← Chapters

အခန်း (၃၁၂-၃၁၆)

Vol. 23 Ch. 312-316

အခန်း (၃၁၂-၃၁၆)

Vol. 23 Ch. 312-316

အပိုင်း(၃၁၂): ဝမ့်ကျဲ့ ဝါးမျိုခြင်း ၊ ကောင်းကင်လမ်းစဉ်၏ နောက်ထပ် သားတော်တစ်ပါး ကြွေလွှင့်ခြင်း

နျုံမိုထျန်းသည် စူးချန်ကဲကို ထိတ်လန့်တကြား လှမ်းကြည့်လိုက်သည်။

သူ့လက်အောက်ငယ်သားများသည် နှာခေါင်းသွေးအပျက်ပျက်ဖြင့် မြေပြင်ပေါ်တွင် ဖရိုဖရဲ ဖြစ်နေသည်ကို မြင်လိုက်ရသည်။

ဤအရာက နျုံမိုထျန်း၏ မျက်နှာအရောင်ကို ပို၍ ဖျော့သွားစေသည်။

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းရှိ ပါရမီရှင်အုပ်စုများထဲတွင် ထိပ်တန်းသူတော်စင် အနည်းစု ရှိသော်လည်း ၊ သို့သော် စူးချန်ကဲ၏ ရိုက်နှက်ခြင်းကို အဘယ်ကြောင့် ခံခဲ့ရလေသနည်း။

“မင်း....”

" မင်းလုပ်ချင်သလို လုပ်လို့ရတယ်လို့မထင်နဲ့!"

နျုံမိုထျန်း မကျေနပ်သည်မှာ ထင်ရှားပေသည်။ သူသည် သူ့လက်ထဲက မိုးကြိုးပုဆိန်ကို တစ်ဖန် အသက်သွင်းလိုက်ရာ ကမ္ဘာအနှံ့ မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားလေသည်။

သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်လမ်းစဉ်၏ စွမ်းအားများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

ဤတစ်ကြိမ်တွင် သူသည် သူ၏ ကျင့်ကြံစွမ်းအား အကုန်လုံးကို အသက်သွင်းလိုက်ပြီး ၊ ဧရာမ မိုးကြိုးပုဆိန်ကြီးဖြင့် ခုတ်ပိုင်းလိုက်သည်။

စူးချန်ကဲသည် တချက်ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို လျှပ်တပြက်ကို ရွေ့လျားလိုက်သည်။ ထို့နောက် လျှပ်စီးကြောင်းများ တဖျက်ဖျက် လက်နေသော မိုးကြိုးပုဆိန်ကြီးဆီသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၊ ထိုမိုးကြိုးပုဆိန်သည် ချက်ခြင်းပင် ပျက်စီးသွားခဲ့သည်။

ကောင်းကင်တစ်ခွင်တွင် ပြန့်ကျဲနေသော လျှပ်စီးအလင်းများကြား ၊ စူးချန်ကဲသည် ပျက်စီးယိုယွင်းနေပြီ ဖြစ်သော မိုးကြိုးမုန်တိုင်းသံများကြားက ဖြတ်ပြေးသွားသော ဉက္ကာပျံတစ်ခုသဖွယ် သူသည် နျုံမိုထျန်းအား နှိပ်ကွပ်ရန် ပြေးဝင်သွားခဲ့သည်။

" မိုးကြိုး ခန္ဓာကိုယ်အကာအကွယ်!"

နျုံမိုထျန်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သို့သော် သူ၏ တုံ့ပြန်မှုသည်လည်း မနှေးပေ။ သူသည် သူ့ခန္ဓာကိုယ်ထဲက မိုးကြိုးစွမ်းအားများကို စုရုံးလိုက်သည်။

သိပ်မကြာခင် ကြောက်စရာကောင်းသော မိုးခြိမ်းသံတစ်ချက် ထွက်ပေါ်လာခဲ့ပြီး ၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကာရံပေးထားသော အကာအကွယ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

သို့သော် စူးချန်ကဲ၏ မျက်လုံးများသည် အရင်လို လစ်လျူရှုထားဆဲပင် ဖြစ်သည် ။ ဤမျှ ကြောက်မက်ဖွယ် ကောင်းသော မိုးကြိုးကမ္ဘာကြီးကို ရင်ဆိုင်လျက် ၊ သူသည် ရှောင်တိမ်းခြင်း မရှိ သူ့လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

ဘုန်း!!

တခဏချင်းမှာပင်၊ ကြောက်စရာကောင်းသော လက်ဝါးရိပ်ကြီးသည် ကောင်းကင်ယံတွင် ဖွဲ့စည်းဖြစ်ပေါ်လာခဲ့သည်။ ယင်းလက်ဝါးပေါ်တွင် ဓားစွမ်းအင်များ ရိုက်နှိပ်ထားသကဲ့သို့ သက်ဝင်လှုပ်ရှားနေကာ လူကို အသက်ရှုရပ်မတတ် ဖြစ်စေသည် ။

ဂုဏ်ကျက်သရေနှင့် ပြည့်စုံသော ဝတ်ရုံဖြူ အသွင်ပုံရိပ်သည် ဧရာမ လက်ဝါးကြီးဖြင့် ရန်သူအား နှိပ်ကွပ်နေခဲ့သည်။

မိုးကြိုးကမ္ဘာကြီးသည် သူ၏ လက်အောက်တွင် ပြိုကျပျက်စီးသွားခဲ့သည်။

ဤမြင်ကွင်းသည် အမျိုးသမီး နှစ်ယောက်လုံးကို ထိတ်လန့်သွားစေခဲ့ပြီး ၊ သူမတို့ တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။

" ဒါ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ"

စူးချန်ကဲ၏ နှိပ်ကွပ်မှုတွင် မည့်သည့်နိယာမကိုမှ ရေးဆွဲမထားဘဲ သူ၏ ကာယစွမ်းအားသက်သက်ဖြင့် ရန်သူ၏ ကြောက်မက်ဖွယ် ကောင်းသော မိုးကြိုးသမုဒ္ဒရာကြီးကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် နျုံမိုထျန်းသည် ဆက်ပြီး ခုခံနေဆဲသာ ဖြစ်သည်။သူသည် ကောင်းကင်လမ်းစဉ် စွမ်းအား၏ ကောင်းချီးနှင့်အတူ နိယာမစွမ်းအားများကို လျင်မြန်စွာ စုစည်းလိုက်သည်။

ကောင်းကင်တခွင်လုံး မိုးခြိမ်းသံများဖြင့် ထပ်မံ ဆူညံသွားသည်။ဤတစ်ကြိမ်မှာတော့ မိုးကြိုးတိုင်းက မိုးကြိုးအတိဒုက္ခကပ်ဘေးသဖွယ် အတုမရှိ ‌ထွန်းလင်းတောက်ပနေသည်။

နျုံမိုထျန်း၏ ထိန်းချုပ်မှုအောက်တွင် ၊ ကောင်းကင်တခွင်လုံး မိုးခြိမ်းသံများဖြင့် ကျယ်လောင်စွာ ပဲ့တင်ထပ်နေခဲ့သည်။

ဝေါင်း——

ပြင်းထန်စွာ ဟောက်သံနှင့်အတူ ၊ နျုံမိုထျန်း၏ နောက်တွင် အဆုံးမဲ့ မိုးကြိုးပင်လယ်ထဲသို့ ခုန်ဆင်းလာသော မိုးကြိုးနတ်ကျွဲတစ်ကောင် ရှိနေပြီး ၊ ၎င်း၏ ကြီးမားသောခန္ဓာကိုယ်သည် အဆုံးစွန်သော အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

ဧရာမချိုကြီးသည် ဤကမ္ဘာကြီး တစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိသော မိုးကြိုးတောင်ထွပ်ကြီးနှင့် တူပေသည်။

"သေပေတော့!!"

နျုံမိုထျန်း၏ ကျိန်ဆဲသံနှင့်အတူ ၊ မိုးကြိုးနတ်ကျွဲကြီးသည် လျင်မြန်စွာ တိုးခွေ့လာခဲ့သည်။

ဤအခိုက်အတန့်တွင် ကောင်းကင်တစ်ခုလုံး မိုးခြိမ်းသံများဖြင့် ပြည့်နှက်နေပြီး ၊ မိုးကြိုးနတ်ကျွဲကြီးသည် စူးချန်ကဲ၏ ဦးတည်ရာဘက်သို့ ပြေးဝင်လာခဲ့သည်။

ကျွဲခေါင်းကြီး၏ တိုးခွေ့မှုအောက်တွင် ၊ နေရာလပ်များတွင် လျှပ်စီးများက တဖျက်ဖျက် ရိုက်ခက်လျက် လွှမ်းခြုံထားပြီး ၊ အလွန်ကြီးမားသော ဦးချိုတစ်စုံသည် စူးချန်ကဲအား အစိတ်စိတ်အမြွှာမြွှာ ထိုးနှက်‌ရန်ဟန်ပြင်နေခဲ့သည်။

"မင်းတို့ ဝင်မပါကြနဲ့"

စူးချန်ကဲသည် အကူအညီပေးလိုသော မိန်းကလေး နှစ်ဦးကို တိုက်ရိုက် ဟန့်တားလိုက်သည်။

အလွန်ကြီးမားသော မိုးကြိုးနတ်ကျွဲတစ်ကောင်ကို ရင်ဆိုင်ရသော်လည်း ၊ စူးချန်ကဲသည် အေးအေးဆေးဆေး လျှောက်လှမ်းနေဆဲပင် ဖြစ်သည်။

သူ့ခြေလှမ်းများကလည်း သူ့စရိုက်အတိုင်း ရန်သူကို ဂရုမစိုက်ဟန်ဖြင့် လျှောက်လှမ်းနေသည်။

စူးချန်ကဲသည် သူ့လက်ဖဝါးများကို ထပ်မံဖြန့်ထုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ၊ ကောင်းကင်နှင့်မြေကြီးကြားတွင် ရှိနေသော များစွာသော နိယာမစွမ်းအားတို့သည် စူးချန်ကဲထံသို့ အရူးအမူး စုဝေးလာကြသည်။

သူသည် အရာအားလုံးကို ဝါးမြိုရန် ကြိုးစားနေသော ဤကမ္ဘာကြီး၏ ဝါးမြိုခြင်းဆိုင်ရာ ဝဲဂယက်ကြီးတစ်ခု ဖြစ်သွားပုံရသည်။

နောက်ဆုံးတွင်၊ မှော်သင်္ကေတများသည် ကြောက်စရာကောင်းသော လေဆင်နှာမောင်းကို ဖန်တီးခဲ့ပြီး ၊ဤကမ္ဘာကြီးတစ်ခုလုံးကိုပင် အမှောင်ကျသွားစေပြီး အရာအားလုံးကို ကြီးစိုးထားသည်။

စူးချန်ကဲ ဆီသို့ ပြေးသွားခဲ့သော မိုးကြိုးနတ်ကျွဲကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု၏ တိုက်ရိုက် ဖိနှိပ်မှုကိုခံခဲ့ရသည်။

သူ၏အရှိန်သည် နှေးသထက်နှေးလာပြီး ၊ နောက်ဆုံးမှာတော့ နေရာမှာတင် အေးခဲသွားသည်။

"ဒါ... ဒါက...?"

နျုံမိုထျန်း၏အမူအရာသည် သိသိသာသာပြောင်းလဲသွားပြီး စူးချန်ကဲ၏ ကြောက်မက်ဖွယ်ကောင်းသော ဝါးမြိုခြင်းစွမ်းအားကို သူခံစားခဲ့ရသည်။

သူ၏ သွင်ပြင်လက္ခဏာဖြစ်သည့် မိုးကြိုးနတ်ကျွဲကြီးသည် စူးချန်ကဲ၏ နှိပ်ကွပ်မှုကို ခံလိုက်ရသည်နှင့် တစ်ချိန်တည်းမှာပင် ၊ သူ့ခန္ဓာကိုယ်ရှိ စွမ်းအားများသည် ဖြည်းဖြည်းချင်း စုပ်ယူခံနေရသည်။

သူ၏မိုးကြိုးနတ်ကျွဲကြီးသည် ကောင်းကင်လမ်းစဉ်၏ တန်ခိုးစွမ်းအားဖြင့် ‌ကောင်းချီးပေးခြင်းကို ခံထားရသောကြောင့် ယုတ္တိကျကျဆိုရလျှင်ဖြင့် ၎င်းသည် တိုက်ခိုက်မှုအားလုံးကို ခံနိုင်ရည်ရှိသင့်သည်။သို့သော် အဘယ့်ကြောင့် ဤမျှလွယ်ကူစွာ နှိပ်ကွပ်ခံခဲ့ရသနည်း။

" မဟုတ်သေးဘူး!"

နျုံမိုထျန်း၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး ၊ ထူးဆန်းသော တည်ရှိမှု တစ်ရပ်ကို သူ ရုတ်တရက် ခံစားလိုက်ရသည်။

ဤဝါးမြိုခြင်းဆိုင်ရာ စွမ်းအားသည် မှော်ပညာဖြင့် ဖန်တီးထားခြင်း မဟုတ်ဘဲ ကြီးမြတ်သော လမ်းစဉ်မှ ကိုယ်ပိုင်မွေးထုတ်ထားသကဲ့သို့ပင်။

ဤအချက်က သူ့အား မဟာသူတော်စင် ခန္ဓာကိုယ် ဆယ်ပါးထဲက တစ်ခုဖြစ်သည့် အဆုံးစွန်သော ဝါးမြိုခြင်းစွမ်းအားများကို ပိုင်ဆိုင်ထားသည့် စုပ်ယူ သူတော်စင် ခန္ဓာကိုယ်ထည်အကြောင်းကို သတိရစေသည်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!?"

