အခန်း (၂၅၅-၂၅၇)
Vol. 18 Ch. 255-257
အပိုင်း(၂၅၅): ကမ္ဘာ့ဘုံ သီးသန့်အခန်း
စူးချန်ကဲသည် ထန်ဝူအာ ကို တချက်ကြည့်လိုက်သည်။
စူးချန်ကဲ၏ အကြည့်ကို သူမနားလည်သည်။
သူမသည် ရွှယ့်လျန် အား လက်နှစ်ဖက်ကို လျှက်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ ရှင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့ဘာသာ သွားတာက ပိုကောင်းပါလိမ့်မယ် “
ထိုအချိန်တွင် စူးချန်ကဲ က ရွှယ့်လျန်ကို ပြုံးပြပြီး ဆိုလိုက်သည်။
“ မိန်းကလေးရဲ့ အဆင့်အတန်းက ထူးကဲပုံရတယ်”
“ဒါပေမယ့် ဒီလိုအမြင်ကျဉ်းတဲ့ အစောင့်တွေနဲ့ ရှိနေတာ အနည်းငယ် ဈေးကျတယ် “
ထိုသို့ပြောပြီးနောက် စူးချန်ကဲသည် လက်ကိုနောက်ပစ်လျက် အရိုးဖြူ လေလံပွဲရုံထဲသို့ တည့်တည့်မတ်မတ် လျှောက်သွားခဲ့လေသည်။
စူးချန်ကဲ ဆိုတဲ့ သူဆိုတဲ့လူက လူကောင်းမှ မဟုတ်တာ ၊ သူများရဲ့စော်ကားတာကို ခံစရာလား?
အဲ့အတွက် ပြန်မပေးဆပ်သင့်ဘူးလား?
“သခင်လေး...လှေကားအတက်အဆင်း ဂရုစိုက်ပါ ...”
အရိုးဖြူ လေလံပွဲရုံ ပိုင်ရှင်သည် လမ်းကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့သည်။
ရုတ်ချည်း ဖြစ်ပေါ်လာခဲ့သော ဤမြင်ကွင်းသည် လူတိုင်းကို အမြင်ကျယ်သွားစေသည်။
ရွှယ့်လျန်သည် ထိုစကားကို ကြားသည်နှင့်၊ သူမ၏ မျက်နှာမှာ မှုန်သုန်သွားခဲ့သည်။
သူမ ဘေးနားက အစောင့်က မြင်တော့ အလျင်စလို အမိန့်တောင်းခံလိုက်သည်။
“ မမလေး စိတ်ချ ၊ ဒီလို အရှက်မရှိစကား ပြောသွားတဲ့ကောင်ကို ကျွန်တော် ဖမ်းလိုက်မယ်”
ထိုစကားကြားတော့ သူမ၏ ဒေါသများက ပို၍ပင် ကြီးမားလာခဲ့ပြီး ၎င်းအား လက်ပြန်ဖြင့် ရိုက်ချလိုက်သည်။
ဘုန်း!!
နိယာမစွမ်းအားတို့သည် ဧရာမ လက်ဝါးကြီးတစ်ခု ဖြစ်လာခဲ့ပြီး ၊ သူမနောက်က အစောင့်အကြပ်များအား အဝေးသို့ လွှင့်ထွက်သွားစေသည်။
“ အမြင်မရှိတဲ့ကောင်တွေ!!”
သူမ၏ လေသံသည် အေးစက်နေသည်။
-“ဒီနေ့ကစပြီး မင်းတို့က ငါ အဆုံးမဲ့ နတ်ဆိုးဂူရဲ့ အဖွဲ့ဝင်တွေ မဟုတ်တော့ဘူး!”
“နှစ်တွေကြာအောင် ခင်မင်လာခဲ့တဲ့ ရင်းနှီးမှုကို ထောက်ထားပြီး ဒီနေ့ မင်းတို့ကို မသတ်ဘူး၊ ဒီကနေ ထွက်သွားကြစမ်း!”
“သခင်မလေး....”
အစောင့်များသည် တစ်ခုခုပြောရန် ဟန်ပြင်လိုက်သော်လည်း ၊ သူမ၏ မျက်လုံးထဲက အမျက် ဒေါသကို မြင်လိုက်ရသည်နှင့် ကြက်သေ သေသွားသည်။
သူတို့ သိလိုက်သည်!
သူတို့ဘဝတစ်ခုလုံး အဆုံးသတ်သွားခဲ့ပြီပင်!
“ သေသင့်တဲ့အကောင်တွေ...”
ရွှယ့်လျန် တစ်ယောက် ဒေါသတကြီး ဖြစ်နေခဲ့သည်။သူမသည် စူးချန်ကဲကို သိခွင့်ရခဲ့သော်လည်း ထိုမျက်ကန်း တစ်သိုက်ကသူမ၏ အကြံကို ဖျက်ဆီးပစ်ခဲ့သည် ။
“မဟုတ်ဘူး၊ ငါ နည်းလမ်းရှာရမယ်...”
“ဒီလူက အဆုံးမဲ့ နတ်ဆိုးဂူ အတွက် အရမ်းအသုံးဝင်လိမ့်မယ်...”
ပျောက်ကွယ်သွားပြီ ဖြစ်သော စူးချန်ကဲ၏ ဦးတည်ရာဘက်ကို ကြည့်ရင်း ၊သူမသည် ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်နှင့် မိတ်ဖွဲ့ရန် အတတ်နိုင်ဆုံး ကြိုးစားရမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
…..
အရိုးဖြူ လေလံပွဲရုံအတွင်းတွင် ဇိမ်ခံပစ္စည်းများဖြင့် ပြည့်နှက်နေသည်။
လျှောက်လမ်းတစ်လျှောက် အလွန်လှပသောသီးသန့်အခန်းများစွာ ရှိနေသည်ကို စူးချန်ကဲ မြင်လိုက်ရသည်။
ယခုအချိန်တွင် ကျင်းသယ်ဖာသည် စူးချန်ကဲအား မိတ်ဆက်ပေးနေခဲ့သည်။
“ကျွန်တော်တို့ အရိုးဖြူ လေလံပွဲရုံမှာ သီးသန့်အခန်း တစ်ရာ့သုံးဆယ့်ခြောက်ခန်း ရှိပါတယ်”
“ အဲ့တာကိုမှ လူ ၊ မြေ ၊ ကောင်းကင် ဆိုပြီး ပိုင်းခြားထားပြီး ၊ ကောင်းကင် သီးသန့်ခန်း ရဲ့ အပေါ်က အခန်းကိုတော့ ကမ္ဘာ့ဘုံ သီးသန့်အခန်းလို့ ခေါ်ပါတယ်”
“သခင်လေးရဲ့ အခန်းကတော့ အလယ်မှာပါ”
ဤကမ္ဘာ့ဘုံ အခန်းကို နှစ်ထောင်ပေါင်းများစွာ မဖွင့်လှစ်ခဲ့ရသော်လည်း ၊ ယနေ့တွင် စူးချန်ကဲ ရောက်ရှိလာခဲ့ပြီး ထိုအခန်းကို ထပ်မံ ဖွင့်လှစ်နိုင်ခဲ့သည်။
“သခင်လေး ဒီဘက်ကိုကြွပါ”
ကျင်းသယ်ဖာသည် စူးချန်ကဲအား ကြီးမားသောရွှေဝါရောင် အခန်းတစ်ခုဆီသို့ ပို့ဆောင်ပေးခဲ့သည်။
ခရက်—
ယန္တရားလည်ပတ်သံများနှင့်အတူ ၊
