← Chapters

အခန်း (၃၀၈-၃၁၁)

Vol. 22 Ch. 308-311

အခန်း (၃၀၈-၃၁၁)

Vol. 22 Ch. 308-311

အပိုင်း(၃၀၈): ဒီကမ္ဘာကြီးက အထီးကျန်မှု တစ်ခုတင်မကဘူး အရောင်အသွေး စုံလင်စွာ ရှိနေခဲ့တယ်

စူးချန်ကဲသည် ဤအရာအားလုံးကို တိတ်ဆိတ်စွာဖြင့် ကြည့်နေခဲ့သည်။

ချင်ရွှမ့်ယွာတွင်လည်း သူ့ကိုယ်ပိုင် အခက်အခဲများရှိကြောင်းကို သူ နက်နက်နဲနဲ နားလည်ထားသည်။

သို့သော် ယခုတွင်မူ ၊ သူတို့ နှစ်ယောက်သည် ပြိုင်ဘက်များ ဖြစ်သောကြောင့် ရလဒ်ကိုတော့ သေချာပေါက် ဆုံးဖြတ်ရပေမည်။

ဤအချင်းအရာများကို စဉ်းစားပြီးနောက် ၊ စူးချန်ကဲသည် သူ့လက်ချောင်းများကို ဗျပ်စောင်းပေါ်သို့ ရွှေ့လျားလိုက်သည်။

စူးချန်ကဲ၏ ဘေးတစ်ဝိုက်တွင် ကြွယ်ဝသောဂီတအဓိပ္ပာယ်များ စုဝေးဖြစ်တည်လို့နေသည်။

သူ့နောက်တွင် ဗျပ်စောင်း သံစဉ်ကွင်းလှိုင်းများ ထွက်ပေါ်လာခဲ့ပြီး ၊ ရိုက်ခတ်လှုပ်ရှားနေသော လှိုင်းသံများကြား ခပ်ဝါးဝါး ရုပ်သဏ္ဍာန်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ချင်ရွှမ့်ယွာမှ ဖွဲ့စည်းတည်ဆောက်ထားသော စိတ်ဝိညာဉ်ပုံစံနှင့် လုံးဝ ကွဲပြားပေသည်။

စူးချန်ကဲ၏ နောက်ကွယ်တွင် ရှိနေသော ခပ်ဝါးဝါး ရုပ်သဏ္ဍာန်သည် ဝတ်လုံဖြူကို ဝတ်ဆင်ထားသော ဘုရင်မင်းမြတ်တစ်ပါးနှင့် ဆင်တူပြီး၊ စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံထားနိုင်သော သူ၏ စွမ်းအားကို ထုတ်ဖော်ပြသနေသည်။

သူသည် တင်ပျဉ်ခွေထိုင်လျက် ဗျပ်စောင်းကို တီးခတ်နေပါသော်လည်း ၊ သူ့တစ်ကိုယ်လုံးက ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး၊ ဒါတင်မက ထောင်နှင့်ချီသော တပ်သားများကိုပင် အမိန့်ပေးနိုင်စွမ်းရှိသည့် အရှိန်အဝါများ ရှိသည် ။

ထိုအချိန်တွင်၊ ချင်ရွှမ့်ယွာမှ ပေါင်းစပ်ဖွဲ့စည်းထားသော ဂီတနတ်မိမယ်သည် ကောင်းကင်ကို ဖြိုခွင်းနိုင်သည့် စွမ်းအားများကို ဆောင်းကျဉ်းပေးနေသည် ။ မရေမတွက်နိုင်သော ဆီးနှင်းပွင့်များသည် ဤကြီးမားလှသော အသွင်ပုံရိပ်၏ ပတ်ပတ်လည်တွင် တဝဲလည်လည်နှင့် ကခုန်နေသည်။

ထို့နောက် ဂီတနတ်မိမယ်သည် သူမ၏ လက်ဝါးကို မြှောက်တင်ကာ စူးချန်ကဲရှိရာ ဦးတည်ဘက်ဆီသို့ တိုက်ရိုက် ရိုက်ချလိုက်သည်ကို မြင်လိုက်ရသည်။

စူးချန်ကဲ၏ လှုပ်ရှားမှုများသည်လည်း မနှေးကွေးပေ။သူ၏ လက်ချောင်းများသည် လျင်မြန်စွာ တီးခတ်နေသည်။

ဒင်——

ကျယ်လောင်သော ဂီတသံထွက်ပေါ်လာခဲ့သည်။

ဝုန်း!!

ဂီတပေါက်ကွဲသွားသံနှင့်အတူ ၊ ဂီတနုတ်များသည် ပို၍တုန်ခါလာသည်နှင့်အမျှ ၎င်းတို့သည် အချင်းချင်းကွဲအက်သွားကာ လေနှင့်ဆီးနှင်းများကြားတွင် ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းတစ်ခုကို ဖန်တီးစေခဲ့သည်။

ဒါတွေအားလုံးကို ခန့်မှန်းထားသည့်အတိုင်း သူတို့နှစ်ယောက်လုံးသည် လုံးဝ ဂရုမစိုက်သော အနေအထားဖြင့် ရှိနေဆဲပင်ဖြစ်သည်။

လက်ချောင်းများသည် ရပ်နားခြင်းမရှိ ဆက်လက် တီးခတ်နေသည်။

ဗျပ်စောင်းသံစဉ်များသည် အပြန်အလှန် ပဲ့တင်ထပ်လျက် ရှိသည်။

မြေပြင်တို့သည် တုန်လှုပ်လျက် ၊ ဆီးနှင်းခဲများလည်း ပေါက်ကွဲရချေပြီ ။ လုံးဝကွဲပြားသော ဂီတလောကနှစ်ခုသည် လေထဲတွင် အရူးအမူး ဆုံတိုက်မိသကဲ့သို့ ကြီးမားသော အသံလှိုင်း ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ရသည်။

“ဆီးနှင်းခဲများ၏ ထောင်စုနှစ်ကာလ ၊ နှင်းများကခုန်ခြင်း!”

ချင်ရွှမ့်ယွာသည် ပိုမြန်သောအရှိန်ဖြင့် တီးခတ်နေပြီး ဆီးနှင်းပွင့်များက လေထဲတွင် လွင့်ပျံကာ လှည့်ပတ်နေသည်။

နောက်ဆုံးတွင် ၊ ကြောက်မက်ဖွယ်ကောင်းသော နှင်းမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက် ချက်ခြင်းဆိုသလို၊ နှင်းမုန်တိုင်းထဲတွင် အတိတ်မင်္ဂလာရှိသော အလင်းရောင်ကဲ့သို့ လွန်စွာ တောက်ပသော ရောင်ခြည်တစ်ခု ပွင့်လန်းလာခဲ့သည်။

မြင့်မြတ်သော နတ်မိမယ် ရုပ်သွင်များ ထပ်မံ ပေါ်ထွက်လာခဲ့ပြီး ၊ ရှုထောင့်အမျိုးမျိုးမှ စူးချန်ကဲထံသို့ ချဉ်းကပ်လာပြန်သည်။

“ ဖော့ကျန့်တေးသံစဉ်”

စူးချန်ကဲသည် သတိလက်လွတ်မခံဝံ့ဘဲ အမတရှင် ပုဂ္ဂိုလ်မှ သူ့အား သင်ကြားပေးခဲ့သော ဖော့ကျန့်တေးသံစဉ်ကို အသုံးပြုခဲ့သည်။

ဤနေရာတွင် မူလက နှိပ်ကွပ်ခံထားရသော ဂီတနုတ်များသည် တစ်ဖန် ပိုပြင်းထန်သော စွမ်းအားများဖြင့် ပြည့်နှက်လာခဲ့သည်။

ကောင်းကင်ထက်က မြင့်မြတ်သော ရောင်ခြည်အလင်းတန်းတို့သည် ချင်ရွှမ့်ယွာ၏ ခန္ဓာကိုယ်ပေါ် သို့ ကျရောက်လာခဲ့ပြီး ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားတို့သည် သူမအား အရူးအမူး လွှမ်းမိုးသွားခဲ့သည်။

အဆုံးစွန်သော သတ်ဖြတ်လိုစိတ်များသည် ချင်ရွှမ့်ယွာကို လုံးလုံးလျားလျား ဖုံးအုပ်ထားခဲ့ပြီး ၊ ထိုကြောက်မက်ဖွယ် စွမ်းအားတို့သည် သူမ၏ စိတ်ဝိညာဉ်ကို ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်လှုပ်သွားပြီး ၊ ပြင်းထန်စွာ နာကျင်နေပုံပေါ်သည်။

သို့ပေမယ့်လည်း သူမ၏ တီးခတ်မှုသည် နှေးကွေးမသွားခဲ့ပေ။

ယင်းအစား၊ တီးခတ်မှုသည် ပို၍ မြန်ဆန်လာခဲ့သည်။

ချင်ရွှမ့်ယွာသည် သူမ မွေးဖွားလာချိန်ကတည်းက ဗျပ်စောင်းတီးခတ်ရာတွင် အများထက် ထူးကဲသာလွန်သော စွမ်းရည်ကြောင့် လူအများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။

သူမသည် ငယ်စဉ်ကတည်းက ကူရွှမ်ချင်ဂိုဏ်း၏ နတ်ဘုရားမဖြစ်ခဲ့ရုံသာမက ၊ ဂိုဏ်းအတွက် တခါမှ မကြုံဖူးသော စံချိန်မှတ်တမ်းကို ချိုးဖျက်ပေးနိုင်ခဲ့သည်။

သူမသည် သံစဉ်အားလုံးကို သင်ယူလေ့လာခဲ့ရုံသာမက ၎င်းတို့အားလုံးကိုလည်း ကျွမ်းကျင်စွာ တီးခတ်နိုင်‌သည်။

သို့သော် ထိုကဲ့သို့ ထီးဆောင်းခံထားရသော အနေအထားတစ်ရပ်တွင် သူမသည် အထီးကျန်ဆန်မှုကို ခံစားခဲ့ရသည်။

သူမ၏ တုနှိုင်းမဲ့ အရည်အချင်းများသည် နောက်ဆုံးတွင် အခြားသူများကို မနာလိုဖြစ်စေခဲ့သည်။

ထို့ကြောင့် သူမသည် ဂိုဏ်းထဲတွင်သာ ကြီးပြင်းလာခဲ့ပြီး ၊ နေ့စဉ်နှင့်အမျှ တစ်နှစ်ပြီးတစ်နှစ် တီးခတ် လေ့ကျင့်ခြင်းမှလွဲ၍ သူမတွင် သူငယ်ချင်း မရှိခဲ့ချေ။

မည်သူကမှ သူမနှင့် သူငယ်ချင်း မဖြစ်ချင်ခဲ့ကြပေ။

ဂိုဏ်းထဲတွင် သူမနှင့်ပတ်သက်၍ ပျံ့နှံ့နေသော ကောလဟာလများပင် ရှိခဲ့ဖူးသည်။

“ ချင်ရွှမ့်ယွာနဲ့ ဘယ်သူက သူငယ်ချင်းဖြစ်ရဲမှာလဲ ၊ ဖြစ်ရဲတဲ့သူ တကယ့် သူရဲကောင်းပဲ “

“ ဟုတ်ပါ့ ၊ ငါ အရင်က ချင်ရွှမ့်ယွာနဲ့ စကားပြောဖူးတယ် ငါ့ဆရာသခင်က ချင်ရွှမ့်ယွာလို ဘာလို့ မကြိုးစားရတာလဲ ဆိုပြီး ပစ်တောက်ပစ်တောက်နဲ့ “

“ ပြောမနေပါနဲ့အေ ၊ ငါ့ဆရာကလည်း ညညဆို ချင်ရွှမ့်ယွာနဲ့ ယှဉ်ပြီး ပြောနေတာ ၊ အဲ့တာ ငါ့အပြစ်လား ? ချင်ရွှမ့်ယွာလို လူ့ဘီလူးတစ်ကောင်ကို ငါက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”

“ကံဆိုးမှုမဖြစ်အောင် နောက်ဆို သူနဲ့ ဝေးဝေးနေမှ ဖြစ်မယ်!”

