အခန်း (၃၃၆-၃၃၉)
Vol. 24 Ch. 336-339
အပိုင်း(၃၃၆): လု အမတနတ်ဘုရားမ နိုးထခြင်း
တစ်ချိန်တည်းမှာပင် ၊
လျို့ဝှက်နေရာတစ်ခု၌
လူတစ်စုနှင့်အတူ တပ်မက်ခြောက်ပါး ဗိမ္မာန်မှ တိ့ရှစ်ချန်းသည် လွတ်မြောက်လာခဲ့ပြီး ဝတ်ရုံနက် အမျိုးသားတစ်ဦးအား အစီရင်ခံလျက် ရှိသည်။
“ လူကြီးမင်း အခြေအနေကတော့ ဒီလိုပါပဲ ၊ မင်ဖုန်း ဧကရာဇ်ဘုရင် မျိုးနွယ်စုရဲ့ မင်းသမီးကြီးက ပုန်ကန်ခဲ့ပြီး လက်အောက်ငယ်သားအများအပြားကို ဦးဆောင်ကာ ကျွန်တော်တို့လူတွေကို သတ်ပစ်ခဲ့ပါတယ် “
“နောက်ဆုံးတော့ ကျွန်တော်ကို ခိုးပြီး တိုက်ခိုက်ခဲ့တဲ့အပြင် ၊ ကျွန်တော်တို့ တပ်မက်ခြောက်ပါးဗိမ္မာန်အနေနဲ့ အပြင်းအထန် ပြန်ခုခံပေမယ့် အသေအပျောက်လည်း အရမ်းများခဲ့ပါတယ် “
ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေ၏။
အချိန်အတန်ကြာပြီးနောက် ၊ ဝတ်ရုံနက် အမျိုးသားသည် လက်ကိုနောက်ပစ်ထားပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်ခဲ့သည်။
သူ၏ မျက်နှာသည် တင်းမာနေပြီး ၊ ချောမောသော အသွင်အပြင်မျိုး ရှိသည်။ သူ့မျက်လုံးများက ဤလောကရှိအရာအားလုံးကို ဂရုမစိုက်သလိုပင်။
ဤလောကတွင် တစ်ဦးတည်းသာ ရှိသော ဧကရာဇ်ဘုရင်တစ်ပါးသည် သေမျိုးလောကကို အထင်မြင်သေးစွာ ကြည့်နေသကဲ့သို့။
ရှီစစ် ။ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ကောင်းကင်လမ်းစဉ် ရေကန်မှ မွေးဖွားလာသူ ၊ သူတော်စင် ဧကရာဇ် အထွပ်အထိပ်အဆင့်သာ ရှိသေးသည်။
သို့သော် အစွမ်းရှိသမျှ ပေါက်ကွဲမည်ဆိုပါက၊ ကောင်းကင်လမ်းစဉ်၏ ကောင်းချီးပေးမှုအောက်တွင် သူသည် ဧကရာဇ်မင်းတစ်ပိုင်းကိုတောင် အလွယ်တကူ နှိပ်ကွပ်နိုင်သည်။
အထူးသဖြင့် သူ့ခန္ဓာကိုယ်မှ ဖြည်းညှင်းစွာ ပျံ့နှံ့ထွက်လာသော ဖိနှိပ်စွမ်းအားများသည် ဤနေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။
တိ့ရှစ်ချန်းပင်လျှင် အစွမ်းထက်သော ဤ လူငယ်လေး၏ ရှေ့တွင် ခေါင်းငုံ့ထားရသည်။
ထိုအချိန်တွင်၊ ရှီစစ်၏ မျက်လုံးများသည် အလွန် အေးစက်နေပြီး ၊သူ၏ အေးစက်စက်လေသံသည် ဧရိယာအနှံ့ ပဲ့တင်ထပ်သွားလေသည်။
“ တော်ပါပေတယ် မင်ဖုန်း မင်းသမီးကြီး၊ ကောင်းကင်လမ်းစဉ်ရဲ့ သမီးတော်တစ်ပါး ဖြစ်လျက်နဲ့”
“ခုလို သစ္စာဖောက်ရဲတယ် ၊ သေချင်နေတာပဲ”
သူ၏ နှုတ်ခမ်းသားများသည် အနည်းငယ် ရွဲ့စောင်းသွားသည်။
“ ငါတို့ရဲ့ အမဲလိုက်စာရင်းမှာ နောက်ထပ် လူတစ်ယောက် တိုးလာပြီပဲ “
…….
ပြင်ပကမ္ဘာရှိ တိုက်မြေ သုံးထောင်တွင်လည်း
တုန်လှုပ်ခြောက်ခြားဖွယ်ရာ အပြောင်းအလဲများ ဖြစ်ပွားခဲ့သည်။
ရှေးနဂါးမျိုးနွယ်စု၊ ရှေးဖီးနစ်မျိုးနွယ်စုနှင့် ကောင်းကင်ဘုံ တောင်တန်းမျိုးနွယ်စုတို့သည် ဒေါသတကြီး ပေါက်ကွဲနေကြသည်။
ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးစွမ်းအင်များသည် မိုင်ပေါင်းထောင်နှင့်ချီ၍ တောက်လောင်နေပြီး မရေမတွက်နိုင်သော ကြယ်များပင်လျှင် ကြွေကျလုနီးပါး လှိုင်းထန်ခဲ့သည်။
“ ကောင်းလိုက်တဲ့ ကွေးယွမ် သူတော်စင် နယ်မြေ!”
“ ကောင်းလိုက်တဲ့ ယောင်ချီ သူတော်စင်နယ်မြေ !”
“ ကောင်းလိုက်တဲ့ ဆက်ခံသူ စူးချန်ကဲ!”
ဤစကားသုံးခွန်းတွင် အဆုံးမရှိသော ဒေါသများနှင့် ပြည့်နှက်နေသည်။
ကျုံယုံ(ငရဲကိုးထပ်)ခရီးစဉ်တွင် ပါဝင်ခဲ့ကြသော မကောင်းဆိုးဝါး မျိုးနွယ်စုဝင် ပါရမီရှင်များ၏ နာမည်ပြားများ အကုန်လုံး ကွဲအက်သွားသည်ကို တွေ့လိုက်ရသည်။
ဆိုလိုသည်မှာ သူတို့အားလုံး ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။
မရဏကမ္ဘာတွင် နီမြန်းသော ရောင်စဉ်များဖြင့် တောက်ပနေသော ရုပ်သဏ္ဍာန်နှစ်ခု ထွက်ပေါ်လာသည်။
၎င်းတို့နှစ်ဦး ထွက်ပေါ်လာသည်နှင့် ၊ မရဏကမ္ဘာတစ်ခုလုံးရှိ တစ္ဆေစွမ်းအင်များပင် အကြီးအကျယ် ရိုက်ခတ်သွားပြီး ဒေါသမီးလျှံများ တဟုန်းဟုန်း တောက်လောင်လေသည်။
“ကွေးယွမ် သူတော်စင် နယ်မြေ! စူးချန်ကဲ ငါ ဒီစာရင်းကို သေချာပေါက် မှတ်ထားမယ်!”
အေးစက်သော ကြိမ်းဝါးသံသည် မိုင်ပေါင်းများစွာကို ဖြတ်ကျော်သွားခဲ့လေသည်။
“ ငါ မင်းတို့ကို အဆတစ်ရာ ပြန်ဆပ်ခိုင်းမယ်!”
တစ်ချိန်တည်းမှာပင်၊ ကွေးယွမ် သူတော်စင် နယ်မြေ ဘိုးဘွားပိုင်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် အဆုံးမရှိ ကြီးကျယ်ခမ်းနားသော နိယာမတရားများသည် ကျယ်ပြန့်သော သမုဒ္ဒရာလှိုင်းသဖွယ် ရိုက်ခတ်လှုပ်ရှားနေသည်။
ထို့နောက် ချက်ချင်းဆိုသလို ၊ အမည်မသိ မြင့်မြတ်သောသစ်ဖြင့် ပြုလုပ်ထားပုံရသော နီ-နက် ခေါင်းတလား တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာကာ လေထဲတွင် လွင့်မျောနေသည်။
မရေမတွက်နိုင်သော ခေတ်ကာလများအတွင်း ငြိမ်သက်နေခဲ့သော ရောင်ဝါသည် ယခုအချိန်တွင် စတင်နိုးထလာချေပြီ။
ပြင်ပကမ္ဘာရှိ ဒေါသတကြီးဖြင့် ကြိမ်းဝါးခဲ့ကြသော ဘိုးဘေးများသည် ထိုရောင်ဝါကို ခံစားလိုက်ရသည်နှင့် တပြိုင်နက် ၊
သူတို့အားလုံး တိတ်ဆိတ်သွားပြီး ထိတ်လန့်တုန်လှုပ်မှုက အစားထိုးဝင်ရောက်လာခဲ့သည်။
ဤရောင်ဝါကို သူတို့ အလွန်ရင်းနှီးသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူတို့သည် အလွန် ကြောက်လန့်သွားကြသည်။
“ မဟုတ်မှလွဲရော...ဒါက ...”
……
ကွေးယွမ် ဘိုးဘွားပိုင်နယ်မြေတွင် ၊
မျက်စိမှိတ် တရားထိုင်နေသော ကျန့်ရှင်းဘိုးဘေးသည် ဖြေးဖြေးချင်း မျက်လုံးဖွင့်လိုက်သည်။
သူ့မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင်များ ရှိနေသည်။
“ဒီရောင်ဝါ... မဟုတ်မှလွဲရော ဆရာတူအစ်မ နိုးလာခဲ့ပြီလား?”
“သူမ နိုးလာတိုင်း ခုလို အငွေ့တထောင်းထောင်း ထုတ်လွှတ်ရတာကို အတော်ကြိုက်သကိုး...”
ကျန့်ရှင်းဘိုးဘေးသည် ညည်းညူလိုက်သည်။
“ သူမရဲ့ ရွေးချယ်မှုကို ခံရတာ ဘယ်ကောင်တွေများ ဒီလောက်ကံကောင်းသွားလဲ မသိဘူး..”
ထိုအချိန်တွင်၊ အလွန်အားကောင်းသော အင်အားတစ်ခုက ကွေးယွမ် ဘိုးဘွားပိုင်မြေရှိ ခေါင်းတလားကို ပြင်းပြင်းထန်ထန် တွန်းဖွင့်လိုက်သည်။
ဘုန်း!!