ပိတ်ထားသော တံခါးနှစ်ချပ်မှာ အလိုအလျောက် ပွင့်သွားခဲ့ပြီး အခန်း၏ ကျယ်ပြောမှုကို ထုတ်ဖော်ပြသခဲ့သည်။
မှော်သင်္ကေတများက ညဘက်ရှိ ကြယ်ပွင့်များကဲ့သို့ ရွေ့လျား စီးဆင်းနေပြီး လှပသော ရှုခင်းအမျိုးမျိုးကို ဖန်တီးပေး နေသည်။
အခန်းထဲတွင် ပရိဘောဂ မျိုးစုံရှိပြီး ၊ ပရိဘောဂများကို အဖိုးတန် သစ်သားများဖြင့် ထွင်းထုထားသောကြောင့် ပို၍ ဇိမ်ကျကာ အဆင့်မြင့်မြင့် ခံစားချက်ကို ပေးစွမ်းနေသည်။
လူကို အံ့သြသွားစေခဲ့သည့်အရာမှာ အခန်းထဲတွင် နိယာမစည်းမျဉ်းများဖြင့် ဖွဲ့စည်းထားသော အကာအရံတစ်ခု ရှိနေခြင်းပင်။
အကာအရံသည် ဖောက်ထွင်းမြင်ရပြီး ၊ အခန်းအပြင်ဘက်ရှိ ရှုခင်းများကို ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်သည်။
ဤအခန်းမှတစ်ဆင့် လူထောင်ပေါင်းများစွာ ထားရှိနိုင်သော အလွန်ကျယ်ပြောလှသည့် ခန်းမကြီးကို မြင်တွေ့နိုင်သည့်အပြင် ဧရိယာထောင့်တိုင်းကိုလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ထောင့်တွင် လျို့ဝှက်စွာ တစ်တီတူးနေကြသော စုံတွဲ တစ်တွဲကိုတောင် ရှင်းရှင်းလင်းလင်း မြင်တွေ့ရပေသည်။
သို့သော် ယုတ္တိကျကျ ဆိုရလျှင်ဖြင့် ၊ ထိုကဲ့သို့ ထင်သာမြင်သာ နေရာတွင်ရှိသော စူးချန်ကဲအား လူတိုင်း ရှာဖွေတွေ့ရှိသင့်သည်။
သို့သော် တဖက်လူသည် စူးချန်ကဲအား လုံးလုံးလျားလျား မျက်ကွယ်ပြုထားပုံ ရသည်။
“စိတ်ဝင်စားဖို့ ကောင်းတယ် ၊ ဒီမှော်စက်ဝိုင်းက အပြင်ရဲ့ ထောက်လှမ်းမှုကို ပိတ်ဆို့ထားပုံရတယ်”
“ သခင်လေး အမြင်ရှိပါပေတယ်”
ကျင်းသယ်ဖာ က ဆိုလိုက်သည်။
“ဒါက ကျွန်တော် အရိုးဖြူ လေလံပွဲရုံ မှာ ရှိတဲ့ အကောင်းဆုံး သီးသန့်အခန်းပါ ၊ အထူးရှေးဟောင်း မှော်အစီအရင်ကို အသုံးပြုထားပါတယ် ၊ အထဲကနေ အပြင်ကို စစ်ဆေးကြည့်ရှုနိုင်ပေမယ့် အပြင်က ဒီသီးသန့်အခန်းရဲ့ အတွင်းကို မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး”
တစ်ဖက်မှ ကျင်းသယ်ဖာ၏ မျက်နှာပေါ်တွင် လှောင်ပြောင်အပြုံး တစ်ခုရှိခဲ့သည်။သူသည် လမ်းတစ်လျှောက် စစ်ဆေးကြည့်ရှုလာခဲ့ရာ စူးချန်ကဲသည် မရိုးရှင်းမှန်းး ပိုပိုပြီး ခံစားမိလာသည်။
ဤဧရိယာရှိ ဝိညာဉ်စွမ်းအားသည် အရိုးဖြူ လေလံပွဲရုံ တစ်ခုလုံးတွင် အပြင်းထန်ဆုံးဖြစ်ပြီး ၊ ပထမဆုံးအကြိမ် ဝင်ရောက်လာသူများအဖို့ ဤနေရာနှင့် လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်ကြရသည်။
ထိုကဲ့သို့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်ရာတွင် ထူးဆန်းသော အပြုအမူအချို့ကို ထုတ်ဖော်ပြတတ်ကြသည်။
သို့သော် စူးချန်ကဲ၏ ဘေးက ထန်ဝူအာ သည် ထိုအခြေအနေနှင့် ကိုက်ညီပေသည်။
“အမ်....”
ယခုအချိန်တွင် ထန်ဝူအာ၏ မျက်နှာမှာ နီမြန်းနေပြီး ၊ သူမ တစ်ကိုယ်လုံး ယားယံနေသည်။
“ ဝူအာ မင်း ဘာဖြစ်လို့လဲ”
စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။
အခန်းထဲဝင်လာတာနဲ့ ဘာလို့ ဒီလိုဖြစ်သွားတာလဲ?
ဝိညာဉ်စွမ်းအင် နည်းနည်း ပိုအားကောင်းနေရုံပဲ မဟုတ်ဘူးလား?
“သ...သခင်လေး...ကျွန်မ...”
စကားလုံး တစ်လုံး ပြောပြီးတိုင်း ၊ ထန်ဝူအာသည် လေများကို ရှူထုတ်သည်။ သူမ၏ မျက်နှာမှာလည်း ပိုပို၍ နီမြန်းလာသည်။
စူးချန်ကဲသည် ခေါင်းတယမ်းယမ်းဖြင့် ပြုံးလိုက်ပြီး ၊ သူ့လက်ချောင်းထိပ်တွင် စွမ်းအင်များကိုစုဝေးလျက် ထန်ဝူအာ အပေါ်သို့ လွှမ်းခြုံ ပေးလိုက်သည်။
ခဏကြာပြီးနောက် ၊ သူမ၏ အသက်ရှူနှုန်းမှာ ဖြည်းဖြည်းချင်း ငြိမ်သက်သွားခဲ့သည်။
“ကျေးဇူးတင်ပါတယ် သခင်လေး...”
သူမ၏ မျက်နှာပေါ်တွင် မိန်းကလေး ဆန်သော ရှက်ရွံ့မှု အရိပ်အမြွက်များကို မြင်တွေ့နိုင်သည်။ အကယ်၍ စူးချန်ကဲသာ အချိန်မီ မလုပ်ဆောင်နိုင်ခဲ့ပါက ၊ သူမကိုယ်သူမ ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ...
ထိုမြင်ကွင်းသည် ကျင်းသယ်ဖာ၏ အမူအယာကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။
ဤမျှလောက်ပြင်းထန်သော ဝိညာဉ်စွမ်းအင်သည် သူ့ကို လုံးဝ မထိခိုက်စေသည့်အပြင် သူ၏ နောက်လိုက် မိန်းကလေးကိုပါ ကုသပေးနိုင်သည်။
ဒါ လူသားရော ဟုတ်ရဲ့လား?
