အခန်း (၃၂၆-၃၃၀)
Vol. 24 Ch. 326-330
အပိုင်း(၃၂၆): ကြောက်ခမန်းလိလိ ခွန်အားများ
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။
လူတိုင်း ပါးစပ်အဟောင်းသားဖြင့် ပြူးကျယ်စွာ စိုက်ကြည့်နေကြသည်။
သူတို့အားလုံးသည် နေရာတွင် အေးခဲစွာဖြင့်ရပ်နေပြီး ၊ စူးချန်ကဲကို မယုံကြည်နိုင်သော အကြည်များဖြင့် ကြည့်နေကြသည်။
သူတို့ နားကြားများမှားလေသလားဟု တွေးမိသည်။
သို့သော် သူတို့ ဒေါသထွက်ဖို့ အချိန်မရလိုက်ပေ။အရာအားလုံးသည် နောက်ကျသွားခဲ့ပြီဖြစ်သည် ။
စူးချန်ကဲသည် သူ့လက်ကို မြှောက်လိုက်သည်။
သူ့ပါးစပ်ထောင့်က အပြုံးသည် မတူညီသော ခံစားချက်ကို ခံစားရစေသည်။
အင်အားစုကြီး လေးခုမှ တပည့်များ၏ အမြင်တွင် ၊ သူတို့အားလုံးသည် အမဲလိုက်ခံရတော့မည့်အတိုင်း အလွန်အန္တရာယ်ရှိသော ခံစားချက်ကို ရရှိနေသည်။
" ကွေးယွမ် သူတော်စင် နယ်မြေ ၊ ယောင်ချီ သူတော်စင်နယ်မြေ ၊ လူတိုင်း အမိန့်ကိုနာခံကြ!"
လူတိုင်း၏ မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
စူးချန်ကဲသည် သူ့လက်ကို မြှောက်ကာ ပြန်ချလိုက်သည်။
တစ်ချိန်တည်းမှာပင် ၊ အေးစက်သောအသံသည် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
"သူတို့ကို သတ်"
ဝုန်း!!
အသံ ပြီးဆုံးသွားသည်နှင့် တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်တွင် ပြင်းထန်သော ဟောက်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကာ့ခ်!!
အင်အားစုကြီး လေးခုမှ တပည့်များ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ၊ အရပ်လေးမျက်နှာ၏ ဟင်းလင်းပြင် ကွက်လပ်သည် ရုတ်တရက် ဖြည်းညှင်းစွာ ပွင့်လာခဲ့ပြီး မရေမတွက်နိုင်သော အာကာသမှော်ရတနာများ ပျံထွက်လာကြသည်။
ဝီ——
အာကာသ မှော်ရတနာများသည် ဝင်းလက်တောက်ပနေသည်။
၎င်းတို့အထဲမှ အလင်းတန်းများ ထွက်လာခဲ့သည်။
၎င်းတို့အားလုံးသည် ကွေးယွမ် သူတော်စင် နယ်မြေ နှင့် ယောင်ချီ သူတော်စင်နယ်မြေ မှ လူငယ် ပါရမီရှင်များပင် ဖြစ်သည်။
ထွက်ပေါ်လာသော မရေတွက်နိုင်သော အလင်းတန်းများနှင့်အတူ၊ ၎င်းတို့၏ အရေအတွက်သည် အင်အားစုကြီး လေးခုထက် အဆများစွာ ကြီးမားပေသည်။
သူတို့အားလုံး၏ ခန္ဓာကိုယ်ပေါ်တွင် ကြောက်စရာကောင်းသော စွမ်းအားများက သက်ဝင်လှုပ်ရှားနေသည်။
သူတို့အားလုံး၏ ခွန်အားသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး တစ်စက်မှ ဖြုန်းတီးထားခြင်း မရှိမှန်း သိသာပေသည်။
"ဒါ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?"
ထိုမြင်ကွင်းကိုကြည့်ရင်း အောက်ကျုံယန်သည် ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
ဤအရာသည် သူမျှော်လင့်ထားတာထက်ကို ကျော်လွန်သွားပြီပင်။
ကွေးယွမ် သူတော်စင် နယ်မြေ နှင့် ယောင်ချီ သူတော်စင်နယ်မြေရှိ ပါရမီရှင်များအားလုံး ဤနေရာတွင် အကောင်းတိုင်း ရှိနေကြသည်။
ဒါဘာကိုဆိုလိုတာလဲ?
ဤသည်မှာ ရွှယ့်ရှိုးလော့မျိုးနွယ် တစ်စုလုံးကို စူးချန်ကဲတစ်ယောက်တည်းဖြင့် သုတ်သင်ပစ်ခဲ့သည်ဟု ဆိုလိုပေသည်။
ဤအကြောင်းအရာကို တွေးမိရုံဖြင့် ပို၍ ကြောက်လန့်သွားသည်။
ဘုန်း!!
သို့သော် အင်အားစုကြီးလေးခုသည် ဖြစ်ရပ်များအပေါ် သေချာစဉ်းစားဖို့ အချိန်မရလိုက်သေးခင်မှာပဲ ကွေးယွမ် သူတော်စင် နယ်မြေနှင့် ယောင်ချီ သူတော်စင်နယ်မြေရှိ လူတိုင်းက ပြင်းပြင်းထန်ထန် တုံ့ပြန်လာခဲ့ပြီ ဖြစ်သည်။
နတ်အလင်းလှိုင်းများက တသိမ့်သိမ့် ရိုက်ခတ်နေကာ ၊ မှော်စွမ်းအားများ ပေါက်ကွဲလျက်ရှိသည်။
မှော်အလင်းတန်းများက ကောင်းကင်ကို ဆန်တက်လျက် ၊ ဤနေရာတွင် ပေါက်ကွဲမှုမျိုးစုံကို ဖြစ်ပေါ်စေသည်။
"ဒီနေ့ မကောင်းဆိုးဝါးမျိုးနွယ်စုတွေအကုန်လုံးကို သတ်ပစ်!"
လူအုပ်ထဲတွင် ရှိနေသော လီဟောက်ထျန်းသည် မိမိ၏ ရှေးဟောင်းသူတော်စင် ကိုယ်ထည်ကို အသက်သွင်းကာ ပြင်းထန်သော အရှိန်အဝါဖြင့် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ထိတ်လန့်ဖွယ်ရာ နိမိတ်အာရုံ မြင်ကွင်းများနှင့်အတူ ကြီးကျယ်ခမ်းနားသော ရောင်ဝါကို ဖန်တီးခဲ့သည်။
ထို့နောက် သူ၏လက်သီးဖြင့် ထိုးနှက်လိုက်သည်။
မကောင်းဆိုးဝါး မျိုးနွယ်ဝင် ပါရမီရှင်တစ်စုသည် ၎င်း၏ ထိုးနှက်မှုကို မခုခံနိုင်ဘဲ အသားနုတ်နုတ် စင်းခံရသောဘဝဖြင့် ချက်ချင်းလက်ငင်း ပျောက်ကွယ်ခဲ့လေသည်။
"ဟားဟား ၊ နောက်ဆုံးတော့ ငါ့အရည်အချင်းကို ဒီမကောင်းဆိုးဝါးကောင်တွေနဲ့ လေ့ကျင့်နိုင်ခဲ့ပြီ!"
ယဲ့လင်ထျန်းသည်လည်း ထိုနည်းတူစွာပင်။
သူသည် မိမိ၏ရှေးဟောင်း မျက်စံနှစ်မြွာကို အသက်သွင်းလိုက်သည်။ သူ၏ မျက်လုံးများသည် နတ်ဘုရားနှင့် နတ်ဆိုးများကြားက သွေးသံရဲရဲတိုက်ပွဲ၏ မြင်ကွင်းကို ရောင်ပြန်ဟပ်နေသကဲ့သို့ မှော်သင်္ကေတများက သက်ဝင်လှုပ်ရှားကာ ထင်ဟပ်နေသည်။
မှော်သင်္ကေတများ၏ အလင်းရောင်သည် ကမ္ဘာကြီး၏ ယင်နှင့်ယန်ကို ဖြတ်တောက်နိုင်သကဲ့သို့ တစ်ခုနှင့်တစ်ခု သွယ်ယှက်နေသည်။
မျက်စံနှစ်မြွာ ကမ္ဘာကြီးကို ဖွင့်လှစ်ခြင်း!
တောက်လောင်နေသော ပရမ်းပတာ အလင်းတန်းများ ပေါက်ကွဲသွားသည်နှင့် ၊ ထောင်ပေါင်းများစွာသော နိယာမမုန်တိုင်းများ လှုပ်ခတ်သွားလေရာ အဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ပျက်သုန်းခြင်း အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ၎င်း၏ ရှေ့မျက်နှာစာရှိ ဧရိယာဝန်းတစ်ခုလုံးကို ဗလာနိတ္ထိအဖြစ် ဆောင်ကျဉ်းပေးခဲ့သည်။
သူတော်စင်ကိုယ်ထည်ကို ပိုင်ဆိုင်ထားသော ပီချင်းရှသည်လည်း အားနည်းခြင်း မရှိခဲ့ပေ။
သူမ၏ ခန္ဓာကိုယ်ထဲရှိ မြင့်မြတ်သော ဘုရင် ကိုယ်ထည်၏ အသွေးတို့သည် ပွက်ပွက်ဆူလျက် ရှိသည်။
သူမ၏ ရွှေရောင်ဆံနွယ်များသည် ပြိုးပြိုးပျက်ပျက် တောက်ပနေပြီး ၊ တသိမ့်သိမ့် ရိုက်ခတ်ကာ သက်ဝင်လှုပ်ရှားနေသော ရွှေရောင်ခြည်တော်တို့သည် သူမ၏ ပတ်ပတ်လည်တွင် ရစ်ဝဲထားသည်။
ယင်းက သူမအား ကောင်းကင်ဘုံမှ နတ်ဘုရားမ တစ်ပါးအလား ဆောင်ကျဉ်းပေးလို့နေသည်။
သူမသည် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ထောင်ပေါင်းများစွာသော ရွှေဝါရောင် လှိုင်းများသည် ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ပြီး မြေအောက်ကမ္ဘာမှ ကျင့်ကြံသူအမြောက်အများကို တုံ့ပြန်ချိန်တောင်မရလိုက်ဘဲ တောက်တောက်စင်းခံရသော အသားအဖြစ်သို့ ချက်ချင်း ပြောင်းလဲပစ်ခဲ့သည်။
ကွေးယွမ် သူတော်စင် နယ်မြေ နှင့် ယောင်ချီ သူတော်စင်နယ်မြေ ရှိ လူတိုင်းသည် ၎င်းတို့၏ အဆင့်မြင့် မှော်စွမ်းအားများကို တိုက်ရိုက် အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲအတွင်း ။
အင်အားစုကြီးလေးခုမှ ကျင့်ကြံသူ အမြောက်အများ အသတ်ခံခဲ့ရသည်။
“ သေစမ်း!!”
ခေါင်းဆောင်တစ်ဦးသည် ဒေါသတကြီး တုံ့ပြန်လာခဲ့ပြီး ၊ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက နေရာအနှံ့ လွှမ်းခြုံထားလျက် ရှိသည်။
နဂါးတို့၏ ဟောက်သံနှင့်အတူ ရှေးဖီးနစ်များက ဟစ်ကြွေးအော်မြည်နေလေ၏။
ထိတ်လန့်တုန်လှုပ်ဖွယ် ဖီးနစ်မီးလျှံသည် ကောင်းကင်ကို လောင်မြိုက်နေသည်။
"လောင်မြိုက်ခြင်း!"
