← Chapters

အခန်း (၃၄၀-၃၄၅)

Vol. 25 Ch. 340-345

အခန်း (၃၄၀-၃၄၅)

Vol. 25 Ch. 340-345

အပိုင်း(၃၄၀): အတော်သတ္တိရှိနေတယ်ပေါ့?

ဝုန်း!!

" ကောင်းကင်ကို ဖြိုခွဲခြင်း အာဏာရှင်လက်သီး!"

စူးချန်ကဲ၏ သွေးချီစွမ်းအင်များသည် တဟုန်ထိုး ဆူပွက်လာခဲ့သည်။ သူ၏လက်သီးထိပ်တွင် သူတော်စင် ခန္ဓာကိုယ်၏ ရောင်ဝါများက လွှမ်းခြုံထားပြီး နောက်ဆုံးတွင် သူ၏ လက်သီးဖြင့် လူဝင်စား ရေပေါ်အလောင်းကောင်များကို ထိုးနှက်လိုက်သည်။

ရုတ်​တရက်​၊ နတ်​အလင်း​ရောင်များ ဖိတ်ဖိတ်တောက်လျက် လက်သီးအလင်းမှ ပြင်းထန်သော စွမ်းအားများကို လွှတ်ထုတ်လိုက်သည်။

စူးချန်ကဲကို သတ်ရန် ဦိးစွာ တိုက်ခိုက်လာခဲ့သော လူဝင်စား ရေပေါ်အလောင်းကောင်သည် စူးချန်ကဲ၏ လက်သီးချက်ဖြင့် တိုက်ရိုက် လွင့်ထွက်သွားပြီး လူဝင်စား မြစ်ထဲသို့ ဘုန်းခနဲ့ ထိုးကျသွားသည် ။

“အား အား !!”

ကြေကွဲဖွယ်ရာ ငိုကြွေးသံနှင့်အတူ၊ ထိုလူဝင်စား ရေပေါ်အလောင်းကောင်သည် လူဝင်စားမြစ်၏ ဝါးမျိုခြင်းကိုခံလိုက်ရပြီးနောက်ဆုံးတွင် သွေးအိုင်အဖြစ်သို့ ပြောင်းလဲကာ လူဝင်စား မြစ်နှင့် တစ်သားတည်း ပေါင်းစပ်သွားခဲ့သည်။

"ကောင်စုတ်လေး... !"

တစ်ဖန် နောက်လူဝင်စား ရေပေါ်အလောင်းကောင်၏ ကျိန်ဆဲသံ မပြီးဆုံးသေးခင် ၊

စူးချန်ကဲသည် သူ၏ လက်သီးကို လက်ဝါးအဖြစ်သို့ ပြောင်းလဲလိုက်ပြီး တိုက်ရိုက် နှိပ်ကွပ်လိုက်သည်။

“ ဖန်ထျန်းလက်ဝါး!”

တစ်ချိန်တည်းမှာပင်၊ အဆုံးမရှိသော ရွှေရောင်ဝိညာဉ်စွမ်းအားများသည် ရေနဂါးတစ်ကောင် သဖွယ် စူးချန်ကဲ၏ လက်ဖဝါးထဲတွင် စုဝေးရောက်ရှိလာခဲ့ပြီး သူ့နောက်တွင် အားပြင်းသော အဖျက်လေပြင်းမုန်တိုင်း ထွက်ပေါ်လာခဲ့သည်။

ထောင်ပေါင်းများစွာသော မှော်သင်္ကေတများက တသိမ့်သိမ့် ရိုက်ခတ်လျက် ၊ စူးချန်ကဲသည် သူ၏ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဝုန်း! !

ရွှေရောင်ဝိညာဉ်စွမ်းအားများ၏ လွှမ်းမိုးမှုအောက်တွင် ၊ ကောင်းကင်ပမာ ကြီးမားသော လက်ဝါးရိပ်ကြီးသည် အရာအားလုံးကို နှိပ်ကွပ်ရန် ကျရောက်လာခဲ့ပြီး ၊ ကောင်းကင်နှင့် မြေကြီးမှာ တုန်လှုပ်မြည်ဟည်းနေ၏။

မြေစိုင်ခဲများက ပြိုကျလျက် ။ ဤမျှ အစွမ်းထက်လေသော အင်အားသည် ထိုကဲ့သို့ ပြိုကျပျက်စီးနေသော မြေကြီးထဲသို့ လူဝင်စား ရေပေါ်အလောင်းကောင်အား တိုက်ရိုက် ဖိနှိပ်ခဲ့ချေပြီ။

"ဒီကောင် ဘာကောင်လဲ!?"

ကျန်ရှိနေကြသေးသော လူဝင်စားရေပေါ် အလောင်းကောင်များသည် ထိတ်လန့်တကြား ကြည့်နေကြသည်။ သူတို့၏ ကျင့်ကြံစွမ်းအားများသည် အဆုံးမရှိသော နှစ်ကာလ၏ တိုက်စားမှုကြောင့် ပျောက်ကွယ်သွားသော်လည်း ၊ သို့သော် ၎င်းတို့၏ ကာယကြံ့ခိုင်မှုသည် အလွန်အားကောင်းဆဲပင် ဖြစ်ပြီး ဧကရာဇ်တစ်ပိုင်းအဆင့်ကိုတောင် တိုက်ထုတ်နိုင်သည်။

သို့သော် သူတို့သည် စူးချန်ကဲ၏ လုံးလုံးလျားလျား နှိပ်ကွပ်ခြင်းကို ခံခဲ့ရသည်။

"ဒီကလေးမှာ သူတော်စင် ကိုယ်ထည်ရဲ့ အသွေးတွေ ရှိနေတယ်!"

ရုတ်တရက်ဆိုသလို၊ လူဝင်စားရေပေါ် အလောင်းကောင်သည် စိတ်လှုပ်ရှားစွာဖြင့် ထဆိုလေသည်။

"ဒါတောင် သာမန် သူတော်စင် ကိုယ်ထည် မဟုတ်ဘူး၊ သူတော်စင် ကိုယ်ထည်တွေကြားမှာ ပုံမှန်မဟုတ်တဲ့ဟာ ဖြစ်နိုင်တယ်!"

" ပုံမှန်မဟုတ်တဲ့ သူတော်စင်ကိုယ်ထည် အသွေးအသား? ဒါဆို အဲဒါက အာဟာရပြည့်ဝတဲ့သွေးပဲ မဟုတ်လား!"

တစ်ခေါင်းလုံး နီတွတ်နေသော လူဝင်စားရေပေါ် အလောင်းကောင်သည် အလိုလောဘများ တောက်လောက်နေသော မျက်လုံးများဖြင့် ကြည့်နေလေ၏ ။

"ဟားဟား ၊ ဒီက​လေးရဲ့ အ​သွေးကို ငါတို့​သောက်​နိုင်ရင်​ ဒါဆို ငါတို့ရဲ့ သွေးသားကို အသွင်ပြောင်းလဲဖို့ အခွင့်အရေး ရှိနိုင်တာပဲ "

"ထပ်ပြောနေစရာ မလိုတော့ဘူး၊ ငါ အခုပဲ သွားပြီး သတ်ပစ်မယ်!"

တခဏအတွင်း။

ကျန်ရှိနေကြသေးသော လူဝင်စားရေပေါ် အလောင်းကောင်များသည် ကျယ်လောင်စွာ ဟောက်လျက် စူးချန်ကဲအား အမဲဖျက်ရန် ကြိုးစားလေတော့သည်။

" အရေအတွက်များရုံနဲ့ အနိုင်ရနိုင်မယ်လို့ ထင်နေလား?"

စူးချန်ကဲသည် အေးစက်စက် ပြုံးလိုက်ပြီး သူ့လက်ဝါးကို အပေါ်သို့ မြှောက်တင်လိုက်သည်။

" ပြန်လည်ဝင်စားခြင်း ကောင်းကင်နှိပ်ကွပ်လက်ဝါး!"

ဤသည်မှာ သူယခင်က လူဝင်စားခြင်း နိယာမကို ထိန်းချုပ်ခြင်းဖြင့် နားလည် သဘောပေါက်ခဲ့သော အနှိုင်းမဲ့လက်ဝါးသိုင်း ဖြစ်သည်။

ပြန်လည်ဝင်စားခြင်း အစွမ်းသတ္တိ နှင့် လုံရှန်အမှုန်အမွှားများဖြင့် ပေါင်းစပ််ထားသော ပညာရပ်တစ်ခု ဖြစ်သည်။

ဝုန်း——!!

တခဏအတွင်းမှာပင် ၊ ရှေးဟောင်း တောင်ထွပ်ကြီး တစ်ခုကဲ့သို့ ကြောက်စရာကောင်းသော လက်ဝါးရိပ်ကြီးသည် အောက်သို့ ကျဆင်းလာခဲ့သည်။

ယင်းလက်ဝါးရိပ်ကြီးသည် အကန့်အသတ်မရှိ ကျယ်ပြောလှပြီး ၊ လက်ဝါးပေါ်တွင် မရေမတွက်နိုင်သော ပြန်လည်ဝင်စားခြင်းဆိုင်ရာ စွမ်းအားများဖြင့် ဖွဲ့စည်းထားသည်။ လက်ဝါးထဲရှိ ပရမ်းပတာ အလင်းအလွှာများသည် ရောယှက်ဆက်နွယ်လျက် တုန်လှုပ်မြည်ဟည်းနေကြပြီး နဂါးငွေ့တန်း ဂလက်ဆီတစ်ခုသဖွယ် ဝင်းထိန်တောက်ပသွားသည်။

" ငါတို့က လူဝင်စားမြစ်ရဲ့ စွမ်းအားကို နှစ်ပေါင်းများစွာ စုပ်ယူလာခဲ့တာ ၊ မင်းကို ငါတို့က ကြောက်နေစရာလား"

အောက်ထဲတွင် ရှိနေခဲ့ကြသော လူဝင်စား ရေပေါ်အလောင်းကောင်များသည် တစ်ချိန်တည်းမှာပင် ၎င်းတို့၏ ကိုယ်ပိုင် မှော်စွမ်းအားများကို အစွမ်းကုန် ပေါက်ကွဲလျက် ထွက်ပေါ်လာကြသည်။

‌အမှောင်ရိပ်များ လွှမ်းမိုးလျက် ၊ ပြောင်းလဲဖြစ်တည်လာကြသော တစ္ဆေလှံများနှင့် သွေးလှံများသည် လေကို ခွင်းလျက် စူးချန်ကဲထံသို့ ပြေးဝင်သွားကြသည်။

ဝုန်း ဝုန်း!!

သို့သော် စူးချန်ကဲ၏ လက်ဝါးနှင့် ထိပ်တိုက် ဆုံတွေ့ချိန်တွင် ၊ အဆိုပါ မှော်အစွမ်းများသည် စူးချန်ကဲ၏ လက်ဝါးစွမ်းအားကို တွန်းလှန်နိုင်စွမ်းမရှိခဲ့ချေ။

တခဏချင်းမှာပင် တစ်လောကလုံး လင်းထိန်သွားပြီး ၊ ထို့နောက်တွင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့ရချေပြီ။

သွေးအန်သံ! !

လက်ဝါးပြင်ထဲရှိ သူတော်စင် ခန္ဓာကိုယ်၏ ရောင်ဝါတို့သည် တဟုတ်ချင်း ထွက်ပေါ်ခဲ့လေရာ ၊ အံဖွယ်ကောင်းသော ကြောက်ခမန်းလိလိ စွမ်းအား၏ ရှေ့တွင် လူဝင်စား ရေပေါ်အလောင်းကောင်များသည် သွေးအခိုးအငွေ့များ အဖြစ်သို့ ချက်ချင်း ချေမှုန်းခံလိုက်ရသည် ။

"ဒီကလေးက တကယ်ကို ထူးဆန်းတာပဲ!"

"အားလုံး အတူတူတတ်ကြမယ်!"

ကျန်ရှိနေကြသေးသော လူဝင်စားရေပေါ် အလောင်းကောင်များသည် ဒေါသတကြီးဖြင့် ကျယ်လောင်စွာ ဟောက်လိုက်ကြသည်။ ကံကြမ္မာ စွမ်းအားများသည် ၎င်းတို့၏ ကိုယ်ထဲမှ အဖန်ဖန် နိုးထလာခဲ့ပြီး ၊ တစ်ဖန် ၎င်းတို့၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် ကမ္မမီးလျှံများ ဖြစ်ပေါ်လာသည်။

ဤအခိုက်အတန့်တွင် ၎င်းတို့၏ ရောင်ဝါများသည် ပြင်းထန်စွာ တဟုန်ထိုး တတ်လာခဲ့ပြီး ၊ ကြောက်မက်ဖွယ်ရာ စွမ်းအားများဖြင့် တစ်ဖန် ပေါက်ကွဲထွက်ပေါ်လာကြသည်။

နေရာအနှံ့ လေပြင်းများ တိုက်ခတ်လျက် ၊ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတို့သည် စူးချန်ကဲအား လွှမ်းခြုံပေတော့မည်။

"လာကြစမ်းပါ!"

စူးချန်ကဲ၏ သူတော်စင် ကိုယ်ထည်၏ အသွေးအသားတို့သည် ပွက်ပွက်ဆူနေပြီး၊ သူ၏ နက်ရှိုင်းသော မျက်ဝန်းအစုံ၌ တိုက်ပွဲဝင် စိတ်ဓာတ်များက တဟုန်ထိုး တတ်ကြွနေသည်။

ရင်တထိတ်ထိတ် ဖြစ်စေရသည့် တိုက်ပွဲသည် သူ လိုချင်ခဲ့သောလမ်း ဖြစ်သည် ။

" တချက်တည်းနဲ့ ရိုက်သတ်လို့ မသေတဲ့ ကစားစရာတွေဖြစ်ဖို့ ကျုပ် မျှော်လင့်ပါတယ်"

သူစကားပြောပြီးသည်နှင့် ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်မှ အဆုံးမဲ့ နတ်ရောင်ခြည်များ ထွက်ပေါ်လာခဲ့သည်။

သူ့ ညာလက်ကို ဆန့်ထုတ်လိုက်သည်နှင့် ၊ မှော်သင်္ကေတများက တသိမ့်သိမ့် ရိုက်ခတ်လျက် အဆုံးတွင် အလင်းဓားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ရွှမ်း ရွှမ်း ရွှမ်း!!

ဘုန်း ဘုန်း !!

“ ယင် ယန် ဓား!”

“ အဖျက်ဓား !”

“ ကောင်းကင်မှ သက်ဆင်းခြင်း ဓား !”

“......”

စူးချန်ကဲသည် သူ၏ အစွမ်းထက်ဆုံး ဓားသိုင်းများကို တစ်ခုပြီးတစ်ခု အသုံးပြုခဲ့ပြီး ၊ ကောင်းကင်ဓားကို သူ ဝှေ့ယမ်းသည့်အခိုက်တိုင်း အဆုံးမဲ့ဓားစွမ်းအင်များ တခဲနက် ထွက်ပေါ်လာသည်။

ဓားသွားသံ တချွင်ချွင် နှင့် ၊ ကောင်းကင်ဓားမှ ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များသည် နေရာပေါင်းစုံသို့ တည့်တည့် ကျရောက်သွားသည်။

နဂါးတစ်ကောင်အလား လှည့်လည်သွားလာနေသော ဓားစွမ်းအင်တို့သည် ကျောက်စိုင်ခဲများကို ကွဲအက်စေကာ မြေသာများ အလွှာလိုက် ပြိုကျပျက်စီးခဲ့ရသည်။

ဓားဖြင့် ထိုးနှက်လိုက်တိုင်းမှာ ကောင်းကင်နှင့်မြေကြီးမှာ တုန်လှုပ်မြည်ဟည်းလျက် ၊ ဟင်းလင်းပြင် အလွှာများ တသိမ့်သိမ့် တုန်ခါလေသည်။

လူဝင်စား ရေပေါ်အလောင်းကောင်တို့၏ မှော်အစွမ်းများသည် စူးချန်ကဲ၏ ရှေ့တွင် မည့်သည့်သက်ရောက်မှုမှ မရှိခဲ့ပေ။

ဓားတစ်ချောင်းတည်းဖြင့် မှော်အစွမ်းမျိုးစုံကို အနိုင်ယူပစ်ခဲ့သည်။

"ချန်ကဲ ဆက်ခံသူရဲ့ ခွန်အားက တကယ်ကို အနှိုင်းမဲ့ပဲ..."