“……”

ကောလဟာလမျိုးစုံအောက်တွင် သူမသည် ပိုပို၍ အထီးကျန်လာခဲ့သည်။

အဆုံးမဲ့ညများတွင် တစ်ယောက်တည်း ရှင်သန်နေရသကဲ့သို့ အဖော်ကင်းမဲ့ခဲ့ရသည်။

သူမ၏ တောက်ပမှုသည် တခြားသူများကို ပိတ်ဆို့ထားသလို ဖြစ်စေခဲ့သည် ။

သူမပတ်ဝန်းကျင်တွင် လူတွေ အများကြီးရှိသော်လည်း သူမကတော့ အမြဲတမ်းတစ်ယောက်တည်းပင် ။

အေးစက်လှသော ဆောင်းရာသီတွင် အဆုံးမဲ့အထီးကျန်မှုသည် ချင်ရွှမ့်ယွာ၏ ခံစားချက်ကို လှုံ့ဆော်ပေးခဲ့ပြီး နောက်ဆုံးမှာတော့ သူမသည် “ဆီးနှင်းခဲများ၏ ထောင်စုနှစ်ကာလ” တေးသီချင်းကို ရေးစပ်ခဲ့သည်။

အထီးကျန်သော်လည်း ၊ သို့သော် ပြိုင်ဘက်မရှိသည့် အထီးကျန်ရသော ခံစားချက်မျိုးပင်။

အဖော်မဲ့ခြင်းသည် ဆီးနှင်းခဲများကဲ့သို့ အေးစက်လွန်းလှပြီး ၊ အထီးကျန်မှုသည် ဗျပ်ကြိုးများကဲ့သို့ပင်။

ယခုမူ၊ သူမဘ၀တွင် ဘယ်တော့မှ တီးခတ်ခြင်း မရှိခဲ့သည့် “ဆီးနှင်းခဲများ၏ ထောင်စုနှစ်ကာလ” တေးသီချင်းကို ယနေ့မှာတော့ သူမသည် စိတ်လွတ်ကိုယ်လွတ် တီးခတ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူမနှင့် လက်ရည်တူ ပြိုင်ဘက်တစ်ယောက်ကို သူမ ရှာတွေ့ခဲ့ပြီပင်။

နောက်ဆုံးမှာတော့ သူမသည် ဤကမ္ဘာပေါ်ရှိအရာအားလုံးကို မေ့ပစ်နိုင်သည့်အထိ သန်မာလွန်းသော ပြိုင်ဘက်ကို တွေ့ရှိခဲ့ပြီး စိတ်လွတ်ကိုယ်လွတ် တီးခတ်ခွင့်ရခဲ့သည်။

သူမအမြင်တွင် ၊ အချိန်ခဏလေးဆိုတောင်

ဤအရာအားလုံးသည် ထိုက်တန်ပေသည်။

စူးချန်ကဲသည် ချင်ရွှမ့်ယွာ၏ နှလုံးသားထဲက ဝမ်းနည်းမှုနှင့် အထီးကျန်မှုကို ခံစားမိတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သူသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး လှမ်းဆိုလိုက်သည်။

“မဆိုးဘူး ၊ မင်းရဲ့ ကျွမ်းကျင်မှုဟာ လုံးဝကို ယှဉ်လို့မရပါဘူးပဲ “

“ဒါပေမယ့် ငါလည်း မင်းထက် မညံ့ဘူးလို့ ယုံကြည်တယ် “

စူးချန်ကဲ၏ သွယ်လျသော လက်ချောင်းများသည် ယခုအချိန်တွင် ဗျပ်စောင်းနှင့် တစ်သားတည်းကျနေပုံ ရသည်။

လေထဲတွင် ကခုန်နေသော ဂီတနုတ်များသည် ယခုအချိန်တွင် ပို၍ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများဖြင့် သက်ဝင်လှုပ်ရှားလာခဲ့သည်။

၎င်းတို့သည် ထာဝရအချိန်ကာလတစ်ခုကို ဖြတ်သန်းလာခဲ့ပုံရသည်။

စူးချန်ကဲသည် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်နှင့် သူ၏ အာရုံထဲက ပုံရိပ်တို့သည် ပို၍ ရှင်းလင်းလာသည်။

တချိန်က သူတွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကို ယခုတွင် ကွက်ကွက်ကွင်းကွင်း ပြန်လည် မြင်ယောင်နေခဲ့သည်။

သူသည် ကျင့်ကြံလောကထဲသို့ ဝင်ရောက်လာချိန်မှစ၍ ထိပ်တန်း လူငယ်ပါရမီရှင်များ၊ ရှေးခေတ် တမူထူးခြားသော သန္ဓေသားမှ မွေးဖွားလာသော ကျင့်ကြံသူများ၊ ထိပ်တန်း အင်အားစုဝင် သားစဉ်မြေးဆက်များနှင့် မရေမတွက်နိုင်သော တိုက်ပွဲများစွာကို ဆင်နွှဲခဲ့သည်။

ထိုအင်အားစုများ၏ ကျောထောက်နောက်ခံ ဘိုးဘေးများ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည့်တိုင် သူသည် လွတ်လပ်ပြီး အထိန်းအကွပ်မဲ့နေဆဲပင် ဖြစ်သည်။

သူ့လက်ထဲက ဓားတစ်ချောင်းနှင့် လောကသားများ မယုံကြည်နိုင်သော အရာများကိုပင် သူ ဖျက်စီးပစ်ခဲ့သည်။

သူသည် လျှို့ဝှက်နယ်မြေအနှံ့ ၊ ကမ္ဘာမြေအနှံ့ လျှောက်သွားခဲ့သည်။

ဤကမ္ဘာကြီး၏ အကျယ်အဝန်းသည် အကန့်အသတ် မရှိသည့်အတိုင်း ထင်မှတ်ရသည်။

ဤကမ္ဘာကြီးသည် အရောင်အသွေး စုံလင်လှသည်။

ဤကမ္ဘာပေါ်တွင် ဇာတ်လမ်းများစွာရှိပြီး ၊ သူသည် တစ်ဦးတည်းသော ဇာတ်ဆောင် မဟုတ်ချေ။

မရဏကမ္ဘာ၏ ပျံလွှားဌက်နှင့် ဇီးသီးပွင့် ၊ ဝမ့်ချွမ်း နှင့် မရဏကမ္ဘာ ၊

T/N - ဝမ့်ချွမ်း - (တစ္စေဓားအမတရှင်၏ နောက်လိုက်)

ဤအရာအားလုံးသည် ဤကမ္ဘာကြီး၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ပြီး ၊ ဤကမ္ဘာတွင် ဖြစ်သွားခဲ့သော ဇာတ်လမ်းတစ်ခုမျှသာပင် ။

ဂီတနုတ်များသည် ကခုန်လျက်၊ သံစဉ်များသည် ငြိမ့်ညောင်းလှပေသည်။

ဤတေးသီချင်းသည် လှပသည်၊ လွပ်လပ်သည် ၊ အသက်ဝင်သည် ၊ ကမ္ဘာတဝှမ်း ခရီးသွားရင်း ပျော်ရွှင်မှု ၊ မုန်းတီးမှုများကို ခံယူရင်း လူပေါင်းစုံနှင့် ဆုံတွေ့ခဲ့သည်။

ဤတေးသီချင်းမှတဆင့် စူးချန်ကဲ၏ မိမိကိုယ်ကို ယုံကြည်မှုနှင့် ရည်မှန်းချက်များအပြင် ဤကမ္ဘာကြီးကို နှိပ်ကွက်ပြီး ထာဝရကန့်သတ်ချက်ကို ချိုးဖျက်နေသော သူ၏ ပုံရိပ်ကို ယောင်ဝါးဝါး ခံစားနိုင်သည်။

ဤကမ္ဘာအနှံ့ ခရီးထွက်ရင်း ၊ လောကကြီး၌ ခံစားမှုမျိုးစုံကို ကြုံတွေ့ခဲ့ရသည့် စူးချန်ကဲ၏ လွတ်လပ်ပြီး အထိန်းအကွပ်မရှိသော ပုံစံကို ခံစားမိနိုင်သည်။

သူသည် ဤလောကကြီး၏ မျက်မြင်သက်သေ ဖြစ်ခဲ့ပြီး ၊ ဒဏ္ဍာရီဖြစ်ရပ်များကို ဖန်တီးခဲ့သည့် ဖန်ဆင်းရှင်ဖြစ်သော်လည်း သူသည် ကျေနပ်မှုမရှိသေးပေ။

…..

