← Chapters

အခန်း (၂၇၁-၂၇၅)

Vol. 20 Ch. 271-275

အခန်း (၂၇၁-၂၇၅)

Vol. 20 Ch. 271-275

အပိုင်း(၂၇၁): အရှုံးပေးမလား သေမလား

စူးချန်ကဲ၏ ရေရွတ်သံ အပြီးတွင်၊

ပြန်လည် ဝင်စားခြင်းဆိုင်ရာ စွမ်းအားသည် အဆုံးစွန်ထိ နှိုးဆော်ခံလိုက်ရပြီး ၊ ယင်းတို့သည် ဘေးပတ်ပတ်လည်ကို ဝန်းရံထားကာ တဒင်္ဂအတွင်း ကြီးမားလှသော ရောင်စဉ်အလင်းတန်းများကို ထုတ်လွှတ်ပေးခဲ့သည် ။

ထိုစဉ် အက်ကွဲသွားသော ကြေးမုံမှန်ကဲ့သို့ အာကာသ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ယင်းအာကာသ အက်ကွဲကြောင်းထဲမှ ဖိတ်ဖိတ်တောက်နေသော တံခါးတချက် ပွင့်လာခဲ့သည် ။

မရေမတွက်နိုင်သော အချိန်နှင့် အာကာသ အပိုင်းအစများ ရှိနေပုံရပြီး ကြယ်တာယာ ကောင်းကင်ကြီးကဲ့သို့ တဖိတ်ဖိတ် တောက်ပလို့ နေသည်။

စူးချန်ကဲ ဆီသို့ အပြေးအလွှား ရောက်ရှိလာကြသော တိုက်ခိုက်မှုများသည် ပင်လယ်ထဲသို့ တိုးဝင်သွားသော ရွှံ့နွားများကဲ့သို့ လှိုင်းတစိုးတစိမျှ ရိုက်ခတ်ခြင်း မရှိဘဲ ထိုမုခ်ဝ၏ စုပ်ယူခြင်းကို ခံ‌နေရသည်။

ဝီ——

အမှောင်ထုကို ထိုးထွင်းဖောက်ထွင်းဝင်ရောက်လာသော နတ်အလင်းရောင်ကဲ့သို့ပင် ။

တဖိတ်ဖိတ် တောက်ပနေသော ဤအလင်းရောင်၏ ရှေ့တွင် အမှောင်ထုအားလုံး သုတ်သင်ခံရတော့မည့်အတိုင်းပင်။

“ငါ့ခန္ဓာကိုယ်ကို ထိန်းမရတော့ဘူး!”

“ သေစမ်း ! ဒါက ဘယ်လိုမှော်အတတ်တုန်း!?”

မူလက စူးချန်ကဲအား တိုက်ခိုက်ရန် အပြေးအလွှား သွားခဲ့သော ထိုလူများထံမှ အာမေဋိတ်အသံများကို ကြားနေရသည်။

ပြန်လည်ဝင်စားခြင်းခြင်း မုခ်ဝမှ ထွက်ပေါ်လာသော အားကောင်းသည့် စုပ်ယူစွမ်းအားသည် ဧရာမ လက်ကြီးသဖွယ် သူတို့အား အရူးအမူး ဆွဲခေါ်နေသည် ။

သူတို့တွေ အကုန်လုံး မည်သို့ပင် ခုခံနေပါစေ ၊ မုခ်ဝထဲရှိ ထိုအားကောင်းသော စွမ်းအား၏ နှိပ်ကွပ်မှုကြောင့် မည်သည့် အကျိုးသက်ရောက်မှု မှ မရှိခဲ့ပေ။

“ ချီးပဲ ! ဒါက ဘယ်လို မကောင်းဆိုးဝါး မှော်အတတ်လဲ?”

သူတော်စင် ဧကရာဇ် ပုဂ္ဂိုလ်ပင်လျှင် ဤကြောက်စရာကောင်းသော စွမ်းအားကို ရင်ဆိုင်ရန် အနည်းငယ် အခက်တွေ့နေပုံ ရပေသည်။

သို့သော် သူသည်လည်း မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့ပြီး အကောင်းဆုံး ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။သူ့ လက်ဖဝါးဖြင့် မှော်စွမ်းအားများကို အသက်သွင်းလိုက်ပြီး အနီးနားရှိ တပည့်များကို ထိုမုခ်ဝထဲသို့ ပစ်သွင်းလိုက်သည်။

အကြီးအကဲဖြစ်သူသည် သူတို့အား ယခုလို ရောင်းထုတ်ပစ်လိမ့်မည် ဟု သူတို့အဖို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။

၎င်းတို့အားလုံး ပြန်လည် ဝင်စားခြင်း မုခ်ဝပေါက်ထဲသို့ ကျရောက်သွားခဲ့ရသည်။

“ အကြီးအကဲ ခင်ဗျား!”

မိုဝူချင်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည် ။ မိမိကို ကာကွယ်ပေးရန် အတွက်နဲ့ ကိုယ့်လူကို အဘယ်ကြောင့် အသုံးချခဲ့ရသနည်း။

“တိ့ဇီ မင်းဘာမှဖြစ်လို့မရဘူး!”

"ဒီစွမ်းအားက အလွန်ဆန်းကြယ်တယ် ၊ သူတို့ကို မစတေးရင် ငါတို့နှစ်ယောက်လုံး ပါသွားနိုင်တယ်! "

ဤသူတော်စင် ဧကရာဇ် အကြီးအကဲသည် အကောင်းဆုံး ရွေးချယ်မှုပြုလုပ်ခဲ့ကြောင်း သက်သေထူခဲ့သည်။

စူးချန်ကဲ၏ ကျင့်ကြံအဆင့်မှာ အကန့်အသတ်ရှိပေသည်။ သို့ဖြစ်၍ မုခ်ဝ ဖွင့်ချိန်မှာလည်း အကန့်အသတ် ရှိပေသည်။ ထိပ်တန်းသူတော်စင် နှင့် မဟာ သူတော်စင် အရှင် ပုဂ္ဂိုလ်များကို စတေးပြီးနောက်တွင် ၊

ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။

တံခါးသည် ကြယ်ပွင့်များ သဖွယ် ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားလေသည်။

အချိန်တိုလေးသာ ကြာသော်လည်း ၊ ဤမှော်ပညာရပ်သည် မည်မျှ ကြောက်စရာကောင်းသည်ကို စူးချန်ကဲ သိလိုက်ရသည်။

အချိန်အားဖြင့် ဆယ်စက္ကန့်သာ ကြာမြင့်ခဲ့သည် ။

သူတော်စင် ဧကရာဇ် နှင့် မိုဝူချင်က လွဲ၍ ၊ ကျန်တပည့်များအားလုံးမှာ ပြန်လည်ဝင်စားခြင်းဆိုင်ရာ မုဒ်ပေါက်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

အကယ်၍ စူးချန်ကဲသာ လုံလောက်သော အားအရင်းအမြစ်ဖြင့် ဖွင့်ထားပါက ၊ ဤပြန်လည်ဝင်စားခြင်း မုခ်ပေါက်သည် တန်ခိုးကြီးမားသော ဧကရာဇ်မင်းမြတ်ကိုပင် စတေးပစ်နိုင်ပေသည်။

“ မင်း တကယ်ပဲ ဘယ်သူလဲ!?”

စိတ်တည်ငြိမ်မှု ပြန်ရလာပြီ ဖြစ်သော မိုဝူချင်သည် စူးချန်ကဲကို ထပ်မံအော်ဟစ်လိုက်သည်။

" ငါ မိုဝူချင်က မင်းနဲ့ ရန်ငြိုး တစ်ခါမှမရှိခဲ့ဘူး၊ မင်းဘာလို့ ဒီလိုလုပ်ရတာလဲ!?"

စောနက အရှက်သည် သူ့ကို ဒေါသဖြစ်စေခဲ့သလား မသိ ။

သို့မဟုတ် မရှင်းမလင်းနဲ့ သေရမှာကို ဆန္ဒမရှိလေလားမသိ။

ပေါက်ကွဲထွက်လာသော ခံစားချက်နှင့်အတူ စူးချန်ကဲအား ဒေါသတကြီးဖြင့် မေးခွန်းထုတ်လေသည်။

“ငါနဲ့ရန်ငြိုးမရှိဘူး ?”

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

"ဒါဆို ငါဘယ်သူလဲဆိုတာ မင်း သေချာကြည့်"

စူးချန်ကဲ၏ စကားသံအပြီးတွင် ၊

သူ့ခန္ဓာကိုယ်၏ မျက်နှာပြင်တွင် ရှိနေခဲ့သော နိယာမ မှော်သင်္ကေတများသည် လေနှင့် သဲများ သဖွယ် ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားသည်။

စူးချန်ကဲ၏ ရောင်ဝါသည် ယခုအခိုက်အတန့်တွင် ဤနေရာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေကြသော မျက်လုံးထဲတွင် ၊

မူလက ရှိနေခဲ့သော စူးချန်ကဲ၏ နှင်းဖြူရောင် ဆံနွယ်များသည် မှင်အနက်ရောင်အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့သည်။

အနက်ရောင် ဆံသားများသည် လေထဲတွင် လွင့်မျောနေပြီး ၎င်းအပေါ်တွင် နိယာမ စွမ်းအားများက ဝန်းရံထားသည်။

နတ်ရောင်စဉ်၏ ကောင်းချီးများဖြင့် မွေးဖွားလာသကဲ့သို့ ၊လက်ရာမြောက်စွာ ထွင်းထုထားသော သူ၏ မျက်နှာအသွင်အပြင်သည် အပြစ်အနာအဆာ ဟူ၍ မရှိ။

သူ့နှုတ်ခမ်းပေါ်က ခပ်ဖျော့ဖျော့ အပြုံးသည် ဤကမ္ဘာပေါ်ရှိ အရာအားလုံး သူ့ရှေ့တွင် လက်မြှောက် အရှုံးပေးရမည့်အတိုင်း အကြွင်းမဲ့ ယုံကြည်ချက်ကို ပြသနေသည်။

“ဒါကမှ လူကြီးမင်းရဲ့ တကယ့်ပုံစံလား....?”

အဝေးကနေ ကြည့်နေသော ပိုင်ဇစ်တို့ မောင်နှမ နှစ်ယောက်လုံးလည်း ဤမြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။

ဤကမ္ဘာတွင် အမတရှင် ရှိပါက ၊ ဒီလိုလား ဟု သတ်မှတ်ရပေမည်။

သို့သော် သူတို့နှစ်ယောက်ထက် ၊

မိုဝူချင်၏ ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများမှာ စူးချန်ကဲအား စေ့စေ့စပ်စပ် ကြည့်နေသည် ။

ထိုအကြည့်ထဲတွင် ထိတ်လန့်ခြင်း၊ ရှုပ်ထွေးခြင်း နှင့် ကြောက်ရွံ့ခြင်းများ ရောယှက်လို့ နေသည်။

“ စူးချန်ကဲက ဘာလို့ ဒီမှာ ရှိနေတာလဲ!!??”

ထိုစကားကို ပြောနေစဉ်အတွင်း ၊ သူ၏ အသံမှာ တုန်လှုပ်နေခဲ့သည်။

၎င်းသည် မိမိ၏ နတ်ဆိုးချောက်နက် ပျက်စီးဆုံးရှုံးရခြင်း၏ အဓိက တရားခံပင် ဖြစ်သည်။

တစ်ချိန်က နာမည်ကြီး ချူးကျန့်ရှင်းသည် ၎င်းတို့ နတ်ဆိုးချောက်နက်၏ ဘိုးဘွားပိုင် နယ်မြေကို လာရောက်၍ စာရင်းရှင်းခဲ့ရသည့် အကြောင်းရင်းမှာ ဤလူကြောင့်ပင်။

နတ်ဆိုးချောက်နက်၏ ဘိုးဘွားပိုင် နယ်မြေ အများစု ပျက်စီးသွားခဲ့သည့် မြင်ကွင်းကို သူ အခုထိ ကွက်ကွက်ကွင်းကွင်း မြင်နေရဆဲပင် ဖြစ်သည်။

ဓားထုတ်လိုက်တိုင်း ဤကမ္ဘာကြီး ပြောင်းလဲရသည်။

ဓားကျရောက်လေရာ ဓားချောက်နက်ကြီး ဖြစ်ရလေသည်။

အထူးသဖြင့် သူတို့ နတ်ဆိုးချောက်နက်တွင် ချူးကျန့်ရှင်း သောင်းကျန်းခဲ့ရာမှ ကျန်ရှိခဲ့သော ဓားစွမ်းအင်ကို သူတို့ ဘယ်လောက်ပင် ကြိုးစားပါစေ ယခုထက်ထိ မဖယ်ရှားနိုင်သေးပေ။

ထို့အပြင် ယင်းက သူတို့ နတ်ဆိုးချောက်နက်၏ ရှက်စရာ ပြပုဒ်တစ်ခုဖြစ်လာခဲ့သည်။

သူ၏ အဖော် ၊ နတ်ဆိုးချောက်နက်၏ တိ့နွီ( ဧကရာဇ်မင်း သမီးတော်) သည်လည်း စူးချန်ကဲ၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။

ထိုအဖြစ်အပျက်များသည် နတ်ဆိုးချောက်နက်၏ တပည့်တစ်ယောက် ဖြစ်သော မိုဝူချင်အတွက်တော့ အခဲမကျေနိုင်ခဲ့ပေ။

ထို့နောက် ချောက်နက်သခင်သည် မရဏကမ္ဘာထဲသို့ ခိုးဝင်၍ အခွင့်အရေးရယူရန် သူ့ကို အမိန့်ပေးခဲ့သည်။

သို့သော် ယခုတွင်မူ ၊ သူသည် ရန်သူဖြစ်သည့် စူးချန်ကဲနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ရသည်။

မူလက သူသည် စူးချန်ကဲ နှင့် အနည်းဆုံး အပြန်ပြန် အလှန်လှန် တိုက်ခိုက်နိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော် သူသာလျှင် စူးချန်ကဲ၏ ကြိုးဆွဲရာကို ခံခဲ့ရသည်။

ဤအဖြစ်မှန်သည် သူ့ကို ပို၍ လက်မခံနိုင်အောင် ဖြစ်စေသည်။

"မင်းက ဘာကောင်မို့လို့လဲ ၊ ငါ ဒီမှာရှိတာ မင်းကို ရှင်းပြနေရမှာလား?"

စူးချန်ကဲသည် လက်နှစ်ချောင်းထောင်ကာ အေးစက်စွာ ဆိုလိုက်သည်။

"အခု မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်"

“ တစ် ၊ ငါ့ထံ လက်နက်ချ "

" နှစ် ၊ ဒီမှာတင်သေလိုက်"

“မင်း ...!!”