ပတ်ဝန်းကျင်မှ တပည့်များ၏ မျက်နှာများပေါ်တွင် အံ့သြမှုအပြည့်ဖြင့် ။

အထူးသဖြင့် ပိုင်ဇစ်တို့ မောင်နှမနှစ်ဦးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ပို၍ ထိတ်လန့်ခဲ့ရသည်။

ရှေးစာအုပ်များတွင် မှတ်တမ်းတင်ထားသော လူဝင်စား ရေပေါ်အလောင်းကောင်ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ အစွမ်းထက်ပြီး ကိုင်တွယ်ရန် အလွန် ခက်ခဲသည် ဟု ဆိုထားသည်။ သို့သော် ယခုတွင်မူ ၊ စူးချန်ကဲသည် ၎င်းတို့အား ဟင်းသီးဟင်းရွက်များကို ခုတ်လှီးနေသည့်အတိုင်း လွယ်လွယ်ကူကူ ရှင်းပစ်ခဲ့သည်။

.........

ဝေါင်း !!

စူးချန်ကဲ၏ဓားစွမ်းအင်ကြောင့် လက်ပြတ်သွားသော လူဝင်စား ရေပေါ်အလောင်းကောင်သည် ဒေါသတကြီးဖြင့် ပို၍ ပေါက်ကွဲလာခဲ့သည်။

" ငါ့တစ်သက်လုံး ဧကရာဇ်မင်းတစ်ပါးလို့ ခံယူထားခဲ့ပေမဲ့ ကျားတစ်ကောင်က ခွေးတစ်ကောင်ရဲ့ အနိုင်ကျင့်ခြင်းကို ခံခဲ့ရတာ ၊ တကယ်ကို လွန်လွန်းတယ်"

ဝုန်း! !

၎င်းသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းချလာသည်နှင့် ပြင်းထန်သော မကောင်းသော အငွေ့အသက်များသည် သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး ၊ ၎င်း၏ ဆံပင်ဖြူများက အပေါ်သို့ ထောင်ကာ လွင့်ပျံလျက် ယင်ဓာတ်များကို အကန့်အသတ်မဲ့ စုပ်ယူနေသည့်အတိုင်း အမှောင်စွမ်းအားများဖြင့် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ့တစ်ကိုယ်လုံးကို ဝန်းရံထားသော မကောင်းသော အငွေ့အသက်များသည် သူ၏ ရင်ဘက်ဆီသို့ စုဝေးရောက်ရှိလာသည်။

နောက်ဆုံးတွင် ၊ သူ့ရင်ဘတ်ရှိ ဧရိယာတွင် အနက်ရောင် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။

ထို့နောက် အဖျက်စွမ်းအားများ ပြည့်နှက်နေသော အလင်းတန်းတစ်ခုအဖြစ် သူ၏ ပါးစပ်ကို ဟ'ကာ စူးချန်ကဲရှိရာဘက်သို့ ထွေးထုတ်လိုက်သည်။

"ဟား...ဧကရာဇ်? အဲ့တော့ ခင်ဗျားက အတော်သတ္တိရှိနေတယ်ပေါ့ ?"

စူးချန်ကဲသည် ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်ပြီး၊ ထိုခေတ်ဟောင်း ဧကရာဇ်မင်း၏ ဦးခေါင်းကို ဖြတ်ခုတ်ပစ်လိုက်သည် ။

မသေခင် ကြီးမြတ်သော ဧကရာဇ်မင်းတစ်ပါး ဖြစ်ခဲ့ပြီး ၊ သေပြီးနောက် ဆံပင်ဖြူ ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည့် ဤအလောင်းကောင်ကို သူ အဘယ့်ကြောင့် ကြောက်ရမည်နည်း။

စူးချန်ကဲသည် ကောင်းကင်ဓားကို သူ၏ ဦးခေါင်းထက်ဝယ် မြှောက်ကိုင်ထားကာ ၊ တစ်ချိန်တည်းမှာပင် အဆုံးမရှိသော ဓားစွမ်းအင်တို့သည် ဓားတွင် လာရောက်စုဝေးနေသည်။

ကောင်းကင်ဓားသည် အမှောင်ထုကို လွှမ်းခြုံထားသော ‌လရောင်သဖွယ် တောက်ပသော အလင်းရောင်ဖြင့် ပေါက်ကွဲထွက်လာသည်။

ဓားစွမ်းအင်မုန်တိုင်းသည် သူ့ပတ်ဝန်းကျင် တစ်ခုလုံးတွင် တသိမ့်သိမ့် ရိုက်ခတ်လှုပ်ရှားနေသည်။

ယခုအချိန်တွင် စူးချန်ကဲ၏ နက်မှောင်သော ဆံနွယ်များသည် ဝဲပျံလျက် ၊ မျက်ဝန်းအစုံတို့သည် တောက်ပစွာဖြင့် ရှိနေသည်။ဤအခိုက်အတန့်တွင် သူ့ကိုယ်ပေါ်က ရောင်ဝါများသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

"ဖျက်ဆီးခြင်း နတ်ဘုရားဓား!"

ရုတ်တရက် ၊ စူးချန်ကဲသည် သူကိုင်မြှောက်ထားသော ဓားကို အောက်သို့ ခုတ်ချလိုက်သည်။

ဤတောက်ပသော ဓားအလင်းသည် ကမ္ဘာထဲသို့ ဝင်လာသော ကြယ်တစ်ပွင့်သဖွယ် ဆင်းသက်လာခဲ့ပြီး စကြဝဠာကြီး တစ်ခုလုံး ပြိုလဲကျတော့မည့်အတိုင်းပင်။

အပိုင်း(၃၄၁): ပုရွက်ဆိတ်နည်းတူ

ဝုန်း——!!

ကမ္ဘာကြီးတစ်ခုလုံး တုန်ခါလျက် ၊ ပြင်းထန်သော ပေါက်ကွဲ‌သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

တဟုန်းဟုန်း တောက်လောက်နေသော ဓားစွမ်းအင်တို့သည် ပေတစ်ထောင်ရှည်လျားသော နတ်အလင်းကို ထုတ်လွှတ်လိုက်သည်။

လူဝင်စား ရေပေါ်အလောင်းကောင် ပါးစပ်မှ ထွက်ပေါ်လာသော နီမြန်းသော အဖျက်စွမ်းအားတို့သည် စူးချန်ကဲ၏ ဓားဖြင့် တိုက်ရိုက် ခွဲထုတ်ခံလိုက်ရသည်။

ယင်းနီမြန်းသော အလင်းတန်းတို့သည် စူးချန်ကဲ၏ ဓားစွမ်းအင်ဖြင့် ထိတွေ့မိသည့်အခိုက်တွင် စက္ကူတရွက်သဖွယ် လွယ်လင့်တကူ အစိတ်စိတ်အမြွှာမြွှာ စုတ်ပြဲသွားသည်။

နောက်ဆုံးတွင်၊ ကောင်းကင်ယံမှ ကျရောက်လာသော ကြယ်တစ်ပွင့်ကဲ့သို့ ဤ ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကို လုံးလုံးလျားလျား လင်းလက်သွားစေခဲ့သည်။

ဝုန်း!!

ကမ္ဘာကြီးတစ်ခုလုံး ထိန်လင်းလျက်။

ဓားစွမ်းအင်၊ ဓားအလင်းနှင့် ဓားဆန္ဒတို့သည် ကောင်းကင်တစ်ခွင်တွင် တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်လျက် လူးလိမ့်ရိုက်ခတ်နေသည်။

သွေးအန်သံ ! !

ပေါက်ကွဲထွက်ပေါ်လာသော ဓားစွမ်းအင်၏ အလယ်ဗဟိုရှိ လူဝင်စား ရေပေါ်အလောင်းကောင်အုပ်စုသည် စူးချန်ကဲ၏ ဓားစွမ်းအင်ကို တားစီးနိုင်စွမ်းမရှိခဲ့ချေ။

သူတို့၏ ခန္ဓာကိုယ်တွင်းရှိ ကမ္မစွမ်းအားများ တဟုန်ထိုး တက်လာသည်နှင့် တပြိုင်နက်၊ ကောင်းကင် နှင့် မြေကြီးကြား တလိပ်လိပ် ရိုက်ခတ်နေသော သွေးငွေ့များအဖြစ်သို့ ပျံ့လွင့်သွားသည်။

" လူကို အနိုင်ကျင့်လွန်းတယ်!"

အချို့သော လူဝင်စား ရေပေါ် အလောင်းကောင်တို့သည် ဒေါသတကြီး ဟောက်ကြလေသည်။တရားဓမ္မ၏ အဆုံးသတ်ခေတ်မှ လူငယ်တစ်ယောက်၏ လက်ထဲတွင် သူတို့အားလုံးသည် ဤကဲ့သို့ ရိုက်နှက်ခံရသည်ကို လက်မခံနိုင်ခဲ့ပေ။

ဒုန်း ဒုန်း ဒုန်း!!

၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် ထူးဆန်းသော စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

၎င်းတို့၏ လက်ကို မြှောက်လိုက်သည်နှင့် တပြိုင်နက် ၊ တောက်ပသော မှော်အစွမ်းများနှင့် နိယာမစွမ်းအားတို့သည် ပြိုးပြိုးပျက်ပျက် တောက်ပနေသော ဓားအလင်းနှင့် ထပ်မံ ဆုံတွေ့ကြပြန်သည်။

နှစ်ရှည်လများ ခံစားခဲ့ရသော အမျက်ဒေါသနှင့် မကျေနပ်ချက်တို့သည် ကျန်ရှိနေကြသေးသော လူဝင်စားရေပေါ် အလောင်းကောင်များကို လုံးဝ ရူးသွပ်သွားစေခဲ့သည်။

မြေစိုင်‌မြေခဲများ အက်ကွဲလျက် ၊ မီးခိုးနှင့် ဖုန်မှုန့်များက တလိပ်လိပ် အုံကြွလာသည်။

လုံးဝခြားနားသော ရောင်ဝါနှစ်ခု၏ ထိပ်တိုက်ဆုံတွေ့မှုသည် ဤနေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။

ဤဒေသရှိ နိယာမတရားများကိုပင် လုံးလုံးလျားလျား ချေဖျက်ပစ်ပြီး လေဟာနယ်တစ်ခုအဖြစ် ဖန်တီးလေသည်။

ကွေးယွမ် သူတော်စင် နယ်မြေနှင့် ယောင်ချီ သူတော်စင်နယ်မြေမှ တပည့်များစွာအတွက် မီတာထောင်ပေါင်းများစွာ အကွာအဝေးသို့ ရွှေ့ပြောင်းခဲ့သည်။

ပြည့်နှက်နေသော အခိုးအငွေ့များကြောင့် တိကျသော လှုပ်ရှားမှုများကို မြင်ဖို့ရန်မှာ ခက်ခဲပေသည်။

သို့သော် အဆုံးမဲ့ ဟောက်သံများသည် စစ်ဗုံသံများသဖွယ် သူတို့၏ နားစည်များကိုတောင် တုန်ရီစေသည်။

" ချန်ကဲ ဆက်ခံသူရဲ့ တိုက်ခိုက်ရေးစွမ်းအားက အရမ်းကို ချဲ့ကားလွန်းတယ် မဟုတ်လား"

" လူဝင်စား မြစ်မှာ အိပ်မောကျနေတဲ့ အလောင်းကောင်တွေကို တချက်ကြည့်ရုံနဲ့ အလွန်ထူးဆန်းတယ် ဆိုတာ သိနိုင်တယ် ဒါပေမဲ့ ချန်ကဲ ဆက်ခံသူက သူတို့နဲ့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်နိုင်တယ်!"

တပည့်တစ်ဦးက ထိုစကားကို ကြားတော့ ပြန်လည်ပြောဆိုလိုက်သည်။

" ဘယ်ကလာ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ရမှာတုန်း ၊ ချန်ကဲ ဆက်ခံသူက လုံးဝ အသာစီးပဲ !"

" ချန်ကဲဆက်ခံသူရဲ့ ခွန်အားက ဒီခေတ် မျိုးဆက်သစ်လူငယ်တွေကြား လုံးဝ ပြိုင်ဘက်ကင်းပဲ ၊ ခေတ်ဟောင်း လူအိုကြီးတွေကိုတောင် ယှဉ်ပြိုင်နိုင်တယ် "

ထိုစကားများကို တပည့်အကုန်လုံး အသိအမှတ်ပြုခဲ့ကြသည်။

ဤကဲ့သို့သော ဆက်ခံသူ တစ်ပါးရှိနေသရွေ့ ကွေးယွမ် သူတော်စင် နယ်မြေအနေဖြင့် အဘယ်ကြောင့် စိတ်ပူပန်ရမည်နည်း။

သူတော်စင်ကိုယ်ထည်များကို ပိုင်‌ဆိုင်ထားကြသော ပါရမီရှင်များသည် တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့ ကြည့်နေကြပြီး ၊ ၎င်းတို့၏ မျက်ဝန်းထဲတွင် အကူအညီမဲ့မှုကို မြင်တွေ့နိုင်သည်။

သူတော်စင်ကိုယ်ထည်များကို ပိုင်ဆိုင်ထားတာချင်း အတူတူ ၊ သူတို့နှင့် စူးချန်ကဲကြားက ကွာဟမှုက တကယ့်ကို ကြီးမားလွန်းပေသည်။

လူအုပ်ထဲက အရိုးဖြူ ပင်လယ် ဘုရင်မသည် စူးချန်ကဲရှိရာဘက်ကို စိုက်ကြည့်နေသည်။

" ချန်ကဲ ဆက်ခံသူရဲ့ ရောင်ဝါက တိုက်ခိုက်နေစဉ် အတောအတွင်း ပိုပြီး အားကောင်းလာတယ်လို့ ....ငါ ဘာလို့ ခံစားမိနေပါိလိမ့်?"

သူမ၏ ကျင့်ကြံမှုအဆင့်သည် ဤလူများကြားတွင် အမြင့်ဆုံးဖြစ်ပြီး၊ သူမသည် ဝိညာဉ်စွမ်းအင်ဆိုင်ရာ နိယာမများအပေါ် အလွန်ခံစားနိုင်စွမ်းရှိသူလည်း ဖြစ်သည်။

စူးချန်ကဲသည် ဓားနှင့် တစ်ကြိမ်တိုက်ခိုက်လိုက်တိုင်းမှာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါတို့သည် ပို၍ အားကောင်းလာပြီး ၊ ဤတိုက်ပွဲဖြစ်စဉ်တစ်လျှောက်တွင် သူ၏ ကျင့်ကြံအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သလိုပင် ။

........

