← Chapters

အခန်း (၂၉၄-၂၉၇)

Vol. 21 Ch. 294-297

အခန်း (၂၉၄-၂၉၇)

Vol. 21 Ch. 294-297

အပိုင်း(၂၉၄): ကျုံယုံ(ငရဲကိုးထပ်)ဆီသို့ တံခါးပေါက် ၊ ထူးဆန်းသော သတ္တဝါများ၏ တိုက်ခိုက်မှု

ကျုံယုံ(ငရဲကိုးထပ်) ထွက်ပေါ်လာတော့မည့်သတင်းသည် နယ်ပယ်အရပ်ရပ်သို့ ပျံ့နှံ့သွားသည်နှင့် အမျှ ၊

အသီးသီးသော အင်အားစုများသည် မိမိတို့၏ သားစဉ်မြေးဆက်များကို ထိုနေရာသို့ တိတ်တဆိတ် စေလွှတ်ခဲ့ကြသည်။

နတ်ရောင်ခြည် သက်တံများ၊ စစ် သင်္ဘောများ၊ ပျံလှေများ နှင့် စီးတော်ယာဉ် သားရဲကောင်များသည် နတ်ဆိုးတောင်တန်းများကြား ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။

အချိန်သည် နီးကပ်လို့လာချေပြီ ။

ဝုန်း!!

ယနေ့ညတွင် နတ်ဆိုးတောင်တန်းများ အထက် ဧရိယာမှ ကြီးမားသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

မှောင်ရိပ်သန်းနေသော ညသန်းခေါင်ယံတွင် ထူးဆန်းပြီး အမျိုးအမည်မတူသော စွမ်းအားများက အရူးအမူး စုဝေးသွားလေရာ ၊ အမှောင်ထု ဝဲဂယက်ကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကြောက်စရာကောင်းသော စွမ်းအားများ လွင့်စင်သွားပြီး ကမ္ဘာကြီးတစ်ခုလုံးကို လုံးလုံးလျားလျား ဖုံးလွှမ်းပစ်ခဲ့သည်။ ဤရုတ်တရက် အပြောင်းအလဲသည် လူတိုင်းကို နိုးကြားလာစေသည်။

“ဒီလှုပ်ရှားမှု... ကျုံယုံ(ငရဲကိုးထပ်) ဖွင့်တော့မှာလား!?”

“မဟုတ်ဘူး....အပေါ်ကို ကြည့်လိုက်!”

“……”

လူအုပ်ကြီးမှာ ထိတ်လန့်တကြားဖြင့် ထိုနေရာကို လှမ်းကြည့်လိုက်ကြသည်။

ကောင်းကင်ယံတွင် ဘယ်‌ချိန်ကတည်းက ရောက်လာမှန်း မသိသော ကြီးမားသော အမှောင် ဝဲဂယက်ကြီးတစ်ခု ရှိနေခဲ့သည်။

ရစ်ဝဲနေသော အနက်ရောင် အခိုးအငွေ့များနှင့် အတူ ၊ အနီရောင် မုခ်ပေါက်ဝကြီး တစ်ခု ပေါ်လာခဲ့ပြီး ထူးဆန်းသော အငွေ့အသက်များက ယင်းအရာထဲမှ ပျံ့နှံ့ထွက်ပေါ်လာသည်။

ယင်းအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသူတိုင်း ရင်တထိတ်ထိတ် ဖြစ်ခဲ့ရသည်။

မုခ်ပေါက်ကြီးသည် ထူးဆန်းသော အနီရောင် အလင်းတို့ဖြင့် တောက်ပနေပြီး ပြင်းထန်သော သွေးနံ့သည် ပါးစပ်နှင့် နှာခေါင်းထဲသို့ တိုက်ရိုက် ဝင်ရောက်လာလေသည်။

မုခ်ဦးထိပ်တွင် ထူးဆန်းသော တစ္ဆေပုံစံ အမျိုးစုံကို ထွင်းထုထားပြီး ၊ အချို့မှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်း ပါရှိပြီး ၊ အချို့မှာ မျက်လုံးကိုးလုံးနှင့် အစွယ်များ ပါရှိကြသည်။

ဟူး—

ရုတ်တရက်။

နောက်ထပ် လေပြင်းများ တိုက်ခတ်လာလေသည်။ လေတိုက်သံတွေကြားမှာ တစ္ဆေငိုသံနှင့် ဝံပုလွေအူသံကဲ့သို့သော အသံများကို ကြားနေရသည်။

ဤကမ္ဘာကြီး၏ အပူချိန်သည် အကန့်အသတ်မဲ့ ငရဲထဲသို့ ကျရောက်သွားသကဲ့သို့ ရုတ်တရက် ထိုးကျသွားသည်။

ကျွီ ကျွီ—

တစ်ချိန်တည်းမှာပင် ၊ အနက်ရောင် အခိုးအငွေ့များကြား ကွယ်ဝှက်နေခဲ့သော မုခ်ပေါက်ကြီးသည် စိတ်မချမ်းသာစရာ ကောင်းသော အသံနှင့်အတူ ဖြည်းညှင်းစွာ ပွင့်လာသည်။

“ အဲ့...အဲ့တာ ဘာကြီးလဲ!?”

ကျင့်ကြံသူအမျိုးသမီးတစ်ဦး၏ မျက်နှာမှာအလွန်ထိတ်လန့်နေပုံရသည်။သူမသည် ကြောက်မက်ဖွယ်ရာ ကောင်းသောမြင်ကွင်းကို မြင်လိုက်ရသကဲ့သို့ မြေပြင်ပေါ်သို့ ပစ်လဲသွားသည်။

သူမတင်မကဘဲ တခြားကျင့်ကြံသူများ၏ နှုတ်ခမ်းသားများသည် တုန်ရီနေရုံသာမက မျက်နှာမှာလည်း အနည်းငယ် ဖြူဖျော့နေ၏။

ထိုကြီးမားသော မုခ်ပေါက်၏ နောက်တွင် ထူးဆန်းသော အသွင်ပုံရိပ်များက ပြည့်ပြည့်ကျပ်ကျပ် ရှိနေသည်။

ထိုအသွင်ပုံရိပ်များ၏ ပတ်ပတ်လည်တွင် ထူးဆန်းသော အနက်ရောင် အခိုးအငွေ့များ ရှိနေပြီး ၊ ၎င်းတို့၏ ပုံသဏ္ဍာန်များကို တင်းကျပ်စွာ ထုတ်ပိုးထားသောကြောင့် ၊ထိုအနှီပုံရိပ်များကို အကြမ်းဖျင်းသာ မြင်တွေ့နိုင်သည်။

လူသား ပုံသဏ္ဍာန်၊ တိရစ္ဆာန် ပုံသဏ္ဍာန်၊ ငှက် ပုံသဏ္ဍာန်များနှင့် လက်တံများစွာ ရှိသော ထူးဆန်းသော အကောင်များပင် ဖြစ်သည်။

“အမ်... ဒါက အသံတိတ် နတ်ဆိုးဂူထဲက သတ္တဝါတွေလား”

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? အဲ့ကောင်တွေက အသံတိတ်နတ်ဆိုးဂူထဲမှာ အမြဲရှိနေရမှာလေ ၊ ဒီမှာ ဘယ်လိုလုပ်ပြီး ပေါ်တာလဲ!”

နတ်ဆိုးလောကမှ ကျင့်ကြံသူ တစ်ဦးက မေးခွန်းထုတ်လိုက်သည်။

“ မဟုတ်မှလွဲရော ဒဏ္ဍာရီက အမှန်ပဲလား... အသံတိတ်နတ်ဆိုးဂူက မရဏကမ္ဘာနဲ့ နတ်ဆိုးကမ္ဘာ ကွဲကွာသွားတုန်းက ပြင်းထန်တဲ့ အာကာသစွမ်းအားကြောင့် ဖြစ်တည်လာခဲ့တဲ့အရာတဲ့ ...”

“ပြီးတော့ ကျုံယုံ(ငရဲကိုးထပ်)က လည်း အလားတူ ရလဒ်‌ကြောင့် နတ်ဆိုးကမ္ဘာရဲ့ ဘက်ခြမ်းကို ရောက်သွားတယ်ဆိုပဲ ...... ဒီလိုသာဆို ဒီထူးဆန်းတဲ့ သတ္တဝါတွေ အားလုံးက ကျုံယုံ(ငရဲကိုးထပ်)ကြောင့် ထွက်ပေါ်လာတာလား”

“……”

လူတိုင်း ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် ၊ ကောင်းကင်ယံမှ အေးစက်သော နှာမှုတ်သံ တချက် ထွက်ပေါ်လာသည်။

“အပုပ်ကောင်တွေက ငါ့လမ်းကို ပိတ်ဆို့ရဲတဲ့အထိ အတော်လေး သတ္တိရှိနေတယ်ပေါ့!”

“ဒီကနေ ထွက်သွားစမ်း!”

အေးစက်သော ဟောက်သံတချက် ထွက်ပေါ်လာသည်နှင့် ၊ ကောင်းကင်ယံ၌ ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး အကန့်အသတ်မဲ့ နတ်ဆိုးစွမ်းအင်များက ရိုက်ခတ်လှုပ်ရှားလာခဲ့သည်။

လွန်စွာအင်အားကြီးမားသော ရုပ်သဏ္ဍာန်တစ်ခု ကောင်းကင်ယံ၌ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

သူသည် အနက်ရောင် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး ၊ ခန္ဓာကိုယ်သည် ထွားကျိုင်းသည်။ သူ့ မျက်ခုံးမွှေးများက လောကကို အထင်သေးသည့် ဒီဇိုင်းဖြင့် ရှိနေသည်။

“သူက ... တပ်မက်ခြောက်ပါး ဗိမ္မာန်ရဲ့ ဆက်ခံသူ ချန်ရှစ်ထျန်းပဲ !”

