← Chapters

အခန်း (၂၄၅-၂၄၉)

Vol. 18 Ch. 245-249

အခန်း (၂၄၅-၂၄၉)

Vol. 18 Ch. 245-249

အပိုင်း(၂၄၅): မရဏကမ္ဘာကို လွှမ်းမိုးထားနိုင်ခဲ့တဲ့ နံပါတ် ၁....

“ဘယ်လိုလဲ မသတ်ချင်တော့ဘူးလား”

တစ္စေဓားအမတရှင်သည် ပြုံးကာ ဆိုလေသည်။

“ ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် သူ့နောက်က အင်အားစုတွေက မင်းကို ရှာပြီး စာရင်းရှင်းမှာကို စိုးရိမ်လို့ “

“လာရှာသမျှ ပြန် သတ်ပစ်ရုံပေါ့ “

စူးချန်ကဲ က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

“ မဆိုးဘူး မင်းရဲ့စရိုက်ကို ငါကြိုက်တယ်”

၎င်းသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ခြယ်လှယ်ကာ ဓားစွမ်းအင်ကို အသက်သွင်းလိုက်သည်။

တောက်ပသော ဓားအလင်းသည် တိုက်ရိုက်ပေါက်ကွဲထွက်ပေါ်လာသည်။ စူးရှသော ဓားစွမ်းအင်သည် လေထုအလွှာများကို အလွှာလိုက် ကွဲအက်သွားစေသည်။

ဤနေရာရှိ နိယာမတရားများ အားလုံး လုံးလုံးလျားလျား ပျက်သုဉ်းသွားခဲ့လေပြီ ။

“ ဟွင်ထျန်း သေပြီ...?”

ဘေးနားတွင် ရှိနေခဲ့ကြသော ဧကရာဇ်မင်း တစ်ပိုင်း အဆင့် ပုဂ္ဂိုလ်များ အားလုံး ထိတ်လန့်သွားကြသည်။သူတို့သည် ဤနေရာရှိ ကျင့်ကြံလောကတွင် အထွတ်အထိပ် အဖြစ် ရပ်တည်နေသော ပုဂ္ဂိုလ်များပင် ဖြစ်သည်။

သို့သော် ဤအခိုက်အတန့်တွင်မူ ၊ အငယ်တစ်ယောက်၏ ရှေ့တွင် သူတို့သည် စစ်မှန်သော အမတရှင် တစ်ပါးနှင့် ရင်ဆိုင်နေရသလိုပင်။

စူးချန်ကဲသည် မျဲ့ရှင်း ဘိုးဘေး၏ ဦးတည်ရာဘက်သို့ တချက်လှည့်ကြည့်လိုက်သည်။သူ၏ မျက်ဝန်းထဲတွင် စူးရှသော ဓားအလင်းတန်းများဖြင့် လင်းလက်နေပြီး ၊ သူ၏ လေသံမှာ တစ္စေဓားအမရှင်၏ လေသံအတိုင်း တစ်ထပ်တည်း ကျနေသည်။

“ခွေးလို ကျင့်ကြံနေတဲ့ လူတစ်စုက နောက်မျိုးဆက်သစ်အပေါ် ခုလို လက်ပါရဲတာ သေသင့်တယ်”

သူ၏ စကားအဆုံးတွင် ၊ တစ္စေဓားအမတရှင်သည် စူးချန်ကဲ၏ ခန္ဓာကိုယ်ကို တစ်ဖန် ထိန်းချုပ်ကာ ဓားဖြင့် လွှဲယမ်းလိုက်သည်။

တခဏအတွင်းမှာပင် ၊ မရေမတွက်နိုင်သော ဓားအရိပ်များ ပေါ်လာပြီး ကောင်းကင် တစ်ခွင်လုံး ဖုံးလွှမ်းသွားခဲ့သည်။ထို့နောက် သမုဒ္ဒကြီးအလား ကျယ်ဝန်းသည့် ဓားအလင်းများ ရိုက်ခတ်သွားသည်။

တစ္စေတောင်မှ မျဲ့ရှင်း ဘိုးဘေးသည် ဒေါသကြီးစွာ နှာတချက်မှုတ်ထုတ်လိုက်ပြီး သူ၏ လက်ဖဝါးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အမှောင်စွမ်းအင်များကို စုဝေးလိုက်သည်။

တစ္ဆေစွမ်းအင်များ တိုးလာသည်နှင့်အမျှ ၊ မျဲ့ရှင်းဘိုးဘေး၏ လက်ပေါ်တွင် အလွန် မှောင်မိုက်သော နေတစ်စင်း ကဲ့သို့ စွမ်းအင်လုံးကြီး ထွက်ပေါ်လာခဲ့သည်။၎င်းအထဲတွင် အလွန် အေးစက်သော တစ္စေစွမ်းအင်များ ရှိနေသည်။

၎င်းသည် အရာအားလုံးကို ဝါးမျိုပစ်တော့မည့်ဟန်ဖြင့် ရှိနေသည်။

“ဒီအကွက်ကို ဓားအက္ခရာ သိုင်းကွက်လို့ ခေါ်တယ် “

“မင်း ကောင်းကောင်း ကြည့်ထား”

စူးချန်ကဲ စိတ်ထဲတွင် ကျင့်ကြံနည်းများ ထပ်မံ ဝင်ရောက်လာခဲ့သည်။

တစ္စေဓားအမတရှင်သည် စူးချန်ကဲ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ထပ်မံ လှုပ်ရှားလိုက်သည်။

သူသည် ဓားကို မြှောက်တင်လိုက်ပြီး ခုတ်ချလိုက်သည်နှင့် ၊ အဆုံးမရှိသော အက္ခရာများသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲမှ စီးဆင်းထွက်ပေါ်လာခဲ့သည်။

ထိုအက္ခရာများထဲတွင် ကြောက်စရာကောင်းသော ဓားစွမ်အင်များဖြင့် ပြည့်နှက်နေပြီး ၊ ဓားစွမ်းအင်များသည် လေထုအလွှာကို ထောင်လိုက် အလျားလိုက် ဖြတ်တောက်ပစ်လိုက်သည်။

အဆုံးမရှိသော အက္ခရာများသည် ပြိုင်ဘက်ကင်း ဓားစွမ်းအင် မုန်တိုင်းတစ်ခုအဖြစ်သို့ စုဝေးသွားကြပြီး မျဲ့ရှင်းဘိုးဘေးထံသို့ ဦးတည်သွားသည်။

ချွင် —

အက္ခရာတစ်ခုမျှသာ ဖြစ်သော်လည်း ၊ ပေါက်ကွဲသွားသော ဓားအရှိန်သည် ယခင်က ဓားမုန်တိုင်းထက် ပိုမိုပြင်းထန်သည်။

“အငယ်တစ်ယောက်က ဒီလောက်ထိ မော်ကြွားနေတယ်ပေါ့!”

တဖက်လူသည် သူ့မြေးကို သတ်ပစ်ရုံတင်မကဘဲ ယခု သူ့ဂုဏ်သိက္ခာကိုတောင် စော်ကားနေပြန်သည်။

၎င်းသည် အမျက်ဒေါသနှင့်အတူ စွမ်းအားများကို အဆုံးစွန်ထိ ပေါက်ကွဲပစ်လိုက်သည်။ ဧရာမ စွမ်းအင်လုံးကြီးနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် အလင်းတန်းများ ရောင်ပြန်ဟပ်လို့သွားသည်။

နှစ်ဖက်အဖွဲ့ ပြင်းထန်စွာ ထိပ်တိုက် ဆုံတွေ့ခဲ့လေသည်။

သို့သော် ဓားအက္ခရာများသည် အမှောင်စွမ်းအင်လုံးကြီးထဲသို့ ဝင်ရောက်သွားသည်နှင့် ၊၎င်းဧရာမ စွမ်းအင်လုံးကြီးမှာ ကွဲအက်စပြုလာခဲ့သည်။

ထို့နောက် ပြိုကျပျက်စီးသွားပြီး ၊အရာအားလုံးကို ပြာ အဖြစ် ပြောင်းလဲသွားစေခဲ့ပုံရသည်။

ခဏလေးအတွင်းမှာပင် ၊ ဧရာမ စွမ်းအင်လုံးကြီးမှာ တိုက်ရိုက် ဖျက်စီးခံလိုက်ရမှန်း လူတိုင်း မြင်လိုက်ရသည်။

“မကောင်းတော့ဘူး!!”

ထိုအချိန် ၊ မျဲ့ရှင်းဘိုးဘေးသည် အာမေဋိတ်သံပြုလိုက်သည်။

ကြောက်စရာကောင်းသော ဓားအက္ခရာများသည် သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့ချေပြီ။

“ ဖောက် “

စူးချန်ကဲ၏ အေးစက်သော အသံ ထွက်ပေါ်လာပြီး နောက်တွင် ၊ မျဲ့ရှင်းဘိုးဘေး၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် တောက်ပသော အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဆက်တိုက် ဖြိုခွင်းနေခဲ့ပုံ ရပေသည်။

“အားးးအားး...!!”

တစ်ကိုယ်လုံး ကွဲကြေသွားသော နာကျင်မှုကြောင့် မျဲ့ရှင်းဘိုးဘေးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ကောင်စုတ်လေး!!”

“ အတူတူသေကြတာပေါ့!!”

မျဲ့ရှင်း ဘိုးဘေးသည် ဒေါသတကြီးဖြင့် ကျိန်ဆဲခဲ့ပြီး ၊ သူ၏နောက်ဆုံး စွမ်းအားများနှင့်အတူ အစွမ်းကုန် ပေါက်ကွဲခဲ့လေရာ အနက်ရောင် မီးလျှံများ က သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံး တဟုန်းဟုန်း လောင်မြိုက်ပစ်ခဲ့လေသည်။

ထို့နောက် ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေအသွင်အဖြစ်သို့ ပြောင်းလဲသွားပြီး စူးချန်ကဲထံသို့ ပြေးဝင်သွားသည်။

တစ်ဖက်က စူးချန်ကဲမှာမူ ၊ မလှုပ်မယှက် ရပ်နေဆဲပင် ဖြစ်သည်။သူသည် သေခံနီးချိန်တောင် ရုန်းကန်နေသော မျဲ့ရှင်း ဘိုးဘေးအား အေးဆေး စိုက်ကြည့်နေသည်။

စူးချန်ကဲထံသို့ လျင်မြန်စွာ ရောက်လာခဲ့ချိန်တွင် မျဲ့ရှင်း ဘိုးဘေး၏ နောက်ဆုံးစွမ်းအားသည် ဓားအက္ခရာတို့၏ သုတ်သင်ခြင်းကို အပြီးတိုင် ခံလိုက်ရချေပြီ ။

သူ့ခန္ဓာကိုယ် တစ်ခုလုံး လေထဲတွင် ဖြည်းညှင်းစွာ ကွဲအက်သွားပြီးနောက် အနက်ရောင် မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲကာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

၎င်း၏ ခန္ဓာကိုယ် လုံးလုံးလျားလျား ပျောက်ကွယ်သွား‌သော နေရာတွင် လေ‌ထဲတွင် လွှင့်မျောနေသော အက္ခရာများကိုသာ မြင်တွေ့ရတော့သည်။

၎င်းအက္ခရာများသည် ညင်သာစွာ တုန်ခါသွားကြပြီး စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။

“မျဲ့ရှင်း...လည်း သေပြီ...?”

စူးချန်ကဲသည် ဝေဟင်ပေါ်တွင် ရပ်နေသည်။ဤကိစ္စှမှာ နိဂုံးချုပ်ခဲ့ပြီ ဖြစ်ကြောင်း ယုံကြည်သူတိုင်း ရင်တဒိတ်ဒိတ်ဖြင့် ရှိနေကြသည်။

ဧကရာဇ်မင်း တစ်ပိုင်းအဆင့်!

ဧကရာဇ်မင်းမြတ် တစ်ပါးအဖြစ် အပြီးတိုင် ဖြစ်ရန် နယ်ပယ်အ‌ဆင့် တစ်ခုသာ ကျန်ရှိတော့သည်။

ဒဏ္ဍာရီထဲက အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်အဖြစ် အနှိုင်းမဲ့ ဖြစ်တည်မှု ဖြစ်လာတော့မည့် ပုဂ္ဂိုလ်နှစ်ဦးလုံးကို တပြိုင်နက်တည်း သေဆုံးစေခဲ့သည်။

စူးချန်ကဲသည် တစ္စေနတ်ဘုရားကျောင်း၏ အရှင်သခင် နှင့် တောင်တန်းစားဖွယ်စုံ ပိုင်ရှင်ဟောင်းလေးဦးကို တချက် ကြည့်လိုက်သည်။

ထိုအကြည့်က သူတို့ကို ပိုလို့တောင် တုန်လှုပ်သွားစေသည်။

“ သခင်သစ် ၊ ကျွန်တော်တို့က ကူညီဖို့အထူးတလည် ရောက်လာခဲ့တာပါ”

ရှန်းဟိုင် ပိုင်ရှင်ဟောင်းသည် သူ့ရင်ထဲက ကြောက်ရွံ့မှုကို နှိမ့်ချပြီး ဆိုလိုက်သည်။

“ကျွန်တော် ဒီကိုလာတာ ၊ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူး!”

စူးချန်ကဲက ထိုစကားကို ကြားတော့ လှောင်ပြုံး ပြုံးလေသည်။ ၎င်း၏ မျက်နှာပေါ်တွင် အကြံဆိုးများက အတိုင်းသား ပေါ်နေသည်။

ဒါတောင် တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက် မရှိဘူးတဲ့လား?