ကျင်းသယ်ဖာသည် သူ့အတွေးများကို စုစည်းလိုက်ပြီး လက်ခုပ်တီးလိုက်သည်။
ကျွီ - -
တံခါးသည် တစ်ဖန် ပြန်ပွင့်လာခဲ့ပြီး ၊ လှပသော အစေခံ မိန်းကလေးတစ်စု ဝင်ရောက်လာခဲ့သည်။
ထိုမိန်းကလေးများသည် ထူးခြားဆန်းပြားသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမတို့သည် မရဏပြည်တွင် မွေးဖွားလာသူများ ဖြစ်သည့်အလျောက် သူမတို့၏ ထူးခြားဆန်းပြားသော ပုံစံများကို ထုတ်ဖော်ပြသနေသည်။
အစေခံ မိန်းကလေးအချို့၏ လက်ထဲတွင် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိ အသီးအနှံများ ပြည့်လျှံနေသော သစ်သီး ပန်းကန်ပြားများကို ကိုင်ဆောင်ထားသည်။
အချို့သော မိန်းကလေးများက ဝိုင်ပုလင်းများကို ကိုင်ဆောင်ထားပြီး ၊ ဝိုင်၏ရနံ့သည် အကောင်းဆုံး ဝိုင်ဖြစ်ကြောင်း ပြောပြနေသည်။
ဂီတတူရိယာမျိုးစုံကို ကိုင်ဆောင်ကာ လှပသော နီယွန်အဝတ်အစားများကို ဝတ်ဆင်ထားသော အကမယ်လေးများလည်း ရှိပေသည်။
ထိုစဉ် ၊ ကျင်းသယ်ဖာက စူးချန်ကဲကို ကြည့်ကာ ဆိုလာခဲ့သည်။
“သခင်လေး အဆင်သင့်ဖြစ်တာနဲ့ လေလံပွဲကို အောက်မှာ စတင်တော့မှာပါ”
စူးချန်ကဲသည် ပြုံးနေခဲ့သည်။
ဤကျင်းသယ်ဖာသည် အတော်လေး ကစားလို့ ကောင်းမည် ဟု သူ မျှော်လင့်မထားခဲ့ပေ။
သို့သော် သူ စိတ်ထဲမထားပေ။ အပန်းဖြေသည် ဟုသာ မှတ်ယူထားလိုက်သည်။
ဝီ —
ထိုစဉ်၊ လေလံခန်းမ၌ မှိတ်တုတ်မှိတ်တုတ် တောက်ပနေသော အလင်းများကို တွေ့လိုက်ရသည်။
ကျွီ—
စက်ယန္တရားလည်ပတ်သံ တစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။
ကြမ်းပြင်ကြီးသည် လျင်မြန်စွာ ကွဲထွက်သွားပြီး ကြီးမားသော စတိတ်စင်ကြီး တစ်ခု ပေါ်ထွက်လာသည်။
ဘယ်ကတည်းက ထွက်ပေါ်လာမှန်း မသိသည့် မိန်းကလေးလှလေး တစ်ဦးလည်း ရှိနေခဲ့သည်။သူမသည် အနီရောင်ဝတ်စုံကို တင်းကျပ်စွာ ၀တ်ဆင်ထားပြီး အနီရောင် ဆံသားများက သူမကို ပို၍ ဆက်စီကျပေသည်။
“ အရိုးဖြူ လေလံပွဲမှ ကြိုဆိုပါတယ်!”
သူမ၏ လက်ချောင်းထိပ်ပေါ်တွင် အသက်ဝင်နေသော စွမ်းအင်များ ရှိနေပြီး ၊ အသံ ထုတ်လွှင့်မှု ဖွဲ့စည်းပုံကို အသုံးပြုခဲ့သောကြောင့် သူမ၏ အသံမှာ ဤနေရာတစ်ခုလုံးတွင် ဟိန်းထွက်နေခဲ့သည်။
“လေလံရုံမဖွင့်ခင် အရိုးဖြူ လေလံပွဲရုံ ရဲ့ ကိုယ်စား၊ ကဲချန်စု ကို ရိုသေလေးစားကြောင်း ဖော်ပြလိုပါတယ်!”
ဝီ -
မှော်စက်ဝိုင်းတစ်ခုက ထပ်မံ အသက်ဝင် လှုပ်ရှားသွားခဲ့ပြန်သည်။
ပြိုးပြိုးပြက်ပြက် တောက်ပသွားလေရာ လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။
လူတိုင်း၏ အမူအရာများမှာ ရုတ်တရက်ပြောင်းလဲသွားကြပြီး ၊ ၎င်းတို့၏မျက်လုံးများသည် အလွန် ကြောက်စရာကောင်းသော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ ပြူးကျယ်သွားကြသည်။
“ဒါ...ဒါက ကမ္ဘာ့ဘုံ သီးသန့်ခန်းပဲ!”
“ ကမ္ဘာ့ဘုံ သီးသန့်ခန်းကို မဖွင့်တာ နှစ်ထောင်ချီ ကြာခဲ့ပြီမဟုတ်လား ၊ ဒီနေ့ ဘယ်လိုဖြစ်တာလဲ!?”
အပိုင်း(၂၅၆): မင်းတို့ မိသားစု ရဲ့ စည်းစိမ်ဥစ္စာကို သုံးပြီး ငါ့အိတ်ကပ်ထဲက ပိုက်ဆံကို လာပြီး စိန်မခေါ်နဲ့
လူတိုင်း အနည်းငယ် မှင်တက်သွားကြသည်။
အရိုးဖြူ လေလံပွဲရုံမှ ကမ္ဘာ့ဘုံ သီးသန့်ခန်းကိုဖွင့်လှစ်သည့်အချိန်မှာ အလွန်မြင့်မားသောအဆင့်အတန်းရှိသူများ အတွက်သာ ဖြစ်သည်။ထိုပုဂ္ဂိုလ်မှာ ထာဝရအင်အားစု၏ အရှင်သခင်တစ်ပါး ဖြစ်ရမည်ဟု လူတိုင်းသံသယဝင်နေကြသည်။
“ အလွန်ကို အရေးကြီးတဲ့ အထူး ပုဂ္ဂိုလ်များ ဖြစ်နေမလား”
“မဖြစ်နိုင်ဘူး၊ ကဲချန်စု လို့ ခေါ်တဲ့ လူကို ငါ တစ်ခါမှ မကြားဖူးဘူး၊ အထူး ပုဂ္ဂိုလ် ဒီကိုရောက်လာတာ မဖြစ်နိုင်ဘူး “
“ရယ်စရာကောင်းလိုက်တာ၊ ငါ့အမြင်တော့ မင်းက အမြင်ကျဉ်းတဲ့ သူတစ်ယောက်ပဲ ၊ ဒီကမ္ဘာမှာ မင်းမသိနိုင်တဲ့ အထူးပုဂ္ဂိုလ်တွေဆိုတာ ရှိတယ်!”
“…..”
လူတိုင်း ထိတ်လန့်နေသည့်အလျောက် ၊ ရွှယ့်လျန်မှာမူ မျက်မှောင်ကုတ်နေသည်။
“မဟုတ်မှလွဲရော ကမ္ဘာ့ဘုံ သီးသန့်ခန်းမှာ ရှိနေတဲ့ လူက သူများလား?”
ရွှယ့်လျန်၏ စိတ်ထဲတွင် အတွေးမျိုးစုံဝင်ရောက်လာသည် ။
အခြား သီးသန့်ခန်းတွင် ရှိနေကြသော ကွေထျန်းဇီ နှင့် မင်ထျန်းဇီ တို့သည်လည်း မှုန်ကုတ်နေကြသည်။
“ချီးပဲ ၊ ဘယ်ရှေးခေတ် အင်အားစုက ရှေးဟောင်းနည်းလမ်းစဉ် နဲ့ ပတ်သက်ပြီး စိတ်ဝင်စားနေလဲ မသိဘူး”
မှုန်ကုတ်နေသော မင်ထျန်းဇီကို မြင်တော့ ကွေထျန်းဇီက ပြုံးကာ ပြောလေသည် ။
“ဒီတစ်ခေါက် ဘိုးဘေးတွေက ငါတို့ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံးပေါင်း ၁၅ ဘီလီယံအပြည့် ပေးခဲ့တာပဲ ၊ ရှေးဟောင်းနည်းလမ်းစဉ်ကို မယူနိုင်မှာ ကြောက်နေစရာလား”
သူတို့ ပြောနေကြသည့် ရှေးဟောင်းနည်းလမ်းစဉ် ဆိုသည်မှာ သာမန်အရာမဟုတ်။ အရိုးပင်လယ် မှော်ပုလွေ အစား အခြားထူးခြားဆန်းကြယ်သော နည်းလမ်းကို အသုံးပြုကာ ဝင်ရောက်နိုင်ပေတော့မည်။
“ သေသင့်တဲ့ စူးချန်ကဲ !”