“ ချန်ရှစ်ထျန်းက ဒေါသအိုးဆိုပြီး နာမည်ကြီးတယ် ၊ ပြောသံကြားတာတော့ သူ ကျင့်ကြံလောကထဲ စဝင်ပြီဆိုကတည်းက သူ့ဂုဏ်သိက္ခာကို ထူထောင်ဖို့အတွက် ထိပ်တန်းအင်အားစုဝင်တွေရဲ့ သားမြေးတွေကို သတ်ပစ်ခဲ့တယ်ဆိုပဲ “

“မင်းမသိတာက ချန်ရှစ်ထျန်းရဲ့ လက်ရှိ ကျင့်ကြံဆင့်က ထိပ်တန်း သူတော်စင် နှောင်းပိုင်းအဆင့် ကို ရောက်နေပြီ ၊ ဒီလိုရောက်လာဖို့အတွက် ဆယ်စုနှစ်သာ အချိန်ကြာမြင့်ခဲ့တယ်ဆိုပဲ! “

“……”

လူအုပ်ကြီး၏ ဆွေးနွေးသံများမှ တပ်မက်ခြောက်ပါး ဗိမ္မာန်၏ ဆက်ခံသူ ချန်ရှစ်ထျန်းသည် မည်မျှ အစွမ်းထက်သည်ကို သိနိုင်သည်။

ချန်ရှစ်ထျန်းသည် ရှေးခေတ် အထွတ်အထိပ် ပါရမီရှင် တစ်ယောက် မဟုတ်သော်လည်း ၊ ခေတ်ပြိုင်လူငယ်တွေကြား အထွပ်အထိပ် ပါရမီရှင်တစ်ဦး ဟု ဆိုနိုင်သည်။

သူ၏ ထူးချွန်ထက်မြက်သော စွမ်းရည်နှင့် သန်မာသော လေကျင့်မှုတွေကြောင့် သူသည် တပ်မက်ခြောက်ပါး ဗိမ္မာန်၏ ရှေးကျသော အထွပ်အထိပ် ပုဂ္ဂိုလ်များကို သူ့တစ်ကိုယ်တည်း စိန်ခေါ်ခဲ့ပြီး အားလုံးကို တချက်တည်းဖြင့် အနိုင်ယူနိုင်ခဲ့သည်။

ဤသို့ဖြင့် သူသည် တပ်မက်ခြောက်ပါး ဗိမ္မာန်တွင် အစွမ်းအထက်ဆုံး ပါရမီရှင် တစ်ဦး ဖြစ်လာခဲ့သည်။

ထို့အပြင်၊ သူ၏ကံကြမ္မာသည် အတော်လေး ထူးကဲပေသည်။ လွန်ခဲ့သော ရက်အနည်းငယ်ကပင် သူသည် ကမ္ဘာ့ကပ်‌ဘေး စစ်ပွဲမတိုင်မီက နာမည်ကြီးဂိုဏ်းတစ်ခု ဖြစ်ခဲ့သည့် နတ်ဆိုး မိုးကြိုးဂိုဏ်း၏ အမွေကို ဆက်ခံရရှိခဲ့သည်။

ဘုန်း! !

ကောင်းကင်ယံတွင် အမျက်ဒေါသများ ပြည့်နှက်နေသည့် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။

ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင်လျှပ်စီးကြောင်းများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီး ၊ နောက်ဆုံးတွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်းပါသော ကြောက်စရာကောင်းသော နတ်ဆိုးရုပ်သွင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ ဟင်းလင်းပြင် ကွက်လပ်ထဲရှိ လျှို့ဝှက်နေရာတစ်ခု၌

စူးချန်ကဲသည် ထိုမြင်ကွင်းကို ကြည့်နေပြီး ၊ သူ၏ နှုတ်ခမ်းသားများက ကွေးညွှတ်သွားသည်။

“ဒါက .. ငါ မရဏကမ္ဘာမှာ နှိမ်နင်းခဲ့တဲ့ နတ်ဆိုးကြီးသုံးတဲ့ လှုပ်ရှားမှုနဲ့ အရမ်းတူတာပဲ”

စူးချန်ကဲသည် တစ်စုံတစ်ခုကို တွေးမိပြီး ၊ အလင်း‌လုံးကြီးထဲတွင် အကျဉ်းချခံထားရသော ထိုအနှီ နတ်ဆိုးကြီးအား ခေါ်ထုတ်လိုက်သည်။

“ဒီလူက ခင်ဗျားတို့ နတ်ဆိုး မိုးကြိုးဂိုဏ်း က အမွေအနှစ်ကို အသုံးပြုခဲ့တာလား?”

ဤအချိန်တွင် နတ်ဆိုးကြီးမှာ သေလုမျောပါးဖြစ်နေပြီပင်။ စူးချန်ကဲ၏ ဖိနှိပ်မှုအောက်တွင် သူ၏ ဝိညာဉ်သည် အချိန်မရွေး ပြိုလဲနိုင်ပုံရကာ တုန်ယင်နေသည်။

“လူကြီးမင်း... ဒီလူက ကျွန်တော်တို့ရဲ့ နတ်ဆိုးမိုးကြိုးဂိုဏ်းက... နတ်ဆိုးမိုးကြိုး ကောင်းကင်အစီအရင်ကွက်ကို အသုံးပြုနေတာပဲ...”

နတ်ဆိုးကြီးက ဆက်ပြောသည်။

“ ဒီနတ်ဆိုးမိုးကြိုး ကောင်းကင်အစီအရင်ကွက်က... ကျွန်တော်တို့ နတ်ဆိုးမိုးကြိုးဂိုဏ်းရဲ့ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကနေ ဆင်းသက်လာတဲ့ အရာပဲ “

“သူ့ရဲ့နောက်ကွယ်မှာ အလွန် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ရှိနေမှာကို စိုးရတယ်..သူက ကျွန်တော်တို့ ဂိုဏ်းရဲ့ နတ်ဆိုးမိုးကြိုး ကောင်းကင်အစီအရင်ကွက် ကိုတောင် ပြန်ပြောင်းလဲထားခဲ့တာပဲ...”

နတ်ဆိုးကြီးသည် ဘာကိုမှ မဖုံးကွယ်ဝံ့ဘဲ အမှန်တိုင်း ပြောပြခဲ့သည်။

စူးချန်ကဲသည် တကယ်ပင် ကြောက်စရာကောင်းသည် ။ စူးချန်ကဲထံမှ ဖိနှိပ်ခံခဲ့ရသော ကာလများအတွင်း သူ့တွင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။ တစ်နည်းအားဖြင့် ဆိုရသော် စူးချန်ကဲ၏ တဖက်သတ် နှိပ်စက်ခြင်းကို ခံခဲ့ရသည် ဟု ဆိုနိုင်သည်။

ယခု စူးချန်ကဲ၏ ဆင့်ခေါ်မှုကြောင့် သူ ထွက်လာခဲ့ပေမဲ့ ၊ စူးချန်ကဲကိုယ်ပေါ်က ရောင်ဝါများကို ထပ်ပြီး မြင်လိုက်ရချိန်မှာတော့ သူ တကယ်ကိုပင် တုန်လှုပ်မိသည်။

ခုမှ ဘယ်နှစ်ရက်ပဲ ရှိသေးလို့တုန်း?

စူးချန်ကဲရဲ့ ရောင်ဝါက အရင်ကထက် ပိုပြီး ပြင်းထန်လာသတဲ့လား!

ဤကဲ့သို့ ပင်ကိုယ် နားလည်နိုင်စွမ်း မြင့်မားသည့် ပုဂ္ဂိုလ်မှာ သေချာပေါက် ရိုးရှင်းလိမ့်မည် မဟုတ်ချေ။

“လူကြီးမင်း... ဒီကောင်က တပ်မက်ခြောက်ပါးဗိမ္မာန်ရဲ့ ဆက်ခံသူပဲ ...”

မိုဝူချင်က ဘေးမှ တိုးတိုးလေး ပြောလိုက်သည်။

“အိုး.. မင်း ငါ့ကို သေချာ ပြောပြစမ်း”

……

တစ်ဖက်တွင်၊ ချန်ရှစ်ထျန်းသည် ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအားများကို စုစည်းလို့နေသည်။ မှောင်မဲနေသော ကောင်းကင်ယံတွင် လျှပ်စီးစွမ်းအားတို့သည် သူ့ကိုယ်ပေါ်တွင် ရစ်ဝဲထားသည်။

သူသည် မုခ်ပေါက်ရှိ ဤထူးဆန်းသော အကောင်များကို တချက်တည်းဖြင့် ဖယ်ရှားရန် ကြိုးပမ်းနေသည်မှာ ထင်ရှားသည်။

“နတ်ဆိုးမိုးကြိုး သေခြင်းတရား!”

နောက်အခိုက်အတန့်တွင်၊ ၎င်းသည် မုခ်ဝထဲရှိ ထူးဆန်းသော သတ္တဝါအကောင်များကို တိုက်ရိုက်ထိမှန်ခဲ့သည်။

ဘုန်း! !

မှောင်ရိပ်သန်းနေသော ကောင်းကင်တစ်ခွင်လုံးတွင် မိုးခြိမ်းသံများဖြင့် ညံလျက် ၊ ခရမ်းရောင် လျှပ်စီးမိုးကြိုးသွားများက တဖျက်ဖျက် ရိုက်ခတ်နေသည်။

ပျက်သုန်းခြင်း၏ အဆုံးစွန်သော စွမ်းအားများကို မွေးမြူလိုက်သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားများက လူတိုင်းကို တုန်လှုပ်သွားစေသည်။

တခဏချင်းမှာပင်၊ ကောင်းကင်ယံမှ မရေမတွက်နိုင်သော အနက်ရောင် မိုးကြိုးသွားများ ဆင်းသက်လာခဲ့ပြီး ၊ ကြောက်စရာကောင်းသော ယင်းအနက်ရောင် မိုးကြိုးသွားများသည် မုခ်ပေါက်ကို ချက်ချင်း လွှမ်းမိုးသွားခဲ့သည်။

သို့သော် မိုးကြိုးမုန်တိုင်းများ ပျောက်ကွယ်သွားသည့်တိုင်အောင် မုခ်ပေါက်သည် မည်သည့် ထိခိုက်မှုမှ မရှိခဲ့ပေ။

ယင်းအစား ၊ ထိုထူးဆန်းသော သတ္တဝါကောင်များကို ပို၍ ဒေါသထွက်စေခဲ့သည်။

ဝေါင်းး!

ဟူးးး!

ထူထဲစွာ ပြည့်ကျပ်နေသော ယင်းသတ္တဝါကောင်များသည် အရူးအမူး မုခ်ပေါက်ထဲမှ ပြေးထွက်လာကြသည် ။

၎င်းတို့နှင့်အတူ ၊ ပုပ်သိုးနေသော အနံ့ဆိုးများသည်လည်း ပျံ့လွှင့်ထွက်ပေါ်လာသည်။

“ကျက်သတုံး၊ ချန်ရှစ်ထျန်း အဲ့သေနာကောင် သွားစွလိုက်တာ ဒီကောင်တွေ ‌ပိုပြီး ဒေါသထွက်သွားပြီ ၊ ပြေးကြဟေ့!”

ကျင့်ကြံသူ လူတစ်စုသည် သူတို့ရှေ့က မြင်ကွင်းကို မြင်တွေ့လိုက်ရသည်နှင့် အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားပြီး ထိတ်လန့်တကြားဖြင့် ဦးတည်ရာမဲ့ ထွက်ပြေးကြလေသည်။

ဤထူးဆန်းသော သတ္တဝါကောင်များသည် ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်မျိုး ရှိပေရာ လူကို ခုခံနိုင်စွမ်းမဲ့ရသည်အထိ ခံစားရစေသည်။

“ဘာကို ထွက်​​ပြေးမှာလဲ? ..ဒါက ကျုံယုံ(ငရဲကိုးထပ်) ရဲ့တံခါးပေါက်​ ဖြစ်​ရမယ်​၊ ဒီလိုအခွင့်​အ​ရေး​တွေကို ဘယ်​လိုလုပ် လက်​လွှတ်​ရ​မှာလဲ”

“ဟွန့်... ဒီကောင်တွေက အလကားကောင်တွေလေ ၊ ငါတို့လို အင်အားစုကြီးတွေရဲ့ အမွေဆက်ခံသူတွေက ဒီလိုကောင်တွေကို ကြောက်စရာလား”

“သတ်ပစ်! သူတို့ကို ဖျက်ဆီးပစ်!”