“မင်းတို့ရဲ့ နတ်အသိစိတ်ထဲ ကျွန် အမှတ်အသား စိုက်ခွင့်ပေးရင် မင်းတို့ကို ငါ လွှတ်ပေးမယ် “

“ဘာ!?”

ကျွန်အမှတ်အသားသည် အလွန် ရှက်ဖို့ကောင်းသော ကိစ္စတစ်ခုပင် ဖြစ်သည် ။ သင်သည် တစ်သက်တာလုံး တစ်ဖက်လူ၏ ကျွန်တစ်ယောက် အဖြစ် နေထိုင်သွားရမှာ ဖြစ်သလို ၊ သင်၏ သေခြင်းရှင်ခြင်းသည် တဖက်လူ၏ အတွေးပေါ်တွင် မူတည်သည်။

“မဖြစ်နိုင်ဘူး၊ တောင်တန်းစားဖွယ်စုံ ပိုင်ရှင် အသက်ရှင်စဉ်တုန်းက ငါတို့အပေါ် ခုလို ကျွန်တံဆိပ် တခါမှ မသုံးခဲ့ဖူးဘူး “

“မင်းဘာလို့ သူနဲ့ စကားအများကြီး ပြောနေမှာလဲ ၊ ဒီကောင် သေချာပေါက် တားမြစ် မှော်အစီအရင်တွေကို သုံးခဲ့တာ ဖြစ်မယ် !”

“သူ အကြာကြီး ထိန်းမထားနိုင်လောက်ဘူး !”

ထိုအချိန် ၊ တစ္စေနတ်ဘုရားကျောင်း၏ သခင်က ထဆိုလိုက်သည်။

ဝေဟင်အထက်တွင် ၊ ဧရာမ တစ္ဆေခေါင်းကြီး တစ်လုံး နှိပ်ကွပ်ရန် ပြုတ်ကျလာခဲ့သည်။

ဦးခေါင်းခွံကြီး ပြုတ်ကျလာသည်နှင့်အမျှ ၊ ဤနေရာတစ်ခုလုံး အလွန် မှိုင်းထိုင်းသွားသည်။

ထိုတစ္စေဦးခေါင်းခွံကြီးသည် မိုင်ထောင်သောင်းချီသော တစ္ဆေစွမ်းအင်များကို ဆွဲငင်ပစ်ခဲ့သည်။

ထင်ရှားသည်မှာ၊ တစ္စေနတ်ဘုရားကျောင်း၏ သခင်သည် ဤအခွင့်အရေးကို ရယူ၍ စူးချန်ကဲကို လုံးဝ တိုက်ခိုက်ခဲ့ပြီ ဖြစ်သည်။

တစ္ဆေနတ်ဘုရားကျောင်း သခင်ဖြစ်သူ၏ တိုက်ခိုက်မှုကို မြင်တော့ ပိုင်ရှင်ဟောင်း လေးယောက်သည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်သည်။

ထို့နောက် တိတ်တိတ်လေး ခေါင်းညိတ်လိုက်ကြသည်။

အသက်ရှင်ချင်တာနဲ့ တစ်ဖက်လူရဲ့ ကျွန်အမှတ်အသား စိုက်ခံမှာလား?

ဒါ သူတို့ကို သတ်လိုက်တာနဲ့ ဘာကွာသွားတုန်း!

ဒီထိရောက်လာမှတော့ ၊ အဆုံးထိ လျှောက်ပေတော့မည်!

သူတို့လေးယောက်လုံး တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် စွမ်းအားများဖြင့် အစွမ်းကုန် ပေါက်ကွဲပစ်ခဲ့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်မှ ထောင်သောင်းမကသော နတ်အလင်းရောင်များကို ထုတ်လွှတ်ကာ စူးချန်ကဲအား လမ်းကြောင်း လေးနေရာ ခွဲ၍ တိုက်ခိုက်လေသည်။

တစ္စေနတ်ဘုရားကျောင်း၏ သခင်နှင့်အတူ ၊တန်ခိုးကြီးမားသော ပုဂ္ဂိုလ်ငါးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုသည် ဧကရာဇ်မင်းမြတ် ပင်လျှင် ခံနိုင်ရည်မရှိမှာကို စိုးရသည်။

သို့သော် စူးချန်ကဲသည် နေရာတွင် ရပ်နေဆဲသာ ဖြစ်သည်။ဤအရာများအတွက် သူ့မှာ အဖြေရှိပေသည်။

“ဒါက နောက်ဆုံးအကွက် “

“ ဓားသေတ္တာကိုးလက် ကို ဘယ်လိုအသုံးပြုရမလဲ ဆိုတာ ငါ မင်းကို ပြမယ် “

တစ္စေဓားအမတရှင်၏ အသံသည် စူးချန်ကဲ၏ စိတ်ထဲတွင် ထပ်မံ ထွက်ပေါ်လာသည်။

“မင်း သေချာ မှတ်ထား “

ယခုအချိန်တွင် ဓားသေတ္တာသည် လုံး၀ အသက်ဝင်လာခဲ့ပုံရသည်။

ဝုန်း--

ပို၍ ပြင်းထန်သော ဓားစွမ်းအင် မုန်တိုင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မုန်တိုင်း၏ ဗဟိုချက်တွင် ရှိနေခဲ့သော ဓားသေတ္တာသည် အလွန်တောက်ပသော ဓားစွမ်းအင်များနှင့်အတူ ပေါက်ကွဲထွက်လာခဲ့သည်။

စူးချန်ကဲသည် သူ၏ညာလက်ကို ဓားသေတ္တာပေါ်သို့ ဖြည်းညှင်းစွာ တင်လိုက်သည်နှင့် ၊ ချက်ချင်းလက်ငင်း-

ကွဲအက်သံ —

ဓားသေတ္တာကြီးမှာ တစ်ဖန် ပွင့်လာခဲ့လေပြီ။ ပြင်းထန်သော စွမ်းအားများနှင့်အတူ ဓားကိုးချောင်းသည် ကျယ်လောင်သော ဓားသွားသံများကို တပြိုင်နက်တည်း ထုတ်လွှတ်ပေးနေသည်။

“ဓား ထစမ်း!”

ဝှစ်—

တခဏချင်းမှာပင် ဓားကိုးစင်း၏ အလင်းတန်းသည် ဤနေရာရှိ ဟင်းလင်းပြင်တစ်ခုလုံးကို အပိုင်းပိုင်း ဖြတ်တောက်သွားသည်။

လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်မှာတော့ ၊

ကြောက်မက်ဖွယ်ရာ ကောင်းသော ရောင်ဝါများကို ထုတ်လွှတ်နေသော ဓားကိုးစင်းသည် စူးချန်ကဲ၏ တစ်ဝိုက်တွင် လှည့်ပတ်နေသည်။

အနည်းငယ် တုန်ခါ‌လိုက်ရုံဖြင့် ဤကမ္ဘာကြီးတစ်ခုလုံး ကွဲအက်သွားစေနိုင်သည်။

ရှေးဟောင်း ဓားကိုးစင်း၏ နာခံမှုအောက်တွင် စူးချန်ကဲသည် အမတလောကမှ ဆင်းသက်လာသော ဓားအမတရှင် တစ်ဦးလိုပင်။

ဤမြင်ကွင်းကို မြင်လိုက်ရသော ပေကျန့် အဘိုးအိုမှာ မျက်ရည်များက မနားတန်း စီးကျလာခဲ့သည်။

သူသည် တစ်စုံတစ်ယောက်ကို မြင်လိုက်ရပုံပေါ်သည်။

သူ့အတွက် ရင်းနှီးကျွမ်းဝင်သော အသွင်အပြင်ကို ထပ်မံ တွေ့လိုက်ရပုံ ပေါ်သည်။

ခန္ဓာကိုယ် ဘေးပတ်ပတ်လည်တွင် ဓားကိုးစင်း ဝန်းရံထားသော ပုံရိပ်သည် တစ္စေဓားအမတရှင်၏ ကျော်ကြားသော သိုင်းကွက်ပင် ဖြစ်သည်။

“ဓားပညာကို နှစ်ထောင်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး၊ မရဏကမ္ဘာကို လွှမ်းမိုးထားနိုင်ခဲ့တဲ့ နံပါတ် ၁....”

“လူကြီးမင်း... တကယ် ခင်ဗျားလား?”

အပိုင်း(၂၄၆): ဆီးနှင်းခဲ ၊မီး၊ လေ၊ မိုးကြိုး

စူးချန်ကဲအား ဝန်းရံထားသော ဓားကိုးစင်သည် လူကို ရင်သပ်ရှုမောဖွယ်ရာ ကောင်းစေသည့် အလင်းရောင်ဖြင့် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

ဓားအလင်းလှိုင်းများက ‌ တသိမ့်သိမ့် ရိုက်ခတ်လို့ နေသည်။

“ဓားသေတ္တာကို အသက်သွင်းနိုင်ရုံနဲ့ မင်းငါ့ကိုအနိုင်ယူနိုင်မယ်လို့ ထင်လား!”

“သေစမ်း!”

တစ္စေနတ်ဘုရား သခင်သည် ဒေါသတကြီးဖြင့် ငေါက်ငမ်းပြောဆိုလိုက်သည်။ထို့နောက် ဦးခေါင်းခွံကြီးသည် ၎င်း၏ သွေးသံရဲရဲ ပါးစပ်ကို ဖွင့် ‘ဟ’ လျက် စူးချန်ကဲအား ဝါးဖို့ ဟန်ပြင်လေသည်။

ထိုပါးစပ်ကြီးသည် အတော်လေး ကြီးမားပုံပေါက်ပေရာ ဤကမ္ဘာတစ်ခုလုံးကို ဝါးမျိုမတတ်ပင်။

“ ဆီးနှင်းခဲ!”

စူးချန်ကဲသည် ထိုစကားလုံး နှစ်လုံးကို ရေရွှတ်လိုက်သည်နှင့် ရှေးဟောင်း ဓားတစ်လက်သည် လေထဲတွင် တရွေ့ရွေ့ လှုပ်ရှားသွားပြီး ၊ ထိုဦးခေါင်းခွံကြီးအား ဖြတ်တောက်ပစ်လိုက်သည်။

အအေးဓာတ် သဘောတရားများ ပါဝင်လေသော ဓားသွားထံမှ ရေခဲတောင်၏ စွမ်းအားအတိုင်း ဖိနှိပ်စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။

ဘုန်း!!

ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်သွားခဲ့ပြီး ဝေဟင်ပေါ်တွင် ခြေရာ ကျန်ရစ်နေခဲ့သည်မှာ ကြယ်စင်သဖွယ် ငွေရောင် အလင်းတန်းများသာ။

မူလက စူးချန်ကဲ ကို တိုက်ခိုက်နေခဲ့သည့် တစ္စေနတ်ဘုရားကျောင်း၏ သခင်ဖြစ်သူမှာ ထိုစွမ်းအားကြောင့် တိုက်ရိုက် လွင့်စင်သွားခဲ့သည်။

ဒါနဲ့တင် မပြီးသေးပေ။ဆီးနှင်းခဲတို့ ပေါင်းစပ်သွားပြီး တုန်လှုပ်စရာကောင်းသော ရေခဲတောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဝုန်း!!

ထို့နောက် တစ္ဆေနတ်ဘုရားကျောင်း၏ သခင် လွှင့်ပျံကျသွားသော ဦးတည်ရာဘက်သို့ တိုက်ရိုက် ပြုတ်ကျသွားသည်။

ကောင်းကင်တစ်ခွင်လုံးရှိ ဆီးနှင်းခဲများသည် နှင်းခိုးမြူကို ဖန်တီးကာ တစ္ဆေနတ်ဘုရားကျောင်း၏ သခင်အား နှိပ်ကွပ်ထားလေသည်။

စူးချန်ကဲ၏ တိုက်ခိုက်မှုမှာ ဒါနဲ့တင် အဆုံးမသတ်သေးပေ။ သူ့ဆီသို့ အပြေးအလွှား ချီတတတ်လာခဲ့ကြသော တောင်တန်းစားဖွယ်စုံ ပိုင်ရှင်ဟောင်းများထံ တချက် ကြည့်လိုက်သည်။

“ မီး ! “

အတွေးတစ်ချက်တည်းဖြင့် သူ့ကို ဝန်းရံထားသော နောက်ထပ်ဓားတစ်စင်းသည် လေထဲသို့ ပျံတက်သွားသည်။

တခဏချင်းမှာပင် ဓားပေါ်၌ မီးလျှံများ တဟုန်းဟုန်း တောက်လောင်သွားသည်။

တောက်လောင်နေသော အပူရှိန်သည် အမှောင်ထုကြီးကို ချက်ချင်း လောင်ကျွမ်းသွားစေခဲ့သည်။

ရွှမ်း!

ရုတ်တရက် လေထဲသို့ ဖောက်ထွင်းဝင်ရောက်လာသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊ ဓားအလင်းသည် မီးလျှံများဖြင့် တဟုန်းဟုန်း တောက်လောက်နေသော ဥက္ကာပျံကဲ့သို့ပင်။

အမှောင်ထဲတွင် မီးရှူးမီးပန်းများ ပွင့်လန်းနေသလိုမျိုး၊ သို့သော် ထိုမီးရှူးမီးပန်းများသည် တောင်တန်းစားဖွယ်စုံ ပိုင်ရှင်ဟောင်းများထံသို့ ဦးတည်ကာ ပြေးဝင်သွားကြသည်။

ထိုမီးပွားများသည် ရောင်ခြည်ဝန်း စက်ကွင်းသဖွယ် ပေါက်ကွဲသွားခဲ့သည်။

“ထျန်းရှင် ကာကွယ် အကွက် !!”