သမုဒ္ဒရာ နိယာမလှိုင်းများ၏ အောက်တွင် ရှိနေသော ခေါင်းတလားအဖုံးသည် တိုက်ရိုက် ကွဲထွက်သွားပြီး လှိုင်းဂယက်များ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
သစ်သားခေါင်းတလားတွင် ရှိနေသော ပြင်းထန်သော ပရမ်းပတာစွမ်းအားများ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး ၊ အဆုံးမရှိသော ရောင်စဉ်များ တဟုန်းဟုန်း တောက်လောက်လာသည်နှင့်အမျှ အထဲမှ လူတစ်ဦးသည် ဖြည်းညှင်းစွာ ထထိုင်လာခဲ့သည်။
နတ်အခိုးအငွေ့များ ဖုံးလွှမ်းထားပေရာ သူမ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။
သို့သော် ကောက်ကြောင်းကို ကြည့်ရလျှင်ဖြင့် ၎င်းသည် ကျက်သရေရှိသော မိန်းကလေးတစ်ယောက် ဖြစ်ပုံရသည်။
နိယာမ မှော်သင်္ကေတများသည် သူမဘေးနားတွင် တဖျပ်ဖျပ်ခတ်လျက် ၊ မဟာလမ်းစဉ်၏ ရောင်ဝါတို့သည် သူမကို ဝန်းရံထားလေရာ သူမ၏ ရုပ်သွင်ကို ပို၍ပင် ထူးကဲစေသည်။
“လွန်ခဲ့တဲ့ အနှစ်တစ်သန်း စစ်ပွဲကနေ ၊ နင်တို့က အခုထိ သင်ခန်းစာမရသေးဘူးပဲ”
ဘိုးဘေးသည် မည်မျှကြာအောင် အိပ်ပျော်ခဲ့သည်ကို မသိသော်လည်း ၊ သို့သော် သူမ၏ အသံသည် နွေဦးသံကဲ့သို့ ကြည်လင်နေဆဲပင်။
“ မဟုတ်မှလွဲရော ၊ နင်တို့အိမ်ကို ငါလာပြီး လေကောင်းလေသန့်ရအောင် လုပ်ပေးရမလား?”
ထိုစကားကို ကြားပြီးနောက်တွင် တဖက်အင်အားစုများ၏ ဘိုးဘေးများမှာ အသက်ရှုကြပ်လာကြပြီး ၊ အသက်ပင် မရှုဝံ့ပေ ။
လု အမတနတ်ဘုရားမ !
T/N - လု - သတ်ဖြတ်ခြင်း
တစ်ချိန်က တိုက်မြေ သုံးထောင် တစ်ဝှမ်းလုံးကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သူ။
ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘိုးဘေးတစ်ဦး။
သို့သော် နှစ်များစွာကြာပြီးနောက်တွင် ထိုကဲ့သို့ ရှေးဟောင်းလူ့ဘီလူးသည် ငြိမ်ချမ်းစွာဖြင့် ကောင်းကင်ဘုံသို့ တတ်သွားပြီ ဟု ထင်ခဲ့ကြသော်လည်း ၊ သို့သော် ယခုထိ အသက်ရှင်နေသေးဦးမည်ဟု မည်သူမှ မမျှော်လင့်ခဲ့ကြပေ။
လု( သတ်ဖြတ်ခြင်း) အမတနတ်ဘုရားမ ၏ လုအမတ ဟု ခေါ်တွင်ရသည့် အကြောင်းရင်းမှာ သူမ၏ ခွန်အားသည် အလွန်အားကောင်းပြီး အမတ ဆိုသည့် ဖြစ်တည်မှုကိုပင် အနိုင်ယူနိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။
“ဟွန့်....”
အဆုံးတွင် အင်အားစုကြီးငါးခု၏ ဘိုးဘေးများသည် တဟုန်းဟုန်း တောက်လောက်နေသော ဒေါသမှ အေးစက်သော နှာမှုတ်သံ တချက်ဖြင့်သာ ကျေနပ်လိုက်ရသည်။
သို့သော် သူတို့သည် ဒီကိစ္စကို ဒီတ်ိုင်းပြီးသွားမည် မဟုတ်ချေ။ မိမိတို့၏ ရှေးဘိုးဘေးများ နိုးထလာမည့်အချိန်ကို စောင့်မျှော်နေမည် ဖြစ်သည်။
ရှေးဘိုးဘေးများထံ လျှောက်တင်ပြီးသည်နှင့် ကွေးယွမ် သူတော်စင် နယ်မြေနှင့် စာရင်းရှင်းပေမည်။
“ ဒီကောင်တွေ ၊ ခွေးတစ်ကောင်အညစ်အကြေးစားတာကို မတားနိုင်ဘူး ဆိုတဲ့စကားအတိုင်းပဲ ၊ တကယ်လို့ ဒီကောင်တွေ ကမူးရှူးထိုး တုံ့ပြန်လာခဲ့ရင် အဲ့လူအိုကြီးတွေက ငါ့ ကွေးယွမ် သူတော်စင် နယ်မြေအပေါ် အပြစ်တင်လာမှာကို စိုးရတယ်..”
လုအမတနတ်ဘုရားမသည် သူမကိုယ်သူမ ညည်းညူလိုက်သည်။
“ ကြည့်ရတာ နောက်ကြရင် လေကောင်းလေသန့်ရဖို့ သူတို့ရဲ့ ဘိုးဘွားပိုင်မြေကို သွားဖို့ အကြောင်းပြချက် ရှာရတော့မယ်”
……..
တစ်ချိန်တည်းမှာပင် ။
ကျုံယုံ(ငရဲကိုးထပ်) ၊
သော့လေးခုကို စုဆောင်းထားပြီးသော စူးချန်ကဲသည် ကွေးယွမ် သူတော်စင် နယ်မြေ နှင့် ယောင်ချီ သူတော်စင်နယ်မြေမှ တပည့်များနှင့်အတူ မြင့်မားသော ချောက်ကမ်းပါးတစ်ခုဆီသို့ ရောက်ရှိလာသည်။
စူးချန်ကဲသည် သော့လေးခုစလုံးကို ထုတ်ယူလိုက်သည် ။
သော့တစ်ခုစီတိုင်းက မတူညီသော နိယာမအလင်းများကို ထုတ်လွှတ်ပေးနေသည်။
တစ်ခုနှင့်တစ်ခု ရောစပ်လိုက်သောအခါတွင် ရောင်စုံငါးသွယ် ထွက်ပေါ်လာသည်။
ဝုန်း!!
သော့လေးခုစလုံး ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။
လေနှင့် တိမ်တိုက်များ ပြောင်းလဲသွားကာ မြူငွေ့များသည် ဤကမ္ဘာကြီးထဲသို့ တိုးဝင်လာကာ တုနှိုင်းမရသော လျှို့ဝှက်ဆန်းကြယ်မှုကို ဆောင်ကျဉ်းလာခဲ့သည်။
ထူထဲသော တိမ်တိုက်များသည် တစ်စုံတစ်ခု ထွက်လာတော့မည် အတိုင်း အောက်ဘက်တွင် စုဝေးနေသည်။
ရုတ်တရက် ကြီးမားပြီး ကျိုးပဲ့နေသော ရှေးဟောင်း မုခ်ပေါက်သည် တိမ်များနှင့် မြူခိုးများမှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
သို့သော် ယခင် ကျုံယုံ(ငရဲကိုးထပ်)မုခ်ပေါက်နှင့် နှိုင်းယှဉ်ရမည်ဆိုပါက ထူးဆန်းနေသည်။
အခြားကမ္ဘာမှ ဆင်းသက်လာသကဲ့သို့ ရှေးဟောင်း အမည်မသိပုံစံများဖြင့် ထွင်းထုထားသည်။
လူကို ပို၍ ထိတ်လန့်စေသည်မှာ ဤကျုံယုံ(ငရဲကိုးထပ်)၏ မုခ်ပေါက်၏ ပတ်လည်တွင် စွန်းထင်းနေသော သွေးများ နှင့် ရှုပ်ထွေးလှသော အရောင်အသွေး များစွာ ရှိနေသည်။
သွေးစွန်းနေသော နေရာများတွင် အံ့အားသင့်ဖွယ် နတ်ဘုရားနှင့် ဖိနှိပ်ချုပ်ချယ်မှုများ ရှိနေပြီး ၊ ရောင်ဝါသည် အလွန် ကြောက်မက်ဖွယ်ကောင်းပေရာ လူကို အဝေးကနေပင် မူးဝေစေသည်။
“သွေး...?”
ထိုမြင်ကွင်းကို မြင်လိုက်ရသော စူးချန်ကဲလည်း အနည်းငယ် ထိတ်လန့်သွားသည်။
ဤကျုံယုံ(ငရဲကိုးထပ်)မုခ်ပေါက်သည် အဘယ့်ကြောင့် သွေးစွန်းနေရသနည်း။
ဤသွေးစက်များသည် နှစ်ပေါင်းမည်မျှကြာသည်ကိုပင် မမှန်းဆဝံ့ချေ။မရေမတွက်နိုင်သာ နှစ်ပေါင်းများစွာကြာပြီးသည့်တိုင် ဤမျှထိတ်လန့်ဖွယ်ကောင်းသော ရောင်ဝါများ ရှိနေဆဲပင် ဖြစ်သည်။
“ဒါက အမတသွေးလား...?”
အရိုးဖြူ ပင်လယ် ဘုရင်မက ရေရွတ်လိုက်သည်။
သူမ၏ ခန့်မှန်းချက်အရ ၊ ဒဏ္ဍာရီလာ အမတသခင်များသာလျှင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကို ထုတ်လွှတ်နိုင်သည် ။
ဟူး လာ လာ —
ထိုစဉ် ၊ ဝင်ပေါက်ကို လုံးလုံးလျားလျား ထုတ်ဖော်လိုက်သောအခါတွင် လူတိုင်းသည် ၎င်းတို့ရှေ့မှ မြင်ကွင်းကြောင့် တုန်လှုပ်သွားရပြန်သည်။
အရောင်လေးမျိုးရှိသော သံကြိုးလေးချောင်း၊ သို့သော် ထိုသံကြိုးများသည် အလွန်ထူထဲပြီး တံခါးပေါက်တစ်ခုလုံးကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသည်။
အထဲကနေ တံခါးကို တွန်းဖွင့်ရန် ကြိုးစားနေသော ကြောက်စရာကောင်းသော အင်အားတစ်ခု ရှိနေသလိုပင်။ သို့သော် ထိုသံကြိုးလေးချောင်း၏ ချုပ်နှောင်ရစ်ပတ်ထားသော နေရာတွင် အဟ တစ်ခုရှိနေသည်။
ထို အဟ နေရာတွင် ၊ အနက်ရောင် အခိုးအငွေ့များ စိမ့်ထွက်နေသည်။
ထိုဆိုးညစ်သော ရောင်ဝါသည် အဝေးကနေပင် လူကို တစ်ခေါင်းလုံး ထုံထိုင်းသွားစေသည်။
“ဒါ...သော့ပေါက်လား?”
