အခန်း (၂၄၁-၂၄၄)
Vol. 17 Ch. 241-244
အပိုင်း(၂၄၁): ဓားသေတ္တာ ကိုးလက် ထွက်ပေါ်လာခြင်း
စူးချန်ကဲသည် နတ်တစ္စေမျက်လုံးအား ရေတွင်းထဲသို့ ပစ်ချလိုက်သည်။
ထိုစဉ် စနစ်အသံသည် ရုတ်တရက် မြည်တမ်း ထွက်ပေါ်လာသည်။
【ဒင်း ! သင်သည် မစ်ရှင်ကို ပြီးမြောက်ခဲ့ကြောင်း တွေ့ရှိရပါသည် ၊ဓားသေတ္တာ ကိုးလက်သည် အလွန်ထူးခြားသောကြောင့် ၎င်းကို အသက်သွင်းလိုပါက သင်္ချိုင်းဓားကိုးတောင်ကို စတင်အသက်သွင်းရန် လိုအပ်သည် 】
“အသက်သွင်းမယ်”
[သင်၏ တောင်းဆိုမှုကို လက်ခံပြီး ဖြစ်၍ ဓားသေတ္တာကို အသက်သွင်းရန်အတွက် ပြင်ဆင်နေပါသည်။ ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်ခု 】
ဘုန်း !
ထိုအခိုက်အတန့်တွင် ရေတွင်းထဲမှ ကြောက်မက်ဖွယ်ရာ ကောင်းသော အင်အားတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ရာ ကောင်းသော ရောင်ဝါသည် တစ်ကမ္ဘာလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေပြီး ၊ တစ္စေစွမ်းအင်များက ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ထိုအကန့်အသတ်မဲ့ တစ္ဆေစွမ်းအင်များကြားထဲတွင် အလွန်အမင်း ရှေးကျသော လျင်မြန် ခက်ထန်သည့် ဓားစွမ်းအင်များ ရောထွေးနေခြင်းပင် ဖြစ်သည်။
အေးစိမ့်သော လေများသည် အာကာသအတွင်း၌ မည်သည့်အချိန်ကတည်းက စိမ့်ဝင်လာခဲ့လည်း မသိချေ။
“ဒါ…ဒါ မဟုတ်မှလွဲရော…”
ပေကျန့် အဘိုးအို၏ အသံမှာ တုန်လှုပ်နေသည်။သူအတွက် အလွန် ရင်းနှီးသော အငွေ့အသက်တစ်ခုကို သူ ခံစားလိုက်ရသည်။
၎င်းသည် သူ၏ မှတ်ဉာဏ်ထဲတွင် ရှိနေခဲ့သော အငွေ့အသက် ဖြစ်ပြီး ၊ သူ့အတွက် မည်သူမှ မလွှမ်းမိုးနိုင်သော ပုံရိပ်တစ်ခုပင် ဖြစ်သည်။
ရွှမ်း!!
ရွှမ်း!!!
ဤအခိုက်အတန့်တွင်၊ ဓားသင်္ချိုင်းတစ်ခုလုံး ဝမ်းနည်းသံ မြည်သော ဓားသွားသံများနှင့်အတူ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
နှစ်ပေါင်းများစွာ ဆွေးမြေ့ပျက်စီးတော့မည့် ရှေးဟောင်းဓားများမှာ အသက်ဝင်လာသည့်အတိုင်း ပြုမှုလာကြပြီး ၊ ခိုင်ခံ့သော သင်္ချိုင်းဂူထံမှ လွတ်လပ်စွာ ခွဲထွက်လာကြသည်။
သို့သော် ယခုတစ်ကြိမ် နိုးထလာသော ရှေးဟောင်း ဓားများ၏ အဆုံးကို မျက်စိနဲ့တောင် မမြင်နိုင်ချေ။
အကန့်အသတ်မဲ့ ဓားစွမ်းအင်များသည် ဤနေရာရှိ တစ္ဆေစွမ်းအင် အားလုံးကို ချေဖျက်ပစ်ခဲ့ပြီး ၊ ဓားစွမ်းအင်ပင်လယ်ကြီး အဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်။
ရေတွင်းထဲက ဓားစွမ်းအင်များသည် ပို၍ အားကောင်းလာသည်နှင့်အမျှ ၊ တောက်ပသော အလင်းတန်းတစ်ခုသည် သင်္ချိုင်းဓားကိုးတောင်ရှိ နှိပ်ကွပ်ခြင်းဆိုင်ယာ နိယာမစည်းမျဉ်းများကိုပင် တိုက်ရိုက် ထိုးဖောက်ပစ်ခဲ့သည်။
“ သင်္ချိုင်းဓားကိုးတောင်မှာ ဘာဖြစ်နေတာလဲ?”
“မဟုတ်မှလွဲရော ဟိုလူသားကောင်လေးက ကြောက်စရာကောင်းတဲ့ အရာတစ်ခုကို လွှတ်ပေးလိုက်တာ ဖြစ်နိုင်မလား?”
သင်္ချိုင်းဓားကိုးတောင်ကို ဝန်းရံထားခဲ့သည့် မရေမတွက်နိုင်သော သန်မာသူများသည်လည်း ထိုမြင်ကွင်းကို သတိပြုမိခဲ့ကြသည်။
ဤရုတ်ချည်း ပြောင်းလဲမှုသည် သူတို့ကို အငိုက်မိသွားစေခဲ့သည်။
ယခုအချိန်တွင် သင်္ချိုင်းဓားကိုးတောင်တစ်ခုလုံး လှုပ်ယမ်းခါနေပြီး ၊ အလွန် ပြင်းထန်သော ဓားစွမ်းအင် တစ်ခုသည် ကောင်းကင်သို့ တည့်တည့် ပစ်ခွင်းသွားခဲ့လေသည်။
ထိုဓားစွမ်းအင်သည် အရာအားလုံးကို ဖုံးကွယ်ထားသဟန် ရှိသည်။
“မဖြစ်နိုင်ဘူး… အဲဒါက တစ္စေဓားအမတရှင် လူကြီးမင်းနဲ့အတူ ပျက်သုန်းသွားခဲ့ပြီလေ…”
ပေကျန့် အဘိုးအိုသည် မယုံကြည်နိုင်စွာဖြင့် ထိုမြင်ကွင်းကို အံ့ဩထိတ်လန့်စွာ စိုက်ကြည့်နေသည်။
ဤရောင်ဝါကို သူ အလွန်ရင်းနှီးနေသည်။နောက်ဆုံးတွင် ၊ သူသည် တစ်စုံတစ်ခုကို သတိရသွားဟန်ပေါ်သည်။ယင်းမှာ တစ္စေဓားအမတရှင် လူကြီးမင်း၏ အနှိုင်းမဲ့ လက်နက်ဖြစ်သည့် ဓားသေတ္တာ ကိုးလက်ပင် ဖြစ်သည်။
အဆုံးမရှိသော ဓားစွမ်းအင် ပင်လယ်သမုဒ္ဒရာအလယ်တွင် ဓားသေတ္တာတစ်ခု ဖြည်းညှင်းစွာထွက်ပေါ်လာခဲ့သည်။
၎င်းအပေါ်တွင် ဓားလမ်းစဉ် ကမ္ပည်းစာများ ရေးထိုးထားသည်။ ထို့အပြင် များစွာသော ရှေးဟောင်းဓားများ၏ ရုပ်လုံးရုပ်ကြွများအပြင် နဂါးနှင့် ဖီးနစ်တို့၏ ရုပ်ကြွများလည်း ရှိသည်။
ကမ္ပည်းစာများ တောက်ပနေသည်မှာ အသက်ဝင် နိုးထလာခဲ့သလိုပင်။
“တစ်ချိန်က မရဏကမ္ဘာကို စိုးမိုးခဲ့တဲ့ ဒဏ္ဍာရီ ၊ နောက်ဆုံးတော့ နိုးလာခဲ့ပြီလား?”
ဓားသေတ္တာပေါ်မှ ရှေးဆန်သော အငွေ့အသက်များကို ရေးရေးလေး ခံစားမိနိုင်သည်။
ဓားသေတ္တာပေါ်တွင် ထွင်းထုထားသော ကမ္ပည်းစာတိုင်းသည် တစ်ချိန်က တစ္စေဓားအမတရှင်သည် ဓားသေတ္တာကို သယ်ကာ မရေမတွက်နိုင်သော စွမ်းအားရှင်များကို အနိုင်ယူခဲ့သည့် ဇာတ်ကြောင်းများကို ဖော်ပြနေသဟန် ပေါ်သည်။
ဘုန်း—
ဓားသေတ္တာ ရောက်လာသည်နှင့် တပြိုင်နက်၊ သင်္ချိုင်းဓားကိုးတောင်ရှိ တောင်တန်းအသီးသီးမှ မတူညီသော အလင်းတန်းများကို ပစ်လွှတ်ခဲ့လေသည်။
သင်္ချိုင်းဓားကိုးတောင်တွင် မူလကတည်းက စုဝေးနေခဲ့သော နိယာမစွမ်းအားများသည် ထိုအလင်းတန်း ကိုးခုဆီသို့ အရူးအမှုး စုဝေးလာခဲ့သည်။
ဓားကိုးတောင်မှ ပြင်းထန်သော ရောင်ဝါများကို ထုတ်လွှတ်နေသည်မှာ တောင်တန်းများနှင့် လွင်ပြင်များကို ပြာ အဖြစ်သို့ ပြောင်းလဲနိုင်စွမ်း ရှိပုံပေါ်သည်။
“ ဒီဓားစွမ်းအင်ထဲမှာ ဒြပ်ငါးပါးရဲ့ ပြင်းထန်တဲ့ စွမ်းအားတွေ ရှိတယ်…”
“ငါသာ ဒီစွမ်းအားကို ချေးငှားနိုင်ရင် ငါ့ရဲ့ ကျင့်ကြံအဆင့်ကို ဖြတ်ကျော်နိုင်ရုံတင်မကဘူး… ငါ့ခန္ဓာကိုယ်ထဲက ကမ္ဘာ့သစ်ပင်ကို ပို၍ ကြီးထွားလာစေနိုင်တယ်…”
စနစ်၏ မစ်ရှင်များကို ပြီးမြောက်ရန် အလုပ်ရှုပ်နေသောကြောင့် ၊ သူ့ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာ့သစ်ပင်သည် အပင်ငယ်မျှသာ ရှိသေးပြီး ၊ ၎င်း၏ တိုးတတ်မှုမှာ အလွန်နှေးကွေးနေခဲ့သည်။
ယခုလို အခွင့်အရေးမျိုးကို သူ သေချာပေါက် လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။
သူသည် ပေကျန့်အဘိုးအိုကို တချက်လှမ်းကြည့်လိုက်သည်။စူးချန်ကဲ တစ်ယောက် အနည်းငယ် စိုးရိမ်နေမိသည်။
ဤကဲ့သို့ ဒြပ်ငါးပါး၏ စွမ်းအားများကို လွဲချော်သွားခဲ့မည်ဆိုပါက ၊ အရှုံးကြီး ရှုံးရပေတော့မည်။
ခဏတဖြုတ် စဉ်းစားပြီးနောက် ၊ စူးချန်ကဲသည် ကောင်းကင်ဓားကို ဆင့်ခေါ်လိုက်သည်။ကောင်းကင်ဓားသည် သူ့ရှေ့တွင် တွဲလောင်းအနေအထားဖြင့် ရှိနေသည်။
ထို့နောက် စူးချန်ကဲသည် ထန်ဝူအာ အား လှမ်းဆိုလိုက်သည်။
“ဝူအာ၊ မင်း ရှိသမျှတစ္စေသားရဲကောင်တွေကို ခေါ်ပြီး ငါ့ကို ကာကွယ်ပေးထား “
“ဒီကလေး…”
ပေကျန့်အဘိုးအိုသည် စူးချန်ကဲ စကား၏ အနက်အဓိပ္ပါယ်ကို နားလည်ပေသည်။သို့သော် သူ ဝင်ရှုပ်ဖို့ တကယ်လည်း စိတ်ကူးမရှိချေ။
မူလက ပျက်စီးသွားခဲ့သော ဓားသေတ္တာသည် ယခု ကမ္ဘာပေါ်တွင် ပြန်လည်ပေါ်ထွက်လာပြီး စူးချန်ကဲ ကို ၎င်း၏ သခင်အဖြစ် အသိအမှတ်ပြုခဲ့သည်။
ဤအပြောင်းအလဲသည် သူ နိုင်လည်နိုင်စွမ်းထက်ကို ကျော်လွန်နေပေသည်။
“ငါကြည့်ချင်သေးတယ်… မင်းငါ့ကို ဘယ်လိုအံ့ဩစရာကောင်းတဲ့အရာတွေ ယူဆောင်လာဦးမလဲဆိုတာ…”
….
