← Chapters

အခန်း (၃၂၂-၃၂၅)

Vol. 23 Ch. 322-325

အခန်း (၃၂၂-၃၂၅)

Vol. 23 Ch. 322-325

အပိုင်း(၃၂၂): မင်းတို့ကို ရင်ဆိုင်ဖို့ ငါနဲ့တင် လုံလောက်တယ်

စူးချန်ကဲ၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုသည် ဧရိယာအနှံ့ ပေါက်ကွဲသံများဖြင့် ပဲ့တင်ထပ်သွားသည်။

သွေးမြူမှုန်များ ထူထပ်နေသော အတွင်းပိုင်းတစ်နေရာတွင် အဆုံးမဲ့ သွေးချီစွမ်းအင်များက တသိမ့်သိမ့် ရိုက်ခတ်နေပြီး ၊ ဤနေရာတွင် သန်းပေါင်းများစွာသော အရိုးများ စုပုံနေသည်။

အမြင့်ဆုံး ယဇ်ပလ္လင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ရွှယ့်ရှိုးလော့ မျိုးနွယ်ဝင် အမျိုးသားတစ်ဦးသည် ပြင်းထန်သော ဖိနှိပ်စွမ်းအားများကို ထုတ်လွှတ်နေသည်။

၎င်း၏ လွန်စွာအားကောင်းသော သွေးချီစွမ်းအင်များသည် ပြင်ပကမ္ဘာရှိ သူတော်စင်ဧကရာဇ်နှင့်ပင် ယှဉ်ပြိုင်နိုင်သည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ခုနှင့်တစ်ခု ရောယှက်နေသော မျဉ်းကြောင်းများသည် သူ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ချပ်ဝတ်တန်ဆာသဖွယ် ဖုံးအုပ်ထားသည်။

ရွှယ့်ရှိုးလော့မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သော ရွှယ့်နု သည် ကျုံယုံ(ငရဲကိုးထပ်)ရှိ အထူးနိယာမစည်းမျဉ်းများ၏ ဖိနှိပ်မှုအောက်တွင် သူသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ် အထွတ်အထိပ် အဆင့်ထိ ရောက်ရှိနေသူတစ်ဦးဖြစ်သည်။

သို့သော် သူ၏ ကာယစွမ်းအားသည် ပြင်ပကမ္ဘာမှ တန်ခိုးကြီးမားသော အဆင့် (၆) ဧကရာဇ်များနှင့်ပင် ယှဉ်ပြိုင်နိုင်သည်။

ဤကျုံယုံ(ငရဲကိုးထပ်)ထဲသို့ ဝင်ရောက်ခွင့်မရှိသော တန်ခိုးကြီးမားသော ဧကရာဇ်မင်းတို့၏ ကျင့်ကြံစွမ်းအား နည်းတူ ကြောက်စရာကောင်းသော တည်ရှိမှုတစ်ရပ်သည် သူ၏ မျိုးနွယ်ဝင်များကို ချေမှုန်းပစ်ခဲ့သည်။

သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ရာ ၊ အနီရောင်အလင်းတန်းနှစ်ခု ရိုက်ခတ်သွားသည်ကို တွေ့လိုက်ရသည်။

တခဏချင်းမှာပင်၊ သူ့ရှေ့တွင် တောင်ကြီးတစ်ခု ပြိုကျသွားခဲ့သည်။

ထိုစဉ် အက်ကွဲသော အသံဖြင့် အေးစက်သော လေသံကို ကြားလိုက်ရသည်။

"ငါ့အနွယ်ရဲ့ ယဇ်နတ်ဆရာ... သေပြီလား?"

ရွှယ့်ရှိုးလော့ မျိုးနွယ်တွင် အသန်မာဆုံးပုဂ္ဂိုလ်သည် မျိုးနွယ်ဝင်တိုင်း၏ သွေးအငွေ့အသက်ကို အာရုံခံနိုင်ရုံသာမက မျိုးနွယ်ဝင်အားလုံး၏ အသွေးအသား စွမ်းအင်များကို သူ၏ ခန္ဓာကိုယ်ပေါ်တွင် စုစည်းနိုင်သည်။

ထိုစွမ်းအားများ၏ ကောင်းချီးဖြင့် ရွှယ့်နု၏ စစ်မှန်သောခွန်အားသည် အဆင့်(၆) ဧကရာဇ်အဆင့်ထိ ရောက်ရှိသွားခဲ့သည်။

ရွှယ့်နု၏ လက်ချောင်းများကြား ရစ်ပတ်ထားသော သွေးချီစွမ်းအင်များ ရှိသည်။

ထို့နောက် သွေးချီစွမ်းအင်များကို သူ၏ လက်ချောင်းများဆီသို့ စုဝေးလိုက်ပြီး ၊ သူ၏ လက်ချောင်းကို အနည်းငယ် ကွေးညွတ်လိုက်သည်။

ဝီ——

ထိုစဉ် သူ့ရှေ့တွင် သွေးများဖြင့် ဖွဲ့စည်းထားသော သွေးမှန်တစ်ချပ် ထွက်ပေါ်လာခဲ့သည်။

ဖန်သားပြင်ပေါ်တွင် ရွှယ့်ရှိုးလော့ယဇ်နတ်ဆရာ မသေဆုံးခင်က မြင်ကွင်းများပေါ်ထွက်လာသည်။

"စိတ်ဝင်စားဖို့ ကောင်းတယ် ၊ ဒီကောင်လေးက သူတော်စင် ကိုယ်ထည်ကို ပိုင်ဆိုင်ထားရုံတင် မက ဒါတောင် တစ်ခုတည်းတင် မဟုတ်ဘူး "

ရွှယ့်နုသည် ထိုမြင်ကွင်းထဲက သဲလွန်စ တချို့ကို ဖမ်း‌ဆုပ်နိုင်ခဲ့သည်။

" ကြည့်ရတာ သူ‌တော်စင်ကိုယ်ထည် နှစ်ခု ‌ပိုင်‌ဆိုင်ထားပုံရတယ် .."

“ပြီးတော့.....”

သူ့အသံထဲတွင် ဖုံးကွယ်မရသော စိတ်လှုပ်ရှားမှုများ ရှိနေသည်။

"ဒီကောင် သူတော်စင်ကိုယ်ထည် ...သုံးလေးခုလောက် ရှိနေသလိုပဲ...!"

သူ့မျက်လုံးထဲတွင် လောဘမီးတောက်များက တဟုန်းဟုန်း လောင်ကျွမ်းနေ၏။

သူတော်စင် ခန္ဓာကိုယ်သည် နှစ်ထောင်ပေါင်းများစွာကတည်းက တွေ့ချင်သလို တွေ့နိုင်သည့် အရာမဟုတ်ပေ။

ပြီးပြည့်စုံသော သူတော်စင် ခန္ဓာကိုယ်သည် ဧကရာဇ်မင်းနှင့် ယှဉ်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်လာပေလိမ့်မည်။

“သူတို့အားလုံးကို ဖမ်းပြီး နတ်ဘုရားသခင်ထံ ယဇ်ပူဇော်လိုက်ရင်…”

ရွှယ့်နု၏ ပါးစပ်ထောင့်တွင် အကြင်နာကင်းမဲ့သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

" နတ်ဘုရားသခင်က ငါ့ကို ပြိုင်ဘက်ကင်းတဲ့ တန်ခိုးစွမ်းအားကို သေချာပေါက် ပေးသနားလိမ့်မယ်..."

" ဒဏ္ဍာရီလာ အမတသခင် ဆိုတောင်..."

"လာကြစမ်း!"

ရွှယ့်နု၏ အော်သံအပြီးတွင်၊ သူ၏ ရှေ့မှောက်တွင် အရိပ်မည်းတစ်စု ရောက်ရှိလာခဲ့သည်။

" ခေါင်းဆောင် အမိန့်ရှိပါ "

" မျိုးနွယ်ဝင်တွေ အားလုံးကို ချက်ခြင်းစုလိုက်"

ရွှယ့်နုက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

"ကျူးကျော်သူတွေကို သတ်ဖို့ ငါကိုယ်တိုင် ဦးဆောင်မယ် "

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်တွင် သက်ပြင်းရှိုက်သံများ ထွက်ပေါ်လာခဲ့သည်။

သူတို့ ရွှယ့်ရှိုးလော့ မျိုးနွယ်တစ်ခုလုံးကို လူစုစေပြီး ၊ မိမိတို့၏ ခေါင်းဆောင်ကိုယ်တိုင် ရှေ့ထွက်လာနိုင်အောင် မည်သူကများ ပြုလုပ်ခဲ့လေသနည်း။

"ခြင်္သေ့ ဆိုတဲ့အမျိုးက ယုန်တစ်ကောင်ကိုတောင် အားကုန်သုံးပြီး အမဲလိုက်တယ် "

"ဒီကောင်တွေမှာ သေချာပေါက် အစွမ်းထက်တဲ့ ဝှက်ဖဲတစ်ခု ရှိရမယ် "

"အခြားသူနဲ့ လက်လွှဲထားဖို့ ငါ စိတ်မချဘူး "

ရွှယ့်နု၏ မျက်လုံးတစ်စုံသည် အေးစက်တောက်ပနေသည်။

" အဲ့တော့ မင်းတို့ကို ချေမှုန်းဖို့ ငါ့အနေနဲ့ အပြင်းထန်ဆုံး နည်းလမ်းကို သုံးရမှာပဲ "

.........

တစ်ဖက်တွင် ၊

စူးချန်ကဲနှင့် သူ၏အဖွဲ့သည် ရွှယ့်ရှိုးလော့မျိုးနွယ်ဝင်များ၏ အလောင်းများကို ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။

" ကျုံယုံ(ငရဲကိုးထပ်)ရဲ့ နယ်ခံသတ္တဝါတွေက ဒီထူးဆန်းတဲ့ သွေးမြူမှုန်တွေကို နှစ်အတော်ကြာ ရှုသွင်းလာခဲ့ရင်းက ခုလို အလွန်အစွမ်းထက်တဲ့ ခန္ဓာကိုယ်မျိုးကို ရခဲ့တာပဲ"

စူးချန်ကဲသည် ပါးပါးလှီးထားသော အသားတစ်ပိုင်းကို ကောက်ယူလိုက်ကာ ဆိုလိုက်သည်။

"သူတို့ရဲ့ အသွေးအသားတွေက အရမ်းထူးဆန်းတယ်၊ တစ်စုံတစ်ယောက်က သူတို့ရဲ့ အသတ်ဓာတ်တွေကို စုပ်ယူသွားတဲ့ပုံပဲ "

" ချန်ကဲ ဆက်ခံသူ ဆိုလိုတာက ဒါဆို ကျွန်တော်တို့..."