"စူးချန်ကဲရဲ့ မွေးရာပါ ကိုယ်ထည်က သူတော်စင် တာအို သန္ဓေသားမဟုတ်လား?"

၎င်းသည် သူ စုဆောင်းထားသော အချက်အလက်နှင့် လုံးဝ ကွဲပြားနေသည်။

"မင်းကို ဝါးမြိုပြီးရင် အရသာက အံ့ဩစရာကောင်းလိမ့်မလားလို့ တွေးမိတယ် "

စူးချန်ကဲသည် ပြုံးလိုက်သည်။ သူ့လက်ဖဝါးထဲတွင် စုဝေးနေခဲ့သော ဝါးမြိုခြင်းဆိုင်ရာ စွမ်းအင်တို့သည် ပို၍ကြောက်စရာကောင်းလာသည်။

ဤအခိုက်အတန့်တွင်မူ နတ္ထိ ၊ ပျက်သုန်းခြင်း၊ ဝါးမြိုခြင်းနှင့် အမျိုးမျိုးသော ကြောက်မက်ဖွယ်ကောင်းသော နိယာမများသည် ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကြီးထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထောင်နှင့်ချီသော နိယာမတရားများသည် ဝါးမြိုခြင်းဆိုင်ရာ မုန်တိုင်းကြီးထဲတွင် စုရုံးရောက်ရှိခဲ့လေပြီ။

"ဝမ့်ကျဲ့ ဝါးမြိုခြင်း!"

စူးချန်ကဲ၏ တီးတိုးသံနှင့်အတူ ၊

ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော လေဆင်နှာမောင်းသည် လုံးဝ ပေါက်ကွဲခဲ့လေပြီ။

တစ်ချိန်တည်းမှာပင် ၊ အမှောင်ထု ဝါးမြိုခြင်းဆိုင်ရာ လေဆင်နှာမောင်းကြီးထဲမှ အမိန့်သံကြိုးများသည် သက်ဝင်လှုပ်ရှားလာခဲ့သည်။

ဟူးးဟူးး--

အဆုံးတွင်၊ မိုးကြိုးနတ်ကျွဲကြီးကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားပြီး ၊ ဝါးမြိုခြင်းဆိုင်ရာ စွမ်းအားများသည် ထိုကြောက်မက်ဖွယ်ရာ မိုးကြိုးစွမ်းအားများကို စုပ်ယူသွားခဲ့တော့သည်။

" သေသင့်တဲ့ ကောင်းကင်လမ်းစဉ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကောင်တွေ!"

" ငါ့ကို သတင်းအမှားတွေ ပေးခဲ့တယ်!"

" စူးချန်ကဲ သန်မာတာ သာမန်ပါပဲဆို!"

နျုံမိုထျန်းတစ်ယောက် ဒေါသ တထောင်းထောင်းဖြင့် ။ သူသည် ကောင်းကင်လမ်းစဉ်၏ သားတော်ဖြစ်နေသရွေ့ စူးချန်ကဲ နှင့် ယှဉ်နိုင်မည်ဟု ထိုအသံက သူ့ကို ပြောခဲ့ဖူးသည်။

ယခု သူသည် စူးချန်ကဲ၏ တစ်ဖက်သတ် နှိပ်စက်ခြင်းကို ခံနေရသည်။

ဤအရာအားလုံးက သူ၏ တိုက်ခိုက်လိုသော တိုက်ပွဲဝင်စိတ်ဓာတ်ကိုပင် လုံးလုံးလျားလျား ဆုံးရှုံးသွားစေသည် ။

မဟာသူတော်စင် ကိုယ်ထည်နှစ်ခု ၊ ဒါတောင် ရိုးရိုးတန်းတန်း မဟာသူတော်စင် ကိုယ်ထည်တွေ မဟုတ်ဘူး!

လော့ရန်ယွီသည်လည်း မဟာသူတော်စင် ကိုယ်ထည် နှစ်မျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့သော် သူမ၏ ဖိနှိပ်စွမ်းအားသည် စူးချန်ကဲလောက် မပြင်းထန်ပေ။

စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲတွင် နောက်ထပ် မဟာသူတော်စင် ကိုယ်ထည် သုံးလေးခုလောက် ရှိနေသေးမှန်း သူ ခံစားနေမိသည်။

ဤအကြောင်းအရာကို တွေးလိုက်ရုံဖြင့် နျုံမိုထျန်းတစ်ယောက် ပို၍ပင် ထိတ်လန့်မိသည်။ သူ့တွင် ကောင်းချီးပေးခံထားရသော ကောင်းကင်လမ်းစဉ်၏ တန်ခိုးစွမ်းအားများ ရှိပါသော်လည်း ၊ စူးချန်ကဲနှင့် ယှဉ်ပြိုင်ခြင်းသည် သူ့အသက်ကို အလကားထိုးပေးလိုက်သလိုပင်။

“ ထွက်ပြေးမှပဲ ‌ရတော့မယ်!”

နျုံမိုထျန်းသည် သူ့ဆီသို့ လာနေသည့် လေဆင်နှာမောင်းကို ကြည့်ရင်း နောက်သို့ အလျင်အမြန် ‌ဆုတ်ခွာလိုက်သည် ။

သို့သော် ထိုလေဆင်နှာမောင်းကနေ ထွက်လာသော အမိန့်သံကြိုးများသည် အလွန် လျင်မြန်ပေသည် ။

ဤကမ္ဘာကြီးတစ်ခုလုံးကို တံဆိပ်ခတ်ထားသည့်အတိုင်း လေဟာပြင် တစ်ခုလုံးကို ဝန်းရံထားသည်။

"မင်းက ထွက်ပြေးချင်သေးတာလား"

စူးချန်ကဲက တည်ငြိမ်စွာ ပြောလိုက်သည်။

စူးချန်ကဲသည် ဖြန့်ထုတ်ထားသော သူ၏ လက်ဝါးကို ‌ဖြည်းဖြည်းချင်း ပိတ်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ လေဟာပြင်တစ်ခုလုံးကို ပိတ်ဆို့ဝန်းရံထားသော အမိန့်သံကြိုးများသည် နျုံမိုထျန်း ဆီသို့ လှိမ့်ဝင်လာခဲ့သည်။

ခဏလေးအတွင်းမှာပင် ၊ ဝါးမြိုခြင်းဆိုင်ရာ အမိန့်သံကြိုးများသည် နျုံမိုထျန်း၏ ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားပြီး၊ သူ့ကို နှိမ်ကွပ်ထားသည့် တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲက စွမ်းအားများကို အမြန် ထုတ်ယူပစ်ခဲ့သည်။

" ငါက ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းရဲ့ အမွေစခန်းသူပဲ!"

" ပြီးတော့ ငါက ကောင်းကင်လမ်းစဉ်ရဲ့သားတော် တစ်ပါးပဲ!"

ဤအခိုက်တွင် နျုံမိုထျန်းသည် လုံးဝ ထိတ်လန့်နေခဲ့ပြီး ၊ မိမိ၏ သရုပ်ကို အယောင်ပြကာ စူးချန်ကဲအား ခြိမ်းခြောက်ရန်ကြိုးစားခဲ့သည် ။

" ဟာသပဲ "

စူးချန်ကဲသည် မဲ့ပြုံးပြုံးလိုက်သည်။သူ၏ အကြည့်များက တဖက်လူကို လှောင်ပြောင်နေသည့် ခံစားချက်မျိုးကို ထုတ်ဖော်ပြသနေသည်။

"မင်းက ငါ့ရန်သူဖြစ်ဖို့ ရွေးချယ်ခဲ့ကတည်းက "

"ဒါဆို မင်းဒီနေ့ ဒီမှာ သေကို သေရမယ်"

သူ၏ စကားအဆုံးတွင် ၊ ဟင်းလင်းပြင် ကွက်လပ်တွင် စုစည်းထားခဲ့သော ဝါးမြိုခြင်းဆိုင်ရာ လေဆင်နှာမောင်းသည် အရှိန်အဟုန်ပြင်းစွာ ကျရောက်လာခဲ့သည်။

ဤနေရာရှိ နိယာမစည်းမျဉ်းများမှာ လုံးဝ ဖျက်စီးခံလိုက်ရပြီး ၊အရာအားလုံး ဗလာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပုံရသည်။

"အားး!!"

" စူးချန်ကဲ ! မင်းငါ့ကို ဒီလိုဆက်ဆံတာ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး"

မသေခင် ကြမ်းတမ်းသောစကားများဖြင့် ကျိန်ဆဲရင်း ၊

နျုံမိုထျန်း၏ ခန္ဓာကိုယ်သည် လေဆင်နှာမောင်းကြောင့် လုံးဝ ကြေမွသွားခဲ့ပြီး ၊အဆုံးတွင် အပြီးတိုင် ဝါးမြိုခံလိုက်ရတော့သည်။

အပိုင်း(၃၁၃): ကျုံယုံ(ငရဲကိုးထပ်)တွင် အပြောင်းအလဲများ ဖြစ်ပေါ်ခြင်း

စူးချန်ကဲသည် သူ့လက်ကို ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းလိုက်သည်။

ဤနေရာတစ်ခုလုံးကို သည်းထန်စွာ ရိုက်ခတ်သွားသော နိယာမတရားများသည် သူ့ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ပြန်လည် ရောက်ရှိလာခဲ့သည်။

သို့သော် စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

" ပြိုင်ဘက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ကောင်းကင်လမ်းစဉ်ရဲ့ စွမ်းအားက ငါ ဝါးမြိုလိုက်တဲ့အတောအတွင်း သူ့အလိုလို ပျောက်ကွယ်သွားတာပဲ "

" ကြည့်ရတာ တခြားလူကနေ စုပ်ယူလို့မရတဲ့ပုံပဲ "

နျုံမိုထျန်းကို ဝါးမြိုပြီးနောက် စူးချန်ကဲသည် မိုးကြိုးလမ်းစဉ် အကြောင်းကို ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။

" ကောင်းကင်လမ်းစဉ်သားတော် နှစ်ပါးကျန်သေးတာပဲ "

စူးချန်ကဲသည် အနည်းငယ်ပြုံးရယ်လိုက်သည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ရေခဲပုံ‌ဆောင်ခဲပေါ်တွင် ရှိနေခဲ့သော သော့သည် စူးချန်ကဲထံသို့ ပျံသန်းလာခဲ့သည်။

" နျုံမိုထျန်းရဲ့ မှတ်ဉာဏ်အရ ကျုံယုံ(ငရဲကိုးထပ်)ကို ဖွင့်ဖို့အတွက် သော့လေးခု လိုတယ်"

"သူတို့ရဲ့ သဘောတူညီချက်အရ လုံဟောက် နဲ့ ဖုန်းမုရှင်းက သော့ကိုရှာတွေ့ပြီးမှ ဆုံကြမှာပဲ "

"မဖြစ်ဘူး အဲ့သော့လေးခုလုံး ငါ့လက်ထဲရောက်မှ ဖြစ်မယ်"

စူးချန်ကဲသည် သူ၏ ညာလက်ညိုးဖြင့် တစ်စုံတစ်ခုကို ပေးပို့ညွှန်ကြားလိုက်သည်။

ရွှေရောင်အလင်းတန်းတစ်ခုသည် လေကို ခွင်းလျက် ရေခဲပြင်များကို တိုက်ရိုက်ဖြတ်သန်းကာ ကောင်းကင်ထိ စုန်တတ်သွားခဲ့သည်။

ကောင်းကင်ပေါ်တွင် တဖျပ်ဖျပ် ရိုက်ခတ်ပြီးနောက်၊ မရေမတွက်နိုင်သော တောက်ပသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ လမ်းကြောင်းအသီးသီး ဝင်ရောက်သွားခဲ့သည်။

ဤသည်မှာ ကွေးယွမ် သူတော်စင် နယ်မြေ၏ တပည့်များအား အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည် - ရှေးဟောင်းနဂါးမျိုးနွယ်နဲ့ ရှေးဖီးနစ်မျိုးနွယ်စုက လူတွေကို အင်အားအလုံးအရင်းနဲ့ နှိမ်နင်းမယ်!

စူးချန်ကဲသည် ကောင်းကင်ကို မော့ကြည့်ကာ အေးစက်စွာ ပြုံးရယ်လိုက်သည်။

"အရင်တုန်းက မင်းတို့က မုဆိုးတွေဆိုရင် "

"အခု ငါတို့ လူသားတွေရဲ့ အလှည့်ပဲ"

........

တစ်ချိန်တည်းမှာပင် ၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း

ရှေးဟောင်းမန်နျုံမျိုးနွယ်စု၏ လွမ်ကျင်းခန်းမတွင်။

ကြေးဝါရောင်စင်မြင့်ပေါ်တွင် ထိုင်နေသည့် ရွှေ-ခရမ်းဝတ်ရုံကို ဝတ်ဆင်ထားသော အဖိုးအိုတစ်ဦးသည် ရုတ်ချည်းဆိုသလို မျက်လုံးပွင့်လာသည်။

သူ၏မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ရှိနေသည်။

" နျုံမိုထျန်း တစ်ခုခုဖြစ်နေပြီ!"

"သူ့ခန္ဓာကိုယ်ထဲမှာ ငါ ထည့်ထားခဲ့တဲ့ အမှတ်အသား ပျောက်ကွယ်သွားပြီ!"