ထိုအကြောင်းကို တွေ့လိုက်တိုင်း မင်ထျန်းဇီမှာ ပို၍ဒေါသထွက်လာသည်။အကယ်၍ ယင်ထျန်းဇီသာ စူးချန်ကဲ၏ သတ်ဖြတ်ခြင်းကိုမခံခဲ့ရပါက အရိုးပင်လယ် မှော်ပုလွေသည်လည်း ခုလို လုယူခံရလိမ့်မည် မဟုတ်ပေ။
“လေလံစည်းမျဉ်းတွေကို အသေးစိတ်မပြောတော့ပါဘူး ၊ အမြင့်ဆုံး လေလံတင်နိုင်တဲ့သူက ပစ္စည်းကို ရမယ် ၊ ကျွန်မတို့ဘက်က အတည်ပြုပြီးတာနဲ့ လေလံတင်သူက ပစ္စည်းကို လဲလှယ်နိုင်ပါပြီ “
“ဒီလေလံပွဲက ထူးခြားပါလိမ့်မယ်၊ ကျွန်မတို့ ရွေးချယ်ထားတဲ့ ပစ္စည်းတွေ အားလုံးဟာ အလွန်ရှားပါးတဲ့ ပစ္စည်းတွေမို့လို့ပါ ၊ ပစ္စည်းတစ်ခုချင်းစီတိုင်းက အရမ်း တန်ဖိုးကြီးတယ်လို့ ပြောလို့ရပါတယ်”
“ဒါဆို လေလံတင်မယ့် ပထမဆုံး ပစ္စည်းက တစ္စေ အမတရှင် ခြောက်ပါးခေတ်က ကျောက်စိမ်းပြားပါ ၊ ဒီထဲမှာ ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို မှတ်တမ်းတင်ထားပါတယ်၊ အသေးစိတ်ကိုတော့ ကျွန်မတို့လည်း ကောင်းကောင်း မသိပါဘူး”
တစ္စေ အမတရှင် ခြောက်ပါးခေတ်။
ဤစကားကို ကြားလိုက်ရသည်နှင့် သက်ကြီးရွယ်အိုအချို့က စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်ကြသည်။
တစ္စေအမတရှင် ခြောက်ပါးခေတ်သည် အလွန်ရှေးကျသော ခေတ်တစ်ခုပင် ဖြစ်သည်။
မရဏကမ္ဘာ၏ နယ်မြေအပိုင်းအခြားသည် ထိုခေတ်မှ စတင်ခဲ့သည်။
ထိုခေတ်တွင် အလွှာပေါင်းစုံမှ သူရဲကောင်းများစွာ ပေါ်ထွက်လာခဲ့ပြီး ဂိုဏ်းပေါင်းစုံ ထူထောင်ခဲ့ကြသည်။ ဤသို့ဖြင့် နောက်ပိုင်း မျိုးဆက်များအထိ ဆင်းသက်လာခဲ့ရာ မရဏကမ္ဘာတွင် မရေမတွက်နိုင်သော စွမ်းအားရှင်များလည်း မွေးဖွားလာခဲ့ကြသည်။
ဥပမာအားဖြင့်၊ မရဏကမ္ဘာတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော တစ္စေဓားအမတရှင် ကဲ့သို့ ပုဂ္ဂိုလ်များပင်။
ထိုခေတ်တွင် ၊ မရဏကမ္ဘာကို အလွန်အစွမ်းထက်သော လူခြောက်ဦးတို့က အတူတကွ အုပ်ချုပ်ခဲ့ကြသည် ။ဤခြောက်ဦးကို အမှီပြု၍ နောင်မျိုးဆက်များက တစ္စေအမတရှင် ခြောက်ပါးခေတ် ဟု ခေါ်ဆိုခဲ့ကြသည်။
၎င်းတို့မှာ - တစ္စေဓားအမတရှင်
မျဲ့ဝမ် အမတရှင်
ပီအန့် အမတရှင်
ယွီ့ရှန် အမတရှင်
ရွှယ့်နွှဲ့ အမတရှင်
ရွှမ်အဲ့ အမတရှင်
ဤခြောက်ပါးတို့သည် မရဏကမ္ဘာ၌ အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်များပင် ဖြစ်သည်။
သို့သော် မရဏကမ္ဘာတွင် ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ်ရာ စစ်ပွဲကြီးနှင့်အတူ ထိုပုဂ္ဂိုလ် ခြောက်ဦးစလုံး တယောက်ပြီးတယောက် ကျဆုံးသွားခဲ့ရာမှ နောက်ပိုင်းတွင် မရဏကမ္ဘာကြီး တစ်ခုလုံး ပြိုကွဲသွားခဲ့သည်။
အချိန်များ နှစ်ပေါင်းများစွာကုန်ဆုံးသွားပြီးနောက် ၊ သူတို့သည် တစ္စေအမတရှင် ခြောက်ပါးခေတ် နှင့် ပတ်သတ်သော သတင်းကို ကြားလိုက်ရသည်။
ထို့အပြင်၊ ဤကျောက်စိမ်းပြားတွင် ဂိုဏ်းတစ်ဂိုဏ်း၏ လျှို့ဝှက်ချက်များကိုလည်း မှတ်တမ်းတင်ထားသည် ။တစ္စေအမတရှင် ခြောက်ပါးခေတ်ရှိ ဂိုဏ်းများမှာ တစ်ဂိုဏ်းမှ လူကောင်း ဟူ၍ မရှိကြောင်းကို သင် သိထားသင့်သည်။
ဤအရာကို အောင်မြင်စွာ ရယူနိုင်ပါက၊ မသိသေးသော အရာအချို့ကို သိနိုင်ရုံသာမက ၊သူတို့ကို နောက်တစ်ဆင့် တက်လှမ်းသွားစေနိုင်သည်။
ထိုအချက်ကို မှန်းဆကာ ၊ ကျင့်ကြံသူများ အားလုံး အသင့်အနေအထားဖြင့် ရှိနေသည်။
“ကဲ မိတ်ဆက်တာ ပြီးသွားပြီဆိုတော့ အခုကစပြီး ပထမအကြိမ် လေလံပွဲတွေကို တရားဝင် စပါတော့မယ်”
ကြေညာပြီးသည်နှင့် ၊ အနီရောင် စားပွဲခင်းပေါ်တွင် တင်ထားသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားဖြင့် ထုပ်ပိုးထားသော ကျောက်စိမ်းပြားကို မြင်လိုက်ရသည်။
ဝီ——
ကျောက်စိမ်းပြား၏ မျက်နှာပြင်အား တဖျပ်ဖျပ် လင်းလက်နေသော မှော်သင်္ကေတများဖြင့် တင်းတင်းကြပ်ကြပ် ဖုံးအုပ်ထားသည်။
ဤ မှော်သင်္ကေတများသည် အလွန်ရှေးကျသော အကာအကွယ်ပုံစံ တစ်ခုဖြစ်ပြီး ၊ ကောက်ကျစ်သော လူအချို့၏ လုယူခြင်းမှ ကာကွယ်ရန် ပြုလုပ်ထားသည်။
လင်းလက်နေသော မှော်သင်္ကေတများ၏ အောက်တွင် ရှိနေသော ကျောက်စိမ်းပြားသည် ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်ပုံပေါက်သည်။
၎င်းမှ ထွက်ပေါ်လာသော ရှေးကျသော အငွေ့အသက်များက ၎င်းပေါ်တွင် ဖုံးကွယ်ထားသည့် ရှေးဟောင်း လျှို့ဝှက်ချက်များ အကြောင်းကို ပို၍ သိချင်လာအောင် ပြုစားနေသည်။
“ အခုကစပြီး ဈေးနှုန်းမှာ သိန်း ၅၀ ၊ အဆင့်မြင့် ဝိညာဥ်ကျောက်များအတွက် လေလံဆွဲသည့် အကြိမ်တိုင်း ဝိညာဉ်ကျောက်တုံး ၁၀ သန်းထက် မနည်းစေရ ၊လေလံဆွဲချိန်အကန့်အသတ်မရှိ၊ အမြင့်ဆုံးစျေးနဲ့ ဆွဲနိုင်သူ က အနိုင်ရသူပဲ”
