် ၊ ဤလူသည် သူ၏ အရေးတကြီးလိုအပ်ချက်ကို ဖြေရှင်းနိုင်ပေလိမ့်မည်။

သို့သော် သူ ဝမ်းသာအားရ စကားမပြောနိုင်ခင်မှာပဲ ၊ ဟင်းလင်းပြင် ကွက်လပ် တစ်နေရာမှ အက်ကွဲကြောင်း ဖြစ်ပေါ်လာခဲ့သည်။

ထိုနေရာမှ လူတစ်ယောက် ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

“ ဘာလို့ သွားအသေခံနေဦးမှာတုန်း “

ထိုစကားကြားတော့ မျဲ့ရှင်း ဘိုးဘေးသည် မျက်မှောင်ကြုတ်သွားပြီး ၊ လာသူကို လှည့်ကြည့်လိုက်သည်။

“တစ္ဆေနတ်ဘုရားကျောင်း...?”

“မင်းကရော ဘာလာလုပ်တာလဲ?”

မျဲ့ရှင်းဘိုးဘေး က အေးစက်စွာ မေးလိုက်သည် ။

“အဲ့ကောင်လေးက မင်းကိုလည်း စော်ကားခဲ့တာလား?”

တစ္စေနတ်ဘုရားကျောင်း၏ နောက်ခံသည် တစ္စေတောင်ထက် ပိုကြောက်စရာကောင်းသော်လည်း၊ သို့သော် နာမည်ကျနေပြီ ဖြစ်သော နေရာတစ်ခုမျှသာ ဖြစ်သည်။

ထို့အပြင်၊ သူ၏ဒေါသစိတ်နှင့်အတူ တဖက်လူသည် တစ္စေနတ်ဘုရားကျောင်း၏ အရှင်သခင် ဖြစ်ပါသော်လည်း ၊ မျဲ့ရှင်းဘိုးဘေးကတော့ ယဉ်ယဉ်ကျေးကျေး မဆိုခဲ့ပေ။

“စော်ကားတယ်?”

တစ္စေနတ်ဘုရားကျောင်း၏ သခင်က ပြုံးလေသည်။

“ငါ ဒီကိုလာခဲ့တာ ငါ့နောင်ကြီးကို အပြစ်ပေးဖို့ မဟုတ်ဘူး “

သူ ဤနေရာသို့ လာရောက်ခဲ့သည့် အကြောင်းရင်းမှာ တစ္စေနတ်ဘုရားကျောင်း၏ ခေါင်းဆောင် လေးယောက်စလုံး သေဆုံးသွားပြီမှန်း ခံစားလိုက်ရသောကြောင့်ပင် ဖြစ်သည်။

သူ့အနေဖြင့် ထိတ်လန့်တုန်လှုပ်မိသော်လည်း တချိန်တည်းမှာပင် ပျော်နေမိပြန်သည်။ အဘယ်ကြောင့်ဆိုသော် တဖက်လူတွင် ဤကဲ့သို့ ပြင်းထန်သော အစွမ်းသတ္တိများ ရှိသလောက် ၊ တခြားတဖက်တွင် ၎င်း၌ လျို့ဝှက်ချက်များစွာ ရှိနေသည်ဟု ဆိုလိုသည်။

အကယ်၍ စူးချန်ကဲကို ဖမ်းစီးနှိပ်စက်ကာ သူ့ကိုယ်ပေါ်က လျှို့ဝှက်ချက်အားလုံးကို ရယူနိုင်မည် ဆိုပါက ၊ သူတို့ တစ္စေနတ်ဘုရားကျောင်းသည် ဤခေတ်တွင် ပြန်လည်ပေါ်ထွက်လာနိုင်ပြီး ၊အရင်က ဘုန်းကျက်သရေကို ပြန်လည် ရရှိလာနိုင်ပေတော့မည်။

မျဲ့ရှင်းဘိုးဘေးကို လျစ်လျုရှုကာ ၊ တစ္စေနတ်ဘုရားကျောင်း၏ သခင်ဖြစ်သူသည် သင်္ချိုင်းဓားကိုးတောင်သို့ ကျယ်လောင်စွာ လှမ်းပြောလိုက်သည်။

“ နောင်ကြီး စူးဝေ ၊ ငါက တစ္စေနတ်ဘုရားကျောင်းရဲ့ အရှင်သခင် ကူဖုန်း “

“အသင့်အကြောင်း ကြားဖူးတာကြာပြီမို့ ဒီနေ့ တွေ့ဖို့လာခဲ့တာပါ”

“ မင်းအနေနဲ့ ထိတ်လန့်နေစရာ မလိုဘူး ၊ ငါ တစ္စေနတ်ဘုရားကျောင်း ရှိနေသမျှကာလပတ်လုံး၊ တစ္စေတောင်နဲ့ ‌သုံ့ဟွင်ချောက်နက်က မင်းကို အခက်မတွေ့စေရဘူး “

“ မင်း ဘာပြောတယ်!?”

မျဲ့ရှင်း ဘိုးဘေးသည် ထိုစကားကို ကြားသည်နှင့် ဒေါသတကြီး ထဆိုလေသည်။

“စူးဝေ က ငါ့မြေးကို သတ်ခဲ့တယ်ဆိုတာ မင်း မသိဘူးလား!?”

“ တစ္စေနတ်ဘုရားကျောင်းရဲ့ သခင် ၊ ငါ့ရဲ့ သုံ့ဟွင်ချောက်နက်က ဆက်ခံသူကိုလည်း ဒီကလေးက သတ်ခဲ့တယ် ၊ ခင်ဗျားရဲ့ ဒီအပြုအမူက ဘာသဘောလဲ?”