အခြားတစ်ဖက်တွင် ၊

စူးချန်ကဲတို့ အဖွဲ့အုပ်စု ပြီးနောက် ဝင်ရောက်လာခဲ့ကြသော လူတစ်စုသည် ဤမြင်ကွင်းကို အဝေးကနေ ကြည့်ရှုနေသည်။

သွေးများစွန်းထင်းနေသော တောင်ကုန်းပေါ်တွင် ဝတ်ရုံနက် လူငယ်တစ်ဦးသည် လက်ကိုနောက်ပစ်လျက် ရပ်ကြည့်နေသည်။

သူသည် ခိုးဝင်လာခဲ့သော ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ မှ ရှီစစ် ဖြစ်သည်။

အဆုံးမရှိသော ပရမ်းပတာ အလင်းရောင်များဖြင့် ဖုံးလွှမ်းနေသော တိုက်ပွဲဧရိယာကို ကြည့်ရင်း ရှီစစ် က လှောင်ပြောင်လိုက်သည်။

"ဒီကောင်စူးချန်ကဲ မှာ စုတ်တံနှစ်ချောင်း ရှိမယ်လို့ မမျှော်လင့်ထားဘူး "

T/N -စုတ်တံနှစ်ချောင်းပါသော - အရည်အချင်း၊ လုပ်နိုင်စွမ်း ရှိသော လူတော်

" လူဝင်စား ရေပေါ်အလောင်းကောင်တွေက သူတို့ဘဝတစ်သက်လုံး ထိပ်တန်း သန်မာသူတွေအဖြစ် တည်ရှိခဲ့ကြတဲ့ သူတွေပဲ "

သူ့နှုတ်ခမ်းပေါ်ရှိ အပြုံးသည် ပို၍ ကြီးမားလာသည်။

"သူတို့က အဆုံးမရှိ လူဝင်စားမြစ်ကနိယာမတရားတွေရဲ့ တိုက်စားခြင်းကို ခံခဲ့ရပေမဲ့ ၊ သူတို့ တစ်သက်တာလုံး တိုက်ပွဲဆင်နွဲလာခဲ့တဲ့သူတွေပဲ "

" ဟား... အချို့ကောင်တွေဆိုရင် နိယာမတရားရဲ့ တိုက်စားမှုကိုတောင် လျှို့ဝှက်တဲ့နည်းနဲ့ ခုခံနိုင်ကြသလို အဲ့ကောင်တွေရဲ့ ကြံ့ခိုင်မှုက ပိုလို့တောင် ကြောက်စရာကောင်းသေးတယ် "

"ဒီလောက် ကြီးမားတဲ့ လှုပ်ရှားမှုကြီး ဖြစ်နေတာ သူတို့တွေ သေချာပေါက် နိုးထလာလိမ့်မယ် "

ထိုစဉ် သူ့နောက်တွင် ရပ်နေသော တိ့ရှစ်ချန်းက လျောက်တင်လိုက်သည် ။

"သခင်၊ မင်ဖုန်း တော်ဝင်မင်းသမီးကြီး ဦးဆောင်တဲ့ အဖွဲ့ ရောက်ရှိလာပါပြီ"

" ကျွန်တော် ဦိးဆောင်ပြီး ဒီသစ္စာဖောက်ကို ချေမှုန်းပစ်ဖို့ လိုသေးလား?"

"မလိုဘူး"

ရှီစစ်က တိုက်ရိုက်ငြင်းပယ်လိုက်သည်။

"အခု ရန်သူက အလင်းထဲမှာ ရှိနေပြီး ငါတို့က အမှောင်ထဲမှာ ရှိနေတာ ၊ ထုံးစံအတိုင်း ဒီအားသာချက်ကို အသုံးချရမယ် "

"ရန်သူကိုသတိပေးမယ့်အစား သေစေလောက်တဲ့ အားနည်းချက်ကို ဆုပ်ကိုင်ပြီး အရှိုက်ကို တစ်ခါတည်း ထိုးနှက်ရမယ် "

ရှီစစ် ၏ မျက်လုံးများသည် စစ်မြေပြင်ကို အနီးကပ် ကြည့်ရှုနေသော်လည်း သူ့မျက်လုံးများက အေးစက်စွာ တောက်ပနေသည်။

“ ကောင်းကင်လမ်းစ‌ဉ်ရဲ့ အမွေခံတွေ ဧကန်မုချ နိုးထလာလိမ့်မယ် "

“ စူးချန်ကဲ သေချာပေါက် သေရမယ်!”

.....

စစ်မြေပြင်တွင် ၊

လူဝင်စား ရေပေါ်အလောင်းကောင်၏ ရှစ်ဆယ်ရာခိုင်နှုန်းသည် စူးချန်ကဲ၏ လက်ချက်ဖြင့် နုတ်နုတ်စင်းခံလိုက်ရချေပြီ။

ကျန်ရှိနေသေးသော လူဝင်စား ရေပေါ်အလောင်းကောင်ဆိုလို့ ၁၂ ကောင်သာ ကျန်ရှိတော့သည် ။

သို့သော်လည်း စူးချန်ကဲ၏ လှုပ်ရှားမှုများသည် ရပ်တန့်မသွားဘဲ ၊ သူ၏ ရောင်ဝါသည် ပိုမို အားကောင်းလာသည်။

ကြီးမားပြီး ရဲရင့်သော လှုပ်ရှားမှုများနှင့်အတူ၊ ဓားဖြင့် ထိုးနှက်လိုက်တိုင်း ဓားစွမ်းအင်ကို တားဆီးထားသော ရန်သူ၏ မှော်စွမ်းအားတို့သည် အပိုင်းပိုင်း ပြတ်တောက်သွားသည်။

ထို့အပြင်၊ စူးချန်ကဲ၏ခန္ဓာကိုယ်သည် လွန်စွာ တောက်ပနေပြီး သူတော်စင်ကိုယ်ထည်၏ တုနှိုင်းမရနိုင်သော ရောင်ဝါတို့သည် ဤကမ္ဘာတစ်ခုလုံးကို နှိမ်နှင်းထားသည်။

ဓားစွမ်းအင်နှင့် သူတော်စင် ကိုယ်ထည်၏ စွမ်းအားနှစ်ခုအောက်တွင် ၊ လူဝင်စား ရေပေါ် အလောင်းကောင်တို့သည် မိမိတို့၏ ဒေါသများ ဆုံးရှုံးရသည်အထိပင် အရိုက်ခံခဲ့ရသည်။

"ဒီကောင် ဘယ်လိုကောင်လဲ!"

" အဆုံးသတ်ခေတ်ကြီးထဲမှာ ဘာလို့ဒီလို ဖောက်ပြန်မှုမျိုး ပေါ်ထွက်လာရတာလဲ၊ ဒါက အဆုံးသတ်ခေတ် မဟုတ်လား?"

ထိပ်တန်းအဆင့်အထိ ကျင့်ကြံပြီးသော လူဝင်စား ရေပေါ်အလောင်းကောင်ပင်လျှင် ကျိန်ဆိုရုံမှတပါး မတတ်နိုင်ခဲ့ပေ။

စူးချန်ကဲသည် မိမိတို့၏ ရောင်ဝါနိယာမများကို ထိန်းချုပ်ကာ ဖိနှိပ်ထားရုံသာမကဘဲ ၊ စူးချန်ကဲ၏ ဓားစွမ်းအင်အောက်တွင် မိမိတို့၏ ထိုးစစ်တိုက်ခိုက်မှုသည် နည်းနည်းမျှ သက်ရောက်မှုမရှိခဲ့ပေ။

စူးချန်ကဲ၏ဓားသည် အပြင်ကို ထွက်လာလေတိုင်း အရာအားလုံးကို အနိုင်ယူပစ်နိုင်သည်။

ဟင်းလင်းပြင်ကို ဖြိုခွင်းကာ နိယာမတရားများကို ချေမှုန်းသည်။

၎င်းတို့ကို ပို၍ပင် စိတ်ပျက်စေခဲ့သည်မှာ စူးချန်ကဲ၏ ခန္ဓာကိုယ်ရှိ ရောင်ဝါသည် ပို၍ပင် အားကောင်းလာပြီး ၊ ဤအရာက သူသည် နယ်ပယ်အဆင့်ကို ဖြတ်ကျော်သွားတော့မည် ဖြစ်ကြောင်း ထင်ရှားပေသည်။

စူးချန်ကဲကို မရိုက်နှက်နိုင်ရုံသာမက ၊ မိမိတို့သည် သူ၏ ‌ဓားသွေးကျောက်များ ဖြစ်ခဲ့ရသည်။

စိတ်ပျက်အားငယ်စွာဖြင့်၊ သူတို့သည် တိုက်ပွဲဝင်ရင်း တန်းလန်း နောက်ဆုတ်ခွာရုံသာ တတ်နိုင်ခဲ့သည်။

“ဟားဟား....”

စူးချန်ကဲသည် ဤမြင်ကွင်းအား ဝေဟင်ပေါ်ကနေ အပြုံးမပျက် ကြည့်ရှုနေ၏။

"ဒါက မင်းတို့ကိုယ်မင်းတို့ ခေါ်တဲ့ ကျားလား?"

စူးချန်ကဲ၏ ဆံနွယ်များသည် လေနှင့်အတူ မျောလွင့်လျက် ၊ မြင့်မြတ်သော အသွင်အပြင်ရှိကာ ဤကမ္ဘာကြီးကို ငုံ့ကြည့်နေသော သူ၏ မျက်ဝန်းတစ်စုံတွင် နှိုင်းမယှဉ်နိုင်သော ရောင်ဝါတစ်ခု ရှိနေသည်။

ဤလူဝင်စား ရေပေါ်အလောင်းကောင်အုပ်စုသည် သူ့ကို အနည်းငယ် ရယ်စရာ ဖြစ်စေသည်။

ကြမ်းတမ်းသောစကားများကို ပြောတတ်သော်လည်း ၊ တကယ့်တိုက်ပွဲတွင် သူ၏ ဓားစွမ်းအင်ကိုပင် အနိုင်မယူနိုင်ခဲ့ပေ။

၎င်းတို့သည် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို ပစ်လွှတ်ပြီးနောက် ၊စူးချန်ကဲကို ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေးမပေးဘဲ အလျင်အမြန် ဆုတ်ခွာသွားခဲ့ကြသည်။

"စိတ်ပျက်စရာပဲ၊ တကယ်ကို စိတ်ပျက်စရာပဲ!!"

"ဒါက သူ‌တော်စင်နယ်မြေက သန်မာသူ ပုဂ္ဂိုလ်တဲ့လား?"

" သူတော်စင်နယ်မြေလို နေရာမျိုးမှာ ဘယ်လိုလုပ် ဒီလောက်ထိ တန်ခိုးကြီးမားတဲ့ ဖြစ်တည်မှုမျိုးရှိနေတာလဲ?"

နက်မှောင်သော အမွေးအမျှင်များ ရှိနေသည့် ၊ အကြောက်တရားများဖြင့် ဝန်းရံထားသော ပတ်ဝန်းကျင်တွင် ရှိနေသော လူဝင်စား ရေပေါ် အလောင်းကောင် တစ်ကောင်သည် အမှောင်အတားအဆီးတစ်ခုကို သူ့လက်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။

သူသည် ယခင်ဘဝက ဩဇာညောင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။ လူဝင်စားခြင်းဆိုင်ရာ နိယာမတရားကြောင့် သူ၏ ခန္ဓာကိုယ်သည် လုံးလုံးလျားလျား ပျက်စီးသွားသော်လည်း ၊

သို့ဆိုတောင် သူ၏ ယခင်က ကျင့်ကြံမှုစွမ်းအားနှင့် ယှဉ်မည်ဆိုပါက ၊ ဤလူငယ်သည် ပုရွက်ဆိတ်တစ်ကောင်အဆင့်သာပင်။

သို့သော်လည်း မိမိသည် ပုရွက်ဆိတ်တစ်ကောင်လို့ ထင်မှတ်ထားခဲ့သော ဤလူငယ်၏ ရှေ့တွင် သူသည် ပုရွက်ဆိတ်ထက်ကိုပင် ပျော့ညံ့နေပုံရပေသည်။

ယင်းက သူ့ကို ပို၍ ခံပြင်းစေသည်။

အပိုင်း(၃၄၂): ထာဝရဓားထောင် ၊ အကျဉ်းသားကမ္ဘာ

" ဘာမှအော်ဟစ်မနေနဲ့ !"

"ဒီတစ်ခေါက် ငါတို့ လူမှားထိမိပြီ ၊ ဒီကောင်က သာမန်လူတွေနဲ့ မတူဘူး "

တစ်ကိုယ်လုံး စိမ်းဖန်နေသော အမွှေးအမျှင်များ ရှိသည့် နောက်ထပ် လူဝင်စား ရေပေါ်အလောင်းကောင် တစ်ကောင်သည် ကြည့်ရဆိုးတော့ မျက်နှာထားဖြင့် ရှိနေသည်။

သူသည် သူတော်စင်ကိုယ်ထည်များကို မတွေ့ဖူးသည်လည်း မဟုတ်။ သို့သော် စူးချန်ကဲ ကဲ့သို့သော ပုံစံမျိုးကိုတော့ သူ တစ်ခါမှ မမြင်ဖူးပေ။

သူတို့သည် သူတော်စင်ကိုယ်ထည်များကို မပိုင်ဆိုင်ထားသော်လည်း ၊ သူတို့ ပေါက်ကွဲနိုင်သော စွမ်းအားသည် သူတော်စင် ကိုယ်ထည်များထက်ပင် ပို၍ အားကောင်းပေဦးမည်။

ထို့အပြင် သူ့ကို ပို၍ ထိတ်လန့်စေခဲ့သည့်အရာမှာ ၊

ယခင်တိုက်ပွဲအရ ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်တွင် သူတော်စင်ကိုယ်ထည်တစ်ခုထက်ပို၍ ရှိကြောင်း သူ သေချာပေါက် သိထားသည်။

သူတော်စင်ကိုယ်ထည် သုံးလေးမျိုးထက် ရှိနေနိုင်သည်။

နိဂုံးချုပ်အားဖြင့် ဆိုရသော် ၊ သူ မျက်လုံးများ ပြူးထွက်ကျမတတ် ဖြစ်ခဲ့ရသည် ။

မြင့်မြတ်သော လမ်းစဉ်၏ ဥပဒေကို ချိုးဖောက်သော ဤတည်ရှိမှုသည် ရိုးရှင်းသော လူသားတစ်ယောက် မဖြစ်နိုင်ချေ။

" အခု ဘာလုပ်ကြမလဲ!?"

" ငါတို့က လူဝင်စားခေါင်းတလားထဲက ထွက်လာပြီးပြီ ၊ တကယ်လို့ ငါတို့ ပြန်ပြေးရင် ကျိန်းသေပေါက် သေရလိမ့်မယ်!"