မိုဝူချင်တစ်ယောက် ထိုစကားများကို ကြားသည်နှင့် နဖူးပေါ်ရှိ သွေးကြောများပင်လျှင် ထောင်တတ်လာသည်။

သူက ဘယ်လိုလူမျိုးတုန်း?

နတ်ဆိုးချောက်နက်ရဲ့ တိ့ဇီ ( ဧကရာဇ် ဘုရင်ရဲ့ သားတော် ) လေ!

သူ ဆိုတဲ့လူက လူတစ်ယောက်ရဲ့ အောက် ၊ လူတစ်သောင်းရဲ့ အထက်ကလေ!

T/N - လူတစ်ယောက် - ဘုရင်

လူတစ်သောင်း - မှူးမတ်

သူသည် အဆင့်အတန်း မြင့်မားသလို အစွမ်းအစလည်း ရှိပေသည်။

သူ့လိုလူက စူးချန်ကဲထံ လက်နက်ချရမတဲ့လား?

“ ကောင်လေး !”

“မင်း ဒီလူအိုကြီးကို အလေးအနက် မထားတာလား?"

သူတော်စင် ဧကရာဇ်လည်း အမျက်ထွက်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူသည် မိုဝူချင်၏ ကာကွယ်သူ တစ်ယောက် ဖြစ်သည်။ သို့သော် စူးချန်ကဲ၏ ဤစကားသည် သူ့ကို လုံးဝ လျစ်လျူရှုထားရာ ရောက်ပေသည် ။

စူးချန်ကဲ၏ စောနက လှုပ်ရှားမှုသည် ကြောက်စရာကောင်းသော်လည်း ၊ မည်သို့ပင် ဖြစ်စေ ၎င်းသည် ထိပ်တန်း သူတော်စင် အဆင့်သာပင်။ နောက်တစ်ခေါက် ခုလို ထပ်လုပ်ပြနိုင်လိမ့်မည် ဟု သူ မထင်ချေ။

သူ့လို သူတော်စင် ဧကရာဇ်တစ်ပါးက ဤအငယ်လေး၏ ရှေ့တွင် အသုံးမကျသလို ရှိနေပါက ၊ ဒါဆို နှစ်ပေါင်းများစွာ အားထုတ်လာခဲ့တဲ့ သူ့ရဲ့ကြိုးစားမှုတွေ အလကား မဖြစ်ပေဘူးလား!

“အိုး.. ခင်ဗျားလို လူအိုကြီးက တော်တော် အမြင်ကျဉ်းပုံရတယ်"

စူးချန်ကဲသည် မိုဝူချင် အနားရှိ လူအိုကြီးကို ပေါ့ပေါ့တန်တန် စိုက်ကြည့်ကာ ရယ်မောလိုက်သည်။

"ကောင်းပြီလေ ၊ ဒါဆို ခင်ဗျားကို အရင်ပို့ပေးမယ် "

စူးချန်ကဲသည် ပြင်းထန်သော ဓားဆန္ဒများကို စုဝေးလိုက်သည်။

ဓားသွားသံများက လေထုထဲတွင် ပဲ့တင်ထပ်လို့ နေကာ ၊ တခဏချင်းမှာပင် အဆုံးမဲ့ ဓားစွမ်းအင်များသည် သူတော်စင် ဧကရာဇ် ပုဂ္ဂိုလ်ထံသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

“ လူကိုသိပ်အနိုင်ချင်လွန်းတယ် !”

“ ငါ လူအိုကြီးလည်း မင်းနဲ့ တိုက်ရုံပေါ့ !!”

သူတော်စင် ဧကရာဇ် ဖြစ်သည့် သူသည် အစကနေ အဆုံးထိ လူငယ်တစ်ယောက်၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။ ယင်းက တစ်ချိန်တည်းမှာပင် သူ့ကို အမျက်ထွက်စေသည်။

ဘယ်ကနေ ထွက်လာမှန်း မသ်ိသည့် သူ၏ ရဲစွမ်းသတ္တိဖြင့် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ကြီးကျယ်ခမ်းနားသော နတ်ဆိုးစွမ်းအင်များ စုဝေးလာခဲ့ပြီး ၊ မဲနက်သော လက်သည်းကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည် ။ ကြီးကျယ်ခမ်းနားသော နတ်ဆိုးစွမ်းအင်များက ဤလက်သည်ကြီးနှင့်အတူ ဆက်လက် ပေါင်းစည်းကာ စုဝေးနေသည်။

" နတ်ဆိုး လက်သည်း!"

ဤအခိုက်အတန့်တွင် သူတော်စင် ဧကရာဇ်သည် သူ၏ လက်ကျန်စွမ်းအားကို အဆုံးစွန်ထိ တွန်းပို့လိုက်သည်။

ထိုလက်သည်းကြီးကို ကြည့်နေသော စူးချန်ကဲ၏ အမူအယာမှာ ငြိမ်သက်နေဆဲပင် ဖြစ်သည် ။

တစ္စေဓားအမတရှင်၏ တစ်သက်တာ ဓားအမွေကို အမွေဆက်ခံခဲ့ပြီးနောက်၊ စူးချန်ကဲ၏ ဓားလမ်းစဉ်သည် ပို၍ မြင့်မားလာခဲ့သည် ။

သူသည် အရင်ကတည်းက ကျန့်ရှင်းခုံမင် ( ဓားနှလုံးသားသည် အလွတ်ဖြစ်နေရမည်) နယ်ပယ်အဆင့်ထိ ချိုးဖြတ်နိုင်ခဲ့ပြီး ဖြစ်သည်။

ထို့အပြင် သူသည် ဒီထက်မြင့်မားသောအဆင့်သို့ ရောက်ရှိလာခဲ့ပြီပင်။

ဓားသည် နှလုံးသားမှ ပေါက်ဖွားသည်။

နှလုံးသားရှိရာအရပ်သို့ ဓား ရှိပေသည်။

ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို ဓား အဖြစ်သို့ ပြောင်းလဲနိုင်သည်။

အပိုင်း(၂၇၂): လူဝင်စားမြစ်ရဲ့ လျှို့ဝှက်ချက် ၊ ကောင်းကင်လမ်းစဉ်ရဲ့ သားတော်လေးပါး ဖွားမြင်တော့မည်

စူးချန်ကဲသည် သူ့ဓားကို ညွှန်ကြားလိုက်သည်နှင့် သူ၏ အနက်ရှိုင်းဆုံးမျက်ဝန်းထဲ၌ ဓားဝိညာဉ်သည် ကြွေးကြော်နေသကဲ့သို့ နောက်ထပ် ကြောက်စရာကောင်းသော မုန်တိုင်းကြီး တစ်ခု ထပ်မံ ထွက်ပေါ်လို့ လာခဲ့သည်။

ဓားဆန္ဒတို့သည် ပွက်ပွက်ဆူနေသကဲ့သို့ အဆုံးမဲ့ ဓားဆန္ဒတို့သည် စူးချန်ကဲကို ဗဟိုပြုကာ နေရာအနှံ့ ပျံ့နှံ့သွားလေသည်။

ထိုလက်သည်းသည် စူးချန်ကဲပေါ်သို့ ကျရောက်ခါနီးအချိန်တွင် ၊ စူးချန်ကဲသည် ညာလက်ကို ဆန့်တန်းကာ ဟင်းလင်းပြင် ကွက်လပ်ဆီသို့ လက်ညိုးထိုးလိုက်ရင်း စကားတစ်ခွန်း ပြောလိုက်သည်။

" ဖွင့်!"

သူ၏ ရေရွတ်သံ အပြီးတွင် ၊ တဟုန်းဟုန်း တောက်လောက်နေသော ဓားစွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအင်ကို ချက်ချင်းလက်ငင်း တုံ့ပြန်လိုက်သည်။

ဘုန်း!!

ဓားတစ်စင်း ရောက်ရှိလာခဲ့ပြီး ၊ ဤမျှ အားကောင်းသော ဓားစွမ်းအင်၏ လက်အောက်တွင် ကောင်းကင်ကိုတောင် ဖုံးအုပ်ထားနိုင်ပုံရသည့် နတ်ဆိုးလက်သည်းမှာ တစ်စစီ အက်ကွဲသွားပြီး ဓားစွမ်းအင်၏ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်ခြင်းကို ခံလိုက်ရသည်။

ပြင်းထန်သော ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေပြီး ၊ နတ်ဆိုးစွမ်းအင်မှာလည်း ပြိုကျ ပျက်စီးသွားခဲ့ရသည်။

" ထိပ်တန်း သူတော်စင် အဆင့်နဲ့ ဘယ်လိုလုပ်ပြီး ဒီလောက် အားကောင်းတဲ့ စွမ်းအားမျိုးကိုပိုင်ဆိုင်ထားတာလဲ!?"

ဓားကို ကျပန်း ညွန်ကြားနေသော စူးချန်ကဲ၏ လက်ချောင်းများက မိမိ၏ ထိုးနှက်မှုများအား အေးအေးလူလူ ဖြိုခွဲပစ်နေသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

နတ်ဆိုးချောက်နက်မှ သူတော်စင် ဧကရာဇ်မှာ လုံးဝ ထိတ်လန့်နေခဲ့ပြီ ဖြစ်သည်။ မိုဝူချင်အပေါ် ကာကွယ်ပေးချင်သည့် ယခင်က သူ့ စိတ်ကူးများမှာဖြင့် လုံးဝ ပျောက်ကွယ်သွားပြီး ထွက်ပြေးလွတ်မြောက်ချင်သည့် ဆန္ဒတစ်ခုတည်းသာ ရှိသည်။

သို့သော် စူးချန်ကဲသည် ၎င်းအား အခွင့်အရေး မပေးခဲ့ချေ။

ရွှမ်း——

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်သည် ဝေဟင်ပေါ်မှ ဆင်းသက်လာခဲ့သည်။

မှိန်ဖျော့ဖျော့ ဓားအလင်းရောင်မျှသာ ဖြစ်သော်လည်း ၊၎င်းသည် အရာအားလုံးကို ဖျက်ဆီးနိုင်ပုံ ရပေသည်။

“အားး!!”

ကြေကွဲဖွယ်ကောင်းသော အာမေဋိတ်သံနှင့်အတူ ၊ တောက်ပသော ဓားအလင်းသည် သူတော်စင် ဧကရာဇ်အား လုံးလုံးလျားလျား ဝါးမျိုခဲ့လေပြီ။

ဓားတစ်ချက်တည်းဖြင့် သူတော်စင် ဧကရာဇ် နှောင်းပိုင်းအဆင့် ရှိ ပုဂ္ဂိုလ်ပင်လျှင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည် ။

ဤမြင်ကွင်းကို ပိုင်ဇစ်တို့ မောင်နှမ နှစ်ယောက်သည်လည်း ထိတ်လန့်စွာဖြင့် ကြည့်နေကြသည်။

သူတို့ကို အံ့ဩသွားစေခဲ့သည့်အရာမှာ စူးချန်ကဲ အသုံးပြုခဲ့သည့် ဓား၏ ဖိနှိပ်စွမ်းအားတင် မဟုတ်ဘဲ ၊ စူးချန်ကဲသည် ဤကဲ့သို့သော ဓားကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့ခြင်းပင် ဖြစ်သည် ။

အချက်အလက်ကျကျ ဆိုရလျှင်ဖြင့် ၊ ဤမျှ အစွမ်းထက်သော ဓားကို အသုံးပြုခြင်း၏ နောက်ဆက်တွဲ ရလဒ်အနေဖြင့် ဓားစွမ်းအင်သည် သူတို့တည်ဆောက်ထားသော မှော်ဖွဲ့စည်းပုံကိုပင် တိုက်ရိုက် ဖြိုခွဲပစ်နိုင်သည်။

သို့သော် စူးချန်ကဲသည် ထိုလူအား သတ်ပစ်လိုက်ချိန်တွင် ဓားစွမ်းအင်ကို လွန်ကဲစွာ ဖိနှိပ်ထားခဲ့သော်လည်း မှော်ဖွဲ့စည်းပုံကို လုံးဝမှ မထိခိုက်ခဲ့ပေ။

အထူးသဖြင့်၊ မိုဝူချင် တစ်ယောက် ဤမြင်ကွင်းအား ကွက်ကွက်ကွင်းကွင်း စိုက်ကြည့်နေမိသည်။

သူ၏ ရေရွတ်သံကို အတိုင်းသား ကြားနေရသည်။

"ရွှယ်လောင်...သေပြီ..?"

သူသည် စူးချန်ကဲအား ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

ဘာကြောင့်လဲ!?

ထိပ်တန်း သူတော်စင် အဆင့်နဲ့ သူတော်စင် ဧကရာဇ်တစ်ပါးကို ဘာကြောင့် သတ်နိုင်ခဲ့တာလဲ?

သူတော်စင် ခန္ဓာကိုယ်သည် အလွန် သန်မာကြောင်းကို သူ သိထားသည်။သို့သော် အဆင့် တစ်ခုချင်းစီတိုင်းတွင် မိုးနဲ့မြေကြီးကဲ့သို့ ကြီးမားသော ကွာဟချက် ရှိပေသည်။ ၎င်းသည် သူတော်စင် တာအို သန္ဓေသားလောင်း ကိုယ်ထည်ကို ပိုင်ဆိုင်ထားရင်တောင်မှ ယခုလို လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ချေ။

" အခု မင်း အလှည့်ရောက်ပြီ ၊ သုံးစက္ကန့် အချိန်ပေးမယ်"

စူးချန်ကဲ၏ မျက်ဝန်းများမှာ အေးစက် တောက်ပနေသည်။

"မင်း ဆုံးဖြတ်ချက် မကောင်းရင် ဒီမှာတင် မင်း သေရလိမ့်မယ်"

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် မိုဝူချင်၏ နှလုံးမှာ အောက်သို့ ပြုတ်ကျမတတ်ပင်။

“မင်း တကယ်ပဲ ငါ့ကို မင်းရဲ့ အကျဉ်းသား ဖြစ်စေချင်တာလား!?”

" ငါက ဘယ်လိုလူလဲ? ငါက နတ်ဆိုးချောက်နက်က တိ့ဇီ (ဧကရာဇ် ဘုရင်ရဲ့ သားတော်)ပဲ!"

“ ပြီးတော့ ငါက ...”

“ ၁ ”

စူးချန်ကဲမှ တစ် ဟု ရေရွတ်လိုက်သည်နှင့် ၊ သူ၏ လက်ချောင်းထိပ်တွင် ဓားဆန္ဒများ စုဝေးလာခဲ့သည်။

" ငါက ချန်ကဲ ဆက်ခံသူရဲ့ သစ္စာအရှိဆုံး လက်အောက်ခံပါ !!"

နတ်ဆိုးချောက်နက်က တိ့ဇီလို့ မပြောရဘူး ၊ တုံ့ပြန်မှုမှာ အတော်လေး လျင်မြန်ပေသည်။ စူးချန်ကဲ တစ်ယောက် ဓားစွမ်းအင်ကို စုဆောင်းရင်းတန်းလန်း ရပ်တန့်သွားသည်။

“ဒါ ..ဒါ ဘယ်လိုတောင်ပါလိမ့်?”