စူးချန်ကဲသည် ထိုအသားစကို ဘေးသို့ လွှင့်ပစ်လိုက်ရင်း ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်၊ ဒီမှာ ဖြစ်ပျက်ခဲ့တာကို တခြား ရွှယ့်ရှိုးလော့ မျိုးနွယ်ဝင်တွေ သိသွားကြပြီ"

သူ့လက်ပေါ်က သွေးများကို သန့်စင်ပြီးနောက် အေးစက်သော အပြုံးဖြင့် ထပ်ဆိုလိုက်သည်။

"သိပ်မကြာခင်မှာပဲ သူတို့ ရောက်လာတော့မယ် "

"ဒီမကောင်းဆိုးဝါး မျိုးနွယ်စုကကောင်တွေ တကယ့်နေရာကောင်းကို ရွေးချယ်ထားတာပဲ "

"အရင်ကလည်း ဒီသားရဲကောင်တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရဖူးတယ်၊ အဲ့တုန်းကလည်း သူတို့လက်ချက်ပဲ "

စူးချန်ကဲသည် မကောင်းဆိုးဝါး မျိုးနွယ်စု၏ အကြံအစည်ကို ချက်ချင်း ခန့်မှန်းနိုင်ခဲ့သည်။

" အဌားလက်နဲ့ လူသတ်ဖို့ ငါတို့ကို ထောင်ချောက်ထဲ ဆွဲခေါ်ခဲ့တာပဲ "

"အခု ကျွန်မတို့က တဖက်လူရဲ့ ထောင်ချောက်ထဲကို ရောက်သွားပြီဆိုတော့ ရှေ့ဆက်ပြီး ဘာလုပ်ကြမလဲ"

ယွင်ရှင်းယန်က စိုးရိမ်တကြီး မေးလိုက်သည်။

ရွှယ့်ရှိုးလော့ မျိုးနွယ်စုသည် တကယ်ကို အစွမ်းထက်ပေသည်။ အကယ်၍ ၎င်းတို့နှင့် တိုက်ပွဲဆင်နွှဲပါက သူမတို့အနေဖြင့် ဆုံးရှုံးမှုများဖြင့် ကြုံရမည်မှာ မလွဲဧကန်ပင်။

ထို့နောက် မကောင်းဆိုးဝါး မျိုးနွယ်စုများနှင့် ထပ်ပြီး တိုက်ခိုက်ရဦိးမည်ဆိုပါက...

"စိတ်ပူစရာမလိုဘူး"

ထိုအချိန် စူးချန်ကဲက တောက်ပစွာ ပြုံးလိုက်ရင်း။

"သူတို့ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ ငါ တစ်ယောက်တည်းနဲ့တင် သူတို့ကို အနိုင်ယူနိုင်တယ်"

"မင်းတို့အားလုံး မှော်လက်နက် ‌လေဟာနယ်အခန်းထဲကို ဝင်နေပြီး ကိုယ့်ခွန်အားကို ထိန်းထားကြ "

ထိုစကားများကို ကြားလိုက်ရသူတိုင်း ထိတ်လန့်သွားကြသည်။

စူးချန်ကဲက ရွှယ့်ရှိုးလော့ မျိုးနွယ်တစ်စုလုံးကို သူ တစ်ယောက်တည်းနဲ့ စိန်ခေါ်ဖို့ ကြံနေတာလား!?

စူးချန်ကဲသည် အလွန်အစွမ်းထက်သော်လည်း သို့သော် ဤလှုပ်ရှားမှုသည် တကယ်ကို အမျှော်အမြင်မရှိရာ ရောက်ပေသည်။

သို့သော် ရှုပ်ထွေးနေကြသော အားလုံး၏ အမူအယာကို မြင်တော့ စူးချန်ကဲသည် ပြုံးပြုံးလေး တုံ့ပြန်လိုက်သည်။

"စိတ်မပူနဲ့ ငါက မင်းတို့ထင်ထားတာထက် ပိုသန်မာတယ်"

.......

အခြားနယ်မြေ ဧရိယာတစ်ခုတွင် ၊

"မင်းတို့က ဘယ်သူလဲ ငါက..."

သွေးအန်သံ!

ထိတ်လန့်တုန်လှုပ်နေသော အသံသည် ရုတ်တရက် ကွယ်ပျောက်သွားခဲ့သည်။

မော့ရန်ရှီးသည်‌ ရွှယ့်ရှိုးလော့ မျိုးနွယ်ဝင်တစ်ယောက်၏ ဦးခေါင်းကို သူမ၏ လက်ဝါးဖြင့် ရိုက်ချခဲ့လေရာ သွေးများ စီးကျလာခဲ့သည်။

လှပသော သူမ၏ မျက်နှာသည် ယခုအချိန်တွင် လွန်စွာ အေးစက်နေပြီး ကြောက်စရာကောင်းနေသည်။

"ဒီကောင်တွေကို အကုန် သတ်ပစ် ၊ တစ်ယောက်မှ အရှင်မထားနဲ့..."

သို့သော် မော့ရန်ရှီး၏ စကားမဆုံးမီတွင် ၊ သူမကို စိတ်အနှောင့်အယှက် ဖြစ်စေသော စကားသံ ထွက်ပေါ်လာခဲ့သည်။

" မင်ဖုန်း တော်ဝင်မင်းသမီးရဲ့ ပစ်မှတ်က မှားနေသ‌လားလို့ ?"

ထိုစကားပိုင်ရှင်မှာ သူ့လက်နှစ်ဖက်ကို ပိုက်လျက်သား ကျောက်တုံးကြီးပေါ်တွင် မှီနေသော အမျိုးသား တစ်ဦးပင် ဖြစ်သည်။ သူ့တစ်ကိုယ်လုံးကို ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးနက်များက ဝန်းရံထားသည်။

သူသည် တပ်မက်ခြောက်ပါး ဗိမ္မာန်၏ ထိပ်တန်း ပါရမီရှင် တိ့ရှစ်ချန်း ဖြစ်သည်။

တပ်မက်ခြောက်ပါးဗိမ္မာန်သည် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ လျှို့ဝှက်ကျားစေ့ တပ်ဖွဲ့တစ်ခု ဖြစ်သည်။

တိ့ရှစ်ချန်းက အေးစက်စွာ ပြောလိုက်သည် ။ "အထက်လူကြီးက ငါတို့ပေးခဲ့တဲ့ တာဝန်က ကွေးယွမ် သူတော်စင် နယ်မြေကို နှိမ်နင်းဖို့ မကောင်းဆိုးဝါး မျိုးနွယ်ဝင်တွေနဲ့ ပူးပေါင်းဖို့ပဲ"

"အခု ရွှယ့်ရှိုးလော့ နဲ့ ပဋိပက္ခဖြစ်နေတာ မင်ဖုန်း တော်ဝင်မင်းသမီးရဲ့ လုပ်ရပ်က နည်းနည်းတော့ အဆင်မပြေဖြစ်မှာကို စိုးရတယ် "

" ရွှယ့်ရှိုးလော့က ငါ့ မင်ဖုန်း ဧကရာဇ်ဘုရင်မျိုးနွယ်စုရဲ့ ပါရမီရှင်ကို သတ်ခဲ့တယ် ၊ အဲ့အတွက် အဖိုးအခကို ပြန်ဆပ်ရမယ် "

မော့ရန်ရှီးသည် အေးစက်သော လေသံဖြင့် မာမာတင်းတင်း ပြန်ဖြေလိုက်သည်။

" ပြီးတော့ ငါ ဘာလုပ်သင့်တယ်ဆိုတာကို နင် လာပြီး သင်ပေးစရာမလိုဘူး!"

"မင်း....!"

သူမ၏ စကားသံကြောင့် တိ့ရှစ်ချန်း၏ အမူအရာမှာ ပြောင်းလဲသွားသော်လည်း သူသည် ချက်ချင်းလက်ငင်း စိတ်ထိန်းကာ တည်ငြိမ်စွာဖြင့် ‌ပြန်ပြောလိုက်သည်။

" ကောင်းလိုက်တဲ့ မင်ဖုန်းတော်ဝင်မင်းသမီး ၊ အစီအစဥ် တစ်ခုခု ပြောင်းလဲသွားခဲ့ရင် မင်း လူကြီးမင်းကို ဘယ်လိုရှင်းပြမလဲဆိုတာ ငါ စောင့်ကြည့်နေမယ် !"

မော့ရန်ရှီးသည် အပိုစကားတွေ ထပ်မပြောတော့ချေ။

သူမ၏ အကြံအစည်ကို ဟန့်တားနေသော ဤသကောင့်သား တိ့ရှစ်ချန်း၏ သေပုံသေနည်းကို သူမ စိတ်ထဲ တွေးထားပြီးပြီပင် ဖြစ်သည်။

" ငါ့အစ်ကို့ကို ခြိမ်းခြောက်တဲ့သူမှန်သမျှ...

မော့ရန်ရှီး၏ မျက်ဝန်းအစုံတွင် အေးစက်စက်နိုင်သော အလင်းရောင်များ ဝင်းလက်သွားသည်။

"အားလုံး သေရမယ်!"

........

အခြားတစ်ဖက်တွင် ၊

လေဟာပြင်ထဲတွင် လှိုင်းဂယက်များ ရိုက်ခတ်လှုပ်ရှားသွားခဲ့သည်။

ရွယ့်နုသည် ထောင်ပေါင်းများစွာသော ရွှယ့်ရှိုးလော့ မျိုးနွယ်ဝင်များကို ဦိးဆောင်ကာ စူးချန်ကဲရှိရာ နေရာဆီသို့ ရောက်ရှိလာခဲ့သည် ။

၎င်းတို့ထံမှ ဖြာထွက်နေသော ရောင်ဝါများသည် မုန်တိုင်းတစ်ခုသဖွယ် ပြင်းထန်ပြီး ၊ သွေးချီစွမ်းအင်များသည် ‌ဆူနာမီလှိုင်းကဲ့သို့ နေရာအနှံ့ ရိုက်ခတ်သွားသည်။

“ အွန်?”

ခေါင်းဆောင် ရွှယ့်နုသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။

သူ့လက်ကို မြှောက်ကာ အားလုံးကို ရပ်တန့်ရန် အချက်ပြလိုက်သည်။

သူ့မျက်လုံးများက တစ်နေရာကို လှမ်းကြည့်နေသည်။

ဝတ်ရုံဖြူ လူငယ်တစ်ယောက်သည် သွေးမြူမှုန်ကြားထဲ သူ့ကို ကျောပေးကာ ရပ်နေသည်။

" ဒါ ဘယ်လိုဖြစ်တာလဲ?"