သင်္ချိုင်းဓားကိုးတောင်၏ အပြင်ဘက်တွင်
“ သင်္ချိုင်းဓားကိုးတောင်ရဲ့ နှိပ်ကွပ်ခြင်းဆိုင်ရာ နိယာမစွမ်းအားတွေက တဖြည်းဖြည်း အားနည်းလာသလိုပဲ “
မျဲ့ရှင်းဘိုးဘေးသည် သင်္ချိုင်းဓားကိုးတောင်၏ နိယာမစွမ်းအားများ ပြောင်းလဲနေသည်ကို သတိပြုမိသည်။
နှိပ်ကွပ်ခြင်း နိယာမတို့သည် အရင်လို ရှိသေး သော်လည်း ၊ သို့သော် အရင်ကထက် အများကြီး အားနည်းလာသည်။
“ လာစမ်း ၊ တပ်သား ငါးသောင်း အထဲကို ဝင်ပြီး စူးဝေဆိုတဲ့ကောင်ကို ဖမ်းလာခဲ့ “
သုံ့ဟွင်ချောက်နက်၏ ဟွင်ထျန်းအကြီးအကဲ ကလည်း တစ်ချိန်တည်းမှာပင် အမိန့်ပေးလိုက်သည်။
“ ထျန်းဟောက် ၊ မင်းလည်း တပ်သား လေးသောင်းကို ဦးဆောင်ပြီး အထဲကို ဝင်သွား “
ဘိုးဘေးနှစ်ယောက်၏ အမိန့်နှင့်အတူ ၊ တပ်မတော်ကြီးမှာ ချက်ချင်း ထွက်ခွာသွားခဲ့သည်။
သို့သော် တစ္စေနတ်ဘုရား၏ သခင်ဖြစ်သူက လှမ်းဆိုလိုက်သည်။
“ နောင်ကြီး စူးဝေ ၊ ငါ့အကူအညီကို လိုချင်ရင် အသံပြုလိုက်နော် “
“ ဒီစူးဝေတော့ ဒုက္ခကြီးကြီးရောက်ပြီ…”
လူအုပ်ထဲတွင် ပုန်းနေခဲ့သော လော့ရန်ယွီပင်လျှင် ရင်တလှပ်လှပ်ဖြင့် ။သူမ ရှေ့က ဤအင်အားစုကြီးမှာ အလွန် ကြီးမားလွန်းပေသည်။
လက်နက်ကိရိယာမျိုးစုံကို ကိုင်ဆောင်ထားပြီး ၊ တပ်ဖွဲ့ဝင် ရှစ်သောင်းရှိသော ဤစစ်သည်ထဲတွင် ထိပ်တန်း သူတော်စင်များ ဒါဇင်နှင့်ချီ ပါဝင်ပေသည်။
“ စူးဝေက စူးချန်ကဲရဲ့ ညီအရင်းလားတောင် အောက်မေ့ရတယ်….”
လော့ရန်ယွီ တစ်ယောက် အကျပ်ရိုက်နေစဉ်၊
မိုးကုတ်စက်ဝိုင်းဆီမှ အေးစက်သော နှာမှုတ်သံ တချက် ထွက်ပေါ်လာခဲ့သည်။
“မရဏကမ္ဘာရဲ့ အကြီးအကဲတွေက လူသားတစ်ယောက်အပေါ် ဒီလောက်ထိ ယုတ်မာရလား “
“ မင်းတို့ရဲ့ ကျင့်သုံးမှုက ခွေးဖြစ်သွားပြီလား”
ဧရာမ စီးတော်ယာဉ် လှေနက်ကြီးသည် ဟင်းလင်းပြင် အက်ကွဲကြောင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
၎င်းပေါ်တွင် “ ကျန့်တု တောင်ဝင်မိသားစု” ဟု ရေးထိုးထားသော စာလုံးကြီး လေးလုံး ရှိပေသည်။အထူးသဖြင့် ကုန်းပတ်ပေါ်တွင် တစ္စေစွမ်းအင်များ ဖြာထွက်နေသော စွမ်းအားရှင် လူတချို့ ရပ်နေကြသည်။
“ ကျန့်တု တော်ဝင်မိသားစုတောင် ရောက်လာပြီ၊ အဓိက အင်အားစု လေးစု စုံနေကြပြီပဲ!”
“သင်္ချိုင်းမြေမှာ နှစ်အတော်ကြာအောင် နေထိုင်လာခဲ့တာ ၊ လူသားတစ်ယောက်အတွက်နဲ့ ခုလို အဓိက အင်အားစုကြီး လေးစု လာစုံကြတာ ဒါ ပထမဆုံး မြင်ဖူးတာပဲ ၊ မသေခင် သမိုင်းတွင်သွားမှာကိုတောင် စိုးရတယ် “
အင်အားစုကြီး နှစ်စု၏ ဘိုးဘေးများသည် အေးစက်သော အကြည့်များဖြင့်။
“ ကွေးယာ ၊ မင်းတို့ ကျန့်တုတော်ဝင်မိသားစု ဝင်မစွက်ဖို့ ငါ အကြံပေးချင်တယ် “
“ဒီလူသားအတွက် ဧကရာဇ်မင်းမြတ် တစ်ပါး ရောက်လာတောင် ၊ မင်းတို့ သူ့ကို မကာကွယ်နိုင်ဘူး!”
ကွေးယာ ဘိုးဘေးက ထိုစကားကို ကြားတော့ အေးစက်စွာ ပြုံးလိုက်သည်။
“ဒီနေ့ ဒီလူသားကို ငါတို့ တော်ဝင်မိသားစုက သေချာပေါက် ကာကွယ်ပေးမယ် ၊ အဲ့တော့ မင်း ဘာလုပ်ချင်လဲ?”
စူးချန်ကဲ၏ နောက်ခံသည် မည်မျှထိ ကြောက်စရာ ကောင်းမှန်း သူတို့ ကောင်းကောင်းကြီး သိထားသည်။
ယင်းမှာ စူးချန်ကဲမှ သူတို့အပေါ် ကျေးဇူးကြွေးတင်နိုင်မည့် အခွင့်အရေးကောင်းကြီးပင် ဖြစ်သည်။သူတို့အနေဖြင့် မည်ကဲ့သို့ လက်လွှတ်ခံနိုင်မည်နည်း။
“မင်း…!”
မျဲ့ရှင်းဘိုးဘေး၏ အမူအယာမှာ လွန်စွာ ခက်ထန်နေသည်။ ဤလူသားသည် မည်သည့် အရပ်မှ လာလေသနည်း။
အစပိုင်းတွင် ၊ တစ္စေနတ်ဘုရားကျောင်း၏ သခင်ဖြစ်သူ ရောက်ချလာခဲ့ပြီး ၊ယခုတွင်မူ ကျန့်တုတော်ဝင်မိသားစု၏ ကွေးယာဘိုးဘေးကိုယ်တိုင် ရောက်ချလာပြန်သည် ။
ထိုအချိန်တွင်၊ တစ္စေနတ်ဘုရားကျောင်း၏ အရှင်သခင်က ပြုံးပြုံးဖြင့် ထဆိုလိုက်သည်။
“ ကျူပ် ဒီကိုလာခဲ့တာ စူးဝေကို ကာကွယ်ဖို့ မဟုတ်ဘူး”
“စူးဝေက ကျုပ်ရဲ့ ပဲ့ကိုင်ခေါင်းဆောင် ငါးယောက်ကို သတ်ပစ်ခဲ့တယ် ၊ သူ့ကို စစ်ဆေးဖို့ ကျုပ် တစ္စေနတ်ဘုရားကျောင်းကို ခေါ်သွားရလိမ့်မယ်”
“ဘယ်လို!?”