ဤနေရာသို့ လာရောက်ကြသူတိုင်း အင်အားစုကြီးတွေ၏ ထိပ်တန်း စွမ်းအားရှင်များ ဖြစ်ပေရာ ထုံးစံအတိုင်း မိမိကိုယ့်ကိုယ် အထင်ကြီးတတ်သူများပင် ဖြစ်ကြသည်။

သူတို့အမြင်အရ၊ ဤသတ္တဝါအုပ်စုသည် ထူးဆန်း‌သော်လည်း ၊ သို့သော် ထူးဆန်းသော တိရစ္ဆာန်ကောင်များထက် မပိုချေ။

အပိုင်း(၂၉၅): စူးချန်ကဲ၏ အစီအစဉ်

နောက်အခိုက်အတန့်တွင် စစ်ပွဲကြီးစတင်ခဲ့လေပြီ။

ထိုမုခ်ဝသည် မည်သည့်နေရာကို ဦးတည်ထားမှန်း မသိသော်လည်း ၊ အထဲမှ ထူးဆန်းသော သတ္တဝါကောင်များ ဆက်တိုက်ဆိုသလို ခုန်ထွက်လာသည်။

ဤတစ်ကြိမ်တွင်မူ ၊ လူတိုင်း ထိုသတ္တဝါအုပ်စု၏ အသွင်အပြင်ကို သေချာ တွေ့မြင်လိုက်ရပြီ ဖြစ်သည်။

အနက်ရောင် အခိုးအငွေ့များဖြင့် ဖုံးလွှမ်းနေကာ တစ်ကိုယ်လုံး ကျိုးပဲ့နေသည့် အကောင်များပင် ဖြစ်သည်။

အချိန်၏ တိုက်စားမှုကြောင့် အရိုးများ ဆွေးမြေ့နေပြီ ဖြစ်သော ၎င်းတို့၏ မျက်ခွံတွင်း၌ အနီရောင် မီးလျှံများက တဟုန်းဟုန်း တောက်လောင်နေလေသည်။

ဝတ်ဆင်ထားသော ကျိုးပဲ့နေသည့် ရှေးချပ်ဝတ်တန်ဆာ၏ အောက်တွင် ပုပ်ပွနေသော အသားစများကို မြင်နေရသည်။ သို့သော် ၎င်း၏ ပိန်လှီသော လက်များသည် မြေပြင်ပေါ်တွင် လျင်မြန်စွာ တွားသွားနိုင်သည်။

မျက်နှာက စိမ်းဖန်ကာ အစွယ်များရှိသည့်အပြင် နီမြန်းသော လက် ၊ ချွန်ထက်သော လက်သည်းများပါရှိသည့် ယက္ခဆာ တစ်ကောင်သည် ကျယ်လောင်စွာ ဟောက်လိုက်သည်။

…….

“ဒါ ဒဏ္ဍာရီထဲက အမှောင်သတ္တဝါ ‌များလား!?” ဝါရင့်ကျင့်ကြံသူ တစ်ဦးက ရုတ်တရက် ထအော်လေသည်။

အမှောင်သတ္တဝါများသည် ကမ္ဘာ့ကပ်ဘေးစစ်ပွဲကို အစပြုခဲ့သူများပင် ဖြစ်သည်။

ရှေးစာအုပ်များ၏ မှတ်တမ်းများအရ ၊ ထိုနေ့တွင် ကောင်းကင်ယံ၌ အနက်ရောင် နေမင်းကြီးသာ ရှိခဲ့သည်။

၎င်းသည် ရောင်စဉ်နက်များကို ဖြာကျစေကာ တစ်လောကလုံးကို အနက်ရောင်အဖြစ်သို့ ဆေးခြယ်ထားခဲ့သည်။

ယင်းအမှောင်ထုထဲတွင် ထာဝရ ရှေးဗိမ္မာန်ကြီးတစ်ခု ရှိနေခဲ့ပြီး ၊ မုခ်ပေါက်ဝကြီး ပွင့်လာသည်နှင့် တပြိုင်နက် မရေမတွက်နိုင်သော အမှောင် သတ္တဝါများနှင့် အမှောင်ထု ဧကရာဇ်သည်ပင် ထွက်လာခဲ့သည်။

၎င်းတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် သွေးမိုးများ စွန်းထင်ကာ ၊

သတ္တဝါအပေါင်း ဆိတ်သုန်းခဲ့ရသည်။

ကမ္ဘာ့ကပ်‌ဘေးစစ်ပွဲသည် ရုတ်ချည်းဆိုသလို ဖြစ်ပွားခဲ့ပြီး ၊ အချိန်တိုအတွင်းမှာပင် ဒေဝလောကကို သုတ်သင်ပစ်ခဲ့သည်။

လူသားမျိုးနွယ်၏ မရေမတွက်နိုင်သော မဟာ သူတော်စင် ပုဂ္ဂိုလ်များ၊ မကောင်းဆိုးဝါး မျိုးနွယ်စု၏ တော်ဝင် ဧကရာဇ်မင်းများ၊ ရှေးမျိုးနွယ်စုဝင်များသည် အတူတူ ပူးပေါင်းလက်တွဲကာ တိုက်ပွဲဝင်ခဲ့ကြသည်။နောက်ဆုံးတွင်မူ ၊ ကမ္ဘာကြီးတစ်ခုလုံး ပြိုကျပျက်စီးခဲ့ရပြီး ဒေဝလောကကြီးလည်း တုန်လှုပ်မြည်ဟည်းခဲ့ရသည်။

ထိုစစ်ပွဲကို ကမ္ဘာ့ကပ်ဘေး စစ်ပွဲဟု ခေါ်ဝေါ်ကြပြီး ၊ အမှောင်ထု၏ တိုက်ပွဲ ဟုလည်း ခေါ်ဆိုခဲ့ကြသည်။ ထိုခေတ်ကို အမှောင်ခေတ်ဟု ခေါ်တွင်ခဲ့သည်။

“မဟုတ်သေးပါဘူး! နတ်ဆိုးကမ္ဘာမှာ ဘာလို့ အမှောင်သတ္တဝါတွေ ရှိနေတာလဲ!”

“မင်းတို့ နတ်ဆိုးကမ္ဘာက အမှောင် သတ္တဝါတွေနဲ့ ပူးပေါင်းပြီး ငါတို့ကို တမင်လှည့်ဖြားခဲ့တာလား?”

“ နင့်မေချည်းတော် ! ငါတို့ နတ်ဆိုးကမ္ဘာက နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူတွေ ဆိုပေမဲ့ ဒီလို အောက်တန်းကျတဲ့ အရာတွေကို ဘယ်တော့မှ မလုပ်ဘူး၊ ပြီးတော့ မရဏကမ္ဘာကလည်း အဲ့ဒီစစ်ပွဲကြီး ဖြစ်တုန်းက နယ်မြေတွေ ကွဲသွားခဲ့တာ ၊ဒီအမှောင်သတ္တဝါတွေ ရှိနေတာ ပုံမှန်ပဲ မဟုတ်လား?”

“မင်းတို့ရဲ့ တိုက်မြေသုံးထောင်မှာရော အမှောင်သတ္တဝါတွေ မရှိလို့လား?”

နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူ တစ်ဦးက မကျေ‌နပ်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

ထိုအနှီလူ၏ စကားကြောင့် ဘာမှထပ်မဆိုတော့ပေ။

နတ်ဆိုးလောက၏ ကျင့်ကြံသူ ပြောခဲ့သော ထိုစကားသည် တကယ်တော့ မှန်ပေသည်။

ကမ္ဘာ့ကပ်ဘေးစစ်ပွဲအပြီးတွင်၊ အမှောင်ထုကြီးသည် ခေတ္တပြန်ဆုတ်သွားသော်လည်း ၊ ကျန်ရှိနေခဲ့ကြသော အမှောင်သတ္တဝါများကို ချေမှုန်းနိုင်ရန် ဒေဝလောကမှ ၎င်းတို့၏ စွမ်းအားများကို စုစည်း၍ နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့ရပြန်သည်။

သို့သော် ဒေဝလောကတွင် ပုန်းအောင်းနေသော အမှောင်သတ္တဝါများ လုံးလုံးလျားလျား ကင်းစင်သွားပြီ ဟူ၍ အာမခံချက်မရှိချေ။

……

မုခ်ဝမှ ထူးဆန်းသော အကောင်များ ဆက်တိုက်‌ဆိုသလို ထွက်လာနေသည့်အလျောက် ၊ ဤနေရာတွင် ရောက်ရှိနေသူ တော်တော်များများသည်လည်း ထိပ်တန်း အင်အားစုများ၏ ထူးချွန်သော အမွေဆက်ခံသူများပင် ဖြစ်သည်။

သူတို့အ‌နေဖြင့် ဤထူးဆန်းသော အကောင်များကို ကြောက်ရွှံ့လိမ့်မည် မဟုတ်ပေ။

သူတို့အားလုံးသည် မိမိတို့၏ ကျင့်ကြံစွမ်းအားကို အသုံးချကာ တိုက်ပွဲဝင်ခဲ့ကြသည်။

ဤအချိန်ကာလအတောအတွင်း ၊

မှောင်ရိပ်သန်းနေသော ညကောင်းကင်ယံတွင် ကမ္ဘာမြေကိုတောင် တုန်လှုပ်သွားစေသည့်

စွမ်းအင်လှိုင်းများနှင့်အတူ တောက်လောင်နေသော ရောင်စဉ်အလင်းများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာနေသည်။

ဘုန်း!

ကျယ်လောင်သော ပေါက်ကွဲသံတို့သည် တိတ်ဆိတ်နေသော ကမ္ဘာမြေပေါ်တွင် ပဲ့တင်ထပ်လျက် ရှိပေသည်။

အမျိုးမျိုးသော မှော်စွမ်းအားတို့သည် ဤညအမှောင်ကြီးတွင် မျိုးစုံသော ရောင်စဉ်ပန်းများကို အစွမ်းကုန် ပွင့်လန်းပေးလျက် ရှိသည်။

…..

သို့သော် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေသော လူအုပ်ကြီးထဲတွင် ၊

လူကိူ ဖမ်းစားမိစေသော လူတစ်စု ရှိနေသည်။

၎င်းတို့သည် ဓားအစီအရင်ကို ဖွဲ့စည်းကာ သူတို့ကိုယ်သူတို့ ကာကွယ်ပေးထားပြီး ၊တောင်နောက်တွင် ပုန်းအောင်းနေကြသည်။

ကျင့်ကြံသူ လူအချို့သာ ဤအချင်းအရာကို မြင်တွေ့ခဲ့မည်ဆိုပါက ၊ ဆွံ့အသွားနိုင်သည်။ အကြောင်းမှာ သူတို့အားလုံးသည် ဓားကျင့်ကြံသူများ ဖြစ်နေသည်။

ကျင့်ကြံလောကတွင် ၊ ဓားကျင့်ကြံသူများသည် ခေါင်းမာသူများအဖြစ် နာမည်ကြီးသည်။ အဘယ့်ကြောင့်ဆိုသော် ဓားရေးပညာရပ်တွင် မဆိုင်းမတွ ရှေ့ကို ဆက်သွားဖို့က အရေးကြီးသော အရာတစ်ခုပင် ဖြစ်သည်။ မည်သည့်အခက်အခဲ မဆို ၊ သို့မဟုတ် မည်သည့် ဆုတ်ယုတ်မှုမဆို ဓားသမားတစ်ယောက်၏ လက်ထဲတွင် အရာအားလုံး ပျက်သုန်းစေရမည် ဖြစ်သည်။

ယခုလို ထူးဆန်းသော သတ္တဝါကောင်များကို သုတ်သင်ရှင်းလင်းရမည်ကို ထည့်မပြောခင် ၊ မည်သည့် ဓားသမားမဆို ထိုကဲ့သို့ ပြုမှုလုပ်ဆောင်ရန် တာဝန်ရှိပေသည်။

သို့သော် ထိုသူတို့သည် မိမိပိုက်ကွန်တွင် ဝင်ရောက်လာသော အကောင်တချို့ကိုသာ ရှောင်တခင် သတ်ပစ်ခဲ့သည်။

ဒါတင်မက လက်ဖက်ရည်သောက်ရင်း အေးအေးလူလူ စကားစမြည် ပြောနေလေ၏။

“အိုင်ယား ငါ့တူ အောက်ထျန်း ရဲ့ လျစ်လျူရှုခြင်းလမ်းစဉ်က တကယ်ကို အံ့သြစရာပဲ!”