ဖုန်းမုရှင်းသည် ဒေါသတကြီးအော်လိုက်ပြီး သူမ၏ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
လွှမ်းခြုံထားသော ဖီးနစ်မီးလျှံများသည် လောင်ကျွမ်းခြင်း မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားသည်မှာ လောင်မြိုက်ခံနေရသော ကောင်းကင်ကြီး ပြိုကျလာသလိုပင်။
" သူတော်စင်နှလုံးသား ကြာပန်း"
ထိုအချိန်တွင် အေးစက်သော အသံတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။
လော့ရန်ယွီသည် တစ်စုံတစ်ခုအား ဆင့်ခေါ်နေခဲ့သည်။ ကြီးကျယ်ခမ်းနားသော ပရမ်းပတာ စွမ်းအားများသည် ကြီးမားသော လက်ဝါးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖီးနစ်ကို ဖမ်းဆုပ်လိုက်သည်။
ဝုန်း!
ပြင်းထန်သော ထိုးနှက်မှုအောက်တွင် ၊ ဖီးနစ်အရိပ်သည် ပျောက်ကွယ်သွားသည်။
သို့သော်၊ လက်ဝါးကြီး၏ ထိုးနှက်မှု ရိုက်ခတ်ဒဏ်သည် ဆက်လက် ရှိနေဆဲပင် ဖြစ်ပြီး ဖုန်းမုရှင်း၏ ဦးတည်ရာဆီသို့ ထပ်မံ ရိုက်ချလိုက်သည်။
သို့သော် ဖုန်းမုရှင်းသည် တစ်ဖက်လူ၏ တိုက်ခိုက်မှုအပေါ် ပြင်ဆင်ထားပြီး ဖြစ်သည်။ သူမသည် လက်ကိုဝှေ့ယမ်းကာ မီးလျှံများကို တစ်ဖန် တောက်လောက်စေပြန်သည်။
သို့ပေမဲ့ ဖုန်းမုရှင်းသည် လော့ရန်ယွီ၏ တိုက်ခိုက်မှုကို မဖြေရှင်းနိုင်ခဲ့ပေ။
သူမသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး လော့ရန်ယွီကို အေးစက်စွာ ကြည့်လိုက်သည်။
"ကောင်းလိုက်တဲ့ လော့နတ်ဘုရားမ!"
"မင်းက ကွေးယွမ် သူတော်စင် နယ်မြေရဲ့ အမဲလိုက်ခွေး ဖြစ်ချင်နေတာပဲ ၊ ယောင်ချီ သူတော်စင်နယ်မြေရဲ့ အပြစ်ပေးမှာကို မင်း မကြောက်ဘူးလား!"
" ဟား အဲ့တော့ ဘာဖြစ်လဲ ? ငါက အမဲလိုက်ခွေးဆို နင်က ဘာပစ္စည်းလဲ?"
ချက်ခြင်းပင်၊ လော့ရန်ယွီ၏ ခန္ဓာကိုယ်ထဲမှ ကြောက်ခမန်းလိလိ ဖိနှိပ်စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ရာ ပရမ်းပတာ စွမ်းအင်များ အပြည့်အလျှံ ထွက်ပေါ်လာကာ ၊ ဤကမ္ဘာကြီး တစ်ခုလုံးကို အလွန်အားပြင်းသော ပရမ်းပတာ စွမ်းအင်များဖြင့် ဖုံးလွှမ်းသွားစေသည်။
ဖုန်းမုရှင်းသည်ပင် မိမိ၏ စိတ်ဝိညာဉ်မှာ အနည်းငယ် တုန်လှုပ်သွားမှန်း ခံစားလိုက်ရသည်။
ချက်ခြင်းပင်၊ လော့ရန်ယွီသည် ထပ်မံတိုက်ခိုက်လာခဲ့သည်။ သူသည် သဘာဝကျကျ စစ်မှန်သော ဂုဏ်သတ္တိများ ပါရှိသည့် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ဤတိုက်ခိုက်မှုတွင် ကောင်းကင်ကိုတောင် ဖြိုချနိုင်သည့် အဆုံးစွန်သော စွမ်းအားများပါရှိသည်။
"ဟား! နင့်ကို ငါ တကယ်ကြောက်တယ်လို့ ထင်နေတာလား!"
ဖုန်းမုရှင်းသည် အံကြိတ်လျက် တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲက ဖီးနစ်သွေးများသည်လည်း တဟုန်းဟုန်း တောက်လောင်နေခဲ့သည်။
ကျွီ —
ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားသော ဖီးနစ်အော်ဟစ်သံနှင့်အတူ ၊ လောင်ကျွမ်းနေသော မီးလျှံများက ဖုန်းမုရှင်း၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။
" ထာဝရ မီးလျှံ!"
တခြားပါရမီရှင်များနှင့် တိုက်ခိုက်နေသော ယုံမင်ဖီးနစ်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည်။
ရုတ်တရက် သူ့မျက်လုံးများသည် အရောင် တောက်ပလာပြီး ၊ သားကောင်ကို မြင်လိုက်ရသလိုမျိုး ကြည့်နေခဲ့သည်။
"ဟီးဟီး...ဒီ ထာဝရမီးလျှံက ငါ့အတွက် အရမ်းအသုံးဝင်တယ်..."
"ဒါက ငါ့ကို ထာဝရ နတ်ဖီးနစ်အဖြစ် ပြောင်းလဲပေးနိုင်မယ့် အရေးကြီးတဲ့ ပစ္စည်းတစ်ခုပဲ ၊ နောက်မှ အခွင့်စောင့်ပြီး ခိုးဝင်တိုက်ခိုက်ရမယ်..."
......
တခြားတစ်ဖက်တွင်။
လုံဟောက်နှင့် ယဲ့လင်ထျန်းတို့ အပြင်းအထန် တိုက်ခိုက်နေသည်။
ဘုန်း!
ပြင်းထန်သော နဂါးစွမ်းအင်များနှင့် လှံအရိပ်များ တစ်ခုနှင့်တစ်ခု ဆက်တိုက် အပြင်းအထန် ဝင်တိုက်ကြသည်။ နှစ်ဦးသား၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ပေါက်ကွဲမှုကြီးသည် တောင်တန်းများကို ပြိုကျပျက်စီးစေခဲ့သည်။
" ချိုးဖျက်ခြင်း နတ်ဘုရားလှံ !"
ယဲ့လင်ထျန်းသည် ဒေါသတကြီး ဟောက်လိုက်ပြီး ၊ သူ့ရှေးဟောင်းမျက်စံနှစ်မြွာ၏ ကောင်းချီးပေးမှုအောက်တွေ ၊
၎င်း၏ လှံစွမ်းအင်သည် မိုင်ထောင်ပေါင်းများစွာကို ထိုးဖောက်ဝင်ရောက်နိုင်သကဲ့သို့ အထွပ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။
သူ့လှံကို ပစ်ခွင်းလိုက်သည်နှင့် ၊ လှံ၏ ထိပ်ဖူးတွင် အလွန်တောက်လောက်သော နတ်အလင်းရောင်က ရစ်ဝဲထားသည်။
ထို့နောက်တွင် ၊ လှံရှေ့က နဂါးစွမ်းအင်တို့သည် တိုက်ရိုက် ဖျက်စီးခံလိုက်ရသည် ။
လုံဟောက်သည် သတိလက်မလွှတ်ဝံ့ပေ။
သူသည် ခံစစ်မှော်လက်နက်ကို အလျင်အမြန် အသုံးပြုခဲ့သည်။
ဝုန်း!
ကွဲအက်သံ!
ပေါက်ကွဲသံနှင့်အတူ ၊ လုံဟောက်၏ ခံစစ်လက်နက်သည် အပိုင်းပိုင်း ကွဲထွက်သွားခဲ့သည် ။
ဝုန်း! !
နောက်ထပ် လေခွင်းသံနှင့်အတူ ၊ လုံဟောက်သည် လှံ၏ ပစ်ခွင်းခြင်းကို ခံလိုက်ရသည်။
"ချီးပဲ!"
တုန်ရီနေသော မိမိ၏ လက်များကို ကြည့်ရင်း လုံဟောက်သည် ဒေါသထွက်သွားသည် ။
ကွေးယွမ် သူတော်စင် နယ်မြေရှိ ဘိုးဘေးများ၏ အကူအညီဖြင့် သူတော်စင် ခန္ဓာကိုယ်များသည် အပြီးတိုင် နိုးထလာနိုင်ခဲ့ပြီး သူတို့၏ ပေါက်ကွဲမှုစွမ်းအားသည် ၎င်းတို့နှင့်ပင် ပြိုင်ဆိုင်နိုင်သည်။
ယင်းက လီဟောက်ကို ပိုပြီး ခံပြင်းစေသည်။
သူသည် ကြီးကျယ်ခမ်းနားသော ရှေးခေတ်၏ အထွပ်အထိပ် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါသော်လည်း ယနေ့ခေတ်၏ မျိုးဆက်သစ်များနှင့် အဘယ့်ကြောင့် လက်ရည်တူ ဖြစ်နေရသနည်း။
ဒါ သူ့အတွက်တော့ လုံးဝ လက်မခံနိုင်စရာ အချက်ပင်။
အပိုင်း(၃၂၇): စူးချန်ကဲ အသတ်ခံရတယ်? ဒါမှမဟုတ် ငါ အထင်ကြီးလွန်းခဲ့တာလား
သူတော်စင် ခန္ဓာကိုယ်ပိုင်ရှင် အများအပြား ရှိသည်နှင့် အလျောက် ၊
အင်အားစုကြီးလေးခု၏ တပည့်အရေအတွက်သည် ကွေးယွမ် သူတော်စင် နယ်မြေနှင့် ယောင်ချီ သူတော်စင်နယ်မြေထက် ပိုများသည်။
သို့သော်လည်း သူတို့ မည်မျှပင် ကြိုးစားပါစေ တိုက်ပွဲ၏ အခြေအနေမှာ လုံးဝ တစ်ဖက်သတ်ပင်။
အစမှအဆုံး ကွေးယွမ် သူတော်စင် နယ်မြေအား နည်းနည်းလေးမှ မနှိမ်နင်းနိုင်သေးပေ။
" ငါ မြေအောက်ငရဲမှာ အခက်အခဲပေါင်းများစွာကို ဖြတ်သန်းလာခဲ့တာ ၊ ဒီလို ငါက သူတို့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးတဲ့လား?"
ထိုအချိန်တွင် အောက်ကျုံယန်သည် အနက်ရောင်ဆေးလုံးကို ထုတ်ယူလိုက်သည်။
တိ့ယွမ်ဆေး ။
ဤဆေးသည် မြေအောက်ကမ္ဘာမှ တားမြစ် ဆေးဖြစ်ပြီး ၊ ၎င်းတွင် အဆုံးမရှိသော တစ္ဆေစွမ်းအင်များ ပါ၀င်ပြီး ဤဆေးရရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။
တစ္စေလမ်းစဉ် ကျင့်ကြံသူ တစ်ဦးသည် ၎င်းကို သောက်သုံးပါက မိမိ၏ ကျင့်ကြံစွမ်းအားသည် အဆမတန် ကြီးမားလာပေမည်။
၎င်းသည် ဘေးထွက်ဆိုးကျိုး မရှိသော်လည်း၊ နောက်ပိုင်းတွင် လူကို ပင်ပန်းနွမ်းနယ်ပေလိမ့်မည်။
ဤဆေးသည် အောက်ကျုံယန်၏ ဝှက်ဖဲဖြစ်သည်။လက်ရှိ အခြေအနေသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာသောကြောင့် သူသည် ဤဝှက်ဖဲကို သုံးပေတော့မည်။
အောက်ကျုံယန်သည် တစ်ကျိုက်တည်း မျိုချလိုက်သည်။
ဝုန်း--
သူ့ပတ်ဝန်းကျင်တွင် ပြင်းထန်သော တစ္ဆေစွမ်းအင်များ ပျံ့လွင့်နေပြီး ၊ ကောင်းကင်နှင့် မြေကြီးပင်လျှင် တုန်လှုပ်မြည်ဟည်းနေသည်။
အနက်ရောင် အခိုးအငွေ့များသည် သူ့ထံမှ သဲကြီးမဲကြီး ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားလေသည်။
သူသည် ဗဟိုတွင် ရှိနေပြီး ၊ တဟုန်းဟုန်း တောက်လောက်နေသော အနက်ရောင် အငွေ့အသက်တို့သည် ဤနေရာတစ်ဝှမ်းလုံးကို ပျံ့နှံ့သွားကာ သူ့ခြေဖဝါးအောက်ရှိ ဧရိယာများသည်လည်း အနက်ရောင်အဖြစ် ဆေးခြယ်ခံထားရသည်။
မရေမတွက်နိုင်သော မဲနက်နေသော တစ္ဆေလက်များ ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ သူ့နောက်တွင် ပေထောင်ကျော် ရှည်လျားသော တစ္ဆေတစ်ကောင်ကဲ့သို့ လွန်စွာကြီးမားသော တစ္စေရုပ်သွင် တစ်ခု ပေါ်ထွက်လာခဲ့သည်။
ဝေါင်း!!