ကြည့်ရှုနေကြသော လူတိုင်း၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲကုန်သည်။
တစ္စေနတ်ဘုရားကျောင်း၏ ပဲ့ကိုင်ခေါင်းဆောင် ဆိုသည်မှာ အဘယ့်နည်း။
၎င်းတို့သည် သူတော်စင် အထွပ်အထိပ် နယ်ပယ်အဆင့်ရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ၎င်းတို့၏ လက်အောက်တွင် အသေးစား ၊အလတ်စား ဂိုဏ်းခွဲများစွာ ရှိပြီး ဂိုဏ်းချုပ် အဖြစ် သတ်မှတ်ခံထားရသော ဤလူငါးယောက်သည် လူသားတစ်ယောက်၏ သတ်ဖြတ်ခြင်းကို အဘယ့်ကြောင့် ခံလိုက်ရသနည်း။
အကယ်၍ စူးချန်ကဲသည် လက်ရွေးစင် တစ္ဆေစစ်သည်ပေါင်း သုံးသောင်းကို သတ်ခဲ့မှန်း သိခဲ့မည်ဆိုပါက ၊ ဤနယ်မြေရှိ လူတိုင်း၏ အမြင်မှာ လုံးဝ ပြောင်းလဲသွားနိုင်သည်။
“ နောင်ကြီး စူးဝေက ငါတို့ တောင်တန်းစားဖွယ်စုံ အဆောက်အဦးရဲ့ ပိုင်ရှင်အသစ်ပဲ ၊ မင်းက ငါတို့ ပိုင်ရှင်အသစ်ကို အလေးအနက်မထားတာလား”
“ ငါတို့ တောင်တန်းစားဖွယ်စုံကို အထင်သေးတာလား?!”
အပိုင်း(၂၄၂): အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီ ၊ ရောက်လာသူတိုင်း တစ်ယောက်မှ လူကောင်းမဟုတ်ဘူး
ထိုစကားသံနှင့်အတူ ၊
ကောင်းကင်ယံမှ မှော်စွမ်းအား အခင်းအကျင်းတစ်ခု ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။
အာကာသ ဟင်းလင်ပြင်အတွင်း လှိုင်းဂယက်များ ရိုက်ခတ်သွားပြီး ၊ အနက်နှင့် ရွှေရောင်ကို ရောစပ်ချုပ်လုပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသော လူအိုလေးဦးသည် မှော်စက်ဝိုင်းထဲမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။
“သူတို့က တောင်တန်းစားဖွယ်စုံ ရဲ့ အရင်ပိုင်ရှင်ဟောင်း လေးဦးပဲ!”
ထိုပုဂ္ဂိုလ်များ၏ အထောက်အထားကို သိသည့် ကြည့်ရှုသူတစ်ဦးက အော်ပြောလိုက်သည်။
တောင်တန်းစားဖွယ်စုံသည် ကိုးသင်္ချိုင်းမြို့တွင် ဤမျှမြင့်မားသော အဆင့်အတန်း ရှိရခြင်းအကြောင်းရင်းမှာ အဆိုပါ ပိုင်ရှင်ဟောင်းလေးဦး၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။
၎င်းတို့အနက် ၊
ပေဝမ့် ပိုင်ရှင်ဟောင်းသည် ပထမအဆင့် ဧကရာဇ်တစ်ပိုင်း ဖြစ်သည်။
ရှန်းဟိုင် ပိုင်ရှင်ဟောင်းသည် ဒုတိယအဆင့်ဧကရာဇ်တစ်ပိုင်း ဖြစ်သည်။
နန်ထျန်း ပိုင်ရှင်ဟောင်းသည် သူတော်စင် ဧကရာဇ် အထွတ်အထိပ်အဆင့် ဖြစ်သည်။
ရှီးဟွ ပိုင်ရှင်ဟောင်းသည် သူတော်စင် ဧကရာဇ် အထွတ်အထိပ်အဆင့် ဖြစ်သည်။
ဤသင်္ချိုင်းမြေတစ်ခုလုံးတွင် ၎င်းတို့အားလုံးကို ပထမတန်းစား စွမ်းအားရှင်အဖြစ် မှတ်ယူနိုင်သည်။
လက်ရှိ တောင်တန်းစားဖွယ်စုံ ပိုင်ရှင်ကိုပါ ထည့်တွက်မည်ဆိုပါက တောင်တန်းစားဖွယ်စုံ အဆောက်အဦးတွင် ဧကရာဇ်တစ်ပိုင်း အဆင့် သုံးဦးတောင် ရှိသည်။
ဒီလောက်ကို အင်အားတောင့်တင်းတဲ့ တောင်တန်းစားဖွယ်စုံရဲ့ ပိုင်ရှင်က လူသားမျိုးနွယ်က လူငယ်တစ်ဦး ဖြစ်နေတာတဲ့လား!?
“ တောင်တန်းစားဖွယ်စုံရဲ့ ပိုင်ရှင်ဟောင်းတွေက အပြင်လူတစ်ယောက်ကို ပိုင်ရှင်အသစ်အဖြစ် အသိအမှတ်ပြုလိုက်တာလား?”
ဟွင်ထျန်း ဘိုးဘေးက ထမေးလိုက်သည်။ဤအရာအားလုံးသည် မုန့်ဝေစုရရန် ငွေလိုချင်နေသည့် တောင်တန်းစားဖွယ်စုံမှ အယောင်ဆောင်ဖွယ်ရာ တစ်ခု ဟု သူ ယူဆသည်။
ရှန်းဟိုင် ပိုင်ရှင်ဟောင်းက အေးစက်စွာ နှာမှုတ်လိုက်ရင်း ပြန်ဖြေလေ၏။
“ ငါ တောင်တန်းစားဖွယ်စုံရဲ့ ကိစ္စ မင်းကို ဘာလို့ ရှင်းပြနေရမှာလဲ”
“သေနာကောင်!!!”
မျဲ့ရှင်း ဘိုးဘေး တစ်ယောက် စိတ်ထဲ မခံမရပ် ဖြစ်လို့နေကာ သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။
သူတို့ကို တားဆီးဖို့ ကျန့်တု တော်ဝင်မိသားစုနဲ့တင် တော်ရောပေါ့! အခုလည်း လာပြန်ပြိီ တောင်တန်းစားဖွယ်စုံ!
ဝုန်း ဝုန်း—
ထိုအခိုက်အတန့်တွင်၊ ကောင်းကင်ယံသို့ ပစ်ခွင်းသွားသော ဓားစွမ်းအင်ကိုးခုသည် ၎င်းတို့၏ နောက်ဆုံးစွမ်းအားများဖြင့် ပေါက်ကွဲထွက်လာကြသည်။
ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင်များသည် တောက်ပသော ရှေးဟောင်း ဓားကိုးလက်အဖြစ် ပေါင်းစပ်သွားခဲ့သည်။
မှောင်ရိပ်သန်းနေသော ညဘက်တွင် မှိတ်တုတ်မှိတ်တုတ်ဖြင့် တောက်ပနေသော ကြယ်ကိုးစင်းလိုပင်။
ဝှစ်——
ထို့နောက် ဓားသွားသံများ ထွက်ပေါ်လာခဲ့သည်။ ဓားကိုးစင်းသည် သင်္ချိုင်းဓားကိုးတောင်၏ အနက်ရှိုင်းဆုံးနေရာမှ ပြေးထွက်လာကြပြီး ဓားသေတ္တာထဲသို့ တည့်တည့်မတ်မတ် ကျရောက်သွားခဲ့သည်။
ရှေးဟောင်း ဓားကိုးလက်သည် ဓားသေတ္တာထဲသို့ ပြန်ရောက်လာသည့် အခိုက်အတန့်မှာပင် မူလက သင်္ချိုင်းဓားကိုးတောင်အား ဖုံးအုပ်ထားခဲ့သော နိယာမစည်းမျဉ်းများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ထိုကဲ့သို့ ပျောက်ကွယ်သွားသည့် အခိုက်အတန့်မှာပင် အပြင်တွင် စုဝေးနေခဲ့ကြသော လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။
“ သင်္ချိုင်းဓားကိုးတောင်ရဲ့ နှိပ်ကွပ်ခြင်း နိယာမစည်းမျဉ်း ပျောက်ကွယ်သွားပြီ!”
“အားလုံး ငါ့နောက်လိုက်ပြီး သူခိုး စူးဝေကို သတ်ကြမယ်!”
“ မင်း မစဉ်းစားနဲ့!”
“ စူးဝေ သခင်လေးကို ကာကွယ်ကြ!”
“…”
တခဏချင်းမှာပင် ၊ သင်္ချိုင်းဓားကိုးတောင်ရှိ အနက်ရှိုင်းဆုံး အပိုင်းထဲသို့ ပြေးဝင်သွားလေသော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည် ။
ဤစွမ်းအားရှင်များ၏ အရှိန်နှုန်းသည် အလွန်လျင်မြန်ပေရာ ၊ဟင်းလင်ပြင်ထဲ၌ လှိုင်းတံပိုးများသာ ကျန်ရစ်နေခဲ့လေသည်။
…..
တစ်ချိန်တည်းမှာပင် ဓားသင်္ချိုင်းနေရာ၌ ၊
စူးချန်ကဲသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူ့ခန္ဓာကိုယ်ရှိ ရောင်ဝါတို့သည် လှိုင်းထန်နေသော သမုဒ္ဒရာကဲ့သို့ ဖြာထွက်နေသည်။သူသည် ဒြပ်စင်ငါးခု၏ စွမ်းအားများကို လုံးဝ စုပ်ယူပြီးခဲ့ပြီ ဖြစ်သည်။
ထိုစွမ်းအား၏ ကျေးဇူးဖြင့် ၊ စူးချန်ကဲ ခန္ဓာကိုယ်ရှိ ကမ္ဘာ့သစ်ပင်သည် တစ်ဖန်ပြန်လည် ကြီးထွားလာခဲ့သည်။
ခန္ဓာကိုယ် တစ်လျှောက် အမြင့်ဆုံးသော ရောင်ဝါများ လှည့်ပတ်စီးဆင်းနေသည်မှာ သူ့ကို ကောင်းကင်ဘုံ ကိုးပါးအထက်က နတ်ဘုရားကဲ့သို့ ထင်မှတ်သွားစေသည်။
အထူးသဖြင့်၊ စူးချန်ကဲ၏ အဆင့်ချိုးဖြတ်မှု အပြီးတွင် ၊ ဤလောက၌ စုဝေးနေသော အကန့်အသတ်မဲ့ နိယာမတရားများ အားလုံး နောက်ကျ ကျန်ခဲ့သည်။
“ဒီကောင်… အသက်ဘယ်လောက်မှတောင် မရှိသေးဘူး ၊ ထိပ်တန်း သူတော်စင် နယ်ပယ်အဆင့်ထိ ချိုးဖြတ်နိုင်ခဲ့ပြီပေါ့ “
ပေကျန့်အဘိုးအိုမှာ နေရာမှာတင် ကြောင်အမ်းနေမိသည်။စူးချန်ကဲသည် သူ၏ ကမ္ဘာ့အမြင်ကို ပြန်လည် ဆန်းသစ်သွားစေခဲ့သည်။
“စူးဝေ သေစမ်း!”