ဤလူအိုကြီးသည် ရှေးဟောင်းမန်နျုံမျိုးနွယ်စု၏ ဘိုးဘေးဖြစ်ပြီး ၊ နျုံမိုထျန်း၏ ဖခင်နျုံဝမ့်ပင် ဖြစ်သည်။

နျုံဝမ့်သည် သေချာပြန်ပြီး စစ်ဆေးကြည့်လိုက်သည်။ နျုံမိုထျန်း၏ ခန္ဓာကိုယ်ထဲတွင် သူ ရိုက်နှိပ်ထားခဲ့သော အမှတ်အသားမှာ အမှန်တကယ်ပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်း သူ သေချာသွားခဲ့သည်။

သူ့မျက်လုံးများက နီရဲနေသည်။

"ငါ့ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းရဲ့ ဆက်ခံသူကို ဘယ်ကောင် ထိခဲ့တာလဲ!?"

သို့သော် သူ့ဟာသူ ငြင်းဆိုမိပြန်သည်။

"မဖြစ်နိုင်ဘူး...ဘယ်သူက အဲ့လောက်ထိ သတ္တိရှိမှာလဲ"

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းကို မရေမတွက်နိုင်သော ရှေးဟောင်းမကောင်းဆိုးဝါး မျိုးနွယ်ဝင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ မျိုးနွယ်စုတိုင်း၏ အစွမ်းထက်ဆုံး ပါရမီရှင်များသည် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ ဆက်ခံသူများ ဖြစ်ကြသည်။

ယခု သူတို့ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းသည် ရှေးဟောင်းနဂါးမျိုးနွယ်စု ၊ ရှေးဟောင်း ဖီးနစ်မျိုးနွယ်စုတို့နှင့် မဟာမိတ်ဖွဲ့ထားသော်လည်း ၊ ယခင်ခေတ်က မကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့ထက် အင်အားမတောင့်ချေ။

သို့သော်လည်း ၊ ဤကမ္ဘာကြီး တစ်ခုလုံးကိုတောင် ဖျက်စီးပစ်နိုင်သည့်အထိ အင်အားတောင့်သော သူတို့ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ ဆက်ခံသူကို မည်သူကများ ထိဝံ့သနည်း။

" ထျန်းအာ( နျုံမိုထျန်း) က ကျုံယုံ(ငရဲကိုးထပ်)ရဲ့ လျှို့ဝှက်နေရာကို ဝင်ရောက်သွားခဲ့တာဖြစ်မယ်၊ ဒါ့ကြောင့် ခဏတာ အဆက်အသွယ်ပြတ်သွားတာ ဖြစ်ရမယ် ..."

"သူ သေချာပေါက် အဆင်ပြေမှာပါ..."

.......

စူးချန်ကဲအမိန့်ထုတ်ပြန်ပြီးနောက် ၊

မူလကတည်းက ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သော ကျုံယုံ(ငရဲကိုးထပ်)တွင် တစ်ဖန် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ပြန်သည်။

နေရာတိုင်းလိုလိုတွင် ကြောက်စရာကောင်းသော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

နတ်အလင်းများက တသိမ့်သိမ့် ရိုက်ခတ်လျက်၊ နဂါးနှင့် ဖီးနစ်တို့က ဟစ်ကြွေးအော်မြည်ကြသည် ။

ကြောက်မက်ဖွယ်ရာ စစ်ပွဲ၏ နောက်ဆက်တွဲဂယက်သည် ကျင့်ကြံသူများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

" ချန်ကဲ ဆက်ခံသူက တကယ်ကို ရက်စက်တာပဲ ၊ လွန်ခဲ့တဲ့ရက်ကတည်းက ကွေးယွမ် သူတော်စင် နယ်မြေနဲ့ ယောင်ချီ သူတော်စင်နယ်မြေရဲ့ တပည့်တွေက ရှေးနဂါးမျိုးနွယ်ဝင် နဲ့ ဖီးနစ်မျိုးနွယ်ဝင်တွေကို အရူးအမူးတိုက်ခိုက်နေကြတယ်!"

"ဟုတ်တယ်! ရှေးနဂါးမျိုးနွယ်စုရဲ့ နဂါးသားတော်နှစ်ပါးကို ကွေးယွမ်ရဲ့ မျက်စံနှစ်မြွာက ခေါင်းဖြတ်ခဲ့တယ်ဆိုပဲ!"

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ ယုံမင်တောင်ကြားကို ဖြတ်ခဲ့ဖူးတယ် ၊ အဲဒီမှာလည်း ကြောက်စရာကောင်းတဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပုံရတယ် ၊ မီးတောက်တွေက ကောင်းကင်ကြီးတစ်ခုလုံးကို လောင်ကျွမ်းနေသလိုပဲ ၊ နောက်ဆုံး တိုက်ပွဲတွေ ပြီးသွားတော့ ငါ ဝင်ကြည့်ခဲ့တယ်..."

စကားပိုင်ရှင် ပါရမီရှင်သည် အနည်းငယ် ဖျော့တော့သွားပြီး ၊ သူ့တံတွေးသူ မျိုချလိုက်ရင်း ဆက်ပြောပြခဲ့သည်။

" နောက်ဆုံးတော့ နေရာတစ်ခုလုံး ရှေးဖီးနစ် မျိုးနွယ်စုဝင်တွေရဲ့ အလောင်းတွေချည်းပဲ ၊သူတို့အားလုံးက ရှေးဟောင်းသူတော်စင် ကိုယ်ထည်ပိုင်ရှင်ရဲ့ လက်ချက်နဲ့ သေခဲ့တာပဲ!"

"ဒါတင်ဘယ်ကမတုန်း ၊ ကွေးယွမ်မှာ မြင့်မြတ်သော ဘုရင် ကိုယ်ထည်ပိုင်ရှင်လည်း ရှိသေးတယ် မဟုတ်လား? မိန်းမဆိုပြီး အထင်မသေးနဲ့ သူမက တကယ်ကြမ်းတယ်!"

"......"

လူတိုင်း ထိတ်လန့်မှု ၊ စိတ်လှုပ်ရှားမှု စသော ခံစားချက်မျိုးစုံဖြင့် ဆွေးနွေးနေကြသည်။

ကွေးယွမ် သူတော်စင် နယ်မြေ၏ စွမ်းအားသည် သူတို့ မျှော်မှန်းထားသည်ထက် ကျော်လွန်သွားခဲ့သည်။

အလွန်အားကောင်းသော ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၊ ရှေးနဂါးမျိုးနွယ်စု နှင့် ရှေးဖီးနစ်မျိုးနွယ်စုကြားက မဟာမိတ်ဖွဲ့ကြီးသည် ရှုံးနိမ့်မှုများဖြင့် ကြုံတွေ့ခဲ့ရသည်။

ဤတစ်ခေါက် ကျုံယုံ(ငရဲကိုးထပ်)ခရီးစဉ်တွင် ကွေးယွမ်နှင့်ယောင်ချီ သူတော်စင် နယ်မြေတို့က ဦိးဆောင်လိမ့်မည်ဟု လူတိုင်း ထင်ကြေးပေးခဲ့ကြသည်။

လျှို့ဝှက်ဂူထဲတွင် ၊

လုံဟောက်နှင့် ဖုန်းမုရှင်းမှ ဦးဆောင်သော မျိုးနွယ်စုနှစ်ခု၏ အဓိက တပ်ဖွဲ့များသည် ဤနေရာတွင် စုဝေးရောက်ရှိနေသည်။

၎င်းတို့၏ အင်အားသည် သိသိသာသာ ကျဆင်းသွားခဲ့ပြီး ၊ လူထောင်ဂဏန်းမျှသာ ကျန်တော့သည်။၎င်းတို့ထဲတွင် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းမှ ပါရမီရှင်အချို့လည်း ပါဝင်သည်။

" ကွေးယွမ်နဲ့ ယောင်ချီ သူတော်စင်နယ်မြေကဟာတွေ တကယ်ကို ရောင့်တက်လွန်းတယ်!"

လုံဟောက်၏ မျက်လုံးများသည် ဒေါသမီးလျှံများ တဟုန်းဟုန်း တောက်လောက်နေသည်။

"ငါတို့ မျိုးနွယ်စုနှစ်ခုကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ရဲတာ ၊တကယ်ကို လူပါးဝလွန်းတယ်!"

ကွေးယွမ် သူတော်စင် နယ်မြေသည် ယခင်ကတည်းက အလွန်အစွမ်းထက်သော အင်အားစု ဖြစ်သည်။ယခုအခါ သူတို့သည် ယောင်ချီသူတော်စင် နယ်မြေနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။

မိမိတို့၏ အင်အားစုသည်လည်း လုံလောက်စွာ အားကောင်းသော်လည်း၊သို့သော် ထိပ်တိုက် တိုက်ပွဲတွင် မိမိတို့တပ်ဖွဲ့စု၏ တိုက်ခိုက်ရေး စွမ်းအားမှာ အားနည်းနေသေးသည်။

အဆုံးတွင်၊ လုံဟောက် နှင့် ဖုန်းမုရှင်းသည် တပည့်တစ်စုကို ဦိးဆောင်ကာ ပုန်းရှောင်ခဲ့သည်။သို့မဟုတ်ပါက မိမိတို့၏ အစီအစဉ်သည် ဘာမှတောင်မစရသေးခင် ရှုံးနိမ့်သွားနိုင်သည်။

"ဒါနဲ့ ထူးဆန်းတယ် ၊ ငါ နျုံမိုထျန်းကို ဆက်သွယ်လို့ မရဘူး..."

ဖုန်းမုရှင်းသည် မျက်မှောင်ကြုတ်လျက် ၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းမှ ပါရမီရှင်တစ်ဦးကို လှမ်းမေးလိုက်သည်။

" နင်တို့ရဲ့ ခေါင်းဆောင်က နှင်းကောင်းကင် တောင်ထွပ်ကို သွားတယ်ဆို?"

"ဘာလို့ ခုထိ သတင်းမကြားသေးတာတုန်း?"

" အတိအကျတော့ ကျွန်တော်လည်း မသိဘူး၊ နျုံမိုထျန်းလူကြီးမင်း ကျွန်တော်တို့ကို ဆက်သွယ်လာတုန်းက သူ သော့တစ်ချောင်း ရှာတွေ့ထားပြီးပြီ ဖြစ်လို့ ကျွန်တော်တို့နဲ့ လာပြီး ပူးပေါင်းမယ်လို့ ပြောတယ်..."

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းမှ ပါရမီရှင်တစ်ဦးက ပြန်ဖြေလိုက်သည်။

"ဒီကောင် နျုံမိုထျန်း ဘာလုပ်နေလဲမသိဘူး!"

"ငါတို့ လမ်းမှာ သော့တစ်ချောင်း လုယက်ခံလိုက်ရတယ် ၊ အခုလည်း နျုံမိုထျန်းနဲ့ အဆက်အသွယ် ပြတ်နေတယ် ၊ အစီအစဉ်တောင် မစရသေးဘူး ရှုံးနိမ့်တော့မှာလား?!"

လုံဟောက်တစ်ယောက် ဒေါသတကြီး ပေါက်ကွဲနေသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော နဂါးစွမ်းအင်များသည် တသိမ့်သိမ့် ရိုက်ခတ်သွားပြီး ကြောက်စရာကောင်းသော ဖိနှိပ်စွမ်းအားများအဖြစ် ပေါက်ကွဲထွက်လာခဲ့သည်။

ထိုအကြောင်းကို တွေးလိုက်တိုင်း ဒေါသထွက်မိသည်။ မူလက သူသည် ကွေးယွမ်၏ ရှေးဟောင်းသူတော်စင် ကိုယ်ထည်ပိုင်ရှင် လီဟောက်ထျန်း နှင့် တိုက်ခိုက်ခဲ့ပြီး လက်ရည်တူ ဖြစ်ခဲ့သည်။

နောက်ဆုံးတွင် ပါရမီရှင်တချို့ကို ဦိးဆောင်ကာ နောက်ပြန်ဆုတ်ခွာခဲ့ချိန်တွင်၊ သူသည် ဓားသမားတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။

အ​ခြေအ​နေသည် အ​ရေးတကြီး ဖြစ်​​နေ​သော​ကြောင့်​ သူသည်​ ထိုလူအား လမ်းဖယ်ရန် အော်ဟစ်ပြောဆိုခဲ့သည်။

ရလဒ်မှာ ထိုဓားသမားသည် မည်သည့်စကားတစ်ခွန်းမှ မပြောဘဲ ဓားကို မြှောက်ကာ တိုက်ခိုက်ခဲ့သည်။ ၎င်း၏ ကြောက်ခမန်းလိလိ ဓားစွမ်းအင်သည် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရလုနီးပါး ဖြစ်စေခဲ့သည်။

ရလဒ်အနေဖြင့် ၊သူသည် ဒုတိယသော့ကို ပျောက်ဆုံးသွားခဲ့သည်။ ထိုဓားသမား သိမ်းယူသွားသည်ဟု ယူဆရသည်။

" ကျုံယုံ(ငရဲကိုးထပ်)ကို ဝင်လာတဲ့ လူ့ဘီလူးတွေက မနည်းမနောပဲ ၊ တကယ်ကို ကူကယ်ရာမဲ့ပြီ "

ဖုန်းမုရှင်း က ဆိုလိုက်သည်။

"အခု ငါတို့ နျုံမိုထျန်း နဲ့ ပူးပေါင်းဖို့ နှင်းကောင်းကင် တောင်ထွပ်ကို အမြန်ဆုံး သွားရမယ် "

“ မင်းတို့ သွားဖို့ မလိုတော့ဘူး ”

“ နျုံမိုထျန်း သေပြီ"

ထိုအချိန်တွင် ဂူအပြင်ဘက်မှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

မကောင်းဆိုးဝါး ပါရမီရှင်များ အားလုံး သတိရှိစွာဖြင့် ဂူအပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

ဂူအပြင်ဘက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။

အမျိုးသား၏ မျက်နှာသည် တင်းမာနေပြီး၊ အမျိုးသမီး၏မျက်နှာသည် အေးစက်လွန်းသည်။ ပြင်းထန်သော တစ္ဆေစွမ်းအင်လှိုင်းများက သူတို့နှစ်ဦးကို ဝန်းရံလျက် တောက်လောင်နေပြီး ၊ ဤပတ်ဝန်းတစ်ခုလုံးကို မှောင်မိုက်သွားစေသည်။

သူတို့နောက်တွင် သန်မာလွန်းသော ‌ရောင်ဝါများကို ပိုင်ဆိုင်ထားကြသော မရေမတွက်နိုင်သော လူများစွာ ရှိသည်။

လီဟောက်သည် ထိုခေါင်းဆောင် နှစ်ယောက်ကို ချက်ချင်းဆိုသလို မှတ်မိခဲ့သည်။ သူ့မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။

"မြေအောက်ကမ္ဘာက အောက်ကျုံယန်? "

"ငရဲနန်းတော်က ရှုံချီ?"