အမျိုးသမီး၏ ကြေညာချက်အပြီးတွင်။
သီးသန့်အခန်းများနှင့် ပလက်ဖောင်းအမျိုးမျိုးမှ မရေမတွက်နိုင်သော အလင်းတန်းများ ထွက်ပေါ်လာသည်။
ထိုအလင်းတန်းများသည် ကျင့်ကြံသူများ၏ အတွေးကို ရုပ်လုံးပေါ်စေရန် အတွက် အသုံးပြုသော အထူးလျှို့ဝှက်နည်းလမ်း တစ်ခုပင် ဖြစ်သည် ။
ထိုအလင်းတန်းများသည် ဦိးတည်ရာဘက် တစ်ခုတည်းသာ ရှိသည်။ ၎င်းတို့အားလုံးသည် လေပေါ်တွင် တွဲလျောင်းကျနေသည့် ကြာပန်းထဲသို့ စုရုံးရောက်ရှိသွားမည် ဖြစ်သည်။
ကြာပန်းသည် စုဆောင်းထားသော အတွေးများကို ဂဏန်းများ အဖြစ် ပြောင်းလဲစေပြီး အဆက်မပြတ် ပြသသွားမည် ဖြစ်သည်။
ဝယ်ယူသူများကို ဘေးကင်းစေရန် အတွက်၊ ထိုအလင်းတန်းများသည် ဝယ်သူ၏ အမည်ကို ဖော်ပြလိမ့်မည် မဟုတ်ပေ။
အလင်းစခရင်ပေါ်ရှိ နံပါတ်များမှာ အဆက်မပြတ် ပြောင်းလဲနေသည်။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်း ခြောက်ဆယ်။
အဆင့်မြင့် ဝိညာဉ် ကျောက်တုံး သန်းကိုးဆယ်…
အဆင့်မြင့် ဝိညာဉ် ကျောက်တုံး သန်းတစ်ရာသုံးဆယ်…
အထက်ဖော်ပြပါ နံပါတ်များသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ဖော်ပြနေသည်။
နောက်ဆုံးနံပါတ်သည် တစ်ဘီလီယံသို့ နီးကပ်လာသည်နှင့်အမျှ ၊ ကိန်းဂဏန်း ပြောင်းလဲမှုမှာ နှေးကွေးလာသည်။
ဈေးမှာ သူတို့တတ်နိုင်သည်ထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
“အိုင်း ၊ ဒီကျောက်စိမ်းပြားက ကောင်းပေမယ့် ဈေးကြီးလွန်းတယ်!”
“အဆင့်မြင့် ဝိညာဉ် ကျောက်တုံး တစ်ဘီလီယံ! ပထမအဆင့် ဂိုဏ်းတစ်ခုဆိုတောင် တစ်နှစ်ဝင်ငွေ အဲ့လောက်ထိ မရနိုင်ဘူး”
“ ထားလိုက်ပါလေ၊ ကြည့်ရတာ ဒီပစ္စည်းက ငါတို့နဲ့ ရေစက်မပါပုံပဲ “
“…..”
လူတော်တော်များများ သက်ပြင်းချကာ ဝမ်းနည်းမှုကို ပြသနေကြသည်။
နောက်ဆုံး အလင်းတန်း ထွက်ပေါ်လာသည်နှင့်အမျှ၊ အလင်းစခရင်ပေါ်ရှိ စျေးနှုန်းမှာ တစ်ဘီလီယံ နဲ့ ရှစ်ဆယ့်တစ်သန်းထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကောင်းကင် သီးသန့်ခန်းတစ်ခုတွင် ရှိနေသော ရွှယ့်လျန်၏ နှုတ်ခမ်းသားများပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“ ရင်နာပေမဲ့လည်း တစ္စေအမတ ခြောက်ပါးခေတ်က ပစ္စည်းဆိုတော့လည်း ညံ့တဲ့အထဲ ပါမှာ မဟုတ်ဘူး…”
ထိုအချိန် ၊ စူးချန်ကဲသည် ထန်ဝူအာ မှ အခွံခွာထားသော ဝိညာဉ်သစ်သီးကို ဝါးမျိုလိုက်ပြီးနောက် ပေါ့ပါးသော အပြုံးဖြင့် လှမ်းဆိုလိုက်သည်။
“ ဒါ အကုန်လား?”
“ဝူအာ၊ ဈေးခေါ် ၊ နှစ်ဆ”
သူ့နားက အစေခံမိန်းကလေးများမှာ နားကြားမှားသလားဟု ထင်မှတ်ရလောက်သည့်အထိ တအံ့တသြ ဖြစ်ကုန်ကြသည် ။
နှစ်ဆလား?
ဒါဆို နှစ်ဘီလီယံနဲ့ သိန်းတစ်ရာခြောက်ဆယ်?
သူမတို့ မျက်စိရှေ့က ထိုအမျိုးသားသည် ဤစကားလုံးများကို ပေါ့ပေါ့လေး ထုတ်ပြောခဲ့သည် ။
ထန်ဝူအာသည် သူမ၏ အတွေးကို ထုတ်လွှတ်လိုက်သည်နှင့် ၊
အလင်းစခရင်ပေါ်ရှိ ကိန်းဂဏန်းများမှာ တစ်ချိန်တည်းပင်လျှင် ပြောင်းလဲသွားခဲ့ပြီး နှစ်ဘီလီယံနဲ့ သိန်းတစ်ရာခြောက်ဆယ် အထိ ရောက်ရှိလာခဲ့သည်။
တိတ်ဆိတ်နေခဲ့သော ခန်းမကြီးမှာ ဆူညံသွားခဲ့သည်။
“ဘုရားရေ! နှစ်ဘီလီယံနဲ့ သိန်းတစ်ရာခြောက်ဆယ်? ဒီလောက်ထိ နုံအတဲ့ သခင်လေးက ဘယ်အိမ်တော်ကများလဲ?”
“ဒါက တကယ်ကို ယုတ်မာတဲ့ အရင်းရှင်စနစ်ပဲ!”
“အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ဘီလီယံနဲ့ သိန်းတစ်ရာခြောက်ဆယ် ….?”
“မုန်းစရာကောင်းလိုက်တာ ! ပိုက်ဆံရှိတိုင်း မင်းလုပ်ချင်တာ လုပ်လို့ရမယ် မထင်နဲ့!!”
“…”
ဆူညံသံမျိုးစုံ ဆက်လက် ထွက်ပေါ်လာသည်။
ဤကျောက်စိမ်းပြားသည် ပစ္စည်းကောင်းတစ်ခုဖြစ်သည်။
ဒါပေမဲ့ ခုလို ဝိညာဉ် ကျောက်တုံးတွေကို ဖြုန်းတီးပစ်နေတာ ၊ ဒါ ဘယ်ဂိုဏ်းချုပ် ရဲ့ မိုက်ရူးရဲဆန်လွန်းတဲ့ သားတစ်ယောက်တုန်း?
အောက်က ထင်ကြေးများကို နားထောင်ရင်း စူးချန်ကဲ တစ်ယောက် ရယ်ချင်မိသည်။
သူသည် အမြင့်ဆုံး စျေးနှုန်းကို တိုက်ရိုက် တန်းခေါ်နိုင်သည်။သို့သော် သူသည် အောက်ကလူများကို ပွဲတွင် ပါဝင်စေခဲ့သည်။
သူ၏ လက်ရှိ ပိုင်ဆိုင်မှု ဝိညာဉ် ကျောက်တုံးပမာဏသည် ဘီလီယံနဲ့ချီ ရှိသည် ဟု ဆိုနိုင်သည်။
စူးချန်ကဲ က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း။
“မင်းတို့ မိသားစု ရဲ့ စည်းစိမ်ဥစ္စာကို သုံးပြီး ငါ့အိတ်ကပ်ထဲက ပိုက်ဆံကို လာပြီး စိန်မခေါ်နဲ့"
အပိုင်း(၂၅၇): ထူးဆန်းသော ကြေးသေတ္တာ ၊ဘိုးဘွားပင့်ကူ ခေတ္တာပန်းစေ့
“ဒီလူက မဟုတ်မှလွဲရော….”