ကြောက်မက်ဖွယ်ရာ ဟောက်သံကို ထုတ်လွှတ်ခဲ့လေရာ ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားခဲ့ရသည်။
ရေညစ်ထဲတွင် လျို့ဝှက်ထားခဲ့သော တစ္ဆေလက်များသည် လမ်းကြောင်းမျိုးစုံမှ ထွက်ပေါ်လာပြန်၏။
စူးချန်ကဲသည် ထိုမြင်ကွင်းကို အပြုံးမပျက် ကြည့်နေခဲ့သည်။
"ကြည့်ရတာ ဒီကောင် ဆေးစွဲနေပုံပဲ "
"ငါလက်နဲ့ အဆုံးသတ်ပေးလိုက်တာက ပိုကောင်းလိမ့်မယ်"
စူးချန်ကဲသည် လီဟောက်ထျန်းကို ဆိုလိုက်သည်။
"ညီလေး ဟောက်ထျန်း၊ ရှေ့ဆက်ပြီး ငါနဲ့ လွှဲထားလိုက်တော့ "
"ကောင်းပါပြီ၊ ဆက်ခံသူ သခင်ကို အကူညီတောင်းရတော့မယ် "
လီဟောက်ထျန်းသည် စူးချန်ကဲ၏ စကားကို နားထောင်ပြီး ခေါင်းညိတ်လိုက်သည်။
ယခုအချိန်သည် အောင်မြင်မှုအတွက် တွယ်ကပ်နေရမည့် အချိန်မဟုတ်ပေ။ထို့အပြင် တဖက်လူ၏ ထူးဆန်းသော အသွင်ကူးပြောင်းမှုကို သူလည်း ခံစားခဲ့ရသည်။
၎င်းသည် အသက်နှင့်ရင်းပြီး တိုက်ခိုက်တော့မည့် ပုံရသည် ။
သူ့အနေဖြင့် မကြောက်သော်လည်း ၊ ရန်သူကို လုံး၀ နှိမ်နင်းနိုင်မည်ဟု ယုံကြည်ချက်မရှိပေ။အကယ်၍ ကွေးယွမ်ရှိ တခြားတပည့်များအပေါ် သက်ရောက်မှုရှိသွားခဲ့ပါက ၊
မျှော်လင့်မထားသော ဆုံးရှုံးမှုများ ဖြစ်မည်ကို စိုးရသည်။
" စူးချန်ကဲ !!"
" လူကို အထင်မသေးနဲ့ !!"
အဘယ်ကြောင့်ဆိုသော် စူးချန်ကဲသည် တဖက်လူ၏ ရှေ့တွင် ပြောင်ပြောင်တင်းတင်း ပြောဆိုခဲ့သောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် အောက်ကျုံယန်သည် ပို၍ ဒေါသထွက်သွားသည်။
သူသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ချပစ်လိုက်သည်။
ဘုန်း!!
ကွဲအက်သွားသော မြေကြီးမှ ထောင်ပေါင်းများစွာသော သေခြင်းစွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး ၊ နောက်ဆုံးတွင် အနက်ရောင် ဓားတစ်လင်အဖြစ်သို့ ပြောင်းလဲသွားကာ စူးချန်ကဲထံသို့ ပြေးဝင်သွားသည်။
ကွက်လပ်ကို ဖြတ်သွားသည်နှင့်အမျှ လေထုအလွှာများ တစ်ခုပြီးတစ်ခု ယိုယွင်းပျက်စီးသွားသကဲ့သို့ ဆွေးမြေ့နေသော အနံ့တစ်ခု ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
"ဖြတ်"
စူးချန်ကဲသည် ဤမြင်ကွင်းကို ဂရုမစိုက်ဘဲ စကားလုံး တစ်လုံးကိုသာ ရေရွတ်လိုက်သည်။
ရုတ်တရက် ကောင်းကင်ယံထက်တွင် ဓားပိုက်ကွန်သဖွယ် သန်းပေါင်းများစွာသော ဓားရှည်များ ကျရောက်လာခဲ့သည်။
စူးချန်ကဲသည် သူ့လက်ချောင်းများကို တချက်လှုပ်ရှားလိုက်သည်နှင့်အမျှ အဆုံးမရှိသော ဓားပိုက်ကွန်သည် စဉ်ဆက်မပြတ် လည်ပတ်ကာ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များ ထွက်ပေါ်လာသည်။ယင်းဓားစွမ်းအင်များကြောင့် ဤကမ္ဘာကြီးတစ်ခုလုံးမှာ ကွဲကြေသွားမတတ်ပင်။
ဝုန်း !
တစ်ချိန်တည်းမှာပင် ၊ နှစ်ဖက်လုံး၏ တိုက်ခိုက်မှုသည် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။
တစ္ဆေစွမ်းအင်ဓားသည် ကွဲအက်သွားသည်ကို တွေ့လိုက်ရသည်နှင့် တပြိုင်နက် အောက်ကျုံယန်သည် သူ့ကိုယ်ပိုင် ရောင်ဝါကို ပြန်လည် အသက်သွင်းခဲ့သည်။
သူ့နောက်တွင် ရှိနေခဲ့သည့် ပေတစ်ထောင်ရှည်လျားသော တစ္ဆေအရိပ်သည်လည်း သူ့လက်ကို ဆန့်တန်းခဲ့ပြီး အဆုံးမဲ့ လက်ဝါးများကို ထုတ်လွှတ်ကာ တိုက်ခိုက်လာခဲ့သည်။
"ဓားအက္ခရာ! "
စူးချန်ကဲ၏ လက်ချောင်းများသည် တစ်ဖန် လှုပ်ရှားသွားခဲ့ပြီး ဓားများကို ညွန်ကြားခဲ့သည်။
အောက်သို့ ကျရောက်လာခဲ့သော ဓားများသည် မပျက်စီးနိုင်သော အလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး တောက်ပမှုနှင့်အတူ ထိုအဆုံးမဲ့ လက်ဝါးရိုက်ချက်များကို ချက်ခြင်း ဖြိုခွဲပစ်လိုက်သည်။
ဤလှုပ်ရှားမှုသည် ကောင်းကင်နှင့် မြေကြီးတို့ပင်လျှင် ထက်ဝက် ကွဲသွားတော့မည့် အတိုင်းပင်။
သို့သော် အောက်ကျုံယန်သည်လည်း လွယ်လွယ်နဲ့ လက်မလျှော့မည်မှာ ထင်ရှားပေသည်။
ရန်သူတစ်ထောင်ကို သတ်ပြီး သူ့ကိုယ်သူ ရာဂဏန်းထိ ပျက်စီးစေမည့် တားမြစ်ပညာကို အသုံးပြုခဲ့သည်။
သူ့လက်ချောင်းများဖြင့် ရှုပ်ထွေးသော မှော်တံဆိပ်တစ်ခုကို ဖန်တီးလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲမှ အမှောင်ရောင်ဝါများ ထွက်ပေါ်လာခဲ့သည်။
သူ့မျက်လုံးများမှာ နီရဲလို့လာ၏။
"ငရဲတံခါး!"
ထိုအချိန်တွင် ကောင်းကင်မှ ပြင်းထန်သော တစ္ဆေစွမ်းအင်များ ကျဆင်းလာခဲ့သည်။
နောက်ဆုံးတွင် အပြန်အလှန် ဆွဲငင်နေသော ငရဲတံခါးပေါက် နှစ်ချပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
တံခါး၏ ဘောင်တန်းအား ပင့်ကူခေတ္တာပန်းများ ၊ အရိုးစုများနှင့် ဦးခေါင်းခွံများ စသည့် ရက်စက်ကြမ်းကြုတ်သော ဒီဇိုင်းများဖြင့် ထွင်းထုထားသည်။ ငရဲဆယ့်ရှစ်ထပ်ကဲ့သို့ ကြောက်စရာကောင်းသော မြင်ကွင်းနှင့် ပို၍ဆင်တူသည်။
ဤကြီးမားသော ငရဲတံခါးသည် ကောင်းကင်ပမာ မြင့်မားပြီး ၊ ကောင်းကင် နှင့် မြေကြီးကို ပိုင်းခြားထားကာ စူးချန်ကဲ၏ ဘေးတစ်ဖက် တစ်ချက်တွင် ရပ်နေသည် ။
“ ပေါင်းစည်း!”
ရုတ်တရက်ပင် ၊ အောက်ကျုံယန်သည် အော်ဆိုလိုက်ပြီး ဖွင့်ထားသော သူ့လက်ဝါးကို ပိတ်ချလိုက်သည်။
ဘုန်း—
ကြီးမားသော ငရဲတံခါးနှစ်ချပ်ထံမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤအသံကြောင့် ကောင်းကင်နှင့်မြေကြီးများပင်လျှင် တုန်ခါသွားသည်။ထိုကြီးမားသော တံခါးနှစ်ချပ်သည် တစ်ခုနှင့်တစ်ခု တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။
စူးချန်ကဲကို နှိမ်နင်းလိုသကဲ့ ထောင်ပေါင်းများစွာသော ချုပ်လှောင်ခြင်း ကြိုးများသည် ငရဲတံခါးထဲမှ ထွက်လာခဲ့သည်။
အောက်ကျုံယန်မှ သူ့လက်ဖဝါးကို ပိတ်ချလိုက်သည့် အခိုက်မှာပင် ၊ ထိုကြီးမားသော ငရဲတံခါး နှစ်ချက်သည် အတူတူပေါင်းစပ်သွားကာ တပြိုင်နက်တည်း ပိတ်သွားခဲ့သည်။
စူးချန်ကဲသည် အမှောင်ထု၏ ဝါးမျိုခြင်းကို ခံရသကဲ့သို့ ဤကြီးမားသော ငရဲတံခါးထဲသို့ တိုက်ရိုက် ပျောက်ကွယ်သွားခဲ့သည်။
စူးချန်ကဲရှိခဲ့သော နေရာအရပ်တွင် ထူးဆန်းသော တံခါးပေါက်တစ်ခုသာ ကျန်ရစ်ခဲ့သည်။
" ဆက်ခံသူ သခင်!"
ကွေးယွမ်မှ တပည့်များစွာသည် အခြေအနေမကောင်းကြောင်း မြင်သည်နှင့် အပြေးအလွှား ကူညီရန်သွားရောက်ခဲ့သည်။
" ဟွန့်! မင်းတို့ရဲ့ ချန်ကဲ ဆက်ခံသူကို ငါ့သခင်က နှိမ်နှင်းလိုက်ပြီ ၊ မင်းတို့ လက်နက်ချဖို့ ငါအကြံပေးချင်တယ်"
သို့သော် မြေအောက်ကမ္ဘာမှ လူတချို့သည် ရွဲ့စောင်းသောအမူအရာများဖြင့် သူတို့၏ လမ်းကို ပိတ်ဆို့ထားကြသည်။
' ငရဲ တံခါး ' ဤအရာသည် သူတို့ မြေအောက်ကမ္ဘာ၏ တားမြစ်ပညာရပ်တစ်ခုပင် ဖြစ်သည်။
ဤမှော်အစွမ်းကို အလွန်အင်အားကြီးမားသော သူများသာ သင်ယူနိုင်ပြီး ၊ သူတို့ မြေအောက်ကမ္ဘာ၏ သမိုင်းတစ်လျှောက်တွင် ဤပညာရပ်ကို သင်ယူနိုင်သူမှာ အမြောက်အမြားမရှိပေ။ ဤအချင်းအရာကို ကြည့်ခြင်းအားဖြင့် တားမြစ်ပညာရပ်သည် မည်မျှကြောက်ဖို့ကောင်းမှန်း သိနိုင်ပေသည်။
ထို့အပြင်၊ ဤတားမြစ်ပညာရပ်ကို တွေ့ကြုံရသူတိုင်း ပြန်လမ်းမရှိပေ။ စူးချန်ကဲဆိုတောင် သေရပေမည်။
“ သွေးအန်သံ....”