ထိုအချိန်တွင် စူးချန်ကဲသည် အခြားအသေးစိတ်အချက်ကို သတိပြုမိခဲ့သည်။
ဤသံကြိုးလေးချောင်း၏ အပေါ်တွင် ကြီးမားသော ကြေးဝါသော့ခလောက် တစ်ခု ပါရှိပြီး ၊ သော့ပေါက်များသည် သော့လေးခုစလုံးနှင့် အံဝင်ခွင်ကျ ဖြစ်ပုံရသည်။
ဤမြင်ကွင်းသည် စူးချန်ကဲ၏ စိတ်နှလုံးသားကို တုန်ခါသွားစေသည်။
ထို့အပြင် ကမ္ဘာတစ်ခုသို့ဝင်ရောက်တိုင်း အဘယ့်ကြောင့် မုခ်ပေါက်တစ်ခုဖွင့်ရသနည်း။
ကျုံယုံ(ငရဲကိုးထပ်)၏ ဗဟိုကို ဝင်ရောက်သော ကျုံယုံ(ငရဲကိုးထပ်)မုခ်ပေါက်အား အဘယ့်ကြောင့် သံကြိုးလေးခုဖြင့် တင်းကျပ်စွာ ချည်နှောင်ထားသနည်း။
ကျုံယုံ(ငရဲကိုးထပ်)သည် အထူး ချိတ်ပိတ်ထားသော ကမ္ဘာပင်လော။
သို့သော် ကျုံယုံ(ငရဲကိုးထပ်)သည် မရဏကမ္ဘာနှင့် နတ်ဆိုးကမ္ဘာ ကွဲသွားပြီးနောက် ဖြစ်ပေါ်လာခဲ့သည် မဟုတ်လော။
ထိုအကြောင်းအရာများကို တွေးလိုက်တိုင်း စူးချန်ကဲတစ်ယောက် ပို၍ ရှုပ်ထွေးလာသည်။ သူသည် ကျုံယုံ(ငရဲကိုးထပ်)မုခ်ပေါက်ကို လေးနက်စွာဖြင့် ကြည့်နေသည်။
“ ကြည့်ရတာ ဒီကျုံယုံ(ငရဲကိုးထပ်)မှာ အလွန်ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခု မြှုပ်နှံထားပုံရတယ် “
အပိုင်း(၃၃၇): ထူးဆန်းသောအရာများ
“ ချန်ကဲ ဆက်ခံသူ....”
ကွေးယွမ် သူတော်စင် နယ်မြေ နှင့် ယောင်ချီ သူတော်စင်နယ်မြေ မှ တပည့်များစွာတို့သည် စူးချန်ကဲကို ကြည့်လိုက်ကြသည်။
သူတို့သည် စူးချန်ကဲ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပုံရသည်။
အဘယ့်ကြောင့်ဆိုသော် ဤမုခ်ပေါက်သည် မဖွင့်ခင်ကတည်းက အတော်လေးကို ထူးဆန်းနေပြီးသားပင် ဖြစ်သည်။
အထဲတွင် မသိနိုင်သော ကြောက်စရာ အရာများနှင့် ပြည့်နှက်နေနိုင်သည်။
ဝင်မလား မဝင်ဘူးလားဆိုသည့် မေးခွန်းအပေါ် စူးချန်ကဲ၏ ဆုံးဖြတ်ချက်ကို စောင့်ရန် လိုအပ်ပေသည်။
လူတိုင်း၏ အကြည့်အောက်တွင် ၊
စူးချန်ကဲသည် တွန့်ဆုတ်ခြင်းမရှိဘဲ သော့လေးခုစလုံးကို သက်ဆိုင်ရာ သော့ပေါက်ထဲသို့ ထည့်လိုက်သည် ။
…..
သူ လွယ်လွယ်နှင့် အရှုံးပေးရန် ဆန္ဒမရှိချေ။
ဤကျုံယုံ(ငရဲကိုးထပ်)သို့ လာရောက်ရခြင်း အကြောင်းရင်းမှာ လူဝင်စားမြစ်ကြောင့် ဖြစ်ပြီး၊ အထဲတွင် ပြီးအောင်လုပ်ရမည့် စနစ်တာဝန်များလည်း ရှိနေသေးသည်။
ထို့အပြင် ဤထူးဆန်းသော အသွင်အပြင်ကြောင့် လူဝင်စားမြစ်ထဲကို ဝင်ရောက်မည့် အခွင့်အရေးကို စွန့်လွှတ်လိုက်မည်ဆိုပါက ၊
လူတိုင်း၏ လှောင်ပြောင်ရယ်မောခြင်းကို ခံရပေလိမ့်မည်။
ကာ့ခ်!!
ထိုစဉ် ၊ သော့ဖွင့်သံ တချက် ထွက်ပေါ်လာသည်။
မူလက ဤကြီးမားသော မုခ်ပေါက်တွင် ချည်နှောင်ထားသော သံကြိုးလေးချောင်းသည် တစ်ပြိုင်နက်တည်း ဖြည်ကျသွားသည်။
ဟူး လာ လာ——
ဝုန်း!!!
ထိုသံကြိုးလေးချောင်း ပျက်စီးသွားသည်နှင့် တပြိုင်နက် ဧရာမတံခါးကြီးသည် အင်အားတစ်ခု၏ အတင်းတွန်းဖွင့်ခြင်းကို ခံလိုက်ရသည် ။
ဤတံခါးပေါက်အတွင်း အချိန်အတိုင်းအတာတစ်ခုအထိ ချိတ်ပိတ်ခံထားရသော ရှေးဟောင်း စွမ်းအင်တစ်ခုသည် ဆည်ကျိုးသွားရာမှ လျှံကျလာသော မြစ်ရေသဖွယ် ပြင်ပကမ္ဘာဆီသို့ တဟုန်ထိုး စီးဆင်းထွက်ပေါ်လာသည်။
ရုတ်တရက်ဆိုသလို ၊ အဆုံးမရှိ ထူးဆန်းသော ရောင်ဝါ တစ်ခု ထွက်ပေါ်လာသည်။
အထဲတွင် ထူးဆန်းသော အရာများလည်း ရှိနေခဲ့သည် ။
“ကြည့်ကြစမ်း၊ အဲဒါတွေက ဘာတွေလဲ!?”
အဝေးမှ ကြည့်ရှုသူများသည် ထိုထူးဆန်းသော အရာများကို မြင်လိုက်ရချိန်တွင် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့ပြန်သည်။
လှံအကျိုးအပဲ့များ ၊
အဖျက်ဓား ၊
ပျက်စီးနေသော အလံ ၊
သွေးစွန်းနေသော အဖိုးတန် သံချပ်ကာ စသည်တို့ပင်။
ဤအရာများသည် ပျက်စီးယိုယွင်းနေပြီ ဖြစ်သော်လည်း ၊ ၎င်းတို့ဆီမှ ထွက်လာသော ရောင်ဝါသည် ကြောက်မက်ဖွယ်ရာ ကောင်းနေဆဲပင် ။
သူတို့ထဲက တစ်ခုကို ရယူနိုင်ပါက ၊ ထိုအရာသည် ကောင်းကင်ဘုံကိုတောင် အံတုနိုင်သော အခွင့်အရေးတစ်ခု ဖြစ်နေမှာကိုပင် စိုးရသည်။
သို့သော် မည်သူမှ မလှုပ်ရှားဝံ့ပေ။
စူးချန်ကဲဘက်မှ မလှုပ်သရွေ့ သူတို့သည် မည်သို့သော သတ္တိမျိုးဖြင့် ဝင်စွက်ဖက်နိုင်မည်နည်း။
သူ့တို့တစ်ဘဝလုံး ပြန်ပေးဆပ်တောင် မလုံလောက်မည်ကို စိုးရသည်။
သို့သော် ထိုကဲ့သို့ ကောင်းကင်ဘုံကို အံတုနိုင်သော ရတနာ ဆိုသော်လည်း စူးချန်ကဲသည် တည်ငြိမ်စွာဖြင့် ကြည့်နေခဲ့သည်။
နောက်ကို လက်ပစ်လျက် အေးဆေးစွာ ရပ်နေသော စူးချန်ကဲ၏ ရှေ့မှောက်တွင် ၊ ယင်းကျိုးပဲ့ အက်ကွဲနေသော အရာဝတ္ထုများသည် အနက်ရောင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ လေထဲတွင် ပျံဝဲနေကြသည်။
စူးချန်ကဲမှ ဝင်မစွက်ဖက်သရွေ့ ကွေးယွမ် တပည့်များသည်လည်း မလှုပ်ရှားကြပေ။
အဘယ်ကြောင့်ဆိုသော် ဤထူးဆန်းသော အရာဝတ္ထုများသည် ပြင်းထန်သော အငွေ့အသက်များ ရှိသော်လည်း၊ သို့သော် ၎င်းတို့သည် ကာလကြာရှည်စွာ မတူညီသော အငွေ့အသက်တို့၏ ကူးစက်ခြင်းကို ခံထားရသောကြောင့် ၎င်းတို့ကို အသုံးပြုခြင်းသည် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သောကြောင့် ဖြစ်သည်။
အတော်လေး အဖိုးတန်သော ရတနာများ ဖြစ် သော်လည်း ၊ သူတို့ ကွေးယွမ် သူတော်စင် နယ်မြေမှာလည်း ဤကဲ့သို့ ရတနာမျိုး ပေါများပေသည်။
ညစ်ပတ်နေပြီ ဖြစ်သော အရာကို အဘယ့်ကြောင့် ကောက်ကိုင်ဦးမည်နည်း။
အဝေးမှ ကြည့်ရှုသူတို့သည် စူးချန်ကဲတို့ အုပ်စုသည် မလှုပ်မယှက် ရှိနေသည်ကို မြင်လိုက်ရသည်နှင့် အံ့ကြိတ်လျက် ဝင်ရောက်လာကြသည်။
ဤအရာများသည် ထူးဆန်းပုံရသော်လည်း သူတို့ လက်လွတ်မခံချင်ကြပေ။
ပထမ တစ်ယောက်သည် ယင်းပစ္စည်းများထဲမှ တစ်ခုကို လက်ခံယူလိုက်သည်။
ကြည့်ရှုသူတိုင်း စိတ်လှုပ်ရှားနေကြသည်။
“မြန်မြန် ၊ ချန်ကဲ ဆက်ခံသူက ဒီအရာတွေကို မကြိုက်ဘူး ၊ ငါတို့ မြန်မြန် ယူကြစို့!”