ရှန်းဟိုင် ပိုင်ရှင်ဟောင်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။သူသည် တိုက်စစ်မှ ကာကွယ်ရေးအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲလိုက်သည်။သို့သော်လည်း ဤမျှပြင်းထန်သော ဓားစွမ်းအင်အောက်တွင် သူ၏ လှုပ်ရှားမှုမှာ အသုံးမဝင်ခဲ့ပေ။

သိပ်မကြာမီ ၊ အလွန် ပူပြင်းသော မီးလျှံများသည် တလိပ်လိပ် ရိုက်ခတ်လို့နေကာ အရာအားလုံးကို ပြာအဖြစ် ပြောင်းလဲပစ်တော့မည့် အတိုင်းပင်။

“အစ်ကိုကြီး!!”

“ ကောင်စုတ်လေး ! အစ်ကိုကြီးကို လွှတ်လိုက်စမ်း!!”

ပေဝမ့် ပိုင်ရှင်ဟောင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော မြင့်မားသည့် လှိုင်းလုံးကြီးကို ဆင့်ခေါ်လိုက်သည်။

တိုက်ခတ်လာသော လေပြင်းသံများကြား၊ အားပြင်းသောမုန်တိုင်းမှ မုန်တိုင်းဓားတစ်လက်သဖွယ် စူးချန်ကဲထံသို့ ထိုးဖောက်ဝင်ရောက်လေသည်။

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

“မင်းက လေကို သုံးချင်တာလား? ငါ့မှာလည်း ရှိတယ်”

“ လေ “

ဝီ——

နောက်ထပ် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော ဓားတစ်စင်း ထွက်ပေါ်လာခဲ့သည်။

လမင်းကြီးထံမှ ငွေရောင်အလင်းတန်းများ ဖြာကျလာခဲ့သကဲ့သို့ ‌ထို့နောက်တွင် ကြောက်ဖို့ကောင်းသော အဖျက်စွမ်းအား မုန်တိုင်းကြီး တစ်ခု ဆင်းသက်လာခဲ့သည်။

လူတိုင်း ကောင်းကင်ကို ထိတ်လန့်စွာဖြင့် မော်ကြည့်နေကြပြီး ၊ နှလုံးများပင် ရပ်လုမတတ် ။

ဤဧရိယာကြောတစ်လျှောက် အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသော အရာကြီး တစ်ခု ပြိုကျလာသည်ကို လူတိုင်းမြင်လိုက်ရသည်။

ဟူး——

ပေဝမ့် ပိုင်ရှင်ဟောင်း ဖန်တီးထားသော ဟာရီကိန်းသည် စူးချန်ကဲ ဖန်တီးလိုက်သော မုန်တိုင်း၏ တိုက်ရိုက် စုပ်ယူခြင်းကို ခံလိုက်ရပြီး ၊ စွမ်းအားများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?”

ပေဝမ့်ပိုင်ရှင်ဟောင်းမှာ စိတ်မအေးနိုင်တော့ချေ။ သူသည် ဧကရာဇ်မင်း တစ်ပိုင်းအဆင့်ထိ ကျင့်ကြံနိုင်ခဲ့ပြီး ၊ ဤလေဒြပ်စင်၏ နိယာမတရားများကို နှစ်ပေါင်းများစွာ တိုင်သည့်အထိ လေ့လာခဲ့သည်။ ၎င်းသည် သူ၏ ဝှက်ဖဲဆိုလည်း ဟုတ်ပေသည်။

သို့သော် ယခုတွင်၊ အငယ်တစ်ယောက်၏ အေးအေးလူလူ နှိပ်ကွပ်ခြင်းကို အဘယ့်ကြောင့် ခံလိုက်ရသနည်း။

သူ့အနေဖြင့် စဉ်းစားဖို့ အချိန်တောင် မရလိုက်ချေ။

ကောင်းကင်ယံထက်က လေမုန်တိုင်းဓားသည် တဖန် တုန်ခါသွားပြီး ၊ မြင့်မားသော အမြင့်မှ လေပြင်းများ တိုက်ရိုက် ဆင်းသက်လာသည်။

ထိုမုန်တိုင်းသည် ပေဝမ့် ပိုင်ရှင်‌ဟောင်း တည်ဆောက်ထားသော ဟာရီကိန်း တံတိုင်းကို လှံသဖွယ် ပစ်ခွင်းသွားခဲ့သည်။

ပေဝမ့် ပိုင်ရှင်‌ဟောင်းသည် အစောကြီးကတည်းက ပြင်ဆင်ထားခဲ့သော်လည်း၊ သို့သော် ဤမျှကြောက်မက်ဖွယ်ရာ ကောင်းသော မုန်တိုင်းသည် သူ့ကို တိုက်ရိုက်ဖုံးလွှမ်းသွားခဲ့သည်။

“အားးး...!!”

ဟာရီကိန်း မုန်တိုင်းကြား ကြေကွဲဖွယ်ရာကောင်းသော အသံတစ်ခု ပဲ့တင်ထပ်သွားသည်။

မုန်တိုင်း၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသော ပေဝမ့် ပိုင်ရှင်ဟောင်း၏ အသွင်အပြင်ကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်ရမည် ဆိုပါက ၊ မြင်လိုက်ရသူတိုင်း တစ်ခေါင်းလုံး ထုံကျင်သွားကြမည်မှာ အသေချာပင်။

ဧကရာဇ်တစ်ပိုင်း ပထမအဆင့်ရှိသူ ပေဝမ့်သခင်ဟောင်းပင်လျှင် ခုခံနိုင်စွမ်းမရှိခဲ့သလို ထိုဓားစွမ်းအင်၏ လက်ချက်ဖြင့် အသွေးအသားများ စုတ်ဖြဲခံလိုက်ရသည်။

“ အစ်ကို နှစ် ၊ ကျွန်တော် ကူညီပေးမယ်!”

နမ်ထျန်း ပိုင်ရှင်ဟောင်းသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိပြီး ၊ သူတော်စင်ဧကရာဇ် အထွပ်အထိပ်အဆင့်၏ စွမ်းအား အလုံးစုံကို အသုံးပြုလိုက်သည်။

ရှီဟွား ပိုင်ရှင်ဟောင်းသည်လည်း ပူးပေါင်းပါဝင်လာကာ နေရာခွဲ၍ တိုက်ခိုက်လေသည်။

စူးချန်ကဲ က ဂရုမစိုက်ဟန်ဖြင့် ပြုံးရယ်ကာ ဆိုလိုက်သည်။

“အဲ့လောက်လောနေမှတော့ မင်းတို့နှစ်ယောက်အတွက် ငါ ဓားတစ်လက် ပေးတယ်”

“မိုးကြိုး “

ဂျိန်း——

မိုးခြိမ်းသံ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာသည်။

ကောင်းကင်ယံထက်က လျှပ်စီးမိုးကြိုးများသည် ပင်လယ်ပြင်ကို ရိုက်ခတ်နေသော မိုးကြိုးပင်လယ်ကြီးအလား ။

လျှပ်စီးများက ကောင်းကင်ယံထက်တွင် တဖျပ်ဖျပ် လင်းလက်နေပြီး ၊ ယင်းတို့က မိုးကြိုးနဂါးသဖွယ် ကောင်းကင်၌ တဝဲလည်လည် လှည့်ပတ်နေသည်။

မိုးကြိုးဟောက်သံကို ထုတ်လွှတ်နေသော ဓားတစ်စင်း ဆင်းသက်လာသည်နှင့် လေထုထဲတွင် ကူးခတ်နေသော မိုးကြိုးနဂါးသည် အသက်ဝင်လာပုံရကာ ပိုင်ရှင်ဟောင်း နှစ်ဦးထံသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

“အစ်​ကို ၄ ၊ ကျွန်​​တော်​ သူ့ကို ထိန်းထား​မယ်!”

နန်ထျန်းပိုင်ရှင်ဟောင်းသည် ရှီဟွား ပိုင်ရှင်ဟောင်းအား လှမ်းဆိုလိုက်သည်။

“တတ်နိုင်သမျှ သူ့အနားကို ချဉ်းကပ်ပြီး ခွန်အားအပြည့်နဲ့ တိုက်ခိုက် !”

သို့သော် နှစ်ယောက်စလုံးသည် လွယ်လွယ်လေး တွေးနေခဲ့ပုံပေါ်သည်။

အဆက်မပြတ် မြည်ဟိန်းနေသော မိုးခြိမ်းသံများနှင့်အတူ ၊ ခရမ်းရောင် လျှပ်စီးမိုးကြိုးများ ကျဆင်းလာသည်။

သိပ်မကြာခင်မှာပဲ ၊ ဟောက်နေသော မိုးကြိုးနဂါးသည် သောင်းပေါင်းများစွာသော နဂါးများ အဖြစ် သို့ ကျယ်ပြောစွာ ဖြန့်ကျက်လိုက်သည်။

ဘုန်း! !

ပြင်းထန်သော မိုးခြိမ်းသံများကြား ၊ ကြေကွဲဖွယ်ရာကောင်းသော အသံနှစ်သံ ထပ်မံထွက်ပေါ်လာပြန်သည်။

“ဒါ...ဒါ လူရော ဟုတ်ရဲ့လား...?”

မူလက ကူညီရန်ဟန်ပြင်နေခဲ့သော ကွေးယာ ဘိုးဘေးမှာ ထိုမြင်ကွင်းကို ဆွံ့အစွာဖြင့် စိုက်ကြည့်နေမိသည်။

ဒါဟာ တစ်ဖက်သတ်ဆန်လွန်းသော နှိပ်ကွပ်ခြင်းသာ ဖြစ်သည်။

သူ လုံးဝမှ နားမလည်နိုင်ချေ။ စူးချန်ကဲသည် စောနလေးကမှ ထိပ်တန်း သူတော်စင် နယ်ပယ်အဆင့်ကို ချိုးဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤမျှ တန်ခိုးကြီးမားသော ဧကရာဇ်မင်း တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်များကို သူသည် အဘယ့်နည်းဖြင့် အနိုင်ယူခဲ့ရသနည်း။

“ဒီစူးဝေ သိပ်ကို မူမမှန်ဖြစ်လွန်းတယ် “

“ ဘာလို့ စူးချန်ကဲ အဲ့ကောင်အတိုင်း ဓားကို သုံးရတာလဲ ?”

လော့ရန်ယွီ မှာ အလွန် မှုန်ကုတ်နေသည်။သူမ စိတ်ထဲတွင် ကမောက်ကမ ဖြစ်ခဲ့ရသည်။

တဖက်လူသည် ထိပ်တန်း သူတော်စင် နယ်ပယ်အဆင့်ကို ချိုးဖြတ်နိုင်ခဲ့လျှင်တောင် ဧကရာဇ် တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်များကို အနိုင်ယူနိုင်လိမ့်မည်ဟု သူမ မယုံပေ။

တဖက်လူသည် ဝှက်ဖဲအချို့ကို အသုံးပြုထားသည်မှာ သေချာပေသည်။ ထို့အပြင် ဤမျှ ကြောက်စရာကောင်းသော ဝှက်ဖဲသည် လူကို အတော်လေး ကြောက်ရွှံ့သွားစေသည်။

ဘုန်း—

နောက်ထပ် ထိတ်လန့်ဖွယ်ရာ အသံတစ်ခု ထွက်ပေါ်လာပြန်သည်။

လော့ရန်ယွီသည် သူမရှေ့ရှိ ဟင်းလင်းပြင် ကွက်လပ်တစ်နေရာကို မသိစိတ်က လှမ်းကြည့်မိခဲ့ပြီး ၊ ကူကယ်ရာမဲ့စွာ တုန်လှုပ်ချောက်ချားခဲ့ရသည်။

အသည်းခိုက်အောင် အေးမြသော ရေခဲတောင် ။

တဟုန်းဟုန်း တောက်လောင်နေသော မီးလျှံမုန်တိုင်း။

ဟာရီကိန်း ၏ မျက်စိ(ဗဟိုချက်)။

မိုးခြိမ်းသံများနှင့်အတူ မိုးကြိုးနဂါး ။

ရှေ့ရှိ မှောင်မိုက်နေသော နေရာတွင် ဤကြောက်စရာကောင်းသော မြင်ကွင်းလေးခု၏ လုံးလုံးလျားလျား ဖုံးလွှမ်းခြင်းကို ခံထားရသည်။ဤအရာကို အမှန်တကယ်ပင် လူတစ်ဦးတည်းမှ ဖန်တီးထားခဲ့သည်။

“မင်းတို့ရဲ့သခင်​​တွေသေသွားပြီ”

စူးချန်ကဲသည် အင်အားစု နှစ်စု၏ တပ်ဖွဲ့များကို ပြုံးပြုံးကြီး ကြည့်ကာ ဆိုလိုက်သည်။

“ခု မင်းတို့ အလှည့်ရောက်ပြီ”

“ ကြယ်ကြွေခြင်း !”

“ အဖျက် ဗလာ !”