မျဲ့ရှင်းဘိုးဘေး ရောက်ရှိလာခဲ့ပြီး ၊ မြေးဖြစ်သူကို သတ်ခဲ့သော သူခိုးအား တစ်ရှိန်ထိုး သတ်ပစ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သူ၏ ကြောက်မက်ဖွယ်ရာ ကောင်းသော မှော်စွမ်းအားကို အသက်သွင်းကာ စူးချန်ကဲ၏ ခေါင်းတည့်တည့် ချိန်ရွယ်လိုက်သည်။
“သေချင်နေတာလား!”
ကွေးယာ ဘိုးဘေးသည် ဒေါသတကြီး ဟောက်ငမ်းလိုက်ပြီး ၊ သူ၏ နိယာမ လက်ဝါးချက်ဖြင့် ပြင်းထန်စွာ တိုက်ထုတ်လိုက်သည်။
ဘုန်း!
တခဏချင်းမှာပင်၊ ကြောက်စရာကောင်းသော စွမ်းအားများ လေထုထဲ၌ ထွက်ပေါ်လာခဲ့ပြီး ၊ ဤဓားတောင်ကြီး တစ်ခုလုံး ကျယ်လောင်သော အသံဗလံများဖြင့် ဆူညံသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ စူးချန်ကဲ၏ ခေါင်းပေါ်က ဝေဟင်ထက်တွင် အစွမ်းထက်သော လူတချို့ ပေါ်ထွက်လာပြန်သည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ထိုလူတစ်သိုက်၏ နောက်တွင် များစွာသော ကျင့်ကြံသူများ ပြေးဝင်လာကြသည့်အပြင် ၊
မြေပြင်၌လည်း အလွန် များပြားသော ကျင့်ကြံသူများ ရှိနေသည်။
“ဒီဟာက…!?”
ရုတ်တရက် ထျန်းဟွင်ဘိုးဘေး၏ ထိတ်လန့်တကြား အော်သံကို ကြားလိုက်ရသည် ။
မူလက တိုက်ပွဲကြီးစတင်တော့မည့် လူအုပ်ကြီးသည် အသံလားရာကို တချက်ကြည့်လိုက်သည်။
သူတို့အားလုံး တချိန်တည်းမှာပင် မျက်လုံးများ ပြူးကျယ်သွားကြသည်။
“ဓားသေတ္တာ ကိုးလက်!”
၎င်းတို့၏ လေသံမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
အိပ်မက်ကနေ နိုးထလာခဲ့သလိုမျိုး အံ့အားသင့်နေကြသည်။
ဒဏ္ဍာရီထဲက အနှိုင်းမဲ့ ဓားသေတ္တာက သူတို့မျက်စိရှေ့မှာ တကယ်ကြီး ပေါ်ထွက်လာသတဲ့လား ?
ဓားသေတ္တာမှ ထုတ်လွှတ်နေသော ထာဝရ ရောင်ဝါကို သူတို့ ပို၍ ခံစားမိသည်နှင့်အမျှ ၊ ၎င်းတို့၏ မျက်လုံးများမှာ ပို၍ပင် အရောင်တောက်လာကြသည်။
“ ကောင်လေး ၊ ငါက သုံ့ဟွင်ချောက်နက်က ဟွင်ထျန်းဘိုးဘေးပဲ ၊ မင်း ဓားသေတ္တာကို ငါ့ဆီ လွှဲပေးရင်”
“ မင်း ငါ့ရဲ့ သုံ့ဟွင်ချောက်နက်က ဆက်ခံသူကို သတ်ခဲ့တဲ့ အပြစ်ကို ခွင့်လွှတ်ပေးမယ် ၊ ဒါတင်မကဘူး မင်းကို ငါ့တပည့်အရင်းအဖြစ် လက်ခံပေးမယ် !”
ဟွင်ထျန်းဘိုးဘေးသည် ချက်ချင်းဆိုသလို စူးချန်ကဲထံသို့ ချပ်စ်ပြားများကို တိုက်ရိုက် ပစ်ချပေးခဲ့သည်။ သူ အရင်က စူးချန်ကဲကို လာရှာရသည့် အကြောင်းမှာ ဂိုဏ်း၏ မျက်နှာကြောင့်သာ ဖြစ်သည်။
ယခု ဓားသေတ္တာကိုးလက်ကို မြင်တွေ့လိုက်ရချိန်မှာတော့ ၊ ဆက်ခံသူက ဘာအရေးပါမှာတုန်း? သေတော့လည်း သေတယ်ပေါ့!
နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသော အင်အားစုများ၏ လူအိုကြီးများသည်လည်း ထိုနည်းတူစွာ လျင်လျင်မြန်မြန် တုံ့ပြန်လာကြသည်။
“ ကောင်လေး ၊ ငါက တစ္စေတောင်ရဲ့ မျဲ့ရှင်းဘိုးဘေးပဲ ၊ မင်းသတ်ခဲ့တဲ့ ကွေးဝူယာဆိုတာက ငါ့မြေးပဲ”
“မင်းသာ ဓားသေတ္တာကို လျော်ကြေးအဖြစ် ပေးဆောင်ရင် ၊ ငါ ဒီကိစ္စကို ဖြေလျော့ပေးနိုင်တယ် !”
ထိုစဉ် ၊ တစ္စေနတ်ဘုရားကျောင်း၏ သခင်ဖြစ်သူက ပြုံးကာ ထဆိုလေသည်။
“ နောင်ကြီး စူးဝေ က ငါ့ တစ္စေနတ်ဘုရားကျောင်းရဲ့ ခေါင်းဆောင် ငါးယောက်ကို သတ်ပစ်ခဲ့တယ် “
“ဒါတင်မက ခွင့်ပြုချက်မရှိဘဲ ငါ့ တစ္စေနတ်ဘုရားရဲ့ အမွေအနှစ်ကို ယူသွားခဲ့သေးတယ် ၊အဲ့တော့ လျော်ကြေးအနေနဲ့ ငါ ပိုင်ဆိုင်သင့်တယ် “
“ချီးပဲ! စူးဝေ က ငါ့ တောင်တန်းစားဖွယ်စုံ အဆောက်အဦးရဲ့ ပိုင်ရှင်ပဲ ၊ အဲ့တော့ ဓားသေတ္တာကလည်း ငါ့ တောင်တန်းစားဖွယ်စုံ အဆောက်အဦးကပဲ ပိုင်ဆိုင်သင့်တယ်!”
ထိုအချိန် ၊ ရှန်းဟိုင် ပိုင်ရှင်ဟောင်းက အေးစက်သော လေသံဖြင့် ထဆိုပြန်သည်။
ထို့နောက် စူးချန်ကဲအား လှမ်းဆိုလိုက်သည်။
“ ပိုင်ရှင် ၊ ကျေးဇူးပြုပြီး တောင်တန်းစားဖွယ်စုံရဲ့ အမိန့်ပြားကို ပေးလိုက်ပါ ၊ ကူညီဖို့ တပ်ဖွဲ့တွေကို စေလွှတ်လိုက်ပါ့မယ်!”
သူတို့ ပိုင်ရှင်ဟောင်းလေးဦးသည် စူးချန်ကဲကို ကာကွယ်ရန် ရောက်လာကြသည် ဟုသာ ဆိုသည်။
တကယ့် အမှောင်ထဲတွင် ၊ ကျင့်ကြံမှု အမြင့်ဆုံး ဖြစ်သည့် ရှန်းဟိုင် ပိုင်ရှင်ဟောင်းသည် တောင်တန်းစားဖွယ်စုံ ကို လုံးဝ ထိန်းချုပ်ထားပြီး ဖြစ်သည်။
ယခုချိန်မှာတော့ သူသည် တောင်တန်းစားဖွယ်စုံ အဆောက်အဦးအား တရားဝင် ရရန်သာ လိုတော့သည်။
သူ့လို တန်ခိုးကြီးမားသော ဧကရာဇ်မင်း တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်သည် ကျင့်ကြံအဆင့်နိမ့်သော လူသားမျိုးနွယ်၏ လက်အောက်သို့ မည်သို့ ငုံ့ခံလိုစိတ်ရှိနိုင်မည်နည်း။
ကွေးယာဘိုးဘေးမှာ မျက်မှောင်ကြုတ်သွားသည်။ တောင်တန်းစားဖွယ်စုံ ပိုင်ရှင်ဟောင်းများသည် စူးချန်ကဲအား ကူညီဖို့ လာရောက်ကြသည်ဟု ထင်ထားခဲ့သော်လည်း ၊ မိတ်ဆွေထက် ရန်သူဖြစ်နေခဲ့သည်။
“ဒီလိုသာဆို ခက်ပြီ “
သူ တစ်ယောက်တည်း ဦးဆောင်လာခဲ့သော တပ်ဖွဲ့ကြီးသည် တန်ခိုးကြီးမားသော ဧကရာဇ် တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်ငါးဦးကို သေချာပေါက် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် စူးချန်ကဲကလည်း ငနုံငအ တစ်ယောက် မဟုတ်ပေ။ တစ်ဖက်လူ စကား၏ အဓိပ္ပါယ်ကို ချက်ချင်း သဘောပေါက်လိုက်သည်။
“ဒီလူအိုကြီးတွေ ငါ့ကို နှစ်ပတ်တစ်ပတ် ရိုက်နေတာပဲ “
စူးချန်ကဲသည် သူ၏ ဝှက်ဖဲကို ထုတ်သုံးရန် စဉ်းစားနေချိန် ၊
ပေကျန့်အဘိုးအိုသည် ရှေ့ထွက်လာပြီး စူးချန်ကဲ၏ ရှေ့သို့ ကာစီးရပ်လိုက်သည်။
“သခင်ရဲ့ ပစ္စည်းက မင်းတို့ကောင်တွေ လက်လှမ်းမီနိုင်တဲ့ အရာမဟုတ်ဘူး “
သူ့အမြင်အရ ၊ စူးချန်ကဲ ကဲ့သို့သော ထူးချွန်ထက်မြက်သူ၏ လက်ထဲသို့ ကျရောက်သွားပါက ၊ ဓားသေတ္တာသည် ဘယ်သောအခါမှ တိမ်မြုပ်သွားလိမ့် မဟုတ်ချေ။
သို့သော် ဤလူအိုကြီးတွေလက်ထဲ ရောက်သွားခဲ့မည် ဆိုပါက ၊ သူ့သခင်ကို စော်ကားရာ ကျပေတော့မည်။
“သခင်?””
တစ္စေနတ်ဘုရားကျောင်း၏ အရှင်သခင်က မှေးကြည့်လိုက်ပြီးနောက် ၊ ပေကျန့်အဘိုးအို၏ သရုပ်မှန်ကို မှတ်မိသွားပုံရပေသည်။
“ လတ်စသတ်တော့ မင်းပဲ၊ အဲ့တိုက်ပွဲက မင်းကို အသေမသတ်နိုင်ခဲ့ဘူးလား?”