T/N - လျစ်လျူရှုခြင်းလမ်းစဉ် ဆိုတာက အွန်လိုင်းစာပေ အမျိုးအစားတွေထဲမှာဆို ကျင့်ကြံလောကထဲ ဝင်ရောက်လာတဲ့ Mc က စောစောစီးစီး သေမှာဆိုးလို့ အရင်ဆုံး တိုးတိုးတိတ်တိတ် ကျင့်ကြံဖို့ကို ရွေးချယ်တယ် တကယ်တော့ သူတို့က အလွန် အစွမ်းထက်တဲ့MCတွေ ဖြစ်နေတာမျိုးပေါ့

ဟုန်ချန်ဓားသခင်သည် တဖက်က ဝိုင်သောက်ရင်း ၊ တဖက်ကလည်း ပြုံးရယ်ရင်း ဝူကျီအောက်ထျန်း၏ ပုခုံးကို အသာလေး ပုတ်လိုက်သည်။

“ ငါ့တူလေးမှာ ဒီလို အရည်အချင်းမျိုး ရှိတယ်ဆိုတာ စောစောကတည်းက သိခဲ့ရင် ၊ ငါအရင်က ဒီလောက်ထိ ပင်ပန်းခဲ့မှာ မဟုတ်ဘူး!”

“ဟီးဟီး…ဆရာ ဦးလေး အရမ်းချီးကျူးနေတာပါ ၊ ကျွန်တော်က ကျွန်တော်ကျင့်သုံးတဲ့ လမ်းစဉ်ကို မျှဝေပေးရုံပါ!”

“ ဟားဟား ! ငါသိတယ်၊ ငါသိတယ်! “

ဟုန်ချန်ဓားသခင်က ဝူကျီအောက်ထျန်း၏ ပခုံးကို ထပ်မံ ပုတ်လိုက်ရင်း ။

“မြင့်မြတ်သော လမ်းစဉ် သုံးထောင်မှာ လျစ်လျုရှုခြင်း လမ်းစဉ်က ဘုရင်ပဲ “

ဝူကျီအောက်ထျန်း၏ “ကုံ ကျမ်းစာအုပ် “သည် လော့ဟယ်ဓားဂိုဏ်းတွင် အလွန်ရေပန်းစားသည်ဟု ဆိုနိုင်သည်။

T/N - ကုံ ဆိုတဲ့အဓိပ္ပာယ်က ၊ အင်တာနက်ဘန်းစကားအရ ဂိမ်းပြီးဆုံးချိန်အထိ အသက်ရှင်ကျန်ရစ်ပြီး ဖိုင်နယ်ထိ လုံခြုံစွာ ဝင်ရောက်နိုင်ခြင်းကို ပြောတာပါ ၊

ယင်းက သူတို့ဂိုဏ်း၏ အငွေ့အသက်ကိုပင် အချိန်အတိုင်းအတာတစ်ခုအထိ ပြောင်းလဲသွားစေခဲ့သည်။

ဤအကြောင်းကြောင့်လည်း ဂိုဏ်းအနေဖြင့် ဒေါသထွက်ခဲ့ရသော်လည်း ၊ သို့သော် ဤကျမ်းစဉ်ကို ထောက်ခံသူ များလွန်းသောကြောင့် စည်းမျဉ်ဥပ‌ဒေအရ အပြစ်ပေးခြင်းတော့ မရှိပေ။

“ဆရာဦိးလေးက နားလည်ပေးမှုရှိလို့ပါ “

ဝူကျီအောက်ထျန်းက လက်နှစ်ဖက်ကို လျှက်ကာ ပြုံးရွှင်စွာ ဆိုလိုက်သည်။

ဝူကျီအောက်ထျန်း၏ အမြင်အရ ၊ ဤတိုက်မြေသုံးထောင်တွင် ထူးချွန်သော လူများဖြင့် ပြည့်နှက်နေသည်။

လူ့ဘီလူးဖြစ်သည့် စူးချန်ကဲတစ်ယောက်တည်းနဲ့တင် ၊ ဧကရာဇ်မင်းတစ်ပါး ဖြစ်ရမည့် မျှော်လင့်ချက်တို့သည် မှေးမှိန်ခဲ့ရပြီ ဖြစ်သည်။

အခြားလူငယ် ထိပ်တန်းပါရမီရှင်များကို ထည့်ပြောစရာပင် မလိုတော့ချေ။

ဤကမ္ဘာကြီးသည် ကြီးမားကျယ်ဝန်းပေသည်။ လောကတွင် ဝန်ထုပ်ဝန်ပိုးကို ထမ်းကာ ရှေ့ဆက်လျှောက်လှမ်းမည့် သူများလည်း ရှိသည့်အလျောက် ၊ အေးချမ်းသော နေ့ရက်များကို နှစ်သက်သဘောကြသူများလည်း ရှိပေသည်။

မိမိသည် အေးချမ်းသော နေ့ရက်များကို နှစ်သက်သူတစ်ယောက် ဖြစ်နေသည်မှာ ကောင်းသော အချက်ပင် မဟုတ်လော။

“ စူးချန်ကဲ ဒီလူ့ဘီလူးကို ဖယ်ရှားနိုင်တဲ့တစ်နေ့ ၊ ကျွန်တော် ပြိုင်ဘက်ကင်းသမား ဖြစ်ပြီ မဟုတ်လား”

ဝူကျီအောက်ထျန်းတစ်ယောက် မျှော်လင့်ချက်များ အပြည့်ဖြင် ။ လက်ရှိတွင် အစွမ်းထက်ဆုံး ဓားသခင် ဝမ်ချွမ်ဓား ပင်လျှင် သူ၏ အတွေးအခေါ်ကို သဘောတူထားသည်။

ဝူကျီအောက်ထျန်းဆိုတဲ့ သူက ဘာကို ကြောက်နေရဦးမှာလဲ?

သူသည် မိမိ၏ လျစ်လျုရှုခြင်း လမ်းစဉ်ဆိုင်ရာ အခြေခံမူများကို အဆုံးထိ အကောင်အထည်ဖော်ချင်ရုံသာမက ၊ လော့ဟယ်ဓားဂိုဏ်းကိုလည်း တိုက်မြေ သုံးထောင်၏ ဆဋ္ဌမမြောက် ဂိုဏ်းအဖြစ် မြှင့်တင်လိုခဲ့သည်။

…….

လော့ဟယ် ဓားဂိုဏ်း၏ သာယာနေသော အခြေအနေနှင့် နှိုင်းယှဉ်ရမည်ဆိုပါက ၊ အပြင်တွင် ကျင့်ကြံသူများနှင့် ထူးဆန်းသော သတ္တဝါများကြားက တိုက်ပွဲသည် ပို၍ ပြင်းထန်လာသည်။

မရေမတွက်နိုင်သော ယင်းထူးဆန်းသော သတ္တဝါတို့သည် ရန်သူ၏ ဖြိုခွင်းခြင်းကို ခံလိုက်ရပြီး အနက်ရောင် အခိုးအငွေ့များ အဖြစ်သို့ ပျောက်ကွယ်သွားကြသော်လည်း၊ အလွန်အစွမ်းထက်သော ကျင့်ကြံစွမ်းအား ရှိသည့် အကောင်အချို့သည် အုပ်လိုက် ကျူးကျော်ဝင်ရောက်လာခဲ့ပြီး သွေးထွက်သံယို မုန်တိုင်းတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

“ချီးပဲ၊ ငါတို့ရဲ့ မှော်ပညာက ဘာလို့ ဒီကောင်တွေပေါ်မှာ အလုပ်မဖြစ်တာလဲ?”

ကျင့်ကြံသူ တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သူသည် စောနက မိမိ၏ ကျင့်ကြံစွမ်းအားများကို အသက်သွင်းကာ ထူးဆန်းသော သတ္တဝါအကောင်များ၏ ကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်နှက်ပစ်ခဲ့သည်။

သို့သော် ယင်းအကောင်များကို ရစ်ဝဲထားသော အမှောင်စွမ်းအားများ၏ တိုက်ရိုက် နှိမ်နှင်းခြင်းကို ခံလိုက်ရပြီး ၊ ၎င်းတို့သည် တစက်ကလေးမှ ထိခိုက်မှုမရှိခဲ့ပေ။

“ထိပ်တန်း အင်အားစုကြီးတွေရဲ့ အမျိုးအနွယ်တွေ ဘယ်မှာလဲ? အခုထိ ဝင်မပါကြ‌ဘူးလား?!”

“ ချန်ရှစ်ထျန်း ဟိုကောင် လူယုတ်မာ ဘယ်မှာသွားပုန်းနေလဲ မသိဘူး “

“……”

ကျင့်ကြံသူ အချို့သည် စစ်ပွဲတွင် ထိပ်တန်း အင်အားစုကြီး၏ အမျိုးအနွယ်များ မရှိမှန်းကို သိလိုက်ရသည်နှင့် ပို၍ပင် ဒေါသထွက်ခဲ့ကာ ကျိန်ဆဲကြတော့သည်။

သူတို့ဘက်က ပို၍ အားနည်းလာသည်မှာ အံ့သြစရာ မရှိတော့ပေ။အဘယ့်ကြောင့်ဆိုသော်

ထိုထိပ်တန်း ပါရမီရှင်များသည် ဤတိုက်ပွဲတွင် တစက်ကလေးမှ ပါဝင်စွက်ဖက်ခြင်း မရှိခဲ့ပေ။

၎င်းတို့သည် မိမိကိုယ်မိမိ ကာကွယ်ရန် အမှောင်ထဲတွင် ပုန်းခိုနေခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိ၏ ဝိညာဉ်စွမ်းအင်များ အလဟဿ ဖြုန်းတီးခံလိုက်ရမည်ကို စိုးရိမ်နေကြသည်။ ကျုံယုံ(ငရဲကိုးထပ်)သို့ ဝင်ရောက်ပြီးနောက်တွင် ၊ မိမိထက် အင်အားကြီးမားသော လူနှင့် တွေ့ဆုံပြီး သတ်ဖြတ်ခံရမည်ကို ကြောက်ရွံ့ပေရာ ၊ သို့ဖြစ်၍ မိမိ၏ ကာကွယ်ရေးကိုသာ အာရုံစိုက်ထားသည်။

ဤအရာက အမှောင်သတ္တဝါအုပ်စုအား အခွင့်ကောင်းယူရန် အခွင့်အရေးပေးခဲ့သလို ဖြစ်ခဲ့ပြီး ၊ ကျင့်ကြံဆင့် နိမ့်သော ကျင့်ကြံသူများသည် ၎င်းတို့၏ အရူးအမူး သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

“ မင်းတို့ရဲ့ ကျင့်ကြံစွမ်းအား ဒီလောက်မြင့်မားနေတာတောင် ဘာလို့ အခုထိ ဝင်မစွက်ဖက်သေးတာလဲ!?”