ကြည့်ရှုသူတိုင်း အံ့သြသွားကြသည်။ နတ်ဆိုးချောက်နက်က တပည့်တော်သည် နောက်ဆုံးအချိန်ထိ စူးချန်ကဲနှင့် ထိပ်တိုက် ရင်ဆိုင်လိမ့်မည် ဟု သူတို့ ထင်မှတ်ထားသည်။

အရှုံးပေးတာ ဒီလောက်မြန်သလား?

သို့သော် တကယ့် မိုဝူချင်မှာ အဲ့လောက်ထိ မစဉ်းစားချေ။

"စိမ်းလန်းတဲ့ တောင်တန်းတွေ ရှိနေသရွေ့ ထင်းကုန်သွားမှာကို စိုးရိမ်စရာ မလိုဘူး!"

T/N - (စကားပုံ) အသက်ရှိနေသ၍ အနာဂတ် ရှိပေဦးမည်

" မနိုင်မှတော့ ကံကို စမ်းကြည့်ရုံပေါ့ ၊ အခွင့်အရေး ရတဲ့ တစ်နေ့ ဒီကောင် စူးချန်ကဲကို လက်စားချေမယ်!

ဤအရာသည် သူစဉ်းစားထားသည့် အရာသာပင်။ ဒါပေမဲ့ စူးချန်ကဲလိုလူက မသိ ရှိမလား?

" ကောင်းတယ် ၊ ဒါဆို မင်းရဲ့ နတ်အသိစိတ်ထဲ ကျွန်အမှတ်အသား ရိုက်မယ်"

“ မင်း ဘာပြောတယ်?ကျွန်အမှတ်အသား?”

ကျွန်အမှတ်အသားသည် အရှက်ရဆုံးသော အမှတ်အသား တစ်ခုဖြစ်သည်။ မိမိဘဝကို တခြားသူက ပိုင်ဆိုင်သွားပြီး ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဟူ၍ မရှိ။

သို့သော် သူ့ခမျာ ဒေါသတောင် မထွက်ရသေးခင် ၊

စူးချန်ကဲသည် သူ့ရှေ့တည့်တည့် ရောက်ချလာပြီး ၊ သူလည်ပင်းကို ဆွဲကိုင်ကာ အမြင့်သို့ မြှောက်လိုက်သည်။

" နိုင်သူ ဘုရင် ရှုံးသူ ကျွန် ၊ မင်းမှာ ငြင်းဆန်ဖို့ အရည်အချင်းမရှိဘူး"

စူးချန်ကဲ၏ မျက်ဝန်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒ တစ်ခုရှိနေခဲ့ပြီး ၊ ရင်သပ်ရှုမောဖွယ် ကောင်းသော ဓားအလင်းတန်း တစ်ခုသည် မိုဝူချင်၏ နတ်အသိစိတ်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည် ။

သူ့နတ်အသိစိတ် ကွဲအက်စပြု‌နေသည်ကို မိုဝူချင် တစ်ယောက် ခံစားမ်ိလိုက်သည်။ယင်းက သူ့အား ဝမ်းနည်းပက်လက် ဖြစ်စေခဲ့သည်။

သို့သော် စူးချန်ကဲသည် ပျင်းလွန်းသော အမူအယာဖြင့် အေးတိအေးစက် ဆိုလိုက်သည်။

" နတ်အသိစိတ်ကို ဖွင့်လိုက် မဟုတ်ရင် ငါ့ ဓားစွမ်းအင်က မင်းကို နှိပ်စက်လိမ့်မယ်"

“ဒါဆိုရင်တော့ မင်းငါ့ကို အပြစ်တင်လို့ မရဘူးနော် "

“ အဟွတ် ..မင်း!"

သူသာ စူးချန်ကဲ၏ လက်အောက်ငယ်သားဖြစ်လာပါက ၊ နတ်ဆိုးချောက်နက်မှာ အရှက်ရပေတော့မည်။

သို့သော် သူသည် ဤလမ်းကို မရွေးချယ်ပါက၊ သူ့ဘဝမှာ အဆုံးသတ်ရပေတော့မည်။

ထပ်ခါတလဲလဲ တွေးတောပြီးသည်နှင့် ၊ သူ၏ နတ်အသိစိတ်ကို ဖွင့်ထုတ်လိုက်သည် ။ ဂုဏ်သိက္ခာသည် အရေးကြီး‌သော်လည်း သို့သော် သူ့အနေဖြင့် အရင်ဆုံး အသက်ရှင်ရန် လိုအပ်ပေသည် ။

.......

ဓားစွမ်းအင်၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စူးချန်ကဲ၏ အတွေးများသည် တည့်တည့်တိုးဝင်သွားပြီး ချက်ချင်းဆိုသလို မိုဝူချင်၏ နတ်အသိစိတ်ထဲတွင် ကျွန်အမှတ်အသားတစ်ခု စိုက်ထူပြီးခဲ့ပြီး ဖြစ်သည်။

အားလုံးပြီးဆုံးသွားပြီးနောက် ၊ စူးချန်ကဲသည် မိုဝူချင်အား မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာ ပစ်ချလိုက်သည်။

" ပြော ၊ မင်း မရဏကမ္ဘာကို လာတဲ့ရည်ရွယ်ချက်က ဘာလဲ?"

နတ်ဆိုးကမ္ဘာ နှင့် မရဏကမ္ဘာ တို့သည် ရှေးယခင်က ကြီးကျယ်ခမ်းနားသော နယ်မြေကြီးတစ်ခု ဖြစ်ခဲ့သော်လည်း၊

သို့သော် ထိုစစ်ပွဲအပြီးတွင် နယ်မြေ နှစ်ခုမှာ သီးခြားစီ ကွဲထွက်သွားခဲ့ပြီး၊ ယခုအခါတွင် တစ်ယောက်ကိစ္စ တစ်ယောက် ဝင်စွက်ဖက်ခြင်းမရှိ နေလာခဲ့သည် ဟု ဆိုရပေမည် ။

နတ်ဆိုးချောက်နက် မှ ဒီကို ရောက်လာခြင်းသည် သူ မသိသော ကိစ္စကြီး တစ်ခု သေချာပေါက် ရှိရမည်ပင် ။

မိုဝူချင်ခမျာ ငိုမဲ့မဲ့ မျက်နှာဖြင့်။ မူလက သူသည် စူးချန်ကဲကို အနိုင်ယူနိုင်မည့် အခွင့်အရေးတစ်ခု လိုချင်ခဲ့သည် ။

ခုတော့ ကောင်းရော ၊ အခွင့်အရေး မပြောနဲ့ ကိုယ့်အသက်တောင် သူ့လက်ထဲ ရောက်သွားသေးတယ် ၊ ဒါ ဖြစ်သင့်လား?

ယခုတွင် သူ့အား ကျွန်အမှတ်အသား စိုက်ထူထားသောကြောင့် သူ့တွင် ငြင်းဆိုရန် အခွင့်​မရှိချေ။

" ငါတို့ နတ်ဆိုးချောက်နက် ဒီကို လာရတဲ့ အကြောင်းရင်းက .."

......

မိုဝူချင်၏ ဇာတ်ကြောင်းအချို့ကို နားထောင်ပြီးနောက်။

စူးချန်ကဲသည် ဇာတ်ကြောင်းတစ်ခုလုံးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။

" ကောင်းလိုက်တဲ့ အဆုံးမဲ့ နတ်ဆိုးဂူ ၊ အကြံကတော့ အတော်လေး ပိုင်သကိုး "

" တဖက်မှာလည်း မရဏ လေးပါးကို စောင့်ကြည့်နေတဲ့အပြင် ၊ နတ်ဆိုးကမ္ဘာက ကျုံယုံမှာ ရှိတဲ့ အခွင့်အရေးတွေကိုလည်း လိုချင်နေပြန်တယ် ၊ တကယ့်ကို ရည်မှန်းချက် ကြီးပါပေတယ် “

စူးချန်ကဲက ပြုံးပြီး ဆက်မေးပြန်သည်။

" ဒါပေမဲ့ မင်းပြောတဲ့ လူဝင်စားမြစ်မှာ ဘာပစ္စည်း ရှိနေလို့တုန်း"

ကွေးယွမ် သူတော်စင် နယ်မြေသည် သူ့ကို စောင့်ရှောက်ပေးနေပြီး ဘယ်သူကမှ သူ့ကို အနိုင်ကျင့်မနေသရွေ့တော့၊ သူသည် ဤကမ္ဘာကြီးနှင့် ပတ်သတ်သော အမှန်တရားများကို စူးစမ်း ရှာဖွေနိုင်လိမ့်မည် ဖြစ်သည်။

သို့သော် သူသည် လူဝင်စားမြစ်နှင့် ပတ်သတ်၍ သိပ်မသိသေးပေ။

" စူးချန် ..အဟွတ် ..ချန်ကဲ သခင်၊ ခင်ဗျား လူဝင်စားမြစ်အကြောင်း မသိသေးဘူးလား?"

မိုဝူချင် တစ်ယောက် အနည်းငယ် အံ့အားသင့်သွားသည်။ သူတောင်မှ လူဝင်စားမြစ်၏ လျှို့ဝှက်ချက်တချို့ကို သိထားသည်။

စူးချန်ကဲလိုလူက နည်းနည်းမှ မသိဘူးတဲ့လား?

စူးချန်ကဲသည် မိုဝူချင်အား ပေါ့ပေါ့ပါးပါး စိုက်ကြည့်ကာ အေးစက်စွာ ဆိုလိုက်သည် ။

" ငါ ထပ် မမေးချင်ဘူး"

တစ်ချက်ကြည့်လိုက်ရုံဖြင့် မိုဝူချင်ခမျာ တုန်လှုပ်သွားပြန်သည်။

စူးချန်ကဲ သည် သူ့နှလုံးသားထဲတွင် အရိပ်မည်းကြီး တစ်ခုအဖြစ် လွှမ်းမိုးထားနိုင်ပြီ ဟု ဆိုရပေမည်။

“ သခင် စိတ်လျော့ စိတ်လျော့....”

" လူဝင်စားမြစ်အကြောင်း ကျွန်တော် လေ့လာခဲ့တဲ့ ရှေးဟောင်း မှတ်တမ်းတွေအရ၊ သူက မရဏ မြစ်နဲ့ ခွဲလို့ မရတဲ့ ဆက်ဆံရေးပဲ "

" မရဏမြစ်?”

စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။

" အဲ့ဒီနှစ်ခုကြားမှာ ဘာဆက်စပ်မှု ရှိလို့လဲ? မဟုတ်မှလွဲရော မရဏ ကမ္ဘာနဲ့ နတ်ဆိုးကမ္ဘာတို့လို သူတို့ရဲ့ မူလဇစ်မြစ်က အတူတူလား?"

" ချန်ကဲသခင် ပြောတာ တစ်ဝက်တော့ မှန်တယ် ၊ မရဏမြစ်နဲ့ လူဝင်စား မြစ်ရဲ့ မူလဇာတ်မြစ်က အတူတူပဲ ၊ ရှေးမှတ်တမ်းတွေအရ ကျွန်‌တော် တို့ရဲ့ နတ်ဆိုးကမ္ဘာ နဲ့ မရဏ ကမ္ဘာ ကြီးကျယ်ခမ်းနားတဲ့ နယ်မြေ အဖြစ် တစ်သားတည်း ကျခဲ့စဉ်က မရဏမြစ်နဲ့ လူဝင်စားမြစ်တို့က မြစ်ကြီးကနေ စီးဆင်းလာတဲ့ မြစ်ခွဲတွေပဲ "

" အဲ့မြစ်ကြီးရဲ့ အမည်က မေ့ပျောက်မြစ်တဲ့ ၊ မရဏ မြစ်က ကမ္ဘာပေါ်မှာ ရှိတဲ့ သရဲတစ္ဆေ ဝိညာဉ်တွေ အားလုံးကို သယ်ဆောင်ရန် တာဝန်ရှိတယ် ၊ လူဝင်စားမြစ်ကတော့ အဲ့သရဲတစ္စေ ဝိညာဉ်တွေကို လူဝင်စားခြင်းကို တဖန် ပြန်ပို့ပေးဖို့အတွက် တာဝန်ရှိပြီး လူ့လောကရဲ့ ဘုံခြောက်ဌာနကို ‌ပေးပို့စေတယ် "

]T/N - သိချင်လို့ ရှာထားတာ

"မကောင်းသော ဘုံသုံးဘုံ" - ငရဲဘုံ၊ ဆာလောင်မွတ်သိပ်နေသော တစ္ဆေဘုံနှင့် တိရစ္ဆာန်

"ကောင်းသောဘုံသုံးဘုံ" - လူ့ဘုံ ၊ အသုရာဘုံ နှင့် ကောင်းကင်ဘုံ]

"ဒါပေမယ့် အဲ့ဒီစစ်ပွဲမှာတုန်းက ရှေးဟောင်းတံတားက ဖျက်စီးခံလိုက်ရပုံပဲ ၊ မေ့ပျောက်မြစ်က အဲ့ဒီရှေးဟောင်းတံတားရဲ့ နှိပ်ကွပ်မှုကြောင့် နောက်ဆုံးမှာတော့ မြစ်နှစ်စင်းက လုံးလုံးလျားလျား ကွဲထွက်သွားခဲ့တယ်"

" မရဏ မြစ်ကိုယ်တိုင်က မရဏကမ္ဘာ နဲ့ ခွဲလို့မရတဲ့ ဆက်‌ဆံရေး ဖြစ်လို့ မရဏကမ္ဘာမှာပဲ တချိန်လုံး ရှိနေခဲ့တယ် "

" လူဝင်စားမြစ်ကတော့ ရှေးဟောင်းတံတား ဖျက်စီးခံလိုက်ရတာကြောင့် ဆုံးရှုံးမှု ဖြစ်ခဲ့ရတယ် ၊ ပြန်လည်ဝင်စားခြင်းဆိုင်ရာ စွမ်းအားတွေလည်း လုံးဝ ပြိုလဲကျသွားခဲ့ပြီး နောက်ဆုံးမှာတော့ ကျုံယုံ နဲ့အတူ နတ်ဆိုးကမ္ဘာထဲမှာ နစ်မြုပ်သွားခဲ့တယ်"

" ပြန်လည်ဝင်စားခြင်းဆိုင်ရာ ကြွယ်ဝတဲ့ စွမ်းအားကြောင့် မရဏမြစ်ရဲ့ ကောင်းချီးပေးမှု မရှိတောင် အဲ့မှာ လူပြန်ဝင်စားလို့ ရနိုင်တယ်လို့ ‌လူတိုင်းက အခိုင်အမာ ယုံကြည်ထားတယ် ၊အဲ့တာကြောင့် တန်ခိုးကြီးမားတဲ့ ပုဂ္ဂိုလ် တော်တော်များများကို အဲ့မှာ မြှုပ်နှံထားကြတယ်..."