စူးချန်ကဲအား ပိတ်လှောင်ပြီးနောက်တွင် အောက်ကျုံယန်သည် သူ့ပါးစပ်ထဲက သွေးများကို အန်ထုတ်လိုက်သည်။
ဤတားမြစ်ပညာရပ်ကို အသုံးပြုခြင်းသည် မှော်စွမ်းအားများစွာ လိုအပ်ရုံသာမကဘဲ သူ့ကိုယ်ပိုင်အသက်နှင့်လည်း ပေးဆောင်ရန် လိုအပ်ပေသည်။
ထို့ကြောင့် ၎င်းကိုအသုံးပြုပြီးနောက် အောက်ကျုံယန်မှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
"ဟားဟား...ဒီလိုဆိုလည်း ...ဘာဖြစ်လဲ?"
သူသည် ငရဲတံခါးကို ရွဲ့စောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
" ဘာကို လူငယ် တားမြစ်ချက်လဲ ...နောက်ဆုံးတော့လည်း ငါလက်ထဲမှာ ရှုံးနိမ့်ခဲ့ရတာပဲ မဟုတ်လား"
အောက်ကျုံယန်သည် အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။
စူးချန်ကဲကို သတ်ခဲ့သူ !
သူသည် စူးချန်ကဲ ရရှိထားသော ဂုဏ်သိက္ခာ တွေထက်ကို ပို၍ သာလွန်သော ဂုဏ်သိက္ခာကို ရရှိပေတော့မည်။
ဤတိုက်မြေ သုံးထောင်တွင် ထာဝရ ပျက်ပြယ်မသွားမည့် ဒဏ္ဍာရီတစ်ပုဒ်ကို ထားခဲ့နိုင်သည့်အပေါ် သူ အဘယ့်ကြောင့် စိတ်မလှုပ်ရှားဘဲ နေပါ့မလဲ?
"အစတုန်းကတော့ နှိပ်ကွပ်ခံရတဲ့ ခံစားချက်က ဘယ်လိုလဲလို့ သိချင်နေခဲ့တာ "
ထိုစဉ် စူးချန်ကဲ၏ အသံသည် ငရဲတံခါးဝတွင် ထွက်ပေါ်လာသည်။
"ဒါပေမယ့် ငါ မင်းကို အထင်ကြီးလွန်းခဲ့တယ်"
အပိုင်း(၃၂၈): နောက်ဆုံး ရူးသွပ်မှု
ရုတ်တရက် ထွက်ပေါ်လာသော စကားများသည် အောက်ကျုံယန်၏ မျက်နှာပေါ်က အပြုံးများကို အေးခဲသွားစေခဲ့သည်။
သူမသည် ငရဲတံခါးကို လှမ်းကြည့်လိုက်သည်။
မူလက သောက်သုံးခဲ့သော စိတ်ကြွဆေးပြား၏ အာနိသင်သည် လုံးဝပျောက်ကွယ်သွားပြီး ၊ ယင်းအစား အဆုံးမဲ့ကြောက်ရွံ့မှုများက အစားထိုး ဝင်ရောက်လာခဲ့သည်။
“ဒါ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?”
အောက်ကျုံယန်၏ လေသံသည် အနည်းငယ် ထိတ်လန့်နေပုံပေါ်သည်။
"မင်းဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ!"
သို့သော် ထိုစကားများ၏အဆုံးတွင် ၊
ရွှမ်း ရွှမ်း!!
တောက်ပသော ဓားအလင်းများသည် ငရဲတံခါးကို ကန့်လန့်ပိုင်းဖြတ်သွားသည်။
မူလက မှောင်မိုက်နေသော ငရဲတံခါးပေါ်တွင် နေ့အလင်းရောင်ကဲ့သို့ တောက်ပမှု အကြွင်းအကျန်များ ကျန်ရစ်ခဲ့လေသည်။
ကာခ် !
ဝုန်း!
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၊ ကောင်းကင်ပမာ မြင့်မားသော ငရဲတံခါးကြီးသည် ပြိုကျလာခဲ့ပြီး အနက်ရောင် အခိုးအငွေ့များ အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
ဤမြင်ကွင်းကို ကြည့်ရှုသူတိုင်း အံ့ဩခြင်းများဖြင့် ပြည့်နှက်နေပြီး ၊ အထူးသဖြင့် မြေအောက်ကမ္ဘာ၏ ပါရမီရှင်များအားလုံး မှုန်ကုပ်သွားခဲ့ကြသည်။
သူတို့ ခေါင်းဆောင်ရဲ့ တားမြစ် နည်းပညာရပ်ကတောင် စူးချန်ကဲကို မသတ်နိုင်ဘူးတဲ့လား?
ဤတားမြစ် နည်းပညာရပ်ကို အောက်ကျုံယန်သည် ဖယောင်းငရဲတွင် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သောကြောင့် အတော်လေး ကျွမ်းကျင်သည်ဟု ဆိုနိုင်သည်။ သို့ဖြစ်၍ ၎င်း၏ သတ်ဖြတ်ခြင်းစွမ်းအားသည် မယှဉ်ပြိုင်နိုင်လောက်သည့်အထိ အလွန် အားကောင်းပေသည်။
စူးချန်ကဲသည် အဘယ့်ကြောင့် ဤမျှ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ခဲ့သနည်း။
ဝူး ဝူး ——
ထိုအချိန် ၊ တသိမ့်သိမ့် ရိုက်ခတ်နေသော အမည်းရောင် မီးခိုးများကြား ခြေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုခြေသံနှင့်အတူ ၊ ဓားတစ်လက်၏ တောက်ပသော အလင်းသည်လည်း ရောင်ပြန်ဟပ်လျက် ထွက်ပေါ်လာသည်။
ပို၍ နီးကပ်လာသည်နှင့်အမျှ ၊ စူးချန်ကဲ၏ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူသည် ဘာမှမထူးခြားသော အမူအရာဖြင့် ရှိနေပြီး ၊ လှိုင်းထမသွားသော သူ၏ မျက်ဝန်းများက တည်ငြိမ်မှု နှင့် ပေါ့ပါးမှုကို ထုတ်ဖော်ပြသနေသည်။
ဤအခိုက်အတန့်တွင် စစ်မြေပြင်တွင် တိုက်ပွဲဝင်နေကြသူတိုင်း အေးခဲစွာဖြင့် ရပ်ကြည့်နေမိသည်။
" ဆက်ခံသူ သခင်!"
"စူး..စူးချန်ကဲ ... ဘာမှမဖြစ်ဘူး?"
ကွေးယွမ် သူတော်စင် နယ်မြေနှင့် ယောင်ချီ သူတော်စင်နယ်မြေရှိ လူတိုင်း ဝမ်းသာသွားကြသည်။
သို့သော် အင်အားစုကြီး လေးခု၏ တပည့်များသည် ဖြူဖျော့သွားကြပြီး ၊ ကြောက်ရွံ့မှုများက ၎င်းတို့၏ စိတ်ကို စိုးမိုးထားသည်။
အထူးသဖြင့် ကောင်းကင်ဓားမှ ရောင်ပြန်ဟပ်လာသော အေးစက်သော အလင်းရောင်ကို သူတို့အားလုံး တိုက်ရိုက် မကြည့်ဝံ့ပေ။
ထိုအချိန်တွင် စူးချန်ကဲသည် အောက်ကျုံယန်ကို လှမ်းကြည့်လိုက်သည်။
"အခု ငါ့အလှည့်ပဲ"
စကားပြောပြီးသည်နှင့် စူးချန်ကဲ၏ ခန္ဓာကိုယ် တစ်ခုလုံး ဝင်းထိန်တောက်ပသွားပြီး ၊ ထို့နောက် သူ၏ ရုပ်သွင်သည် တဟုတ်ချင်း နေရာမှ ပျောက်ကွယ်သွားသည်။
တစ်ဖန် ပြန်ပေါ်ထွက်လာချိန်တွင် အောက်ကျုံယန်၏ ခေါင်းပေါ်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။
မည်သည့် အပိုစကားမှမဆိုဘဲ ဓားကို ကိုင်မြှောက်ကာ ခုတ်ပိုင်းလိုက်သည်။
ရွှမ်း!!
ပြင်းထန်သော လေခွင်းသံနှင့်အတူ ၊ တောက်လောင်နေသော အဖျက်ဓားအလင်းသည် အောက်ကျုံယန်၏ ဦးခေါင်းကို အပေါ်မှအောက်သို့ ခုတ်ပိုင်းလိုက်သည်။
"ငါ စောနက ခွန်အားတွေ အရမ်းသုံးမိခဲ့တယ် ၊ အခု မလှုပ်နိုင်တော့ဘူး..."
အောက်ကျုံယန်၏ မျက်လုံးများသည် နီရဲနေပြီး ဒေါသသံဖြင့် ဆိုလိုက်သည်။
" ငါ့အသက်ကိုကယ်တင်ဖို့ ဒီလိုအဖိုးတန် ရတနာကို ထုတ်သုံးရလိမ့်မယ်လို့ မျှော်လင့်မထားဘူး!"
သူမသည် တုံ့ဆိုင်းခြင်းမရှိ နက်ပြာရောင် ကျောက်စိမ်းတုံးကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော နိယာမတရားများ လှည့်လည်နေပြီး ၊ အထဲမှ ကြွယ်ဝသော အချိန်စွမ်းအင်များ ပျံ့နှံ့ထွက်ပေါ်လာသည်။
ထိုကျောက်စိမ်း၏ ပတ်ပတ်လည်တွင် ရှိသော အချိန်များပင်လျှင် နှေးကွေးလာသည်။
အချိန်အာကာသ ကျောက်စရစ်ခဲသည် သူတို့ မြေအောက်ကမ္ဘာ၏ အချိန်လျှို့ဝှက်နယ်မြေမှ ရရှိလာသော ရတနာတစ်ခုပင် ဖြစ်သည်။
ပြင်းထန်သော ထိုးနှက်ချက်များကို ရှောင်ရှားရန် အချိန်ကို ခဏရပ်ထားနိုင်သည်။
" ရှုံချီ! နင် မမြင်ဘူးလား?"
တစ်ချိန်တည်းမှာပင် ၊ အောက်ကျုံယန်သည် ငရဲနန်းတော်၏ ခေါင်းဆောင်ရှုံချီ ကို အကူအညီ တောင်းလိုက်သည်။
"ငါသေရင် နင် မြေအောက်ကမ္ဘာကို ဘယ်လို ဖြေရှင်းချက်ပေးမှာလဲ!"
သို့သော် သူမသည် အချိန်အာကာသ ကျောက်စရစ်ခဲကို အသက်သွင်းရန် သူမ၏ လက်ကျန်စွမ်းအားကို အသုံးပြုခဲ့ရပြီး ၊ သူမ၏ လက်များသည် ရပ်နားခြင်းမရှိ လှုပ်ရှားနေခဲ့သည်။
အချိန်နိယာမ စွမ်းအားသည် သူမကို ဗဟိုပြုကာ သက်ဝင်လှုပ်ရှားနေသည်။
“အို?”
ဤဖြစ်စဉ်တွင် စူးချန်ကဲသည်လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
အချိန်အနည်းငယ် နှေးကွေးသွားစေသည့် ထူးဆန်းသော ရောင်ဝါကို သူလည်း ခံစားလိုက်ရသည်။
"ကြွက်စုတ်လေး၊ ရတနာတွေ မနည်းဘူးပဲ"
စူးချန်ကဲက လှောင်ပြောင်လိုက်သည်။
" ဒါပေမဲ့ ၊ ဘာအသုံးဝင်မှာလဲ?"
