← Chapters

အခန်း (၂၆၈-၂၇၀)

Vol. 19 Ch. 268-270

အခန်း (၂၆၈-၂၇၀)

Vol. 19 Ch. 268-270

အပိုင်း(၂၆၈): တစ္စေအမတရှင် ခြောက်ပါး ခေတ်က ထူးဆန်းမှု ၊ သူတို့အားလုံး ဘယ်ရောက်သွားတာလဲ?

“ နားလည်ပြီလား!”

ထိုလူ၏ အော်သံအပြီးတွင်၊ မရေမတွက်နိုင်သော စစ်သင်္ဘောများမှ ကျယ်‌လောင်သော ကြွေးကြော်သံများ ထွက်ပေါ်လာခဲ့သည်။အသံကို နားထောင်ကြည့်ရင်ဖြင့် ၊ ထိုစစ်သင်္ဘောများပေါ်တွင် လူပေါင်း ရာနှင့်ချီ ရှိ‌နိုင်သည်။

ဤမြင်ကွင်းကို ကြည့်နေသော စူးချန်ကဲ၏ မျက်လုံးများကို အနည်းငယ် မှေးမှိန်သွားသည်။

“ ကြည့်ရတာ အဆုံးမဲ့ နတ်ဆိုးဂူက ငါ့ကို စောင့်ဖမ်းဖို့ ဒီနေရာမှာ တပ်ဖြန့်ထားတာလား?”

အဆုံးမဲ့ နတ်ဆိုးဂူသည် ဓားသေတ္တာကိုးလက်ကို ပိုင်ဆိုင်ဖို့ စိတ်ကူးနေကြောင်း သူ ကြားဖူးခဲ့သည်။

သို့သော် တစ္စေဓားအမတရှင်သည် သူ မသေခင်ကတည်းက ကြေညာခဲ့သည်။ ဓားသေတ္တာကို လုယူချင်ပါက ၊ ဒါဆို သင်သည် သွေးဖြင့် ပြန်ပေးဆပ်ရမည် ဖြစ်သည်။

သို့သော် ဤစကားသည် တဖက်လူအတွက်တော့ ဖင်ကြားထဲတောင် မညပ်ပေ။

“လူကြီးမင်း ၊ စိတ်ပူစရာ မလိုဘူး ၊ကျွန်တော်မှာ တခြားလမ်းကနေ ဝင်ဖို့ နည်းလမ်းရှိတယ်”

“တခြားလမ်းကနေ ဝင်မယ်?”

စူးချန်ကဲသည် ပိုင်ဇစ်ကို နားမလည်နိုင်စွာဖြင့် ကြည့်နေသည် ။ သူ ဒီကိုမလာခင်က ရှေးမှတ်တမ်း စာအုပ်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆုံးမဲ့ အရိုးဖြူပင်လယ်ဆီသို့ သွားရောက်ရန် လမ်းကြောင်း တစ်ခုတည်းသာ ရှိသည်။

တခြားလမ်းက ဘယ်ကနေ ပေါ်လာတာတုန်း?

ပိုင်ဇစ်က ဆက်ပြောသည်။

“ လူကြီးမင်း မသိတာ ရှိတယ် ၊ တစ်ချိန်က ကျွန်တော် မျိုးနွယ်စုရဲ့ ဘိုးဘေးတွေက အဆုံးမဲ့ ပင့်ကူခေတ္တာ ပန်းပင်လယ်ကြီးကို မွေးမြူဖို့အတွက် အဆုံးမဲ့ အရိုးဖြူပင်လယ်ထဲကနေ ရေအရင်းအမြစ် တစ်စိတ်တစ်ပိုင်း ရယူခဲ့တယ်”

“အခု အဲဒီလမ်းကြောင်းကို မသုံးတော့ဘူး ဆိုပေမဲ့ အဆုံးမဲ့ အရိုးဖြူ ပင်လယ်ရဲ့ အစွန်းကို ရောက်ဖို့ အဲ့လမ်းကို အသုံးပြုနိုင်ပါသေးတယ်”

“ပင့်ကူခေတ္တာ ပန်းပင်လယ်?”

စူးချန်ကဲသည် ပိုင်ဇစ်၏ စကား‌တွေထဲက ထိုစကားလုံးကို အာရုံစိုက်မိသည်။

တဖက်လူသည် သူ့ကိုယ်သူ ပီအန့်(ပင့်ကူခေတ္တာ)မျိုးနွယ်စု ဟု ခေါ်ဆိုခဲ့ဖူးသည်။

စူးချန်ကဲစိတ်ထဲ တစ်စုံတစ်ခုကို မှန်းဆမိလိုက်သည်။

“ မင်းပြောတာက ပီအန့်အမတရဲ့ ပင့်ကူခေတ္တာနယ်မြေ?”

စူးချန်ကဲ ခန့်မှန်းချက်ထားသည့်အတိုင်းပင်။

ပိုင်ဇစ်က အသာလေး ခေါင်းညိတ်ပြသည်။

“ ဟုတ်တယ် ၊ ပီအန့် အမတရှင် က ပင့်ကူခေတ္တာ နယ်မြေကို ဖန်တီးခဲ့တာ ၊ ပင့်ကူခေတ္တာ နယ်မြေ ပျောက်ကွယ်သွားပြီး နောက်မှာ ၊ ကျွန်တော်တို့ မျိုးနွယ်စုပဲ ကျန်ခဲ့တော့တယ်..”

စူးချန်ကဲက ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်ရင်း ဆက်မေးလိုက်သည်။

“ မင်းတို့က မင်းတို့ကိုယ်မင်းတို့ ပီအန့်အကြွင်းကျန် မျိုးနွယ်စုလို့ ပြောတယ် ၊ဒါပေမဲ့ ဘာလို့ မင်းတို့ နှစ်ယောက်တည်းတုန်း?”

စူးချန်ကဲ၏ စကားကိုကြားပြီးနောက် ပိုင်ဇစ်၏ မျက်လုံးများမှာ သိသိသာသာ မှိန်ဖျော့သွားသည်။

လေထုမှာ အနည်းငယ် တိတ်ဆိတ်သွားသည်။

စူးချန်ကဲက တောင်းပန်စကားဆိုလိုက်သည်။

“ တောင်းပန်ပါတယ် ၊ ငါ့မှာ တခြားအဓိပ္ပါယ် မရှိပါဘူး “

ပိုင်ဇစ်က ထိုစကားကိုကြားတော့ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

“ ရပါတယ် တကယ်တော့ ဒီကိစ္စမှာ လျှို့ဝှက်ချက်တွေ အများကြီးပဲ ၊ လူကြီးမင်းက သိချင်တယ်ဆိုမှတော့ ကျွန်တော်ပြောပြပါ့မယ်”

“ ဒီဇာတ်လမ်းကို စပြီး ပြောပြရမယ်ဆိုရင်....”

ပိုင်ဇစ်သည် အတိတ်မှ ပုံပြင်တစ်ပုဒ်ကို ဖြည်းညှင်းစွာ ပြန်ပြောပြခဲ့သည်။

မရဏကမ္ဘာ၏ အမတခြောက်ပါး ခေတ်နှောင်းပိုင်းတွင် ၊

ပီအန့် အမတရှင် ၊ မျဲ့ဝမ် အမတရှင် နှင့် ယွီ့ရှန် အမတရှင်တို့သည် အင်အားစုသုံးခုကို အသီးသီး ဖန်တီးခဲ့သည်။

ယင်းတို့မှာ-

ပီအန့် အမတရှင်သည် ပင့်ကူခေတ္တာနယ်မြေ

မျဲ့ဝမ် အမတရှင်သည် ငရဲနန်းတော်

ယွီ့ရှန် အမတရှင်သည် မြေအောက်ကမ္ဘာ ဟူ၍ ဖြစ်သည်။

တစ္စေဓားအမတရှင် နှင့် အခြားသော တစ္စေအမတ နှစ်ပါးတို့သည် ဘဝကို လွတ်လပ်စွာ ဖြတ်သန်းကြသူများ ဖြစ်ကြသည်။

သို့ရာတွင် ၊ သင့်ကိုယ်ပိုင် အင်အားကို ဖန်တီးပါက ၊ သင့်ကိုယ်သင် ကန့်သတ်ထားရန် လိုအပ်သလို သင်၏ မျိုးနွယ်စုအတွက် အကျိုးကျေးဇူးများ ရှာဖွေရန် လိုအပ်ပေသည်။

အဆုံးတွင် ၊ ဤအင်အားစု သုံးရပ်သည် သုံးပွင့်ဆိုင် ထိပ်တိုက် ရင်ဆိုင်မှုများ ပေါ်ပေါက်လာခဲ့သည်။

၎င်းတို့အနက် ၊ ပင့်ကူခေတ္တာနယ်မြေသည် အင်အားအတောင့်ဆုံး ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပီအန့်အမတရှင်၏ ပင်ကိုယ် မှော်စွမ်းအား ဖြစ်သည့် ပီအန့်ဟွား လော့ ကြောင့် ဖြစ်သည်။