မိုဝူချင်က နောက်ဆုံးအနေနဲ့ ဆိုသည်။

" အဲ့မှာ ကမ္ဘာ့ကပ်‌ဘေးစစ်ပွဲမတိုင်မီက ကျဆုံးခဲ့တဲ့ တန်ခိုးကြီးမားတဲ့ ပုဂ္ဂိုလ်များစွာရဲ့ ဝိညာဉ်‌တွေနဲ့ အမွေတွေ ရှိတယ်တဲ့ ၊ ပြီးတော့ အဲ့မှာ လျို့ဝှက်ထားတဲ့ ကောင်းကင်လမ်းစဉ်ရဲ့ ဆန္ဒရောင်ခြည် အပိုင်းအစလည်း ရှိတယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေတယ်.."

" ကောင်းကင်လမ်းစဉ်ရဲ့ ဆန္ဒရောင်ခြည်?”

ထိုစကားကို ကြားသည်နှင့် စူးချန်ကဲမှာ ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။

ကောင်းကင်လမ်းစဉ်ရဲ့ ဆန္ဒရောင်ခြည်က ဘယ်လိုလုပ်ပြီး လူဝင်စားမြစ်ထဲ ရှိနေတာလဲ?

လက်ရှိ ကောင်းကင်လမ်းစဉ်က ကောင်းကင်လမ်းစဉ် မဟုတ်ဘူးလား?

ရုတ်တရက် စူးချန်ကဲ၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားပြန်သည်။

“ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့!?”

တိုက်မြေ သုံးထောင် နှင့် ကောင်းကင်လမ်းစဉ်ကြားက အနက်ရှိုင်းဆုံး ဆက်ဆံရေး ဟု ဆိုရသော် ဤစွမ်းအားက အဓိကတရားခံ ဖြစ်နိုင်ပေသည်။

" ကြည့်ရတာ ငါ ကျုံယုံကို သေချာပေါက် သွားကြည့်ရလိမ့်မယ် "

" မစ်ရှင် ရှိတာကို အရင် မပြောသေးနဲ့ဦး ၊ ဒီကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က တစ်ချိန်က ကောင်းကင်လမ်းစဉ်ရဲ့ သားတော်လေးပါးနဲ့ ငါ့ကို ရင်ဆိုင်ခိုင်းမယ် ဆိုပြီး အခိုင်အမာ ကျိန်ဆိုခဲ့ဖူးတယ်"

" မင်းတို့ကို ပြာမချနိုင်ရင် ငါ အသက်ရှုဝမှာ မဟုတ်ဘူး “

ထိုအချက်ကို တွေးရင်း ၊ စူးချန်ကဲ၏ အပြုံးတို့သည် ပို၍ အေးစက်လာသည်။

.....

တစ်ချိန်တည်းမှာပင် ၊

ကောင်းကင်အလွန် ကြယ်တာယာကောင်းကင်၏ အနက်ရှိုင်းဆုံး နေရာ၌

ပြိုးပြိုးပြက်ပြက် တောက်ပနေသော နတ်အလင်းရောင်များသည် ကြွယ်ဝသော ကောင်းကင်လမ်းစဉ်၏ နိယာမများ အဖြစ်သို့ ပေါင်းစည်းနေသည်။

ဤနေရာတွင် အဆုံးမရှိသော လှေကားတစ်ခု ရှိနေသည်။

ဗိမာန်များအတွင်း၌။

ယနေ့တွင်၊ ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ဌာနချုပ်တွင် လူများနှင့်ပြည့်နှက်နေသည်။

" အစ်ကိုကြီး စန်း ၊ အခမ်းအနားက အဆင်သင့်ဖြစ်ပြီ "

ကျုံ ဟု အမည်ရသော အမျိုးသမီးလေးက လေးစားစွာဖြင့် ဆိုလိုက်သည်။

" ကောင်းတယ်"

" ဒါက ငါတို့ရဲ့ နောက်ဆုံးဝှက်ဖဲဖြစ်တဲ့ ကောင်းကင်လမ်းစဉ်ရဲ့ အမွေပဲ ၊ ကျုံယုံ ကို ဖွင့်လှစ်လိုက်တာနဲ့ ကောင်းကင်လမ်းစဉ်ရဲ့ ဆန္ဒရောင်ခြည်ကို ငါတို့ ပြန်ဆင့်ခေါ်နိုင်ရမယ်"

၎င်းသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ ဦိးတည်ရာဘက်ကို ကြည့်နေရင်း ၊ သူ့မျက်နှာမှာ တဖြည်းဖြည်း အေးစက်လာသည်။

"မင်းတို့က စူးချန်ကဲကို မင်းတို့ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ မျှော်လင့်ချက်အဖြစ် ဆန္ဒရှိနေမှတော့ "

" ဒါဆို ငါ ကောင်းကင်လမ်းစဉ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကောင်းကင်လမ်းစဉ်ရဲ့ သားတော်လေးပါးနဲ့ အတူ သူ့ကို လုံးဝ ချေမှုန်းပစ်မယ်!"

အပိုင်း(၂၇၃): ကောင်းကင်လမ်းစဉ်ရဲ့ သားတော်လေးပါး နိုးထလာခြင်း

" ကောင်းကင်လမ်းစဉ် ရေကန်ကို ဖွင့်ပြီး ၊ အခမ်းအနားကို စတင်မယ်!"

စန်း ဟု အမည်ရသော အမျိုးသားက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဖိတ်ဖိတ်တောက်နေသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော အမျိုးသား သုံးလေးဦးသည် ကြီးမားသော ရွှေရေကန်ဆီသို့ လျှောက်သွားကြသည်။

သူတို့သည် နတ်အလင်းများ ဖြာထွက်နေသော ရတနာလေးပါးကို ကိုင်ဆောင်ထားသည်။

ဤသည်မှာ ကောင်းကင်လမ်းစဉ် ရေကန် အတွက် ယဇ်ပူဇော်ရန် ကောင်းကင်လမ်းစဉ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ အသုံးပြုသော အဖိုးတန်ရတနာပင် ဖြစ်သည်။

ထာဝရ ရတနာဟူသည် ကောင်းကင်လမ်းစဉ်၏ နိယာမများအားဖြင့် မွေးရာပါ ကောင်းချီးများ ရှိသည်။

ယင်းတို့ဖြင့် ကောင်းကင်လမ်းစဉ် ရေကန်တွင် ပူဇော်ပြီးနောက် ၊ ၎င်းတို့သည် ကောင်းကင်လမ်းစဉ်၏ ကောင်းချီးတစ်ခု အဖြစ် ပြောင်းလဲသွားပြီး ၊ နောက်ဆုံးမှာတော့ ကောင်းကင်လမ်းစဉ်၏ သားတော် လေးပါးထံသို့ ကောင်းချီးများ ပေးအပ်လိမ့်မည် ဖြစ်သည်။

ကောင်းကင်လမ်းစဉ် သားတော်လေးပါး၏ ပင်ကိုယ်စွမ်းရည်များနှင့် ကျင့်ကြံမှုကို များစွာတိုးတက်စေရုံသာမက ၎င်းတို့အား အမတ တစ်ယောက်၏ အသွင်အပြင်ကိုပင် ပေးစွမ်းနိုင်သည်။

" စူးချန်ကဲရဲ့ အရည်အချင်း ဘယ်လောက်ပဲ ထက်မြက်နေပါစေ၊ သူ အလုပ်နိုင်ဆုံးအရာက တိုက်မြေ သုံးထောင်က ဧကရာဇ်မင်း တစ်ပါးရဲ့ ကိုယ်ဟန် အနေအထားလောက်ပဲ ၊ အမတတစ်ယောက်ရဲ့ အသွင်အပြင်ကို ယှဉ်နိုင်ပါ့မလား?"

“ ဆုတောင်းလေ!”

နတ်အလင်းရောင်များဖြင့် ဖိတ်ဖိတ်တောက်နေသော ထိုထာဝရ ရတနာတို့သည် အပေါ်သို့ ပျံတတ်သွားကြပြီး ကောင်းကင်လမ်းစဉ် ရေကန်ထဲသို့ အသီးသီး ကျရောက်သွားခဲ့သည်။

ထာဝရ ရတနာလေးပါးမှာ အောက်ပါအတိုင်းပင် ဖြစ်သည်။

ဓားရှည်

တိုက်ပွဲဝင် ပုဆိန်

ဗျပ်စောင်း

ယပ်တောင် တို့ပင် ဖြစ်သည် ။

ထာဝရ ရတနာတစ်ခုချင်းစီတိုင်းတွင် ပါဝင်သော အဓိပ္ပါယ်များမှာလည်း ကွဲပြားပေသည်။ထိုရတနာလေးပါးကို အမွေဆက်ခံသော ကောင်းကင်လမ်းစဉ်၏ သားတော်လေးပါးသည်လည်း မတူညီသော အရည်အချင်းများကို အသီးသီး ရရှိကြမည် ဖြစ်ပြီး အနာဂတ်တွင် ပိုမို မြင့်မားသော အောင်မြင်မှုကြီးကို ဆွတ်ခူးယူနိုင်လိမ့်မည် ဖြစ်သည်။

ဝီ——

တစ်ချိန်တည်းမှာပင်၊ ထာဝရ ရတနာလေးပါးလုံး ကောင်းကင်လမ်းစဉ် ရေကန်ထဲသို့ ကျဆင်းသွားသည့် အခိုက်တွင် ရောင်စဉ်လေးမျိုး လင်းလက်သွားသည်။

ကြောက်မက်ဖွယ် ကောင်းသော နိယာမတရားတို့သည် လက်တွေ့အဖြစ်သို့ပင် ပြောင်းလဲသွားပြီး ၊ ကောင်းကင်နှင့် ချိတ်ဆက်ထားသော အလင်းတိုင် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။

ဟိုးမိုးကောင်းကင်ထိ တိုးဝင်နေသော အလင်းတိုင် လေးခုကို မျှော်ကြည့်ရင်း စန်း ဟု အမည်ရသည့် အမျိုးသား၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

" ဟားးဟား! စတော့မယ် စတော့မယ်!"

" ငါတို့ ကောင်းကင်လမ်းစဉ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က အဲ့တိုက်ပွဲမှာ ကြီးမားတဲ့ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတယ် ၊ အခုချိန်ကစပြီး ငါတို့ ဆုံးရှုံးခဲ့သမျှကို ပြန်ယူဖို့ အချိန်တန်ပြီ!"

ဘုန်း! ဘုန်းး!

ကောင်းကင်ဘုံ ကိုးပါးအထက်တွင် လေနှင့်တိမ်များ ပြောင်းလဲနေကြသည်။ နတ်အလင်းများက တလက်လက် တောက်ပနေပြီး တစ်ဖန် မတူညီသော ရောင်ဝါလေးမျိုး ရှိသည့် နဂါး နှင့် ဖီးနစ်ဌက်တို့သည် အဝေးသို့ ပျံသန်းသွားလေသည်။

၎င်းတို့သည် တိုက်မြေ သုံးထောင် တစ်ခုလုံးကို ဖြတ်သန်းသွားမည်ဖြစ်ပြီး ၊ နောက်ဆုံးတွင် ၎င်းတို့အနက်မှ အထူးခြားဆုံးကို ရွေးချယ်ပြီး ဗျာဒိတ်ဌာန်များကို စေလွှတ်ကာ ကောင်းကင်လမ်းစဉ်၏ အကာအကွယ်ကို ရရှိပေမည်။

.......

ရှိန်းယင်း တိုက်မြေ

ဤသည်မှာ တိုက်မြေ သုံးထောင်၏ မြောက်ဘက် အစွန်ဆုံး နယ်မြေတစ်ခုဖြစ်ပြီး ၊ ဤတိုက်မြေ၏ သမိုင်းမှာလည်း အလွန် ရှည်လျားပေသည်။

ဤနေရာရှိ ဂီတလမ်းစဉ်သည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကတည်းက အမွေဆက်ခံခဲ့လာခဲ့သော အရာတစ်ခုပင် ဖြစ်ပြီး ၊ တိုက်မြေ သုံးထောင်ရှိ မည်သည့် ဂီတလမ်းစဉ်မဆို ဤနေရာကို လုံးဝ မမှီနိုင်ဘူး ဟု ကောလဟာလ သတင်းများ ရှိခဲ့သည်။

ကူရွှမ်ချင်ဂိုဏ်း

နှင်းများဖြင့် ဖုံးလွှမ်းနေသော တောင်ပေါ် တစ်နေရာတွင် အဖြူရောင်ပိတ်စကတ်ကို ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် တင်ပျဉ်ခွေလျက် အပြာရောင် ဗျပ်စောင်းတစ်လက်ကို တီးခတ်နေသည် ။

သူမ၏ အမည်မှာ ချင်ရွှမ့်ယွာ ဖြစ်ပြီး ဤကူရွှမ်ချင်ဂိုဏ်း၏ နတ်မိမယ် တစ်ဦး ဖြစ်သည်။ ထို့အပြင် အလွန်ရှားပါးသော အသန့်စင်ဆုံး သွေးသားများကို ပိုင်‌ဆိုင်ထားသည်။

ထိုအမျိုးသမီး၏ အသားအရေသည် ဖြူစင်သော ကျောက်စိမ်းကဲ့သို့ ချောမွတ်ပြီး ၊ နူးညံ့သိမ်မွေ့ကာ ဖြူစင်လှပပေသည်။

ထိုအမျိုးသမီး၏ မျက်နှာကို ပုဝါစဖြင့် ဖုံးအုပ်ထားပြီး ၊ ဖန်ရတနာကဲ့သို့ တောက်ပပြီး နူးညံ့လှပသော မျက်ဝန်းတစ်စုံကိုသာ လှစ်ဟထားသည်။

သေမျိုးလောကတွင် စွန်းထင်းခြင်း မရှိသော နတ်သမီးတစ်ပါးသည် ရိုးရှင်းသော တေးဂီတကို တီးနေသကဲ့သို့ ၊ ယင်းက သူမအား တည်ငြိမ်အေးချမ်းသော အသွင်အပြင်ကို ဆောင်ကျဉ်းပေးနေသည်။

သူမ၏ ပတ်ဝန်းကျင်ရှိ ဝိညာဉ်သားရဲများသည် ဤငြိမ့်ညောင်းသော တေးသီချင်း၏ ညို့ယူမှုအောက်တွင် ၎င်းတို့၏ စိတ်ဝိညာဉ်များပင်လျှင် နူးညံ့သိမ်မွေ့သွားစေပြီး ရုန်းမထွက်နိုင်သည်အထိ ဖြစ်စေသည်။

ဒင် ——

ထိုအချိန်တွင် သူမ၏ သွယ်လျသော လက်ချောင်းများသည် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး မျက်မှောင်ကြုတ်သွားကာ မသိစိတ်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။