ဘယ်ချိန်ကတည်းမှန်း မသိသော်လည်း၊

ဆီးနှင်းများသည် ပိုမို ပြင်းထန်စွာ ကျဆင်းလာသည့်အလျောက် ၊

ဘယ်ချိန်ကတည်းမှန်း မသိ။

မူလက ချင်ရွှမ့်ယွာနှင့် သက်ဆိုင်ခဲ့သော သံစဉ်မှာလည်း တိတ်ဆိတ်သွားခဲ့သည်မှာ ကြာမြင့်ခဲ့လေပြီ။

ဘယ်ချိန်ကတည်းမှန်း မသိ။

ချင်ရွှမ့်ယွာ၏ လက်ချောင်းများသည် စူးချန်ကဲ တီးခတ်နေသော တေးဂီတနှင့်အတူ လိုက်လျောညီစွာ တီးခတ်နေပြီး ၊ ပဲ့တင်ထပ်သံများဖြင့် ထုံမွှမ်းနေသည်။

သူမသည် လုံးဝ ခြားနားသော ကမ္ဘာတစ်ခုကို တွေ့လိုက်ရသလိုပင်။

ကူချင်ရွှမ်ဂိုဏ်းတွင် ကြီးပြင်းလာခဲ့သော သူမသည် အထီးကျန်မှုကို ခံစားခဲ့ရပြီး ၊ ပြင်ပကမ္ဘာကြီးသည် မည်မျှခမ်းနားပြီး အံ့သြဖွယ်ကောင်းသည်ကို မသိခဲ့ပေ။

စူးချန်ကဲ၏ ဂီတတွင် သူမသည် ထာဝရအချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ပြီး ၊ စူးချန်ကဲ၏ ကမ္ဘာကြီးနှင့် ဇာတ်လမ်းထဲကို ဝင်ရောက်သွားခဲ့ပုံ ရသည်။

ကမ္ဘာကြီးသည် သူမထင်ထားသည်ထက် အများကြီး စိတ်လှုပ်ရှားစရာ ကောင်းသည်ကို သိလိုက်ရသည်။

သူမသည် အတိတ်ကို ရဲဝံ့စွာစွန့်လွှတ်ပြီး အပြင်ထွက်ပြီး ကြည့်ရှုနေသရွေ့ အရာအားလုံးသည် လုံးဝ ကွဲပြားသွားပေလိမ့်မည်။

ချင်ရွှမ့်ယွာသည် ဗျပ်စောင်းလမ်းစဉ်ကို အစွဲအလမ်းကြီးသူ ဖြစ်ပေရာ ၊ သူမသည် ဗျပ်စောင်း၏ သဘောသဘာဝကို သဘာဝကျကျ နားလည်ပေသည် ။ ထိုကဲ့သို့သော အရောင်အသွေးစုံလင်ပြီး လူ့လောကကြီး၏ ဗျပ်စောင်း သံစဉ်တစ်ပုဒ်ကို သူမ တခါမှ မကြားဖူးခဲ့ချေ။

ဆီးနှင်းများသည် ကောင်းကင်တစ်ခွင်လုံး ပျံဝဲနေပြီး ၊ စည်းချက်များက အရူးအမူး ကခုန်နေပုံပေါ်သည်။ ပြိုလဲသွားသော စိတ်ခံစားမှုများသည် ဤနယ်မြေတစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့ပုံရသည်။

ဆီးနှင်းပွင့်တိုင်းသည် အနုပညာ စိတ်ကူးစိတ်သန်းများကို ဖော်ပြပေးနေသလိုမျိုး ထင်ဟပ်နေသည်။

ကောင်းကင်ပေါ်ရှိ ဆီးနှင်းပွင့်များကြားတွင် တောက်ပစွာ ရပ်နေသော အသွင်ကို သူမ မြင်လိုက်ရသည်။

သို့သော် သူမ၏ လှပသော မျက်ဝန်းများသည် ရိုက်ခတ်ခြင်းမရှိ အလွန်တည်ငြိမ်နေပုံရသည်။

ကောင်းကင်တခွင်ရှိ ဆီးနှင်းပွင့်များကြား ၊

ထိုအနှီသူသည် ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်လျက်၊ သူ၏ ဝတ်ရုံသည် နှင်းကဲ့သို့ဖြူစင်ပြီး ဤလောက၌ တုနှိုင်းမယှဉ်နိုင်သော ကျက်သရေတို့ဖြင့် ပြည့်စုံသော ကောင်းကင်ဧကရာဇ်မင်း၏ ရောင်ခြည်တော်ဖြင့် ရေချိုးထားလေသလား အောက်မေ့ရသည်။

ဤနှင်းကမ္ဘာကြီး၏ အချိန်တွေအားလုံး ရပ်တန့်သွားပုံရသည်။

ချင်ရွှမ့်ယွာသည် လက်ဖဝါးကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။

ကောင်းကင်ပေါ်မှ ကျလာသော နှင်းပွင့်များကို လက်နှင့်ခံယူရင်း မော့ကြည့်လိုက်သည်။

“ လတ်စသတ်တော့ ဒီကမ္ဘာကြီးက အထီးကျန်မှု တစ်ခုတင်မကဘူး အရောင်အသွေး စုံလင်စွာ ရှိနေခဲ့တာပဲ “

“ဒီနှင်းတွေက ကြည့်ရတာ သိပ်မအေးတော့သလိုပဲ “

အပိုင်း(၃၀၉): နှင်းထုထဲတွင် ပျောက်ကွယ်သွားခဲ့လေပြီ ဖြစ်သော တေးသီချင်း

ဒင်——

ထိုစဉ် နောက်ထပ် အသံတိုးတိုးမျှင်မျှင်လေး ထွက်ပေါ်လာခဲ့ပြီးနောက်တွင် ချင်ရွှမ့်ယွာ၏ တီးခတ်မှုမှာ ရုတ်တရက် ရပ်သွားခဲ့သည်။

လှပသောမျက်လုံးများဖြင့် ဗျပ်စောင်းကို စိုက်ကြည့်နေပြီး ၊သူမ၏ လက်ချောင်းများကိုဗျပ်စောင်းပေါ်သို့ ညင်သာစွာတင်ထားသော်လည်း ထပ်မံ တီးခတ်ခြင်း မရှိပေ။

သူမသည် ဆန့်ကျင်ဘက်အရပ်တွင် ထိုင်နေသော စူးချန်ကဲကို တစ်ချက်ကြည့်လိုက်သည်။သူသည် အာရုံစူးစိုက်ကာ ကမ္ဘာပေါ်ရှိအရာအားလုံးကို ဖော်ပြနေသကဲ့သို့ သူ၏ သံစဉ်တွင် နှစ်မြှုပ်ထားဆဲပင် ဖြစ်သည်။

လှပသောရှုခင်းများကို ငါသာလျှင် ပိုင်စိုးသည်။

လွင့်ပျံနေသော သံစဉ်များအလယ် နှင်းတို့သည် ကခုန်နေသည်။

လူတစ်ဦးသည် ဗျပ်စောင်းတစ်လက်ဖြင့် သီချင်းတစ်ပုဒ်ကို တီးခတ်နေသည်မှာ ကမ္ဘာတစ်ခုလုံးကို ဖွဲ့စည်းတည်‌ဆောက်လိုက်သလိုပင်။

ချင်ရွှမ့်ယွာ သာမက ဘေးနားတွင် ရပ်နေသော အရိုးဖြူပင်လယ် ဘုရင်မ နှင့် လော့ရန်ယွီသည်လည်း စူးချန်ကဲနှလုံးသားထဲက ကမ္ဘာထဲကို ဝင်ရောက်သွားပုံရသည်။

တောင်ထိပ်ကိုတက်ကာ ၊ ကမ္ဘာအနှံ့ ကြည့်ပေလော။

ကျင့်ကြံသူတို့သည် အထီးကျန်ဆန်မှုကို ကြုံရသည်မှာ ဓမ္မတာပင်တည်း။

မြင့်မြတ်သော လမ်းစဉ်သုံး‌ထောင်အနက် ၊ ရှေ့ဆက်သွားရမည့် လမ်းသည် အဆုံးဟူ၍ မရှိ။

ဤအချိန်တွင်မူ ၊ စူးချန်ကဲ၏ တီးခတ်သံသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ရာ သူ၏ အနုပညာ စိတ်ကူးစိတ်သန်းများသည်လည်း လုံးဝ ပျောက်ကွယ်ခဲ့လေပြီ။

နှင်းကောင်းကင် တောင်ထိပ်တွင် ဆီးနှင်းများက အရင်လို ဖြူဖွေးအောင် ကျနေဆဲပင် ဖြစ်သည်။

စူးချန်ကဲသည် ကျဆင်းနေသော နှင်းများကို မော့ကြည့်လိုက်သည်။ အဆုံးမရှိသော နှင်းထုကြီးကို သူ မြင်နေရသည်။

ယင်းက သူ ပြောမပြတတ်သော ၊ စူးစမ်းလို့ မရနိုင်သော အနာဂတ်ကြီးတစ်ခုလိုပင်။

အချိန်အတော်ကြာပြီးနောက်၊ စူးချန်ကဲသည် ချင်ရွှမ့်ယွာ ကို တစ်ဖန် လှည့်ကြည့်ပြီး ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော် လက်ခံပါတယ်”

ချင်ရွှမ့်ယွာ၏ လှပသော မျက်လုံးများက စူးချန်ကဲကို တိတ်တဆိတ် ကြည့်နေခဲ့သည် ။

သူမသည် ဗျပ်စောင်းကို ကောက်ကိုင်လိုက်ပြီး နှင်းကောင်းကင် တောင်အောက်သို့ ဆင်းသွားခဲ့သည်။

ဖြူဖွေးသော နှင်းထုကြီးကို ဖြတ်လျှောက်ရင်း၊သူမ၏ ပုခုံးပေါ်၌ စုပုံနေသော နှင်းခဲများသည် သူမ၏ ပိန်လှီသောရုပ်သွင်ကို ပို၍ပင် အားနည်းအောင် ဖော်ထုတ်ပြနေသလိုပင်။

“သွားကြရအောင်”

စူးချန်ကဲသည် နောက်ထပ်မေးခွန်းများ မမေးဘဲ နှင်းကောင်းကင်တောင်ထိပ်ပေါ်သို့ မိန်းကလေးနှစ်ဦးနှင့်အတူ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။

ဆီးနှင်းများက ဝေဝေဆာလျက် ၊ ​​ကောင်းကင်နှင့် မြေကြီးသည် ဗလာကျင်းလို့နေသည်။ သို့သော် သူတို့နှစ်ယောက်သည် မတူညီသော ဦးတည်ဘက်သို့ လျှောက်လှမ်းလို့ နေပေသည်။

တစ်ယောက်သည် တောင်ပေါ်သို့ ဆက်လက် ချီတက်ရင်း ၊ နောက်တစ်ယောက်သည် တောင်အောက်ကို ဆင်းလာခဲ့သည်။

ထိုစဉ်

တောင်ပေါ်မှ တိတ်ဆိတ်စွာ ဆင်းသက်လာသော ချင်ရွှမ့်ယွာ၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားသည်။

သူမ ရင်ဘတ်တွင် နာကျင်မှုတစ်ချို့ကို ခံစားလိုက်ရသည်။ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ မှ သူမအား ပေးအပ်ထားသော ဗျပ်စောင်း အရိပ်သည် သူမ၏ ခန္ဓာကိုယ်ကို ဖျက်စီးပစ်လိုက်ခြင်းပင် ဖြစ်သည် ။

တစ်ချိန်တည်းမှာပင် သူမ၏ စိတ်ထဲ၌ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“မင်းဘာလို့ သူ့ကိုမသတ်တာလဲ!?”

“ မင်းက ကောင်းကင်လမ်းစဉ်ရဲ့ သမီးတော်ပဲ ၊ စူးချန်ကဲက မင်းရဲ့ ရန်သူဆိုမှတော့ မင်းခုလို ရန်သူအပေါ် ဂရုဏာထားတာ ၊ မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ!?”

ထိုအသံသည် ဒေါသအရမ်းထွက်နေပြီး၊ ချင်ရွှမ့်ယွာ၏လုပ်ရပ်အပေါ် လွန်စွာမကျေနပ်ပုံရသည်။

ပြင်းထန်သော ဝိညာဉ်စွမ်းအင်များသည် ချင်ရွှမ့်ယွာ၏ ကိုယ်တွင်းအင်္ဂါများကို အရူးအမူး လှုံ့ဆော်ပေးနေသောကြောင့် သူမ၏ အသက်ရှုလမ်းကြောင်းကို ထိခိုက်စေခဲ့ပြီး ပါးစပ်ထဲမှ သွေးများ အန်ကျလာခဲ့သည် ။

“ကျွန်မ.. ကျွန်မသူ့ကို ဂရုဏာထားခဲ့တာ မဟုတ်ဘူး...”