" စည်းကမ်းမဲ့လိုက်တာ ၊ ကောင်းကင်ဘုံမကောင်းဆိုးဝါး တောင်တန်းရဲ့ ဆက်ခံသူကို ကျိန်စာတိုက်ရဲတယ်ပေါ့!?"

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းမှ ပါရမီရှင်တစ်ယောက်က ဒေါသတကြီး ထဆိုလိုက်သည်။

"မင်းဘာလိုချင်တာလဲ!?"

အောက်ကျုံယန်သည် လက်ကိုနောက်ပစ်လျက် နေရာတွင် ရပ်နေပြီး အေးစက်စွာ ပြုံးရယ်လိုက်သည်။

" နျုံမိုထျန်း သူ့လူတွေကို ဦိးဆောင်ပြီး နှင်းကောင်းကင် တောင်ထွပ်ဆီသွားတာကို ငါ သတိထားမိလိုက်တယ် "

"ဒါပေမယ့် စူးချန်ကဲလည်း အဲဒီနေရာကို ရောက်လာခဲ့တယ် ၊ သူ့ဘေးမှာ လော့နတ်ဘုရားမအပြင် ကွေးယွမ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သူတော်စင်ဧကရာဇ် အမျိုးသမီးတစ်ဦးလည်း ရှိနေတယ် "

"နောက်ဆုံးတော့ ကြောက်စရာကောင်းတဲ့ တိုက်ပွဲရဲ့ အဆုံးသတ်မှာ သန်မာတဲ့ လူတစ်ယောက် သေဆုံးသွားခဲ့တာကို ငါ ခံစားလိုက်ရတယ် "

ထိုစကားများသည် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းရှိ လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။

စူးချန်ကဲ တစ်ယောက်တည်းနဲ့တင် လူ့ဘီလူးတစ်ကောင် ဖြစ်နေပြီ ၊ ဒါကို သကောင့်သားက သူနဲ့အတူ နောက်ထပ် လူ့ဘီလူးနှစ်ကောင်ကိုလည်း ခေါ်လာတယ်ပေါ့!

သူတို့နဲ့ ပက်ပင်းတိုးရင်တောင် နုတ်နုတ်စင်းခံရနိုင်သည်။ နျုံမိုထျန်း တစ်ယောက်တည်းဆိုရင်တော့ ပြောမနေနဲ့!

ဖုန်းမုရှင်းသည် လျင်မြန်စွာ တုံ့ပြန်လာခဲ့ပြီး အေးစက်စွာဖြင့် ပြန်မေးလိုက်သည်။

" အဲ့တော့ အဓိက က ဘာပြောချင်တာလဲ?"

" မိန်းကလေးဖုန်း က တကယ်ကို ဉာဏ်ကောင်းတဲ့သူတစ်ယောက်ပဲ"

အောက်ကျုံယန်သည် အနည်းငယ် ပြုံးလိုက်သည်။

"အခု ကွေးယွမ်ရဲ့ အင်အားက ငါတို့ စိတ်ကူးထားတာထက်ကို ကျော်လွန်သွားပြီ"

"သူတို့က မင်းတို့ကို ဖျက်ဆီးပြီးတာနဲ့ ငါတို့ဘက် မြှားဦိးလှည့်လာမှာ သေချာတယ် "

"ဒါဆို ဒီမသေချာမရေရာမှုတွေကို ရှောင်ရှားနိုင်ဖို့"

"ငါတို့ မြေအောက်မ္ဘာနဲ့ ငရဲနန်းတော်က မင်းတို့နဲ့ မဟာမိတ်ဖွဲ့ပြီး ကွေးယွမ် သူတော်စင် နယ်မြေကို ဖျက်ဆီးကြမယ်"

အပိုင်း(၃၁၄): ထိပ်တန်းဓားသမားတို့၏ တိုက်ပွဲ

တစ်ချိန်တည်းမှာပင်၊

စူးချန်ကဲသည် နျုံမိုထျန်း နှင့် လုံဟောက်တို့ ချိန်းဆိုထားသည့် နေရာဆီသို့တစ်ယောက်တည်း ရောက်ရှိလာခဲ့သည်။

လော့ရန်ယွီ နှင့် အရိုးဖြူ ပင်လယ်ဘုရင်မတို့အတွက်မူ ၊ စူးချန်ကဲသည် မကောင်းဆိုးဝါး အမဲလိုက်ပွဲတွင် သူမနှစ်ဦးအား ပါဝင်ကူညီပေးရန် တောင်းဆိုခဲ့သည်။

ထို့အပြင် ဤမျှကြောက်စရာကောင်းသော တိုက်ခိုက်ရေးသမားနှစ်ဦးကို သူနဲ့အတူ နေခိုင်းခြင်းသည် တကယ်ကို အလဟဿဖြစ်စေသည်။

" သူတို့တွေ ဒီကို ရောက်လာသင့်ပြီ၊ ဒါပေမယ့် ဘာလို့ လူရိပ်တောင် မတွေ့ရသေးတာလဲ"

စူးချန်ကဲသည် ပြန်စဉ်းစားလိုက်သည်။

"မဟုတ်မှလွဲရော မမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်သွားခဲ့တာလား?"

လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ၊ သူသည် ရှေးနဂါးမျိုးနွယ်စု နှင့် ရှေးဖီးနစ်မျိုးနွယ်စုတို့ကို နေရာတိုင်းတွင် ချောင်းမြောင်းတိုက်ခိုက်ရန် ကွေးယွမ်တပည့်များကို စေလွှတ်ခဲ့ပြီး ၊ သူ့အစီအစဉ်ကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်ခဲ့သည်။

သို့သော် လက်ရှိ အစီအစဉ်တွင် တစ်စုံတစ်ခု ပြဿနာရှိနေခဲ့ပြီဆိုတာ သေချာသလောက်ပင်။

"တစ်ယောက်ယောက်က ဝင်စွက်ဖက်ခဲ့တာများလား"

"ဒါပေမယ့် ဘယ်သူဖြစ်နိုင်မလဲ၊ နတ်ဆိုးကမ္ဘာက တပ်မက်ခြောက်ပါး ဗိမ္မာန် ၊ မင်ဖုန်းဧကရာဇ်ဘုရင် မျိုးနွယ်စု ..... ဒါမှမဟုတ် မြေအောက်ကမ္ဘာနဲ့ ငရဲနန်းတော်များလား?"

စူးချန်ကဲ အတွေးများနေတုန်း ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။

သူ၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး ဦိးတည်ရာတစ်ခုကို စူးစိုက်ကြည့်လိုက်သည်။သူ၏ မျက်လုံးများသည် ထိုနေရာကို တိုက်ရိုက် မြင်တွေ့နေရပုံပေါ်သည်။

ထို့နောက် သူ၏ အစွမ်းထက်သော အကြားအာရုံအောက်တွင်၊

မြေနုပေါ်တွင် သူ့ဆီသို့ ဦိးတည်ကာ လျှောက်လာနေသော ခြေသံတစ်စုံကို ကြားလိုက်ရသည်။

"ဘယ်သူလဲ?"

စူးချန်ကဲ၏ မေးခွန်းအဆုံးတွင် ၊

သွယ်လျသော ရုပ်သွင်တစ်ခု ထွက်ပေါ်လာသည်။

ထိုအနှီရုပ်သွင်သည် သူနှင့် နီးကပ်လာသည်နှင့်အမျှ ၊ ထိုလူ၏ ပုံသဏ္ဍာန်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ဆံနွယ်များကို ဖြန့်ချထားသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်‌ဦးပင် ဖြစ်သည်။

ထိုအမျိုးသား၏မျက်နှာသည် လေးနက်ခက်ထန်ပြီး၊ ဓားနှင့်တူသော သွင်ပြင်ကောက်ကြောင်းသည် သူ၏ ချောသောမျက်နှာကို ပို၍ ထူးခြားသွားစေသည်။

သူ့တစ်ကိုယ်လုံး အန္တရာယ်ရှိသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

အလွန်ထက်သော ဓားအိမ်မရှိသည့် နတ်ဓားကဲ့သို့ပင်။

သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ဓားဆန္ဒများက ကျယ်လောင်စွာ ဟစ်‌ကြွေးအော်မြည်နေသည်။

သေချာကြည့်မည်ဆိုပါက ၊ ဟင်းလင်းပြင် ကွက်လပ်ကို အဆက်မပြတ် ဖြတ်တောက်ပစ်နေသည့် ဓားဆန္ဒများကို မြင်တွေ့ရပေမည်။

သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း၊ ဤကမ္ဘာကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ကြောက်ခမန်းလိလိ ဓားစွမ်းအင်များက အလျှံအပယ် ထွက်လာသည်။

ထိုအနှီသူသည် ကောင်းကင်တောင် နတ်ဓားဂိုဏ်း၏ လူငယ်အထွတ်အထိပ်သခင် ကျန်းဝမ့်ချင် ဖြစ်သည်။

စူးချန်ကဲ၏ အသွင်သဏ္ဍာန်သည်လည်း သူ၏ မျက်လွှာထဲတွင် ပုံရိပ်ယောင်ထင်ဟပ်နေသည်။

ဝတ်ရုံဖြူ ဆံနွယ်နက် ၊ ထူးကဲသော အသွင်အပြင်တို့သည် အမတရှင် တစ်ပါးအလား ထင်မှတ်ရသည်။

အထူးသဖြင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ သူတော်စင်အငွေ့အသက်တို့သည် ဆိတ်ငြိမ်နေသော်လည်း

သို့သော် တချက်လေး နိုးထ‌လိုက်သည်နှင့် ဟင်းလင်းပြင် အလွှာများကိုပင် ပြိုကျသွားစေနိုင်သည့်အထိ စွမ်းအင်အလုံအလောက် ရှိသည် ။

" သေချာတယ် "

" အချက်အလက်တွေအရ ၊မင်းက စူးချန်ကဲဖြစ်ရမယ်"

ကျန်းဝမ့်ချင်၏ စကားကို ကြားတော့ စူးချန်ကဲသည် မျက်ခုံးပင့်လိုက်သည် ။

" အချက်အလက်? မင်းလည်း ကောင်းကင်လမ်းစဉ်ရဲ့ သားတော်လား?"

"ဟမ်! ဓားသမားတစ်ယောက်က ပြင်ပစွမ်းအားကို ဌားစရာလား!"

ကျန်းဝမ့်ချင်၏ အသံသည် အေးစက်နေသည်။

"ငါတစ်ယောက်တည်းနဲ့တင် မင်းကို အနိုင်ယူဖို့ လုံလောက်တယ်"

ဝုန်း! !

ကျန်းဝမ့်ချင်သည် ပြောပြီးပြီးချင်း ၊ သူ၏ ကြောက်ခမန်းလိလိ ဓားဆန္ဒတို့သည် ကောင်းကင်သို့ တဟုန်ထိုး ဆန်တတ်သွားသည်။ ၎င်း၏ ရောင်ဝါသည် ကြယ်ကိုးစင်းကို တိုက်ရိုက် ဖြတ်တောက်ပစ်နိုင်သည့်အထိ အားကောင်းလွန်းပေသည်။

ဤအခိုက်အတန့်တွင် သူ၏ရုပ်သွင်သည် လွန်စွာ ခံ့ညားထည်ဝါပြီး ၊ ကောင်းကင်နှင့်မြေကြီးကို ထိစပ်သော နတ်ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်၏မျက်နှာကြက်ကို ထိစပ်သည့်အထိ တည့်တည့် တိုးဝင်သွားပြီး ၊ ကောင်းကင်ပြင်၏ ဧရိယာအတွင်းရှိ လေနှင့် တိမ်တိုက်များပင်လျှင် ဂယက်ထသွားခဲ့သည်။

"ဟမ်.. ဒါဘာဖြစ်တာလဲ? အတော်လေး ပြင်းထန်တဲ့ ဓားစွမ်းအင်ပါ့လား!"

"ချန်ကဲ ဆက်ခံသူများလား? ဓားလမ်းစဉ်မှာဆို၊ ချန်ကဲ ဆက်ခံသူလည်း အလွန် အစွမ်းထက်တဲ့ ဓားကျင့်ကြံသူပဲ !"