နက်မှောင်သော အမွေးအမျှင်များ ရှိသည့် လူဝင်စား ရေပေါ်အလောင်းကောင် တစ်ကောင်သည် သွေးများကို အန်ထုတ်လျက် ကြောက်လန့်တကြားဖြင့် ဆိုလိုက်သည်။

သူသည် ယခင်က မကောင်းဆိုးဝါးမျိုးနွယ်စု၏ ဘုရင်တစ်ပါးဖြစ်ခဲ့သည်။ လူဝင်စား နိယာမတရား၏ တိုက်စားမှုကြောင့် ပျက်စီးခဲ့ရသော်လည်း သူ၏ရုပ်ခန္ဓာသည် ယခုထက်ထိ ရှိနေဆဲပင် ဖြစ်သည်။

သူသည် ဧကရာဇ်နယ်ပယ်အဆင့်မှ သန်မာသူအချို့နှင့် ယှဉ်ပြိုင်နိုင်သည်။

သို့သော် စူးချန်ကဲ၏ လက်သီးသည် သူ့ကိုသတ်လုနီးပါးပင်။

ကံကောင်းထောက်မစွာဖြင့် ၊ သူ့တွင် ပင်ကိုယ် မှော်စွမ်းအားများစွာ ရှိသည်။သို့မဟုတ်ပါက ဤလူဝင်စားမြစ်ထဲတွင် နှစ်ပေါင်းများစွာ ရှင်သန်ဖို့ ခက်ခဲပေလိမ့်မည်။ သို့သော် ယနေ့တွင်မူ စူးချန်ကဲ၏ လက်ထဲ၌ သေရနိုင်သည်။

ကျန်ရှိနေကြသေးသော လူဝင်စားရေပေါ် အလောင်းကောင်များသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဆုံးဖြတ်ခဲ့ကြသည်။

စူးချန်ကဲ၏ ဓားစွမ်းအင်သည် အလွန် အားကောင်းသော်လည်း ၊ သို့သော် တစ်ဖက်လူတွင် အားကုန်ဆုံးသွားသည့် အခိုက်အတန့် ရောက်ရှိလာပေဦးမည် မဟုတ်လော။

ထိုအချိန်တွင် စူးချန်ကဲ သေရပေမည်။

သို့သော် လူဝင်စား ရေပေါ်အလောင်းကောင်တို့၏ အကြံအစည်ကို မြင်တွေ့နေပုံရသော စူးချန်ကဲ၏ နှုတ်ခမ်းသားတို့သည် အနည်းငယ် ကွေးညွှတ်သွားသည်။

သူသည် တစ်ယောက်တည်းအားဖြင့် စစ်ပွဲကို ရင်ဆိုင်ခဲ့သည်။ အကယ်၍ ကွေးယွမ် သူတော်စင် နယ်မြေနှင့် ယောင်ချီ သူတော်စင်နယ်မြေ၏ တပည့်တွေအကုန်လုံး တိုက်ပွဲတွင် ပါဝင်လာခဲ့မည်ဆိုပါက ၊

ဤလူဝင်စား ‌ရေပေါ်အလောင်းကောင် ၁၂ကောင်လုံး လှိုင်းထန်အောင် နည်းနည်းမှ လှုပ်နိုင်မည် မဟုတ်။

"ဒါပေမယ့် မင်းတို့ကို ကျေးဇူးတင်တယ်နော် ကျုပ်နဲ့အကြာကြီး အဖော်ပြုပေးခဲ့တဲ့အတွက်"

" ကျုပ်ရဲ့ ကျင့်ကြံအဆင့် ကြန့်ကြာနေခဲ့တာ နောက်ဆုံးတော့ ပိတ်ဆို့မှုတွင် ဖြေလျော့သွားပြီ၊ ကျုပ် သူတော်စင် ဧကရာဇ်နယ်ပယ်ထဲကို ဝင်ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့တယ်"

စူးချန်ကဲသည် ကောင်းကင်ဓားကို တစ်ဖန် မြှောက်တင်လိုက်ရာ ၊ သူ့ကိုယ်ပေါ်ရှိ ရောင်ဝါတို့သည် ရိုက်ခတ်လှုပ်ရှားထကြွလာသည်။

"ဒီတိုက်ပွဲကို အဆုံးသတ်သင့်ပြီ "

" ထာဝရဓားထောင် ၊ အကျဉ်းသားကမ္ဘာ "

၎င်းသည် တစ္စေဓားအမရှင်မှ စူးချန်ကဲအား သင်ကြားပေးခဲ့သော တားမြစ်ထားသော ဓားသိုင်းများထဲမှ တစ်ခုဖြစ်သည်။

ပြင်းထန်သော အဖျက်ဓားစွမ်းအင်တို့မှ ပေါင်းစပ်ဖြစ်တည်လာသော ဓားစွမ်းအင်ကမ္ဘာကြီးသည် နိယာမတရားများကို ခိုင်ခံ့စေကာ ကောင်းကင်နှင့် မြေကြီးကို ချုပ်နှောင်ထားသည်။

ကောင်းကင်နှင့်မြေကြီးကြား ကွက်လပ်တို့သည် ဓားစွမ်းအင် အချုပ်ထောင်အဖြစ် ပြောင်းလဲလိုက်ခံရပြီး မိုင်ထောင်ပေါင်းများစွာ အကျဉ်းချထားသည်။

သူ၏ ရေရွတ်သံအပြီးတွင် ၊ ကောင်းကင်ဓားပေါ်တွင် ပေါင်းစပ်ထားသော ဓားအလင်းသည် ပို၍ တောက်ပလာသည်။

ဘုန်း ဘုန်း ဘုန်း!!

ချက်ခြင်းပင်၊ ကွက်လပ်အတွင်းမှ တသိမ့်သိမ့် ရိုက်ခတ်လှုပ်ရှားနေသော ဓားစွမ်းအင်တို့သည် စူးချန်ကဲ၏ ဓားဆီသို့ အရူးအမူး ပြေးဝင်လာကြသည်။

ထူထပ်ပြီး ကမ္ဘာကြီးကို တုန်လှုပ်စေသော ဓားစွမ်းအင်တို့သည် အဆက်မပြတ် စုဝေးဖြစ်တည်လျက် ရှိသည်။

ထို့နောက် ဝေဟင်တွင် အသင့်စောင့်နေသော မရေမတွက်နိုင်သော ဧရာမ ဓားရှည်တို့သည် ဝေဟင်မှ အောက်သို့ ဆင်းသက်လာကြသည်။ အဆုံးတွင် ကမ္ဘာမြေကြီးထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်နှင့် ၎င်းတို့၏ ရောင်ဝါများသည် တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်လျက် ချိတ်ဆက်ကာ ကြီးမားသော ဓားလှောင်အိမ်တစ်ခု ဖြစ်လာခဲ့သည်။

" ဖွဲ့!"

စူးချန်ကဲသည် နောက်ထပ် စကားတစ်လုံးကို ရေရွတ်လိုက်သည်နှင့် ၊ မြေကြီးပေါ်တွင် စိုက်ဝင်နေသော ဓားအလင်းများသည် လူဝင်စား ရေပေါ်အလောင်းကောင် ရှိရာဘက်သို့ ဦိးတည်သွားခဲ့သည်။

အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်၏ ရှေ့မှောက်တွင် ကောင်းကင်နှင့် မြေကြီးကြား အကွာအဝေးပင်လျှင် သိသိသာသာ ကျဉ်းမြောင်းသွားပုံပေါ်သည်။

"ဒါ...ဒါက ဒဏ္ဍာရီထဲက ဓားနယ်ပယ်ဆိုတာလား!?"

" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!? ဓားနယ်ပယ်ဆိုတာက လူနဲ့ဓား တစ်သားတည်းဖြစ်ဖို့ လိုအပ်တယ် ၊ မြေကြီးအချို့ကို ထိန်းချုပ်ဖို့ဆိုတာ အရမ်းခက်ခဲတာ ၊ သူတော်စင်နယ်ပယ်အဆင့်ပဲ ရှိသေးတဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်တာလဲ?"

" ဘာကြောင်နေတာတုန်း ၊ ငါပြောတယ်လေ သာမန်အတွေးမျိုးနဲ့ သူ့ကို သွားပြီးမဆုံးဖြတ်ပါနဲ့‌ဆို !"

"အပိုတွေ ပြောမနေနဲ့ ပြေးတော့!"

"ဒီဓားစွမ်းအင်ထောင်ကို အပြီးအပိုင် ဖွဲ့စည်းပြီးတဲ့အခါ ငါတို့ ဒီနေ့ဒီနေရာမှာတင် အဆုံးသတ်ရလိမ့်မယ် "

"...."

လူဝင်စား ရေပေါ်အလောင်းကောင်သည် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်ထောင်မှ နေရာလပ်ကို အဆက်မပြတ် ဖိသိပ်နေသည်ကို တွေ့လိုက်ရသည်နှင့် သူ၏ အမူအရာများမှာ ကြောက်ရွံ့မှုများဖြင့် ဖုံးလွှမ်းနေခဲ့ပြီဖြစ်သည်။

စူးချန်ကဲ၏ စွမ်းအားသည် သူတို့ နားလည်ထားသော အသိပညာထက် ကျော်လွန်နေခဲ့သည်။

ဝုန်း !!

၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် မှော်အစွမ်းများကို အသက်သွင်းလိုက်ပြီး ဤကြောက်မက်ဖွယ် ဓားစွမ်းအင်ထောင်ကို ချိုးဖျက်လျက် ထွက်ပြေးရန် ကြံစည်လိုက်ကြသည်။

သို့သော်၊ သူတော်စင် ခန္ဓာကိုယ်၏ ပံ့ပိုးမှုဖြင့် စူးချန်ကဲ၏ ဓားစွမ်းအင်သည် ဤဆိုးညစ်သော သတ္တဝါများကို ပို၍ပင် ဖျက်ဆီးနိုင်စွမ်း ရှိခဲ့သည်။

မည်သို့ပင်ကြိုးစားပါစေ ၊ အရာအားလုံးသည် အချည်းနှီးသာပင်။

"ကဲ ကစားပွဲကို နိဂုံးချုပ်သင့်ပြီ "

စူးချန်ကဲသည် သူ၏ ကောင်းကင်ဓား ကို မြှောက်တင်လိုက်ပြီး လူဝင်စား ရေပေါ်အလောင်းကောင်ပေါ်သို့ ခုတ်ချလိုက်သည်။

ဓား၏ ဟောက်သံသည် နဂါးဟောက်သံကဲ့သို့ ကြားနေရသည်။

" ​ကောင်​​စုတ်လေး ၊ ငါ့ကို လွယ်လွယ်နဲ့ ရှင်းလို့ရမယ် ထင်နေလား?!"

ဤလူဝင်စား ရေပါ်အလောင်းကောင်သည် စိတ်ထဲတွင် တုန်လှုပ်နေပါသော်လည်း ၊ သူ့မျက်နှာမှာ မာန်အပြည့်ဖြင့် ခက်ထန်နေဆဲပင်။

သို့သော် သူ ဘာမှတောင် မလုပ်‌ရသေးခင် ၊

ဓားစွမ်းအင်လှောင်အိမ်သည် ရုတ်တရက် တောက်ပသော နတ်အလင်းရောင်ဖြင့် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

ဝှစ် ဝှစ် ဝှစ်!!

ဓားအလင်းသည် လေထုကို ထိုးဖောက်ဝင်ရောက်လျက် ၊ ဓားစွမ်းအင်တို့သည် ကျယ်လောင်စွာ မြည်ဟည်းနေ၏။

ရွှမ်း ရွှမ်း ရွှမ်း!!

ဓားစွမ်းအင်များသည် တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်လျက် ၊ တောင်တန်းများနှင့် ပင်လယ်ပြင်တစ်ဝှမ်းလုံးကို တုန်လှုပ်စေခဲ့သည်။

ထူထပ်သော ဓားအလင်းနှင့် ဓားစွမ်းအင်တို့သည် မိုးများရွာသွန်းလာသည့်အတိုင်း ထိုဧရိယာတစ်ဝှမ်းဆီသို့ ကျဆင်းသွားသည်။

ထိုးဖောက်ခြင်း!

ကန့်လန့်ဖြတ်ပိုင်းခြင်း !

မရေမတွက်နိုင်သော ဓားစွမ်းအင်များသည် နေရာပေါင်းစုံမှ ဝင်ရောက်ကာ လူဝင်စား ရေပေါ်အလောင်းကောင်ဆီသို့ ကျရောက်သွားသည်။

သွေးအန်သံ! !

ဤကြောက်စရာကောင်းပြီး များပြားလှသော ဓားစွမ်းအင်ကို ရင်ဆိုင်ရသည့်အခိုက်အတန့်တွင် ယင်းလူဝင်စား ရေပေါ်အလောင်းကောင်မှာ ခုခံနိုင်စွမ်းမရှိခဲ့ပေ။

"ဟင့်အင်း!! ငါ့လို ကြီးကျယ်ခမ်းနားတဲ့

မွန်တီနီဂရိုးရဲ့ ဘုရင်တစ်ပါးကို အငယ်တန်းတစ်‌ယောက်က ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ!!"

သို့သော် သူစကားမဆုံးခင်မှာပဲ၊

ချက်ခြင်းပင်၊ ဤမျှ အားကောင်းသော ဓားစွမ်းအင်သည် ကောင်းကင်ကြီးတစ်ခုလုံးကို သွေးနီရောင် အဖြစ်ခြယ်သပေးခဲ့ချေပြီ။

ထိုနည်းတူစွာ၊ စူးချန်ကဲသည် ကျန်ရှိနေကြသေးသော လူဝင်စား ရေပေါ်အလောင်းကောင်များ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းခြင်းမရှိ ဦိးစွာ ထိုးနှက်လိုက်သည်။

စူးချန်ကဲ ကိုင်ဆောင်ထားသော ကောင်းကင်ဓားသည် နောက်ထပ် လူဝင်စား ရေပေါ်အလောင်းဆီသို့ ချိန်ရွယ်ခဲ့ချေပြီ။

ဝုန်း! !

ရုတ်တရက် ၊ ကောင်းကင်နှင့် ချိတ်ဆက်ထားသည့်အတိုင်း တုနှိုင်းမဲ့ ဓားအလင်းတန်းသည် ကောင်းကင်သို့ တည့်တည့်ပစ်ခွင်းသွားသည်။

အဖျက်ဓားစွမ်းအင်မုန်တိုင်းကြီးမှ ဓားငရဲကို ဖန်ဆင်းပေးနေလေရာ ၊ ၎င်းသည် အရာအားလုံးကို ချေမှုန်းပစ်နေသည်။

နောက်ထပ် လူဝင်စား ရေပေါ် အလောင်းကောင်သည်လည်း ခံနိုင်ရည်မရှိဘဲ ပြာအဖြစ်သို့ ပြောင်းလဲသွားသည် ။

သို့သော် စူးချန်ကဲသည် ရပ်တန့်သွားခြင်းမရှိ ၊ သူ၏ ဓားဖြင့် နောက်ထပ် လူဝင်စား ရေပေါ်အလောင်းကောင်ကို ချိန်ရွယ်လိုက်ပြန်သည်။

"အငယ်တန်းလေးကများ အတင့်ရဲလိုက်တာ!!"

"ငါ့ဘဝတစ်​သက်​တာလုံး သြဇာကြီးမားတဲ့ ဧကရာဇ်​မင်း တစ်ပါး ဖြစ်လာခဲ့တာ ၊ သူတော်စင် နယ်ပယ်အဆင့်ကများ ငါ့ရှေ့မှာတော့ မင်းက ပုရွက်​ဆိတ်​​အဆင့်ပဲ!!"

ဤတစ်ခါတွင်မူ ၊ ယင်းလူဝင်စား ရေပေါ်အလောင်းကောင်သည် ကြောက်ရွံ့ခြင်းမရှိသည့်အပြင် ဓားစွမ်းအင်ထောင်ကို သူ၏ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

"သေလူတွေကများ!"

" မင်းတို့ရဲ့ အတိတ်က ဘုန်းအသရေက လေနဲ့အတူ ပျောက်ကွယ်သွားခဲ့တာ ကြာပေါ့၊ ပြီးတော့ မင်းက ဧကရာဇ်မင်းတစ်ပါးဆိုတောင် မင်းကို ငါသတ်နိုင်သေးတယ်"

စူးချန်ကဲသည် သူ့လက်ကောက်ဝတ်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ဓားဖြင့် ချိန်ရွှယ်လိုက်သည်။

ရွှမ်း! !

အဆုံးမဲ့ ဓားစွမ်းအင်များ စုဝေးဖြစ်တည်ရာမှ ဓားစွမ်းအင်များ ဖြန့်ကျတ်ထားသော နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရန်သူကို နှိပ်ကွပ်လေသည်။

ဓားစွမ်းအင်များက တသိမ့်သိမ့် ရိုက်ခတ်လျက်၊ နိယာမတရားများ ပြိုလဲရသည်။ တစ်ချက် ထိုးနှက်လိုက်ရုံဖြင့် ၊ ယင်းလူဝင်စား ရေပေါ်အလောင်းကောင် ခန္ဓာကိုယ်၏ နေရာအများစုမှာ ကွဲအက်သွားခဲ့သည်။

" အငယ်တန်းလေး !! မောက်‌မာနေတာ ရပ်လိုက်စမ်း !"

" ပီအန့်အမတ က ငါတို့ကိုလှည့်ဖြားပြီး နှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့တယ် ၊ သူ့ရဲ့လုပ်ရပ်တွေအတွက် မင်း ပြန်ပြီး ပေးဆပ်ရမယ်!"