ဝီ —

ကောင်းကင်ကြီးမှာ ကျယ်ပြောသလို ၊ ဓားစွမ်းအင်များသည်လည်း အဆုံးမရှိပေ။

လွန်စွာ တောက်ပသော ဓားနှစ်လက်သည် ကောင်းကင်ထက်တွင် ပေါ်ထွက်လာသည်။

ရှေးဟောင်းဓားတစ်လက်သည် ဟင်းလင်းပြင်ထဲတွင် အလွန်လှပသော ကြယ်စုတန်းများကို ဖော်ဆောင်လေကာ နောက်ဆုံးတွင် ဧရာမ ဓားရှည်တစ်လက်အဖြစ် တည်ဆောက်ခဲ့သည်။

တခြားတစ်ဖက်တွင်မူ ၊ ဓားသည် နဂါးပြာကဲ့သို့ ဟစ်ကြွေးအော်မြည်နေသည်။

ဤအခိုက်အတန့်တွင် အဆုံးမဲ့ ပျက်စီးခြင်း တရား၏ ရောင်ဝါများ ထွက်ပေါ်လာခဲ့သည်။ထို့နောက် ချက်ချင်းပင်လျှင် အက်ကွဲသွားသောလေထုအလွှာများ ဖြစ်ပေါ်လာခဲ့ပြီး ၊ ကွဲအက်နေသော ကောင်းကင်ယံမှ ပို၍ ကြောက်မက်ဖွယ် ကောင်းသော ပျက်စီးခြင်း တရား၏ စွမ်းအင်များ ဆက်လက် ထွက်ပေါ်လာသည်။

ပျက်စီးခြင်း တရား၏ ရောင်ဝါတို့သည် ထိုဧရာမ ဓားပေါ်တွင် ရစ်ဝဲထားသည်။

ဤအခိုက်အတန့်တွင် ၊ လူတိုင်း ဓားစွမ်းအင်ဖြင့် တောက်ပနေသော ကောင်းကင်ကြီးကို ငေးကြည့်နေကြသည်။

ဤမျှ လှပသော မြင်ကွင်းတစ်ခု ဖြစ်ပါသော်လည်း၊ သေခြင်းတရား၏ အရိပ်အယောင်များက သူတို့၏ နှလုံးသားများကို စိုးမိုးထားသည်။

“ပြေး....!”

“ ပြေးကြ!!”

တစ်စုံတစ်‌ယောက်၏ အော်ဟစ်သံနှင့်အတူ ၊ လက်ထဲက လက်နက်များကို ပစ်ချကာ ထွက်ပြေးလေသည်။

ဤလှုပ်ရှားမှုသည် လူထုကြီးကို အပြင်းအထန် တုံ့ပြန်လာစေခဲ့သည်။

နောက်ဆုံးတွင် သေမင်း၏ သတိပေးသံသည် သူတို့ကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့ပြီပင်။

ယခုတွင်မူ ၊ သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိလိုက်ရချေပြီ။

ဤနတ်ဆိုးသည် သူတို့အားလုံးကို သတ်ဖို့တကယ်ပင် စိတ်ကူးထားပေသည်။

အပိုင်း(၂၄၇): ဒီဓားမှာ အလွန်ဆွဲဆောင်မှု ရှိတဲ့ နာမည် ရှိတယ် : လရောင် စက်ဝန်း “

“ ကောင်လေး မင်း သတ္တိရှိနေတယ်ပေါ့!!”

ထိုအချိန် ၊ မိုးကုပ်စက်ဝိုင်း တစ်နေရာမှ တုန်လှုပ်ဖွယ်ရာ ကောင်းသော ငေါက်ငမ်းသံ တချက် ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ် ဖိနှိပ်စွမ်းအားများ ကျရောက်လာခဲ့ပြီး ဤနေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။

ကြည့်ရှုနေကြသော ပရိတ်သတ်ကြီးမှာ ရုတ်တရက် ဖြူဖျော့သွားကြသည်။

“ ဧ ... ဧကရာဇ်မင်းမြတ်!?”

“ ဧကရာဇ်မင်း နှစ်ပါးတောင် ! မဟုတ်မှလွဲ‌ရော ဒီကိစ္စက တစ္စေတောင်နဲ့ သုံ့ဟွင်ချောက်နက်က ဧကရာဇ်မင်း‌တွေထံ သတင်းရောက်သွားခဲ့ပြီလား ?”

“သွားပြီ ၊ သွားပြီ!ဒီကောင်လေး ဘယ်လောက်ပဲ စွမ်းအားကြီးမားပါစေ ဒီနေရာမှာတင် သေတော့မှာပဲ!”

“……”

လူတိုင်း ထင်ကြေးမျိုးစုံဖြင့် ။

ထိပ်တန်း သူတော်စင်အဆင့်ရှိ အငယ်တန်း တစ်ဦးသည် ထိပ်တန်း အင်အားစု နှစ်ဖွဲ့၏ တန်ခိုးကြီးမားသော ဧကရာဇ်မင်းများကို အမှန်တကယ် ဆွဲဆောင်နိုင်ခဲ့လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။

“ကောင်လေး ၊ ကိစ္စက ပိုကြီးလာပုံရတယ်”

တစ္စေဓားအမတရှင်သည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲကနေ ပြုံးပြီး ပြောလေသည်။

“ ဒါပေမဲ့ ဒီကောင် ဧကရာဇ်မင်းတွေက အမတလို့ သတ်မှတ်လို့မရသေးဘူး ၊ ငါ့အတွက်တော့ ပုရွက်ဆိတ်သာသာပဲ “

“ ငါမင်းကို ကူပြီး သတ်ပေးနိုင်ပေမယ့် ၊ မင်းရဲ့ခန္ဓာကိုယ်က ငါ့စွမ်းအားကို ခံနိုင်ရည်ရှိမရှိ ငါမသိဘူး “

“ဧကရာဇ်မင်းကိုတောင် သတ်နိုင်တယ်?”

စူးချန်ကဲ အနည်းငယ် ထိတ်လန့်သွားသည်။

“ လူကြီးမင်း ခင်ဗျားက ဝိညာဉ်အကြွင်းအကျန် မဟုတ်ဘူးမလား?”

“ တခြားနေရာမှာဆိုရင်တော့ ငါ မပြောတတ်ပေမယ့် ၊ ဒါပေမယ့် ဒီနေရာက ဘယ်နေရာလဲ?”

“ သင်္ချိုင်းဓားကိုးတောင်က ငါ့ရဲ့ သီးသန့်နယ်မြေပဲ ၊ အမတ လာရင်တောင် ငါ သူတို့ကို သတ်နိုင်မယ့် နည်းလမ်းရှိတယ်”

ထိုစကားကိုကြားသည်နှင့် ၊ စူးချန်ကဲ ပိုလို့တောင် အံ့သြသွားသည်။

ဧကရာဇ်မင်းသည် တိုက်မြေ သုံးထောင်တွင် အင်အားအကြီးမားဆုံး ဖြစ်သည်မှု ဖြစ်သည် ။အမတ ဟူသည် အလွန်ထူးကဲသော ဖြစ်တည်မှု ဟု ဆိုရပေမည်။

သေတာကြာပြီ ဖြစ်သော်လည်း ၊ ၎င်းသည် အမတ ကိုပင် သတ်ပစ်နိုင်သည် ဟု ‌ဆိုနေသည်။

ဤတစ္စေဓားအမတရှင် အသက်ရှင်ခဲ့စဉ်က မည်မျှတောင် သန်မာလေခဲ့သနည်း။

“ ကဲ မင်းကြိုက်သလိုလုပ် ၊ မလိုချင်ဘူးဆိုလည်း ငါမင်းကို ဘေးကင်းတဲ့နေရာကို ပို့ဆောင်ပေးမယ်”

“မင်းရဲ့ခန္ဓာကိုယ်ကို အချိန်အကြာကြီး ချုပ်ကိုင်ထားတာ မင်းရဲ့နားလည်နိုင်စွမ်း အရဆို ငါ့အမွေအနှစ်‌တွေကို မင်း အပြည့်အဝနားလည်ပြီးသား ဖြစ်မယ်လို့ ငါထင်တယ်”

တစ္စေဓားအမတရှင်က ပြုံးကာ ဆိုလိုက်သည်။

“ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာ မင်းသဘောအတိုင်းပဲ “

စူးချန်ကဲသည် တုံ့ဆိုင်းခြင်းမရှိ တန်းဖြေလိုက်သည်။

“ဓားကို ဆွဲထုတ်ပြီးတာနဲ့ အဆုံးထိ ဖျက်စီးမယ်”

တစ္စေဓားအမတရှင်သည် ထိုစကားကို ကြားသည်နှင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ ဟားဟား မဆိုးဘူး ၊မင်းကို ငါ ပိုပိုပြီးသဘောကျလာတယ်”

“ကောင်းပြီ ၊ ဒီနေ့ မင်းနဲ့ငါ အဆုံးထိ ရူးသွပ်ကြတာပေါ့!”

“ကောင်လေး၊ မင်းသေချာ တောင့်ခံထားရမယ်၊ ငါ့ခွန်အားကို မင်း မထိန်းနိုင်ရင် ငါ့ကို အပြစ်ပြောလို့ မရဘူးနော် “

ထို့နောက် ချက်ခြင်းပင် ၊ တစ္စေဓားအမတရှင်သည် စူးချန်ကဲ ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ သူ့လက်ညှိုးဖြင့် ညွှန်ကြားလိုက်သည်။

ဝေဟင်တွင် ရပ်တန့်နေခဲ့သော ဧရာမဓားကြီးမှာ တုန်ခါလာခဲ့သည် ။

ပြင်းထန်သော ဓား၏ ဖိနှိပ်စွမ်းအားသည် ဤနေရာတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေသည်။

“ ရပ်စမ်း!!”

လေကို ခွင်းလျက် ပျံသန်းရောက်ရှိလာကြသော ဧကရာဇ်မင်း နှစ်ပါးသည် တုန်လှုပ်ဖို့ကောင်းသော ဒေါသသံဖြင့် အော်ဟစ်လိုက်သည်။

သို့သော် ဧရာမ ဓားကြီးသည် တိုက်ရိုက် ဖြိုခွင်းပြီးခဲ့ပြီ ဖြစ်သည်။

ဝုန်း ဝုန်း!!

လွန်စွာ တောက်ပသော အဖြူရောင်အလင်းတန်းသည် ကောင်းကင်သို့ တဟုန်ထိုး ပျံတက်သွားပြီး ၊ လေလှိုင်းများက မိုင်ထောင်ပေါင်းများစွာ ပျံ့လွင့်သွားသည်။

ပြင်းထန်လှသော ဓားစွမ်းအင် လေလှိုင်းသည် သိန်းနှင့်ချီသော တပ်ဖွဲ့ဝင်များကို ဖြတ်တိုက်သွားခဲ့သည်။ဤသို့ဖြင့် ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းသည် ၎င်းတို့အားလုံးကို သွေးမှုန်များအဖြစ်သို့ ပြောင်းလဲပေးခဲ့ပြီ ဖြစ်သည်။

အချို့သောလူများသည် မိမိ၏ ကျင့်ကြံစွမ်းအားကို အစွမ်းကုန် အသုံးချကာ ဤကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင်ကို တွန်းလှန်ရန် ကြိုးစားခဲ့သော်လည်း ၊ ကားတစ်စီးကို ပိတ်ဆို့ထားသော ခြင်တစ်ကောင်ကဲ့သို့ မည်သည့် သက်ရောက်မှုမှ မရှိခဲ့ပေ။

“ သေချင်နေတဲ့ အကောင်ပေါက်စ!!!”

ဤမြင်ကွင်းကို ကြည့်နေခဲ့ရသော ဧကရာဇ်မင်းနှစ်ပါးအနက် ၊ ပို၍ တန်ခိုးကြီးမားသော ပုဂ္ဂိုလ်က ကျယ်လောင်စွာ ဟောက်လိုက်လေသည်။

အဆုံးမရှိသော ဓားများသည် ကောင်းကင်ကနေ သွန်းချလိုက်သလိုမျိုး ဆင်းသက်လာခဲ့ပြီး ၊လွန်စွာ ထိန်းလင်းသော အလင်းထုကြီးကို ဖော်ဆောင်လေသည်။

ဓားစွမ်းအင်မုန်တိုင်းကြီး တစ်ခု ကျဆင်းလာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ကြောက်မက်ဖွယ် ဘေးဆိုးကြီး တစ်ခု အဖြစ် အရာအားလုံးကို အဆုံးမဲ့ချောက်နက်ထဲသို့ ဆွဲသွင်းသွားခဲ့သည်။

သူတို့ကို ပို၍ နာကျင်စေခဲ့သည့်အရာမှာ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင် သမုဒ္ဒရာ၏ အလယ်တွင် အဆုံးမရှိသော သွေးပန်းများ ပွင့်လန်းနေခြင်းပင် ဖြစ်သည်။

သူတို့အားလုံးသည် အချိန် နှင့် ခွန်အားကို နှစ်ပေါင်းများစွာပေးဆပ်ပြီး လေ့ကျင့်ခဲ့ကြသော တပ်ကြပ်ကြီးများ ဖြစ်သော်လည်း ၊ ယခုတွင်မူ လွယ်လင့်တကူ သေဆုံးခဲ့ရသည် ။

ဤတပ်ဖွဲ့ကြီး၏ သေဆုံးမှုသည် ၎င်းတို့ နောက်ကွယ်တွင် ရှိသေးသော အင်အားစု၏ အခြေခံ အုတ်မြစ်ကို ယိုင်နဲ့သွား‌စေသည်။

တစ်နည်းအားဖြင့်ဆိုရသော ဖျက်ဆီးခံလိုက်ရသည် ဟု ဆိုနိုင်သည်။

“ အောက်တန်းစား !သေစမ်း!”