“မြန်မြန် မြန်မြန်! ဒီတစ်ခေါက် လွတ်သွားရင် သွားပြီ!”
“…..”
လူအုပ်ကြီးမှာ ပွက်လောရိုက်လျက် ၊ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ၎င်းတို့၏ မှော်အစွမ်းများကို အသက်သွင်းလိုက်ပြီး လေထဲတွင် ပျံဝဲနေကြသော ယင်းထူးဆန်းသော အရာများကို ကြားဖြတ်ယူရန် ကြိုးစားကြလေသည်။
“ဒါတွေက နည်းနည်းထူးဆန်းနေပေမယ့်...”
ထိုစဉ် စူးချန်ကဲ၏ဘေးတွင် ရပ်နေသော လော့ရန်ယွီက ဆိုလိုက်သည်။
“ဒါပေမယ့် ပြန်လည် သန့်စင်လို့ရတယ်လေ”
“ဘာလို့ လက်လွှတ်ခံမှာလဲ...”
ပစ္စည်းကောင်းကို စုဆောင်းရန်မှာ မလွယ်သော်လည်း စူးချန်ကဲ ကတော့ မတုန်မလှုပ် ရပ်နေဆဲပင် ။
ယင်းက သူမကို အနည်းငယ် စိတ်ပျက်စေခဲ့သည်။
“ဘာလို့ ဒီတန်ဖိုးမရှိတဲ့ အရာတွေကို မျက်စိကျနေတာတုန်း ၊ မင်းရဲ့ ယောင်ချီ သူတော်စင်နယ်မြေက ချို့တဲ့နေလို့လား”
လော့ရန်ယွီက မျက်ဖြူလှန်ပြကာ ပြန်ပြောလေ၏။
“လူတိုင်းကို ချန်ကဲ ဆက်ခံသူလို့ မယူဆနဲ့လေ ကျွန်မတို့ ယောင်ချီ သူတော်စင်နယ်မြေက တင်းကျပ်စွာ စီမံခန့်ခွဲတာရော မဖြစ်နိုင်ဘူးလား?”
လော့ရန်ယွီ၏ မကျေမနပ် အသံကို နားထောင်ရင်း စူးချန်ကဲက ပြုံးလိုက်သည်။
“ကောင်းပြီ ၊ ငါတို့ လူဝင်စားမြစ်ကို ရောက်ရင် ဒီထက်ကောင်းတာတွေ အများကြီး ရှိဦးမှာ”
“ အဲ့ကြရင် ငါကိုယ်တိုင် မင်းကို ရှယ်ပေးမယ်”
……
အခြားထောင့်တစ်နေရာတွင် ၊
မော့ရန်ရှီးသည် သူမလက်ကို ဆန့်ထုတ်လိုက်သည်။
ထို့နောက် လေထဲတွင် လွင့်မျောနေသော သွေးစွန်းနေသော ဓားရှည်တစ်ချောင်းကို ဖြတ်ယူလိုက်သည်။
သူမလက်ထဲက အချိန်ကာလ၏ တိုက်စားမှုအောက်တွင် သံချေးတတ်ကာ စုတ်ပြတ်နေသော ဓားကို တချက်ကြည့်လိုက်ရာ ၊
မော့ရန်ရှီး အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“ဒီရောင်ဝါ...”
“ကြောက်စရာကောင်းတဲ့ နာကြည်းမှု စွမ်းအင်ရှိရုံတင်မကဘူး... ပြင်းထန်တဲ့ ကျိန်စာစွမ်းအားလည်း ရှိသေးတယ်...”
မော့ရန်ရှီး၏ လက်ချောင်းထိပ်၌ နတ်အလင်းတစ်ခု ထွက်ပေါ်လာသည်။
ထိုဓားပေါ်က ရောင်ဝါသည် သူမ၏ ရောင်ဝါကို ထိပ်တိုက် ဆုံတွေ့သောအခါ
ဓားတစ်ခုလုံး ပြင်းထန်စွာ လှုပ်ယမ်းသွားသည်ကို မြင်ခဲ့ရပြီး ၊ ဤရှေးဟောင်းဓားမှ စိတ်အနှောင့်အယှက်ဖြစ်စေသော အမည်းရောင် အငွေ့များ ထွက်ပေါ်လာသည်။
“မုန်းတယ် အရမ်းမုန်းတယ်!!”
“ဘာလို့လဲ!? ဘာလို့လဲ!?”
“ငါ့ရဲ့ ကျင့်ကြံမှု၊ ငါ့ စိတ်ဝိညာဉ်နဲ့ ငါ့ခန္ဓာကိုယ်ကို စတေးခဲ့ပေမဲ့ ဘာလို့ ရှုံးခဲ့ရတာလဲ!”
“ ငါ မကျေနပ်ဘူး ၊ မကျေနပ်ဘူး !”
ထိုအသံထွက်လာသည်နှင့် ၊ မော့ရန်ရှီး အနည်းငယ် ထိတ်လန့်သွားသည်။
ဤထူးဆန်းသော ရောင်ဝါသည် သူမကို မခြောက်လန့်နိုင်သော်လည်း ၊
သို့သော် ဤရောင်ဝါကို သူမ အလွန်ရင်းနှီးသည်။
“ဒီဟာက...?”
ဤအငွေ့အသက်ထဲတွင် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ပါဝင်နေသည်။
မော့ရန်ရှီး ရုတ်တရက် သဘောပေါက်သွားသည်။
“ မဟုတ်မှလွဲရော ဒီဓားက ကမ္ဘာ့ကပ်ဘေးစစ်ပွဲမှာ သေဆုံးသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အရာများလား?”
“နောက်ဆုံးတော့ ဝိညာဉ်က အမှောင်ထုရဲ့ တိုက်စားမှုကို ခံလိုက်ရပြီး ၊ စိတ်ဆန္ဒစွမ်းအားက ကျိန်စာ စွမ်းအားအဖြစ် ပြောင်းလဲသွားတာများလား...?”
“ဒါပေမယ့်... ဒီလို စွမ်းအားကြီးသူတွေရဲ့ ဝိညာဉ်တွေက အဆုံးမဲ့ အရိုးဖြူ ပင်လယ်ထဲ ကို ရောက်သွားသင့်တာ မဟုတ်လား...?”
သူမ မယုံကြည်နိုင်ပုံရသည်။
မော့ရန်ရှီးသည် လေထဲတွင် ပျံသန်းနေကြသော အနက်ရောင် အလင်းတန်းများကို တစ်ဖန် မော့ကြည့်လိုက်သည်။
“ဘာလို့ ဒီမှာပေါ်လာရတာလဲ?”
“ ဘာလို့ ဒီလိုထူးဆန်းတဲ့အရာတွေအဖြစ် ပြောင်းလဲသွားတာလဲ?”
“ ကြည့်ရတာ ဒီဘဝရဲ့ အဖြစ်အပျက်တွေက ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်သွားပုံရတယ် ၊ ဒါကို အတည်ပြုဖို့ဆို ငါကိုယ်တိုင် လူဝင်စား မြစ်ထဲကို ဝင်ကြည့်မှ ဖြစ်မယ် “
……..
ဤထူးဆန်းသော အရာဝတ္ထုများသည် မည်သည့်နေရာမှ ဆင်းသက်လာသည်ကို မသိနိုင်ပေ။
သို့မဟုတ် ၎င်းတို့သည် ကျင့်ကြံသူများကို ဖမ်းစားချင်လို့ ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့မဟုတ် ၎င်းတို့သည် ကျုံယုံ(ငရဲကိုးထပ်) ၏ နိယာမများ ဖျက်စီးခံရပြီး ကျုံယုံ(ငရဲကိုးထပ်) မှ လွတ်မြောက်လိုသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
ကျုံယုံ(ငရဲကိုးထပ်) မုခ်ပေါက်၏ အငွေ့အသက်တို့သည် ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။
စူးချန်ကဲသည် ကွေးယွမ် သူတော်စင် နယ်မြေနှင့် ယောင်ချီ သူတော်စင်နယ်မြေမှ တပည့်များစွာကို ဦးဆောင်ကာ ဝင်ရောက်လာခဲ့သည်။
ဤတံခါးကို ဖြတ်သွားရသည့် ခံစားချက်သည် အလွန်ကို ဆန်းကြယ်ပေသည်။
မျက်စိတမှိတ်အတွင်းမှာပင်၊ နှစ်သန်းပေါင်းများစွာ အချိန် ကုန်လွန်သွားပုံရသည်။
ပြင်းထန်သော သွေးနံ့များသည် သူတို့ကို ဖြတ်တိုက်၍ သွားတတ်သည်။
ဤအပုပ်နံ့များသည် အတော်လေး ရွံ့စရာကောင်းပေသည်။
လူကို ပို၍ ကြောက်စရာကောင်းစေသည်မှာ ထိုအပုပ်နံ့များ ဖြတ်တိုက်သွားလေတိုင်း ၊
မရေမတွက်နိုင်သော ထူးဆန်းသော အချိန်အာကာသအပိုင်းအစများ ပါဝင်နေပုံရသည်။
ထိုအပိုင်းအစများထဲတွင်
သက်ရှိများ၏ ငိုကြွေးသံ ၊
အမတသားရဲ ချီလင်၏ ဟစ်ကြွေးသံ ၊
အမတ မဟာဧကရာဇ်မင်း၏ သွေးစက်များ ၊
ကျိုးပဲ့ ပျက်စီးနေသော နယ်မြေများ ။
…..
ထို့အပြင် သွေးများစွန်းထင်းနေသော မြင်ကွင်းများ။
စူးချန်ကဲပင်လျှင် ထိုမြင်ကွင်းကို တချက်
ကြည့်လိုက်ရုံဖြင့် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။
သူ့စိတ်ဝိညာဉ်တောင် ပျက်သုန်းလုနီးပါးဖြစ်ခဲ့ရသည်။
အခြားသော တပည့်တချို့သည် အမှတ်မထင် စိုက်ကြည့်မိခဲ့ကြသည်။
ချက်ချင်းဆိုသလို သွေးများဆူပွက်ကာ ပေါက်ကွဲသွားကြသည်။
“ အဲ့အပိုင်းအစတွေကို သွားမကြည့်နဲ့!”
သို့သော်ငြားလည်း တပည့်များစွာ၏ အသွေးအသားတို့သည် ပေါက်ကွဲကာ သွေးများစွာ စွန်းထင်းခဲ့ချေပြီ။
“ ချီးပဲ!”