ချင်ရွှမ့်ယွာ၏ အသံသည် အားနည်းနေပုံရသည်။

“ ဗျပ်စောင်းလမ်းစဉ်က ကျွန်မရဲ့ မာနပဲ... ကျွန်မ သူ့အပေါ် ကရုဏာသက်ပြီး အလျော့ပေးတာက... ဒါ ကျွန်မကိုယ်ကျွန်မ စော်ကားလိုက်တာပဲ...”

သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီနေသည်။

“ ကျွန်မ မလုပ်နိုင်ခဲ့တာ...”

သူမသည် တကယ်လည်း စူးချန်ကဲ၏ ရန်သူမဖြစ်နိုင်ပေ ။

“ မင်း ....!”

ထိုအသံသည် ပို၍ ဒေါသဖြစ်သွားပုံရသည် ။

“မင်းက ကောင်းကင်လမ်းစဉ်ရဲ့သမီးတော် မဖြစ်ထိုက်ဘူး! အဲ့တော့ မင်းကို ပေးအပ်ထားခဲ့တဲ့ ကောင်းကင်လမ်းစဉ်ရဲ့ အကာအကွယ်ကို ငါ ပြန်ယူရလိမ့်မယ် “

ထိုစကားများ၏ အဆုံးတွင် ၊ ချင်ရွှမ့်ယွာသည် သူမ၏ ခန္ဓာကိုယ်ထဲ၌ စွမ်းအင်တစ်ခု ဖယ်ထုတ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။

လှုံ့ဆော်ခံလိုက်ရသော ကိုယ်တွင်းအင်္ဂါများက သူမကို ပို၍ နာကျင်စေခဲ့သည်။

“ဟားဟား...”

ချင်ရွှမ့်ယွာက ထရယ်လေသည်။

“ ရှင်က ကျွန်မကို ပေးထားတဲ့ စွမ်းအင်ကို ပြန်ယူပြီး... တခြားသူနဲ့ သူ့ကို ရန်သူပြန်လုပ်ခိုင်းမယ်ပေါ့...?”

“မင်းက မအောင်မြင်မှတော့ တခြားတစ်ယောက်ယောက်က မင်းရဲ့ တာဝန်ကို တာဝန်ယူမှာ ဒါ သဘာဝပဲ!”

“ဟုတ်လား...ကျွန်မ သိပြီ...”

ထိုစကားကိုကြားသည်နှင့် ၊ ချင်ရွှမ့်ယွာသည် လမ်းကြောင်း ပြောင်းလိုက်ပြီး နှင်းကောင်းကင် တောင်ထိပ်၏ ချောက်ကမ်းပါးဆီ ဦိးတည်လိုက်သည်။

“ မင်း..မင်းဘာလုပ်မလို့လဲ!?”

ထိုအသံသည် တစ်စုံတစ်ခုကို ကြောက်သွားသလိုပင်။

တစ်ချိန်တည်းမှာပင် ၊ သူသည် ချင်ရွှမ့်ယွာ၏ ခန္ဓာကိုယ်အတွင်းထဲက စွမ်းအင်ကို ပို၍ တိုးမြှင့်လိုက်ပြီး သူမ၏ ခြေလှမ်းများကို တားစီးရန် ကြံစည်ခဲ့သည်။

အတွင်းအင်္ဂါများက မငြိမ်မသက်ဖြစ်နေပြီး၊ သူမသည် ပြင်းထန်သော နာကျင်မှုကို ခံစားရင်း ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်သည်။

သို့သော် ချင်ရွှမ့်ယွာသည် သူမ၏ ခြေလှမ်းများကို မရပ်တန့်သည့်အပြင် အရှိန်ကို တိုးမြှင့်လိုက်သည်။

“ရပ်စမ်း ငါမင်းကို ရပ်ခိုင်းနေတယ်!”

ထိုအသံသည် အတော်လေး တုန်လှုပ်နေသည်။ ချင်ရွှမ့်ယွာသည် သူမ၏ သေခြင်းတရားဖြင့် ကောင်းကင်လမ်းစဉ်မှ စွမ်းအင်များ ပြန်လည်ရုတ်သိမ်းခြင်းကို တားစီးရန် ကြံစည်နေသည်ကို သူ သိလိုက်သည် ။

ကောင်းကင်လမ်းစဉ်၏ သားတော်သည် အပြီးတိုင် သေဆုံးသွားပါက ၊ သူတို့၏ ခန္ဓာကိုယ်တွင်းရှိ ကောင်းကင်လမ်းစဉ်၏ တန်ခိုးစွမ်းအင်ကို ပြန်ယူဖို့ မဖြစ်နိုင်ကြောင်း သင် သိထားရမည်။

“ငါ ထင်ထားသလိုပဲ...”

ချင်ရွှမ့်ယွာ၏ နှုတ်ခမ်းသားများသည် ပြုံးရွှင်သွားသည်။

သူမသည် ချောက်ကမ်းပါးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ယခုတွင် သူမ၏ စိတ်ထဲတွင် ဒေါသူပုန်ထနေသော ထိုအသံကို သူမ ဂရုမစိုက်တော့ချေ။

သူမသည် ကောင်းကင်ယံမှ ကျဆင်းနေသော ဆီးနှင်းများ မော့ကြည့်လိုက်သည်။

နှင်းများက တဖွဲဖွဲ ကျဆင်းနေဆဲပင် ဖြစ်သည်။

သူမသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ၊ လက်ဖဝါးပေါ်တွင် ကျလာသော ဆီးနှင်းများ၏ အထိအတွေ့ကို ခံစားလိုက်သည်။

သူမသည် စူးချန်ကဲ ရှိရာ လမ်းကြောင်းဆီသို့ နောက်ပြန် လှည့်ကြည့်လိုက်သည်။

သူမ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ရှိနေပြီး ၊ သူမ၏ လှပသော မျက်လုံးများသည် လခြမ်းသဏ္ဍာန် ကွေးညွှတ်နေကာ အလွန်ပျော်ရွှင်နေပုံရသည်။

တစ်ချိန်တည်းမှာပင် သူမ၏ မျက်လုံးထောင့်မှ ကြည်လင်သော မျက်ရည်တစ်စက် ကျဆင်းလာခဲ့သည်။

“ငါတို့ တကယ့် သူငယ်ချင်းတွေဖြစ်ဖို့ အခွင့်ရေး ရှိဦိးမယ်လို့ မျှော်လင့်ပါတယ်..”

စူးချန်ကဲ၏ ဂီတကိုနားထောင်ပြီးနောက် ၊ စူးချန်ကဲ၏ ဂီတပါရမီသည် ထိုနေရာတွင် ရပ်တန့်နေမည် မဟုတ်ကြောင်း သူမသိခဲ့သည်။

ထိုအနှီလူသည် အထွပ်အထိပ်နေရာထိ တတ်လှမ်းကာ ရေမတွက်နိုင်သော ဒဏ္ဍာရီများကို ဖန်တီးပေးဦိးမည် ဖြစ်သည်။သူမသည် ထိုအနှီလူ၏ ရန်သူ ဖြစ်လာဖို့ဆိုတာ ဝေးကွာပေသည်။

ထို့နောက်တွင် ချင်ရွှမ့်ယွာသည် သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်ပြီး ချောက်ကမ်းပါး အောက်ခြေဆီသို့ တိုက်ရိုက်ခုန်ဆင်းသွားခဲ့သည်။

သူမ၏ လှပသော ရုပ်သွင် ပျောက်ကွယ်သွားသည်အထိ လေတိုက်သံနှင့် ဆီးနှင်းများက သူမကို လွှမ်းခြုံထားလေသည်...

ဆီးနှင်းများနှင့် မြူခိုးများကြား သူမ၏ အသက်ရှုသံသည် လုံးဝ ပျောက်ကွယ်သွားလေပြီ ။

သို့သော် ဤနှင်းကောင်းကင် တောင်ထွတ်တွင် သူမ တီးခတ်ဖူးခဲ့သော သီချင်း တစ်ပုဒ် ရှိခဲ့သည်။ အမည်မှာ “ ဆီးနှင်းခဲများ၏ ထောင်စုနှစ်ကာလ” ပေတည်း။

……

တစ်ချိန်တည်းမှာပင်။

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့။

“အရူးပဲ!!!”

ကျိန်ဆဲသံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။

ဒေါသသံသည် အသံလှိုင်းတစ်ခုသဖွယ် ရိုက်ခတ်သွားလေရာ ဤနေရာရှိ နိယာမစွမ်းအားများကိုပင် တုန်ခါသွားစေသည်။

သူ့ အာရုံသည် ခန်းမကြီးထဲသို့ ပြန်လည်ရောက်ရှိသွားသည်။

စန်း ဟု အမည်ခေါ်တွင်သော အမျိုးသား၏ မျက်နှာသွင်ပြင်သည် ဒေါသစိတ်ကြောင့် ခက်ထန်နေသည်။

သူ့အား ဝန်းရံထားသော နိယာမစွမ်းအားတို့သည် ပို၍ ပြင်းထန်လာခဲ့ပြီး အဖျက်စွမ်းအားများကို ထုတ်လွှတ်နေခဲ့သည် ။

“အစ်ကို စန်း၊ ဘာလို့ စိတ်ဆိုးနေပြန်ပြီလဲ”

တစ်ဖက်မှ ကျုံ က တည်ငြိမ်စွာပြောလိုက်သည်။

“ ငါ့ဒေါသကို ခက်ခက်ခဲခဲ ထိန်းသိမ်းထားကာမှ ခုတော့ ကောင်းရော ၊ လုံးဝ ပျက်စီးသွားပြီ”

စန်းသည် ဆက်ပြန်မပြောတော့ပေ။ သူ့မျက်လုံးများသည် ဒေါသကြောင့် နီရဲတွတ်နေသည်။

သူသည် သွားများကို တင်းတင်း အံကြိတ်ထားပြီး၊ အသံတိတ်သွားခဲ့သည်။

အချိန်အတော်တန်ကြာပြီးနောက်၊ သူ၏ နောက်ထပ်စကားသံကို ကြားလိုက်ရသည်။

“ကောင်းကင်လမ်းစဉ် သားတော်လေးပါးထဲက တစ်ပါး ဆုံးသွားပြီ...”

ထို့နောက် သူသည် အကြောင်းအရာကို ပြောင်းလိုက်ပြီး ၊ ‌ပို၍ အမျက်ထွက်နေသော လေသံဖြင့် ဆက်ဆိုခဲ့သည်။

“ ကိုယ့်ကိုယ်ကို သတ်သေသွားတာ!”