T/N - ပီအန့်ဟွား လော့ (ပင့်ကူခေတ္တာပန်း ကြွေကြခြင်း)

“ ကြွေကျလာသော အနီရောင်ပွင့်ချက်များသည် နွေဦးရွှံ့အဖြစ်သို့ ပြောင်းလဲသွားသော်လည်း ၊ လှပသော နွေဦးပန်းပွင့်များကို အာဟာရအဖြစ် ပြောင်းလဲပေးရန် ဆန္ဒရှိပေသည် “

ပီအန့် အမတရှင်၏ ပင်ကိုယ် မှော်စွမ်းအားသည် ဤဝါကျ၏ ဖွင့်‌ဆိုချက်အတိုင်းပင် ဖြစ်သည်။

ပင့်ကူခေတ္တာ ပန်းတိုင်းသည် ပီအန့်အမတရှင်၏ သွေးအနှစ်သာရဖြင့်သာ ပွင့်လန်းကြသည်။

ညှိုးနွမ်သွားသော ပင့်ကူခေတ္တာ ပန်းတိုင်းသည် ကြီးထွားလာမည့် အပွင့်များကို အာဟာရ အဖြစ် ပြောင်းလဲစေပြီး ပိုမိုတောက်ပ၍ ခမ်းနားစွာ ပွင့်လာစေသည်။

တစ်နည်းအားဖြင့် ‌ဆိုရသော် ကြွေလိုက် ပွင့်လိုက်ဖြင့် လူဝင်စား သံသရာစက်ဝန်းလိုပင်။

ပင့်ကူခေတ္တာနယ်မြေ ပိုပို၍ အားကောင်းလာသည်နှင့်အမျှ ဤသဘာဝမှော်စွမ်းအားမှာ အကန့်အသတ်မရှိပေ။

၎င်းတို့သည် အလွန်အေးသော ယင်ဓာတ်‌ ရေကို လိုအပ်ပေရာ ၊ ထိုစဉ်က မရဏကမ္ဘာတွင် အဆုံးမဲ့ အရိုးဖြူပင်လယ်သာ ရှိသေးသည်။

သို့သော် ထိုစဉ်အခါက မရဏမြစ်၏ နိယာမစည်းမျဉ်းတို့သည် ပြီးပြည့်စုံသော အချိန် ဖြစ်ခဲ့ပေရာ ၊ လူဝင်စားမြစ်သည်လည်း ၎င်းနှင့် ခွဲထွက်ခြင်း မရှိသေးပေ။ အကယ်၍ အလျင်စလို ရေလမ်းကြောင်း လွှဲလိုက်မည်ဆိုပါက ၊ ပို၍ ကြောက်စရာကောင်းသော တည်ရှိမှု တစ်ခုကို စော်ကားရာ ရောက်ပေလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် သေချာစဉ်းစားပြီးနောက် ပီအန့်အမတရှင်သည် လိုဏ်ခေါင်းတစ်ခုတူးပြီး အဆုံးမဲ့ အရိုးဖြူ ပင်လယ်ရေကို ရယူဖို့ ဆုံးဖြတ်ခဲ့သည်။

သို့သော် ပီအန့်အမတရှင်သည် အခက်အခဲမျိုးစုံကို ကျော်ဖြတ်ပြီး ဥမင်လှိုဏ်ခေါင်းကို ဖွင့်မည့်အချိန်တွင် ၊ ငရဲနန်းတော်နှင့် မြေအောက်ကမ္ဘာတို့၏ ပိတ်ပင်တားစီးခြင်းကို ခံခဲ့ရသည်။

“သူတို့က ကျွန်တော်တို့ ပင့်ကူခေတ္တာနယ်မြေ အင်အားကြီးမားလာမှာကို မမြင်ချင်ကြဘူး ၊ တစ်ဖက်အဖွဲ့က ပိုပြီး အင်အားကြီးမားလာရင် ကျန်နှစ်ဖွဲ့က မျက်ခုံးလှုပ်လာရလိမ့်မယ်”

“နောက်ပိုင်းမှာတော့ အဲ့ဒီပဋိပက္ခကြောင့် အင်အားစု သုံးဖွဲ့ ပေါက်ကွဲပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းတဲ့ စစ်ပွဲကြီး တစ်ခု ဖြစ်ပွားခဲ့တယ်”

ပိုင်ဇစ်သည် သက်ပြင်းရှည်ချကာ ထပ်ဆိုလေသည်။

“ဒါပေမယ့် အင်အားတောင့်တဲ့ အင်အားစု နှစ်စုကို ရင်ဆိုင်ရချိန်မှာတော့ ကျွန်တော်တို့ ပင့်ကူခေတ္တာနယ်မြေအနေနဲ့ ခံနိုင်ရည်မရှိနိုင်ခဲ့ဘူး ၊နောက်ဆုံးတော့ ရှေးဘိုးဘေးတွေက ကိုယ်ကျိုးကို စွန့်ပြီး ကျွန်တော်တို့ ပင့်ကူခေတ္တာနယ်မြေရဲ့ အမွေအနှစ်ကို ထိန်းသိမ်းပေးခဲ့တယ် “

“ဒါပေမယ့် နောက်ပိုင်း မျိုးဆက်တွေက ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီးကြောင့် မျိုးနွယ်စု တစ်စုလုံး ပြင်းပြင်းထန်ထန် ထိခိုက်ခံခဲ့ရတယ် ၊ အဲ့နောက်မှာတော့ ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့တဲ့အတွက် နောက်ဆုံးမှာတော့ သမိုင်းဇာတ်ခုံကနေ နှုတ်ထွက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး”

ပိုင်ဇစ်သည် ပိုင်လီ၏ ခေါင်းကို အသာလေး ထိကိုင်ရင်း ထပ်ဆိုလိုက်သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော်တို့ကို ပြုစုခဲ့တဲ့ နောက်ဆုံး မျိုးနွယ်စုအကြီးအကဲကလည်း ကွယ်လွန်သွားခဲ့တယ် ၊ သူ မသေခင်မှာ ဟောကိန်းတစ်ခု ထုတ်ခဲ့တယ် “

“မျိုးနွယ်စုအကြီးအကဲက ပြောတယ် ၊ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး မကြာခင် မရဏကမ္ဘာကို ရောက်လာမယ်တဲ့ ၊ ဒါ့ကြောင့် ကျွန်တော်တို့ကို ဘိုးဘွားစဉ်ဆက်ထားခဲ့သော ကြေးသေတ္တာကို အရိုးဖြူ လေလံပွဲရုံမှာ လေလံတင်ခိုင်းတယ် ၊ အဲ့ပစ္စည်းကို ယူသွားတဲ့လူက သူ့ ဟောကိန်းထဲက လူပဲတဲ့ “

“ အဲ့လိုကိုး “

ဇာတ်ကြောင်းကို နားထောင်ပြီးနောက် စူးချန်ကဲက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။

အားလုံးက အဓိပ္ပါယ်ရှိသော်လည်း ၊ သို့သော် ဤကိစ္စနှင့် ပတ်သက်၍ ရှုပ်ထွေးသော ရှုထောင့်များစွာ ရှိနေသေးသည်။

ထိုအနှီပုဂ္ဂိုလ်မှာ မိမိသည် အရိုးဖြူ လေလံပွဲရုံသို့ သေချာပေါက် သွားလိမ့်မည် ဟု အဘယ့်ကြောင့် ခန့်မှန်းမိသနည်း။

ပီအန့်အမတရှင် မသေခင် ၊ ဤထူးဆန်းသော ကြေးသေတ္တာကို အဘယ့်ကြောင့် ထားခဲ့သနည်း။

အရာအားလုံးသည် မျှော်လင့်ထားသလိုမျိုး ၊ ဖြစ်ပျက်ခဲ့သမျှ အရာတိုင်းသည် ထိုအနှီလူ၏ မှန်းဆချက်ထဲမှာတင် ရှိနေပုံရပေသည်။

ထို့အပြင် ထိုကြေးသေတ္တာသည် အမွေတစ်ခု ပေလော ၊ သို့မဟုတ် ပြန်လည် ရှင်သန်ထမြောက်ခြင်း အတွက် ပီအန့်အမတရှင် ချန်ထားခဲ့သည့် အရန်အစီအစဉ်တစ်ခုပေလော။

စူးချန်ကဲကို ပို၍ ထူးဆန်းစေသည်မှာ ပီအန့် အမတရှင်သည် မိမိ၏ကျင့်ကြံစွမ်းအား အလုံးစုံကို အသုံးပြု၍ မျိုးနွယ်စုအတွက် ကာကွယ်ပေးခဲ့သည်။

သို့သော် မျဲ့ဝမ် အမတရှင် နှင့် ယွီ့ရှန်အမတရှင် တို့ ဖန်တီးထားသော ငရဲနန်းတော် နှင့် မြေအောက်ကမ္ဘာသည် အဘယ်တွင် ရှိနေသနည်း။

“ မဟုတ်မှလွဲရော အဲ့ဒီအင်အားစု နှစ်​ခု လောကကြီးမှာ ရှိနေသေးတာလား”

မူလက အံ့ဩစရာကောင်းသော မရဏလေးပါးသည် ဤမရဏကမ္ဘာတွင် အထူးဆန်းဆုံးအရာ ဖြစ်နေပြီ သူ သူထင်ခဲ့သည်။

သို့သော် တစ္စေအမတရှင် ခြောက်ပါးခေတ်သည် ဤမရဏလေးပါးထက် အင်အားမနည်းမှန်း သူ သိလိုက်ရသည် ။

တစ္စေဓားအမတရှင် နှင့် ပီအန့်အမတတို့သည် သေဆုံးသွားခဲ့ပြီ ဟု ဆိုရပေမည်။

ဒါဆို ကျန်တဲ့ တစ္စေအမတလေးပါးက ဘယ်ရောက်သွားတာလဲ?