ရွှယ့်နုတစ်‌ယောက် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။

"ဘာလို့ ဒီကောင်ပဲရှိနေတာလဲ"

"အခြားသူတွေကရော?"

ရွှယ့်နုသည် တစ်ယောက်တည်း ရေရွတ်လိုက်သည်။

"ရှာမနေနဲ့"

စူးချန်ကဲသည် အပြုံးမပျက် သူ့ဘက် လှည့်ကြည့်လာခဲ့သည်။

"မင်းတို့ကို ရင်ဆိုင်ဖို့ "

"ငါနဲ့တင် လုံလောက်တယ် "

အပိုင်း(၃၂၃): အားနည်းလွန်းတယ်၊ နောက်တစ်သုတ် ထပ်လာခဲ့

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လို့နေသည်။

စူးချန်ကဲ၏ အသံသည် နေရာအနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။

ထောင်ပေါင်းများစွာသော ရွှယ့်ရှိုးလော့မျိုးနွယ်ဝင်များသည် မိမိတို့ နားကြားမှားလေသလား ဟု အောက်မေ့မိကာ နေရာမှာတင် ကြောင်အမ်းနေကြသည်။

သူတို့သည် မျိုးနွယ်ဝင်များကို စုစည်းကာ ချီတတ်လာခဲ့ရုံသာမက မိမိတို့၏ ခေါင်းဆောင်ကိုယ်တိုင် ဦိးစီးဆောင်ရွက်ခဲ့သည်။

ထို့အပြင် မိမိတို့၏ ခေါင်းဆောင်ဖြစ်သူ ရွှယ့်နုသည် ဧကရာဇ်မင်းမြတ်နှင့် ယှဉ်ပြိုင်နိုင်သည့်အထိ အင်အားကြီးမားသူ ဖြစ်သည်။ မိမိတို့၏ အင်အားကို ပေါင်းထည့်လိုက်မည်ဆိုပါက ၊ ဤကျုံယုံ(ငရဲကိုးထပ်)ကိုပင် အလွယ်တကူ ဖျက်စီးပစ်နိုင်သည်။

အခု သူတို့က သေးနုတ်တဲ့ လူသားတစ်ယောက်ရဲ့ ရန်စတာကို ခံနေရသတဲ့လား?

ရွှယ့်ရှိုးလော့မျိုးနွယ်ဝင်တိုင်း ဒေါသတကြီး တုံ့ပြန်လာခဲ့ကြသည်။

" အတင့်ရဲလိုက်တာ ! လူသားတစ်ယောက်ကများ မောက်မာလွန်းတယ်! ငါကိုယ်တိုင် မင်းကို အမှုန့်ချေပြမယ်!"

" ဖယ်ကြစမ်း! ငါကပဲ ဒီကောင်ကို အပိုင်းပိုင်း ခုတ်သတ်ပြမယ်!

"ငါ့လမ်းကနေ ဖယ်ကြစမ်း ! ငါကိုယ်တိုင် ဒီလူသားကို အရိုးတခြား အရေတခြား ဆွဲဖြဲပစ်မယ်!"

“......”

ရွှယ့်ရှိုးလော့ အုပ်စုကြီးသည် ဒေါသတကြီး ပေါက်ကွဲနေကြသည့် တစ်ချိန်တည်းမှာပင် ၎င်းတို့၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ထွက်ပေါ်လာသည်။

လူသတ်လိုစိတ်နှင့်အတူ ပြင်းထန်သော ဖိနှိပ်စွမ်းအားများသည် စူးချန်ကဲဆီသို့ ကျရောက်လာခဲ့သည်။

ရွှယ့်နု၏ မျက်လုံးများသည် အရာအားလုံးကို ဖောက်ထွင်းမြင်နေရသည့်အတိုင်း စူးချန်ကဲကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

ရုတ်တရက် ၎င်း၏ နှုတ်ခမ်းသားတို့မှာ ကွေးညွှတ်သွားသည်။

အထူးသဖြင့် သူ၏ မျက်လုံးထဲ၌ မထီမဲ့မြင်ပြုမှုများ ရှိနေသည်။

" ကောင်းလိုက်တဲ့ လူသား ၊ မဖြစ်စလောက် ဝှက်ဖဲတွေကို အားကိုးပြီး ငါ့ကို ယှဉ်ပြိုင်နိုင်မယ်လို့ ထင်နေတာလား?"

ထို့နောက် ရွှယ့်နုသည် သူ့လက်နှစ်ဖက်လုံးကို ဆန့်တန်းလိုက်သည်။

"ငါ့ရဲ့အင်အားက မင်းထက် အဆမတန်ကြီးမားတယ် ဆိုတာ ထည့်မပြောခင် ထောင်နဲ့ချီ ရှိတဲ့ ငါ့လူတွေ အကုန်ဒီကိုရောက်နေပြီ "

"ငါ ဘာမှ မလုပ်ရင်တောင် သူတို့က မင်းကို အမှုန့်ချေပစ်လိမ့်မယ် !"

ရွှယ့်နု၏ လေသံထဲတွင် အဆုံးမဲ့ လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေသည်။

"မင်းမှာ ဝှက်ဖဲ အကြီးကြီး ရှိနေရင်တောင် ၊ မင်း နိုင်မှာတဲ့လား!?"

သူသည် စူးချန်ကဲ၏ စကားများကို ပြန်လည် တုပရန် ကြိုးစားနေသည်မှာ သိသာထင်ရှားပေသည်။

သူသည် စူးချန်ကဲကို မြန်မြန် စားသုံးရန် ၊ တဖက်လူမှ ၎င်း၏ ဝှက်ဖဲများကို အကုန်ထုတ်သုံးစေချင်ခဲ့သည်။

ထို့နောက်မှသာလျှင် ၊ သူသည် ပါဝင်အရေးယူမည် ဖြစ်သည်။ဤှလှုပ်ရှားသည် လုံးဝ အန္တရာယ်မရှိသော အကွက် ဟု ဆိုရမည်။

သူတို့အားလုံးသည် နှစ်ရာနှင့်ချီ နေထိုင်လာခဲ့သူများ ဖြစ်သည်နှင့်အလျောက် ၊ ကောင်းကင်ဘုံကိုတောင် အံတုနိုင်သော ဝှက်ဖဲများနှင့် စူးချန်ကဲ ကဲ့သို့သော အင်အားကြီးမားသော လူပေါင်းများစွာကို တွေ့ဖူးသည်။

သူ့အနေဖြင့် အဘယ့်ကြောင့် သတိလက်လွတ်ပြုမှုနိုင်မည်နည်း။

သို့သော် စူးချန်ကဲသည် တစ်ဖက်လူ၏ စကားများထဲမှ သဲလွန်စအချို့ကို ကြားလိုက်ရသည်။

" တကယ်လား? မင်းနောက်က ငါးတသိုက်ကလား?"

စူးချန်ကဲသည် ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်သည်။

"ငါ့ရဲ့ဝှက်ဖဲကို ဘာလို့ သုံးနေစရာလိုမှာတုန်း?"

ဤလောကကို လက်တစ်ဖက်တည်းဖြင့် နှိမ်နင်းနိုင်သကဲ့သို့ အကြွင်းမဲ့ ယုံကြည်မှုများ အပြည့်ရှိသော လေသံဖြင့် ဆိုလိုက်သည်။

အခြားသူများ၏ အမြင်တွင်၊ ဤအခြေအနေသည် အလွန် အန္တရာယ်များပေသည်။သူသည် ရွှယ့်ရှိုးလော့ ခေါင်းဆောင်နှင့် စိတ်ပိုင်းဆိုင်ရာ တိုက်စစ်ဆင်နေရုံသာမက ၊

ထောင်ပေါင်းများစွာသော ရွှယ့်ရှိုးလော့များကို မရှုံးစေရဘူး ဆိုသည့် သတ္တိမျိုး အပြည့်ရှိသည်။

သို့သော် စူးချန်ကဲဘက်က ကြည့်ရင် ၊ဤအရာအားလုံးသည် သူ့အတွက် အချိန်ဖြုန်းရာတောင် ရောက်ပေသည်။

ရွှယ့်နု၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သို့သော်လည်း သူ့ကိုယ်တိုင် ထွက်မလာသေးဘဲ မိမိ၏ လက်အောက်ငယ်သားများဖြင့် အရင်စမ်းသပ်ကြည့်ရန် ကြံစည်ခဲ့သည်။

" ထျန်းရှင်း ၊ မင်း လူငါးရာကို ဦိးဆောင်ပြီး ဒီကောင်ကို နှိပ်ကွပ်လိုက်စမ်း "

အမိန့်သံ ထွက်လာသည်နှင့်တပြိုင်နက်၊ ရွှယ့်ရှိုးလော့ လူအုပ်ကြီးထဲတွင် ဆွေးနွေးမှု လှိုင်းဂယက်များ တစ်ဖန် ထလာခဲ့သည်။

"ငါ နားကြားမှားတာ မဟုတ်ဘူးမလား? ခေါင်းဆောင်က ထျန်းရှင်းကို ထွက်ပြီး အရေးယူခိုင်းတယ်ပေါ့? ဒါတင်မကဘူး မျိုးနွယ်ဝင် အယောက်ငါးရာတောင်?"

"ဟုတ်ပါ့ ! လူသားတစ်ယောက်ကများ ဒီလောက်ထိ လုပ်ဖို့ တန်လို့လား?"

ထျန်းရှင်း ဟုခေါ်သော ရွှယ့်ရှိုးလော့သားက ရှေ့ထွက်လာခဲ့ပြီး နားမလည်နိုင်စွာဖြင့် ဆိုလိုက်သည်။

" ခေါင်းဆောင် ဒါက ...အရမ်းကို..."

"ပါးစပ်ပိတ်ထားစမ်း!"

ရွှယ့်နုက အော်ငေါက်လိုက်သည်။

" ငါ သွားဆို သွားပေါ့! မင်းက ငါ့အမိန့်ကို မနာခံချင်တာလား!?"

ဒေါသသံ ထွက်လာသည်နှင့် တပြိုင်နက် ၊ ရွှယ့်ရှိုးလော့ မျိုးနွယ်စုတစ်ခုလုံး တိတ်ဆိတ်သွားသည်။

သူတို့၏ ခေါင်းဆောင်သည် လေးလေးနက်နက် လုပ်ဆောင်နေခဲ့သည်ကို သိလိုက်ရသည်။

“ဟုတ်.....”