‌ အော်ဟစ်ရင်း တချိန်တည်းမှာပင် တစ္စေတောင်မှ မင်းယန်ဧကရာဇ်မင်းသည် သူ့လက်ကို မြှောက်ကာ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။

ထိုအနက်ရောင် အလင်းတန်းသည် စူးချန်ကဲထံသို့ တည့်တည့် ပြေးဝင်လာခဲ့သည်။

“ ဆီးနှင်းခဲ “

ဓားသွားသံနှင့် အတူ ဆီးနှင်းခဲဓားသည် စူးချန်ကဲ၏ ရှေ့တွင် အသင့် ရပ်နေသည်။

ဆီးနှင်းခဲများ စုဝေးသွားပြီး ၊ နောက်‌ဆုံးတွင် ပေ တစ်ထောင် မြင့်သော ဆီးနှင်းခဲ အကာအရံတစ်ခု အဖြစ် ပြောင်းလဲသွားသည်။

ဝီ——

ဓား၏ကိုယ်ထည်မှာ တုန်ခါနေပြီး ၊ ထို‌ဆီးနှင်းခဲ အကာအရံပေါ်တွင် နှင်းဆူးချွန်များ အစီအရီပေါက်လာခဲ့သည်။ ဒါတင်မက ၎င်းအပေါ်တွင် ရှိနေသော မရေမတွက်နိုင်သော မှော်အက္ခရာများက အသက်ဝင်ကာ စီးဆင်းနေသည်။

နှစ်ဖက်လုံး ပြင်းထန်​စွာ ထိပ်တိုက် ဆုံတွေ့ခဲ့ရာ မင်းယန် ဧကရာဇ်မင်း၏ ထိုးနှက်မှုမှာ​ လုံးဝ အကျိုးမရှိခဲ့ပေ။

“ သေစမ်း!”

ထိုအချိန် ၊ နောက်ထပ် ဟောက်သံတစ်ခုကို စူးချန်ကဲ ကြားလိုက်ရပြန်သည်။

၎င်းသည် သုံ့ဟွင် ချောက်နက်၏ မျဲ့ဟွင် ဧကရာဇ်မင်း ဖြစ်ပြီး ၊ သူသည် အခြားဦးတည်ဘက် တစ်နေရာမှ ဝင်လာပြီး တိုက်ခိုက်ခဲ့သည်။

“ကျင်းချွဲ့”

ချွင်——

ကောင်းကင်ယံတွင် မီးပွားများ တဖျပ်ဖျပ် ခက်နေသည့် ရွှေရောင် ဓားရှည်တစ်လက်သည် လေကို ခွင်းကာ ထွက်ပေါ်လာခဲ့ပြီး မင်းယန်ဧကရာဇ်မင်း၏ တိုက်ခိုက်မှုနှင့်အတူ ထိပ်တိုက် ဆုံတွေ့ခဲ့သည်။

ဝုန်း!!!!

ကြောက်မက်ဖွယ်ကောင်းသော ဓားလှိုင်းကြီးတစ်ခု တိုးဝှေ့လာခဲ့ရာ ၊ မြင်ကွင်းမှာ အတော်လေး တုန်လှုပ်ဖွယ်ရာ ကောင်းပေသည်။၎င်း၏ ရောင်ဝါသည် ပတ်ဝန်းကျင် တစ်‌‌လျှောက် တောင်ကမ်းပါးများ ပြိုကျစေသည့်အထိပင်။

“ကောင်စုတ်လေး မင်း... !”

မျဲ့ဟွင်ဧကရာဇ်မင်း၏ မျက်ဝန်းများမှာ အနည်းငယ် ကျုံ့သွားသည်။သူသည် ဧကရာဇ်မင်း တစ်ပါး ဖြစ်သည်။

သူ့လိုလူက ထိပ်တန်း သူတော်စင်အဆင့်ရှိ အငယ်တန်း တစ်ဦးရဲ့ တားစီးခြင်းကို ခံရသတဲ့လား ?

“ မဟုတ်..သေးဘူး!”

သေချာပြန်ပြီး ခံစားကြည့်လိုက်ရာ ၊ မျဲ့ဟွင် ဧကရာဇ်မင်း၏ အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲတွင် အကန့်အသတ်မရှိသော စွမ်းအားများ ရှိနေ‌သည်ကို သူ ခံစားမိလိုက်သည်။

ထိုစွမ်းအား၏ရှေ့တွင် သူ့ကိုယ်သူ အရေးမပါသော ဖြစ်တည်မှု ကဲ့သို့ ခံစားရမိသည် ။

သူ့ကို ပို၍ ထိတ်လန့်စေခဲ့သည်မှာ ထိုစွမ်းအား ကို သူအရင်က တစ်နေရာရာတွင် ကြုံတွေ့ခဲ့ဖူးပုံပေါက်သည်။

“မင်းကဘယ်သူလဲ ...!?”

စူးချန်ကဲ က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။သူ၏လေသံသည် တစ္စေဓားအမတရှင်၏ အသံဖြင့် တစ်ထပ်တည်းကျနေသည် ။

“ ဟိုးအရင် ကောင်စုတ်လေးက ငါ့ကိုတောင် တိုက်ခိုက်ရဲပြီပေါ့”

“ ကြည့်ရတာ မင်းရဲ့ ယခင်က ဂုဏ်သိက္ခာက အရင်ကတည်းက မရှိတော့တဲ့ပုံပဲ”

“ သေချင်နေတာလား!!”

စူးချန်ကဲ၏ စော်ကားမော်ကား ပြောဆိုနေသော စကားများကို ကြားလိုက်ရသည်နှင့် မျဲ့ဟွင် ဧကရာဇ်မင်းမှာ ပို၍ပင် ဒေါသဖြစ်လာသည်။

သူသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အထက်က တန်ခိုးကြီးမားသော ဧကရာဇ်မင်းတစ်ပါး ဖြစ်သည် ။ မည်သူကများ သူ့ကို ကောင်စုတ်‌လေး ဟု ခေါ်ဝံ့သနည်း ။

“ အတင့်ရဲလွန်းတယ်!”

မျဲ့ဟွင် ဘိုးဘေး၏ လက်ဖဝါးထဲတွင် ကြောက်မက်ဖွယ် ကောင်းသော ဧကရာဇ်မင်း၏ အလိုဆန္ဒများ သက်ဝင်လှုပ်ရှားလာခဲ့သည်။သူ ဝှေ့ယမ်းလိုက်သည်နှင့် တပြိုင်နက် အနှိုင်းမဲ့ စွမ်းအားများက သူ့လက်ဖဝါးထဲတွင် စုဝေးလာသည်။

ထိုစွမ်းအားသည် လေထုကို အလွှာလိုက် အက်ကွဲသွားစေပြီး ၊စူးချန်ကဲ နှင့် အလွန်နီးကပ်လာသည်နှင့်အမျှ သူ၏ အနီးတစ်ဝိုက်ရှိ ကွက်လပ်ကို နှိပ်ကွပ်ထားသည်။

တစ္စေဓားအမတရှင်သည် အေးစက်စွာ ပြုံးလိုက်ပြီး ၊ အထင်အမြင်သေးသော လေသံဖြင့် ဆိုလိုက်သည်။

“ အတော်ပဲ ငါ့မှာ ဓားတစ်ချောင်းရှိသေးတယ် မင်းကိုသရုပ်ပြဖို့ ဒီဧကရာဇ်ကြီးကို ပေးသုံးခိုင်းလိုက်မယ် “

တစ္စေဓားအမတရှင်သည် စူးချန်ကဲ၏ ခန္ဓာကိုယ်ကို ခြယ်လှယ်ကာ ရှေးဟောင်း ဓားတစ်စင်းကို ကိုင်ဆောင်ထားသည်။

ဓားအိမ်ကို မိမိ၏ ဘယ်ဘက်ခါးပေါ်တွင် တင်ထားပြီး ၊ ဘယ်လက်ဖြင့် ဓားကို ကိုင်ဆောင်ထားသည်။

ဤအခိုက်အတန့်တွင် အဆုံးမရှိသော ဓားစွမ်းအင်တို့သည် သူ့လက်ထဲက ဓားဆီသို့ ချီတတ်ကာ စုဝေးနေကြသည်။

ဤအခိုက်အတန့်တွင် တစ်လောကလုံးရှိ အချိန် နှင့် နေရာ အားလုံး ရပ်တန့်သွားသကဲ့သို့ပင်။

မျဲ့ယွင် ဧကရာဇ်မင်း၏ တိုက်ခိုက်မှုသည် စူးချန်ကဲ ၏ မျက်လုံးများတွင် အနှေးပြကွက်သကဲ့သို့ မြင်နေရသည်။

“ဒီဓားမှာဆိုရင် ပြီးပြည့်စုံတဲ့ထောင့်၊ ပြီးပြည့်စုံတဲ့ ခွန်အား ၊ပြီးရင် ဓါးပေါ်မှာ စုစည်းထားတဲ့ ပြီးပြည့်စုံတဲ့ ဓားစွမ်းအင်တွေကို အာရုံစိုက်ရမယ်”

တစ္စေဓားအမတရှင်က ဆက်လက်ရှင်းပြသည်-

“ပြီးရင် သူရဲ့ စွမ်းအားကို ဓားအဖြစ် ဖြန့်ကျတ်သွားစေမယ် “

“ဒီဓားမှာ အလွန်ဆွဲဆောင်မှု ရှိတဲ့ နာမည် ရှိတယ်၊ မင်း သေချာ မှတ်ထား “

“လရောင် စက်ဝန်း “

အမည်ကို ဆိုလိုက်သည်နှင့် ၊ ဓားသည် ချက်ချင်း ဆောင်ရွက်လေသည်!

ရွှမ်း!!

ဓားသည် လရောင်ကဲ့သို့ တောက်ပစွာ လွင့်ထွက်သွားသည်။ထိုကဲ့သို့ တောက်ပသော ဓားအလင်းသည် မှောင်မိုက်သော ညတွင် လပြည့်ညတစ်ခုကဲ့သို့ တောက်ပနေသည်။

“ဒါက...”

မျဲ့ဟွင်ဧကရာဇ်မင်းသည် ထိုဓားသွား၏ အလာကို မြင်လိုက်ရပြီး မျက်လုံးများ ပြူးကျယ်သွားသည် ။အကြောင်းမှာ မသိစိတ်မှ ရှောင်ရှားလိုခဲ့သော်လည်း သူ့ခန္ဓာကိုယ်၏ တုန့်ပြန်မှုမှာ အလွန်နှေးကွေးလာသည်ကို သတိထားမိခဲ့သည်။

သူ့ကိုသတ်ဖြတ်ရန် လာသော ဓားကို ကူကယ်ရာမဲ့စွာ စောင့်ကြည့်ရုံမှလွဲပြီး မတတ်နိုင်ခဲ့ပေ။

၁၀ မီတာ ....

၅ မီတာ....

၁ မီတာ....

ပြိုးပြိုးပျက်ပျက် တောက်ပသော ဓားအလင်းမှာ သူ့ထံသို့ ရောက်ရှိလာချေပြီ!!

အပိုင်း(၂၄၈): မျဲ့ဟွင် ဧကရာဇ်မင်း သေပြီ

“ လှုပ်လေ!”

“မြန်မြန် လှုပ်လေ !”

မျဲ့ဟွင်ဧကရာဇ်မင်းသည် ဓားကို ရှောင်ရန် သူ့ ခွန်အားရှိသမျှ အသုံးပြုခဲ့သော်လည်း ၊ မည်မျှပင် ကြိုးစားပါစေ သူ့ခန္ဓာကိုယ်မှာ အေးခဲသွားပုံရပေသည်။

အဘယ်ကြောင့်ဆိုသော် စူးချန်ကဲ၏ ဓားသည် အလွန် လျင်မြန်ပေရာ သူ၏ အသိစိတ်ကိုတောင် ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။

ဤဓား၏ရှေ့မှောက်တွင် အရာအားလုံးသည် အကန့်အသတ်မရှိ နှေးကွေးသွားပုံ ရပေသည်။

လွှင့်‌မျောနေသော အနက်ရောင် မြူခိုးများဖြင့် ပြည့်နှက်နေသော အမှောင်ထဲတွင်ပင် တောက်ပသော လရောင်များ ပွင့်လန်းနေခဲ့သည်။

ဘုန်း ဘုန်း!

သွေးအန်သံ!

တလိမ့်လိမ့် ရိုက်ခတ်နေသော ဓားစွမ်းအင်သည် အလားတူ နေရောင်ခြည်စက်ဝန်းသဖွယ် တောက်ပနေပြန်သည်။

နေနှင့်လ တို့၏ ရောင်ခြည်စက်ဝန်းကြောင့် ဖြစ်ပေါ်လာသော ဓားစွမ်းအင် နယ်မြေတွင် သွေးများဖြင့် ပြန့်ကြဲနေသည်။

ဓားကို ကိုင်ဆောင်ထားသော စူးချန်ကဲ၏ လက်မှာ အနည်းငယ်တုန်ခါနေသည် ။

ဤဓားသည် ဓားလမ်းစဉ်နှင့် ပတ်သတ်သော သူ၏ နားလည်နိုင်စွမ်းထက်ကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ တစ္စေဓားအမတရှင်သာ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်မထားပါက ၊

လက်ရှိ သူ နားလည်ထားသော အသိပညာဖြင့် ဤကဲ့သို့ ဓားကို ဘယ်သောအခါမှ ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ပေ ။

ထိုအပြင် ဤဓားရေးသည် စူးချန်ကဲ၏ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်ထက် ကျော်လွန်နေခဲ့သည်မှာ အသေချာပင်ဖြစ်သည်။

“ဘယ်လိုလုပ် ....?”