မျဲ့ရှင်းဘိုးဘေးက အရွှန်းဖောက်လိုက်ပြန်သည်။
“မင်းကို ကြည့်ရတာ စောနကမှ နိုးလာပုံရတယ် ဟုတ်တယ်မလား?”
“ ဟာသပဲ ၊ကျင့်ကြံစွမ်းအားတောင် ဆုံးရှုံးသွားတဲ့ ကောင်က ဒီကိစ္စထဲ ဝင်စွက်ဖက်ချင်သေးလို့လား?”
ပေကျန့် အဘိုးအိုသည် ဘာမှဂရုမစိုက်ဟန်ဖြင့် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
ရှေးဟောင်း ဓားတစ်လက်သည် ချက်ချင်းဆိုသလို သူ့လက်ထဲသို့ ရောက်ချလာသည်။
ဓားကို ဆုပ်ကိုင်ထားရင်း ၊ မှော်စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
သူ့နောက်တွင် ရှိနေခဲ့သော စူးချန်ကဲ မှာ မျက်မှောင်ကြုတ်နေခဲ့သည်။
ဒါက ဘာလဲ?
သူ့ သရုပ်မှန်အထောက်အထားက ဘာလဲ?
ကွေးယွမ် သူတော်စင် နယ်မြေ၏ ဆက်ခံသူ တစ်ယောက်အနေဖြင့် သူသည် ဆိုးရွားသော အခြေအနေ တစ်ရပ်ထဲသို့ ကျရောက်နေပြီ ဟု ဆိုရပေမည်။
သို့သော် ဘိုးဘေး ပေးထားသော ဝှက်ဖဲကို ထုတ်သုံးခဲ့မည်ဆိုပါက ၊ ဒီလောက်တော့ အေးဆေးပဲ မဟုတ်လား?
စူးချန်ကဲသည် ဝှက်ဖဲကို ထုတ်သုံးရန်ကြံရွယ်နေစဉ် ၊
သို့သော်၊ ဓားသေတ္တာမှ ထွက်ပေါ်လာသော နတ်အတွေး တစ်မျှင်သည် စူးချန်ကဲ၏ နတ်အသိစိတ် ပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
သူ့စိတ်ထဲတွင် ပြုံးရယ်နေသော အမျိုးသားတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
“သူတို့က ပင်လယ်ထဲက ငါးအဆင့်ပဲ ရှိတာ ၊ ဘာအတွက်နဲ့ ဝှက်ဖဲကို ထုတ်သုံးစရာလိုလဲ?”
“မင်း ငါ့ကို အဖော်ပြုပြီး ခဏလောက် စကားစမြည်ပြောပေးရင် ၊ တန်ကြေး အနေနဲ့ အဲ့အမှိုက်တွေကို ငါ ရှင်းပေးမယ် ဘယ်လိုလဲ?”
အပိုင်း(၂၄၃): ငါ့တပည့်လုပ်ပါ့လား
ထိုရုတ်တရက် အသံကြောင့် စူးချန်ကဲ တစ်ယောက် လန့်သွားခဲ့သည်။
“ ခင်ဗျားက ဘယ်သူလဲ?”
“ ဓားသေတ္တာ ကိုးလက် ရဲ့ ပိုင်ရှင် .. ယခင်ပိုင်ရှင်”
“ ယခင်ပိုင်ရှင်?”
စူးချန်ကဲ အံ့အားသင့်သွားသည်။
ဒါက တစ္စေဓားအမရှင် မဟုတ်ဘူးလား?
မဟုတ်မှလွဲရော သူ့ဓားကို ယူလို့ လာရှင်းတာများလား?
စူးချန်ကဲ၏ အတွေးကို မြင်နေပုံရသော တစ္စေဓားအမရှင်က အပြုံးမပျက် ဆိုလိုက်သည်။
“ဒီလိုဖြစ်စရာ မလိုပါဘူး ၊ ဓားသေတ္တာ ကိုးလက်ကို တစ်ဖန် အသက်ပြန်သွင်းပေးခဲ့တဲ့ သူက မင်းပဲလေ ၊ အခုကစပြီး မင်းက သူ့ရဲ့ ပိုင်ရှင် အသစ်ပဲ”
“ငါက ဒီကမ္ဘာမှာ ကျန်ရှိနေတဲ့ လက်ကျန် နတ်အသိစိတ် သာသာပဲ ၊ အဲ့တော့ ငါပြောချင်တဲ့ ကိစ္စအတွက် ဒီမြင်ကွင်းနဲ့ သုံးပြီး ပြောပြပါရစေ “
“ မင်း စိတ်ချ ၊ ငါ့ စွမ်းအားရဲ့ ကောင်းချီးပေးမှုနဲ့အတူ ဒီကမ္ဘာမှာ နာရီပေါင်းများစွာ ကုန်ဆုံးသွားရင်တောင် ဒီမှာတော့ ဝင်သက်ထွက်သက် အချိန်စက္ကန့်စာလောက်ပဲ ရှိတယ်”
တစ္စေဓားအမရှင် ပြောနေစဉ်မှာပဲ စူးချန်ကဲ၏ အာရုံထဲ၌ မြင်ကွင်းများ ပေါ်ထွက်လာသည်။
စူးချန်ကဲ၏ အသိစိတ်သည် အခြား အမည်မသိကမ္ဘာတစ်ခုဆီသို့ ရောက်သွားပုံ ရသည်။
အသိစိတ်ဖြင့် ခရီးသွားခြင်းဖြစ်စဉ်တွင်၊ သူသည် မရေမတွက်နိုင်သော အချိန်နှင့် နေရာ အပိုင်းအစများကို တွေ့မြင်နေရပုံပေါ်သည်။
သူ့နားထဲတွင် အသံမျိုးစုံ ထွက်ပေါ်လာခဲ့သည်။
…
နောက်တစ်မျက်နှာတွင် ၊
မြူခိုးများဖြင့် ဖုံးလွှမ်းနေသော ဧရာမတောင်တန်းထဲ၌ ၊
ခမ်းနားထည်ဝါသော နန်းဆောင် ဗိမ္မာန်အတွင်း၌ ဝတ်ရုံဖြူ လူငယ်တစ်ဦးအား ကြိုးများဖြင့် ချည်နှောင်ထားပြီး လူအိုအုပ်စုကြီး၏ ရှေ့တွင် ဒူးထောက်ခိုင်းထားသည်။
“ကျောင်းအုပ် ဆရာကြီး၊ သခင်ငယ်က တားမြစ်နယ်မြေထဲကို တိတ်တဆိတ် ဖောက်ထွင်းဝင်ရောက်ပြီး၊ ခွင့်ပြုချက်မရှိဘဲ တားမြစ်ထားတဲ့ မှော်ပညာရပ်တွေကို လေ့လာခဲ့ပါတယ် ၊ ဒါဟာ ပုန်ကန်မှုပဲ”
“ထျန်းရှန်းဓားဂိုဏ်းရဲ့ စည်းမျဉ်းအရ၊ သခင်ငယ်ကို ဖြုတ်ပစ်သင့်ပါတယ် ၊ သူ့ခန္ဓာကိုယ်ကို ရိုက်ချိုးပြီး ဝိညာဉ်ကို မရဏ ဓားဂူသင်္ချိုင်းထဲ ပို့ဆောင်ထားသင့်တယ်”
“သခင်ငယ်ကို နှင်ထုတ်ပြီး ၊ သူ့အပြစ်တွေကို ဖြေဖျောက်ဖို့ မရဏဓားဂူကို စေလွှတ်ပါ!”
“သခင်ငယ်ကို နှင်ထုတ်ပြီး ၊ သူ့အပြစ်တွေကို ဖြေဖျောက်ဖို့ မရဏဓားဂူကို စေလွှတ်ပါ!”
…
နောက်တစ်မျက်နှာတွင် ၊
တောက်ပသော ဓားအလင်းသည် အာကာသ ဟင်းလင်းပြင်ကို ချက်ချင်း ဖြတ်တောက်ပစ်လိုက်သည်။
ဓားစွမ်းအင်များ ပျံ့နှံ့နေသော ကောင်းကင်ယံ၌ အနက်ရောင် အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုအက်ကွဲကြောင်းထဲမှ လူတစ်ယောင် ပြုတ်ကျလာသည်။
ဘုန်း! !
ထိုလူသည် နှင်ထုတ်ခံလိုက်ရသော သခင်ငယ်ပင် ဖြစ်သည်။
ယခုအချိန်တွင် ပေကျံနေသော သူ၏ မျက်နှာပေါ်တွင် အမျက်ဒေါသများဖြင့် ပြည့်နှက်နေသည်။
“အရူးတွေ!!”
“ငါ မှားယွင်းစွပ်စွဲခံရတာ သိရဲ့လား”
လူငယ်လေးသည် အပေါ်ကို မော့ကြည့်ကာ ကျိန်ဆဲလိုက်သည်။
သို့သော် အက်ကွဲကြောင်းသည် သူ့ကို လျစ်လျူရှုထားပြီး ၊ ဖြည်းဖြည်းချင်း ပြန်ပိတ်သွားခဲ့သည်။
“ငါ့ကို ဒီမှာ ပိတ်ထားရင် ၊ ငါ့ ဓားရေးကို လေ့ကျင့်နိုင်မှာ မဟုတ်ဘူးလို့ မထင်နဲ့!”
“ ငါ့မှာ နည်းလမ်းအများကြီး ရှိတယ်!”
စကားပြောနေရင်းတန်းလန်း ၊ လူငယ်လေးသည် လမ်းပေါ်က သစ်သားချောင်းကို ကျပန်း ကောက်ယူလိုက်ရင်း အမှောင်ကျနေသော ဧရိယာဆီသို့ လျှောက်သွားခဲ့သည်။
…….