အရင်တိုက်ပွဲတွင် အသေအပျောက် မရှိခဲ့ပေ။
သို့သော် ကျုံယုံ(ငရဲကိုးထပ်)၏ အဓိကကမ္ဘာထဲသို့ ဝင်ရောက်ခြင်း ဖြစ်စဉ်တွင် ယခုလို အသေအပျောက်များစွာ ရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူ့ ဒေါသများ ပေါက်ကွဲလာခဲ့စဉ် ၊
ရုတ်တရက် ၊
သူ့စိတ်ထဲတွင် နားမလည်နိုင်သော ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“အိုး....?”
ဤအသံသည် ရိုးရှင်းသော မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားပုံရပြီး ၊ နောက်ဆုံးတွင် စူးချန်ကဲ၏ စိတ်ထဲတွင် ထင်ရှားလာသည်။
“ နှစ်တွေကြာခဲ့ပြီ နောက်ဆုံးတော့ အရည်အချင်းပြည့်မီတဲ့ အသုံးအဆောင်တွေ ရောက်လာခဲ့ပြီပဲ “
“ဟားဟား... နောက်ဆုံးတော့ ငါ ပြန်ကောင်းလာနိုင်တော့မယ် “
အပိုင်း(၃၃၈): လူဝင်စားမြစ် ၊ ပီအန့်အမတ၏ အမွေအနှစ်
ထူးဆန်းသောအသံ ထွက်ပေါ်လာသည့် တစ်ချိန်တည်းမှာပင် ၊
စူးချန်ကဲတို့ ဖြတ်ကျော်နေသည့် အချိန်-အာကာသလမ်းကြောင်းတစ်လျှောက် ပို၍ ဆိုးရွားသော သွေးမုန်တိုင်းများ တိုက်ခတ်လာခဲ့သည်။ ယင်းအရာထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်များစွာ ရှိပေရာ ကျယ်လောင်စွာ ဟစ်အော်နေကြသည်။
အမှန်စစ်စင် ၊ ၎င်းအရိပ်များသည် ကမ္ဘာ့ကပ်စစ်ပွဲတွင် ကျဆုံးသွားခဲ့သော ရှေးခေတ် စွမ်းအားရှင်များ၏ ဝိညာဉ်များပင် ဖြစ်သည်။
“ ဒါက....?”
နီမြန်းသော မုန်တိုင်း၏ အနက်ရှိုင်းဆုံး နေရာတွင် ထူးဆန်းသော အသွင်အပြင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
နက်မှောင်သော နဂါးဝတ်လုံတော် နှင့် တိမ်လွှာ ဘွတ်ဖိနပ်ကို ဝတ်ဆင်ထားပြီး ၊ ခေါင်းပေါ်တွင် ရွှေရောင်သရဖူကို ဆင်မြန်းထားသည် ။ ပုတီးစေ့ ကန့်လန့်ကာဖြင့် သူ၏ အသွင်အပြင်ကို ဖုံးကွယ်ထားသည်မှာ ဧကရာဇ်ဘုရင်တစ်ပါး၏ ရောင်ဝါကို ပို၍ ကြီးကျယ်ခမ်းနားသွားစေသည်။
ထိုစဉ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ၊သူ့အမိန့်ကို နာခံသော မရေမတွက်နိုင်သော ထူးဆန်းသော အသွင်အပြင်များစွာသည် သူ့ဆီသို့ စုရုံးလာကြသည်။
“ဟားဟား ၊ ကောင်းတယ်၊ ငါစောင့်နေတာ နှစ်ပေါင်းကြာမြင့်ခဲ့ပြီ “
၎င်းသည် အလွန်စိတ်လှုပ်ရှားနေပုံပေါ်သည်။
“ အရည်အချင်းပြည့်မီတဲ့ အသုံးအဆောင်တွေ ခုလို အများကြီး ရောက်ချလာမယ်လို့ မထင်ထားဘူး သူတော်စင် ကိုယ်ထည်တွေတောင် အဆစ်ပါလိုက်သေးတယ်”
“ ငါကိုယ်တော် ကိုယ်တိုင်ကိုယ်ကျ အရေးယူမှ စိတ်ချရမယ်!”
ဝုန်း!!
ရုတ်တရက်။
ထိုအနှီ ရုပ်သွင်မှ ၎င်း၏ လက်ကို ဆန့်ထုတ်ခဲ့လေရာ ဖိနှိပ်စွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာပြီး အချိန်-အာကာသ လမ်းကြောင်းကိုပင် သက်ရောက်မှု ဖြစ်ပွားစေခဲ့သည်။
ကြီးကျယ်ခမ်းနားလှသော ဤစွမ်းအားသည် ဧကရာဇ်မင်း နယ်ပယ်အဆင့်ကို လုံးဝ ကျော်လွန်နေပြီး ၊ လေထဲသို့ စိမ့်ဝင်လာသော ၎င်း၏ ရောင်ဝါသည် လူကို ခိုက်ခိုက်တုန်သွားစေသည်။
“ ချန်ကဲ ဆက်ခံသူ!”
ကွေးယွမ် သူတော်စင် နယ်မြေမှ တပည့်များစွာ၏ အမူအရာများသည် ရုတ်ချည်း ပြောင်းလဲသွားပြီး ၊ အားလုံးက စိုးရိမ်စိတ်ဖြင့် လှမ်းအော်လိုက်ကြသည်။
သန်မာလွန်းပေသော စူးချန်ကဲမှလွဲ၍ ၊
ကျန်လူများသည် အချိန်- အာကာသ အပိုင်းအစများကို မကြည့်မိစေရန် မျက်လုံးမှိတ်ထားပြီး ဖြစ်သည်။
မမြင်နိုင်သော ကြောက်စိတ်က ၎င်းတို့၏ စိတ်နှလုံးထဲက ကြောက်ရွံ့မှုကို ပို၍ ကြီးထွားစေခဲ့သည်။
“စိတ်ပူစရာ မလိုဘူး!”
စူးချန်ကဲ၏ အသံထွက်ပေါ်လာသည် ။
“အရာရာတိုင်းအတွက် ငါ ရှိတယ်”
သူသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ ဆက်ခံသူ တစ်ယောက်အနေဖြင့် ကွေးယွမ် သူတော်စင် နယ်မြေ၏ တပည့်များကို အန္တရာယ်ကင်းအောင် ထားရှိရမည်မှာ သူ၏ တာဝန်သာပင်။
သူမြတ်နိုးရသော သူတွေသာဆိုလျှင်ဖြင့် စကားနှင့်တောင် ထည့်ပြောဖို့ပင် မလိုပေ။
“ဆုတ်ခွာဖို့မဖြစ်နိုင်မှတော့ တိုက်ရုံပဲ!”
ဝုန်း!!
စူးချန်ကဲသည် သူ့ခန္ဓာကိုယ်ရှိ သူတော်စင် ခန္ဓာကိုယ်များစွာကို အစွမ်းကုန် နိုးထစေခဲ့သည်နှင့် တစ်ပြိုင်နက် ကြီးကျယ်ခမ်းနားသော ရောင်ဝါများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
အဆုံးမဲ့ နိယာမ မှော်သင်္ကေတများသည် စူးချန်ကဲထံသို့ စုဝေးရောက်ရှိလာကြသည်။ သူ ဖြန့်ကျက်လိုက်သော စွမ်းအားများသည် အလားတူ အချိန်-အာကာသ လမ်းကြောင်းများကို သက်ရောက်မှု ဖြစ်စေခဲ့သည်။
ဝီ —
စူးချန်ကဲ၏ ရင်ဘတ်ပေါ်ရှိ ချန်ရှန်းအရိုးသည် တောက်လောင်နေသော အလင်းရောင်ဖြင့် ပေါက်ကွဲထွက်လာသည်။
တောက်ပမှုနှင့် အမှောင်တို့ ရောယှက်လျက်၊ ဖျက်ဆီးခြင်း နှင့် နတ္ထိ စွမ်းအားများသည် တသိမ့်သိမ့် ရိုက်ခတ်လေ၏။
သူ့နောက်တွင် ၊
တစ်ချိန်တည်းမှာပင် ကြီးမားသော ကြောက်စရာကောင်းသော ဝဲဂယက်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ဝဲဂယက်ကြီးသည် ပြင်းထန်စွာ လည်ပတ်နေပြီး ဝါးမြိုခြင်းစွမ်းအားများ ထွက်ပေါ်လာသည်။
အိပ်မောကျနေခဲ့သော မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းနှင့် အတူ ၊ ရှေးကောင်းကင်ဘုံ အာဏာရှင် နတ်ဘုရားကိုယ်ထည်၏ အသွေးအသားတို့သည်လည်း ဤအခိုက်တွင် နိုးထလာခဲ့ချေပြီ။
ကြောက်ခမန်းလိလိ စွမ်းအားများ ပေါက်ကွဲ ထွက်ပေါ်လာသံနှင့်အတူ ၊
အဆုံးမရှိသော စိတ်ခံစားချက်(တာအိုဝါဒီသမားတွင် ရှိသည့် စိတ်ဆန္ဒ )တို့သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ကာ မြင့်မြတ်သော မှော်သင်္ကေတများအဖြစ်သို့ ပြောင်းလဲသွားသည်။
လျှို့ဝှက်ဆန်းကြယ်ဆုံး ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်သည်ပင် ယခုအချိန်တွင် သာမာန် နားလည်နိုင်စွမ်းထက် ကျော်လွန်သော စွမ်းအားများဖြင့် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်၏ လမ်းညွှန်မှုအောက်တွင်၊ သူတော်စင် ခန္ဓာကိုယ်များ၏ ဝိရောဓိစွမ်းအားများ ပေါင်းစပ်ကာ တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်လို့နေ၏ ။
ထုတ်လွှတ်လိုက်သော ရောင်ဝါသည် ထာဝရကို ကျော်လွန်ကာ မူလဇစ်မြစ်ကို ချိုးဖျက်နိုင်ပေသည်။
“ဒီရောင်ဝါက...?”
ထိုအနှီရုပ်သွင်သည် ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားသည် ။
သူ၏ ယခင်က ကျင့်ကြံမှုအဆင့်သည် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ဝင်ရောက်နိုင်သည် ဟု ဆိုရမည် ဖြစ်ပြီး စူးချန်ကဲသည် သူ့အတွက်တော့ ပုရွက်ဆိတ်တစ်ကောင်လိုပင်။
ယခုမူ စူးချန်ကဲ၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော ရောင်ဝါသည် သူ့အား လွန်စွာ သိမ်ငယ်သွားစေသည်။
ဝီ——
စူးချန်ကဲကိုယ်ပေါ်ရှိ အလင်းရောင်သည် ပိုမိုတောက်ပလာသည်။
ဝုန်း! !