ဤအခိုက်အတန့်တွင် မျဲ့ဟွင် ဧကရာဇ်မင်း၏ အမူအရာမှာ မယုံနိုင်လောက်အောင် ဖြစ်နေသည်။

သူ့ခန္ဓာကိုယ် တစ်ခုလုံး ကွဲအက်ခဲ့ရသည့် ဝေဒနာကိုပင် မေ့သွားခဲ့သည်။

သူ့မျက်လုံးများက သူ့ရင်ဘတ်မှ စီးကျနေသောသွေးများကို အတိုင်းသား စိုက်ကြည့်နေမိသည်။

မျဲ့ဟွင် ဧကရာဇ်မင်းမြတ် အနေဖြင့် သူ လုံးဝနားမလည်နိုင်ခဲ့ပေ။သူသည် ဧကရာဇ်မင်းမြတ်ဖြစ်လျှင့်ကစား သူ၏ ခန္ဓာကိုယ်သည် အလွန် မာကြောပြီး အားလုံးကို ခုခံနိုင်သည်ဟု ဆိုနိုင်သည်။

ဒါပေမဲ့ အဲလိုလူတစ်ယောက်က ....

ကျွတ် ——

တစ်ချက် နားထောင်ရုံဖြင့် လူကို ထိတ်လန့်စေသော အရိုးနှင့် အသွေးအသားများ ကွဲအက်သံကို ကြားလိုက်ရသည်။

မူလက စူးချန်ကဲကို ဆက်လက်တိုက်ခိုက်ရန် ဟန်ပြင်ဆင်နေခဲ့သည့် တစ္စေတောင်မှ မင်းယန် ဧကရာဇ်သည်လည်း ထိတ်လန့်သွားပုံရသည်။

မျဲ့ဟွင် ဧကရာဇ်မင်းထံမှ တောက်ပသောအဖြူရောင် အလင်းတန်းတစ်ခု လင်းလက်သွားပြီး သူ့တစ်ကိုယ်လုံး ဖြည်းညှင်းစွာ ကွဲထွက်သွားသည်ကို မြင်လိုက်ရသည်။

သွေးအမြောက်အမြား ပြန့်ကြဲသွားပြီး၊ မျဲ့ဟွင် ဧကရာဇ်မင်း၏ အသက်ဓာတ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် လျင်မြန်စွာ ကွယ်ပျောက်သွားလေသည်။

အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ဖြစ်နိုင်ပေရာ ကြောက်စရာကောင်းသော ဓားစွမ်းအင်သည် မျဲ့ဟွင် ဧကရာဇ်မင်း၏ ခန္ဓာကိုယ်မှ ယိုစီးထွက်လာခဲ့ပြီး ဧကရာဇ် လိုအင်ဆန္ဒတို့သည်လည်း ရက်စက်စွာ နှိပ်ကွပ်ခံလိုက်ရသည်။

မျဲ့ဟွင် ဧကရာဇ်၏ မျက်လုံးများသည် မလိုလားသော ဆန္ဒများဖြင့် ပြည့်နှက်နေပြီး ၊ သူသည် နောက်ထပ် တစ်စုံတစ်ခုကို ပြောရန် ပါးစပ်ကို ဖွင့်ဟလိုက်စဉ် ၊

ကွဲအက်သံ——

ကွဲအက်သံများနှင့်အတူ ၊ဓားစွမ်းအင်လိုင်းများသည် ၎င်း၏ ခန္ဓာကိုယ်အနှံ့ ဆက်တိုက် ပျံ့နှံ့သွားခဲ့ပြီး ပင့်ကူမျှင်များကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

မျဲ့ဟွင် ဧကရာဇ်မင်း၏ ခန္ဓာကိုယ် တစ်ခုလုံး ကွဲအက်သွားပြီးနောက် ဤကမ္ဘာတစ်ခွင်တွင် ကြယ်ပွင့်များကဲ့သို့ ပြန့်ကြဲသွားခဲ့သည် ။

ယခုအချိန်တွင် ၊ ဤနေရာရှိ ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးပင်လျှင် ငိုကြွေးနေကြပြီး ကံကြမ္မာ၏ လှိုင်းတံပိုးများသည် ဤကမ္ဘာမြေကြီးဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

​ကောင်းကင်ယံမှ ​သွေးမိုး​များ ရွာ​သွန်းနေ​သည်မှာ အတော် ဝမ်းနည်းဖို့ကောင်းပေသည်။

“ဂလု”

ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ၎င်းတို့၏ နှလုံးသားထဲက ကြောက်ရွံ့မှုကို မည်သို့ဖော်ပြရမည်ကိုပင် မသိတော့ချေ။

တစ်စစီ သေဆုံးသွားပြီဖြစ်သော မျဲ့ဟွင် ဧကရာဇ်မင်း၏ ဦးတည်ရာဘက်သို့ ငေးကြည့်နေမိသည်။

တန်ခိုးကြီးမားသော ဧကရာဇ်မင်း တစ်ပါးသည် ထိပ်တန်း သူတော်စင်အဆင့်ရှိ အငယ်တန်း တစ်ဦး၏ သတ်ဖြတ်ခြင်းကို အဘယ်ကြောင့် ခံခဲ့ရသနည်း?

ယင်းသည် သူတို့၏ အမြင်ကို အမှန်တကယ် ပြန်လည် ဆန်းသစ်စေခဲ့သည် ။ဤအရာသည် ထာဝရကာလ တစ်လျှောက်လုံးတွင် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သော အရာတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် တွေ့မြင်လိုက်ရခြင်းဖြစ်သည်။

မင်းယန် ဧကရာဇ်မင်းသည် စူးချန်ကဲကို ထိတ်လန့်စွာဖြင့် စိုက်ကြည့်နေမိသည် ။ စောနက အစွမ်းအစသည် သူ့ကို ရှင်းရှင်းလင်းလင်း သိစေခဲ့သည် ။

သူ့အား အရေးမပါသလို ခံစားရစေသည့် ဤသို့သော စွမ်းအားမျိုးသည် ထိပ်တန်း သူတော်စင် အဆင့်ရှိ လူငယ်တစ်ယောက်ထံမှ ရှိသင့်သော အရာမဟုတ်ပေ။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး ၊ အားလုံး၏အကြည့်များသည် ဝေဟင်ပေါ်တွင် ရှိနေသည့် စူးချန်ကဲပေါ်သို့ ကျရောက်နေသည်။

အသက်ပြင်းပြင်း ရှုထုတ်လိုက်ပါက စူးချန်ကဲ စိတ်အနှောင့်အယှက် ဖြစ်သွားမည်ကို စိုးရိမ်ရသောကြောင့် အသက်တိုးတိုးလေး ရှုရှိုက်နေကြသည်။

သို့သော် စူးချန်ကဲသည် တိတ်ဆိတ်နေပြီး သူ့လက်များက တုန်ရီနေသည်။

သူ့ဆန္ဒသည် လုံလောက်စွာ မပြင်းထန်ခဲ့ပါက၊ ဤဓားကိုပင် မကိုင်နိုင်မှာကို စိုးရသည်။

စူးချန်ကဲကို အနည်းငယ် ကြောက်ရွှံ့နေခဲ့သောမင်းယန် ဧကရာဇ်မင်းသည်လည်း ထိုမြင်ကွင်းကို သတိပြုမိခဲ့သည်။

“ မဟုတ်မှလွဲရော....”

“ဒီကောင်လေး၊ သူ ခုနက အသုံးပြုခဲ့တဲ့ ဓားက သူ့ရဲ့ ကန့်သတ်ချက်ထက်ကို ကျော်လွန်သွားခဲ့တာလား ?”

အသက်ရှုသံ မတည်မငြိမ်ဖြစ်နေသော စူးချန်ကဲကို ကြည့်ရင်း မင်းယန် ဧကရာဇ်မင်း၏ မျက်နှာပေါ်ရှိ ပျော်ရွှင်မှုတို့မှာ ဖုံးဖိမထားနိုင်လောက်အောင်ပင်။

ဧကရာဇ်မင်းတစ်ပါးကို ထိပ်တန်း သူတော်စင်အဆင့်ရှိ အငယ်တစ်ယောက်က သတ်နိုင်မတဲ့လား?

သူ့မှာ လျှို့ဝှက်ချက်ကြီးတစ်ခု သေချာပေါက် ရှိရမယ်!

အကယ်၍ သူသည် တစ်ဖက်လူ၏ လျှို့ဝှက်ချက်များကို သူ့ကိုယ်ပိုင် အဖြစ် သိမ်းယူနိုင်မည်ဆိုတာက ၊ သူသည် အနှောင်အဖွဲ့များမှ လွတ်မြောက်ရန် အခွင့်အရေး ရရှိရုံသာမက၊ တစ္စေတောင်ကိုပင် ထိပ်တန်းအင်အားစု အဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်။

“ဟာဟားဟား! ဘုရားသခင်က ငါ့ကို ကူညီပေးနေတာပဲ !”

“မြေအောက် အကျဉ်းသားလက်ဝါး!”

မင်းယန် ဧကရာဇ်မင်းသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဤတစ်ကြိမ်တွင် စူးချန်ကဲကို နှိမ်ကွပ်ရန် သူ့ ခွန်အားရှိသမျှနှင့် ထုတ်သုံး၍ တိုက်ခိုက်တော့မည်ဖြစ်သည်။

ကောင်းကင်တခွင် တစ္ဆေစွမ်းအင်များက တဟုန်ထိုး ပျံ့လွင့်သွားပြီး ၊ စက်ကွင်းအတိုင်း ချာလည်လှည့်နေသည်။

ထို့နောက်တွင်၊ တစ္ဆေစွမ်းအင်များ ဆက်လက် စုဝေးလာခဲ့ပြီး ဧရာမ လက်ဝါးကြီး အဖြစ်သို့ ပြောင်းလဲသွားကာ စူးချန်ကဲ၏ ဦးတည်ရာဘက်ဆီသို့ တိုက်ရိုက် ဆင်းတက်သွားသည် ။

အရာအားလုံးကို ဝါးမျိုနိုင်စွမ်းရှိသည့် ကြီးမားလွန်းသော ဤလက်ဖဝါးကြီး၏ အောက်တွင် စူးချန်ကဲ၏ အသွင်ပုံရိပ်သည် အလွန်တရာမျှသေးငယ်လှသည်။

သို့သော် ထိုအချိန် ၊

မိုးကုတ်စက်ဝိုင်း တစ်နေရာမှ နောက်ထပ် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။

“ဒီကောင်လေးကို မင်းခေါ်သွားလို့ မရဘူး!”

“ဒီအပြစ်သားကို ငါ တစ္စေနတ်ဘုရားကျောင်းက စီရင်မယ် “

စကားသံနှင့်အတူ၊ ကောင်းကင်ယံမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုအလင်းတန်းသည် အမှောင်ထု ဧရာမလက်ဖဝါးကြီးနှင့် ထိပ်တိုက် ဆုံတွေ့ခဲ့လေရာ၊ ပြင်းထန်သော အမှောင်စွမ်းအင်များ ရိုက်ခတ်လျက် ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ပြင်းထန်သော ပေါက်ကွဲမှုအပြီးတွင် ၊ အသွင်သဏ္ဍာန်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဒါက တစ္စေနတ်ဘုရားကျောင်းရဲ့ ဟေးရွှီဧကရာဇ်ပဲ!”

ရှေးလူအိုကြီး တစ်ယောက်က ထိတ်လန့်တကြား ဆိုလိုက်သည်။

“ ဟေးရွှီဧကရာဇ်မင်းက ကွယ်လွန်သွားပြီ မဟုတ်လား?”

“ ဟေးရွှီဧကရာဇ်မင်း? ကောင်းလိုက်တဲ့ တစ္စေနတ်ဘုရားကျောင်း ၊တကယ်ကို နက်နက်နဲနဲ ဖုံးကွယ်ထားနိုင်တယ်! “

မင်းယန် ဧကရာဇ်မင်း၏ မျက်နှာမှာ အေးစက်နေသည်။ သူသည် ဟေးရွှီ ဧကရာဇ်မင်းအပေါ် ထင်မြင်ချက်တချို့ရှိသည်။

ခေတ်တစ်ခေတ်ကို ဖြတ်သန်းခဲ့သည့် တည်ရှိမှု တစ်ခု ဟု ဆိုနိုင်ပြီး ၊

တစ္စေ နတ်ဘုရားများ ပျောက်ကွယ်သွားပြီးနောက် ၊ တစ္ဆေနတ်ဘုရားကျောင်းသည် တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့သည်။

တစ္စေနတ်ဘုရားကျောင်း၏ ကျော်ကြားမှု ပျောက်ကွယ်သွားပြီး နောက်နှစ်တွင် ထိပ်တန်းဧကရာဇ်မင်း တစ်ပါး ထွက်ပေါ်လာခဲ့သည်။ထိုလူမှာ ဟေးရွှီဧကရာဇ်မင်းပင်။

သို့သော် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက်မှာတော့ ဟေးရွှီ ဧကရာဇ်မင်းမှာ ကွယ်လွန်သွားပြီဟု လူတိုင်း ထင်မှတ်ခဲ့ကြသည်။သို့သော် ယနေ့အချိန်အထိ အသက်ရှင်နေသေးမည် ဟု မည်သူမှ မျှော်လင့်မထားကြပေ။

“ဟေး..မင်းယန်၊ ငါ မင်းကို ဒီမှာတင် ရပ်ဖို့ အကြံပေးချင်တယ် “

“ဒီကောင်လေးက ငါတို့ တစ္စေနတ်ဘုရားကျောင်း အတွက် အရမ်းအသုံးဝင်တယ်၊ မင်း သူ့ကို ခေါ်သွားလို့ မရဘူး “

သူစကားပြောနေစဉ်မှာပဲ ၊ဟေးရွှီဧကရာဇ်မင်းသည် ကြောက်မက်ဖွယ် ကောင်းသော ဧကရာဇ် တစ်ပါး၏ အလိုတော်ဆန္ဒကို တိုက်ရိုက် ထုတ်ဖော်ပြသခဲ့သည်။

ဝုန်း--

၎င်း၏ ကြီးကျယ်ခမ်းနားသော အရှိန်အဝါသည် လူတိုင်း၏ နှလုံးသားကို ချုပ်ကိုင်ထားသော ရှေးဟောင်း နတ်တောင်ကြီးကဲ့သို့ပင်။

“သတ္တမတန်း ဧကရာဇ်...”