"ငါ့ခန္ဓာကိုယ်​က ပျက်စီးနေပြီ‌ဆိုပေမဲ့ ငါ​ မင်းကို နှိပ်ကွပ်နိုင်သေးတယ်​!"

ခန္ဓာကိုယ် တစ်ဝက်လောက် ကွဲအက်သွားခဲ့သည့်တိုင်အောင် ယင်းလူဝင်စား ရေပေါ်အလောင်းကောင်သည် အသံမာနေဆဲပင် ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော အနီရောင် အငွေ့အသက်များသည် ၎င်း၏ လက်သီးပေါ်တွင် စုဝေးလာခဲ့ပြီး ၊ သူသည် ခေတ်တစ်ခေတ်ရဲ့ ဧကရာဇ်မင်း တစ်ပါးအနေနဲ့ ကမ္ဘာတွင် ဂုဏ်ယူဝံ့ကြွားစွာ မော်ကြွားခဲ့ဖူးသည်။

သူ၏ခန္ဓာကိုယ်သည် ယခု ဆွေးမြေ့သွားသော်လည်း တစ်ချိန်က ဧကရာဇ်မင်းမြတ် တစ်ပါး၏ မာနကို မစွန့်လွှတ်နိုင်သေးပေ။

စူးချန်ကဲသည် မထူးခြားသောဒီဇိုင်းဖြင့် ကြည့်လိုက်သည်။

အစမှ အဆုံးထိ တစ်ဖက်လူသည် သူ့အား ပီအန့်အမတရှင်၏ သားစဉ်မြေးမြစ် ဟု မှတ်ယူထားပုံရသည်။

သို့သော် မိမိသည် စနစ်၏ တာဝန်ကို ပြီးမြောက်နိုင်ရန်အတွက် ပီအန့်အမတရှင်၏ အမွေအနှစ်ကို ယူဆောင်လာခဲ့ရုံသာ ဖြစ်သည်။

ထို့အပြင် ကိစ္စများသည် ဤအခြေအနေထိ ရောက်ရှိလာခဲ့သည်။သူမှာ စနစ်တစ်ခု ရှိကြောင်း ၊ စနစ်ရဲ့မစ်ရှင်အတွက် ဤနေရာကိုရောက်လာကြောင်း ပြောလို့ကလည်း မဖြစ်ချေ။

သူ့လက်ထဲက ကောင်းကင်ဓားဖြင့် ထပ်မံ လှုပ်ရှားလိုက်သည်။

ရုတ်တရက်၊ အဆုံးမရှိသော ဓားမှော်သင်္ကေတများသည် တောက်ပသော ကြယ်စင်များအဖြစ်သို့ တဖျက်ဖျက် ရိုက်ခတ်လျက်။

ထို့နောက်တွင် ၊ ဓားများဖြင့် ဖွဲ့စည်းထားသော စကြဝဠာကြီးမှ ဓားအလင်းများ ချက်ချင်း သွန်းလောင်းချလေသည်။

ဒလဟော ထွက်ပေါ်လာသော ဓားစွမ်းအင်များသည် ဟင်းလင်းပြင် တစ်ခုလုံးကို အဖြူထည် အဖြစ် ဆေးဆိုးပစ်ခဲ့လေပြီ။

ရလဒ်မှာ အံ့ဩစရာမရှိ။ ယင်းလူဝင်စား ရေပေါ် အလောင်းကောင်မှာလည်း လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

စူးချန်ကဲသည် ကျန်ရှိနေသေးသော လူဝင်စား ရေပေါ် အလောင်းကောင်များကို လှည့်ကြည့်လိုက်သည်။

"မင်းတို့ဘဝတစ်လျှောက်လုံး မင်းတို့ကိုယ်မင်းတို့ ထိပ်တန်းသန်မာသူတွေလို့ ပြောနေကြမှတော့ "

"ဒါဆို မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးတဲ့အနေနဲ့ "

စူးချန်ကဲ၏ မျက်ခုံးများသည် အပေါ်သို့ မြှောက်တတ်သွားပြီး ၊ ဧကရာဇ်ငယ် တစ်ပါး၏ စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

"ဒီတစ်ခါတော့ ကျုပ် မင်းတို့ကို အတူတူ ပို့ဆောင်ပေးမယ်!"

အပိုင်း(၃၄၃): သူတော်စင်ဧကရာဇ် ၊ ကျုံယုံ(ငရဲကိုးထပ်) မင်းဆက်

ဝုန်း ဝုန်း!

အဆုံးမရှိသော ဓားစွမ်းအင်များက တဟုန်ထိုး မြှင့်တတ်လျက် နေရာတစ်ခုလုံးကို လှုံ့ဆော်ပေးနေသည်။

စူးချန်ကဲ တစ်ဝိုက်တွင် ရောင်ဝါများ စုဝေးလာပြီး ၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါတို့သည်လည်း သိသိသာသာ မြင့်တက်လာကာ ကန့်သတ်ချက် (နယ်ပယ်အဆင့်)ကို ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ ကျန်တော့သည်။

ထိပ်တန်း သူတော်စင်နယ်ပယ်အဆင့်ကို ချိုးဖျက်ကာ သူတော်စင် ဧကရာဇ် ဖြစ်လာပေတော့မည်။

သူ၏ ဝတ်ရုံဖြူသည် လေထဲတွင် တဖျပ်ဖျပ် လွင့်မျောနေသည်မှာ ကောင်းကင်နှင့်မြေကြီးကို အုပ်စိုးသော ဓားအမတရှင်တစ်ပါးကဲ့သို့ ။

တစ်ချိန်တည်းမှာပင် ၊ မြေပြင်ပေါ်သို့ ထိုးစိုက်နေသော ဧရာမ ဓားတစ်လက်သည် တောက်ပစွာ ထိန်လင်းလာခဲ့သည်။

ဓားမှော်သင်္ကေတများစွာ တဖျပ်ဖျက် ရိုက်ခတ်လာသည်နှင့်အမျှ ၊စူးရှတောက်ပသော နေတစ်စင်း အဖြစ် ပြောင်းလဲသွားသလိုပင်။

ဘုန်း——

ဧရာမဓားကြီးမှ ဖြာထွက်လာသော ဓားအလင်းများသည် ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်နှင့် မြေစိုင်မြေခဲများ ပြိုကျပျက်စီးကာ အဆုံးမဲ့ဓားချောက်ကြီးအဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။

" ကောင်... ကောင်လေး! ငါက ရွှမ်ခုန်းနတ်ဘုရားကျောင်းက ရှီထျန်းဗုဒ္ဓပဲ!"

ရှည်လျားသော အဝါရောင် အမွှေးအမျှင်များရှိသည့် လူဝင်စား ရေပေါ်အလောင်းကောင်သည် မှုန်ကုတ်ကုတ်ဖြင့် ကြည့်နေပြီး ၊ သို့သော် ၎င်း၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

"ငါ့မှာ စိတ်ဝိဉာဉ် ကံကြမ္မာကတ်တစ်ချပ်ရှိနေသေးတယ် ၊ တကယ်လို့ မင်းငါ့ကိုသတ်ရင် ငါ့ရဲ့စိတ်ဝိဉာဉ် ကံကြမ္မာကတ်ပြားက ရွှမ်ခုန်းနတ်ဘုရားကျောင်းဆီ ပျံသွားလိမ့်မယ်!"

" အဲ့အချိန်ကြ ရွှမ်ခုန်းနတ်ဘုရားကျောင်းက ကိုယ်တော်တွေက မင်းကို မေးခွန်းထုတ်လိမ့်မယ်!"

" ရွှမ်ခုန်းနတ်ဘုရားကျောင်းရဲ့ ခေတ်ပြိုင်ဗုဒ္ဓက ဧကရာဇ်မင်းမြတ်ရဲ့ ကန့်သတ်ချက်ကိုတောင် ကျော်လွန်နေပြီ အမတသခင်ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ် မင်းငါ့ကို တိုက်ခိုက်ဝံ့ရင်!"

"ရလဒ်အနေနဲ့ မင်းရဲ့နောက်ခံ အင်အားစု မုချပျက်စီးရလိမ့်မယ်!"

ဤလူဝင်စား ရေပေါ်အလောင်းကောင်၏ လေသံသည် မိုးခြိမ်းသံအလား ၊ သို့သော် ၎င်း၏ လေသံထဲတွင် ထိတ်လန့်မှုများ ပါဝင်နေသည်။

သူသည် တစ်ချိန်က ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါလျက်ရဲ့နဲ့ ၊ ယခု အငယ်တစ်ယောက်၏ ရှေ့‌တွင် သူ့အသက်ဘေးအတွက် ပြင်ပအရာများကို အားကိုးကာ ချိန်းခြောက်နေရလိမ့်မည်ဟု တစ်ခါမှပင် မတွေးဖူးချေ။

“ ရွှမ်ခုန်းနတ်ဘုရားကျောင်း?”

စူးချန်ကဲသည် သူ့မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။ ၎င်းသည် အရင်က ကွေးယွမ် သူတော်စင် နယ်မြေတွင် ဖျက်စီးခံလိုက်ရသော အနောက်ဗုဒ္ဓတိုက်မြေမှ ရှောင်ရှီထျန်းဖြစ်ပုံရသည်။

ရွှမ်ခုန်းနတ်ဘုရားကျောင်းသည်လည်း အနောက်ဗုဒ္ဓတိုက်မြေရှိ ဩဇာညောင်းသော အဖွဲ့အစည်းကြီး သုံးဖွဲ့မှ တစ်ဖွဲ့ဖြစ်သည်။

စူးချန်ကဲ စဉ်းစားတွေးခေါ်နေသည့် မြင်ကွင်းကို တွေ့သည်နှင့် ၊ ယင်းလူဝင်စား ရေပေါ်အလောင်းကောင်သည် ဝမ်းသာအားရဖြင့် ကမန်းကတန်း ဆိုလိုက်သည် ။

"မင်းငါ့ကို လွှတ်ပေးပြီး လူဝင်စားမြစ်ထဲကနေ ခေါ်ထုတ်ပေးမယ်လို့ ကတိပေးရင် ငါမင်းကို မကုန်နိုင်တဲ့ စည်းစိမ်တွေပေးမယ် !"

" ငါ မင်းကို ခေတ်ပြိုင် ရှီထျန်းဗုဒ္ဓနဲ့ မိတ်ဆက်ပေးပြီး မင်းကို ဘယ်သူမှ မယှဉ်နိုင်တဲ့ အခွင့်အရေးတစ်ခု ပေးသနားဖို့ တောင်းဆိုပေးနိုင်တယ်!"

" အဲဒီအချိန်ကြရင် မင်းကို ရွှမ်ခုန်းနတ်ဘုရားကျောင်းရဲ့ တပည့်အဖြစ် ခွင့်ပြုပေးမယ်!"

သူသည် တချိန်က သူ၏ သက်တမ်း ကုန်ဆုံးချိန်တွင် ဤလူဝင်စားမြစ်သို့ ရောက်ရှိလာခဲ့ပြီး အခွင့်အလမ်းရှာချင်ခဲ့သည် ။

သို့သော် နောက်ဆုံးတွင် လူဝင်စားမြစ်၏ ဝါးမျိုခြင်းကို ခံခဲ့ရပြီး ၊ ရွှမ်ခုန်းနတ်ဘုရားကျောင်းရှိ သန်မာသူ ပုဂ္ဂိုလ်များကလည်း သူသေသွားပြီဟု မှတ်ယူခဲ့ကြသည်။

ထို့ကြောင့် သူသည် အချိန်အတော်ကြာအောင် မေ့လျော့နေခဲ့ပြီး ၊ နောက်ပိုင်းတွင် ကျုံယုံ(ငရဲကိုးထပ်)တွင် ပြောင်းလဲမှုကြီး ဖြစ်ခဲ့ရာ လူဝင်စားမြစ်၏ အနက်ရှိုင်းဆုံး အပိုင်းထိ နစ်မြုပ်သွားခဲ့သည်။

ယခု စူးချန်ကဲသာ သူ့ကို ကူညီပေးမည်ဆိုပါက ၊ သူသည် နေ့အလင်းရောင်ကို တစ်ဖန် မြင်ရပေတော့မည်။ သူ့အတွက်တော့ ကောင်းသောကိစ္စရပ်သာပင်။

သို့သော် စူးချန်ကဲက ရယ်လေသည်။

" ရွှမ်ခုန်းနတ်ဘုရားကျောင်းရဲ့ ခေတ်ပြိုင်ဗုဒ္ဓနဲ့ မိတ်ဆက်ပေးမယ်?"

"ကျုပ်ကို ရွှမ်ခုန်းနတ်ဘုရားကျောင်းရဲ့ တပည့်ဖြစ်ခွင့်ပေးမယ် ဟုတ်လား?"

စူးချန်ကဲ၏ ပါးစပ်ထောင့်ရှိ အပြုံးသည် ရယ်ချင်စရာကောင်းသော အပြုံးတစ်ခုကဲ့သို့။

" ကျုပ်လို ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူတစ်ပါးက ယုတ်ညံ့တဲ့ ရွှမ်ခုန်းနတ်ဘုရားကျောင်းလောက်ကို ဂရုစိုက်မယ်လို့ ထင်နေလား"

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်။

လူဝင်စား ရေပေါ် အလောင်းကောင်မှာ သူ့ခေါင်းတစ်ခုလုံး မိုးကြိုးပစ်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။

ကွေးယွမ် သူတော်စင် နယ်မြေ?

ဤအမည်ကို သူ အတော်ရင်းနှီးသည်။

ကမ္ဘာ့ကပ်ဘေးစစ်ပွဲအတွင်း နေရာပေါင်းစုံကို ခြိမ်းခြောက်နိုင်ခဲ့သော ကြောက်မက်ဖွယ်ကောင်းသော အင်အားစု !

သို့သော် သူ ဘာမှတောင်မပြောရသေးခင်။

စူးချန်ကဲသည် ပြတ်ပြတ်သားသား ချက်ချင်း အရေးယူခဲ့သည်။

ကောင်းကင်ဓားသည် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်လှိုင်းများနှင့်အတူ လင်းလက်တောက်ပနေပြီး ၊ ဓား၏ အရှိန်အဝါသည် အထွပ်အထိပ်သို့ ရောက်ရှိနေပြီမှန်း သိသာပေသည်။

ယင်းလူဝင်စား ရေပေါ်အလောင်းကောင်၏ အမူအရာသည် တစ်ဖန်ပြောင်းလဲသွားခဲ့ပြီ အရူးအမူး ဟောက်လေသည် ။

" ငါက ရွှမ်ခုန်းနတ်ဘုရားကျောင်းကနော် ! မင်း ငါ့ကို သတ်ဝံ့ရင် ကွေးယွမ် သူတော်စင် နယ်မြေက လူဆိုတောင်!"

" ရွှမ်ခုန်းနတ်ဘုရားကျောင်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး!"

“ နားငြီးတယ်!"

စူးချန်ကဲသည် တဖက်လူကို နည်းနည်းမှ ဂရုမစိုက်။

သူ့လက်ထဲက ကောင်းကင်ဓားကို အောက်သို့ ပိုင်းချလိုက်သည်နှင့် ၊

ပေပေါင်းသောင်းချီရှည်လျားသော ဓားအလင်းသည် ဝေဟင်ပေါ်မှ ဆင်းသက်လာသည်။

တစ်ချိန်တည်းမှာပင် ၊ မြေပြင်တွင် စိုက်ဝင်နေသော ဧရာမဓားကြီးသည်လည်း တောက်လောင်သော အလင်းရောင်နှင့်အတူ ပေါက်ကွဲထွက်ပေါ်လာသည် ။

ဓားစွမ်းအင်များကို ဒလဟော ထုတ်လွှတ်နေခဲ့သည်။

ဝုန်း ဝုန်း!!