မရဏကမ္ဘာတွင် တစ္စေအမတရှင်များ ရှိသည့်အလျောက် ၊ တိုက်မြေ သုံးထောင်၏ အမတရှင်တို့မှာမူ အဘယ်မှာများ ရှိလေသနည်း။

ထိုအကြောင်းများကို တွေးရင်းဖြင့် စူးချန်ကဲ တစ်ယောက် ပို၍ ခေါင်းခဲလာသည်။

“ ကြည့်ရတာ ဒါတွေအားလုံးကို နားလည်ဖို့ဆို ငါ ပိုပြီး သန်မာလာမှ ဖြစ်မယ်”

စူးချန်ကဲ ရေရွတ်လိုက်သည်။

“ဒီကမ္ဘာကြီးက ငါထင်ထားသလောက် မရိုးရှင်းဘူးပဲ “

ထို့နောက်တွင် ၊ သူ့ ခေါင်းကို ခါယမ်းကာ ဤကိစ္စများကို အရင်မစဉ်းစားရန် ဆုံးဖြတ်လိုက်သည်။

ယခုတွင်မူ ၊ အဆုံးမဲ့ အရိုးဖြူပင်လယ်ထဲသို့ ဝင်ရောက်ခြင်းသည် သူ ပထမဆုံး လုပ်ရမည့် အရာသာ ဖြစ်သည်။

“ ပိုင်ဇစ် မင်းပြောတဲ့ နေရာက ဘယ်နေရာမှာလဲ ငါတို့ အခုချက်ချင်း သွားမယ်”

“ ခဏစောင့်ပေးပါ လူကြီးမင်း “

ထိုသို့ပြောပြီးနောက် ပိုင်ဇစ်သည် တစ်စုံတစ်ခုကို သူ့ရင်ဘက်ထဲကနေ ထုတ်ယူကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

အလင်းရောင်များက တဖျပ်ဖျပ်ဖျပ် ခတ်လျက် ၊ ၎င်းအပေါ်တွင် အဆက်မပြတ် စီးဆင်းလည်ပတ်နေသော မှော်သင်္ကေတများလည်း ရှိပေသည်။

နောက်ဆုံးတွင်မူ ၊ စီးတော်ယာဉ် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့အပြင် ယင်းအရာသည် အတော်လေး ဆန်းကြယ်ပေသည်။ မရေမတွက်နိုင်သော ပင့်ကူခေတ္တာပန်းများဖြင့် ဆင်ယင်ထားပြီး စီးတော်ယာဉ်ထက် ပန်းလှေ ဟု ဆိုရပေမည်။

ပန်းလှေပေါ်ရှိ ထူးဆန်းသော ရနံ့များသည် လူကို ငိုက်မျဉ်းသွားစေသည်။

“လူကြီးမင်း ၊ ဒါက ကျွန်တော်တို့ မျိုးနွယ်စုရဲ့ လျှို့ဝှက်ရတနာပဲ၊ ပင့်ကူခေတ္တာစီးတော်ယာဉ်တဲ့ ၊ ဒီကနေ ထုတ်လွှတ်လိုက်တဲ့ အထူးအငွေ့အသက်က ကျွန်တော်တို့ကို ဖုံးကွယ်ပေးထားနိုင်တယ် “

“ ပြီးတော့ ဒီနေရာနဲ့ အဲဒီနေရာက အလှမ်း ဝေးတယ်၊ အဆုံးမဲ့ နတ်ဆိုးဂူက လူတွေက စောင့်ကြပ် နေကြတာဆိုတော့၊ အဲ့ဒါကြောင့်...”

ထန်ဝူအာက ဖြတ်မေးလိုက်သည်။

“ညီမလေး ပိုင်လီ က အာကာသ မှော်အစီအရင်တွေကို ကောင်းကောင်း တတ်ကျွမ်းတယ် မဟုတ်လား? အဲ့ဒါက ပိုပြီး မလုံခြုံဘူးလား?”

ပိုင်ဇစ် က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်ရင်း ဖြေလေသည်။

“အဆုံးမဲ့ အရိုးဖြူ ပင်လယ်ပြင်နဲ့ ပိုနီးလေလေ၊ နိယာမတရားရဲ့ နှိမ်ကွပ်မှုက ပိုပြီး အားကောင်းလေပဲ “

“အထူးသဖြင့် အဲ့ဒီနေရာက အခြားနေရာတွေထက် ပိုပြီး အားကောင်းတယ် ၊ တကယ်လို့ နေရာရွေ့ပြောင်းခြင်း နိယာမစွမ်းအားကို အသုံးပြုဖို့ဆိုရင် ၊ အချိန်ပိုယူရလိမ့်မယ်..”

“အပိုတွေ မပြောနဲ့တော့ ၊ ငါတို့ အခုထွက်လိုက်ကြရအောင်”

သူသည် ဤနေရာသို့ ရောက်လာခဲ့သည်နှင့် တပြိုင်နက် ထူးခြားသော အငွေ့အသက်ကို ခံစားမိခဲ့သည်။

ထူးဆန်းသည်မှာ ယင်ဓာတ် မဟုတ်ဘဲ အဆုံးစွန်သော ချုပ်နှောင်မှု နိယာမစွမ်းအားများပင် ဖြစ်သည်။

ယင်းအရာကို သူ၏ နတ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ခဲ့ရာ ၊ ၎င်းသည် အဆုံးမဲ့ အရိုးဖြူ ပင်လယ်၏ အနက်ရှိုင်းဆုံး အပိုင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

တစ်စုံတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ချုပ်နှောင်ထားသလိုပင်။

ပြင်ဆင်မှုအချို့ပြုလုပ်ပြီးနောက် လူတိုင်း ပန်းလှေပေါ်သို့ တက်ခဲ့ကြသည်။

ပိုင်ဇစ်သည် လက် သင်္ကေတဖြင့် မှော်အစီအရင်ကို ဖော်ဆောင်လိုက်သည်နှင့် ပန်းလှေပေါ်ရှိ ပင့်ကူခေတ္တာပန်းများမှ ထူးဆန်းသော ရနံ့များ ပျံ့လွှင့်လာခဲ့သည်။

ဤရနံ့သည် တောအုပ်ထဲက သဘာဝ အငွေ့အသက်များနှင့်အတူ အပြည့်အဝ ပေါင်းစပ်ထားသည်။

တန်ခိုးကြီးမားသော ဧကရာဇ်မင်းပင်လျှင် ရှာမတွေ့နိုင်ပေ။

အခိုးအငွေ့များနှင့်အတူ ပန်းလှေသည် ထွက်ခွာသွားခဲ့လေပြီ။

သို့သော် မီးခိုးငွေ့များ ပျောက်ကွယ်သွားပြီး နောက်မှာတော့ မှုန်ကုပ်နေသော ကြက်တစ်ကောင် ကျန်ရစ်နေခဲ့ပုံပေါ်သည်။

“ငါ မတက်ရသေးဘူးလေ ၊ ငါ မတတ်ရသေးဘူး ဟဲ့!”

ယုံမင်ကြက်သည် အတောင်ပံများကို အရူးအမူးခတ်ကာ ပန်းလှေ၏ နောက်သို့ အလျင်အမြန် ပြေးလိုက်လာခဲ့သည်။

“ ဟဲ့ ဟဲ့ ! ငါ မတတ်ရသေးဘူး!”

အပိုင်း(၂၆၉): နတ်ဆိုးချောက်နက် ရောက်လာတယ်?