အချိန်- အာကာသ လမ်းကြောင်းသည်လည်း ပြင်းထန်စွာ တုန်ခါနေပြီး၊ များပြားလှသော အချိန် -အာကာသ အပိုင်းအစများသည် ထိုအလင်းရောင်များကို ထိမိသည့်အခိုက် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ဝိညာဉ်များသည်လည်း တောက်လောင်နေသော နေရောင်ကို ထိတွေ့မိသည့်အခိုက် အရည်ပျော်သွားသော ဆီးနှင်းခဲများကဲ့သို့ တစ်စုပြီးတစ်စု ပျောက်ကွယ်သွားကြသည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?”
“ဒီနေရာမှာ တံဆိပ်ခတ်ထားခံရတဲ့ ဝိညာဉ်တွေက အဆုံးမဲ့ ကျိန်စာကို ခံစားနေရတာ ၊ ပြီးတော့ သူတို့ခန္ဓာကိုယ်ပေါ်မှာ ထောင်ပေါင်းများစွာသော ကံတရားအတားအဆီးတွေ ရှိတယ် !”
၎င်းသည် ထိတ်လန့်တကြား ညည်းညူလိုက်သည်။
“ကံကြမ္မာပင်လယ်ကြီးတောင် မကယ်တင်နိုင်တာ၊ ဒီကလေးက ဘယ်လိုလုပ် ဒီလိုလုပ်နိုင်မှာလဲ!”
သို့သော် အလင်းရောင်သည် ပို၍ ပြင်းထန်လာသည်နှင့်အမျှ ထိုအနှီရုပ်သွင်သည် သဲလွန်စတစ်ခုကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။
“ အကြောင်းတရားနှင့် အကျိုးကို ဖျက်စီးကာ လူဝင်စားမြစ်ကို ဖြတ်ကျော်နိုင်သည့်...”
“ မဟာလမ်းစဉ်ကို ကျော်လွန်ကာ စည်းမျဉ်းများ၏ အပြင်ဘက် !”
“ကံတရားအတားအစီးများကို ဖျက်ဆီးနိုင်သော ... လူဝင်စားခြင်း စွမ်းအားကို ဖျက်ဆီးပစ်နိုင်သော...”
“ ဒါက ဒဏ္ဍာရီထဲက ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်..”
သို့သော် သူ ခန့်မှန်းချက်မပြီးဆုံးမီ ၊ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားတစ်ခုက သူ့ကို ဖုံးအုပ်ပစ်ခဲ့သည်။
ဒီနာမည်ကို ထုတ်ဖော်ပြောလို့ မဖြစ်ဘူး! !
ဘုန်း!!
တောက်လောင်နေသော အလင်းရောင်သည် တဟုတ်ချင်း ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ထိုအနှီပုံရိပ်သည် မှုန်ဝါးဝါး အရိပ်ပမာအဖြစ် ပြောင်းလဲသွားခဲ့ပြီး အချိန်မရွေး ပြိုကွဲသွားနိုင်သည်။
“ကောင်လေး!”
“ငါ မင်းကို လူဝင်စား မြစ်မှာ စောင့်နေမယ်!”
ထိုစကားများကို ချန်ထားပြီးနောက်။
ထိုအနှီ ပုံရိပ်သည် ပြင်းထန်သော သွေးညှီနံ့နှင့်အတူ ရုတ်တရက် ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် ၊
စူးချန်ကဲနှင့် သူ၏အဖွဲ့သည် နောက်ဆုံးတွင် ဤထူးဆန်းသော အချိန်-အာကာသလမ်းကြောင်းမှ လွတ်မြောက်ခဲ့လေပြီ။
ဟူး--
သူတို့ အထဲသို့ ရောက်ရှိသွားချိန်တွင် ရေသံများကို ကြားလိုက်ရသည်။
လူတိုင်း ပျစ်ချွဲနေသော အရည်များ၏ အထိအတွေ့ကို ခံစားလိုက်ရပြီး ၊ အညှီအဟောက်နံ့များက သူတို့၏ နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။
မျက်လုံးဖွင့်ထားသော တစ်ဦးတည်းသော စူးချန်ကဲပင်လျှင် သူ့ရှေ့က မြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။
ဤနေရာသည် အပြင်လောကနှင့် လုံးဝ မတူညီသော နေရာတစ်ခုပင် ဖြစ်သည်။
“ ချန်ကဲ ဆက်ခံသူ... ကျွန်တော်တို့ မျက်စိဖွင့်လို့ရပြီလား...?”
ယွင်ရှင်းယန်နှင့်အတူ အခြားနောက်လိုက်များ အကုန်လုံး အန္တရာယ်မရှိခဲ့ကြပေ။
သူတို့သည် စူးချန်ကဲကို အကြွင်းမဲ့ ယုံကြည်ပြီး ၊ စူးချန်ကဲ၏ အမိန့်ကို လက်ခံရရှိမှသာလျှင် လုပ်ဆောင်လှုပ်ရှားကြသည်။
“အဆင်ပြေတယ်”
စူးချန်ကဲ၏ တုံ့ပြန်မှုကို ရရှိပြီးနောက်၊ ကွေးယွမ် သူတော်စင် နယ်မြေ၏ တပည့်များသည် သူတို့၏ မျက်လုံးများကို ရဲရဲဝံ့ဝံ့ ဖွင့်ကြည့်လိုက်သည်။
မှုန်ဝါးဝါး မြင်ကွင်းတွင် ၊
သူတို့အားလုံးသည် သွေးစွန်းနေသော မြင်ကွင်းတစ်ခုကို မြင်လိုက်ပုံရသည်။
သို့သော် အမြင်အာရုံများ ကြည်လင်လာသည်နှင့်အမျှ ၊
သူတို့သည် ပို၍ တုန်လှုပ်သွားပြီး နေရာမှာတင် အေးခဲသွားကြသည်။
ဤနေရာသည် အနီရောင် ကမ္ဘာကြီးတစ်ခုလိုပင်။
သူတို့ ရပ်နေသော နေရာသည် ရေမဟုတ် ၊ အဆုံးမဲ့ သွေးပင်လယ်ကြီးပင်။
ဤသွေးပင်လယ်ကြီးသည် သူတို့၏ ခြေသလုံးရိုးထိ ဖုံးအုပ်ထားပြီး ၊ သွေးလှိုင်းလုံးများက သူတို့အား အခါအားလျော်စွာ ရိုက်ခတ်လာကာ လူကို ပို၍ပင် ထိတ်လန့်သွားစေသည်။
အထက်ကောင်းကင်ကြီးသည် နီမြန်းလျက် ၊ သွေးစက်များ စုဝေးဖြစ်တည်ခြင်းမှ ဖြစ်ပေါ်လာသော သွေးခဲများသည် လေထဲတွင် လွင့်မျောနေသည်။
သွေးများ စုဝေးစီးဆင်းရာမှ အဆုံးတွင် ရှည်လျား နီမြန်းသော မြစ်ချောင်းများ ဖြစ်ပေါ်ကာ သွယ်တန်းစီးဆင်းနေလေ၏။
တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော သွေးနီမြစ်သွယ်များသည် အောက်ဘက်သို့ စီးဆင်းသွားသည်။
လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင်၊ စီးဆင်းသွယ်တန်းနေသော ဤမရေမတွက်နိုင်သော သွေးနီမြစ်ချောင်းများသည် နောက်ဆုံးတွင် သွေးပင်လယ်ပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။
သူတို့ကို ပို၍ ထိတ်လန့်စေခဲ့သည်မှာ သူတို့သည် အဆုံးမရှိသော သွေးပင်လယ်ကြီးထဲတွင် ရောက်ရှိနေခြင်းပင်။
သို့သော် လေပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ပုံစံများဖြင့် ရေးထွင်းထားသော ရှေးဟောင်း ကြေးဝါခေါင်းတလား ရှိနေသည်။
ထိုရှေးကြေးဝါခေါင်းတလားမှ ကံ၏ အကျိုးတရား အရိပ်အငွေ့တို့သည် အဆက်မပြတ် လျှံထွက်နေပြီး ၊ ဧကရာဇ်မင်း နယ်ပယ်အဆင့် တန်ခိုးကြီးမားသော ပုဂ္ဂိုလ်တစ်ဦးပင်လျှင် ၎င်း၏ အငွေ့အသက်ကြောင့် ပျက်စီးသွားနိုင်သည် ။
“ဒါ... ဒါ လူဝင်စားမြစ်ဆိုတာလား”
ထိတ်လန့်ခြင်းမှ ပြန်လည်တည်ငြိမ်လာသော လော့ရန်ယွီသည် တအံ့တဩဆိုလိုက်သည်။ လူဝင်စားမြစ်ဆိုတာက အလွန်မွန်မြတ်တဲ့ နေရာတစ်ခု ဖြစ်သင့်တာ မဟုတ်လား?
အဘယ်ကြောင့် ဤမျှ ထိုင်းမှိုင်းသော ထူးဆန်းသော မြင်ကွင်း ဖြစ်နေရသနည်း။
ထို့အပြင်၊ တသိမ့်သိမ့် ရိုက်ခတ်နေသော ဤသွေးပင်လယ်တွင် ပြင်းထန်သော ကံကြမ္မာကျိန်စာ စွမ်းအားများ ရှိနေသည်။
၎င်းတွင် လူဝင်စားခြင်း စွမ်းအားများ ပါ၀င်သည်ဟူသော အချက်ကြောင့် မဟုတ်ပါက၊ ဤသည်မှာ ဒဏ္ဍာရီထဲက လူဝင်စားမြစ် ဟု သူမ ဘယ်သောအခါမှ ယုံမည်မဟုတ်ပေ။
သို့သော် စူးချန်ကဲသည် ဤမြင်ကွင်းကို အချိန်ကြာမြင့်စွာ ရပ်ကြည့်မနေခဲ့ပေ။
ယင်းအစား သူသည် ရှေးကြေးသေတ္တာကို ထုတ်ယူလိုက်ပြီး လူဝင်စားမြစ်ထဲသို့ လျှောက်သွားခဲ့သည်။
ဤသည်မှာ စနစ်တာဝန်ဖြစ်သည်။ ပီအန့်အမတ၏ အမွေအနှစ်များကို လူဝင်စားမြစ်ထဲသို့ စွန့်ပစ်ရန် ဖြစ်သည်။
“ဒါက ပီအန့်အမတရဲ့ အမွေအနှစ်ပဲလား”
စူးချန်ကဲ၏ မျက်လုံးများသည် တဖျပ်ဖျပ် ဝင်းလက်လာသည်။
“ ကျုံယုံ(ငရဲကိုးထပ်)ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်တော့မှာလား?”