တခဏအတွင်းမှာပင် ၊ ဓားစွမ်းအင်များသည်ဤဒေသရှိ အချင်းဝက် မိုင်ထောင်ပေါင်းများစွာအထိ ပျံ့နှံ့သွားသည်။။

လေထုအလွှာတို့သည် တုန်လှုပ်မြည်ဟည်းလျက် ၊ ဓားအလင်းတို့သည် အကန့်အသတ်မရှိ နေရာအရပ်ရပ်သို့ ပျံသန်းနေ၏ ။

ဓားအလင်းတန်းများ အဆက်မပြတ် ပေါက်ကွဲနေသည်မှာ တောက်ပသော နေလုံးကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာသည့်အတိုင်း။

လူဝင်စားမြစ်၏ အနက်ရှိုင်းဆုံးနေရာတွင် ၊

နီမြန်းသော သံကြိုးများသည် မှုန်ဝါးဝါးရုပ်သွင် တစ်ခုကို ချည်နှောင်ထားသည်။

ထိုအနှီရုပ်သွင်သည် တော်ဝင်သရဖူ နှင့် အနက်ရောင် ဝတ်လုံကို ဝတ်ဆင်ထားပြီး၊ ၎င်းပေါ်တွင် ခြယ်သထားသော ကြက်သွေးရောင် နဂါးသည် အသက်ဝင်လွန်းလှသည်။ ၎င်းသည် နှိပ်ကွပ်ခံနေရသည်မှာ ထင်ရှားသည် ။သို့သော် ၎င်း၏ရောင်ဝါသည် အတော်လေး ကြီးစိုးနိုင်ဆဲပင်။

သူသည် ယခင်က အချိန်-အာကာသလမ်းကြောင်းတွင် စူးချန်ကဲကို တိုက်ခိုက်ခဲ့သူဖြစ်သည်။

သို့သော် ယခုအချိန်တွင် သူသည် တုန်လှုပ်ခြောက်ခြားနေသော အကြည့်များဖြင့် စူးချန်ကဲကို စိုက်ကြည့်နေသည်။

“ ဒီကောင်လေး....အဲ့အင်အားစုရဲ့ တပည့်တဲ့လား.....”

" သူ့ပုံစံကို ကြည့်ရသလောက်... သူ့အဆင့်အတန်းက မနိမ့်လောက်ဘူး..."

" တကယ်လို့ ငါ သူ့ကို ထပ်ပြီး တိုက်ခိုက်ရင် သူ့နောက်က လူတွေရဲ့ သတိကို နှိုးဆွပေးသလို ဖြစ်သွားလိမ့်မယ် ...အဲ့အချိန်ကြ ငါတို့ ကျုံယုံ(ငရဲကိုးထပ်)မင်းဆက်က ဘယ်တော့မှ နေ့အလင်းရောင်ကို မြင်တွေ့နိုင်မှာ မဟုတ်တော့ဘူး .."

တစ်ချိန်က သူသည် ကျုံယုံ(ငရဲကိုးထပ်)မင်းဆက် ဟုခေါ်ဆိုသော ထိပ်တန်းမင်းဆက်တစ်ခု၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။

သူသည် သန်းပေါင်းများစွာသော တပ်များကို အုပ်စိုးခဲ့ပြီး ၊ သူ၏ကွပ်ကဲမှုအောက်တွင် မရေမတွက်နိုင်သော တန်ခိုးကြီးမားသူများ ရှိသည်။

သို့သော် ထိုကမ္ဘာ့ကပ်စစ်ပွဲတွင် မရဏကမ္ဘာပြိုကွဲပြီး ကျုံယုံ(ငရဲကိုးထပ်)မှာ ကျဆုံးခဲ့ရသည်။

နောက်ဆုံးတွင်၊ ငရဲနန်းတော်နှင့် မြေအောက်ကမ္ဘာတို့သည် အချင်းချင်းပူးပေါင်း၍ သူ့ကို တိုက်ခိုက်ခဲ့ရာ ၊ ကျုံယုံ(ငရဲကိုးထပ်) မင်းဆက်သည် ပြင်းထန်သော ထိုးနှက်ချက်ကို ခံခဲ့ရသည်။

အဆုံးတွင် ၊ အဓိကအင်အားစုကြီးနှစ်ဖွဲ့၏ ဖိနှိပ်မှုအောက်တွင် ကျုံယုံ(ငရဲကိုးထပ်)မင်းဆက်သည် ကမ္ဘာနှစ်ခုကြားတွင် ကျရောက်သွားခဲ့သည်။

ဤသို့ဖြင့် သူ၏ပြည်သူများသည် နတ်ဆိုးဂူ၏ ထူးဆန်းသောသတ္တဝါများ ဖြစ်လာကြသည်။

သူသည်လည်း လူဝင်စားမြစ်ထဲသို့ ကျရောက်ခဲ့ရသည်။သူ၏ ကျင့်ကြံမှုသည် အနှိုင်းမဲ့ဖြစ်ပြီး အမတအဖြစ်သို့ပင် ပြောင်းလဲခဲ့သော်လည်း၊

သို့သော် လူဝင်စား နိယာမတရား၏ ရှေ့တွင် နည်းနည်းမှ မလှုပ်နိုင်ခဲ့သလို ၊ မိမိ၏ ခန္ဓာကိုယ်မှာလည်း လူဝင်စား နိယာမစည်းမျဉ်းများ၏ ချုပ်နှောင်ခြင်းကို ခံထားရသည်။

စူးချန်ကဲ၏ တိုက်ပွဲကို အစမှ အဆုံးထိ ကြည့်ရင်း ၊ ၎င်း၏ ခွန်အားသည် သူ့ကို ထိတ်လန့်သွားစေခဲ့သည်။

"ဒီကလေးက ဒီတိုက်ပွဲရဲ့အကူအညီနဲ့ သူတော်စင်ဧကရာဇ် နယ်ပယ်အဆင့်ကိုတောင် ဖြတ်ကျော်နိုင်ခဲ့ပြီ!"

" ဒါမျိုး ...လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ဘယ်တော့မှ မဖြစ်ခဲ့ဖူးဘူး..ဒီကောင်လေးရဲ့ အနာဂတ်အောင်မြင်မှုတွေက ထူးကဲမှုတစ်ခု ဖြစ်လာလိမ့်မယ်..ဒီကမ္ဘာကြီးထက် သာလွန်နေမှာကိုတောင် စိုးရတယ်.."

ဤထိပ်တန်းစွမ်းအားရှင်သည် သရေတမြမြဖြင့်။

အကယ်၍ သူသည် တဖက်လူနှင့် သဘောတူညီချက်တစ်ခု ရယူနိုင်ခဲ့မည်ဆိုပါက ၊ သူ၏ ကျုံယုံ(ငရဲကိုးထပ်)မင်းဆက်အတွက် လက်စားချေနိုင်ပေတော့မည်။

အပိုင်း(၃၄၄): ပီအန့်အမတရှင်၏ အကြွင်းအကျန် ဝိညာဉ်

ဝုန်း ဝုန်း!!

အဆုံးတွင် ပေါက်ကွဲထွက်ပေါ်လာသော ဓားစွမ်းအင်များနှင့်အတူ အရာအားလုံး ငြိမ်သက်သွားခဲ့ချေပြီ။

" လူဝင်စား ရေပေါ်အလောင်းကောင် ၊အဆုံးတော့လည်း သေရမှာပဲ "

စူးချန်ကဲသည် သူ့ညာလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ဓားသည် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် တဟုတ်ချင်း ပျောက်ကွယ်သွားခဲ့သည်။

သူသည် လူဝင်စားမြစ်၏ ဦးတည်ရာဘက်သို့ လှမ်းကြည့်လိုက်သည်။ လူဝင်စားမြစ်သည် လှုပ်ရှားမှုမရှိ ငြိမ်သက်နေပြီး ၊ မည့်သည့် ခေါင်းတလား၏ အရိပ်အယောင်မျှပင် မရှိချေ။

တလိပ်လိပ် ရိုက်ခတ်နေသော သွေးရောင်သန်းနေသည့် မြစ်ကြီးကလွဲ၍ ဘာမှမရှိ ။

" ကမ္ဘာပေါ်မှာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေရှိသလို ၊ သေသွားတောင် လက်တစ်ဆုပ်စာ ဆုံးရှုံးမှုထက် ဘာမှ မပိုဘူး "

စူးချန်ကဲ၏ စကားသံအဆုံးတွင် ၊ သူ၏ ပတ်ပတ်လည်ရှိ နတ်အလင်းရောင်တို့သည် လွန်စွာ တောက်ပလာခဲ့ပြီး၊ ကောင်းကင်ကိုယ်ထည်ကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်ချလိုက်သကဲ့သို့ နိယာမတရားများ တစ်သားတည်း ပေါင်းစည်းသွားသည်။

သူတော်စင် ဧကရာဇ်နယ်ပယ်အဆင့်!

ဤသည်မှာ တိုက်မြေသုံးထောင်တွင် ထိပ်တန်းပညာရှင် တစ်ဦးအဖြစ် မှတ်ယူနိုင်သည့်အဆင့် ဖြစ်သည်။ မူလက စူးချန်ကဲ၏ ကျင့်ကြံဆင့်သည် တစ်ဆို့နေခဲ့သော်လည်း ၊

တိုက်ပွဲများကို ဆင်နွှဲပြီးနောက်၊ နိယာမ စွမ်းအားများသည် သူ့တစ်ကိုယ်လုံးကို ဆေးကြောခဲ့ပြီးချိန်တွင် သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်အရင်းအမြစ်သည်လည်း ပြောင်းလဲသွားခဲ့သည်။

ယခု သူသည် တန်ခိုးကြီးမားသော ဧကရာဇ်မင်း တစ်ပိုင်းအဆင့်ရှိ ပညာရှင်ကိုပင် တိုက်ခိုက်နိုင်သည်။

" ချန်ကဲ ဆက်ခံသူ!”

ကွေးယွမ် သူတော်စင် နယ်မြေနှင့် ယောင်ချီ သူတော်စင်နယ်မြေမှ တပည့်တစ်စုသည် သူ့ဆီသို့ ပြေးလာကြသည်။

သို့သော် ၎င်းတို့အားလုံးသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကို ခံစားလိုက်ရချိန်တွင် အားလုံး အံ့သြသွားကြသည်။

သူသည် လူဝင်စား ရေပေါ်အလောင်းကောင်များစွာကို သတ်ခဲ့ရုံသာမက၊ သူ၏ အသက်ရှုနှုန်းသည် ဗြောင်းဆန်ခြင်းမရှိသည့်အပြင် ကျင့်ကြံမှု နယ်ပယ်အဆင့်ကိုတောင် ဖြတ်ကျော်နိုင်ခဲ့သည်။

ဤကဲ့သို့ဖြစ်ရပ်မျိုး တခါမျှပင် မကြားဖူးပေ။

" ဘာမှကြီးကြီးမားမား ဖြစ်မသွားဘူး ၊ ဘိုးဘေးပေးထားတဲ့ အချက်အလက်အရ မင်းတို့ရဲ့ စိတ်ဝိညာဉ်အာရုံကို လူဝင်စားမြစ်ထဲကို ဖြန့်ကျတ်လိုက်ရုံပဲ "

" အာရုံခံလိုက်တာနဲ့ ၊ လူဝင်စားမြစ်ထဲမှာ မနိုးထသေးတဲ့ အမွေအနှစ်တွေကို မင်းတို့ ဆက်သွယ်နိုင်လိမ့်မယ်"

" တကယ်လို့ သူတို့က ပြန်တုံ့ပြန်ခဲ့ရင် ၊ သူတို့အမွေအနှစ်ကို မင်းတို့ ရယူနိုင်လိမ့်မယ် "

စူးချန်ကဲက ဆိုလိုက်သည်။

" အခု ဒီဧရိယာတစ်ခုလုံးက အမွေအနှစ် ပစ္စည်းတွေကို ဆက်သွယ်ပြီးရင် ငါတို့ ဆက်ပြီး တခြားနေရာကို သွားကြမယ် ၊ မင်းတို့ အရမ်းအဝေးကြီး မသွားကြနဲ့ဦး "

"ပိုင်ဇစ် ၊ ပိုင်လီ မင်းတို့ငါ့နောက်လိုက်ခဲ့"

ဤအရာအားလုံးကို ရှင်းပြပြီးနောက် စူးချန်ကဲသည် ပိုင်ဇစ်တို့မောင်နှမနှစ်ဦးအား အခြားနေရာဆီသို့ ခေါ်သွားခဲ့သည်။

စူးချန်ကဲ၏ နောက်ကျောကို ငေးကြည့်ရင်း တပည့်များက ရှိုက်ကြီးတငင် ပြုံးလိုက်ကြသည်။

" ကြည့်ရတာ ...ငါတို့ ထပ်ပြီး မကောင်းတဲ့ကောင်တွေ ဖြစ်ရပြန်ပြီ! "

" ချန်ကဲ ဆက်ခံသူနဲ့ အတူတူရှိရတာ လုံခြုံမှုရှိပေမဲ့ ‌ ဒါပေမဲ့ အတွေ့အကြုံမရှိသလို ခံစားရတယ်!"

" ခုဆို ချန်ကဲ ဆက်ခံသူက သူတော်စင်ဧကရာဇ် နယ်ပယ်အဆင့်ကိုတောင် ချိုးဖြတ်နိုင်ခဲ့ပြီ ၊ ဧကရာဇ်လမ်းစဉ်ကို နင်းလျှောက်ဖို့ မလိုတော့ဘူးပဲ.."

"အချိန်တွေက အရမ်းမြန်တာပဲ... အနာဂတ်မှာ ချန်ကဲ ဆက်ခံသူက ဘယ်လိုမုန်တိုင်းမျိုးကို သယ်ယူလာမလဲ မသိဘူး..."

တပည့်များသည် သက်ပြင်းချပြီးနောက် ၊ လူဝင်စားမြစ်ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ခရီးဆက်ခဲ့ကြသည်။

ဧကရာဇ်လမ်းစဉ်ဆိုသည်မှာ ဧကရာဇ်မင်းတစ်ပါး နင်းလျှောက်ရမည့် လမ်းကြောင်းဖြစ်ရုံသာမက သန်မာသူများအတွက် စမ်းသပ်မှုတစ်ခုလည်း ဖြစ်သည်။

သင့်ကိုယ်သင် အမြဲလေ့ကျင့်မှသာလျှင် ဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းနိုင်ပေမည်။

ဧကရာဇ်လမ်းကြောင်းပေါ်တွင်သာ စူးချန်ကဲ၏ ဒဏ္ဍာရီကို မြင်တွေ့ဖို့ အခွင့်ရှ်ိပေတော့မည်။

.......

ထိုအချိန်တွင်၊ စူးချန်ကဲသည်လည်း လူဝင်စားမြစ်သို့ ရောက်လာခဲ့သည်။

သူနှင့် ပိုင်ဇစ်တို့မောင်နှမနှစ်ဦးကလွဲ၍ ပတ်ဝန်းကျင်တွင် မည်သူမှ မရှိချေ။

" ချန်ကဲ ဆက်ခံသူ..ဘာညွှန်ကြားချက်များ ရှိလို့လဲ?"

ပိုင်ဇစ်သည် ဇဝေဇဝါဖြစ်နေပုံရကာ သိလိုစိတ်ဖြင့် မေးလိုက်သည်။

သို့သော် စူးချန်ကဲသည် ပြန်လည်ဖြေကြားခြင်း မရှိ ။ ဆက်မသွားရန်သာ တားစီးလိုက်ပြီး ကြေးသေတ္တာတစ်လုံးကို ဟင်းလင်းပြင်သိုလှောင်ခန်းထဲမှ ထုတ်ယူလိုက်သည်။

ထို့နောက် ကိုးသင်္ချိုင်းဓားတောင်မှ ရရှိခဲ့သော သံလိုက်အိမ်မြှောင်ကို ကြေးသေတ္တာပေါ်သို့ ထည့်သွင်းလိုက်သည်။

ကြောက်စရာကောင်းပြီး မထင်မရှား ရောင်ဝါတစ်ခုသည် သံလိုက်အိမ်မြှောင်မှ ထွက်ထွက်ပေါ်လာပြီး ကြေးသေတ္တာထဲသို့ ဝင်ရောက်သွားသည်။ နှစ်မည်မျှကြာ အိပ်ပျော်နေခဲ့မှန်း မသိနိုင်သော ကြေးသေတ္တာသည် ဆန်းကြယ်စွာ တောက်ပသွားသည်။

တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝူးး!!