အဆုံးမဲ့ အရိုးဖြူပင်လယ် တစ်ဝိုက်တွင် အဆုံးမဲ့ နတ်ဆိုးဂူမှ တပ်စွဲထားပြီး ၊ မှော်အစီအရင်များလည်း ဆောက်လုပ်ပြီးစီးခဲ့ပြီ ဖြစ်သည်။

၎င်းတို့သည် အထူး နိယာမစည်းမျဉ်းများကို အသုံးပြုကာ ဟင်းလင်းပြင်တွင် စစ်သင်္ဘောများကို ဝှက်ထားပြီး အချင်းချင်း ချိတ်ဆက်ထားကြသည်။

ဤနေရာတွင် ယင်ကောင် တစ်ကောင်တောင် ဖြတ်သန်းသွားလာဖို့ရန် မဖြစ်နိုင်ချေ။

စစ်သင်္ဘောများကြားတွင် လူကို ဖမ်းစားနိုင်စွမ်း ရှိသည့် ကြီးမားသော စီးတော်ယာဉ် တစ်စင်း ရှိနေသည်။

ဤသည်မှာ ရွှယ့်လျန်သခင်မလေး၏ သီးသန့် စီးတော်ယာဉ်မှန်း သိသာပေသည်။

ဤအခိုက်အတန့်တွင်၊ စီးတော်ယာဉ်လှေကြီးထဲ၌

ရွှယ့်လျန်သခင်မလေးသည် ရွှေပိုးထည် လွှားခြုံထားသည့် ကျောက်စိမ်းကုတင်ပေါ်တွင် လဲလျောင်းနေသည်။ ယနေ့တွင် သူမသည် အလွန် ဆွဲဆောင်မှုရှိသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ဖြူဖွေးသော အသားအရေကို လှစ်ဟထားသည်။

ဆွဲဆောင်မှုရှိသော မျက်နှာ၊ အချိုးအစား ၊ ညို့ယူဖမ်းစားနိုင်သော မျက်ဝန်းများနှင့် သူမသည် အတုမရှိ ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည်။

ဤကဲ့သို့သော အလှတရားများကြောင့် မရဏ အလှ‌လေးပါးဟု သိကြသည်မှာ အံ့သြစရာမရှိပေ။

“ ရှောင်ချင် ဒီနေ့ ငါ လှတယ်မလား?”

နူးညံ့ပြီး ဆွဲ‌ဆောင်မှုရှိသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် လူရဲ့စိတ်ကို တုန်လှုပ်စေနိုင်ပြီး တစ်ကိုယ်လုံး ခိုက်ခိုက်တုန်သွားစေသည်။

ရှောင်ချင် ဟု အမည်ရှိသော အစေခံမလေးမှာ ခေါင်းမမော့ရဲဘဲ ခြင်တစ်ကောင်အတိုင်း မဝံ့မရဲဖြင့် တိုးတိုးလေး ပြန်ဖြေသည်။

“ဒီနေ့ ရွှယ့်လျန်သခင်မလေး အရမ်းကို လှနေတယ်…”

ထိုစဉ် ၊ ခေါင်းလောင်းသံကဲ့သို့ ချိုမြိန်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

“ဒါပေမယ့် ဒီလောက်လှတဲ့ ငါက အဲ့လူ ငြင်းတာကို ခံလိုက်ရတယ်လေ”

တကယ်တော့ ရွှယ့်လျန်သခင်မလေးသည် ယနေ့ခေတ်၏ အချက်အလက်များစွာကို စုဆောင်းထားတတ်သည်။ သို့သော် အချက်အလက်များအရ စူးဝေ သည် လူတစ်ဦးနှင့် အလွန်ဆင်တူနေသည်။

ထိုလူသည် အလွန်ကျော်ကြားပြီး ၊ သူ့အကြောင်း မသိသူ ဟူ၍ မရှိ။

ရွယ့်လျန်သခင်မလေးသည် စီးတော်ယာဉ်လှေ၏ ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်ရင်း ဆိုလိုက်သည်။

“ မင်း ငြင်းလေလေ၊ ငါက ပိုပြီး လိုချင်လေပဲ”

“ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ စူးချန်ကဲသာဆို ပြောနေစရာကို မလိုဘူး”

သူမသည် ဤကိစ္စကို မည်သူ့ကိုမှ ထုတ်မပြောခဲ့သလို ဖခင်ဖြစ်သူကိုပင် ထုတ်ဖော် မပြောခဲ့ပေ ။ အကယ်၍ ပြောပြခဲ့မည်ဆိုပါက ၊ သူမ၏ အဖေသည် ဤကိစ္စရပ်တွင် ဝင်ရောက်စွက်ဖက်တော့မည် မဟုတ်ချေ။ မြေအောက်ကမ္ဘာနှင့် ငရဲနန်းတော် မှလွဲ၍ ဤမရဏကမ္ဘာတွင် စူးချန်ကဲကို အခွင့်ကောင်း ယူရဲမည့် အင်အားစုမှာ မရှိသလောက်ပင်။

“ဖေဖေ… လျန်အာ ကို အပြစ်မတင်ပါနဲ့… လျန်အာ ဖေဖေကို အမြဲတမ်း လေးစားခဲ့တာပါ…. ဒီတစ်ခါတော့ ဖေဖေ့စကားကို နားမထောင်ပါရစေနဲ့…”

ထိုပုံလေးကို တွေးလိုက်တိုင်း ၊ သူမ အိပ်မပျော်နိုင်ခဲ့သလို သူမခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားသလို ခံစားနေရတော့သည်….

…..

အဆုံးမဲ့ အရိုးဖြူ ပင်လယ်၏ အစွန်အဖျားတွင် အဆုံးမရှိသော တောင်တန်းကြီးများအပြင် ကောင်းကင်ယံထိ မြင့်မားစွာ ထိုးတတ်နေသော ရှေးဟောင်း သစ်ပင်ကြီးများလည်း ရှိသည်။

စူးချန်ကဲတို့အဖွဲ့သည် တောထဲတွင် လွတ်လပ်စွာ လှည့်လည်သွားလာ နေကြသည်။

ဝေဟင်ပေါ်တွင် ရှိနေသော တပ်ဖွဲ့ကြီး၏ မည်သူတစ်ဦးတစ်ယောက်မျှ သူတို့ကို သတိမထားမိချေ။

သိပ်မကြာခင်မှာပဲ ပိုင်ဇစ် ပြောခဲ့သည့် နေရာဆီသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာသည် အလွန် ထူးဆန်းသည်။ နေရာတစ်ခုလုံး မြူမှုန်များဖြင့် ပြည့်နှက်နေပေရာ အမြင်အာရုံကို အနည်းငယ် မှုန်ဝါးစေသည်။

မှုန်ဝါးဝါး အမြင်အာရုံထဲမှာတောင် မှောင်ရိပ်သန်းနေသော ဧရာမ တောင်ကြီး တစ်ခု ရှိနေသေးသည်။

“ ခဏ!”

ထိုအချိန် ၊ စူးချန်ကဲသည် တိုးတိုးလေး ဆိုလိုက်ပြီး ၊ ချီတက်နေသော တခြားသူများကို တားစီးလိုက်သည်။

“ လူကြီးမင်း ဘာဖြစ်လို့လဲ”

စူးချန်ကဲသည် ပြန်မဖြေခဲ့ပေ။ ထို့အစား အာရုံစူးစိုက်ကာ သူ၏ နတ်အသိစိတ်ဖြင့် လမ်းကြောင်းကို သေချာ စစ်ဆေးကြည့်ရှုခဲ့သည်။

မှောင်ရိပ်သန်းနေသော တောင်လရောင်အောက်ရှိ ချိုင့်ဝှမ်း၏ အရှေ့ဘက် တစ်နေရာ တောင်တန်းများကြားတွင် ဧရာမ ရုပ်ထုကြီးတစ်ခု ရှိနေပုံရသည်။

ရုပ်တုရှေ့တွင် အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားသည့် လူအနည်းငယ် ရှိနေသည်။

၎င်းတို့ထဲက တစ်ဦးသည် တစ်စုံတစ်ခုကို အာရုံခံမိပုံရကာ စူးချန်ကဲရှိရာဘက်သို့ ပြန်လှည့်ကြည့်ခဲ့သည်။

စူးချန်ကဲသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ အာရုံခံ နတ်အသိစိတ်ကို ချက်ချင်းဆိုသလို ဖြတ်တောက်ပစ်လိုက်သည်။

“ တိ့ဇီလူကြီးမင်း ဘာဖြစ်လို့လဲ”

T/N - တိ့ဇီ - ဧကရာဇ် ဘုရင်မင်း၏ သားတော်ကို ခေါ်ဆိုခြင်း

အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။ သို့သော် သူ၏ လေသံမှာ အမျိုးသမီးတစ်ယောက်လိုပင်။

သူမပြောသည့် တိ့ဇီ လူကြီးမင်း ဆိုသည်မှာ နတ်ဆိုးချောက်နက် ဧကရာဇ်မင်း၏ သားတော် မိုဝူချင် ပင်။

မိုဝူချင်သည် စူးချန်ကဲ ရှိရာ ဦိးတည်ဘက်ကို ကြည့်နေပြီး ဘာမှရှာမတွေ့သောကြောင့် သူ၏ နတ်အသိစိတ်ကို ပြန်ရုတ်သိမ်းလိုက်သည်။