အပိုင်း(၃၃၉): လူဝင်စား ရေပေါ်အလောင်းကောင်
ဝုန်း!!!
သို့သော် စူးချန်ကဲသည် လူဝင်စားမြစ်သို့ ချဉ်းကပ်ခါနီးတွင် ၊
လူဝင်စားမြစ်ထဲတွင် မျောလွင့်နေသော ကြေးခေါင်းတလားသည် အင်အားတစ်ခု၏ ပြင်းပြင်းထန်ထန် တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။
တခဏချင်းမှာပင် ၊ ယင်ဓာတ် စွမ်းအင်များ တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။
ဝုန်း!!
လူဝင်စားမြစ်တစ်ခုလုံး တုန်လှုပ်မြည်ဟည်းနေ၏။
လူတိုင်း၏ မျက်ဝန်းများမှာ ထိတ်လန့်မှုနှင့် ပြည့်နှက်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံး ရှုံ့တွလျက် အစိမ်းရောင် အမွေးအမျှင်များ ဖုံးအုပ်ထားပြီး၊ နီရဲနေသော မျက်လုံးများနှင့် အစွယ်များရှိသော ထူးဆန်းသော သတ္တဝါတစ်ကောင်သည် ထိုကြေးခေါင်းတလားမှ ဖြည်းညှင်းစွာ ထထိုင်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။
ဤရုတ်တရက်ပြောင်းလဲမှုသည် စူးချန်ကဲကို မခြောက်လန့်နိုင်သော်လည်း၊ ၎င်းသည် သူ့ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။
“ဒါ...ဒါက လူဝင်စားမြစ်ထဲက လူဝင်စား ရေပေါ်အလောင်းကောင်?”
ထိုစဉ် ရုတ်တရက် လူအုပ်ထဲတွင် ရှိနေခဲ့သော ပိုင်ဇစ်သည် ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။
လူတိုင်း အသံလားရာကို တချက် ရှာဖွေကြည့်ခဲ့လေရာ ၊ အဖြူရောင် ဆံနွယ်များ၏ အောက်တွင် ပိုင်ဇစ်၏ မျက်နှာမှာ ပို၍ ဖြူဖျော့နေပုံရသည်။
ထိုအရာက သူ့အား လုံးဝ စိတ်လွတ်သွားစေပုံရသည်။
လူဝင်စား ရေပေါ်အလောင်းကောင်။
အဘယ့်ကြောင့်ဆိုသော် တစ်ချိန်က လူဝင်စားမြစ်သည် မရဏကမ္ဘာနှင့် သက်ဆိုင်သည့် ဆက်စပ်မှတ်တမ်းများကို ပီအန့် မျိုးနွယ်စု၏ ရှေးကျမ်းစာများတွင် တွေ့ခဲ့ဖူးသည်။
ကောင်းကင်နှင့် မြေကြီးပမာ အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်များသည် ၎င်းတို့၏ အရည်အချင်းများနှင့် အကြောင်းအမျိုးမျိုးကြောင့် မိမိတို့၏ ကျင့်ကြံမှုသည် တန့်ခံနေတတ်ပြီး ၊ ၎င်းတို့၏ သက်တမ်းများသည်လည်း ကုန်ဆုံးသွားပေလိမ့်မည်။
ထို့နောက် ၎င်းတို့သည် လူဝင်စား မြစ်သို့သွားကာ ဉက္ခာခဲသံကို အသုံးပြုထားသော ခေါင်းတလားကို တည်ဆောက်ပြီးသည်နှင့် နောက်ဆုံးတွင် ထိုခေါင်းတလားထဲတွင် အိပ်စက်ကြရပေမည်။
ကောလဟာလအရ ထိုခေါင်းတလားထဲသို့ ဝင်ပြီးနောက် လူဝင်စားမြစ်အဆုံးသို့ လွင့်မျောလေကာ ၊ အကယ်၍ ခေါင်းတလားသည် မြစ်ထဲသို့ မနစ်မြုပ်သွားပါက ခေါင်းတလားထဲရှိ လူကို လူဝင်စား မြစ်ထဲသို့ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်သည်။
လူဝင်စားမြစ်ရှိ နိယာမတရားများ၏ နှစ်ခြင်းခံပြီးနောက်၊ ၎င်းတို့သည် ပြန်လည်နုပျိုခြင်းကို ရရှိကာ ၎င်းတို့၏ ယခင်ဘုန်းအသရေကိုလည်း ပြန်လည် ရရှိနိုင်ပေမည် ။
မအောင်မြင်တဲ့ သူတွေအတွက် လူဝင်စားမြစ်၏ ဝါးမြိုခြင်းကို ခံရပြီး အဆုံးမဲ့ နှစ်ကာလ၏ တိုက်စားမှုအောက်တွင် ၎င်းတို့သည် လူဝင်စား ရေပေါ်အလောင်းကောင် အဖြစ်သို့ ပြောင်းလဲသွားပေမည်။
ဝေါင်း!!
ထိုအချိန်တွင် လူဝင်စား ရေပေါ်အလောင်းကောင်သည် ကျယ်လောင်စွာ ဟောက်နေပြီ ဖြစ်သည်။
စိတ်အနှောက်အယှက် ဖြစ်သွားပုံရကာ ၎င်းသည် အတော်လေး ဒေါသထွက်နေ၏။
စိမ်းဖန်နေသော အလင်းတချက် ဖျက်ခနဲ့ ဝင်းလက်သွားပြီး ၊ ခေါင်းတလားထဲက အလောင်းကောင်သည် စူးချန်ကဲအား သတ်ရန် ရုတ်တရက် ပြေးဝင်လာသည်။
လူဝင်စားရေပေါ် အလောင်းကောင်သည် သတ်ဖြတ်ရန် ပြေးဝင်လာသည့်အတောအတွင်း စိမ်းပြာရောင်ရှိ ထောင်ချီသော မိုးခြိမ်းသံများ ပေါက်ကွဲထွက်ပေါ်လျက် လူဝင်စားမြစ်၏ သွေးလှိုင်းများက တလိပ်လိပ် ရိုက်ခတ်လေ၏။
လူဝင်စားမြစ်၏ အနက်ရှိုင်းဆုံး အပိုင်းမှ ငိုကြွေး အော်မြည်သံများ ထွက်ပေါ်လာသည်မှာ အလွန်တစ်ရာမျှ ထူးဆန်းလှပေသည်။
“ လူသေကောင်တစ်ကောင်ကများ ၊ သေသွားတာ ဘယ်နှစ်နှစ်ရှိမှန်းတောင် မသိဘူး၊ ဒါကိုများ ငါ့ရှေ့မှာ အတင့်ရဲလွန်းနေပါ့လား!”
စူးချန်ကဲ၏ မျက်ဝန်းများသည် အေးစက်နေသည်။ သူသည် အချိန်- အာကာသ လမ်းကြောင်းတွင် စိတ်ပျက်စရာများစွာကို ကြုံတွေ့ခံစားခဲ့ရပြီး ၊ ယခုတွင်လည်း ၎င်းကို ထပ်မံ ရင်ဆိုင်နေရပြန်သည်။
ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ တစ်ယောက်က ဒီလိုကောင်မျိုးကို မနိုင်စရာအကြောင်းရှိမလား?
သူ၏ လက်သီးတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းရောင်များ စုဝေးလာခဲ့ပြီး ၊ ရောင်ဝါများက ထွန်းလင်းတောက်ပလာသည်။
ထို့အပြင် ကြီးကျယ်ခမ်းနားသော ရောင်ဝါ အတက်အကျတို့သည် ရူပါရုံ မြင်ကွင်းများနှင့် ရောယှက်နေသည်။
ဒေဝလောက တစ်ခွင်လုံးရှိ နတ်မင်းတို့နှင့် နတ်ဆိုးတို့သည် စူးချန်ကဲအား ဒူးထောက်ခစားနေသည်။
ပရမ်းပတာ အလင်းတန်းများက အဆက်မပြတ် ရောယှက်ဆက်နွယ်လျက်၊ သောင်းနှင့်ချီသော နတ်မင်းနှင့် နတ်ဆိုးများ၏ အသွင်အပြင်များက ဆက်လက် ထွက်ပေါ်လာသည်။
ဤသည်မှာ သူတော်စင် တာအိုသန္ဓေသားလောင်း၏ ရူပါရုံပင် ဖြစ်သည်။
နတ်မင်းများနှင့် နတ်ဆိုးများပင် ဦိးညွှတ်ကြရသည်။
“သေစမ်း!”
မည်သည့်အပိုစကားမှ မပြောဘဲ စူးချန်ကဲသည် တိုက်ရိုက် ထိုးနှက်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတို့သည် စူးချန်ကဲ၏ လက်သီးပေါ်တွင် ရစ်ဝဲနေပြီး ၊ ပေါက်ကွဲသွားသည့် အခိုက်တွင် ရွေရောင်နေရောင်ခြည်အလား ထိန်လင်းတောက်ပသွားသည်။
နောက်ဆုံးတွင်၊ လူဝင်စားရေပေါ် အလောင်းကောင်၏ ခန္ဓာကိုယ်ပေါ်တွင် တိုက်ရိုက် ကျရောက်သွားသည်။
ဤကြောက်မက်ဖွယ်ကောင်းသော လက်သီး၏ ထိုးနှက်မှုအောက်တွင်၊ ကျုံယုံ(ငရဲကိုးထပ်)၏ နှိပ်ကွပ်ခြင်း နိယာမတရားများ ရှိနေပြီး ၊
ကောင်းကင်နှင့် မြေကြီးတို့သည် ပြင်းထန်စွာ တုန်လှုပ်မြည်ဟည်းနေသည်။
ဝေါင်း!!!
စူးချန်ကဲ၏ ထိုးနှက်မှုသည် ခေါင်းတလားတွင် အိပ်စက်နေသော လူဝင်စား ရေပေါ် အလောင်းကောင်ကို ပို၍ ရန်စွလိုက်လေသလား ဟုတောင် တွေးမိသည်။
ထင်ထားသည့်အတိုင်း ၎င်းသည် ဒေါသတကြီး အော်ဟစ်လေ၏။
“ အငယ်တန်းလေး !! မင်း သေချင်နေတာပဲ!!”