ထျန်းရှင်းဆိုသူသည် ဘာမှ မပြောဝံ့ဘဲ ရွှယ့်ရှိုးလော့ မျိုးနွယ်ဝင်ငါးရာနှင့်အတူ ရှေ့ထွက်လာခဲ့သည်။

ထျန်းရှင်း၏ မျက်လုံးများသည် ရန်လိုမှုများ အပြည့်ရှိသည်။

သူ့မျက်လုံးထဲတွင် မောက်မာသော လူသားတစ်ယောက်အတွက်နဲ့ သူသည် ခေါင်း‌ဆောင်ဖြစ်သူ၏ ကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်။

" လူသားမျိုးနွယ်! ငါ မင်းကို အစိတ်စိတ်အမြွှာမြွှာ လုပ်ပစ်မယ်!"

သူ့စိတ်ထဲတွင် ဒေါသတကြီး ကျိန်‌ဆဲလိုက်သည်နှင့် စူးချန်ကဲကို သတ်လိုသော သူ၏ စိတ်ဆန္ဒတို့သည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

" သတိမလွတ်စေနဲ့ ၊ တိုက်ပွဲပုံစံ ဖွဲ့ပြီး အစွမ်းကုန် တိုက်ကြ!"

ဒေါသတကြီးဖြင့် တဖက်လူအပေါ် အထင်အမြင်သေးစွာ ကြည့်နေသော ထျန်းရှင်း၏ ပုံစံကြောင့် ရွှယ့်လုသည် သူ့ကို ကြိမ်းမောင်းခဲ့သည်။

သူ့ခံယူချက်အရ စူးချန်ကဲသည် သာမန်လူမဟုတ်သည်မှာ သေချာသည်။

ထို့ကြောင့် စူးချန်ကဲတွင် ဝှက်ဖဲ မရှိသည်မှာ သေချာသည်နှင့် သူသည် အပြင်းထန်‌ဆုံး ထိုးနှက်ကာ ရိုက်သတ်ပေတော့မည်။

ခုခံဖို့ကိုပင် အခွင့်အရေးမပေးဘဲ အပြတ်ရှင်းပစ်ပေမည်။

ဤအချိန်တွင် ၊

ထျန်းရှင်း၏ ဦးဆောင်မှုအောက်တွင် ရွှယ့်ရှိုးလော့ မျိုးနွယ်ဝင် အယောက်ငါးရာသည် စူးချန်ကဲအား ဝန်းရံထားသည်။

စူးချန်ကဲကို အပိုင်းပိုင်း ပိုင်းဖြတ်သတ်ချင်နေကြသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

သို့သော် စူးချန်ကဲသည် လုံးဝဂရုမစိုက် ။ သူသည် တည်ငြိမ်သောမျက်နှာထားဖြင့် လက်ကိုနောက်ပစ်လျက် မတ်တပ်ရပ်နေဆဲပင် ဖြစ်သည်။

" မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို အရင်ပြစမ်းပါ‌ဦး "

ဤစကားများသည် ရွှယ့်ရှိုးလော့ မျိုးနွယ်ဝင်များ၏ နဖူးပေါ်ရှိ သွေးပြန်ကြောများ ထောင်တတ်လာစေသည့်အထိ ဖြစ်လာစေသည်။

"ဘယ်လောက်တောင် မောက်မာတဲ့ လူသားမျိုးနွယ်လဲ!!"

" ရှိုးလော့ တိုက်ပွဲ ဖွဲ့!"

ထျန်းရှင်း၏ အမိန့်သံနှင့်အတူ ၊

ရွှယ့်ရှိုးလော့အယောက်ငါးရာသည် မိမိတို့၏ သွေးချီစွမ်းအားများကို အသက်သွင်းလိုက်သည်။

သွေးချီစွမ်းအားသည် တစ်ခုနှင့်တစ်ခု ရောယှက်လျက်၊ တသိမ့်သိမ့် ရိုက်ခတ်နေသော သွေးချီစွမ်းအားများကြား ၎င်းတို့၏ ရောင်ဝါများသည် အချင်းချင်း ရောယှက်ကာ တဟုန်းဟုန်း တောက်လောက်နေသည်။

ဘုန်း !

သွေးချီစွမ်းအင်များ တဟုန်ထိုး တတ်လာသည်နှင့်အမျှ ၊ ရွှယ့်ရှိုးလော့အယောက်ငါးရာ၏ သွေးချီစွမ်းအင်များသည် ကြီးမားသော အရိပ်တစ်ခုကို ဖွဲ့စည်းတည်ဆောက်ခဲ့သည်။

၎င်းသည် ခေါင်းသုံးလုံး ၊ လက်ခြောက်ချောင်းနှင့် အစွယ်များပါရှိသော မျက်နှာနီ ဘီလူးတစ်ကောင်ပင် ဖြစ်သည်။

ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော သွေးချီစွမ်းအားများကို အနည်းငယ် ထုတ်လွှတ်လိုက်ရုံဖြင့် ဟင်းလင်းပြင် ကွက်လပ်အတွင်း တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းသော လှိုင်းဂယက်များ ရိုက်ခတ်သွားစေသည်။

တစ်ချိန်တည်းမှာပင် ၊ထျန်းရှင်းသည် သူ၏ ညာလက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးနှက်လာခဲ့သည်။

" ရှိုးလော့ ကောင်းကင်တိုက်ပွဲလက်သီး!"

တစ်ချိန်တည်းမှာပင် ဝေဟင်ပေါ်တွင် ဖွဲ့စည်းတည်ဆောက်ထားသော ကြီးမားသော ရုပ်သွင်ကြီးသည် သူ၏ လက်ခြောက်ချောင်းကို ဝှေ့ယမ်းလိုက်သည် ။

ကြီးမားသော လက်သီးခြောက်လုံးသည် အဖျက်စွမ်းအားများပါသော ဥက္ခာခဲခြောက်လုံးကဲ့သို့ စူးချန်ကဲ ဆီသို့ ကျရောက်သွားသည်။

ဝုန်း!

တစ်ချိန်တည်းမှာပင် ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် လေဟာပြင်ကို ဖြိုခွင်းလျက် ကြောက်မက်ဖွယ် လှိုင်းဂယက်များ ဖြစ်ပေါ်သွားစေသည် ။

ပြင်းထန်သော ပေါက်ကွဲသံသည် ပေပေါင်းများစွာ အကွာအဝေးထိ ကျယ်လောက်စွာ ပဲ့တင်ထပ်သွားသည်။

စူးချန်ကဲ ရှိရာ ဧရိယာတစ်ဝိုက်တွင် ဤအင်အား၏ ညှစ်အားကြောင့် လေထု အလွှာများ တစ်ခုပြီးတစ်ခု ပြိုကျလာခဲ့သည်။

"လက်သီးချင်း ယှဉ်ချင်တာလား"

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်သည်။ သူ၏ အဖြူရောင် ၀တ်ရုံသည် လေတိုက်ခြင်းမရှိ သူ့အလိုလို ပျံ့လွှင့်နေပြီး ကြီးကျယ်ခမ်းနားသော‌ ရောင်ဝါများသည် သူ့ခန္ဓာကိုယ်ထဲမှ ဆက်တိုက် ဖြာထွက်လာသည်။

"ဘာကြောက်စရာရှိလို့လဲ?"

တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲ၏ လက်ထဲမှ အလွန် တောက်ပသော ရွှေရောင် မှော်သင်္ကေတများ ထွက်ပေါ်လာသည်။

သူတော်စင် ခန္ဓာကိုယ်၏ ကောင်းချီးစွမ်းအားနှင့်အတူ ၊ သူသည် ယင်းဧရာမရုပ်သွင်ကို တိုက်ရိုက် ထိုးနှက်လိုက်သည်။

သူ၏ လက်သီးသည် ထိုဧရာမ ရုပ်သွင်ကြီး၏ ရှေ့မှောက်တွင် အလွန်​သေးငယ်​​နေပုံရသည်​။

သို့ပေမဲ့ ပြင်းထန်သော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

စူးချန်ကဲသာလျှင် ဤကမ္ဘာပေါ်ရှိ စစ်မှန်သော နတ်ဘုရားတစ်ပါးကဲ့သို့ ၊ သူ ဆုပ်ကိုင်ထားသော စွမ်းအားသည် အရာအားလုံးကို ပြာအဖြစ်သို့ အလွယ်တကူ ပြောင်းလဲပေးနိုင်စွမ်း ရှိပုံရသည်။

ဝုန်း ဝုန်း!

နောက်အခိုက်တွင် ၊

ဧရာမ ရုပ်သွင်ကြီး၏ လက်သီးခြောက်လုံးနှင့် စူးချန်ကဲ၏ လက်သီးတို့ ပြင်းထန်စွာ တိုက်မိသွားသည်။

ဒုန်း!!!

ကြီးမားသော ပေါက်ကွဲမှုသည် မြေပြင်တစ်ခုလုံး ချက်ချင်းလက်ငင်း တုန်ခါသွားစေသည်။

ရွှယ့်ရှိုးလော့ မျိုးနွယ်စုဝင်များအားလုံးသည် မျက်လုံးပြူး မျက်စံပြူးဖြင့် သူတို့ရှေ့က မြင်ကွင်းကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေကြသည်။

စူးချန်ကဲ၏ လက်သီးသည် တောက်ပသော နေမင်းကြီးနှင့်တူပြီး ၊ သူတို့ ယုံကြည်ရသော ရှိုးလော့ ဧရာမ ရုပ်သွင်ကြီးကိုပင် တိုက်ရိုက်ဖြိုခွင်းပစ်ခဲ့သည်။

သွေးချီစွမ်းအင်များသည် ဖြိုခွဲခံလိုက်ရပြီး လေနှင့် သဲပွင့်များသဖွယ် ပျံ့လွင့်သွားလေသည်။

စူးချန်ကဲကို တိုက်ခိုက်ရန် မိမိတို့၏ ခွန်အားများကို စုဆောင်းခဲ့ကြသော ရွှယ့်ရှိုးလော့မျိုးနွယ်ဝင်တို့သည် ပြင်းထန်သော တုံ့ပြန်မှုကို ခံစားလိုက်ရသကဲ့သို့ ပါးစပ်ထဲမှ သွေးများ စီးကျလာခဲ့သည် ။

ဝုန်း ဝုန်း!!