ဝုန်း!
ရုတ်တရက် ၊ ဓားအလင်းသည် တိုက်ရိုက် ကျဆင်းလာခဲ့သည်။
တခဏချင်းမှာပင် ၊ ပြင်းထန်သော ဓားစွမ်းအင်သည် နေရာပေါင်းစုံကို ရွေ့လျားသွားပြီး မြေကြီးများ အလွှာလိုက် ကွဲအက်သွားသည် ။
ကြောက်ခမန်းလိလိ ဓားစွမ်းအင်သည် ထိုနေရာတစ်ဝိုက်တွင် တခဏချင်း ပျံ့နှံ့သွားခဲ့ပြီး၊ ယင်းဓားစွမ်းအင်လှိုင်းကြောင့် ဘေးပတ်ပတ်လည်တွင် ရှိနေခဲ့သော လူများအား အချိန်မီ မတုံ့ပြန်နိုင်ဘဲ လွှင့်ထွက်သွားကြသည်။
ဤတိုက်ခိုက်မှုအပြီးတွင် ၊ စူးချန်ကဲသည် လက်တစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"မင်းက မိန်းမမို့လို့ ၊ ငါ မင်းကို သနားမယ်လို့ မထင်နဲ့"
စူးချန်ကဲသည် သူ့လက်ကို အနည်းငယ် အားထည့်လိုက်သည်နှင့် ၊ ထိုလက်မောင်း တစ်ဖက်သည် မီးခိုးငွေ့အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားလေသည် ။
စူးချန်ကဲနှင့် သိပ်မဝေးသော နေရာတွင် ရှုံချီသည် အသက်ပြင်းပြင်း ရှူရှိုက်နေသော အောက်ကျုံယန်ကို တွဲဖက်ထားသည်။
ယခုအချိန်တွင် အောက်ကျုံယန်သည် ညာလက်မောင်းကို ဆုံးရှုံးခဲ့ရသောကြောင့် သွေးများစွာ ထွက်နေပြီး ၊ ပြင်းထန်သော နာကျင်မှုက သူမကို ပို၍ အရှက်တကွဲဖြစ်စေသည်။
သူမသည် နှစ်ပေါင်းများစွာ တံဆိပ်ခတ်ခံထားရသော ကြီးကျယ်ခမ်းနားသော ရှေးခေတ် အထွဋ်အမြတ် ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။ မြေအောက် ဖယောင်းငရဲတွင် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရပြီး သူမ ဘဝတစ်လျှောက်လုံး သင်ယူခဲ့သမျှကို အသုံးပြုကာ စူးချန်ကဲကို ချေမှုန်းရန် ကြိုးစားခဲ့သည်။
သို့သော် ရှက်စရာကောင်းလောက်အောင် ရှုံးနိမ့်ခဲ့ရသည်။
" ကြည့်ရတာ တခြားနည်းလမ်းမရှိတော့ဘူး ၊ ငါတို့ ဒီလှည့်ကွက်ကိုပဲ သုံးလို့ရတော့မယ်"
ရှုံချီ၏ လေသံသည် အေးစက်နေသည် ။ "မဟုတ်ရင် ငါတို့ ကျိန်းသေပေါက် ကျရှုံးလိမ့်မယ်"
"ဟား...."
"ဘာပဲဖြစ်ဖြစ် သေမှာပဲ၊ အဲ့အစား အဖော်ပြုဖို့ တစ်စုံတစ်ယောက်ကို ဘာလို့ မခေါ်နိုင်ရမှာလဲ?"
အထူးသဖြင့် စူးချန်ကဲ၏ အေးဆေးတည်ငြိမ်သောအကြည့်သည် လူကို ပို၍အရှက်ရစေပြီး အတော်ပင် ဒေါသထွက်စေသည်။
ထို့အပြင်၊ တိုက်မြေ သုံးထောင်၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြင့် သေပွဲဝင်ရခြင်းသည် သူတို့အတွက်တော့ အရှုံးမရှိပေ။
ထိုအချိန် ၊ အောက်ကျုံယန် နှင့် ရှုံချီတို့၏ ရောင်ဝါတို့သည် တစ်ချိန်တည်း ထွက်ပေါ်လာခဲ့သည်။
ကြာရှည်စွာ ချိတ်ပိတ်ခံထားရသကဲ့သို့ ရောင်ဝါများသည် အလွန် ရှေးကျပေသည်။
သူတို့နှစ်ဦး၏ လှုံ့ဆော်မှုနှင့်အတူ ၊ ထိုရောင်ဝါသည် ဖြည်းဖြည်းချင်း နိုးထလာခဲ့သည်။
ဤသည်မှာ မြေအောက် ဖယောင်းငရဲတွင် သင်ယူခဲ့သော ' ကောင်းကင်-သတ်ဖြတ်ခြင်း မိစ္ဆာနတ်ဆိုးအခင်းအကျင်း ' ၏ပေါင်းစပ်တိုက်ခိုက်မှု ပညာရပ်ပင် ဖြစ်သည်။
ဤရှေးဖွဲ့စည်းပုံသည် မရဏကမ္ဘာ၏ အမတရှင် ခြောက်ပါးခေတ်မှ ကျန်ရစ်ခဲ့သည့် ဒဏ္ဍာရီလာ အမတရှင်၏ ဖွဲ့စည်းပုံကိုတောင် ယှဉ်နိုင်သည်။
သူတို့နှစ်ဦးသည် အားနည်းပြီး စွမ်းအားအလုံးစုံကို အသုံးမချနိုင်သော်လည်း၊ မိမိ၏အသက်ဖြင့် ယဇ်ပူဇော်ပါက
ဤဖွဲ့စည်းပုံ၏ စွမ်းအားသည် ဧကရာဇ်မင်းအဆင့် စွမ်းအားရှင်များကိုတောင် သေစေနိုင်သည်။
“.....”
သူတို့နှစ်ဦး၏ ခန္ဓာကိုယ်မှ အဖျက်စွမ်းအားများ တသိမ့်သိမ့် ရိုက်ခတ်ကာ ထွက်ပေါ်လာသည်။
သူတို့နှစ်ဦး၏ အသက်ရှုသံများသည် အချင်းချင်း ပဲ့တင်ထပ်နေကြသည်။
"မကောင်းတော့ဘူး ချန်ကဲ ဆက်ခံသူမှာ အန္တရာယ်ရှိနေပြီ၊ ငါတို့ သွားပြီး ကူညီကြမယ်"
ဤကြောက်စရာကောင်းသော မြင်ကွင်းကို မြင်သည်နှင့် တစ်စုံတစ်ခုမှားနေပြီ ဖြစ်ကြောင်း သတိထားမိကာ ကွေးယွမ် သူတော်စင် နယ်မြေနှင့် ယောင်ချီ သူတော်စင်နယ်မြေရှိ လူတိုင်း သွားရောက်ကူညီရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း မကောင်းဆိုးဝါး မျိုးနွယ်စုဝင် ပါရမီရှင်များသည် ၎င်းတို့အား လုံးဝအခွင့်အရေးမပေးချေ။ သူတို့အားလုံးကို အရူးအမူး ပိတ်ဆို့တားဆီးထားသည်။
"စူးချန်ကဲ ဒီနေ့ သေချာပေါက် သေရမယ်၊ မင်းတို့ အဲဒီကို သွားဖို့ မစဉ်းစားနဲ့!"
" စူးချန်ကဲ မသေရင် ငါတို့မျိုးနွယ်စု ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ဘူး!"
"မှန်တယ်၊ စူးချန်ကဲကိုသာ သတ်နိုင်မယ်ဆိုရင် ငါ့ကိုယ်ငါ ဘာလို့မပေးဆပ်ရဲရမှာလဲ!?"
"..."
စူးချန်ကဲသည် အလွန်ကို သန်မာပေသည်။ သူတို့၏ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းတွင် အလွန် သန်မာသော မကောင်းဆိုးဝါး မျိုးနွယ်ဝင်များ ရှိသော်လည်း၊
သို့သော် စူးချန်ကဲကို နှိမ်နင်းဖို့မဖြစ်နိုင်မှန်း သိထားသည်။
ယနေ့တွင် စူးချန်ကဲကို သတ်နိုင်ခဲ့မည်ဆိုပါက ၊ သူတို့သည် မကောင်းဆိုးဝါးမျိုးနွယ်ဝင် သူရဲကောင်းများ ဖြစ်လာပေတော့မည်။
အပိုင်း(၃၂၉): တစ္ဆေစစ်သူကြီး ခုနှစ်ယောက်နှင့် မဟာယာမ ကိုးယောက်
" လာပြန်ပြီ ၊ တားမြစ်မှော်ပညာရပ်တဲ့လား?"
ထိုမြင်ကွင်းကိုကြည့်ရင်း စူးချန်ကဲက ရယ်လေသည်။
" မင်းတို့ရဲ့ တားမြစ်မှော်ပညာရပ်နဲ့ ကစားနေဖို့ ငါ့မှာအချိန်မရှိဘူး "
ချွင်——
ကျယ်လောင်သော ဓားသွားသံနှင့်အတူ စူးချန်ကဲသည် သူ့ဓားကို မြှောက်ကာ အရေးယူရန်ဟန်ပြင်လိုက်စဉ် ၊
အထက်ဝေဟင်တွင် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ ရုတ်တရက် ဆင်းသက်လာခဲ့သည်။
" စူးချန်ကဲ မင်းရှေ့ဆက်တိုးဖို့မစဉ်းစားနဲ့!"
ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ အားကောင်းသော ရောင်ဝါများကို ပိုင်ဆိုင်ထားသော လူများထွက်လာခဲ့သည်။
လူတစ်စုသည် အနက်ရောင် ၀တ်စုံများနှင့် မျက်နှာဖုံးများကို ၀တ်ဆင်ထားသည်။
ကျန်လူတစ်စုသည် သွေးနီရောင် ၀တ်စုံများ ၀တ်ဆင်ထားပြီး ၊ ငွေဖြူရောင် ဆံနွယ်များက လေနှင့်အတူ မျှောလွင့်နေသည်။
ဤလူများအားလုံးသည် ထိပ်တန်းသူတော်စင် နယ်ပယ်အဆင့်ရှိသော စွမ်းအားရှင်များပင်ဖြစ်သည်။
၎င်းတို့ ရောက်ရှိလာမှုသည် မြေအောက်ကမ္ဘာနှင့် ငရဲနန်းတော်မှ ပါရမီရှင်များကို ပျော်ရွှင်သွားစေခဲ့သည်။
"ဒါက ငါ့မြေအောက်ကမ္ဘာရဲ့ တစ္ဆေစစ်သူကြီး ခုနစ်ယောက်ပဲ၊ နောက်ဆုံးတော့ သူတို့က ငါတို့ကို ထောက်ပံ့ဖို့ ရောက်လာကြပြီပဲ "
"တစ္ဆေစစ်သူကြီး ခုနစ်ယောက်စလုံးက မြေအောက်ကမ္ဘာရဲ့ ရှေးဘိုးဘေး အနွယ်ဝင် အသွေးအသားကို ပိုင်ဆိုင်ထားကြတယ်၊ သူတို့ ခုနစ်ယောက်ရဲ့ ပေါင်းစပ်တိုက်ခိုက်မှုက တန်ခိုးကြီးတဲ့ ဧကရာဇ်မင်း တစ်ပိုင်းအဆင့်ကိုတောင် သတ်ပစ်နိုင်တယ်!"
"ငါ့ငရဲနန်းတော်ထဲက မဟာယာမကိုးယောက်လည်း ရောက်လာတယ် ၊ သူတို့က ရှုံချီ လူကြီးမင်းကလွဲရင် အလွန်အားကောင်းတဲ့ ပါရမီရှင်ကိုးယောက်ပဲ!"