"မဟုတ်ဘူး၊ ချန်ကဲ ဆက်ခံသူရဲ့ ဓားစွမ်းအင်ကိုငါမြင်ဖူးတယ် ၊ ဒီဓားစွမ်းအင်နဲ့ လုံးဝကို မတူဘူး၊ ဒါ တခြားဓားသမားတစ်ဦး ဖြစ်ရမယ်!"

ဤရုတ်တရက် ပြောင်းလဲမှုကြီးသည် ပါရမီရှင်များစွာ၏ အာရုံကို ချက်ခြင်းဆွဲဆောင်နိုင်ခဲ့သည်။ ၎င်းတို့အားလုံးသည် မိမိတို့၏ ကျင့်ကြံစွမ်းအားများကို အသက်သွင်းလိုက်ပြီး ထိုဦးတည်ချက်ဆီသို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။

လျှို့ဝှက်လှိုဏ်ဂူတစ်ခုတွင်၊ လော့ဟယ်ဓားဂိုဏ်းက သူများလည်း ထိုမြင်ကွင်းကို သတိပြုမိခဲ့သည်။

"ဒီဓားစွမ်းအင်... မဟုတ်မှလွဲရော ဟိုလူယုတ်မာကောင် မဟုတ်ဘူးလား? ဘယ်ကံဆိုးသူကများ အဲကောင်ရဲ့ ပစ်မှတ်ဖြစ်သွားခဲ့လဲမသိဘူး?"

" သွားပြီ သွားပြီ ၊ ချန်ကဲ ဆက်ခံသူကလွဲ၍ အဲ့ကောင်ရဲ့ ပြိုင်ဘက် ဘယ်သူမှမဖြစ်နိုင်ဘူး"

" ဒါမှမဟုတ်...ဟိုကောင် လူ့ဘီးလူ စူးချန်ကဲနဲ့ အဲ့ကောင် ထိပ်တိုက်တွေ့နေကြပြီလား ...?"

ထိုအချိန်တွင်၊ ဝူကျီအောက်ထျန်းသည် နံရံကို အမှီပြုကာ ထလာသည်။

ကျန်းဝမ့်ချင်၏ဓားချက်သည် သူ့အား များစွာထိခိုက်စေခဲ့သည်မှာ ထင်ရှားသည်။

ဝူကျီအောက်ထျန်းသည် သူ့ကိုယ်ပိုင် လျစ်လျုရှုခြင်း လမ်းစဉ်အား ကျယ်ကျယ်ပြန့်ပြန့်အကောင်အထည် ဖော်လိုကြောင်းကို သင် သိထားရမည်။

သူသည် ခုခံမှော်အတတ်များစွာကို လေ့ကျင့်ခဲ့သော်လည်း ၊ အဆုံးတွင် ကျန်းဝမ့်ချင်၏ ပြင်းထန်စွာ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

ခြေတစ်လှမ်း လှမ်းတိုင်း ၊ ဝူကျီအောက်ထျန်းခမျာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားတတ်သည်။

"အဲ့ဒီလူယုတ်မာကောင် စူးချန်ကဲနဲ့တွေ့ဖို့ ကျုပ် တကယ်ကို မျှော်လင့်တယ်!"

" စူးချန်ကဲက အဲ့သကောင့်သားကို သေချာပေါက် ကောင်းကောင်းကြီး ပြပေးလိမ့်မယ် !"

........

စူးချန်ကဲဘက်တွင်မူ၊

တစ်ဖက်လူ၏ ရောင်ဝါကို ခံစားမိသော စူးချန်ကဲသည် သူ့အပြုံးများကို ပြန်လည်ရုတ်သိမ်းခဲ့ပြီး ၊ သူ၏ အမူအရာတို့မှာ ပို၍လေးနက်လာသည်။

ကျန်းဝမ့်ချင်၏ ပြင်းထန်သောဓားဆန္ဒကို သူခံစားမိသည်။ ၎င်းသည် သူ ကြုံတွေ့ဖူးသမျှတွင် အားအကောင်းဆုံး ဖြစ်သည်မှာ သေချာပေသည်။

တချက်လောက် လှုပ်ရှားလိုက်သည်နှင့် ဤကမ္ဘာကြီး၏ လေထုကို လှုပ်ခတ်သွားစေနိုင်သည်။

တစ်နည်းအားဖြင့်ဆိုရသော် ၊ ပြိုင်ဘက်၏ ဓားရေးပါရမီစွမ်းရည်သည် အလွန်ထူးချွန်ပြီး တစ်လောကလုံးကို ထိခိုက်စေနိုင်လောက်အောင်ပင်။

သို့သော် စူးချန်ကဲသည်လည်း ဓားရေးတွင် ထူးချွန်သူ ဖြစ်သောကြောင့် ၊ ပြိုင်ဘက်ကို ရှုံးလိမ့်မည် မဟုတ်ကြောင်း သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိသည်။

စူးချန်ကဲသည် ရှေ့တစ်လှမ်းတိုးလိုက်သည်။

အနီရောင် မီးတောက်မီးလျှံများက သူ့ခန္ဓာကိုယ်ပေါ်တွင် တဟုန်းဟုန်း တောက်လောက်နေသည်မှာ တစ်ကိုယ်လုံး တောက်ပနေသော နေရောင်ကဲ့သို့ပင်။

သူ့ကို ဝန်းရံထားသော ဓားစွမ်းအင်များက တသိမ့်သိမ့် ရိုက်ခတ်နေသည်။

တခဏအတွင်းမှာပင် ၊ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။

စူးချန်ကဲ နှင့် ကျန်းဝမ့်ချင်တို့သည် တိုက်ပွဲ၏ ဗဟိုချက်တွင် ရှိနေပြီး ၊

ကြောက်ခမန်းလိလိ ဓားစွမ်းအင်များက သူတို့နှစ်ဦး၏ ပတ်ဝန်းကျင်တွင် တဟုန်းဟုန်း တောက်လောက်နေသည်။

ဓားစွမ်းအင်များ တဟုန်းထိုး တိုးလာသည်နှင့်အမျှ ၊ လုံးဝ ကွဲပြားခြားနားသော ဓားစွမ်းအင်ကမ္ဘာကြီး နှစ်ခု ဖြစ်ပေါ်လာခဲ့ပုံရသည်။

ယင်းအင်အားနှစ်ရပ်သည် ဤနေရာရှိ ဟင်းလင်းပြင် ကွက်လပ်တွင် အဆက်မပြတ် ထိပ်တိုက်တွေ့နေခဲ့ကြပြီး ၊ ဓားခုတ်သံများ ထွက်ပေါ်လို့လာသည်။

သူတို့နှစ်ဦးလုံးတွင် ပျော့ညံ့သော အရိပ်အယောင်မျိုး မရှိဘဲ ၊ ပိုမိုပြင်းထန်သော ဓားစွမ်းအင်များဖြင့် ပေါက်ကွဲထွက်ပေါ်လာကြသည်။

ဤဓားစွမ်းအင် ကမ္ဘာဘက်ခြမ်းတွင် မရေမတွက်နိုင်သော ဓားအရိပ်များ ထွက်ပေါ်လာကြသည်။

များပြားလှသော ဓားရိပ်များသည် ဟင်းလင်းပြင် ကွက်လပ်တွင် အချင်းချင်း တိုက်ခိုက်နေကြပြီး ၊ တိုက်ခိုက်မှုတိုင်းက ဓားအလင်းများကို တဖျက်ဖျက် ရိုက်ခတ်သွားစေသည်။

ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသော ဓားစွမ်းအင်တို့သည် မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားသည်။

ဓားစွမ်းအင်ကြောင့် မြေကြီးများ ကွဲအက်ပြိုကျခဲ့ရသည်။

ဝုန်း! !

ကြောက်မက်ဖွယ်ကောင်းသော ဓားခုတ်သံများနှင့်အတူ ၊ ဤနေရာတစ်ခုလုံး တုန်ခါနေသည်။

သစ်ပင်ထောင်ပေါင်းများစွာ ဖျက်ဆီးခံခဲ့ရသည်။

ကောင်းကင်ထိ တိုးဝင်နေသော ရှေးဟောင်းသစ်ပင်များပင်လျှင် ကြောက်စရာကောင်းသော ဓားစွမ်းအင်မုန်တိုင်းကြောင့် အဝေးသို့ လွင့်စင်သွားခဲ့ကြပြီး ၊ ဘယ်နေရာထိ ကျရောက်ခဲ့လေသလဲ မသိ။

မူလက ပွဲကြီးပွဲကောင်းကို လာရောက်ကြည့်ရှုရန် ကြံစည်နေခဲ့သော ပါရမီရှင်များသည် မိုင်ရာနှင့်ချီဝေးသော အကွာအဝေးတစ်နေရာ အရောက်တွင် ရပ်တန့်သွားကြပြီး ၊ ရှေ့သို့ မတိုးဝံ့တော့ပေ။

အဘယ့်ကြောင့်ဆိုသော် သူတို့ရှေ့က ဓားစွမ်းအင်၏ ပြင်းထန်သော အရှိန်အဟုန်ကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။

ကောင်းကင်ထက်တွင် ၊ မရေမတွက်နိုင်သော ဓားအလင်းများသည် အဆင်အခြင် ကင်းမဲ့စွာ ခုတ်ပိုင်းနေသည်။

ဓား၏ ဟောက်သံများမှာ အဆုံးမရှိ။

တစ်စုံတစ်ယောက်သာ ခွင့်မပြုချက်မရှိဘဲ ထိုနေရာသို့ ဝင်ရောက်လာပါက ၊ ဓားစွမ်းအင်၏ အပိုင်းပိုင်း ဖြတ်တောက်ခြင်းကို ခံရနိုင်သည်။

"ဘုရားရေ ဒါဘာတွေဖြစ်နေကြတာလဲ? ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားစွမ်းအင် ကမ္ဘာကြီးတစ်ခု ဖြစ်လာတာလဲ?"

"ကြောက်စရာ ကောင်းလွန်းတယ်၊ ဓားစွမ်းအင်နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ဒီကမ္ဘာကို ကျုံယုံ(ငရဲကိုးထပ်)မှာ ရှိနေတဲ့ ကျင့်ကြံသူ ၉၀% သေချာပေါက် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး "

" မင်း ကြည့်စမ်း... အဲဒီနှစ်ယောက်ထဲက တစ်ယောက်က ချန်ကဲ ဆက်ခံသူမလား!?"

လူတစ်​​ယောက်​၏ အာ​မေဋိတ်​သံကြောင့် ၊ လူအုပ်​သည်​ တချက်​ကြည့်​လိုက်​သည်​။

သူတို့နှင့် မီတာရာဂဏန်းမျှ ကွာဝေးသော ထိုနေရာတွင် ၊

တောအုပ်ကြီးသည် လုံးလုံးလျားလျား ရှင်းလင်းခံလိုက်ရပြီး ၊ သစ်ငုတ်များသာ ကျန်ရှိသည်။

ကြောက်ခမန်းလိလိ ဓားစွမ်းအင်များသည် တောင်များကို ပြိုကျပျက်စီးစေခဲ့ပြီး ၊ မြစ်လမ်းကြောင်းများကို ရပ်တန့်သွားစေသည်။

အဝေးကနေတောင် ဓားစွမ်းအင်၏ ကြောက်မက်ဖွယ်ရာ အင်အားကို ခံစားမိနိုင်သည်။

အချိန်အတိုင်းအတာတစ်ခုထိ ကြာပြီးနောက်၊

ရုတ်တရက် ကျန်းဝမ့်ချင်ဘက်မှ အရင်လှုပ်ရှားလာခဲ့သည်။ သူသည် လက်ညိုးဖြင့် ဓားကို ညွှန်ကြားလိုက်ပြီး စူးချန်ကဲရှိရာ ဦးတည်ရာဘက်သို့ ခုတ်ချလိုက်သည်။

"ဖြတ်!"

အပိုင်း(၃၁၅): ဆရာ၏ အမှာစကား

တခဏချင်းမှာပင် ၊ ကောင်းကင်တစ်ပြင်လုံးကို လွှမ်းခြုံထားသော ဓားရိပ်များသည် စူးချန်ကဲဘက်ဆီသို့ ချိန်ရွယ်ကာ လှည့်လာကြသည်။

ဝှစ် ဝှစ် ဝှစ် !