“ ဘာမှမဖြစ်ဘူး ၊ ငါ အတွေးလွန်တာ ဖြစ်မယ်”

“ တိ့ဇီ လူကြီးမင်း ၊ အဆုံးမဲ့ နတ်ဆိုးဂူက စူးဝေကို ဖမ်းဖို့ ဒီနေရာမှာ တပ်စွဲထားတယ် ၊ တကယ်လို့ ကျွန်တော်တို့ အကြံအစည်ကို သူတို့ တွေ့သွားခဲ့ရင် မလိုလားအပ်တဲ့ အပြောင်းအလဲတွေ ဖြစ်လာမှာကို စိုးရိမ်မိတယ်”

ပြင်းထန်သော ရောင်ဝါရှိသည့် ထိပ်တန်း ပါရမီရှင်လူငယ်တစ်ဦးက ဆိုလိုက်သည်။

“အဆုံးမဲ့ နတ်ဆိုးဂူရဲ့ အကြံကို မင်း မသိဘူးလား ၊ သူတို့က ကျုံယုံ ဖွင့်လှစ်မယ့်အချိန်ကို အခွင့်ကောင်းယူချင်လို့ ငါတို့ နတ်ဆိုးချောက်နက်ကို အသုံးချနေတာလေ”

“ဒါပေမယ့် သူက ငါတို့ကို အဆုံးမဲ့ အရိုးဖြူ ပင်လယ်ကို လက်ဝါးကြီး အုပ်နိုင်မယ့် အခွင့်အရေးကနေ ဘေးဖယ်ထားချင်သေးတယ် ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ဘယ်သူက လက်လွှတ်မှာလဲ?”

မိုဝူချင်က အေးစက်စွာ ဆိုလိုက်သည်။

၎င်းတို့သည် မရဏကမ္ဘာသို့ တိတ်တဆိတ် ခိုးဝင်ရသည့် အကြောင်းရင်းမှာ အဆုံးမဲ့ နတ်ဆိုးဂူ၏ နောက်ကွယ်၌ အဆုံးမဲ့ အရိုးဖြူ ပင်လယ်၏ ဝေစုကို ရယူလိုခြင်းကြောင့် ဖြစ်သည်။

သို့သော် ထူးဆန်းသော အခိုးအငွေ့များကြောင့် သူတို့သည် ဤနေရာသို့ လမ်းမှားကာ ရောက်ရှိလာခဲ့ကြသည်။

သူ့ရှေ့ရှိ ထူးဆန်းသော ရုပ်ထု နှင့် ရှေးကျသော မှော်အက္ခရာတို့ကြောင့် ဤနေရာမှာ မရိုးရှင်းကြောင်း မိုဝူချင် သိခဲ့ရသည်။

“ နတ်ဆိုးချောက်နက်?”

စူးချန်ကဲသည် သူ၏ အာရုံခံ နတ်အသိစိတ်ကြောင့် ဤလူများကြား စကားပြောဆိုမှုကို ရှင်းရှင်းလင်းလင်း ကြားသိခဲ့ရသည်။

“ဒီကောင်တွေ နတ်ဆိုးလောကထဲမှာ မနေဘဲ ဘာလို့ မရဏကမ္ဘာကို ရောက်လာကြတာလဲ”

“ ကျွန်တော်တို့ ဘိုးဘေးတွေ ထားခဲ့တဲ့ အချက်အလက်အရ ၊ ဒီနေရာပဲ”

ပိုင်ဇစ်က ဆိုလာသည်။

“ ကျွန်တော်တို့အနေနဲ့ သူတို့ ထွက်သွားတာကို စောင့်ရုံပဲ တတ်နိုင်တော့တယ်…”

သို့သော် သူ စကားမဆုံးခင် ၊ စူးချန်ကဲက စကားဖြတ်ဆိုလိုက်သည်။

“ အဲ့လောက်ထိ အလုပ်ရှုပ်ခံဖို့ မလိုဘူး ငါ မှန်းတာ မမှားဘူးဆိုရင် မင်းတို့ မောင်နှစ်မနှစ်ယောက်မှာ ကိုယ့်ရဲ့ရောင်ဝါကို လျော့ချပေးနိုင်တဲ့ ပင်ကိုယ်မှော်စွမ်းအား ရှိတယ်မလား?”

ဤရုတ်တရက်စကားများသည် ပိုင်ဇစ်ကို ခဏလောက် စိတ်ရှုပ်သွားစေခဲ့ပေမယ့် သူ မသိစိတ်က ခေါင်းညိတ်ပြနေခဲ့သည်။

“ ကျွန်တော်တို့ ပီအန့်မျိုးနွယ်စုက ပင့်ကူခေတ္တာပန်းလှေလိုမျိုး ရောင်ဝါကို လျော့ချပေးနိုင်တဲ့ အထူးသွေးကြောတွေ တကယ်ကို ပါကြတယ်၊ဒါ့ကြောင့် မလိုအပ်တဲ့ စုံစမ်းမေးမြန်းမှုတွေကို ရှောင်ရှားဖို့……”

စူးချန်ကဲသည် ခေါင်းတညိတ်ညိတ်ဖြင့် ထိုရုပ်တု ရှိရာဘက်သို့ လျှောက်လှမ်းသွားသည်။

“ လူကြီးမင်း ဒါက….!?”

စူးချန်ကဲ၏ ရုတ်တရက် လုပ်ရပ်ကြောင့် ပိုင်ဇစ် ခမျာ ထိတ်လန့်သွားသည်။

“ လွယ်ပါတယ် ၊ သူတို့ကို ရှင်းပစ်လိုက်ရုံပဲ “

“မင်းတို့ အနေနဲ့ ကိုယ်ပျောက်ဖွဲ့စည်းပုံကို တည်ဆောက်နိုင်ရင်ကို အဆင်ပြေတယ် ၊ ကျန်တာ ငါတစ်ယောက်တည်းနဲ့ ရတယ် “

စူးချန်ကဲ၏ လေသံမှာ ပုရွက်ဆိတ်တစ်ကောင်ကို နင်းသတ်ရန် သွားနေသည့်အတိုင်း အေးဆေးတည်ငြိမ်လွန်းသည်။

ထိုလူအုပ်စုထဲတွင် သူတော်စင် ဧကရာဇ် ပုဂ္ဂိုလ်များလည်း ရှိပေသည်။

“ လီအာ ၊ မင်းနဲ့ငါက တဖက်ကနေ ကာကွယ်နိုင်ဖို့ ကိုယ်ပျောက်ဖွဲ့စည်းပုံကို တည်ဆောက်ကြမယ် “

ပိုင်ဇစ်သည်လည်း လျင်မြန်စွာ တုန့်ပြန်လာခဲ့ပြီး၊ သူ၏ညီမလေးနဲ့အတူ မှော်ဖွဲ့စည်းပုံကို စတင် တည်ဆောက်လိုက်သည်။

သူတို့နှစ်ဦး၏ ခွန်အားမှာလည်း အားမနည်းချေ။ ညီမဖြစ်သူ ပိုင်လီသည် မဟာသူတော်စင် အရှင် ကနဦး အဆင့် ဖြစ်ပြီး သူသည် မဟာ သူတော်စင် နှောင်းပိုင်းအဆင့် ဖြစ်သည်။

တကယ်တော့ စူးချန်ကဲ တစ်ယောက် ဒေါသ အနည်းငယ် ထွက်နေသည်။ သူ့ခမျာ အဆုံးမဲ့ အရိုးဖြူ ပင်လယ်ဆီသို့ လာရောက်ရန် မလွယ်ကူခဲ့ပေ။ ပထမဆုံး အဆုံးမဲ့ နတ်ဆိုးဂူ သည် သူ့လမ်းကြောင်းကို ပိတ်ဆို့ခဲ့ပြီး ၊ ယခုအခါတွင် နတ်ဆိုးချောက်နက်က လူများနှင့် ဆုံတွေ့ခဲ့ရပြန်သည်။

အဆုံးမဲ့ နတ်ဆိုးဂူသည် သူ့လမ်းကို ပိတ်ဆို့ခဲ့သည်။ နတ်ဆိုးချောက်နက်သည်လည်း ဤပျော်ပွဲရွှင်ပွဲတွင် ပါဝင်ဆင်နွှဲချင်ပေသလော။

အဲ့လိုဆိုလည်း အသေသတ်ရုံပေါ့!

ရုပ်တုကို လေ့လာနေကြသော နတ်ဆိုးချောက်နက်က လူတိုင်း ရုတ်တရက် အံ့အားသင့်လို့ နေသည်။

သူတို့အားလုံး ထိတ်လန့်စွာဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။

“ မင်းလည်း ခံစားမိလား?”

“ မင်းရောလား….?”

အထူးသဖြင့်၊ မိုဝူချင်သည် ဤအရာအပေါ် ပို၍ ခံစားမိသည်။

အအေးဓာတ်သည် သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည့်အတိုင်း ၊သူ့စိတ်​ကို အနည်းငယ်​ တုန်​လှုပ်​သွားစေသည်​။

“ လူသတ်လိုခြင်း စိတ်ဆန္ဒပဲ!”