"ဒီလို အားကောင်းတဲ့ မဟာမိတ်တွေနဲ့သာဆို စူးချန်ကဲ သေချာပေါက် သေလိမ့်မယ်!"
"...."
မြေအောက်ကမ္ဘာ၏ တစ္စေစစ်သူကြီး ခုနှစ်ဦးနှင့် မဟာယာမကိုးယောက်တို့သည် ၎င်းတို့နှစ်ဦး၏ မူလ ဝှက်ဖဲများ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လူဝင်စားမြစ်ထဲသို့ ဝင်ရောက်ပြီးနောက်မှသာလျှင် တိုက်ခိုက်ရန် ပြင်ဆင်ထားသောကြောင့် ဖြစ်သည်။
သို့သော် ယခု စူးချန်ကဲ မသေပါက ၊ အစီအစဉ်ကို ထည့်မပြောရသေးခင် သူတို့အားလုံး အရင် ပျက်သုဉ်းသွားပေလိမ့်မည်။
ထို့ကြောင့် သေချာစဉ်းစားပြီးနောက် ၊ သူတို့နှစ်ဦးသည် ၎င်းတို့၏ ကိုယ်ပိုင်ဝှက်ဖဲကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။
"စိတ်ဝင်စားဖို့ ကောင်းတယ်"
စူးချန်ကဲသည် ဝေဟင်ထက်က လူတစ်စုကို လှောင်ပြောင်မှု အပြည့်ဖြင့် ကြည့်လိုက်သည်။
" မြေအောက်ကမ္ဘာနဲ့ ငရဲနန်းတော်က ကျုံယုံ(ငရဲကိုးထပ်)ကို ဝင်ပြီး ကိစ္စကြီးမားမားလုပ်ဖို့ အစီအစဉ်ရှိတဲ့ပုံပဲ "
“ ဒီလောက် ခွန်အားကြီးတဲ့သူတွေ အများကြီး စေလွှတ်ထားတာဆိုတော့ ခဏနေ အသက်ရှင်လျက် ဖမ်းပြီး ကောင်းကောင်းကြီး စစ်မေးရမယ် "
" အခြေအနေက ဒီထိတောင် ဖြစ်လာခဲ့ပြီ၊ မင်းက ငါတို့ကို အရှက်ခွဲဖို့ အတော်လေး သတ္တိရှိနေသေးတယ်ပေါ့ !"
၎င်းတို့သည် စူးချန်ကဲ၏စကားကြောင့် ဒေါသထွက်သွားကြသည်။
ပြင်းထန်သော စွမ်းအားများသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲလာခဲ့ပြီး ၊ ဆိုးရွားသော ရောင်ဝါလှိုင်းများသည် ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထို့နောက် ကောင်းကင်ပြင်ကြီးကို ဖုံးလွှမ်းသွားစေသည့်အထိ ဦးခေါင်းခွံများနှင့် သရဲတစ္ဆေအရိပ်များ ထွက်ပေါ်လာခဲ့သည်။
လေအေး တိုက်ခတ်သံနှင့်အတူ ၊ တစ္စေငိုကြွေးသံများကြား ဟင်းလင်းပြင် ကွက်လပ်ထဲမှ မရေမတွက်နိုင်သော တစ္စေပုံရိပ်များ ထွက်ပေါ်လာကြသည်။
ရာနှင့်ချီသော တစ္စေလှိုင်းများ သည်းထန်စွာ ရိုက်ခတ်နေသလိုပင်။
သို့သော် စူးချန်ကဲသည် ဤမြင်ကွင်းကို ဂရုမစိုက်သော အမူအယာဖြင့် အေးဆေး စိုက်ကြည့်နေသည်။
တစ်ချိန်တည်းမှာပင် ၊ သူ့ပတ်ဝန်းကျင်ရှိ ဓားစွမ်းအင်များသည် ပို၍ တောက်ပလာသည်။
ရုတ်တရက် ၊ စူးချန်ကဲသည် သူ့ဓားကို မြှောက်ကာ ခုတ်ချပစ်လိုက်သည်။
တောက်လောင်နေသော ဓားစွမ်းအင်များသည် တောက်ပနေသော လရောင်အဖြစ်သို့ ပြောင်းလဲကာ ထိုတစ္စေအုပ်စုကြီးဖြင့် တိုက်ရိုက် ဆုံတွေ့ကြလေသည်။
........
တစ်ချိန်တည်းမှာပင်။
အခြားအမှောင်ထောင့် တစ်နေရာတွင် ၊
တပ်မက်ခြောက်ပါး ဗိမ္မာန်မှ တိ့ရှစ်ချန်းသည် ဤမြင်ကွင်းကို အေးစက်သော အမူအရာဖြင့် စောင့်ကြည့်နေသည်။
"အချိန်တန်ပြီ၊ ငါတို့အရေးယူဖို့ အလှည့်ရောက်ပြီ"
စစ်ဖြစ်နေသော ဧရိယာဘက်ကို လှမ်းကြည့်ရင်း အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။
" အခုချိန်က အခွင့်ကောင်းပဲ ၊ ငါတို့ အခု အရေးယူတာနဲ့ စူးချန်ကဲ သေချာပေါက် သေမှာပဲ "
ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ သည် တပ်မက်ခြောက်ပါးဗိမ္မာန်ကို အကျိုးကျေးဇူးများစွာ ပေးအပ်ခဲ့သည်။
စူးချန်ကဲကို သတ်ခြင်းသည် သူတို့ နန်းတော် သခင်၏ ကျေးဇူးပေးဆပ်မှုပင် ဖြစ်သည်။
ဤတစ်ခေါက် ကျုံယုံ(ငရဲကိုးထပ်)သို့ ဝင်ရောက်ရခြင်း အကြောင်းရင်းမှာ လူဝင်စားမြစ်အတွက် မဟုတ်။
အခွင့်အရေးရှာကာ စူးချန်ကဲကို တချက်တည်းနှင့် အပြတ်ရှင်းရန် ဖြစ်သည်။
ယခုအချိန်သည် အကောင်းဆုံး အခွင့်အရေးပင်။
သို့သော် သူ့မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားပြီး နောက်လှည့်ကြည့်ကာ သူ့လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဝုန်း! !
တဖက်လူ၏ တိုက်ခိုက်မှုကို ဖြိုခွင်းနိုင်ခဲ့ပြီး ကြီးမားသော လှိုင်းဂယက်များ ရိုက်ခတ်သွားစေသည်။
" ရှန့်ချင်းလော် မင်း ရူးနေတာလား!?"
မော့ရန်ရှီးသည် သူမ၏လက်ကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းလိုက်ပြီး တိ့ရှစ်ချန်းကို အေးစက်စွာ ကြည့်နေသည်။
သူမ၏ အေးစက်သော အသံသည် ဧရိယာတစ်ဝိုက်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
" တပ်မက်ခြောက်ပါး ဗိမ္မာန်က လူတွေအကုန်လုံး သတ်ပစ်! "
မင်ဖုန်းဧကရာဇ်ဘုရင် မျိုးနွယ်စု၏ ပါရမီရှင်များသည် သူမ၏ အမိန့်ကြောင့် အံ့အားသင့်သွားသော မျက်လုံးများဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။ တော်ဝင်မင်းသမီးကြီး၏ ဆိုလိုရင်းကို သူတို့ နားမလည်ဘဲ ရှိနေကြသည်။
" ရှန့်ချင်းလော် ! မင်း ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကို သစ္စာဖောက်ချင်တာလား "
တိ့ရှစ်ချန်းက ဒေါသတကြီး ဟောက်လိုကိသည်။
" အခု မင်းက ကောင်းကင်လမ်းစဉ်ရဲ့ သမီးတစ်ယောက် ဖြစ်လျက်နဲ့ ခုလို ကျေးဇူးဆပ်လိုက်တာလား! "
တစ်ဖက်လူမှာ ပုံမှန်မဟုတ်သည်ကို အရင်ကတည်းက ရိပ်စားမိသော်လည်း ၊ သို့သော် သူမသည် ယခုလို ပေါ်ပေါ်တင်တင် တိုက်ခိုက်လာမည် ဟု မမျှော်လင့်ထားခဲ့ပေ။
"ဟား...."
မော့ရန်ရှီးက ရယ်လေသည်။
" ငါ မင်ဖုန်းဧကရာဇ်ဘုရင် မျိုးနွယ်စုက နတ်ဆိုးလောကမှာ အကြီးမားဆုံး အင်အားစုဝင်အဖြစ် ပထမအဆင့်လို့တောင် သတ်မှတ်လို့ရနိုင်တယ် "
" ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ရဲ့ ခွေး ဖြစ်စရာလား?"
မော့ရန်ရှီးက ဆိုလေသည်။
" နင်တို့ တပ်မက်ခြောက်ပါးဗိမ္မာန်က သူတို့ဆီကနေ အကျိုးကျေးဇူးတွေ အများကြီးရခဲ့တယ် မဟုတ်လား?"
" ငါတို့ မင်ဖုန်း ဧကရာဇ်ဘုရင်မျိုးနွယ်စုအတွက်ကြရော ခုထိ ဘာမှ မရသေးဘူး ၊ ငါ့နောက်က တပည့်တွေကို အရင်မေးလိုက်စမ်းပါဦး ၊ သူတို့ဆန္ဒရှိရဲ့လားလို့!"
ဤသည်မှာ တပ်ဖွဲ့နှစ်ခုကြား အမုန်းပွားစေရန် ရန်တိုက်ပေးမည့် သူမ၏ အသေးစား လှည့်ကွက်ပင် ဖြစ်သည်။
ထင်ထားသည့်အတိုင်း ထိုစကားများ ထွက်လာခဲ့ချိန်တွင် ၊ မင်ဖုန်း ဧကရာဇ်ဘုရင်မျိုးနွယ်စုဝင် တပည့်များ၏ အမူအယာတို့သည် သိသိသာသာ အေးစက်သွားပြီး လူသတ်လိုစိတ်များ ပြင်းထန်လာကြသည် ။
တဖက်လူက သူတို့ကိုအသုံးချပြီး ကွေးယွမ် သူတော်စင် နယ်မြေနဲ့ ရန်သူလုပ်ခိုင်းနေတယ် ၊ဒါ သူတို့ကို အမြောက်စာ ဖြစ်ခိုင်းနေတာ မဟုတ်လား?
ကံအားလျော်စွာဖြင့် ၊ မိမိတို့၏ တော်ဝင်မင်းသမီးကြီးသည် အတွေ့အကြုံများစွာ ရှိပေသည်။သို့မဟုတ်ပါက သူတို့အားလုံး လှည့်စားခံရနိုင်သည်။
" တပ်မက်ခြောက်ပါးဗိမ္မာန်က လူတိုင်းကို သတ်!"
ထိုအချိန်တွင် မော့ရန်ရှီးက နောက်ထပ်အမိန့်ပေးလိုက်သည်။
မင်ဖုန်း ဧကရာဇ်ဘုရင်မျိုးနွယ်စုဝင် ပါရမီရှင်တပည့်များအားလုံး တပ်မက်ခြောက်ပါးဗိမ္မာန်က လူအားလုံးကို သတ်ရန် မိမိတို့၏ စွမ်းအားများကို အသက်သွင်းလိုက်ကြသည် ။
နတ်ဆိုးစွမ်းအားများ တဟုန်ထိုး တတ်လာပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။
ပျက်သုန်းခြင်း အငွေ့အသက်တို့သည် ဤနေရာတစ်ခုလုံးကို လွှမ်းမိုးခဲ့လေပြီ။
ဘုန်း!
စစ်ပွဲကြီးသည် ရုတ်တရက် စတင်ခဲ့သည်။
" ရှန့်ချင်းလော် ! မင်းသေချင်နေတာပဲ!!"