သူ့အစီအစဉ်အရ ၊ ကောင်းကင်လမ်းစဉ်၏ သားတော်လေးပါးသည် အချင်းချင်း လက်တွဲ၍ စူးချန်ကဲကို ကြီးမားသော ပျက်စီးမှု ဖြစ်စေမည့် တိုက်ပွဲကို ဆင်နွဲရန်အလိုရှိခဲ့သည် ။

သို့သော် ထိုနယ်မြေတွင် သူ့အပေါ်သို့ သက်ရောက်နိုင်သည့် စွမ်းအင်တစ်ခုရှိနေခဲ့သောကြောင့် သူသည် ကောင်းကင်လမ်းစဉ် သားတော်လေးပါးနှင့် မဆက်သွယ်နိုင်ခဲ့ပေ။

ရလဒ်အနေဖြင့် ၊ ထိုကောင်းကင်လမ်းစဉ် သားတော်လေးပါးသည် တသီးတခြားစီ ဖြစ်သွားခဲ့သည်။

သူ့ကို ပို၍စိတ်ဆိုးစေသည့်အချက်မှာ ကွန်ယက်ချိတ်ဆက်ခြင်းဆိုင်ရာ မည်သည့် နည်းလမ်းကိုမဆို အသုံးပြုပါသော်လည်း ၊ နောက်ကွယ်ကလူကို လုံးဝ မရှာဖွေနိုင်ခြင်းပင် ဖြစ်သည်။

“ဟွန့်! ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ အစီအစဉ်ကို ဘယ်ကောင်ကများ တားဆီးနိုင်မှာတုန်း!”

……

နှင်းကောင်းကင် တောင်ထိပ်။

စူးချန်ကဲတို့အဖွဲ့သည် နှင်းကောင်းကင် တောင်ကုန်းထိပ်ပေါ်သို့ ချောမွေ့စွာ ရောက်ရှိလာခဲ့သည်။

ဤနေရာတွင် နှင်းအနည်းငယ်သာရှိပြီး ၊ ၎င်းကို အင်အားတစ်ခုက ထိန်းချုပ်ထားပုံရသည်။

သို့သော် ဤနေရာတွင် သူ၏ အာရုံကို ဆွဲဆောင်နေခဲ့သော အရာမှာ ရေခဲတံခါးကြီးပင် ဖြစ်သည် ။

“ ဒီနေရာမှာ မကောင်းဆိုးဝါး ‌စွမ်းအင် အနည်းငယ် ကျန်ရှိနေတယ်”

စူးချန်ကဲသည် ဧရာမ ရေခဲတံခါးကြီး၏ ရှေ့သို့ တည့်တည့်မတ်မတ် လျှောက်သွားရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ ကြည့်ရတာ သူတို့ ဒီထဲကို ဝင်သွားတာ အချိန်အတိုင်းအတာတစ်ခု ရှိပြီ “

“သွားရအောင်၊ ငါတို့တွေ သူများရဲ့ မက်မွန်သီးတွေ ခိုးဖို့ အချိန်ရောက်ပြီ”

အပိုင်း(၃၁၀): စူးချန်ကဲ အရေးယူပြီ ၊ ရွေးချယ်ခွင့်ပေးမယ်

ရေခဲတံခါးကြီး၏ အတွင်း၌ ၊

အဆုံးမရှိသော ရေခဲစင်္ကြံတစ်ခုရှိနေသလိုပင်။

နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော ကျောက်စက်ပန်းဆွဲများကဲ့သို့ ရေခဲစင်္ကြံအထက်တွင် တွဲလောင်းကျနေသော မရေမတွက်နိုင်သော ရေခဲပန်းဆွဲများ ရှိသည်။

“ ဒီကမ္ဘာကြီးမှာ ခုလို အံ့သြစရာကောင်းတဲ့ မြင်ကွင်းမျိုး ရှိနေသေးတယ်ပေါ့...”

လော့ရန်ယွီသည် အံ့ဩခြင်းပေါင်းများစွာ ပြည့်နှက်နေသော မျက်လုံးများဖြင့် ထိတ်လန့်စွာ ဆိုလိုက်သည်။

အများအားဖြင့် မမြင်ချင်ယောင်ဆောင်နေတတ်သော အရိုးဖြူပင်လယ် ဘုရင်မကတောင် ရှားရှားပါးပါး ခေါင်းညိတ်လာပြီး သဘောတူနေသည်။

အဘယ့်ကြောင့်ဆိုသော် သူမသည်လည်း ဤမျှ လှပသော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ရေခဲစင်္ကြံတစ်ခုလုံးသည် ကြည်လင်သော သလင်းကျောက် ကမ္ဘာကြီးကဲ့သို့ ဖောက်ထွင်းမြင်ရကာ ပြာလဲ့လဲ့ အရောင်သဏ္ဍာန်ရှိသည်။

ဤရေခဲနံရံများနှင့် ရေခဲပန်းဆွဲများသည် အပြာနုရောင် အလင်းတန်းများကို ထုတ်လွှတ်ပေးနေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် အထူးတလည် တောက်ပပေးနိုင်သည့် အရာများ ရှိနေသောကြောင့် ယခုလို ခပ်ဖျော့ဖျော့ အလင်းများကို ထုတ်လွှတ်ပေးနေခြင်း ဖြစ်သည်။

တစ်ဖန် အလင်းရင်းမြစ်၏ အဆက်မပြတ် အလင်းယိုင်ခြင်းကြောင့် ရောင်စုံမျိုးစုံ တောက်ပနေသည်။

ထို့အပြင် ရောင်ပြန်ဟပ်ခြင်းက ဤနေရာတွင် ရှိနေသော မြင်ကွင်းကို ပို၍ လှပသွားစေသည်။

သူတို့၏ ရုပ်ပုံများသည် အလင်းမှန်တစ်ခုလို ထင်ဟပ်နေပြီး ၊ အိပ်မက်ကမ္ဘာထဲတွင် လျှောက်သွားနေသလိုပင်။

“ ဟားဟား !”

သို့သော် ထိုအချိန်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော ရယ်သံတချက်သည် ဤကဲ့သို့ ရှားပါးပြီး လှပသော ငြိမ်းချမ်းရေးကို ချိုးဖျက်ပစ်ခဲ့သည်။

အမျိုးသမီးလေးနှစ်ယောက်၏ လှပသောမျက်လုံးများသည် ဒေါသဖြစ်နေသကဲ့သို့ အနည်းငယ် ကျုံ့သွားပြီး ၊အသံလားရာကို တစ်ချက်ကြည့်လိုက်သည်။

ထိုအသံသည် စင်္ကြံအဆုံးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

…….

စင်္ကြံအဆုံးရှိ ခန်းမအလွတ်တစ်ခုတွင်။

မကောင်းဆိုးဝါးမျိုးနွယ်စုဝင် ပါရမီရှင်တစ်စုသည် ဟောဟဲလိုက်နေပြီး ၊ ကြီးမားသော အရွယ်အစားရှိသည့် ရေခဲ အပိုင်းအစများက ၎င်းတို့ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသည်။

ဝုန်း!

နျုံမိုထျန်းသည် သူ့လက်ဖဝါးကို မြှောက်တင်လိုက်ပြီး ၊ သူ့လက်ထဲက မိုးကြိုးစွမ်းအားဖြင့် သူ့ရှေ့က ရေခဲထုကြီးကို ချက်ချင်း ဖြိုခွဲပစ်လိုက်သည်။

သူ့နှုတ်ခမ်းထောင့်များက သူ၏ စိတ်လှုပ်ရှားမှုကို ဖော်ပြနေသည်။

သူ့နှင့် မနီးမဝေးတွင် ရေခဲတုံးကြီးတစ်ခု ရှိနေပြီး ၊ ထိုအပေါ်တွင် အပြာရောင် ရေခဲသော့တစ်ခု ရှိနေသည်ကို သိလိုက်ရသည်။

၎င်းအပေါ်တွင် ပြင်းထန်သော အအေးဓာတ်စွမ်းအားများက ရစ်ဝဲထားပြီး ၊ အပြာရောင် ရေခဲမှော်သင်္ကေတများက တဟုန်ထိုး ရိုက်ခတ်လှုပ်ရှားနေသည်။

ဤသည်မှာ ကျုံယုံ(ငရဲကိုးထပ်)ကို ဖွင့်လှစ်နိုင်မည့် သော့လေးခုထဲမှ တစ်ခုဖြစ်သည်။

“သော့ကို ဒီလောက်ထိ မြန်မြန်ရှာတွေ့မယ်လို့ ငါ မမျှော်လင့်ထားဘူး ၊ ငါ နျုံမိုထျန်းက တကယ်ကို ပြိုင်ဆိုင်လို့မရတဲ့ ကံအကောင်းဆုံးသော ပါရမီရှင်တစ်ပါးပဲ”

နျုံမိုထျန်းသည် ခေါင်းကိုမော့ကာ အားရပါးရ ရယ်မောလိုက်သည်။

ကောင်းကင်လမ်းစဉ်၏ အကာအကွယ်ကို ရရှိပြီးကတည်းက ၊ သူ၏ ကံကောင်းခြင်းသည် ဆည်မှ ပေါက်ထွက်လာသော ရေကဲ့သို့ပင်။

သူသည် သော့ကိုရရှိရန် အချိန်များစွာယူရမည်ဟု ထင်ထားခဲ့သော်လည်း၊ ယခုလို မြန်မြန်ဆန်ဆန် ရှာတွေ့လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

“ ကြည့်လေ ၊စူးချန်ကဲလောက်တော့ အသာလေးပဲ ၊ အခု ငါ သော့ကို ရခါနီးနေပြီ၊ ဒါပေမဲ့ သူကရော ခုထိအရိပ်ကို မမြင်ရသေးတာ”

“တကယ်ကို ရယ်စရာပဲ!”

နျုံမိုထျန်းသည် အထင်အမြင်သေးစွာ ဆိုလိုက်သည်။

ပြင်ပကမ္ဘာက အဲ့ကောင်စူးချန်ကဲကို ဘာလို့ ဒီလောက်တောင် သဘောကျနေတာလဲ မသိဘူး!

“လူကြီးမင်း....”

မကောင်းဆိုးဝါး မျိုးနွယ်စုဝင် ပါရမီရှင်တစ်စုသည် စကားပြောရန် တွန့်ဆုတ်နေကြသည်။ နျုံမိုထျန်းသည် သူတို့ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းတွင် ကျီးကန်းပါးစပ် ဟူ၍ နာမည်ကြီးသည်ကို သင် သိထားရမည်။

T/N - ကျီးကန်းပါးစပ် - ပြောလိုက်တဲ့ စကားလုံးတိုင်းက ကံမကောင်းမှုကို ဖြစ်လာစေသည်

ခုနလေးမှ ပြောလိုက်တယ် ၊ ခု တန်းပြီး ရောက်ချလာလေရဲ့ !

စူးချန်ကဲမှာ တကယ်ကြီး ရောက်ချလာခဲ့သည်။ယင်းက သူတို့ကို ကြောက်လန့်သွားစေခဲ့သည်။

သို့သော် နျုံမိုထျန်းကတော့ ယုံကြည်ချက်အပြည့်ဖြင့် ထပ်ဆိုပြန်သည်။

“ ငါသာ စူးချန်ကဲဆိုရင် မက်မွန်သီးတွေကို ခိုးဖို့ သေချာပေါက် နည်းလမ်းရှာနေမှာ!”