လေပြင်းတိုက်ခတ်သံများကို ကြားလိုက်ရပြီး ၊ ကျယ်ပြောလှသော ဟင်းလင်းပြင် ကွက်လပ်ကို ဖြတ်ကျော်ကာ ပြင်းထန်သော ဖိနှိပ်အားများနှင့်အတူ တိုးဝင်လာခဲ့သည်။

ဘယ်နေရာပင်ကြည့်ကြည့် ဓားရိပ်များရှိသည်။

လေကို ခွင်းလျက် ထိုးဖောက်ဖြတ်ကျော်ကာ လူကို ခုတ်ပိုင်းလေသည်။

၎င်းတို့သည် မတူညီသော လမ်းကြောင်းများမှတဆင့် စူးချန်ကဲအား နှိပ်ကွပ်နေသည်။

"ငါ ကိုယ်ခံပညာ လေ့ကျင့်ထားတာနဲ့ အတော်ပဲ"

စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

စူးစူးဝါးဝါး အော်ဟစ်နေသော ဓားစွမ်းအင်တို့သည် ပြင်းထန်သော မုန်တိုင်းတစ်ခုသဖွယ် ကောင်းကင်ယံမှ ဆက်တိုက် ကျဆင်းလာခဲ့သည်။

ဓားစွမ်းအင် တစ်ခုချင်းစီတိုင်းက မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားလေရာ မြေကြီးများ အက်ကွဲလျက် အလွှာလိုက် ပြိုကျပျက်စီးရသည်။

ဓားစွမ်းအင်များသည် ဥက္ကာခဲများကဲ့သို့ ဆက်တိုက်ဆိုသလို ပြုတ်ကျ‌လာခဲ့သော်လည်း၊ သို့သော် အဆုံးထိ စူးချန်ကဲကို တစက်ကလေးမှ မထိနိုင်ခဲ့ပေ။

စူးချန်ကဲသည် ဤဓားမိုးရေစက်ထဲတွင် လှည့်လည်လှုပ်ရှားသွားလာနေသည်။

ကောင်းကင်ထက်ဝယ် ရွာသွန်းနေသော ဓားမိုးများကို တွေ့နိုင်ပြီး ၊ မြေပြင်တွင် ဖျက်ခနဲ့ တောက်ပသွားသော စူးချန်ကဲ၏ အသွင်ဖြူပုံရိပ်ကို မြင်တွေ့နိုင်သည်။

" ချန်ကဲ ဆက်ခံသူက ဒါ သူရဲ့ ကိုယ်ခံပညာစွမ်းရည်ကို လေ့ကျင့်နေတာလား?"

"ဓားအလင်းတွေက အရှိန်မြန်ဆန်ပြီး ဒီလောက်များပြားတာ ၊ ဓားအလင်းတစ်ခုစီတိုင်းရဲ့ နောက်မှာ နောက်ထပ် ဓားအလင်းတစ်ခုက အဆင်သင့်ပဲ ၊ ဒါကို သူ ဘယ်လိုများရှောင်တုန်း?"

" အမှန်ပဲ ၊ ချန်ကဲ ဆက်ခံသူနဲ့ တိုက်ခိုက်နေတာ ဘယ်သူလဲ မသိဘူး ? ဓားရေးမှာ ဒီလောက်ထိ အစွမ်းထက်တာ ကြည့်ရတာ ချန်ကဲ ဆက်ခံသူတော့ ဒီတစ်ခေါက် ပြိုင်ဘက်အစစ်အမှန်ကို တွေ့ပြီနဲ့တူတယ်!"

သို့သော် ဤမြင်ကွင်းကို ကြည့်ရင်း ပြက်ရယ်ပြုနေကြသူများလည်း ရှိသည်။

"ဟာသပဲ ၊ ချန်ကဲ ဆက်ခံသူ တက်လာကတည်းက ရှုံးပွဲဆိုတာမရှိခဲ့ဘူး ၊ ချန်ကဲ ဆက်ခံသူက ဓားရေးမှာ ထူးချွန်ရုံတင်မကဘူး သူတော်စင် ခန္ဓာကိုယ်လည်း ပိုင်ဆိုင်ထားတယ် "

"အများကြီးမပြောနဲ့ ၊ ခုလို ထိပ်တန်းကျွမ်းကျင်သူတွေကြားက တိုက်ပွဲကနေ နည်းနည်းလောက် သင်ယူရလည်း အမြတ်ပဲ!"

“.......”

စူးချန်ကဲ၏ ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ခံပညာသည် ကြည့်ရှုသူများကို အံ့အားသင့်သွားစေသည်။

အကြိမ်တိုင်း ဓားစွမ်းအင်များကို ထင်မှတ်မထားသော နည်းလမ်းများဖြင့် ရှောင်ရှားနိုင်ခဲ့သည့် စူးချန်ကဲ၏ လှုပ်ရှားမှုများသည် လူတိုင်းကို မှင်သတ်သွားစေသည်။

"ဟမ်! ဓားသမားတစ်ယောက်အနေနဲ့ မင်းတတ်တာဆိုလို့ ခုလို ရှောင်တတ်ဖို့ပဲလား!?"

ကျန်းဝမ့်ချင် ဒေါသထွက်သွားသည်။ စူးချန်ကဲသည် မိမိ၏ ဓားစွမ်းအင်ကို ၎င်း၏ ကိုယ်ခံပညာကို တိုးတတ်စေမည့် ဓားသွေးကျောက်အဖြစ် အသုံးချနေသည်ကို သူ မသိဘဲနေမလား?

ကျန်းဝမ့်ချင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ရုတ်တရက်။

ကောင်းကင်ထက်တွင် စုဝေးထားသော ဓားစွမ်းအင်များသည် ပို၍ ပြင်းထန်လာပြီး ကျန်းဝမ့်ချင်၏ လက်ထဲတွင် စုရုံးရောက်ရှိလာသည်။

တချွင်ချွင် မြည်တမ်းနေသော ဓားသံများကြားတွင် ၊ ထောင်သောင်းမကသော ဓားအလင်းများသည် တစ်လွှာပြီး တစ်လွှာ ရောယှက်သွားသည်။

သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် လျင်မြန်သော ပြောင်းလဲမှုကြီး တစ်ခုဖြစ်သွားခဲ့သည်။

လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ၊ စုစည်းထားသော ဓားစွမ်းအင်များသည် ကြီးမားသော ကောင်းကင်ကို ဖြိုခွင်းနိုင်သော နတ်ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဓားကိုယ်ထည်သည် ကြီးမားလွန်းသဖြင့် ကောင်းကင်တစ်ဝက်လောက် ဖုံးလွှမ်းသွားသည်။

ကြီးမားလှသော ဓားသွား တစ်လက်သည် တိမ်တိုက်များကိုပင် ဖောက်ထွင်းကာ ထွက်ပေါ်လာခဲ့ချေပြီ။

ကျန်းဝမ့်ချင်သည် ဝေဟင်အထက်မှ နေ၍ စူးချန်ကဲအား ဂရုမစိုက်သော အကြည့်များဖြင့် ငုံ့ကြည့်နေသည်။

" တကယ်လို့ မင်း အရည်အချင်းက ဒီလောက်ပဲ‌ ရှိတာဆိုရင် "

စကားပြောနေစဉ်အတွင်းမှာပင် ၊ ကျန်းဝမ့်ချင်သည် သူ့လက်ကို မြှောက်တင်လိုက်သည်။

"ငါကိုယ်တော် အရမ်းစိတ်ပျက်သွားပြီ "

မြှောက်တင်ထားသော သူ့လက်ကို အောက်သို့ နိမ့်ချလိုက်သည်နှင့် ၊

ကောင်းကင်ယံထက်တွင် ဖွဲ့စည်းထားခဲ့သော နတ်ဓားကြီးသည် ပြင်းထန်သော ဟောက်သံနှင့်အတူ တစ်ချိန်တည်းမှာပင် အောက်သို့ ဖြည်းညှင်းစွာ ကျဆင်းလာခဲ့သည်။

ဧရာမ နတ်ဓားကြီး ကျဆင်းလာသည့်အခိုက်အတန့်မှာပင် ၊ ဓားစွမ်းအင်များသည် အကန့်အသတ်မရှိသော ဓားစွမ်းအင်ပင်လယ်ကြီးကဲ့သို့ တဟုန်းထိုး တောက်လောင်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်များကို ဖြစ်ပေါ်စေသည်။

ရိုက်ခတ်မှု၏ အရှိန်သက်ရောက်မှုသည် ကောင်းကင်ကိုပင် ဖြတ်တောက်ပစ်နိုင်သည့် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး နေရာ‌ပေါင်းစုံကို ခုတ်ပိုင်းပစ်သည်။

ထိုမြင်ကွင်းကို ကြည့်နေသူတိုင်း တုန်လှုပ်သွားကြသည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်ကို ဤမျှအကွာအဝေးကနေတောင် ခံစားမိနိုင်သည် ။

ထိုအခိုက်အတန့်တွင် ၊

ဧရာမ နတ်ဓားကြီးအောက်တွင် ရှိနေသော စူးချန်ကဲ၏ မျက်လုံးများသည် ပြောင်းလဲခြင်းမရှိသော ဒီဇိုင်းဖြင့် ကြည့်နေပြီး ၊ ပြင်းထန်သောဓားစွမ်းအင်အောက်တွင် သူသည် အရင်လို ရပ်နေဆဲပင် ဖြစ်သည်။

စူးချန်ကဲသည် ဓားကို ညွန်ကြားရန် သူ့လက်ချောင်းများကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။သူ၏ လက်ချောင်းထိပ်တွင် ပြင်းထန်‌သော ဓားဆန္ဒများ စုဝေးနေသည်။

နတ်သတ်ဓား၏ ဆန္ဒ ၊ အတွေးတစ်ချက်တည်းဖြင့် ဖြစ်တည်သည် !

"ဆရာက ပြောဖူးတယ် ၊ နှလုံးသားထဲမှာ ဓားရှိနေသရွေ့ အရာအားလုံးက ဓားပဲ"

" အညတရလူသားတောင် ကောင်းကင်ထိ တတ်လှမ်းနိုင်တယ် "

"သေမျိုးတစ်ယောက်ဖြစ်နေတောင် နတ်ဘုရားတွေကို ယှဉ်ပြိုင်နိုင်တယ် "

စူးချန်ကဲသည် ထိုစကားများကို ရေရွတ်ပြီးချိန်တွင် ၊ တချက်ကလေးတောင် မော့မကြည့်ဘဲ သူ့ဆီရောက်လာသော ဧရာမဓားကြီးကို ခုတ်ပိုင်းပစ်ခဲ့သည်။

ရွှမ်း!!!!

ဓားအလင်းများသည် အလွန်တောက်ပသော နဂါးငွေ့တန်းတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ အဆုံးမရှိ ဖြန့်ကျက်သွားသည်။

စူးချန်ကဲ၏ လက်ချောင်းထိပ်များမှ ထွက်လာသော ဓားအလင်းသည် သေးငယ်သော်လည်း၊ ၎င်း၏ ဖိနှိပ်စွမ်းအားသည် ဧရာမဓားထက် မနည်းချေ။

ကောင်းကင်ဘုံ ကိုးထပ်အထိ ထွန်းတောက်ပေးနိုင်စွမ်း ရှိသကဲ့သို့ တုနှိုင်းမဲ့စွမ်းအားများကို ဆောင်ကျဉ်းလျက် ကောင်းကင်ကို တည့်တည့် ပစ်ခွင်းလေသည်။

အဆုံးမရှိသော ဓားအလင်းသည် တောက်ပသော ဂလက်ဆီတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ အဆုံးမရှိ ဖြန့်ကျက်ထားသည်။

နောက်ဆုံးတွင်၊ ၎င်းသည် တုနှိုင်းမဲ့စွမ်းအားများကို သယ်ဆောင်လျက် ဧရာမဓားကြီးကို ချက်ချင်းလက်ငင်း ထိုးဖောက်ဝင်ရောက်ခဲ့လေရာ နေရာတစ်ခုလုံး နေ့ခင်းဘက်သဖွယ် ထိန်းလင်းတောက်ပသွားသည်။

ထို့နောက်တွင် နက်ရှိုင်းသော အာကာသထဲသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားခဲ့သည် ။

.....

ထိုမြင်ကွင်းကို ကြည့်လိုက်ရသူတိုင်း ၊ အချိန်အတန်ကြာ ငြိမ်သက်သွားခဲ့ကြသည်။

လူတစ်ယောက်သည် ပါးစပ်အဟောင်းသားဖြင့် ကောင်းကင်ကို ရုတ်ချည်း ညွှန်ပြလိုက်သည်။

" အဲ့ ..အဲ့တာက...!?"

လူတိုင်း ကောင်းကင်ကြီးကို ထိတ်လန့်စွာဖြင့် ကြည့်လိုက်ကြသည် ။

မူလက အောက်သို့ ကျဆင်းလာသော ဧရာမ ဓားကြီးသည် အေးခဲသွားသည့်အတိုင်း ရုပ်ငြိမ်ပန်းချီကားတစ်ချပ်ကဲ့သို့ လေထဲတွင် ရပ်တန့်နေသည်။

ဓားစွမ်းအင်ကို သယ်ဆောင်လာသော လေညင်းသည် သူတို့ကိုသာ ဖြတ်တိုက်မသွားခဲ့ပါက ၊

အချိန်များ ရပ်တန့်သွားသည် ဟု လွဲမှားစွာ ကောက်ချက်ချမည်ကို စိုးရသည်။

ကျန်းဝမ့်ချင်၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး ၊ ထိတ်လန့်သွားပုံရသည်။

“မင်း.....”

သူ စကားလုံးတစ်လုံးသာ ပြောရသေးသည်။

ကွဲအက်သံ——

ကောင်းကင်ပြင်ကိုတောင် ဖုံးလွှမ်းထားနိုင်သည့် ဧရာမဓားကြီးပေါ်တွင် အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုအက်ကွဲကြောင်းကြီးမှ တဆင့် အက်ကွဲရာများ ဆက်တိုက်‌ဆိုသလို ကျယ်ပြန့်လာသည်။

အက်ကွဲကြောင်း တစ်ခု ! သုံးခု ! ဆယ်ခု ! ရာပေါင်းများစွာ !