ကျန်သော အပိုင်းများမှာ ထိုလူငယ်လေး၏ ဖြတ်သန်းလာပုံ အဆင့်ဆင့် ဇာတ်လမ်းများပင်။
လူငယ်လေးသည် တဖြေးဖြေး အရွယ်ရောက်လာသည်နှင့် အမျှ ၊ သူ၏ ဓားစွမ်းရည်မှာ ပို၍ ကြောက်စရာကောင်းလာသည်။
နောက်ပိုင်းတွင် သူသည် မရဏကမ္ဘာကို လွှမ်းမိုးနိုင်ခဲ့သော ဒဏ္ဍာရီထဲက တစ္စေဓားအမရှင် ဟူ၍ ဖြစ်လာခဲ့သည်။
ဤတစ္စေဓားအမရှင်သည် သူ့ကိုယ်သူ မကျေနပ်သေးပုံရကာ ကျန့်ရှင်းဘိုးဘေးနှင့် ဓားရေးဖလှယ်ရန် သွားလိုကြောင်းကို သူ အကြိမ်ကြိမ် ကြားခဲ့ရသည်။
ယင်းဖြစ်ရပ်တွင် ဤတစ္စေဓားအမတရှင်မှာ ကံဆိုးခဲ့လေသလား ဆိုတာ စူးချန်ကဲ သိချင်မိသည်။
ထိုအချိန်မှာပဲ ၊
စူးချန်ကဲ သူ့မျက်လုံးများကို ပြန်ဖွင့်ကြည့်လိုက်စဉ် ၊ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျနေသည်ကို မြင်လိုက်ရသည်။
ညကောင်းကင်ယံထက်တွင် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော ကြယ်အနည်းမျှ ရှိပြီး ၊ အေးစက်သော လေများ တိုက်ခတ်နေသည့်အပြင် တစ္စေစွမ်းအင်များလည်း ရှိနေသည်။
“ဒီတစ်ခေါက် မရဏကမ္ဘာက နည်းနည်းတော့ မတူသလိုပဲ…”
သူသည် လေထဲက ပြင်းထန်သော သွေးနံ့ကို ခံစားလိုက်ရသည်။သိပ်မကြာမီ ဤနေရာတစ်ခုလုံး တုန်ခါသွားခဲ့သည်။
ကြောက်စရာကောင်းသော ကိစ္စ တစ်ခုခု ဖြစ်သွားခဲ့သလိုပင်။
သူ ဇဝေဇဝါဖြစ်နေစဉ် ၊
အမှောင်ကျနေသော ဝေဟင်ထက်၌ ၊
ဖျက်ခနဲ့ ဝင်းလက်သွားပြီး ၊ အလင်းစက်များ အောက်သို့ ကျလာခဲ့သည်။
ဘုန်း—
ချက်ချင်းဆိုသလို ၊ဤနေရာတစ်ခုလုံးကို အဖြူထည်အဖြစ်သို့ ဆေးခြယ်ခံလိုက်ရသည်။
ရိုးရှင်းသော အဝတ်အစားနှင့် ချောမောသော အမျိုးသားတစ်ဦးသည် အလွန်အစွမ်းထက်သော ရောင်ဝါများရှိသည့် အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားသော အမျိုးသား အများအပြားနှင့် တိုက်ခိုက်နေပုံရသည်။
အနက်ရောင် ၀တ်စုံဝတ်ထားသော ထိုလူများ အားလုံး ထူးကဲသော ကျင့်ကြံစွမ်းအားများ ရှိကြပြီး ၊သူတို့လက်ကို မြှောက်လိုက်သည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ် စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။
တစ်ယောက်ချင်းစီ၏ လှုပ်ရှားမှုတိုင်းက ကြောက်စရာကောင်းသော နိယာမ လှိုင်းများကို ဖြစ်စေပြီး ၊ငွေရောင် လျှပ်စီးတို့သည် ကောင်းကင်ယံ၌ လင်းလက်သွားသည်။
ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုနှင့်အတူ ၊လျှပ်စီးမိုးကြိုးများသည် ဤအမှောင်ည မြင်ကွင်းကြီးတစ်ခုလုံးကို ကြီးစိုးထားသည်။
သို့သော် ရိုးရှင်းသော အဝတ်အစားကို ဝတ်ဆင်ထားသော အမျိုးသားသည် တည်ငြိမ်စွာဖြင့် ရှိနေသည်။သူ၏ လက်ကို မြှောက်ကာ ဓားကို စေခိုင်းလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများမှာ အလွှာလိုက် ပြိုကျပျက်စီးခဲ့ရသည်။
ဝုန်း ——
ပေါက်ကွဲသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။အလွန်တောက်ပသော နတ်အလင်းရောင်များသည် ကြောက်မက်ဖွယ်ရာ ကောင်းသော လှိုင်းလုံးကြီး သဖွယ် ပေါက်ကွဲသွားပြီး လူအချို့ကို သက်ရောက်သွားစေခဲ့သည်။
“ ကောင်းလိုက်တဲ့ တစ္ဆေဓားအမတရှင်…သေတာ ဒီလောက် နှစ်အတော်ကြာနေပြီ ၊ ဒါတောင် ဒီလောက်အတိုင်းအတာအထိ ဓားရေးကို လေ့ကျင့်နိုင်တုန်းပဲ “
“ ထျန်းချီယန္တရားဂိုဏ်း နဲ့ တခြား အင်အားစုတွေကို ငါ ဖျက်ဆီးပစ်လိုက်ပြီ ၊ အခု မင်းတစ်ယောက်တည်းနဲ့ ငါတို့ကို တားချင်သေးတာလား?”
အနက်ရောင် ၀တ်စုံဝတ်ထားသော အမျိုးသား၏ လေသံသည် အေးစက်လွန်းပေသည်။
“ ဒီတိုင်း ဖြစ်လာဖို့ ဆုံးဖြတ်ပြီးသားပဲ ၊ မင်း တခြားသူရဲ့ ကိစ္စကို ဝင်မစွက်ဖက်ဖို့ ငါ အကြံပေးလိုက်မယ် ၊ မဟုတ်ရင် ..”
တစ္စေဓားအမတရှင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“မင်းတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ ဂရုမစိုက်ဘူး ၊တကယ်လို့ မရဏကမ္ဘာကြီး ပျက်စီးသွားရင် ၊သန်းရာနဲ့ချီတဲ့ သရဲတစ္ဆေတွေ ဘယ်တော့မှ လူပြန်ဝင်စားနိုင်မှာ မဟုတ်တော့ဘူး “
“ ကျုပ် လီမျိုးနွယ်က ဘာမှမလုပ်ဘဲ နေလေ့ရှိပေမယ့်၊ ဒါပေမဲ့ ဒီမရဏကမ္ဘာမှာ နေဖို့က ကျုပ် လိုလားခဲ့တဲ့အရာပဲ ၊ အဲ့တော့ သေချာပေါက် မင်းတို့ကောင်တွေရဲ့ အပြုအမူကို ငါ သည်းမခံနိုင်ဘူး”
ထိုစကားကို ပြောပြီးသည်နှင့် ၊ တစ္စေဓားအမတရှင်သည် ဓားသေတ္တာအား တချက် ပုတ်လိုက်သည်။
ကွဲအက်သံ!
ဓားသေတ္တာသည် ဖြည်းညှင်းစွာ ပွင့်လာပြီး ၊ ထာဝရ ရောင်ဝါရှိသော ဓားကိုးစင်း ထွက်ပေါ်လာခဲ့သည်။မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည့် ၎င်း၏ အအေးဓာတ်သည် လူ၏ နှလုံးကို တုန်လှုပ်သွားစေသည်။
“ထစမ်း !”
“ ကြည်ရတာ မင်းက ဝင်ရောက်စွက်ဖက်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးပုံပဲ “
ဝတ်ရုံနက် က အေးစက်စွာ ပြောဆိုလိုက်သည်။
“ဒါဆိုလည်း ငါတို့ကလည်း မင်းကိုကူညီပေးရုံပေါ့!”
ဘုန်း !
၎င်းတို့သည်လည်း ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများကို အသုံးပြုကာ တစ္စေဓားအမတရှင် နှင့် တိုက်ခိုက်ကြလေသည်။
၎င်းတို့ အသုံးပြုခဲ့သော စွမ်းအားများသည် ဧကရာဇ်မင်းမြတ်ထက်ပင် သာလွန်သည်။ကျပန်း လက်ဝါးတချက်နဲ့တင် မိုင်ထောင်နှင့်ချီ ပျက်စီးသွားနိုင်သည်။
၎င်းတို့၏ လက်ဝါးထဲတွင် ကိုင်စွဲထားသည့် နိယာများသည် ဤကမ္ဘာကြီး၏ အခြေခံမူများကို အလိုအလျောက် ဝါးမြိုပစ်နိုင်သည်။
ဤသို့ဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ပွဲကြီးသည် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။
…..
နောက်ဆုံးတွင်၊ တစ္စေဓားအမတရှင်သည် ထိုလူများကို အနိုင်ယူခဲ့သော်လည်း ၊ သူကိုယ်တိုင်လည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။
ဒဏ်ရာများဖြင့် ကျောက်တုံးပေါ်တွင် လဲလျောင်းနေပြီး ၊ သူ့ မျက်လုံးများသည် စူးချန်ကဲ၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်နေသည် ။
“ငါ့ဘဝကို မင်းဘယ်လို ခံစားရလဲ?”
စူးချန်ကဲ အံ့အားသင့်သွားသည်။
“ လူကြီးမင်း ၊ ကျွန်တော်ကို မြင်ရတာလား”
“ မင်းကို ငါ ခေါ်လာတာလေ ၊ ငါက ဘယ်လိုလုပ် မမြင်ဘဲ နေမတုန်း?”
“ဒါပေမယ့် မင်းက ငါ့ဘဝအတွက် အထူး ကြည့်ရှုသူလေ ၊ ထုံးစံအတိုင်း မင်းကို အနှောင့်အယှက် မပေးဘဲ ပျော်ရစေမယ်လေ “
“ လူကြီးမင်း ၊အနက်ရောင် ဝတ်စုံနဲ့ လူတွေက..”
ဤမေးခွန်းသည် သူ့အတွက် အရှုပ်ထွေးဆုံးမေးခွန်းပင် ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် သူသည် ၎င်းတို့ထံမှ ရင်းနှီးသော အငွေ့အသက်ကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။
သူ အရင်က ကိုင်တွယ်ဖြေရှင်းခဲ့ဖူးသည်မှာ သေချာသည်။
“အဲ့ဒီကောင်တွေလား?”
တစ္စေဓားအမတရှင်က ခေါင်းတယမ်းယမ်းဖြင့် ပြုံးလိုက်ရင်း။
“ဒီကောင်တွေရဲ့ နာမည်တွေကို ငါလည်း မေ့နေပြီ…ကောင်းကင်လမ်းစဉ်နဲ့ သက်ဆိုင်တယ်..”
“ကောင်းကင်လမ်းစဉ်?”
“ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ လား?”
တစ္စေဓားအမတရှင်သည် အနည်းငယ် အံ့အားသင့်သွားပြီး ပြုံးပြုံးလေး ဆိုလိုက်သည်။
“အခုတော့ နာမည်ပြောင်းသွားပြီလား?”
“နာမည်ကလည်း အရင် နာမည်လောက်တောင် မလွှမ်းမိုးနိုင်သလိုပဲ…”
“ ဟုတ်ပါတယ်လေ ၊ ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ကို လုပ်ခဲ့တာ ၊ အရိုက်မခံရဖို့အရေး မပြောင်းတာကမှ ထူးဆန်းနေဦးမယ်…”
“ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်?”