ရွှယ့်လျန်သည် ဟိုးအမြင့်ဆုံးထပ်က ကမ္ဘာ့ဘုံ သီးသန့်ခန်းကို ကြည့်လိုက်သည်။
သူမ သိသလောက် ဤမျှပမာဏအထိ ချမ်းသာကြွယ်ဝသူမှာ တစ်ဦးတည်းသာ ရှိသည်။
သူမ တစ်ယောက်တည်းတင်မက ၊ လူတိုင်း ကမ္ဘာဘုံ သီးသန့်ခန်းတွင် ထိုင်နေသော စူးချန်ကဲ က ဤမျှ များစွာသော ဝိညာဉ်ကျောက်တုံးများကို ထုတ်လုပ်သူ ဖြစ်နိုင်သည် ဟု သံသယရှိခဲ့ကြသည်။
“ ဟွန့် ၊ သူကို အရမ်းတော်တဲ့လူ ဖြစ်ရမယ်လို့ ငါထင်ခဲ့တာ”
မင်ထျန်းဇီက ထေ့ငေါ့ပြောလိုက်သည်။
“ တကယ်တော့ အရူးတစ်ယောက်ပဲ ၊ ကျိုးပဲ့နေတဲ့ ကျောက်တုံးတစ်တုံးကို ဒီလောက်အများကြီး ပေးပြီး ဝယ်ရတယ်လို့ တကယ်ကို မိုက်မဲလွန်းတယ်”
မင်ထျန်းဇီ၏ အမြင်တွင် ၊ ထိုလူသည် ငွေနည်းနည်းပါးပါးရှိသည့် ဂိုဏ်းချုပ် တစ်ယောက်၏ မိုက်မဲသော သားတစ်ယောက် ဖြစ်ပြီး ၊ ဤစရိုက်မျိုး ရှိသူသည် ကျင့်ကြံအားထုတ်ရန် အရည်အချင်း ဟူ၍ နည်းနည်းလေးမှ မရှိမှာ သေချာပေသည်။
“သခင်လေး… ဒီကျောက်စိမ်းပြားက အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေထက် အများကြီး ယုတ်ညံ့ပါတယ်…”
အခန်းထဲတွင် ရှိနေခဲ့သည့် ကျင်းသယ်ဖာ က စူးချန်ကဲကို ကြည့်ကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည် ။
“ တကယ်လို့ သခင်လေး ကြိုက်တယ်ဆိုလည်း ကျွန်တော် ၁ .၅ ဘီလီယံနဲ့ ထားပေးပါ့မယ်”
သူ ဤသို့ ပြောရခြင်းမှာ စူးချန်ကဲအပေါ် ထားရှိသည့် သူ၏ ကြင်နာမှုကို ပြသရန် ဖြစ်ပြီး၊ တစ်ဖက်ကလည်း သူ့ကို ကျေးဇူးကြွေးတင်စေရန်ပင် ဖြစ်သည်။
“ မလိုဘူး ၊ စည်းကမ်းအတိုင်း လိုက်နာသင့်တယ်”
စူးချန်ကဲက တန်းငြင်းလိုက်သည်။
အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ ဤဝိညာဉ်ကျောက်တုံးများသည် သူ့အတွက်တော့ မဆိုသလောက်ပင်။
ထိုအချိန်က ဘိုးဘေးသည် သူ့အား ကွေးယွမ် ရတနာစံအိမ်တော်အား ခေါ်သွားခဲ့ဖူးသည်။ထိုမြင်ကွင်းသည် သူ့အမှတ်တရထဲတွင် ယနေ့ထိ ဆန်းသစ်နေဆဲပင် ဖြစ်သည်။
အဆုံးမရှိသော အာကာသထဲတွင်၊ မရေမတွက်နိုင်သော ဝိညာဉ်ကျောက်တုံးများသည် သမုဒ္ဒရာကြီး အတိုင်း စုပုံနေပြီး ဝင်းလက် တောက်ပနေသည်မှာ အာကာသ တစ်ခုလုံးကိုတောင် ဝင်းထိန်သွားစေသည်။
အမျိုးမျိုးသော နတ်ဆေးဝါးများ၊ အဆင့်မြင့် ရတနာများနှင့် အကောင်းဆုံး ကျောက်စိမ်းများကို ကြုံရာကျပန်း စုပုံထားသည်။
ထိုအချိန်က ဘိုးဘေးပြောခဲ့သော စကားများကို သူ အခုထိ မှတ်မိနေဆဲပင် ဖြစ်သည်။
“ဒီအရာတွေက အသုံးမဝင်ဘူး ၊ ဝိညာဉ်ကျောက်တုံးတွေက ကျင့်ကြံရာမှာ အထောက်အကူ ပြုနိုင်ပေမယ့် ၊ ဒါပေမဲ့ ကွေးယွမ်မှာ ဝိညာဉ်စွမ်းအင် ပြတ်တောက်တယ်ဆိုတာ မရှိဘူး “
“ မင်း ဒါတွေကို ကြိုက်သလို သုံးလို့ရတယ် ၊ မလုံလောက်သေးရင် ငါ မင်းကို ဒီထက် ပိုကြီးတဲ့ ရတနာအိမ်တွေဆီ ခေါ်သွားပေးမယ်”
စူးချန်ကဲ တစ်ယောက် ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည် ။
“တကယ်တော့ ငါ ဆိုတဲ့ လူကလည်း ဝိညာဉ်ကျောက်တုံးတွေကို စိတ်မဝင်စားဘူး”
ပထမအကျော့ လေလံပွဲ ပြီးဆုံးသည်နှင့်အမျှ ၊ ဒုတိယအကျော့ လေလံပွဲ ပြန်လည် စတင်လာခဲ့သည်။
ဤတစ်ကြိမ်တွင် ကြေးသေတ္တာတစ်လုံးကို စင်မြင့်ပေါ်တွင် တင်ထားသည်။
ဤကြေးသေတ္တာ၏ ပုံစံမှာ အလွန် ထူးဆန်းပေသည်။၎င်းအပေါ်တွင် မရေမတွက်နိုင်သော ပင့်ကူခေတ္တာပန်းများကို ထွင်းထုထားပြီး ၊ ထွင်းထုထားသော ပန်းပုံစံမှာ အတော်လေး ဆန်းကြယ်ပေသည်။
သေးငယ်သော ပန်းပွင့်များနှင့်အတူ ရှေးကမ္ပည်းစာများ ရောယှက်ထားသည်။ ဤပစ္စည်းသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဖြတ်သန်းလာခဲ့သည်မှာ ထင်ရှားသော်လည်း ပျက်စီးယိုယွင်းမှု လုံးဝမရှိချေ။
လူကို ထူးဆန်းစေသည်မှာ သေတ္တာပေါ်တွင် စတုရန်းပုံသဏ္ဍာန် အကွက်တစ်ခု ရှိနေပြီး ၊ ၎င်း၏ အထဲ၌ ကြီးမားသော ပင့်ကူခေတ္တာပန်းကို ထွင်းထုထားခြင်းပင် ဖြစ်သည်။
ပစ္စည်းတစ်စုံတစ်ခု တင်ရန် ပြုလုပ်ထားသည့် နေရာတစ်ခုလိုပင်။
“ဒီပစ္စည်း ကြည့်ရတာ ရိုးရှင်းမယ် မထင်ဘူး ! အပေါ်က ကမ္ပည်းစာတွေက တစ္စေအမတ ခြောက်ပါးခေတ်တုန်းကနဲ့ ဘာလို့ တူနေပါိလိမ့်”
အဘိုးကြီးတစ်ယောက်က ထဆိုလိုက်သည်။
“လေးစားပါတယ် လူကြီးမင်း”
လေလံပွဲ တာဝန်ခံ အမျိုးသမီးက ပြုံးပြုံးရွှင်ရွှင်ဖြင့်။
“ဒီပစ္စည်းကို အကဲဖြတ်ရသလောက် ဒီပစ္စည်းက တကယ်ပဲ တစ္စေအမတရှင် ခြောက်ပါးခေတ်က ထုတ်ကုန်ပစ္စည်း တစ်ခုပါပဲ “
“ဘယ်လို!?”