တိ့ရှစ်ချန်းအနေဖြင့် သည်းခံလို့မဖြစ်တော့ချေ။ သူ့ခန္ဓာကိုယ်မှ ကြောက်ခမန်းလိလိ စွမ်းအားများ ထွက်ပေါ်လာပြီး မိုးခြိမ်းသံများ ဆူညံသွားသည်။
မိုးကြိုးစွမ်းအားများကို သယ်ဆောင်ထားသော နတ်ဆိုးစွမ်းအားများသည် သူ့နောက်တွင် ကြီးမားသော ရုပ်သွင်တစ်ခုကို ဖွဲ့စည်းဖြစ်ပေါ်လာစေသည်။
ထို့နောက် မော့ရန်ရှီးကို နှိပ်ကွပ်ရန် သူ၏ လက်သီးဖြင့် ထိုးနှက်လိုက်သည်။
မော့ရန်ရှီးသည် ဘာကိုမှ ဂရုမစိုက်။
စူးချန်ကဲကို ခြိမ်းခြောက်သူတိုင်း သူမ သတ်ပစ်မည်သာ။
.......
ကောင်းကင်လမ်းစဉ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဘက်တွင်လည်း ရှုပ်ထွေးနေသည်။
" အမ် ! ဘယ်လိုဖြစ်ပြီး ကျားစေ့တပ်ဖွဲ့တွေနဲ့ အဆက်အသွယ် ပြတ်သွားတာလဲ?"
စန်း သည် ဒေါသတကြီး ဆိုလိုက်သည်။
"အခုတော့ ကောင်းကင်လမ်းစဉ်ရဲ့ သမီးတော်နဲ့တောင် ဆက်သွယ်လို့ မရတော့ဘူး ၊ ကျုံယုံ(ငရဲကိုးထပ်)မှာ ဘာဖြစ်နေတာလဲဆိုတာ ငါတို့ မသိနိုင်တော့ဘူး!"
စန်း အမည်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဒေါသတကြီးဖြင့် အံ့ကြိတ်လျက်၊ သူ၏ မျက်နှာမှာ အလွန် ခက်ထန်နေခဲ့သည်။
ဘာကြောင့် ဒီလိုတွေဖြစ်သွားမှန်း သူ တကယ်ကို နားမလည်နိုင်ပေ။
ယုတ္တိကျကျဆိုရလျှင်ဖြင့် ၊ ကောင်းကင်လမ်းစဉ်၏ သားတော်လေးပါးသည် စူးချန်ကဲကို သတ်ပစ်နိုင်ပေမည်။
သို့သော် ကောင်းကင်လမ်းစဉ်၏ သားတော်များသာလျှင် အဘယ်ကြောင့် ဤကဲ့သို့ ပျက်စီးခဲ့ရသနည်း။
" ရှီစစ်ကို ကျုံယုံ(ငရဲကိုးထပ်)ကို ပို့လိုက်ပေမယ့်... ဒီအတိုင်းသာဆို... နောက်တစ်ကြိမ် ကျရှုံးဖို့ အလားအလာ အရမ်းများတယ်"
စန်း ၏ မျက်လုံးများသည် အတော်လေး အေးစက်လာသည်။
" ကွေးယွမ်က ကောင်စုတ်တွေ ၊ သောက်ကောင် စူးချန်ကဲ! "
စန်း ဒေါသထွက်နေချိန် ။
ခန်းမထဲသို့ လူတစ်ယောက် ဝင်ရောက်လာခဲ့ပြီး ဒူးထောက်ကာ လေးလေးစားစား ပြောလိုက်သည်။
"အရှင်၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါးဂိုဏ်းရဲ့ ဘိုးဘေး ရောက်လာပါတယ်"
" အရှင်နဲ့ အရေးကြီးကိစ္စ ဆွေးနွေးစရာရှိတယ်လို့ ဆိုပါတယ် "
ထိုစကားကိုကြားပြီးနောက် စန်း ၏ ခက်ထန်နေခဲ့သော မျက်နှာသည် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ကောင်းကင်ဘုံ မကောင်းဆိုးဝါးဂိုဏ်းရဲ့ ဘိုးဘေး?"
သူသည် မကောင်းဆိုးဝါး မျိုးနွယ်စုအပေါ် ကောင်းမွန်သော အမြင်ရှိသည်။
၎င်းတို့သည် ပထမဆုံးသော လူသား-မကောင်းဆိုးဝါး စစ်ပွဲကို စတင်ခဲ့သူများ ဖြစ်သည်။
ရှေးဟောင်း မကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့ကို တည်ထောင်ခဲ့သူများ ဖြစ်သော်လည်း နောက်ဆုံးတွင် ကွေးယွမ်၏ ဦးဆောင်မှုအောက်တွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည်။
နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရပြီးနောက် ၊ လက်ရှိ မကောင်းဆိုးဝါး တောင်တန်းကို တည်ထောင်နိုင်ခဲ့သည်။
"ဒီကောင်တွေမှာ အကြံတစ်ခုခုများ ရှိနေလို့လား"
စန်း က တွေးလိုက်သည်။
ရုတ်တရက် သူ့ပါးစပ်ထောင့်တွင် အပြုံးတစ်ခု လှစ်ဟသွားသည်။
"ရန်သူရဲ့ ရန်သူက ငါ့မိတ်ဆွေပဲ"
ထို့နောက် လက်အောက်ငယ်သားကို အမိန့်ပေးလိုက်သည်။
"သူ့ကိုခေါ်ခဲ့ "
အပိုင်း(၃၃၀): မိစ္ဆာနတ်ဘုရား စည်းတံဆိပ်
သိပ်မကြာခင်။
အစောင့်တစ်ယောက်သည် အဘိုးအိုတစ်ဦးကို ခေါ်ဆောင်လာခဲ့ပြီး ခန်းမထဲသို့ ဝင်ရောက်လာခဲ့သည်။
မုတ်ဆိတ်ဖြူများ အပြင် သူ၏ မျက်ခုံးမွှေးများသည်လည်း ဖြူစွက်ကာ ၊ သူ့ပုံစံသည် အနည်းငယ် ခနော်ခနဲ့ဖြစ်နေသည်။
သို့သော် သူ၏ မျက်လုံးများက စူးရှထက်မြက်ပြီး ၊ သူ့ခန္ဓာကိုယ်ပေါ်တွင် ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါး စွမ်းအင်များ ရှိနေသည်။
ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ၊ သူ၏ ကျင့်ကြံမှုသည် ခန့်မှန်းမရသည့်အထိ နက်ရှိုင်းနေပြီး ဧကရာဇ်မင်းမြတ် နယ်ပယ်အဆင့်ထက် သာလွန်သည်မှာ ထင်ရှားပေသည်။
"ဟားဟား၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါးဂိုဏ်းရဲ့ ကျော်ကြားတဲ့ ထျန်းချန် မကောင်းဆိုးဝါးအိုကြီး ကိုယ်တိုင် ရောက်လာမယ်လို့ မထင်ထားဘူး "
စန်း သည် အဘိုးအိုကို ကြည့်ပြီး ပြုံးကာ ဆိုလိုက်သည်။
" အဲ့တုန်းက လူသား- မကောင်းဆိုးဝါး စစ်ပွဲမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့လို့ ကြားခဲ့တယ်"
"ဘာလဲ၊ နှစ်တွေ ကြာသွားပြီဆိုတော့ ပြန်လည် သက်သာလာပြီလား?"
ထျန်းချန် မကောင်းဆိုးဝါးအိုကြီး။
ကောင်းကင်ဘုံ မကောင်းဆိုးဝါးမျိုးနွယ်စု၏ ဘိုးဘေးတစ်ဦး ဖြစ်ပြီး ၊ လူသား-မကောင်းဆိုးဝါး စစ်ပွဲကြီး၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့သည်
အဆုံးတွင်၊ သူသည် ကွေးယွမ် သူတော်စင် နယ်မြေရှိ ဘိုးဘေးတစ်ဦး၏ လက်အောက်တွင် ရှုံးနိမ့်ခဲ့ရသည်။၎င်း၏ မကောင်းဆိုးဝါးအမြုတေပင်လျှင် ကွဲအက်သွားခဲ့ပြီး မှော်လက်နက်အားလုံးကို အသုံးပြုကာ မိမိကိုယ်ကို ကာကွယ်ခဲ့ရသည် ။
နောက်ဆုံးတွင် သူသည် မသန်မစွမ်း ဖြစ်သွားသော ခန္ဓာကိုယ်ဖြင့် ကောင်းကင်ဘုံ မကောင်းဆိုးဝါး မျိူးနွယ်စုထံသို့ ပြန်လာနိုင်ခဲ့သည်။
သို့သော် စန်း၏ နောက်ပြောင်မှုကို ထျန်းချန် မကောင်းဆိုးဝါးအိုကြီးသည် စိတ်ဆိုးခြင်း မရှိခဲ့ပေ။
သူ၏ အသံမှာ အနည်းငယ် အက်ကွဲနေသည်။
"ဟား... မင်းလည်း ဒုံရင်းအတိုင်းပဲ မဟုတ်လား?"
"မင်းတို့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ရဲ့ အစီအစဉ်ကို ငါသိတယ်..."
" ကွေးယွမ် သူတော်စင် နယ်မြေ နဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ဘာအကျိုးကျေးဇူးမှ မရခဲ့ဘူး မဟုတ်လား"
"မင်းက ငါ့ကို လှောင်ရယ်ဖို့ ဘာအရည်အချင်းရှိလို့လဲ"
ထိုစကားကို ကြားသည်နှင့် စန်း၏ အကြည့်များက အေးစက်သွားသည်။ ဤနေရာ၌ မူလက ရပ်ဆိုင်းထားသည့် နိယာမစွမ်းအားများသည် အနည်းငယ် ပြင်းထန်လာသည်။
ကောင်းကင်ကြီး ပြိုကျလာကာ အောက်ဘက်ရှိ အရာအားလုံးကို ဖျက်ဆီးတော့မည့်အတိုင်း ပြင်းထန်သော တုန်ခါမှုများ ဖြစ်လာခဲ့သည်။
"အိုး? ထျန်းချန် မကောင်းဆိုးဝါးအိုကြီး ၊ မင်း ငါ့ကို လှောင်ရယ်ဖို့ ရောက်လာခဲ့တာလား?"
သူ့မျက်လုံးထဲတွင် ပျက်သုန်းခြင်း အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ၊ နာကြည်းမှုများသည် လူသတ်လိုစိတ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
“ဟားဟား....”
သို့သော်လည်း ထျန်းချန် မကောင်းဆိုးဝါးအိုကြီးသည် အနည်းငယ် ပြုံးကာ ဆိုလိုက်သည်။
"ဒီတစ်ခေါက် ငါ လာခဲ့တာက မင်းတို့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ "
"ပူးပေါင်းမယ်?"