လက်ခုပ်တီးသံ——

ထိုအချိန်တွင် စင်္ကြံလမ်းမှ လက်ခုပ်တီးသံ ထွက်ပေါ်လာခဲ့သည်။

“ပြောတာ ကောင်းတယ်”

“မင်းရဲ့စကားကို ငါကိုယ်တော် လေးလေးနက်နက် အသိအမှတ်ပြုတယ် “

ထိုအသံထွက်လာသည်နှင့် တပြိုင်နက် ၊ မကောင်းဆိုးဝါးမျိုးနွယ်စုဝင် ပါရမီရှင်များအားလုံး တုန်လှုပ်သွားကြသည်။

အအေးဓာတ်၏လွန်ကဲမှုအောက်တွင် ၎င်းတို့မှာ ဖြူဖျော့နေခဲ့ပြီပင်။ သို့သော် ထိုစကားလုံးများက သူတို့၏ နှလုံးသားထဲသို့ ရောက်ရှိသွားသောအခါတွင် သူတို့၏ သွေးစီးဆင်းလည်ပတ်မှုနှုန်းကိုတောင် ရပ်တန့်သွားစေသည်။

သူတို့၏ ဦးခေါင်းများသည် နောက်သို့လှည့်ကြည့်လာကြသည်။

ရေခဲစင်္ကြံ၏ အဝင်ဝတွင်။

လူသုံးယောက် သူတို့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာကြသည်။

ခေါင်းဆောင်အမျိုးသားသည် အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားပြီး ၊ အရပ်ရှည်ရှည် ခပ်ဖြောင့်ဖြောင့်၊ ချောမောသော မျက်နှာသွင်ပြင်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး တောက်ပြောင်နေသည်။

“စူး...စူးချန်ကဲ!!”

သူတို့ကို ပို၍ ကြောက်လန့်စေခဲ့သောအရာမှာ စူးချန်ကဲတစ်ယောက်တည်းတင် မဟုတ်ဘဲ ၊

သူ့ဘေးနားတွင် ရှိနေခဲ့သော လှပသော မိန်းမပျိုနှစ်ဦးသည် သူတို့ကို အသက်ရှုရပ်လုမတတ် ဖြစ်စေခဲ့သည်။

ယောင်ချီ နတ်ဘုရားမ လော့ရန်ယွီ နှင့်

ကွေးယွမ် သူတော်စင် နယ်မြေ၏ လျှို့ဝှက်ဆန်းကြယ်သော သူတော်စင်ဧကရာဇ်!

စူးချန်ကဲ တစ်ယောက် ရှိနေရုံနဲ့တင် ကြောက်စရာကောင်းနေပြီလေ ၊ အခုတော့ ဒီလောက်ထိ စွမ်းအားကြီးမားတဲ့ လူသုံးယောက်တောင် ရောက်ချလာသတဲ့လား!?

သူတို့ ဘယ်လိုလုပ် တိုက်နိုင်မှာလဲ?

နျုံမိုထျန်းကို ကြည့်နေသော မကောင်းဆိုးဝါးမျိုးနွယ်ဝင် ပါရမီရှင်များ၏ မျက်လုံးများထဲတွင် အပြောင်းအလဲအချို့ ရှိနေခဲ့သည်။ဤကျုံယုံ(ငရဲကိုးထပ်) ခရီးစဉ်တွင် နျုံမိုထျန်းသာ သူတို့၏ ခေါင်းဆောင် မဟုတ်ခဲ့ပါက ၊

သူတို့ ဤကျီးကန်းပါးစပ်ကို လူရှေ့သူရှေ့ အသေရိုက်သတ်လိုက်ချင်သည်။

ဤအခြေအနေကြောင့် နျုံမိုထျန်းတစ်ယောက် ကြောင်အမ်းနေလေ၏ ။

သူ့တွင် သံသယတချို့ရှိ‌‌နေခဲ့သည်။ချင်ရွှမ့်ယွာက ကောင်းကင်လမ်းစဉ်ရဲ့ သမီးတော်တစ်ပါး မဟုတ်ဘူးလား?ဘယ်လိုလုပ်ပြီး စူးချန်ကဲကို မတားနိုင်ခဲ့တာလဲ?

ထိုစဉ် စူးချန်ကဲက အပြုံးမပျက် ဆိုလိုက်သည် “ငါ မင်းကို အခွင့်အရေးပေးမယ်၊ သော့ကို မင်းကိုယ်တိုင် လွှဲပေးမလား ဒါမှမဟုတ် ထုတ်ခိုင်းရမလား?”

“ငါဆိုတဲ့လူက လူကောင်းလို့ သတ်မှတ်လို့ရတယ် “

“ အဲ့တော့ ငါ မင်းကို ရွေးချယ်ခွင့် ပေးလိုက်မယ် “

ထိုစကားလုံးများသည် ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေပြီး ၊ အထူးသဖြင့် စူးချန်ကဲ၏ နှုတ်ခမ်းပေါ်က အပြုံးသည် တစ်စုံတစ်ရာကို ပြောပြနေသည် ။

မင်းကိုယ်တိုင် လက်လွှဲပေးမလား?

ဒါမှမဟုတ် မင်းကိုသတ်ပြီး ငါကိုယ်တိုင်ယူရမလား!

နျုံမိုထျန်းတစ်ယောက် သူ့တံတွေးသူ မျိုချလိုက်ရင်း။

“နာမည်ကြီးလှပါပေတဲ့ ချန်ကဲ ဆက်ခံသူက မိန်းမတွေကို အားကိုးပြီး ငါတို့ကို ခြိမ်းခြောက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး!”

“ ယောကျာ်းဖြစ်ပြီး ဒါ သတ္တိကြောင်တာပဲ”

စူးချန်ကဲက ရယ်လေသည်။

“မိန်းမကို အားကိုးပြီး ခြိမ်းခြောက်တယ်?”

စူးချန်ကဲသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော ရောင်ဝါများသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

သူ၏ ဖိနှိပ်စွမ်းအားတို့သည် နှင်းမုန်တိုင်းကြီးကိုပင် လွင့်စင်သွားစေသည်။

သူ၏ နှိပ်ကွပ်မှုသည် မကောင်းဆိုးဝါးမျိုးနွယ်စုဝင် ပါရမီရှင်များကို အသက်ရှုရပ်လုမတတ် ဖြစ်စေသည်။

မကောင်းဆိုးဝါးမျိုးနွယ်စုဝင် ပါရမီရှင်များ၏ အမူအယာတို့သည် အတော်လေး ကြည့်ရဆိုးနေသည်။ သူတို့သည် စူးချန်ကဲ၏ ကိုယ်ထည်များအကြောင်းကို မသိသော်လည်း ၊ သို့သော် ထိပ်တန်းသူတော်စင် နယ်ပယ်အဆင့်‌ဆိုတာကိုတော့ မှန်းဆမိကြသည်။

သို့ဆိုတောင် စူးချန်ကဲမှ ထုတ်လွှတ်လိုက်သော ဖိနှိပ်စွမ်းအားတို့သည် ထိပ်တန်းသူတော်စင် အတိုင်းအတာထက် များစွာကျော်လွန်နေသည်။

ပြိုင်ဘက်ကင်း ဧကရာဇ်မင်းမြတ်တစ်ပါး သူတို့ရှေ့တွင် ရပ်နေသကဲ့သို့ပင်။

“ငါ မင်းနဲ့ အပိုတွေ ပြောဖို့ အချိန်မရှိဘူး”

စူးချန်ကဲသည် လက်တစ်ဖက်ကို နောက်သို့ပစ်ထားပြီး ၊ ကျန်လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

စူးချန်ကဲ၏ ဆင့်ခေါ်မှုကို ခံစားမိသည့်အတိုင်း ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များက သူ့လက်ဖဝါးထဲသို့ အရူးအမူး ရောက်ရှိလာခဲ့သည်။

အဆုံးတွင်၊ ကောင်းကင်နှင့် နေကိုတောင် ဖုံးအုပ်ထားနိုင်သည့် လက်ဝါးရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက လူများကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။

သူသည် သော့ကို ရယူရန် ဤနေရာသို့ လာရောက်ခဲ့ခြင်းမဟုတ်။

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက လူများကို သတ်ပစ်ရန်သာ ဖြစ်သည်။

“ချီးပဲ! ဒီကောင် ဒီလောက်ထိ သန်မာမယ်လို့ မမျှော်လင့်ထားဘူး!”

“ငါ့ခန္ဓာကိုယ်ထဲက ကောင်းကင်လမ်းစဉ်ရဲ့ စွမ်းအားကို အပြည့်အဝ နှိုးဆွဖို့ဆိုရင် အချိန်နည်းနည်း ယူရလိမ့်မယ် ၊ စူးချန်ကဲရဲ့ တိုက်ခိုက်မှုကို ရပ်တန့်ဖို့ ငါ နည်းလမ်းရှာရမယ်!”

နျုံမိုထျန်း၏ ကောင်းကင်လမ်းစဉ်တန်ခိုးသည် အလွန်ထူးခြားသည်။ ၎င်းသည် ဧရာမပုဆိန်၏ အရိပ်ဖြစ်သည်။

၎င်းသည် ကောင်းကင်လမ်းစဉ် သားတော်လေးပါးတို့တွင် သေစေနိုင်သော အဖျက်စွမ်းအားများ ပြင်းထန်စွာ ပါဝင်သော ရတနာလက်နက်ဖြစ်သည်။

၎င်းတွင်ပါရှိသော အဖျက်စွမ်းအားသည် သူသူတော်စင် ဧကရာဇ်ကိုပင် လက်ရည်တူ တိုက်ခိုက်နိုင်သည်။

“ ကျယ်ကူယန် စည်းတံဆိပ်!”

ကျယ်ကူယန် စည်းတံဆိပ်သည် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းမှ ရှေးဟောင်း ပေါင်းစပ်တိုက်ခိုက်ရေး နည်းပညာတစ်ခု ဖြစ်သည်။

၎င်းသည် ရန်သူကိုသတ်ဖြတ်ရန် မူလရင်းမြစ်ရှေးအက္ခရာများစွာ၏ အသွင်အပြင်များကို ကျပန်းဆင့်ခေါ်နိုင်သည်။

ထိုမူလရင်းမြစ်ရှေးအက္ခရာများသည် ကံကြမ္မာပင်လယ်ထဲသို့ ပျောက်ကွယ်သွားကြောင်း ကောလဟာလများ ရှိခဲ့ဖူးသည်။ထိုမူလရင်းမြစ်ရှေးအက္ခရာများသည် တန်ခိုးအကြီးဆုံးဖြစ်ပြီး ၊ ဧကရာဇ်များကို ဖျက်ဆီးကာ အမတများကိုပင် အပြစ်ပေးနိုင်သည်။

ထို့ကြောင့် ၎င်းသည် အရိပ်တစ်ခုမျှသာဖြစ်သော်လည်း အလွန်အစွမ်းထက်သည်။

နျုံမိုထျန်း၏ အမိန့်ပေးမှုအောက်တွင် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းမှ ပါရမီရှင် ဒါဇင်ပေါင်းများစွာသည် လျင်မြန်စွာ တုံ့ပြန်လာခဲ့သည်။

အင်အားစုကြီးများ၏ သားစဉ်မြေးဆက်များနှင့် တစ်ကိုယ်တော် ကျင့်ကြံသူများကြား ကြီးမားသော ကွာဟချက်ရှိရသည့် အကြောင်းရင်းမှာ ၎င်းတို့၏ ကျင့်ကြံသော နည်းလမ်းများသည် ထိပ်တန်းအဆင့်ဖြစ်သောကြောင့် ဖြစ်သည်။

တူညီသော ပညာရပ်တို့ဖြင့် ပေါင်းစပ်တိုက်ခိုက်မှု နည်းပညာကို အသုံးပြုသောအခါ၊ ပို၍ အားကောင်းသော သက်ရောက်မှုကို ဖြစ်စေသည်။

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းမှ ပါရမီရှင်များသည် နျုံမိုထျန်း၏ အမိန့်ပေးသံကို ကြားသည်နှင့် ချက်ချင်း လက်သင်္ကေတ တစ်ခုကို ဖွဲ့စည်းလိုက်သည်။

ဝုန်း! !