သူမ ပတ်ဝန်းကျင်တွင် ထိုင်နေသော ဝိညာဉ်သားရဲကောင်များသည်လည်း ကြောက်စရာကောင်းသော အရာတစ်ခုက ဒီကိုရောက်လာတော့မည့်အတိုင်း စူးစူးရဲရဲ စိုက်ကြည့်နေသည်။

ဝီ——

မိုးကုပ်စက်ဝိုင်းမှ ကြယ်တစ်ပွင့်လို တောက်ပနေသော အရာတစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက်လာသည်။ ၎င်း၏ အရှိန်နှုန်းသည် အတော်လေး မြန်ဆန်ပြီး ၊ ချင်ရွှမ့်ယွာ တုံ့ပြန်ဖို့ အချိန်မရခင်မှာပဲ ယင်းအရာသည် သူမ၏ နတ်အသိစိတ် ပင်လယ်ထဲသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားခဲ့သည် ။

တစ်ချိန်တည်းမှာပင် ကြီးကျယ်ခမ်းနားသော အသံတစ်သံက သူမ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

" ကူရွှမ်ချင်ဂိုဏ်း ချင်ရွှမ့်ယွာ ၊ မင်းရဲ့ ထူးချွန်‌ ပြောင်မြောက်တဲ့ စွမ်းရည်ကြောင့် ကောင်းကင်လမ်းစဉ်ရဲ့ သားတော်လေးပါးထဲက တစ်ပါး ဖြစ်လာအောင် ကူညီပေးမယ် "

" ဗျပ်စောင်းလမ်းစဉ်ရဲ့ ဆန္ဒရောင်ခြည်က ငါ ကောင်းကင်လမ်းစဉ်ရဲ့ ချီးမြှောက်မှုပဲ ၊ သူက မင်းကို တဖန်ပြောင်းလဲစေပြီး ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုဆီကို ခေါ်ယူပေးလိမ့်မယ် "

" မင်းတို့ ကောင်းကင်လမ်းစဉ်ရဲ့ သားတော်တွေ အနေနဲ့ လုပ်ရမယ့် တာဝန်က တစ်ခုပဲ ရှိတယ် ၊ ကွေးယွမ် သူတော်စင် နယ်မြေက ဆက်ခံသူ စူးချန်ကဲကို သတ်ရမယ်! "

......

လျှို့ဝှက် နယ်မြေငယ်လေးထဲတွင် ၊

ဓားဆန္ဒများက နေရာတိုင်းတွင် ရှိနေပြီး ရှေးဟောင်း ဓားများဖြင့် ဖွဲ့စည်းထားသော ဓားတောင်တန်း တစ်ခုလည်း ရှိသည်။

အဆုံးမရှိသော ဓားစွမ်းအင်များသည် မြစ်တစ်စင်း သဖွယ် ရှိနေပြီး ၊ ဤမြေတစ်ခွင်တွင် ပျံ့နှံ့နေသည်။

ရွှမ်း——

ထိုအချိန်တွင် တောက်ပသော ဓားအလင်းသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည် ။

ဓား၏ အရိပ်သည် လေထုကို ဖောက်ထွင်းလျက် ဤကမ္ဘာမြေထဲသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်လာခဲ့သည်။

အချိန် အတိုင်းအတာတစ်ခုအထိ ရှာဖွေပြီးနောက်၊ နောက်ဆုံးတွင် ၎င်းသည် သူ့ ရှာဖွေနေသူကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။

ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင်၏ ရေတံခွန်အောက်တွင် ၊ အဝတ်ဗလာ ကိုယ်လုံးတီးနှင့် ကြွက်သားများရှိသော လူငယ်တစ်ဦးသည် ရေတံခွန်အောက်တွင် တင်ပျဉ်ခွေ ထိုင်လျက် ရှိနေသည်။

ဓားစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ဤရေတံခွန်သည် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျပန်း တိုက်စားနေသည်။

ဤကဲ့သို့ ပြင်းထန်သော ဓားစွမ်းအင် ဖြစ်သော်လည်း သူ့ကို လုံးဝမှ မထိခိုက်နိုင်ခဲ့ပေ။ သူ၏ ခန္ဓာကိုယ်သည် နတ်သံကဲ့သို့ မာကြောလွန်းလှပြီး ၊ သူ့ကိုယ်ပေါ်တွင် ဓားစွမ်းအင်နှင့် ပတ်သတ်သော သဲလွန်စ တစ်စတောင် မကျန်ရစ်ခဲ့ပေ။

ယင်းကိုကြည့်ခြင်းအားဖြင့် ၎င်း၏ ကာယစွမ်းအားသည် အတော်လေး အစွမ်းထက်မှန်း သိသာထင်ရှားပေသည်။

သို့သော် ပိုကြောက်စရာကောင်းသော အရာမှာ သူ့အပေါ်ကို ပက်ဖြန်းနေသော ဓားစွမ်းအင်ရေသည် သူနှင့် ထိတွေ့လိုက်တိုင်း တိုက်ရိုက်အငွေ့ပျံသွားရခြင်းပင် ဖြစ်သည်။အနီးကပ်ကြည့်လိုက်မည် ဆိုပါက ၊ အဖြူရောင် ဆီးနှင်းခဲ ဓားစွမ်းအင်သည် သူ့ကို ဝန်းရံထားပေရာ ပြင်ပ စွမ်းအားသည် သူ့ကို လုံးဝမထိခိုက်နိုင်သည်ကို မြင်တွေ့ရပေမည်။

ဝှစ်——

အရှိန်ပြင်းသော လေချွန်သံ တစ်ချက် ရုတ်တရက် ထွက်ပေါ်လာပြီး ၊ ဓားအရိပ်သည် သူ့မျက်ခုံး အလယ်တည့်တည့်သို့ ထိုးဖောက်ဝင်‌ရောက်သွားသည် ။

ထိုအမျိုးသားသည် ယင်းအရာကို ခံစားသိရှိပြီးနောက်တွင် သူ့မျက်လုံးများမှာ ရုတ်တရက် ပွင့်လာခဲ့သည်။ သူ၏ မျက်လုံးထဲတွင် ရှိနေသော နက်နဲသော ဓားဆန္ဒသည် တဟုန်ထိုး ထတောက်နေခဲ့သည်။

စွမ်းအား ရှုထောင့်ဘက်က ကြည့်ရင်ဖြင့် ၊ ဤဓားအရိပ်မှာ အားမနည်းပေ။

သို့သော် ၎င်းဓားအရိပ်သည် ထိုအမျိုးသား၏ လက်ချောင်းဖြင့် ဖမ်းယူခြင်းကို ခံလိုက်ရသည် ။

" အတင့်ရဲလိုက်တာ ၊ ငါ ကောင်းကင်တောင် နတ်ဓားဂိုဏ်းကို ဝင်လာရုံတင် မကဘူး ငါ့ကို ခိုးပြီး တိုက်ခိုက်ချင်သေးတယ် မင်း သေမှာကို မကြောက်ဘူးလား"

ထိုလူ၏ အမည်မှာ ကျောက်ဝမ့်ချင် ဖြစ်သည် ။ သူသည် ကောင်းကင်တောင် နတ်ဓားဂိုဏ်း၏ အဆင့်တစ် ခေါင်းဆောင် ဖြစ်ပြီး အသက်အငယ်ဆုံး ဓားသခင်ပင် ဖြစ်သည်။

ဓားအရိပ်သည် ၎င်း၏ ချုပ်လှောင်မှုတွင် ပိတ်မိနေခဲ့ပြီး ၊ ကျောက်ဝမ့်ချင်အား အကြောင်းအရင်းကို ပြောပြရန် ရောင်စဉ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

သို့သော် ကျောက်ဝမ့်ချင်သည် သတင်းကို ကြားသိပြီးနောက်၊ သူ၏ တစ်ခုတည်းသော အပြုံးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

" ငါ့ကို ကောင်းကင်လမ်းစဉ်ရဲ့ သားတော်တစ်ပါး ဖြစ်အောင် ကူညီပြီး တုနှိုင်းမဲ့ အရည်အချင်းတွေကို ရလာစေမယ်..."

" တန်ကြေးအနေနဲ့ ကွေးယွမ် သူတော်စင် နယ်မြေက... စူးချန်ကဲကို သတ်ပေးရမယ်...?"

ထိုဓားအရိပ်သည် ၎င်း၏ အမေးကို တုံ့ပြန်လိုက်သကဲ့သို့ တုန်ခါသွားသည်။

“လူကို နှိမ့်ချနေတာ တော်လိုက်တော့!!!!!”

ကျောက်ဝမ့်ချင်၏ ကျယ်လောင်သော အော်သံသည် ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေပြီး နေရာအနှံ့ လွှင့်စင်သွားသည်။

သူ၏ ရောင်ဝါတို့သည် ပို၍ပင် ကြောက်စရာကောင်းလာခဲ့သည်။ သူ့တစ်ကိုယ်လုံးမှာ ဓားအိမ်ထဲက ထွက်လာသော ဓားတစ်စင်းသဖွယ် အကန့်အသတ်မဲ့ ဓားစွမ်းအင်များကို ထုတ်လွှတ်ပေးနေခဲ့ပြီး သူ့ ဘေးပတ်ပတ်လည်ရှိ ဓားစွမ်းအင် ရေများကို ပြင်းထန်​စွာ လှုပ်​ခတ်​သွားစေခဲ့သည်​။

သူသည် ကောင်းကင်တောင် နတ်ဓားဂိုဏ်း၏ သမိုင်းတွင် အလွန် အစွမ်းထက်ဆုံး ပါရမီရှင် အဖြစ် လူသိများပြီး ၊ လူငယ် တားမြစ်ချက် ဟု ခေါ်တွင်သည်။

သုံးနှစ်သားအရွယ်တွင် သူသည် ဓားသိုင်းကို စတင်လေ့ကျင့်ခဲ့သည်။

ငါးနှစ်သားအရွယ်တွင် သူသည် ဂိုဏ်း၏ ဒဏ္ဍာရီဓားစွမ်းရည် ဖြစ်သည့် " အချစ်ကိုမေ့ပျောက်နိုင်သော ဓားသိုင်းပညာ" ကို သင်ယူခဲ့သည်။

ထိုအချိန်မှစ၍ သူ၏ ဓားသိုင်းစွမ်းရည်သည် ပိုပို၍ မြင့်မားလာခဲ့သည်။

ခြောက်နှစ်သားအရွယ်တွင် သူသည် ရှေးဓားသွားတောထဲသို့ ဝင်ရောက်ခဲ့သည်။

ခုနစ်နှစ်သားအရွယ်တွင် သူသည် သူတော်စင်ပညာရှိ နယ်ပယ်အဆင့်ရှိသော သားရဲကောင်များကို အမဲလိုက်ခဲ့သည်။

ရှစ်နှစ်သားအရွယ်တွင် သူသည် ဂိုဏ်းဝင်တပည့်အားလုံးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

......

အသက်ဆယ့်ငါးနှစ်တွင် သူသည် ဂိုဏ်းတွင်းရှိ ကိုယ်ခံပညာ နှင့် ဓားသိုင်းပညာရပ် အားလုံးကို ကျွမ်းကျင်သူ တစ်ဦး ဖြစ်ခဲ့ပြီး ၊ ဂိုဏ်းတွင် နံပါတ်တစ် ဖြစ်လာခဲ့သည်။

အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် သူသည် ထက်မြက်လွန်းသဖြင့် သူ့ကိုယ်ပိုင် ဓားပညာရပ်ကို ဖန်တီးနိုင်ခဲ့ပြီး ကောင်းကင်တောင် နတ်ဓားဂိုဏ်း၏ ဝမ့်ချင်တောင်ထိပ် ဓားသခင် ဟု ခေါ်ဆိုခဲ့ကြသည် ။

ထိုအချိန်မှ စ၍ သူသည် ကိုယ်ပိုင် ဂိုဏ်းကို တည်ထောင်ကာ သင်ကြားပြသခဲ့သည်။

ကောင်းကင်တောင် နတ်ဓားဂိုဏ်းလူတိုင်းက သူ့အား အငယ်ဆုံးခေါင်းဆောင်ဟုပင် ခေါ်ဝေါ်ကြသည်။

အခု သူ့ရှေ့ကို ရောက်ချလာခဲ့တဲ့ ဒီသကောင့်သားက မိမိကို အစွမ်းထက်ဆုံး စွမ်းရည်ကို ပေးအပ်ပြီး ကောင်းကင်လမ်းစဉ်ရဲ့ သားတော်တစ်ပါး ဖြစ်လာရန် သူ့လို လူငယ်တစ်ဦးကို လေးယောက် တစ်ယောက် အနိုင်တိုက်ရမယ် ဆိုပြီး မက်လုံးပေးနေသတဲ့လား?

ဒါ သူ့ရဲ့ မာန နဲ့ ဂုဏ်သိက္ခာကို မြေပေါ် နင်းချလိုက်တာပဲ မဟုတ်ဘူးလား!

ယင်းက သူ့ကို ပို၍ အမျက်ထွက်စေခဲ့သည်။

" မင်း အာကာသ ကန့်သတ်ချက်ကို ဘယ်လိုဖြတ်ကျော်ပြီး ငါ့ရဲ့ ကောင်းကင်တောင် နတ်ဓားဂိုဏ်းကို ဘယ်လိုရောက်လာမှန်း ငါမသိပေဘူး "

အလွန် ကြောက်စရာကောင်းသော ဓားစွမ်းအင်ကို သူ့လက်ထဲတွင် စုစည်းထားလိုက်ပြီး ၊ သူ့ထိန်းချုပ်မှုအောက်တွင် ၎င်းဓားရိပ်ကို တံဆိပ်ခတ်နှိပ်ကာ ထုပ်ပိုးထားလိုက်သည်။

" မင်းပြောတဲ့ စူးချန်ကဲကို ငါ သွားရှာမယ်"

" ဒါပေမဲ့ မင်းတို့ရဲ့ ခွေးတော့ အဖြစ်မခံနိုင်ဘူး!"

ကျောက်ဝမ့်ချင်၏ အမူအယာမှာ အေးစက်နေသည်။ သူ့အတွက်တော့ ပြင်ပအကူအညီကို ရယူခြင်းသည် စက်ဆုပ်ဖွယ် အကောင်းဆုံးအရာပင် ဖြစ်သည်။

"သန်မာတဲ့ ပြိုင်ဘက်ကို ကိုယ့်အားကိုယ်နဲ့ အနိုင်ယူမှသာလျှင် အဓိပ္ပါယ်ရှိတာကွ"

ဘုန်း!