မိုဝူချင်မှ ထိုစကားများကို ပြောလိုက်သည့် အခိုက်အတန့်မှာပင် ၊

ဝှစ်——

မှော်စက်ဝိုင်း တစ်ခု၏ ဖုံးအုပ်ခြင်းကို ခံလိုက်ရသည်။

၎င်း၏ အားကောင်းသော နိယာမ စွမ်းအား၏ ရောင်ဝါတို့သည် ဤနယ်မြေတစ်ခုလုံးကို တားစီးပိတ်ဆို့လိုက်သလိုပင်။

သို့သော် သူတို့ကို တကယ်တန်း ထိတ်လန့်စေခဲ့သော အရာမှာ မလှမ်းမကမ်း တစ်နေရာမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့ခြင်းပင် ။

“ သူတော်စင် ဧကရာဇ် တစ်ဦး ၊ ထိပ်တန်း သူတော်စင် သုံးဦး ၊ မဟာ သူတော်စင် အရှင် ခြောက်ဦး ၊ ဒါလေးပဲလား”

T/N - ထိပ်တန်း သူတော်စင် အဆင့်ကို သူတော်စင် ဧကရာဇ် မရောက်ရှိခင်က အဆင့်လို့ သတ်မှတ်ဖို့ လိုပါလိမ့်မယ် ၊ စာရေးဆရာကတော့ အဲ့အဆင့်နဲ့ ပတ်သတ်ပြီး ထည့်ရှင်းမပြသွားဘူး

[ သူတော်စင် အရှင် - သူတော်စင် ဧကရာဇ် ]ဒါက စာရေးဆရာ ရှင်းပြခဲ့တဲ့ အဆင့်တွေပါ

စာဖတ်သူတွေအနေနဲ့

[ သူတော်စင် အရှင် - မဟာ သူတော်စင်အရှင် - ထိပ်တန်း သူတော်စင် - သူတော်စင် ဧကရာဇ် ] လို့ ယူဆရပါလိမ့်မယ်

အပိုင်း(၂၇၀): ပြန်လည်ဝင်စားခြင်း နှင့် သူတော်စင် ကိုယ်ထည်တို့၏ ပေါင်းစပ်မှု ၊ လင်ဟွေဖန့်ကျူ

နတ်ဆိုးချောက်နက်က လူတိုင်း ထိတ်လန့်တကြား လှည့်ကြည့်လိုက်သည်။

အုံ့ဆိုင်းနေသော အဖြူရောင် အခိုးအငွေ့များထဲတွင် သွယ်လျသော အသွင်အပြင်ရှိသည့် လူတစ်ယောက် သူတို့ဆီသို့ လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။

မိုဝူချက်သည် မျက်မှောင်ကြုတ်လျက် ထိုဘက်သို့ စူးစူးရဲရဲ စိုက်ကြည့်နေသည်။

၎င်းသည် သူတို့ဆီသို့ နီးကပ်လာသည်နှင့်အမျှ နောက်ဆုံးမှာတော့ သူ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရချေပြီ။

ဝတ်ရုံဖြူ အမျိုးသားတစ်ဦး ဖြစ်ပြီး ခပ်ဖြောင့်ဖြောင့် ရုပ်ရည်ချောမောပေသည်။အထူးသဖြင့် သူ့မျက်နှာပေါ်ရှိ အေးစက်သော အငွေ့အသက်များက လူကို ရင်တုန်စေသည်။

“ ငယ်ရွယ်သူ ထိပ်တန်း သူတော်စင်!”

နတ်ဆိုးချောက်နက်မှ သူတော်စင်ဧကရာဇ် တစ်ပါးသည် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ အာမေဋိတ်တစ်ခု ပြုလိုက်သည်။

စူးချန်ကဲသည် ယခုတစ်ကြိမ်တွင် သူ၏ ရောင်ဝါကို တမင်တကာ ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် တဖက်လူသည် သူ၏ ကျင့်ကြံအဆင့်ကို တိုက်ရိုက် တန်းသိနိုင်သည်။

စူးချန်ကဲသည် ငယ်ရွယ်သူ ဖြစ်သည့်အလျောက် သူသည် ထိပ်တန်း သူတော်စင် တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သူတို့ နတ်ဆိုးချောက်နက်၏ တိ့ဇီမှာ ဘိုးဘေးအနွယ်ဝင် အသွေးအသားများကို ပိုင်ဆိုင်ထားသည်။ဤကဲ့သို့ ထူးချွန်သောအရည်အချင်းများ ရှိသော ၎င်းမှာ မဟာ သူတော်စင် အရှင် အထွတ်အထိပ် အဆင့်ထိသာ ရောက်ရှိသေးသည်။

သို့သော သူတို့မျက်စိရှေ့က ဤလူငယ်လေးသည် ထိပ်တန်း သူတော်စင် အဆင့်ထိ ရောက်ရှိနေခဲ့ပြီပင်။

“မင်းက ဘယ်သူလဲ၊ မင်း ဒီမှာ ဘာလာလုပ်တာလဲ”

မိုဝူချင်သည် ဒေါသတကြီး အော်ပြောလိုက်သည်။

ယခု မိမိထက် ပိုအဆင့်မြင့်သော ဘုရင်တစ်ပါးကို မြင်လိုက်ရသောအခါတွင် မိုဝူချင်သည် မနာလိုစိတ် ဖြစ်ပေါ်လာသည့်အပြင် တစ်ချိန်တည်းမှာပင် အနည်းငယ် ဒေါသထွက်မိသည် ။

သို့သော် စူးချန်ကဲသည် တစ်ဖက်လူ၏ မေးခွန်းများကို လုံးဝ လျစ်လျူရှုပြီး ဖြည်းညှင်းစွာ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး ၊ မြေကြီးပေါ်က ခြေသံများက လူတိုင်း၏ နှလုံးသားကို ရိုက်ခတ်သွားပုံ ရပေသည်။

“အတင်ရဲလိုက်တာ! တိ့ဇီ လူကြီးမင်းက မင်းကိုစကားပြောနေတယ်လေ ၊ မင်းက ဆွံ့အ နားမကြားလား?”

နတ်ဆိုးချောက်နက် မှ အကြီးအကဲတစ်ဦးက သူတို့ တီ့ဇီ၏မျက်နှာသာရရှိရန် ဒေါသတကြီး ဖြင့် ငေါက်ငမ်းပြလိုက်သည်။ ၎င်းသည် မပြောမဆိုဖြင့် စူးချန်ကဲအား သင်ခန်းစာတစ်ခု သင်ကြားပေးရန် ဆုံးဖြတ်လိုက်သည်။

သူ့လက်ဖဝါးများကို ပူးကပ်လိုက်ရာ ကြီးမားကျယ်ပြန်သော နတ်ဆိုး စွမ်းအင်လှိုင်းများက တလိပ်လိပ် ထကြွလာခဲ့သည်။

အနက်ရောင် မှော်သင်္ကေတ များကြားတွင် အမှောင်စွမ်းအင်လုံးကြီး တစ်ခု စုစည်းဖြစ်တည်လာသည်။

“ကောင်လေး၊ မင်းရဲ့ ရိုင်းစိုင်းမှုအတွက် မင်းသွေးနဲ့ ပြန်ပေးဆပ်ရမယ်!”

၎င်းသည် ထိုအမှောင် စွမ်းအင်လုံးကို တိုက်ရိုက် အသက်သွင်းလိုက်ပြီး စူးချန်ကဲထံသို့ ပစ်လွှဲလိုက်သည်။

တစ်ချိန်တည်းမှာပင် စူးချန်ကဲ၏ ခန္ဓာကိုယ်ပေါ်ရှိ ၀တ်ရုံတွင် မီးတောက်များက တဖျပ်ဖျပ် ရိုက်ခက်လျက် တောက်ပနေသည်။

ယခုအချိန်တွင်၊ စူးချန်ကဲ တစ်ကိုယ်လုံး နေရောင်ကဲ့သို့ ပူပြင်း တောက်လောင်နေသည်။နေသည် အနက်ရောင် မြူခိုးများကို ဖြတ်ကျော်ကာ နတ်မီးလျှံများသဖွယ် တောက်လောင်နေသကဲ့သို့ပင်။

စူးချန်ကဲ၏ အနီးတစ်ဝိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များ ရှိနေပြီး ၊ စူးချန်ကဲ၏ ဘေးပတ်ပတ်လည်တွင် ရေနဂါး တစ်ကောင်အလား လှည့်ပတ်နေသည်။

ယန်ဓားစွမ်းအင်၏ အရှိန်အဟုန်နှင့်အတူ မီးလျှံဓားတစ်စင်း မွေးဖွားလာခဲ့သည်။

၎င်းသည် အလွန်တောက်ပသော မီးတောက်ရောင်ခြည်ကို ထုတ်လွှတ်နေပြီး ၊ အဆုံးစွန်သော မီးတောက်မီးလျှံများသည် အာကာသတစ်ခုလုံးကိုပင် လောင်ကျွမ်းစေနိုင်ပုံရသည်။

ထိပ်တန်း သူတော်စင် အဆင့်ရှိသော ထို အကြီးအကဲ၏ ထိုးနှက်ချက်သည် စူးချန်ကဲဆီသို့ မရောက်ခင်လေးမှာပဲ နှင်းခဲများသည် ပူပြင်းသော နေရောင်ခြည်နှင့် ထိတွေ့မိပါက အလွှာလိုက် အရည်ပျော်ကျရသလိုမျိုး ပျောက်ကွယ်သွားလေတော့သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?”