[ T/N - အရင်က ရေးခဲ့ဖူးပါတယ် ၊အဆင့်အပိုင်းခြားကို ခွဲပြရရင် သတ္တမတန်းက အောက်ဆုံး ပထမအဆင့်ပါပဲ

အဆင့်ခွဲပြရရင် -အထက်တန်း ပထမအဆင့်၊အထက်တန်း ဒုတိယအဆင့်၊အထက်တန်း တတိယအဆင့် ၊

အလယ်တန်း ပထမအဆင့် ၊အလယ်တန်း ဒုတိယအဆင့် ၊အလယ်တန်း တတိယအဆင့်၊

အောက်ဆုံး ပထမအဆင့် ၊အောက်ဆုံး ဒုတိယအဆင့်၊ အောက်ဆုံးတတိယ အဆင့် ဆိုပြီး ရှိပါတယ် ]

မင်းယန် ဧကရာဇ်မင်းမှာ မျက်နှာပျက်သွားသည်။ ဤနှစ်ပေါင်းများစွာ ခေတ်ကာလအတွင်း သူ တွေ့ကြုံခဲ့ရသည်မှာ နဝမအဆင့်သာ ရှိသော်လည်း ၊ ယခုတွင်မူ တဖက်လူမှာ သတ္တမအဆင့် ဧကရာဇ် တစ်ပါး ဖြစ်နေခဲ့ပြီပင်။

အဆင့်တစ်ခုချင်းစီတိုင်း ကောင်းကင်ဘုံထိ မြင့်မားသော မတူညီသော အက်ေအခဲများ ရှိတတ်ကြပြီး ၊ အဆင့်များကို ဖြတ်ကျော်ခြင်းသည် ကောင်းကင်ဘုံကို ဖြတ်ကျော်ခြင်းနှင့် ဆင်တူပေသည်။

ကွဲပြားခြားနားသော အဆင့်တိုင်းတွင် လွန်စွာကြီးမားသော ကွာဟချက်ရှိသည် ။

သို့သော် ယခုတွင် ကျင့်ကြံမှုကို ကြည့်မည်ဆိုပါက ၊ သူ နှင့် ဟေးရွှီ ဧကရာဇ်မင်းကြားတွင် ကြီးမားသော ကွာဟချက် ရှိ‌သည်။

သို့သော် ဒီတိုင်း လက်လျော့လိုက်မည်ဆိုပါက သူ ကျေနပ်နိုင်မည် မဟုတ်ချေ ။

စူးချန်ကဲ၏ လျှို့ဝှက်ချက်သည် ပိုမိုမြင့်မားသော နယ်ပယ်အဆင့်သို့ ဖြတ်ကျော်ဝင်ရောက်နိုင်စွမ်း ရှိပေသည်။ သတ္တမအဆင့်ကိုပင် မဆိုနှင့် ၊ပဉ္စမ အဆင့်နဲ့ စတုတ္ထအဆင့်ကိုပါ ဖြတ်ကျော်နိုင်ပေလိမ့်မည်။

ရွှမ်း!

ထိုစဉ် ၊

ဓားသွားသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် အလွန်ပြင်းထန်သော ဓားအလင်းတန်း တစ်ခုသည် ထိုဧကရာဇ်မင်းမြတ်နှစ်ပါးထံသို့ တိုက်ရိုက် ကျရောက်သွားသည်။

သို့သော်လည်း ဟေးရွှီ ဧကရာဇ်မင်း သည် ထိုဓားအလင်းကို တိုက်ရိုက် ဖြိုခွဲပစ်လိုက်သည် ။

သူ၏အေးစက်သော အကြည့်များက ဓားကိုင်ထားသော ပေကျန့် အဘိုးအိုထံသို့ ကျရောက်သွားသည်။

“ ပုရွက်ဆိတ် တစ်ကောင် အဆင့်ကများ ၊ နတ်ဘုရားတစ်ပါးကို လက်ပါရဲလောက်တဲ့အထိ အတော်သတ္တိရှိနေတာပဲ”

အပိုင်း(၂၄၉): ပုရွတ်ဆိတ် အဆင့်ဆိုတောင် နတ်ဘုရားနဲ့ ယှဉ်ပြိုင်နိုင်တယ်

ဝုန်း!!

ပြင်းထန်သော လက်ဝါးရိုက်ချက် တစ်ချက်ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ တဟုန်းထိုး ထွက်ပေါ်လာခဲ့ရာ ကျောက်စရစ်ခဲများ လေနှင့်အတူ လွှင့်ထွက်သွားပြီး မြေပြင်ကြီး တစ်ခုလုံး တိုက်ရိုက် ကွဲအက်သွားခဲ့သည်။

“ ရှောင်ဟေးဇီ !”

တစ္စေဓားအမတရှင်သည် စူးချန်ကဲ၏ အတွင်းစိတ်ထဲကနေ နေ၍ ဆိုလိုက်သည်။

ပေကျန့် အဘိုးအိုသည် သူ၏ ငယ်ကျွန်ဖြစ်ပြီး တစ်ဘဝလုံး သူ့နောက်ကိုသာ လိုက်လာခဲ့သူ ဖြစ်သည်။

မူလက ဤကိစ္စများကို ဖြေရှင်းပေးပြီးနောက် သူနှင့် စကားပြောရန် ကြံရွယ်ထားခဲ့သော်လည်း ၊ သို့သော် အခြေအနေပြောင်းလဲသွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

“ လူကြီးမင်း ၊ ကျွန်တော် နောက်ထပ် ဓားတစ်စင်း သုံးနိုင်သေးတယ်...”

တစ္စေဓားအမတရှင်၏ စိုးရိမ်ပူပန်မှုကို ခံစားမိသော စူးချန်ကဲသည် အသံမက်ဆေ့ချ်ဖြင့် ပြောကြားလိုက်သည်။

“မဟုတ်ဘူး....”

ယခုအချိန်တွင် စူးချန်ကဲသည် မည်မျှအားနည်းနေမှန်း သူ သိသည်။

ယုတ္တိကျကျဆိုရလျှင်ဖြင့် ၊ သူ၏တွက်ချက်မှုအရ စောနက ဓားချက်သည် မျဲ့ဟွင် ဧကရာဇ်မင်း၏ လက်တစ်ဖက်ကို ဖြတ်တောက်ပစ်နိုင်သည်။

သို့သော် စူးချန်ကဲ၏ ခွန်အားသည် အလွန်အစွမ်းထက်လိမ့်မည် ဟု ထင်မထားခဲ့ပေ။ သို့ဖြစ်၍ သူသည် ရန်သူကို တိုက်ရိုက် သတ်ပစ်မိခဲ့သည်။

သို့သော် တစ်ချိန်တည်းမှာပင် သုံးစွဲမည့် အင်အားမှာလည်း ကြီးမားပေသည်။အကယ်၍ စူးချန်ကဲသည် ဓားကို ထပ်မံ အသုံးပြုမည်ဆိုပါက ဧကရာဇ်မင်းတစ်ပါးကို သတ်ပစ်နိုင်လိမ့်မည်ပင်။

ထိုစဉ် ၊

သို့သော် ဟေးရွှီ ဧကရာဇ်မင်းမှ သူ့လက်ကို နောက်တစ်ကြိမ် ပြန်ရုတ်မသိမ်းမီ ၊ နောက်ထပ် တောက်ပသော ဓားအလင်းတစ်ခုက အပျက်စီးကြားထဲကနေ ထွက်ပေါ်လာခဲ့ပြန်သည်။

“ခေါင်းမာလွန်းတယ် “

ဟေးရွှီ ဧကရာဇ်မင်းသည် အေးစက်စွာ ဆိုလိုက်သည်။ ဓားအလင်းသည် သူ့အနားသို့ မရောက်ခင်အချိန်အတွင်းမှာပဲ တိုက်ရိုက်ဖျက်ဆီးခံလိုက်ရသည်။

သွေးအနည်းငယ် စွန်းထင်နေပြီ ဖြစ်သော ပေကျန့် အဘိုးအိုသည် အပျက်အစီးတွေကြားက ထလာခဲ့သည်။ သူ၏အမူအယာသည် ယခုအချိန်တွင် စိတ်ပိုင်းဖြတ်ထားဟန် ရှိသည်။

“ဒီကလေးက တစ္စေဓားအမတရှင်ရဲ့ ဓားသေတ္တာ ကိုးလက်ကို အမွေဆက်ခံထားပြီးပြီ ၊ အဲ့တော့ သူက တစ္စေဓားအမတရှင်ရဲ့ အမွေဆက်ခံသူပဲ!”

“ တစ္စေဓားအမတရှင် လူကြီးမင်းရဲ့ ဆက်ခံသူကို မင်းတို့ စော်ကားချင်သလို စော်ကားလို့မရဘူး!”

“ကောင်းကင်အရိပ် ဓားပင်လယ်!”

ချွင် —

ကျယ်လောင်သော ဓားသွားသံနှင့်အတူ ၊ ဓားရိပ်များသည် ကောင်းကင်ပြင်တွင် ထွက်ပေါ်လာသည်။

ဓားများသည် တိမ်ပင်လယ်ထိ တိုးဝင်နေသော အဆုံးမသတ်နိုင်သည့် တောင်တန်းတစ်ခုအဖြစ် စုဝေး‌နေကြသည်။

“ပုရွက်ဆိတ်အဆင့်ဆိုတောင် ဘာဖြစ်လဲ!?”

ထိုစကားများကို ပြောရင်း ၊ ပေကျန့်အဘိုးအိုမှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော မှတ်ဉာဏ်များကို ပြန်အမှတ်ရမိသည်။

သူသည် မူလက မတရားသဖြင့်သေဆုံးခဲ့ရသော လေလွင့်နေခဲ့သည့် ဝိညာဉ်တစ်ကောင်သာဖြစ်သည် ။သူသည် အရင်ဘဝက ကျင့်ကြံအားထုတ်ရန် အရည်အချင်းမရှိသည့် တောင်ပေါ်က ရွာသား တစ်ယောက်ပင် ဖြစ်သည်။

သို့သော် ဤကဲ့သို့ သာမန်လူတစ်ယောက် သေဆုံးသွားပြီးနောက် သူ့ ကံကြမ္မာကို ပြောင်းလဲစေခဲ့သော တစ္စေဓားအမတရှင် နှင့် တွေ့ဆုံခဲ့ရသည်။

သူသည် ဆိုးရွားသော အခြေအနေများဖြင့် ကြုံခဲ့ရသည် ။ထိုစဉ်အချိန်အခါက ၊ သူ့ကို စားချင်နေသော မရေမတွက်နိုင်သော သရဲတစ္ဆေများ၏ ဝန်းရံခြင်းကို ခံခဲ့ရသည်။

ကြီးမားသော အသက်ဘေးနှင့် ကြုံတွေ့ခဲ့ရသော အကျပ်အတည်းက သူ့အား ပြင်းထန်သော ခွန်အားများဖြင့် ပေါက်ကွဲစေခဲ့ပြီး ၊ သူ့အား စားရန် ချောင်းနေသော ထိုသရဲတစ္ဆေများနှင့် တိုက်ခိုက်ရန် လမ်းကြောင်းပေးခဲ့သည် ။

သို့သော် နောက်ဆုံးတွင် ၊ ၎င်းတို့၏ ခေါင်းဆောင် ဖြစ်သည့် တစ္စေဘုရင်တစ်ကောင်၏ တွန်းလှန်ခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ယခုပင်လျှင် ထိုတစ္စေဘုရင်၏ လှောင်ပြောင်သော စကားလုံးများက သူ့ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်ဖြစ်သည်။

“ဟားဟား ၊ ပုရွက်ဆိတ်တစ်ကောင်က နတ်ဘုရားတစ်ပါးကို တိုက်ခိုက်ရဲတယ်ပေါ့!?”

ထိုစကားများကို ပြောရင်း ၊ တစ္ဆေဘုရင်သည် သူ့ကို ချေမှုန်းရန် ဟန်ပြင်လိုက်သည် ။

ထိုစဉ် သူ့ဘ၀ကို ပြောင်းလဲစေခဲ့သော လူတစ်ယောက် ထွက်ပေါ်လာခဲ့သည် ။

ထိုစဉ်က တစ္စေဓားအမတရှင်မှာ လူငယ်တစ်ယောက်ဖြစ်ပြီး သူတော်စင်ပညာရှိ နယ်ပယ်အဆင့်တွင်သာ ရှိသေးသည်။

တစ္စေဘုရင်နှင့် နှိုင်းယှဉ်မည်ဆိုတာက ကွာဟချက်က ကြီးမားပေသည် ။

ပုရွက်ဆိတ်နှင့် နတ်ဘုရားကြားက ကွာဟချက်လိုပင်။

သို့သော် ထိုပုရွက်ဆိတ်ငယ်( တစ္စေဓားအမတရှင်) သည် ဤပုရွက်ဆိတ်(ပေကျန့်အဘိုး) အတွက် နတ်ဘုရားကိုပင် တိုက်ခိုက်ခဲ့သည်။

သေလုနီးပါး တိုက်ခိုက်ကြရင်း နောက်ဆုံးမှာတော့ ထိုနတ်ဘုရား ဆိုသူကို သတ်ပစ်နိုင်ခဲ့သည်။

ပေကျန့် အဘိုးအိုသည် တစ္စေဓားအမတရှင်ကို မေးခဲ့ဖူးသည်။ တစ္စေဓားအမတရှင်သည် သွေးစွန်းနေသော သူ့မျက်နှာကို သုတ်လိုက်ပြီး ပြုံးပြုံးလေး ဖြေခဲ့ဖူးသည် ကို အမှတ်ရမိသည်။

“ ရိုးရှင်းပါတယ်၊ ငါ သက်သေပြချင်လို့လေ”

ဤအခိုက်အတန့်တွင် ပေကျန့် အဘိုးအို၏ မှတ်ဉာဏ်ထဲ၌ တစ္ဆေဓားအမတရှင်၏ ပုံရိပ်တို့ ရှိနေခဲ့သည်။

“ပုရွက်ဆိတ်ဆိုတောင် နတ်ဘုရားတွေနဲ့ ယှဉ်ပြိုင်ခွင့်ရှိတယ် “

ဝီ —

ဤအခိုက်အတန့်တွင် ၊အလွန်တောက်ပသော အလင်းရောင်နှင့်အတူ ပေကျန့် အဘိုးအို၏ နောက်ကွယ်တွင် မရေမတွက်နိုင်သော ဓားအရိပ်များ ထွက်ပေါ်လာခဲ့သည်။

ဝှစ် ဝှစ် ဝှစ်းးးးး !