“ မင်းတို့က လူ မဟုတ်ဘူး ! ကိုယ့်လူအချင်းချင်း သေမှာကို မြင်ရဲ့သားနဲ့ မကယ်ဘူး!!”

“ငါ မသေချင်သေးဘူး…ငါ မသေချင်သေးဘူး…!”

“……”

ကျင့်ကြံသူ တော်တော်များများ ဤထူးဆန်းသော သတ္တဝါများ၏ အကြင်နာမဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ဤနေရာတွင် ကျိန်ဆဲသံများ၊ အကူအညီ တောင်းသံများနှင့် ငိုကြွေးသံများသည် ငရဲမှ သံစဉ်ကဲ့သို့ ပဲ့တင်ထပ်လို့ နေသည်။

ဟင်းလင်းပြင် ကွက်လပ်၏ ထောင့်နေရာတွင်၊

စူးချန်ကဲသည် ဤအရာအားလုံးကို ကြည့်ရှုနေပြီး ၊ အနည်းငယ် ပြုံးရယ်လိုက်သည်။

“ ငါတို့ ဝင်ပါဖို့ အချိန်တန်ပြီ “

စူးချန်ကဲသည် လော့ရန်ယွီဘက်သို့ လှည့်ကြည့်ကာ ဆိုလိုက်သည်။

“ဒါက အားလုံးရဲ့ နှလုံးသားကို အနိုင်ယူနိုင်မယ့် အခွင့်အရေးကောင်းပဲ၊ လော့နတ်ဘုရားမအနေနဲ့ အကောင်းဆုံး ပြသပေးစေချင်ပါတယ် “

လော့ရန်ယွီအနေဖြင့် နားမလည်နိုင်သည့် အချက်တချို့ ရှိနေသည်။

“ ချန်ကဲ ဆက်ခံသူရဲ့ စရိုက်အရ ၊ ရှင် ဒီလူတွေကို အကြောင်းပြချက်မရှိဘဲ ကယ်တင်မှာ မဟုတ်ပါဘူး “

“ ဘာလို့ ဒီတစ်ခေါက် ဝင်စွက်ဖက်ဖို့ ဆုံးဖြတ်ခဲ့တာလဲ?”

လော့ရန်ယွီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

သူမ၏အမြင်အရ စူးချန်ကဲသည် လူကောင်းတစ်ယောက် မဟုတ်သည်မှာ သေချာပေသည်။

မည်သို့ပင်ဆိုစေကာမူ ၊ စူးချန်ကဲအနေဖြင့် သူ၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ကွေးယွမ် သူတော်စင် နယ်မြေ၏ အကျိုးစီးပွားကို ဦးစွာထားမည်ဖြစ်ပြီး ၊ အကြောင်းပြချက်မရှိဘဲ ကူညီလိမ့်မည် မဟုတ်ချေ။

ထို့အပြင် ဤနေရာတွင် ထူးဆန်းသော သတ္တဝါအကောင်များစွာ ရှိပေရာ ၊ အကယ်၍ မိမိ၏ ကျင့်ကြံစွမ်းအားများ အလဟဿ ဆုံးရှုံးသွားပါက ၊

ကျုံယုံ(ငရဲကိုးထပ်)ထဲ ဝင်ပြီးနောက် ၊ အခွင့်အရေးများ ဆုံးရှုံးသွားနိုင်သည်။

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ၊

“ဟုတ်တယ်၊ ဒါပေမယ့် ငါ့အမြင်အရတော့ ဒီနေရာမှာ အားသာချက်တွေက အားနည်းချက်တွေထက် ပိုများနေတယ်”

“ ဒီအောက်က လူတွေက သာမန်အင်အားစုက အမွေဆက်ခံသူ မျိုးဆက်တွေ ဒါမှမဟုတ် နာမည်ရှိတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေပဲ “

“လူတွေ စိတ်သောကရောက်နေချိန် မျှော်လင့်ချက် ပေးခြင်းက ဘဝသစ် တစ်ခု ပေးလိုက်သလိုပဲ ၊ သူတို့ရဲ့ ကျင့်ကြံစွမ်းအားတွေက ဘာမှအရေးမပါပေမဲ့ “

“ဒါပေမယ့် ဒီလှုပ်ရှားမှုက တဆင့် သူတို့ရဲ့ ယုံကြည်မှုကို ရအောင်ယူခြင်းက ၊ ငါတို့ ကျုံယုံ(ငရဲကိုးထပ်) လက်ရည်စမ်းပွဲ မှာ သူတို့က ငါတို့အတွက် အသုံးဝင်လာလိမ့်မယ်”

အပိုင်း(၂၉၆): ဓားစွမ်းအင်၏ ဖျက်စီးမှု

“ရှင်ဆိုတဲ့ အကောင်က…”

စူးချန်ကဲ၏ ထိုစကားမျာကို ကြားသည်နှင့် ၊ လော့ရန်ယွီ၏ လှပသော မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ရသည်။

“ တကယ်ကို အကြံကြီးတာပဲ !”

“မင်းပြောတာ သိပ်ကို နားထောင်ကောင်းတာပဲ၊ ဒါပေမဲ့ နောက်တစ်ခါ ထပ်မပြောနဲ့တော့”

စူးချန်ကဲသည် သူမကို လှည့်ကြည့်လိုက်ရင်း အပြုံးမပျက် ဖြေလိုက်သည်။

“ဒါကို လှည့်ကွက် အသေးစားလို့ ခေါ်တယ်”

လော့ရန်ယွီ တစ်ယောက် စူးချန်ကဲ၏ ကျောပြင်ကို ကြောင်တက်တက်ဖြင့် ကြည့်နေမိသည်။

စူးချန်ကဲသည် လာဘ်ကြိုမြင်တတ်သည် ဟု မဖြစ်မနေ ဝန်ခံရပေမည်။

မူလက သူမသည်လည်း ပါဝင်စွက်ဖက်ရန် စိတ်ကူးမရှိခဲ့ချေ။ကိုယ်နှင့် မသက်ဆိုင်သော လူများစွာအတွက် မိမိ၏ ခွန်အားကို ဖြုန်းတီးခြင်းသည် ကျုံယုံ(ငရဲကိုးထပ်)သို့ ဝင်ရောက်ပြီးနောက်တွင် ထိခိုက်မှု အကျိုးဆက် ဖြစ်သွားနိုင်သည်။

အကယ်၍ အင်အားကြီးမားသော အင်အားစုတချို့၏ သားမြေးများက သူတို့ချင်း ပူးပေါင်းကာ တိုက်ခိုက်လာခဲ့မည်ဆိုပါက ၊ ကိုင်တွယ်ရခက်မည်‌ကို စိုးရသည်။

“ဒီကောင် စူးချန်ကဲမှာ အရန်အစီအစဉ်ရှိလို့လား?”

လော့ရန်ယွီသည် ပဟေဠိဖြစ်နေသော်လည်း ၊ စူးချန်ကဲ၏ ညွန်ကြားချက်ကို လိုက်နာနေဆဲပင် ဖြစ်သည်။

……

တစ်ချိန်တည်းမှာပင် တိုက်ပွဲအတွင်း၌ ၊

နေရာတစ်ခုလုံး ညည်းတွားသံများဖြင့် ပြည့်နှက်နေပြီး ၊ သွေးများ လှိုင်လှိုင်ထလျက် ရှိသည်။

ထူးဆန်းသော သတ္တဝါများသည် မုခ်ဝထဲမှ ဆက်တိုက်‌ဆိုသလို ခုန်ထွက်လာကြပြီး ၊ တိုက်ပွဲဝင်နေကြသော ကျင့်ကြံသူများအနေဖြင့် ၎င်းတို့ကို တားစီးရန် လုံလောက်သော စွမ်းအားများ ရှိမနေခဲ့ချေ။

တယောက်ပြီး တယောက် ရှုံးနိမ့်ကာ ထွက်ပြေးခဲ့ရသည်။

မိန်းကလေးငယ်တစ်ဦးသည် ထွက်ပြေးနေစဉ် လူအုပ်ကြီးနှင့် ဝင်တိုက်မိကာ မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည်။

“ ကယ်ကြပါဦး ၊ ကယ်ကြပါဦး!”

သူမ၏ အော်သံတွင်​ အဆုံးမရှိ​သော အ​ကြောက်​တရားများဖြင့် ပြည့်နှက်နေသည်။

ယခုမူကား ၊ လူအုပ်ကြီးသည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်နေပြီး ၊ သူမကို မည်သူကများ ဂရုစိုက်နိုင်မည်နည်း။

လူတိုင်းက မမြင်ချင်ယောင်ဆောင်ပြီး ၊ မိမိအသက်အတွက် ထွက်ပြေးဖို့ကိုသာ ရွေးချယ်ခဲ့ကြသည်။

“ မဟုတ်မှလွဲ‌ရော… ဒီနေ့ ငါ သေရတော့မှာလား…?”

မိန်းကလေးသည် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးစုံမှိတ်ထားသည်။

သူမသည် ဝေးလံခေါင်သီသော မြို့ရွာလေးမှ တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦးဖြစ်သည်။ သူမ၏ မိဘများသည် သာမန်မိသားစုတစ်ခုက ဖြစ်ပြီး ၊သူမသည် တစ်ဦးတည်းသော သမီးဖြစ်သည်။

သူမသည် ကျင့်ကြံလောကထဲသို့ ခဲရာခဲစစ် ဝင်ရောက်ခဲ့ပြီး ၊ ယခု ကျုံယုံ(ငရဲကိုးထပ်)တွင် အခွင့်အရေးများ ရလိုရငြား လာရောက်ခဲ့ခြင်း ဖြစ်သည်။

အခုတော့ ဒီမှာပဲ သေရတော့မှာလား?

ဝေါင်း!!

သူမနောက်တွင် ရက်စက်ကြမ်းကြုတ်သော ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

အမှောင်သတ္တဝါတစ်ကောင်သည် သူမထံသို့ ချဉ်းကပ်လာခဲ့သည်။

သူမသည် မျက်လုံးစုံမှိတ်လျက် သေဖို့ရန် အသင့်ပြင်ထားချိန် ၊

“ဖြတ် ! “

ထိုစဉ် ၊ ကောင်းကင်ပေါ်မှ အမျိုးသားတစ်ဦးသည် သူ၏ မန္တာန်ကို တီးတိုးရွတ်ဆိုလိုက်သည်။

ရွှမ်း!!