ဗွမ်းခနဲ့ ရေသံနှင့်အတူ ၊ ထိုကြေးသေတ္တာသည် လူဝင်စား မြစ်ထဲသို့ ကျရောက်သွားသည်နှင့် ရေလှိုင်းလုံးကြီးများ ဖြစ်ပေါ်ခဲ့သည်။

" ချန်ကဲ ဆက်ခံသူ ဘာလုပ်မလို့လဲ?"

ပိုင်ဇစ် စိတ်ပူသွားသည်။ ဤအရာသည် ပီအန့်မျိုးနွယ်စု၏ အဖိုးတန် ရတနာတစ်ခု ဖြစ်သည်။

အဘယ့်ကြောင့် လူဝင်စားမြစ်ထဲသို့ ပစ်ချခဲ့ရသနည်း။

သို့သော် ဆက်မေးချိန်တောင် မရလိုက်ဘဲ ၊

ဝုန်း!!

ရုတ်တရက်။

လူဝင်စားမြစ်ထဲတွင် ရုတ်တရက် လှိုင်းထန်‌လျက် တဝုန်းဝုန်း ရိုက်ခတ်လို့လာသည်။

လူဝင်စားမြစ်ထဲမှ အနီရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်သို့ တဟုန်ထိုး ဆန်တတ်သွားသည်။

လူဝင်စားခြင်းဆိုင်ရာ ထောင်ပေါင်းများစွာသော နိယာမတရားများသည် ထိတ်လန့်စရာကောင်းသော အရာတစ်ခု ပေါက်ဖွားလာသကဲ့သို့ ဤဧရိယာတဝိုက်တွင် စုဝေးရောက်ရှိလာသည် ။

" မဟုတ်မှလွဲရော ...ငါ ခန့်မှန်းတာ မှန်သွားတာလား?"

စူးချန်ကဲသည် ထိုနေရာကို လေးနက်စွာဖြင့် စိုက်ကြည့်လိုက်သည်။

စနစ်သည် သူ့အား လူဝင်စားမြစ်ဆီသို့ လာရောက်၍ ပီအန့်အမတ၏ အမွေအနှစ်ကို လူဝင်စားမြစ်ထဲသို့ ပစ်ချစေသည်။

သူစုဆောင်းထားသော အချက်အလက်အရ၊ လူဝင်စားမြစ်၏ အထူးနိယာမစည်းမျဉ်းများသည် စိတ်ဝိညာဉ်ကို ပြန်လည်ပုံဖော်စေနိုင်ပြီး ကြွင်းကျန်သော ဝိညာဉ်တစ်ခုကို ပြန်လည်မွေးဖွားပေးနိုင်သည့် အခွင့်အရေးတစ်ခု ရှိသည်။

ဝီ——

ထိုအချိန် ၊ ကြီးကျယ်ခမ်းနားသော လူဝင်စားမြစ်ထဲ၌ နီမြန်းသော ရောင်ခြည်များ ရုတ်တရက် ပွင့်လန်းလာသည်။

မှုန်ဝါးဝါး အသွင်သဏ္ဍာန်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ နက်မှောင်ပြီး ပါးလွှာသောဆံနွယ်များနှင့် ဝတ်ရုံစသည် လေနှင့်အတူ လွင့်မျောကခုန်လျက် ၊ ယင်းအဝတ်အစားပေါ်တွင် ပင့်ကူခေတ္တာပန်းကဲ့သို့ ဆန်းကြယ်သောပုံစံများဖြင့် ယက်လုပ်ထားသည်။

ထောင်ပေါင်းများစွာသော ပြန်လည်ဝင်စားခြင်းဆိုင်ရာ မှော်သင်္ကေတများ၏ ပေါင်းစပ်ဖြစ်တည်ခြင်းမှ ထိုအသွင်ပုံရိပ်၏ မျက်နှာသည် ဖြည်းဖြည်းချင်း ကြည်လင်လာသည်။

တစ်ချိန်တည်းမှာပင် ၊ လွန်စွာ ကြီးကျယ်ခမ်းနားသော ရောင်ဝါတစ်ခု ဤကမ္ဘာကြီးပေါ်သို့ ဆင်းသက်လာသည်။

၎င်းသည် အကြွင်းအကျန်ဝိညာဉ်တစ်ခုသာဖြစ်ကြောင်း သိသာထင်ရှားသော်လည်း ၊ ထိုအနှီပုဂ္ဂိုလ်ထံမှ ထွက်ပေါ်လာသော ရောင်ဝါသည် ဤကမ္ဘာမြေကြီး၏ ကန့်သတ်ချက်ကိုပင် ကျော်လွန်သွားပြီး ဒဏ္ဍာရီထဲက အမတအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ပိုင်ဇစ်တို့ မောင်နှမနှစ်ဦးသည် ထိုရုပ်သွင်ကို မြင်သည်နှင့် အံ့သြမှုနှင့် မယုံကြည်မှုတို့ ရောယှက်ဖြစ်ပေါ်လာသည်။

“ ကွယ်လွန်သူ ဘိုးဘေး!?”

သူတို့နှစ်ဦး၏ အာမေဋိတ်သံများကြား နောက်ဆုံးတွင် ထိုရုပ်သွင်၏ မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

နက်နဲသော မျက်ဝန်းတစ်စုံသည် မိုင်ပေါင်းထောင်ချီ၍ မြင်နိုင်ပုံရပေသည်။ အထူးသဖြင့် ၎င်း၏ ပင့်ကူခေတ္တာ အမှတ်သင်္ကေတသည် အတော်လေးကို လှပေသည်။

“ ဒီလိုနဲ့ နှစ်တွေ အများကြီး ကုန်သွားခဲ့တာပဲ.....”

ပီအန့်အမတရှင်၏ အသံသည် အလွန်တရာမျှ အားကောင်းပြီး ခေါင်းလောင်းသံသဖွယ် ပဲ့တင်ထပ်သွားသည်။

"နောက်ဆုံးတော့ ငါနိုးလာပြီလား"

သူ၏ မျက်ဝန်းအစုံတွင်​ ​ထောင်​နှင့်​ချီ​သော ​တွေး​တောစရာများ ​ဖျက်ခနဲ့ ဝင်ရောက်လာပြီး ထိုစစ်ပွဲကြီး၏ ဖြစ်စဉ်ကို ကွက်ကွက်ကွင်းကွင်း ပြန်မြင်နေပုံရသည်။

"မရဏကမ္ဘာ ပြိုကွဲပြီး ...အမတ ခြောက်ပါး စစ်ပွဲမှာ ဆင်နွဲရင်း ...လေးပါး ကျဆုံးခဲ့တယ်.. ကျန်တာဆိုလို့ ဝိညာဉ်အဖြစ်သာ ..."

အချိန်အတော်ကြာ ရေရွတ်ပြီးနောက်၊ ပီအန့်အမတရှင်သည် အောက်ကလူများကို သတိပြုမိလိုက်သည်။

“ ကွယ်လွန်သူ ဘိုးဘေးကို ဂါရဝပြုပါတယ်!”

ဘိုးဘေးဖြစ်သူ နှင့် အကြည့်ချင်းဆုံတွေ့မိသည့်အခိုက် ၊ ပိုင်ဇစ်တို့ မောင်နှမနှစ်ဦးသည် အလျင်အမြန် ဒူးထောက်လိုက်သည်။

သို့သော် စူးချန်ကဲသည် နည်းနည်းမှ မူမပျက်။သူ့လက်ကို နောက်ပစ်ကာ ရပ်နေဆဲပင် ဖြစ်ပြီး ၊ ပီအန့်အမတရှင်၏ အကြည့်ကိုလည်း ရှောင်မလွှဲခဲ့ပေ။

“လူကြီးမင်း....?!”

ပိုင်ဇစ် အနည်းငယ် ထိတ်လန့်သွားသည်။ စူးချန်ကဲ၏ အပြုအမှုသည် ပီအန့်အမတရှင်၏ ဒေါသအား နှိုးဆွသလို ဖြစ်မှာကို သူ ကြောက်ရွံ့နေမိသည်။

သို့သော်လည်း ပီအန့်အမတရှင်သည် စိတ်ထဲမထားဘဲ စူးချန်ကဲ၏ မျက်လုံးများနှင့် အကြည့်ချင်းဆုံတွေ့ခဲ့သည်။

သို့သော် တုံ့ပြန်မှုသည် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

စူးချန်ကဲ၏ မျက်လုံးများသည် ကန်ရေပြင်အလား ငြိမ်သက်နေသော်လည်း ၊ ပီအန့်အမတရှင်၏ စိတ်ဝိညာဉ်သည် အလွန်မတည်မငြိမ် ဖြစ်နေပုံရသည်။

“ဒီဖွဲ့စည်းပုံ...ကံရဲ့ အကြောင်းတရားနှင့် အကျိုးတရားတို့ရဲ့ အစွမ်းသတ္တိ ရှိမနေဘူး..."

"ငါတောင် မမြင်ရဘူး... စိတ်ဝင်စားစရာပဲ..."

ပီအန့်အမတရှင်၏ နှုတ်ခမ်းများသည် ကွေးညွှတ်သွားသည်။

" အငယ်လေး၊ ငါ နိုးထအောင် မင်းလုပ်ပေးခဲ့ပုံပဲ ၊ ငါ မင်းအပေါ် ကျေးဇူးကြွေးတင်သွားပြီ"

“မင်းဘာပြန်လိုချင်လဲ?”

"ကောင်းကင်ဘုံ ပစ္စည်းဖြစ်ဖြစ် ၊ အနှိုင်းမဲ့ အမွေအနှစ်ဖြစ်ဖြစ် မင်းလိုချင်တာမှန်သမျှ ငါ မင်းကို အကုန်ပေးနိုင်တယ်"

သို့သော် စူးချန်ကဲသည် မတုန်လှုပ်ရှိနေဆဲပင်။

သူသည် အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ဒီမောင်နှမနှစ်ဦးက ခင်ဗျားရဲ့မျိုးဆက်တွေပဲ၊ အမွေအနှစ်ကို သူတို့ကို လွှဲပေးလိုက်ပါ "

" ကျွန်တော်အနေနဲ့ အမွေဆက်ခံဖို့လည်း မလိုအပ်ဘူး ၊ ကျွန်တော်သိချင်တာက ခင်ဗျား ဒီလောက်ထိ အကြံအစည်တွေ အားထုတ်ထားပြီး လူဝင်စားမြစ်ကနေ ပြန်လည်ရှင်သန်လိုတာ ဘာဖြစ်လို့လဲ?"

" အဲ့တုန်းက မရဏကမ္ဘာမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ?"

ယခု ပိုင်ဇစ်တို့ မောင်နှမနှစ်ဦးသည် သူ၏ နောက်လိုက်များ ဖြစ်သည်။ သူအတွက်ဆိုရလျှင်ဖြင့် ၊သူတို့နှစ်ဦး ပိုအားကောင်းလေလေ သူ့အတွက် ပိုကောင်းလေလေပင် ဖြစ်သည်။

ထို့အပြင် သူ့တွင် စနစ်၏ ‌‌ဆုလာဘ်ရှိသည်။ ပီအန့်အမတရှင်၏ ‌ဆုလာဘ်လောက်တော့ သူ မမူပေ။

ထို့ကြောင့် ထိုနှစ်က အမှန်တရားကို သိရှိထားခြင်းသည် အကောင်းဆုံးဆုလာဘ်ပင် ဖြစ်သည်။

ကျောက်ခဲတစ်လုံးနဲ့ ငှက်သုံးကောင်ကို ပစ်နိုင်တာ ၊ မမိုက်ဘူးလား?

အပိုင်း(၃၄၅): ခေတ်ဟောင်းက လျို့ဝှက်ချက်

ပီအန့်အမတရှင်သည် စူးချန်ကဲ၏ မေးခွန်းအပေါ် အံ့ဩမှုမရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် မျှော်လင့်ထားပုံရသည် ။

စူးချန်ကဲသည် သူ့ကို ပုံမှန်မဟုတ်သော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ ဒီလိုလူမျိုးအတွက် ၊ သူပေးတဲ့ ဆုလာဘ်က တဖက်လူအနေဖြင့် မျက်စိကျလိမ့်မည် မဟုတ်။

ပီအန့်အမတရှင်က ဆိုလိုက်သည်။

" ကိစ္စတွေက ပြောရင်တော့ အရှည်ကြီးပဲ ၊ ငါတို့ တိုတိုပဲ ပြောရအောင် "

"မင်းလည်း သိမှာပါ ၊ ကမ္ဘာ့ကပ်စစ်ပွဲရဲ့ မူလဇစ်မြစ်က အမှောင်ထုကြောင့်ဆိုတာ ၊ အဲ့တုန်းက အမှောင်ထုရဲ့ မငြိမ်သက်မှု အတိုင်းအတာက သမိုင်းတစ်လျှောက် အကြီးမားဆုံးပဲ"

“မရေမတွက်နိုင်တဲ့ အင်အားစုတွေ အမှောင်ထုကြောင့် ဖျက်ဆီးခံခဲ့ရပြီး ၊ မရေမတွက်နိုင်တဲ့ သတ္တဝါတွေ အမှောင်ထဲမှာတင် ပျောက်ကွယ်သွားပြီး အရိုးအဖြစ် ဆွေးမြေ့ကြရတယ်"

"ပြီးတော့ မရဏကမ္ဘာကလည်း ထိုနည်းတူစွာ ဆိုးရွားတဲ့ ထိုးနှက်ချက် ခံစားခဲ့ရတယ် ၊ အဲ့တာဘာလို့လဲဆိုတော့ မရဏကမ္ဘာမှာ အထူး နိယာမစည်းမျဉ်းတစ်ခု ရှိလို့ပဲ"

ဤစကားများကို ကြားချိန်တွင် ၊ စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။ သူသည် ရုတ်တရက် တစ်ခုခုကို တွေးမိသွားပုံရသည်။

" မဟုတ်မှလွဲရော ပြန်လည်ဝင်စားခြင်း နိယာမတရားလား?"

"မင်းတကယ် ဉာဏ်ကောင်းတယ်"

ပီအန့်အမတရှင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဟုတ်တယ်၊ လူဝင်စား မြစ်နဲ့ မရဏမြစ်က တကယ်တော့ တစ်သားတည်းပဲ ၊ အဲ့မြစ်ရဲ့နာမည်က မေ့ပျောက်မြစ် တဲ့ "

" အပေါ်ကနေ နှိပ်ကွပ်ထားတဲ့ အရာကို နိုင်ဟယ်လူဝင်စား တံတားလို့ ခေါ်တယ် "

"အဲဒီတိုက်ပွဲအပြီးမှာတော့ နိုင်ဟယ်တံတား ပြိုကျသွားခဲ့တယ် ၊ မေ့ပျောက်မြစ်ကလည်း ကွဲထွက်သွားပြီး လက်ရှိအခြေအနေ ဖြစ်ပေါ်လာခဲ့တာပဲ "

" အဲ့ဒီစစ်ပွဲမှာ ကျဆုံးခဲ့တဲ့ တိုက်မြေ သုံးထောင်က ကျင့်ကြံသူမှန်သမျှ ဘယ်တော့မှ လူပြန်မဝင်စားနိုင်တော့ဘူး ၊ သူတို့ရဲ့ ဝိညာဉ်တွေကို လူဝင်စားမြစ် ဒါမှမဟုတ် မရဏမြစ်ထဲမှာပဲ ထာဝရချုပ်နှောင်ထားရုံသာ တတ်နိုင်ခဲ့တယ် "

" စကားမစပ် ၊ မရဏတရားလေးပါးထဲက တစ်ခုဖြစ်တဲ့ အဆုံးမဲ့ အရိုးဖြူပင်လယ်က မေ့လျော့မြစ်ကနေ လမ်းကြောင်းခွဲထွက်လာပြီးနောက် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးက သူ့ကိုယ်သူ စတေးပြီး ဖန်တီးပေးခဲ့တယ် "

"ဒါကြောင့်မို့လို့ တိုက်မြေ သုံးထောင်မှာ အဲ့တုန်းကစစ်ပွဲမှာ ကျဆုံးပြီး မသေဆုံးနိုင်တဲ့ ဝိညာဉ်တွေကို လူပြန်ဝင်စားဖို့ နေရာတစ်ခုအဖြစ် ဖြည့်ဆည်းပေးခဲ့တယ် "

.......