ထို့နောက် ချက်ချင်းလက်ငင်း ၊ ယင်းအင်အားသည် သူတို့ လူအုပ်ကြီးကို တကွဲတပြား ဖြစ်စေခဲ့ပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ့ လဲကျသွားစေသည်။

ဤဖြစ်ပျက်သမျှ ပြီးဆုံးသွားသည့်အထိ ၊

စူးချန်ကဲသည် နေရာတွင် ရပ်နေဆဲပင် ဖြစ်သည်။

လေပြေလေညင်းများက သူ၏ ဆံနွယ်များကို ဖြည်းညှင်းစွာ တိုက်ခတ်သွား‌တတ်သော်လည်း သူ၏ မျက်နှာထားသည် အရင်လို တည်ငြိမ်နေဆဲပင်။

"အရမ်းအားနည်းလွန်းတယ်"

သူ၏ နှုတ်ခမ်းသားတို့မှာ ကွေးညွှတ်သွားပြီး အပြုံးမပျက် ထပ်ဆိုလိုက်သည်။

"ကဲ နောက်တစ်သုတ် ထပ်လာခဲ့"

အပိုင်း(၃၂၄): ဆီးနှင်းခဲဓားဖြင့် အရာအားလုံးကို သုတ်သင်ပစ်ခဲ့သည်

အာကာသပြင် တစ်ခုလုံး အေးခဲသွားသလိုမျိုး အပ်ပြုတ်ကျသံကိုပင် ကြားနိုင်သည်။

သူတို့၏ မော်ကြွားခြင်းတို့သည် စူးချန်ကဲ၏ လက်သီးတစ်ချက်တည်းဖြင့် လုံးလုံးလျားလျား ကြေမွသွားခဲ့လေပြီ။

ရွှယ့်ရှိုးလော့တို့၏ အမြင်တွင်၊ လူသားမျိုးနွယ်သည် အပျော့ညံ့ဆုံး မျိုးနွယ်ဖြစ်သည်။

ဒါပေမဲ့ လူသားတစ်ယောက်က သူတို့ လူအယောက်ငါးရာကို တစ်ချက်တည်းနဲ့ ဘယ်လိုလုပ်ပြီးတောင် ထိုးနှက်နိုင်ခဲ့တာလဲ?

"ဒီကလေး..."

ရွှယ့်နု၏ မျက်နှာမှာလည်း မှုန်ကုတ်သွားသည်။

မူလက သူသည် စူးချန်ကဲမှ သူ့ဝှက်ဖဲကို ထုတ်လာမည့်အချိန်ထိ စောင့်ကြည့်ရန် ကြံရွယ်ခဲ့သည်။

သို့သော် တစ်ဖက်လူသည် ဤမျှ ရိုးရှင်းသော လက်သီးတစ်ချက်တည်းဖြင့် ယခုလို ဖြေရှင်းပြသခဲ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ယင်းက စူးချန်ကဲတွင် ပို၍ ကြောက်စရာကောင်းသော ဝှက်ဖဲတစ်ခု ရှိရမည် ဆိုသည့် သူ၏ ထင်မြင်ချက်ကို ပို၍ သေချာသွားစေသည်။

“ ဆက် တိုက်ကြ.....”

ရွှယ့်နုသည် သူ့ဒေါသကို ထိန်းကာ အေးစက်စွာ အမိန့်ပေးလိုက်သည်။

"ချန်းယွဲ့၊ မျိုးနွယ်ဝင် တစ်ထောင်နဲ့အတူ ဒီကောင်ကို နှိမ်နင်းစမ်း!"

"စိတ်မပူနဲ့ ဒီတစ်ခါတော့ ငါကိုယ်တိုင် ကူညီမယ် "

စောနက အဖြစ်အပျက်သည် ရုတ်ချည်းဆန်လွန်းသည်။ သူ့ အနေဖြင့် ကြိုတင်ပြင်ဆင်ခွင့် မရခဲ့ပေ။

မိမိ၏ မျိုးနွယ်စုများ သေဆုံးသွားသည့် မြင်ကွင်းကို ဒီတိုင်း ရပ်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။ယခုတစ်ကြိမ်တွင် စူးချန်ကဲသည် ပုံမှန်မဟုတ်သည်ကို သတိပြုမိသောကြောင့် သူ ကိုယ်တိုင် အရေးယူပေတော့မည် ။

စူးချန်ကဲသည် ဤအခြေအနေတွင် သူ၏ ဝှက်ဖဲကို ထုတ်သုံးလိမ့်မည်ဟု သူ ယုံကြည်သည်။

ရွှယ့်နု၏ အတွေးကို မြင်နေပုံရသော စူးချန်ကဲက ပြုံးလိုက်သည်။

"မင်းနောက်က အမှိုက်တွေအကုန်လုံး လာတောင် အဆုံးသတ်က အတူတူပဲ"

" အဲ့အစား မင်းကိုယ်တိုင် ဘာလို့မလာတာလဲ?"

ရွှယ့်ရှိုးလော့ တော်တော်များများ နေရာမှာတင် တစ်ဖန် အေးခဲသွားပြန်သည်။ တစ်ခေါင်းလုံး အလွတ်ဖြစ်နေပြီး ၊ မိမိတို့၏ ထိတ်လန့်မှုကို မည်သည့်စကားလုံးဖြင့် ဖော်ပြရမည်ကိုပင် မသိ။

သို့သော် ၎င်းတို့သည် ဒေါသတကြီး တုံ့ပြန်လာကြသည်။

"မောက်မာလွန်းတယ်!!"

" လူသားတစ်ယောက်ကများ! ငါ ဒီကောင်ရဲ့ ဦးခေါင်းခွံကို ဆီးအိုးအဖြစ် သုံးပြမယ်!"

ရွှယ့်ရှိုးလော့မျိုးနွယ်ဝင်များသည် စူးချန်ကဲအား ဒေါသတကြီး စိုက်ကြည့်နေသည်။

ဤတစ်ကြိမ်တွင်မူ ၊ ရွှယ့်နု၏ ဒေါသများမှာ လုံးလုံးလျားလျား ပေါက်ကွဲလာခဲ့သည်။

သူသည် ရွှယ့်ရှိုးလော့ မျိုးနွယ်စု၏ ခေါင်းဆောင် တစ်ဦးဖြစ်သည်။ သို့သော် ဤ လူသားအငယ်တန်း တစ်ယောက်က သူ့ကို ထပ်ခါထပ်ခါ ရန်စခဲ့သည်။

မုန်းစရာကောင်းလွန်းတယ်!

"ကောင်းတယ်၊ သိပ်ကောင်းတယ်"

ရွှယ့်နုတစ်ယောက် တီးတိုးရေရွတ်လိုက်သည်။

အကြင်နာကင်းမဲ့သော လူသတ်လိုသည့် စိတ်ဆန္ဒများသည် ဖုံးကွယ်၍မရအောင် မြင်နေရပြီး ၊ ယင်းက ဆူညံနေသော လူအုပ်ကြီးကို ချက်ချင်း အေးခဲသွားစေခဲ့သည်။

ရွှယ့်ရှိုးလော့မျိုးနွယ်ဝင်များသည် ရွှယ့်နုကို လှမ်းကြည့်လိုက်ကြသည်။

ရွှယ့်နုသည် လူအုပ်ကြားမှ ရှေ့ထွက်လာခဲ့သည်။

စူးချန်ကဲထံသို့ ဦိးတည်လာနေသည့် တစ်လျှောက်လုံး သူ့ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်မျဉ်းများသည် တဖြည်းဖြည်း တောက်ပလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ၊ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားသည် ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး လူများကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။

"မင်းက ငါ့ကို အဲ့လောက်ထိ တောင်းဆိုနေမှတော့ ၊ ဒါဆိုငါလည်း မင်းရဲ့ တောင်းဆိုချက်ကိုဖြည့်ဆည်းပေးရမှာပေါ့"

စကားသံအဆုံးတွင် ၊ အလွန်ပြင်းထန်သောရောင်ဝါများသည် ရွှယ့်နု မှတဆင့် နေရာအနှံ့ ဖြန့်ကျတ်သွားသည်။

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ရွှယ့်နု၏ နောက်တွင် ရှိနေသော ရွှယ့်ရှိုးလော့တို့၏ သွေးချီစွမ်းအားများသည် တခဲနက် တောက်လောင်လာကြသည်။

နောက်ဆုံးတွင်၊ ၎င်းသည် ရွှယ့်နု၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။

စူးချန်ကဲသည် လက်ကို နောက်ပစ်လျက် ဤမြင်ကွင်းကို အေးအေးလူလူ ကြည့်နေသည်။ဤမျှ အားကောင်းသော ရန်သူကို ရင်ဆိုင်ရတောင် သူသည် တည်ငြိမ်နေဆဲပင် ဖြစ်သည်။

" အဲ့ဒီ ငါးသားပေါက်တွေရဲ့ အစွမ်းကို မင်းဆီ ပေါင်းထည့်ရင်တောင် ဘာဖြစ်တုန်း"

စူးချန်ကဲက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး။

" တည့်တိုးပြောတတ်တာ ခွင့်လွှတ်နော် ၊ ကျုပ်က ဘယ်သူ့ကိုမှ ရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး"

" ဒါပေမဲ့ မင်းတို့ ရွှယ့်ရှိုးလော့တွေက ကျုပ် မျက်လုံးထဲမှာတော့"

" အမှိုက်သာသာပဲ "

ကမ္ဘာကြီးသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး အာကာသတစ်ခုလုံး အေးခဲသွားသည်။

ရွှယ့်နု နှင့် ရွှယ့်ရှိုးလော့များအားလုံး ဤစကားကြောင့် အံ့ဩလွန်းသဖြင့် ဆွံ့အသွားသည်။

"မင်း သေချင်နေတာလား?"

"ဒီနေ့ မင်းမှာ ဝှက်ဖဲ အကြီးစားရှိရင်တောင် မင်းကို ငါသတ်မယ်!"

ရွှယ့်နု၏ ခန္ဓာကိုယ်ပေါ်ရှိ မျဉ်းကြောင်းများ အစွမ်းကုန် တောက်ပလာခဲ့ပြီး ၊ သူ၏ ရောင်ဝါသည် အဆင့်(၇) ဧကရာဇ်မင်းအဆင့်ထိ ရောက်ရှိသွားခဲ့သည်။

ယခုအချိန်တွင် သူသည် အဆုံးစွန်သော ဒေါသများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်ရာ ၊ စူးချန်ကဲ၏ လက်ထဲတွင် မည်သည့်ဝှက်ဖဲ ဆုပ်ကိုင်ထားသည်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။

စူးချန်ကဲကို သေစေချင်သည်။ ဒါဟာ သူ လိုချင်သော အချက်သာပင်။

သူ့လက်ဖဝါးတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို စုစည်းနေပြီး ၊ သွေးချီစွမ်းအင်များက တဟုန်ထိုး တတ်လာခဲ့သည်။

နောက်ဆုံးတွင် ရွှယ့်နုသည် စူးချန်ကဲကို ခွန်အားအပြည့်ဖြင့် ထိုးနှက်ခဲ့သည်။

အဆင့်(၇) ဧကရာဇ်မင်းတစ်ပါးတွင် ရှိသော စွမ်းအားများနည်းတူ ဤကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော စွမ်းအားများဖြင့် ဧရာမ လက်ဝါးရိပ်ကြီးသည် ဤသွေးကမ္ဘာထဲသို့ ဆင်းသက်လာခဲ့သည်။

ဤအခိုက်အတန့်တွင်၊ ကျုံယုံ(ငရဲကိုးထပ်)တွင် ရှိနေခဲ့ကြသော လူများစွာ အံ့သြသွားကြသည်။

"ဟမ်... ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေ ရှိနေတာလဲ!"