နောက်အခိုက်အတန့်တွင် စူးရှသော ဓားအလင်းတန်းသည် ပေထောင်ချီမြင့်သော ကောင်းကင်ယံ၌ ထွက်ပေါ်လာခဲ့သည်။

လျှပ်စီးမိုးကြိုးများသဖွယ် တဖျက်ဖျက် လက်နေသော ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်တို့သည် မိုးကြိုးဟောက်သံကို ထုတ်လွှတ်ပေးနေပြီး ၊ ဤညအမှောင်ကြီးကို ဝင်းထိန် တောက်ပသွားစေသည်။

ထို့နောက် ချက်ချင်းပင် ၊ ကောင်းကင်ယံ၌ စုဝေးနေခဲ့သော ဓားစွမ်းအင်တို့သည် ဤကမ္ဘာမြေကြီးဆီသို့ ဆင်းသက်လာခဲ့သည်။

၎င်းဓားစွမ်းအင်တို့သည် ချက်ချင်းဆိုသလို ဓားအလင်းကာတစ်ခုကို တည်ဆောက်ခဲ့သည်။

၎င်းသည် ဤအမှောင်ကမ္ဘာကြီးကိုပင် နေ့အလင်းရောင် အဖြစ် ဝင်းထိန်သွားစေသည်။

ဘုန်း !!

ကြီးမားသော ပေါက်ကွဲသံများကြားတွင် ၊ တောက်ပနေသော ဓားအလင်းတန်းသည် ကြီးမားသော မုခ်ပေါက်ဆီသို့ ဦးတည်သွားလေသည်။

အရာအားလုံး ငြိမ်သက်သွားပြီး နောက်မှာတော့၊

ထိုအနှီ မိန်းကလေး၏ ရှေ့တွင် ရှိနေခဲ့သော ထူးဆန်းသော သတ္တဝါတစ်စုသည် မီးခိုးဖြူများအဖြစ်သို့ ပြောင်းလဲသွားရကာ ပျောက်ကွယ်သွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်သည် ဤနေရာတစ်ခုလုံးကို တိုက်ရိုက်လောင်ကျွမ်းစေခဲ့ပြီး ၊ ကျောက်တုံးများပင် ချော်ရည်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

“ ဒါ ဘယ်လိုလုပ်….?”

မိန်းကလေးမှာ ဤအရာအားလုံးသည် အစစ်အမှန်မဟုတ်သည့်အတိုင်း ခံစားနေရပြီး ၊ ဤမြင်ကွင်းကို ဗြောင်ကျကျ စိုက်ကြည့်နေမိသည်။

ဓားစွမ်းအင်သည် သူမအပေါ်သို့ လုံးဝထိခိုက်ခြင်းမရှိဘဲ ၊ သူမ မျက်စိရှေ့တွင် ရှိနေခဲ့သော အကောင်အုပ်လိုက်ကို အမှန်တကယ် သုတ်သင်ပစ်ခဲ့သည်။

သူမသည် မြင့်မြတ်သောလမ်းစဉ်ကို နှစ်အတော်ကြာ ကျင့်ကြံခဲ့ပြီး ၊ သူမမြင်ဖူးသော သန်မာသော မျိုးဆက်ဟောင်းများပင်လျှင် ဤလောက်ထိ အစွမ်းမထက်လှချေ။

“မင်းမှာ ဘာမှလုပ်စရာမရှိတော့ဘူး ဆိုလည်း မြန်မြန် ထွက်သွားလိုက်တော့ ၊ ကျန်တာ ငါတို့နှစ်ယောက်ကို လွှဲခဲ့လိုက် “

ဝေဟင်ပေါ်မှ အေးစက်စက် ယောက်ျားအသံ ထွက်ပေါ်လာခဲ့ပြန်သည်။

လူတိုင်းအသံလားရာကို လှည့်ကြည့်လိုက်သည်။

ကြောက်ရွံ့ထိတ်လန့်နေသော မျက်လုံးများထဲတွင် ပျော်ရွှင်မှု အရိပ်အမြွက်များ ရှိနေခဲ့သည်။

ဤအမှောင်ညတွင် ပြိုးပြိုးပျက်ပျက် တောက်ပနေသော လူနှစ်ဦးသည် ဝေဟင်၌ ရှိနေခဲ့ပြီး ၊ အနက်ရောင် မြူခိုးများ ကွယ်ပျောက်သွားချိန်မှာတော့ ထိုအနှီ ပုဂ္ဂိုလ်နှစ်ဦး၏ ရုပ်သွင်ကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။

“ ဒီအမျိုးသမီးက … ယောင်ချီ သူတော်စင်နယ်မြေက နတ်ဘုရားမ လော့ရန်ယွီ!”

ကျောက်စိမ်းအလား ထင်မှတ်ရသည့် မျက်နှာသွင်ပြင် ၊ တောက်ပသော မျက်လုံးများနှင့် ဖြူဖွေးသောသွားများ ၊ ခန္ဓာကိုယ်အချိုးအစားပြေပြစ်သော ပြိုင်ဖက်ကင်းပေသည့် အမျိုးသမီးတစ်ဦးကို သူတို့ တွေ့လိုက်ရသည်။

သူမ၏ ဝတ်ရုံဖြူ စကပ်သည် လေနှင့်အတူ ကခုန်လွှင့်မျောနေသည်မှာ ထူးကဲသော အသွင်အပြင်ကို ဆောင်ကျဉ်းပေးနေသည်။

အောက်ကမ္ဘာကို ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ လူတိုင်းကို အံ့သြသွားစေသည်။

ထိုအမျိုးသမီးနှင့် ယှဉ်ရင် ၊ သူမဘေးနားကအမျိုးသားသည် လူတိုင်း၏ အာရုံကို ပိုပြီး ဖမ်းစားနိုင်သည်။

ထို့အပြင်၊ အချို့သော သူတို့သည် ဤမြင်ကွင်းကို မယုံနိုင်သကဲ့သို့ မိမိ၏ မျက်လုံးများကိုပင် ပွတ်သပ်ကာ ကြည့်ယူရသည်။

“အဲဒီလူက… ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ စူးချန်ကဲ! “

စူးချန်ကဲ၏ ဂုဏ်သတင်းသည် ယခုအချိန်တွင် တိုက်မြေ သုံးထောင်တစ်ခွင်သို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။

ကွေးယွမ် သူတော်စင်နယ်မြေ အကြောင်း သင် မသိရင်တောင် ရသေးသည်။ သို့သော် ၊ စူးချန်ကဲ အကြောင်းကိုတော့ သင် မသိလို့ မဖြစ်။

အနှိုင်းမဲ့ သူတော်စင် ခန္ဓာကိုယ်ပိုင်ရှင်။

ဇီဖူကြယ်ဆယ်လုံးထိ အောင်မြင်နိုင်ခဲ့သူ ။

ပထမဆုံးထာဝရစစ်ပွဲကိုဆင်နွှဲပြီး ၊ မရေမတွက်နိုင်သော ပါရမီရှင်များကို တစ်ဦးချင်း စိန်ခေါ်ခဲ့သူ။

ခွင်းလွင်တောင်တွင် သူတော်စင်အရှင် အဖြစ် တတ်လှမ်းနိုင်ခဲ့ပြီး ၊ ထောင်ပေါင်းများစွာသော သူတော်စင်အရှင် ပုဂ္ဂိုလ်များကို သတ်ဖြတ်ခဲ့သူ။

ဒါတင်မက ကွေးယွမ် သူတော်စင် နယ်မြေသည် ဤစူးချန်ကဲအတွက် ထာဝရစစ်ပွဲကြီးကို နှစ်ကြိမ်တိုင်တိုင် ဆင်နွှဲခဲ့သည်။

စူးချန်ကဲ၏ ခန္ဓာကိုယ်ပေါ်တွင် သက်ဝင်လှုပ်ရှားနေသော တောက်ပမှုထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းသော အရိပ်အယောင်များ ရှိနေသည်။

ရတနာ ကိုယ်ထည်မှ ဖြာထွက်လာသော အလင်းတို့သည် အလွန်အစွမ်းထက်သော ရောင်ဝါကိုထုတ်ဖော်ပြသနေပြီး ၊ လူတိုင်းကို အလိုအလျောက် ဦးညွှတ်လိုစိတ် ဖြစ်ပေါ်စေသည်။

အောက်က လူများသာမက အမှောင်ထဲတွင် ပုန်းအောင်းနေသော ထိပ်တန်း အင်အားစုအချို့မှ ဆက်ခံသူများသည်လည်း ဤမြင်ကွင်းကို သတိပြုမိကြသည်။

“ငါးကြီးကြီး ထွက်လာမယ်လို့ မမျှော်လင့်ထားဘူး၊ စူးချန်ကဲ ဒီကောင် တကယ်ပဲ ဝင်စွက်ဖက်ဖို့ ဆုံးဖြတ်ထားတာပဲ “

“ဟားဟား….သူက တခြားသူတွေရဲ့ ကိစ္စမှာ ဝင်စွက်ဖက်ရတာကို ကြိုက်မှတော့ အသာလေး လွှတ်ထားလိုက် “

“ဘာမှအသုံးမဝင်တဲ့ အမှိုက်တွေကို ကယ်တယ်ဆိုတော့ ၊ ကြည့်ရတာ သူ့ဦးနှောက် ပျက်နေပြီပဲ “

“သူ ကယ်တင်ချင်တယ်ဆိုလည်း ကယ်တင်ခွင့်ပြုလိုက်ပေါ့ ၊ သူ ဒီအကောင်တွေကို ဖျက်ဆီးပြီးတာနဲ့ ငါတို့က အခြေအနေကို အခွင့်ကောင်းယူပြီး ကျုံယုံ(ငရဲကိုးထပ်)ကို ဝင်ရောက်ရုံပဲ “

“…….”

အမှောင်ထဲတွင် ပုန်းနေကြသူတိုင်း ပြက်ရယ်ပြုနေကြသည်။ သူတို့၏ အမြင်အရ ၊ စူးချန်ကဲ၏ ဤလှုပ်ရှားမှုသည် အလကားပင်ဖြစ်သည်။

ဒီလို အမှိုက်တွေကို ကယ်တင်ပြီး ၊ ဘယ်နေရာမှာသုံးနိုင်မှာလဲ?

“ ကျေး..ကျေးဇူးတင်ပါတယ် ချန်ကဲ ဆက်ခံသူ!”

“ ကျေးဇူးတင်ပါတယ် လော့နတ်…!”

ထိုမိန်းကလေး၏ ကျေးဇူးတင်စကားမဆုံးခင်၊

ဝေါင်း!!

သတ္တဝါအကောင် တစ်ကောင်၏ ကျယ်လောင်သော ဟောက်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

ကြီးမားသော အမှောင်မုခ်ဝကြီးထဲမှ ချွန်ထက်သော ခြေသည်းတစ်ချောင်း ထွက်ချလာခဲ့သည်။

အလွန်ကြောက်စရာကောင်းသော အရာတစ်ခု ရောက်ရှိလာခဲ့ပုံရသည်။

“အားမနာနဲ့ ၊ မင်း ဒီကနေ အရင်ထွက်သွားလိုက် “

ထို့နောက် ချက်ချင်းပင်၊ စူးချန်ကဲသည် ကျယ်လောင်စွာ အော်ပြောလိုက်သည် ။

“ အခုကစပြီး ငါနဲ့လွဲခဲ့လိုက်တော့ ၊ မင်းတို့တွေ နောက်ဆုတ်နေလိုက် ၊ မထိခိုက်စေနဲ့ “

“ ချန်ကဲ ဆက်ခံသူ တကယ်ကို ဖြောင့်မတ်ပါပေတယ်!”