အားကောင်းလွန်းသော နတ်အလင်းများသည် သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ၊ နောက်ဆုံးတွင် စူးချန်ကဲ၏ လက်ဝါးရိပ်ကြီး ရှေ့တွင် စုဝေးသွားသည်။

အချင်းချင်း ရောယှက်နေသော မှော်သင်္ကေတများသည် ကြီးမားသော ရွှေရောင်ရှေးအက္ခရာ သင်္ကေတတစ်ခု အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။

အပိုင်း(၃၁၁): ကောင်းကင်လမ်းစဉ်၏ စွမ်းအား နိုးထခြင်း ၊ မိန်းမပျိုနှစ်ယောက်၏အရေးယူမှု

တစ်ချိန်တည်းမှာပင်၊ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားများသည် ရွှေရောင်ရှေးအက္ခရာစာလုံးကြီးမှ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ၊ စွမ်းအင်လှိုင်းမုန်တိုင်းသည် နေရာပေါင်းစုံကို ရွေ့လျားသွားသည်။

ယင်းအက္ခရာစလုံးသည် မူလရင်းမြစ် ရှေးအက္ခရာစာလုံးများစွာထဲမှ တစ်ခုဖြစ်သည့် ‘破’ (ချိုးဖျက်ခြင်း) စာလုံး အစီအရင်နည်းပင် ဖြစ်သည်။

“စိတ်ဝင်စားဖို့ ကောင်းတယ်၊ မင်းတို့ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက ဒီလိုအရာမျိုးကို နားလည်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး”

“ မကောင်းဆိုးဝါးမျိုးနွယ်ဝင်‌တွင် အထွတ်အထိပ်ရောက်နေတဲ့ အဲဒီခေတ်တုန်းက ငါ့တို့ လူသားမျိုးနွယ်စုက ပစ္စည်းတွေကို ဘယ်လောက်တောင် ဓားပြတိုက်ထားလဲမသိဘူး”

သို့သော် သူ၏ လက်များသည် ဆက်လက်လှုပ်ရှားနေပြီး၊ သူ၏ ဧရာမ လက်ဝါးပြင်ကြီးသည် မကောင်းဆိုးဝါး ပါရမီရှင်များစွာ စုဝေးပေါင်းစပ်ထားသော ရှေးအက္ခရာကို အုပ်မိုးထားဆဲဖြစ်သည်။

“မင်းတို့ ခွန်အားရှိသမျှကို အသုံးချကြ ၊ တစ်ဖက်လူကို လုံးဝအခွင့်မပေးနဲ!”

“သခင် နျုံမိုထျန်း သူ့ရဲ့ ခွန်အားတွေ အားလုံးကို စုဆောင်းပြီးသည် အထိ ငါတို့ ထိန်းထားနိုင်သရွေ့ ငါတို့ နိုင်ပြီပဲ!”

မကောင်းဆိုးဝါးပါရမီရှင်များ၏ကြွေးကြော်သံနှင့်အတူ ကြီးမားသော ရွှေရောင်ရှေးအက္ခရာစာလုံးသည် ပို၍ပင် တောက်ပလာခဲ့သည်။

တခဏချင်းမှာပင် ၊ လက်ဝါးပြင် နှင့် ရှေးအက္ခရာစာလုံးတို့သည် ပြင်းထန်စွာ ဆုံတိုက်သွားသည်။

နှစ်ဖက်ကြားက ထိပ်တိုက်တွေ့ဆုံမှုသည် ရေခဲခန်းမတစ်ခုလုံးကို တသိမ့်သိမ့် တုန်ခါသွားစေသည်။

ပေါက်ကွဲထွက်ပေါ်လာခဲ့သော လေပြင်းမုန်တိုင်းသည် တွဲလောင်းကျနေသော ရေခဲပန်းဆွဲများကို မြေပြင်ပေါ်သို့ ကြည်လင်သောရေခဲအစိတ်အပိုင်းများအဖြစ်သို့ ပြိုကျစေကာ လွင့်ထွက်သွားစေသည်။

နျုံမိုထျန်းသည် လက်ရှိအခြေအနေကို အခွင့်ကောင်းယူကာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်လမ်းစဉ်၏ စွမ်းအားကို အစွမ်းကုန် စုဆောင်းရန် ကြံရွယ်လိုက်သည်။

သို့သော် တခြားအမျိုးသမီးနှစ်ယောက်သည် သူ့ကို သေချာပေါက် အခွင့်အရေး ပေးမည်မဟုတ်။

လော့ရန်ယွီ၏ မျက်နှာသည် လျစ်လျူရှုမှု အပြည့်ဖြင့် ၊ သူမ၏ ကျင့်‌ကြံစွမ်းအားများကို အစွမ်းကုန် ထုတ်သုံးလိုက်သည်။

ပရမ်းပတာ အလင်းလှိုင်းများ ထွက်ပေါ်လာခဲ့ပြီး နျုံမိုထျန်းအား ချက်ချင်းနှိပ်ကွပ်ခဲ့သည်။

ကောင်းကင်လမ်းစဉ်၏ စွမ်းအားကို အစွမ်းကုန် စုဆောင်းခဲ့သော နျုံမိုထျန်းသည် မိမိ၏ ခန္ဓာကိုယ်ပေါ်၌ ဧရာမတောင်ကြီး တစ်လုံးက သူ့ကို ဖိနှိပ်ထားသည့်အတိုင်း ခံစားလိုက်ရသည်။

“ ချီးပဲ! ဒီဟွိုင့်တွိုင့်ခန္ဓာကိုယ်ရဲ့ စွမ်းအားကတကယ်ကို သန်မာလွန်းတယ်!”

“ ငါ အခုပြီးခါနီးပြီ၊ ထပ်ပြီး နှောင့်နှေးလို့မဖြစ်တော့ဘူး!”

နျုံမိုထျန်းသည် အကြင်နာကင်းမဲ့သည်။သူသည် သူ့ကိုယ်တွင်းရှိ ကောင်းကင်လမ်းစဉ်၏ စွမ်းအားကို လုံးလုံးလျားလျား အသက်သွင်းဖို့ ဆုံးဖြတ်လိုက်သည်။

သူ၏ အတွေးများ ပြီးဆုံးသွားသည်နှင့် တပြိုင်နက် ၊ သူ့ခန္ဓာကိုယ်ထဲတွင် အိပ်ပျော်နေသော ကောင်းကင်လမ်းစဉ်၏ ရောင်ဝါတို့သည် ရုတ်တရက် နိုးထလာခဲ့သည်။

ဂျိန်း!!

မည့်သည့်သတိပေးချက်မရှိဘဲ ထောင်နှင့်ချီသော မိုးကြိုးလျှပ်စီးများကို ဆွဲထုတ်ခဲ့သည်။ ထိုပြင်းထန်လှသော မိုးကြိုးလျှပ်စီးများကြောင့် ဤနေရာတစ်ခုလုံး နေ့ခင်းဘက်သဖွယ် ဝင်းထိန်သွားခဲ့သည်။

မိုးကြိုးလျှပ်စီးများသည် ရေနဂါးတစ်ကောင်ကဲ့သို့ ကူးခတ်နေပြီး၊ ပြင်းထန်သော မိုးကြိုးများသည် ဟင်းလင်းပြင် ကွက်လပ်တစ်ခုလုံးကို မိုးကြိုးပင်လယ်အဖြစ်သို့ ပြောင်းလဲစေခဲ့သည်။

ဂျိန်း!!

နောက်ထပ် လျှပ်တစ်ပြက် မိုးခြိမ်းသံသည် နျုံမိုထျန်း၏ လက်ထဲသို့ တိုက်ရိုက် ကျရောက်သွားသည်။

ထို့နောက် အဆုံးမဲ့ မိုးခြိမ်းသံများ အဆက်မပြတ် ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် ပုဆိန်ကြီးတစ်ခုအဖြစ် စုဝေးဖြစ်တည်သွားခဲ့သည်။

ပုဆိန်ခေါင်းတစ်ခုလုံးကို မိုးကြိုးများဖြင့် ပြုလုပ်ထားပုံရပြီး ၊ ပုဆိန်ဓားပင် ဖြစ်စေ ပုဆိန်လက်ကိုင်ပင်ဖြစ်စေ ပြင်းထန်သော လျှပ်စီးမိုးကြိုးများက တဖျပ်ဖျက် ရိုက်ခတ်နေသည်။

နျုံမိုထျန်းသည် ထိုမိုးကြိုးပုဆိန်ကြီးကို ကိုင်လိုက်သည်နှင့် တပြိုင်နက် သူ့ကိုယ်ပေါ်ရှိ ရောင်ဝါတို့သည် သိသိသာသာ တိုးမြှင့်လာခဲ့သည် ။

သူတော်စင် ဧကရာဇ်နယ်ပယ်အဆင့်သို့ ရောက်ရှိသွားသလိုပင်။

“ဟားဟား၊ ဒါ ငါလိုချင်တဲ့ စွမ်းအားပဲ!”

ကောင်းကင်လမ်းစဉ် စွမ်းအား၏ ကောင်းချီးမင်္ဂလာနှင့်အတူ၊ သူ၏ အဖျက်စွမ်းအားမိုးကြိုးနှင့် ဖျက်စီးပစ်နိုင်သော အတိုင်းအတာသည် မိုးကြိုးအတိဒုက္ခနှင့် နှိုင်းယှဉ်နိုင်ပြီး ၊ သူတော်စင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို တောင် လက်ရည်တူ ယှဉ်ပြိုင်နိုင်သည်။

အရိုးပွတ်တိုက်သံ!

ထိုအချိန်တွင် ထူးဆန်းသော အရိုးပွတ်တိုက်သံများ ထွက်ပေါ်လာခဲ့သည်။

ဝုန်း!!