စန်း သည် ထျန်းချန် မကောင်းဆိုးဝါးအိုကြီး၏ အကြံကို ဖောက်ထွင်းမြင်လိုရန် သူ၏ စူးရှသော သိမ်းဌက်မျက်လုံးများဖြင့် တချက်ကြည့်လိုက်သည်။
သို့သော် တဖက်လူသည် မရေမတွက်နိုင်သော နှစ်ကာလပေါင်းများစွာ နေထိုင်လာခဲ့သည့် မကောင်းဆိုးဝါးအိုကြီး တစ်ကောင်ဖြစ်သည်နှင့်အလျောက် ခံစားချက်များအပေါ် ထိန်းချုပ်နိုင်စွမ်းသည် သူများတွေထက် သာလွန်ပေသည်။
သို့သော် ထျန်းချန် မကောင်းဆိုးဝါးအိုကြီးသည် မိမိ၏ စိတ်ကို ဖောက်ထွင်းကြည့်ရန် လုပ်နေသော တဖက်လူအား စိတ်ဆိုးခြင်းမရှိ ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။
" ငါ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းမှာ နှစ်ပေါင်းများစွာ စူးစမ်းလေ့လာပြီးနောက်"
"လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ၊ ရှေးဟောင်းအပျက်အစီးတစ်ခုထဲမှာ ရှေးဟောင်း မကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့ရဲ့ အဖိုးတန်ဆုံးရတနာဖြစ်တဲ့ မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ကို တွေ့ရှိခဲ့တယ်"
ထိုစကားကိုကြားပြီးနောက် စန်း၏ မျက်လုံးများသည် တုန်လှုပ်သွားသည်။
ဒေါသ မှ ထိတ်လန့်စရာ အဖြစ်သို့ ပြောင်းလဲသွားသည်။
မိစ္ဆာနတ်ဘုရား စည်းတံဆိပ်။
ဤသည်မှာ ထိပ်တန်း မကောင်းဆိုးဝါး အမတရှင် ခြောက်ပါးသည် အမတကမ္ဘာသို့ တက်လှမ်းစဉ်က မိမိ၏ စွမ်းအင်များဖြင့် ပေါင်းစည်းဖွဲ့စည်းထားသော အနှိုင်းမဲ့ရတနာ တစ်ခုပင် ဖြစ်သည်။
၎င်းတွင်ပါရှိသော မကောင်းဆိုးဝါး စွမ်းအင်သည် မကောင်းဆိုးဝါး မျိုးနွယ်စု၏ အသွေးအသားများကို ပြောင်းလဲပေးနိုင်ပြီး ၊ ထို့အပြင် မကောင်းဆိုးဝါး မျိုးနွယ်၏ သွေးထဲတွင် ပါရှိသော အထူးမှော်စွမ်းအားကို သိရှိနိုင်သည်။
၎င်း၏ကောင်းချီးဖြင့် ၊ အချို့သော မကောင်းဆိုးဝါး မျိုးနွယ်စုများသည် ကြန့်ကြာ နေသော အဆင့်မှ မိမိ၏ ချိတ်စည်းများကို ချိုးဖျက်ကာ ပိုမို မြင့်မားသော နယ်ပယ်အဆင့်ထိ ဖြတ်ကျော်ဝင်ရောက်နိုင်ခဲ့သည်။
ဤသည်မှာ ရှေးဟောင်း မကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့၏ ကောင်းကင်ဘုံရတနာဖြစ်သည်။ ထိုအချိန်က ရှေးဟောင်း မကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့သည် တိုက်မြေ သုံးထောင်၏ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ခဲ့သည်။
မိစ္ဆာနတ်ဘုရား စည်းတံဆိပ်သည် မရှိမဖြစ်ဟု ဆိုရပေမည်။
အချိန်မြစ်ရေစီးကြောင်းတွင် ပျောက်ကွယ်သွားခဲ့သော ကောင်းကင်ဘုံကိုတောင် အံတုနိုင်သည့် ရတနာသည် လောကကြီးတွင် တစ်ဖန် ပြန်ပြီး ထွက်ပေါ်လာသတဲ့လား?
အချိန်အတော်တန်ကြာကြီးနောက် ၊
စန်းသည် စိတ်သက်သာရာ ရသွားပုံပေါ်သည်။
သူ့လေသံသည် အနည်းငယ် ပျော့ပျောင်းသွားသည်။
"ခင်ဗျား ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဆီက ဘာလိုချင်တာလဲ?"
"ရိုးရှင်းပါတယ် ၊ အတိတ်က မကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဖန်တီးမယ် "
ချန်ထျန်း မကောင်းဆိုးဝါးအိုကြီးက ပြုံးပြီးပြောလိုက်သည်။
" တစ်ချိန်က ငါ့ မကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့ရဲ့ ကံကြမ္မာစွမ်းအင်ကို ကွေးယွမ်ဆီကနေ ပြန်လည်ရယူမယ်"
"ဘယ်လို...!?"
စန်း၏ မျက်နှာသည် ပို၍ အေးစက်သွားသည်။
ပထမဆုံး လူသား-မကောင်းဆိုးဝါး စစ်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ၊ ရှေးမကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့မှာ ပျက်စီးသွားခဲ့ရသည်။
ကွေးယွမ် သူတော်စင် နယ်မြေမှ ဘိုးဘေးတစ်ဦးသည် လျို့ဝှကိနည်းလမ်းကို အသုံးပြုကာ မကောင်းဆိုးဝါး မျိုးနွယ်၏ ကံကြမ္မာစွမ်းအင်အများစုကို လုယူခဲ့သည်။
အဆုံးတွင်၊ ၎င်းသည် ကွေးယွမ် ဘိုးဘွားပိုင်နယ်မြေတွင် ကောင်းချီးများပေးခဲ့သည်။
ထိုအချိန်မှစ၍ မကောင်းဆိုးဝါးဂိုဏ်းမှာ ဆုတ်ယုတ်လာခဲ့သည်။
ယခု တဖက်လူသည် တစ်ချိန်က မကောင်းဆိုးဝါး မျိုးနွယ်စုများ ပိုင်ဆိုင်ခဲ့သော ကံကြမ္မာစွမ်းအင်ကို ပြန်လည်ရယူလိုကြောင်း ပြောခဲ့သည်။
တစ်နည်းအားဖြင့် ဆိုရသော် သူသည် ကွေးယွမ် သူတော်စင် နယ်မြေနှင့် ဒုတိယ လူသား-မကောင်းဆိုးဝါး စစ်ပွဲကို ဆင်နွှဲလိုသည်ဟု ဆိုလိုသည် မဟုတ်လော။
ဤကဲ့သို့ စစ်ပွဲကြီးသည် ကမ္ဘာပုံစံအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိစေမည့်အပြင် တိုက်မြေသုံးထောင်တစ်ခုလုံးကိုပင် လွှမ်းမိုးနိုင်သည်ကို သင် သိထားရမည်။
စန်း သည် ငြင်းဆန်ဖို့ စဉ်းစားလိုက်သည်။
သို့သော် သူသည် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။
" မကောင်းဆိုးဝါး မျိုးနွယ်စုတွေက ကွေးယွမ်နဲ့ ပဋိပက္ခဖြစ်ချင်မှတော့ ၊ ငါ့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အနေနဲ့ ဒါကို အခွင့်ကောင်းယူပြီး အမြတ်ရအောင် ဘာလို့မလုပ်နိုင်ရမှာလဲ?"
"သူတို့နှစ်ဖွဲ့လုံး အပြင်းအထန် ဒဏ်ရာရနေချိန် ငါတို့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဝင်ပြီး သူတို့ကို သုတ်သင်လိုက်ရုံပဲ မဟုတ်လား.."
"အဲ့လိုသာဆို တိုက်မြေ သုံးထောင် တစ်ဝှမ်းလုံး လုံးဝ ငြိမ်းချမ်းသွားပြီ..."
စန်း၏ နှုတ်ခမ်းပေါ်တွေ အပြုံးတစ်ခု လှစ်ဟသွားသည်။
သို့သော်လည်း ချန်ထျန်း မကောင်းဆိုးဝါးအိုကြီးကလည်း အဓိပ္ပါယ်ရှိရှိ ပြုံးနေလေ၏။
သူသည် တစ်ဖက်သား၏ အကြံအစည်ကို အဘယ်ကြောင့် မသိရှိမည်နည်း ။
ကျားအရေခွံကို လိုချင်ရင် ၊ သင့်အနေဖြင့် သေချာပေါက် ပိုပြီး အားစိုက်ထုတ်ရမည်။
ယခုတွင် သူတို့၏ ဘုံရန်သူမှာ ကွေးယွမ် သူတော်စင် နယ်မြေသာ ဖြစ်သည်။
......
ပြင်ပကမ္ဘာတွင် လှိုင်းထန်နေချိန်။
ကျုံယုံ(ငရဲကိုးထပ်)တွင် ပျက်စီးခြင်းမုန်တိုင်းများဖြင့် ဖုံးလွှမ်းလို့နေသည်။
တစ္ဆေစစ်သူကြီး ခုနစ်ဦးနှင့် မဟာ ယာမ ကိုးဦးတို့သည် သာမန်လူများ မဟုတ်ပေ။
၎င်းတို့၏ အတောမသတ်နိုင်သော ပေါင်းစပ်တိုက်ခိုက်မှု နည်းပညာများကို စူးချန်ကဲအနေဖြင့် အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း ၊
သို့သော် ၎င်းတို့ စုစည်းထားသော တစ္ဆေစွမ်းအင်များသည် တကယ့်ကို ထူးဆန်းပေသည်။ စူးချန်ကဲ၏ ဓားစွမ်းအင်ကို ဖျက်စီးနိုင်ရုံသာမက လုံးလုံးလျားလျား ချေမှုန်းပစ်နိုင်သည် ။
ဝုန်း!!
နောက်ထပ် ထူးဆန်းသော အနက်ရောင် ဝဲဂယက်တစ်ခုသည် တောက်လောင်လျက် ရှိသော ဓားစွမ်းအင်များကို ပိတ်ဆို့ထားသည်။
နောက်ဆုံးတွင် စူးချန်ကဲသည် တစ္ဆေစစ်သူကြီး ခုနစ်ဦးနှင့် မဟာ ယာမ ကိုးဦးတို့၏ အားနည်းချက်များကို ရှာဖွေတွေ့ရှိခဲ့သည်။
"ဘယ်လိုဖြစ်ပြီး ငါ့ဓားကို အချိန်တိုင်း ပိတ်ဆို့ထားနိုင်ရတာလဲလို့ တွေးနေတာ"
စူးချန်ကဲသည် စိတ်ထဲတွင် ရေရွတ်လိုက်သည်။
" လတ်စသတ်တော့ သူတို့ မှော်ဖွဲ့စည်းပုံကို တစ်ခါဖွဲ့စည်းလိုက်တိုင်း ဗဟိုရဲ့ အနေအထားက ပြောင်းလဲသွားတာပဲ "
" ဒီလူတွေရဲ့ ရောင်ဝါတွေက တစ်ခုနဲ့တစ်ခု ပဲ့တင်ထပ်နေပြီး ဖွဲ့စည်းပုံရဲ့ ဗဟိုချက်ကို သူတို့ခန္ဓာကိုယ်ထဲမှာ အသွင်ပြောင်းနိုင်တယ် ၊ အဲ့လိုသာဆို သူတို့တည်ဆောက်ထားတဲ့ ဖွဲ့စည်းပုံကို ငါ မချိုးဖျက်နိုင်တော့ဘူး"
ဖွဲ့စည်းပုံ၏ ဗဟိုချက်ကို မဖျက်စီးနိုင်သရွေ့ ၊ တစ်ဖက်လူ၏ ဖွဲ့စည်းမှုသည် ပျက်စီးမည် မဟုတ်ဟု ဆိုလိုသည်။
" ဒါဆိုလည်း ၊ ငါ့ရဲ့ ဒီအကွက်ကို မင်းတို့ တားနိုင်ဦးမလား!?"
စူးချန်ကဲသည် ကောင်းကင်ဓားကို မြှောက်တင်လိုက်သည်။
ချွင်——
တဟုန်းဟုန်း တောက်လောက်နေသော တစ္စေစွမ်းအားများကြား ဓားအလင်းတန်းများက ဖျက်ခနဲ့ လင်းလက်သွားသည်။
အမှောင်ယံ ညဘက်တွင် ဇောက်ထိုးကျလာသော ကြယ်စင်များကဲ့သို့။
ပြိုးပြိုးပျက်ပျက် တောက်ပသော အလင်းများကြား ၊ လွန်စွာ တောက်လောင်နေသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဝီ —
မှောင်မိုက်သော တိမ်တိုက်များထဲမှ ဓားအလင်းတန်းသည် ဖြည်းဖြည်းချင်း ဖောက်ထွက်လာခဲ့သည်။
တုန်လှုပ်ခြောက်ခြားနေသော အကြည့်များအောက်တွင် ၊ ဤစကြဝဠာကြီးတစ်ခုလုံး ဓားရိပ်များဖြင့် ပြည့်နှက်နေပုံရသည်။
ထိုစဉ် ၊
စူးချန်ကဲမှ မြှောက်ကိုင်ထားသော ဓားသည် ပြန်၍ သက်ဆင်းလာခဲ့ပြီး ၊ သူ၏ စကားတစ်ခွန်းသည် နေရာတိုင်းတွင် ပဲ့တင်ထပ်သွားသည်။
“ ဓားတစ်သောင်း မူလဆီသို့ ပြန်သွားခြင်း!"