သုံ့ဟွင်ချောက်နက် ရှိ ဟွေထျန်းဘိုးဘေးမှာ အေးစက်သော အမူအရာဖြင့် ရှိနေသော်လည်း ၊သူသည် တစ်စုံတစ်ခုကို မှန်းဆနိုင်ခဲ့သည်။

သူ့အမြင်အရ ၊ ၎င်း၏ စကားသည် တကယ်ကို ထူးဆန်းပေသည်။

ပုံမှန် မဟုတ်ပေရာ ၊ဤအခြေအနေတွင် သူ မသိသော အရာတစ်ခု သေချာပေါက်တော့ ရှိရပေမည်။

……

တစ်ယောက်ပြီး တယောက် ပေးပို့နေသော သတင်းစကားများကို နားထောင်ရင်း စူးချန်ကဲ တစ်ယောက် ရယ်လေသည်။

“ ကြည့်ရတာ ဒီတစ္ဆေနတ်ဘုရားကျောင်းက အတော် အကြံကြီးပုံရတယ်!”

သူသည် ၎င်းတို့၏ ခေါင်းဆောင် ငါးဦးကို သတ်ပစ်ခဲ့သည်။ ဒါတောင်မှ တဖက်လူသည် သူ့ကို အပြစ်မတင်ဘဲ ကူညီ‌ပေးနေပြန်သည်။

သူ့အမြင်အရတော့ ၊ ယင်းမှာ မယုံသင်္ကာဖွယ်ရာ အလှူဒါနကြီးသာပင်။

“ဟီးဟီး... ကြည့်ရတာ ဒုတိယပွဲက ခက်ခဲဦိးမယ်နဲ့ တူတယ် “

ပေကျန့် အဖိုးအိုက ပြုံးပြုံးကြီး ဆိုလိုက်သည်။

“ ဒီအကျပ်အတည်းကို လူငယ် အရွယ် တစ္စေဓားအမတရှင် လူကြီးမင်းတောင် ဖြတ်ကျော်ဖို့ခက်လိမ့်မယ်”

“ တစ္စေဓားအမတရှင် လူကြီးမင်း?”

စူးချန်ကဲသည် ထိုစကားကို ကြားပြီး၊ သူ၏ မျက်ခုံးများကို ပင့်တင်လိုက်သည်။ ဤအဘိုးကြီးသည် တစ်ချိန်က တစ္စေဓားအမတရှင် ၏ လက်အောက်ခံ တစ်ဦး ဖြစ်ခဲ့မှန်း သိလိုက်ရသည်။

ယင်းအရာသည် ဒဏ္ဍာရီတစ်ခုသာ ဖြစ်သည်ဟု သူ ထင်မှတ်ခဲ့ပြီး ၊ မမျှော်လင့်ဘဲ အမှန်ဖြစ်နေခဲ့သည်။

တစ်ဖက်လူသည် မဆိုင်းမတွ ထုတ်ပြောနေပုံအရ၊ သူ့ကိုယ်သူ အလွန် ဂုဏ်ယူနေပုံ ရပေသည်။

ပေကျန့်အဘိုးအို၏ လှောင်ပြောင်မှုကို လျစ်လျူရှုကာ စူးချန်ကဲသည် ထိုရှေးရေတွင်းဟောင်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။

ထို့နောက် နတ်တစ္စေ မျက်လုံးကို ထုတ်ယူလိုက်သည်။ အကန့်အသတ်မဲ့ ခရမ်းရောင်စွမ်းအင်များသည် ဟင်းလင်းပြင်တစ်ခုလုံးကို တုန်ဟည်းသွားစေသည်။

“ဒါက နတ်တစ္စေ ... အဲ့ကောင်လေး ရဲ့ မျက်လုံးမလား?”

ပေကျန့် အဖိုးအိုသည် နတ်တစ္စေမျက်လုံးများကို တစ်ချက်ကြည့်လိုက်ပြီး

“မင်းဘာလုပ်ချင်နေတာလဲ”

“မင်းကို ကာကွယ်ပေးဖို့ တစ္စေနတ်ဘုရားကျောင်းကို တောင်းဆိုမလို့လား?”

ထိုစကားများကို ပြောနေချိန်တွင် ပေကျန့်အဘိုးအိုသည် အနည်းငယ် အေးစက်နေသည်။စူးချန်ကဲ၏ စရိုက်သည် ခက်ထန်ပြီး ခံနိုင်ရည် ရှိမည်ဟု မူလက ထင်ခဲ့သည်။

သို့သော် စူးချန်ကဲသည် ယခုလို မြန်မြန်ဆန်ဆန် အပေးအယူလုပ်လိမ့်မည် ဟု သူ မျှော်လင့်မထားခဲ့ပေ။

ဒီတိုင်းသာဆိုရင်ဖြင့် ၊သူ စူးချန်ကဲအပေါ် အတော်လေး အထင်ကြီးခဲ့မိသည် ဟု ဆိုရပေမည်။

ပေကျန့်အဘိုးအို၏ မျက်လုံးထဲက အဓိပ္ပာယ်များကို သူ မြင်နေရသည်။

စူးချန်ကဲက ပြုံးကာ ပြန်ဖြေလိုက်သည်။

“လူငယ် အရွယ် တစ္စေဓားအမတရှင် မလုပ်နိုင်တာ

“ကျုပ် စူးချန်ကဲနဲ့ ဘာဆိုင်လို့တုန်း?”

All Chapters