" ဧကရာဇ်မင်းတစ်ပါးက ကျုံယုံ(ငရဲကိုးထပ်)ထဲ ဝင်ခွင့်မရှိဘူးမဟုတ်လား? ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ ဖိနှိပ်စွမ်းအားတွေ ရောက်လာတာလဲ ?"

"အဲဒီဦးတည်ချက်က ရှိုးလော့မြစ်ပဲ... မဟုတ်မှလွဲရော ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ လက်ချက်လား?"

တခြားတစ်နေရာတွင် ။

မကောင်းဆိုးဝါးမျိုးနွယ်စုနှင့် ငရဲနန်းတော်မှ လူများသည် ဤမြင်ကွင်းကို ပြုံးပြုံးကြီး ကြည့်ရှုနေကြသည်။

"ဒီအနေအထားကို ကြည့်ရတာ ရွှယ့်ရှိုးလော့ တို့ရဲ့ ခေါင်းဆောင်လည်း ပါဝင်စွက်ဖက်လာခဲ့ပြီနဲ့ တူတယ်"

"ဟားဟား ၊ ငါတို့ရဲ့ ကြိုးစားအားထုတ်မှုက အလကားမဖြစ်သွားဘူးပဲ"

" စူးချန်ကဲမှာ အစွမ်းအစရှိရင်တောင် ကွေးယွမ်တော့ ထိုးနှက်မှုဒဏ်ကို အတော်လေး ခံရလိမ့်မယ်၊ ဒီတစ်ကြိမ်တော့ ငါတို့နိုင်ပြီ!"

......

မုန်တိုင်းဗဟိုတွင် ရှိနေသော စူးချန်ကဲသည် လုံးဝ ထိတ်လန့်ခြင်းမရှိ ၊ ယင်းအစား သူ့မျက်နှာသည် အပြုံးမပျက် ရှိနေသည်။

သူ၏ အတွေးများကို တချက် လှုံ့ဆော်လိုက်သည်။

ဝီ —

သူ့အသိစိတ်ထဲမှ အလင်းတန်းတစ်ခု ထွက်လာခဲ့သည်။

ဓားသေတ္တာကိုးလက်သည် စူးချန်ကဲ၏ ရှေ့သို့ တိုက်ရိုက် ဆင်းသက်လာခဲ့ပြီး အနည်းငယ် တုန်ခါနေသည်။

ဝုန်း!

ကြောက်ခမန်းလိလိ ဓားစွမ်းအင်များသည် ယန်စီမြစ်ထဲတွင် အဆုံးမရှိသော ဓားများ သွယ်တန်းစီးဆင်းနေသကဲ့သို့ တခဏချင်း နေရာအနှံ့ ပြန့်ကျဲသွားသည်။

ယင်းဓားစွမ်းအင်များသည် ကောင်းကင်ကို လွှမ်းခြုံထားသော သွေးလက်ဝါးအရိပ်ကို တိုက်ရိုက် ဖြိုခွဲပစ်ခဲ့သည်။

သွေးချည်မျှင်များအဖြစ်သို့ ပြောင်းလဲကာ ဤကမ္ဘာကြီးထဲ၌ ပျံ့လွင့်သွားစေသည်။

"ဒါ... ဒါက..."

ရွှယ့်နု၏ မျက်လုံးများမှာပြူးကျယ်သွားသည်။ သူသည် ဤကြေးသေတ္တာ၏ မူလအစကို ချက်ချင်းလက်ငင်း အသိအမှတ်ပြုနိုင်ခဲ့သည်။

ဓားသေတ္တာကိုးလက် ၊ တစ္စေဓားအမတရှင်ရဲ့ အနှိုင်းမဲ့ ဓားလက်နက် !

"ဘာလို့...ဒီမှာပေါ်လာတာလဲ"

ရွှယ့်နု စဉ်းစားဖို့ အချိန်မရလိုက်ခင်မှာပဲ ၊

စူးချန်ကဲသည် ဓားသေတ္တာကို အသာလေး ပုတ်လိုက်သည်။

ထို့နောက် အပြုံးမပျက်ပြောလိုက်သည်။

" ခင်ဗျားက အကြီးတန်းဖြစ်ရဲ့နဲ့ သိုင်းကျင့်ဝတ် စည်းကမ်းကို မလိုက်နာမှတော့ ၊ ကျုပ် ပြင်ပအင်အားသုံးတဲ့အပေါ် အပြစ်မတင်နဲ့"

အက်!

ဓားသေတ္တာသည် လုံးလုံးလျားလျား ပွင့်သွားခဲ့လေပြီ ။

တစ်ချိန်တည်းမှာပင်၊ ၎င်းတွင် ပါရှိသော ဓားစွမ်းအင်လှိုင်းများသည် နေရာအနှံ့ ဖြန့်ကျတ်သွားကာ လှိုင်းထန်သွားစေသည်။

မူလက ရှိနေခဲ့သော သွေးငွေ့များသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီး ၊ ဤနေရာတစ်ခုလုံးကို ကြောက်ခမန်းလိလိ ဓားစွမ်းအင်များဖြင့် အစားထိုးခဲ့လေပြီ။

"ဆီးနှင်းခဲဓား"

စူးချန်ကဲ၏ တီးတိုးရေရွတ်သံအပြီးတွင် ၊

အပြာရောင်အလင်းတန်းတစ်ခု ကောင်းကင်ပေါ်သို့ တဟုန်ထိုး ဆန်တက်သွားသည်။

တစ်ချိန်တည်းမှာပင်၊ အလင်းမှ နှင်းမုန်တိုင်းအဖြစ်သို့ပြောင်းလဲသွားပြီး ဤသွေးရောင် နယ်မြေတစ်ခုလုံးကို အေးခဲသွားစေသည်။

ယင်းအစား၊ အေးခဲကြည်လင်သော အပြာရောင် ရေခဲလွှာတစ်ခု ပေါ်ထွက်လာသည်။

ဟူး —

လေသံနှင့်အတူ ၊ ပြင်းထန်သော ဓားစွမ်းအင်ကို ဆောင်ကျဉ်းလျက် ဤအပြာရောင် ရေခဲလွှာပေါ်တွင် တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်သွားသည်။

မူလက ဒေါသတကြီးဖြစ်နေသော ရွယ့်နုသည် အေးစက်သော လေသံ၏ တိုးဝှေ့မှုတချက်တွင် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

စူးချန်ကဲ၏ နှုတ်ခမ်းထောင့်က အပြုံးကို ကြည့်ရင်း သူ့စိတ်ဝိညာဉ်ထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ တစိုးတစ ပေါ်ထွက်လာသည်။

"ကောင်စုတ်လေး၊ ဝက်ဟန်ဆောင်ပြီး ကျားစားရဲတယ်!"

အဆုံးစွန်သော ဒေါသ ၊ အဆုံးစွန်သော ကြောက်ရွံ့မှုများက ရောထွေးနေသည်။

ဤဓား၏ အနှိုင်းမဲ့စွမ်းအားကို သူခံစားသိရှိခဲ့သည်။ဤစွမ်းအားသည် ဧကရာဇ်မင်းနယ်ပယ်အဆင့်ကို ကျော်လွန်၍ ဒဏ္ဍာရီလာ အမတအဆင့်ထိ ရောက်ရှိနေခဲ့ပြီပင်။

တဖက်လူသည် ဤမျှကြောက်စရာကောင်းသော ဝှက်ဖဲတစ်ချပ်ရှိပါသော်လည်း ၊ သူနှင့် တစ်ချိန်လုံး ကစားနေခဲ့သည်။

ချီးပဲ !

သို့သော် တစ်ချိန်တည်းမှာပင် ရွှယ့်နု၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။

"သေပေတော့!"

ဤတစ်ကြိမ်တွင် သူသည် မိမိ၏ စွမ်းအား အလုံးစုံဖြင့် ပေါက်ကွဲပစ်ခဲ့ပြီး ၊ တစ်ဖန် ထောင်ပေါင်းများစွာသော ရွှယ့်ရှိုးလော့တို့၏ ကောင်းချီးများနှင့်အတူ ၊

ရွှယ့်နုသည် အဆုံးစွန်သော စွမ်းအားများဖြင့် ပြည့်နှက်နေသော လက်သီးဖြင့် တဖက်လူကို ထိုးနှက်လိုက်သည်။ ဤထိုးနှက်တိုက်ခိုက်မှုသည် ရွှယ့်ရှိုးလော့မျိုးနွယ်ဝင် တစ်စုလုံး၏ စုပေါင်းတိုက်ခိုက်မှု ဟု ဆိုရပေမည်။

သွေးချီစွမ်းအင်များက အဆမတန် မြင့်တတ်ကာ ဝန်းရံထားပြီး ၊ စကြာဝဠာကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိပုံရသည်။

ရွှယ့်ရှိုးလော့များနှင့် ဤနေရာတစ်ဝှမ်းလုံး တုန်ခါနေပြီး ၊ မရေမတွက်နိုင်သော တောင်များပြိုကျကာ ကြီးမားသော အခိုးအငွေ့များ ဖြစ်ပေါ်စေခဲ့သည်။

ဤတိုက်ခိုက်မှုသည် စူးချန်ကဲကို မသတ်နိုင်ခဲ့ပါက ၊သူတို့ မျိုးနွယ်တစ်စုလုံး ပျက်စီးသွားပေတော့မည် ။

စူးချန်ကဲ၏ ပုံရိပ်သည် ရွှယ့်နု၏ မျက်လွှာထဲတွင် ရောင်ပြန်ဟပ်နေပြီး ၊ သူသည် ဤလူသားကို လုံးဝ ချေမှုန်းပစ်ချင်ပုံရသည်။

"ဖြတ်!"