“ ချင်ယန် အကြီးအကဲက ထိပ်တန်း သူတော်စင် အထွပ်အထိပ် အဆင့်ပဲ ၊ သူ့ရဲ့ ထိုးနှက်ချက်က ဘယ်လိုဖြစ်ပြီး အလွယ်တကူ ဖြေရှင်းခံလိုက်ရတာလဲ!?”

ထိုမြင်ကွင်းကို မြင်လိုက်ရသော နတ်ဆိုးချောက်နက်၏ တပည့်တချို့မှာ ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။

ပြိုင်ဘက်သည် ထိပ်တန်း သူတော်စင် တစ်ပါး ဖြစ်သော်လည်း သို့သော် ၎င်းသည် နှောင်းပိုင်းအဆင့်မှာသာ ရှိသေးသည်။

ဆိုရိုးစကားအတိုင်း အဆင့်တစ်ခုချင်းစီတိုင်း အလွန်မြင့်မားသော ကွာဟချက် ရှိသည် ။ သို့သော် တစ်ဖက်လူသည် အဘယ့်နည်းဖြင့် ဤကဲ့သို့ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ခဲ့သနည်း။

“ ဖျက်စီး”

သို့သော် စူးချန်ကဲသည် တဖက်လူကို အပိုစကားတွေ ပြောဖို့ အခွင့်မပေးဘဲ သူ့ ခန္ဓာကိုယ်ထဲရှိ သူတော်စင် ကိုယ်‌ထည်၏ ရောင်ဝါများကို လှုံ့ဆော်လိုက်သည်။ သူ၏ မျက်ဝန်းထဲ၌ ကြောက်စရာကောင်းသော ဓားဆန္ဒများ ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။

သူ့လက်ညိုးကို ဟင်းလင်းပြင် ကွက်လပ်ဆီသို့ စေညွှန်လိုက်သည်နှင့် ၊ သူ့ပတ်ပတ်လည်တွင် ပျံဝဲနေသော မီးလျှံဓားသည် ရုတ်ချည်းဆိုသလို ပို၍ တောက်ပလာသည်။

မီးနဂါးများ ဟောက်နေသကဲ့သို့ မီးလျှံဓားမှ ဓားအများအပြား ခွဲထွက်လာပြီး နတ်ဆိုးချောက်နက်က လူများကို တိုက်ရိုက် နှိမ်နင်းပစ်ခဲ့သည်။

“ဟွန်း !ကောင်စုတ်လေး မင်း ဒီလောက်ထိ အတင့်ရဲရလား!”

နတ်ဆိုးချောက်နက်မှ သူတော်စင် ဧကရာဇ်တစ်ပါးသည် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူ၏ လက်များကိုပူးကပ်ကာ မှော်သင်္ကေတတစ်ခု ဖော်ဆောင်လိုက်သည်နှင့် ပို၍ ကြောက်စရာကောင်းသော နတ်ဆိုးစွမ်းအားများ ထွက်ပေါ်လာသည်။

နတ်ဆိုးချောက်နက် ရှိ လူတိုင်း၏ ရှေ့တွင် အနက်ရောင် အကာအရံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းပေါ်တွင် အသက်ဝင်နေသော အနက်ရောင် မှော်သင်္ကေတများနှင့် သွေးနီရောင် မျဉ်းလိုင်းများကို ရေးထွင်းထားသည်။

၎င်းသည် ဤအနက်ရောင် အကာအရံကို ပို၍ပင် ဖျက်ဆီးမရအောင် ကာကွယ်ပေးထားသည်။

စူးချန်ကဲ ထိန်းချုပ်ထားသော မရေမတွက်နိုင်သော မီးလျှံဓားများသည် မြင့်မားသော အမှောင် အကာအကွယ် နံရံနှင့် ပြင်းထန်စွာ ဝင်တိုက်သွားသည်။

တစ်ချိန်တည်းမှာပင် အကန့်အသတ်မဲ့ မီးလျှံများက ပေါက်ကွဲ လွင့်ထွက်သွားပြီး ၊ မီးနဂါးသည် အဆက်မပြတ် မြည်ဟည်းနေသည်။ အကယ်၍ ပိုင်ဇစ်တို့ မောင်နှစ်မ နှစ်ယောက်ကသာ ဤနေရာကို နှိပ်ကွပ်မထားပါက ၊

ဤတိုက်ခိုက်မှုသည် လေဟာပြင်ထုကြီးကို ထိုးဖောက်ဝင်ရောက်သွားနိုင်သည်။

“ သခင်က မီးတောက်တွေကို ဒီလောက်ထိ ထိန်းချုပ်နိုင်စွမ်းရှိမယ်လို့ မမျှော်လင့်ထားဘူး!”

“တကယ်လို့ သခင်ကသာ ငါ့ကို နောက်အနာဂတ်မှာ မီးတောက်လမ်းစဉ်နှင့် ပတ်သတ်ပြီး သင်ကြားပေးခဲ့ရင် … ဒါဆို ငါလေးက သမိုင်းမှာ အကျော်ကြားဆုံး နတ်ဖီးနစ် တစ်ကောင် ဖြစ်လာမှာ မဟုတ်ဘူးလား…?”

ထိုမြင်ကွင်းကို ကြည့်ရှုနေသော ယုံမင်ကြက်မှာ ကြောက်ရွံ့ထိတ်လန့်မှု မှ အိမ်မက်လောကထဲသို့ ကျရောက်နေတော့သည်။

“ဟုတ်တယ်၊ နင် ‌အနာဂတ်မှာ သခင်လေးကို မပျော်မရွှင်ဖြစ်အောင် လုပ်ရင် တခါတည်း တန်းပြီး ကင်စားရုံပဲ “

ထန်ဝူအာ၏ စကားသည် ယုံမင်ကြက်ကို ဆွံ့အသွားစေသည်။

“ အိုင်း! လူ နဲ့ ကြက်ရဲ့ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှုတွေက တကယ်ကို မတူဘူးပဲ …”

သို့သော် ပိုင်ဇစ်သည် ထိုမြင်ကွင်းအား ပြင်းပြသော စိတ်ခံစားချက်ဖြင့် ကြည့်ရှုနေခဲ့သည် ။

“ခန္ဓာကိုယ်ကလည်း အလွန် သန်မာသလို…”

“ဓားကလည်း အလွန် အစွမ်းထက်တယ်…”

“ ဒြပ်စင်တွေ အပေါ် ထိန်းချုပ်မှုကလည်း အညီအမျှပဲ အစွမ်းထက်တယ်… “

“ဒီလိုလူရဲ့ နောက်ကို လိုက်ခဲ့မယ်ဆိုရင် ပီအန့် မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာတွေ ပြန်လည်ရရှိလာနိုင်တယ်…”

စစ်မြေပြင်တွင် ပြင်းထန်သော မီးတောက်တစ်ခု ပေါက်ကွဲပြီးနောက် ၊

စူးချန်ကဲ၏ မျက်လုံးများသည် ပို၍ အေးစက် တောက်ပလာပြီး‌ ဝေဟင်ပေါ်သို့ တည့်တည့်မတ်မတ် ပျံတတ်လိုက်သည်။

ထို့နောက် ကြောက်စရာကောင်းသော ပြန်လည်ဝင်စားခြင်း နိယာမစည်းမျဉ်းတစ်ခုကို သူ့လက်ဖဝါးတွင် စုဝေးလိုက်ပြီး ဤနေရာတစ်ခုလုံးကို အနည်းငယ် ခဲသွားစေသည်။

သူတော်စင် ခန္ဓာကိုယ် သွေးကြောများ၏ နိုးထလာမှုနှင့် အတူ၊ စူးချန်ကဲ၏ နောက်တွင် တဖိတ်ဖိတ် တောက်ပနေသော ရောင်စဉ်များကြား ကြီးကျယ်ခမ်းနားသော အသွင်အပြင် တစ်ခု ထွက်ပေါ်လာသည်။

အနှိုင်းမဲ့ အမတ ဧကရာဇ်မင်း တစ်ပါးကဲ့သို့ အဆုံးမဲ့ ရွှေရောင်အလင်းတန်းများက သူနှင့်အတူ ထွန်းလင်းတောက်ပနေပါသည်။

နိယာမစည်းမျဉ်းများ ကျရောက်လာသည့်အတိုင်း ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အတိုင်းပင်။

“ဒါ …ဓမ္မကာယ!?”