လော့ရန်ယွီမှ အရေးယူပြီးနောက်၊ အရိုးဖြူ ပင်လယ် ဘုရင်မသည်လည်း ပါဝင်လာခဲ့သည်။

သူမသည် လက်ဗလာဖြင့် ဟင်းလင်းပြင်နေရာလွတ် တစ်ခုကို ခွဲထုတ်လိုက်ပုံရပြီး ၊ ထိုနေရာမှ အဆုံးမရှိသော အရိုးဖြူများ သွန်းလောင်းချလိုက်သကဲ့သို့ ထွက်လာခဲ့ပြီး ဤနေရာတစ်ခုလုံးကို ချေမှုန်းပစ်တော့မည့် ရှေးဟောင်း အရိုးဖြူပင်လယ်ကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။

“ ဟွန့် ၊ ဒါဆို မင်းတို့ ငါ့အစွမ်းအစကို စမ်းသပ်ကြည့်လိုက်ပေါ့”

နျုံမိုထျန်းသည် အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။ သူသည် ကောင်းကင်လမ်းစဉ် တန်ခိုးစွမ်းအင်၏ ကောင်းချီးပေးမှုဖြင့် သူ့တစ်ကိုယ်လုံး အင်အားအပြည့်ရှိနေမှန်း ခံစားလိုက်ရသည်။

သူသည် မိုးကြိုးပုဆိန်ကို မြှောက်တင်လိုက်ပြီး ၊ သူ့ဆီ ဦးတည်လာနေသော အရိုးဖြူပင်လယ်၏ လှိုင်းလုံးကြီးများကို တိုက်ရိုက်ခုတ်လှဲပစ်လိုက်သည်။

ခုတ်လှဲပစ်လိုက်သည့်အချိန်မှာပင် ၊ ဤကမ္ဘာတစ်ဝှမ်းတွင် ပြင်းထန်သော မိုးကြိုးစက်ကွင်းကြီး ဖြစ်ပေါ်လာသကဲ့သို့ သောင်းနှင့်ချီသော လျှပ်စီးများက တဖျက်ဖျက် ရိုက်ခတ်လျက် မိုးခြိမ်းသံများ ပေါက်ကွဲထွက်ပေါ်လာသည်။

အဆုံးတွင်၊ မိုးကြိုးမုန်တိုင်းများ လွှမ်းမိုးထားသော သမုဒ္ဒရာကြီးနှင့် အရိုးဖြူပင်လယ်တို့ တစ်ခုနှင့်တစ်ခု ထိပ်တိုက် ဆုံတွေ့ခဲ့ကြသည်။

ဂျိန်း ဂျိန်း!

ဝုန်း!!

ထိတ်လန့်တုန်လှုပ်စရာကောင်းသော မိုးခြိမ်းသံများအလယ်တွင် အရိုးစုများသည် အမှုန့်ဖြစ်အောင် ဖြိုခွဲခံလိုက်ရသည်။

သို့သော်လည်း အရိုးဖြူ ပင်လယ် ဘုရင်မသည် ဤဖြစ်ရပ်အပေါ် လုံးဝ ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော မိုးကြိုးလျှပ်စီးတို့သည် သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော မရဏတရားအပေါ် ကြီးစွာသော ချုပ်တည်းသက်ရောက်မှုကို ဖြစ်စေသည်။

ဤနေရာတွင် တခြားမရဏလောကသား ကျင့်ကြံသူ တစ်ဦးသာ ရှိနေခဲ့ပါက ၊ သေချာပေါက် ဒုက္ခရောက်သွားနိုင်သည်။

သို့သော် သူမတွင် ထိုဒဏ္ဍာရီလာ ပုဂ္ဂိုလ်၏ သွေးဆက်ဖြစ်သည်။

သို့ဖြစ်၍ ဤအရာအတွက် မမူပေ။ သူမသည် လက်ကို အသာယာ ဝှေ့ယမ်းလိုက်သည်။

မိုးကြိုးကြောင့် ကွဲအက်သွားသော အရိုးပင်လယ်သည် တဖန် စုရုံးလာခဲ့သည်။

အက် အက်!

တစ်စစီဖြစ်သွားသော အရိုးအစများသည် ပြန်လည်ဖွဲ့စည်းသွားပြီး နောက်ဆုံးတွင် အရိုးစုများအဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။

၎င်းတို့၏ ဗလာကျင်းနေသော မျက်ခွံ၌ ပြင်းထန်စွာ လောင်ကျွမ်းနေသော တစ္စေမီးတောက်များ ရှိပြီး ၊ မေးရိုးများကို ဖွင့်လိုက် ပိတ်လိုက်ဖြင့် ကျယ်လောင်စွာ ဟောက်လျက် နျုံမိုထျန်းဆီသို့ တခဲနက် ပြေးဝင်သွားကြသည်။

“မိုးကြိုးအမျက်ဒေါသ၏ ဒဏ်ခတ်ခြင်း!”

နျုံမိုထျန်းသည် သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများကို ထပ်မံစုစည်းပြီး မိုးကြိုးပုဆိန်ကို ကိုင်ဆောင်ကာ ထပ်မံ ခုတ်လှဲပစ်ခဲ့သည်။

ဤတစ်ကြိမ်တွင်၊ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မိုးခြိမ်းသံသည် အလွန်ကြောက်စရာကောင်းသော စွမ်းအားကို သယ်ဆောင်လာပြီး အရိုးပင်လယ်နှင့် ထပ်မံ ထိပ်တိုက်ဆုံတွေ့ခဲ့ပြန်သည်။

“ဟာဟား... အသုံးမဝင်ဘူး၊ မိုးကြိုးက ယင်ဓာတ်တွေအတွက်တော့ ကပ်ဆိုးပဲ!”

“ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ဒီအမှန်တရားကို ပြောင်းလဲလို့မရဘူး”

နျုံမိုထျန်းက ဆက်ပြောသည် ။

“ အဲ့အစား မင်းငါ့နောက်ကို လိုက်ခဲ့ပါ့လား ၊ ငါ့ရဲ့ ကောင်းကင်ဘုံ မကောင်းဆိုးဝါတောင်တန်းရဲ့အုတ်မြစ်က ကွေးယွမ် သူတော်စင် နယ်မြေထက် အများကြီးမဆိုးပါဘူး “

“ပြီးတော့ ငါကလည်း ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းရဲ့ ဆက်ခံသူတစ်ဦးပဲ ၊ မင်းငါ့နောက်ကို လိုက်ခဲ့မယ်ဆိုရင် မင်းအတွက် မပူပန်စေရဘူးလို့ ငါအာမခံတယ်”

သို့သော်လည်း အရိုးဖြူ ပင်လယ် ဘုရင်မသည် လျစ်လျူရှုထားဆဲပင် ဖြစ်သည်။ သူမ၏ မျက်ဝန်းများတွင် စက်ဆုပ်ရွံရှာဖွယ် ခံစားချက်တစ်ခု ရှိနေသည်။

စူးချန်ကဲ၏ အရည်အချင်းသည် မည်မျှသန်မာသည်ကို သူမ ကောင်းကောင်းသိသည်။

သွေးနှောရှေးဟောင်းစာမရီ( တိဗက်နွား)တစ်ကောင်က စူးချန်ကဲကို ယှဉ်ပြိုင်ဖို့ တန်လို့လား?

သူမ၏ လက်ထဲက စွမ်းအားများသည် ဘယ်တော့မှ ရပ်တန့်မသွားဘဲ အရိုးဖြူ ပင်လယ်ကြီးအား ပို၍ ကြောက်မက်ဖွယ်စွမ်းအားများဖြင့် ဆက်လက် တိုးမြှင့်ပေးလိုက်သည်။ ပင်လယ်ထဲရှိ အရိုးစုများသည် တဖက်လူ၏ မိုးကြိုးလျှပ်စီးများကို ဖြိုခွင်းလျက် တိုက်ရိုက် စားသုံးပစ်ခဲ့သည်။

နျုံမိုထျန်းသည်လည်း ဤရုတ်တရက်ပြောင်းလဲမှုကြောင့် ထိတ်လန့်သွားပြီး နေရာတွင် အေးခဲသွားသည်။

ပြင်းထန်သော ယန် စွမ်းအားများဖြင့် ပြည့်နေသော သူ၏ မိုးကြိုးများသည် ထိုထူးဆန်းသော အရိုးစုများ၏ တိုက်ရိုက် စားသုံးခြင်းကို ခံလိုက်ရသည်။

“ သေစမ်း ! ဒါ ဘာကောင်တွေလဲ!”

နျုံမိုထျန်း အနည်းငယ် ထိတ်လန့်သွားသည်။ သူအသုံးပြုခဲ့သော စွမ်းအင်သည် ကောင်းကင်လမ်းစဉ်၏ စွမ်းအားပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော ကောင်းကင်ဘုံ မိုးကြိုးအတိဒုက္ခ၏ ကောင်းချီးများပါဝင်သည်။

ဆိုးရွားသော ယင်ဓာတ်များ ဖြစ်သော်လည်း၊ သို့သော် ဤအဖြူရောင် အရိုးစုများသည် ဆန့်ကျင်ဘက်အနေဖြင့် ယန်ဓာတ်များ ကြွယ်ဝစွာ ပါဝင်သည့် မိုးကြိုးစွမ်းအားများအတွက် ကပ်ဘေးကောင်များ ဖြစ်နေလေ၏။

ယင်းက သူ့ကို ကျောချမ်းစေခဲ့သည်။ စူးချန်ကဲ သူကိုယ်တိုင်က လူ့ဘီလူးတစ်ကောင် ဖြစ်ရုံသာမက သူ့ပတ်ဝန်းကျင်က လူများကလည်း လူ့ဘီလူးများ ဖြစ်နေကြသည်။

ဝုန်း!!!

ထိုအချိန်တွင် နောက်ထပ် ထိတ်လန့်ဖွယ်ရာ ကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းမှ ပါရမီရှင်များစွာတို့သည် နောက်ဆုံးတွင် စူးချန်ကဲ၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိခဲ့ချေ။

၎င်းတို့၏ ပေါင်းစပ်တိုက်ခိုက်မှု နည်းပညာကို စူးချန်ကဲသည် အပိုင်းပိုင်း ခွဲပစ်ခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားများသည် ၎င်းတို့အား ပဲ့စေ့များကဲ့သို့ လှိမ့်ထွက်ကာ မြေပြင်ပေါ်သို့ ပစ်လဲကျသွားစေသည်။

သူတို့အားလုံး မြေပြင်ပေါ်တွင် လဲကျလျက် ၊ ပါးစပ်ထဲမှ သွေးများ စီးယိုကျလာခဲ့သည်။

ဒါတင်မက နံရိုးများ ကျိုးပဲ့ကွဲအက်လျက် ၊ တိုက်ခိုက်နိုင်စွမ်းများ ဆုံးရှုံးသွားကြသည်။

စူးချန်ကဲသည် နျုံမိုထျန်း ကို ကြည့်လိုက်သည်။

“အခု မင်းတစ်ယောက်ထဲပဲ ကျန်တော့တယ်”

အပြုံးမပျက် ပြောလိုက်သည်။

“မင်းမှာ နောက်ဆုံးအမှာစကားမရှိတော့ရင် သေလမ်းကိုပို့ဆောင်ဖို့ အချိန်ရောက်ပြီ”

All Chapters