ထိုစကားကြားလိုက်ရသည်နှင့် ၊လူအုပ်ကြီးမှာ ရင်ခုန်လာခဲ့ပြန်သည်။ နောက်ထပ် တစ္စေအမတရှင် ခြောက်ပါးခေတ်က ထုတ်ကုန်ပစ္စည်းတဲ့လား?
ထိုခေတ်သည် အလွန်ရှေးကျသလောက် လျှို့ဝှက်ချက်များစွာ ရှိသည်။ ယနေ့ တွင်မူ၊ ထိုခေတ်၏ ပစ္စည်း နှစ်မျိုးကို သူတို့ တကယ်ကြီး တွေ့လိုက်ရသတဲ့လား!?
“ဒါ့ကြောင့်လည်း ဒီတစ်ခေါက် လေလံပွဲက ကြီးတယ်လို့ ပြောကျတာများလား?”
တာဝန်ခံ အမျိုးသမီးက ပြုံးရွှင်စွာဖြင့်။
“ဒီသေတ္တာရဲ့ မူလအစက အရမ်းကို ထူးခြားပါတယ်၊ အထူး ပုဂ္ဂိုလ်တစ်ဦး ကျန်ရစ်ခဲ့တဲ့ ပစ္စည်းပါ ၊အားလုံးလည်း သူ့ကို သိကြမှာပါ”
“ပင့်ကူခေတ္တာပန်းတို့သည် အနှစ်တစ်သောင်းနေမှ ပွင့်ကြသည် ၊ ပွင့်လာပြန်သော်လည်း တစ်ဖန် ကြွေကျရပြန်သည် “
ဤစာကြောင်းကို ကြားသူတိုင်း ၊ ထိတ်လန့်သွားကြသည်မှာ အသက်ရှုရပ်လုနီးပါးပင်။
ဤကဗျာကို အခြားနေရာများတွင် မည်သူမှ မသိနိုင်သော်လည်း ၊ မရဏကမ္ဘာရှိ လူတိုင်းနီးပါး ရင်းနှီးကြသည်။
“အမတ ခြောက်ပါးထဲက တစ်ပါး!ပီအန့် အမတရှင်!”
ဤပီအန့်အမတရှင်မှာလည်း ထူးခြားသော ဇစ်မြစ်တစ်ခု ရှိခဲ့ဖူးသည်။ တစ္စေဓားအမတရှင်သည် ဓားရေးတွင် ကျွမ်းကျင်သည့် အလျောက် ၊ ဒါဆို ပီအန့် အမတရှင်၏ ကျွမ်းကျင်မှုမှာ ပြန်လည်ဝင်စားခြင်း ပင်။
တစ်ချိန်က မရဏကမ္ဘာတွင် ပင့်ကူခေတ္တာ ပန်းခင်း ဆိုသည့် ထိပ်တန်း အင်အားစု ရှိခဲ့ဖူးသည်။
သမိုင်းမှတ်တမ်းများအရ ပင့်ကူခေတ္တာပန်းခင်း သည် မရဏကမ္ဘာ၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ထိုနေရာတွင် ပင့်ကူခေတ္တာပန်းများက မရေမတွက်နိုင်အောင် ပေါက်ရောက်နေကြသည် ဟု ဆိုကြသည်။
အသက်မွေးဝမ်းကြောင်းပြုသူများသည် ထိုသို့ဝင်ရောက်သွားသည်နှင့် လမ်းပျောက်ကာ ဘယ်သောအခါမှ ပြန်ထွက်လာနိုင်ခြင်း မရှိခဲ့ကြပေ။
ထိုအချိန် ၊ အမျိုးသမီးက ထပ်ဆိုလိုက်သည်။
“ဒါပေမဲ့ ဒီသေတ္တာမှာ အလွန် အရေးကြီးတဲ့ ပစ္စည်းတစ်ခု ပျောက်နေတယ် ၊ အဲ့ပစ္စည်းက သေတ္တာကို ဖွင့်ဖို့ အရေးကြီးတဲ့ သော့ ဖြစ်နိုင်ပေမယ့်ပေါ့ “
“ဘယ်လို? မင်းရဲ့သဘောက ပစ္စည်းက မြင်ရုံသာ မြင်နိုင်ပြီး ဖွင့်လို့မရနိုင်ဘူးပေါ့?”
“ဒါကိုတော့ ကျွန်မတို့ဘက်က ရှင်းပြမှာ မဟုတ်ပါဘူး ၊ လေလံဆွဲဖို့ စတင်ပါမယ် စျေးနှုန်းက အဆင့်မြင့် ဝိညာဥ်ကျောက်တုံး သန်း ၁၀၀ ပါ ၊ စျေးတစ်ခါခေါ်တိုင်း အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀ သန်းထက် မနည်းရဘူး”
“ဟွန်း ! အရိုးဖြူ လေလံပွဲရုံက တကယ်ကို အစီအစဉ်ကောင်းတစ်ခု လုပ်ထားတာပဲ ၊ ဖွင့်လို့မရတဲ့ ကြေးသေတ္တာကို ဘာလို့ဝယ်မှာလဲ”
“မင်းပြောတာ မှန်တယ်၊ ဒီသေတ္တာကို ငါလည်း ဂရုမစိုက်ဘူး!”
ထိုလူသည် စကားပြောပြီးပြီးချင်း ၊ သူ၏ အတွေးများကို ထုတ်လွှတ်လိုက်ရာ အလင်းစခရင်ပေါ်တွင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်း ၁၅၀ ထွက်ပေါ်လာသည်။
အောက်က ဖျော်ဖြေပွဲကြီးသည် စူးချန်ကဲကို ရယ်မောစေခဲ့သည်။
လူတော်တော်များများ၏ ပါးစပ်က မလိုဘူး ဟု ငြင်းဆန်ကြသည်။သို့သော် ခန္ဓာကိုယ်ကတော့ တကယ်ကို ရိုးသားပါပေသည်။
စူးချန်ကဲသည် လုံးဝဂရုမစိုက်ဘဲ အခွံခွာထားသော သစ်သီးများကို စားသုံးရင်း သာယာသောတေးဂီတကိုသာ နားထောင်နေသည် ။သူ့ အနေဖြင့် အချိန်တစ်ခုလောက် စောင့်ဆိုင်းပြီးသည်နှင့် ၊ထန်ဝူအာ ကို နှစ်ဆ တိုးမြှင့်ခိုင်းလိုက်မည်ပင်။
“ဒါပေမယ့် ဒီသေတ္တာပေါ်က ဖန်တီးထားတဲ့ ပုံစံတွေက ကြေးဝါ အိမ်မြှောင်ပေါ်က ပုံစံတွေနဲ့ တူနေသလိုပဲ”
စူးချန်ကဲသည် ကြေးဝါအိမ်မြှောင်ကို ဆော့ကစားရင်းဖြင့် သေသေချာချာ နှိုင်းယှဉ်ကြည့်ပြီးနောက်မှာတော့ ၊ ၎င်းသည် ကြေးသေတ္တာနှင့် တူညီကြောင်း တွေ့ရှိခဲ့သည်။
ပင့်ကူခေတ္တာပန်းများ ရောယှက်လျက် ဖွဲ့စည်းထားသော ပုံစံဖြစ်သည်။
“ဒီကြေးဝါအိမ်မြှောင်ကို သင်္ချိုင်းဓားကိုးတောင်မှာတုန်းက ယွီကျင်း ဆီက ရခဲ့တာပဲ ၊ကြည့်ရတာ ကြေးသေတ္တာနဲ့ တစ်သားတည်း ပေါင်းစပ်ထားပုံရတယ်”
“ဒါပေမယ့် ဘာလို့ ခွဲထားတာလဲ ၊ ကြေးဝါအိမ်မြှောင်ကို သင်္ချိုင်းဓားကိုးတောင်မှာ လွှင့်ပစ်ထားတာဆိုတော့ ကြေးသေတ္တာထဲမှာ တံဆိပ်ခတ်ထားတဲ့ အရာတစ်ခုခု ရှိနေလို့လား?”