“ ချန်ကဲ ဆက်ခံသူ က အားလုံးရဲ့ အသက်ကို ကယ်တင်ခဲ့တာပါ ၊ ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး!”

“ ချန်ကဲ ဆက်ခံသူရဲ့ ကြင်နာမှုက ကျွန်တော်တို့ကို ကျေးဇူးတင်လွန်းလို့ မျက်ရည်တောင် ကျရတဲ့အထိပါပဲ”

“……”

တစ်ကိုယ်တော်ကျင့်ကြံသူတိုင်း စူးချန်ကဲကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုခဲ့ကြသည်။

စူးချန်ကဲကြောင့်သာမဟုတ်ရင် သူတို့အားလုံး ဒီနေရာမှာတင် သေသွားနိုင်သည်။

စူးချန်ကဲသည် ထိုစကားများကို နားထောင်ရင်း ပြုံးလိုက်သည်။

“ အစီအစဥ်က တစ်ဝက်တော့ ပြီးသွားပြီ ၊ နောက်အစီအစဉ်အနေနဲ့ ခု ဒီအကောင်တွေကို ရှင်းဖို့ အချိန်တန်ပြီ “

စူးချန်ကဲသည် မုခ်ပေါက်ကို လှမ်းကြည့်လိုက်သည်။

ချွန်ထက်သော ခြေသည်းများကို အပြည့်အ၀ ဖော်ထုတ်ထားပြီး ၊ယင်းအပေါ်တွင် ဆူးအကြေးခွံများဖြင့် ပြည့်နှက်နေသည့် အကောင်ကို တွေ့လိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းသော အမှောင် ရောင်ဝါများလည်း ပျံ့နှံ့ထွက်ပေါ်လာသည်။

“နဂါး အငွေ့အသက်?”

“ဒီနဂါးရဲ့အရိုးကို ဟိုကြက်ကို ကျွေးရင် အသုံးဝင်လောက်မလား?”

အပိုင်း(၂၉၇): အာဏာရှင်နတ်ဆိုးနဂါး

စူးချန်ကဲ တွေးတောနေစဉ် ၊

ဝေါင်း!!

မုခ်ဝမှ နဂါးပုံသဏ္ဍာန်ရှိသော သတ္တဝါတစ်ကောင်သည် တသိမ့်သိမ့် ရိုက်ခတ်နေသော အမှောင်ငွေ့များထဲမှ ထွက်ပေါ်လာသည်။

“ ဒါ..ဘာကြီးလဲ?”

ကြီးမားပြီး နက်မှောင်သော အနီရောင် နဂါးဦးချိုတစ်စုံတွင် အမှောင်ထု အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

ထို့ပြင် အင်အားအပြည့်ရှိသော နဂါးကိုယ်ထည်ကို အနက်ရောင်မီးတောက် နှင့် ကြေးခွံများက ဖုံးအုပ်ထားသည်။

၎င်း၏ ကျောဘက်တွင် အနက်ရောင် ဆူးချွန်သဏ္ဍာန်ရှိသော အရာများက အနက်ရောင် တောင်တန်းများသဖွယ် ငေါ်ထွက်နေသည်။

အပြင်းအထန် ရိုက်ခတ်ထကြွနေသော သွေးချီစွမ်းအင်တို့သည် စွမ်းအင်လှိုင်းများအဖြစ် နဂါးကြီး၏ ကိုယ်ထည်မှ ထွက်ပေါ်လာသည်။

အမှောင်ထဲတွင် ပုန်းနေသော ရှေးနဂါး မျိုးနွယ်စု၏ ပါရမီရှင် တစ်ဦးသည် ထိုနဂါးကြီးကို မြင်လိုက်ရသည်နှင့် အသက်ရှူသံများ မြန်ဆန်လာခဲ့ပြီး ၊ ၎င်း၏ မျက်လုံးထဲတွင် အလိုလောဘများဖြင့် ပြည့်နှက်နေသည်။

“ဂလု... ကျွန်တော် မှန်းရသလောက် ဟုတ်တယ်မလား? လုံဟောက် လူကြီးမင်း... ဒါက အဲဒီရှေးဟောင်းမျိုးစိတ်တွေမလား”

လုံဟောက်က အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

“မှန်တယ်၊ အဲဒီခေတ်တုန်းက မျိုးသုဉ်းသွားခဲ့တဲ့ ရှေးဟောင်းနဂါးမျိုးစိတ် ၊ အာဏာရှင်နတ်ဆိုးနဂါးပဲ”

အာဏာရှင် နတ်ဆိုးနဂါးသည် ကမ္ဘာ့ကပ်ဘေးစစ်ပွဲ မတိုင်မီက နတ်ဆိုးလောကတွင် တည်ရှိခဲ့သော အင်အားအကြီးဆုံး နဂါးမျိုးနွယ်စုပင် ဖြစ်သည်။

သူ့တွင် အလွန်သန်မာသော ခန္ဓာကိုယ် ရှိရုံသာမက ၊ သူ၏ခေါင်းပေါ်ရှိ နဂါးဦးချိုကြီးသည် ထောင်ပေါင်းများစွာသော နတ်ဆိုးစွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်းရှိသည်။

တစ်ချိန်က နတ်ဆိုး သခင်နှင့်တူသော သတ္တဝါတစ်ကောင် ဖြစ်ခဲ့ပြီး ၊ နှစ်ပေါင်းများစွာ ကြာအောင် ပျောက်ကွယ်သွားခဲ့သော ရှေးဘုရင်မျိုးနွယ်ပင် ဖြစ်သည်။ သို့သော် ယနေ့တွင် တစ်ဖန် ပြန်တွေ့ခဲ့ရမည်ဟု သူတို့ ထင်မှတ်မထားခဲ့ပေ။

ဤအာဏာရှင် နတ်ဆိုးနဂါးသည် ထူးဆန်းသော နိယာမတရား၏ ဖျက်စီးမှုကို ခံခဲ့ရသော်လည်း၊ သို့သော် ဆန့်ကျင်ဘက်အနေဖြင့် ထိုထူးဆန်းသော နိယာမတရားက သူ့ကို ပို၍ အားကောင်းလာစေခဲ့သည်။

၎င်း၏ ရောင်ဝါသည်ပင် ဧကရာဇ်တစ်ပိုင်း အဆင့်သို့ ရောက်ရှ်ိနေသယောင်ပေါ်သည်။

“မင်းက သူရဲကောင်းလုပ်ရတာကို ကြိုက်တာလား”

လုံဟောက်သည် အာဏာရှင်နတ်ဆိုးနဂါး၏ ရှေ့တွင် သေးငယ်သော အရာတစ်ခုဖြင့် ရှိနေသည့် စူးချန်ကဲကို ကြည့်ရင်း ဆိုလေသည်။

“ စူးချန်ကဲ၊ မင်းအထဲတောင် မဝင်ရသေးခင် လက်ဝါးတချက်ထဲနဲ့တင် သေမသွားနဲ့ဦးနော် ၊ ဒါဆို မင်းက သိပ်ကိုအားနည်းလွန်းသွားပြီ “

အမှောင်ထဲတွင် ရှိနေကြသော ထိပ်တန်းအင်အားစုကြီးများ၏ မရေမတွက်နိုင်သော သားစဉ်မြေးဆက်များသည် အမူအရာမျိုးစုံဖြင့် သူတို့ရှေ့က မြင်ကွင်းကို ကြည့်နေကြသည်။

သို့သော်လူများစုက ပျက်ရယ်ပြုနေကြသည်။

သူတို့ထင်မြင်ချက်အရ ၊ စူးချန်ကဲသည် အာဏာရှင်နတ်ဆိုး နဂါးနှင့် ရင်ဆိုင်ရချိန်တွင် ၊ သူ မသေခဲ့ရင်တောင်မှ ပြင်းထန်စွာ ဒဏ်ရာရပေလိမ့်မည်။

အရှုံးသမားတစ်စုကို ကယ်တင်ရန် မိမိ၏ ခွန်အားနှင့် အားထုတ်မှုများစွာကို ဖြုန်းတီးခြင်းသည် အရူးတစ်ကောင်၏ လုပ်ရပ်ပင်ဖြစ်သည်။

အခြားတစ်ဖက်တွင် ၊

လော့ဟယ်ဓားဂိုဏ်းမှ ဓားသမားအုပ်စုသည်လည်း အစားအသောက်နှင့် ဝိုင်အမျိုးမျိုးကို ပြင်ဆင်ကာ ဤပွဲကြီးကို စောင့်ကြည့်နေသည်။

“ပွဲစတော့မယ် ! စူးချန်ကဲ နောက်ဆုံးတော့ ပါလာခဲ့ပြီ !”

“မြန်မြန် ၊ အရက်ကောင်း ပြင်ဆင်ထားကြ၊ ဒါက ပွဲကြီးပွဲကောင်းနော်”

“ခင်ဗျားတို့ ပြောကြည့် ... ဒီစူးချန်ကဲက အာဏာရှင် နတ်ဆိုးနဂါးကို အနိုင်ယူနိုင်ပါ့မလား? ဒီနတ်ဆိုးနဂါးက ဧကရာဇ်တစ်ပိုင်းအဆင့်နော်!”

လော့ဟယ် ဓားဂိုဏ်းမှ တပည့်တစ်ယောက်က အသံတိုးတိုးဖြင့် မေးလိုက်သည်။

“ဟာဟား... မင်း မေးသင့်တာက စူးချန်ကဲ ဒီနတ်ဆိုးနဂါးကို ဓားဘယ်နှစ်ချက်တည်းနဲ့ သတ်ပစ်နိုင်မလဲ ဆိုတာပဲ...”

ဝူကျီအောက်ထျန်းသည် ဤကိစ္စ၏ အနှစ်သာရကို မြင်နိုင်သည်။

သူ့အမြင်အရ ၊ စူးချန်ကဲသာလျှင် ဤတိုက်မြေသုံးထောင်ရှိ ကံကောင်းခြင်း၏ သားတော်လေးတစ်ပါး ဖြစ်သည်။ဒီလိုလူမျိုးကို အနိုင်ယူချင်သတဲ့လား?

ဆုတောင်းလေ....

………

စူးချန်ကဲတို့ဘက်တွင်မူ ၊

ပြင်းထန်လွန်းသော ရောင်ဝါကြောင့် စူးချန်ကဲ ဘေးတွင် ရပ်နေသော လော့ရန်ယွီကိုပင် အနည်းငယ် ကြောက်လန့်သွားစေသည်။

သို့သော် ဤအချင်းအရာကို လျစ်လျူရှုထားဆဲဖြစ်သော စူးချန်ကဲကို တွေ့မြင်ပြီးနောက် ၊ သူမစိတ်ထဲတွင် နားမလည်နိုင်သော စိတ်သက်သာတစ်ခု ရသွားခဲ့သည်။

သို့သော် မိမိ၏ နှလုံးအိမ်ထဲတွင် ထွက်ပေါ်လာသော အတွေးများကြောင့် သူမသည် ခေါင်းကို အလျင်စလို ခါယမ်းလိုက်သည်။

“ငါက ယောင်ချီ သူတော်စင်နယ်မြေရဲ့ နတ်ဘုရားမ တစ်ယောက်ပဲ ၊ ငါ က ဘယ်လိုလုပ်ပြီး ဒီလိုအတွေးမျိုး တွေးရမှာလဲ?”