ချက်ချင်းဆိုသလို ၊ ငှက်ကလေးများ ကောင်းကင်သို့ ပျံတက်သွားသည့်အတိုင်း။

မရေမတွက်နိုင်သော တောက်ပစူးရှသည့် ဓားအလင်းများသည် လေကို ခွင်းကာ ‌ပျံသန်းလာခဲ့သည်။

၎င်းသည် ကမ္ဘာကြီးတစ်ခုလုံးကို လင်းထိန်သွားစေခဲ့ပြီး ၊ နှင်းမုန်တိုင်းကြီးအလား အလွန်ပြင်းထန်ပေသည်။

“ပုရွက်ဆိတ် က ပုရွက်ဆိတ်ပဲ၊ နတ်ဘုရားနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ?”

ဟေးရွှီဧကရာဇ်မင်း က မဲ့ပြုံးပြုံးလိုက်သည်။ပေကျန့် အဘိုးအိုသည် လွန်ခဲ့သော ရာစုနှစ်များစွာကတည်းက တစ္စေဓားအမတရှင်၏ နောက်လိုက် ကောင်လေးမှန်း သူသိထားပြီးသား ဖြစ်သည်။

တို့အပြင် ၊ တစ်ဖက်လူတွင် ကျင့်ကြံစွမ်းအား လုံးဝမှ မရှိသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိသည် ။

တစ္စေဓားအမတရှင်၏ အကာအကွယ် မရှိသော ထိုလူသည် သူ့အမြင်အရတော့ ပုရွက်ဆိတ်ထက်ပင် သနားဖို့ကောင်းသည်။

သူ့ညာလက်ညိုးကို ဆန့်ထုတ်ပြီး ဝှေ့ယမ်းလိုက်သည်နှင့် ၊

မရေမတွက်နိုင်သော အနက်ရောင် မိုးကြိုးကွင်းများ ပေါ်ထွက်လာသည်။ထို့နောက် လှိုင်းလုံးကြီးများနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် မိုးကြိုးမုန်တိုင်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။

မရေမတွက်နိုင်သော ဓားအရိပ်များ ထိုးဖောက်ဝင်ရောက်လာသည်နှင့်အမျှ ဤကြောက်မက်ဖွယ်ရာ ကောင်းသော မိုးကြိုးစက်ဝိုင်းများမှာ တဂျိန်းဂျိန်းဖြင့် မြည်ကြွေးနေသည်။

ဘုန်း ! !

ရုတ်​တရက်​ အလွန်ကြီးမားသော အစိတ်စိတ် အမွှာမွှာ ကွဲကြေသံကို ကြားလိုက်​ရပြီး ၊ ကြောက်​စရာ​ကောင်းသော ​စွမ်းအင်လှိုင်း​များက အရပ်​ရပ်​ကို ပျံ့နှံ့သွားသည်​။

ဓားစွမ်းအင်များ အဆက်မပြတ် ဖြိုခွင်းခံနေရသလို ၊ မိုးခြိမ်းသံများလည်း အဆက်မပြတ် ဖြိုခွင်းခံနေရသည်။ အချိန်အတိုင်းအတာတစ်ခုအထိ၊ လုံးဝကွဲပြားသော စွမ်းအားနှစ်ခုသည် ဤကမ္ဘာပေါ်ရှိ လမ်းကြောင်းအားလုံးဆီသို့ ပျံ့လွင့်သွားသည့် ကြေမွသွားသော အသံလှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ဒီလူကြီးအိုမှာ ကျင့်ကြံစွမ်းအား မရှိမှန်း သိသာပေမယ့် သူက ဧကရာဇ်မင်းရဲ့တိုက်ခိုက်မှုကို တကယ်ယှဉ်နိုင်ပါ့မလား!”

“အရင်တုန်းက လူ့ဘီလူးတစ်ကောင်၊ အခုလည်း လူ့ဘီလူး တစ်ကောင်၊ လူ့ဘီလူးကောင်တွေ ဘယ်လောက်တောင် ရှိနေပြီတုန်း”

စောင့်ကြည့်နေသော လူအုပ်ကြီးမှာ ရင်တမမဖြင့်။

သူတို့၏ ခံယူနိုင်စွမ်းအရ ၊ ပေကျန့်အဘိုးအိုတွင် ကျင့်ကြံစွမ်းအားမရှိပါသော်လည်း အဘယ့်ကြောင့် ဧကရာဇ်မင်း တစ်ပါးနှင့် ယှဉ်ပြိုင် နိုင်သနည်း။

“ဟား... လူသေတစ်ယောက်ရဲ့ လက်ကျန်စွမ်းအားတွေနဲ့ ငါ့ရဲ့ စွမ်းအားကို တွန်းလှန်ချင်နေတာလား?”

ဟေးရွှီ ဧကရာဇ်မင်းသည် စူးချန်ကဲ ကဲ့သို့ပင် မထီမဲ့ပြုံး ပြုံးလိုက်သည်။တဖက်လူသည် သူ့ကို ယှဉ်ပြိုင်နိုင်သည့် အရည်အချင်းမရှိမှန်း သူ ခံစားမိသည်။

ယင်းသည် တစ္စေဓားအမတရှင်၏ ကျန်ရှိနေသော စွမ်းအားဖြစ်ရမည် ဟု သူ ယူဆသည်။

ထင်ထားသည့်အတိုင်း ၊ အချိန်အနည်းငယ်ကြာပြီးနောက်မှာတော့ ပေကျန့် အဘိုးအို၏ ခွန်အားသည် လျင်မြန်စွာ ကျဆင်းလာပြီး ပင်ပန်းနွမ်းနယ်လာသည်။

“ ကြည့်ရတာ တစ္စေဓားအမတရှင် လူကြီးမင်းထံ သင်ယူချင်ပေမဲ့.... အရည်အချင်း မပြည့်မီဘူး ထင်ပါရဲ့...”

ပေကျန့် အဘိုးအို၏ အသက်ရှုနှုန်းမှာ နှေးကွေးလာခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာ ပြုံးရယ်လိုက်သည်။

“ တစ္စေဓားအမတရှင် လူကြီးမင်း မြင်ရင်တော့...အသုံးမကျဘူးဆိုပြီး ရယ်နေမလား မသိဘူး...”

“ သေချာပေါက် ဘယ်ဟုတ်ပါ့မလဲ “

သို့သော် ထိုစဉ် ၊ အမျိုးသားတစ်ယောက်၏ အသံ တချက် ထွက်ပေါ်လာခဲ့သည်။

ပေကျန့် အဘိုးကြီးမှာ ထိုအသံကို ကြားသည်နှင့် အံ့ဩသွားသည်။

သူသည် စူးချန်ကဲ ရှိရာ ဦးတည်ဘက်သို့ အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

ဤအခိုက်အတန့်တွင် ၊ စူးချန်ကဲ၏ ရောင်ဝါများသည် သိသိသာသာ တိုးလာနေပြီး ၊ သူ့ ခန္ဓာကိုယ် တစ်ခုလုံး လွန်စွာ တောက်ပနေသည်။

မှော်သင်္ကေတများက နေရာအနှံ့ ပျံ့နှံ့သွားပြီး၊ ၎င်းတို့အထဲက အရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအရိပ်သည် အချိန်မရွေး ပြိုလဲတော့မည်အတိုင်း အနည်းငယ် မှုန်ဝါးနေပုံရသော်လည်း၊ ၎င်း၏ ရောင်ဝါသည် လူကို ထာဝရ ဆန်းကြယ်မှုကို ပေးစွမ်းနေသည်။

ဤပုံရိပ်နှင့်အတူ၊ ဤနေရာ တစ်ခုလုံးကို ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒ အလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားသည်။

“ ဖြန့်ကျတ်စေ “

တစ္စေဓားအမတရှင်သည် သူလက်ကို ဖြည်းဖြည်းချင်း ဝှေ့ယမ်းလိုက်သည်။မူလက ပြင်းထန်စွာ ထိပ်တိုက် ဆုံတွေ့နေခဲ့ကြသော စွမ်းအားနှစ်မျိုးသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ဤမြင်ကွင်းသည် ဟေးရွှီ ဧကရာဇ်မင်း၏ မျက်လုံးများကို ကျဉ်းမြောင်းသွားစေခဲ့သော်လည်း ၊ သူသည် လျင်မြန်စွာဖြင့် စိတ်ကိုအေးအေးထားကာ တစ္စေဓားအမတရှင်အား အေးစက်စွာ မေးလိုက်သည်။

“ ကြည့်ရတာ မင်းက နောက်ကွယ်ကလူမလား?”

“ ဒါပေမဲ့ ဝိညာဉ်ခန္ဓာသာ ရှိတဲ့သူက မဆိုင်တာ ဝင်ပါလို့...”

“လစ်စမ်း !”

တစ္စေဓားအမတရှင်သည် သူ၏ လက်ဝတ်ရုံကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားအလင်းသည် ကောင်းကင် တခွင်လုံး ပြည့်လျှံသွားပြီး ဆူနာမီ အဖြစ်သို့ ဟစ်ကြွေးအော်မြည်နေခဲ့သည်။

ဝုန်းး ဝုန်း!!!

ကောင်းကင်ကြီး တစ်ခုလုံး တုန်လှုပ်လျက် ၊ လေပြင်းများက ပြင်းထန်စွာ တိုက်ခတ်လေသည်။

ဟေးရွှီ ဧကရာဇ်မင်းမှာ တစ္စေဓားအမတရှင်၏ လက်ဝါးတချက်တည်းဖြင့် လွှင့်ပျံသွားသည်။

ဒုန်း! !

ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံနှင့်အတူ ၊ခပ်ဝေးဝေး တစ်နေရာမှ လေထု အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အဆုံးမရှိသော ဖုန်မှုန့်များက အလိပ်လိပ် ထလျက်၊ ဟေးရွှီ ဧကရာဇ်မင်း၏ ရုပ်သွင်မှာ အချိန်ခဏတာမျှ ပျောက်ကွယ်သွားသည်။

“ဒါ၊ ဒါ... ငါ အိပ်မက်များ မက်နေတာလား? ဟေးရွှီ ဧကရာဇ်မင်းက အဲ့ဒီပုံရိပ်ရဲ့ လက်ဝါးတချက်စာကို ခံရပြီး အဝေးကို လွှင့်ထွက်သွားတယ်ပေါ့!?”

သရဲတစ္တေကို မြင်လိုက်ရသည့်အတိုင်း မယုံကြည်နိုင်စွာဖြင့် ကိုယ့်မျက်လုံးကို ပွတ်သပ်နေကြသည်။

ထိုပုံရိပ်သည် မည်သူဖြစ်သည်ကို သူတို့အားလုံး မသိကြပေ။ဝိညာဉ်ခန္ဓာသည် အလွန်ပျက်စီးလွယ်သော ဖြစ်တည်မှုတစ်ခု ဖြစ်လျှက်သားနဲ့ ၊ လက်ဝါးစာ တချက် ကျွေးရုံနဲ့ ဟေးရွှီ ဧကရာဇ်မင်းကို လွှင့်ထွက်သွားစေသတဲ့လား?

ထိုမြင်ကွင်းကို ကြည့်နေသူ ပေကျန့် အဘိုးအိုမှာဖြင့် မျက်ရည်များက ထိန်းမရတော့သည့်အထိ ဝဲတတ်လို့လာခဲ့သည်။

နှစ်မရေမတွက်နိုင်အောင် စောင့်ဆိုင်းခဲ့ပြီး အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သတိရခဲ့ရသော ထိုအနှီပုဂ္ဂိုလ်သည် နောက်ဆုံးမှာတော့ သူ့ရှေ့တွင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

“ ရှောင်ဟေးဇီ ၊ မတွေ့တာကြာပြီ “

သူ့မှတ်ဥာဏ်ထဲကအတိုင်း ရင်းနှီးသော အသံကို ကြားလိုက်ရသည်နှင့် ပေကျန့် အဘိုးအိုမှာ သိသိသာသာ တုန်လှုပ်သွားသည်။

သူသည် ချက်ချင်းလက်ငင်း တစ္စေဓားအမတရှင်အား ဒူးတစ်ဖက် ထောက်ကာ လက်သီးဆုပ်လျက် ဦးလျှက်လိုက်သည်။

“တစ္စေဓားအမတရှင် လူကြီးမင်း ၊ နှုတ်ဆက်ဂါရဝပြုပါတယ်!!”

All Chapters