မိုဝူချင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည်လည်း ဓမ္မကာယ ကိုယ်ထည်ကို စုစည်းနိုင်သည်။

သို့သော် စူးချန်ကဲနှင့် ယှဉ်ရင် သူသည် မြေပြင်ပေါ်က ကြက် တစ်ကောင်မျှသာ ဖြစ်ပြီး ၊ တဖက်လူမှာ ကောင်းကင်ထက်က ဖီးနစ်တစ်ကောင်ပင် ။

ဓမ္မကာယကို ဖွဲ့စည်းရန် သင့်ကိုယ်ပိုင် ခွန်အားတစ်စိတ်တစ်ပိုင်းကို ချေးယူရန် လိုအပ်ပေသည်။ဓမ္မကာယ၏ အဖျက်စွမ်းအားသည် အစွမ်းထက်သော်လည်း သူတော်စင် စွမ်းအင် အလွန် လိုအပ်သောကြောင့် ယေဘုယျအားဖြင့် အသုံးမပြုကြပေ။

သို့သော် စူးချန်ကဲ မှ ပြသခဲ့သော ဓမ္မကာယသည် မိရိုးဖလာနှင့် မတူဘဲ လုံးဝ ကွဲပြားပေသည်။

၎င်း၏ ရောင်ဝါသည် သူ့ကိုယ်ပိုင် စွမ်းအားထက်ကို အများကြီး အစွမ်းထက်နေသည်။

ထိုရောင်ဝါသည် ဤကမ္ဘာနှင့် မသက်ဆိုင်သလိုပင်။ တစ်နည်းအားဖြင့် ဆိုရသော် ဤကမ္ဘာ၏ အတိုင်းအတာထက်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

“ဒီကောင်က ငါတို့ကို တခါတည်း သတ်ဖို့ လုပ်ထားတာပဲ”

သူတော်စင် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်က ကျယ်လောင်စွာ အော်လိုက်သည်။

“တုံ့ဆိုင်းမနေနဲ့၊ အတူတူ တတ်ကြ!”

သူသည် ဤမရဏကမ္ဘာသို့ လာရောက်ရသည့် အကြောင်းရင်းမှာ မိုဝူချင်ကို ကာကွယ်ပေးရန် ဖြစ်သည်။

နောက်ဆုံးအကြိမ်က ၊ ချူးကျန့်ရှင်းသည် သူတို့၏ ဘိုးဘွားပိုင်မြေဆီသို့ လာရောက်၍ စာရင်းရှင်းခဲ့သည်။

ဤသို့ဖြင့် နတ်ဆိုးချောက်နက်ရှိ ဘိုးဘွားပိုင် နယ်မြေအများစုမှာ ဖျက်စီးခံလိုက်ရပြီး ၊ မရေမတွက်နိုင်သော အင်အားကြီးမားသော ကျင့်ကြံသူ ပုဂ္ဂိုလ်များစွာ သေဆုံးခဲ့ရသည်။

ထို့ကြောင့် နတ်ဆိုးချောက်နက်သည် သူတော်စင် ဧကရာဇ်အဆင့်ရှိသည့် သူ့ကိုသာ မိုဝူချင်၏ ကာကွယ်သူအဖြစ် စေလွှတ်နိုင်ခဲ့သည်။

သို့သော် သူ၏ ပထမဆုံးမစ်ရှင်မှာတင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လူ့ဘီလူးတစ်ကောင်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဤ သူတော်စင် ဧကရာဇ်၏ ကွပ်ကဲမှုအောက်တွင် နတ်ဆိုးချောက်နက် မှ လူများသည် သတိလက်လွတ်မခံဝံ့ဘဲ အစွမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

တခဏချင်းမှာပင် ၊ ပိုကြောက်စရာကောင်းသော နတ်ဆိုးစွမ်းအင် အများအပြား ထွက်ပေါ်လာပြီး စူးချန်ကဲဆီသို့ တိုက်ရိုက် ပြေးဝင်ကာ တိုက်ခိုက်ခဲ့ကြသည်။

“ လူကြီးမင်း ၊ သတိထား!”

ပိုင်ဇစ်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူသည် စူးချန်ကဲကို ကူညီရန် တိုက်ပွဲတွင် ဝင်ပါဖို့ ဟန်ပြင်လိုက်သည်။

“ နင် မသွားနဲ့”

ထိုအချိန် ၊ ထန်ဝူအာက ပိုင်ဇစ် ကို တားစီးခဲ့သည်။

“ သခင်လေး ပြောတယ်မလား သူတစ်ယောက်တည်း နဲ့တင် လုံလောက်ပြီလို့ ၊အဲ့ဒါကြောင့် ဘယ်သူ့မှ ဝင်စွက်ဖက်တာကို သူ မကြိုက်ဘူး၊ ငါတို့ သခင်လေးကို ယုံကြည်ရမယ်လေ “

ထန်ဝူအာ၏ လေသံသည် ပုံမှန်ကိစ္စတစ်ခုကို ပြောနေသည့်အတိုင်း အရမ်းကို တည်ငြိမ်လွန်းလှသည်။

ယင်းက ပိုင်ဇစ်ကို အနည်းငယ် တုန်လှုပ်သွားစေသည်။

စူးချန်ကဲ၏ နောက်လိုက် မိန်းကလေးတောင်မှ သူ့အပေါ် ယုံကြည်ချက် ပြင်းထန်လွန်ပေရာ ၊ စူးချန်ကဲသည် မည်မျှတောင် အစွမ်းထက်လေသနည်း။

“ လာတာ ကောင်းတယ် “

“ငါလည်း အသစ်အဆန်းကို စမ်းကြည့်ချင်တာနဲ့ အတော်ပဲ “

စူးချန်ကဲသည် ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်သည်။

သူသည် လူဝင်စားခြင်း ရှေးဟောင်းသစ်ပင်၏ အနှစ်သာရကို စုပ်ယူခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ယင်းစွမ်းအားကို သူ့ခန္ဓာကိုယ်ထဲမှာ ရှိသည့် ကမ္ဘာ့သစ်ပင်က အလုံးစုံ စုပ်ယူသွားခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့သစ်ပင်သည် သူ၏ နတ်အရင်းအမြစ်နှင့် ပေါင်းစပ်ထားပြီး၊ နတ်အရင်းအမြစ်သည် သူ၏ သူတော်စင် ခန္ဓာကိုယ်အပေါ် သက်ရောက်မှု ရှိသည်။

သူ့ခန္ဓာကိုယ်ထဲက သူတော်စင် ခန္ဓာကိုယ်များစွာ၏ ကောင်းချီးများမှ တစ်ဆင့်၊ သူသည် ပြန်လည်ဝင်စားခြင်း၏ စွမ်းအားကို အဆမတန် ချဲ့ထွင်ကာ ပို၍ အားကောင်းစေနိုင်သည်။

အဆုံးစွန်ထိ ရောက်ရှိသွားမည် ‌ဆိုပါက ၊ဒါဆို သူသည် လူဝင်စားခြင်း ဆိုင်ရာ မုခ်ဝကို ဖွင့်နိုင်တော့မည် ဖြစ်သည်။

သူ၏ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်ရှိ ဝါးမျိုခြင်း စွမ်းအားဖြင့် စုပ်ယူခံရသူတိုင်း ထိုမုခ်ဝထဲကို ရောက်ရှိသည်နှင့် ဘယ်သောအခါမှ လွတ်မြောက်နိုင်မည် မဟုတ်တော့ပေ။

ဝှစ် ——

ပြန်လည်ဝင်စားခြင်း ဆိုင်ရာ ကြောက်စရာကောင်းသော စွမ်းအားများသည် ရုတ်ချည်းဆိုသလို လေထဲသို့ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး ၊ စူး‌ချန်ကဲ နောက်ကွယ်ရှိ ဓမ္မကာယသည်လည်းချိန်တည်းမှာပင် လှုပ်ရှားလာခဲ့သည်။

ထို့နောက် ၊ ဤနေရာ၌ အလင်း မုခ်ဝကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝူးး ဝူးး ဝူး——

တံခါး ပွင့်လာသည်နှင့်အမျှ ၊ ပြန်လည် ဝင်စားခြင်းဆိုင်ရာ စွမ်းအားများ ထွက်ပေါ်လာသည်။

ယင်းစွမ်အားများသည် မုခ်ဝပေါက်တွင် ‌ဝဲဂယက်တစ်ခုကဲ့သို့ အဆက်မပြတ် လည်ပတ်နေပြီး ၊ အထဲမှ ဝါးမျိုခြင်း စွမ်းအားတို့သည် ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို စုပ်ယူနေခဲ့သည်။

“ လင်ဟွေ ဖန့်ကျူ ( ပြန်လည်ဝင်စားခြင်း ဆိုင်ရာ ပြည်နှင်ဒဏ်) !”

All Chapters