ကျောက်ဝမ့်ချင်သည် သူ့လက်ချောင်းဖြင့် ဓားကို စေညွန်လိုက်ပြီး လေဟာပြင်ကို ခုတ်ပိုင်းလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်ကြောင့် ဓားစွမ်းအင်မြစ်မှ ကြီးမားသော ရေလှိုင်းကြီး တစ်ခု ဖြစ်ပေါ်သွားခဲ့ရသည်။

“ စူးချန်ကဲတဲ့လား?”

သူ၏ နှုတ်ခမ်းသားတို့မှာ ကွေးညွှတ်သွားသည်။

" ငါတို့ သိပ်မကြာခင် တွေ့ရတော့မှာပါ "

အပိုင်း(၂၇၄): ဒေဝလောကမှ လူ့ဇာတိခံယူခြင်း ၊

ဤထာဝရ ရတနာလေးပါးတွင် အသိစိတ် ရှိပုံပေါ်ပြီး ၊ ၎င်းတို့တွေ့ရှိခဲ့သော ဆက်ခံသူများသည်လည်း ငယ်ရွယ်သူများကြားတွင် အကောင်းဆုံး ပုဂ္ဂိုလ်များ ဖြစ်သည်။

ထာဝရ ရတနာတစ်ပါးဖြစ်သည့် ပုဆိန်သည်လည်း ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်း ရှိ ထိပ်တန်း လူငယ်တစ်ဦး၏ လက်ထဲသို့ ကျရောက်ခဲ့သည်။

ထိုသူ၏ အမည်မှာ နျုံမိုထျန်း ဖြစ်ပြီး ရှေးမန်ဟွမ်းနျုံ မျိုးနွယ်စု၏ သခင်ငယ်လေးပင် ဖြစ်သည်။

T/N - နျုံ ဆိုတာ ကျွဲ ၊ နွား ကိုပြောတာ

ထို့အပြင် ဤသတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည် ။

တိုက်မြေသုံးထောင်ရှိ လူတိုင်း ချက်ချင်းဆိုသလို အပြင်းအထန် ဆွေးနွေးမှုများ ဖြစ်ပေါ်ခဲ့သည်။

" မင်း ကြားလိုက်လား ၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းက နျုံမိုထျန်း သူ ကျင့်ကြံနေတုန်း နတ်မင်းတစ်ပါးဆီက သင်ကြားပြသမှုကို ရရှိခဲ့ပြီး သူ နိုးထလာတော့ ထာဝရ ရတနာတစ်ခုကို ရရှိခဲ့တယ် တဲ့!"

" အဲ့ကိစ္စကို ငါ လည်းကြားတယ် ၊ ရှေးမန်ဟွမ်းနျုံ မျိုးနွယ်စုက မူလကတည်းက ရုပ်ပိုင်းဆိုင်ရာမှာ အလွန်အစွမ်းထက်တယ် ၊ အထူးသဖြင့် အဲ့ဒီ နျုံမိုထျန်းက ဘိုးဘေးအနွယ်ဝင် သွေးသားကို ပိုင်ဆိုင်ထားတာ ၊ ခုလို ကြီးမားတဲ့ အခွင့်အရေးကို ရလိုက်တော့ သဘာဝတရားကြီးကိုတောင် လွန်ဆန်သွားဦးမယ်!"

" ပြီးတော့ ငါ ကြားထားသေးတယ် နျုံမိုထျန်း အဲ့အခွင့်အရေး ကို ရလိုက်တုန်းက သူက ကောင်းကင်လမ်းစဉ်ရဲ့ သားတော်တစ်ပါး ဖြစ်လာလိမ့်မယ် ဆိုပြီး အသံတစ်သံ ထွက်ပေါ်လာခဲ့တယ်ဆိုပဲ !"

“ ‌ကောင်းကင်လမ်းစဉ်ရဲ့ သားတော်!?”

ခွင်းလွင်တောင်သို့ သွားရောက်ခဲ့ဖူးကြသော ပါရမီရှင်တချို့၏ မျက်နှာများမှာ ဆိုရင်ဖြင့် သိသိသာသာ ပြောင်းလဲကုန်ကြသည်။

" မဟုတ်မှလွဲရော မျက်လုံးကြီး ပြောခဲ့တဲ့ ကောင်းကင်လမ်းစဉ်ရဲ့ သားတော်လေးပါး ဆိုတာလား!?"

ဤကိစ္စကို လူတော်တော်များများ သိထားကြသည်။ခွင်းလွင်တောင်တွင် ထို ဧရာမ မျက်လုံးကြီးသည် စူးချန်ကဲကို ချေမှုန်းရန် ကောင်းကင်လမ်းစဉ် သားတော်များ ပေါ်ထွက်လာလိမ့်မည် ဟု ကျိန်ဆိုခဲ့ဖူးသည်။

ထို့အပြင် ဤကျိန်ဆိုခဲ့သူသည် အလွန် အစွမ်းထက်သော အင်အားစုမှ ဖြစ်ကြောင်း ကြားသိခဲ့ရသည်။

ထိုအင်အားစုသည် ဤကမ္ဘာပေါ်ရှိ အင်အားစု ဆိုသည်ထက် နိယာမစည်းမျဉ်းများထက် ကျော်လွန်သော ဖြစ်တည်မှု တစ်ခု ဟု ဆိုရပေမည်။

" ဒါပေမဲ့ ကောင်းကင်လမ်းစဉ်ရဲ့ သားတော်က လေးပါး မဟုတ်လား?

ကျင့်ကြံသူ တစ်ဦးက သိချင်စိတ်ဖြင့် ထမေးလိုက်သည်။

" ဒါဆို တခြားသူတွေကရော?"

......

တစ်ချိန်တည်းမှာပင် ၊

နတ်ဆိုးကမ္ဘာ

မင်ဖုန်း ဧကရာဇ်မျိုးနွယ်စု

မိုတိ့နန်းတော်

ဤနေရာသည် လူနေကျဲပါးသည့်အပြင် မိုတိ့နန်းတော်၏ ဘေးပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ရှိပေသည်။

သူတို့ကိုယ်သူတို့ ဧကရာဇ်မျိုးနွယ်စု ဟု ခေါ်ဝံ့ရဲသည်မှာ သူတို့ မည်မျှ အာဏာရှိသည် ကို ပြသနေသည်။

နတ်ဆိုးလောကရှိလူတိုင်း အဝေးကနေသာ ကိုးကွယ်ဆည်းကပ်ရဲသည်။

အလွန် ခမ်းနားသော နန်းဆောင်ကြီးထဲတွင် ၊

တင်ပျဉ်ခွေလျက် တရားထိုင်နေသော ကြော့မော့လှပသော အသွင်အပြင်ဖြင့် လူတစ်ယောက် ရှိနေသည်။

သူမ၏ ရှည်လျားသော အနက်ရောင် ဆံနွယ်များသည် ပျော့ပျောင်းစွာ ကျဆင်းနေပြီး ၊ နတ်အလင်းရောင်များ ဖြာထွက်နေသည်မှာ နတ်ဆိုးလမ်းစဉ် နတ်ဘုရားမ တစ်ပါးအလား။

ရုတ်တရက် တင်းတင်းစေ့ထားသော သူမ၏ မျက်လုံးများသည် ပွင့်လာခဲ့သည်။

အပြာရောင်နီလာကျောက်ကဲ့သို့ သူမ၏ မျက်ဝန်းများမှာ ဝင်းလက်တောက်ပနေသည်။

သူမ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး ဖြည်းဖြည်းချင်း အသက်ရှုထုတ်လိုက်သည်။

" ကြည့်ရတာ ငါ အောင်မြင်ပြီနဲ့ တူတယ်"

"ကံကောင်းထောက်မစွာနဲ့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ပြုလုပ်လာခဲ့တဲ့ အကြံအစည်က အချည်းနှီးတော့ မဖြစ်ခဲ့ဘူးပဲ ၊ နောက်ဆုံးတော့ ဒီခန္ဓာကိုယ်ကို ငါ သိမ်းပိုက်နိုင်ခဲ့ပြီ "

ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာ မင်ဖုန်း ဧကရာဇ် မျိုးနွယ်စု၏ အကြီးဆုံးမင်းသမီး ရှန့်ချင်းလော် ဖြစ်သည်။

သူမသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက မော့ရန်ရှီး ချန်ထားခဲ့သော ဝိညာဉ်မှော်အတတ် ပညာကို ကျင့်သုံးခဲ့သောကြောင့် ၊ သူမ၏ ဝိညာဉ်ကို မော့ရန်ရှီးမှ ထိန်းချုပ်ထားသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။သို့ဖြစ်၍ သူမ၏ ခန္ဓာကိုယ်ကို သိမ်းယူရန်လည်း လွယ်ကူခဲ့သည်။

" တောင်းပန်ပါတယ် ၊ ကိုကို့ အတွက် မဖြစ်သာလို့ လုပ်လိုက်ရတာပါ "

အကယ်၍ မင်ဖုန်း ဧကရာဇ် မျိုးနွယ်စု၏ အကြီးဆုံးမင်းသမီးသာ အသက်ရှင်နေသေးပါက သူမကို ဒေါသတကြီးဖြင့် ကျိန်ဆဲနေပေလိမ့်မည်။

တောင်းပန်စကား တစ်ခွန်းတည်းဖြင့် ၊ သူမသည် ပျောက်ကွယ်ခဲ့ရလေပြီ။

ဒါကို ဘယ်သူကများ လက်ခံနိုင်မှာလဲ!?

.....

မော့ရန်ရှီးသည် ဖြည်းညှင်းစွာ ထရပ်ပြီး လသာဆောင်ဆီသို့ လျှောက်လှမ်းလိုက်သည်။

အပြင်ရှုခင်းမှာ တစက်ကလေးမှ မလှချေ။

မရဏကမ္ဘာကဲ့သို့ ကောင်းကင်၌ နေမရှိ ။ ဤအေးစက်သော နေရာ၌ ကြက်သွေးရောင်လရောင်မျှသာ ရှိသည်။

သူမကို ဝန်းရံထားသော နတ်ဆိုးစွမ်းအင်များက သူမကို ခစားနေသည့်အတိုင်း အရူးအမူး ရွှင်မြူးနေပုံ ရပေသည်။

" ဒီကမ္ဘာရဲ့ အချိန်ကာလအရ ..အဲ့အရာက မကြာခင် ဖြစ်ပေါ်လာလိမ့်ဦးမယ်..."

" ငါ မုပိုင်ကိုကို ကို ကယ်တင်ဖို့ နည်းလမ်းရှာရမယ် "

မှန်၏။ သူမသည် အချိန်ခရီးသွားနေခဲ့သော မော့ရန်ရှီးသာ ဖြစ်သည်။

သူမ၏ လူ့ဇာတိခံယူခြင်းသည် ဤကမ္ဘာတစ်ဝှမ်းလုံးတွင် ရှိနေခဲ့ပြီး ၊ သူမတွင် မရေမတွက်နိုင်သော အတ္တများ ရှိသည်ဟု ဆိုနိုင်သည်။

သို့သော် ဤအတ္တဟု ခေါ်တွင်သော အရာသည် လူတစ်ဦးအဖြစ် ပေါင်းစပ်သွားသည်။ထိုလူမှာ မော့ရန်ရှီး ပင် ဖြစ်သည်။

တန်ကြေးသည် အရမ်းကို နာကြင်ပြီး ၊သူမ၏ ကျင့်ကြံစွမ်းအား ထက်ဝက်ကျော်ကို ပေးဆပ်ခဲ့ရသော်လည်း ဒါကို ထိုက်တန်သည် ဟု သူမ ထင်နေဆဲပင် ဖြစ်သည်။

" ကိုကို မရှိတဲ့ ကမ္ဘာ ၊ ဘာအဓိပ္ပာယ် ရှိမှာလဲ"

မကြာမီတွင်၊ ကောင်းကင်လမ်းစဉ် သားတော်လေးပါးသည် စူးချန်ကဲ နှင့် အပြင်းအထန်တိုက်ပွဲ ဆင်နွှဲပေတော့မည်။

အခြားအချိန်နှင့် အာကာသကမ္ဘာတွင်၊ ဤစစ်ပွဲ၏ ရလဒ်မှာ အတူတူပင် ဖြစ်သည်။ ကောင်းကင် လမ်းစဉ်၏ သားတော်တစ်ပါး ပုန်ကန်မှုကြောင့် ရလဒ်အနေဖြင့် ထိုကောင်းကင်လမ်းစဉ်၏ သားတော်သုံးပါးမှာ စူးချန်ကဲ၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။

နောက်ဆုံးတွင် ကောင်းကင်လမ်းစဉ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ သည် ကောင်းကင်လမ်းစဉ်၏ အမွေဆက်ခံသူများကို ကြိုတင် နှိုးဆော်ထားခဲ့သည်။

အခြားသော ကောင်းကင်လမ်းစဉ် သားတော် သုံးပါး၏ စွမ်းအားကို စုစည်းလိုက်ပြီး တိုက်ခိုက်ခဲ့ရာ နောက်ဆုံးတွင် စူးချန်ကဲသည် သေလုနီးပါး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

စူးချန်ကဲသည် ၎င်းတို့အား ရှင်းပစ်နိုင်ခဲ့သော်လည်း သို့သော် ဤတိုက်ပွဲတွင် ကျန်ရစ်ခဲ့သော ဒဏ်ရာသည် စူးချန်ကဲအား အလွန်နာကျင်သော တန်ကြေးကို ပေးဆပ်စေခဲ့သည်။

ညီမ တစ်ယောက် အနေဖြင့် ၊ ဤဖြစ်ရပ်ကို သူမ မည်ကဲ့သို့ ခွင့်ပြုနိုင်မည်နည်း။

နှစ်ထောင်ပေါင်းများစွာ ကြာအောင် စီစဉ်ခဲ့ပြီးနောက်တွင် ၊ နောက်ဆုံးမှာတော့ သူမသည် ဤအခြေအနေကို ပြောင်းလဲရန် နည်းလမ်း ရှာတွေ့ခဲ့သည်။ သူမသည် လူ့ဇာတိကို အသုံးပြုကာ ကောင်းကင်လမ်းစဉ်၏ သားတော် လေးပါးအနက်မှ တစ်ဦး အဖြစ် ခံယူပေမည်။ ထို့နောက် လျှို့ဝှက်သူလျှို တစ်ဦး ဖြစ်လာကာ တိုက်ပွဲအတွင်း တိုက်ရိုက် ပုန်ကန်ခြင်းဖြင့် စူးချန်ကဲကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကာကွယ်ပေးမည် ဖြစ်သည်။

သို့သော် ဤအရာအားလုံးသည် မော့ရန်ရှီး၏ ထင်မြင်ယူဆချက်မျှသာ ဖြစ်ပြီး အချိန်သည် အမြဲ စီးဆင်းနေသည်။

အနာဂတ်အခြေအနေသည်လည်း ပြောင်းလဲမှု ဖြစ်လာနိုင်ပြီး ၊ မည်သည့်အရာဖြစ်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

" ငါ လုပ်တာ မှန်သမျှ အသုံးဝင်ပါစေလို့ မျှော်လင့်ရတော့မယ် "