လူဝင်စားရေပေါ် အလောင်းကောင်သည် ကျယ်လောင်စွာ ဟောက်လိုက်ပြီး သူသည်လည်း အလားတူ လက်သီးကို အသုံးပြုခဲ့သည်။ လက်သီးပေါ်ရှိ ယင်ဓာတ် စွမ်းအားများသည် စူးချန်ကဲဆီသို့ ပြေးဝင်သွားခဲ့သည်။
ဒုန်း! ! !
နှစ်ဖက်လုံး၏ လက်သီးများ ထိပ်တိုက် ဆုံတွေ့ခဲ့လေရာ ၊ ယင်းစွမ်းအားနှစ်ခုသည် အဆုံးမဲ့ စွမ်းအားများဖြင့် ပေါက်ကွဲ ထွက်ပေါ်လာကြသည်။
စွမ်းအားနှစ်ခု ထိပ်တိုက်ဆုံတွေ့မှုသည် ပြင်းထန်သော လှိုင်းဂယက်များ ဖြစ်ပေါ်စေကာ အရပ်ရပ်သို့ ပျံ့နှံ့ရိုက်ခတ်သွားသည်။
ကြည့်ရှုသူ တပည့်အချို့သည် ၎င်းတို့၏ မှော်အကာအကွယ် အစီအရင်များကို တည်ဆောက်ကာ မိမိကိုယ်ကို ကာကွယ်ထားကြသည်။
သို့သော် ရိုက်ခတ်လာသော ဤကြောက်ခမန်းလိလိ စွမ်းအင်လှိုင်း၏ ရှေ့မှောက်တွင် တစိုးတစိမျှ အသုံးမဝင်ခဲ့ပေ။
ကွဲအက်သံ!
အပိုင်းအစများအဖြစ်သို့ ပြောင်းလဲလွင့်စင်သွားကာ ၎င်းတို့ကိုပင် အဝေးသို့ လွင့်ထွက်သွားစေခဲ့သည်။
စူးချန်ကဲ၏ ထိုးနှက်ချက်သည် သူတို့ကို မရည်ရွယ်ထားသော်လည်း သို့သော် ၎င်း၏ သက်ရောက်မှုသည် အတော်လေး ပြင်းထန်ပေသည်။
လူဝင်စား ရေပေါ်အလောင်းကောင်သည်လည်း အလားတူ စူးချန်ကဲ၏ ထိုးနှက်မှုအောက်တွင် လွင့်စင်သွားခဲ့သည်။
မီးခိုးငွေ့များ တဖြေးဖြေး ပျောက်ကွယ်သွားချိန်တွင် ၊
ပြင်းပြင်းထန်ထန် ဖြိုခွဲခံလိုက်ရသော လူဝင်စားရေပေါ် အလောင်းကောင်သည် ဒေါသတကြီးဖြင့် ဆိုလေသည်။
“ ကောင်လေး ၊ မင်းနဲ့ငါ ရန်ငြိုးမရှိဘဲနဲ့ ဘာလို့ ငါ့ကို ရန်စရတာလဲ!”
သို့သော် ယခုအချိန်တွင် လူဝင်စား ရေပေါ် အလောင်းကောင်သည် ယခင်က မောက်မာမှုမျိုး မရှိတော့ပေ။
ယင်းအစား သူ့လေသံထဲတွင် ကြောက်ရွံ့မှုအရိပ်အမြွက်များ ရှိနေခဲ့သည်။
လူဝင်စားခြင်း နိယာမတရား၏ တိုက်စားမှုအောက်တွင်၊ သူ၏ ဝင်သက်ထွက်သက်တို့သည် ကံကြမ္မာစွမ်းအား၏ ဝါးမျိုခြင်းကို ခံခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီပင်။
ယုတ္တိကျကျဆိုရလျှင်ဖြင့် ၊ သူ့အား ရန်ပြုသူတိုင်းသည် သူ့ကံကြမ္မာ အစွမ်း၏ ဝါးမျိုခြင်းကို ခံရပေလိမ့်မည်။
သို့သော် စူးချန်ကဲသည် သူ့ကို လက်သီးဖြင့် ထိုးနှက်ခဲ့သည်။
စူးချန်ကဲဘက်မှ ထိုးနှက်လိုက်သော စွမ်းအားများသည် သူ့ကံတရား၏ နိယာမများကိုပင် လျစ်လျူရှုကာ သူ့အား လုံးလုံးလျားလျား ဖိနှိပ်ချုပ်ချယ်နိုင်ခဲ့သည်။ထို့အပြင် ဤမျှအားပြင်းသော စွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စိမ့်ဝင်သွားခဲ့သည်။
သူ့ခန္ဓာကိုယ်သည် လုံလောက်သော ကြံ့ခိုင်မှုမျိုး မရှိခဲ့ပါက စူးချန်ကဲ၏ လက်သီးတစ်ချက်သည် သူ့လက်မောင်းတစ်ခုလုံးကို စုတ်ပြတ်သွားစေနိုင်သည်။
“ ခင်ဗျားကို ရန်စတယ် ဟုတ်လား?”
စူးချန်ကဲက လှောင်ပြောင်လိုက်သည်။
“ ကျုပ်တို့ ဒီကို ရောက်နေတယ်ဆိုတာက ဒီမှာအခွင့်အလမ်းကောင်းတွေကို ရှာဖွေဖို့ပဲ “
“ ခင်ဗျားကသာ ထွက်လာပြီး ကျုပ်ကို သတ်ဖို့ကြိုးစားတာ ၊ ခင်ဗျား ဘာလိုချင်လို့လဲ!”
တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲသည် ပေါ့ပါ့ဆဆ မနေဘဲ သူတော်စင် ခန္ဓာကိုယ်၏ ရောင်ဝါကို ပြန်လည် အသက်သွင်းလိုက်သည်။
ဤလူဝင်စား ရေပေါ်အလောင်းကောင်သည် အလွန်အမင်း ဆိုးယုတ်ရမည်ဟု သူ ခံစားရသည် ။ သတိတစ်ချက်လွတ်သွားမိပါက အသက်ဆုံးရှုံးနိုင်သော အန္တရာယ်ဖြင့် ကြုံတွေ့ရပေမည်။
“ မင်း ဘာပြောတယ်?”
“မင်းက လူဝင်စားမြစ်ကို လာပြီး အခွင့်အလမ်းကောင်းကို ရှာချင်တာလား?”
လူဝင်စားရေပေါ် အလောင်းကောင်သည် ထိုစကားများကို ကြားလိုက်သည်နှင့် သူ့ အမူအရာသည် မှုန်ကုတ်သွားသည်။
တစ်ချိန်တည်းမှာပင် သူသည် တစ်ခုခုကို ရုတ်တရက် ခံစားမိသွားသည်။
တစ်ဖန် သူ့အမူအယာသည် အနည်းငယ် ထိတ်လန့်သွားပြန်၏။
“မင်းမှာ ထူးဆန်းတဲ့ ရောင်ဝါတချို့ရှိနေတယ်...”
လူဝင်စားရေပေါ် အလောင်းကောင်၏ ကိုယ်ပေါ်တွင် ခပ်ဖျော့ဖျော့ အလင်းရောင် ထွက်ပေါ်လာပြီး ၊ သူ၏ ခံစားနိုင်စွမ်းကို ပို၍ သေချာသွားစေသည်။
သူသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါကို အတိအကျ သိရှိသွားခဲ့သည်။
“ဒါက ပီအန့်အမတ အဲ့ခွေးကောင်ရဲ့ ရောင်ဝါပဲ!”
“ ခွေးသား ! မင်း တကယ်ပဲ ပီအန့်အမတ ရဲ့ မျိုးဆက်လား !”
“ဟားဟား ကောင်းတယ် ကောင်းတယ်၊ ငါ စောင့်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊ နောက်ဆုံးတော့ စောင့်ရကျိုးနပ်ခဲ့ပြီ !”
၎င်းသည် ရူးသွပ်စွာ ရယ်လေသည်။
တစ်ချိန်တည်းမှာပင် ၊ အရပ်လေးမျက်နှာကြားအောင် အော်ဟစ်လိုက်သည်။
“အားလုံးပဲ၊ ပီအန့်အမတ ရဲ့သားမြေးတွေ ဒီကိုရောက်နေကြပြီ ၊ ငါတို့ရဲ့ အာဃာတတွေကို လက်စားချေနိုင်ပြီ ဟေ့!”
“ဘာစောင့်နေတာတုန်း!? မြန်မြန် ထွက်လာပြီး ငါ့ကို မကူညီကြဘူးလား?”
ဤအသံ၏ အဆုံးတွင် ၊
ဘုန်း ဘုန်း ဘုန်း ! !
ရုတ်တရက် လူဝင်စားမြစ်ထဲမှ ရှေးခေါင်းတလားများစွာ ထွက်ပေါ်လာသည်။
၎င်းတို့၏ ထွက်ပေါ်လာမှုသည် လူဝင်စားမြစ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားခဲ့ပြီး လှိုင်းထန်စေခဲ့သည်။
“ ချီးပဲ... အဲ့ကောင်ရဲ့ မျိုးဆက်တွေ နောက်ဆုံးတော့ ရောက်လာပြီလား!? စောင့်ရကျိုး နပ်ပြီပေါ့ကွာ!”
“ဒီကောင်ရဲ့ ဦးခေါင်းခွံကို အရက်ခွက်လုပ်ပစ်မယ်!”
“…..”
နောက်အခိုက်အတန့်တွင် ၊
“ ချန်ကဲ ဆက်ခံသူကို ကာကွယ်ကြ!”
ကွေးယွမ် သူတော်စင် နယ်မြေ မှ တပည့်များစွာနှင့် ယောင်ချီ သူတော်စင်နယ်မြေ မှ တပည့်များသည် ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် သူတို့၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားသည်။
သူတို့အားလုံးသည် မိမိ၏ ကိုယ်ပိုင်မှော်စွမ်းအားများကို အသက်သွင်းလိုက်ပြီး စူးချန်ကဲထံသို့ ချဉ်းကပ်လိုက်သည်။
“မင်းတို့ ဝင်ရောက်စွက်ဖက်ဖို့ မလိုဘူး”
သို့သော် စူးချန်ကဲသည် သူတို့ကို တားစီးခဲ့သည်။
စူးချန်ကဲ၏ လေသံထဲတွင် ဒေါသသံများ ပါဝင်နေသည်။
“ ငါ တစ်ယောက်တည်းနဲ့တင် “
“ဒီကောင်တွေကို အစိတ်စိတ်အမြွှာမြွှာ လုပ်ပစ်နိုင်တယ်!”