သို့သော် စူးချန်ကဲက တီးတိုးရေရွတ်လိုက်သည်။

သူ့ရှေ့တွင် အသင့်စောင့်နေသော ရေခဲဓားနှစ်စုံသည် ချက်ချင်း ဝင်းထိန်တောက်ပသွားသည်။

၎င်း၏ အအေးဓာတ်သည် ဤနေရာတစ်ခုလုံးကိုတောင် ခဲသွားနိုင်စွမ်းရှိသည်။

မူလက သွေးရောင်များဖြင့် ပြည့်နှက်နေသော နယ်မြေကြီးသည် သန့်စင်သော ဆီးနှင်းခဲများ၏ ချိတ်ပိတ်ခြင်းကို ခံလိုက်ရသကဲ့သို့ အေးခဲသွားသည်။

ရုတ်တရက်။

အပြာရောင်ရှိသော ဆီးနှင်းခဲဓားတစ်လက် ကောင်းကင်ယံမှ ဖျက်ခနဲ့ ဝင်ရောက်လာခဲ့သည်။

အရာအားလုံးကို အေးခဲအောင် လုပ်ဆောင်ခဲ့ပြီးနောက် ၊

အက်ကွဲသွားသော အသံများ ထွက်ပေါ်လာခဲ့သည်။

ဤသွေးရောင် နယ်မြေကမ္ဘာကြီး အပြင်

ကြောက်စရာကောင်းသော ထိုလက်သီး နှင့်

ဧကရာဇ်မင်းကိုတောင် ယှဉ်ပြိုင်နိုင်သည့် ရွှယ့်နုတို့သည်

ဤဓား၏ လက်အောက်တွင် နှင်းခဲပုံဆောင်ခဲများအဖြစ်သို့ ပြောင်းလဲခဲ့ရပြီး

အဆုံးတွင် ပျက်စီးကိန်းဆိုက်ခဲ့ရလေပြီ ။

အပိုင်း(၃၂၅): မင်းတို့ကို အခုအချိန်အထိ အသက်ရှင်ခွင့် မပေးသင့်ဘူး

ဝေဟင်အထက်က ဓားစွမ်းအင်၏ ဟောက်သံနှင့်အတူ ၊

ထွက်ပေါ်လာခဲ့သော တောက်ပအေးစက်သည့် အလင်းတန်းသည် ဤနေရာတစ်ခုလုံးကို ဝင်းထိန်သွားစေသည်။

မူလက သွေးရောင် ကမ္ဘာကြီးသည် ရေခဲပြင်ကြီး အဖြစ်သို့ ပြောင်းလဲသွား‌ချေပြီ။

ဤရုတ်တရက် မြင်ကွင်းသည် လူတိုင်းကို ထိတ်လန့်စေခဲ့သည်။

အမှောင်ထဲတွင် ပုန်းအောင်းနေသော မကောင်းဆိုးဝါး မျိုးနွယ်စုဝင်များလည်း ဤမျှ ကြောက်စရာကောင်းသော ဓားကြောင့် ထိတ်လန့်သွားကြသည်။

“ဘာတွေဖြစ်သွားတာလဲ?”

“ ရွှယ့်ရှိုးလော့ မျိုးနွယ်စုရဲ့ ခေါင်းဆောင်ကိုယ်တိုင် ရွှယ့်ရှိုးလော့မျိုးနွယ်ဝင်တွေကိုဦးဆောင်ပြီး စူးချန်ကဲကို တိုက်ခိုက်ခဲ့တာမဟုတ်လား ? ဘယ်လိုလုပ်ပြီး ဒီလိုအုံကြွမှုကြီး ဖြစ်လာခဲ့တာတုန်း ? “

လီဟောက်သည် ထိတ်လန့်တကြား ဆိုလိုက်သည်။

“ မဟုတ်မှလွဲရော စူးချန်ကဲက သူ့ရဲ့ ဝှက်ဖဲကို အသုံးပြုပြီး ရွှယ့်ရှိုးလော့တွေရဲ့ ခေါင်းဆောင်ကို သတ်လိုက်တာ ဖြစ်နိုင်မလား “

“မဟုတ်တာတွေ မပြောစမ်းနဲ့ !”

ဖုန်းမုရှင်းသည် လုံဟောက်ကို ကြိမ်းမောင်းလိုက်သည်။

စောနလေးကပင် ရွှယ့်နုသည် ရွှယ့်ရှိုးလော့ မျိုးနွယ်စုဝင်များစွာကို ဦးဆောင်ကာ ထိုနေရာဆီသို့ ချီတက်သွားခဲ့သည်။

၎င်းတို့၏ ဖိနှိပ်စွမ်းအားများသည် သူမကိုတောင် ထိတ်လန့်စေသည်။

သူမ၏ အမြင်တွင် ၊ ၎င်းသည် ဧကရာဇ်မင်းနှင့် ယှဉ်ပြိုင်နိုင်သော သန်မာသော တည်ရှိမှု တစ်ခု ဖြစ်သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို လူငယ်တစ်ယောက်က မည်သို့ဖျက်ဆီးနိုင်မည်နည်း။

“ ဒီလောက်ဆို လုံလောက်ပြီ၊ ကွေးယွမ်နဲ့ ရွှယ့်ရှိုးလော့တို့ကြားက ပြင်းထန်တဲ့ တိုက်ပွဲ အခုလောက်ဆို ပြီးခါနီးပြီ “

အောက်ကျုံယန်က ထဆိုလိုက်သည်။

“ ငါတို့ ဝင်ပါရမယ့် အချိန်ရောက်ပြီ”

…….

စူးချန်ကဲဘက်တွင် ၊

စူးချန်ကဲသည် သူ၏ ဓားသေတ္တာကိုးလက်ကို ပြန်သိမ်းယူလိုက်သည်။

ကောင်းကင်နှင့်မြေကြီးတွင် စုဝေးနေခဲ့သော ဓားစွမ်းအင်များသည်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ ဓားစွမ်းအင်ကြောင့် တစ်စစီ ဖြစ်ခဲ့ရသော သွေးမြူမှုန်များသည် စူးချန်ကဲ၏ အနီးတစ်ဝိုက်တွင် စုရုံးလာပြန်သည်။

သို့သော် စူးချန်ကဲသည် ယင်းအမှုန်အမွှားများကို သူ့ ခန္ဓာကိုယ်ပေါ်မှ ခါချလိုက်သည်။

“ သနားစရာပဲ ၊ ငါ့ရဲ့ ဓားသေတ္တာကိုးလက်ကို ထပ်ပြီးအသုံးပြုခဲ့ရတယ် “

“နောက်လာမယ့် ငါးတသိုက်အတွက် တတ်နိုင်သမျှ မသုံးဘဲ နေရမယ် “

“ဒီလူသားမျိုးနွယ်...!”

စူးချန်ကဲ၏ ဓားအောက်တွင် မတော်တဆ လွတ်မြောက်ခဲ့နိုင်သော ရွှယ့်ရှိုးလော့ မျိုးနွယ်ဝင် တချို့သည် မြေပြင်ပေါ်တွင် လဲကျလျက် ရှိသည်။

၎င်းတို့သည် စူးချန်ကဲ၏ စကားကို ကြားသည်နှင့် မိမိတို့ခန္ဓာကိုယ်၏ နာကျင်မှုကို အတင်းတောင့်ခံကာ ကုန်းရုန်းထလာကြသည်။

စိတ်ထဲက ဒေါသထွက်သလောက် ၊ သို့သော် ပို၍ ကြောက်လန့်နေကြသည်။

သွားပြီ! အားလုံးသွားပြီ!

သူတို့၏ ခေါင်းဆောင် ရွှယ့်နုသည် မျိုးနွယ်စုအားလုံး၏ သွေးချီစွမ်းအားများကို စုဆောင်းခဲ့သည်။

ထို့အပြင် ဧကရာဇ်မင်းနှင့် ယှဉ်ပြိုင်နိုင်သော သန်မာသူတစ်ယောက် ဖြစ်သော်လည်း ၊ စူးချန်ကဲ၏ ဓားဖြင့် သုတ်သင်ခံခဲ့ရသည်။

ထောင်နှင့်ချီရှိသော မျိုးနွယ်စုဖြစ်သော်လည်း ယခုတွင် လူဒါဇင်အနည်းငယ်သာ ကျန်တော့သည်။

“အို့! ငါးတစ်စု ကျန်နေသေးတာပဲ အားနာပါတယ်”

ဒေါသထွက်နေကြသော ရွှယ့်ရှိုးလော့များသည် စူးချန်ကဲ၏ အဓိပ္ပါယ်ကို နားမလည်ဘဲ စိတ်ရှုပ်ထွေးနေကြသည်။

ထိုအခိုက်အတန့်မှာပင် ၊စူးချန်ကဲ၏ စကားဝိုင်းမှာ ပြောင်းလဲသွားသည်။

“ စောနက ဓားက ခင်ဗျားတို့ကို မပို့ဆောင်နိုင်ခဲ့တာ ကျုပ် အရမ်း အားနာမိတယ်”

“ဒီသေနာကောင် လူကို အရမ်းအနိုင်ကျင့်လွန်းတယ် !!”

“ဒီလိုကောင်မျိုးရဲ့ စော်ကားတာကို ခံရတာထက် ကိုယ့်ဟာကို သေလိုက်မယ် !!”

အသက်ရှင်ကျန်ရစ်ခဲ့သော ရွှယ့်ရှိုးလော့များသည် ဒေါသတကြီးဖြင့် ကျိန်ဆဲကြသည်။ မိမိတို့သည် စူးချန်ကဲ၏ ပြိုင်ဘက်မဟုတ်မှန်း သိထားသည်။

သို့သော် စူးချန်ကဲသည် သူတို့ကို ခွင့်လွှတ်ပေးမည် မဟုတ်မှန်း သိထားသောကြောင့် သေတဲ့အထိတိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်သည်။

ထိုစဉ် ၊

ကောင်းကင်ယံမှ မိုးခြိမ်းသံ ထွက်ပေါ်လာသည်။

“ချန်ကဲ ဆက်ခံသူက ဂုဏ်သတင်းနဲ့ ထိုက်တန်ပြီး တကယ်ကို ကြီးမြတ်လှပါပေတယ် “

ဝုန်း!