“ ပြီးတော့၊ ငါ့မှာ ဟွိုင့်တွိုင့်ခန္ဓာကိုယ်နဲ့ တာအိုအရိုး ရှိတာပဲ ၊ ဒါတောင် မလုပ်နိုင်ရင် အလကားပဲ မဟုတ်လား?”

ထိုအချက်ကိုတွေးမိပြီးနောက် ၊ လော့ရန်ယွီက အရင်ဦးဆောင်လိုက်သည် ။

“ စူးချန်ကဲ ၊ ဒီတစ်ခါတော့ ငါ လုပ်မယ်၊ စောနက နင် လုပ်ခဲ့တာဆိုတော့ ဒီတစ်ခါက ငါ့အလှည့်ပဲ “

စူးချန်ကဲပင်လျှင် အံ့အားသင့်သွားသည်။ သူမသည် ဘယ်သောအခါမှ ဝင်စွက်ဖက်ခြင်းမရှိသော အားတိုင်းအိပ်သူအဖြစ် နာမည်ကြီးသူတစ်ယောက်ဖြစ်သည်။

T/N - အားတိုင်းအိပ် - ဗန်းစကား တစ်မျိုး ၊ ခုခေတ်လူငယ်တွေအနေနဲ့ လူ့ဘောင်မှာ ဝင်ဆံ့ဖို့ မကြိုးစားဘဲ လိုချင်ဆန္ဒကင်းမဲ့ပြီး အေးအေးဆေးဆေး နေတတ်တဲ့ လူမျိုးကို ပြောတာပါ

ဒီနေ့ ဉာဏ်အလင်းရသွားတာများလား?

“ကောင်းပြီလေ “

စူးချန်ကဲက ပြုံးလိုက်ပြီး ‌ဆိုလိုက်သည်။

“စိတ်မပူနဲ့ မင်းသူ့ကို အနိုင်မယူနိုင်မှာကို မကြောက်နဲ့ ၊ ငါ ရှိတယ် “

လော့ရန်ယွီက မျက်ဖြူလှန်ပြလေသည်။

“သူများကို မနှိမ့်ချစမ်းနဲ့”

အာဏာရှင်နတ်ဆိုး နဂါး၏ ခန္ဓာကိုယ် တဝက်လောက်က တွားသွားထွက်လာခဲ့ပြီ ဖြစ်သည် ။ပေထောင်ပေါင်းများစွာ ရှည်လျားသော ထိုကိုယ်ထည်သည် ကြီးမားသော ကောင်းကင်ပြင်ကြီးကိုပင် ဖုံးအုပ်ထားနိုင်ပုံရသည်။

၎င်းသည် မုခ်ပေါက်မှ တွားသွားပြီး ထွက်လာနေသည့် အခိုက်အတန်တွင် ၊

ဝီ——

ကောင်းကင်ထက်တွင် စူးရှသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး အမှောင်ညကို ဝင်းထိန်သွားစေသည်။

အဆုံးမဲ့ ပရမ်းပတာ အလင်းတန်းတို့သည် ကောင်းကင်ယံထက်တွင် တွဲလောင်းကျနေသော ကန့်လန့်ကာများကဲ့သို့ တစ်ခုနှင့် တစ်ခု ရောယှက်လျက် အဆုံးမရှိ ဖြန့်ကျက်ထားသည်။

“ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ရောင်ဝါလဲ !”

“ဟမ်... ဒီအသန့်စင်ဆုံး ပရမ်းပတာ ရောင်ဝါက... မဟုတ်မှလွဲရော ဟွိုင့်တွိုင့်ခန္ဓာကိုယ်လား!?”

T/N - ဟွိုင့်တွိုင့်ခန္ဓာကိုယ် (ပရမ်းပတာ ခန္ဓာကိုယ်) - အရာခပ်သိမ်းကို ဖျက်စီးနိုင်စွမ်းရှိပြီး၊ ကောင်းကင်နှင့် မြေကြီးထံမှ ကောင်းချီးပေးခံရသော ခန္ဓာကိုယ် )

“…….”

ကောင်းကင်ပြင်ပေါ်က အပြောင်းအလဲသည် လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။

လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေကြသော အကြည့်များအောက်တွင် ၊ ထောင်ပေါင်းများစွာသော ပရမ်းပတာ စွမ်းအင်များသည် ကောင်းကင်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

အမှောင်ကမ္ဘာတစ်ခုလုံးကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာသော စူးရှတောက်ပသော အလင်းရောင်သည် ဤအဆုံးမဲ့ညကြီးကို အစွမ်းကုန် ထိန်လင်းပေးနေသည်။

ဘုန်း!

ထိုအချိန်တွင် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေသော ပေါက်ကွဲသံတချက် ထွက်ပေါ်လာခဲ့သည်။

မှောင်မိုက်နေသော ကောင်းကင်ပြင်ကြီးတွင် ရောင်စုံတိမ်ပင်လယ်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ၊ ရေမတွက်နိုင်သော နိယာမတရားများနှင့် အခြေခံမူများ အဖြစ်သို့ ပြောင်းလဲသွားကာ လှိုင်းထန်သွားစေသည်။

ဝီ——

ထိုအချိန် ၊ ရောင်စုံတိမ်ပင်လယ် အလင်းတန်းထဲမှ ဖြူစင်သော အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို လင်းထိန်သွားစေသည်။

“ ဟွိုင့်တွိုင့်ခန္ဓာကိုယ်ရဲ့ နိမိတ်ဖြစ်တဲ့ ၊ ပင်လယ်ပြင်ပေါ်က တောက်ပသော လရောင် “

“ဒါက ယောင်ချီသူတော်စင်နယ်မြေက လော့နတ်ဘုရားမပဲ!”

ထိပ်တန်း အင်အားစုကြီး တစ်စု၏ အမွေဆက်ခံသူ တစ်ဦးက အော်ပြောလိုက်သည်။

နောက်အခိုက်အတန့်တွင် ၊ ကောင်းကင်ပေါ်မှ အေးစက်သောအမျိုးသမီး၏ မန္တန်ရွတ်ဆိုသံ ထွက်ပေါ်လာခဲ့သည်။

“ ဖျက် !”

ဟူးးးး!!!

ကောင်းကင်ယံတွင် စုဝေးနေခဲ့သော ရောင်စုံအလင်းတန်းများသည် အာဏာရှင် နတ်ဆိုးနဂါးထံသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

တောက်ပသော လရောင်သည် ရောင်ခြည်လှိုင်းများကို ထုတ်လွှတ်ပေးနေပြီး ၊ပရမ်းပတာ စွမ်းအင်တို့သည် အရာအားလုံးကို ချေမှုန်းပစ်တော့မည့် ဆူနာမီကဲ့သို့ပင်။

ဝေါင်း! !

အာဏာရှင်နတ်ဆိုးနဂါးသည် ကြီးမားသော နှိပ်ကွပ်မှုကို ခံစားခဲ့ရပြီး ၊ ဒေါသတကြီး ဟောက်လိုက်သည်။

နဂါးကြီး၏ ပါးစပ်ထဲတွင် တဟုန်းဟုန်း တောက်နေသော နတ်ဆိုးစွမ်းအင်လှိုင်းလုံးများ ရှိနေပြီး ၊ ယင်းစွမ်းအင်တို့သည် အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

“ရားးးး!!!!”

အာဏာရှင် နတ်ဆိုးနဂါးသည် သူ့ ပါးစပ်ထဲမှ အဖျက်စွမ်းအား မီးတောက်များကို မှုတ်ထုတ်လိုက်သည်။

နောက်အခိုက်အတန့်တွင်မူ ၊ ထိုမီးတောက်များသည် ပရမ်းပတာ အလင်းရောင်နဲ့ ပြင်းပြင်းထန်ထန် ထိပ်တိုက် ဆုံတွေ့လေသည်။

ကောင်းကင်ယံထက်တွင် ဝင်းထိန်နေသောလရောင်သည် ကောင်းကင်နဲ့ မြေကြီးကို အစွမ်းကုန် တောက်ပပေးနေသည်။

ကောင်းကင်အောက်တွင်မူ ၊ နတ်ဆိုးမီးတောက်သည် မီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်သကဲ့သို့ အနက်ရောင် မီးတောက်များက အရာအားလုံးကို လောင်မြိုက်နေပြီး ပြာအဖြစ်သို့ ပြောင်းလဲပေးတော့မည် ဖြစ်သည်။

ဘုန်း! ! !

ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်သွားခဲ့ပြီး ၊ တောက်ပသော အလင်းအပိုင်းအစများသည် ကောင်းကင်ယံတွင် ပြန့်ကျဲနေသည် ။

ပေါက်ကွဲမှု၏ နောက်ဆက်တွဲ ရလဒ်အနေဖြင့် အနက်ရောင် မီးပွားများက နေရာအနှံ့ ပြန်ကျဲနေသည်။

ကောင်းကင်ယံမှ ကြွေကျလာသော ထောင်ပေါင်းများစွာသော ပန်းများသည် ဤကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းခြုံထားသလိုပင်။

လူတိုင်း အသက်ပင်မရှုဝံ့ပေ။

ဤဖြစ်စဉ်‌ကို မြင်လိုက်ရသော လူတိုင်း ထိတ်လန့်နေကြပြီး တချိန်တည်းမှာပင် ၎င်းတို့၏ စွမ်းအားကြောင့် တုန်လှုပ်ခဲ့ရပြန်သည်။

အာဏာရှင်နတ်ဆိုးနဂါးသည် တွင်းနက်ကြီး တစ်ခုထဲသို့ တိုက်ရိုက် ထိုးချခြင်းကို ခံလိုက်ရပြီး ၊ မြေကြီးသည် ပင့်ကူမျှင်များကဲ့သို့ အလွှာလိုက် အက်ကွဲခဲ့ရသည် ။

ဖုန်အခိုးအငွေ့များ အလုံးလိုက် ကြွတက်လာပြီး၊ အပိုင်းပိုင်း ဖျက်စီးခံလိုက်ရသော ကျောက်ခဲများမှာ အဝေးသို့ လွင့်စင်သွားသည်။

“ မဆိုးဘူး ဒါပေမဲ့ မင်းမနိုင်သေးသလိုပဲ ၊ ငါ ဝင်ပါရတော့မလား”

စူးချန်ကဲက ပြုံးပြုံးလေး ပြောလိုက်သည် ။

ထင်ထားသည့်အတိုင်း ၊ အာဏာရှင်နဂါးကြီး၏ ဒေါသဟောက်သံသည် အပျက်အစီးတွေကြားကနေ ထွက်ပေါ်လာပြန်သည်။

၎င်းသည် အတော်လေး ဒေါသထွက်နေပုံရသည်။

“ငါ သိတယ်၊ ငါ မပြီးသေးတာ မမြင်ဘူးလား?”

ထိုသို့ပြောပြီးနောက် လော့ရန်ယွီသည် ဝေဟင်ပေါ်သို့ ပျံတက်သွားသည်။

အဆုံးမဲ့ နတ်အလင်းရောင်တို့သည် သူမ၏ ရင်ဘတ် ရှေ့တွင် တစ်ဖန် စုရုံးလာခဲ့ပြီး၊ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများ ဖြစ်ပေါ်လာခဲ့သည်။

“ကောင်းကင်ဘုံ ကပ်ဘေးအလင်း !”

All Chapters