ဝီ——

ရုတ်​တရက် ၊ ပြင်​ပကမ္ဘာတွင် တောက်​ပ​သော နတ်​အလင်း​တန်း တစ်ခု ထွက်ပေါ်လာခဲ့သည်။

ယပ်တောင် အရိပ်တစ်ခုသည် ဟင်းလင်းပြင်ကို ဖောက်ထွင်းလျက် မော့ရန်ရှီး၏ ကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ၊ သူမ၏ အာရုံထဲ၌ ကြီးကျယ်ခမ်းနားသော အသံတစ်ခု ထွက်ပေါ်လာသည်။

" မင်ဖုန်း ဧကရာဇ် မျိုးနွယ်စုရဲ့ ရှန့်ချင်းလော် ၊ မင်းရဲ့ ထူးချွန်တဲ့ စွမ်းရည်ကြောင့် ကောင်းကင်လမ်းစဉ် သားတော် လေးပါးထဲက တစ်ဦး ဖြစ်လာအောင် ကူညီပေးမယ် "

" ငါ ကောင်းကင်လမ်းစဉ်ရဲ့ ချီးမြှောက်မှုနဲ့အတူ သူက မင်းကို တဖန်ပြောင်းလဲစေပြီး ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုဆီကို ခေါ်ယူပေးလိမ့်မယ် "

" မင်းတို့ ကောင်းကင်လမ်းစဉ်ရဲ့ သားတော်တွေ အနေနဲ့ လုပ်ရမယ့် တာဝန်က တစ်ခုပဲ ရှိတယ် ၊ ကွေးယွမ် သူတော်စင် နယ်မြေက ဆက်ခံသူ စူးချန်ကဲကို သတ်ရမယ်! "

ဤအသံ၏ ထွက်ပေါ်လာမှုသည် မော့ရန်ရှီး၏ နဂိုကတည်းက အေးစက်နေခဲ့သော မျက်နှာကို ပို၍ပင် အေးစက်သွားစေခဲ့သည်။

" တော်လိုက်တဲ့ ကောင်းကင်လမ်းစဉ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့"

"အဲ့ဒီလူအိုကြီးတွေသာ ငါ့အပေါ် ချုပ်နှောင်မထားရင် ငါ ဒီလောက်ထိ အလုပ်ရှုပ်ခံပြီး စဉ်းစားနေမှာ မဟုတ်ဘူး ၊ အတွေးတစ်ချက်တည်းနဲ့တင် ဖြေရှင်းပစ်လိုက်ပြီ "

ထိုအချက်ကို တွေးရင် ၊ မော့ရန်ရှီးတစ်ယောက် ပို၍ အမျက်ထွက်နေခဲ့သည် ။

" ဒီကိစ္စတွေပြီးရင် အချိန်လျို့ဝှက်နယ်မြေကို ထပ်သွားရမယ်"

"အချိန်ကြရင် အဲဒီ အမြတ်ကြီးစားဟောင်းတွေက ပြန်လာတော့မယ် ပင်လယ်သေမှာ ရခဲ့တဲ့ ပစ္စည်းတွေကို သူ့ကို ပေးရမယ် ၊ အသုံးဝင်တဲ့အရာတွေနဲ့ လဲလှယ်လို့ ရနိုင်မလား ဆိုတာ ကြည့်ကြည့်ရမှာပဲ..."

......

စူးချန်ကဲဘက်တွင်မူ ၊

အတော်လေး စဉ်းစားပြီးနောက်မှသာလျှင် ၊

သူတို့ ရှာဖွေ‌နေခဲ့သည့် လမ်းကြောင်းထဲသို့ ဝင်ရောက်လာနိုင်ခဲ့သည်။

ထိုနေရာသည် အလွန်စိုစွတ်ပြီး အေးစက်‌ပေသည်။အဆုံးမဲ့ အရိုးဖြူ ပင်လယ်၏ လွှမ်းမိုးမှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ပေရာနှင့်ချီ နက်ရှိုင်းသော မြေအောက်တွင် အလွန် ကြွယ်ဝသော ယင်ဓာတ်တို့သည် လူ၏ အသွေးအသားများကိုပင် ထိုးဖောက်နိုင်စွမ်း ရှိပေသည်။

လူတစ်စု နှင့် ကြက်တစ်ကောင်သည် ထိုအေးစက်သော လမ်းတစ်လျှောက်တွင် လျှောက်လှမ်းနေကြပြီး တိတ်ဆိတ်ခြင်း၏ ပဲ့တင်သံများ ထွက်ပေါ်နေသည်။

ယင်းက လူကို ပို၍ ကြောက်လန့်စေသည်။

" ဒီ ...ဒီမှာ သရဲတစ္တေ ရှိနေတာတော့ မဟုတ်ဘူး မလား?"

ယုံမင်ကြက်ခမျာ ခိုက်ခိုက်တုန်လျက် မသိစိတ်ကနေ လှမ်းမေးလိုက်သည်။

" ချိုင်ချိုင်ဇီ ၊ ဘာမဟုတ်တာတွေ ပြောနေတာတုန်း?"

ပိုင်လီက ပြုံးပြီး ပြန်ဖြေရှာသည်။

" ဒါက မရဏကမ္ဘာလေ ၊ သရဲတစ္ဆေတွေ ရှိတာ ပုံမှန်ပဲလေ !"

သို့သော် ထိုလူနှစ်ယောက်ကြားက စကားပြောဆိုမှုသည် စူးချန်ကဲ၏ သတိရှိမှုအပေါ် နည်းနည်းမှ မသက်ရောက်နိုင်ခဲ့ပေ။

အဘယ့်ကြောင့် ဤလမ်းကြောင်းကို စဝင်လာပြီ ဆိုကတည်းက အရာအားလုံးမှာ ပုံမှန် မဟုတ်တဲ့အထိ တိတ်ဆိတ်နေခဲ့ခြင်းပင် ဖြစ်သည်။

ထို့အပြင်၊ ဤနေရာရှိ တစ္စေအငွေ့အသက်သည် ပြင်းထန်လွန်းပေရာ အနည်းငယ် မူမမှန်ပေ။

တစ်စုံတစ်ယောက်က တမင်လုပ်ထားသည့်အတိုင်း။

ရုတ်တရက် ကျယ်လောင်သော ရယ်မောသံ တချက် ထွက်ပေါ်လာခဲ့သည်။

" ဟားဟား ! နှစ်​​လေး​ထောင်​ ကုန်​သွားခဲ့ပြီ ! နောက်ဆုံးတော့ တစ်ယောက်ယောက်ရောက်လာခဲ့ပြီလား?"

" ပြီးတော့ လူ့အသွေးအသား ပါတဲ့ နှစ်ယောက်တောင် ...ဟားးဟားး..."

"လူ့အသွေးအသားကို မြည်းစမ်း မကြည့်ရတာ အတော်ကြာခဲ့ပြီပဲ ၊ တကယ်ကို လွမ်းနေခဲ့တာ!"

[ T/N - ခေါင်းစဉ်မှာ တပ်ထားတဲ့ ဒေဝလောက အကြောင်း တချက် ရှင်းပြချင်ပါတယ် ၊ တရုတ်မှာကြ စကားလုံး တစ်လုံး ပြောင်းးတိုင်း အဓိပ္ပာယ်လေးလေးနက်နက် ပြောင်းလဲသွားတတ်ပါတယ် ၊ အဂ်လိပ်လိုနဲ့ မြန်မာလို ပျှမ်းမျှ ချပြန်ရင် " ကောင်းကင်ဘုံ "လို့ အမည်ရပေမဲ့ သာမန်ကောင်းကင်ဘုံထက် ပိုလေးနက်ပြီး ဟိန္ဒူ+ ဗုဒ္ဓဘာသာအရ " ဒေဝလောက" လို့ ခေါ်ရင် ပိုမှန်တယ်လို့ ဆိုရပါလိမ့်မယ်

ဘာလို့ ခုလိုရှင်းပြရလဲဆိုတော့ " ဒေဝလောက" က နောက်အပိုင်းတွေမှာ အဓိကအချက် ဖြစ်လာနိုင်လို့ပါ ]

အပိုင်း(၂၇၅): ပြန်လည် ရှင်သန်ထမြောက်လာသော နတ်ဆိုး ၊ ရှာဖွေတွေ့ရှိ သွားပြီလား?

လူတိုင်း အသံလားရာကို မျှော်ကြည့်လိုက်ရာ ရှေ့က အမှောင်လမ်းထဲတွင် ဖြည်းညင်းစွာ လျှောက်လှမ်းနေသော ခပ်ဝါးဝါး အသွင်အပြင် တစ်ခုကို တွေ့လိုက်ရသည်။

သူ့တစ်ကိုယ်လုံး ထူးဆန်းသော အနက်ရောင် အခိုးအငွေ့များဖြင့် ဖုံးလွှမ်းနေသည်။

နီမြန်းသော မျက်ဝန်းတစ်စုံသည် သွေးဆာလောင်မှု နှင့် အကြင်နာမဲ့မှုကို ထုတ်ဖော်ပြသနေသည်။

" မဆိုးဘူး ၊ ကြက်တစ်ကောင်တောင် ပါသေးတယ် သွားယားနေတာနဲ့ အတော်ပဲ "

အက်ကွဲနေသော ၎င်း၏ လေသံမှာ အလိုလောဘများဖြင့် ပြည့်နှက်နေသည်။

အနက်ရောင် အခိုးအငွေ့များ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည့် အချိန်မှာတော့ ၊ ကျိုးပဲ့နေသော ရှေးချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်တစ်ဝက်လောက်က စုတ်ပျက်သတ်နေကာ ရက်စက်သော အသွင်အပြင် ရှိသည့် ဝိညာဉ်တစ်ကောင်ကို တွေ့လိုက်ရသည်။

“ပိုးကောင်လေးတွေ....”

“ သေပေတော့!!”

၎င်းသည် တုံ့ဆိုင်းခြင်းမရှိ ၊ ချက်ချင်းဆိုသလို သူ့လက်ဖြင့် စူးချန်ကဲ နှင့် တခြားသူများကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။

“ နတ်ဆိုးစွမ်းအင်!?”

မိုဝူချင်၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ဤလူ သုံးနေသော စွမ်းအားသည် တကယ့်ကို ပြင်းထန်သော နတ်ဆိုးစွမ်းအင် တစ်ခုပင် ဖြစ်သည်။

သို့သော် နတ်ဆိုးလောကက လူသည် အဘယ်ကြောင့် ဤနေရာတွင် ထွက်ပေါ်လာခဲ့သနည်း။

သို့သော် စူးချန်ကဲသည် ထိုအရာကို ဂရုမစိုက်ဘဲ သူ့ခန္ဓာကိုယ်အတွင်းရှိ သူတော်စင် အသွေးအသားကို အနည်းငယ် အသက်သွင်းလိုက်သည်။

သူတော်စင် ခန္ဓာကိုယ်၏ ရောင်ဝါသည် တောက်ပသော နေရောင်ကဲ့သို့ ဝင်းထိန်သွားပြီး အသွင်ပြောင်းလဲထားသော အနက်ရောင် မြူခိုးလက်ကြီးသည် လေထုထဲတွင် ထိုစွမ်းအား၏ လက်ချက်ဖြင့် တိုက်ရိုက် အငွေ့ပျံသွားခဲ့လေပြီ။

" သူတော်စင် ခန္ဓာကိုယ် အသွေးအသား?"

၎င်းမှာ သိသာထင်ရှားစွာ ထိတ်လန့်သွားသည်။

သို့သော် ချက်ချင်းဆိုသလို ရူးသွပ်စွာ ရယ်မောလိုက်သည်။

" ဟားးဟား! မထင်ထားဘူး ! ဒီနေရာမှာ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တာ ခုလို သူတော်စင် ခန္ဓာကိုယ် အသွေးအသား ရဖို့တဲ့လား!"

စူးချန်ကဲကို ကြည့်နေသော ၎င်း၏ အကြည့်များမှာ အလိုလောဘများဖြင့် ပြည့်နှက်နေသည်။

"တကယ်လို့ ငါသာ မင်းကို ဝါးမျိုလိုက်ရင် ဒီမုန်းစရာကောင်းတဲ့ အဆုံးမဲ့ အရိုးဖြူ ပင်လယ်ကြီးကို အပြီးတိုင် ဖယ်ရှားနိုင်ရုံသာမက ဘဝအသစ်ကိုလည်း ရရှိနိုင်တော့မယ် !"

၎င်းသည် စကားပြောနေစဉ်အတွင်းမှာပဲ ပို၍ စိတ်လှုပ်ရှားလာပြီး ၊ သူ့ပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအင်များကလည်း ပို၍ ပြင်းထန်လာသည်။

တကယ်တော့ ၎င်းသည် ပင်လယ်ထဲက နတ်ဆိုးတစ်ကောင်၏ ဝိညာဉ်ပင် ဖြစ်သည်။

သူ ဒီကို ရောက်လာရသည့် အကြောင်းရင်းမှာ အဆုံးမဲ့ အရိုးဖြူ ပင်လယ်ထဲတွင် တစ်စုံတစ်ခု ဖြစ်ခဲ့ပုံရပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု နိုးထလာခြင်းကြောင့် ဖြစ်သည်။

ထိုရောင်ဝါမှာ အလွန် ထူးဆန်းပေသည်။ ယင်းအရာ နိုးထလာသည်နှင့် တပြိုင်နက် အဆုံးမဲ့ အရိုးဖြု ပင်လယ်ကြီး တစ်ခုလုံး ပရမ်းပတာ ဖြစ်ခဲ့ရပြီး ဤနေရာ၌ အိပ်ပျော်နေခဲ့သည့် မရေမတွက်နိုင်သော အစွမ်းထက်သော ဝိညာဉ်များကို နိုးထလာစေခဲ့သည်။

ထို့နောက်တွင်မူ ၊ ၎င်းတို့အားလုံး ပြင်ပကမ္ဘာဆီသို့ အရူးအမူး ထွက်ပြေးကြသည်။

သို့သော် အဆုံးမဲ့ အရိုးဖြူ ပင်လယ်ကို ခိုင်ခံ့သော နှောင်ကြိုးနိယာမစည်းမျဉ်းဖြင့် နှိပ်ကွပ်ထားသောကြောင့် ဝိညာဉ်အများစုသည် ထိုဒေသမှ မလွတ်မြောက်နိုင်ဘဲ ထိုစွမ်းအား၏ အကြင်နာကင်းမဲ့ ဝါးမျိုခြင်းကိုသာ ခံနေရသည်။

သို့သော် သူ့၏ ကံ‌ဇာတာသည် အတော်လေး ကောင်းသည် ဟု ဆိုရပေမည်။နောက်ဆုံးတွင် သူသည် အတားအဆီးများစွာကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဤနေရာကို ရှာတွေ့ခဲ့သည်။

သို့သော် သူသည် အဆုံးမဲ့ အရိုးဖြူ ပင်လယ်ထဲတွင် နှစ်ကာလကြာ နေထိုင်ခဲ့ပြီး သူ၏ ဝိညာဉ်သည် အဆုံးမဲ့ အရိုးဖြူပင်လယ်နှင့် တစ်သားတည်း ဖြစ်နေပြီ ဖြစ်သောကြောင့် အပြင်သို့ မထွက်ရဲပေ။

အဆုံးမဲ့ ရှေးဟောင်းပင်လယ်၏ အထူးနိယာမ စည်းမျဉ်းများ မရှိတော့ပါက ၊ သူသည် ပျောက်ကွယ်သွားပေလိမ့်မည်။

ဤသို့ဖြင့် သူသည် ယခုလက်ရှိ နေရာကို ရှာတွေ့ခဲ့ပြီး ၊ သူ၏ အနားယူရာ နေရာအဖြစ် အသုံးချခဲ့သည်။ အကယ်၍ သူသာ စူးချန်ကဲကို ဝါးမျိုလိုက်ပါက ၊ သူသည် ဤကမ္ဘာပေါ်တွင် ပြန်လည် ပေါ်ထွက်လာနိုင်မည့် အခွင့်အရေးကို ရရှိပေတော့မည်။

“ထွီ....”