ဧရာမ ဓားကြီးတစ်ခုလုံးကို အက်ကွဲကြောင်းများစွာဖြင့် ထုပ်ပိုးထားသလိုပင်။

ထို့နောက် ချက်ချင်းဆိုသလို ၊ ထိုအက်ကွဲကြောင်းများမှ တဆင့် တောက်လောင်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

အဆုံးတွင် ၊ ကောင်းကင်ပမာ မြင့်မားသော ဧရာမဓားကြီးသည် အရည်ပျော်ကျသွားသောနှင်းပွင့်များကဲ့သို့ အပိုင်းပိုင်း ကွဲအက်သွားခဲ့ပြီး ကြယ်ပွင့်များသဖွယ် ကောင်းကင်အနှံ့ ပြန့်ကျဲသွားသည်။

ဟူး——

​နောက်​ထပ်​ ​လေ​အေး​လေးတစ်​ချက်​ ​ဖြတ်တိုက်သွားခဲ့ပြန်သည်။

မရေမတွက်နိုင်သော အလင်းပွင့်များသည် ဆောင်းဦးလေဖြင့် လွင့်ထွက်သွားသကဲ့သို့ မိုးကောင်းကင်တစ်ဆုံး လွင့်ပျံသွားလေတော့သည်။

အရမ်း လှပသလို ၊ ထိတ်လန့်စရာလည်း ကောင်းပေသည်။

တစ်ဖန် ငြိမ်သက်သွားခဲ့ပြီးနောက်တွင် ၊ ဤကမ္ဘာပေါ်တွင် အချင်းချင်း မျက်နှာချင်းဆိုင်ရှိနေသော လူနှစ်ဦးသာလျှင် ကျန်ရစ်ခဲ့သည်။

အချိန်အတန်ကြာပြီးနောက် ၊

ကျန်းဝမ့်ချင်သည် မိမိ၏ နောက်ကျောတွင် ပိုးထားသော ဓားရှည်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။

ဓားသည် ဓားအိမ်မရှိ၊ အရှည်သုံးပေခန့်ရှိပြီး အဝတ်ဖြင့် ထုပ်ပိုးထားသည်။

"ဒီဓားကို ထိုက်ရှန့်ဝမ့်ချင် လို့ခေါ်တယ် ၊ ဒါက ငါတို့ ကောင်းကင်တောင် နတ်ဓားဂိုဏ်း ရဲ့ အမွေကို ဆက်ခံထားတဲ့ဓားပဲ"

" ဒီဓားကို ငါ ဆက်ခံပြီးကတည်းက တိုက်မြေ သုံးထောင် နေရာအနှံ့ ခရီးထွက်ခဲ့တယ်၊ မျိုးဆက်သစ်လူငယ်တွေကြားမှာ ဒီဓားကို ဆွဲထုတ်ရလောက်တဲ့ ပြိုင်ဘက်မျိုးကို ငါ မတွေ့ခဲ့ဘူး "

"ဒါပေမယ့် အခုတော့ မင်းနဲ့ ထိုက်တန်တယ်"

သူစကားပြောနေစဉ် အတွင်းမှာပင် ၊ ဓားစွမ်းအင်များသည် ကျန်းဝမ့်ချင်၏ လက်ထဲတွင် ဖြည်းညင်းစွာ စုဝေးရောက်ရှိလာခဲ့ရာ သူ့လက်သည် အနည်းငယ် တုန်ခါသွားသည်။

ဟူး လာ ! !

အဝတ်စသည် ကောင်းကင်တွင် ပျံဝဲသွားပြီး အောက်သို့ ပြုတ်ကျသွားသည်။

ဓားသည်လည်း နောက်ဆုံးတွင် သူ့အလိုလို ထွက်ပေါ်လာခဲ့သည်။

အလျားသုံးပေရှိသော ဓားရှည်တစ်လက် ဖြစ်ပြီး၊ ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာကာ အလင်းနှင့် အအေးဓာတ်တို့သည် ရောင်ပြန်ဟက်လျက် ရှိသည်။

ဓားတစ်စင်းလုံးသည် ဆောင်းဦး၏ ဆီးနှင်းပွင့်များသဖွယ် ဖြူစင်ပြီး ၊ တစ်ချက်ကြည့်လိုက်ရုံဖြင့် လူ၏ နှလုံးသားထဲက ခံစားချက်များကို မေ့ပျောက်ပစ်နိုင်စွမ်း ရှိပုံပေါ်သည်။

သို့သော် စူးချန်ကဲသည် အချက်တစ်ခုကို ဖမ်းယူနိုင်ခဲ့သည်။

" ကောင်းကင်တောင် နတ်ဓားဂိုဏ်း?"

ထိုဂိုဏ်းသည် နောက်ဆုံးတော်စပ်ခဲ့သူ မိမိဆရာ၏ ဂိုဏ်းပင် ဖြစ်သည်။

ဆရာဖြစ်သူ၏ နောက်ဆုံးအမှာစကားအရ အကယ်၍ သူသည် ကောင်းကင်တောင် နတ်ဓားဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက်ယောက်နှင့်တွေ့ဆုံခဲ့ပါက ၊

ပြိုင်ဘက်၏အရိုးများကို မချိုးပစ်နိုင်သရွေ့ သူ့ကျောင်းသား ဟု မပြောရန် မှာကြားခဲ့သည်။

စူးချန်ကဲသည် ခေါင်းတယမ်းယမ်းဖြင့် ပြုံးလိုက်မိသည်။

"ကြည့်ရတာ အလေးအနက်လုပ်ရတော့မယ့် အချိန်ရောက်ပြီပဲ"

အပိုင်း(၃၁၆): ဒါကမှ ငါ့ရဲ့ဓားပဲ

စူးချန်ကဲသည် ငြိမ်သက်နေပြီး ၊ သူ၏နှုတ်ခမ်းထောင့်သည် ရေးရေးလေး မြှောက်တတ်နေသည် ။

ခုလို သန်မာသော ဓားသမားနှင့် တိုက်ပွဲဆင်နွဲရသည်မှာ အတော်လေး ပျော်ဖို့ကောင်းပေသည်။

ပြိုင်ဘက်မရှိသော လျှောက်လှမ်းသည် ဘယ်လောက်တောင် အထီးကျန်ဆန်လိုက်မည်နည်း။

ထိုအချိန်တွင် သူသည် ကောင်းကင်ဓားကို ဟင်းလင်ပြင် ကွက်လပ်ထဲမှ ဆွဲထုတ်ယူလိုက်သည်။

ကောင်းကင်ဓား၏ ကိုယ်ထည်တစ်ခုလုံးက ဝင်းထိန်တောက်ပနေပြီး ဓားစွမ်းအင်များက သိပ်သည်းထူထပ်လွန်းသည်။ အထူးသဖြင့် ဓားကိုယ်ထည်ပေါ်တွင် ရှိနေသော ဓားမှော်သင်္ကေတတို့သည် ကောင်းကင်ဓားကို အမတလက်နက်တစ်ခုသဖွယ် ဖော်ဆောင်နေသည်။

" ဒီဓားက..သာမာန်မဟုတ်ဘူးပဲ..."

ကျန်းဝမ့်ချင်သည် ဓားလမ်းစဉ်ကျင့်ကြံသူ တစ်ယောက်ဖြစ်သောကြောင့် ဓား၏အရည်အသွေးကို သူ တန်းပြီး နားလည်နိုင်သည်။ ကောင်းကင်ဓားကို မြင်လိုက်ရသည်နှင့် ၊ ဤဓား၏ ထူးကဲသော စွမ်းအားကို သူ ခံစားမိသည်။

ဝီ——

ဓားသည် တုန်ခါနေပြီး ၊ စူးချန်ကဲ၏ လက်ထဲမှာတော့ သူ၏ နာခံမှုကိုပြသနေသည် ။

သို့သော် ၎င်းထံမှ ထွက်ပေါ်လာသော ဖိနှိပ်မှုသည် လူကို ရင်တုန်စေသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။ အထူးသဖြင့် နားမလည်နိုင်သော ဓားသွားသံများသည် ကောင်းကင်ပြာကြီး၏ ဟောက်သံနှင့်တူသည်။

သို့သော် ကျန်းဝမ့်ချင်၏ လက်ထဲတွင်ရှိနေသော ထိုက်ရှန့်ဝမ့်ချင် ဓားသည်လည်း ရှုံးနိမ့်ခြင်း ဆိုသည့်အရာကို ဝန်ခံရန် ငြင်းဆိုနေသည်။

သူသည် ဤပြိုင်ဘက်နှင့် ယှဉ်ပြိုင်လိုသကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် ဓားသံများကို ထုတ်လွှတ်နေသည်။

ကောင်းကင်နှင့် မြေကြီးတို့သည် တိတ်ဆိတ်နေပြီး လေညင်းများက တစိမ့်စိမ့်တိုက်ခတ်နေသည်။

သူတို့နှစ်ဦး၏ အဝတ်စများသည် အနည်းငယ် မျှောလွင့်နေကာ ဆံနွယ်များက သူတို့နှစ်ယောက်၏ အမြင်ကို ယဲ့ယဲ့လေး ဖုံးကွယ်နေသည်။

သို့သော် သူတို့နှစ်ဦးသည် အခွင့်အရေးကို စောင့်နေသကဲ့သို့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။

“ဖြတ်!”

ရုတ်တရက် နှစ်ယောက်လုံး ကျယ်လောင်စွာ အော်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များသည် နေ့အလင်းရောင်ကဲ့သို့ တောက်ပလာခဲ့သည်။

လက်ထဲက ဓားများသည်လည်း ကွက်လပ်ထဲတွင် ပုံရိပ်တွေအဖြစ်သာ ကျန်ရစ်ခဲ့လေသည်။

ဓားနှစ်စင်းသည် တောက်ပသော ကြယ်နှစ်စင်း ဝင်တိုက်သကဲ့သို့ ထိပ်တိုက်ဆုံတွေ့ကြခဲ့သည်။

ရုတ်ချည်းဆိုသလို ၊ နေ့ခင်းဘက်တွင် လသော်တာ၏ အေးစက်သော အလင်းရောင် ဖြာကျလာသကဲ့သို့ ဤနေရာတစ်ခုလုံးကို ဝင်းထိန်သွားစေသည်။

လွန်စွာ စူးရှ‌လွန်းသဖြင့် ၊ စောင့်ကြည့်နေကြသောလူအုပ်ကြီးမှာ ဤအခိုက်အတန့်ရှိ မြင်ကွင်းများကို မမြင်လိုက်ရချေ။

နေရာတိုင်းကို ဓားအလင်းများဖြင့် ဖြည့်စွက်ထားသည့်အတိုင်း ‌ဧရိယာတစ်ခုလုံး ဖြူဖွေးတောက်ပနေသည်။

ချွင်!!

ဆက်လက်ပြီး သတ္တုနှစ်ခု တိုက်သံကိုကြားရပြန်သည်။

ဝုန်း!!

ထို့နောက်တွင်မူ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဓားစွမ်းအင်လှိုင်းများသည် မိုင်ရာပေါင်းများစွာ တဟုန်ထိုး ရိုက်ခတ်သွားသည်ကို လူတိုင်း ခံစားလိုက်ရသည်။

ရေလှိုင်းများသည် ဆူနာမီကဲ့သို့ နေရာအသီးသီးကို ရိုက်ခတ်သွားသလိုပင်။

ဤအခိုက်အတန့်တွင် ၊ မူလကရှိနေခဲ့သော ကမ္ဘာကြီးကို ဖယ်ထုတ်ကာ လေဟာနယ်တစ်ခုကို ဖန်တီးဖွဲ့စည်းလိုက်သလိုပင်။

မူလက ရှိနေခဲ့သော ဝိညာဥ်စွမ်းအင်များသည် အဆုံးမဲ့ ဓားစွမ်းအင်များဖြင့် အစားထိုးခံလိုက်ရသည်။

ဝုန်း ဝုန်း!

တစ်ဖန် ရုတ်တရက် ၊ အဆုံးမဲ့ ဓားစွမ်းအင်ကမ္ဘာမှ နောက်ထပ် ထိတ်လန့်ဖွယ်ရာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြန်သည်။

ကမ္ဘာမြေကြီး အက်ကွဲပြိုကျသံနှင့်အတူ ၊ တောင် နှင့် မြစ်တို့သည် တဘုန်းဘုန်း ပြိုကျလျက် ၊ အခိုးအငွေ့များသည် ကောင်းကင်ထိ ကြွတတ်လာသည်။

ကောင်းကင်တစ်ပြင်လုံးကို လွှမ်းခြုံထားနိုင်သော ကောင်းကင်မျက်နှာကျက်အဖြစ် နေရာတိုင်းလိုလို ဖုံးလွှမ်းထားသည်။

ဘုန်း!!

နောက်ထပ် ပေါက်ကွဲသံ ထွက်ပေါ်လာပြန်သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ၊ နေရာတိုင်းလိုလို ဖုံးလွှမ်းထားသော အခိုးအငွေ့များကြားတွင် ရှိနေသော လူနှစ်ဦးသည် သူသူကိုယ်ကိုယ် လျင်မြန်စွာ နောက်ပြန်ဆုတ်သွားခဲ့သည်။

" ချန်ကဲ ဆက်ခံသူနဲ့ အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ဓားသမား "

"သူတို့ကိုကြည့်ရတာ တစ်ယောက်ကိုတစ်ယောက် ထိခိုက်မှု မရှိသေးတဲ့ပုံပဲ!"