စူးချန်ကဲ က စိတ်ဝင်တစား မေးလိုက်သည်။
“ ဘယ်လုပ်ရပ်ကို ပြောတာတုန်း?”
တစ္စေဓားအမတရှင်၏ အသက်ရှုသံမှာ အနည်းငယ် အားလျော့နေခဲ့ပြီ ဖြစ်သည်။သူသည် ပြုံးရွှင်စွာ ညည်းညူလိုက်သည်။
“ များလွန်းတယ် ၊ မရဏ ကမ္ဘာကို ဖျက်စီးတယ် ….မြေအောက်ကမ္ဘာကို ပြန်လည် သတ်မှတ်တယ်…ကံကြမ္မာကို ပိတ်ဆို့ပြီး နယ်မြေပြင်ပရန်သူနဲ့ ပူးပေါင်းဆောင်ရွက်တယ်…”
“ကဲပါလေ “
“ဒါတွေကို မင်းသိပါလိမ့်မယ်”
တစ္စေဓားအမတရှင် က ဆက်ဆိုလိုက်သည်။
“ ငါ ကြည့်နေတာ မင်းက ဓားရေးမှာ ပါရမီပါတယ်၊ ငါ့ ဘဝတစ်လျှောက်လုံး သင်ယူခဲ့ရတာတွေကို ဘယ်သူ့ကို လွှဲပေးရမှန်းမသိဘူး ဖြစ်နေတာ ဒါပေမယ့် ကောင်လေး မင်းက ငါ့ကို ဆွဲဆောင်နိုင်တယ် “
“မင်း ငါ့ တပည့် လုပ်ပါ့လား?”
“ငါ့ ဘဝတစ်လျှောက်လုံး သင်ယူခဲ့သမျှတွေကို မင်းကို ပေးမယ့်အပြင် ငါ မင်းကို ထပ်ပြီး လမ်းပြပေးမယ်လေ ဘယ်လိုလဲ?”
အပိုင်း(၂၄၄): ပွဲစဖို့ အဆင်သင့်ပဲလား
“ကျွန်တော် လူကြီးမင်းရဲ့ သဘောထားကိုလက်မခံနိုင်မှာ စိုးရတယ်”
စူးချန်ကဲက တန်းပြီး ငြင်းဆိုလိုက်သည်။
“ဘာလို့လဲ?”
ကျွန်တော် စူးမျိုးနွယ်က ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူပါ ၊လူကြီးမင်းရဲ့တပည့်အဖြစ် မသင့်လျော်မှာ စိုးရတယ်”
“ ကွေးယွမ် သူတော်စင် နယ်မြေ?”
တစ္စေဓားအမတရှင်သည် ထိုစကားကို ကြားသည်နှင့် အံ့အားသင့်သွားသည်။
ထိုတိုက်ပွဲတုန်းက ကွေးယွမ် သူတော်စင် နယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းဆောင်ရည်ကို သူ သိထားသည်။
“ဒါဆိုမင်း ကျန့်ရှင်း ကိုသိလား?”
“ခင်ဗျားပြောတာ ကျန့်ရှင်းဘိုးဘေးလား?”
“ဘိုးဘေး…လက်စသတ်တော့ သူတောင် ဘိုးဘေးတစ်ယောက် ဖြစ်နေခဲ့ပြီလား”
တစ္စေဓားအမတရှင်သည် သက်ပြင်းချလေသည်။သူ ဓားရေးတွင် အောင်မြင်စဉ်အချိန်ခါက ၊ကျန့်ရှင်း နှင့် ဓားရေးဖလှယ်ရန် သွားရှာခဲ့ဖူးသည်။သို့သော် ဆိုးရွားသော ရှုံးနိမ့်မှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
သူ၏ သုံးကွက်တည်းနဲ့တင် ရှုံးနိမ့်ခဲ့ရသည်။
ယနေ့အချိန်အထိ ချူးကျန့်ရှင်း၏ စကားများက သူ့စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင် ဖြစ်သည်။
“မင်းမဆိုးဘူး၊ လူငယ်တွေကြားထဲမှာ ငါ့ရဲ့ ဓားသုံးကွက်ကို ခံနိုင်ရည်ရှိတာ မင်းက ပထမဦးဆုံးပဲ “
အဲဒီတုန်းက ထိုစကားလုံးများက သူ့ကို စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့သည်။ဒါပေမဲ့လည်း သူ့ကိုမှ အနိုင်မတိုက်နိုင်တာ ဘာတတ်နိုင်မှာလဲ?
“ ဒီကလေးက ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ…”
တစ္စေဓားအမတရှင်သည် စူးချန်ကဲအား သံသယဖြင့် ကြည့်နေသည်။
“ ချူးကျန့်ရှင်း က တစ်ချိန်က ပထမ သူတော်စင် တစ်ပါးပဲ ၊ ဘယ်လိုလုပ်ပြီး ဆက်ခံသူ ထွက်လာတာတုန်း?”
“ဒီကလေးက ချူးကျန့်ရှင်း ထက် ပိုကြောက်စရာ ကောင်းနေသလား?”
“ထားလိုက်ပါတော့လေ”
တစ္စေဓားအမတရှင်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည် ။
“ဒါကလည်းကံကြမ္မာပဲ “
သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုချပြီးနောက်၊ စူးချန်ကဲကို ကြည့်ကာ ထပ်ဆိုလိုက်သည်။
“မင်းက ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ ဆိုမှတော့ ၊ ငါ့ တပည့် မလုပ်ခိုင်းတော့ဘူး “
“မင်း ငါ့ရဲ့ အမွေအနှစ်နဲ့အတူ ရှေ့ဆက်ပြီး တောက်ပနိုင်မယ်လို့ မျှော်လင့်ပါတယ်”
တစ္စေဓားအမတရှင်သည် သူ့လက်ညိုးဖြင့် ညွှန်ကြားလိုက်သည်။
ရွှမ်း——
စူးချန်ကဲ၏ နတ်အသိစိတ် ပင်လယ်ထဲသို့ အလင်းတန်းတစ်ခု ချက်ချင်းလက်ငင်း ဝင်ရောက်သွားသည်။
“ မခုခံနဲ့ ၊ ဆက်ပြီး တကယ့်တိုက်ပွဲမှာ ငါ တစ်သက်လုံး သင်ယူခဲ့ရတဲ့ လေ့လာမှုတွေကို မင်းဆီ အပြီးအပိုင် လွှဲပေးမယ် “
......
သင်္ချိုင်းဓားကိုးတောင် အတွင်း။
စူးချန်ကဲသည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
စောနက အဖြစ်အပျက်များသည် အချိန်ကြာမြင့်ခဲ့သော မြင်ကွင်းများ ဖြစ်ခဲ့သော်လည်း ၊ လက်တွေ့တွင် စက္ကန့်ပိုင်းမျှသာ ရှိသေးသည်။
“စူးဝေ ၊မင်းသေချာစဉ်းစား ဓားသေတ္တာကို ငါ့ဆီလွှဲလိုက်”
မျဲ့ရှင်းဘိုးဘေးက ဒေါသတကြီးဖြင့် ထပ်အော်လိုက်ပြန်သည် ။
“ ဒါက မင်းရှင်သန်နိုင်မယ့် တစ်ခုတည်းသောလမ်းပဲ”
“ နောင်ကြီး စူးဝေ ၊ ငါ့တစ္ဆေနတ်ဘုရားကျောင်း ရဲ့ ဆုံးရှုံးနစ်နာမှုတွေကို မင်း သေချာစဉ်းစားသင့်တယ်”
“ခွေးစကားတွေ! ဓားသေတ္တာက တောင်တန်းစားဖွယ်စုံရဲ့ အပိုင်ပဲ !”
ထိုလူများကို ကြည့်ရင်း ၊စူးချန်ကဲ အတော်လေး ရယ်ချင်မိသည်။
အထူးသဖြင့် တောင်တန်းစားဖွယ်စုံ အဆောက်အဉီး၏ ပိုင်ရှင်ဟောင်းများသည် လက်ရှိ ပိုင်ရှင်အမျိုးသမီး သေဆုံးသွားသည်နှင့် အာဏာသိမ်းရန် ဆုံးဖြတ်ခဲ့ကြပုံရသည်။
ထိုအချိန် ၊ တစ္စေဓားအမတရှင်၏ အသံသည် သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။
“ ကြည့်ရတာ ဒီအကောင် တသိုက်က ဓားသေတ္တာကို မျက်စိကျနေသေးတာပဲ “
“အဲ့လိုဆိုမှတော့ ၊ မင်းတို့ရဲ့ အဘိုး ငါက မင်းတို့ရဲ့ ခြေကို ရိုက်ချိုးပေးရုံပေါ့”
ရွှမ်း——
မူလက တိတ်ဆိတ်နေသော ဓားတောင်တန်းများထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ ကောင်းသော ရောင်ဝါလှိုင်းများသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက် ပြေးဝင်လာကြသည်။
ဤမြင်ကွင်းသည် လူတိုင်းကို ဆွံ့အသွားစေပြီး ထူးဆန်းနေကြသော အမူအရာများဖြင့် ကြည့်နေကြသည်။ နတ်အလင်းများက စူးချန်ကဲ၏ ခန္ဓာကိုယ်ပေါ်တွင် တဖျပ်ဖျပ် တောက်ပနေသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ထိုရောင်ဝါ၏ ကောင်းချီးပေးမှုနှင့်အတူ ၊ စူးချန်ကဲ၏ ရောင်ဝါမှာ အဆက်မပြတ် တိုးသထက် ပိုတိုးလာသည်။
“ ဒါ ဘာဖြစ်သွားတာလဲ!?”