စူးချန်ကဲ စိတ်ရှုပ်နေစဉ် ၊ စနစ်အသံ ထွက်ပေါ်လာခဲ့သည်။
【ဒင်း ! ရွေးချယ်စရာမစ်ရှင်အသစ် -
ရွေးချယ်စရာ ၁ - ကြေးသေတ္တာ၏ စည်းတံဆိပ်ကို ဖယ်ရှားပြီး ပင့်ကူခေတ္တာ ဘိုးဘေးဘိုးဘေးဘုရားသခင်ကို လွှတ်ပေးပါ
ဆုလာဘ်- ပြန်လည်ဝင်စားခြင်း
ရွေးချယ်မှု ၂ - ကြေးသေတ္တာကို ယူကာ ကျုံယုံ ရှိ လူဝင်စားရေကန်ထဲသို့ ထည့်ပါ ၊
ဆုလာဘ်- ဘိုးဘွားပင့်ကူခေတ္တာပန်းစေ့ 】
“ကျုံယုံ?”
ကျုံယုံ သည် တစ်ချိန်က မရဏကမ္ဘာ ၏ အစိတ်အပိုင်း တစ်ခုဖြစ်ခဲ့သော်လည်း တိုက်ပွဲအပြီးတွင် ကွဲသွားခဲ့သည်။
အဆုံးတွင်၊ သီးသန့်နယ်မြေကမ္ဘာ တစ်ခုအဖြစ်သို့ပြောင်းလဲသွားခဲ့ပြီး ၊ အချိန် မြစ်ရေစီးကြောင်းတွင် နှစ်ပေါင်းကြာ ဖုံးကွယ်နေထိုင်ခဲ့သည်။
“အကယ်၍ ဒီပန်းမျိုးစေ့က ကမ္ဘာ့သစ်ပင်ရဲ့ မျိုးစေ့နဲ့ ကိုက်ညီနေမယ်ဆိုရင်…”
…..
ယခုအချိန်တွင် ၊ အပြင်းအထန်လေလံဆွဲကြပြီးနောက်၊ နောက်ဆုံးစျေးနှုန်းမှာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သန်း၈၆၀ ဖြင့် ရပ်တန့်နေခဲ့ပြီ ဖြစ်သည်။
အမြင့်ဆုံးလေလံဆွဲသူမှာ အဆုံးမဲ့နတ်ဆိုးဂူမှ ရွှယ့်လျန်ပင် ဖြစ်သည်။
“ဒီသေတ္တာကို ဖွင့်လို့မရပေမယ့်၊ ပီအန့်အမတရဲ့ အငွေ့သက်တွေက ကျန်နေသေးတယ်၊ဘိုးဘေးတွေကို အကူအညီတောင်းပြီး နည်းလမ်းရှာခိုင်းရမယ်…”
သို့သော် သူမ ခမျာ ပြီးဆုံးအောင်တောင်မတွေးရသေးခင် ။
လူအုပ်ကြီး၏ နောက်ထပ် အာမေဋိတ်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ ဂိုဏ်းချုပ်ရဲ့ မိုက်မဲတဲ့သား ၊ထပ်ပြီး ဝင်ပါလာပြန်ပြီလား!”
ဝီ——
အလင်းကန့်လန့်ကာမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး ၊ နံပါတ်များမှာ တစ်ဖန် ပြောင်းလဲသွားခဲ့သည်။
ခေါ်ထားသည့် ဈေးနှုန်းမှာ ၁.၇၆ ဘီလီယံ ပင်။
“ဒီကောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ မဟုတ်ဘူးလား၊ ထပ်ပြီး နှစ်ဆ တင်ပြန်ပြီ”
“ဒါ ဝိညာဉ်ကျောက်တုံးတွေကို ဝိညာဉ်ကျောက်တုံးတွေလို သဘောထားနေတာ မဟုတ်ဘူးပဲ ၊ ဖွင့်လို့မရတဲ့ သေတ္တာပျက်အတွက်နဲ့ ဒီလောက်တောင် ဖြုန်းပစ်တယ်ပေါ့!”
“ဒီက သခင်လေး ကျွန်တစ်ယောက်လိုသေးလား ဗျ ၊တစ်နေ့ ငါးနပ်ကျွေးရင်ကိုရပါပြီ”
လူတစ်ယောက် မတ်တပ်ထရပ်ပြီး စူးချန်ကဲ ရှိရာ သီးသန့်ခန်းဆီသို့ လှမ်းအော်လိုက်သည်။
“သခင်လေး! ကျွန်တော်မျိုးမကို ဘယ်နေရာမှ ချည်နှောင်ထားသင့်တယ်လို့ ထင်လဲ ဟင် !!”
“…..”
လှုပ်လှုပ်ရှားရှား ဖြစ်နေကြသော လူအုပ်ကြီးနှင့်ယှဉ်ရင် ၊ တစ်ထောင့်တစ်နေရာ၌
အနက်ရောင် ၀တ်ရုံကို ဝတ်ဆင်ထားသော လူနှစ်ယောက်သည်လည်း ဤမြင်ကွင်းကို ကြည့်နေကြသည်။
အနက်ရောင် ၀တ်ရုံကြီး၏ အောက်တွင် ၊ ငွေဖြူရောင် ဆံချည်မျှင်များကို တစ်စ တစ်စ တွေ့မြင်နေရသည်။
“အစ်ကို… မျိုးနွယ်စုက ဟောကိန်းထုတ်ထားတဲ့သူက သူလား ?”
ဤသည်မှာ မိန်းကလေး တယောက်၏ အသံပင်ဖြစ်သည်။
သူမ၏ မျက်စံများသည် အနီရောင်တောက်တောက် ဖြစ်ပြီး၊ မျက်ဝန်းတစ်ဝိုက်တွင် နီမြန်းသော ပင့်ကူခေတ္တာ ပန်းကို ရေးထွင်းထားသည်။
“ ဟုတ်လောက်မယ် နို့ထိန်းမိခင် ဟောကိန်းထုတ်ထားတဲ့သူက သူပဲ ဖြစ်နိုင်တယ် “
အနက်ရောင် ၀တ်စုံဝတ်ထားသော အရပ်ရှည်ရှည် အမျိုးသားသည်လည်း အလားတူ ငွေဖြူရောင် ဆံချည်မျှင်များ ရှိသည်။ သို့သော် သူ၏ နက်ရှိုင်းသော မျက်လုံးများမှာ ပင့်ကူခေတ္တာ အနက်ရောင်ပင် ဖြစ်သည်။
သူ၏ အမည်မှာ အန့်လင်ယွင် ဖြစ်ပြီး ၊ ပီအန့်(ပင့်ကူခေတ္တာ)မျိုးနွယ်စု၏ လက်ရှိသခင်ငယ်လေးပင် ဖြစ်သည်။
သူတို့၏ ဘိုးဘေးမှာ တခြားသူ မဟုတ်။
၎င်းသည် တစ်ချိန်က မရဏကမ္ဘာကို အုပ်စိုးခဲ့သော အမတရှင် ခြောက်ပါးထဲက ပီအန့်အမတ ပင် ဖြစ်သည်။