လူတိုင်း၏ အာမေဋိတ်သံများကြားတွင် ထိုလူနှစ်ဦးသည် အချင်းချင်းတိုက်ခိုက်နေဆဲပင် ဖြစ်သည်။

နှစ်ဖက်စလုံးသည် မိမိတို့၏ ဓားများကို အသုံးပြုလျက် အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။

မတူညီသော ဓားစွမ်းအင်နှစ်ခု အချင်းချင်း တိုက်ခိုက်နေကြသည်မှာ ဓားစွမ်းအင် အလွှာများ အထပ်လိုက် ဖြစ်ပေါ်လာကာ ဓားစွမ်းအင် တောင်ထွပ်ကြီး အဖြစ် ပုံပေါ်လာသည်။

မူလကတည်းက ပြိုကျနေသော မြေကြီးသည် ချောက်ကြီးတစ်ခု အဖြစ် ပြောင်းလဲလုနီးပါးပင်။

"ဒီကောင်...ထင်ထားတာထက် ပိုသန်မာတာပဲ! "

ကျန်းဝမ့်ချင်၏ အမူအယာမှာ ထိတ်လန့်နေသယောင် ရှိသည်။

ပြင်ပလူများ၏ အမြင်တွင် သူနှင့် စူးချန်ကဲသည် လက်ရည်တူသည် ဟု ထင်နိုင်သည်။

သို့သော် သူ၏ ပေါက်ကွဲစွမ်းအားသည် စူးချန်ကဲကို မယှဉ်နိုင်မှန်း သူ ကောင်းကောင်းသိထားသည်။

ဓားနှစ်လက်ကြားက ထိပ်တိုက်တွေ့ဆုံမှုတွင်၊ သူ၏ဓားသည် စူးချန်ကဲဓား၏ နှိပ်ကွပ်မှုကို လုံးလုံးလျားလျား ခံခဲ့ရသည်။

မရေမတွက်နိုင်သော ဤနှစ်ကာလများအတွင်း အခြားသူ၏ နှိပ်ကွပ်ခြင်းကိုခံရသည်မှာ သူ့အတွက် ပထမဆုံး အကြိမ်ဖြစ်ပြီး ၊ ယင်းက သူ့ကို ခံပြင်းစေမိသည်။

"ဓား နိုးထ!"

ချွင်——

နဂါးဟောက်သံကဲ့သို့ နောက်ထပ် ဓားသွားသံသည် ကမ္ဘာအနှံ့ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည် ။

ထိုက်ရှန့် ဝမ့်ချင်ဓား၏ ဓားကိုယ်ထည်သည် စတင် ပူနွေးလာခဲ့သည်။

ပြင်းထန်သော စွမ်းအင်တစ်ခုသည် အိပ်စက်နေခဲ့ရာမှ နိုးထလာသကဲ့သို့ပင်။

ထျန်းရှန့်ဓား အမတသခင်၏ သွေးများနိုးထလာခဲ့သလိုပင်။

ဤသည်မှာ ကောင်းကင်တောင် နတ်ဓားဂိုဏ်းကို တည်ထောင်ခဲ့သော ဒဏ္ဍာရီလာ ဓားသမားပင် ဖြစ်သည်။

ကောင်းကင်တောင် နတ်ဓားဂိုဏ်း၏ ရှေးမှတ်တမ်းစာအုပ်များအရ ၊ ထျန်းရှန်းဓား အမတသခင်သည် ကောင်းကင်နှင့် မြေကြီးကိုပင် သူ့ လက်တစ်ချောင်းတည်းဖြင့် ပိုင်းဖြတ်နိုင်ပြီး ဓားတစ်လက်တည်းဖြင့် အမတတံခါးကို ဖွင့်နိုင်သည် ဟု အဆိုရှိသည်။

အဆုံးတွင်၊ သူသည် တုနှိုင်းမဲ့ အမတကိုယ်ထည်ကို ရရှိခဲ့ပြီး ၊ အမတအဖြစ်သို့ အောင်မြင်စွာ ကျော်ဖြတ်ခဲ့ကာ ဒဏ္ဍာရီလာ အမတကမ္ဘာသို့ တက်လှမ်းနိုင်ခဲ့သည်။

ထိုက်ရှန့် ဝမ့်ချင်ဓားသည် ထျန်းရှန့်ဓား အမတသခင်၏ နောက်ဆုံးကျန်ရစ်ခဲ့သော အမွေပစ္စည်းတစ်ခုလည်း ဖြစ်သည်။

ဝီ——

ထိုအချိန်တွင်၊ ဤကမ္ဘာကြီး၏ အသိပညာထက် သာလွန်သော ဓားလမ်းစဉ်၏ စွမ်းအင်တို့သည် ထိုက်ရှန့်ဝမ့်ချင်ဓားမှ ကျန်းဝမ့်ချင်၏ ခန္ဓာကိုယ်ဆီသို့ ပျံ့နှံ့စီးဝင်သွားသည်။

သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရှိနေသော ဓားစွမ်းအင်များသည် ပို၍ပြင်းထန်လာသည်။

ကျန်းဝမ့်ချင်၏ လက်ကို လည်ပတ်နေသော ရှေးဟောင်း ဓားမှော်သင်္ကေတများသည် ဖျက်ဆီး၍ မရနိုင််သော ဓားချပ်ဝတ်တန်ဆာတစ်ခုကို ဖန်တီးထားသကဲ့သို့ပင်။

သို့သော် ယင်းက သူ့ခန္ဓာကိုယ်ကို လေးလံမှု မဖြစ်စေဘဲ တစ်ချိန်တည်းမှာပင် သူ့လက်ထဲက ဓားသည် ပို၍ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။

"ဝူကျီ ထျန်းလော့!"

မည်သည့်အပိုစကားတစ်ခွန်းမှမပြောဘဲ ၊ သူ၏ အပြင်းထန်ဆုံး ဓားသိုင်းဖြင့် စူးချန်ကဲအား တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

ဓား‌ကျရောက်လာသည့် တစ်ချိန်တည်းမှာပင် အဆုံးမရှိသော ဓားအလင်းများသည် တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်သွားသည်။

ဓားအလင်းခြေရာများသည် လိမ်ယှက်နေသော သဘာဝကျုံးတစ်ခုသဖွယ် ကျန်ရစ်နေခဲ့ပြီး ၊ အဆုံးတွင် ရိုက်ခတ်လှုပ်ရှားထကြွနေသော ဓားစွမ်းအင်များသည် ကြီးမားသော ဓားပိုက်ကွန်သဖွယ် ပြောင်းလဲသွားခဲ့သည်။

ကာခ် ကာခ် ကာခ်!

ထိုအချိန်တွင် ထူထပ်စွာ ရှိနေသော တိမ်တိုက်များသည် တစ်စစီ ကွဲထွက်ကာ ပြိုကျလာသည်။

ထိုအနီးနားတွင် ရပ်ကြည့်နေသော ကျင့်ကြံသူအားလုံး တုန်လှုပ်သွားကြသည်။

တစ်ချိန်တည်းမှာပင် စူးရှတောက်ပစွာ ရှိနေခဲ့သော ဓားသည်လည်း စူးချန်ကဲထံသို့ ကျရောက်သွားသည်။

ကောင်းကင်ယံရှိ တိမ်လွှာများသည် အစိတ်စိတ်အမြွှာမြွှာ ပြောင်းလဲခံလိုက်ရပြီး အောက်ဘက်သို့ ကြွေလွှင့်လာသည်မှာ ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျပြီး ကွဲအက်သွားသလိုပင်။

သို့သော် ထိုဓားစွမ်းအင်၏ အလယ်တွင်ရှိနေသော စူးချန်ကဲသည် ကြောက်ရွံ့မှုတစ်စုံတစ်ရာကိုမှ မပြဘဲ၊ ထိုအစား ပြုံးရယ်နေပြီး သူ့ကိုကြည့်ရသည်မှာ အလွန်ပျော်ရွှင်နေပုံရသည်။

ဤအချိန်တွင် သူ့ခန္ဓာကိုယ်ထဲတွင် သွေးများ ပွက်ပွက်ဆူနေပြီး ၊ ဤအရာသည် သူ၏ တောက်လောင်နေသော တိုက်ပွဲဝင် စိတ်ဓာတ်ပင် ဖြစ်သည်။

စူးချန်ကဲသည် သူ၏ သူတော်စင် ကိုယ်ထည်ကို အသက်သွင်းရန် အစီအစဉ်မရှိခဲ့ပေ။ ပြိုင်ဘက်အား သူ၏ ဓားစွမ်းရည်တစ်ခုနဲ့သာ ယှဉ်ပြိုင်ရန် ကြံစည်ထားသည်။

"ဓားသမားအချင်းချင်း တွေ့ခဲ့ရင် ၊ သန်မာတဲ့သူကသာလျှင် အနိုင်ရနိုင်တယ်"

"ငါ့လက်ထဲမှာ ဓားရှိနေသရွေ့ ၊ ငါသည် တစ်လောကလုံးရဲ့ တစ်ဦးတည်းသော သန်မာသူပဲ "

တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲသည် ကောင်းကင်ဓားကို သူ၏ ဘယ်ဘက်ခါးဆစ်တွင် တင်ကာ ဘယ်လက်သည် ဓားအိမ်ကို ဆုပ်ကိုင်ထားသည်။

စူးရှသော ဓားသွားသံသည် အချိန်နှင့် နေရာကို အေးခဲလိုက်သလိုပင်။

လူတိုင်း၏ အမြင်တွင် ကမ္ဘာမြေသည် ဓားအလင်းများဖြင့် ပြည့်နှက်နေပြီး ၊ သို့သော် စူးချန်ကဲ၏ မျက်လုံးထဲတွင် အရာအားလုံးသည် ငြိမ်သက်နေသော ပုံရိပ်တစ်ခုလိုပင်။

ဤဓားသိုင်းသည် တစ္စေဓားအမတရှင်မှ သူ့အား သင်ကြားပြသပေးခဲ့သော ပထမဆုံးပညာရပ်ပင် ဖြစ်သည်။

သူသည် ဤဓားသိုင်းကို အသုံးပြု၍ တစ်လောကလုံးကို ပြောပြချင်ခဲ့သည်။

တစ်ချိန်က တစ္စေဓားအမတရှင် ဦးဆောင်ခဲ့တဲ့ ခေတ်အကြောင်းကိုပေါ့!

" လရောင်စက်ဝန်း!"

ချက်ချင်းဆိုသလို ၊ ဓားသည် ထွက်ပေါ်လာသည်။

လွန်စွာ ထိန်လင်းသော လပြည့်နေ့ကဲ့သို့ ဓားသည် တောက်ပစွာ လွင့်ထွက်သွားသည် ။

ထို့နောက်တွင် ကျန်းဝမ့်ချင်၏ဓားနှင့် ထိပ်တိုက် ဆုံတွေ့ခဲ့ကြသည်။

ဓားစွမ်းအင်များက တစ်ခုနှင့်တစ်ခု ရောယှက်လျက် ၊ တဟုန်းဟုန်း တောက်လောက်နေကြပြီး အချင်းချင်း အားပြိုင်နေကြသည်။

လေထု၏ ကွဲအက်သံများကြားတွင် ၊ စူးချန်ကဲ၏ တောက်ပသော ဓားရောင်ခြည်သည် ဖောက်ထွင်းဝင်ရောက်လာကာ ကျန်းဝမ့်ချင်၏ ဓားကို ကွဲကြေသွားစေခဲ့သည်။

နှင်းပွင့်များ ပေါက်ကွဲနေသည့်အတိုင်း ၊ ကောင်းကင်၌ ဓားစွမ်းအင် အပိုင်းအစများသည် စလိုက်မီးများသဖွယ် ပြန့်ကျဲနေလေ၏။

ကျန်းဝမ့်ချင်၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ကျန်းဝမ့်ချင်၏ ထိတ်လန့်နေသော မျက်ဝန်းတစ်စုံတွင် ၊

ဤမမေ့နိုင်သော မြင်ကွင်းက ရောင်ပြန်ဟပ်လျက် ရှိသည်။

အဆုံးမရှိ ပြန့်ကျဲနေသော ဓားစွမ်းအင် အပိုင်းအစများကြား ၊ စူးချန်ကဲသည် ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။ သူ၏ ထက်လှသော ဓားတစ်လက်ဖြင့် အရာအားလုံးကို ဖြိုခွင်းပစ်ခဲ့ချေပြီ။

.......

အချိန်အတော်တန်ကြာပြီးနောက် ၊

အေးစက်စက်အသံသည် ကျန်းဝမ့်ချင်ကို အိမ်မက်ကနေ လက်တွေ့ကမ္ဘာထဲသို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်။

"မင်းရှုံးတယ်"

ကျန်းဝမ့်ချင်သည် ရှေ့ကမြင်ကွင်းကို ကြောင်တတ်တတ်ဖြင့် ကြည့်နေသည်။ လွန်စွာ အေးစက်ပေသည့် ဓားအလင်းသည် သူ၏ အသွေးအသားများကို စုတ်ဖြဲရန်အလို့ဌာ သူ့လည်ချောင်းကို ချိန်ရွယ်ထားသည်။

ကောင်းကင်ဓားမှ ဖြာထွက်နေသော အအေးဓာတ်ကို သူ ယောင်ဝါးဝါး ခံစားမိသည် ။

ဓားဖြင့် သူ့ကို ချိန်ရွယ်ထားသော စူးချန်ကဲကို သူ ကြည့်လိုက်သည်။

စူးချန်ကဲ၏ နှုတ်ခမ်းသားများပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားသည်။ သို့သော် သူ့မျက်နှာသည် တည်ငြိမ်အေးဆေးလွန်းပေသည်။

သူသည် တစ်စုံတစ်ခုကို ပြောပြနေသ‌ဟန်ဖြင့်။

ဒါကမှ ငါ့ရဲ့ ဓားပဲ!

All Chapters