လူတစ်ဦး၏ အာမေဋိတ်သံအောက်တွင် ၊စူးချန်ကဲ၏ ခန္ဓာကိုယ်သည် ဝေဟင်ပေါ်သို့ ဖြည်းညှင်းစွာ တတ်သွားပြီး ဤနေရာတစ်ခုလုံးကို နှိပ်ကွပ်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ရောင်ဝါများကို ထုတ်လွှတ်နေသည်။
စူးချန်ကဲပင်လျှင် အလွန်တုန်လှုပ်သွားသည်။ အကြောင်းမှာ ဤစွမ်းအားသည် သူနှင့် လုံးဝ မသက်ဆိုင်ဘဲ ပြင်ပကမ္ဘာ၏ ကောင်းချီးပေးမှုမှ ရောက်ရှိလာသော အရာပင်ဖြစ်သည်။
“လူကြီးမင်း ဒါက…”
“စိတ်မပူနဲ့ ၊ ဒီစွမ်းအားက မင်းအတွက် ဘာဘေးထွက်ဆိုးကျိုးမှ ရှိလာမှာ မဟုတ်ဘူး ၊မင်းခန္ဓာကိုယ် အနေနဲ့ ပင်ပန်းနွမ်းနယ်စေရုံလောက်ပဲ ခံစားရလိမ့်မယ် “
တစ္စေဓားအမတရှင်က အပြုံးမပျက် ထပ်ဆိုလိုက်သည်။
“ မင်း ပွဲစဖို့ အဆင့်သင့် ဖြစ်ပြီလား”
အချိန်အတိုင်းအတာတစ်ခုအထိ၊ ထိုကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားသည် ဤနေရာရှိ လေထုကို ကန့်သတ်ချုပ်ကိုင်ထားသည်။ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက်ချင်းစီတိုင်းက စူးချန်ကဲကို စိုက်ကြည့်နေကြသည်။
ဤစွမ်းအားသည် သူတို့လို ဧကရာဇ်မင်း တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်များကိုတောင် ကြောက်ရွံ့ထိတ်လန့်သွားစေသည် ။
“စူးဝေ၊ မင်းက ငါတို့ရန်သူဖြစ်လာဖို့ ဆုံးဖြတ်လိုက်ပုံပဲ!”
အေးစက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။မျဲ့ရှင်းဘိုးဘေးသည် တစ်စုံတစ်ခု မူမမှန်ကြောင်းကို ဦိးစွာ သတိပြုမိခဲ့သည်။
သူသည် ကြောက်မက်ဖွယ်ရာ ကောင်းသော မှော်စွမ်းအားများကို အသက်သွင်းခဲ့ပြီးနောက်တွင် ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော တိမ်မဲကြီးတစ်ခု သူ့နောက်တွင် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ၊ တစ္စေအရိပ်သွင်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ဤနေရာတစ်ခုလုံးကို ကန့်သတ် ထိန်းချုပ်ပစ်လိုက်သည်။
ဘုန်း!!
၎င်းထံမှ တုနှိုင်းမဲ့ စွမ်းအားများ ထွက်ပေါ်လာသည်နှင့် ၊ သူ့နောက်က တစ္စေအရိပ်သွင်ကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းသော လှံတစ်ချောင်းကို ဆင့်ခေါ်ခဲ့သည်။
လှံတစ်စင်းသည် လေကို ခွင်းကာ ထွက်ပေါ်လာခဲ့သည်။သူ လာရာ လမ်းတစ်လျှောက် အနက်ရောင် အခိုးအငွေ့များသာ ကျန်ရစ်နေခဲ့သည်။
သူသည် စူးချန်ကဲကို တတ်နိုင်သမျှ မြန်မြန် ရှင်းပစ်ကာ ဓားသေတ္တာကို ယူချင်ခဲ့သည်။
“မျဲ့ရှင်း မင်းလုပ်ရဲလား!?”
ကွေးယာ ဘိုးဘေး သည် ၎င်း၏ တိုက်ခိုက်မှုကို တားဆီးချင်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုသည် စူးချန်ကဲထံသို့ ရောက်သွားခဲ့လေပြီ။
သို့သော် စူးချန်ကဲသည် တုန်လှုပ်ခြင်းမရှိ ငြိမ်သက်စွာ ရပ်နေသည်။
ဝုန်း!!
ကြောက်မက်ဖွယ်ရာ ကောင်းသော လှံတံသည် စူးချန်ကဲ၏ ခန္ဓာကိုယ်အား တိုက်ရိုက် ထိုးဖောက်ရန် ရောက်ရှိလာခဲ့ပြီပင်။
ကြောက်ခမမ်းလိလိ ရောင်ဝါများက ကျယ်ပြောလှသော ဧရိယာတစ်ဝှမ်းလုံးကို လွှမ်းခြုံသွားသည်။
သို့သော် စူးချန်ကဲ နှင့် ထိတွေ့မိသည့်အခိုက်တွင် ထိုအနက်ရောင်လှံမှာ နားမလည်နိုင်သော စွမ်းအားတစ်ခုကြောင့် ကွဲကြေသွားသည်ကို တွေ့လိုက်ရပြီး ၊ လူတိုင်း ထိတ်လန့်သွားကြသည်။
ဤကြောက်စရာကောင်းသော စွမ်းအားသည် တဖက်လူ၏ လှံကို ကွဲကြေသွားစေခဲ့ပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရသည်။
“ဒါက…..”
ဧကရာဇ်မင်း တစ်ပိုင်း ၏ တိုက်ခိုက်မှုသည် စူးချန်ကဲအပေါ်သို့ အဘယ့်ကြောင့် သက်ရောက်မှု မရှိခဲ့လေသနည်း။
ဒါကို ပါရမီရှင် တစ်ဦးလို့ ခေါ်လို့ရပါဦးမလား?
ဒါမှမဟုတ် အသေသတ်ဖို့ မဖြစ်နိုင်တဲ့ လူ့ဘီလူး လို့ မှတ်ယူရမလား?
“ဟွင်မန့် ထျန်းတိ့!”
ထိုအချိန် ၊ ဟွင်ထျန်း ဘိုးဘေးသည်လည်း ထိုတိုက်ပွဲတွင် ပါဝင်စွက်ဖက်ဖို့ ရွေးချယ်ခဲ့ပြီး ၊ စူးချန်ကဲကို ဖမ်းဆီး နှိမ်နှင်းလိုခဲ့သည်။
နောက်ထပ် ကြောက်စရာကောင်းသော စွမ်းအား တစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊ ကျင့်ကြံမှု အားနည်းသော လူတစ်ချို့ကိုပင် အသက်ရှုကြပ်သွားစေသည်။
“ လာတာ ကောင်းတယ် “
“ ငါ မင်းကို ပထဆုံး သင်ပေးမှာက ထိုက်ရွှီဓား သိုင်းကွက်ပဲ “
တစ္စေဓားအမရှင်၏ အသံသည် စူးချန်ကဲ၏ စိတ်နှလုံးသားထဲ၌ ထပ်မံ ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် ကျင့်စဉ်တစ်ခုသည် သူ၏ နတ်အသိစိတ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
စူးချန်ကဲ၏ လက်ချောင်းများသည် လှုပ်ရှားလာခဲ့ပြီး ၊ သူသည် တစ္စေဓားအမတရှင်၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
စူးချန်ကဲ၏ လက်ချောင်းထိပ်များမှ အဆုံးမရှိသော ထက်မြက်သော ဓားစွမ်းအင်များကို ထုတ်လွှတ်နေပြီး ၊စူးရှသော ဓားအလင်းသည် ကောင်းကင် တစ်ခွင်လုံးကို လွှမ်းခြုံသွားပုံရသည်။
ဂလက်ဆီနှင့်တူသော ဓားစွမ်းအင်တစ်ခုသည် ပျံ့နှံ့နေသော အနက်ရောင် အခိုးအငွေ့များကို ထိုးဖောက်ဝင်ရောက်သွားသည်။
“ ရှောင်ကြ !!”
တစ္စေနတ်ဘုရားကျောင်း၏ သခင်ဖြစ်သူမှာ ထိတ်လန့်နေပုံရသည်။သို့သော် ထိုစွမ်းအားသည် ၎င်းတို့ကဲ့သို့သော ကြည့်ရှုသူများကိုပင် ထိခိုက်စေခဲ့သည်။
ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင်သည် ဒြပ်မဲ့အလား လူတိုင်းကို အခြားရှုထောင့်ကမ္ဘာသို့ ခေါ်ဆောင်သွားခဲ့ပုံရသည်။
“ ဆင်းလာစမ်း!”
စူးချန်ကဲသည် သူ၏ လက်ချောင်းများကို အောက်သို့ နိမ့်ချလိုက်သည်။
ထိုကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင်သည် သူ့အသက်ကို ပေးဆောင်ထားသည့်အတိုင်း မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့ပြီး ဤနေရာတစ်ခုလုံးကို နှိပ်ကွပ်ထားသည်။
ထိုဓားအလင်း၏ ရှေ့တွင်၊ဟွင်ထျန်း ဘိုးဘေးသည် ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားခဲ့ရသည်။သူသည် ဒေါသကြီးစွာဖြင့် ဟစ်အော်လိုက်သည်။
သူ့နောက်တွင် ကြောက်ဖို့ကောင်းသော ရှိးလော် ပုံရိပ် ထွက်ပေါ်လာသည်။
“ရှိုးလော် အမျက်ဒေါသ”
T/N - ရှိုးလော် နတ်ဘုရား- စိတ်တိုလွယ်ပြီး ရန်လိုသူ၊ ရဲရင့်ပြီး တိုက်ခိုက်ရန် အားကောင်းသူ ၊ ဒေဝ နတ်ဘုရား ရှစ်ဆူအနက်မှ တစ်ပါး
ချက်ချင်းပင်လျှင်၊ ရှိုးလော်၏ ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်အလင်းတန်းများဖြင့် ပြိုးပြိုးပျက်ပျက် တောက်ပလာခဲ့သည်။
ဧရာမ ရှိုးလော် ပုံရိပ်ကြီးသည် သူ့လက်ဖဝါးကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။
တခဏချင်းမှာပင် ၊ အဆုံးမရှိသော တစ္ဆေစွမ်းအင်များ လှိုင်လှိုင် ထလာခဲ့သည် ။
ရှိုးလော်သည် ထိုဓားအလင်းကို လုံးလုံးလျားလျား ပိတ်ဆို့ရန် ကောင်းကင်ကို သူ့ လက်ဖြင့် နှိပ်ကွပ်ထားသည်။
သို့သော် သူသည် ဓားစွမ်းအားကို လျှော့တွက်မိခဲ့သည်။ ဓားအလင်းသည် အရာအားလုံးကို ချေမှုန်းနိုင်စွမ်း ရှိပုံပေါက်သည်။
ဟွင်ထျန်းဘိုးဘေးအနေဖြင့် သူ့ခွန်အားများ အဆက်မပြတ် တိုးလာနေသည်မှာ သိသာထင်ရှားသော်လည်း၊ ရှိုးလော်၏ ပုံသဏ္ဍာန်သည် ဖြည်းဖြည်းချင်း ပြိုကျပျက်စီးလာခဲ့သည်။
“အဟွတ်….!”
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ၏ဒူးများကို ကွေးညွှတ်သွားစေခဲ့သည်။
ဟွင်ထျန်း ဘိုးဘေး၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့ပြီး ၊ သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့သည်။
“သခင်လေး ၊အသက်ကို ချမ်းသာပေးပါ!”