ကောင်းကင်ယံမှ ကျယ်လောင်သော ဟောက်သံနှင့်အတူ၊ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များ ဤနေရာသို့ စုဝေးလာကြပုံပေါ်သည်။

တစ်ဖက်လူ၏ အငွေ့အသက်ကို ခံစားလိုက်ရသော စူးချန်ကဲသည် မျက်ခုံးပင့်တင်လိုက်သည် ။

“အိုး.. နောက်ဆုံးတော့ ရောက်လာပြီထင်တယ်”

သူသည် ပြုံးရွှင်စွာဖြင့် လှမ်းကြည့်လိုက်သည်။

တင်ထားသည့်အတိုင်း ၊ ခဏအကြာတွင် လှိုင်းဂာယက်များ ရိုက်ခတ်သွားသည်။

မရေမတွက်နိုင်သော လူများ ထွက်ပေါ်လာသည်။ သူတို့အားလုံးသည် ငယ်ရွယ်ပြီး အလွန်အားကောင်းသော ရောင်ဝါများကိုပိုင်ဆိုင်ထားသည်။ တစ်ယောက်ချင်းစီတိုင်းကို ထိပ်တန်း ပါရမီရှင်များအဖြစ် သတ်မှတ်နိုင်သည်။

လုံဟောက်နှင့် သူ့အဖော်များက တစ်ယောက်တည်း ဖြစ်နေသော စူးချန်ကဲကို မြင်လိုက်ရသည်နှင့် ၊

နှုတ်ခမ်းပေါ်ရှိ အပြုံးများမှာ ပို၍ ဝေဆာလျက်ရှိသည်။

“ဟားဟား... ကြည့်ရတာ စူးချန်ကဲက ဒီ ရွှယ့်ရှိုးလော့တွေကို သတ်ဖို့ ကြီးမားတဲ့ တန်ဖိုးကိုပေးဆပ်ခဲ့ပုံပဲ “

“ဒီလောက်ပြင်းထန်တဲ့ သွေးအနံ့တွေအရ‌‌ဆို၊ ဒီနေရာမှာ အနည်းဆုံး လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ပုံပဲ “

လုံဟောက် က ဝမ်းသာအားရ ပြုံးလိုက်သည်။

“ စူးချန်ကဲ ကလွဲရင် ကွေးယွမ်က တခြားသူတွေအားလုံး တိုက်ပွဲမှာ သေဆုံးသွားခဲ့ပုံပဲ!”

“ဟားဟား၊ ဘုရားသခင်က ငါ့ကို တကယ်ကြီး ကူညီပေးနေတာပဲ ၊ စူးချန်ကဲ ဘာအစွမ်းနဲ့ တားနိုင်မလဲဆိုတာ ကြည့်ချင်သေးတယ် “

အခြားလူများသည်လည်း ဤနေရာ၏ ပြောင်းလဲမှု အငွေ့အသက်များကို သတိထားမိကြပြီး လှောင်ပြောင်ရယ်မောနေကြကာ ၊

တစ်ချိန်တည်းမှာပင် သူတို့သည် စူးချန်ကဲကို အကြင်နာကင်းမဲ့စွာ စိုက်ကြည့်နေကြသည်။

ထိပ်တန်းသူတော်စင် အထွတ်အထိပ်ဆိုတောင် သူတို့ဘက်မှာ လူထောင်ပေါင်းများစွာ ရှိတယ်လေ !

ဒါ သေချာပေါက် ရှုံးပွဲမရှိတဲ့ တိုက်ပွဲတစ်ခုပဲ !

စူးချန်ကဲက စောနလေးကမှ တိုက်ပွဲကြီး တစ်ခုကို ဆင်နွဲထားတာ ၊ သူ့မှာ ပြန်တိုက်ဖို့ ခွန်အားရှိသေးသတဲ့လား?

“ငရဲနန်းတော်နဲ့ မြေအောက်ကမ္ဘာ၊ မင်းတို့လည်း ဒီကိစ္စကို ဝင်စွက်ဖက်ဖို့ ဆုံးဖြတ်ပြီးပြီလား?”

စူးချန်ကဲသည် အောက်ကျုံယန်နှင့် ရှုံချီတို့ဘက်ကို လှည့်ကြည့်ကာ ပြုံးလျက်မေးလိုက်သည်။

“ ငါ ကွေးယွမ် သူတော်စင် နယ်မြေနဲ့ ရန်သူလုပ်ဖို့ရွေးချယ်တာ မင်းတို့ အတော် အ တာပဲ”

စူးချန်ကဲ၏ လှောင်ပြောင်သံကို နားထောင်ရင်း ၊ အောက်ကျုံယန်နှင့် ရှုံချီတို့၏ မျက်နှာထားသည် ပို၍အေးစက်သွားပြီး မျက်လုံးထဲတွင် လူသတ်လိုစိတ်များ ပြင်းထန်နေသည်။

“ စူးချန်ကဲ၊ မင်း အရမ်းတော်တာ ငါ သိတယ်၊ ဒါပေမယ့် ဒီနေရာက ကျုံယုံ(ငရဲကိုးထပ်)ပဲ!”

အောက်ကျုံယန်က အေးစက်သော လေသံဖြင့်။

“ မင်းဒီမှာသေရင်တောင် အဲ့တာက မင်း အရည်အချင်းမရှိလို့ပဲ “

“သူနဲ့ အပိုတွေ ပြောမနေနဲ့ ၊ ညတာ မရှည်အောင် သူ့ကိုအခုချက်ချင်း သတ်ပစ်တော့ !”

ရှုံချီသည် အေးစက်သောလေသံဖြင့် ဝင်ပြောလိုက်ပြီး ၊ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားများကို စတင် အသက်သွင်းလိုက်သည်။

ထိုမြင်ကွင်းကို ကြည့်နေရင်း ၊ စူးချန်ကဲသည် မနေနိုင်ဘဲ တခ်ခ်ထရယ်လေသည်။

“မင်းတို့အားလုံး ယုံကြည်မှု အပြည့်ရှိပုံရတယ်”

“ မင်းတို့အထင် ငါက တစ်ယောက်တည်း ၊ မင်းတို့မှာ လူ​ထောင်​​ပေါင်းများစွာ ရှိတယ်​၊ ငါ မင်းတို့ကို မနိုင်ဘူးလို့ ယူဆထားပုံပဲ “

ထိုစဉ် စူးချန်ကဲ၏ အမူအရာမှာ ပြောင်းလဲသွားသည်။။

“တကယ်တော့ ၊ အဆုံးထိ ငါ တစ်ကယ့်ကို မှားခဲ့တာပဲ”

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ၊ အင်အားစုကြီး လေးစုမှ တပည့်များသည် အနည်းငယ် သံသယ ဖြစ်လာကြသည်။

သူတို့၏ မှတ်ညဏ်အရ ၊ ဤစူးချန်ကဲသည် အလွန် ကြီးစိုးနိုင်သူအဖြစ် နာမည်ကြီးသည်။

ဒီလိုလူတစ်ယောက်က အရှုံးပေးနေသတဲ့လား!

သို့သော် လူအုပ်ထဲတွင် မိမိကိုယ်ကို အထင်ကြီးသော ပါရမီရှင်အချို့ ရှိပေသည်။

ရှေးနဂါးမျိုးနွယ်စုမှ ပါရမီရှင်တစ်ဦးသည် ခေါင်းမော့ကာ ဆိုလိုက်သည်။

“ဟား... အဲဒါကို စဉ်းစားဖို့ လိုသေးလို့လား? ငါတို့ဘက်မှာ ပါရမီရှင်တွေ အများကြီး ရှိတယ်၊ စူးချန်ကဲ သေချာပေါက် ဘယ်ယှဉ်နိုင်ပါ့မလဲ!”

“ဟားဟားဟား ! သိပ်ရယ်စရာကောင်းတာပဲ ၊ ဒီသကောင့်သား အတွက်နဲ့ ငါတို့ လူအများကြီး ချီတတ်စရာ လိုလို့လား?”

လုံဟောက်သည် ရွဲ့စောင်းကာ ဖြတ်ဆိုလိုက်သည်။

“ နတ်နဂါးကျွန်းစုက တကယ့်ကို အမှိုက်တွေပဲ ၊ ငါ့နဂါးမျိုးရိုးအတွက် တကယ်ကို အရှက်ရစရာ ကောင်းတယ် ၊ ဒီလိုကောင်မျိုးအတွက်နဲ့ တစ်မျိုးနွယ်လုံး ဖျက်စီးခံရတယ်လို့!”

“တကယ်ကို အသုံးမကျဘူး !”

မြေအောက်ကမ္ဘာမှ အောက်ကျုံယန်၏ နှုတ်ခမ်းဖျားပေါ်တွင်လည်း ဖုံးကွယ်မရနိုင်သော လှောင်ရယ်သံများ ရှိနေသည်။

သူ ဤနေရာသို့ ထွက်မလာခင် ၊ မြေအောက်ကမ္ဘာ၏ အကြီးအကဲများက သူ့ကို မှာကြားခဲ့သည်။

စူးချန်ကဲသည် လူတိုင်းထင်ထားတာထက် ပိုကြောက်စရာ ကောင်းသောကြောင့် သွားရန်မစမိစေဖို့ ဖြစ်သည်။

“ရယ်စရာပဲ၊ နန်းတော်သခင်လည်း ဇဝေဇဝါ ဖြစ်နေပုံပဲ”

“ငါ မြေအောက်ဖယောင်းငရဲမှာ နေလာတာ နှစ်ကြာခဲ့ပြီ ၊ အရည်အချင်းအရ ငါက စူးချန်ကဲ ထက် နိမ့်ကျစရာလား?”

လူတိုင်း လှောင်ပြောင်နေစဉ် ၊

စူးချန်ကဲသည် စကားဝိုင်းကို ပြောင်းလဲခဲ့သည်။

“ ငါ မင်းတို့နဲ့ မကစားသင့်ခဲ့ဘူး ၊ ငါ လှည့်ကွက်သုံးပြီး မင်းတို့ နဂါး မျိုးနွယ်စု နဲ့ ဖီးနစ်မျိုးနွယ်စုတွေကြား ရန်တိုက်ပေးခဲ့တယ်”

“ငါ မင်းတို့နဲ့ အေးအေးလူလူ မကစားပေးနိုင်တော့ဘူး ၊ မင်းတို့ ငါ့ကို ယှဉ်နိုင်ပါစေလို့ မျှော်လင့်မိတယ် “

“ ငါ မင်းတို့ကို အခုအချိန်အထိ အသက်ရှင်ခွင့်မပေးသင့်ဘူး၊ မင်းတို့ကို စောစောစီးစီးကတည်းက သေခိုင်းလိုက်ရမှာ “

ထိုအချိန်တွင် စူးချန်ကဲ၏ နှုတ်ခမ်းတွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဒါပေမယ့် ငါ ပြင်လို့မှီပါသေးတယ် “

“အခု မင်းတို့အားလုံးကို သတ်လိုက်ရင် ရလဒ်က အတူတူပဲ မဟုတ်လား”

All Chapters