သို့သော် ထိုအချိန်တွင်၊ ယုံမင်ကြက်က မနေနိုင်တော့ဘဲ ကျယ်လောင်စွာ ထရယ်လေသည်။

" ငါ့သခင်ကို ဝါးမျိူမယ်? မင်းက အိမ်သာထဲကို မီးခွက် ထွန်းပြီး အညစ်အကြေး ရှာချင်နေတာပဲ "

သူ့ခန္ဓာကိုယ်ထဲတွင် အမတသားရဲကောင်၏ သွေးကြောများ ပါဝင်နေသည့် အလျောက် ၊ သူသည် စူးချန်ကဲ၏ အသွေးအသားများ မည်မျှ အားကောင်းသည် ကို ခံစားနိုင်သည်။

ဝိညာဉ်တစ်ကောင်ကများ စူးချန်ကဲကို ဝါးမျိုမတဲ့လား?

လူဝင်စားပြီး အကဂီတကို သင်ယူလိုသော ယုံမင် ကြက်တစ်ကောင်နှင့် ကြုံတွေ့ခဲ့ရသည့် အချိန်ထက် ၎င်းသည် ပို၍ ရယ်စရာကောင်းနေသည် ။

" ဘယ်ကလာတဲ့ ကြက်ပေါက်စတုန်း ၊ သေစမ်း!"

သူသည် အရင်က နတ်ဆိုး အကြီးအကဲ တစ်ယောက် ဖြစ်ခဲ့ပြီး ၊ယခုတွင် ကြက်တစ်ကောင်၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ယင်းက သူ့ကို ပို၍ အမျက်ထွက်‌စေသည် ။

တဟုန်းဟုန်း တောက်လောင်နေသော နတ်ဆိုးစွမ်းအင်များသည် လူသတ်ရန် ဆန္ဒဖြင့် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

အနက်ရောင် အခိုးအငွေ့များမှ အသွင်ပြောင်းလဲသွားသော နောက်ထပ် လက်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး စူးချန်ကဲနှင့် အခြားလူများထံသို့ တိုက်ရိုက် ပြေးဝင်တိုက်ခိုက်လေသည်။

“ အရူးပဲ "

စူးချန်ကဲသည် သူတော်စင် ခန္ဓာကိုယ်၏ ရောင်ဝါနှင့် အတူ ဓားစွမ်းအင်ကို ပေါင်းစပ်လိုက်ရာ သူ့ပတ်ဝန်းကျင်တွင် တောက်ပသော ဓားအရိပ်များ ဖြစ်ပေါ်လာခဲ့သည်။

"သွား"

စူးချန်ကဲသည် ဤစကားတစ်ခွန်းကို ရေရွတ်လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်က ဓားရိပ်များသည် ကြာပန်းသဖွယ် ပွင့်လန်းလာပြီး နတ်ဓားတစ်လက်၏ အသွင်ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝှစ် ဝှစ် ဝှစ် !!

တခဏချင်းမှာပင် လေထုကို ဖောက်ထွင်းဝင်ရောက်လာသော အသံကို ကြားလိုက်ရသည်။ ဓားအလင်းသည် အနက်ရောင် အခိုးအငွေ့များကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီး ထိုမှတဆင့် ထူးဆန်းသော အနက်ရောင် ပုံရိပ်ဆီသို့ ဦိးတည်ဝင်ရောက်သွားခဲ့သည်။

"ဟား... မင်းရဲ့ သူတော်စင် ခန္ဓာကိုယ် အသွေးအသားနဲ့ ငါ့ကို ထိန်းချုပ်နိုင်မယ်လို့ ထင်နေလား"

" ဒါဆို တစ်ချိန်က နတ်ဆိုးကြီး ဖြစ်ခဲ့တဲ့ ငါ့ကို မင်း လျှော့တွက်လိုက်တာပဲ "

အေးစက်သော လှောင်ရယ်သံနှင့်အတူ ၊ အရိပ် လက်ဖဝါးကို တစ်ဖန် ဆန့်ထုတ်လိုက်ပြန်သည်။

အနက်ရောင် ရှိသော ကြက်ခြေခတ် သင်္ကေတ တစ်ခုကဲ့သို့ သူ့လက်ဖဝါးကြားတွင် ထူးဆန်းသော မှော်အက္ခရာတစ်ခု ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်တွင် အဆုံးမရှိသော အနက်ရောင် လျှပ်စီးကြောင်းများ သူ့လက်ဖဝါးထံမှ ထွက်ပေါ်လာခဲ့ပြီး အမျက်ထွက်နေသော နဂါး တစ်ကောင်ကဲ့သို့ ဓားအလင်းများဖြင့် ထိပ်တိုက်ဆုံတွေ့ခဲ့သည်။

ဘုန်း!

သို့သော် နှစ်ဦးနှစ်ဖက် တိုက်ခိုက်မှု လှိုင်းလုံးကြီးသည် ဤနေရာတစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်စေခဲ့သည်။

ဤမျှ ကြောက်စရာကောင်းသော တုန်ခါမှုသည် ပြင်ပ‌နေရာထိတောင် ပျံ့နှံ့ခဲ့သည်။

မူလက အဆုံးမဲ့ အရိုးဖြူ ပင်လယ်ပြင်တွင် ချုံခိုတိုက်ခိုက်ရန် အသင့်ပြင်ထားကြသည့် အဆုံးမဲ့ နတ်ဆိုးဂူတပ်ဖွဲ့သည်လည်း ဤအပြောင်းအလဲကို သတိထားမိသည်။

" ဒါဘယ်လိုဖြစ်တာလဲ!? ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ နိယာမစွမ်းအား‌တွေ မြေအောက်ကနေ ထွက်လာတာလဲ?"

" အဆုံးမဲ့ အရိုးဖြူ ပင်လယ်ရဲ့ပင်လယ် ဒီရေက ကြိုပြီး စတင်ရိုက်ခတ်နေပြီလား"

သန်မာသူ တစ်ဦးက ဝင်ထောက်လိုက်သည်။

“ မဖြစ်နိုင်ဘူး!”

" အရိုးဖြူ ပင်လယ်ရဲ့ ပင်လယ်ဒီရေက အနှစ်တစ်ထောင်မှ တစ်ကြိမ်ပဲ ရိုက်ခတ်တယ် ပြီးတော့ အဲ့လိုဖြစ်ဖို့ကလည်း သုံးရက်တောင် ကျန်သေးတယ် ကြိုတင်ရိုက်ခတ်တယ်ဆိုတာ မဖြစ်နိုင်ဘူး !"

“.....”

သူတို့ပြောနေကြသော အရိုးဖြူ ပင်လယ် ဒီရေသည် အနှစ်တစ်ထောင်တွင် တစ်ကြိမ်သာ ရိုက်ခတ်တတ်သည်။အဘယ်ကြောင့်ဆိုသော် ပင်လယ်ထဲတွင် အိပ်စက်နေသော ဝိညာဉ်များကြောင့် ဖြစ်သည်။

ထို့အပြင်၊ အဆုံးမရှိသော အာဃာတအငြိုး ဝိညာဉ်များစွာ ရှိပြီး၊ ၎င်းတို့အား အဆုံးမဲ့ အရိုးဖြူ ပင်လယ်၏ အနက်ရှိုင်းဆုံး နေရာတွင် တံဆိပ်ခတ်ထားသည်။

သို့သော် အရာအားလုံးတွင် အကန့်အသတ် ဆိုတာ ရှိပေသည်။အရိုးဖြူ ပင်လယ် ဒီရေသည် အဆုံးမဲ့ အရိုးဖြူ ပင်လယ်၏ ကိုယ်ပိုင်စည်းမျဉ်း တစ်ခု ဖြစ်သည်။ဤအဆုံးမဲ့နှစ်များအတွင်း စားသုံးထားသော ဝိညာဉ်များနှင့် အရိုးများကို နိယာမလှိုင်းများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားစေသည်။

ထို့နောက်တွင် နိယာမ စွမ်းအားဖြင့် မရဏကမ္ဘာသို့ ပြန်လည်ပို့ဆောင်သည်။ ဤသည်မှာ အနှစ်တစ်ထောင်တွင် တစ်ကြိမ်သာ ဖြစ်ပေါ်တတ်သည့် အရိုးပင်လယ် ဒီရေပင် ဖြစ်သည်။

ဤဖြစ်စဉ်သည် မရဏကမ္ဘာအတွက် မည်သည့်ထိခိုက်မှုမှ မဖြစ်စေသောကြောင့် လူများစွာက ယင်းကို ဂရုမစိုက်ကြသော်လည်း ၊ ယခုအခါတွင် အရိုးပင်လယ် ဒီရေ၏ ကြိုတင် ရိုက်ခတ်မှုကြောင့် ဇဝေဇဝါ ဖြစ်နေကြသည်။

ထိုစဉ် အဆုံးမဲ့ နတ်ဆိုးဂူ၏ အတွေ့အကြုံရင့်ကျက်သော ပုဂ္ဂိုလ်တစ်ယောက်က မျက်မှောင်ကြုတ်သွားကာ ဆိုလိုက်သည်။

“အမ်....မဟုတ်ဘူး!”

" ငါ အရိုးပင်လယ် ဒီရေ ရိုက်ခတ်မှုကို မြင်ဖူးတယ် ၊ သူ့ရဲ့ တုံ့ပြန်ခြင်း နိယာမ စွမ်းအားက အရမ်း ထူးဆန်းတယ် ၊ အဆုံးမဲ့ အရိုးဖြူ ပင်လယ်မှာလည်း ထူးခြားမှု ဖြစ်ပေါ်တယ်..."

"ဒါပေမယ့် ခုဟာက အဲဒါနဲ့ လုံးဝ မတူဘူး..."

" ဓားစွမ်းအင်နဲ့ တူသလိုလိုပဲ "

ထိုလူသည် ရုတ်​တရက်​ဆိုသလို​ ရိပ်​မိသွားခဲ့သည်​။

" မမှားဘူး ဟုတ်တယ်.."

ချက်ချင်းဆိုသလို ထိုလူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ဆိုလိုက်သည်။

" ရွှယ့်လျန် သခင်မလေး ကြည့်ပါဦး!"

ယနေ့တွင် သူမသည် အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ၊ သူမ၏ ဖြူစင်သော အသားအရေနှင့် လိုက်ဖက်ပေရာ လွန်စွာ ထူးကဲ၍ လှပလွန်းပေသည် ။

မည်သူ တစ်ဦးတစ်ယောက်မှ သူမကို မော်မကြည့်ဝံ့နိုင်ပေ။

" ငါတို့ ဖမ်းချင်တဲ့လူက တခြားနည်းလမ်းနဲ့ အဆုံးမဲ့ အရိုးဖြူ ပင်လယ်ထဲကို ဝင်သွားတာ ဖြစ်ရမယ် "

“ဘယ်လို!?”

တခြားနည်းလမ်းဆိုသည့် စကားကို ကြားရသူတိုင်း အံ့အားသင့်သွားကြသည်။

အဆုံးမဲ့ အရိုးဖြူ ပင်လယ်ထဲသို့ ဝင်ရောက်နိုင်မည့် တစ်ခုတည်းသော ဝင်ပေါက်ကို သူတို့အားလုံး ဝိုင်းရံထားသည်။ ဤလူသည် အဘယ့်နည်းဖြင့် ဝင်ရောက်သွားခဲ့လေသနည်း။

" ရှေးစာအုပ်တစ်အုပ်မှာ မှတ်တမ်း တင်ထားတာ ရှိတယ် ၊အဲ့တာက ပီအန့်မျိုးနွယ်စု ဖောက်လုပ်ထားတဲ့ လမ်းကြောင်းပဲ"

“ ပီအန့် မျိုးနွယ်စု?”

လူတိုင်း၏အမူအရာမှာ တစ်ဖန် ပြောင်းလဲသွားသည်။ ဤ ဒဏ္ဍာရီလာအကြောင်းကို သူတို့ အားလုံး ကြားဖူးကြသည် ။ သို့သော် ထိုအင်အားစုကြီး သုံးစုသည် မရဏကမ္ဘာ၏ ရှည်လျားသော သမိုင်းတွင် ပျောက်ကွယ်သွားပြီမှာ ကြာခဲ့ပြီ မဟုတ်လော။

ဘယ်လိုလုပ်ပြီး ရှိနေသေးတာတုန်း?

ရွှယ့်လျန်သခင်မလေးသည် သူမ၏ လက်အောက်ငယ်သားကို ကြည့်ရင်း ရယ်မောလိုက်သည်။

" အပိုတွေ ပြောမနေနဲ့တော့ ၊ အခုပဲ လူစုပြီး အဆုံးမဲ့ အရိုးဖြူ ပင်လယ်ကမ်းရိုးတန်းကို သွားကြမယ် သူတို့နဲ့ ဆုံနိုင်မလား ဆိုတာ ကြည့်ရသေးတာပေါ့ "

ရွှယ့်လျန် သခင်မလေးသည် ထပ်ပြီး ရှင်းမပြတော့ချေ။

မရဏကမ္ဘာရှိ ရာဇဝင်သည် အလွန်နက်ရှိုင်းသည်။သူမသာ အဆုံးမဲ့ နတ်ဆိုးဂူ၏ အမွေဆက်ခံသူ တစ်ယောက် မဟုတ်ခဲ့ပါက၊ သူမအနေဖြင့် ယုံကြည်နိုင်ခဲ့လိမ့်မည် မဟုတ်။

ဤမရဏကမ္ဘာတွင် လျှို့ဝှက်ချက်များစွာ ရှိနေသေးသည်ပင်။

All Chapters