ပီအန့်အမတရှင် ပြောတာကို နားထောင်ပြီးနောက် ၊ စူးချန်ကဲ စိတ်ဂနာမငြိမ် ဖြစ်လာခဲ့သည်။

ထိုတိုက်ပွဲသည် မည်မျှထိတ်လန့်စရာကောင်းသည်ကို သူ စိတ်ကူးမယဉ်နိုင်တော့ပေ။

၎င်းသည် ယနေ့အထိ တိုက်မြေသုံးထောင် တစ်ခုလုံးအပေါ် သက်ရောက်မှုရှိနေဆဲပင် ဖြစ်သည်။

"စစ်ပွဲက ကျရှုံးဖို့ဖြစ်လာပြီးမှတော့ ရလဒ်က ဘာပဲဖြစ်ဖြစ် ပြောင်းလဲလို့ မရ‌တော့ဘူး "

" ပြောရရင် တိုက်မြေ သုံးထောင်ဆိုတာကလည်း သီးခြားနယ်မြေတစ်ခုမျှသာပဲ၊ ဒေဝလောကရဲ့ မျိုးနွယ်စုအားလုံးအတွက် နောက်ဆုံး အနားယူရာနေရာ ဆိုလည်းဟုတ်တယ်"

ထိုစကားများကို ပြောပြီးနောက် ၊ ပီအန့်အမတရှင်သည် သက်ပြင်းရှည်ချကာ စူးချန်ကဲကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

"မင်းကိုကြည့်ရသလောက် မြေအောက်ကမ္ဘာနဲ့ ငရဲနန်းတော်ကကောင်တွေနဲ့ တိုက်ပွဲဆင်နွဲခဲ့တယ်မလား?"

စူးချန်ကဲ အံ့အားသင့်သွားသည်။ တစ်ဖက်လူသည် ဤအရာကိုတောင် သိနိုင်လိမ့်မည် ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"အဲ့ဒီကောင်တွေရဲ့ အနံ့ကို ငါ ကောင်းကောင်းသိတယ်၊ ဒါပေမယ့် မင်းသတိထားရမယ်၊ မျဲ့ဝမ် အမတရှင် နဲ့ ယွီ့ရှန် အမတရှင်တို့က ငါတို့ အမတခြောက်ပါးထဲမှာ သူတို့ရဲ့ ရုပ်ခန္ဓာကို ထိန်းသိမ်းထားနိုင်တဲ့ နှစ်ကောင်ပဲ"

ပီအန့်အမတရှင်က ပြုံးပြီးပြောပြန်သည်။

"မင်း သူတို့နဲ့ ဒီလို ရန်ငြိုးဖွဲ့ထားတာ ၊ သူတို့ရဲ့ ပင်ကိုယ်စရိုက်အရ‌ဆို မင်းကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ဘူး "

"ဘယ်လို?၊ အဲဒီ တစ္စေအမတရှင်နှစ်ပါးက တကယ်ပဲ အသက်ရှင်နေသေးတာလား"

ဤသတင်းသည် စူးချန်ကဲ အပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့သည်မှာ သံသယမရှိပေ။ ငရဲနန်းတော် နှင့် မြေအောက်ကမ္ဘာ၏ အုတ်မြစ်သည် ဧကရာဇ်မင်းအဆင့်ထက်သာလွန်သာ ဖြစ်တည်မှု ရှိနေခဲ့သည်။

"သူငယ်ချင်း‌လေး၊ ငရဲနန်းတော်နဲ့ မြေအောက်ကမ္ဘာက မင်းရဲ့ ရန်သူဖြစ်ရုံတင်မကဘူး ငါ့ရန်သူဆိုလည်း ဟုတ်တယ် ၊ မင်းနဲ့ငါ သဘောတူညီချက်တစ်ခု ဆွေးနွေးရအောင် ဘယ်လိုလဲ?"

ထိုစဉ် ၊ နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ထပ်မံ ရောက်ရှိလာသည်။

လူဝင်စားမြစ်တွင် လှိုင်းတံပိုးများ တလိပ်လိပ် ရိုက်ခက်လျက် ၊အဆုံးတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ တော်ဝင်သရဖူကို ဆင်မြန်းထားလေသော ကျုံယုံ(ငရဲကိုးထပ်)မင်းဆက်၏ ခေါင်းဆောင်ပင် ဖြစ်သည်။

သို့သော် စူးချန်ကဲတောင် ပါးစပ်ဟရန် ပြင်ဆင်တုန်း ၊ ပီအန့်အမတရှင်က တအံ့တသြ ထဆိုလေသည်။

" ယုံဟန် အမတ? မင်း ဘာလို့ဒီကိုရောက်နေတာလဲ?"

ယုံဟန်အမတသည် မရဏကမ္ဘာရှိ အမတ ခြောက်ပါးအပြင် အခြားသော ထိပ်တန်း တစ္စေအမတ တစ်ပါးဖြစ်သည်။

........

လူဝင်စားမြစ်၏ အောက်ဘက်အစွန်း ဧရိယာတစ်ဝိုက်တွင်

ရှီစစ်သည် တပ်မက်ခြောက်ပါးဗိမ္မာန်ရှိ တပည့်များစွာကို ဦးဆောင်၍ ပျက်စီးနေပြီ ဖြစ်သော အပြာရောင်ကျောက်တံတားဆီသို့ ရောက်ရှိလာခဲ့သည်။

" နိုင်ဟယ်တံတား ရဲ့ အပျက်အစီးတွေ ..တကယ်ပဲ‌ မျောပါသွားပြီလား?"

"ကံမကောင်းစွာနဲ့ ဒီပေါ်မှာရှိနေတဲ့ နိယာမစွမ်းအားတွေက အဆုံးမရှိတဲ့ အချိန်စီးကြောင်းထဲ လုံးလုံးလျားလျား ကွယ်ပျောက်သွားခဲ့ပြီ ၊ ကိုယ်ထည်ကြီးသာရှိပြီး ဘာမှအသုံးမ၀င်ဘူး"

ရှီစစ်၏ မျက်လုံးများတွင် နှမြောစရာကောင်းသော အရိပ်အမြွက် ရှိနေသည်။

အကယ်၍ ဤနိုင်ဟယ်တံတားသည် ယခင်က နိယာမစွမ်းအားများကို ထိန်းသိမ်းထားနိုင်ခဲ့မည်ဆိုပါက ၊ နည်းနည်းလေးဆိုတောင် ဤလူဝင်စား နိယာမစည်းမျဉ်းများကို သူ့ကိုယ်ပိုင်အဖြစ် အသုံးပြုကာ သူ၏ ထိပ်တန်းလျို့ဝှက်နည်းဖြင့် ဖိနှိပ်ချုပ်ချယ်လို့ ရနိုင်သည်။

"အစ်ကိုစန်းရဲ့ အချက်အလက်အရ၊ ကောင်းကင်လမ်းစဉ်ရဲ့ အလိုဆန္ဒက ဒီနိုင်ဟယ်တံတားရဲ့ အပျက်အစီးတွေအောက်မှာ ရှိလိမ့်မယ် "

ရှီစစ်သည် သူ့ရင်ဘက်ထဲက တောက်ပနေသော ကျောက်စိမ်းတုံး တစ်တုံးကို ထုတ်ယူလိုက်သည်။

ကွဲအက်သံ —

ထို့နောက် သူသည် အားထည့်ကာ ခွဲပစ်လိုက်သည်။

ကောင်းကင်လမ်းစဉ်၏ နိယာမစွမ်းအားများသည် ယင်းကျောက်တုံးထဲမှ ထွက်ပေါ်လာခဲ့ပြီး နေရာပေါင်းစုံသို့ ပျံ့နှံ့သွားသည်။

မူလက လူဝင်စားမြစ်ထဲတွင် ပျက်စီးယိုယွင်းနေခဲ့ပြီ ဖြစ်သော နိုင်ဟယ်တံတား၏ အကြွင်းအကျန်များသည် ကြယ်ပွင့်များကဲ့သို့ ရုတ်ချည်း တောက်ပလာသည်။

ဝုန်း—

တစ်ချိန်တည်းမှာပင်၊ လူဝင်စား မြစ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

မူလ ငြိမ်သက်နေခဲ့သော မြစ်မျက်နှာပြင်တွင် ဧရာမ လှိုင်းလုံးကြီးများ တသိမ့်သိမ့် ရိုက်ခတ်လျက် ၊ ကြွယ်ဝသော ပရမ်းပတာ နိယာမစွမ်းအားများသည် နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။

ဟင်းလင်းပြင်အလွှာများမှာ အနည်းငယ် တုန်ခါလျက် ၊ ပြိုကျပျက်စီးမှုများလည်း ရှိခဲ့သည်။

ထောင်ချီရှိသော ပြန်လည်ဝင်စားခြင်းဆိုင်ရာ အပိုင်းအစတို့သည် လူဝင်စားမြစ် မှ ထွက်ပေါ်လာခဲ့သည်။ မူလက မြစ်အောက်ခြေတွင် အိပ်မောကျနေခဲ့သော မရေမတွက်နိုင်သော ခေါင်းတလားများအားလုံး ဤအခိုက်အတန့်တွင် နိုးထလာခဲ့သည်။

လူဝင်စားမြစ်၏ မျက်နှာပြင်ပေါ်တွင် တရွေ့ရွေ့ စီးဆင်းနေသော မြစ်ရေနှင့်အတူ မျောပါလျက်။

လူဝင်စားမြစ်၏ အနက်ရှိုင်းဆုံး နေရာတွင် နေနဲ့တူသော အရာဝတ္ထုတစ်ခု အပေါ်သို့ ဖြည်းဖြည်းချင်း တတ်လာသည်။

သူသည် လူဝင်စားမြစ်ထဲတွင် ရှိနေသော်လည်း၊ သူ၏ ပစ္စည်းကိုယ်ထည် တစ်ခုလုံးက ဒဏ္ဍာရီလာ အမတပစ္စည်းတစ်ခုသဖွယ် တောက်ပနေသည်။

"ဟာဟားဟား၊ ငါတို့ရဲ့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဒီလောက်ထိ ပေးဆပ်ခဲ့ရတာ နောက်‌ဆုံးတော့ ကောင်းကင်လမ်းစဉ်ရဲ့ အလိုတော်ဆန္ဒ နိုးထလာခဲ့ပြီပဲ"

"ငါ့ ကောင်းကင်လမ်းစဉ်ရဲ့ အမွေဆက်ခံသူ တစ်ဖန် ပြန်လည်ထွက်ပေါ်လာတာနဲ့ ၊ စူးချန်ကဲ ဘယ်လိုဖြစ်သွားမလဲ?"

ရှီစစ်၏ မျက်လုံးများက အတော်လေး စိတ်လှုပ်ရှား‌နေပုံရသည်။

- "ကောင်းကင်ဘုံရဲ့ရှေ့မှာ၊ အရာအားလုံးက ပုရွက်ဆိတ်သာသာပဲ!"

သူ စိတ်လှုပ်ရှားနေချိန်မှာပဲ ၊သူ့နောက်ကွယ်မှ အေးစက်စက် အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်လာခဲ့သည်။

"ဒီနေရာမှာ အိပ်မောကျနေခဲ့တဲ့ ထူးဆန်းတဲ့ပစ္စည်းဆိုပေမဲ့... နဂိုက ဆူပူအုံကြွမှုတွေကို ဖြစ်စေခဲ့တဲ့အရာတစ်ခုပဲ "

"အခု နင်က ကောင်းကင်လမ်းစဉ်ရဲ့ အလိုတော်ဆန္ဒကို နိုးထစေပြီး ငါ့ ကိုကို ကို ရင်ဆိုင်ဖို့ ကြံစည်နေတယ်ပေါ့ "

" ငါ အရင် နင့်ကို သတ်ပစ်မယ် "

"ဟင်?"

ထိုစကားကို ကြားလိုက်ရသည်နှင့် ရှီစစ် မျက်မှောင်ကြုတ်သွားပြီး ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။

နက်မှောင်ပြီး ပါးလွှာသောဆံနွယ်နက်များ ၊ ဖန်ရတနာကဲ့သို့ ကြည်လင်သော မျက်ဝန်းအစုံကို ပိုင်ဆိုင်ထားသည့် လှပသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရပြီး ၊သူမတစ်ကိုယ်လုံး နတ်ဆိုးအငွေ့အသက်များ ထွက်ပေါ်နေသည်။

သူမ၏ ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်လမ်းစဉ်၏ စွမ်းအားများကို ဖြန့်ကျက်ထားပြီး ၊ သူမ ခြေတစ်လှမ်း လှမ်းတိုင်း သူမ၏ ခြေဖဝါးအောက်တွင် နက်မှောက်သော ကြာပန်းများ ပွင့်လန်းလာသည်။

တပ်မက်ခြောက်ပါးဗိမ္မာန်မှ တပည့်များသည် ထိုမြင်ကွင်းကို ကြောင်အမ်းစွာဖြင့် ကြည့်ရှုရင်း၊ အချိန်အနည်းငယ်ကြာပြီးနောက် တုံ့ပြန်လာကြသည်။

"မင်... မင်ဖုန်း ဧကရာဇ်ဘုရင်ရဲ့ မင်းသမီးကြီး!?"

အာမေဋိတ်သံများနှင့်အတူ ၊

နေရာတွင်ရှိနေကြသော တပ်မက်ခြောက်ပါးဗိမ္မာန်မှ တပည့်များသည် ဒေါသတကြီး တုံ့ပြန်လာကြသည်။

"ဒီသစ္စာဖောက်ပြောနေတဲ့ ကိုကို ဆိုတာ ဘယ်သူလဲ၊ စူးချန်ကဲလား!?"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? မင်ဖုန် ဧကရာဇ်ဘုရင်မျိုးနွယ်စုမှာ နက်ရှိုင်းတဲ့ နောက်ခံရှိတယ် ၊ ဒါမှမဟုတ် တကယ်ပဲ ကွေးယွမ် သူတော်စင် နယ်မြေနဲ့ တစ်ခုခု ပတ်သတ်မှုများ ရှိနေတာလား?"

တုန်လှုပ်နေကြသော ၎င်းတို့ထက်စာရင် ရှီစစ်သည် အေးစက်စက်ဖြင့် ရှိနေသည် ။

"မင်းက ..ဒီခန္ဓာကိုယ်ရဲ့ ဝိညာဉ်မဟုတ်ဘူး"

"မင်း ဘယ်သူလဲ..."

သို့သော် သူစကားမဆုံးခင်မှာပင်၊ မော့ရန်ရှီး၏ ခန္ဓာကိုယ်ထဲမှ ကြောက်ခမမ်းလိလိ

နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။

သူမ၏ လက်ဝါးကို မြှောက်လိုက်ပြီး ကောင်းကင်ကိုပင် ပြိုကျစေနိုင်သော စွမ်းအားများကို ဆောင်ကျဉ်းလျက် ရှီစစ်၏ ဦးတည်ရာဘက်သို့ ရိုက်ချလိုက်သည်။

All Chapters